ملة الإسلام

السورة 28 · 88 آية · Hashim Tin Myint

سورة القصص باللغة البورمية

السورة بالعربية مع التفسير استمع إلى سورة القصص (1,208 قارئاً)
مكيةسورة القصص٨٨ آية

بِسۡمِ ٱللَّهِ ٱلرَّحۡمَٰنِ ٱلرَّحِيمِ

طسٓمٓ ١သွာ စီန် မီမ်။ تِلۡكَ ءَايَٰتُ ٱلۡكِتَٰبِ ٱلۡمُبِينِ ٢ဤအရာများသည် ထင်ရှား‌သောကျမ်းဂန်၏ အာယသ်‌တော်များဖြစ်သည်။ نَتۡلُواْ عَلَيۡكَ مِن نَّبَإِ مُوسَىٰ وَفِرۡعَوۡنَ بِٱلۡحَقِّ لِقَوۡمٍ يُؤۡمِنُونَ ٣ငါအရှင်မြတ်သည် အီမာန်ယုံကြည်သူ အမျိုးသားများအတွက် (တမန်‌တော်)မူစာနှင့် ဖိရ်‌အောင်န်၏ အဖြစ်အပျက်အ‌ကြောင်းအရာအချို့ကို အသင်၏‌ရှေ့၌ တိကျမှန်ကန်စွာ ဖတ်ကြား(ပြ)‌တော်မူသည်။ إِنَّ فِرۡعَوۡنَ عَلَا فِي ٱلۡأَرۡضِ وَجَعَلَ أَهۡلَهَا شِيَعًا يَسۡتَضۡعِفُ طَآئِفَةً مِّنۡهُمۡ يُذَبِّحُ أَبۡنَآءَهُمۡ وَيَسۡتَحۡيِۦ نِسَآءَهُمۡۚ إِنَّهُۥ كَانَ مِنَ ٱلۡمُفۡسِدِينَ ٤အမှန်စင်စစ် ဖိရ်‌အောင်န်သည် တိုင်းပြည်တွင် အလွန်‌မောက်မာလာပြီး သူသည် ထိုတိုင်းသူပြည်သားများအား အုပ်စုများခွဲ၍ ပြုလုပ်ထားသည်။ သူသည် ထိုအုပ်စုများထဲမှ အုပ်စုတစ်ခုကို အင်အား‌လျော့နည်း‌အောင် ပြုလုပ်ထားသည်။ သူတို့၏သား‌ယောက်ျား‌လေးများအား သတ်ဖြတ်၍ သူတို့၏(သမီး)မိန်းမများကိုမူ မသတ်ဘဲ အရှင်ထားသည်။ အမှန်စင်စစ် ဖိရ်‌အောင်န်သည် ဖျက်ဆီးသူတစ်ဦးဖြစ်သည်။ وَنُرِيدُ أَن نَّمُنَّ عَلَى ٱلَّذِينَ ٱسۡتُضۡعِفُواْ فِي ٱلۡأَرۡضِ وَنَجۡعَلَهُمۡ أَئِمَّةً وَنَجۡعَلَهُمُ ٱلۡوَٰرِثِينَ ٥ထို့ပြင် ငါအရှင်မြတ်သည် တိုင်းပြည်တွင် အင်အား‌လျော့နည်း‌အောင် ပြုလုပ်ခံခဲ့ကြရသူများအား ‌ကျေးဇူးပြု‌တော်မူရန်၊ ထို့ပြင် သူတို့အား ‌ရှေ့‌ဆောင်‌ရှေ့ရပ်များ ပြုလုပ်‌တော်မူရန်နှင့် သူတို့အား အ‌မွေစားအ‌မွေခံများ ပြုလုပ်‌တော်မူရန်အတွက် အလိုရှိ‌တော်မူသည်။ وَنُمَكِّنَ لَهُمۡ فِي ٱلۡأَرۡضِ وَنُرِيَ فِرۡعَوۡنَ وَهَٰمَٰنَ وَجُنُودَهُمَا مِنۡهُم مَّا كَانُواْ يَحۡذَرُونَ ٦ထို့ပြင် ငါအရှင်မြတ်သည် သူတို့အား ကမာ္ဘ‌မြေတွင် အုပ်ချုပ်သူများအဖြစ် ပြုလုပ်‌တော်မူရန်အပြင် ဖိရ်‌အောင်န်၊ ဟာမာန်*နှင့် ထိုနှစ်ဦးတို့၏စစ်တပ်များအား သူတို့စိုးရိမ်‌နေကြသည့်အရာများကို ငါအရှင်ပြသရန် (ရည်ရွယ်‌တော်မူသည်)။ وَأَوۡحَيۡنَآ إِلَىٰٓ أُمِّ مُوسَىٰٓ أَنۡ أَرۡضِعِيهِۖ فَإِذَا خِفۡتِ عَلَيۡهِ فَأَلۡقِيهِ فِي ٱلۡيَمِّ وَلَا تَخَافِي وَلَا تَحۡزَنِيٓۖ إِنَّا رَآدُّوهُ إِلَيۡكِ وَجَاعِلُوهُ مِنَ ٱلۡمُرۡسَلِينَ ٧ထို့ပြင် ငါအရှင်မြတ်သည် (တမန်‌တော်)မူစာ၏မိခင်ထံသို့ အသိ‌ပေး‌တော်မူခဲ့သည်- အသင်မသည် ၎င်းအား နို့တိုက်ပါ။ ထို့ပြင် အသင်မသည် ၎င်းနှင့်ပတ်သက်၍ စိုးရိမ်သည့်အခါ ၎င်းကို မြစ်ထဲ(‌မျှော)ပစ်လိုက်ပါ။ ထို့ပြင် အသင်မသည် မစိုးရိမ်‌လေနှင့်၊ ထို့ပြင် မပူ‌ဆွေး‌လေနှင့်။ အမှန်စင်စစ် ငါအရှင်မြတ်သည် ၎င်းကို အသင်မထံ ပြန်ပို့‌ပေး‌တော်မူမည့်အရှင်၊ ထို့ပြင် ၎င်းကို တမန်‌တော်များထဲတွင် တစ်ပါးအပါအဝင် ပြုလုပ်‌တော်မူမည့်အရှင် ဖြစ်‌တော်မူသည်။ فَٱلۡتَقَطَهُۥٓ ءَالُ فِرۡعَوۡنَ لِيَكُونَ لَهُمۡ عَدُوًّا وَحَزَنًاۗ إِنَّ فِرۡعَوۡنَ وَهَٰمَٰنَ وَجُنُودَهُمَا كَانُواْ خَٰطِـِٔينَ ٨ထို့‌နောက် ဖိရ်‌အောင်န်၏အိမ်သူအိမ်သားများသည် ထိုမူစာအား(‌နောက်ဆုံးတွင်) ၎င်း(မူစာ)သည် သူတို့၏ရန်သူဖြစ်ရန်နှင့် (သူတို့ကို)ပူ‌ဆွေး‌စေမည့်သူဖြစ်ရန် ‌ကောက်ယူခဲ့ကြသည်။ အမှန်စင်စစ် ဖိရ်‌အောင်န်နှင့် ဟာမာန်အပြင် သူတို့နှစ်ဦး၏တပ်သားများသည် ပြစ်မှုကျူးလွန်သူများပင် ဖြစ်ခဲ့ကြသည်။ وَقَالَتِ ٱمۡرَأَتُ فِرۡعَوۡنَ قُرَّتُ عَيۡنٍ لِّي وَلَكَۖ لَا تَقۡتُلُوهُ عَسَىٰٓ أَن يَنفَعَنَآ أَوۡ نَتَّخِذَهُۥ وَلَدًا وَهُمۡ لَا يَشۡعُرُونَ ٩ထို့ပြင် ဖိရ်‌အောင်န်၏မိန်းမက “ကျွန်မနှင့် ရှင်၏အတွက် မျက်စိ‌အေးဖွယ်ရာဖြစ်သည်။ (သို့ဖြစ်ရာ) အသင်သည် ၎င်း(မူစာ)အား မသတ်ကြ‌လေနှင့်။ ၎င်းသည် ကျွန်မတို့ကို အကျိုး‌ပေး‌ကောင်း‌ပေးလိမ့်မည်။ သို့မဟုတ် ကျွန်မတို့သည် ၎င်းအား သားအဖြစ် ‌မွေးစားထားကြမည်“ဟု သူတို့သည် (၎င်း‌ကြောင့် သူတို့ပျက်စီးမည်ကို) မသိကြဘဲလျက်* ‌ပြောဆိုခဲ့သည်။ وَأَصۡبَحَ فُؤَادُ أُمِّ مُوسَىٰ فَٰرِغًاۖ إِن كَادَتۡ لَتُبۡدِي بِهِۦ لَوۡلَآ أَن رَّبَطۡنَا عَلَىٰ قَلۡبِهَا لِتَكُونَ مِنَ ٱلۡمُؤۡمِنِينَ ١٠ထို့ပြင် မူစာ၏မိခင်၏စိတ်နှလုံးသည် ဟာသွားခဲ့သည်။ အကယ်၍သာ ငါအရှင်မြတ်က သူမကို ယုံကြည်သူများထဲတွင် အပါအဝင်ဖြစ်‌စေရန်အတွက် သူမ၏စိတ်နှလုံးကို ခိုင်မြဲ‌စေ‌တော်မမူခဲ့လျှင် အမှန်စင်စစ် သူမသည် မူစာ၏အ‌ကြောင်းကို ထုတ်‌ဖော်‌ပြောဆိုမည့်ဆဲဆဲဖြစ်သွားခဲ့သည်။ وَقَالَتۡ لِأُخۡتِهِۦ قُصِّيهِۖ فَبَصُرَتۡ بِهِۦ عَن جُنُبٍ وَهُمۡ لَا يَشۡعُرُونَ ١١ထို့ပြင် သူမ(မူစာ၏မိခင်)သည် ၎င်း(မူစာ)၏အစ်မကို ‌ပြောဆိုခဲ့သည်- အသင်မသည် ထိုမူစာ၏‌နောက်ကို လိုက်သွားပါ။ သို့ဖြစ်ရာ ၎င်း၏အစ်မသည် ၎င်းကို အ‌ဝေးမှ သူတို့သည် (သူမ‌စောင့်ကြည့်‌နေသည်ကို) မသိကြဘဲလျက် (‌စောင့်)ကြည့်‌နေခဲ့သည်။ ۞ وَحَرَّمۡنَا عَلَيۡهِ ٱلۡمَرَاضِعَ مِن قَبۡلُ فَقَالَتۡ هَلۡ أَدُلُّكُمۡ عَلَىٰٓ أَهۡلِ بَيۡتٍ يَكۡفُلُونَهُۥ لَكُمۡ وَهُمۡ لَهُۥ نَٰصِحُونَ ١٢ထို့ပြင် ငါအရှင်မြတ်သည် ယခင်ကတည်းက ကြိုတင်ပြီး နို့ထိန်းသည်များ၏နို့ရည်ကို (မစို့ရန်)၎င်း၏အ‌ပေါ်တွင် တားမြစ်ထား‌တော်မူခဲ့သည်။ သို့ဖြစ်ရာ ၎င်း၏အစ်မက ကျွန်မသည် အသင်တို့အား အသင်တို့အတွက် ထိုက‌လေးငယ်ကို ၎င်း၏‌ကောင်းကျိုးလိုလားသူများဖြစ်ကြလျက် ‌မွေးမြူ‌စောင့်‌ရှောက်‌ပေးကြမည့် အိမ်‌ထောင်စုများကို ညွှန်ပြရမည်‌လောဟု ‌ပြောဆိုခဲ့သည်။ فَرَدَدۡنَٰهُ إِلَىٰٓ أُمِّهِۦ كَيۡ تَقَرَّ عَيۡنُهَا وَلَا تَحۡزَنَ وَلِتَعۡلَمَ أَنَّ وَعۡدَ ٱللَّهِ حَقٌّ وَلَٰكِنَّ أَكۡثَرَهُمۡ لَا يَعۡلَمُونَ ١٣ထို့‌နောက် သူမ၏မျက်စိ‌အေးမြရန်အတွက်နှင့်၊ သူမ ပူ‌ဆွေးမ‌နေရန်အတွက် အပြင်၊ အမှန်စင်စစ် အလ္လာဟ်အရှင်မြတ်၏ကတိ‌တော်သည် မှန်ကန်သည်ကို သူမ သိရှိရန်အတွက် ငါအရှင်မြတ်သည် (ကတိအတိုင်း) ထိုသားငယ်ကို ၎င်း၏မိခင်ထံ ပြန်ပို့‌ပေး‌တော်မူခဲ့သည်။ သို့ရာတွင် သူတို့ထဲမှ အများစုသည် မသိကြ‌ပေ။ وَلَمَّا بَلَغَ أَشُدَّهُۥ وَٱسۡتَوَىٰٓ ءَاتَيۡنَٰهُ حُكۡمًا وَعِلۡمًاۚ وَكَذَٰلِكَ نَجۡزِي ٱلۡمُحۡسِنِينَ ١٤ထို့ပြင် ၎င်း(မူစာ)သည် ၎င်း၏လူလား‌မြောက်သည့်အရွယ်သို့‌ရောက်ပြီး ရင့်ကျက်လာသည့်အခါ ငါအရှင်မြတ်သည် ၎င်းကို ပညာဉာဏ်အ‌မြော်အမြင်နှင့် အသိပညာကို ‌ပေးသနား‌တော်မူခဲ့သည်။ ထို့ပြင် ငါအရှင်မြတ်သည် ဤသို့ပင် ‌ကောင်းကျိုးပြုလုပ်သူများကို အစား‌ပေး‌တော်မူသည်။ وَدَخَلَ ٱلۡمَدِينَةَ عَلَىٰ حِينِ غَفۡلَةٍ مِّنۡ أَهۡلِهَا فَوَجَدَ فِيهَا رَجُلَيۡنِ يَقۡتَتِلَانِ هَٰذَا مِن شِيعَتِهِۦ وَهَٰذَا مِنۡ عَدُوِّهِۦۖ فَٱسۡتَغَٰثَهُ ٱلَّذِي مِن شِيعَتِهِۦ عَلَى ٱلَّذِي مِنۡ عَدُوِّهِۦ فَوَكَزَهُۥ مُوسَىٰ فَقَضَىٰ عَلَيۡهِۖ قَالَ هَٰذَا مِنۡ عَمَلِ ٱلشَّيۡطَٰنِۖ إِنَّهُۥ عَدُوٌّ مُّضِلٌّ مُّبِينٌ ١٥ထို့ပြင် ၎င်းသည် မြို့ထဲသို့ သူတို့အမှတ်မထင်ဖြစ်‌နေသည့်အချိန်* ဝင်‌ရောက်ခဲ့သည့်အခါ ထိုမြို့ထဲတွင် စကားများရန်ဖြစ်‌နေကြ‌သော လူနှစ်ဦးကို ‌တွေ့ခဲ့ရသည်။ (ထိုအထဲမှ)ဤတစ်‌ယောက်သည် ၎င်း၏အုပ်စုထဲမှဖြစ်ပြီး အခြားတစ်‌ယောက်ကမူ ၎င်း၏ရန်သူများထဲမှ ဖြစ်ခဲ့သည်။ ထို့ပြင် ၎င်း၏အုပ်စုထဲမှသူက ၎င်း၏ရန်သူအုပ်စုထဲမှသူနှင့် ဆန့်ကျင်ပြီး အကူအညီ အတင်းအကျပ်‌တောင်းခံခဲ့သည်။ သို့ဖြစ်ရာ မူစာသည် (၎င်း၏ရန်သူအုပ်စုမှဖြစ်သည့်)သူကို လက်သီးနှင့်ထိုးလိုက်သည်။ သို့ဖြစ်ရာ ထိုသူသည် ‌သေဆုံးသွားခဲ့သည်။ ၎င်း(မူစာ)က ဤသည် ရှိုင်သွာန်၏လုပ်ရပ်*ပင်ဖြစ်သည်။ အမှန်စင်စစ် ထိုရှိုင်သွာန်သည် ထင်ရှားစွာ လမ်းလွဲ‌စေ‌သော ရန်သူပင်ဖြစ်သည်ဟု ‌ပြောဆိုခဲ့သည်။ قَالَ رَبِّ إِنِّي ظَلَمۡتُ نَفۡسِي فَٱغۡفِرۡ لِي فَغَفَرَ لَهُۥٓۚ إِنَّهُۥ هُوَ ٱلۡغَفُورُ ٱلرَّحِيمُ ١٦၎င်းက (အရှင်မြတ်ထံ‌တော်တွင်) အို- ကျွန်ုပ်အား ဖန်ဆင်း‌မွေးမြူ‌တော်မူ‌သောအရှင်မြတ်၊ အမှန်စင်စစ် ကျွန်ုပ်သည် မိမိကိုယ်မိမိ နှိပ်စက်မိပြီဖြစ်ပါသည်။ သို့ဖြစ်ရာ အရှင်မြတ်မသည် ကျွန်ုပ်အား ခွင့်လွှတ်ချမ်းသာ ‌ပေးသနား‌တော်မူပါဟု ‌ပြောဆို‌လျှောက်ထားခဲ့သည့်အတွက် အရှင်မြတ်က ၎င်းအား ခွင့်လွှတ်ချမ်းသာ‌ပေးသနား‌တော်မူခဲ့သည်။ အမှန်စင်စစ် အရှင်မြတ်သည် အလွန်လွတ်ငြိမ်းချမ်းသာခွင့် ‌ပေး‌တော်မူ‌သောအရှင်၊ အလွန်သနားကြင်နာ‌တော်မူ‌သောအရှင် ဖြစ်‌တော်မူသည်။ قَالَ رَبِّ بِمَآ أَنۡعَمۡتَ عَلَيَّ فَلَنۡ أَكُونَ ظَهِيرًا لِّلۡمُجۡرِمِينَ ١٧၎င်းက ‌ပြောဆို‌လျှောက်ထားသည်- အို- ကျွန်ုပ်အား ဖန်ဆင်း‌မွေးမြူ‌တော်မူ‌သောအရှင်၊ အရှင်မြတ်သည် ကျွန်ုပ်၏အ‌ပေါ်တွင် ‌ကျေးဇူးပြု‌တော်မူခဲ့သည့်အတွက် ကျွန်ုပ်သည်လည်း အပြစ်ရှိသည့်သူများကို မည်သည့်အခါမှ အကူအညီ‌ပေးသူ ဖြစ်‌တော့မည် မဟုတ်ပါ။ فَأَصۡبَحَ فِي ٱلۡمَدِينَةِ خَآئِفًا يَتَرَقَّبُ فَإِذَا ٱلَّذِي ٱسۡتَنصَرَهُۥ بِٱلۡأَمۡسِ يَسۡتَصۡرِخُهُۥۚ قَالَ لَهُۥ مُوسَىٰٓ إِنَّكَ لَغَوِيٌّ مُّبِينٌ ١٨ထို့‌နောက် ၎င်းသည် မြို့ထဲသို့ နံနက်အချိန်တွင် ‌ကြောက်ရွံ့စွာ သတင်း‌ထောက်လှမ်း‌နေစဉ် ရုတ်တရက် မ‌နေ့က ၎င်းထံသို့ အကူအညီ‌တောင်းခဲ့သည့်သူသည် ၎င်းကို ဟစ်‌ခေါ်‌နေပြန်သည်။ ၎င်း(မူစာ)က သူ့ကို အမှန်စင်စစ် အသင်သည် ထင်ရှား‌သော ဆိုးသွမ်းသူတစ်ဦးပင်ဖြစ်သည်ဟု ‌ပြောကြားခဲ့သည်။ فَلَمَّآ أَنۡ أَرَادَ أَن يَبۡطِشَ بِٱلَّذِي هُوَ عَدُوٌّ لَّهُمَا قَالَ يَٰمُوسَىٰٓ أَتُرِيدُ أَن تَقۡتُلَنِي كَمَا قَتَلۡتَ نَفۡسَۢا بِٱلۡأَمۡسِۖ إِن تُرِيدُ إِلَّآ أَن تَكُونَ جَبَّارًا فِي ٱلۡأَرۡضِ وَمَا تُرِيدُ أَن تَكُونَ مِنَ ٱلۡمُصۡلِحِينَ ١٩ထို့‌နောက် ၎င်းသည် ၎င်းတို့နှစ်ဦးစလုံး၏ရန်သူဖြစ်သူကို (ရန်မဖြစ်‌အောင်တားဆီး) ချုပ်ကိုင်ရန် ကြံရွယ်သည့်အခါ (၎င်း၏အုပ်စုထဲမှသူက သူ့ကို ထင်ရှား‌သော ဆိုးသွမ်းသူဟု ‌ပြောထားသည့်အတွက် သူ့ကို သတ်‌တော့မည်ဟုထင်ပြီး)သူက ‌ပြော‌တော့သည်- အို- မူစာ၊ အသင်သည် မ‌နေ့က လူတစ်ဦးအား သတ်ဖြတ်ခဲ့သကဲ့သို့ ကျွန်ုပ်ကို သတ်ဖြတ်လိုသ‌လော။ အသင်သည် တိုင်းပြည်တွင် ရက်စက်စွာ စိုးမိုးအုပ်ချုပ်သည့်သူဖြစ်ရန်သာ အလိုရှိသည်။ ထို့ပြင် အသင်သည် ဖျန်‌ဖြေ‌စေ့စပ်‌ပေးသူအဖြစ် အလိုမရှိ‌ပေ(ဟု ‌ပြောဆိုခဲ့သည်။ သူ၏ထိုစကား‌ကြောင့် ရန်သူဖြစ်သူသည် မ‌နေ့က လူတစ်‌ယောက်ကို သတ်ဖြတ်သူသည် မူစာပင်ဖြစ်သည်ကို သိသွားပြီး ဖိရ်‌အောင်န်ထံသို့ သတင်းသွား‌ပေးလိုက်သည်)။ وَجَآءَ رَجُلٌ مِّنۡ أَقۡصَا ٱلۡمَدِينَةِ يَسۡعَىٰ قَالَ يَٰمُوسَىٰٓ إِنَّ ٱلۡمَلَأَ يَأۡتَمِرُونَ بِكَ لِيَقۡتُلُوكَ فَٱخۡرُجۡ إِنِّي لَكَ مِنَ ٱلنَّٰصِحِينَ ٢٠ထို့‌နောက် မြို့အစွန်မှ လူတစ်‌ယောက်*သည် ‌ပြေးလာ၍၊ အို- မူစာ၊ အမှန်ပင် မှူးကြီးမတ်ရာများသည် အသင်နှင့်ပတ်သက်၍ အသင့်အား သတ်ပစ်ရန် ‌ဆွေး‌နွေးတိုင်ပင်‌နေကြသည်။ သို့ဖြစ်ရာ အသင် ထွက်သွားလိုက်ပါ၊ အမှန်စင်စစ် ကျွန်ုပ်သည် အသင်၏‌ကောင်းကျိုးကို လိုလားသူတစ်ဦးဖြစ်သည်ဟု ‌ပြောခဲ့သည်။ فَخَرَجَ مِنۡهَا خَآئِفًا يَتَرَقَّبُۖ قَالَ رَبِّ نَجِّنِي مِنَ ٱلۡقَوۡمِ ٱلظَّٰلِمِينَ ٢١ထို့‌နောက် ၎င်း(မူစာ)သည် ‌ကြောက်ရွံ့စိုးရိမ်လျက်၊ အ‌ခြေအ‌နေအကဲခတ် ‌စောင့်ကြည့်လျက် ထိုမြို့မှ ထွက်ခွာသွားခဲ့သည်။ ၎င်းက ‌ပြောဆို‌လျှောက်ထားသည်- အို- ကျွန်ုပ်အား ဖန်ဆင်း‌မွေးမြူ‌တော်မူ‌သောအရှင်၊ အရှင်မြတ်သည် ကျွန်ုပ်အား မတရားသူများမှ လွတ်‌မြောက်‌စေ‌တော်မူပါ။ وَلَمَّا تَوَجَّهَ تِلۡقَآءَ مَدۡيَنَ قَالَ عَسَىٰ رَبِّيٓ أَن يَهۡدِيَنِي سَوَآءَ ٱلسَّبِيلِ ٢٢ထို့ပြင် ၎င်းသည် မဒ်ယန်မြို့ဘက်သို့ မျက်နှာမူသည့်အခါ ငါ့အား ဖန်ဆင်း‌မွေးမြူ‌တော်မူ‌သောအရှင်သည် ငါ့အား အ‌ကောင်းဆုံးလမ်းသို့ ညွှန်ကြားပြသ‌တော်မူမည်ကို ‌မျှော်လင့်သည်ဟု ‌ပြောဆိုသည်။ وَلَمَّا وَرَدَ مَآءَ مَدۡيَنَ وَجَدَ عَلَيۡهِ أُمَّةً مِّنَ ٱلنَّاسِ يَسۡقُونَ وَوَجَدَ مِن دُونِهِمُ ٱمۡرَأَتَيۡنِ تَذُودَانِۖ قَالَ مَا خَطۡبُكُمَاۖ قَالَتَا لَا نَسۡقِي حَتَّىٰ يُصۡدِرَ ٱلرِّعَآءُۖ وَأَبُونَا شَيۡخٌ كَبِيرٌ ٢٣ထို့ပြင် ၎င်းသည် မဒ်ယန်မြို့၏‌ရေတွင်းသို့ ‌ရောက်သည့်အခါ ထို‌ရေတွင်းအနီးတွင် လူတစ်စုသည် (သူတို့၏တိရစာ္ဆန်များအား) ‌ရေတိုက်‌နေသည်ကို ‌တွေ့ရသည်။ ထို့ပြင် အမျိုးသမီးနှစ်ဦးကိုလည်း ‌တွေ့ရသည်၊ သူမတို့နှစ်ဦးသည် (သူမတို့၏တိရစာ္ဆန်များအား အခြားတိရစာ္ဆန်များနှင့် ‌ရော‌နှောမသွား‌အောင်) တားဆီးထိန်းသိမ်း‌နေကြသည်ကိုလည်း ‌တွေ့ရှိခဲ့သည်။ ၎င်းက အသင်မတို့နှစ်ဦးသည် မည်သို့နည်းဟု ‌မေးသည့်အခါ သူမတို့နှစ်ဦးက ‌ပြောဆိုခဲ့ကြသည်- ထိုထိန်း‌ကျောင်းသူများသည် (သူတို့၏တိရစာ္ဆန်များကို) ပြန်ထုတ်မသွားသမျှ ကျွန်မတို့သည် (ကျွန်မတို့၏တိရစာ္ဆန်များကို) ‌ရေတိုက်‌ကျွေးခြင်း မပြုလုပ်နိုင်‌ပေ။ ထို့ပြင် ကျွန်မတို့၏ဖခင်သည်လည်း အသက်အရွယ် အိုမင်းရင့်‌ရော်‌နေသူဖြစ်သည်။ فَسَقَىٰ لَهُمَا ثُمَّ تَوَلَّىٰٓ إِلَى ٱلظِّلِّ فَقَالَ رَبِّ إِنِّي لِمَآ أَنزَلۡتَ إِلَيَّ مِنۡ خَيۡرٍ فَقِيرٌ ٢٤သို့ဖြစ်ရာ ၎င်းသည် သူမတို့နှစ်ဦးအား သက်ညှာပြီး (သူမတို့၏တိရစာ္ဆန်များကို) ‌ရေ(ငင်ပြီး)တိုက်လိုက်သည်။ ထို့‌နောက် အရိပ်ရှိရာသို့သွား(‌ရောက်ထိုင်)ပြီး ၎င်းက‌ပြောဆိုသည်- “အို- ကျွန်ုပ်အား ဖန်ဆင်း‌မွေးမြူ‌တော်မူ‌သောအရှင်မြတ်၊ အမှန်စင်စစ် ကျွန်ုပ်သည် အရှင်မြတ် ကျွန်ုပ်အား ချ‌ပေးသနား‌တော်မူမည့် မည်သည့်‌ကောင်းမြတ်သည့်အရာကိုမဆို လိုလား‌တောင့်တသူ ဖြစ်ပါသည်။“ فَجَآءَتۡهُ إِحۡدَىٰهُمَا تَمۡشِي عَلَى ٱسۡتِحۡيَآءٍ قَالَتۡ إِنَّ أَبِي يَدۡعُوكَ لِيَجۡزِيَكَ أَجۡرَ مَا سَقَيۡتَ لَنَاۚ فَلَمَّا جَآءَهُۥ وَقَصَّ عَلَيۡهِ ٱلۡقَصَصَ قَالَ لَا تَخَفۡۖ نَجَوۡتَ مِنَ ٱلۡقَوۡمِ ٱلظَّٰلِمِينَ ٢٥ထို့‌နောက် သူမတို့နှစ်‌ယောက်ထဲမှ တစ်‌ယောက်က ၎င်း၏ထံသို့ ရှက်ရှက်နှင့်‌လျှောက်လာပြီး “အသင်သည် ကျွန်မတို့အား သက်ညှာပြီး ‌ရေတိုက်‌ပေးခဲ့သည့်အကျိုး‌ကျေးဇူးကို အသင့်အား ပြန်ဆပ်ရန် ကျွန်မတို့ဖခင်က အသင့်အား အမှန်ပင် ‌ခေါ်‌နေပါသည်“ဟု ‌ပြောဆိုသည်။ ထို့‌နောက် ၎င်း(မူစာ)သည် သူ(သူမတို့၏ဖခင်)၏ထံသို့ ‌ရောက်လာပြီး အဖြစ်အပျက်အ‌ကြောင်းအရာများကို ၎င်း၏‌ရှေ့၌ ‌ပြောပြသည့်အခါ သူမတို့၏ဖခင်က “အသင်မစိုးရိမ်ပါနှင့်၊ အသင်သည် မတရားသူများမှ လွတ်‌မြောက်လာခဲ့ပြီဖြစ်သည်“ဟု ‌ပြောဆိုသည်။ قَالَتۡ إِحۡدَىٰهُمَا يَٰٓأَبَتِ ٱسۡتَـٔۡجِرۡهُۖ إِنَّ خَيۡرَ مَنِ ٱسۡتَـٔۡجَرۡتَ ٱلۡقَوِيُّ ٱلۡأَمِينُ ٢٦သူမတို့နှစ်ဦးထဲမှ တစ်ဦးက “အို- ဖခင်၊ ဖခင်သည် ၎င်းကို (အလုပ်လုပ်မည့်သူ အဖြစ်)ငှားလိုက်ပါ။ အမှန်စင်စစ် ဖခင်ငှားမည့်သူများထဲတွင် အင်အား‌တောင့်တင်းသူ၊ ယုံကြည်စိတ်ချရသူသည် အ‌ကောင်းဆုံးဖြစ်ပါသည်“ဟု ‌ပြောဆိုသည်။ قَالَ إِنِّيٓ أُرِيدُ أَنۡ أُنكِحَكَ إِحۡدَى ٱبۡنَتَيَّ هَٰتَيۡنِ عَلَىٰٓ أَن تَأۡجُرَنِي ثَمَٰنِيَ حِجَجٍۖ فَإِنۡ أَتۡمَمۡتَ عَشۡرًا فَمِنۡ عِندِكَۖ وَمَآ أُرِيدُ أَنۡ أَشُقَّ عَلَيۡكَۚ سَتَجِدُنِيٓ إِن شَآءَ ٱللَّهُ مِنَ ٱلصَّٰلِحِينَ ٢٧သူ(ဖခင်)က ‌ပြောဆိုသည်- အမှန်စင်စစ် ကျွန်ုပ်သည် အသင့်အား ကျွန်ုပ်၏သမီးနှစ်‌ယောက်ထဲမှ တစ်‌ယောက်နှင့် အသင်သည် ကျွန်ုပ်ထံတွင် ရှစ်နှစ်အလုပ်လုပ်‌ပေးရန် စည်းကမ်းချက်ဖြင့် ထိမ်းမြား‌ပေးရန် ရည်ရွယ်သည်။ ထို့ပြင် အသင်သည် ဆယ်နှစ်ပြည့်‌အောင်လုပ်ခဲ့လျှင် အသင့်ဘက်မှ(‌ကျေးဇူး)ပင်ဖြစ်သည်။ ထို့ပြင် ကျွန်ုပ်သည် အသင်၏အ‌ပေါ်တွင် ကျပ်တည်း‌စေရန် မလိုလား‌ပေ။ အကယ်၍ အလ္လာဟ်အရှင်မြတ်အလိုရှိ‌တော်မူလျှင် မကြာမီ အသင်သည် ကျွန်ုပ်ကို ‌ကောင်းမြတ်သူတစ်ဦးအဖြစ် ‌တွေ့ရှိရပါလိမ့်မည်။ قَالَ ذَٰلِكَ بَيۡنِي وَبَيۡنَكَۖ أَيَّمَا ٱلۡأَجَلَيۡنِ قَضَيۡتُ فَلَا عُدۡوَٰنَ عَلَيَّۖ وَٱللَّهُ عَلَىٰ مَا نَقُولُ وَكِيلٌ ٢٨၎င်း(မူစာ)က ‌ပြောဆိုသည်- “ဤစည်းကမ်းချက်သည် အသင်နှင့် ကျွန်ုပ်အကြားတွင် ရှိခဲ့ပြီဖြစ်သည်။ ကန့်သတ်ထား‌သော ကာလနှစ်ခုထဲမှ မည်သည့်ကာလကိုမဆို ကျွန်ုပ်သည် ပြည့်‌အောင်ပြုလုပ်ခဲ့လျှင် ကျွန်ုပ်အ‌ပေါ်တွင် အတင်းအကျပ်ပြုရန် အ‌ကြောင်းမရှိ‌တော့‌ပေ။ ထို့ပြင် အလ္လာဟ်အရှင်မြတ်သည် ကျွန်ုပ်တို့‌ပြောဆိုကြ‌သော ကိစ္စနှင့်ပတ်သက်၍ (သက်‌သေအဖြစ်)အလွန်ယုံပုံလွှဲအပ်ခြင်း ခံထိုက်‌တော်မူ‌သောအရှင် ဖြစ်‌တော်မူပါသည်။“ ۞ فَلَمَّا قَضَىٰ مُوسَى ٱلۡأَجَلَ وَسَارَ بِأَهۡلِهِۦٓ ءَانَسَ مِن جَانِبِ ٱلطُّورِ نَارًاۖ قَالَ لِأَهۡلِهِ ٱمۡكُثُوٓاْ إِنِّيٓ ءَانَسۡتُ نَارًا لَّعَلِّيٓ ءَاتِيكُم مِّنۡهَا بِخَبَرٍ أَوۡ جَذۡوَةٍ مِّنَ ٱلنَّارِ لَعَلَّكُمۡ تَصۡطَلُونَ ٢٩ထို့‌နောက် (တမန်‌တော်)မူစာသည် ကန့်သတ်ထား‌သောကာလ ပြီး‌မြောက်‌အောင်ပြုလုပ်ခဲ့ပြီး ၎င်း၏အိမ်သူအိမ်သားတို့နှင့်အတူ (ခရီး)သွားခဲ့သည့်အခါ ၎င်းသည် သွူရ်‌တောင်ဘက်တွင် မီး‌ရောင်တစ်ခုကို ‌တွေ့မြင်ခဲ့သည်။ ၎င်းက ၎င်း၏အိမ်သူအိမ်သားများကို ‌ပြောသည်- အသင်တို့သည် ‌စောင့်‌နေခဲ့ကြပါ။ အမှန်ပင် ကျွန်ုပ်သည် မီး‌ရောင်တစ်ခုကို မြင်ရပြီဖြစ်သည်။ ကျွန်ုပ်သည် ထိုမီးရှိရာမှ သတင်းတစ်စုံတစ်ခု သို့မဟုတ် မီးစ တစ်စုံတစ်စုံကို အသင်တို့ အ‌နွေးဓာတ်ရ‌အောင် မီးလှုံနိုင်ကြရန် ယူ‌ဆောင်လာနိုင်မည်ဖြစ်သည်။ فَلَمَّآ أَتَىٰهَا نُودِيَ مِن شَٰطِيِٕ ٱلۡوَادِ ٱلۡأَيۡمَنِ فِي ٱلۡبُقۡعَةِ ٱلۡمُبَٰرَكَةِ مِنَ ٱلشَّجَرَةِ أَن يَٰمُوسَىٰٓ إِنِّيٓ أَنَا ٱللَّهُ رَبُّ ٱلۡعَٰلَمِينَ ٣٠ထို့‌နောက် ၎င်းသည် မီးရှိရာသို့‌ရောက်သည့်အခါ မဂင်္လာအ‌ပေါင်းနှင့် ပြည့်စုံသည့်‌နေရာတွင် (မူစာ၏)လက်ယာဘက်ဖြစ်‌သော ‌တောင်ကြားအရပ်၏ အစွန်း၌ရှိ‌သော သစ်ပင်မှ အသံကြားလိုက်ရသည်။ “အို- မူစာ၊ အမှန်စင်စစ် ငါအရှင်မြတ်သည် စကြဝဠာအ‌ပေါင်းအား ဖန်ဆင်း‌မွေးမြူ‌တော်မူ‌သော အလ္လာဟ်အရှင်မြတ်ပင် ဖြစ်‌တော်မူသည်။“ وَأَنۡ أَلۡقِ عَصَاكَۚ فَلَمَّا رَءَاهَا تَهۡتَزُّ كَأَنَّهَا جَآنٌّ وَلَّىٰ مُدۡبِرًا وَلَمۡ يُعَقِّبۡۚ يَٰمُوسَىٰٓ أَقۡبِلۡ وَلَا تَخَفۡۖ إِنَّكَ مِنَ ٱلۡأٓمِنِينَ ٣١ထို့ပြင် အသင်သည် အသင်၏‌တောင်‌ဝှေးကို ပစ်ချလိုက်ပါ။ ထို့‌နောက် ၎င်းသည် ထို‌တောင်‌ဝှေးအား ‌မြွေကဲ့သို့ တွန့်လိမ်လှုပ်ရှား‌နေသည်ကို ‌တွေ့မြင်သည့်အခါ ပြန်လှည့်၍ပင် မကြည့်ဘဲ ‌နောက်သို့ လှည့်ထွက်သွား‌တော့သည်။ (အရှင်မြတ်က အမိန့်ရှိ‌တော်မူသည်)။ အို- မူစာ၊ အသင်သည် ‌ရှေ့သို့လာခဲ့ပါ။ ထို့ပြင် အသင်သည် မ‌ကြောက်ပါနှင့်။ အမှန်စင်စစ် အသင်သည် ‌ဘေးကင်းသူတစ်ဦးဖြစ်သည်။ ٱسۡلُكۡ يَدَكَ فِي جَيۡبِكَ تَخۡرُجۡ بَيۡضَآءَ مِنۡ غَيۡرِ سُوٓءٍ وَٱضۡمُمۡ إِلَيۡكَ جَنَاحَكَ مِنَ ٱلرَّهۡبِۖ فَذَٰنِكَ بُرۡهَٰنَانِ مِن رَّبِّكَ إِلَىٰ فِرۡعَوۡنَ وَمَلَإِيْهِۦٓۚ إِنَّهُمۡ كَانُواْ قَوۡمًا فَٰسِقِينَ ٣٢အသင်သည် အသင်၏လက်ကို အကင်္ျီကွဲ‌ကြောင်း(မှချိုင်းကြား)ကို ထည့်သွင်းလိုက်ပါ။ ထိုလက်သည် အပြစ်အနာအဆာမရှိဘဲ လင်းဝင်း‌တောက်ပလျက်ထွက်လာမည်။ ထို့ပြင် အသင်သည် ‌ကြောက်ရွံ့မှုကင်းရန်အတွက် အသင်၏လက်ကို အသင်၏ကိုယ်နှင့် ပူးကပ်ထားလိုက်ပါ။ ဤနှစ်ခုသည် အသင့်အား ဖန်ဆင်း‌မွေးမြူ‌တော်မူ‌သောအရှင်မြတ်ထံ‌တော်မှ ဖိရ်‌အောင်န်နှင့် သူ၏မှူးမတ်များထံသို့(ယူသွားရန်) ထင်ရှား‌သော သက်‌သေသာဓကနှစ်ခုပင် ဖြစ်သည်။ အမှန်စင်စစ် သူတို့သည် အမိန့်‌တော်ကို ‌သွေဖည်ကြ‌သော အမျိုးသားများပင် ဖြစ်ကြသည်။ قَالَ رَبِّ إِنِّي قَتَلۡتُ مِنۡهُمۡ نَفۡسًا فَأَخَافُ أَن يَقۡتُلُونِ ٣٣၎င်းက ‌ပြောဆို‌လျှောက်ထားသည်။ အို- ကျွန်ုပ်အား ဖန်ဆင်း‌မွေးမြူ‌တော်မူ‌သောအရှင်မြတ်၊ အမှန်စင်စစ် ကျွန်ုပ်သည် သူတို့ထဲမှ လူတစ်ဦးကို သတ်ဖြတ်မိခဲ့သည့်အတွက် သူတို့သည် ကျွန်ုပ်အား သတ်ဖြတ်မည်ကို ကျွန်ုပ်စိုးရိမ်မိပါသည်။ وَأَخِي هَٰرُونُ هُوَ أَفۡصَحُ مِنِّي لِسَانًا فَأَرۡسِلۡهُ مَعِيَ رِدۡءًا يُصَدِّقُنِيٓۖ إِنِّيٓ أَخَافُ أَن يُكَذِّبُونِ ٣٤ထို့ပြင် ကျွန်ုပ်အစ်ကို ဟာရူန်ကမူ စကား‌ပြောဆိုရာတွင် ကျွန်ုပ်ထက်ပို၍ စကားကြွယ်သည့်သူဖြစ်ပါသည်။ သို့ဖြစ်ရာ အရှင်မြတ်သည် ကျွန်ုပ်၏အစ်ကိုကိုလည်း ကျွန်ုပ်နှင့်အတူ ကျွန်ုပ်ကို‌ထောက်ခံ(‌ပြောဆိုနိုင်ရန်) ကူညီရိုင်းပင်းသူအဖြစ် ‌စေလွှတ်‌တော်မူပါ။ အမှန်စင်စစ် ကျွန်ုပ်သည် ကျွန်ုပ်အား သူတို့က မဟုတ်မမှန်ဟု စွပ်စွဲငြင်းပယ်ကြမည်ကို စိုးရိမ်မိပါသည်။ قَالَ سَنَشُدُّ عَضُدَكَ بِأَخِيكَ وَنَجۡعَلُ لَكُمَا سُلۡطَٰنًا فَلَا يَصِلُونَ إِلَيۡكُمَا بِـَٔايَٰتِنَآۚ أَنتُمَا وَمَنِ ٱتَّبَعَكُمَا ٱلۡغَٰلِبُونَ ٣٥အရှင်မြတ်က အမိန့်ရှိ‌တော်မူသည်- ငါအရှင်မြတ်သည် အသင်၏အစ်ကိုနှင့် အသင်၏လက်ရုံးရည်ကို အားပိုရှိ‌စေ‌တော်မူမည်။ ထို့ပြင် ငါအရှင်မြတ်သည် အသင်တို့နှစ်ဦးအား အရှိန်အဝါတစ်မျိုးကို ‌ပေးသနား‌တော်မူမည်ဖြစ်သည့်အတွက် သူတို့သည် အသင်တို့အ‌ပေါ်တွင် မည်သို့မှ ထိပါးနိုင်ကြမည် မဟုတ်‌ပေ။ (အသင်တို့နှစ်ဦးသည်) ငါအရှင်မြတ်၏ သက်‌သေလက္ခဏာများနှင့်တကွ(သွားကြပါ)။ အသင်တို့နှစ်ဦးနှင့် အသင်တို့နှစ်ဦး‌နောက်သို့ လိုက်ကြသည့်သူများသည် ‌အောင်နိုင်သူများဖြစ်ကြလိမ့်မည်။ فَلَمَّا جَآءَهُم مُّوسَىٰ بِـَٔايَٰتِنَا بَيِّنَٰتٍ قَالُواْ مَا هَٰذَآ إِلَّا سِحۡرٌ مُّفۡتَرًى وَمَا سَمِعۡنَا بِهَٰذَا فِيٓ ءَابَآئِنَا ٱلۡأَوَّلِينَ ٣٦ထို့‌နောက် (တမန်‌တော်)မူစာသည် သူတို့ထံသို့ ငါအရှင်မြတ်၏ ထင်ရှားသည့်သက်‌သေလက္ခဏာ‌တော်များကို ယူ‌ဆောင်လာခဲ့သည့်အခါ သူတို့က ဤသည် လုပ်ကြံဖန်တီးထား‌သော ‌မှော်အတတ်ပင်ဖြစ်သည်။ ထို့ပြင် ကျွန်ုပ်တို့သည် ကျွန်ုပ်တို့၏‌ရှေးက အဘ၊ ဘိုး၊ ‌ဘေးများ(လက်ထက်)တွင် ဤသို့စကားမျိုး မကြားဖူးခဲ့ကြပါဟု ‌ပြောဆိုကြသည်။ وَقَالَ مُوسَىٰ رَبِّيٓ أَعۡلَمُ بِمَن جَآءَ بِٱلۡهُدَىٰ مِنۡ عِندِهِۦ وَمَن تَكُونُ لَهُۥ عَٰقِبَةُ ٱلدَّارِۚ إِنَّهُۥ لَا يُفۡلِحُ ٱلظَّٰلِمُونَ ٣٧ထို့ပြင် (တမန်‌တော်)မူစာက ‌ပြောခဲ့သည်- ငါ့အား ဖန်ဆင်း‌မွေးမြူ‌တော်မူ‌သော အရှင်မြတ်သည် အရှင်မြတ်ထံ‌တော်မှ မည်သူသည် လမ်းမှန် ညွှန်ကြားပြသချက်ကို ယူ‌ဆောင်ခဲ့သည်ကိုသာမက ဤဘဝ၏ ‌နောက်ဆုံးအကျိုးသည် မည်သူ့အတွက် ဖြစ်သည်ဆိုသည်ကို အသိဆုံးအရှင်ဖြစ်‌တော်မူသည်။ အမှန်စင်စစ် မတရားကျူးလွန်သူများသည် ‌အောင်မြင်မှုကို ရရှိကြမည်မဟုတ်‌ပေ။ وَقَالَ فِرۡعَوۡنُ يَٰٓأَيُّهَا ٱلۡمَلَأُ مَا عَلِمۡتُ لَكُم مِّنۡ إِلَٰهٍ غَيۡرِي فَأَوۡقِدۡ لِي يَٰهَٰمَٰنُ عَلَى ٱلطِّينِ فَٱجۡعَل لِّي صَرۡحًا لَّعَلِّيٓ أَطَّلِعُ إِلَىٰٓ إِلَٰهِ مُوسَىٰ وَإِنِّي لَأَظُنُّهُۥ مِنَ ٱلۡكَٰذِبِينَ ٣٨ထို့ပြင် ဖိရ်‌အောင်န်က ‌ပြောဆိုသည်။ အို- မှူးမတ်တို့၊ ကျွန်ုပ်သည် ကျွန်ုပ်မှလွဲ၍ အသင်တို့တွင် အခြားကိုးကွယ်ရာရှိသည်ဟု မသိ‌ပေ။ သို့ဖြစ်ရာ အို- ဟာမာန်၊ ကျွန်ုပ်သည် မူစာ၏ကိုးကွယ်ထိုက်သည့်အရှင်ကို ကြည့်ရန် အသင်သည် ကျွန်ုပ်အတွက် ရွှံ့‌မြေကိုမီးဖုတ်ပြီး မြင့်သည့်အ‌ဆောက်အအုံ(‌မျှော်စင်)တစ်ခုပြုလုပ်ပါ။ ထို့ပြင် အမှန်စင်စစ် ကျွန်ုပ်သည် သူ့ကို လိမ်လည်သူဖြစ်သည်ဟု ထင်သည်။ وَٱسۡتَكۡبَرَ هُوَ وَجُنُودُهُۥ فِي ٱلۡأَرۡضِ بِغَيۡرِ ٱلۡحَقِّ وَظَنُّوٓاْ أَنَّهُمۡ إِلَيۡنَا لَا يُرۡجَعُونَ ٣٩ထို့ပြင် ထိုဖိရ်‌အောင်န်နှင့် သူ၏တပ်သားများသည် တိုင်းပြည်တွင် မတရား မာန‌ထောင်ကြရုံသာမက အမှန်စင်စစ် သူတို့သည် ငါအရှင်မြတ်ထံသို့ ပြန်လည်‌ရောက်ရှိကြမည်မဟုတ်‌ပေဟု ထင်မှတ်‌နေခဲ့ကြခြင်းဖြစ်သည်။ فَأَخَذۡنَٰهُ وَجُنُودَهُۥ فَنَبَذۡنَٰهُمۡ فِي ٱلۡيَمِّۖ فَٱنظُرۡ كَيۡفَ كَانَ عَٰقِبَةُ ٱلظَّٰلِمِينَ ٤٠သို့ဖြစ်ရာ ငါအရှင်မြတ်သည် ထိုဖိရ်‌အောင်န်နှင့် သူ၏တပ်သားများကို ဖမ်းဆီးပြီး ပင်လယ်ထဲသို့ ပစ်ချ‌တော်မူခဲ့သည်။ သို့ဖြစ်ရာ မတရားသူများ၏‌နောက်ဆုံးအကျိုးသည် မည်သို့ရှိခဲ့သနည်းဆိုသည်ကို အသင်ကြည့်လိုက်ပါ။ وَجَعَلۡنَٰهُمۡ أَئِمَّةً يَدۡعُونَ إِلَى ٱلنَّارِۖ وَيَوۡمَ ٱلۡقِيَٰمَةِ لَا يُنصَرُونَ ٤١ထို့ပြင် ငါအရှင်မြတ်သည် သူတို့အား ငရဲဘက်သို့ ဖိတ်‌ခေါ်ကြ‌သောအခါ ‌ရှေ့‌ဆောင်‌ရှေ့ရပ်များအဖြစ် ပြုလုပ်‌တော်မူခဲ့သည်။ ထို့ပြင် ကိယာမသ်ရှင်ပြန်ထမည့်‌နေ့တွင် သူတို့သည် ကူညီမှု ခံရမည်မဟုတ်‌ပေ။ وَأَتۡبَعۡنَٰهُمۡ فِي هَٰذِهِ ٱلدُّنۡيَا لَعۡنَةًۖ وَيَوۡمَ ٱلۡقِيَٰمَةِ هُم مِّنَ ٱلۡمَقۡبُوحِينَ ٤٢ထို့ပြင် ငါအရှင်မြတ်သည် ဤဘဝတွင်လည်း ကရုဏာ‌တော်မှကင်း‌ဝေးမှုကို သူတို့၏‌နောက်မှ လိုက်ပါ‌စေ‌တော်မူခဲ့သည်။ ထို့ပြင် ကိယာမသ်‌နေ့တွင်လည်း သူတို့သည် အ‌ခြေအ‌နေ အလွန်ဆိုးရွားသူများထဲမှပင် ဖြစ်ကြလိမ့်မည်။ وَلَقَدۡ ءَاتَيۡنَا مُوسَى ٱلۡكِتَٰبَ مِنۢ بَعۡدِ مَآ أَهۡلَكۡنَا ٱلۡقُرُونَ ٱلۡأُولَىٰ بَصَآئِرَ لِلنَّاسِ وَهُدًى وَرَحۡمَةً لَّعَلَّهُمۡ يَتَذَكَّرُونَ ٤٣ထို့ပြင် အမှန်စင်စစ် ငါအရှင်မြတ်သည် ယခင်ကမျိုးဆက်များကို ဖျက်ဆီး‌တော်မူခဲ့ပြီး‌နောက် လူများ တရားရကြရန်အတွက် ထင်ရှား‌သောသက်‌သေခံများအဖြစ်၊ လမ်းမှန်ညွှန်ကြားပြသချက်အဖြစ်နှင့် ကရုဏာ‌တော်အဖြစ် ငါအရှင်မြတ်သည် (တမန်‌တော်)မူစာအား ကျမ်းဂန်ကို ‌ပေးသနား‌တော်မူခဲ့သည်။ وَمَا كُنتَ بِجَانِبِ ٱلۡغَرۡبِيِّ إِذۡ قَضَيۡنَآ إِلَىٰ مُوسَى ٱلۡأَمۡرَ وَمَا كُنتَ مِنَ ٱلشَّٰهِدِينَ ٤٤ထို့ပြင် ငါအရှင်မြတ်သည် (တမန်‌တော်)မူစာထံသို့ အမိန့်‌တော်ပို့ချ‌တော်မူခဲ့စဉ်က အသင်(တမန်‌တော်မုဟမ္မဒ်-ဆွ)သည် အ‌နောက်ဘက်အရပ်တွင် ရှိခဲ့သည်လည်းမဟုတ်‌ပေ။ ထို့ပြင် အသင်(တမန်‌တော်)သည် ကြည့်ရှုသူများထဲတွင် ပါဝင်ခဲ့သည်လည်း မဟုတ်‌ပေ။ وَلَٰكِنَّآ أَنشَأۡنَا قُرُونًا فَتَطَاوَلَ عَلَيۡهِمُ ٱلۡعُمُرُۚ وَمَا كُنتَ ثَاوِيًا فِيٓ أَهۡلِ مَدۡيَنَ تَتۡلُواْ عَلَيۡهِمۡ ءَايَٰتِنَا وَلَٰكِنَّا كُنَّا مُرۡسِلِينَ ٤٥သို့ရာတွင် ငါအရှင်မြတ်သည် မျိုးဆက်အ‌မြောက်အမြားကို ‌ပေါက်ဖွား‌စေ‌တော်မူခဲ့သည်။ သူတို့အ‌ပေါ်တွင်လည်း သက်တမ်းနှစ်များ(များစွာ)ကြာ‌ညောင်း(‌နေထိုင်‌စေ)ခဲ့သည်။ ထို့ပြင် အသင်(တမန်‌တော်)သည် မဒ်ယန်မြို့သားများထဲတွင် ‌နေထိုင်ပြီး သူတို့‌ရှေ့၌ ငါအရှင်မြတ်၏အာယသ်‌တော်များကို ဖတ်ကြား‌နေခဲ့ဖူးသည်လည်း မဟုတ်‌ပေ။ သို့ရာတွင် ငါအရှင်မြတ်သည် (အသင့်အား တမန်‌တော်အဖြစ်)‌စေလွှတ်‌တော်မူမည့် အရှင်မြတ်ပင်ဖြစ်‌တော်မူသည်။ وَمَا كُنتَ بِجَانِبِ ٱلطُّورِ إِذۡ نَادَيۡنَا وَلَٰكِن رَّحۡمَةً مِّن رَّبِّكَ لِتُنذِرَ قَوۡمًا مَّآ أَتَىٰهُم مِّن نَّذِيرٍ مِّن قَبۡلِكَ لَعَلَّهُمۡ يَتَذَكَّرُونَ ٤٦ထို့ပြင် ငါအရှင်မြတ်သည် (တမန်‌တော်မူစာကို) ဟစ်‌ခေါ်‌တော်မူခဲ့သည့်အခါတွင် အသင်သည် သွူရ်‌တောင်၏နံ‌ဘေးတွင် ရှိခဲ့သည်လည်းမဟုတ်‌ပေ။ သို့ရာတွင် အသင်သည် အသင့်အား ဖန်ဆင်း‌မွေးမြူ‌တော်မူ‌သော အရှင်မြတ်၏ကရုဏာ‌တော်ဖြင့် အကြင်အမျိုးသားများအား တရားရကြ‌အောင် သတိ‌ပေးနှိုး‌ဆော်ရန်အတွက် (တမန်‌တော်အဖြစ် ချီးမြှင့်‌တော်မူခြင်းကို ခံခဲ့ရသည်)။ ထိုအမျိုးသားများထံသို့ အသင်၏မတိုင်မီ သတိ‌ပေးနှိုး‌ဆော်သူတစ်ဦးမျှ ‌ရောက်ရှိလာခဲ့သည် မရှိ‌ပေ။ وَلَوۡلَآ أَن تُصِيبَهُم مُّصِيبَةُۢ بِمَا قَدَّمَتۡ أَيۡدِيهِمۡ فَيَقُولُواْ رَبَّنَا لَوۡلَآ أَرۡسَلۡتَ إِلَيۡنَا رَسُولًا فَنَتَّبِعَ ءَايَٰتِكَ وَنَكُونَ مِنَ ٱلۡمُؤۡمِنِينَ ٤٧ထို့ပြင် အကယ်၍သာ သူတို့အ‌ပေါ်တွင် သူတို့လက်များက ကြိုတင်ပို့ထားသည့်အရာ(အပြစ်)များ‌ကြောင့် ဒုက္ခတစ်စုံတစ်ခု ကျ‌ရောက်လာလျှင် သူတို့က အို- ကျွန်ုပ်တို့အား ဖန်ဆင်း‌မွေးမြူ‌တော်မူ‌သောအရှင်၊ အရှင်မြတ်သည် အဘယ့်‌ကြောင့် ကျွန်ုပ်တို့ထံသို့ တမန်‌တော်တစ်ပါးပါး ‌စေလွှတ်‌တော်မမူခဲ့ပါသနည်း။ ထိုသို့ ‌စေလွှတ်‌တော်မူခဲ့လျှင် ကျွန်ုပ်တို့သည် အရှင်မြတ်၏အမိန့်‌တော်များကို လိုက်နာကြမည်ဖြစ်ပါသည်။ ထို့ပြင် ကျွန်ုပ်တို့သည် အီမာန်ယုံကြည်သူများထဲတွင် အပါအဝင်ဖြစ်ကြမည်ဟု မ‌ပြောဆိုနိုင်ကြရန်အတွက် (တမန်‌တော်ကို ‌စေလွှတ်လိုက်ခြင်း)ဖြစ်သည်။ فَلَمَّا جَآءَهُمُ ٱلۡحَقُّ مِنۡ عِندِنَا قَالُواْ لَوۡلَآ أُوتِيَ مِثۡلَ مَآ أُوتِيَ مُوسَىٰٓۚ أَوَلَمۡ يَكۡفُرُواْ بِمَآ أُوتِيَ مُوسَىٰ مِن قَبۡلُۖ قَالُواْ سِحۡرَانِ تَظَٰهَرَا وَقَالُوٓاْ إِنَّا بِكُلٍّ كَٰفِرُونَ ٤٨ထို့‌နောက် သူတို့ထံသို့ ငါအရှင်မြတ်ထံ‌တော်မှ အမှန်တရား‌တော်‌ရောက်ရှိလာသည့်အခါ သူတို့က အဘယ့်‌ကြောင့် (ဤတမန်‌တော်သည် တမန်‌တော်)မူစာ ချီးမြှင့်ခံရသည့်အရာမျိုး* ချီးမြှင့်ခြင်း မခံခဲ့ရပါသနည်းဟု ‌ပြောဆိုခဲ့ကြသည်။ သူတို့သည် ယခင်က (တမန်‌တော်)မူစာချီးမြှင့်ခံရသည့်အရာကို ငြင်းပယ်ခဲ့ကြသည်မဟုတ်‌လော။ သူတို့က (‌သောင်ရသ်ကျမ်းနှင့် ကုရ်အာန်ကျမ်းမြတ်)နှစ်ခုလုံးသည် အချင်းချင်းတစ်ခုကိုတစ်ခု ‌ထောက်ခံ‌သော ‌မှော်အတတ်ဖြစ်သည်ဟု ‌ပြောဆိုခဲ့ကြသည်။ ထို့ပြင် သူတို့က အမှန်စင်စစ် ကျွန်ုပ်တို့သည် အားလုံးကို ငြင်းပယ်သူများဖြစ်ကြသည်ဟု ‌ပြောဆိုခဲ့ကြသည်။ قُلۡ فَأۡتُواْ بِكِتَٰبٍ مِّنۡ عِندِ ٱللَّهِ هُوَ أَهۡدَىٰ مِنۡهُمَآ أَتَّبِعۡهُ إِن كُنتُمۡ صَٰدِقِينَ ٤٩(အို- တမန်‌တော်)အသင်‌ပြောလိုက်ပါ- အကယ်၍ အသင်တို့သည် အမှန်‌ပြောဆိုသူများဖြစ်ကြလျှင် အသင်တို့သည် အလ္လာဟ်အရှင်မြတ်ထံ‌တော်မှ ဤ(ကျမ်း)နှစ်‌စောင်လုံးထက်ပို၍ တရားလမ်းညွှန်ဖြစ်‌သော ကျမ်းတစ်‌စောင်ကို ယူ‌ဆောင်လာကြပါ။ ငါသည် ထိုကျမ်းနှင့်အညီ လိုက်နာပါမည်။ فَإِن لَّمۡ يَسۡتَجِيبُواْ لَكَ فَٱعۡلَمۡ أَنَّمَا يَتَّبِعُونَ أَهۡوَآءَهُمۡۚ وَمَنۡ أَضَلُّ مِمَّنِ ٱتَّبَعَ هَوَىٰهُ بِغَيۡرِ هُدًى مِّنَ ٱللَّهِۚ إِنَّ ٱللَّهَ لَا يَهۡدِي ٱلۡقَوۡمَ ٱلظَّٰلِمِينَ ٥٠ထို့‌နောက် အကယ်၍ သူတို့သည် အသင်၏‌ပြောကြားချက်ကို သ‌ဘောမတူခဲ့ကြလျှင် သူတို့သည် သူတို့၏စိတ်အလိုဆန္ဒများကိုသာ လိုက်စားသူများဖြစ်ကြသည်ဟုပင် အသင် မှတ်ယူလိုက်ပါ။ ထို့ပြင် အလ္လာဟ်အရှင်မြတ်ထံ‌တော်မှ တရားလမ်းညွှန်မှု တစ်စုံတစ်ရာမရှိဘဲ မိမိ၏စိတ်အလိုဆန္ဒကိုသာ လိုက်စားသူထက် ပိုမိုလမ်းလွဲသူ မည်သူရှိဦးမည်နည်း။ အမှန်စင်စစ် အလ္လာဟ်အရှင်မြတ်သည် မတရားကျူး‌ကျော်‌စော်ကား‌သော အမျိုးသားများအား လမ်းမှန်ညွှန်ကြားပြသ‌တော်မမူ‌ပေ။ ۞ وَلَقَدۡ وَصَّلۡنَا لَهُمُ ٱلۡقَوۡلَ لَعَلَّهُمۡ يَتَذَكَّرُونَ ٥١ထို့ပြင် အမှန်စင်စစ် ငါအရှင်မြတ်သည် သူတို့အတွက် သူတို့ တရားရကြရန် ကုရ်အာန်ကျမ်း‌တော်မြတ်ကို အဆက်မပြတ်(တဖြည်းဖြည်း)ပို့‌ဆောင်သည်။ ٱلَّذِينَ ءَاتَيۡنَٰهُمُ ٱلۡكِتَٰبَ مِن قَبۡلِهِۦ هُم بِهِۦ يُؤۡمِنُونَ ٥٢ဤ(ကုရ်အာန်၏)မတိုင်မီ ငါအရှင်က ကျမ်းဂန်‌ပေးသနား‌တော်မူခဲ့သည့်သူများသည် ဤ(ကုရ်အာန်ကျမ်း‌တော်မြတ်)ကို ယုံကြည်ကြသည်။ وَإِذَا يُتۡلَىٰ عَلَيۡهِمۡ قَالُوٓاْ ءَامَنَّا بِهِۦٓ إِنَّهُ ٱلۡحَقُّ مِن رَّبِّنَآ إِنَّا كُنَّا مِن قَبۡلِهِۦ مُسۡلِمِينَ ٥٣ထို့ပြင် ဤ(ကျမ်း)ကို သူတို့‌ရှေ့၌ ဖတ်ကြားသည့်အခါ သူတို့က ကျွန်ုပ်တို့သည် ဤ(ကျမ်း)ကို ယုံကြည်ကြပြီဖြစ်ပါသည်။ အမှန်စင်စစ် ဤ(ကျမ်း)သည် ကျွန်ုပ်တို့အား ဖန်ဆင်း‌မွေးမြူ‌တော်မူ‌သော အရှင်မြတ်ထံ‌တော်မှ အမှန်တရားပင်ဖြစ်သည်။ အမှန်စင်စစ် ကျွန်ုပ်တို့သည် ဤ(ကျမ်းမကျမီ) ယခင်ကတည်းက အမိန့်‌တော်ကို လိုက်နာသည့်သူ မွတ်စ်လင်မ်များဖြစ်ခဲ့ကြပါသည်ဟု ‌ပြောဆိုခဲ့ကြသည်။ أُوْلَٰٓئِكَ يُؤۡتَوۡنَ أَجۡرَهُم مَّرَّتَيۡنِ بِمَا صَبَرُواْ وَيَدۡرَءُونَ بِٱلۡحَسَنَةِ ٱلسَّيِّئَةَ وَمِمَّا رَزَقۡنَٰهُمۡ يُنفِقُونَ ٥٤သူတို့သည် သည်းခံခဲ့ကြသည့်အတွက်နှင့် အဆိုးကို အ‌ကောင်းနှင့် တွန်းလှန်ကြသည့်အတွက်အပြင် သူတို့ကို ငါအရှင်မြတ်က ‌ပေးသနား‌တော်မူခဲ့‌သော ပစ္စည်းဥစ္စာများထဲမှ သုံးစွဲလှူဒါန်းကြသည့်အတွက်‌ကြောင့် သူတို့၏အကျိုးကို နှစ်ဆ‌ပေး‌တော်မူခြင်း ခံကြရမည်ဖြစ်သည်။ وَإِذَا سَمِعُواْ ٱللَّغۡوَ أَعۡرَضُواْ عَنۡهُ وَقَالُواْ لَنَآ أَعۡمَٰلُنَا وَلَكُمۡ أَعۡمَٰلُكُمۡ سَلَٰمٌ عَلَيۡكُمۡ لَا نَبۡتَغِي ٱلۡجَٰهِلِينَ ٥٥ထို့ပြင် သူတို့သည် အကျိုးမဲ့စကားကို ကြားကြသည့်အခါ ထိုအကျိုးမဲ့စကားမှ မျက်နှာလွှဲသွားကြသည့်အပြင် ကျွန်ုပ်တို့၏လုပ်ရပ်များသည် ကျွန်ုပ်တို့အတွက်ဖြစ်ပြီး အသင်တို့၏လုပ်ရပ်များသည် အသင်တို့အတွက်ဖြစ်သည်။ အသင်တို့အ‌ပေါ် ငြိမ်းချမ်းသာယာမှု သက်‌ရောက်ပါ‌စေ။ ကျွန်ုပ်တို့သည် အသိပညာကင်းမဲ့သူများ(နှင့် စကားများရန်)ကို အလိုမရှိကြပါဟု ‌ပြောဆိုခဲ့ကြသည်။ إِنَّكَ لَا تَهۡدِي مَنۡ أَحۡبَبۡتَ وَلَٰكِنَّ ٱللَّهَ يَهۡدِي مَن يَشَآءُۚ وَهُوَ أَعۡلَمُ بِٱلۡمُهۡتَدِينَ ٥٦အမှန်ပင် အသင်သည် အသင်နှစ်သက်သည့်သူကို တရားလမ်းမှန်သို့ ပို့‌ဆောင်မ‌ပေးနိုင်‌ပေ။ သို့ရာတွင် အလ္လာဟ်အရှင်မြတ်သည် အရှင်မြတ်အလိုရှိသည့်သူကို တရားလမ်းမှန်သို့ ပို့‌ဆောင်‌ပေး‌တော်မူသည်။* ထို့ပြင် အရှင်မြတ်သည် တရားလမ်းမှန်ရရှိမည့်သူများကို အသိဆုံးအရှင်ဖြစ်‌တော်မူသည်။ وَقَالُوٓاْ إِن نَّتَّبِعِ ٱلۡهُدَىٰ مَعَكَ نُتَخَطَّفۡ مِنۡ أَرۡضِنَآۚ أَوَلَمۡ نُمَكِّن لَّهُمۡ حَرَمًا ءَامِنًا يُجۡبَىٰٓ إِلَيۡهِ ثَمَرَٰتُ كُلِّ شَيۡءٍ رِّزۡقًا مِّن لَّدُنَّا وَلَٰكِنَّ أَكۡثَرَهُمۡ لَا يَعۡلَمُونَ ٥٧ထို့ပြင် သူတို့က အကယ်၍ ကျွန်ုပ်တို့သည် အသင်နှင့်အတူ တရားလမ်းမှန်ကို လိုက်ကြလျှင် ကျွန်ုပ်တို့သည် ကျွန်ုပ်တို့၏တိုင်းပြည်မှ နှင်ထုတ်ခြင်းကို ခံကြရမည်ဖြစ်သည်ဟု ‌ပြောဆိုခဲ့ကြသည်။ ငါအရှင်မြတ်သည် သူတို့အား ‌ဘေးရန်ကင်းငြိမ်း‌သော အကြင်ဟရာမ်ထဲတွင် အတည်တကျ ‌နေရာချ‌ပေး‌တော်မူခဲ့ပြီး ထိုဟရာမ်ထံသို့ အသီးအနှံအမျိုးမျိုးသည် ငါအရှင်မြတ်ထံ‌တော်မှ စားနပ်ရိက္ခာအဖြစ် သယ်ယူ‌ရောက်ရှိလာခဲ့သည် မဟုတ်‌လော။ သို့ရာတွင် သူတို့ထဲမှ အများစုသည် မသိနားမလည်ကြ‌ပေ။ وَكَمۡ أَهۡلَكۡنَا مِن قَرۡيَةِۭ بَطِرَتۡ مَعِيشَتَهَاۖ فَتِلۡكَ مَسَٰكِنُهُمۡ لَمۡ تُسۡكَن مِّنۢ بَعۡدِهِمۡ إِلَّا قَلِيلًاۖ وَكُنَّا نَحۡنُ ٱلۡوَٰرِثِينَ ٥٨ထို့ပြင် ငါအရှင်မြတ်သည် သူတို့၏ ပစ္စည်းဥစ္စာချမ်းသာမှု‌ကြောင့် ‌မော်ကြွားရွှင်မြူးခဲ့ကြ‌သော မြို့ရွာအများအပြားအား ဖျက်ဆီး‌တော်မူခဲ့သည်။ ထို့ပြင် ဤအရာများသည် သူတို့၏အိမ်များပင်ဖြစ်ကြသည်။ ထိုအိမ်များတွင် သူတို့မရှိကြသည့်‌နောက် အနည်းငယ်(လူများ)မှလွဲ၍ စည်ကားခဲ့ခြင်း ‌နေထိုင်ခဲ့ခြင်း မရှိ‌တော့‌ပေ။ ထို့ပြင် ငါအရှင်မြတ်ပင် (သူတို့၏ပစ္စည်းများကို) ပိုင်ဆိုင်‌တော်မူ‌သောအရှင်ဖြစ်‌တော်မူခဲ့သည်။ وَمَا كَانَ رَبُّكَ مُهۡلِكَ ٱلۡقُرَىٰ حَتَّىٰ يَبۡعَثَ فِيٓ أُمِّهَا رَسُولًا يَتۡلُواْ عَلَيۡهِمۡ ءَايَٰتِنَاۚ وَمَا كُنَّا مُهۡلِكِي ٱلۡقُرَىٰٓ إِلَّا وَأَهۡلُهَا ظَٰلِمُونَ ٥٩ထို့ပြင် အသင့်အား ဖန်ဆင်း‌မွေးမြူ‌တော်မူ‌သောအရှင်မြတ်သည် မြို့ရွာများကို ထိုမြို့ရွာများ၏ဌာနချုပ်တွင် ငါအရှင်မြတ်၏အာယသ်‌တော်များကို သူတို့‌ရှေ့၌ဖတ်ကြားမည့် တမန်‌တော်တစ်ပါးပါးအား ပွင့်‌ပေါ်‌စေ‌တော်မူခြင်း မရှိသမျှ ဖျက်ဆီး‌တော်မူ‌သောအရှင် မဟုတ်‌ပေ။ ထို့ပြင် ငါအရှင်မြတ်သည် ထိုမြို့ရွာများကို ထိုမြို့သူရွာသားများသည် မတရားသူများ မဖြစ်သမျှ ဖျက်ဆီး‌တော်မူ‌သောအရှင် မဟုတ်‌ပေ။ وَمَآ أُوتِيتُم مِّن شَيۡءٍ فَمَتَٰعُ ٱلۡحَيَوٰةِ ٱلدُّنۡيَا وَزِينَتُهَاۚ وَمَا عِندَ ٱللَّهِ خَيۡرٌ وَأَبۡقَىٰٓۚ أَفَلَا تَعۡقِلُونَ ٦٠ထို့ပြင် အသင်တို့ကို ‌ပေးသနားခြင်းခံခဲ့ကြရသည့်အရာများသည် ဤဘဝ၏အသုံးအ‌ဆောင်နှင့် ဤဘဝ၏တင့်တယ်မှုသာဖြစ်သည်။ ထို့ပြင် အလ္လာဟ်အရှင်မြတ်ထံ‌တော်တွင် ရှိသည့်အရာများကမူ အ‌ကောင်းဆုံးဖြစ်သည့်အပြင် အတည်မြဲဆုံးလည်းဖြစ်သည်။ သို့ပါလျက် အသင်တို့သည် မသိနားမလည်ကြသ‌လော။ أَفَمَن وَعَدۡنَٰهُ وَعۡدًا حَسَنًا فَهُوَ لَٰقِيهِ كَمَن مَّتَّعۡنَٰهُ مَتَٰعَ ٱلۡحَيَوٰةِ ٱلدُّنۡيَا ثُمَّ هُوَ يَوۡمَ ٱلۡقِيَٰمَةِ مِنَ ٱلۡمُحۡضَرِينَ ٦١သို့ဖြစ်ရာ မည်သူ့အား ငါအရှင်မြတ်သည် ‌ကောင်းမြတ်သည့်ကတိ ‌ပေး‌တော်မူခဲ့သည်၊ ထို(‌ပေးခဲ့သည့်)အတွက် ထိုသူသည် ထိုကတိအတိုင်း ဆုံ‌တွေ့ရမည့်သူလည်းဖြစ်သည်။ ထိုသူသည် အကြင်သူနှင့် တူနိုင်ပါမည်‌လော။ ငါအရှင်မြတ်သည် ထိုသူကို ဤဘဝတွင် အကျိုးခံစားခွင့်‌ပေး‌တော်မူခဲ့သည်။ ထို့ပြင် ကိယာမသ်‌နေ့တွင် သူသည် (ဖမ်းဆီးခံရပြီး) ‌ရှေ့သို့ ပို့ခံကြရမည့်သူများထဲမှဖြစ်သည်။ وَيَوۡمَ يُنَادِيهِمۡ فَيَقُولُ أَيۡنَ شُرَكَآءِيَ ٱلَّذِينَ كُنتُمۡ تَزۡعُمُونَ ٦٢ထို့ပြင် ထို‌နေ့တွင် ငါအရှင်မြတ်သည် သူတို့အား ‌ခေါ်ဆိုမိန့်ကြား‌တော်မူမည်- “အသင်တို့က ထင်မှတ်(ကိုးကွယ်ခဲ့ကြသည့်)ငါ၏ရှယ်ယာဝင်များ (ငါနှင့်တွဲဖက်ကိုးကွယ်ရာများ) အဘယ်မှာနည်း။“ قَالَ ٱلَّذِينَ حَقَّ عَلَيۡهِمُ ٱلۡقَوۡلُ رَبَّنَا هَٰٓؤُلَآءِ ٱلَّذِينَ أَغۡوَيۡنَآ أَغۡوَيۡنَٰهُمۡ كَمَا غَوَيۡنَاۖ تَبَرَّأۡنَآ إِلَيۡكَۖ مَا كَانُوٓاْ إِيَّانَا يَعۡبُدُونَ ٦٣အကြင်သူတို့၏အ‌ပေါ်တွင် ငါအရှင်မြတ်၏အမိန့်‌တော်(ပြစ်ဒဏ်) အတည်ဖြစ်သွားသည့်သူ(‌ခေါင်း‌ဆောင်)များက ‌ပြောဆိုကြမည်- “အို- ကျွန်ုပ်တို့အား ဖန်ဆင်း‌မွေးမြူ‌တော်မူ‌သောအရှင်မြတ်၊ ဤသူများကိုပင် ကျွန်ုပ်တို့သည် လမ်းလွဲ‌စေခဲ့ကြပါသည်။ ကျွန်ုပ်တို့သည် ကျွန်ုပ်တို့ကိုယ်တိုင် လမ်းမှားခဲ့ကြသကဲ့သို့ သူတို့ကိုလည်း လမ်းမှား‌စေခဲ့ကြသည်ပင်ဖြစ်ပါသည်။ (ယခုမူ) အရှင်မြတ်၏‌ရှေ့၌ (သူတို့နှင့် ကျွန်ုပ်တို့သည် မည်သို့မျှ) မသက်ဆိုင်‌ကြောင်း တင်ပြပါသည်။ (အမှန်စင်စစ်) သူတို့သည် ကျွန်ုပ်တို့အား ကိုးကွယ်ခဲ့ကြသည် မဟုတ်‌ပေ။ (သူတို့သည် ရှိုင်သွာန်များကို ကိုးကွယ်‌နေကြခြင်းသာဖြစ်ပါသည်။) وَقِيلَ ٱدۡعُواْ شُرَكَآءَكُمۡ فَدَعَوۡهُمۡ فَلَمۡ يَسۡتَجِيبُواْ لَهُمۡ وَرَأَوُاْ ٱلۡعَذَابَۚ لَوۡ أَنَّهُمۡ كَانُواْ يَهۡتَدُونَ ٦٤ထို့ပြင် (ထိုကာဖိရ်များသည် ဤသို့)အမိန့်‌ပေး‌တော်မူခြင်း ခံကြရမည်- “အသင်တို့သည် အသင်တို့ (ကိုးကွယ်ခဲ့ကြသည့်)ယှဉ်တွဲကိုးကွယ်ရာ တွဲဖက်များကို ‌ခေါ်ကြ‌လော့“။ ထို့‌နောက် သူတို့သည် သူတို့၏တွဲဖက်များအား ဟစ်‌ခေါ်ကြ‌သော်လည်း ထိုတွဲဖက်များက သူတို့အား ပြန်‌ဖြေကြား‌တော့မည် မဟုတ်‌တော့‌ပေ။ ထို့ပြင် သူတို့သည် ပြစ်ဒဏ်ကို ‌တွေ့မြင်ကြမည်။ (ထိုအခါ သူတို့ ‌တောင့်တကြမည်) အကယ်၍ သူတို့သည် ‌လောကတွင် ရှိ‌နေခဲ့ကြစဉ်က လမ်းမှန်လိုက်ခဲ့ကြလျှင် အဘယ်မျှ ‌ကောင်းလိုက်မည်နည်း။ وَيَوۡمَ يُنَادِيهِمۡ فَيَقُولُ مَاذَآ أَجَبۡتُمُ ٱلۡمُرۡسَلِينَ ٦٥ထို့ပြင် ထို‌နေ့တွင် အရှင်မြတ်သည် သူတို့အား ဟစ်‌ခေါ်ပြီး ‌မေးမြန်း‌တော်မူမည်- “အမှန်စင်စစ် အသင်တို့သည် တမန်‌တော်များအား မည်သို့ လက်ခံ‌ဖြေကြားခဲ့ကြသနည်း။“ فَعَمِيَتۡ عَلَيۡهِمُ ٱلۡأَنۢبَآءُ يَوۡمَئِذٍ فَهُمۡ لَا يَتَسَآءَلُونَ ٦٦ထို့‌နောက် သူတို့အ‌ပေါ်တွင် ထို‌နေ့၌ သတင်းစကားအားလုံးသည် ဖုံးအုပ်‌ပျောက်ကွယ်သွားမည်။ သူတို့သည် အချင်းချင်း တစ်ဦးကိုတစ်ဦး ‌မေးမြန်းခြင်းလည်း ပြုနိုင်ကြမည်မဟုတ်‌ပေ။ فَأَمَّا مَن تَابَ وَءَامَنَ وَعَمِلَ صَٰلِحًا فَعَسَىٰٓ أَن يَكُونَ مِنَ ٱلۡمُفۡلِحِينَ ٦٧သို့ရာတွင် မည်သူမဆို ဝန်ချ‌တောင်းပန်ပြီး အီမာန်ယုံကြည်ခဲ့သည့်အပြင် ‌ကောင်းမြတ်သည့်လုပ်ရပ်ကိုလည်း ပြုလုပ်ခဲ့လျှင် ထိုသူသည် ‌အောင်မြင်မှုရရှိသည့်သူများထဲတွင် အပါအဝင်ဖြစ်လိမ့်မည်။ وَرَبُّكَ يَخۡلُقُ مَا يَشَآءُ وَيَخۡتَارُۗ مَا كَانَ لَهُمُ ٱلۡخِيَرَةُۚ سُبۡحَٰنَ ٱللَّهِ وَتَعَٰلَىٰ عَمَّا يُشۡرِكُونَ ٦٨ထို့ပြင် အသင့်အား ဖန်ဆင်း‌မွေးမြူ‌တော်မူ‌သော အရှင်မြတ်သည် အရှင်မြတ်အလိုရှိ‌တော်မူ‌သောအရာကို ဖန်ဆင်း‌တော်မူပြီး ‌ရွေးချယ်‌တော်မူသည်။ ထိုသူ(မုရှ်ရိက်)များတွင် ‌ရွေးချယ်ခွင့် လုံးဝမရှိ‌ပေ။ အလ္လာဟ်အရှင်မြတ်သည် သူတို့ တွဲဖက်ကိုးကွယ်ကြသည်များမှ စင်ကြယ်သန့်ရှင်း‌တော်မူသည့်အပြင် (ထိုအရာများထက် အနှိုင်းမရှိ) အလွန်မြင့်မား‌တော်မူလှသည်။ وَرَبُّكَ يَعۡلَمُ مَا تُكِنُّ صُدُورُهُمۡ وَمَا يُعۡلِنُونَ ٦٩ထို့ပြင် အသင့်အား ဖန်ဆင်း‌မွေးမြူ‌တော်မူ‌သောအရှင်မြတ်သည် သူတို့၏စိတ်နှလုံးများတွင် ကိန်း‌အောင်း‌နေသည်များနှင့် သူတို့ထုတ်‌ဖော်‌ပြောကြားသည်များကို သိရှိ‌တော်မူသည်။ وَهُوَ ٱللَّهُ لَآ إِلَٰهَ إِلَّا هُوَۖ لَهُ ٱلۡحَمۡدُ فِي ٱلۡأُولَىٰ وَٱلۡأٓخِرَةِۖ وَلَهُ ٱلۡحُكۡمُ وَإِلَيۡهِ تُرۡجَعُونَ ٧٠ထို့ပြင် အရှင်မြတ်ပင် (ကိုးကွယ်ခြင်းခံထိုက်သည့်) အလ္လာဟ်အရှင်မြတ်ဖြစ်‌တော်မူသည်။ ထိုအရှင်မြတ်မှလွဲ၍ ကိုးကွယ်ထိုက်သည့်အရှင် မရှိ‌ပေ။ ဤဘဝနှင့် တမလွန်ဘဝတွင် အရှင်မြတ်သာ ချီးမွမ်းခြင်းကို ခံထိုက်‌တော်မူသည်။ ထို့ပြင် စိုးမိုးအုပ်ချုပ်မှုအာဏာသည်လည်း အရှင်မြတ်၌ပင် ရှိသည်။ ထို့ပြင် အသင်တို့သည် အရှင်မြတ်ထံ‌တော်သို့ပင် ပြန်သွားကြရမည်ဖြစ်သည်။ قُلۡ أَرَءَيۡتُمۡ إِن جَعَلَ ٱللَّهُ عَلَيۡكُمُ ٱلَّيۡلَ سَرۡمَدًا إِلَىٰ يَوۡمِ ٱلۡقِيَٰمَةِ مَنۡ إِلَٰهٌ غَيۡرُ ٱللَّهِ يَأۡتِيكُم بِضِيَآءٍۚ أَفَلَا تَسۡمَعُونَ ٧١(အို- တမန်‌တော်)အသင် ‌ပြောလိုက်ပါ- “အသင်တို့‌ပြောကြစမ်းပါ- အကယ်၍ အလ္လာဟ်အရှင်မြတ်သည် ကိယာမသ်ရှင်ပြန်ထမည့်‌နေ့ထိ ညကို အသင်တို့အ‌ပေါ်တွင် အမြဲတစ်ဆက်တည်း ပြုလုပ်ထားခဲ့လျှင် အလ္လာဟ်အရှင်မြတ်မှလွဲ၍ အသင်တို့ထံသို့ အလင်း‌ရောင် ယူ‌ဆောင်လာမည့် အခြားကိုးကွယ်ရာ မည်သူရှိ‌သေးသနည်း။ ထို့‌နောက်လည်း အသင်တို့သည် မကြားကြသ‌လော။“ قُلۡ أَرَءَيۡتُمۡ إِن جَعَلَ ٱللَّهُ عَلَيۡكُمُ ٱلنَّهَارَ سَرۡمَدًا إِلَىٰ يَوۡمِ ٱلۡقِيَٰمَةِ مَنۡ إِلَٰهٌ غَيۡرُ ٱللَّهِ يَأۡتِيكُم بِلَيۡلٍ تَسۡكُنُونَ فِيهِۚ أَفَلَا تُبۡصِرُونَ ٧٢(အို- တမန်‌တော်)အသင် ‌ပြောလိုက်ပါ- “အသင်တို့‌ပြောကြစမ်းပါ- အကယ်၍ အလ္လာဟ်အရှင်မြတ်သည် ကိယာမသ်ရှင်ပြန်ထမည့်‌နေ့ထိ ‌နေ့ကို အသင်တို့အ‌ပေါ်တွင် အမြဲတစ်ဆက်တည်း ပြုလုပ်ထားခဲ့လျှင် အလ္လာဟ်အရှင်မြတ်မှလွဲ၍ အသင်တို့ အနားယူရန် ညကို အသင်တို့ထံသို့ ယူ‌ဆောင်လာမည့် အခြားကိုးကွယ်ရာ မည်သူရှိ‌သေးသနည်း။ ထို့‌နောက်လည်း အသင်တို့သည် မမြင်ကြသ‌လော။“ وَمِن رَّحۡمَتِهِۦ جَعَلَ لَكُمُ ٱلَّيۡلَ وَٱلنَّهَارَ لِتَسۡكُنُواْ فِيهِ وَلِتَبۡتَغُواْ مِن فَضۡلِهِۦ وَلَعَلَّكُمۡ تَشۡكُرُونَ ٧٣ထို့ပြင် အရှင်မြတ်သည် အရှင်မြတ်၏ကရုဏာ‌တော်နှင့် အသင်တို့အတွက် ညနှင့်‌နေ့ကို အသင်တို့သည် ည၌ အနားယူကြရန်နှင့် (‌နေ့တွင်) အရှင်မြတ်၏‌ကျေးဇူး‌တော် စားနပ်ရိက္ခာကို ရှာ‌ဖွေကြရန်အတွက် အသင်တို့ ‌ကျေးဇူးသိတတ်ကြရန် ပြုလုပ်ဖန်ဆင်းထား‌တော်မူခဲ့သည်။ وَيَوۡمَ يُنَادِيهِمۡ فَيَقُولُ أَيۡنَ شُرَكَآءِيَ ٱلَّذِينَ كُنتُمۡ تَزۡعُمُونَ ٧٤ထို့ပြင် ထို‌နေ့တွင် အရှင်မြတ်သည် သူတို့အား ဟစ်‌ခေါ်မိန့်ကြား‌တော်မူမည်- “အသင်တို့သည် ငါအရှင်မြတ်၏ တွဲဖက်များဖြစ်ကြသည်ဟု ထင်မှတ်(ကိုးကွယ်)‌နေခဲ့ကြ‌သော တွဲဖက်များသည် အဘယ်မှာနည်း။“ وَنَزَعۡنَا مِن كُلِّ أُمَّةٍ شَهِيدًا فَقُلۡنَا هَاتُواْ بُرۡهَٰنَكُمۡ فَعَلِمُوٓاْ أَنَّ ٱلۡحَقَّ لِلَّهِ وَضَلَّ عَنۡهُم مَّا كَانُواْ يَفۡتَرُونَ ٧٥ထို့ပြင် ငါအရှင်မြတ်သည် သာသနာဝင်အုပ်စုတိုင်းမှ သက်‌သေတစ်ဦးစီကို ထုတ်ပြ‌တော်မူပြီး (ကာဖိရ်)များအား အမိန့်ရှိ‌တော်မူမည်- “အသင်တို့သည် (အသင်တို့၏ တွဲဖက်ကိုးကွယ်မှု မှန်ကန်‌ကြောင်းနှင့် ပတ်သက်၍) အသင်တို့၏ သက်‌သေသာဓက အ‌ထောက်အထားကို တင်ပြကြပါ“။ ထို့‌နောက် သူတို့သည် အလ္လာဟ်အရှင်မြတ်၌ပင် မှန်ကန်မှုရှိ‌ကြောင်း သိရှိသွားကြမည်။ ထို့ပြင် သူတို့ လုပ်ကြံဖန်တီးခဲ့ကြသည့်အရာများသည် သူတို့ထံမှ ‌ပျောက်ကွယ်သွားကြလိမ့်မည်။ ۞ إِنَّ قَٰرُونَ كَانَ مِن قَوۡمِ مُوسَىٰ فَبَغَىٰ عَلَيۡهِمۡۖ وَءَاتَيۡنَٰهُ مِنَ ٱلۡكُنُوزِ مَآ إِنَّ مَفَاتِحَهُۥ لَتَنُوٓأُ بِٱلۡعُصۡبَةِ أُوْلِي ٱلۡقُوَّةِ إِذۡ قَالَ لَهُۥ قَوۡمُهُۥ لَا تَفۡرَحۡۖ إِنَّ ٱللَّهَ لَا يُحِبُّ ٱلۡفَرِحِينَ ٧٦အမှန်စင်စစ် ကာရူန်သည် (တမန်‌တော်)မူစာ၏ (‌ဆွေမျိုးသားချင်းများ)ထဲမှပင် ဖြစ်ခဲ့သည်။ ထို့ပြင် ထိုကာရူန်သည် ထိုအမျိုးသားများအ‌ပေါ်တွင် မာန‌ထောင်ခဲ့သည်။* ထို့ပြင် ငါအရှင်မြတ်သည် သူ့အား အဘယ်မျှ ‌ရွှေ‌ငွေဘဏ္ဍာများကို ‌ပေးသနားထားသနည်းဆိုလျှင်၊ ထို‌ရွှေ‌ငွေဘဏ္ဍာများ(ကို သို‌လှောင်ထား‌သော ဘဏ်တိုက်များ)၏‌သော့များသည် ခွန်အားဗလနှင့်ပြည့်စုံ‌သော လူတစ်စုကိုပင် အမှန်ပင် မနိုင့်တနိုင်ဖြစ်‌စေသည်။ တစ်ခါက သူ၏အမျိုးသားများက သူ့ကို ‌ပြောဆိုကြသည်- “အသင်သည် ဂုဏ်မ‌မောက်နှင့်၊ အမှန်စင်စစ် အလ္လာဟ်အရှင်မြတ်သည် ဂုဏ်‌မောက်သည့်သူများကို နှစ်သက်‌တော်မမူ‌ပေ။“ وَٱبۡتَغِ فِيمَآ ءَاتَىٰكَ ٱللَّهُ ٱلدَّارَ ٱلۡأٓخِرَةَۖ وَلَا تَنسَ نَصِيبَكَ مِنَ ٱلدُّنۡيَاۖ وَأَحۡسِن كَمَآ أَحۡسَنَ ٱللَّهُ إِلَيۡكَۖ وَلَا تَبۡغِ ٱلۡفَسَادَ فِي ٱلۡأَرۡضِۖ إِنَّ ٱللَّهَ لَا يُحِبُّ ٱلۡمُفۡسِدِينَ ٧٧ထို့ပြင် အသင်သည် အသင့်အား အလ္လာဟ်အရှင်မြတ်က ‌ပေးသနား‌တော်မူခဲ့‌သော (‌ရွှေ‌ငွေများ)အထဲမှ တမလွန်ဘဝကို ရှာ‌ဖွေပါ။ ထို့ပြင် အသင်သည် ဤဘဝမှ အသင်၏‌ဝေစုကို (တမလွန်ဘဝသို့ ယူ‌ဆောင်သွားရန်) မ‌မေ့နှင့်။ ထို့ပြင် အသင့်အား အလ္လာဟ်အရှင်မြတ်က ‌ကျေးဇူးပြုသကဲ့သို့ အသင်လည်း (သူများအား)‌ကျေးဇူးပြုပါ။ ထို့ပြင် အသင်သည် တိုင်းပြည်တွင် ဖျက်ဆီးမှုကို မလိုလားနှင့်။ အမှန်စင်စစ် အလ္လာဟ်အရှင်မြတ်သည် ဖျက်ဆီးသည့်သူများကို နှစ်သက်‌တော်မမူ‌ပေ။ قَالَ إِنَّمَآ أُوتِيتُهُۥ عَلَىٰ عِلۡمٍ عِندِيٓۚ أَوَلَمۡ يَعۡلَمۡ أَنَّ ٱللَّهَ قَدۡ أَهۡلَكَ مِن قَبۡلِهِۦ مِنَ ٱلۡقُرُونِ مَنۡ هُوَ أَشَدُّ مِنۡهُ قُوَّةً وَأَكۡثَرُ جَمۡعًاۚ وَلَا يُسۡـَٔلُ عَن ذُنُوبِهِمُ ٱلۡمُجۡرِمُونَ ٧٨ထို ကာရူန်က ‌ပြောဆိုသည်- “ငါသည် ဤအရာများကို ငါ၏ထံတွင်ရှိသည့် အတတ်ပညာတစ်ခု‌ကြောင့် ရရှိခဲ့ခြင်းသာဖြစ်သည်။“ အမှန်စင်စစ် အလ္လာဟ်အရှင်မြတ်သည် သူ၏မတိုင်မီ သူ့ထက်ပိုပြီး အင်အားကြီးသည့်၊ သူ့ထက်ပိုပြီး အ‌ခြွေအရံများသည့်မျိုးဆက်များကို ဖျက်ဆီး‌တော်မူခဲ့‌ကြောင်း သူမသိခဲ့သ‌လော။ ထို့ပြင် အပြစ်ရှိသည့်သူများကို သူတို့၏အပြစ်များနှင့်ပတ်သက်၍ ‌မေးမြန်းစရာလိုမည် မဟုတ်‌ပေ။ فَخَرَجَ عَلَىٰ قَوۡمِهِۦ فِي زِينَتِهِۦۖ قَالَ ٱلَّذِينَ يُرِيدُونَ ٱلۡحَيَوٰةَ ٱلدُّنۡيَا يَٰلَيۡتَ لَنَا مِثۡلَ مَآ أُوتِيَ قَٰرُونُ إِنَّهُۥ لَذُو حَظٍّ عَظِيمٍ ٧٩ထို့‌နောက် သူသည် သူ၏အမျိုးသားများ‌ရှေ့၌ သူ၏အခမ်းအနားနှင့်တကွ ထွက်ခဲ့သည်။ ဤဘဝကို အလိုရှိသူများက (ဤသို့)‌ပြောဆိုခဲ့ကြသည်- “‌ဪ- ကာရူန်ရရှိခဲ့‌သော ပစ္စည်းဥစ္စာများသည် ကျွန်ုပ်တို့တွင်လည်း ရှိခဲ့လျှင် ‌ကောင်း‌လေစွ၊ အမှန်စင်စစ် သူသည် ကြီးကျယ်‌သော နဖူးစာ‌ဝေစုကို ပိုင်ဆိုင်သူဖြစ်သည်။“ وَقَالَ ٱلَّذِينَ أُوتُواْ ٱلۡعِلۡمَ وَيۡلَكُمۡ ثَوَابُ ٱللَّهِ خَيۡرٌ لِّمَنۡ ءَامَنَ وَعَمِلَ صَٰلِحًاۚ وَلَا يُلَقَّىٰهَآ إِلَّا ٱلصَّٰبِرُونَ ٨٠ထို့ပြင် အသိပညာကို ‌ပေးသနား‌တော်မူခြင်းခံကြရသည့်သူများကမူ (ဤသို့)‌ပြောဆိုခဲ့ကြသည်- အသင်တို့ ပျက်စီးပါ‌စေ၊ အီမာန်ယုံကြည်ပြီး ‌ကောင်းမြတ်‌သောလုပ်ရပ်ကို ပြုလုပ်ကြသည့်သူများအတွက် အလ္လာဟ်အရှင်မြတ်ထံ‌တော်မှ (‌ပေးသနား‌တော်မူမည့်) အကျိုးကုသိုလ်သည် အ‌ကောင်းဆုံးဖြစ်သည်။ ထို့ပြင် ထိုအကျိုးကုသိုလ်ကို သည်းခံသူများမှလွဲ၍ (မည်သူမျှ)ရမည် မဟုတ်‌ပေ။“ فَخَسَفۡنَا بِهِۦ وَبِدَارِهِ ٱلۡأَرۡضَ فَمَا كَانَ لَهُۥ مِن فِئَةٍ يَنصُرُونَهُۥ مِن دُونِ ٱللَّهِ وَمَا كَانَ مِنَ ٱلۡمُنتَصِرِينَ ٨١ထို့‌နောက် ငါအရှင်မြတ်သည် သူ့အား သူ၏အိမ်နှင့်တကွ ‌မြေမျို‌စေ‌တော်မူခဲ့သည်။ ထို့ပြင် သူ့အတွက် အလ္လာဟ်အရှင်မြတ်နှင့်ဆန့်ကျင်ပြီး သူ့ကို ကူညီမည့်အုပ်စုလည်း မရှိခဲ့‌ပေ။ ထို့ပြင် သူသည် သူ့ကိုယ်သူ ကယ်တင်နိုင်သည့်သူများထဲတွင်လည်း အပါအဝင် မဖြစ်ခဲ့‌ပေ။ وَأَصۡبَحَ ٱلَّذِينَ تَمَنَّوۡاْ مَكَانَهُۥ بِٱلۡأَمۡسِ يَقُولُونَ وَيۡكَأَنَّ ٱللَّهَ يَبۡسُطُ ٱلرِّزۡقَ لِمَن يَشَآءُ مِنۡ عِبَادِهِۦ وَيَقۡدِرُۖ لَوۡلَآ أَن مَّنَّ ٱللَّهُ عَلَيۡنَا لَخَسَفَ بِنَاۖ وَيۡكَأَنَّهُۥ لَا يُفۡلِحُ ٱلۡكَٰفِرُونَ ٨٢ထို့ပြင် မ‌နေ့က သူကဲ့သို့ဖြစ်ရန် ‌တောင့်တခဲ့ကြသည့်သူများက (ယခု ဤသို့)‌ပြောဆိုကြ‌တော့သည်- “အို- ဆုံးရှုံးရ‌လေခြင်း၊ အလ္လာဟ်အရှင်မြတ်သည် အရှင်မြတ်၏ကျွန်များထဲမှ အရှင်မြတ်အလိုရှိသည့်သူကို စားနပ်ရိက္ခာ ကျယ်ဝန်းစွာ ‌ပေးသနား‌တော်မူပြီး (အရှင်မြတ်အလိုရှိသည့်သူကို) ကျပ်တည်း‌စေ‌တော်မူသည်။ အကယ်၍ အလ္လာဟ်အရှင်မြတ်သည် ကျွန်ုပ်တို့အ‌ပေါ်တွင် ‌ကျေးဇူးပြု‌တော်မမူခဲ့လျှင် ကျွန်ုပ်တို့အားလည်း အမှန်ပင် ‌မြေမျို‌စေ‌တော်မူခဲ့မည်ဖြစ်သည်။ အသင်တို့ မသိမမြင်ကြ‌လေသ‌လော၊ ‌ကျေးဇူးကန်းသည့်သူများသည် မည်သည့်အခါမှ မ‌အောင်မြင်ကြ‌ပေ။“ تِلۡكَ ٱلدَّارُ ٱلۡأٓخِرَةُ نَجۡعَلُهَا لِلَّذِينَ لَا يُرِيدُونَ عُلُوًّا فِي ٱلۡأَرۡضِ وَلَا فَسَادًاۚ وَٱلۡعَٰقِبَةُ لِلۡمُتَّقِينَ ٨٣ဤသည် တမလွန်ဘဝ၏အ‌ဆောင်ဖြစ်သည်။ ငါအရှင်မြတ်သည် ထိုအ‌ဆောင်ကို တိုင်းပြည်တွင် မာန‌ထောင်လွှားမှုနှင့် ဖျက်လိုဖျက်ဆီးမှုကို မလိုလားကြ‌သောသူများအတွက် သတ်မှတ်ထား‌တော်မူသည်။ ထို့ပြင် (‌ကောင်းမြတ်သည့်)‌နောက်ဆုံးအကျိုးဆက်သည် ‌ကြောက်ရွံ့အပြစ်‌ရှောင် ‌ကောင်းကျိုး‌ဆောင်ကြသည့်သူများအတွက်ပင် ဖြစ်သည်။ مَن جَآءَ بِٱلۡحَسَنَةِ فَلَهُۥ خَيۡرٌ مِّنۡهَاۖ وَمَن جَآءَ بِٱلسَّيِّئَةِ فَلَا يُجۡزَى ٱلَّذِينَ عَمِلُواْ ٱلسَّيِّـَٔاتِ إِلَّا مَا كَانُواْ يَعۡمَلُونَ ٨٤မည်သူမဆို ‌ကောင်းမှုကို ယူ‌ဆောင်လာလျှင် ထိုသူ့အတွက် ထို‌ကောင်းမှုထက် ပို‌ကောင်း‌သောအရာ(အကျိုး)ရှိသည်။ ထို့ပြင် မည်သူမဆို မ‌ကောင်းမှုကို ယူ‌ဆောင်လာလျှင် သူတို့ကျူးလွန်ခဲ့ကြ‌သော မ‌ကောင်းမှုများမှလွဲ၍ (အခြားအရာကို) အစား‌ပေးခြင်းခံကြရမည် မဟုတ်‌ပေ။ إِنَّ ٱلَّذِي فَرَضَ عَلَيۡكَ ٱلۡقُرۡءَانَ لَرَآدُّكَ إِلَىٰ مَعَادٍۚ قُل رَّبِّيٓ أَعۡلَمُ مَن جَآءَ بِٱلۡهُدَىٰ وَمَنۡ هُوَ فِي ضَلَٰلٍ مُّبِينٍ ٨٥အမှန်စင်စစ် အသင်(တမန်‌တော်)၏အ‌ပေါ်တွင် ကုရ်အာန်ကျမ်း‌တော်မြတ်ကို ပြဋ္ဌာန်း‌ပေး‌တော်မူခဲ့‌သော အရှင်မြတ်သည် အသင့်အား (အသင်၏)ဇာတိ‌နေရပ်သို့ အမှန်ပင် ပြန်ပို့‌ပေး‌တော်မူမည့်အရှင် ဖြစ်‌တော်မူသည်။* (အို- တမန်‌တော်)အသင်‌ပြောလိုက်ပါ- ငါ့အား ဖန်ဆင်း‌မွေးမြူ‌တော်မူ‌သောအရှင်မြတ်သည် တရားလမ်းမှန်ကို ယူ‌ဆောင်လာ‌သောသူနှင့် ထင်ရှား‌သော လမ်းမှားတွင်ရှိ‌နေသည့်သူကို အသိဆုံးဖြစ်‌တော်မူသည်။ وَمَا كُنتَ تَرۡجُوٓاْ أَن يُلۡقَىٰٓ إِلَيۡكَ ٱلۡكِتَٰبُ إِلَّا رَحۡمَةً مِّن رَّبِّكَۖ فَلَا تَكُونَنَّ ظَهِيرًا لِّلۡكَٰفِرِينَ ٨٦ထို့ပြင် အသင်(တမန်‌တော်)သည် အသင်၏ထံသို့ ကျမ်းဂန်ချ‌ပေး‌တော်မူခြင်းခံရမည်ဟု မ‌မျှော်လင့်ခဲ့‌ပေ။ သို့ရာတွင် အသင့်အား ဖန်ဆင်း‌မွေးမြူ‌တော်မူ‌သောအရှင်မြတ်၏ကရုဏာ‌တော်ဖြင့် (ကျ‌ရောက်လာခဲ့ပြီဖြစ်သည်)။ သို့ဖြစ်ရာ အသင်သည် ကာဖိရ်ငြင်းပယ်သူများကို ကူညီသူ လုံးဝမဖြစ်‌လေနှင့်။ وَلَا يَصُدُّنَّكَ عَنۡ ءَايَٰتِ ٱللَّهِ بَعۡدَ إِذۡ أُنزِلَتۡ إِلَيۡكَۖ وَٱدۡعُ إِلَىٰ رَبِّكَۖ وَلَا تَكُونَنَّ مِنَ ٱلۡمُشۡرِكِينَ ٨٧ထို့ပြင် အသင်(တမန်‌တော်)ထံသို့ အလ္လာဟ်အရှင်မြတ်၏အမိန့်‌တော်များ ကျ‌ရောက်လာခဲ့ပြီး‌နောက်၊ သူတို့သည် အသင့်အား ထိုအမိန့်‌တော်များမှ လုံးဝ တားဆီးခြင်း မပြုနိုင်ကြ‌စေနှင့်။ ထို့ပြင် အသင်သည် အသင့်အား ဖန်ဆင်း‌မွေးမြူ‌တော်မူ‌သောအရှင်မြတ်ဘက်သို့ ဖိတ်‌ခေါ်‌နေပါ။ ထို့ပြင် အသင်သည် မုရှ်ရိက်များထဲတွင် အပါအဝင် လုံးဝ မဖြစ်‌လေနှင့်။ وَلَا تَدۡعُ مَعَ ٱللَّهِ إِلَٰهًا ءَاخَرَۘ لَآ إِلَٰهَ إِلَّا هُوَۚ كُلُّ شَيۡءٍ هَالِكٌ إِلَّا وَجۡهَهُۥۚ لَهُ ٱلۡحُكۡمُ وَإِلَيۡهِ تُرۡجَعُونَ ٨٨ထို့ပြင် အသင်သည် အလ္လာဟ်အရှင်မြတ်နှင့်အတူ မည်သည့်ကိုးကွယ်ရာကိုမှ ဟစ်‌ခေါ်(အကူအညီ‌တောင်းခံခြင်း) မပြုပါနှင့်။ ထိုအရှင်မြတ်မှလွဲ၍ ကိုးကွယ်ထိုက်သည့်အရှင် မရှိ‌ပေ။ အရှင်မြတ်မှလွဲ၍ အခြားအရာအားလုံးသည် ပျက်စီးမည့်အရာများသာလျှင် ဖြစ်သည်။* အမိန့်အာဏာအားလုံးသည် အရှင်မြတ်၌ပင်ရှိသည်။ ထို့ပြင် အသင်တို့သည် အရှင်မြတ်ထံ‌တော်သို့ပင် ပြန်သွားကြရမည်ဖြစ်သည်။

الترجمة: Hashim Tin Myint.