بِسۡمِ ٱللَّهِ ٱلرَّحۡمَٰنِ ٱلرَّحِيمِ
الٓمٓ ١အလိဖ် လာမ် မီမ်။ أَحَسِبَ ٱلنَّاسُ أَن يُتۡرَكُوٓاْ أَن يَقُولُوٓاْ ءَامَنَّا وَهُمۡ لَا يُفۡتَنُونَ ٢လူများသည် သူတို့က “ကျွန်ုပ်တို့သည် အီမာန်ယုံကြည်ခဲ့ကြပြီဖြစ်ပါသည်“ဟု ပြောကြသည့်အတွက် သူတို့သည် စမ်းသပ်ခြင်းမခံကြရဘဲလျက် လွှတ်ထားခြင်း ခံကြရမည်ဟု ထင်မှတ်ကြသလော။ وَلَقَدۡ فَتَنَّا ٱلَّذِينَ مِن قَبۡلِهِمۡۖ فَلَيَعۡلَمَنَّ ٱللَّهُ ٱلَّذِينَ صَدَقُواْ وَلَيَعۡلَمَنَّ ٱلۡكَٰذِبِينَ ٣ထို့ပြင် အမှန်စင်စစ် ငါအရှင်မြတ်သည် သူတို့မတိုင်မီက သူများကိုလည်း စမ်းသပ်တော်မူခဲ့သည်။* သို့ဖြစ်ရာ အမှန်ပင် အလ္လာဟ်အရှင်မြတ်သည် မှန်ကန်စွာ ပြောဆိုကြသောသူများကို ပေါ်လွင်ထင်ရှား သိသာစေနိုင်အောင် ပြုလုပ်တော်မူမည်ဖြစ်သည်။ ထို့ပြင် အမှန်ပင် ထိုအရှင်မြတ်သည် မုသားလိမ်လည်သူများကိုလည်း ခွဲခြားသိမြင်နိုင်အောင် ပြုလုပ်တော်မူမည်ဖြစ်သည်။ أَمۡ حَسِبَ ٱلَّذِينَ يَعۡمَلُونَ ٱلسَّيِّـَٔاتِ أَن يَسۡبِقُونَاۚ سَآءَ مَا يَحۡكُمُونَ ٤သို့မဟုတ် မကောင်းမှုကျူးလွန်သူများသည် သူတို့အနေနှင့် ငါအရှင်မြတ်(၏ဖမ်းဆီးခြင်း)မှ ထွက်ပြေးလွတ်မြောက်သွားကြမည်ဟု ထင်မှတ်ကြသလော။ သူတို့၏အဆုံးအဖြတ်သည် အလွန်ဆိုုးရွားလှသည်။ مَن كَانَ يَرۡجُواْ لِقَآءَ ٱللَّهِ فَإِنَّ أَجَلَ ٱللَّهِ لَأٓتٍۚ وَهُوَ ٱلسَّمِيعُ ٱلۡعَلِيمُ ٥မည်သူမဆို အလ္လာဟ်အရှင်မြတ်နှင့် တွေ့ဆုံရန် မျှော်လင့်လျှင် အမှန်စင်စစ် အလ္လာဟ်အရှင်မြတ်သတ်မှတ်ထားသော အချိန်ကာလသည် အမှန်ပင် ဆိုက်ရောက်လာမည် ဖြစ်သည်။ ထို့ပြင် အရှင်မြတ်သည် အကြွင်းမဲ့ကြားတော်မူသောအရှင်၊ အကြွင်းမဲ့သိတော်မူသောအရှင် ဖြစ်တော်မူသည်။ وَمَن جَٰهَدَ فَإِنَّمَا يُجَٰهِدُ لِنَفۡسِهِۦٓۚ إِنَّ ٱللَّهَ لَغَنِيٌّ عَنِ ٱلۡعَٰلَمِينَ ٦ထို့ပြင် မည်သူမဆို ကြိုးစားအားထုတ်ခဲ့လျှင် ထိုသူသည် သူ့အတွက် ကြိုးစားအားထုတ်နေခြင်းသာဖြစ်သည်။ အမှန်စင်စစ် အလ္လာဟ်အရှင်မြတ်သည် စကြဝဠာအားလုံးမှ မုချ လိုလားတောင့်တခြင်းကင်း၍ ပြည့်စုံကြွယ်ဝတော်မူသော အရှင်မြတ်ပင်ဖြစ်တော်မူသည်။ وَٱلَّذِينَ ءَامَنُواْ وَعَمِلُواْ ٱلصَّٰلِحَٰتِ لَنُكَفِّرَنَّ عَنۡهُمۡ سَيِّـَٔاتِهِمۡ وَلَنَجۡزِيَنَّهُمۡ أَحۡسَنَ ٱلَّذِي كَانُواْ يَعۡمَلُونَ ٧ထို့ပြင် အကြင်သူများသည် အီမာန်ယုံကြည်ကြ၍ ကောင်းမြတ်သောလုပ်ရပ်များကို ပြုလုပ်ကြလျှင် အမှန်စင်စစ် ငါအရှင်မြတ်သည် သူတို့၏မကောင်းမှုများကို သူတို့ထံမှ ပပျောက်စေတော်မူမည်။ ထို့ပြင် အမှန်စင်စစ် ငါအရှင်မြတ်သည် သူတို့ကို သူတို့ပြုလုပ်ခဲ့ကြသည်များထက် အကောင်းဆုံးအစားကို ပေးသနားတော်မူမည်။ وَوَصَّيۡنَا ٱلۡإِنسَٰنَ بِوَٰلِدَيۡهِ حُسۡنًاۖ وَإِن جَٰهَدَاكَ لِتُشۡرِكَ بِي مَا لَيۡسَ لَكَ بِهِۦ عِلۡمٌ فَلَا تُطِعۡهُمَآۚ إِلَيَّ مَرۡجِعُكُمۡ فَأُنَبِّئُكُم بِمَا كُنتُمۡ تَعۡمَلُونَ ٨ထို့ပြင် ငါအရှင်မြတ်သည် လူသားအား(ညွှန်ကြားတော်မူသည်၊) အသင်သည် အသင်၏မိဘနှစ်ပါးအား ကောင်းမွန်စွာ ပြုစုရမည်။ ထို့ပြင် အကယ်၍ အသင်မသိသည့်အရာနှင့်ပတ်သက်၍ အသင့်အား ငါအရှင်မြတ်နှင့်ကိုးကွယ်ရန် ထိုမိဘနှစ်ပါးက ကြိုးစားအားထုတ်ခဲ့ကြလျှင် အသင်သည် သူတို့၏(ထို)စကားကို မလိုက်နာနှင့်။* အသင်တို့အားလုံးသည် ငါအရှင်မြတ်ထံတော်သို့ ပြန်လာကြရမည်ဖြစ်သည်။ ထို့ပြင် ငါအရှင်မြတ်သည် အသင်တို့ကို အသင်တို့ပြုလုပ်ခဲ့ကြသော လုပ်ရပ်များနှင့်ပတ်သက်၍ အသိပေးတော်မူမည်။ وَٱلَّذِينَ ءَامَنُواْ وَعَمِلُواْ ٱلصَّٰلِحَٰتِ لَنُدۡخِلَنَّهُمۡ فِي ٱلصَّٰلِحِينَ ٩ထို့ပြင် အီမာန်ယုံကြည်၍ ကောင်းမြတ်သည့်လုပ်ရပ်များကို ပြုလုပ်ခဲ့ကြသောသူများကို အမှန်စင်စစ် ငါအရှင်မြတ်သည် ကောင်းမြတ်သည့်သူများထဲတွင် ပါဝင်စေတော်မူမည်။ وَمِنَ ٱلنَّاسِ مَن يَقُولُ ءَامَنَّا بِٱللَّهِ فَإِذَآ أُوذِيَ فِي ٱللَّهِ جَعَلَ فِتۡنَةَ ٱلنَّاسِ كَعَذَابِ ٱللَّهِۖ وَلَئِن جَآءَ نَصۡرٌ مِّن رَّبِّكَ لَيَقُولُنَّ إِنَّا كُنَّا مَعَكُمۡۚ أَوَلَيۡسَ ٱللَّهُ بِأَعۡلَمَ بِمَا فِي صُدُورِ ٱلۡعَٰلَمِينَ ١٠ထို့ပြင် လူများထဲတွင် “ကျွန်ုပ်တို့သည် အလ္လာဟ်အရှင်မြတ်အား ယုံကြည်ခဲ့ကြပါပြီ“ဟု ပြောဆိုသူများလည်း ရှိကြသည်။ ထို့နောက် သူတို့သည် အလ္လာဟ်အရှင်မြတ်နှင့်ပတ်သက်၍ ဒုက္ခပေးခြင်းကိုခံခဲ့ကြရသည့်အခါ သူတို့က လူများ၏ဒုက္ခပေးခြင်းကို အလ္လာဟ်အရှင်မြတ်၏ပြစ်ဒဏ်ကဲ့သို့ မှတ်ယူကြသည်။ ထို့ပြင် အကယ်၍ အသင့်အား ဖန်ဆင်းမွေးမြူတော်မူသော အရှင်မြတ်ထံတော်မှ အကူအညီတစ်စုံတစ်ခု ရောက်လာခဲလျှင် သူတို့က “ကျွန်ုပ်တို့သည်လည်း အမှန်ပင် အသင်တို့နှင့်အတူ ရှိခဲ့ကြသည်“ဟု အမှန်ပင် ပြောဆိုကြသည်။ အလ္လာဟ်အရှင်မြတ်သည် စကြဝဠာအားလုံး(တွင်ရှိသည့်လူများ)၏ စိတ်နှလုံးများထဲတွင်ရှိသည်များကို အသိဆုံးအရှင်ပင် မဟုတ်လော။ وَلَيَعۡلَمَنَّ ٱللَّهُ ٱلَّذِينَ ءَامَنُواْ وَلَيَعۡلَمَنَّ ٱلۡمُنَٰفِقِينَ ١١ထို့ပြင် အမှန်စင်စစ် အလ္လာဟ်အရှင်မြတ်သည် အီမာန်ယုံကြည်သူများကို သိသာထင်ရှားအောင် ပြုလုပ်တော်မူမည်။ ထို့ပြင် အမှန်စင်စစ် အရှင်မြတ်သည် မုနာဖိက် အယောင်ဆောင်များကိုလည်း သိသာထင်ရှားအောင် ပြုလုပ်တော်မူမည်ဖြစ်သည်။ وَقَالَ ٱلَّذِينَ كَفَرُواْ لِلَّذِينَ ءَامَنُواْ ٱتَّبِعُواْ سَبِيلَنَا وَلۡنَحۡمِلۡ خَطَٰيَٰكُمۡ وَمَا هُم بِحَٰمِلِينَ مِنۡ خَطَٰيَٰهُم مِّن شَيۡءٍۖ إِنَّهُمۡ لَكَٰذِبُونَ ١٢ထို့ပြင် ကာဖိရ်များက အီမာန်ယုံကြည်သူများအား “အသင်တို့သည် ကျွန်ုပ်တို့၏လမ်းစဉ်ကို လိုက်နာကြပါ၊ ထို့ပြင် ကျွန်ုပ်တို့သည် အသင်တို့၏အပြစ်များကို ထမ်းရွက်ကြမည်“*ဟု ပြောဆိုကြသည်။ ထို့ပြင် သူတို့သည် ထိုယုံကြည်သူများ၏ အပြစ်များထဲမှ အနည်းငယ်မျှပင် ထမ်းရွက်နိုင်ကြမည့်သူများ မဟုတ်ပေ။ အမှန်စင်စစ် သူတို့သည် လိမ်ပြောသူများပင်ဖြစ်ကြသည်။ وَلَيَحۡمِلُنَّ أَثۡقَالَهُمۡ وَأَثۡقَالًا مَّعَ أَثۡقَالِهِمۡۖ وَلَيُسۡـَٔلُنَّ يَوۡمَ ٱلۡقِيَٰمَةِ عَمَّا كَانُواْ يَفۡتَرُونَ ١٣ထို့ပြင် အမှန်စင်စစ် သူတို့သည် သူတို့၏(အကုသိုလ်)ဝန်ထုပ်များအပြင် သူတို့၏(အကုသိုလ်)ဝန်ထုပ်များနှင့်အတူ အခြား(အကုသိုလ်)ဝန်ထုပ်များကိုလည်း* ထမ်းပိုးကြရမည်ဖြစ်သည်။ ထို့ပြင် အမှန်စင်စစ် သူတို့သည် ကိယာမသ်ရှင်ပြန်ထမည့်နေ့တွင် သူတို့ လုပ်ကြံဖန်တီးထားသည့်အရာများနှင့်ပတ်သက်၍ စစ်ဆေးမေးမြန်းခြင်းကိုလည်း ခံကြရဦးမည်ဖြစ်သည်။ وَلَقَدۡ أَرۡسَلۡنَا نُوحًا إِلَىٰ قَوۡمِهِۦ فَلَبِثَ فِيهِمۡ أَلۡفَ سَنَةٍ إِلَّا خَمۡسِينَ عَامًا فَأَخَذَهُمُ ٱلطُّوفَانُ وَهُمۡ ظَٰلِمُونَ ١٤ထို့ပြင် အမှန်စင်စစ် ငါအရှင်မြတ်သည် (တမန်တော်)နူးဟ်ကို ၎င်း၏အမျိုးသားများထံသို့ စေလွှတ်တော်မူခဲ့သည့်အတွက် ၎င်းသည် သူတို့ထဲတွင် နှစ်ပေါင်းကိုးရာ့ငါးဆယ်နေထိုင်ခဲ့သည်။ ထို့နောက် ရေလွှမ်းမိုးမှု(ပြစ်ဒဏ်)သည် ထိုအမျိုးသားများအား သူတို့သည် မတရားကျူးလွန်သူများ ဖြစ်ကြလျက်ရှိစဉ် ဖမ်းဆီးကွပ်မျက်ခဲ့သည်။ فَأَنجَيۡنَٰهُ وَأَصۡحَٰبَ ٱلسَّفِينَةِ وَجَعَلۡنَٰهَآ ءَايَةً لِّلۡعَٰلَمِينَ ١٥ထို့နောက် ငါအရှင်မြတ်သည် ၎င်း(တမန်တော်နူးဟ်)ကိုလည်းကောင်း၊ သဘေင်္ာပေါ်တွင် ပါရှိသူများကိုလည်းကောင်း ကယ်တင်တော်မူခဲ့သည်။ ထို့ပြင် ငါအရှင်မြတ်သည် ထိုသဘေင်္ာကို စကြဝဠာအားလုံး(၌ရှိသမျှသူများ)အတွက် သက်သေသာဓကတစ်ခုအဖြစ် ပြုလုပ်တော်မူခဲ့သည်။ وَإِبۡرَٰهِيمَ إِذۡ قَالَ لِقَوۡمِهِ ٱعۡبُدُواْ ٱللَّهَ وَٱتَّقُوهُۖ ذَٰلِكُمۡ خَيۡرٌ لَّكُمۡ إِن كُنتُمۡ تَعۡلَمُونَ ١٦ထို့ပြင် (တမန်တော်)အိဗ်ရာဟီမ်ကို(လည်း စေလွှတ်တော်မူခဲ့သည်)။ တစ်ခါက ၎င်းသည် ၎င်း၏အမျိုးသားများကို (ဤသို့)ပြောဆိုခဲ့သည်- “အသင်တို့သည် အလ္လာဟ်အရှင်မြတ်ကို ကိုးကွယ်ကြပါ။ ထို့ပြင် အသင်တို့သည် အရှင်မြတ်အား ကြောက်ရွံ့ကြပါ။ အကယ်၍ အသင်တို့သည် သိရှိနားလည်ကြမည်ဆိုလျှင် ဤ(အီမာန်ယုံကြည်ခြင်း)သည် အသင်တို့အတွက် အကောင်းဆုံးပင်ဖြစ်သည်။ إِنَّمَا تَعۡبُدُونَ مِن دُونِ ٱللَّهِ أَوۡثَٰنًا وَتَخۡلُقُونَ إِفۡكًاۚ إِنَّ ٱلَّذِينَ تَعۡبُدُونَ مِن دُونِ ٱللَّهِ لَا يَمۡلِكُونَ لَكُمۡ رِزۡقًا فَٱبۡتَغُواْ عِندَ ٱللَّهِ ٱلرِّزۡقَ وَٱعۡبُدُوهُ وَٱشۡكُرُواْ لَهُۥٓۖ إِلَيۡهِ تُرۡجَعُونَ ١٧အသင်တို့သည် အလ္လာဟ်အရှင်မြတ်အား အံတုပြီး ရုပ်တုများကို ကိုးကွယ်ကြသည်။ ထို့ပြင် အသင်တို့သည် မုသားကို လုပ်ကြံဖန်တီးကြသည်။ အမှန်စင်စစ် အလ္လာဟ်အရှင်မြတ်အား အံတုပြီး အသင်တို့ ကိုးကွယ်ကြသည့်အရာများသည် အသင်တို့၏စားနပ်ရိက္ခာကို လုံးဝ ပိုင်ဆိုင်ကြသည်မဟုတ်ပေ။ သို့ဖြစ်ရာ အသင်တို့သည် စားနပ်ရိက္ခာကို အလ္လာဟ်အရှင်မြတ်ထံတော်တွင် ရှာဖွေ(တောင်းခံ)ကြပါ။ ထို့ပြင် အသင်တို့သည် အရှင်မြတ်ကိုသာ ကိုးကွယ်ကြပါ။ ထို့ပြင် အသင်တို့သည် အရှင်မြတ်၏ကျေးဇူးတော်ကို သိတတ်ကြပါ။ အသင်တို့အားလုံးသည် အရှင်မြတ်ထံတော်သို့ပင် ပြန်သွားကြရမည်ဖြစ်သည်။ وَإِن تُكَذِّبُواْ فَقَدۡ كَذَّبَ أُمَمٌ مِّن قَبۡلِكُمۡۖ وَمَا عَلَى ٱلرَّسُولِ إِلَّا ٱلۡبَلَٰغُ ٱلۡمُبِينُ ١٨ထို့ပြင် အကယ်၍ အသင်တို့သည် (တမန်တော်ကို) မဟုတ်မမှန်ဟု စွပ်စွဲငြင်းပယ်ကြလျှင် (အသင်တို့ ငြင်းပယ်သောကြောင့် တမန်တော်တွင် မည်သည့်လျော့နည်းမှုမှ မဖြစ်ပေ။) အမှန်စင်စစ် အသင်တို့မတိုင်မီက အုပ်စုများသည်လည်း မဟုတ်မမှန်ဟူ၍ပင် စွပ်စွဲငြင်းပယ်ခဲ့ကြသည်သာဖြစ်သည်။ ထို့ပြင် တမန်တော်အပေါ်တွင် (အရှင်မြတ်၏အမိန့်တော်များကို လူသားများထံ) ရှင်းလင်းထင်ရှားစွာ ပို့ချပေးရန်သာ တာဝန်ရှိသည်။ أَوَلَمۡ يَرَوۡاْ كَيۡفَ يُبۡدِئُ ٱللَّهُ ٱلۡخَلۡقَ ثُمَّ يُعِيدُهُۥٓۚ إِنَّ ذَٰلِكَ عَلَى ٱللَّهِ يَسِيرٌ ١٩အလ္လာဟ်အရှင်မြတ်သည် အဖန်ဆင်းခံများအား မည်သို့ စတင်ဖန်ဆင်းတော်မူခဲ့သည်ကို သူတို့သည် စဉ်းစားမကြည့်ကြသလော။ ထို့နောက် အရှင်မြတ်သည်ပင် ထိုအဖန်ဆင်းခံများအား ပြန်လည် ဖန်ဆင်းတော်မူမည်ဖြစ်သည်။ အမှန်စင်စစ် ဤသည် အလ္လာဟ်အရှင်မြတ်အတွက် လွယ်ကူလှသည်။ قُلۡ سِيرُواْ فِي ٱلۡأَرۡضِ فَٱنظُرُواْ كَيۡفَ بَدَأَ ٱلۡخَلۡقَۚ ثُمَّ ٱللَّهُ يُنشِئُ ٱلنَّشۡأَةَ ٱلۡأٓخِرَةَۚ إِنَّ ٱللَّهَ عَلَىٰ كُلِّ شَيۡءٍ قَدِيرٌ ٢٠(အို- တမန်တော်)အသင်ပြောလိုက်ပါ- အသင်တို့သည် ကမာ္ဘမြေတွင် လှည့်လည်သွားလာ၍ အရှင်မြတ်သည် အဖန်ဆင်းခံများအား မည်သို့ စတင်ဖန်ဆင်းတော်မူခဲ့သနည်းဆိုသည်ကို ကြည်ရှုလေ့လာကြပါ။ ထို့နောက် အလ္လာဟ်အရှင်မြတ်သည် နောက်တစ်ကြိမ် ထပ်မံ၍ ဖန်ဆင်းတော်မူမည်။ အမှန်စင်စစ် အလ္လာဟ်အရှင်မြတ်သည် အရာအားလုံးအပေါ်တွင် အလွန်စွမ်းဆောင်နိုင်တော်မူသော အရှင်မြတ်ပင် ဖြစ်တော်မူသည်။ يُعَذِّبُ مَن يَشَآءُ وَيَرۡحَمُ مَن يَشَآءُۖ وَإِلَيۡهِ تُقۡلَبُونَ ٢١အရှင်မြတ်သည် အရှင်မြတ်အလိုရှိတော်မူသောသူကို ပြစ်ဒဏ်ပေးတော်မူမည်။ ထို့ပြင် အရှင်မြတ်အလိုရှိတော်မူသောသူကို သနားကြင်နာတော်မူမည်။* ထို့ပြင် အသင်တို့အားလုံးသည် အရှင်မြတ်ထံတော်သို့ပင် ပြန်သွားကြရမည်ဖြစ်သည်။ وَمَآ أَنتُم بِمُعۡجِزِينَ فِي ٱلۡأَرۡضِ وَلَا فِي ٱلسَّمَآءِۖ وَمَا لَكُم مِّن دُونِ ٱللَّهِ مِن وَلِيٍّ وَلَا نَصِيرٍ ٢٢ထို့ပြင် အသင်တို့သည် ကမာ္ဘမြေနှင့် မိုးကောင်းကင်တွင် (အရှင်မြတ်၏ပြစ်ဒဏ်ပေးခြင်းမှ) လွတ်ကင်းအောင် စွမ်းဆောင်နိုင်ကြသည် မဟုတ်ပေ။ ထို့ပြင် အသင်တို့အတွက် အလ္လာဟ်အရှင်မြတ်မှလွဲ၍ ကိစ္စဟူသမျှကို ပြီးစီးအောင်(ပဲ့ကိုင်)ပြုလုပ်ပေးမည့်သူနှင့် ကူညီမည့်သူ မည်သူမှ မရှိပေ။ وَٱلَّذِينَ كَفَرُواْ بِـَٔايَٰتِ ٱللَّهِ وَلِقَآئِهِۦٓ أُوْلَٰٓئِكَ يَئِسُواْ مِن رَّحۡمَتِي وَأُوْلَٰٓئِكَ لَهُمۡ عَذَابٌ أَلِيمٌ ٢٣ထို့ပြင် အလ္လာဟ်အရှင်မြတ်၏အာယသ်တော်များနှင့် အရှင်မြတ်၏တွေ့ဆုံမှုကို ငြင်းပယ်ခဲ့ကြသည့်သူများသာ ငါအရှင်မြတ်၏ ကရုဏာတော်မှ မျှော်လင့်ချက်ကင်းမဲ့ကြသည်။ ထို့ပြင် ထိုသူများအတွက်ပင် အလွန်နာကျင်စေသည့်ပြစ်ဒဏ်ရှိသည်။ فَمَا كَانَ جَوَابَ قَوۡمِهِۦٓ إِلَّآ أَن قَالُواْ ٱقۡتُلُوهُ أَوۡ حَرِّقُوهُ فَأَنجَىٰهُ ٱللَّهُ مِنَ ٱلنَّارِۚ إِنَّ فِي ذَٰلِكَ لَأٓيَٰتٍ لِّقَوۡمٍ يُؤۡمِنُونَ ٢٤ထို့နောက် ၎င်း(တမန်တော်အိဗ်ရာဟီမ်)၏အမျိုးသားများတွင် “အသင်တို့သည် ၎င်းအား သတ်ပစ်ကြပါ၊ သို့မဟုတ် အသင်တို့သည် ၎င်းအား မီးတင်ရှို့ကြပါ“ဟု (လှုံ့ဆော်)ပြောဆို ဖြေကြားသည်မှလွဲ၍ အခြား မည်သည့်အရာမျှ အဖြေမပေးနိုင်ခဲ့ကြပေ။ သို့ဖြစ်ရာ ငါအရှင်မြတ်သည် ၎င်းအား မီးဘေးမှ ကယ်တင်တော်မူခဲ့သည်။* အမှန်စင်စစ် ထို(ဖြစ်ရပ်)အထဲတွင် ယုံကြည်သည့်အမျိုးသားများအတွက် သက်သေသာဓကများရှိသည်။ وَقَالَ إِنَّمَا ٱتَّخَذۡتُم مِّن دُونِ ٱللَّهِ أَوۡثَٰنًا مَّوَدَّةَ بَيۡنِكُمۡ فِي ٱلۡحَيَوٰةِ ٱلدُّنۡيَاۖ ثُمَّ يَوۡمَ ٱلۡقِيَٰمَةِ يَكۡفُرُ بَعۡضُكُم بِبَعۡضٍ وَيَلۡعَنُ بَعۡضُكُم بَعۡضًا وَمَأۡوَىٰكُمُ ٱلنَّارُ وَمَا لَكُم مِّن نَّٰصِرِينَ ٢٥ထို့ပြင် ၎င်း(တမန်တော်အိဗ်ရာဟီမ်)က ပြောကြားခဲ့သည်။ အသင်တို့သည် ဤဘဝတွင် အသင်တို့အချင်းချင်း ချစ်ခင်ကြသည့်အတွက် အလ္လာဟ်အရှင်မြတ်ကိုစွန့်ပြီး ရုပ်တုများအား ရွေးချယ်ပြုလုပ်ကြခြင်းဖြစ်သည်။ ထို့နောက် ကိယာမသ်နေ့တွင်မူ အသင်တို့အချင်းချင်း အချို့ကအချို့ကို ငြင်းပယ်ကြမည်။ ထို့ပြင် အချင်းချင်း အချို့က အချို့ကို ကျိန်ဆဲကြမည်။ ထို့ပြင် ငရဲသည် အသင်တို့၏ခိုလှုံရာနေရာဌာနဖြစ်မည်။ ထို့ပြင် အသင်တို့အတွက် ကူညီမည့်သူလည်း မည်သူမျှ ရှိမည်မဟုတ်ပေ။ ۞ فَـَٔامَنَ لَهُۥ لُوطٌۘ وَقَالَ إِنِّي مُهَاجِرٌ إِلَىٰ رَبِّيٓۖ إِنَّهُۥ هُوَ ٱلۡعَزِيزُ ٱلۡحَكِيمُ ٢٦ထို့နောက် (တမန်တော်)လူသွ်သည် ၎င်း(တမန်တော်အိဗ်ရာဟီမ်)ကို ယုံကြည်ထောက်ခံခဲ့သည်။* ထို့ပြင် ၎င်း(တမန်တော်အိဗ်ရာဟီမ်)က “အမှန်စင်စစ် ငါသည် နဂိုနေရင်း အရပ်ဒေသကို စွန့်ခွာ၍ ငါ့အား ဖန်ဆင်းမွေးမြူတော်မူသော အရှင်မြတ်(ညွှန်ကြားပြသတော်မူသည့်ဘက်)သို့ ထွက်ခွာသွားမည်။ အမှန်စင်စစ် အရှင်မြတ်သည် တန်ခိုးတော်နှင့် အလွန်လွှမ်းမိုးတော်မူသောအရှင်၊ ပညာဉာဏ်အမြော်အမြင်နှင့် အလွန်ပြည့်စုံတော်မူသောအရှင် ဖြစ်တော်မူသည်ဟု ပြောဆိုခဲ့သည်။ وَوَهَبۡنَا لَهُۥٓ إِسۡحَٰقَ وَيَعۡقُوبَ وَجَعَلۡنَا فِي ذُرِّيَّتِهِ ٱلنُّبُوَّةَ وَٱلۡكِتَٰبَ وَءَاتَيۡنَٰهُ أَجۡرَهُۥ فِي ٱلدُّنۡيَاۖ وَإِنَّهُۥ فِي ٱلۡأٓخِرَةِ لَمِنَ ٱلصَّٰلِحِينَ ٢٧ထို့ပြင် ငါအရှင်မြတ်သည် ၎င်းအား(သားတော်)အစ္စဟာက်နှင့် (မြေးတော်)ယအ်ကူဗ်ကို ပေးသနားတော်မူခဲ့သည်။ ထို့ပြင် ငါအရှင်မြတ်သည် တမန်တော်ဖြစ်ခြင်းနှင့် ကျမ်းဂန်ကို ၎င်း၏သားမြေးများထဲတွင် တည်တံ့စေတော်မူခဲ့သည်။ ထို့ပြင် ငါအရှင်မြတ်သည် ၎င်း(တမန်တော်အိဗ်ရာဟီမ်)အား ၎င်း၏အကျိုးကို ဤဘဝတွင်လည်းပေးသနားတော်မူခဲ့သည်။ ထို့ပြင် အမှန်ပင် ၎င်းသည် တမလွန်ဘဝတွင်လည်း ကောင်းမြတ်သည့်သူများထဲမှ ဖြစ်လိမ့်မည်။ وَلُوطًا إِذۡ قَالَ لِقَوۡمِهِۦٓ إِنَّكُمۡ لَتَأۡتُونَ ٱلۡفَٰحِشَةَ مَا سَبَقَكُم بِهَا مِنۡ أَحَدٍ مِّنَ ٱلۡعَٰلَمِينَ ٢٨ထို့ပြင် (တမန်တော်)လူသွ်ကို(လည်း စေလွှတ်တော်မူခဲ့သည်)။ တစ်ခါက ၎င်း(တမန်တော်လူသွ်)သည် မိမိ၏အမျိုးသားများကို (ဤသို့)ပြောကြားခဲ့သည်- အမှန်စင်စစ် အသင်တို့သည် စကြဝဠာအားလုံးထဲတွင် အသင်တို့မတိုင်မီ မည်သူမျှ ကျူးလွန်ခဲ့ခြင်းမရှိသော အလွန် စက်ဆုပ်ရွံရှာဖွယ်ရာအမှုကို ကျူးလွန်ကြခြင်းဖြစ်သည်။ أَئِنَّكُمۡ لَتَأۡتُونَ ٱلرِّجَالَ وَتَقۡطَعُونَ ٱلسَّبِيلَ وَتَأۡتُونَ فِي نَادِيكُمُ ٱلۡمُنكَرَۖ فَمَا كَانَ جَوَابَ قَوۡمِهِۦٓ إِلَّآ أَن قَالُواْ ٱئۡتِنَا بِعَذَابِ ٱللَّهِ إِن كُنتَ مِنَ ٱلصَّٰدِقِينَ ٢٩အမှန်စင်စစ် အသင်တို့သည် ယောက်ျားများထံသို့ (ကာမဂုဏ်ခံစားရန်)လာကြသလော။* ထို့ပြင် အသင်တို့သည် လမ်းတွင် လုယက်တိုက်ခိုက်ကြသလော။ ထို့ပြင် အသင်တို့သည် အသင်တို့ အသိုင်းအဝိုင်းတွင် စက်ဆုပ်ရွံရှာဖွယ်ကိစ္စများကို ကျူးလွန်ကြသလော(ဟု မေးမြန်းပြောဆိုသည်)။* ထို့နောက် ၎င်း၏အမျိုးသားများက “အကယ်၍ အသင်သည် မှန်ကန်သည့်သူတစ်ဦးဖြစ်လျှင် ကျွန်ုပ်တို့ထံသို့ အလ္လာဟ်အရှင်မြတ်၏အပြစ်ဒဏ်ကို ယူဆောင်လာခဲ့ပါ“ဟု ပြောဆိုသည်မှလွဲ၍ အခြား အဖြေမရှိခဲ့ပေ။ قَالَ رَبِّ ٱنصُرۡنِي عَلَى ٱلۡقَوۡمِ ٱلۡمُفۡسِدِينَ ٣٠၎င်းက “အို- ကျွန်ုပ်အား ဖန်ဆင်းမွေးမြူတော်မူသောအရှင်၊ အရှင်မြတ်သည် ကျွန်ုပ်ကို ဖျက်ဆီးမှုပြုသည့်အမျိုးသားများအပေါ်တွင် အောင်နိုင်မှုကို ပေးသနားတော်မူပါ“ဟု ပြောဆို လျှောက်ထားပန်ကြားခဲ့သည်။ وَلَمَّا جَآءَتۡ رُسُلُنَآ إِبۡرَٰهِيمَ بِٱلۡبُشۡرَىٰ قَالُوٓاْ إِنَّا مُهۡلِكُوٓاْ أَهۡلِ هَٰذِهِ ٱلۡقَرۡيَةِۖ إِنَّ أَهۡلَهَا كَانُواْ ظَٰلِمِينَ ٣١ထို့ပြင် ငါအရှင်မြတ်၏(ကောင်းကင်)စေတမန်များသည် ဝမ်းမြောက်ဖွယ်သတင်းကို (တမန်တော်)အိဗ်ရာဟီမ်ထံသို့ ယူဆောင်လာကြသည့်အခါ၊ သူတို့က “အမှန်ပင် ကျွန်ုပ်တို့သည် ဤမြို့ရွာသားများအား ဖျက်ဆီးပစ်မည့်သူများဖြစ်သည်။ အမှန်စင်စစ် ထိုမြို့ရွာ၌ နေထိုင်သူများသည် ပြစ်မှုကျူးလွန်သူများဖြစ်ကြသည်“ဟု ပြောဆိုခဲ့ကြသည်။ قَالَ إِنَّ فِيهَا لُوطًاۚ قَالُواْ نَحۡنُ أَعۡلَمُ بِمَن فِيهَاۖ لَنُنَجِّيَنَّهُۥ وَأَهۡلَهُۥٓ إِلَّا ٱمۡرَأَتَهُۥ كَانَتۡ مِنَ ٱلۡغَٰبِرِينَ ٣٢၎င်းက ပြောဆိုသည်- အမှန်စင်စစ် ထိုအထဲတွင် (တမန်တော်)လူသွ်ရှိနေသည်။ (ကောင်းကင်)စေတမန်များက ပြောဆိုကြသည်- ထိုအထဲတွင် မည်သူရှိနေသည်ကို ကျွန်ုပ်တို့ ပိုသိကြသည်။ အမှန်ပင် ကျွန်ုပ်တို့သည် (ပြစ်ဒဏ်ခံရန်)ကျန်ရစ်သူများထဲတွင် အပါအဝင်ဖြစ်မည့် (တမန်တော်)လူသွ်၏ဇနီးမှလွဲ၍ ၎င်း၏အိမ်သူအိမ်သား(သက်ဆိုင်သူ)များကို ကယ်ဆယ်ကြမည်ဖြစ်သည်။ وَلَمَّآ أَن جَآءَتۡ رُسُلُنَا لُوطًا سِيٓءَ بِهِمۡ وَضَاقَ بِهِمۡ ذَرۡعًاۖ وَقَالُواْ لَا تَخَفۡ وَلَا تَحۡزَنۡ إِنَّا مُنَجُّوكَ وَأَهۡلَكَ إِلَّا ٱمۡرَأَتَكَ كَانَتۡ مِنَ ٱلۡغَٰبِرِينَ ٣٣ထို့ပြင် ငါအရှင်မြတ်၏စေတမန်များသည် (တမန်တော်)လူသွ်ထံသို့ရောက်လာသည့်အခါ ၎င်းသည် သူတို့ကြောင့် စိတ်ဒုက္ခရောက်ခဲ့ရသည့်အပြင် သူတို့နှင့်ပတ်သက်၍ စိတ်ကျဉ်းကျပ်မှုလည်းဖြစ်ခဲ့သည်။* ထို့ပြင် ၎င်း(ကောင်းကင်တမန်)တို့က ပြောကြသည်၊ အသင်သည် ကြောက်ရွံ့စိုးရိမ်မှု မဖြစ်ပါနှင့်၊ ပူဆွေးမှုလည်း မဖြစ်ပါနှင့်၊ အမှန်စင်စစ် ကျွန်ုပ်တို့သည် (ပြစ်ဒဏ်ခံစားရန်)ကျန်ရစ်ခဲ့ကြသူများထဲတွင် တစ်ဦးအပါအဝင်ဖြစ်သော အသင်၏ဇနီးမှလွဲ၍ အသင်နှင့် အသင်၏အိမ်သူအိမ်သားများကို ကယ်ဆယ်မည့်သူများ ဖြစ်ကြပါသည်။ إِنَّا مُنزِلُونَ عَلَىٰٓ أَهۡلِ هَٰذِهِ ٱلۡقَرۡيَةِ رِجۡزًا مِّنَ ٱلسَّمَآءِ بِمَا كَانُواْ يَفۡسُقُونَ ٣٤အမှန်စင်စစ် ကျွန်ုပ်တို့သည် ဤမြို့ရွာသားများအပေါ်တွင် သူတို့သည် (မကောင်းသောအကျင့်များ ကျူးလွန်၍) အမိန့်ဖီဆန်နေခဲ့သည့်အတွက်ကြောင့် မိုးကောင်းကင်မှ ပြစ်ဒဏ်တစ်မျိုးကို ချပေးမည့်သူများပင် ဖြစ်ကြသည်။ وَلَقَد تَّرَكۡنَا مِنۡهَآ ءَايَةَۢ بَيِّنَةً لِّقَوۡمٍ يَعۡقِلُونَ ٣٥ထို့နောက် အမှန်စင်စစ် ငါအရှင်မြတ်သည်သည် သိနားလည်သူများအတွက် ထိုမြ့ိုရွာမှ ထင်ရှားသော သက်သေလက္ခဏာတစ်ခုကို ချန်လှပ်ထားရှိတော်မူခဲ့သည်။ وَإِلَىٰ مَدۡيَنَ أَخَاهُمۡ شُعَيۡبًا فَقَالَ يَٰقَوۡمِ ٱعۡبُدُواْ ٱللَّهَ وَٱرۡجُواْ ٱلۡيَوۡمَ ٱلۡأٓخِرَ وَلَا تَعۡثَوۡاْ فِي ٱلۡأَرۡضِ مُفۡسِدِينَ ٣٦ထို့ပြင် မဒ်ယန်မြို့သားများထံသို့ သူတို့၏နောင်တော်(တမန်တော်)ရှုအိုင်ဗ်ကို (စေလွှတ်တော်မူခဲ့သည်)။ သို့ဖြစ်ရာ ၎င်းကပြောခဲ့သည်- အို- ငါ၏အမျိုးသားတို့၊ အသင်တို့သည် အလ္လာဟ်အရှင်မြတ်ကို ကိုးကွယ်ကြပါ။ ထို့ပြင် အသင်တို့သည် နောက်ဆုံးနေ့ကို ကြောက်ရွံ့ကြပါ။ ထို့ပြင် အသင်တို့သည် ဖျက်ဆီးသူများအဖြစ် တိုင်းပြည်တွင် (လှည့်လည်)သောင်းကျန်းမှု မပြုလုပ်ကြနှင့်။ فَكَذَّبُوهُ فَأَخَذَتۡهُمُ ٱلرَّجۡفَةُ فَأَصۡبَحُواْ فِي دَارِهِمۡ جَٰثِمِينَ ٣٧ထို့နောက် သူတို့သည် ၎င်း(တမန်တော်)ရှုအိုင်ဗ်အား မဟုတ်မမှန်ဟု စွပ်စွဲငြင်းပယ်ခဲ့ကြသည်။ သို့ဖြစ်ရာ မြေငလျင်သည် သူတု့ိအား ဖမ်းဆီးကွပ်မျက်ခဲ့သည့်အတွက် သူတို့သည် သူတို့၏နေအိမ်များတွင် မှောက်လျက်သား (သေကြေပျက်စီး)လဲကျနေသူများ ဖြစ်ခဲ့ကြသည်။ وَعَادًا وَثَمُودَاْ وَقَد تَّبَيَّنَ لَكُم مِّن مَّسَٰكِنِهِمۡۖ وَزَيَّنَ لَهُمُ ٱلشَّيۡطَٰنُ أَعۡمَٰلَهُمۡ فَصَدَّهُمۡ عَنِ ٱلسَّبِيلِ وَكَانُواْ مُسۡتَبۡصِرِينَ ٣٨ထို့ပြင် အာဒ်အမျိုးသားများနှင့် ဆမူဒ်အမျိုးသားများကိုလည်း (ဖမ်းဆီးကွပ်မျက်တော်မူခဲ့သည်)။ ထို့ပြင် အမှန်စင်စစ် အသင်တို့အတွက် သူတို့၏နေအိမ်များ(ကို ကြည့်ရှုလေ့လာခြင်းဖြင့် သူတို့ပြစ်ဒဏ်ပေးခြင်းခံခဲ့ရကြောင်း) ထင်ရှားခဲ့ပြီဖြစ်သည်။ ထို့ပြင် ရှိုင်သွာန်သည် သူတို့၏(ကုဖ်ရ်)လုပ်ရပ်များကို သူတို့၏အမြင်တွင် လှပတင့်တယ်အောင် ပြုလုပ်ပြီး သူတို့အား (အီမာန်တည်းဟူသော မှန်ကန်သည့်)လမ်းမှ တားဆီးပိတ်ပင်ခဲ့သည်။ ထို့ပြင် (အမှန်စင်စစ်) သူတို့သည် အမြင်ကျယ်သည့်သူများပင်ဖြစ်ခဲ့ကြသည်။ وَقَٰرُونَ وَفِرۡعَوۡنَ وَهَٰمَٰنَۖ وَلَقَدۡ جَآءَهُم مُّوسَىٰ بِٱلۡبَيِّنَٰتِ فَٱسۡتَكۡبَرُواْ فِي ٱلۡأَرۡضِ وَمَا كَانُواْ سَٰبِقِينَ ٣٩ထို့ပြင် ကာရူန်၊ ဖိရ်အောင်န်နှင့် ဟာမာန်တို့ကိုလည်း (ဖျက်ဆီးတော်မူခဲ့သည်)။ ထို့ပြင် အမှန်စင်စစ် (တမန်တော်)မူစာသည် သူတို့ထံသို့ ထင်ရှားသည့် သက်သေသာဓကများနှင့်တကွ ရောက်ရှိလာခဲ့သည်။ ထို့နောက်လည်း သူတို့သည် တိုင်းပြည်တွင် မာနထောင် ဆိုးသွမ်းခဲ့ကြသည်။ ထို့ပြင် သူတို့သည် (ငါအရှင်မြတ်၏ပြစ်ဒဏ်မှ) လွတ်မြောက်သွားနိုင်ကြသူများ မဖြစ်ခဲ့ကြပေ။ فَكُلًّا أَخَذۡنَا بِذَنۢبِهِۦۖ فَمِنۡهُم مَّنۡ أَرۡسَلۡنَا عَلَيۡهِ حَاصِبًا وَمِنۡهُم مَّنۡ أَخَذَتۡهُ ٱلصَّيۡحَةُ وَمِنۡهُم مَّنۡ خَسَفۡنَا بِهِ ٱلۡأَرۡضَ وَمِنۡهُم مَّنۡ أَغۡرَقۡنَاۚ وَمَا كَانَ ٱللَّهُ لِيَظۡلِمَهُمۡ وَلَٰكِن كَانُوٓاْ أَنفُسَهُمۡ يَظۡلِمُونَ ٤٠သို့ဖြစ်ရာ ငါအရှင်မြတ်သည် တစ်ဦးချင်းစီအား သူတို့၏အပြစ်ကြောင့် ဖမ်းဆီးကွပ်မျက်တော်မူခဲ့သည်။ ထို့ပြင် အချို့အား ငါအရှင်မြတ်သည် မြေမျိုစေတော်မူခဲ့သည်။ ထို့ပြင် အချို့အား ရေနစ်စေတော်မူခဲ့သည်။ ထို့ပြင် အလ္လာဟ်အရှင်မြတ်သည် သူတို့အား နှိပ်စက်တော်မမူခဲ့ပေ။ (အပြစ်ရှိသူအား အပြစ်ပေးခြင်းသည် အပြစ်မရှိသူအား ဆုလာဘ်ပေးခြင်းပင်ဖြစ်သည်။) သို့ရာတွင် သူတို့သည် သူတို့ကိုယ်သူတို့ နှိပ်စက်နေခဲ့ကြခြင်းဖြစ်သည်။ مَثَلُ ٱلَّذِينَ ٱتَّخَذُواْ مِن دُونِ ٱللَّهِ أَوۡلِيَآءَ كَمَثَلِ ٱلۡعَنكَبُوتِ ٱتَّخَذَتۡ بَيۡتًاۖ وَإِنَّ أَوۡهَنَ ٱلۡبُيُوتِ لَبَيۡتُ ٱلۡعَنكَبُوتِۚ لَوۡ كَانُواْ يَعۡلَمُونَ ٤١အလ္လာဟ်အရှင်မြတ်အားစွန့်ပြီး အခြားအရာကို အစစအရာရာ ပြုလုပ်ဆောင်ရွက်ပေးသော အုပ်ထိန်းသူအဖြစ် ပြုလုပ်ကြသည့်သူများ၏ဥပမာသည် အိမ်တစ်လုံးပြုလုပ်တည်ဆောက်ခဲ့သော ပင့်ကူကောင်နှင့်တူသည်။ ထို့ပြင် အမှန်စင်စစ် အချည့်နဲ့ဆုံးအိမ်သည် ပင့်ကူအိမ်ပင်ဖြစ်ကြောင်း သူတို့ သိရှိကြလျှင် ကောင်းလေစွ။ إِنَّ ٱللَّهَ يَعۡلَمُ مَا يَدۡعُونَ مِن دُونِهِۦ مِن شَيۡءٍۚ وَهُوَ ٱلۡعَزِيزُ ٱلۡحَكِيمُ ٤٢အမှန်စင်စစ် အလ္လာဟ်အရှင်မြတ်သည် အရှင်မြတ်ကိုစွန့်ပြီး သူတို့ ဟစ်ခေါ်ကြသော မည်သည့်အရာကိုမဆို သိရှိတော်မူသည်။ ထို့ပြင် အရှင်မြတ်သည် တန်ခိုးတော်နှင့် အလွန်လွှမ်းမိုးတော်မူသောအရှင်၊ ပညာဉာဏ်အမြော်အမြင်နှင့် အလွန်ပြည့်စုံတော်မူသောအရှင် ဖြစ်တော်မူသည်။ وَتِلۡكَ ٱلۡأَمۡثَٰلُ نَضۡرِبُهَا لِلنَّاسِۖ وَمَا يَعۡقِلُهَآ إِلَّا ٱلۡعَٰلِمُونَ ٤٣ငါအရှင်မြတ်သည် ဤဥပမာအား လူများအတွက် ခိုင်းနှိုင်းပြခြင်းဖြစ်သည်။ ထို့ပြင် အာလင်မ်ပညာရှင်များသာ ထိုဥပမာများအား သိနားလည်ကြသည်။ خَلَقَ ٱللَّهُ ٱلسَّمَٰوَٰتِ وَٱلۡأَرۡضَ بِٱلۡحَقِّۚ إِنَّ فِي ذَٰلِكَ لَأٓيَةً لِّلۡمُؤۡمِنِينَ ٤٤အလ္လာဟ်အရှင်မြတ်သည် မိုးကောင်းကင်များနှင့် မြေပထဝီကို တိကျမှန်ကန်မှုနှင့် ဖန်ဆင်းတော်မူခဲ့ခြင်းဖြစ်သည်။ အမှန်စင်စစ် ထိုအထဲတွင် အီမာန်ယုံကြည်သူများအတွက် သက်သေလက္ခဏာ အမှန်ပင်ရှိသည်။ ٱتۡلُ مَآ أُوحِيَ إِلَيۡكَ مِنَ ٱلۡكِتَٰبِ وَأَقِمِ ٱلصَّلَوٰةَۖ إِنَّ ٱلصَّلَوٰةَ تَنۡهَىٰ عَنِ ٱلۡفَحۡشَآءِ وَٱلۡمُنكَرِۗ وَلَذِكۡرُ ٱللَّهِ أَكۡبَرُۗ وَٱللَّهُ يَعۡلَمُ مَا تَصۡنَعُونَ ٤٥အသင်(တမန်တော်)သည် အသင်၏ထံသို့ ပို့ချခြင်းခံရသော ကျမ်းတော်မြတ်(ကုရ်အာန်)ကိုရွတ်ဖတ်ပါ။* ထို့ပြင် အသင်သည် စွလာသ်ဝတ်ပြုမှုကို ဆောက်တည်ပါ။ အမှန်စင်စစ် စွလာသ်ဝတ်ပြုမှုသည် အလွန်စက်ဆုပ်ဖွယ်ရာ အမှုကိစ္စများနှင့် မဖွယ်မရာ ညစ်ညမ်းသောကိစ္စများမှ ကာကွယ်မှုပြုပေးသည်။* ထို့ပြင် အမှန်စင်စစ် အလ္လာဟ်အရှင်မြတ်အား သတိရတသခြင်းသည် အကြီးကျယ်ဆုံး(အမြင့်မြတ်ဆုံး)ဖြစ်သည်။* ထို့ပြင် အလ္လာဟ်အရှင်မြတ်သည် အသင်တို့ ပြုလုပ်သမျှအား သိရှိတော်မူသည်။
۞ وَلَا تُجَٰدِلُوٓاْ أَهۡلَ ٱلۡكِتَٰبِ إِلَّا بِٱلَّتِي هِيَ أَحۡسَنُ إِلَّا ٱلَّذِينَ ظَلَمُواْ مِنۡهُمۡۖ وَقُولُوٓاْ ءَامَنَّا بِٱلَّذِيٓ أُنزِلَ إِلَيۡنَا وَأُنزِلَ إِلَيۡكُمۡ وَإِلَٰهُنَا وَإِلَٰهُكُمۡ وَٰحِدٌ وَنَحۡنُ لَهُۥ مُسۡلِمُونَ ٤٦ထို့ပြင် အသင်တို့သည် ကျမ်းဂန်ရရှိခဲ့ကြသည့်သူများကို (သောင်ဟီဒ်နှင့် ရိစာလသ်နှင့်ပတ်သက်သော ကွဲလွဲမှုကိစ္စများတွင်) ကောင်းမွန်(သိမ်မွေ့)သည့်နည်းဖြင့်သာ အပြန်အလှန် ပြောဆိုကြပါ။ သို့ရာတွင် သူတို့ထဲမှ မတရားသူများကိုမူ (ပြတ်သားစွာ ပြောဆိုနိုင်သည်)။ ထို့ပြင် အသင်တို့သည် (ဤသို့)ပြောဆိုကြပါ- “ကျွန်ုပ်တို့သည် ကျွန်ုပ်တို့ထံသို့ ကျရောက်ခဲ့သောကျမ်းနှင့် အသင်တို့ထံသို့ ကျရောက်ခဲ့သည့်ကျမ်းများကို ယုံကြည်ကြသည်။ ထို့ပြင် ကျွန်ုပ်တို့၏ကိုးကွယ်ထိုက်သည့်အရှင်နှင့် အသင်တို့၏ကိုးကွယ်ထိုက်သည့်အရှင်သည် တစ်ပါးတည်းပင်ဖြစ်တော်မူသည်။ ထို့ပြင် ကျွန်ုပ်တို့သည် ထိုအရှင်မြတ်၏အမိန့်တော်ကိုသာ လိုက်နာသူများဖြစ်ကြသည်။ وَكَذَٰلِكَ أَنزَلۡنَآ إِلَيۡكَ ٱلۡكِتَٰبَۚ فَٱلَّذِينَ ءَاتَيۡنَٰهُمُ ٱلۡكِتَٰبَ يُؤۡمِنُونَ بِهِۦۖ وَمِنۡ هَٰٓؤُلَآءِ مَن يُؤۡمِنُ بِهِۦۚ وَمَا يَجۡحَدُ بِـَٔايَٰتِنَآ إِلَّا ٱلۡكَٰفِرُونَ ٤٧ထို့ပြင် ထိုသို့ပင် ငါအရှင်မြတ်သည် အသင်တို့ထံသို့ ကျမ်းဂန်ချပေးတော်မူခဲ့သည်။ ထို့ပြင် ငါအရှင်မြတ်က ကျမ်းဂန်ချပေးတော်မူခဲ့သည့်သူများသည် ဤကျမ်းကိုလည်း ယုံကြည်ကြသည်။ ထို့ပြင် ဤသူ(မက္ကဟ်သား)များထဲမှလည်း ဤကျမ်းကို ယုံကြည်သူများရှိကြသည်။ ထို့ပြင် ငါအရှင်မြတ်၏အာယသ်တော်များအား ကာဖိရ်များသာ ငြင်းပယ်ကြသည်။ وَمَا كُنتَ تَتۡلُواْ مِن قَبۡلِهِۦ مِن كِتَٰبٍ وَلَا تَخُطُّهُۥ بِيَمِينِكَۖ إِذًا لَّٱرۡتَابَ ٱلۡمُبۡطِلُونَ ٤٨(အရှင်မြတ်က လူတိုင်း၏အသိဉာဏ်ဖြင့် စဉ်းစားပြီး သိရှိယုံကြည်နိုင်အောင် ထင်ရှားသော အထောက်အထားတစ်ခုကို ဖော်ပြလိုက်သည်။) ထို့ပြင် အသင်သည် ဤကျမ်းတော်မတိုင်မီက မည်သည့်ကျမ်းတော်ကိုမျှ ဖတ်ရွတ်ခဲ့သည်လည်း မရှိပေ။ မည်သည့်ကျမ်းကိုမျှ အသင်၏လက်ယာလက်ဖြင့် ရေးသားခဲ့သည်လည်း မရှိပေ။* ထိုသို့ဖြစ်လျှင် အမှားကိုလိုက်စားကြသည့်သူများသည် အမှန်ပင် သံသယဖြစ်ကြလိမ့်မည်။ بَلۡ هُوَ ءَايَٰتُۢ بَيِّنَٰتٌ فِي صُدُورِ ٱلَّذِينَ أُوتُواْ ٱلۡعِلۡمَۚ وَمَا يَجۡحَدُ بِـَٔايَٰتِنَآ إِلَّا ٱلظَّٰلِمُونَ ٤٩ထိုသို့မဟုတ်ပေ၊ အမှန်စင်စစ် ဤကျမ်းသည် အသိပညာကိုပေးခြင်းခံရသူများ၏စိတ်နှလုံးများတွင် အလွန်ထင်ရှားသော သက်သေလက္ခဏာများပင်ဖြစ်သည်။ ထို့ပြင် တရားမျှတမှုမရှိသူများသာ ငါအရှင်မြတ်၏အာယသ်တော်များကို ငြင်းပယ်ကြသည်။ وَقَالُواْ لَوۡلَآ أُنزِلَ عَلَيۡهِ ءَايَٰتٌ مِّن رَّبِّهِۦۚ قُلۡ إِنَّمَا ٱلۡأٓيَٰتُ عِندَ ٱللَّهِ وَإِنَّمَآ أَنَا۠ نَذِيرٌ مُّبِينٌ ٥٠ထို့ပြင် သူတို့က “အဘယ့်ကြောင့် ဤ(တမန်တော်)၏အပေါ်တွင် ၎င်းအား ဖန်ဆင်းမွေးမြူတော်မူသော အရှင်မြတ်ထံတော်မှ သက်သလက္ခဏာများ ကျရောက်မလာသနည်း“ဟု ပြောဆိုကြသည်။ (အို- တမန်တော်)အသင်ပြောလိုက်ပါ- သက်သေလက္ခဏာများသည် အလ္လာဟ်အရှင်မြတ်၏လက်တော်ထဲ၌ပင် ရှိသည်။ ထို့ပြင် ငါသည် ထင်ရှားစွာ သတိပေးနှိုးဆော်သူတစ်ဦးသာဖြစ်သည်။ أَوَلَمۡ يَكۡفِهِمۡ أَنَّآ أَنزَلۡنَا عَلَيۡكَ ٱلۡكِتَٰبَ يُتۡلَىٰ عَلَيۡهِمۡۚ إِنَّ فِي ذَٰلِكَ لَرَحۡمَةً وَذِكۡرَىٰ لِقَوۡمٍ يُؤۡمِنُونَ ٥١သူတို့ရှေ့၌ ဖတ်ကြားခြင်းခံရသော (ကုရ်အာန်)ကျမ်းတော်မြတ်ကို ငါအရှင်မြတ်သည် အသင်၏အပေါ်တွင် အမှန်စင်စစ် ချပေးတော်မူခဲ့ခြင်းသည် သူတို့အတွက် (သက်သေလက္ခဏာအဖြစ်)မလုံလောက်လေသလော။ ထိုအထဲတွင် ယုံကြည်သူများအတွက် ကရုဏာနှင့် ဆုံးမဩဝါဒ အမှန်ပင်ရှိသည်။ قُلۡ كَفَىٰ بِٱللَّهِ بَيۡنِي وَبَيۡنَكُمۡ شَهِيدًاۖ يَعۡلَمُ مَا فِي ٱلسَّمَٰوَٰتِ وَٱلۡأَرۡضِۗ وَٱلَّذِينَ ءَامَنُواْ بِٱلۡبَٰطِلِ وَكَفَرُواْ بِٱللَّهِ أُوْلَٰٓئِكَ هُمُ ٱلۡخَٰسِرُونَ ٥٢(အို- တမန်တော်)အသင်ပြောလိုက်ပါ- “အလ္လာဟ်အရှင်မြတ်သည် ငါနှင့် အသင်တို့၏ကြားတွင် သက်သေအဖြစ် လုံလောက်တော်မူသည်။ အရှင်မြတ်သည် မိုးကောင်းကင်များတွင်ရှိသမျှနှင့် မြေပထဝီတွင်ရှိသမျှကို သိရှိတော်မူသည်။ ထို့ပြင် အမှားကို ယုံကြည်လက်ခံပြီး အလ္လာဟ်အရှင်မြတ်အား ငြင်းပယ်ကြသောသူများမှာမူ သူတို့ပင် ဆုံးရှုံးပျက်စီးသည့်သူများ ဖြစ်ကြသည်။ وَيَسۡتَعۡجِلُونَكَ بِٱلۡعَذَابِ وَلَوۡلَآ أَجَلٌ مُّسَمًّى لَّجَآءَهُمُ ٱلۡعَذَابُۚ وَلَيَأۡتِيَنَّهُم بَغۡتَةً وَهُمۡ لَا يَشۡعُرُونَ ٥٣ထို့ပြင် သူတို့သည် ပြစ်ဒဏ်နှင့်ပတ်သက်၍ အသင့်ထံတွင် အလျင်စလို တောင်းဆိုကြသည်။ ထို့ပြင် အကယ်၍ အချိန်ကာလတစ်ခုသာ ပြဋ္ဌာန်းပြီးမဟုတ်ခဲ့လျှင် ပြစ်ဒဏ်သည် သူတို့ထံသို့ အမှန်ပင် ဆိုက်ရောက်ခဲ့ပြီးဖြစ်သည်။ ထို့ပြင် ထိုပြစ်ဒဏ်သည် အမှန်ပင် သူတို့ထံသို့ သူတို့သည် သိပင်မသိလိုက်ဘဲလျက်* ရုတ်တရက် ရောက်လာမည်ဖြစ်သည်။ يَسۡتَعۡجِلُونَكَ بِٱلۡعَذَابِ وَإِنَّ جَهَنَّمَ لَمُحِيطَةُۢ بِٱلۡكَٰفِرِينَ ٥٤သူတို့သည် အသင့်ထံတွင် ပြစ်ဒဏ်ကို အလျင်စလို တောင်းဆိုကြသည်။ ထို့ပြင် အမှန်စင်စစ် ဂျဟန္နမ်ငရဲဘုံသည် ကာဖိရ်များအား ဝိုင်းရံလျက်ပင်ရှိသည်။ يَوۡمَ يَغۡشَىٰهُمُ ٱلۡعَذَابُ مِن فَوۡقِهِمۡ وَمِن تَحۡتِ أَرۡجُلِهِمۡ وَيَقُولُ ذُوقُواْ مَا كُنتُمۡ تَعۡمَلُونَ ٥٥ထိုနေ့တွင် ပြစ်ဒဏ်သည် သူတို့အား သူတို့၏အထက်နှင့် သူတို့၏ခြေများအောက်မှ ဝန်းရံနေမည်။ ထို့ပြင် အရှင်မြတ်က “အသင်တို့သည် အသင်တို့ပြုလုပ်နေခဲ့ကြသည့်အရာများ၏ အရသာကို မြည်းစမ်းကြပါ“ဟု မိန့်ကြားတော်မူမည်။ يَٰعِبَادِيَ ٱلَّذِينَ ءَامَنُوٓاْ إِنَّ أَرۡضِي وَٰسِعَةٌ فَإِيَّٰيَ فَٱعۡبُدُونِ ٥٦အို- အီမာန်ယုံကြည်သော ငါအရှင်မြတ်၏ကျေးကျွန်အပေါင်းတို့၊ အမှန်စင်စစ် ငါအရှင်မြတ်၏ကမာ္ဘမြေသည် အလွန်ကျယ်ဝန်းလှသည်။ သို့ဖြစ်ရာ အသင်တို့သည် ငါအရှင်မြတ်ကိုသာ ကိုးကွယ်ကြပါ။ كُلُّ نَفۡسٍ ذَآئِقَةُ ٱلۡمَوۡتِۖ ثُمَّ إِلَيۡنَا تُرۡجَعُونَ ٥٧သက်ရှိသတ္တဝါတိုင်းသည် သေခြင်း၏အရသာကို မြည်းစမ်းကြရမည်ပင်ဖြစ်သည်။ ထို့နောက် အသင်တို့သည် ငါအရှင်မြတ်ထံတော်သို့ပင် ပြန်လည်ပို့ဆောင်ခြင်းကို ခံကြရမည်ပင်ဖြစ်သည်။ وَٱلَّذِينَ ءَامَنُواْ وَعَمِلُواْ ٱلصَّٰلِحَٰتِ لَنُبَوِّئَنَّهُم مِّنَ ٱلۡجَنَّةِ غُرَفًا تَجۡرِي مِن تَحۡتِهَا ٱلۡأَنۡهَٰرُ خَٰلِدِينَ فِيهَاۚ نِعۡمَ أَجۡرُ ٱلۡعَٰمِلِينَ ٥٨ထို့ပြင် အီမာန်ယုံကြည်၍ ကောင်းမြတ်သောလုပ်ရပ်များကို ပြုလုပ်ကြသည့်သူများကမူ အမှန်ပင် ငါအရှင်မြတ်သည် သူတို့အား ဂျန္နသ်သုခဘုံမှ (မြင့်မားသည့်)အဆောင်များတွင် နေရာချပေးတော်မူမည်ဖြစ်သည်။ ထိုအဆောင်များအောက်တွင် စမ်းရေချောင်းများ စီးဆင်းနေလိမ့်မည်။ (သူတို့သည်) ထိုအထဲတွင် အမြဲနေကြရမည်။ (ကောင်းမြတ်သော)အလုပ် ပြုလုပ်ခဲ့သူများ၏အကျိုးသည် အဘယ်မျှ ကောင်းမြတ်လိုက်သနည်း။ ٱلَّذِينَ صَبَرُواْ وَعَلَىٰ رَبِّهِمۡ يَتَوَكَّلُونَ ٥٩ထိုသူများသည် (အမျိုးမျိုးနှိပ်စက်မှုဒဏ်များကိုလည်း)သည်းခံခဲ့ကြရသည်။ ထို့ပြင် သူတို့အား ဖန်ဆင်းမွေးမြူတော်မူသော အရှင်မြတ်အပေါ်တွင် (ကိစ္စဟူသမျှကို)ယုံပုံလွှဲအပ်ကြသည်။ وَكَأَيِّن مِّن دَآبَّةٍ لَّا تَحۡمِلُ رِزۡقَهَا ٱللَّهُ يَرۡزُقُهَا وَإِيَّاكُمۡۚ وَهُوَ ٱلسَّمِيعُ ٱلۡعَلِيمُ ٦٠ထို့ပြင် တိရစာ္ဆန်အမြောက်အမြားသည် သူတို့၏စားနပ်ရိက္ခာကို သယ်ပိုးထားကြသည် မဟုတ်ပေ။ အလ္လာဟ်အရှင်မြတ်သည်ပင် ထိုတိရစာ္ဆန်များနှင့် အသင်တို့အား စားနပ်ရိက္ခာပေးသနားတော်မူခြင်းဖြစ်သည်။ ထို့ပြင် အရှင်မြတ်သည် အကြွင်းမဲ့ကြားတော်မူသောအရှင်၊ အကြွင်းမဲ့သိတော်မူသောအရှင်ဖြစ်တော်မူသည်။ وَلَئِن سَأَلۡتَهُم مَّنۡ خَلَقَ ٱلسَّمَٰوَٰتِ وَٱلۡأَرۡضَ وَسَخَّرَ ٱلشَّمۡسَ وَٱلۡقَمَرَ لَيَقُولُنَّ ٱللَّهُۖ فَأَنَّىٰ يُؤۡفَكُونَ ٦١ထို့ပြင် အကယ်၍ အသင်တို့သည် သူတို့အား “မည်သူသည် ကောင်းကင်များနှင့် မြေပထဝီကို ဖန်ဆင်းတော်မူခဲ့သနည်း၊ ထို့ပြင် မည်သူသည် နေနှင့်လကို အမိန့်နာခံခိုင်းခဲ့သနည်း“ဟု မေးလျှင် သူတို့က “အလ္လာဟ်အရှင်မြတ်“ပင်ဟု အမှန်စင်စစ် ပြောဆိုကြမည်။ ထို့နောက် (ထိုသို့အဖြေပေးပြီးနောက် ဆက်လက်ယုံကြည်လက်ခံသင့်သည့် အချက်အလက်များကို မယုံကြည်ဘဲ)သူတို့သည် မည်သည့်နေရာမှ အလှည့်စားခံလိုက်ရသနည်း။ (အဘယ်သို့ လှည့်သွားကြသနည်း)။ ٱللَّهُ يَبۡسُطُ ٱلرِّزۡقَ لِمَن يَشَآءُ مِنۡ عِبَادِهِۦ وَيَقۡدِرُ لَهُۥٓۚ إِنَّ ٱللَّهَ بِكُلِّ شَيۡءٍ عَلِيمٌ ٦٢အလ္လာဟ်အရှင်မြတ်သည် မိမိ၏ကျေးကျွန်များထဲမှ အရှင်မြတ်အလိုရှိတော်မူသောသူကို စားနပ်ရိက္ခာကျယ်ဝန်းစွာ ပေးသနားတော်မူသည်။ ထို့ပြင် အလ္လာဟ်အရှင်မြတ်သည် အရှင်မြတ်အလိုရှိတော်မူသောသူကို ကျပ်တည်းစွာ ပေးတော်မူသည်။ အမှန်စင်စစ် အလ္လာဟ်အရှင်မြတ်သည် အရာအားလုံးကို အကြွင်းမဲ့သိတော်မူသော အရှင်ဖြစ်တော်မူသည်။ وَلَئِن سَأَلۡتَهُم مَّن نَّزَّلَ مِنَ ٱلسَّمَآءِ مَآءً فَأَحۡيَا بِهِ ٱلۡأَرۡضَ مِنۢ بَعۡدِ مَوۡتِهَا لَيَقُولُنَّ ٱللَّهُۚ قُلِ ٱلۡحَمۡدُ لِلَّهِۚ بَلۡ أَكۡثَرُهُمۡ لَا يَعۡقِلُونَ ٦٣ထို့ပြင် အကယ်၍ အသင်သည် သူတို့အား “မည်သူသည် မိုးကောင်းကင်မှ မိုးရေကို ရွာသွန်းစေသနည်း၊ ထို့ပြင် သေပြီးသော (ခြောက်သွေ့နေသော) မြေပထဝီကို ထိုမိုးရေနှင့် မည်သူက ရှင်စေခဲ့သနည်း (စိမ်းလန်းစိုပြေအောင် မည်သူလုပ်ခဲ့သနည်း)“ဟု မေးလျှင် သူတို့က “အလ္လာဟ်အရှင်မြတ်“ဟု အမှန်စင်စစ် ပြောဆိုကြလိမ့်မည်။ (အို- တမန်တော်)အသင်ပြောလိုက်ပါ- ချီးမွမ်းခြင်းအပေါင်းသည် အလ္လာဟ်အရှင်မြတ်ပင် ဖြစ်သည်။ အမှန်စင်စစ် သူတို့ထဲမှ အများစုသည် (မိမိတို့၏ဝန်ခံချက်မှ နောက်ဆက်တွဲ သက်ရောက်မှုများကို လက်မခံကြသည့်အတွက်) အသိဉာဏ်မရှိကြပေ။ وَمَا هَٰذِهِ ٱلۡحَيَوٰةُ ٱلدُّنۡيَآ إِلَّا لَهۡوٌ وَلَعِبٌۚ وَإِنَّ ٱلدَّارَ ٱلۡأٓخِرَةَ لَهِيَ ٱلۡحَيَوَانُۚ لَوۡ كَانُواْ يَعۡلَمُونَ ٦٤ထို့ပြင် ဤဘဝသည် ပျော်မြူးဖွယ်ရာနှင့် ကစားစရာမှလွဲ၍ အခြားမည်သည့်အရာမျှ မဟုတ်ပေ။ ထို့ပြင် အမှန်စင်စစ် တမလွန်ဘဝသာ စစ်မှန်သည့် အသက်ရှင်ခြင်းဖြစ်သည်ကို သူတို့ သိကြမည်ဆိုလျှင် အဘယ်မျှ ကောင်းလိုက်မည်နည်း။ فَإِذَا رَكِبُواْ فِي ٱلۡفُلۡكِ دَعَوُاْ ٱللَّهَ مُخۡلِصِينَ لَهُ ٱلدِّينَ فَلَمَّا نَجَّىٰهُمۡ إِلَى ٱلۡبَرِّ إِذَا هُمۡ يُشۡرِكُونَ ٦٥ထို့ပြင် သူတို့သည် သဘေင်္ာပေါ်စီးနင်းလိုက်ပါကြသည့်အခါ အလ္လာဟ်အရှင်မြတ်ကိုသာ စိတ်စေတနာဖြူစင်စွာဖြင့် ဟစ်ခေါ်တသကြသည်။ ထို့နောက် အရှင်မြတ်သည် သူတို့အား ကယ်တင်ပြီး ကုန်းပေါ်ပို့လိုက်သည့်အခါ သူတို့သည် ချက်ချင်းပင် အရှင်မြတ်နှင့်တွဲဖက် ကိုးကွယ်ကြတော့သည်။ لِيَكۡفُرُواْ بِمَآ ءَاتَيۡنَٰهُمۡ وَلِيَتَمَتَّعُواْۚ فَسَوۡفَ يَعۡلَمُونَ ٦٦သူတို့သည် ငါအရှင်မြတ်က သူတို့အား ပေးသနားတော်မူခဲ့သော ကျေးဇူးတော်များအား ငြင်းပယ်ကျေးဇူးကန်ရန်အတွက် (တွဲဖက် ကိုးကွယ်ကြခြင်းဖြစ်သည်)။ သို့ဖြစ်ရာ သူတို့သည် ခေတ္တအကျိုးခံစားကြရမည်၊ ထို့နောက် မကြာမီပင်(၎င်း၏အကျိုးဆက်ကို) သူတို့သည် သိရှိကြလိမ့်မည်။ أَوَلَمۡ يَرَوۡاْ أَنَّا جَعَلۡنَا حَرَمًا ءَامِنًا وَيُتَخَطَّفُ ٱلنَّاسُ مِنۡ حَوۡلِهِمۡۚ أَفَبِٱلۡبَٰطِلِ يُؤۡمِنُونَ وَبِنِعۡمَةِ ٱللَّهِ يَكۡفُرُونَ ٦٧အမှန်စင်စစ် ငါအရှင်မြတ်သည် (သူတို့နေထိုင်သော မက္ကဟ်မြို့တော်ကို) ဘေးရန်ကင်းငြိမ်းသော ဟရမ်ပြုလုပ်တော်မူခဲ့သည်ကို သူတု့ိသည် မတွေ့မမြင်ခဲ့ကြသလော။ ထို့ပြင် သူတို့၏ပတ်ဝန်းကျင်းတွင် လူများသည် လုယက်တိုက်ခိုက်ခြင်း ခံနေကြရသည်။ သို့ပါလျက် သူတို့သည် အမှားကို ယုံကြည်လက်ခံပြီး အလ္လာဟ်အရှင်မြတ်၏ကျေးဇူးတော်များအား ငြင်းပယ်ကြသလော။ وَمَنۡ أَظۡلَمُ مِمَّنِ ٱفۡتَرَىٰ عَلَى ٱللَّهِ كَذِبًا أَوۡ كَذَّبَ بِٱلۡحَقِّ لَمَّا جَآءَهُۥٓۚ أَلَيۡسَ فِي جَهَنَّمَ مَثۡوًى لِّلۡكَٰفِرِينَ ٦٨ထို့ပြင် အလ္လာဟ်အရှင်မြတ်အပေါ်တွင် မုသားကို လုပ်ကြံစွပ်စွဲသူ၊ သို့မဟုတ် မိမိထံသို့ အမှန်တရား ရောက်ရှိလာပြီးနောက် မဟုတ်မမှန်ဟု စွပ်စွဲငြင်းပယ်သူထက် ပို၍မတရားသည့်သူ မည်သူရှိသေးသနည်း။ ကာဖိရ်များ၏နေထိုင်ရာဌာနသည် ဂျဟန္နမ်ငရဲဘုံ၌ပင် ရှိမည်မဟုတ်လော။ وَٱلَّذِينَ جَٰهَدُواْ فِينَا لَنَهۡدِيَنَّهُمۡ سُبُلَنَاۚ وَإِنَّ ٱللَّهَ لَمَعَ ٱلۡمُحۡسِنِينَ ٦٩ထို့ပြင် ငါအရှင်မြတ်၏လမ်းတော်တွင် သက်စွန့်ကြိုးပမ်းဆောင်ရွက်ကြသောသူများကမူ* ငါအရှင်မြတ်သည် ၎င်းတို့အား မိမိ၏လမ်းများကို အမှန်စင်စစ် ပြသတော်မူမည်။ ထို့ပြင် အမှန်စင်စစ် အလ္လာဟ်အရှင်မြတ်သည် ကောင်းကျိုးဆောင်ရွက်သူများနှင့်အတူတကွ ရှိတော်မူသည်။