بِسۡمِ ٱللَّهِ ٱلرَّحۡمَٰنِ ٱلرَّحِيمِ
يَٰٓأَيُّهَا ٱلَّذِينَ ءَامَنُوٓاْ أَوۡفُواْ بِٱلۡعُقُودِۚ أُحِلَّتۡ لَكُم بَهِيمَةُ ٱلۡأَنۡعَٰمِ إِلَّا مَا يُتۡلَىٰ عَلَيۡكُمۡ غَيۡرَ مُحِلِّي ٱلصَّيۡدِ وَأَنتُمۡ حُرُمٌۗ إِنَّ ٱللَّهَ يَحۡكُمُ مَا يُرِيدُ ١အို- အီမာန်ယုံကြည်သူအပေါင်းတို့၊ အသင်တို့သည် (အသင်တို့ပြုထားသော) ကတိဝန်ခံချက်များအတိုင်း လိုက်နာဆောင်ရွက်ကြပါ။ အသင်တို့အပေါ်တွင် ဖတ်ရွတ်ပြသခြင်းခံရသည့်အရာများ* (သွေး၊ အသေသား စသောအရာ)မှလွဲ၍၊ ၎င်းပြင် အသင်တို့သည် (ဟဂျ်ပြုလုပ်ရန်)အိဟ်ရာမ်ဝတ်ရုံ ဝတ်ဆင်ထားလျှက် အမဲလိုက်ခြင်းကို ဟရာမ်သတ်မှတ်ထားသည်မှလွဲ၍ (ကုလားအုပ်၊ ကျွဲ၊ နွား၊ သိုး၊ ဆိတ် ကဲ့သို့)ခြေလေးချောင်းသတ္တဝါများသည် အသင်တို့အတွက် ဟလာလ်စားသုံးခွင့် ပြုထားပြီးဖြစ်သည်။ အမှန်စင်စစ် အလ္လာဟ်အရှင်မြတ်သည် အရှင်မြတ်အလိုရှိတော်မူသည်ကို အမိန့်ပေးတော်မူသည်။ يَٰٓأَيُّهَا ٱلَّذِينَ ءَامَنُواْ لَا تُحِلُّواْ شَعَٰٓئِرَ ٱللَّهِ وَلَا ٱلشَّهۡرَ ٱلۡحَرَامَ وَلَا ٱلۡهَدۡيَ وَلَا ٱلۡقَلَٰٓئِدَ وَلَآ ءَآمِّينَ ٱلۡبَيۡتَ ٱلۡحَرَامَ يَبۡتَغُونَ فَضۡلًا مِّن رَّبِّهِمۡ وَرِضۡوَٰنًاۚ وَإِذَا حَلَلۡتُمۡ فَٱصۡطَادُواْۚ وَلَا يَجۡرِمَنَّكُمۡ شَنَـَٔانُ قَوۡمٍ أَن صَدُّوكُمۡ عَنِ ٱلۡمَسۡجِدِ ٱلۡحَرَامِ أَن تَعۡتَدُواْۘ وَتَعَاوَنُواْ عَلَى ٱلۡبِرِّ وَٱلتَّقۡوَىٰۖ وَلَا تَعَاوَنُواْ عَلَى ٱلۡإِثۡمِ وَٱلۡعُدۡوَٰنِۚ وَٱتَّقُواْ ٱللَّهَۖ إِنَّ ٱللَّهَ شَدِيدُ ٱلۡعِقَابِ ٢အို- အီမာန်ယုံကြည်သူအပေါင်းတို့၊ အသင်တို့သည် အလ္လာဟ်အရှင်မြတ်၏ ထင်ရှားသောအထိမ်းအမှတ်များ*ကို မလေးမစား မပြုကြနှင့်။ ထို့ပြင် ထွတ်မြတ်သောလများ*၊ (ထွတ်မြတ်သောနယ်နမိတ်ထဲတွင် ကုရ်ဗာနီပြုလုပ်ရမည့်)သားကောင်များ*၊ (ကုရ်ဗာနီပြုလုပ်ရန်)လည်ပင်း၌ အမှတ်အသား တစ်စုံတစ်ခု ဆွဲထားသော သားကောင်များ*နှင့် ထွတ်မြတ်သောအိမ်တော် ကအ်ဗဟ်ကျောင်းတော်သို့သွားပြီး မိမိတို့အား ဖန်ဆင်းမွေးမြူတော်မူသောအရှင်မြတ်၏ ကျေးဇူးတော်နှင့်နှစ်သက်မှုကို ရှာဖွေဆည်းပူးကြရန် ရည်ရွယ်ကြသောသူများအား မလေးမစား မပြုကြနှင့်။ ထို့နောက် အသင်တို့သည် အိဟ်ရာမ်ဝတ်ရုံချွတ်ပြီးကြသောအခါ အမဲလိုက်သည်ကို (ပြုလုပ်လိုလျှင်)ပြုလုပ်ပါ။ ထို့ပြင် အသင်တို့အား ထွတ်မြတ်သောအိမ်တော်(သွားခြင်း)မှ တားဆီးပိတ်ပင်ကြသော လူမျိုးတစ်မျိုးကို မုန်းတီးခြင်းသည် အသင်တို့ ကျူးလွန်ဖောက်ဖျက်မှုဖြစ်အောင် လုံးဝ မလှုံ့ဆော်စေနှင့်။ ထို့ပြင် အသင်တို့သည် ကောင်းမှုပြုခြင်းနှင့် ကြောက်ရွံ့အပြစ်ရှောင် ကောင်းကျိုးဆောင်ခြင်းအပေါ် အချင်းချင်းကူညီရိုင်းပင်းကြပါ။* သို့ရာတွင် မကောင်းမှုပြုလုပ်ရန်နှင့် မတရားကျူးကျော်ရန်အတွက် အချင်းချင်း မကူညီကြလေနှင့်။* ထို့ပြင် အသင်တို့သည် အလ္လာဟ်အရှင်မြတ်အား ကြောက်ရွံ့ကြပါ။ မုချ အလ္လာဟ်အရှင်မြတ်သည် ပြင်းထန်စွာ အရေးယူတော်မူသောအရှင် ဖြစ်တော်မူသည်။ حُرِّمَتۡ عَلَيۡكُمُ ٱلۡمَيۡتَةُ وَٱلدَّمُ وَلَحۡمُ ٱلۡخِنزِيرِ وَمَآ أُهِلَّ لِغَيۡرِ ٱللَّهِ بِهِۦ وَٱلۡمُنۡخَنِقَةُ وَٱلۡمَوۡقُوذَةُ وَٱلۡمُتَرَدِّيَةُ وَٱلنَّطِيحَةُ وَمَآ أَكَلَ ٱلسَّبُعُ إِلَّا مَا ذَكَّيۡتُمۡ وَمَا ذُبِحَ عَلَى ٱلنُّصُبِ وَأَن تَسۡتَقۡسِمُواْ بِٱلۡأَزۡلَٰمِۚ ذَٰلِكُمۡ فِسۡقٌۗ ٱلۡيَوۡمَ يَئِسَ ٱلَّذِينَ كَفَرُواْ مِن دِينِكُمۡ فَلَا تَخۡشَوۡهُمۡ وَٱخۡشَوۡنِۚ ٱلۡيَوۡمَ أَكۡمَلۡتُ لَكُمۡ دِينَكُمۡ وَأَتۡمَمۡتُ عَلَيۡكُمۡ نِعۡمَتِي وَرَضِيتُ لَكُمُ ٱلۡإِسۡلَٰمَ دِينًاۚ فَمَنِ ٱضۡطُرَّ فِي مَخۡمَصَةٍ غَيۡرَ مُتَجَانِفٍ لِّإِثۡمٍ فَإِنَّ ٱللَّهَ غَفُورٌ رَّحِيمٌ ٣အသင်တို့အပေါ်တွင် (ယခုရှေ့၌ ဖော်ပြသည့်အရာများသည် မစားသုံးရန်) ဟရာမ်အဖြစ် တားမြစ်ခြင်းခံရသည်။ (အလိုအလျောက်)သေသောတိရစာ္ဆန်၊ သွေး၊ ဝက်သား၊ အလ္လာဟ်အရှင်မြတ်မှလွဲ၍ အခြား(ကို ရည်စူး)တသ(ဇဗဟ်လုပ်)ထားသောတိရစာ္ဆန်၊ လည်မျိုညှစ်/လိမ်ပြီးသေရသောတိရစာ္ဆန်၊ ရိုက်နှက်/ထိခိုက်သေရသောတိရစာ္ဆန်၊ အမြင့်မှကျသေရသောတိရစာ္ဆန်၊ ဦးချိုနှင့် ဝှေ့ခံရသောကြောင့် သေရသောတိရစာ္ဆန်၊ သားရဲတိရစာ္ဆန်များက ကိုက်ခဲသတ်ဖြတ်ထားသောတိရစာ္ဆန်၊ သို့ရာတွင် မသေခင် ဇဗဟ်လှီးဖြတ်ရန်မီသော တိရစာ္ဆန်များမပါဝင်ပေ။ ရုပ်တုများကိုပူဇော်ရန် လှီးဖြတ်ထားသောတိရစာ္ဆန်၊ မဲ/မြားနှင့် ကံစမ်းမဲနှိုက်ပြီး (အသား၊ ပစ္စည်း၊ ငွေ စသည်များကို) ဝေစုခွဲယူခြင်း*တို့သည် ဟရာမ် တားမြစ်ထားပြီးဖြစ်သည်။ ထိုအရာများသည် ပြစ်မှုဒုစရိုက်များဖြစ်သည်။ ယနေ့၌မူ ကာဖိရ်ငြင်းပယ်သူများသည် အသင်တို့၏သာသနာ(ကို ဖျက်ဆီးနိုင်ခြင်း)မှ မျှော်လင့်ချက်ကင်းမဲ့ကြပြီးဖြစ်သည့်အတွက် အသင်တို့သည် သူတို့အား မစိုးရိမ်မကြောက်ရွံ့ဘဲ ငါအရှင်မြတ်ကိုသာ ကြောက်ရွံ့ကြပါ။ ယနေ့ ငါအရှင်မြတ်သည် အသင်တို့အတွက် အသင်တို့၏ဒီန်သာသနာကို ပြည့်စုံစေတော်မူခဲ့ပြီးဖြစ်သည်။ ၎င်းပြင် ငါအရှင်မြတ်သည် ငါအရှင်မြတ်၏ကျေးဇူးတော်များကို အသင်တို့အတွက် အပြည့်အစုံ ပေးသနားတော်မူခဲ့ပြီးဖြစ်သည်။ ထို့ပြင် ငါအရှင်မြတ်သည် အစ္စလာမ်သာသနာကို အသင်တို့အတွက် ဒီန်သာသနာအဖြစ် သဘောတူကျေနပ်တော်မူခဲ့ပြီးဖြစ်သည်။ ထို့နောက် မည်သူမဆို ပြစ်မှုကိုလိုလားသူမဟုတ်ဘဲနှင့် ဆာလောင်မွတ်သိပ်သဖြင့် မလွှဲမရှောင်သာ အကျပ်အတည်းဆိုက်ရောက်ခဲ့(ပြီး တားမြစ်ထားသည်များကို စားသုံးမိခဲ့)လျှင် အမှန်စင်စစ် အလ္လာဟ်အရှင်မြတ်သည် အလွန်လွတ်ငြိမ်းချမ်းသာခွင့်ပေးတော်မူသောအရှင်၊ အလွန်သနားကြင်နာတော်မူသောအရှင် ဖြစ်တော်မူသည်။ يَسۡـَٔلُونَكَ مَاذَآ أُحِلَّ لَهُمۡۖ قُلۡ أُحِلَّ لَكُمُ ٱلطَّيِّبَٰتُ وَمَا عَلَّمۡتُم مِّنَ ٱلۡجَوَارِحِ مُكَلِّبِينَ تُعَلِّمُونَهُنَّ مِمَّا عَلَّمَكُمُ ٱللَّهُۖ فَكُلُواْ مِمَّآ أَمۡسَكۡنَ عَلَيۡكُمۡ وَٱذۡكُرُواْ ٱسۡمَ ٱللَّهِ عَلَيۡهِۖ وَٱتَّقُواْ ٱللَّهَۚ إِنَّ ٱللَّهَ سَرِيعُ ٱلۡحِسَابِ ٤သူတို့သည် သူတို့အတွက် မည်သည့်အရာများကို (စားသုံးရန်)ဟလာလ် ခွင့်ပြုထားပါသနည်းဟု အသင်(တမန်တော့်)အား မေးမြန်းကြသည်။ (အို- တမန်တော်)အသင် ပြောလိုက်ပါ၊ အသင်တို့(စားသုံးရန်)အတွက် သန့်ပြန့်စင်ကြယ်သောအရာ(တိရစာ္ဆန်)များသည် ဟလာလ်ခွင့်ပြုပြီးဖြစ်သည်။ ထို့ပြင် အသင်တို့သည် အလ္လာဟ်အရှင်မြတ် ပြသသောနည်းအတိုင်း အသင်တို့၏အမဲလိုက်တိရစာ္ဆန်များအား သင်ကြားလွှတ်လိုက်၍ အသင်တို့အတွက် ၎င်းအမဲလိုက်တိရစာ္ဆန်များက ဖမ်းဆီးလာခဲ့သာ သားကောင်ကိုလည်း* အသင်တို့ စာသုံးကြပါ။ ထို့ပြင် အသင်တို့သည် (အမဲလိုက်တိရစာ္ဆန်ကို လွှတ်လိုက်သောအခါ) အလ္လာဟ်အရှင်မြတ်၏ နာမတော်ကို တသကြပါ။ ၎င်းပြင် အလ္လာဟ်အရှင်မြတ်အား ကြောက်ကြပါ။ အမှန်စင်စစ် အလ္လာဟ်အရှင်မြတ်သည် အလွန်လျင်မြန်စွာ စာရင်းစစ်ဆေးတော်မူသောအရှင် ဖြစ်တော်မူသည်။ ٱلۡيَوۡمَ أُحِلَّ لَكُمُ ٱلطَّيِّبَٰتُۖ وَطَعَامُ ٱلَّذِينَ أُوتُواْ ٱلۡكِتَٰبَ حِلٌّ لَّكُمۡ وَطَعَامُكُمۡ حِلٌّ لَّهُمۡۖ وَٱلۡمُحۡصَنَٰتُ مِنَ ٱلۡمُؤۡمِنَٰتِ وَٱلۡمُحۡصَنَٰتُ مِنَ ٱلَّذِينَ أُوتُواْ ٱلۡكِتَٰبَ مِن قَبۡلِكُمۡ إِذَآ ءَاتَيۡتُمُوهُنَّ أُجُورَهُنَّ مُحۡصِنِينَ غَيۡرَ مُسَٰفِحِينَ وَلَا مُتَّخِذِيٓ أَخۡدَانٍۗ وَمَن يَكۡفُرۡ بِٱلۡإِيمَٰنِ فَقَدۡ حَبِطَ عَمَلُهُۥ وَهُوَ فِي ٱلۡأٓخِرَةِ مِنَ ٱلۡخَٰسِرِينَ ٥ယနေ့ သန့်ပြန့်စင်ကြယ်သောအရာများကို အသင်တို့အတွက် စားသုံးခွင့်ပြုထားပြီးဖြစ်သည်။ ထို့ပြင် ကျမ်းရသူများ၏စားစရာများသည်လည်း* အသင်တို့အတွက် ခွင့်ပြုထားပြီးဖြစ်သည်။ ထို့ပြင် သိက္ခာစောင့်ထိန်းသော မုအ်မင်န်အမျိုးသမီးများနှင့် အသင်တို့မတိုင်မီ ကျမ်းရသူများထဲမှ သိက္ခာစောင့်ထိန်းသောအမျိုးသမီးများကို အကယ်၍ အသင်တို့သည် သူမတို့၏(ထိမ်းမြားရန်သဘောတူထားသော) မဟရ်ပစ္စည်းများကိုပေးဆပ်ပြီး ကာမဂုဏ်လိုက်စားခြင်းနှင့် တိတ်တိတ်ပုန်းမယားငယ်ထားခြင်းမပြုဘဲ သိက္ခာစောင့်စည်းလျက် ထိမ်းမြားကြလျှင် (ထိမ်းမြားခွင့် ပြုပြီးဖြစ်သည်)။ ထို့ပြင် မည်သူမဆို အီမာန်ယုံကြည်မှုကို ငြင်းပယ်လိုက်လျှင်* ထိုသူ၏ကောင်းမှုသည် အမှန်စင်စစ် အကျိုးမဲ့အချည်းနှီးဖြစ်လိမ့်မည်။ ထို့ပြင် ထိုသူသည် တမလွန်ဘဝတွင်လည်း ပျက်စီးသောသူများထဲ၌ ပါဝင်လိမ့်မည်။ يَٰٓأَيُّهَا ٱلَّذِينَ ءَامَنُوٓاْ إِذَا قُمۡتُمۡ إِلَى ٱلصَّلَوٰةِ فَٱغۡسِلُواْ وُجُوهَكُمۡ وَأَيۡدِيَكُمۡ إِلَى ٱلۡمَرَافِقِ وَٱمۡسَحُواْ بِرُءُوسِكُمۡ وَأَرۡجُلَكُمۡ إِلَى ٱلۡكَعۡبَيۡنِۚ وَإِن كُنتُمۡ جُنُبًا فَٱطَّهَّرُواْۚ وَإِن كُنتُم مَّرۡضَىٰٓ أَوۡ عَلَىٰ سَفَرٍ أَوۡ جَآءَ أَحَدٌ مِّنكُم مِّنَ ٱلۡغَآئِطِ أَوۡ لَٰمَسۡتُمُ ٱلنِّسَآءَ فَلَمۡ تَجِدُواْ مَآءً فَتَيَمَّمُواْ صَعِيدًا طَيِّبًا فَٱمۡسَحُواْ بِوُجُوهِكُمۡ وَأَيۡدِيكُم مِّنۡهُۚ مَا يُرِيدُ ٱللَّهُ لِيَجۡعَلَ عَلَيۡكُم مِّنۡ حَرَجٍ وَلَٰكِن يُرِيدُ لِيُطَهِّرَكُمۡ وَلِيُتِمَّ نِعۡمَتَهُۥ عَلَيۡكُمۡ لَعَلَّكُمۡ تَشۡكُرُونَ ٦အို- အီမာန်ယုံကြည်သူအပေါင်းတို့၊ အသင်တို့သည် စွလာသ်ဝတ်ပြုရန် ရပ်ကြသောအခါ* အသင်တို့၏မျက်နှာများနှင့် လက်များကို တံတောင်ဆစ်ပါ ဆေးကြောကြပါ။ ၎င်းပြင် အသင်တို့သည် ဦးခေါင်းများကို ပွတ်သပ်ကြပါ။ ၎င်းပြင် အသင်တို့သည် ခြေများကိုလည်း ခြေမျက်စိပါ(ဆေးကြောကြပါ)။ ထို့ပြင် အကယ်၍ အသင်တို့သည် ခန္ဓာကိုယ်မသန့်သူများဖြစ်ခဲ့ကြလျှင်* (တစ်ကိုယ်လုံးကို)သန့်ရှင်းအောင်ပြုကြပါ။ ထို့ပြင် အကယ်၍ အသင်တို့သည် ရောဂါသည်များဖြစ်ခဲ့ကြလျှင် သို့မဟုတ် ခရီးသည်များဖြစ်ခဲ့ကြလျှင် သို့မဟုတ် အသင်တို့ထဲမှ တစ်စုံတစ်ဦးသည် ကျင်ကြီးကျင်ငယ်စွန့်ရာမှပြန်ခဲ့လျှင်၊ သို့မဟုတ် အသင်တို့သည် (အသင်တို့၏)ကာမဆက်ဆံခဲ့ကြလျှင်၊ ထို့နောက် အသင်တို့သည် ရေကိုမရရှိခဲ့ကြလျှင် သန့်ပြန့်စင်ကြယ်သော မြေကြီးနှင့် သယမ်မွမ်ပြုကြပါ။* သို့ဖြစ်ရာ အသင်တို့သည် (လက်ဝါးနှစ်ဖက်နှင့် မြေကြီးကို ရိုက်ပုတ်ပြီး) အသင်တို့၏မျက်နှာနှင့် လက်များကို ထိုမြေကြီးဖြင့် ပွတ်သပ်ကြပါ။ အလ္လာဟ်အရှင်မြတ်သည် အသင်တို့အပေါ်တွင် ကျဉ်းကျပ်မှုပြုလုပ်ရန် ရည်ရွယ်တော်မမူပေ။* သို့ရာတွင် အရှင်မြတ်သည် အသင်တို့အား သန့်ရှင်းစင်ကြယ်စေရန်နှင့် အရှင်မြတ်၏ကျေးဇူးတော်ကို အသင်တို့အတွက် ပြည့်ဝစွာ ပေးသနားတော်မူရန်အတွက်သာ* ရည်ရွယ်တော်မူသည်။ (ဤကဲ့သို့ ပြုလုပ်ခြင်းသည်) အသင်တို့ ကျေးဇူးတင်ကြရန်အတွက် ဖြစ်သည်။ وَٱذۡكُرُواْ نِعۡمَةَ ٱللَّهِ عَلَيۡكُمۡ وَمِيثَٰقَهُ ٱلَّذِي وَاثَقَكُم بِهِۦٓ إِذۡ قُلۡتُمۡ سَمِعۡنَا وَأَطَعۡنَاۖ وَٱتَّقُواْ ٱللَّهَۚ إِنَّ ٱللَّهَ عَلِيمُۢ بِذَاتِ ٱلصُّدُورِ ٧ထို့ပြင် အသင်တို့သည် အသင်တို့အပေါ်တွင် အလ္လာဟ်အရှင်မြတ်က ပြုထားသောကျေးဇူးတော်များကို သတိရကြပါ။ ၎င်းပြင် အသင်တို့က “ကျွန်ုပ်တို့သည် ကြားနာ၍ လိုက်နာကြပါပြီ“ဟု ပြောဆိုစဉ်က အရှင်မြတ်သည် အသင်တို့နှင့် ခိုင်မာစွာပြုလုပ်ခဲ့သော ကတိသစ္စာကိုလည်း သတိရကြပါ။ ထို့ပြင် အသင်တို့သည် အလ္လာဟ်အရှင်မြတ်အား ကြောက်ရွံ့ကြပါ။ အမှန်စင်စစ် အလ္လာဟ်အရှင်မြတ်သည် စိတ်နှလုံးထဲ၌ရှိသည်များကို အကြွင်းမဲ့သိတော်မူသောအရှင် ဖြစ်တော်မူသည်။ يَٰٓأَيُّهَا ٱلَّذِينَ ءَامَنُواْ كُونُواْ قَوَّٰمِينَ لِلَّهِ شُهَدَآءَ بِٱلۡقِسۡطِۖ وَلَا يَجۡرِمَنَّكُمۡ شَنَـَٔانُ قَوۡمٍ عَلَىٰٓ أَلَّا تَعۡدِلُواْۚ ٱعۡدِلُواْ هُوَ أَقۡرَبُ لِلتَّقۡوَىٰۖ وَٱتَّقُواْ ٱللَّهَۚ إِنَّ ٱللَّهَ خَبِيرُۢ بِمَا تَعۡمَلُونَ ٨အို- အီမာန်ယုံကြည်သူအပေါင်းတို့၊ အသင်တို့သည် အလ္လာဟ်အရှင်မြတ်အတွက် ဖြောင့်မတ်သူများ၊ တရားမျှတစွာ သက်သေခံသူများဖြစ်ကြပါ။* ထို့ပြင် လူမျိုးတစ်မျိုးကို မုန်းတီးခြင်းသည် အသင်တို့အား တရားမျှတမှုမရှိအောင် လုံးဝ မလှုံ့ဆော်စေနှင့်။* ထို့ပြင် အသင်တို့သည် အလ္လာဟ်အရှင်မြတ်အား ကြောက်ကြပါ။ အမှန်စင်စစ် အလ္လာဟ်အရှင်မြတ်သည် အသင်တို့ပြုလုပ်သည်များကို အကြွင်းမဲ့ကြားသိတော်မူသောအရှင် ဖြစ်တော်မူသည်။ وَعَدَ ٱللَّهُ ٱلَّذِينَ ءَامَنُواْ وَعَمِلُواْ ٱلصَّٰلِحَٰتِ لَهُم مَّغۡفِرَةٌ وَأَجۡرٌ عَظِيمٌ ٩အလ္လာဟ်အရှင်မြတ်သည် အီမာန်ယုံကြည်ပြီး ကောင်းမြတ်သောလုပ်ရပ်များ ပြုလုပ်သူများအား သူတို့အတွက် လွတ်ငြိမ်းချမ်းသာခွင့်နှင့် ကြီးကျယ်သော အကျိုးဆုလာဘ်ရှိသည်ဟု ကတိပြုတော်မူခဲ့သည်။ وَٱلَّذِينَ كَفَرُواْ وَكَذَّبُواْ بِـَٔايَٰتِنَآ أُوْلَٰٓئِكَ أَصۡحَٰبُ ٱلۡجَحِيمِ ١٠ထို့ပြင် အကြင်သူများသည် ငြင်းပယ်ပြီး ငါအရှင်မြတ်၏ သက်သေလက္ခဏာ၊ တန်ခိုးတော်များကို မဟုတ်မမှန်ဟု စွပ်စွဲငြင်းဆိုခဲ့ကြသည်။ ထိုသူများသည် ငရဲဘုံသားများပင်ဖြစ်ကြသည်။ يَٰٓأَيُّهَا ٱلَّذِينَ ءَامَنُواْ ٱذۡكُرُواْ نِعۡمَتَ ٱللَّهِ عَلَيۡكُمۡ إِذۡ هَمَّ قَوۡمٌ أَن يَبۡسُطُوٓاْ إِلَيۡكُمۡ أَيۡدِيَهُمۡ فَكَفَّ أَيۡدِيَهُمۡ عَنكُمۡۖ وَٱتَّقُواْ ٱللَّهَۚ وَعَلَى ٱللَّهِ فَلۡيَتَوَكَّلِ ٱلۡمُؤۡمِنُونَ ١١အို- အီမာန်ယုံကြည်သူအပေါင်းတို့၊ အသင်တို့သည် အသင်တို့အပေါ်၌ရှိသော အလ္လာဟ်အရှင်မြတ်၏ကျေးဇူးတော်များကို သတိရကြပါ။ တစ်ခါက လူမျိုးတစ်မျိုးသည် သူတို့၏လက်များကို အသင်တို့ဘက်သို့လှမ်း(ပြီး အသင်တို့အား သတ်ဖြတ်)ကြရန် ကြံစည်ခဲ့ကြသည်။* သို့ဖြစ်ရာ အရှင်မြတ်သည် သူတို့၏လက်များကို အသင်တို့(အား သတ်ဖြတ်ခြင်း)မှ တားဆီးတော်မူခဲ့သည်။ ထို့ပြင် အသင်တို့သည် အလ္လာဟ်အရှင်မြတ်အား ကြောက်ရွံ့ကြပါ။ ၎င်းပြင် အီမာန်ယုံကြည်သူများသည် အလ္လာဟ်အရှင်မြတ်အပေါ်၌သာ ယုံပုံအားကိုးကြရမည်ဖြစ်သည်။ ۞ وَلَقَدۡ أَخَذَ ٱللَّهُ مِيثَٰقَ بَنِيٓ إِسۡرَٰٓءِيلَ وَبَعَثۡنَا مِنۡهُمُ ٱثۡنَيۡ عَشَرَ نَقِيبًاۖ وَقَالَ ٱللَّهُ إِنِّي مَعَكُمۡۖ لَئِنۡ أَقَمۡتُمُ ٱلصَّلَوٰةَ وَءَاتَيۡتُمُ ٱلزَّكَوٰةَ وَءَامَنتُم بِرُسُلِي وَعَزَّرۡتُمُوهُمۡ وَأَقۡرَضۡتُمُ ٱللَّهَ قَرۡضًا حَسَنًا لَّأُكَفِّرَنَّ عَنكُمۡ سَيِّـَٔاتِكُمۡ وَلَأُدۡخِلَنَّكُمۡ جَنَّٰتٍ تَجۡرِي مِن تَحۡتِهَا ٱلۡأَنۡهَٰرُۚ فَمَن كَفَرَ بَعۡدَ ذَٰلِكَ مِنكُمۡ فَقَدۡ ضَلَّ سَوَآءَ ٱلسَّبِيلِ ١٢ထို့ပြင် အမှန်စင်စစ် အလ္လာဟ်အရှင်မြတ်သည် အစ္စရာအီလ်လူမျိုးများထံမှ ကတိဝန်ခံချက်ကို ရယူတော်မူခဲ့သည်။ ၎င်းပြင် ငါအရှင်မြတ်သည် သူတို့ထဲမှ အကြီးအကဲ ဆယ့်နှစ်ဦး ခန့်အပ်တော်မူခဲ့သည်။ ထို့နောက် အလ္လာဟ်အရှင်မြတ်သည် မိန့်ကြားတော်မူခဲ့သည်။ အမှန်မုချ ငါအရှင်မြတ်သည် အသင်တို့နှင့်အတူ ရှိလိမ့်မည်။ အကယ်၍ အသင်တို့သည် စွလာသ်ဝတ်ပြုမှုကို တည်ဆောက်ကြမည်၊ ၎င်းပြင် အသင်တို့သည် ဇကာသ်(ဆင်းရဲသားနှင့် လိုအပ်သူများ၏ဝေစု)ကိုလည်း ပေးဆောင်ကြမည်၊ ၎င်းပြင် အသင်တို့သည် ငါအရှင်မြတ်၏ တမန်တော်များကိုလည်း ယုံကြည်ကြပြီး သူတို့အား ကူညီရိုင်းပင်းကြမည်၊ ၎င်းပြင် အသင်တို့သည် အလ္လာဟ်အရှင်မြတ်အားလည်း ကောင်းမွန်သောကြွေး*ချေးကြမည်ဆိုလျှင် ငါအရှင်မြတ်သည် အသင်တို့၏ မကောင်းမှုများကို အမှန်ပင် ပပျောက်စေတော်မူမည်။ ထို့ပြင် ငါအရှင်မြတ်သည် အသင်တို့အား ဥယျာဉ်များထဲသို့ ဝင်ရောက်စေတော်မူမည်၊ ထိုဥယျာဉ်များ၏အောက်၌ စမ်းရေချောင်းများ စီးဆင်းနေလိမ့်မည်။ ၎င်းပြင် အသင်တို့ထဲမှ မည်သူမဆို ထို့နောက်တွင် ငြင်းပယ်ခဲ့လျှင် ထိုသူသည် ဖြောင့်မတ်သော(တရား)လမ်းမှ အမှန်ပင် ဝေးသွားခဲ့ပြီဖြစ်သည်။ فَبِمَا نَقۡضِهِم مِّيثَٰقَهُمۡ لَعَنَّٰهُمۡ وَجَعَلۡنَا قُلُوبَهُمۡ قَٰسِيَةًۖ يُحَرِّفُونَ ٱلۡكَلِمَ عَن مَّوَاضِعِهِۦ وَنَسُواْ حَظًّا مِّمَّا ذُكِّرُواْ بِهِۦۚ وَلَا تَزَالُ تَطَّلِعُ عَلَىٰ خَآئِنَةٍ مِّنۡهُمۡ إِلَّا قَلِيلًا مِّنۡهُمۡۖ فَٱعۡفُ عَنۡهُمۡ وَٱصۡفَحۡۚ إِنَّ ٱللَّهَ يُحِبُّ ٱلۡمُحۡسِنِينَ ١٣ထို့နောက် သူတို့သည် သူတို့၏ကတိဝန်ခံချက်ကို ဖောက်ဖျက်ခြင်းကြောင့် ငါအရှင်မြတ်သည် သူတို့အား ကရုဏာတော်မှ ကင်းဝေးစေတော်မူခဲ့သည်။ ထို့ပြင် သူတို့၏စိတ်နှလုံးများကိုလည်း ခက်ထန်မာကျောအောင် ပြုလုပ်တော်မူခဲ့သည်။ သူတို့သည် အာယသ်တော်များကို သူတို့၏မူလနေရာမှ(လုပ်ကြံ)ရွှေ့ပြောင်းကြသည်။ ၎င်းပြင် သူတို့သည် သူတို့အား သတိပေးဆုံးမထားသည့်အထဲမှ အစိတ်အပိုင်းတစ်ခုကို* မေ့ပစ်ခဲ့ကြသည်။ ထို့ပြင် အသင်သည် သူတို့ထဲမှ အချို့သူမှလွဲ၍ ကျန်သူများ၏ သစ္စာမဲ့မှုတစ်စုံတစ်ခုကို အမြဲဖော်ထုတ်သိရှိနေရလိမ့်မည်။ သို့ဖြစ်ရာ အသင်သည် သူတို့အား ခွင့်လွှတ်လိုက်ပါ၊ ၎င်းပြင် မျက်နှာလွှဲပြီးနေလိုက်ပါ၊* အမှန်စင်စစ် အလ္လာဟ်အရှင်မြတ်သည် ကောင်းကျိုးဆောင်ရွက်သောသူများကို ချစ်ခင်မြတ်နိုးတော်မူသည်။ وَمِنَ ٱلَّذِينَ قَالُوٓاْ إِنَّا نَصَٰرَىٰٓ أَخَذۡنَا مِيثَٰقَهُمۡ فَنَسُواْ حَظًّا مِّمَّا ذُكِّرُواْ بِهِۦ فَأَغۡرَيۡنَا بَيۡنَهُمُ ٱلۡعَدَاوَةَ وَٱلۡبَغۡضَآءَ إِلَىٰ يَوۡمِ ٱلۡقِيَٰمَةِۚ وَسَوۡفَ يُنَبِّئُهُمُ ٱللَّهُ بِمَا كَانُواْ يَصۡنَعُونَ ١٤ထို့ပြင် ငါအရှင်မြတ်သည် “အမှန်မုချ ကျွန်ုပ်တို့သည် နစွရာ နတ်စ်ွရာနီများ ဖြစ်ကြပါသည်“ဟု ပြောဆိုကြသောသူများထံမှလည်း ကတိဝန်ခံချက်ကို ယူတော်မူခဲ့သည်။ ထို့နောက် သူတို့သည် သူတို့ကို သတိပေးဆုံးမထားသည့်အထဲမှ အစိတ်အပိုင်းတစ်ခုကို မေ့ပစ်ခဲ့ကြသည်။ ထို့ကြောင့် ငါအရှင်မြတ်သည် သူတို့ထဲတွင် ကိယာမသ်နေ့ထိ ရန်ငြိုးမှုနှင့် မုန်းတီးမှုကို ထည့်သွင်းပေးတော်မူခဲ့သည်။ ထို့ပြင် အလ္လာဟ်အရှင်မြတ်သည် သူတို့အား သူတို့ပြုလုပ်နေခဲ့ကြသည်များကို မကြာမီ အသိပေးတော်မူမည်။ يَٰٓأَهۡلَ ٱلۡكِتَٰبِ قَدۡ جَآءَكُمۡ رَسُولُنَا يُبَيِّنُ لَكُمۡ كَثِيرًا مِّمَّا كُنتُمۡ تُخۡفُونَ مِنَ ٱلۡكِتَٰبِ وَيَعۡفُواْ عَن كَثِيرٍۚ قَدۡ جَآءَكُم مِّنَ ٱللَّهِ نُورٌ وَكِتَٰبٌ مُّبِينٌ ١٥အို- ကျမ်းရသူအပေါင်းတို့၊ ငါအရှင်မြတ်၏ ရစူလ်တမန်တော်သည် အသင်တို့ထံသို့ အမှန်စင်စစ် ရောက်လာပြီဖြစ်သည်။ ထိုတမန်တော်သည် (သောင်ရသ်နှင့်အင်ဂျီလ်)ကျမ်းထဲမှ အသင်တို့ လျှို့ဝှက်ဖုံးကွယ်ထားခဲ့သောအရာများထဲမှ ကိစ္စအမြောက်အမြားကို အသင်တို့အား ထုတ်ဖော်ရှင်းလင်းပြသသည်။* ထို့ပြင် ကိစ္စအမြောက်မြားကိုမူ အပြစ်မယူဘဲ ခွင့်လွှတ်သည်။* အသင်တို့ထံသို့ အလ္လာဟ်အရှင်မြတ်ထံတော်မှ ရောင်ခြည်တော်လည်းဖြစ်သော ထင်ရှားသည့်(ကုရ်အာန်)ကျမ်းတော်မြတ်*သည် အမှန်စင်စစ် ရောက်ရှိလာခဲ့ပြီဖြစ်သည်။ يَهۡدِي بِهِ ٱللَّهُ مَنِ ٱتَّبَعَ رِضۡوَٰنَهُۥ سُبُلَ ٱلسَّلَٰمِ وَيُخۡرِجُهُم مِّنَ ٱلظُّلُمَٰتِ إِلَى ٱلنُّورِ بِإِذۡنِهِۦ وَيَهۡدِيهِمۡ إِلَىٰ صِرَٰطٍ مُّسۡتَقِيمٍ ١٦အလ္လာဟ်အရှင်မြတ်သည် ထို(ကုရ်အာန်)ကျမ်းတော်မြတ်နှင့် အရှင်မြတ်၏နှစ်သက်မှုကို လိုက်နာသောသူများအား ငြိမ်းချမ်းသောလမ်းများကို ပြသတော်မူသည်။ ၎င်းပြင် သူတို့အား အရှင်မြတ်၏အမိန့်တော်နှင့် (ကုဖ်ရ်)အမှောင်ထုများထဲမှ (အစ္စလာမ်)အလင်းရောင်ထံသို့ ထုတ်ယူပို့ဆောင်တော်မူသည်။ ၎င်းပြင် အရှင်မြတ်သည် သူတို့အား ဖြောင့်မတ်မှန်ကန်သော တရားလမ်းကို ပြသတော်မူသည်။ لَّقَدۡ كَفَرَ ٱلَّذِينَ قَالُوٓاْ إِنَّ ٱللَّهَ هُوَ ٱلۡمَسِيحُ ٱبۡنُ مَرۡيَمَۚ قُلۡ فَمَن يَمۡلِكُ مِنَ ٱللَّهِ شَيۡـًٔا إِنۡ أَرَادَ أَن يُهۡلِكَ ٱلۡمَسِيحَ ٱبۡنَ مَرۡيَمَ وَأُمَّهُۥ وَمَن فِي ٱلۡأَرۡضِ جَمِيعًاۗ وَلِلَّهِ مُلۡكُ ٱلسَّمَٰوَٰتِ وَٱلۡأَرۡضِ وَمَا بَيۡنَهُمَاۚ يَخۡلُقُ مَا يَشَآءُۚ وَٱللَّهُ عَلَىٰ كُلِّ شَيۡءٍ قَدِيرٌ ١٧“အလ္လာဟ်ဆိုသည်မှာ အမှန်စင်စစ် မရ်ယမ်၏သားတော် မစီဟ်(အီစာ)ပင်ဖြစ်သည်“ဟု ပြောဆိုခဲ့ကြသောသူများသည် အမှန်စင်စစ် သွေဖည်ငြင်းပယ်ခဲ့ကြပြီဖြစ်သည်။ (အို- တမန်တော်)အသင် ပြောလိုက်ပါ၊ သို့ဖြစ်လျှင် အကယ်၍ အရှင်မြတ်က မရ်ယမ်၏သားတော်မစီဟ်၊ ၎င်း၏အမေနှင့် ကမာ္ဘမြေတွင် ရှိသမျှအရာအားလုံးကို ဖျက်ဆီးပစ်တော်မူလိုလျှင် အလ္လာဟ်အရှင်မြတ်၏အမိန့်တော်၌ တစ်စုံတစ်ရာ ဝင်ရောက်ကန့်ကွက်နိုင်မည့်သူ မည်သူရှိမည်နည်း။ ၎င်းပြင် မိုးကောင်းကင်များနှင့် မြေပထဝီသာမက မိုးနှင့်မြေကြားရှိသမျှအရာအားလုံးတို့ကို အလ္လာဟ်အရှင်မြတ်သာ စိုးပိုင်တော်မူသည်။ အရှင်မြတ်သည် အရှင်မြတ်အလိုတော်ရှိရာကို ဖန်ဆင်းတော်မူသည်။ ၎င်းပြင် အလ္လာဟ်အရှင်မြတ်သည် အရာအားလုံးအပေါ်စွမ်းဆောင်နိုင်တော်မူသောအရှင် ဖြစ်တော်မူသည်။ وَقَالَتِ ٱلۡيَهُودُ وَٱلنَّصَٰرَىٰ نَحۡنُ أَبۡنَٰٓؤُاْ ٱللَّهِ وَأَحِبَّٰٓؤُهُۥۚ قُلۡ فَلِمَ يُعَذِّبُكُم بِذُنُوبِكُمۖ بَلۡ أَنتُم بَشَرٌ مِّمَّنۡ خَلَقَۚ يَغۡفِرُ لِمَن يَشَآءُ وَيُعَذِّبُ مَن يَشَآءُۚ وَلِلَّهِ مُلۡكُ ٱلسَّمَٰوَٰتِ وَٱلۡأَرۡضِ وَمَا بَيۡنَهُمَاۖ وَإِلَيۡهِ ٱلۡمَصِيرُ ١٨ထို့ပြင် ယဟူဒီများနှင့် နတ်စွ်ရာနီများက “ငါတို့သည် အလ္လာဟ်အရှင်မြတ်၏သားတော်များလည်း ဖြစ်ကြသည်၊* အရှင်မြတ်၏အချစ်တော်များလည်း ဖြစ်ကြသည်“ဟု ပြောဆိုကြသည်။ (အို- တမန်တော်)အသင် ပြောလိုက်ပါ၊ သို့ဖြစ်လျှင် အဘယ့်ကြောင့် အရှင်မြတ်က အသင်တို့အား အသင်တို့၏အပြစ်များကြောင့် ဒဏ်ခတ်လိုက်သနည်း။* စင်စစ်မှာမူ အသင်တို့သည်လည်း အရှင်မြတ်ဖန်ဆင်းတော်မူသည့်အထဲမှ လူသာမန်များပင်ဖြစ်ကြသည်။ ၎င်းပြင် မိုးကောင်းကင်များနှင့် မြေပထဝီသာမက မိုးနှင့်မြေကြားရှိသမျှအရာအားလုံးတို့ကို အလ္လာဟ်အရှင်မြတ်သာ စိုးပိုင်တော်မူသည်။ ထို့ပြင် (အားလုံး၏)ပြန်လည်ရောက်ရှိရာဌာနသည် အရှင်မြတ်ထံတော်သို့ပင် ဖြစ်သည်။ يَٰٓأَهۡلَ ٱلۡكِتَٰبِ قَدۡ جَآءَكُمۡ رَسُولُنَا يُبَيِّنُ لَكُمۡ عَلَىٰ فَتۡرَةٍ مِّنَ ٱلرُّسُلِ أَن تَقُولُواْ مَا جَآءَنَا مِنۢ بَشِيرٍ وَلَا نَذِيرٍۖ فَقَدۡ جَآءَكُم بَشِيرٌ وَنَذِيرٌۗ وَٱللَّهُ عَلَىٰ كُلِّ شَيۡءٍ قَدِيرٌ ١٩အို- ကျမ်းရသူအပေါင်းတို့၊ တမန်တော်များ အဆက်ပြတ်နေသောကာလတွင်* ငါအရှင်မြတ်၏တမန်တော်(မုဟမ္မဒ်-ဆွ)သည် အသင်တို့ထံသို့ အမှန်စင်စစ် ရောက်ရှိလာခဲ့ပြီ ဖြစ်သည်။ ထိုတမန်တော်သည် အသင်တို့အား (အမိန့်တော်များကို)ရှင်းလင်းပြသသည်။ အကြောင်းမှာ အသင်တို့သည် (ကိယာမသ်နေ့၌) ကျွန်ုပ်တို့ထံသို့ သတင်းကောင်းပေးသူနှင့် သတိပေးနှိုးဆော်သူ တစ်ဦးမှ မရောက်လာခဲ့ပါဟု မပြောဆိုနိုင်ကြရန်အတွက်ဖြစ်သည်။ သို့ဖြစ်ရာ ယခုမူ အသင်တို့ထံသို့ သတင်းကောင်းပေးသူနှင့် သတိပေးနှိုးဆော်သူ(တမန်တော် မုဟမ္မဒ်-ဆွ)သည် အမှန်စင်စစ် ရောက်ရှိလာခဲ့ပြီ ဖြစ်သည်။ ထို့ပြင် အလ္လာဟ်အရှင်မြတ်သည် အရာအားလုံးအပေါ်စွမ်းဆောင်နိုင်တော်မူသောအရှင် ဖြစ်တော်မူသည်။ وَإِذۡ قَالَ مُوسَىٰ لِقَوۡمِهِۦ يَٰقَوۡمِ ٱذۡكُرُواْ نِعۡمَةَ ٱللَّهِ عَلَيۡكُمۡ إِذۡ جَعَلَ فِيكُمۡ أَنۢبِيَآءَ وَجَعَلَكُم مُّلُوكًا وَءَاتَىٰكُم مَّا لَمۡ يُؤۡتِ أَحَدًا مِّنَ ٱلۡعَٰلَمِينَ ٢٠ထို့ပြင် တစ်ခါက (တမန်တော်)မူစာသည် ၎င်း၏အမျိုးသားများအား ပြောကြားခဲ့သည်။ အို- ကျွန်ုပ်၏အမျိုးသားအပေါင်းတို့၊ အသင်တို့သည် အသင်တို့အပေါ်၌တင်ရှိသော အလ္လာဟ်အရှင်မြတ်၏ကျေးဇူးတော်ကို သတိရကြပါ။ တစ်ခါက အရှင်မြတ်သည် အသင်တို့ထဲမှ နဗီတမန်တော်များကို ပွင့်ပေါ်စေခဲ့သည်။ ထို့ပြင် အသင်တို့အား ဘုရင်များ(အဖြစ်)လည်း မြှောက်စားတော်မူခဲ့သည်။ ထို့ပြင် အသင်တို့အား စကြဝဠာတွင် မည်သူ့ကိုမှ ပေးထားတော်မမူခဲ့သော ကျေးဇူးများကိုလည်း ပေးသနားတော်မူခဲ့သည်။ يَٰقَوۡمِ ٱدۡخُلُواْ ٱلۡأَرۡضَ ٱلۡمُقَدَّسَةَ ٱلَّتِي كَتَبَ ٱللَّهُ لَكُمۡ وَلَا تَرۡتَدُّواْ عَلَىٰٓ أَدۡبَارِكُمۡ فَتَنقَلِبُواْ خَٰسِرِينَ ٢١အို- ကျွန်ုပ်၏အမျိုးသားအပေါင်းတို့၊ အသင်တို့သည် အသင်တို့အတွက် အလ္လာဟ်အရှင်မြတ်က (အသင်တို့အောင်နိုင်ရာအဖြစ်)ရေးမှတ်ထားတော်မူပြီးဖြစ်သော ထွတ်မြတ်သောနယ်မြေ*ထဲသို့ ဝင်ရောက်ကြပါ။ ၎င်းပြင် အသင်တို့သည် အသင်တို့နောက်သို့ ပြန်လှည့်မသွားကြနှင့်။ ထိုကဲ့သို့ ပြန်လှည့်သွားလျှင် အသင်တို့သည် ဆုံးရှုံးသူများအဖြစ် ပြောင်းလဲသွားလိမ့်မည်။ قَالُواْ يَٰمُوسَىٰٓ إِنَّ فِيهَا قَوۡمًا جَبَّارِينَ وَإِنَّا لَن نَّدۡخُلَهَا حَتَّىٰ يَخۡرُجُواْ مِنۡهَا فَإِن يَخۡرُجُواْ مِنۡهَا فَإِنَّا دَٰخِلُونَ ٢٢သူတို့က (ဤသို့)ပြောဆိုဖြေကြားကြသည်- “အို- (တမန်တော်)မူစာ၊ အမှန်စင်စစ် ထိုနယ်မြေ၌ (ကျွန်ုပ်တို့ ပြိုင်ဆိုင်နိုင်စွမ်းမရှိသော)ကြီးမားထွားကြိုင်းသည့် လူမျိုးတစ်မျိုးရှိနေသည်။ ထိုလူမျိုးသည် ထိုနယ်မြေထဲမှ ထွက်ခွာသွားကြလျှင် ကျွန်ုပ်တို့သည် အမှန်ပင် ဝင်ရောက်ကြပါမည်။“ قَالَ رَجُلَانِ مِنَ ٱلَّذِينَ يَخَافُونَ أَنۡعَمَ ٱللَّهُ عَلَيۡهِمَا ٱدۡخُلُواْ عَلَيۡهِمُ ٱلۡبَابَ فَإِذَا دَخَلۡتُمُوهُ فَإِنَّكُمۡ غَٰلِبُونَۚ وَعَلَى ٱللَّهِ فَتَوَكَّلُوٓاْ إِن كُنتُم مُّؤۡمِنِينَ ٢٣အလ္လာဟ်အရှင်မြတ်အား ကြောက်သောသူ(မုသ်သကီ)များထဲမှ အလ္လာဟ်အရှင်မြတ်က ကျေးဇူးပြုတော်မူထားသည့် လူနှစ်ဦးသည် (ကြံ့ခိုင်စွဲမြဲစွာရပ်တည်လျက် သတ္တိနည်းသူများကို အားပေးရန်အတွက် ဤသို့)ပြောဆိုကြသည်- “အသင်တို့သည် သူတို့အား တိုက်ခိုက်လျက် တံခါးဝသို့ ဝင်ရောက်ကြပါ။ အကယ်၍ အသင်တို့သည် ထိုတံခါးဝသို့ ဝင်ရောက်ခဲ့လျှင် အမှန်စင်စစ် အသင်တို့ပင် အောင်မြင်သူများဖြစ်ကြလိမ့်မည်။ ထို့ပြင် အကယ်၍ အသင်တို့သည် အီမာန်ယုံကြည်သူများဖြစ်ကြလျှင် အလ္လာဟ်အရှင်မြတ်အပေါ်၌သာ ယုံပုံအားကိုးကြပါ။“ قَالُواْ يَٰمُوسَىٰٓ إِنَّا لَن نَّدۡخُلَهَآ أَبَدًا مَّا دَامُواْ فِيهَا فَٱذۡهَبۡ أَنتَ وَرَبُّكَ فَقَٰتِلَآ إِنَّا هَٰهُنَا قَٰعِدُونَ ٢٤အမျိုးသားများက ပြောကြသည်- “အို- (တမန်တော်)မူစာ၊ သူတို့သည် ထိုနယ်မြေထဲ၌ရှိနေသမျှ အမှန်ပင် ကျွန်ုပ်တို့သည် ထိုနယ်မြေထဲသို့ မည်သည့်အခါမှ လုံးဝ ဝင်ရောက်ကြမည်မဟုတ်ပေ။ ထို့ကြောင့် အသင်နှင့် အသင်၏အရှင်တို့နှစ်ပါးသာ သွားရောက်တိုက်ခိုက်ကြပါ။ ကျွန်ုပ်တို့ကမူ ဤနေရာ၌ပင် (မတိုက်ခိုက်ဘဲ)ထိုင်နေကြပါမည်။“ قَالَ رَبِّ إِنِّي لَآ أَمۡلِكُ إِلَّا نَفۡسِي وَأَخِيۖ فَٱفۡرُقۡ بَيۡنَنَا وَبَيۡنَ ٱلۡقَوۡمِ ٱلۡفَٰسِقِينَ ٢٥၎င်း(တမန်တော်မူစာ)က-“အို- ကျွန်ုပ်အား ဖန်ဆင်းမွေးမြူတော်မူသောအရှင်၊ အမှန်စင်စစ် ကျွန်ုပ်သည် ကျွန်ုပ်နှင့် ကျွန်ုပ်၏အစ်ကို(ဟာရူန်)မှလွဲ၍ အခြားမည်သူ၏အပေါ်မှလုပ်ပိုင်ခွင့်(အခွင့်အာဏာပိုင်ဆိုင်မှု)မရှိပါ။ သို့ဖြစ်ရာ အရှင်မြတ်သည် ကျွန်ုပ်တို့နှင့် စည်းဖောက်သူများကြားတွင် အဆုံးအဖြတ်ပေးတော်မူပါ။“ဟု ပြောဆိုလျှောက်ထားခဲ့သည်။ قَالَ فَإِنَّهَا مُحَرَّمَةٌ عَلَيۡهِمۡۛ أَرۡبَعِينَ سَنَةًۛ يَتِيهُونَ فِي ٱلۡأَرۡضِۚ فَلَا تَأۡسَ عَلَى ٱلۡقَوۡمِ ٱلۡفَٰسِقِينَ ٢٦အရှင်မြတ်က မိန့်ကြားတော်မူသည်၊ “သို့ဖြစ်လျှင် အမှန်စင်စစ် ထိုနယ်မြေသည် သူတို့အတွက် နှစ်ပေါင်းလေးဆယ်တိုင် ပိတ်ဆို့တားမြစ်ခံလိုက်ရပြီဖြစ်သည်။ သူတို့သည် ဤ(သဲကနာ္တရကွင်းပြင်)ထဲ၌ပင် တဝဲလည်လည်ဖြစ်နေကြလိမ့်မည်။ သို့ဖြစ်ရာ အသင်(တမန်တော်မူစာ)သည် စည်းဖောက် အမိန့်ဖီဆန်သောလူမျိုးနှင့်ပတ်သက်၍ မပူဆွေးပါနှင့်။“ ۞ وَٱتۡلُ عَلَيۡهِمۡ نَبَأَ ٱبۡنَيۡ ءَادَمَ بِٱلۡحَقِّ إِذۡ قَرَّبَا قُرۡبَانًا فَتُقُبِّلَ مِنۡ أَحَدِهِمَا وَلَمۡ يُتَقَبَّلۡ مِنَ ٱلۡأٓخَرِ قَالَ لَأَقۡتُلَنَّكَۖ قَالَ إِنَّمَا يَتَقَبَّلُ ٱللَّهُ مِنَ ٱلۡمُتَّقِينَ ٢٧သို့ဖြစ်ရာ အသင်(တမန်တော်)သည် သူတို့အား (တမန်တော်)အာဒမ်၏ သားတော်နှစ်ဦး၏အကြောင်းကို မှန်ကန်စွာ ပြောပြလိုက်ပါ။* တစ်ခါက ထိုသားတော်နှစ်ဦးသည် (အရှင်မြတ်အတွက်) အလှူပစ္စည်းတစ်ခု(စီ)ကို လှူဒါန်းမှုပြုသောအခါ သူတို့ထဲမှ တစ်ဦး(ဖြစ်သူ ညီတော်)၏အလှူပစ္စည်းသည် (အရှင်မြတ်၏) လက်ခံသဘောတူတော်မူခြင်းခံရသည်။ အခြားတစ်ဦး(ဖြစ်သော နောင်တော်)၏အလှူပစ္စည်းမှာမူ (အရှင်မြတ်၏) လက်ခံသဘောတူတော်မူခြင်းကို မခံခဲ့ရပေ။ (သို့ဖြစ်ရာ နောင်တော်က ညီတော်ကို) “ငါသည် အသင့်အား အမှန်ပင်သတ်မည်“ဟု ပြောဆိုခဲ့သည်။ သူ(ညီတော်က)ပြောသည်- “အလ္လာဟ်အရှင်မြတ်သည် မုသ်သကီ ကြောက်ရွံ့အပြစ်ရှောင်ကောင်းကျိုးဆောင်သူများ၏ထံမှသာ (အလှူပစ္စည်းကို) သဘောတူလက်ခံတော်မူသည်။“ لَئِنۢ بَسَطتَ إِلَيَّ يَدَكَ لِتَقۡتُلَنِي مَآ أَنَا۠ بِبَاسِطٍ يَدِيَ إِلَيۡكَ لِأَقۡتُلَكَۖ إِنِّيٓ أَخَافُ ٱللَّهَ رَبَّ ٱلۡعَٰلَمِينَ ٢٨အသင်သည် အကယ်၍ ကျွန်ုပ်အားသတ်ဖြတ်ရန် အသင်၏လက်ကို ကျွန်ုပ်ဘက်သို့လှမ်းခဲ့လျှင်လည်း ကျွန်ုပ်သည် အသင့်ကိုသတ်ဖြတ်ရန် အသင်၏ဘက်သို့ ကျွန်ုပ်၏လက်ကိုလှမ်းမည်မဟုတ်ပေ။ (မကောင်းကို မကောင်းဖြင့် တုံ့ပြန်မည်မဟုတ်ပေ။) အမှန်စင်စစ် ကျွန်ုပ်သည် စကြဝဠာအားလုံးကို ဖန်ဆင်းမွေးမြူတော်မူသော အလ္လာဟ်အရှင်မြတ်အား ကြောက်ရွံ့သည်။ إِنِّيٓ أُرِيدُ أَن تَبُوٓأَ بِإِثۡمِي وَإِثۡمِكَ فَتَكُونَ مِنۡ أَصۡحَٰبِ ٱلنَّارِۚ وَذَٰلِكَ جَزَٰٓؤُاْ ٱلظَّٰلِمِينَ ٢٩အမှန်စင်စစ် ကျွန်ုပ်(အား သတ်သော)အပြစ်နှင့် အသင်၏(ယခင်)အပြစ်ကို အသင်သည်သာ ထမ်းရွက်ရန် ကျွန်ုပ်ရည်ရွယ်သည်။ ထို့နောက် အသင်သည် ငရဲသားများထဲတွင် ဖြစ်သွားလိမ့်မည်။ ထို့ပြင် ၎င်းသည် မတရားပြုလုပ်သူများ၏ အကျိုးရလာဒ်ဖြစ်သည်။ فَطَوَّعَتۡ لَهُۥ نَفۡسُهُۥ قَتۡلَ أَخِيهِ فَقَتَلَهُۥ فَأَصۡبَحَ مِنَ ٱلۡخَٰسِرِينَ ٣٠ထို့နောက် သူ(နောင်တော်)၏စိတ်သည် သူ့ကို သူ၏ညီတော်အား သတ်ဖြတ်ရန် တိုက်တွန်းခဲ့သည့်အတွက် သူသည် သူ၏ညီတော်ကို သတ်ဖြတ်ခဲ့သည်။ သို့ဖြစ်ရာ သူသည် ပျက်စီးဆုံးရှုံးသူများထဲတွင် ဖြစ်သွားတော့သည်။ فَبَعَثَ ٱللَّهُ غُرَابًا يَبۡحَثُ فِي ٱلۡأَرۡضِ لِيُرِيَهُۥ كَيۡفَ يُوَٰرِي سَوۡءَةَ أَخِيهِۚ قَالَ يَٰوَيۡلَتَىٰٓ أَعَجَزۡتُ أَنۡ أَكُونَ مِثۡلَ هَٰذَا ٱلۡغُرَابِ فَأُوَٰرِيَ سَوۡءَةَ أَخِيۖ فَأَصۡبَحَ مِنَ ٱلنَّٰدِمِينَ ٣١ထို့နောက် အလ္လာဟ်အရှင်မြတ်သည် ကျီးကန်းတစ်ကောင်ကို စေလွှတ်တော်မူခဲ့သည်။ ထိုကျီးကန်းသည် သူ့အား သူ၏ညီတော်၏ရုပ်အလောင်းကို မည်သို့(မြှုပ်နှံ) ဖုံးအုပ်ရမည်နည်းဆိုသည်ကိုပြသရန် မြေကြီးကို ကုတ်ခြစ်တူးဆွသည်။ (ထိုအခါ)သူက ပြောဆိုခဲ့သည်- ဪ- ငါသည် ဤကျီးကန်းကဲ့သို့ မဖြစ်နိုင်သည်မှာ ဝမ်းနည်းစရာကောင်းလေစွ။ အကယ်၍သာ ထိုကဲ့သို့ဖြစ်နိုင်ခဲ့လျှင် ငါသည် ငါ၏ညီတော်၏ရုပ်အလောင်းကို မည်သို့(မြှုပ်နှံ) ဖုံးအုပ်လျှို့ဝှက်နိုင်မည်ဖြစ်သည်။“ ထို့နောက် သူသည် နောင်တရသူများထဲတွင် ဖြစ်သွားခဲ့သည်။ مِنۡ أَجۡلِ ذَٰلِكَ كَتَبۡنَا عَلَىٰ بَنِيٓ إِسۡرَٰٓءِيلَ أَنَّهُۥ مَن قَتَلَ نَفۡسَۢا بِغَيۡرِ نَفۡسٍ أَوۡ فَسَادٍ فِي ٱلۡأَرۡضِ فَكَأَنَّمَا قَتَلَ ٱلنَّاسَ جَمِيعًا وَمَنۡ أَحۡيَاهَا فَكَأَنَّمَآ أَحۡيَا ٱلنَّاسَ جَمِيعًاۚ وَلَقَدۡ جَآءَتۡهُمۡ رُسُلُنَا بِٱلۡبَيِّنَٰتِ ثُمَّ إِنَّ كَثِيرًا مِّنۡهُم بَعۡدَ ذَٰلِكَ فِي ٱلۡأَرۡضِ لَمُسۡرِفُونَ ٣٢ထို့အတွက်ကြောင့်ပင် ငါအရှင်မြတ်သည် အစ္စရာအီလ်မျိုးနွယ်များအပေါ်တွင် (ဤသို့) အမိန့်ပြဋ္ဌာန်းတော်မူခဲ့သည်။ အမှန်စင်စစ် မည်သူမဆို တစ်ဦးတစ်ယောက်အား အသက်တစ်ချောင်း၏အစားလည်းမဟုတ်ဘဲ၊ တိုင်းပြည်တွင် ဆူပူသောင်းကျန်းခြင်းကြောင့်လည်းမဟုတ်ဘဲ (မတရား)သတ်ခဲ့လျှင် ထိုသူသည် လူများအားလုံးအား သတ်သကဲ့သို့ဖြစ်သည်။ ထို့ပြင် မည်သူမဆို တစ်ဦးတစ်ယောက်အား (ကယ်တင်)အသက်ရှင်စေခဲ့လျှင် ထိုသူသည် လူများအားလုံးအား အသက်ရှင်စေသကဲ့သို့ဖြစ်သည်။ ထို့ပြင် ငါအရှင်မြတ်၏တမန်တော်များသည် ထို(အစ္စရာအီလ်လူမျိုး)များထံသို့ ထင်ရှားသောအမိန့်ပညတ်များ၊ သက်သေလက္ခဏာများနှင့်အတူ အမှန်ပင် ရောက်ရှိလာခဲ့ကြသည်။ ထို့နောက် ထိုသူများထဲမှ မြောက်မြားစွာသောသူတို့သည် တမန်တော်များရောက်လာပြီးနောက် တိုင်းပြည်၌ အမှန်ပင် စည်းဖောက်ကျူးလွန်သူများအဖြစ် ရှိကြသေးသည်။ إِنَّمَا جَزَٰٓؤُاْ ٱلَّذِينَ يُحَارِبُونَ ٱللَّهَ وَرَسُولَهُۥ وَيَسۡعَوۡنَ فِي ٱلۡأَرۡضِ فَسَادًا أَن يُقَتَّلُوٓاْ أَوۡ يُصَلَّبُوٓاْ أَوۡ تُقَطَّعَ أَيۡدِيهِمۡ وَأَرۡجُلُهُم مِّنۡ خِلَٰفٍ أَوۡ يُنفَوۡاْ مِنَ ٱلۡأَرۡضِۚ ذَٰلِكَ لَهُمۡ خِزۡيٌ فِي ٱلدُّنۡيَاۖ وَلَهُمۡ فِي ٱلۡأٓخِرَةِ عَذَابٌ عَظِيمٌ ٣٣အကြင်သူများသည် အလ္လာဟ်အရှင်မြတ်နှင့် အရှင်မြတ်၏တမန်တော်ကို တိုက်ခိုက်ကြသည်။ ၎င်းပြင် ကမာ္ဘမြေတွင် ဖျက်ဆီးမှုကို ပြုလုပ်ကြသည်။* ထိုသူများ၏အပြစ်ဒဏ်မှာမူ သူတို့သည် သတ်ဖြတ်ခြင်းခံကြရမည်၊ သို့မဟုတ် လက်ဝါးကပ်တိုင်တင်ခြင်းခံကြရမည်၊ သို့မဟုတ် သူတို့၏ခြေလက်များကို ဝဲ ယာ ဘက်လွှဲပြီး ဖြတ်တောက်ခြင်းကို ခံကြရမည်၊ သို့မဟုတ် ပြည်နှင်ဒဏ်ပေးခြင်းခံကြရမည်။* ၎င်း(ပြစ်ဒဏ်)သည် သူတို့အား ဤဘဝ၌ သေးသိမ်မှုရစေခြင်းဖြစ်သည်။ ၎င်းပြင် သူတို့အတွက် တမလွန်ဘဝ၌ အလွန်ကြီးလေးသော အပြစ်ဒဏ်လည်းရှိမည်။ إِلَّا ٱلَّذِينَ تَابُواْ مِن قَبۡلِ أَن تَقۡدِرُواْ عَلَيۡهِمۡۖ فَٱعۡلَمُوٓاْ أَنَّ ٱللَّهَ غَفُورٌ رَّحِيمٌ ٣٤သို့ရာတွင် အကြင်သူများသည် အသင်တို့ ဖမ်းဆီး၍ မမိမီတွင် (သတိတရားရပြီး)ဝန်ချတောင်းပန်ခဲ့လျှင် အမှန်စင်စစ် အလ္လာဟ်အရှင်မြတ်သည် အလွန်လွတ်ငြိမ်းချမ်းသာခွင့်ပေးတော်မူသောအရှင်၊ အလွန်သနားကြင်နာတော်မူသောအရှင်ဖြစ်ကြောင်း အသင်တို့ သိထားလိုက်ကြပါ။ يَٰٓأَيُّهَا ٱلَّذِينَ ءَامَنُواْ ٱتَّقُواْ ٱللَّهَ وَٱبۡتَغُوٓاْ إِلَيۡهِ ٱلۡوَسِيلَةَ وَجَٰهِدُواْ فِي سَبِيلِهِۦ لَعَلَّكُمۡ تُفۡلِحُونَ ٣٥အို- အီမာန်ယုံကြည်သူအပေါင်းတို့၊ အသင်တို့သည် အလ္လာဟ်အရှင်မြတ်အား ကြောက်ကြပါ။ ထို့ပြင် အသင်တို့သည် အရှင်မြတ်၏အနီးချဉ်းကပ်မှုကို* ရှာဖွေကြပါ။ ထို့ပြင် အသင်တို့သည် အောင်မြင်ကြရန်အတွက် အရှင်မြတ်၏လမ်း၌ ကြိုးပမ်းအားထုတ်(တိုက်ခိုက်)ကြပါ။ إِنَّ ٱلَّذِينَ كَفَرُواْ لَوۡ أَنَّ لَهُم مَّا فِي ٱلۡأَرۡضِ جَمِيعًا وَمِثۡلَهُۥ مَعَهُۥ لِيَفۡتَدُواْ بِهِۦ مِنۡ عَذَابِ يَوۡمِ ٱلۡقِيَٰمَةِ مَا تُقُبِّلَ مِنۡهُمۡۖ وَلَهُمۡ عَذَابٌ أَلِيمٌ ٣٦အမှန်စင်စစ် ငြင်းပယ်သောသူများသည် အကယ်၍ ကိယာမသ်ရှင်ပြန်ထမည့်နေ့၏ အပြစ်ဒဏ်များမှ လျော်ကြေးပေးပြီး (လွတ်မြောက်ရန်အတွက်) သူတို့သည် ကမာ္ဘလောကထဲ၌ရှိသမျှအရာအားလုံးသာမက ထိုအရာနှင့်အတူ နောက်ထပ် ထိုမျှပိုင်ဆိုင်ထားလျှင်လည်း (ထိုပစ္စည်းများကို လျော်ကြေးပေးသည့်တိုင်) ထိုသူတို့ထံမှ လက်ခံတော်မူခြင်း ခံရမည်မဟုတ်ပေ။* ထို့ပြင် သူတို့အတွက် အလွန်နာကျင်စေသော အပြစ်ဒဏ်ရှိဦးမည်။ يُرِيدُونَ أَن يَخۡرُجُواْ مِنَ ٱلنَّارِ وَمَا هُم بِخَٰرِجِينَ مِنۡهَاۖ وَلَهُمۡ عَذَابٌ مُّقِيمٌ ٣٧သူတို့သည် မည်သည့်အခါမှ ငရဲမီးမှ ထွက်ကြရမည့်သူများ မဟုတ်ပါဘဲလျက် သူတို့သည် ဂျဟန္နမ်ငရဲမီးမှ ထွက်လိုကြသည်။ ထို့ပြင် သူတို့အတွက် တည်မြဲသော အပြစ်ဒဏ်ရှိနေသည်။ وَٱلسَّارِقُ وَٱلسَّارِقَةُ فَٱقۡطَعُوٓاْ أَيۡدِيَهُمَا جَزَآءَۢ بِمَا كَسَبَا نَكَٰلًا مِّنَ ٱللَّهِۗ وَٱللَّهُ عَزِيزٌ حَكِيمٌ ٣٨ထို့ပြင် သူခိုးဖြစ်စေ၊ သူခိုးမဖြစ်စေ အသင်တို့သည် သူတို့နှစ်ဦးလုံး၏လက်များကို (လက်ကောက်ဝတ်မှ)ဖြတ်ကြပါ။* (ဤသည်) သူတို့နှစ်ဦးပြုလုပ်ခဲ့သော လုပ်ရပ်၏အပြစ်ဒဏ်လည်းဖြစ်သည်။ အလ္လာဟ်အရှင်မြတ်ထံတော်မှ သတိရစေရန် ဆုံးမမှုတစ်ခုလည်းဖြစ်သည်။ ထို့ပြင် အလ္လာဟ်အရှင်မြတ်သည် တန်ခိုးတော်နှင့်အလွန်လွှမ်းမိုးတော်မူသောအရှင်၊ ပညာဉာဏ်အမြော်အမြင်နှင့် အလွန်ပြည့်စုံတော်မူသောအရှင် ဖြစ်တော်မူသည်။ فَمَن تَابَ مِنۢ بَعۡدِ ظُلۡمِهِۦ وَأَصۡلَحَ فَإِنَّ ٱللَّهَ يَتُوبُ عَلَيۡهِۚ إِنَّ ٱللَّهَ غَفُورٌ رَّحِيمٌ ٣٩၎င်းပြင် မည်သူမဆို ပြစ်မှုကျူးလွန်ပြီးနောက် ဝန်ချတောင်းပန်ပြီး ပြုပြင်နေခဲ့လျှင် အမှန်စင်စစ် အလ္လာဟ်အရှင်မြတ်သည် ထိုသူ့ဘက်ပြန်လှည့်ပြီး သူ၏ဝန်ချတောင်းပန်မှုကို လက်ခံတော်မူသည်။ အမှန်စင်စစ် အလ္လာဟ်အရှင်မြတ်သည် အလွန်လွတ်ငြိမ်းချမ်းသာခွင့်ပေးတော်မူသောအရှင်၊ အလွန်သနားကြင်နာတော်မူသောအရှင် ဖြစ်တော်မူသည်။ أَلَمۡ تَعۡلَمۡ أَنَّ ٱللَّهَ لَهُۥ مُلۡكُ ٱلسَّمَٰوَٰتِ وَٱلۡأَرۡضِ يُعَذِّبُ مَن يَشَآءُ وَيَغۡفِرُ لِمَن يَشَآءُۗ وَٱللَّهُ عَلَىٰ كُلِّ شَيۡءٍ قَدِيرٌ ٤٠အမှန်စင်စစ် ကောင်းကင်များနှင့် ပထဝီမြေကို စိုးမိုးအုပ်ချုပ်မှုအာဏာသည် အလ္လာဟ်အရှင်မြတ်၌သာရှိကြောင်း အသင် မသိခဲ့လေသလော။ အရှင်မြတ်သည် အရှင်မြတ်အလိုရှိတော်မူသောသူကို ပြစ်ဒဏ်ပေးတော်မူပြီး အရှင်မြတ်အလိုရှိတော်မူသောသူကို ခွင့်လွှတ်ချမ်းသာ ပေးသနားတော်မူသည်။ ထို့ပြင် အလ္လာဟ်အရှင်မြတ်သည် အရာအားလုံးအပေါ် စွမ်းဆောင်နိုင်တော်မူသောအရှင် ဖြစ်တော်မူသည်။ ۞ يَٰٓأَيُّهَا ٱلرَّسُولُ لَا يَحۡزُنكَ ٱلَّذِينَ يُسَٰرِعُونَ فِي ٱلۡكُفۡرِ مِنَ ٱلَّذِينَ قَالُوٓاْ ءَامَنَّا بِأَفۡوَٰهِهِمۡ وَلَمۡ تُؤۡمِن قُلُوبُهُمۡۛ وَمِنَ ٱلَّذِينَ هَادُواْۛ سَمَّٰعُونَ لِلۡكَذِبِ سَمَّٰعُونَ لِقَوۡمٍ ءَاخَرِينَ لَمۡ يَأۡتُوكَۖ يُحَرِّفُونَ ٱلۡكَلِمَ مِنۢ بَعۡدِ مَوَاضِعِهِۦۖ يَقُولُونَ إِنۡ أُوتِيتُمۡ هَٰذَا فَخُذُوهُ وَإِن لَّمۡ تُؤۡتَوۡهُ فَٱحۡذَرُواْۚ وَمَن يُرِدِ ٱللَّهُ فِتۡنَتَهُۥ فَلَن تَمۡلِكَ لَهُۥ مِنَ ٱللَّهِ شَيۡـًٔاۚ أُوْلَٰٓئِكَ ٱلَّذِينَ لَمۡ يُرِدِ ٱللَّهُ أَن يُطَهِّرَ قُلُوبَهُمۡۚ لَهُمۡ فِي ٱلدُّنۡيَا خِزۡيٌۖ وَلَهُمۡ فِي ٱلۡأٓخِرَةِ عَذَابٌ عَظِيمٌ ٤١အို- တမန်တော် အကြင်သူများသည် အသင့်အား စိတ်သောကထဲ နစ်မွန်းအောင် မလုပ်ကြစေနှင့်။* (ဆိုလိုသည်မှာ အကြင်သူများ၏ လုပ်ရပ်များကြောင့် အသင်သည် ပူပင်သောက မဖြစ်ပါနှင့်)ထိုသူများသည် ကုဖ်ရ်ငြင်းပယ်မှုထဲသို့ အပြေးအလွှားသွားနေကြသည်၊ သူတို့သည် သူတို့၏စိတ်နှလုံးများက အီမာန်ယုံကြည်ခြင်းမရှိဘဲ သူတို့၏နှုတ်များဖြင့်သာ ကျွန်ုပ်တို့ အီမာန်ယုံကြည်ကြပါသည်ဟု ပြောဆိုသောသူများထဲမှဖြစ်သည်။ ထို့ပြင် ယဟူဒီများထဲမှလည်း(အသင့်အား ပူပင်သောက မဖြစ်ပါစေနှင့်)။ ထိုသူများသည် မုသားကို အလွန်နားထောင်သောသူများဖြစ်ကြသည်သာမက အသင့်ထံသို့ မလာကြ(ဘဲ အဝေးမှ သတင်းကြားလို)သောသူများအတွက်လည်း အလွန်နားစွင့်(ကာ သတင်းယူ)ပေးသောသူများ ဖြစ်ကြသည်။ သူတို့သည် အာယသ်တော်များအား သူတို့၏မူရင်းနေရာမှ ရွှေ့ပြောင်းလေ့ရှိကြသည့်အပြင် (သူတို့၏အုပ်စုများအား) “အသင်တို့သည် ဤ(ကဲ့သို့ ရွှေ့ပြောင်းထားသည့်)အတိုင်း (ဆုံးဖြတ်ချက်)ရရှိကြလျှင် လက်ခံရယူလိုက်ကြပါ။ ၎င်းပြင် အကယ်၍ ထို(ကဲ့သို့ ရွှေ့ပြောင်းထားသည့်)အတိုင်း (ဆုံးဖြတ်ချက်)မရရှိကြလျှင် ရှောင်ရှားပြီးနေလိုက်ကြပါ“ဟု ပြောဆိုလေ့ရှိကြသည်။ ထို့ပြင် အလ္လာဟ်အရှင်မြတ်သည် မည်သူ့ကိုမဆို လမ်းလွဲစေတော်မူလျှင် အသင်(တမန်တော်)သည် အလ္လာဟ်အရှင်မြတ်နှင့် ဆန့်ကျင်၍ ထိုသူ့အတွက် မည်သည့်အရာမျှ လုံးဝ လုပ်ဆောင်ပေးနိုင်မည် မဟုတ်ပေ။ ထိုသူများသည် အလ္လာဟ်အရှင်မြတ်က သူတို့၏စိတ်နှလုံးများအား သန့်ရှင်းစင်ကြယ်စေရန် ရည်ရွယ်တော်မမူခဲ့သောသူများပင်ဖြစ်သည်။ သူတို့အတွက် ဤဘဝ၌လည်း သေးသိမ်မှုရရှိပြီး တမလွန်ဘဝ၌လည်း ကြီးလေးသောအပြစ်ဒဏ်ရှိသည်။ سَمَّٰعُونَ لِلۡكَذِبِ أَكَّٰلُونَ لِلسُّحۡتِۚ فَإِن جَآءُوكَ فَٱحۡكُم بَيۡنَهُمۡ أَوۡ أَعۡرِضۡ عَنۡهُمۡۖ وَإِن تُعۡرِضۡ عَنۡهُمۡ فَلَن يَضُرُّوكَ شَيۡـًٔاۖ وَإِنۡ حَكَمۡتَ فَٱحۡكُم بَيۡنَهُم بِٱلۡقِسۡطِۚ إِنَّ ٱللَّهَ يُحِبُّ ٱلۡمُقۡسِطِينَ ٤٢ထို(ယဟူဒီ)များသည် မုသားကို အလွန်နားထောင်သူများ၊ ဟရာမ်တားမြစ်ထားသော(တံစိုးလက်ဆောင်စသည့်)အရာများကို အလွန်စားသုံးသောသူများဖြစ်သည်။ သို့ဖြစ်ရာ အကယ်၍ သူတို့သည် အသင်(တမန်တော့်)ထံသို့ (အဆုံးမဖြတ်ခံယူရန်) လာရောက်ကြလျှင် အသင်သည် သူတို့၏ကြား၌ (စီရင်စစ်ဆေးလိုလျှင်)စစ်ဆေးစီရင်ပါ၊ သို့မဟုတ် (မစစ်ဆေးမစီရင်လိုလျှင်)သူတို့ဘက်မှ မျက်နှာလွှဲပြီးနေလိုက်ပါ။ အကယ်၍ အသင်သည် သူတို့ဘက်မှ မျက်နှာလွှဲနေလျှင်လည်း သူတို့သည် အသင့်အား မည်သည့်အရာမှ နစ်နာအောင် လုံးဝလုပ်နိုင်ကြမည် မဟုတ်ပေ။ အကယ်၍ အသင်သည် စစ်ဆေးစီရင်မည်ဆိုလျှင် သူတို့၏စပ်ကြားတွင် မျှတစွာ စီရင်ဆုံးဖြတ်ပါ။ အမှန်မုချ အလ္လာဟ်အရှင်မြတ်သည် တရားမျှတသောသူများအား ချစ်ခင်မြတ်နိုးတော်မူသည်။ وَكَيۡفَ يُحَكِّمُونَكَ وَعِندَهُمُ ٱلتَّوۡرَىٰةُ فِيهَا حُكۡمُ ٱللَّهِ ثُمَّ يَتَوَلَّوۡنَ مِنۢ بَعۡدِ ذَٰلِكَۚ وَمَآ أُوْلَٰٓئِكَ بِٱلۡمُؤۡمِنِينَ ٤٣ထို့ပြင် သူတို့သည် မည်ကဲ့သို့ အသင်(တမန်တော်)အား ခုံသမာဓိ တင်မြှောက်ကြမည်နည်း။ ၎င်းပြင် သူတို့ထံတွင် သောင်ရာသ်ကျမ်းလည်းရှိသည်။ ၎င်းထဲ၌ အလ္လာဟ်အရှင်မြတ်၏အမိန့်တော်လည်းပါရှိသည်။ ထို(ကဲ့သို့ ဆုံးဖြတ်မှုခံယူပြီးနောက် ထပ်မံ၍ သူတို့သည် အီမာန်ယုံကြည်သူများ မဖြစ်ကြဘဲလျက် (အသင်၏ဆုံးဖြတ်ချက်မှ) သူတို့သည် မျက်နှာလွှဲသွားကြပြန်သည်။ إِنَّآ أَنزَلۡنَا ٱلتَّوۡرَىٰةَ فِيهَا هُدًى وَنُورٌۚ يَحۡكُمُ بِهَا ٱلنَّبِيُّونَ ٱلَّذِينَ أَسۡلَمُواْ لِلَّذِينَ هَادُواْ وَٱلرَّبَّٰنِيُّونَ وَٱلۡأَحۡبَارُ بِمَا ٱسۡتُحۡفِظُواْ مِن كِتَٰبِ ٱللَّهِ وَكَانُواْ عَلَيۡهِ شُهَدَآءَۚ فَلَا تَخۡشَوُاْ ٱلنَّاسَ وَٱخۡشَوۡنِ وَلَا تَشۡتَرُواْ بِـَٔايَٰتِي ثَمَنًا قَلِيلًاۚ وَمَن لَّمۡ يَحۡكُم بِمَآ أَنزَلَ ٱللَّهُ فَأُوْلَٰٓئِكَ هُمُ ٱلۡكَٰفِرُونَ ٤٤စင်စစ် ငါအရှင်မြတ်သည် သောင်ရာသ်ကျမ်းကို ချပေးတော်မူခဲ့သည်။ ထိုကျမ်းထဲတွင် လမ်းမှန်ညွှန်ကြားပြသချက်နှင့် ရောင်ခြည်တော်ပါရှိသည်။ (အရှင်မြတ်၏)အမိန့်တော်များကို လိုက်နာကြသော* ရစူလ်တမန်တော်များသည် ယဟူဒီများအပေါ်တွင် ထိုသောင်ရာသ်ကျမ်းတော်နှင့်အညီ စီရင်ဆုံးဖြတ်လေ့ရှိခဲ့ကြသည်။ ၎င်းပြင် ယဟူဒီဘုန်းတော်ကြီးများနှင့် ပညာရှိသုခမိန်များသည်လည်း ထိုကျမ်းတော်နှင့်အညီ စီရင်ဆုံးဖြတ်လေ့ရှိခဲ့ကြသည်။ အဘယ့်ကြောင့်ဆိုသော် ၎င်း(ဘုန်းတော်ကြီးများနှင့် ပညာရှင်များ)တို့သည် အလ္လာဟ်အရှင်မြတ်၏ကျမ်းတော်ကို ထိန်းသိမ်းစောင့်ရှောက်ရန် အမိန့်ပေးတော်မူခြင်းခံခဲ့ကြရသည့်အပြင် သူတို့သည် ထိုကျမ်းကို အရှင်မြတ်ချပေးကြောင်း သက်သေခံသူများလည်း ဖြစ်ခဲ့သည့်အတွက်ကြောင့်ပင်။ သို့ဖြစ်ရာ အသင်တို့သည် လူများအား မကြောက်ကြနှင့်၊ ငါအရှင်မြတ်ကိုသာ ကြောက်ကြပါ။ ထို့ပြင် အသင်တို့သည် ငါအရှင်မြတ်၏အာယသ်တော်များကို တန်ဖိုးအနည်းငယ်နှင့် ရောင်းမစားကြနှင့်။ ထို့ပြင် မည်သူမဆို အလ္လာဟ်အရှင်မြတ်ချမှတ်တော်မူသည့်အတိုင်း စီရင်ဆုံးဖြတ်ခြင်းမပြုခဲ့လျှင် ထိုသူများပင် ကာဖိရ်ငြင်းပယ်သူများဖြစ်ကြသည်။ وَكَتَبۡنَا عَلَيۡهِمۡ فِيهَآ أَنَّ ٱلنَّفۡسَ بِٱلنَّفۡسِ وَٱلۡعَيۡنَ بِٱلۡعَيۡنِ وَٱلۡأَنفَ بِٱلۡأَنفِ وَٱلۡأُذُنَ بِٱلۡأُذُنِ وَٱلسِّنَّ بِٱلسِّنِّ وَٱلۡجُرُوحَ قِصَاصٌۚ فَمَن تَصَدَّقَ بِهِۦ فَهُوَ كَفَّارَةٌ لَّهُۥۚ وَمَن لَّمۡ يَحۡكُم بِمَآ أَنزَلَ ٱللَّهُ فَأُوْلَٰٓئِكَ هُمُ ٱلظَّٰلِمُونَ ٤٥ထို့ပြင် ငါအရှင်မြတ်သည် ထို(သောင်ရာသ်ကျမ်း)၌ ထိုသူ(ယဟူဒီ)များအပေါ် အသက်ဝိညာဉ်အစား အသက်ဝိညာဉ်၊ မျက်စိအစား မျက်စိ၊ နှာခေါင်းအစား နှာခေါင်း၊ နားရွက်အစား နားရွက်၊ သွားအစား သွားနှင့် ဒဏ်ရာဒဏ်ချက်ခံစားရသကဲ့သို့ ကိစွာစွ် လက်စားချေခွင့်ရှိသည်ဟု အမိန့်ပြဋ္ဌာန်းတော်မူခဲ့သည်။ ထို့နောက် အကြင်သူသည် ထိုလက်စားချေခြင်းကိုခွင့်လွှတ်ခဲ့လျှင် ထိုကဲ့သို့ ခွင့်လွှတ်ခြင်းသည် (ခွင့်လွှတ်သော)သူအတွက် အပြစ်များမှလွတ်ကင်းရန် အကြောင်းခံပင်ဖြစ်သည်။ ထို့ပြင် မည်သူမဆို အလ္လာဟ်အရှင်မြတ် ချမှတ်တော်မူသည့်အတိုင်း စီရင်ဆုံးဖြတ်ခြင်းမပြုခဲ့လျှင် ထိုသူများပင် ဇွာလင်မ် မတရားကျူးလွန်သူများဖြစ်ကြသည်။ وَقَفَّيۡنَا عَلَىٰٓ ءَاثَٰرِهِم بِعِيسَى ٱبۡنِ مَرۡيَمَ مُصَدِّقًا لِّمَا بَيۡنَ يَدَيۡهِ مِنَ ٱلتَّوۡرَىٰةِۖ وَءَاتَيۡنَٰهُ ٱلۡإِنجِيلَ فِيهِ هُدًى وَنُورٌ وَمُصَدِّقًا لِّمَا بَيۡنَ يَدَيۡهِ مِنَ ٱلتَّوۡرَىٰةِ وَهُدًى وَمَوۡعِظَةً لِّلۡمُتَّقِينَ ٤٦ထို့ပြင် ငါအရှင်မြတ်သည် ၎င်း(တမန်တော်များ)၏နောက်တွင် ထိုတမန်တော်များ၏လမ်းစဉ်ကို ဖဝါးခြေထပ်လိုက်နာကျင့်သုံးရန်အတွက် မရ်ယမ်၏သားတော် (တမန်တော်)အီစာကို ၎င်း၏မတိုင်မီရှိခဲ့သော သောင်ရာသ်ကျမ်းအား ထောက်ခံသူအဖြစ် စေလွှတ်တော်မူခဲ့သည်။ ထို့ပြင် ငါအရှင်မြတ်သည် ၎င်းကို အင်ဂျီလ်ကျမ်းတော် ချီးမြှင့်တော်မူခဲ့သည်။ ထိုအင်ဂျီလ်ကျမ်းထဲတွင် လမ်းမှန်ညွှန်ကြားပြသချက်အပြင် အလင်းရောင်လည်းပါရှိသည်။ ထိုကျမ်းသည် ၎င်း၏မတိုင်မီရှိသော သောင်ရာသ်ကျမ်းကို ထောက်ခံနေသည့်အပြင် မုသ်သကီ ကြောက်ရွံ့အပြစ်ရှောင် ကောင်းကျိုးဆောင်သူများအတွက် လမ်းမှန်ညွှန်ကြားပြသချက်နှင့် ဆုံးမဩဝါဒလည်းဖြစ်သည်။ وَلۡيَحۡكُمۡ أَهۡلُ ٱلۡإِنجِيلِ بِمَآ أَنزَلَ ٱللَّهُ فِيهِۚ وَمَن لَّمۡ يَحۡكُم بِمَآ أَنزَلَ ٱللَّهُ فَأُوْلَٰٓئِكَ هُمُ ٱلۡفَٰسِقُونَ ٤٧ထို့ပြင် အင်ဂျီလ်ကျမ်းကိုရရှိသောသူများသည်လည်း ထိုကျမ်းထဲ၌ အလ္လာဟ်အရှင်မြတ်က ချမှတ်ထားသည့်အတိုင်း စီရင်ဆုံးဖြတ်ကြရမည်။ ထို့ပြင် မည်သူမဆို အလ္လာဟ်အရှင်မြတ် ချမှတ်တော်မူသည့်အတိုင်း စီရင်ဆုံးဖြတ်ခြင်းမပြုခဲ့လျှင် ထိုသူများသည် ဖာစိက် စည်းကမ်းဖောက်ဖျက်သူများပင် ဖြစ်ကြသည်။ وَأَنزَلۡنَآ إِلَيۡكَ ٱلۡكِتَٰبَ بِٱلۡحَقِّ مُصَدِّقًا لِّمَا بَيۡنَ يَدَيۡهِ مِنَ ٱلۡكِتَٰبِ وَمُهَيۡمِنًا عَلَيۡهِۖ فَٱحۡكُم بَيۡنَهُم بِمَآ أَنزَلَ ٱللَّهُۖ وَلَا تَتَّبِعۡ أَهۡوَآءَهُمۡ عَمَّا جَآءَكَ مِنَ ٱلۡحَقِّۚ لِكُلٍّ جَعَلۡنَا مِنكُمۡ شِرۡعَةً وَمِنۡهَاجًاۚ وَلَوۡ شَآءَ ٱللَّهُ لَجَعَلَكُمۡ أُمَّةً وَٰحِدَةً وَلَٰكِن لِّيَبۡلُوَكُمۡ فِي مَآ ءَاتَىٰكُمۡۖ فَٱسۡتَبِقُواْ ٱلۡخَيۡرَٰتِۚ إِلَى ٱللَّهِ مَرۡجِعُكُمۡ جَمِيعًا فَيُنَبِّئُكُم بِمَا كُنتُمۡ فِيهِ تَخۡتَلِفُونَ ٤٨ထို့ပြင် ငါအရှင်မြတ်သည် အသင်(တမန်တော့်)ထံသို့ မှန်ကန်သောကျမ်းတော်မြတ်(ကုရ်အာန်)ကို ချပေးတော်မူခဲ့သည်။ (ထိုကျမ်းသည်) ၎င်းမတိုင်မီရှိခဲ့သောကျမ်းများအား ထောက်ခံလျက်ရှိသည့်*အပြင် ထိုကျမ်းများကိုလည်း ထိန်းသိမ်းစောင့်ရှောက်လျက်ရှိသည်။ ထို့ကြောင့် အသင်သည် သူတို့၏ကြားတွင် အလ္လာဟ်အရှင်မြတ် ချမှတ်ထားသည့်အတိုင်း စီရင်ဆုံးဖြတ်ပါ။ ထို့ပြင် အသင်သည် အသင်၏ထံသို့ ရောက်ရှိလာသော မှန်ကန်သည့်ကျမ်းကိုစွန့်ပြီး သူတို့၏အလိုဆန္ဒများကို မလိုက်ပါနှင့်။ ငါအရှင်မြတ်သည် အသင်တို့ထဲမှ ကိုယ်စီ ကိုယ်စီအတွက် ဥပဒေနှင့် လမ်းစဉ်တစ်မျိုးကို သတ်မှတ်ပြဋ္ဌာန်းတော်မူခဲ့သည်။ အကယ်၍ အလ္လာဟ်အရှင်မြတ်သည် အလိုရှိတော်မူခဲ့လျှင် အသင်တို့ကို သာသနာဝင်အုပ်စုတစ်ခုတည်း ဖြစ်စေတော်မူခဲ့မည် အမှန်ပင်။ သို့ရာတွင် အရှင်မြတ်သည် အရှင်မြတ်ပြဋ္ဌာန်းတော်မူသည်နှင့်ပတ်သက်၍ အသင်တို့အား စမ်းသပ်တော်မူရန်အတွက် (ထိုကဲ့သို့ အုပ်စုတစ်ခုတည်း မပြုလုပ်ခဲ့ခြင်းဖြစ်သည်)။ ထို့ကြောင့် အသင်တို့သည် ကောင်းမှုများကို သူ့ထက်ငါသာအောင် အလျင်အမြန် ပြုလုပ်ကြပါ။ အသင်တို့အားလုံး၏ ပြန်လည်ရောက်ရှိရာနေရာသည် အလ္လာဟ်အရှင်မြတ်ထံတော်သို့ပင်ဖြစ်သည်။ ထိုအခါ အရှင်မြတ်သည် အသင်တို့ ကွဲလွဲခဲ့ကြသည့် (အဓိကယုံကြည်ရမည့်) အကြောင်းအရာများနှင့်ပတ်သက်၍ အသင်တို့အား အသိပေးတော်မူမည်။ وَأَنِ ٱحۡكُم بَيۡنَهُم بِمَآ أَنزَلَ ٱللَّهُ وَلَا تَتَّبِعۡ أَهۡوَآءَهُمۡ وَٱحۡذَرۡهُمۡ أَن يَفۡتِنُوكَ عَنۢ بَعۡضِ مَآ أَنزَلَ ٱللَّهُ إِلَيۡكَۖ فَإِن تَوَلَّوۡاْ فَٱعۡلَمۡ أَنَّمَا يُرِيدُ ٱللَّهُ أَن يُصِيبَهُم بِبَعۡضِ ذُنُوبِهِمۡۗ وَإِنَّ كَثِيرًا مِّنَ ٱلنَّاسِ لَفَٰسِقُونَ ٤٩ထို့ပြင် အသင်သည် သူတို့၏ကြားတွင် အလ္လာဟ်အရှင်မြတ် ချမှတ်တော်မူသည့်အတိုင်း စီရင်ဆုံးဖြတ်ပါ။ ထို့ပြင် အသင်သည် သူတို့၏အလိုဆန္ဒများကို မလိုက်ပါနှင့်။ ၎င်းပြင် အလ္လာဟ်အရှင်မြတ်က အသင့်ထံသို့ချပေးသနားတော်မူသော အချို့အမိန့်တော်များနှင့်ပတ်သက်၍ သူတို့သည် အသင့်အား ချွတ်ချော်သွားအောင်လုပ်မည်ကို အသင် သတိထားပါ။ ထို့နောက် အကယ်၍ သူတို့သည် (မလိုက်နာဘဲ) မျက်နှာလွှဲသွားကြလျှင်၊ အလ္လာဟ်အရှင်မြတ်သည် သူတို့၏ အချို့ပြစ်မှုများကြောင့် သူတို့အား ပြစ်ဒဏ်ပေးလိုတော်မူခြင်းဖြစ်သည်ဟု အသင် မှတ်ယူလိုက်ပါ။ ထို့ပြင် အမှန်စင်စစ် လူများထဲမှ အမြောက်အမြားသည် (အရှင်မြတ်၏)စည်းကမ်းကို အမှန်ပင် ဖောက်ဖျက်ကြသောသူများ ဖြစ်ကြသည်။ أَفَحُكۡمَ ٱلۡجَٰهِلِيَّةِ يَبۡغُونَۚ وَمَنۡ أَحۡسَنُ مِنَ ٱللَّهِ حُكۡمًا لِّقَوۡمٍ يُوقِنُونَ ٥٠၎င်းပြင် သူတို့သည် အမိုက်ခေတ်*၏စီရင်ဆုံးဖြတ်မှုကို လိုလားကြသလော။ ထို့ပြင် အီမာန်ယုံကြည်သောသူများအတွက် အလ္လာဟ်အရှင်မြတ်ထက် ပိုကောင်းသော စီရင်ဆုံးဖြတ်မည့်သူ မည်သူရှိသနည်း။ ۞ يَٰٓأَيُّهَا ٱلَّذِينَ ءَامَنُواْ لَا تَتَّخِذُواْ ٱلۡيَهُودَ وَٱلنَّصَٰرَىٰٓ أَوۡلِيَآءَۘ بَعۡضُهُمۡ أَوۡلِيَآءُ بَعۡضٍۚ وَمَن يَتَوَلَّهُم مِّنكُمۡ فَإِنَّهُۥ مِنۡهُمۡۗ إِنَّ ٱللَّهَ لَا يَهۡدِي ٱلۡقَوۡمَ ٱلظَّٰلِمِينَ ٥١အို- အီမာန်ယုံကြည်သူအပေါင်းတို့၊ အသင်တို့သည် ယဟူဒီများနှင့် နတ်စွ်ရာနီများကို မိတ်ဆွေအပေါင်းအသင်းများအဖြစ် မပြုလုပ်ကြနှင့်။* သူတို့သည် (အသင်တို့ကို ဆန့်ကျင်ရာတွင်) အချင်းချင်းကူညီရိုင်းပင်းကြသော အဆွေခင်ပွန်းများပင်ဖြစ်ကြသည်။* ၎င်းပြင် အသင်တို့ထဲမှ မည်သူမဆို သူတို့အား မိတ်ဆွေအပေါင်းအသင်းပြုလုပ်လျှင် ထိုသူသည် အမှန်ပင် သူတို့ထဲမှဖြစ်သည်။* အမှန်စင်စစ် အလ္လာဟ်အရှင်မြတ်သည် မတရားကျူးလွန်သူများကို လမ်းမှန် ညွှန်ကြားပြသတော်မူမည် မဟုတ်ပေ။ فَتَرَى ٱلَّذِينَ فِي قُلُوبِهِم مَّرَضٌ يُسَٰرِعُونَ فِيهِمۡ يَقُولُونَ نَخۡشَىٰٓ أَن تُصِيبَنَا دَآئِرَةٌۚ فَعَسَى ٱللَّهُ أَن يَأۡتِيَ بِٱلۡفَتۡحِ أَوۡ أَمۡرٍ مِّنۡ عِندِهِۦ فَيُصۡبِحُواْ عَلَىٰ مَآ أَسَرُّواْ فِيٓ أَنفُسِهِمۡ نَٰدِمِينَ ٥٢ထို့ကြောင့် အသင်သည် စိတ်နှလုံးများ၌ရောဂါရှိသောသူများ ထိုသူ(ယဟူဒီနှင့် နတ်စွ်ရာနီ)များထံ အပြေးအလွှားသွားနေကြသည်ကို တွေ့မြင်ရခြင်းဖြစ်သည်။ သူတို့က ကျွန်ုပ်တို့သည် ကျွန်ုပ်တို့အပေါ် ဘေးဒုက္ခတစ်ခုခုကျရောက်လာမည်ကို စိုးရိမ်ကြသည်ဟု ပြောဆိုကြသည်။* ထို့နောက် အလ္လာဟ်အရှင်မြတ်သည် မကြာမီ (မွတ်စ်လင်မ်များကို) အောင်မြင်မှုပေးသနားတော်မူမည်။ သို့မဟုတ် အရှင်မြတ်ထံတော်မှ အမိန့်တစ်စုံတစ်ခု(ချပေးတော်မူမည်)၊ ထိုအခါ သူတို့သည် သူတို့စိတ်များထဲ၌ လျှို့ဝှက်ထားခဲ့ကြသော အကြောင်းများနှင့်ပတ်သက်၍ ဝမ်းနည်းပူဆွေးသူများ ဖြစ်သွားကြလိမ့်မည်။ وَيَقُولُ ٱلَّذِينَ ءَامَنُوٓاْ أَهَٰٓؤُلَآءِ ٱلَّذِينَ أَقۡسَمُواْ بِٱللَّهِ جَهۡدَ أَيۡمَٰنِهِمۡ إِنَّهُمۡ لَمَعَكُمۡۚ حَبِطَتۡ أَعۡمَٰلُهُمۡ فَأَصۡبَحُواْ خَٰسِرِينَ ٥٣ထို့ပြင် အီမာန်ယုံကြည်သောသူများက (မုနာဖိက်များနှင့်ပတ်သက်၍ ပြောဆိုကြမည်) “အမှန်ပင် သူတို့သည် အသင်တို့(မွတ်စ်လင်မ်များ)နှင့်အတူ ရှိကြပါသည်ဟု အလ္လာဟ်အရှင်မြတ်အား အစွမ်းကုန်တိုင်တည်ပြီး ပြောဆိုကြသူများသည် ဤသူများပင်လော“ဟု ပြောဆိုကြမည်။ သူတို့၏အပြုအမူများသည် အချည်းနှီးဖြစ်ခဲ့ပြီဖြစ်သည်၊ သို့ဖြစ်ရာ သူတို့သည် ပျက်စီးဆုံးရှုံးသောသူများဖြစ်သွားပြီးဖြစ်သည်။ يَٰٓأَيُّهَا ٱلَّذِينَ ءَامَنُواْ مَن يَرۡتَدَّ مِنكُمۡ عَن دِينِهِۦ فَسَوۡفَ يَأۡتِي ٱللَّهُ بِقَوۡمٍ يُحِبُّهُمۡ وَيُحِبُّونَهُۥٓ أَذِلَّةٍ عَلَى ٱلۡمُؤۡمِنِينَ أَعِزَّةٍ عَلَى ٱلۡكَٰفِرِينَ يُجَٰهِدُونَ فِي سَبِيلِ ٱللَّهِ وَلَا يَخَافُونَ لَوۡمَةَ لَآئِمٍۚ ذَٰلِكَ فَضۡلُ ٱللَّهِ يُؤۡتِيهِ مَن يَشَآءُۚ وَٱللَّهُ وَٰسِعٌ عَلِيمٌ ٥٤အို- အီမာန်ယုံကြည်သူအပေါင်းတို့၊ အသင်တို့ထဲမှ မည်သူမဆို သူ၏သာသနာမှ ပြန်လှည့်ထွက်သွားလျှင် အလ္လာဟ်အရှင်မြတ်သည် မကြာမီ အကြင်လူမျိုးတစ်မျိုးကို ဖန်ဆင်းယူလာတော်မူမည်၊ ထိုလူမျိုးကို အရှင်မြတ်သည် ချစ်ခင်တော်မူမည်။ ၎င်းပြင် သူတို့ကလည်း အရှင်မြတ်ကို ချစ်ခင်တော်မူမည်။ (သူတို့သည်) အီမာန်ယုံကြည်သူများအပေါ်တွင် နူးညံ့သိမ်မွေ့သောစိတ်ထားရှိသူများဖြစ်ကြမည်။ ကာဖိရ်ငြင်းပယ်သူများအပေါ်၌မူ ပြင်းထန်တင်းမာသောသူများ ဖြစ်ကြလိမ့်မည်။ ထိုသူများသည် အလ္လာဟ်အရှင်မြတ်၏လမ်း၌ သက်စွန့်ကြိုးပမ်း(တိုက်ခိုက်)ဆောင်ရွက်ကြလိမ့်မည်။ ထို့ပြင် သူတို့သည် မည်သည်ပြစ်တင်ကဲ့ရဲ့သူတစ်ဦးတစ်ယောက်၏ ပြစ်တင်ကဲ့ရဲ့ခြင်းကိုမှ စိုးရိမ်ကြမည်မဟုတ်ပေ။ ၎င်းသည် အလ္လာဟ်အရှင်မြတ်၏ကျေးဇူးတော်ပင်ဖြစ်သည်။ အရှင်မြတ်သည် ထိုကျေးဇူးတော်ကို အရှင်မြတ်အလိုရှိတော်မူသောသူအား ပေးသနားတော်မူသည်။ ထို့ပြင် အလ္လာဟ်အရှင်မြတ်သည် အလွန်ကျယ်ဝန်းစွာ ပေးသနားတော်မူသောအရှင်၊ အကြွင်းမဲ့သိတော်မူသောအရှင် ဖြစ်တော်မူသည်။ إِنَّمَا وَلِيُّكُمُ ٱللَّهُ وَرَسُولُهُۥ وَٱلَّذِينَ ءَامَنُواْ ٱلَّذِينَ يُقِيمُونَ ٱلصَّلَوٰةَ وَيُؤۡتُونَ ٱلزَّكَوٰةَ وَهُمۡ رَٰكِعُونَ ٥٥အသင်တို့၏မိတ်ဆွေသည် အလ္လာဟ်အရှင်မြတ်၊ အရှင်မြတ်၏တမန်တော်နှင့် အကြင်အီမာန်ယုံကြည်သူများ ဖြစ်ကြသည်။ ထိုယုံကြည်သူများသည် ကျိုးနွံသူများဖြစ်လျက် စွလာသ်ဝတ်ပြုကြသည်။ ဇကာသ်(ဆင်းရဲသားနှင့် လိုအပ်သူများ၏ဝေစု)ကိုလည်း ပေးဆောင်ကြသည်။ وَمَن يَتَوَلَّ ٱللَّهَ وَرَسُولَهُۥ وَٱلَّذِينَ ءَامَنُواْ فَإِنَّ حِزۡبَ ٱللَّهِ هُمُ ٱلۡغَٰلِبُونَ ٥٦ထို့ပြင် မည်သူမဆို အလ္လာဟ်အရှင်မြတ်၊ အရှင်မြတ်၏တမန်တော်နှင့် အကြင်အီမာန်ယုံကြည်သူများအား မိတ်ဆွေပြုလုပ်ကြလျှင် (ထိုသူများသည် အရှင်မြတ်၏ ဘက်တော်သားများဖြစ်ကြသည်)၊ အမှန်စင်စစ် အလ္လာဟ်အရှင်မြတ်၏ ဘက်တော်သားများသာ အောင်မြင်သူများဖြစ်ကြသည်။ يَٰٓأَيُّهَا ٱلَّذِينَ ءَامَنُواْ لَا تَتَّخِذُواْ ٱلَّذِينَ ٱتَّخَذُواْ دِينَكُمۡ هُزُوًا وَلَعِبًا مِّنَ ٱلَّذِينَ أُوتُواْ ٱلۡكِتَٰبَ مِن قَبۡلِكُمۡ وَٱلۡكُفَّارَ أَوۡلِيَآءَۚ وَٱتَّقُواْ ٱللَّهَ إِن كُنتُم مُّؤۡمِنِينَ ٥٧အို- အီမာန်ယုံကြည်သူအပေါင်းတို့၊ အသင်တို့သည် အသင်တို့မတိုင်မီ ကျမ်းဂန်ရရှိသောသူများထဲမှ အသင်တို့၏သာသနာကို ပြောင်လှောင်စရာနှင့် ကစားစရာအဖြစ် ပြုလုပ်ကြသောသူများနှင့် ကာဖိရ်ငြင်းပယ်သူများအား မိတ်ဆွေများ မပြုလုပ်ကြနှင့်။ (မိတ်ဆွေပြုလုပ်ခြင်းနှင့်စပ်လျဉ်း၍ စာ-၅၄၊ခြေ-၄ တွင်ရှင်းပြီးဖြစ်၏။) ထို့ပြင် အသင်တို့သည် အီမာန်ယုံကြည်သူများဖြစ်ကြလျှင် အလ္လာဟ်အရှင်မြတ်အား ကြောက်ရွံ့ကြပါ။ وَإِذَا نَادَيۡتُمۡ إِلَى ٱلصَّلَوٰةِ ٱتَّخَذُوهَا هُزُوًا وَلَعِبًاۚ ذَٰلِكَ بِأَنَّهُمۡ قَوۡمٌ لَّا يَعۡقِلُونَ ٥٨ထို့ပြင် အသင်တို့သည် စွလာသ်ဝတ်ပြုရန် အာဇန်ဟစ်ခေါ်ကြသောအခါ* သူတို့သည် ထိုဟစ်ခေါ်ခြင်းကိုု ပြက်ရယ်ပြောင်လှောင်စရာနှင့် ဆော့ကစားစရာအဖြစ် ပြုလုပ်ကြသည်။ ထိုကဲ့သို့ ပြုလုပ်သည့်အကြောင်းမှာ အမှန်စင်စစ် သူတို့သည် အသိဉာဏ်ကင်းမဲ့သောလူမျိုးဖြစ်ခြင်းကြောင့်ပင် ဖြစ်သည်။ قُلۡ يَٰٓأَهۡلَ ٱلۡكِتَٰبِ هَلۡ تَنقِمُونَ مِنَّآ إِلَّآ أَنۡ ءَامَنَّا بِٱللَّهِ وَمَآ أُنزِلَ إِلَيۡنَا وَمَآ أُنزِلَ مِن قَبۡلُ وَأَنَّ أَكۡثَرَكُمۡ فَٰسِقُونَ ٥٩(အို- တမန်တော်)အသင်ပြောလိုက်ပါ၊ အို- ကျမ်းရသူအပေါင်းတို့၊ ကျွန်ုပ်တို့သည် အလ္လာဟ်အရှင်မြတ်နှင့်တကွ ကျွန်ုပ်တို့ထံသို့ ကျရောက်လာသောတရားတော်များနှင့် ယခင်က ကျရောက်လာသောတရားတော်များကို ယုံကြည်ခြင်းကိုပင် အသင်တို့သည် ကျွန်ုပ်တို့အား အပြစ်ပြောနေကြသည် မဟုတ်လော။ ထို့ပြင် အမှန်မှာ အသင်တို့ထဲမှာ အမြောက်အမြားသည် စည်းကမ်းဖောက်ဖျက်သူများပင် ဖြစ်ကြသည်။ قُلۡ هَلۡ أُنَبِّئُكُم بِشَرٍّ مِّن ذَٰلِكَ مَثُوبَةً عِندَ ٱللَّهِۚ مَن لَّعَنَهُ ٱللَّهُ وَغَضِبَ عَلَيۡهِ وَجَعَلَ مِنۡهُمُ ٱلۡقِرَدَةَ وَٱلۡخَنَازِيرَ وَعَبَدَ ٱلطَّٰغُوتَۚ أُوْلَٰٓئِكَ شَرٌّ مَّكَانًا وَأَضَلُّ عَن سَوَآءِ ٱلسَّبِيلِ ٦٠(အို- တမန်တော်)အသင်ပြောလိုက်ပါ၊ ငါသည် အလ္လာဟ်အရှင်မြတ်ထံတော်တွင် နိဂုံးချုပ်ရလာဒ်အနေနှင့် ထိုထက်ဆိုးသည့်အကြောင်းကို အသင်တို့အား ပြောရမည်လော။ (ထိုအကြောင်းမှာ) အကြင်သူများ၏(အကြောင်း)ပင်ဖြစ်သည်။ အလ္လာဟ်အရှင်မြတ်သည် သူတို့အား သနားကရုဏာတော်မှ ကင်းဝေးစေတော်မူခဲ့သည်။ ထို့ပြင် သူတို့အပေါ်၌ ဒေါသလည်း ဖြစ်တော်မူခဲ့သည်။ ထို့ပြင် သူတို့ထဲမှ အချို့ကို မျောက်များနှင့်ဝက်တိရစာ္ဆန်များလည်း ဖြစ်စေတော်မူခဲ့သည်။ ထို့ပြင် သူတို့သည် ရှိုင်သွာန်ကိုလည်း ကိုးကွယ်ခဲ့ကြသည်။* သူတို့သည် နေရာအားဖြင့်လည်း အဆိုးရွားဆုံးသောသူများဖြစ်ကြသည်။ ထို့ပြင် လမ်းမှန်မှလည်း အလွဲမှားဆုံးသူများပင်ဖြစ်ကြသည်။ وَإِذَا جَآءُوكُمۡ قَالُوٓاْ ءَامَنَّا وَقَد دَّخَلُواْ بِٱلۡكُفۡرِ وَهُمۡ قَدۡ خَرَجُواْ بِهِۦۚ وَٱللَّهُ أَعۡلَمُ بِمَا كَانُواْ يَكۡتُمُونَ ٦١ထို့ပြင် သူတို့သည် အသင်တို့ထံသို့ လာကြသောအခါ “ကျွန်ုပ်တို့သည် အီမာန်ယုံကြည်ကြပါပြီ“ဟု ပြောဆိုကြသည်။ အမှန်မှာ သူတို့သည် ကုဖ်ရ်ငြင်းပယ်မှုကို ယူပြီးဝင်လာခဲ့ကြသည်။ ၎င်းပြင် အမှန်ပင် သူတို့သည် ကုဖ်ရ်ငြင်းပယ်မှုကိုသာယူပြီး ပြန်ထွက်သွားကြသည်။* ထို့ပြင် အလ္လာဟ်အရှင်မြတ်သည် သူတို့ လျှို့ဝှက်ထားသည်များကို အသိဆုံးပင်ဖြစ်တော်မူသည်။ وَتَرَىٰ كَثِيرًا مِّنۡهُمۡ يُسَٰرِعُونَ فِي ٱلۡإِثۡمِ وَٱلۡعُدۡوَٰنِ وَأَكۡلِهِمُ ٱلسُّحۡتَۚ لَبِئۡسَ مَا كَانُواْ يَعۡمَلُونَ ٦٢ထို့ပြင် အသင်သည် ထို(ယဟူဒီ)များထဲမှ အမြောက်အမြားကို ပြစ်မှုကျူးလွန်မှု၊ ကျူးကျော်စော်ကားမှုနှင့် မတရားရသောပစ္စည်းကို စားသုံးမှုတို့တွင် ပြေးလွှားပြုလုပ်နေကြသည်ကို တွေ့ရလိမ့်မည်။ သူတို့ပြုလုပ်နေသည့်အရာများသည် အမှန်ပင် အဘယ်မျှဆိုးဝါးလိုက်သနည်း။ لَوۡلَا يَنۡهَىٰهُمُ ٱلرَّبَّٰنِيُّونَ وَٱلۡأَحۡبَارُ عَن قَوۡلِهِمُ ٱلۡإِثۡمَ وَأَكۡلِهِمُ ٱلسُّحۡتَۚ لَبِئۡسَ مَا كَانُواْ يَصۡنَعُونَ ٦٣တရားအားထုတ်ကျင့်ကြံသောဆရာတော်များနှင့် ပညာရှင်များသည် သူတို့အား အပြစ်ရှိသောစကားကိုပြောဆိုခြင်းနှင့် မတရားရသောပစ္စည်းများကို စားသုံးခြင်းမှ အဘယ့်ကြောင့် မတားမြစ်ကြသနည်း။* သူတို့ပြုလုပ်လေ့ရှိသောအရာများသည် အမှန်ပင် အဘယ်မျှ ဆိုးဝါးလိုက်သနည်း။ وَقَالَتِ ٱلۡيَهُودُ يَدُ ٱللَّهِ مَغۡلُولَةٌۚ غُلَّتۡ أَيۡدِيهِمۡ وَلُعِنُواْ بِمَا قَالُواْۘ بَلۡ يَدَاهُ مَبۡسُوطَتَانِ يُنفِقُ كَيۡفَ يَشَآءُۚ وَلَيَزِيدَنَّ كَثِيرًا مِّنۡهُم مَّآ أُنزِلَ إِلَيۡكَ مِن رَّبِّكَ طُغۡيَٰنًا وَكُفۡرًاۚ وَأَلۡقَيۡنَا بَيۡنَهُمُ ٱلۡعَدَٰوَةَ وَٱلۡبَغۡضَآءَ إِلَىٰ يَوۡمِ ٱلۡقِيَٰمَةِۚ كُلَّمَآ أَوۡقَدُواْ نَارًا لِّلۡحَرۡبِ أَطۡفَأَهَا ٱللَّهُۚ وَيَسۡعَوۡنَ فِي ٱلۡأَرۡضِ فَسَادًاۚ وَٱللَّهُ لَا يُحِبُّ ٱلۡمُفۡسِدِينَ ٦٤ထို့ပြင် ယဟူဒီများက “အလ္လာဟ်အရှင်မြတ်၏လက်သည် ဆုပ်ထားပြီးဖြစ်သည်(တွန့်တိုသွားပြီး)“ဟု ပြောဆိုကြသည်။ (အမှန်မှာ) သူတို့၏လက်များပင် ဆုပ်ထားပြီးဖြစ်သည်(တွန့်တိုသွားခြင်း)ဖြစ်သည်။ ၎င်းပြင် သူတို့သည် သူတို့၏ ထိုကဲ့သို့ပြောဆိုမှုကြောင့် သနားကရုဏာမှ ကင်းဝေးခံကြရပြီဖြစ်သည်။ အမှန်စင်စစ် အရှင်မြတ်၏လက်နှစ်ဖက်စလုံးသည် ပြန့်လျက်ပင် (ရက်ရောလျက်)ရှိသည်။* အရှင်မြတ်သည် အရှင်မြတ်အလိုရှိတော်မူသည့်အတိုင်း သုံးစွဲတော်မူသည်။ ထို့ပြင် အသင်(တမန်တော့်)အား ဖန်ဆင်းမွေးမြူတော်အရှင်ထံတော်မှ အသင်၏ထံသို့ ကျရောက်လာသောအရာ(ကုရ်အာန်)သည် သူတို့ထဲမှ အမြောက်အမြားအား ကျူးလွန်မှုနှင့်ငြင်းပယ်မှုကို အမှန်ပင် ပိုတိုးပွားစေလိမ့်မည်။ ထို့ပြင် ငါအရှင်မြတ်သည် သူတို့၏ကြားတွင် ရန်ငြိုးထားခြင်းနှင့် မုန်းတီးမှုကို ကိယာမသ်ရှင်ပြန်ထမည့်နေ့အထိ ထည့်သွင်းဖန်တီးတော်မူခဲ့သည်။ သူတို့သည် စစ်မီးကိုမွှေးသည့်အခါတိုင်း အလ္လာဟ်အရှင်မြတ်သည် ထိုမီးကို ငြိမ်းအေးစေတော်မူခဲ့သည်။ ထို့ပြင် သူတို့သည် ကမာ္ဘမြေပြင်တွင် ဖျက်ဆီးမှုကို ပြုလုပ်ကြသည်။ ၎င်းပြင် အလ္လာဟ်အရှင်မြတ်သည် ဖျက်ဆီးမှုပြုလုပ်သူများကို နှစ်သက်တော်မမူပေ။ وَلَوۡ أَنَّ أَهۡلَ ٱلۡكِتَٰبِ ءَامَنُواْ وَٱتَّقَوۡاْ لَكَفَّرۡنَا عَنۡهُمۡ سَيِّـَٔاتِهِمۡ وَلَأَدۡخَلۡنَٰهُمۡ جَنَّٰتِ ٱلنَّعِيمِ ٦٥ထို့ပြင် အကယ်၍ ကျမ်းရသူများသည် အီမာန်ယုံကြည်ကြပြီး ကြောက်ရွံ့အပြစ်ရှောင် ကောင်းကျိုးဆောင်ကြလျှင် အမှန်ပင် ငါအရှင်မြတ်သည် သူတို့၏ပြစ်မှုများကို ခွင့်လွှတ်တော်မူပြီး စည်းစိမ်ပြည့်ဝသော ဥယျာဉ်များသို့ အမှန်ပင် ဝင်ရောက်စေတော်မူမည်။ وَلَوۡ أَنَّهُمۡ أَقَامُواْ ٱلتَّوۡرَىٰةَ وَٱلۡإِنجِيلَ وَمَآ أُنزِلَ إِلَيۡهِم مِّن رَّبِّهِمۡ لَأَكَلُواْ مِن فَوۡقِهِمۡ وَمِن تَحۡتِ أَرۡجُلِهِمۚ مِّنۡهُمۡ أُمَّةٌ مُّقۡتَصِدَةٌۖ وَكَثِيرٌ مِّنۡهُمۡ سَآءَ مَا يَعۡمَلُونَ ٦٦ထို့ပြင် အကယ်၍ သူတို့သည် သောင်ရာသ်နှင့် အင်ဂျီလ်ကျမ်းများအပြင် သူတို့အား ဖန်ဆင်းမွေးမြူတော်အရှင်ထံတော်မှ ကျရောက်လာသောအရာ(ကုရ်အာန်)ကျမ်းတော်မြတ်ကို အတည်ပြုလိုက်နာကြလျှင် အမှန်စင်စစ် သူတို့သည် သူတို့၏အထက်မှလည်းကောင်း၊ သူတို့၏ခြေများအောက်မှလည်းကောင်း* စားသုံးကြရလိမ့်မည်။ သူတို့ထဲတွင် မှန်ကန်သောလမ်းကို လိုက်သော လူတစ်စုရှိသည်။* ၎င်းပြင် သူတို့ထဲမှ များစွာသောသူများ၏ လုပ်ရပ်များမှာမူ ဆိုးဝါးလှသည်။ ۞ يَٰٓأَيُّهَا ٱلرَّسُولُ بَلِّغۡ مَآ أُنزِلَ إِلَيۡكَ مِن رَّبِّكَۖ وَإِن لَّمۡ تَفۡعَلۡ فَمَا بَلَّغۡتَ رِسَالَتَهُۥۚ وَٱللَّهُ يَعۡصِمُكَ مِنَ ٱلنَّاسِۗ إِنَّ ٱللَّهَ لَا يَهۡدِي ٱلۡقَوۡمَ ٱلۡكَٰفِرِينَ ٦٧(အို- တမန်တော်)အသင်သည် အသင့်အား ဖန်ဆင်းမွေးမြူတော်အရှင်ထံတော်မှ အသင်၏ထံသို့ ကျရောက်လာသောအရာ(တရားတော်များ)ကို ပို့ချပါ။* အကယ်၍ အသင်သည် (ပို့ချမှု)မပြုခဲ့လျှင် အသင်သည် တမန်တော်ဖြစ်ပြီး တာဝန်ကို ကျေပွန်ခြင်းမရှိပေ။ ၎င်းပြင် အလ္လာဟ်အရှင်မြတ်သည် အသင့်ကို လူများ(၏ ဘေးအန္တရာယ်)မှ ထိန်းသိမ်းစောင့်ရှောက်တော်မူမည်။* အမှန်စင်စစ် အလ္လာဟ်အရှင်မြတ်သည် ကာဖိရ်ငြင်းပယ်သူများကို (အသင်တို့အား ဖျက်ဆီးရန်)လမ်းပြတော်မူမည် မဟုတ်ပေ။ قُلۡ يَٰٓأَهۡلَ ٱلۡكِتَٰبِ لَسۡتُمۡ عَلَىٰ شَيۡءٍ حَتَّىٰ تُقِيمُواْ ٱلتَّوۡرَىٰةَ وَٱلۡإِنجِيلَ وَمَآ أُنزِلَ إِلَيۡكُم مِّن رَّبِّكُمۡۗ وَلَيَزِيدَنَّ كَثِيرًا مِّنۡهُم مَّآ أُنزِلَ إِلَيۡكَ مِن رَّبِّكَ طُغۡيَٰنًا وَكُفۡرًاۖ فَلَا تَأۡسَ عَلَى ٱلۡقَوۡمِ ٱلۡكَٰفِرِينَ ٦٨(အို- တမန်တော်)အသင်ပြောလိုက်ပါ၊ အို- ကျမ်းရသူအပေါင်းတို့၊ အသင်တို့သည် သောင်ရာသ်နှင့် အင်ဂျီလ်ကျမ်းများအပြင် အသင်တို့ထံ အသင်တို့ကို ဖန်ဆင်းမွေးမြူတော်အရှင်ထံတော်မှ ကျရောက်လာသောကျမ်းမြတ်(ကုရ်အာန်)ကိုလည်း အတည်ပြု လိုက်နာခြင်းမရှိသမျှ အသင်တို့သည် မည်သည့်လမ်းစဉ်(အမှန်)ပေါ်၌မှ တည်ရှိကြသည် မဟုတ်ပေ။*ထို့ပြင် အသင့်အား ဖန်ဆင်းမွေးမြူတော်အရှင်မြတ်ထံတော်မှ အသင်၏ထံသို့ ကျရောက်လာသောအရာ(ကုရ်အာန်ကျမ်း)သည် သူတို့ထဲမှ များစွာသောသူများအား ကျူးလွန်မှုနှင့်ငြင်းပယ်မှုကို အမှန်ပင် တိုးပွားများပြားစေမည်ဖြစ်သည်။ သို့ဖြစ်ရာ အသင်သည် ကာဖိရ်ငြင်းပယ်သူများနှင့်ပတ်သက်၍ ပူပင်သောက မထားပါနှင့်။ إِنَّ ٱلَّذِينَ ءَامَنُواْ وَٱلَّذِينَ هَادُواْ وَٱلصَّٰبِـُٔونَ وَٱلنَّصَٰرَىٰ مَنۡ ءَامَنَ بِٱللَّهِ وَٱلۡيَوۡمِ ٱلۡأٓخِرِ وَعَمِلَ صَٰلِحًا فَلَا خَوۡفٌ عَلَيۡهِمۡ وَلَا هُمۡ يَحۡزَنُونَ ٦٩အမှန်စင်စစ် အီမာန်ယုံကြည်သူများ၊ ယဟူဒီများ၊ စွာဗိအီ*များ၊ နတ်စ်ွရာနီများ(သူတို့ထဲမှ) မည်သူမဆို အလ္လာဟ်အရှင်မြတ်နှင့် နောက်ဆုံးနေ့ကို ယုံကြည်ပြီး ကောင်းမြတ်သောလုပ်ရပ်များကို လုပ်ဆောင်ခဲ့ကြလျှင် ထိုသူများအတွက် မည်သည့်စိုးရိမ်စရာမှ မရှိသည့်အပြင် သူတို့သည် ပူဆွေးကြရမည်လည်း မဟုတ်ပေ။ لَقَدۡ أَخَذۡنَا مِيثَٰقَ بَنِيٓ إِسۡرَٰٓءِيلَ وَأَرۡسَلۡنَآ إِلَيۡهِمۡ رُسُلًاۖ كُلَّمَا جَآءَهُمۡ رَسُولُۢ بِمَا لَا تَهۡوَىٰٓ أَنفُسُهُمۡ فَرِيقًا كَذَّبُواْ وَفَرِيقًا يَقۡتُلُونَ ٧٠အမှန်စင်စစ် ငါအရှင်မြတ်သည် အစ္စရာအီလ်မျိုးနွယ်များထံမှ ကတိဝန်ခံချက်ယူတော်မူခဲ့သည်။ ထို့ပြင် ငါအရှင်မြတ်သည် သူတို့ထံသို့ တမန်တော်များ(အမြောက်အမြား)စေလွှတ်တော်မူခဲ့သည်။ မည်သည့်အခါမဆို သူတို့ထံသို့ တမန်တော်တစ်ပါးပါးသည် သူတို့မကြိုက်သော အမိန့်ပညတ်ချက်များကို ယူဆောင်လာခဲ့လျှင်၊ သူတို့သည် အချို့(တမန်တော်များ)အား လူလိမ်များဟု ပြောဆိုငြင်းပယ်ခဲ့ကြပြီး အချို့(တမန်တော်များ)အား သတ်ဖြတ်လိုက်ခဲ့ကြသည်။ وَحَسِبُوٓاْ أَلَّا تَكُونَ فِتۡنَةٌ فَعَمُواْ وَصَمُّواْ ثُمَّ تَابَ ٱللَّهُ عَلَيۡهِمۡ ثُمَّ عَمُواْ وَصَمُّواْ كَثِيرٌ مِّنۡهُمۡۚ وَٱللَّهُ بَصِيرُۢ بِمَا يَعۡمَلُونَ ٧١ထို့ပြင် သူတို့သည် (ထိုကဲ့သို့ ငြင်းပယ်ခြင်းနှင့် သတ်ဖြတ်ခြင်းသည် သူတို့တွင်) မည်သည့်အန္တရာယ်မှ ကျရောက်လာမည် မဟုတ်ပေဟု ထင်မြင်ယူဆခဲ့ကြသည်။ သို့ဖြစ်ရာ သူတို့သည် မျက်စိကန်းပြီး နားပင်းခဲ့ကြသည်။ ထို့နောက်ထပ်မံ၍ အလ္လာဟ်အရှင်မြတ်သည် ၎င်းတို့၏သောင်ဗဟ် အမှားဝန်ချတောင်းပန်မှုကို လက်ခံခွင့်လွှတ်တော်မူခဲ့သည်။ ထို့နောက်လည်း သူတို့ထဲမှ များစွာသောသူများသည် (အမှန်တရားမှ)မျက်စိကန်းပြီး နားပင်းသွားကြပြန်သည်။ ထို့ပြင် အလ္လာဟ်အရှင်မြတ်သည် သူတို့ပြုလုပ်သည်များကို အကြွင်းမဲ့မြင်တော်မူသောအရှင် ဖြစ်တော်မူသည်။ لَقَدۡ كَفَرَ ٱلَّذِينَ قَالُوٓاْ إِنَّ ٱللَّهَ هُوَ ٱلۡمَسِيحُ ٱبۡنُ مَرۡيَمَۖ وَقَالَ ٱلۡمَسِيحُ يَٰبَنِيٓ إِسۡرَٰٓءِيلَ ٱعۡبُدُواْ ٱللَّهَ رَبِّي وَرَبَّكُمۡۖ إِنَّهُۥ مَن يُشۡرِكۡ بِٱللَّهِ فَقَدۡ حَرَّمَ ٱللَّهُ عَلَيۡهِ ٱلۡجَنَّةَ وَمَأۡوَىٰهُ ٱلنَّارُۖ وَمَا لِلظَّٰلِمِينَ مِنۡ أَنصَارٍ ٧٢“အမှန်စင်စစ် အလ္လာဟ်အရှင်မြတ်သည် မရ်ယမ်၏သားတော်မစီဟ်(အီစာ)ပင်ဖြစ်သည်“ဟု* ပြောဆိုခဲ့ကြသောသူများသည် အမှန်ပင် ကာဖိရ်ဖြစ်သွားခဲ့ကြပြီဖြစ်သည်။ ထို့ပြင် မစီဟ်(အီစာကိုယ်တိုင်)ကမူ “အို- အစ္စရာအီလ်မျိုးနွယ်အပေါင်းတို့၊ အသင်တို့သည် ငါ့အား ဖန်ဆင်းမွေးမြူတော်မူသောအရှင်နှင့် အသင်တို့အား ဖန်ဆင်းမွေးမြူတော်မူသောအရှင် ဖြစ်တော်မူသည့်အလ္လာဟ်အရှင်မြတ်ကိုသာ ကိုးကွယ်ကြပါ“ဟု ပြောဆိုခဲ့သည်။ အမှန်မှာ မည်သူမဆို အလ္လာဟ်အရှင်မြတ်နှင့် တွဲဖက်(ကိုးကွယ်)လျှင် အလ္လာဟ်အရှင်မြတ်သည် ထိုသူ့အတွက် ဂျန္နသ်သုခဘုံကို အမှန်ပင် ဟရာမ်ပြုလုပ် တားမြစ်ထားတော်မူမည်။ ၎င်းပြင် သူ၏နေရာထိုင်ခင်းသည် ငရဲမီးပင်ဖြစ်သည်။ ထို့ပြင် မတရားကျူးလွန်သောသူများအား ကူညီမည့်သူ တစ်ဦးတစ်ယောက်မှရှိမည် မဟုတ်ပေ။ لَّقَدۡ كَفَرَ ٱلَّذِينَ قَالُوٓاْ إِنَّ ٱللَّهَ ثَالِثُ ثَلَٰثَةٍۘ وَمَا مِنۡ إِلَٰهٍ إِلَّآ إِلَٰهٌ وَٰحِدٌۚ وَإِن لَّمۡ يَنتَهُواْ عَمَّا يَقُولُونَ لَيَمَسَّنَّ ٱلَّذِينَ كَفَرُواْ مِنۡهُمۡ عَذَابٌ أَلِيمٌ ٧٣“အမှန်ပင် အလ္လာဟ်အရှင်မြတ်သည် (အရှင်)သုံးပါးထဲမှ တစ်ပါးဖြစ်သည်“ဟု ပြောဆိုခဲ့ကြသောသူများသည်လည်း အမှန်စင်စစ် ကာဖိရ်များပင် ဖြစ်သွားခဲ့ကြသည်။ ၎င်းပြင်(အမှန်မှာ)တစ်ပါးတည်းသော ကိုးကွယ်ထိုက်သည့်(အလ္လာဟ်)အရှင်မြတ်မှလွဲ၍ အခြားကိုးကွယ်ထိုက်သည့်အရှင် လုံးဝ မရှိပေ။ အကယ်၍ သူတို့သည် သူတို့၏ပြောဆိုမှုများကို မရပ်စဲကြလျှင် သူတို့ထဲမှ (ဆက်ပြီး)ငြင်းနေကြသောသူများပေါ် အလွန်နာကျင်စေသောအပြစ်ဒဏ် အမှန်ပင် ဆိုက်ရောက်လာမည်။ أَفَلَا يَتُوبُونَ إِلَى ٱللَّهِ وَيَسۡتَغۡفِرُونَهُۥۚ وَٱللَّهُ غَفُورٌ رَّحِيمٌ ٧٤ထို့နောက် သူတို့သည် အလ္လာဟ်အရှင်မြတ်ထံတော်တွင် ဝန်ချတောင်းပန်မှုနှင့် လွတ်ငြိမ်းချမ်းသာခွင့်တောင်းခံမှုကို မပြုလုပ်ကြလေသလော။ ထို့ပြင် အလ္လာဟ်အရှင်မြတ်သည် အလွန်လွတ်ငြိမ်းချမ်းသာခွင့်ပေးတော်မူသောအရှင်၊ အလွန်သနားကြင်နာတော်မူသောအရှင် ဖြစ်တော်မူသည်။ مَّا ٱلۡمَسِيحُ ٱبۡنُ مَرۡيَمَ إِلَّا رَسُولٌ قَدۡ خَلَتۡ مِن قَبۡلِهِ ٱلرُّسُلُ وَأُمُّهُۥ صِدِّيقَةٌۖ كَانَا يَأۡكُلَانِ ٱلطَّعَامَۗ ٱنظُرۡ كَيۡفَ نُبَيِّنُ لَهُمُ ٱلۡأٓيَٰتِ ثُمَّ ٱنظُرۡ أَنَّىٰ يُؤۡفَكُونَ ٧٥မရ်ယမ်၏သားတော်မစီဟ်သည် တမန်တော်တစ်ပါးသာဖြစ်သည်။* ထိုမရ်ယမ်၏သားတော်မစီဟ်(အီစာ)၏ မတိုင်မီ၌လည်း တမန်တော်များ အမှန်ပင် ပွင့်ပေါ်ခဲ့ကြပြီးဖြစ်သည်။ ထို့ပြင် ထိုမစီဟ်(အီစာ)၏မိခင်(မရ်ယမ်)သည် အလွန်မှန်ကန်သော အမျိုးသမီးတစ်ဦးဖြစ်သည်။*၎င်းတို့(သားအမိ)နှစ်ဦးစလုံးသည် အစားအစာ စားသုံးခဲ့ကြသည်။* ငါအရှင်မြတ်သည် သူတို့(နတ်စ်ွရာနီ)များ၏ရှေ့၌ သက်သေအထောက်အထားများကို မည်သို့ ရှင်းလင်းပြသ သနည်းဆိုသည်ကို အသင်ကြည့်ပါ။ ၎င်းပြင် ထပ်မံ၍ သူတို့သည် (အမှန်တရားကို စွန့်ကာ) အဘယ်သို့ လှည့်သွားကြသနည်းဆိုသည်ကိုလည်း အသင်(တမန်တော်)ကြည့်လိုက်ပါ။ قُلۡ أَتَعۡبُدُونَ مِن دُونِ ٱللَّهِ مَا لَا يَمۡلِكُ لَكُمۡ ضَرًّا وَلَا نَفۡعًاۚ وَٱللَّهُ هُوَ ٱلسَّمِيعُ ٱلۡعَلِيمُ ٧٦(အို- တမန်တော်)အသင်သည် (နတ်စွ်ရာနီများအား)ပြောလိုက်ပါ၊ အသင်တို့သည် အလ္လာဟ်အရှင်မြတ်မှလွဲ၍ အသင်တို့အား အကျိုးယုတ်စေခြင်းနှင့် အကျိုးဖြစ်ထွန်းစေခြင်းကို ပြုနိုင်စွမ်းမရှိသောအရာများအား ကိုးကွယ်နေကြသလော။* ထို့ပြင် အလ္လာဟ်အရှင်မြတ်သည်သာလျှင် အကြွင်းမဲ့ကြားတော်မူသောအရှင်၊ အကြွင်းမဲ့သိတော်မူသောအရှင် ဖြစ်တော်မူသည်။ قُلۡ يَٰٓأَهۡلَ ٱلۡكِتَٰبِ لَا تَغۡلُواْ فِي دِينِكُمۡ غَيۡرَ ٱلۡحَقِّ وَلَا تَتَّبِعُوٓاْ أَهۡوَآءَ قَوۡمٍ قَدۡ ضَلُّواْ مِن قَبۡلُ وَأَضَلُّواْ كَثِيرًا وَضَلُّواْ عَن سَوَآءِ ٱلسَّبِيلِ ٧٧(အို- တမန်တော်)အသင်ပြောလိုက်ပါ၊ အို- ကျမ်းရသူအပေါင်းတို့၊ အသင်တို့သည် အသင်တို့၏ ဒီန်သာသနာတွင် လွန်ကျူးစွာ အစွန်းမရောက်ကြနှင့်။ ထို့ပြင် အသင်တို့သည် အကြင်သူများ၏အလိုဆန္ဒများကို မလိုက်ကြနှင့်။ အမှန်မှာ ထိုသူများသည် ယခင်က (သူတို့ကိုယ်တိုင်)လမ်းမှားကို ရောက်ခဲ့ကြသည်သာမက လူအမြောက်အမြားကိုလည်း လမ်းမှားစေခဲ့ကြသည်။ ထို့ပြင် သူတို့သည် လမ်းမှန်(ကို သိပါလျက်နှင့် လမ်းမှန်)မှ ချွတ်ချော်လွဲမှားခဲ့ကြသည်။ لُعِنَ ٱلَّذِينَ كَفَرُواْ مِنۢ بَنِيٓ إِسۡرَٰٓءِيلَ عَلَىٰ لِسَانِ دَاوُۥدَ وَعِيسَى ٱبۡنِ مَرۡيَمَۚ ذَٰلِكَ بِمَا عَصَواْ وَّكَانُواْ يَعۡتَدُونَ ٧٨အစ္စရာအီလ်မျိုးနွယ်များထဲမှ ကာဖိရ်ငြင်းပယ်ကြသောသူများသည် (တမန်တော်)ဒါဝူဒ်နှင့် မရ်ယမ်၏သားတော်(တမန်တော်)အီစာ၏နှုတ်မှတဆင့် ကျိန်ဆဲခံခဲ့ကြရသည်။ ထိုကဲ့သို့ ကျိန်စာသင့်(ပြီး အရှင့်ကရုဏာမှ ဝေးခြင်း)ခံခဲ့ကြရခြင်းမှာ သူတို့သည် ငြင်းပယ်ခဲ့ကြသည့်အပြင် အမြဲ စည်းကမ်းဖောက်ဖျက်လေ့ရှိခဲ့ခြင်းကြောင့်ဖြစ်သည်။ كَانُواْ لَا يَتَنَاهَوۡنَ عَن مُّنكَرٍ فَعَلُوهُۚ لَبِئۡسَ مَا كَانُواْ يَفۡعَلُونَ ٧٩သူတို့သည် သူတို့ပြုကျင့်ခဲ့ကြသော မကောင်းမှုမှ အချင်းချင်း တားမြစ်လေ့မရှိခဲ့ကြပေ။ အမှန်မှာ သူတို့ပြုကျင့်လေ့ရှိခဲ့ကြသော အပြုအမူများသည် အဘယ်မျှ ဆိုးယုတ်သိမ်ဖျင်းလိုက်သနည်း။ تَرَىٰ كَثِيرًا مِّنۡهُمۡ يَتَوَلَّوۡنَ ٱلَّذِينَ كَفَرُواْۚ لَبِئۡسَ مَا قَدَّمَتۡ لَهُمۡ أَنفُسُهُمۡ أَن سَخِطَ ٱللَّهُ عَلَيۡهِمۡ وَفِي ٱلۡعَذَابِ هُمۡ خَٰلِدُونَ ٨٠အသင်သည် သူတို့ထဲမှ ကာဖိရ်ငြင်းပယ်သောသူများနှင့် မိတ်ဆွေပြုလုပ်သောသူ အမြောက်အမြားကို တွေ့မြင်ရလိမ့်မည်။* အမှန်စင်စစ် သူတို့ကိုယ်တိုင် သူတို့အတွက် ကြိုတင်ပို့နှင့်ထားကြသော လုပ်ရပ်များသည် အဘယ်မျှ ဆိုးဝါးလိုက်သနည်း။ (ထို့ကြောင့်) အလ္လာဟ်အရှင်မြတ်သည် သူတို့အပေါ်တွင် ဒေါသထားတော်မူခဲ့သည်။ ထို့ပြင် သူတို့သည် အမြဲ အပြစ်ဒဏ်ထဲ၌ နေကြရမည်။ وَلَوۡ كَانُواْ يُؤۡمِنُونَ بِٱللَّهِ وَٱلنَّبِيِّ وَمَآ أُنزِلَ إِلَيۡهِ مَا ٱتَّخَذُوهُمۡ أَوۡلِيَآءَ وَلَٰكِنَّ كَثِيرًا مِّنۡهُمۡ فَٰسِقُونَ ٨١ထို့ပြင် အကယ်၍ သူတို့သည် အလ္လာဟ်အရှင်မြတ်နှင့် တမန်တော်မြတ်အပြင် တမန်တော်မြတ်အပေါ်တွင် ကျရောက်လာသောအရာ (ကျမ်းမြတ် ကုရ်အာန်)တို့ကို ယုံကြည်ကြသည်ဆိုလျှင် ထို(ကာဖိရ်)များအား မိတ်ဆွေများ ပြုလုပ်ကြမည် မဟုတ်ပေ။ သို့ရာတွင် သူတို့ထဲမှ အမြောက်အမြားသည် စည်းကမ်း ဖောက်ဖျက်ဘောင်ကျော်သူများဖြစ်ကြသည်။
۞ لَتَجِدَنَّ أَشَدَّ ٱلنَّاسِ عَدَٰوَةً لِّلَّذِينَ ءَامَنُواْ ٱلۡيَهُودَ وَٱلَّذِينَ أَشۡرَكُواْۖ وَلَتَجِدَنَّ أَقۡرَبَهُم مَّوَدَّةً لِّلَّذِينَ ءَامَنُواْ ٱلَّذِينَ قَالُوٓاْ إِنَّا نَصَٰرَىٰۚ ذَٰلِكَ بِأَنَّ مِنۡهُمۡ قِسِّيسِينَ وَرُهۡبَانًا وَأَنَّهُمۡ لَا يَسۡتَكۡبِرُونَ ٨٢အသင်သည် အီမာန်ယုံကြည်သူများအား ရန်ငြိုးထားရာ၌ လူများထဲမှ ယဟူဒီများနှင့် မုရှ်ရိက်များကို အပြင်းထန်ဆုံးသူများအဖြစ် အမှန်ပင် တွေ့ရလိမ့်မည်။ ထို့ပြင် အသင်သည် အီမာန်ယုံကြည်သူများအား မိတ်ဆွေဖွဲ့ရာ၌ လူများထဲမှ အနီးစပ်ဆုံးသူများအဖြစ် “ကျွန်ုပ်တို့သည် နစွာရာ များဖြစ်ကြပါသည်“ဟု ပြောဆိုကြသောသူများကို အမှန်စင်စစ် တွေ့ရှိရလိမ့်မည်။ အဘယ့်ကြောင့်ဆိုသော် သူတို့(နစွာရာများ)ထဲတွင် ပညာရှင်များနှင့် ဘုန်းကြီးရဟန်းများ ရှိနေကြခြင်းကြောင့်နှင့် သူတို့သည် မာနထောင်လွှားမှုလည်း မရှိခြင်းကြောင့်ဖြစ်သည်။ وَإِذَا سَمِعُواْ مَآ أُنزِلَ إِلَى ٱلرَّسُولِ تَرَىٰٓ أَعۡيُنَهُمۡ تَفِيضُ مِنَ ٱلدَّمۡعِ مِمَّا عَرَفُواْ مِنَ ٱلۡحَقِّۖ يَقُولُونَ رَبَّنَآ ءَامَنَّا فَٱكۡتُبۡنَا مَعَ ٱلشَّٰهِدِينَ ٨٣ထို့ပြင် သူတို့သည် တမန်တော်(မုဟမ္မဒ်-ဆွ)ထံသို့ ကျရောက်လာသော အာယသ်တော်များကို ကြားနာကြရသောအခါ အမှန်ကို သိမြင်လာကြသည့်အတွက် သူတို့၏မျက်စိများမှ မျက်ရည်များ ယိုစီးကျနေသည်ကို အသင်(တမန်တော်)တွေ့မြင်ရလိမ့်မည်။ သူတို့က “အို- ကျွန်ုပ်တို့အား ဖန်ဆင်းမွေးမြူတော်မူသောအရှင်၊ ကျွန်ုပ်တို့သည် ယုံကြည်ကြပါပြီ၊ သို့ဖြစ်ရာ အရှင်မြတ်သည် ကျွန်ုပ်တို့အား သက်သေခံသောသူများနှင့်အတူ အသိအမှတ်ပြုတော်မူပါ“ဟု လျှောက်ထားကြသည်။ وَمَا لَنَا لَا نُؤۡمِنُ بِٱللَّهِ وَمَا جَآءَنَا مِنَ ٱلۡحَقِّ وَنَطۡمَعُ أَن يُدۡخِلَنَا رَبُّنَا مَعَ ٱلۡقَوۡمِ ٱلصَّٰلِحِينَ ٨٤ထို့ပြင် ထိုသူများက “ကျွန်ုပ်တို့သည် အလ္လာဟ်အရှင်မြတ်နှင့် ကျွန်ုပ်တို့ထံရောက်ရှိလာသောအမှန်တရားကို မယုံကြည်ကြရန် မည်သည့်အကြောင်းမှ မရှိပေ။ ၎င်းပြင် ကျွန်ုပ်တို့သည် ကျွန်ုပ်တို့အား ဖန်ဆင်းမွေးမြူတော်မူသောအရှင်က ကောင်းမြတ်သောသူများထဲတွင် ကျွန်ုပ်တို့အား သွတ်သွင်းတော်မူမည်ကိုလည်း မျှော်လင့်လိုလားကြပါသည်“ (ဟု ပြောဆိုကြသည်)။ فَأَثَٰبَهُمُ ٱللَّهُ بِمَا قَالُواْ جَنَّٰتٍ تَجۡرِي مِن تَحۡتِهَا ٱلۡأَنۡهَٰرُ خَٰلِدِينَ فِيهَاۚ وَذَٰلِكَ جَزَآءُ ٱلۡمُحۡسِنِينَ ٨٥သို့ဖြစ်ရာ အလ္လာဟ်အရှင်မြတ်သည် ထိုသူများအား သူတို့၏(ဝန်ခံ)ပြောဆိုမှုကြောင့် အကြင်ဥယျာဉ်များကို အစားပေးတော်မူမည်။ ထိုဥယျာဉ်များ၏အောက်၌ စမ်းရေချောင်းများသည် စီးဆင်းလျက်ရှိမည်။ သူတို့သည် ထိုဥယျာဉ်များတွင် အမြဲနေထိုင်ကြရမည်။ ၎င်းသည် ကောင်းမြတ်သောလုပ်ရပ်များကို ပြုလုပ်ကြသော သူတော်ကောင်းများ၏အကျိုးပင် ဖြစ်သည်။ وَٱلَّذِينَ كَفَرُواْ وَكَذَّبُواْ بِـَٔايَٰتِنَآ أُوْلَٰٓئِكَ أَصۡحَٰبُ ٱلۡجَحِيمِ ٨٦ထို့ပြင် အကြင်သူများသည် ငြင်းပယ်ခဲ့ကြပြီး ငါအရှင်မြတ်၏ အာယသ်များကို (မုသားဟု)ငြင်းဆိုခဲ့ကြသည်။ ထိုသူများသည် ငရဲသားများပင်ဖြစ်ကြသည်။ يَٰٓأَيُّهَا ٱلَّذِينَ ءَامَنُواْ لَا تُحَرِّمُواْ طَيِّبَٰتِ مَآ أَحَلَّ ٱللَّهُ لَكُمۡ وَلَا تَعۡتَدُوٓاْۚ إِنَّ ٱللَّهَ لَا يُحِبُّ ٱلۡمُعۡتَدِينَ ٨٧အို- အီမာန်ယုံကြည်သူအပေါင်းတို့၊ အသင်တို့သည် အသင်တို့အတွက် အလ္လာဟ်အရှင်မြတ်က ဟလာလ်ခွင့်ပြုထားသော သန့်ပြန့်စင်ကြယ်သည့်အရာများကို ဟရာမ်ဟု တားမြစ်မှုမပြုကြနှင့်။* ထို့ပြင် အသင်တို့သည် စည်းကမ်းဖောက်ဖျက် ကျူးလွန်မှုလည်း မပြုကြနှင့်။* အမှန်စင်စစ် အလ္လာဟ်အရှင်မြတ်သည် စည်းကမ်းဖောက်ဖျက် ကျူးလွန်သောသူများကို နှစ်သက်တော်မမူပေ။ وَكُلُواْ مِمَّا رَزَقَكُمُ ٱللَّهُ حَلَٰلًا طَيِّبًاۚ وَٱتَّقُواْ ٱللَّهَ ٱلَّذِيٓ أَنتُم بِهِۦ مُؤۡمِنُونَ ٨٨ထို့ပြင် အသင်တို့သည် အသင်တို့အား အလ္လာဟ်အရှင်မြတ်ကပေးတော်မူသည့်အထဲမှ ဟလာလ်ခွင့်ပြုထားသော သန့်စင်သည့်အရာများကို စားသုံးကြပါ။* ထို့ပြင် အသင်တို့သည် အသင်တို့ယုံကြည်ကြသော အလ္လာဟ်အရှင်မြတ်အား ကြောက်ရွံ့ကြပါ။ لَا يُؤَاخِذُكُمُ ٱللَّهُ بِٱللَّغۡوِ فِيٓ أَيۡمَٰنِكُمۡ وَلَٰكِن يُؤَاخِذُكُم بِمَا عَقَّدتُّمُ ٱلۡأَيۡمَٰنَۖ فَكَفَّٰرَتُهُۥٓ إِطۡعَامُ عَشَرَةِ مَسَٰكِينَ مِنۡ أَوۡسَطِ مَا تُطۡعِمُونَ أَهۡلِيكُمۡ أَوۡ كِسۡوَتُهُمۡ أَوۡ تَحۡرِيرُ رَقَبَةٍۖ فَمَن لَّمۡ يَجِدۡ فَصِيَامُ ثَلَٰثَةِ أَيَّامٍۚ ذَٰلِكَ كَفَّٰرَةُ أَيۡمَٰنِكُمۡ إِذَا حَلَفۡتُمۡۚ وَٱحۡفَظُوٓاْ أَيۡمَٰنَكُمۡۚ كَذَٰلِكَ يُبَيِّنُ ٱللَّهُ لَكُمۡ ءَايَٰتِهِۦ لَعَلَّكُمۡ تَشۡكُرُونَ ٨٩အလ္လာဟ်အရှင်မြတ်သည် အသင်တို့၏(မရည်ရွယ်ဘဲ)အကျိုးမဲ့ ကျိန်ဆိုခြင်းနှင့်ပတ်သက်၍ အသင်တို့အား အပြစ်ပေးတော်မူမည် မဟုတ်ပေ။ သို့ရာတွင် အသင်တို့ အခိုင်အမာ ကျိန်ဆိုကြသော ကျိန်ဆိုမှုများနှင့်ပတ်သက်၍မူ အသင်တို့အား အပြစ်ဒဏ်ပေးတော်မူမည်ဖြစ်သည်။* သို့ဖြစ်ရာ ထိုခိုင်မာသောကျိန်ဆိုမှု(ကို ချိုးဖျက်ခြင်း)၏အပြစ်အား ပယ်ဖျက်နည်းမှာ အသင်တို့သည် အသင်တို့၏ အိမ်သူအိမ်သားများအား ကျွေးမွေးလေ့ရှိကြသော အစားအစာမျိုးထဲမှ အလတ်စားဖြစ်သော အစားအစာကို ဆင်းရဲသားဆယ်ဦးအား ကျွေးမွေးရမည်၊ သို့မဟုတ် ကျွန်တစ်ဦးကို သူကောင်းပြုရမည်။ သို့ရာတွင် အကြင်သူသည် မတတ်စွမ်းနိုင်ခဲ့လျှင် စွောင်မ်ဥပုသ် သုံးရက်စောင့်ထိန်းရမည်။ ၎င်းသည် အသင်တို့ကျိန်ဆိုပြီး (ချိုးဖျက်)ခဲ့လျှင် အပြစ်ဖြေရန်ဖြစ်သည်။ ထို့ပြင် အသင်တို့သည် အသင်တို့၏ ကျိန်ဆိုချက်များကို စောင့်ထိန်းကြပါ။(မကြာခဏ မကျိန်ဆိုရပေ)။ အလ္လာဟ်အရှင်မြတ်သည် ဤကဲ့သို့ပင် အရှင်မြတ်၏အမိန့်တော်များကို အသင်တို့ ကျေးဇူးသိတတ်ကြရန်အတွက် ရှင်းလင်းစွာ မိန့်ကြားတော်မူသည်။ يَٰٓأَيُّهَا ٱلَّذِينَ ءَامَنُوٓاْ إِنَّمَا ٱلۡخَمۡرُ وَٱلۡمَيۡسِرُ وَٱلۡأَنصَابُ وَٱلۡأَزۡلَٰمُ رِجۡسٌ مِّنۡ عَمَلِ ٱلشَّيۡطَٰنِ فَٱجۡتَنِبُوهُ لَعَلَّكُمۡ تُفۡلِحُونَ ٩٠အို- အီမာန်ယုံကြည်သူအပေါင်းတို့၊ အရက်၊ လောင်းကစားမှု၊ ရုပ်တု ဆင်းတု၊ မြားများ(ဖြင့် ကံစမ်းခြင်း)တို့သည် ရှိုင်သွာန်၏လုပ်ရပ်များထဲမှ အလွန်ဆိုးဝါး ညစ်ညမ်းသော ကိစ္စများဖြစ်သည်။ သို့ဖြစ်ရာ အသင်တို့သည် ထိုအရာများကို အသင်တို့အောင်မြင်ကြရန်အတွက် ရှောင်ကြဉ်ကြပါ။ إِنَّمَا يُرِيدُ ٱلشَّيۡطَٰنُ أَن يُوقِعَ بَيۡنَكُمُ ٱلۡعَدَٰوَةَ وَٱلۡبَغۡضَآءَ فِي ٱلۡخَمۡرِ وَٱلۡمَيۡسِرِ وَيَصُدَّكُمۡ عَن ذِكۡرِ ٱللَّهِ وَعَنِ ٱلصَّلَوٰةِۖ فَهَلۡ أَنتُم مُّنتَهُونَ ٩١စင်စစ် ရှိုင်သွာန်သည် အရက်၊ လောင်းကစားနှင့်ပတ်သက်၍ အသင်တို့ကြားတွင် ရန်ငြိုးမှုနှင့် မုန်းတီးမှုကို ဖြစ်ပေါ်စေရန်နှင့် အသင်တို့အား အလ္လာဟ်အရှင်မြတ်၏သတိရမှုနှင့် စွလာသ်ဝတ်ပြုမှုမှ တားဆီးရန်ကိုသာ ရည်ရွယ်နေသည်။* သို့ဖြစ်ရာ အသင်တို့သည် (အရက်သောက်ခြင်းနှင့် လောင်းကစားခြင်းမှ) ရပ်တန့်ကြမည်လော။(ဝါ) ရပ်တန့်ကြပါ။ وَأَطِيعُواْ ٱللَّهَ وَأَطِيعُواْ ٱلرَّسُولَ وَٱحۡذَرُواْۚ فَإِن تَوَلَّيۡتُمۡ فَٱعۡلَمُوٓاْ أَنَّمَا عَلَىٰ رَسُولِنَا ٱلۡبَلَٰغُ ٱلۡمُبِينُ ٩٢ထို့ပြင် အသင်တို့သည် အလ္လာဟ်အရှင်မြတ်(၏ အမိန့်)ကို လိုက်နာကြပါ။ ၎င်းပြင် အသင်တို့သည် တမန်တော်(၏ အမိန့်)ကိုလည်း လိုက်နာကြပါ။ ၎င်းပြင် အသင်တို့သည် (မကောင်းမှုများမှ) သတိထား(ရှောင်ကြဉ်)ကြပါ။ ထို့နောက် အကယ်၍ အသင်တို့သည် (မနာခံဘဲ)ရှောင်ဖယ်သွားကြလျှင်၊ ငါအရှင်မြတ်၏ တမန်တော်အပေါ်၌ ရှင်းလင်းထင်ရှားစွာ ပို့ချရန်သာ တာဝန်ရှိသည်ဆိုသည်ကို အသင်တို့ သိထားကြပါ။ لَيۡسَ عَلَى ٱلَّذِينَ ءَامَنُواْ وَعَمِلُواْ ٱلصَّٰلِحَٰتِ جُنَاحٌ فِيمَا طَعِمُوٓاْ إِذَا مَا ٱتَّقَواْ وَّءَامَنُواْ وَعَمِلُواْ ٱلصَّٰلِحَٰتِ ثُمَّ ٱتَّقَواْ وَّءَامَنُواْ ثُمَّ ٱتَّقَواْ وَّأَحۡسَنُواْۚ وَٱللَّهُ يُحِبُّ ٱلۡمُحۡسِنِينَ ٩٣အီမာန်ယုံကြည်ပြီး ကောင်းမြတ်သောလုပ်ရပ်များ ပြုမူခဲ့ကြသောသူများအပေါ်တွင် သူတို့သည် (အတိတ်ကာလ၌ ဟရာမ်ဟုမတားမြစ်မီက အရက်၊ လောင်းကစားဖြင့် ရထားသောပစ္စည်းများနှင့် အခြားအရာများကို)စားသုံးမိခဲ့ကြသည့်အတွက် အပြစ်မရှိပေ။ ယခင်က သူတို့သည် (ထိုစဉ်က တားမြစ်ထားသောအရာများမှ) ရှောင်ကြဉ်ခဲ့ကြသည်။ ထို့ပြင် သူတို့သည် (ထိုစဉ်က အမိန့်များကိုလည်း) ယုံကြည်ပြီး ကောင်းမြတ်သောလုပ်ရပ်များကို ပြုလုပ်ခဲ့ကြသည်။ ထို့နောက် ထပ်မံပြီး သူတို့သည် (အရှင်မြတ်က ဟရာမ်ဟု တားမြစ်တော်မူလိုက်သောအခါ ထိုတားမြစ်ချက်များကိုလည်း) ရှောင်ကြဉ်ကြပြန်သည်။ ၎င်းပြင်(ထိုအမိန့်များကိုလည်း) ယုံကြည်ကြပြန်သည်။ ထို့နောက် (တစ်ဆင့်ထပ်တက်၍) သူတို့သည် (ဟရာမ် ကျူးလွန်မိသွားစေနိုင်သော အရာများမှလည်း) ရှောင်ကြဉ်ကြပြန်သည်သာမက (အရှင်မြတ်သည် မြင်နေတော်မူသည်ဟု စိတ်ထဲတွင် စွဲမှတ်ယုံကြည်လျက်) အိဟ်စာန် ကောင်းကျိုးဆောင်ရွက်ကြပြန်သည်။ ထို့ပြင် အလ္လာဟ်အရှင်မြတ်သည် (အရှင်မြတ် မြင်နေတော်မူသည်ဟု စိတ်ထဲတွင် စွဲမှတ်ယုံကြည်လျက်) အိဟ်စာန် ကောင်းကျိုးဆောင်ရွက်သောသူများအား ချစ်မြတ်နိုးတော်မူသည်။ يَٰٓأَيُّهَا ٱلَّذِينَ ءَامَنُواْ لَيَبۡلُوَنَّكُمُ ٱللَّهُ بِشَيۡءٍ مِّنَ ٱلصَّيۡدِ تَنَالُهُۥٓ أَيۡدِيكُمۡ وَرِمَاحُكُمۡ لِيَعۡلَمَ ٱللَّهُ مَن يَخَافُهُۥ بِٱلۡغَيۡبِۚ فَمَنِ ٱعۡتَدَىٰ بَعۡدَ ذَٰلِكَ فَلَهُۥ عَذَابٌ أَلِيمٌ ٩٤အို- အီမာန်ယုံကြည်သူအပေါင်းတို့၊ အမှန်စင်စစ် အလ္လာဟ်အရှင်မြတ်သည် အရှင်မြတ်အား အကွယ်မှ မည်သူသည် ကြောက်ရွံ့သနည်းဆိုသည်ကို သိတော်မူရန်အတွက် အသင်တို့၏လက်များနှင့် အသင်တို့၏လှံများ မီနိုင်သော အချို့သားကောင်များနှင့် အသင်တို့အား စမ်းသပ်တော်မူမည်။ သို့ဖြစ်ရာ မည်သူမဆို ဤ(တားမြစ်ချက်)နောက်တွင် (အမဲလိုက်)ကျူးကျော်ခဲ့လျှင်၊ ထိုသူများအတွက် အလွန်နာကျင်စေသော အပြစ်ဒဏ်သည် အဆင်သင့်ရှိသည်။ يَٰٓأَيُّهَا ٱلَّذِينَ ءَامَنُواْ لَا تَقۡتُلُواْ ٱلصَّيۡدَ وَأَنتُمۡ حُرُمٌۚ وَمَن قَتَلَهُۥ مِنكُم مُّتَعَمِّدًا فَجَزَآءٌ مِّثۡلُ مَا قَتَلَ مِنَ ٱلنَّعَمِ يَحۡكُمُ بِهِۦ ذَوَا عَدۡلٍ مِّنكُمۡ هَدۡيَۢا بَٰلِغَ ٱلۡكَعۡبَةِ أَوۡ كَفَّٰرَةٌ طَعَامُ مَسَٰكِينَ أَوۡ عَدۡلُ ذَٰلِكَ صِيَامًا لِّيَذُوقَ وَبَالَ أَمۡرِهِۦۗ عَفَا ٱللَّهُ عَمَّا سَلَفَۚ وَمَنۡ عَادَ فَيَنتَقِمُ ٱللَّهُ مِنۡهُۚ وَٱللَّهُ عَزِيزٌ ذُو ٱنتِقَامٍ ٩٥အို- အီမာန်ယုံကြည်သူအပေါင်းတို့၊ အသင်တို့သည် အိဟ်ရာမ်ဝတ်ရုံကို ရုံထားလျက် အမဲလိုက်သတ်ဖြတ်မှု မပြုလုပ်ကြနှင့်။* ၎င်းပြင် အသင်တို့ထဲမှ မည်သူမဆို တမင်ရည်ရွယ်ပြီး အမဲလိုက်သတ်ဖြတ်ခဲ့လျှင်၊ ထိုသတ်ဖြတ်ခဲ့သော သားကောင်(၏ တန်ဖိုး)နှင့်ညီမျှသော ခြေလေးချောင်းသားကောင်တစ်ကောင်ကို ကုရ်ဗာနီသားကောင်အဖြစ် ကအ်ဗဟ်ကျောင်းတော်ထံသို့ ပို့ဆောင်(၍ ဒဏ်ဆောင်)ရမည်။ ထို(ဒဏ်ဆောင်ရမည့်)သားကောင်ကို အသင်တို့ထဲမှ တရားမျှတသော ပုဂ္ဂိုလ်နှစ်ဦးက ဆုံးဖြတ်ပေးရမည်။ သို့မဟုတ် ကဖ်ဖာရဟ်အဖြစ် ဆင်းရဲသားများအား (ထိုဒဏ်ဆောင်ရမည့်သားကောင်၏ တန်ဖိုးကို)ဝေငှပေးကျွေးရမည်။ သို့မဟုတ် ထို(ဝေငှပေးကျွေးခံရသော)ဆင်းရဲသား အရေအတွက်နှင့်အညီအမျှ စွောင်မ်ဥပုသ် စောင့်ထိန်းရမည်။* (ထိုကဲ့သို့ ဒဏ်ဆောင်စေခြင်းနှင့် အပြစ်ပြေအောင်ဖြေစေခြင်းမှာ) ထိုသူသည် သူပြုလုပ်သောကိစ္စ၏ဆိုးကျိုးရလာဒ်ကို မြည်းစမ်းစေရန်အတွက်ဖြစ်သည်။ အလ္လာဟ်အရှင်မြတ်သည် (ဟရာမ် မသတ်မှတ်မီက) ပြီးခဲ့သောကိစ္စများကို ခွင့်လွှတ်တော်မူခဲ့ပြီးဖြစ်သည်။ သို့ရာတွင် မည်သူမဆို ထပ်မံကျူးလွန်လျှင် အလ္လာဟ်အရှင်မြတ်သည် ထိုသူ့ကို တန်ပြန်အရေးယူတော်မူမည်။ ထို့ပြင် အလ္လာဟ်အရှင်မြတ်သည် တန်ခိုးတော်နှင့် အလွန်လွှမ်းမိုးသောမူသောအရှင်၊ တန်ပြန်အရေးယူတော်မူသောအရှင် ဖြစ်တော်မူသည်။ أُحِلَّ لَكُمۡ صَيۡدُ ٱلۡبَحۡرِ وَطَعَامُهُۥ مَتَٰعًا لَّكُمۡ وَلِلسَّيَّارَةِۖ وَحُرِّمَ عَلَيۡكُمۡ صَيۡدُ ٱلۡبَرِّ مَا دُمۡتُمۡ حُرُمًاۗ وَٱتَّقُواْ ٱللَّهَ ٱلَّذِيٓ إِلَيۡهِ تُحۡشَرُونَ ٩٦အသင်တို့အတွက် (အိဟ်ရာမ်ရုံထားချိန်တွင်) ရေသတ္တဝါများအား ဖမ်းဆီးခြင်းနှင့် ၎င်းတို့အား စားသုံးခြင်းကို အသင်တို့နှင့် ခရီးသည်များ၏အကျိုးအတွက် ဟလာလ် ခွင့်ပြုထားပြီးဖြစ်သည်။* သို့ရာတွင် အသင်တို့သည် အိဟ်ရာမ်ရုံထားနေသမျှ ကုန်းသတ္တဝါများကို အမဲလိုက်ခြင်းသည် အသင်တို့အပေါ်၌ ဟရာမ်တားမြစ်ထားသည်။ သို့ဖြစ်ရာ အသင်တို့သည် အလ္လာဟ်အရှင်မြတ်အား ကြောက်ရွံ့ကြပါ။ အရှင်မြတ်ထံတော်၌ပင် အသင်တို့သည် စုရုံးကြရမည်ဖြစ်သည်။ ۞ جَعَلَ ٱللَّهُ ٱلۡكَعۡبَةَ ٱلۡبَيۡتَ ٱلۡحَرَامَ قِيَٰمًا لِّلنَّاسِ وَٱلشَّهۡرَ ٱلۡحَرَامَ وَٱلۡهَدۡيَ وَٱلۡقَلَٰٓئِدَۚ ذَٰلِكَ لِتَعۡلَمُوٓاْ أَنَّ ٱللَّهَ يَعۡلَمُ مَا فِي ٱلسَّمَٰوَٰتِ وَمَا فِي ٱلۡأَرۡضِ وَأَنَّ ٱللَّهَ بِكُلِّ شَيۡءٍ عَلِيمٌ ٩٧အလ္လာဟ်အရှင်မြတ်သည် မြင့်မြတ်သောအိမ်တော် ကအ်ဗဟ်ကျောင်းတော်အား လူများအတွက် (ငြိမ်းချမ်းမှု)တည်တံ့စေသောအကြောင်းခံအဖြစ်* ပြုလုပ်တော်မူခဲ့သည်။ ထို့ပြင် (ထိုကဲ့သို့) ထူးမြတ်သောလများ၊ ကုရ်ဗာနီသားကောင်များ၊ လည်ပတ် တပ်ဆင် အမှတ်အသားပြုထားသော သားကောင်များကိုလည်း (ငြိမ်းချမ်းမှု၏ အကြောင်းခံ ပြုလုပ်တော်မူသည်)။ ဤကဲ့သို့ ပြုလုပ်တော်မူသည်မှာ အမှန်စင်စစ် အလ္လာဟ်အရှင်မြတ်သည် ကောင်းကင်များနှင့် ပထဝီမြေထဲတွင် ရှိသမျှကို သိတော်မူကြောင်းနှင့် အလ္လာဟ်အရှင်မြတ်သည် အရာအားလုံးကို အမှန်ပင် အကြွင်းမဲ့သိရှိတော်မူကြောင်းကို အသင်တို့ (သိရှိ)ယုံကြည်ကြရန်အတွက် ဖြစ်သည်။ ٱعۡلَمُوٓاْ أَنَّ ٱللَّهَ شَدِيدُ ٱلۡعِقَابِ وَأَنَّ ٱللَّهَ غَفُورٌ رَّحِيمٌ ٩٨အမှန်စင်စစ် အလ္လာဟ်အရှင်မြတ်သည် ပြင်းထန်စွာ အရေးယူတော်မူသောအရှင်ဖြစ်ကြောင်းနှင့် အမှန်စင်စစ် အလ္လာဟ်အရှင်မြတ်သည် အလွန်လွတ်ငြိမ်းချမ်းသာခွင့် ပေးတော်မူသောအရှင်၊ အလွန်သနားကြင်နာတော်မူသောအရှင် ဖြစ်ကြောင်းကို အသင်တို့ သိထားကြပါ။ مَّا عَلَى ٱلرَّسُولِ إِلَّا ٱلۡبَلَٰغُۗ وَٱللَّهُ يَعۡلَمُ مَا تُبۡدُونَ وَمَا تَكۡتُمُونَ ٩٩ရစူလ်တမန်တော်၏အပေါ်တွင် (အရှင်မြတ်၏ အမိန့်တော်များကို) ပို့ချရန်သာ တာဝန်ရှိသည်။ အလ္လာဟ်အရှင်မြတ်သည် အသင်တို့ ထုတ်ဖော်ပြုလုပ်သောအရာများနှင့် အသင်တို့ လျှို့ဝှက်ပြုလုပ်သောအရာများကို သိရှိတော်မူသည်။ قُل لَّا يَسۡتَوِي ٱلۡخَبِيثُ وَٱلطَّيِّبُ وَلَوۡ أَعۡجَبَكَ كَثۡرَةُ ٱلۡخَبِيثِۚ فَٱتَّقُواْ ٱللَّهَ يَٰٓأُوْلِي ٱلۡأَلۡبَٰبِ لَعَلَّكُمۡ تُفۡلِحُونَ ١٠٠(အို- တမန်တော်)အသင် ပြောလိုက်ပါ၊ မသန့်ပြန့်သောအရာများ၏ပေါများမှုသည် အသင့်ကို နှစ်သက်အားရစေသော်လည်း မသန့်ပြန့်သောအရာနှင့် သန့်ပြန့်သောအရာသည် မတူပေ။* သိုု့ဖြစ်ရာ အို- ဉာဏ်ရှင်အပေါင်းတို့၊ အသင်တို့သည် အောင်မြင်မှုရရှိရန်အတွက် အလ္လာဟ်အရှင်မြတ်အား ကြောက်ရွံ့ကြပါ။ يَٰٓأَيُّهَا ٱلَّذِينَ ءَامَنُواْ لَا تَسۡـَٔلُواْ عَنۡ أَشۡيَآءَ إِن تُبۡدَ لَكُمۡ تَسُؤۡكُمۡ وَإِن تَسۡـَٔلُواْ عَنۡهَا حِينَ يُنَزَّلُ ٱلۡقُرۡءَانُ تُبۡدَ لَكُمۡ عَفَا ٱللَّهُ عَنۡهَاۗ وَٱللَّهُ غَفُورٌ حَلِيمٌ ١٠١အို- အီမာန်ယုံကြည်သူအပေါင်းတို့၊ အသင်တို့သည် (တမန်တော်မြတ်အား) အကြင်အရာများနှင့်ပတ်သက်၍ မမေးမြန်းကြနှင့်။ အကယ်၍ ထိုအရာများသည် အသင်တို့ရှေ့၌ ထုတ်ဖော်(ပြော)ခြင်းခံခဲ့ရလျှင် အသင်တို့အား မကောင်းဖြစ်စေလိမ့်မည်။ ၎င်းပြင် အကယ်၍ ထိုအရာများနှင့်ပတ်သက်၍ ကုရ်အာန်ကျမ်းတော်မြတ် ချပေးခြင်းခံနေရသောအချိန်၌ အသင်တို့ မေးမြန်းကြလျှင် အသင်တို့အတွက် ထုတ်ဖော်(ပြော)ခြင်းခံရမည်။ ထိုကိစ္စများနှင့်ပတ်သက်၍ (ယခင်က မေးခဲ့သည်များကိုမူ) အလ္လာဟ်အရှင်မြတ်သည် ခွင့်လွှတ်တော်မူသည်။ ထို့ပြင် အလ္လာဟ်အရှင်မြတ်သည် အလွန်လွတ်ငြိမ်းချမ်းသာခွင့်ပေးတော်မူသောအရှင်၊ အလွန်ထောက်ထားညှာတာ သည်းခံဆိုင်းငံ့တော်မူသောအရှင် ဖြစ်တော်မူသည်။ قَدۡ سَأَلَهَا قَوۡمٌ مِّن قَبۡلِكُمۡ ثُمَّ أَصۡبَحُواْ بِهَا كَٰفِرِينَ ١٠٢အမှန်စင်စစ် အသင်တို့မတိုင်မီက သူများသည်လည်း ထိုကဲ့သို့ အကြောင်းများကို မေးမြန်းခဲ့ဖူးကြသည်။* ထို့နောက် သူတို့သည် ထိုအကြောင်းအရာများအား ငြင်းပယ်သောသူများ ဖြစ်သွားခဲ့ကြသည်။ مَا جَعَلَ ٱللَّهُ مِنۢ بَحِيرَةٍ وَلَا سَآئِبَةٍ وَلَا وَصِيلَةٍ وَلَا حَامٍ وَلَٰكِنَّ ٱلَّذِينَ كَفَرُواْ يَفۡتَرُونَ عَلَى ٱللَّهِ ٱلۡكَذِبَۖ وَأَكۡثَرُهُمۡ لَا يَعۡقِلُونَ ١٠٣အလ္လာဟ်အရှင်မြတ်သည် ဗဟီရဟ်၊ စာအိဗဟ်၊ ဝစွီလဟ်နှင့် ဟာမ်*တို့ကို (တရားတော်၌) အသိအမှတ်ပြု ပြဋ္ဌာန်းတော်မူခဲ့သည် မဟုတ်ပေ။ သို့ရာတွင် ငြင်းပယ်သောသူများသည် အလ္လာဟ်အရှင်မြတ်အပေါ်တွင် လုပ်ကြံမုသားပြောဆိုကြသည်။ ထို့ပြင် (အမှန်စင်စစ်) သူတို့ထဲမှ အများစုသည် အသိဉာဏ်မရှိကြပေ။ وَإِذَا قِيلَ لَهُمۡ تَعَالَوۡاْ إِلَىٰ مَآ أَنزَلَ ٱللَّهُ وَإِلَى ٱلرَّسُولِ قَالُواْ حَسۡبُنَا مَا وَجَدۡنَا عَلَيۡهِ ءَابَآءَنَآۚ أَوَلَوۡ كَانَ ءَابَآؤُهُمۡ لَا يَعۡلَمُونَ شَيۡـًٔا وَلَا يَهۡتَدُونَ ١٠٤ထို့ပြင် သူတို့အား “အသင်တို့သည် အလ္လာဟ်အရှင်မြတ် ပြဋ္ဌာန်းတော်မူသာအမိန့်များနှင့် တမန်တော်ဘက်သို့ လာကြပါ“ဟု ပြောဆိုခြင်းခံကြရသောအခါ သူတို့က “ကျွန်ုပ်တို့အတွက် အကြင်(လမ်းစဉ်)သည် လုံလောက်သည်၊ ထို(လမ်းစဉ်ပေါ်)၌ ကျွန်ုပ်တို့၏ အဘ၊ ဘိုး၊ ဘေး၊ ဘီ၊ ဘင်တို့ကို ကျွန်ုပ်တို့တွေ့မြင်ခဲ့ကြသည်“ဟု ဖြေကြားကြသည်။ အကယ်၍ သူတို့၏ အဘ၊ ဘိုး၊ ဘေး၊ ဘီ၊ ဘင်တို့သည် မည်သည့်အရာကိုမျှ မသိနားမလည်ကြသည့်အပြင် လမ်းမှန်မရရှိကြလျှင်လည်း (လုံလောက်ဦးမည်လော။ လုံးဝ မလုံလောက်ပေ)။ يَٰٓأَيُّهَا ٱلَّذِينَ ءَامَنُواْ عَلَيۡكُمۡ أَنفُسَكُمۡۖ لَا يَضُرُّكُم مَّن ضَلَّ إِذَا ٱهۡتَدَيۡتُمۡۚ إِلَى ٱللَّهِ مَرۡجِعُكُمۡ جَمِيعًا فَيُنَبِّئُكُم بِمَا كُنتُمۡ تَعۡمَلُونَ ١٠٥အို- အီမာန်ယုံကြည်သူအပေါင်းတို့၊ အသင်တို့သည် (တတ်စွမ်းနိုင်သမျှ သဗ်လီးဂ် ပြုလုပ်ညွှန်ကြားပြသပြီးနောက်) အသင်တို့ကိုယ်အသင်တို့ ထိန်းသိမ်းစောင့်ရှောက်ရန်အတွက်သာ ပူပင်ကြပါ။ အသင်တို့သည် လမ်းမှန်ပေါ်၌ရှိနေကြလျှင် လမ်းမှားသူသည် အသင်တို့အား အကျိုးယုတ်နစ်နာစေနိုင်မည် မဟုတ်ပေ။ အသင်တို့အားလုံး၏ ပြန်လှည့်ရာဌာနသည် အလ္လာဟ်အရှင်မြတ်ထံတော်သို့ပင် ဖြစ်သည်။ ထိုအခါ အရှင်မြတ်သည် အသင်တို့ပြုမူခဲ့ကြသည်များကို အသင်တို့အား အသိပေးတော်မူမည်။ يَٰٓأَيُّهَا ٱلَّذِينَ ءَامَنُواْ شَهَٰدَةُ بَيۡنِكُمۡ إِذَا حَضَرَ أَحَدَكُمُ ٱلۡمَوۡتُ حِينَ ٱلۡوَصِيَّةِ ٱثۡنَانِ ذَوَا عَدۡلٍ مِّنكُمۡ أَوۡ ءَاخَرَانِ مِنۡ غَيۡرِكُمۡ إِنۡ أَنتُمۡ ضَرَبۡتُمۡ فِي ٱلۡأَرۡضِ فَأَصَٰبَتۡكُم مُّصِيبَةُ ٱلۡمَوۡتِۚ تَحۡبِسُونَهُمَا مِنۢ بَعۡدِ ٱلصَّلَوٰةِ فَيُقۡسِمَانِ بِٱللَّهِ إِنِ ٱرۡتَبۡتُمۡ لَا نَشۡتَرِي بِهِۦ ثَمَنًا وَلَوۡ كَانَ ذَا قُرۡبَىٰ وَلَا نَكۡتُمُ شَهَٰدَةَ ٱللَّهِ إِنَّآ إِذًا لَّمِنَ ٱلۡأٓثِمِينَ ١٠٦အို- အီမာန်ယုံကြည်သူအပေါင်းတို့၊ အသင်တို့ထဲမှ တစ်ဦးတစ်ယောက်ထံသို့ သေခြင်းတရားဆိုက်ရောက်လာ(ခါနီး)၍ ဝစွီယသ် မှာတမ်းစကားပြောသောအခါ အသင်တို့ထဲမှ မျှတသော သက်သေနှစ်ဦးရှိရမည်။ သို့မဟုတ် အသင်တို့သည် မြေပြင်တွင် ခရီးထွက်နေစဉ် အသင်တို့၌ သေခြင်းဆိုက်ရောက်ခဲ့လျှင်*(အကယ်၍ အသင်တို့ထဲမှ မျှတသော သက်သေနှစ်ဦးမရှိလျှင်) အသင်တို့ထဲမှမဟုတ်သော အခြားသူများထဲမှ* သက်သေနှစ်ဦးရှိရမည်။ အကယ်၍ အသင်တို့သည် မှာကြားခြင်း ခံခဲ့ရသောသူများနှင့်ပတ်သက်၍ သံသယမကင်းဖြစ်ခဲ့ကြလျှင်၊ ထို(သက်သေ)နှစ်ဦးအား (ဗလီထဲ၌) စွလာသ်ဝတ်ပြုပြီးနောက် ဆိုင်းငံ့ထားကြပါ။ ထို့နောက် သူတို့နှစ်ဦးသည် အလ္လာဟ်အရှင်မြတ်အား တိုင်တည်ပြီး (ဤသို့)ကျိန်ဆိုကြရမည်- “ကျွန်ုပ်တို့သည် ဆွေမျိုးဖြစ်နေခဲ့လျှင်လည်း ဤကျိန်ဆိုမှုဖြင့် မည်သည့်အကျိုးကျေးဇူးမှ ရလိုမှုမရှိပေ။* ၎င်းပြင် ကျွန်ုပ်တို့သည် အလ္လာဟ်အရှင်မြတ်၏ သက်သေခံချက်ကိုလည်း ထိမ်ချန်ထားကြမည် မဟုတ်ပေ။ သို့ဖြစ်လျှင် ကျွန်ုပ်တို့သည် အမှန်စင်စစ် အပြစ်ရှိသူများထဲမှ ဖြစ်ကြလိမ့်မည်။“ فَإِنۡ عُثِرَ عَلَىٰٓ أَنَّهُمَا ٱسۡتَحَقَّآ إِثۡمًا فَـَٔاخَرَانِ يَقُومَانِ مَقَامَهُمَا مِنَ ٱلَّذِينَ ٱسۡتَحَقَّ عَلَيۡهِمُ ٱلۡأَوۡلَيَٰنِ فَيُقۡسِمَانِ بِٱللَّهِ لَشَهَٰدَتُنَآ أَحَقُّ مِن شَهَٰدَتِهِمَا وَمَا ٱعۡتَدَيۡنَآ إِنَّآ إِذًا لَّمِنَ ٱلظَّٰلِمِينَ ١٠٧၎င်းပြင် အကယ်၍ သူတို့နှစ်ဦးသည် အပြစ်ရှိကြောင်းသိရလျှင်၊* ထိုအပြစ်ရှိသူနှစ်ဦး၏နေရာ၌ (ကွယ်လွန်သူ၏)ဆွေမျိုးအနီးစပ်ဆုံးအမွေစားများထဲမှ သက်သေနှစ်ဦးရပ်ပြီး၊ “အမှန်စင်စစ် ကျွန်ုပ်တို့၏ သက်သေခံခြင်းသည် သူတို့နှစ်ဦး သက်သေခံခြင်းထက် ပိုမှန်ပါသည်။ ၎င်းပြင် ကျွန်ုပ်တို့သည် စည်းကမ်းဖောက်ဖျက်ကျူးလွန်ခြင်းလည်း မရှိကြပါ။ ထိုသို့ဖြစ်ခဲ့လျှင် ကျွန်ုပ်တို့သည် အမှန်စင်စစ် မတရားကျူးလွန်သူများထဲမှ ဖြစ်ကြပါလိမ့်မည်“ဟု အလ္လာဟ်အရှင်မြတ်အား တိုင်တည်ပြီး ကျိန်ဆိုကြရမည်။ ذَٰلِكَ أَدۡنَىٰٓ أَن يَأۡتُواْ بِٱلشَّهَٰدَةِ عَلَىٰ وَجۡهِهَآ أَوۡ يَخَافُوٓاْ أَن تُرَدَّ أَيۡمَٰنُۢ بَعۡدَ أَيۡمَٰنِهِمۡۗ وَٱتَّقُواْ ٱللَّهَ وَٱسۡمَعُواْۗ وَٱللَّهُ لَا يَهۡدِي ٱلۡقَوۡمَ ٱلۡفَٰسِقِينَ ١٠٨ဤသည် သက်သေများအနေနှင့် သက်သေခံထိုက်သောနည်းအတိုင်း သက်သေခံကြရန်၊ သို့မဟုတ် သူတို့သည် သူတို့၏ကျိန်ဆိုချက်များကို အခြားသူများ၏ကျိန်ဆိုချက်များနှင့် ကန့်ကွက်ပယ်ချခြင်းခံရမည်ကို စိုးရိမ်ကြ(ပြီး အမှန်ကန်ဆုံး သက်သေထွက်ဆိုကြ)ရန် အနီးစပ်ဆုံး (အကောင်းဆုံး)နည်းဖြစ်သည်။* ထို့ပြင် အသင်တို့သည် အလ္လာဟ်အရှင်မြတ်အား ကြောက်ရွံ့ကြပါ။ ၎င်းပြင် (အလ္လာဟ်အရှင်မြတ်၏အမိန့်တော်များကို) နားထောင်လိုက်နာကြပါ။ ထို့ပြင် အလ္လာဟ်အရှင်မြတ်သည် စည်းကမ်းဖောက်ဖျက်သောသူများကို လမ်းမှန် ညွှန်ကြားပြသတော်မူမည် မဟုတ်ပေ။ ۞ يَوۡمَ يَجۡمَعُ ٱللَّهُ ٱلرُّسُلَ فَيَقُولُ مَاذَآ أُجِبۡتُمۡۖ قَالُواْ لَا عِلۡمَ لَنَآۖ إِنَّكَ أَنتَ عَلَّٰمُ ٱلۡغُيُوبِ ١٠٩ထို(ကိယာမသ်)နေ့တွင် အလ္လာဟ်အရှင်မြတ်သည် တမန်တော်များကို စုရုံးစေတော်မူပြီး “အသင်တို့သည် (အသင်တို့၏ နောက်လိုက်များထံမှ)မည်သို့ တုံ့ပြန်ဖြေကြားခံခဲ့ကြရသနည်း“ဟု မေးမြန်တော်မူမည်။ “ကျွန်ုပ်တို့ လုံးဝ မသိကြပါ။* အမှန်စင်စစ် အရှင်မြတ်သာ အကွယ်၌ရှိသည်များကို အလွန်သိတော်မူသောအရှင် ဖြစ်တော်မူပါသည်“ဟု (တမန်တော်အားလုံးက)ဖြေကြားကြလိမ့်မည်။ إِذۡ قَالَ ٱللَّهُ يَٰعِيسَى ٱبۡنَ مَرۡيَمَ ٱذۡكُرۡ نِعۡمَتِي عَلَيۡكَ وَعَلَىٰ وَٰلِدَتِكَ إِذۡ أَيَّدتُّكَ بِرُوحِ ٱلۡقُدُسِ تُكَلِّمُ ٱلنَّاسَ فِي ٱلۡمَهۡدِ وَكَهۡلًاۖ وَإِذۡ عَلَّمۡتُكَ ٱلۡكِتَٰبَ وَٱلۡحِكۡمَةَ وَٱلتَّوۡرَىٰةَ وَٱلۡإِنجِيلَۖ وَإِذۡ تَخۡلُقُ مِنَ ٱلطِّينِ كَهَيۡـَٔةِ ٱلطَّيۡرِ بِإِذۡنِي فَتَنفُخُ فِيهَا فَتَكُونُ طَيۡرَۢا بِإِذۡنِيۖ وَتُبۡرِئُ ٱلۡأَكۡمَهَ وَٱلۡأَبۡرَصَ بِإِذۡنِيۖ وَإِذۡ تُخۡرِجُ ٱلۡمَوۡتَىٰ بِإِذۡنِيۖ وَإِذۡ كَفَفۡتُ بَنِيٓ إِسۡرَٰٓءِيلَ عَنكَ إِذۡ جِئۡتَهُم بِٱلۡبَيِّنَٰتِ فَقَالَ ٱلَّذِينَ كَفَرُواْ مِنۡهُمۡ إِنۡ هَٰذَآ إِلَّا سِحۡرٌ مُّبِينٌ ١١٠(ထိုနေ့)တစ်ချိန်တွင် အလ္လာဟ်အရှင်မြတ်သည် မိန့်ကြားတော်မူမည်၊ အို-မရ်ယမ်၏သား အီစာ၊ အသင်သည် အသင်နှင့် အသင်၏မိခင်အပေါ်တွင် ငါအရှင်မြတ်ပြုတော်မူခဲ့သော ကျေးဇူးတော်များအား သတိရပါ။ တစ်ခါက ငါအရှင်မြတ်သည် အသင်(တမန်တော်အီစာ)ကို မြင့်မြတ်သောဝိညာဉ်နှင့် ကူညီပံ့ပိုးခဲ့သည်။ အသင်သည် ပုခက်တွင် (ရင်ခွင်ပိုက်ကလေးဘဝ)တွင်လည်းကောင်း၊ ကြီးပြင်းသည့်အခါတွင်လည်းကောင်း လူများနှင့်(လူကြီးများပြောသောစကားမျိုးဖြင့်သာ တစ်မျိုးတည်း)စကားပြောဆိုခဲ့သည်။ ထို့ပြင် တစ်ခါက ငါအရှင်မြတ်သည် အသင့်အား ကောင်းကင်ကျကျမ်းဂန်(များ)၊ အသိပညာဉာဏ်အမြော်အမြင်၊ သောင်ရာသ်နှင့် အင်ဂျီလ်ကျမ်းဂန်များကို သင်ကြားပို့ချပေးတော်မူခဲ့သည်။ ထို့ပြင် တစ်ခါက ငါအရှင်မြတ်၏အမိန့်တော်ဖြင့် အသင်သည် မြေကို ငှက်ရုပ်လုပ်ပြီး မှုတ်လိုက်သောအခါ ထို(ငှက်ရုပ်)သည် ငါအရှင်မြတ်၏ အမိန့်တော်ဖြင့် (သက်ရှိ)ငှက်ဖြစ်သွားခဲ့သည်။ ထို့ပြင် အသင်သည် ငါအရှင်မြတ်၏အမိန့်တော်နှင့် (မွေးရာပါ)မျက်မမြင်များနှင့် ခရုသင်းစသောနူနာရောဂါသည်များအား ပျောက်ကင်းအောင်လုပ်ပေးခဲ့သည်။ ထို့ပြင် တစ်ခါက အသင်သည် ငါအရှင်မြတ်၏အမိန့်တော်ဖြင့် သေသူများကို(ရှင်အောင်လုပ်ပြီး သချင်္ီုင်းထဲမှ)ထွက်စေခဲ့သည်။ ထို့ပြင် တစ်ခါက အသင်သည် သူတို့ထံသို့ ထင်ရှားသော သက်သလက္ခဏာတန်ခိုးတော်များကို ယူဆောင်သွားခဲ့သောအခါ ငါအရှင်မြတ်က အစ္စရာအီလီမျိုးနွယ်များကို အသင့်အား သတ်ဖြတ်ခြင်းမှ တားဆီးတော်မူခဲ့သည်။ ထို့နောက် သူတို့ထဲမှ ငြင်းပယ်ခဲ့ကြသောသူများက “ဤသည် ထင်ရှားသောစုန်းပယောဂ အတတ်ပင်ဖြစ်သည်“ဟု ပြောဆိုခဲ့ကြသည်။ وَإِذۡ أَوۡحَيۡتُ إِلَى ٱلۡحَوَارِيِّـۧنَ أَنۡ ءَامِنُواْ بِي وَبِرَسُولِي قَالُوٓاْ ءَامَنَّا وَٱشۡهَدۡ بِأَنَّنَا مُسۡلِمُونَ ١١١ထို့ပြင် တစ်ခါက ငါအရှင်မြတ်သည် ဟဝါရီ ခဝါသည်များထံသို့ “အသင်တို့သည် ငါအရှင်မြတ်နှင့် ငါအရှင်မြတ်၏တမန်တော်(အီစာ)ကို ယုံကြည်ကြပါ“ဟု အမိန့်ချမှတ်တော်မူခဲ့သည်။ ဟဝါရီ ခဝါသည်များက “ကျွန်ုပ်တို့ ယုံကြည်ကြပါပြီ၊ ကျွန်ုပ်တို့သည် အမိန့်ကိုနာခံကြသော မွတ်စ်လင်မ်များဖြစ်ကြောင်း အရှင်မြတ်သက်သေအဖြစ်ရှိတော်မူပါ“ဟု ပြောဆိုခဲ့ကြသည်။ إِذۡ قَالَ ٱلۡحَوَارِيُّونَ يَٰعِيسَى ٱبۡنَ مَرۡيَمَ هَلۡ يَسۡتَطِيعُ رَبُّكَ أَن يُنَزِّلَ عَلَيۡنَا مَآئِدَةً مِّنَ ٱلسَّمَآءِۖ قَالَ ٱتَّقُواْ ٱللَّهَ إِن كُنتُم مُّؤۡمِنِينَ ١١٢တစ်ခါတွင် ဟဝါရီ*များက “အို- မရ်ယမ်၏သား အီစာ၊ အသင့်အား ဖန်ဆင်းမွေးမြူတော်မူသော အရှင်မြတ်သည် ကျွန်ုပ်တို့အပေါ် ကောင်းကင်မှ အစားအစာတည်ခင်းထားသော စားပွဲတစ်ခုကိုချပေးနိုင်စွမ်း ရှိပါသလော“ဟု ပြောဆိုကြသည်။ ၎င်း(တမန်တော် အီစာ)က အသင်တို့သည် အမှန်ပင် အီမာန်ယုံကြည်သူများဖြစ်ကြလျှင် အလ္လာဟ်အရှင်မြတ်အား ကြောက်ရွံ့ကြပါဟု ပြောဆိုခဲ့သည်။ قَالُواْ نُرِيدُ أَن نَّأۡكُلَ مِنۡهَا وَتَطۡمَئِنَّ قُلُوبُنَا وَنَعۡلَمَ أَن قَدۡ صَدَقۡتَنَا وَنَكُونَ عَلَيۡهَا مِنَ ٱلشَّٰهِدِينَ ١١٣သူတို့(ဟဝါရီ)များက ကျွန်ုပ်တို့သည် ထို(စားပွဲမှ)အစားအစာများကို စားသုံးရန်၊ ၎င်းပြင် ကျွန်ုပ်တို့၏စိတ်နှလုံးများ နှစ်သိမ့်ကျေနပ်ရန်၊ ၎င်းပြင် အသင်သည် ကျွန်ုပ်တို့အား စင်စစ် အမှန်ပြောခဲ့သည်ဆိုသည်ကို သိရှိယုံကြည်ရန်၊ ၎င်းပြင် ထို(စားပွဲ ကျရောက်သောတန်ခိုးတော်)နှင့်ပတ်သက်၍ ကျွန်ုပ်တို့သည် အသိသက်သေများဖြစ်ကြရန်အတွက် ရည်ရွယ်ပါသည်ဟု ပြောဆိုခဲ့ကြသည်။ قَالَ عِيسَى ٱبۡنُ مَرۡيَمَ ٱللَّهُمَّ رَبَّنَآ أَنزِلۡ عَلَيۡنَا مَآئِدَةً مِّنَ ٱلسَّمَآءِ تَكُونُ لَنَا عِيدًا لِّأَوَّلِنَا وَءَاخِرِنَا وَءَايَةً مِّنكَۖ وَٱرۡزُقۡنَا وَأَنتَ خَيۡرُ ٱلرَّٰزِقِينَ ١١٤မရ်ယမ်၏သား (တမန်တော်)အီစာက “အို- အလ္လာဟ်အရှင်မြတ်၊ အို- ကျွန်ုပ်တို့အား ဖန်ဆင်းမွေးမြူတော်မူသောအရှင်၊ အရှင်မြတ်သည် ကျွန်ုပ်တို့အပေါ်သို့ ကောင်းကင်မှ အစားအစာ တည်ခင်းထားသောစားပွဲတစ်ခု ချပေးတော်မူပါ၊ ထို အစားအစာတည်ခင်းထားသောစားပွဲသည် ကျွန်ုပ်တို့အတွက်၊ ကျွန်ုပ်၏ပထမ(ယခင်မှ)သူများအတွက်နှင့် နောင်လာမည့်သူများအတွက် ပျော်ရွှင်ဖွယ်ရာနှင့် အရှင်မြတ်ထံတော်မှ သက်သေလက္ခဏာတစ်ပါး ဖြစ်စေတော်မူပါ။ ၎င်းပြင် အရှင်မြတ်သည် ကျွန်ုပ်တို့အား စားနပ်ရိက္ခာပေးသနားတော်မူပါ။ ထို့ပြင် အရှင်မြတ်သည် အကောင်းဆုံးစားနပ်ရိက္ခာ ပေးသနားတော်မူသောအရှင် ဖြစ်တော်မူပါသည်“ ဟု ပြောဆိုလျှောက်ထားခဲ့သည်။ قَالَ ٱللَّهُ إِنِّي مُنَزِّلُهَا عَلَيۡكُمۡۖ فَمَن يَكۡفُرۡ بَعۡدُ مِنكُمۡ فَإِنِّيٓ أُعَذِّبُهُۥ عَذَابًا لَّآ أُعَذِّبُهُۥٓ أَحَدًا مِّنَ ٱلۡعَٰلَمِينَ ١١٥အလ္လာဟ်အရှင်မြတ်က “ငါအရှင်မြတ်သည် ထို အစားအစာတည်ခင်းထားသောစားပွဲကို အသင်တို့အပေါ်တွင် အမှန်ပင် ချပေးသနားတော်မူမည်၊ ထို့နောက် အသင်တို့ထဲမှ မည်သူမဆို ငြင်းပယ်လျှင် ငါအရှင်မြတ်သည် စကြဝဠာအားလုံးထဲတွင် မည်သူတစ်ဦးတစ်ယောက်ကိုမှ မပေးမည့်အပြစ်ဒဏ်ကို ထိုသူ့အား အမှန်ပင် ပေးတော်မူမည်“ဟု မိန့်ကြားတော်မူခဲ့သည်။ وَإِذۡ قَالَ ٱللَّهُ يَٰعِيسَى ٱبۡنَ مَرۡيَمَ ءَأَنتَ قُلۡتَ لِلنَّاسِ ٱتَّخِذُونِي وَأُمِّيَ إِلَٰهَيۡنِ مِن دُونِ ٱللَّهِۖ قَالَ سُبۡحَٰنَكَ مَا يَكُونُ لِيٓ أَنۡ أَقُولَ مَا لَيۡسَ لِي بِحَقٍّۚ إِن كُنتُ قُلۡتُهُۥ فَقَدۡ عَلِمۡتَهُۥۚ تَعۡلَمُ مَا فِي نَفۡسِي وَلَآ أَعۡلَمُ مَا فِي نَفۡسِكَۚ إِنَّكَ أَنتَ عَلَّٰمُ ٱلۡغُيُوبِ ١١٦တစ်ခါက အလ္လာဟ်အရှင်မြတ်သည် (ဤသို့)မိန့်ကြားတော်မူမည်- “အို- မရ်ယမ်၏သား အီစာ၊ အသင်သည် လူများအား အသင်တို့သည် အလ္လာဟ်အရှင်မြတ်နှင့်ဆန့်ကျင်၍ ကျွန်ုပ်နှင့်ကျွန်ုပ်၏မိခင်အား ကိုးကွယ်ထိုက်သည့်အရှင်နှစ်ပါးအဖြစ် ပြုုလုပ်ကြပါဟု ပြောကြားခဲ့သလော“။ ၎င်း(တမန်တော် အီစာ)က ပြောဆိုဖြေကြားမည်- “အရှင်မြတ်သည် သန့်ပြန့်စင်ကြယ်တော်မူပါသည်။ ကျွန်ုပ် မပြောထိုက်သောစကားကို ကျွန်ုပ်ပြောဆိုခွင့် လုံးဝ မရှိပါ။ အကယ်၍ ကျွန်ုပ်သည် ထိုစကားကို ပြောဆိုခဲ့လျှင် အရှင်မြတ်သည် ထိုပြောဆိုမှုကို အမှန်ပင် သိတော်မူပြီးဖြစ်ပါသည်။ အရှင်မြတ်သည် ကျွန်ုပ်၏စိတ်ထဲ၌ရှိသမျှကို သိရှိတော်မူပါသည်။ သို့ရာတွင် ကျွန်ုပ်သည် အရှင်မြတ်၏စိတ်ထဲရှိသည်ကို မသိပါ။ အမှန်စင်စစ် အရှင်မြတ်သည်သာ အကွယ်မှအရာအားလုံးကို အလွန်သိတော်မူသောအရှင် ဖြစ်တော်မူပါသည်။ مَا قُلۡتُ لَهُمۡ إِلَّا مَآ أَمَرۡتَنِي بِهِۦٓ أَنِ ٱعۡبُدُواْ ٱللَّهَ رَبِّي وَرَبَّكُمۡۚ وَكُنتُ عَلَيۡهِمۡ شَهِيدًا مَّا دُمۡتُ فِيهِمۡۖ فَلَمَّا تَوَفَّيۡتَنِي كُنتَ أَنتَ ٱلرَّقِيبَ عَلَيۡهِمۡۚ وَأَنتَ عَلَىٰ كُلِّ شَيۡءٍ شَهِيدٌ ١١٧ကျွန်ုပ်သည် သူတို့အား အရှင်မြတ်သည် ကျွန်ုပ်အား အမိန့်ပေးထားသည့်အရာမှလွဲ၍ မည်သည့်အရာကိုမျှ မပြောဆိုခဲ့ပါ။ (ကျွန်ုပ်သည် ဤသို့ပြောပါသည်) - “ကျွန်ုပ်အား ဖန်ဆင်းမွေးမြူတော်မူသောအရှင်လည်းဖြစ်ပြီး အသင်တို့အား ဖန်ဆင်းမွေးမြူတော်မူသောအရှင်လည်းဖြစ်သော အလ္လာဟ်အရှင်မြတ်ကိုသာ အသင်တို့ ကိုးကွယ်ကြပါ“။ ၎င်းပြင် ကျွန်ုပ်သည် သူတို့ထဲ၌ရှိနေသမျှ သူတို့နှင့်ပတ်သက်၍ သိမြင်သူဖြစ်ပါသည်။ ထို့နောက် အရှင်မြတ်သည် ကျွန်ုပ်ကို ပင့်မယူဆောင်လိုက်သောအခါ* အရှင်မြတ်သည်ပင် သူတို့နှင့်ပတ်သက်၍ ထိန်းသိမ်းစောင့်ကြပ် ကြည့်ရှုသူဖြစ်တော်မူပါသည်။ ထို့ပြင် အရှင်မြတ်သည် အရာအားလုံးကို မျက်မှောက်အသိသက်သေ ဖြစ်နေတော်မူသောအရှင် ဖြစ်တော်မူပါသည်။ إِن تُعَذِّبۡهُمۡ فَإِنَّهُمۡ عِبَادُكَۖ وَإِن تَغۡفِرۡ لَهُمۡ فَإِنَّكَ أَنتَ ٱلۡعَزِيزُ ٱلۡحَكِيمُ ١١٨“အရှင်မြတ်သည် အကယ်၍ သူတို့အား အပြစ်ဒဏ်ပေးတော်မူမည်ဆိုလျှင်၊ သူတို့သည် အမှန်စင်စစ် အရှင်မြတ်၏ကျွန်များသာ ဖြစ်ကြပါသည်။ ထို့ပြင် အကယ်၍ အရှင်မြတ်သည် သူတို့အား (အရေးမယူဘဲ) လွတ်ငြိမ်းချမ်းသာခွင့်ပေးတော်မူမည်ဆိုလျှင်လည်း (ပေးနိုင်ပါသည်)။ အမှန်စင်စစ် အရှင်မြတ်သည် တန်ခိုးတော်နှင့် အလွန်လွှမ်းမိုးတော်မူသောအရှင်၊ ပညာဉာဏ်အမြော်အမြင်နှင့် အလွန်ပြည့်စုံတော်မူသောအရှင် ဖြစ်တော်မူပါသည်။“ قَالَ ٱللَّهُ هَٰذَا يَوۡمُ يَنفَعُ ٱلصَّٰدِقِينَ صِدۡقُهُمۡۚ لَهُمۡ جَنَّٰتٌ تَجۡرِي مِن تَحۡتِهَا ٱلۡأَنۡهَٰرُ خَٰلِدِينَ فِيهَآ أَبَدًاۖ رَّضِيَ ٱللَّهُ عَنۡهُمۡ وَرَضُواْ عَنۡهُۚ ذَٰلِكَ ٱلۡفَوۡزُ ٱلۡعَظِيمُ ١١٩အလ္လာဟ်အရှင်မြတ်သည် (ဤသို့)ပြောဆို မိန့်ကြားတော်မူမည်-* ယနေ့၌မူ မှန်ကန်သူများ*အတွက် သူတို့၏မှန်ကန်မှုသည် အကျိုးပေးသောနေ့ပင်ဖြစ်သည်။ သူတို့အတွက် အကြင်ဥယျာဉ်များရှိမည်။ ထိုဥယျာဉ်များ၏အောက်မှ စမ်းရေချောင်းများ စီးဆင်းနေကြမည်။ သူတို့သည် ထိုဥယျာဉ်များထဲ၌ အမြဲနေကြမည်။ အလ္လာဟ်အရှင်မြတ်သည် သူတို့အား ကျေနပ်တော်မူပြီးဖြစ်တော်မူသည်။ သူတို့ကလည်း အရှင်မြတ်အား ကျေနပ်ပြီးဖြစ်ကြသည်။ ဤသည် ကြီးကျယ်သော အောင်မြင်မှုဖြစ်သည်။ لِلَّهِ مُلۡكُ ٱلسَّمَٰوَٰتِ وَٱلۡأَرۡضِ وَمَا فِيهِنَّۚ وَهُوَ عَلَىٰ كُلِّ شَيۡءٍ قَدِيرُۢ ١٢٠ကောင်းကင်များနှင့် ပထဝီမြေအပြင် ထိုအရာများထဲ၌ရှိသမျှအရာများ၏ အုပ်ချုပ်မှုအာဏာသည် အလ္လာဟ်အရှင်မြတ်သာ စိုးပိုင်တော်မူသည်။* ထို့ပြင် အရှင်မြတ်သည် အရာအားလုံးအပေါ် အလွန်စွမ်းနိုင်တော်မူသော အရှင်မြတ်ပင် ဖြစ်တော်မူသည်။