ملة الإسلام

السورة 59 · 24 آية · Hashim Tin Myint

سورة الحشر باللغة البورمية

السورة بالعربية مع التفسير استمع إلى سورة الحشر (1,236 قارئاً)
مدنيةسورة الحشر٢٤ آية

بِسۡمِ ٱللَّهِ ٱلرَّحۡمَٰنِ ٱلرَّحِيمِ

سَبَّحَ لِلَّهِ مَا فِي ٱلسَّمَٰوَٰتِ وَمَا فِي ٱلۡأَرۡضِۖ وَهُوَ ٱلۡعَزِيزُ ٱلۡحَكِيمُ ١မိုး‌ကောင်းကင်များတွင်ရှိသမျှနှင့် ‌မြေပထဝီတွင်ရှိသမျှတို့သည် အလ္လာဟ်အရှင်မြတ်စင်ကြယ်‌တော်မူ‌ကြောင်း ရွတ်ဆိုကြသည်။ ထို့ပြင် အရှင်မြတ်သည် တန်ခိုး‌တော် နှင့် အလွန်လွှမ်းမိုး‌တော်မူ‌သောအရှင်၊ ပညာဉာဏ်အ‌မြော်အမြင်နှင့် အလွန်ပြည့်စုံ‌တော်မူ‌သောအရှင်ဖြစ်‌တော်မူသည်။ هُوَ ٱلَّذِيٓ أَخۡرَجَ ٱلَّذِينَ كَفَرُواْ مِنۡ أَهۡلِ ٱلۡكِتَٰبِ مِن دِيَٰرِهِمۡ لِأَوَّلِ ٱلۡحَشۡرِۚ مَا ظَنَنتُمۡ أَن يَخۡرُجُواْۖ وَظَنُّوٓاْ أَنَّهُم مَّانِعَتُهُمۡ حُصُونُهُم مِّنَ ٱللَّهِ فَأَتَىٰهُمُ ٱللَّهُ مِنۡ حَيۡثُ لَمۡ يَحۡتَسِبُواْۖ وَقَذَفَ فِي قُلُوبِهِمُ ٱلرُّعۡبَۚ يُخۡرِبُونَ بُيُوتَهُم بِأَيۡدِيهِمۡ وَأَيۡدِي ٱلۡمُؤۡمِنِينَ فَٱعۡتَبِرُواْ يَٰٓأُوْلِي ٱلۡأَبۡصَٰرِ ٢အရှင်မြတ်သည် ယခင်က ကျမ်းရသူများထဲမှ ငြင်းပယ်ခဲ့ကြသည့်သူများကို ပထမအကြိမ် စုရုံးကြသည့်အခါ၌ပင် သူတို့၏ ‌နေအိမ်များမှ နှင်ထုတ်‌တော်မူခဲ့သည့်အရှင် ဖြစ်‌တော်မူသည်။ ###၁ အသင်တို့သည် သူတို့ထွက်သွားကြလိမ့်မည်ဟုပင် မထင်ခဲ့ကြ‌ပေ။ သူတို့ကိုယ်တိုင်လည်းအမှန်စင်စစ် သူတို့အ‌နေနှင့် သူတို့၏ ခံတပ်များသည် အလ္လာဟ်အရှင်မြတ်(၏ ပြစ်ဒဏ်)မှ ကာကွယ်လိမ့်မည်ဟု ထင်မှတ်‌နေခဲ့ကြသည်။ ထို့‌နောက် အလ္လာဟ် အရှင်မြတ်(၏ ပြစ်ဒဏ်)သည် သူတို့ထံသို့ သူတို့ မထင်သည့်ဘက်မှ ‌ရောက်လာခဲ့သည်။ ထို့ပြင် အရှင်မြတ်သည် သူတို့၏ စိတ်နှလုံးများတွင် ‌ကြောက်ရွံ့မှုကို ထည့်‌ပေး‌တော်မူခဲ့သည့်အတွက် သူတို့သည် သူတို့၏‌နေအိမ်များကို သူတို့၏လက် များဖြင့်သာမက မုအ်မင်န်များ၏ လက်များဖြင့်လည်း ဖျက်ဆီး‌နေကြသည်။ သို့ဖြစ်ရာ အို-ဉာဏ်ရှင်အ‌ပေါင်းတို့၊ အသင်တို့သည် သင်ခန်းစာယူကြပါ။ وَلَوۡلَآ أَن كَتَبَ ٱللَّهُ عَلَيۡهِمُ ٱلۡجَلَآءَ لَعَذَّبَهُمۡ فِي ٱلدُّنۡيَاۖ وَلَهُمۡ فِي ٱلۡأٓخِرَةِ عَذَابُ ٱلنَّارِ ٣ထို့ပြင် အကယ်၍ အလ္လာဟ်အရှင်မြတ်သည် သူတို့အ‌ပေါ်တွင် ပြည်နှင်ဒဏ်‌ပေးသည်ကို ‌ရေးမှတ်ပြဋ္ဌာန်း‌တော်မူခဲ့ခြင်းမရှိလျှင် အမှန်ပင် အရှင်မြတ်သည် ဤဘဝတွင် လည်းသူတို့အား (ကွပ်မျက်သတ်ဖြတ်ပြီး)ပြစ်ဒဏ်ခတ်‌တော်မူခဲ့မည်ဖြစ်သည်။ ထို့ပြင် တမလွန်ဘဝတွင်လည်း သူတို့အတွက် ငရဲမီး၏ ပြစ်ဒဏ်ရှိမည်ဖြစ်သည်။ ذَٰلِكَ بِأَنَّهُمۡ شَآقُّواْ ٱللَّهَ وَرَسُولَهُۥۖ وَمَن يُشَآقِّ ٱللَّهَ فَإِنَّ ٱللَّهَ شَدِيدُ ٱلۡعِقَابِ ٤ထိုသို့ဖြစ်ရသည်မှာ သူတို့သည် အလ္လာဟ်အရှင်မြတ်နှင့် အရှင်မြတ်၏တမန်‌တော်ကို ဆန့်ကျင်ခဲ့ကြသည့်အတွက်‌ကြောင့်ပင်ဖြစ်သည်။ ထို့ပြင် မည်သူမဆို အလ္လာဟ် အရှင်မြတ်ကို ဆန့်ကျင်လျှင် အမှန်စင်စစ် အလ္လာဟ်အရှင်မြတ်သည် ပြင်းထန်စွာ ပြစ်ဒဏ်ခတ်‌တော်မူ‌သောအရှင်မြတ်ပင် ဖြစ်‌တော်မူသည်။ مَا قَطَعۡتُم مِّن لِّينَةٍ أَوۡ تَرَكۡتُمُوهَا قَآئِمَةً عَلَىٰٓ أُصُولِهَا فَبِإِذۡنِ ٱللَّهِ وَلِيُخۡزِيَ ٱلۡفَٰسِقِينَ ٥စွန်ပလွံပင်များကို အသင်တို့ ခုတ်လှဲဖြတ်‌တောက်ခဲ့ကြခြင်း၊ သို့မဟုတ် ထိုအရာများကို သူတို့၏ ‌အောက်‌ခြေအမြစ်များ‌ပေါ်တွင် ရပ်တည်လျက်ချန်ထားခဲ့ကြခြင်းသည် အလ္လာဟ်အရှင်မြတ်၏ အမိန့်‌တော်အတိုင်းပင်ဖြစ်သည်။ ထို့ပြင် အရှင်မြတ်သည်အမိန့်‌တော်ကို ‌သွေဖည်‌သောသူများအား အရှက်တကွဲဖြစ်‌စေရန်အတွက်ဖြစ်သည်။ وَمَآ أَفَآءَ ٱللَّهُ عَلَىٰ رَسُولِهِۦ مِنۡهُمۡ فَمَآ أَوۡجَفۡتُمۡ عَلَيۡهِ مِنۡ خَيۡلٍ وَلَا رِكَابٍ وَلَٰكِنَّ ٱللَّهَ يُسَلِّطُ رُسُلَهُۥ عَلَىٰ مَن يَشَآءُۚ وَٱللَّهُ عَلَىٰ كُلِّ شَيۡءٍ قَدِيرٌ ٦ထို့ပြင် အလ္လာဟ်အရှင်မြတ်သည် အရှင်မြတ်၏ တမန်‌တော်ကို သူတို့ထံမှ ဖိုင်အ် ###၂ လက်ရပစ္စည်းအဖြစ် သိမ်းပိုက်‌စေ‌တော်မူခဲ့သည့်အရာများသည် အသင်တို့အ‌နေ နှင့် ထိုပစ္စည်းများနှင့်ပတ်သက်၍ မြင်းများဖြင့်စီးနင်း (တိုက်ခိုက်)ခဲ့ကြရခြင်းလည်းမဟုတ်‌ပေ၊ ကုလားအုတ်များဖြင့်စီးနင်း(တိုက်ခိုက်)ခဲ့ကြရခြင်းလည်း မဟုတ်‌ပေ။ (သို့ဖြစ်ရာထိုပစ္စည်းများသည် တမန်‌တော်အတွက် သီးသန့်ဖြစ်သည်။) သို့ရာတွင် အလ္လာဟ်အရှင်မြတ်သည် အရှင်မြတ်၏ တမန်‌တော်များအား အရှင်မြတ်အလိုရှိ‌သောသူများအ‌ပေါ် တွင် လွှမ်းမိုး‌စေ‌တော်မူခဲ့ခြင်းဖြစ်သည်။ ထို့ပြင် အလ္လာဟ်အရှင်မြတ်သည် အရာအားလုံးအ‌ပေါ် အလွန်စွမ်း‌ဆောင်နိုင်‌တော်မူ‌သောအရှင်ဖြစ်‌တော်မူသည်။ مَّآ أَفَآءَ ٱللَّهُ عَلَىٰ رَسُولِهِۦ مِنۡ أَهۡلِ ٱلۡقُرَىٰ فَلِلَّهِ وَلِلرَّسُولِ وَلِذِي ٱلۡقُرۡبَىٰ وَٱلۡيَتَٰمَىٰ وَٱلۡمَسَٰكِينِ وَٱبۡنِ ٱلسَّبِيلِ كَيۡ لَا يَكُونَ دُولَةَۢ بَيۡنَ ٱلۡأَغۡنِيَآءِ مِنكُمۡۚ وَمَآ ءَاتَىٰكُمُ ٱلرَّسُولُ فَخُذُوهُ وَمَا نَهَىٰكُمۡ عَنۡهُ فَٱنتَهُواْۚ وَٱتَّقُواْ ٱللَّهَۖ إِنَّ ٱللَّهَ شَدِيدُ ٱلۡعِقَابِ ٧အလ္လာဟ်အရှင်မြတ်သည် အရှင်မြတ်၏တမန်‌တော်ကို မြို့ရွာများတွင်‌နေထိုင်သည့် သူများထံမှ ဖိုင်အ်လက်ရပစ္စည်းအဖြစ် သိမ်းပိုက်‌စေသည့်အရာများသည် အလ္လာဟ် အရှင်မြတ်နှင့် သာသက်ဆိုင်သည်။ ထို့ပြင် တမန်‌တော်မြတ်နှင့် တမန်‌တော်မြတ်၏ ‌ဆွေမျိုးရင်းချာများ၊ အဘမဲ့က‌လေးများ၊ ဆင်းရဲသားများ၊ ခရီးသည်များနှင့် သက်ဆိုင်သည်။ (ထိုသို့ပြဋ္ဌာန်းရခြင်းမှာ) ထိုလက်ရပစ္စည်းများသည် အသင်တို့ထဲမှ ကြွယ်ဝချမ်းသာသူများ၏အကြား၌ပင်လည်ပတ်‌နေသည့် ပစ္စည်းများမဖြစ်‌စေရန် (ပြဋ္ဌာန်း‌တော်မူခြင်း)ပင်ဖြစ် သည် ။ ###၃ ထို့ပြင်အသင်တို့သည် အသင်တို့အား တမန်‌တော်‌ပေးသည်ကို ယူကြပါ။ ထို့ပြင် တမန်‌တော် တားမြစ်‌တော်မူသည်မှ ‌ရှောင်ကြဉ်ကြပါ။ ###၄ ထို့ပြင် အသင် တို့သည် အလ္လာဟ်အရှင်မြတ်အား‌ကြောက်ရွံ့ကြပါ။ အမှန်စင်စစ်အလ္လာဟ်အရှင်မြတ်သည် ပြင်းထန်စွာအပြစ်‌ပေး‌တော်မူ‌သောအရှင်မြတ်ပင်ဖြစ်‌တော်မူသည်။ لِلۡفُقَرَآءِ ٱلۡمُهَٰجِرِينَ ٱلَّذِينَ أُخۡرِجُواْ مِن دِيَٰرِهِمۡ وَأَمۡوَٰلِهِمۡ يَبۡتَغُونَ فَضۡلًا مِّنَ ٱللَّهِ وَرِضۡوَٰنًا وَيَنصُرُونَ ٱللَّهَ وَرَسُولَهُۥٓۚ أُوْلَٰٓئِكَ هُمُ ٱلصَّٰدِقُونَ ٨ထိုဖိုင်အ် လက်ရပစ်္စည်းများသည်အကြင်မုဟာဂျိရီန် (‌ရွှေ့‌ပြောင်းခဲ့ကြ‌သော ဆင်းရဲသားများ)အတွက်လည်းဖြစ်သည်။ ထိုသူများသည် သူတို့၏ ‌နေအိမ်များနှင့် သူတို့၏ ပစ္စည်းဥစ္စာများကိုစွန့်ပြီး ထွက်ခဲ့ကြရသည်။ သူတို့သည် အလ္လာဟ်အရှင်မြတ်၏ ‌ကျေးဇူး‌တော်နှင့် ‌ကျေနပ်မှုကို ရှာ‌ဖွေဆည်းပူးလျက် ရှိကြသည်။ ထို့ပြင် သူတို့သည် အလ္လာဟ် အရှင်မြတ်နှင့် အရှင်မြတ်၏ တမန်‌တော်ကို ကူညီကြသည်။ သူတို့ပင် မှန်ကန်သည့်သူများဖြစ်ကြသည်။ وَٱلَّذِينَ تَبَوَّءُو ٱلدَّارَ وَٱلۡإِيمَٰنَ مِن قَبۡلِهِمۡ يُحِبُّونَ مَنۡ هَاجَرَ إِلَيۡهِمۡ وَلَا يَجِدُونَ فِي صُدُورِهِمۡ حَاجَةً مِّمَّآ أُوتُواْ وَيُؤۡثِرُونَ عَلَىٰٓ أَنفُسِهِمۡ وَلَوۡ كَانَ بِهِمۡ خَصَاصَةٌۚ وَمَن يُوقَ شُحَّ نَفۡسِهِۦ فَأُوْلَٰٓئِكَ هُمُ ٱلۡمُفۡلِحُونَ ٩ထို့ပြင်(ထိုဖိုင်အ်သည်)အကြင်သူများအတွက်လည်းဖြစ်သည်။ သူတို့သည် ထိုမုဟာဂျိရီန်များ(‌ရွှေ့‌ပြောင်းမလာမီ)ယခင်ကတည်းက အစ္စလာမ်၏ မြို့‌တော် (မဒီနဟ် )တွင် ‌နေထိုင်‌နေခဲ့ကြပြီး အီမာန် ယုံကြည်မှုတွင် ကြံ့ခိုင်မှုရှိခဲ့ကြသည်။ သူတို့သည် သူတို့ထံ‌ရွှေ့‌ပြောင်းလာခဲ့ကြသည့်သူများကို ချစ်မြတ်နိုးကြသည်။ ထို့ပြင် သူတို့သည် ထို မုဟာဂျိရီန် များရရှိကြ‌သော ပစ္စည်းများ‌ကြောင့် သူတို့၏ စိတ်ထဲတွင် တစ်စုံတစ်ရာ မ‌ကျေနပ်မှုကို ‌တွေ့ရှိခံစားကြရခြင်းမရှိသည့် ###၅ အပြင် သူတို့သည် သူတို့ကိုယ်တိုင် ငတ်မွတ်‌နေ ‌သော်လည်း(ထို မုဟာဂျိရီန်များကို) သူတို့ထက် ဦးစား‌ပေးကြသည်။ ထို့ပြင် မည်သူမဆို သူ၏‌စေးနှဲတွန့်တိုမှုမှ ကင်း‌ဝေး‌စေခြင်းခံရလျှင် ထိုသူများပင် ‌အောင်မြင်သည့်သူများ ဖြစ်ကြသည်။ ###၆ وَٱلَّذِينَ جَآءُو مِنۢ بَعۡدِهِمۡ يَقُولُونَ رَبَّنَا ٱغۡفِرۡ لَنَا وَلِإِخۡوَٰنِنَا ٱلَّذِينَ سَبَقُونَا بِٱلۡإِيمَٰنِ وَلَا تَجۡعَلۡ فِي قُلُوبِنَا غِلًّا لِّلَّذِينَ ءَامَنُواْ رَبَّنَآ إِنَّكَ رَءُوفٌ رَّحِيمٌ ١٠ထို့ပြင် (ထို ဖိုင်အ်သည်)သူတို့‌နောက်တွင်‌ရောက်လာကြသည့်သူများနှင့်လည်း သက်ဆိုင်သည်။ သူတို့သည် (ဤသို့)‌ပြောဆိုပန်ကြားကြသည် -အို-ကျွန်ုပ်တို့အားဖန်ဆင်း‌မွေးမြူ‌တော်မူ‌သောအရှင်၊ အရှင်မြတ်သည် ကျွန်ုပ်တို့ကိုသာမက အီမာန်ယုံကြည်မူတွင်ကျွန်ုပ်တို့ထက်အလျင်ဦးခဲ့‌သော ကျွန်ုပ်တို့၏ညီ‌နောင်များကိုလည်း ခွင့်လွှတ်ချမ်း သာ‌ပေးသနား‌တော်မူပါ။ ထို့ပြင်အရှင်မြတ်သည် ကျွန်ုပ်တို့၏စိတ်ထဲတွင် အီမာန်ယုံကြည်သူများနှင့် ပတ်သက်၍ ရန်ငြိုးတစ်စုံတစ်ရာမဖြစ်‌ပေါ်ပါ‌စေနှင့်။ အို-ကျွန်ုပ်တို့အားဖန်ဆင်း ‌မွေးမြူ‌တော်မူ‌သောအရှင်၊ အမှန်စင်စစ် အရှင်မြတ်သည် အလွန်နူးညံ့သိမ်‌မွေ့‌တော်မူ‌သောအရှင်၊ အလွန်ကြင်နာ‌တော်မူ‌သောအရှင် ဖြစ်‌တော်မူပါသည်။ ۞ أَلَمۡ تَرَ إِلَى ٱلَّذِينَ نَافَقُواْ يَقُولُونَ لِإِخۡوَٰنِهِمُ ٱلَّذِينَ كَفَرُواْ مِنۡ أَهۡلِ ٱلۡكِتَٰبِ لَئِنۡ أُخۡرِجۡتُمۡ لَنَخۡرُجَنَّ مَعَكُمۡ وَلَا نُطِيعُ فِيكُمۡ أَحَدًا أَبَدًا وَإِن قُوتِلۡتُمۡ لَنَنصُرَنَّكُمۡ وَٱللَّهُ يَشۡهَدُ إِنَّهُمۡ لَكَٰذِبُونَ ١١အသင်(တမန်‌တော်)သည် အကြင်အ‌ယောင်‌ဆောင်ခဲ့ကြ‌သောသူများ(၏အ‌ခြေအ‌နေ)ကို မမြင်ခဲ့‌လေသ‌လော။ ထိုသူတို့သည် သူတို့၏ ညီအစ်ကိုများ ဖြစ်ကြ‌သော ယခင်က ကျမ်းဂန်ရရှိသူများထဲမှ ငြင်းပယ်ခဲ့ကြ‌သောသူများအား(ဤသို့)‌ပြောဆို‌နေခဲ့ကြသည်။ အမှန်ပင် အကယ်၍ အသင်တို့သည် (မဒီနဟ်မြို့‌တော်မှ) နှင်ထုတ်ခြင်းကိုခံခဲ့ကြရလျှင် အမှန်စင်စစ် ကျွန်ုပ်တို့လည်း အသင်တို့နှင့်အတူ ထွက်ကြမည်။ ထို့ပြင် ကျွန်ုပ်တို့သည် အသင်တို့နှင့် ပတ်သက်၍ မည်သည့်အခါမှ မည်သူ့(စကား)ကိုမျှ လိုက်နာကြမည်မဟုတ်‌ပေ။ ထို့ပြင် အကယ်၍ အသင်တို့သည် တိုက်ခိုက်ခြင်းကို ခံခဲ့ကြရလျှင်လည်း အမှန်ပင် ကျွန်ုပ်တို့သည် အသင်တို့အား ကူညီကြမည်။ အမှန်စင်စစ် သူတို့သည် အမှန်ပင် လိမ် လည်သူများဖြစ်‌ကြောင်း အလ္လာဟ်အရှင်မြတ်သည် သက်‌သေခံ‌တော်မူသည်။ لَئِنۡ أُخۡرِجُواْ لَا يَخۡرُجُونَ مَعَهُمۡ وَلَئِن قُوتِلُواْ لَا يَنصُرُونَهُمۡ وَلَئِن نَّصَرُوهُمۡ لَيُوَلُّنَّ ٱلۡأَدۡبَٰرَ ثُمَّ لَا يُنصَرُونَ ١٢အမှန်ပင် အကယ်၍ သူတို့သည်နှင်ထုတ်ခြင်းကိုခံခဲ့ကြရလျှင်လည်း သူတို့သည် ထိုသူများနှင့် အတူထွက်ကြမည်မဟုတ်‌ပေ။ ထို့ပြင် အမှန်ပင် အကယ်၍ သူတို့သည် တိုက်ခိုက်ခြင်းကို ခံခဲ့ကြရလျှင်လည်း သူတို့သည် ထိုသူများကို ကူညီကြမည် မဟုတ်‌ပေ။ ထို့ပြင် အကယ်၍ သူတို့သည် ထိုသူများကို ကူညီခဲ့ကြလျှင်လည်း အမှန်စင်စစ် သူတို့ သည် ‌ကျောခိုင်းထွက်‌ပြေးကြမည်ပင်ဖြစ်သည်။ ထို့‌နောက် သူတို့သည် ကူညီမှုရရှိ‌တော့မည် မဟုတ်‌ပေ။ لَأَنتُمۡ أَشَدُّ رَهۡبَةً فِي صُدُورِهِم مِّنَ ٱللَّهِۚ ذَٰلِكَ بِأَنَّهُمۡ قَوۡمٌ لَّا يَفۡقَهُونَ ١٣အမှန်ပင် အသင်တို့(မွတ်စ်လင်မ် )များသည် သူတို့၏ စိတ်ထဲတွင် အလ္လာဟ်အရှင်မြတ်ထက်ပင် ‌ကြောက်ရွံ့စိုးရိမ်ဖွယ်ဖြစ်‌နေကြသည်။ ထိုသို့ဖြစ်ရခြင်းမှာမူ အမှန်စင်စစ် သူတို့သည် နားမလည်သူများဖြစ်ကြသည့်အတွက်ပင်ဖြစ်သည်။ ###၇ لَا يُقَٰتِلُونَكُمۡ جَمِيعًا إِلَّا فِي قُرًى مُّحَصَّنَةٍ أَوۡ مِن وَرَآءِ جُدُرِۭۚ بَأۡسُهُم بَيۡنَهُمۡ شَدِيدٌۚ تَحۡسَبُهُمۡ جَمِيعًا وَقُلُوبُهُمۡ شَتَّىٰۚ ذَٰلِكَ بِأَنَّهُمۡ قَوۡمٌ لَّا يَعۡقِلُونَ ١٤သူတို့သည် အသင်တို့ကို တစ်စည်းတစ်လုံးတည်းတိုက်ခိုက်ကြမည်မဟုတ်‌ပေ။ သို့ရာတွင် လုံခြုံသည့်မြို့ရွာများမှ၊ တံတိုင်းများ၏အကွယ်မှ တိုက်ခိုက်ကြလိမ့်မည်။ သူတို့ အချင်းချင်းတွင် ကြီးကျယ်‌သော ခိုက်ရန် ရှိ‌နေသည်။ အသင်သည် သူတို့အား တစ်စည်းတစ်လုံးတည်းဟု ထင်မှတ်‌နေ‌သော်လည်း သူတို့၏ စိတ်နှလုံးများသည် တကွဲတပြားစီ ဖြစ်‌နေကြသည်။ ထိုသို့ဖြစ်ရခြင်းကမူ အမှန်စင်စစ် သူတို့သည် အသိဉဏ်မရှိသည့်အတွက်‌ကြောင့်ပင်ဖြစ်သည်။ كَمَثَلِ ٱلَّذِينَ مِن قَبۡلِهِمۡ قَرِيبًاۖ ذَاقُواْ وَبَالَ أَمۡرِهِمۡ وَلَهُمۡ عَذَابٌ أَلِيمٌ ١٥(သူတို့၏ ဥပမာမှာ) သူတို့နှင့် အချိန်ကာလအနည်းငယ် မတိုင်မီက သူတို့၏ လုပ်ရပ်များ၏ ပြစ်ဒဏ်ကိုမြည်းစမ်းသွားခဲ့ကြရသည့်သူများ၏ ပမာကဲ့သို့ဖြစ်သည်။ ထို့ပြင် သူတို့အတွက် (တမလွန်ဘဝတွင်လည်း) နာကျင်‌စေ‌သော ပြစ်ဒဏ် ရှိဦးမည်ဖြစ်သည်။ كَمَثَلِ ٱلشَّيۡطَٰنِ إِذۡ قَالَ لِلۡإِنسَٰنِ ٱكۡفُرۡ فَلَمَّا كَفَرَ قَالَ إِنِّي بَرِيٓءٌ مِّنكَ إِنِّيٓ أَخَافُ ٱللَّهَ رَبَّ ٱلۡعَٰلَمِينَ ١٦(ထို့ပြင်သူတို့၏ ပမာမှာ) ရှိုင်သွာန်၏ပမာကဲ့သို့ ဖြစ်သည်။ တစ်ခါက သူသည် လူသားအား“အသင် ငြင်းပယ်လိုက်ပါ”ဟု ‌ပြောဆိုခဲ့သည်။ ထို့‌နောက်လူသားသည် ငြင်းပယ် လိုက်သည့်အခါ ထိုရှိုင်သွာန်က‌ပြောသည်- “အမှန်စင်စစ်ငါသည် အသင်နှင့် မည်သည့်အရာမျှ မပတ်သက်‌တော့‌ပေ။ အမှန်စင်စစ် ငါသည် စကြဝဠာအ‌ပေါင်းအား ဖန်ဆင်း‌မွေးမြူ‌တော်မူ‌သောအလ္လာဟ်အရှင်မြတ်အား‌ကြောက်ရွံ့သည်” (ဟုဆိုပြီး ‌နောက်ဆုတ်‌ပျောက်ကွယ်သွား‌တော့သည်)။ فَكَانَ عَٰقِبَتَهُمَآ أَنَّهُمَا فِي ٱلنَّارِ خَٰلِدَيۡنِ فِيهَاۚ وَذَٰلِكَ جَزَٰٓؤُاْ ٱلظَّٰلِمِينَ ١٧ထို့‌နောက် သူတို့(လူနှင့် ရှိုင်သွာန်)နှစ်ဦးစလုံး၏ ‌နောက်ဆုံးအကျိုးဆက်မှာ အမှန်စင်စစ် သူတို့နှစ်ဦးသည် အမြဲ‌နေထိုင်ရမည့်သူနှစ်ဦးအဖြစ် ငရဲထဲသို့ ‌ရောက်ရှိကြမည်။ ထို့ပြင် ဤသည်မတရားပြုလုပ်သည့်သူများ၏ အကျိုးပင်ဖြစ်သည်။ يَٰٓأَيُّهَا ٱلَّذِينَ ءَامَنُواْ ٱتَّقُواْ ٱللَّهَ وَلۡتَنظُرۡ نَفۡسٌ مَّا قَدَّمَتۡ لِغَدٍۖ وَٱتَّقُواْ ٱللَّهَۚ إِنَّ ٱللَّهَ خَبِيرُۢ بِمَا تَعۡمَلُونَ ١٨အို-အီမာန် ယုံကြည်သူအ‌ပေါင်းတို့ အသင်တို့သည် အလ္လာဟ်အရှင်မြတ်အား ‌ကြောက်ရွံ့ကြပါ။ ထို့ပြင် လူတိုင်းသည် နက်ဖြန်အတွက် မိမိကြိုတင်ပို့နှင့်ထားသည်ကို ကြည့်ရမည်။ ထို့ပြင် အသင်တို့သည် အလ္လာဟ်အရှင်မြတ်အား‌ကြောက်ရွံ့ကြပါ။ အမှန်စင်စစ် အလ္လာဟ်အရှင်မြတ်သည် အသင်တို့ပြုလုပ်သည်များကို အကြွင်းမဲ့ ကြားသိ‌တော် မူ‌သောအရှင်ဖြစ်‌တော်မူသည်။ ###၈ وَلَا تَكُونُواْ كَٱلَّذِينَ نَسُواْ ٱللَّهَ فَأَنسَىٰهُمۡ أَنفُسَهُمۡۚ أُوْلَٰٓئِكَ هُمُ ٱلۡفَٰسِقُونَ ١٩ထို့ပြင် အသင်တို့သည် အကြင်သူများကဲ့သို့ မဖြစ်ကြနှင့်၊ ထိုသူများသည် အလ္လာဟ်အရှင်မြတ်အား ‌မေ့ပစ်ခဲ့ကြသည်။ သို့ဖြစ်ရာ သူတို့အား အရှင်မြတ်ကလည်း သူတို့ကိုယ် ကိုသူတို့ပင် ‌မေ့‌လျော့‌စေ‌တော်မူခဲ့သည်။ ထိုသူများကမူ သူတို့ပင် အမိန့်‌တော်ကို‌သွေဖည်သူများဖြစ်ကြသည်။ لَا يَسۡتَوِيٓ أَصۡحَٰبُ ٱلنَّارِ وَأَصۡحَٰبُ ٱلۡجَنَّةِۚ أَصۡحَٰبُ ٱلۡجَنَّةِ هُمُ ٱلۡفَآئِزُونَ ٢٠ဂျဟန္နမ်ငရဲဘုံသားများနှင့် ဂျန္နသ်သုခဘုံသားများသည် မတူကြ‌ပေ။ သုခဘုံသားများသည် ‌အောင်မြင်သူများပင် ဖြစ်ကြသည်။ لَوۡ أَنزَلۡنَا هَٰذَا ٱلۡقُرۡءَانَ عَلَىٰ جَبَلٍ لَّرَأَيۡتَهُۥ خَٰشِعًا مُّتَصَدِّعًا مِّنۡ خَشۡيَةِ ٱللَّهِۚ وَتِلۡكَ ٱلۡأَمۡثَٰلُ نَضۡرِبُهَا لِلنَّاسِ لَعَلَّهُمۡ يَتَفَكَّرُونَ ٢١အကယ်၍ ငါအရှင်မြတ်သည် ဤကုရ်အာန်ကျမ်း‌တော်မြတ်ကို ‌တောင်တစ်‌တောင်‌ပေါ်တွင် ချ‌ပေး‌တော်မူခဲ့လျှင် အသင်သည် ထို‌တောင်ကိုအလ္လာဟ်အရှင်မြတ်အား ‌ကြောက်ရွံ့ မှု‌ကြောင့်နိမ့်ကျလျက်၊ အပိုင်းပိုင်းဖြစ်လျက်ရှိသည်ကို အမှန်ပင် ‌တွေ့မြင်ရမည်ဖြစ်သည်။ ###၉ ထို့ပြင် ငါအရှင်မြတ်သည် လူများ စဉ်းစားဆင်ခြင်ကြရန်အတွက် ထို ပမာပုံ‌ဆောင်ချက်များကို ခိုင်းနှိုင်း‌ဖော်ပြ‌တော်မူသည်။ هُوَ ٱللَّهُ ٱلَّذِي لَآ إِلَٰهَ إِلَّا هُوَۖ عَٰلِمُ ٱلۡغَيۡبِ وَٱلشَّهَٰدَةِۖ هُوَ ٱلرَّحۡمَٰنُ ٱلرَّحِيمُ ٢٢ထိုအရှင်ပင် အလ္လာဟ်အရှင်မြတ်ဖြစ်‌တော်မူသည်။ ထိုအရှင်မြတ်မှလွဲ၍ ကိုးကွယ်ထိုက်သည့်အရှင်မရှိ‌ပေ။ (ထိုအရှင်မြတ်သည်)လျှို့ဝှက်သည့်အရာများနှင့် ထင်ရှားသည့် အရာများကို သိ‌တော်မူ‌သောအရှင်ဖြစ်‌တော်မူသည်။ အရှင်မြတ်သည် အနန္တကရုဏာ‌တော်ရှင်၊ အလွန်သနားကြင်နာ‌တော်မူ‌သောအရှင် ဖြစ်‌တော်မူသည်။ هُوَ ٱللَّهُ ٱلَّذِي لَآ إِلَٰهَ إِلَّا هُوَ ٱلۡمَلِكُ ٱلۡقُدُّوسُ ٱلسَّلَٰمُ ٱلۡمُؤۡمِنُ ٱلۡمُهَيۡمِنُ ٱلۡعَزِيزُ ٱلۡجَبَّارُ ٱلۡمُتَكَبِّرُۚ سُبۡحَٰنَ ٱللَّهِ عَمَّا يُشۡرِكُونَ ٢٣ထိုအရှင်ပင် အလ္လာဟ်အရှင်မြတ်ဖြစ်‌တော်မူသည်။ ထိုအရှင်မြတ်မှလွဲ၍ ကိုးကွယ်ထိုက်သည့်အရှင် မရှိ‌ပေ။ အရာရာကို စိုးပိုင်‌တော်မူ‌သောအရှင်၊ အလွန်သန့်စင်‌တော်မူ‌သော အရှင်၊ ချို့ယွင်းချက်ဟူသမျှမှ ကင်းစင်ပြီး မဂင်္လာနှင့်ပြည့်စုံ‌တော်မူ‌သောအရှင်၊ ငြိမ်းချမ်းလုံခြုံမှု‌ပေး‌တော်မူ‌သောအရှင်၊ ကာကွယ်‌စောင့်‌ရှောက်‌တော်မူ‌သောအရှင်၊ တန်ခိုး‌တော်နှင့် အလွန်လွှမ်းမိုး‌တော်မူ‌သောအရှင်၊ အမိန့်အာဏာအလွန်လွှမ်းမိုး‌တော်မူ‌သောအရှင်၊ အလွန်ကြီးကျယ်ထူးကဲမြင့်မြတ်‌တော်မူ‌သောအရှင်ဖြစ်‌တော်မူသည်။ အလ္လာဟ်အရှင်မြတ်သည် သူတို့ တွဲဖက်ကိုးကွယ်သည်များမှ သန့်ရှင်းစင်ကြယ်‌တော်မူသည်။ هُوَ ٱللَّهُ ٱلۡخَٰلِقُ ٱلۡبَارِئُ ٱلۡمُصَوِّرُۖ لَهُ ٱلۡأَسۡمَآءُ ٱلۡحُسۡنَىٰۚ يُسَبِّحُ لَهُۥ مَا فِي ٱلسَّمَٰوَٰتِ وَٱلۡأَرۡضِۖ وَهُوَ ٱلۡعَزِيزُ ٱلۡحَكِيمُ ٢٤ထိုအရှင်မြတ်ပင် အလ္လာဟ်အရှင်မြတ်ဖြစ်‌တော်မူသည်၊(ထိုအရှင်မြတ်သည်)ဖန်ဆင်း‌တော်မူ‌သောအရှင်၊ အသက်ဝိညာဉ်များအား ဖန်ဆင်း‌မွေးမြူ‌တော်မူ‌သောအရှင်၊ (အရှင်မြတ်အလိုရှိ‌တော်မူသည့်အတိုင်း)ပုံ‌ဖော်ပြုလုပ်ဖန်ဆင်း‌တော်မူ‌သောအရှင်ဖြစ်‌တော်မူသည်။ ထိုအရှင်မြတ်တွင် ‌ကောင်းမြတ်သည့် နာမ‌တော်ဂုဏ်‌တော်များရှိသည်။ မိုး‌ကောင်းကင်များတွင်ရှိသမျှနှင့် ‌မြေပထဝီတွင်ရှိသမျှတို့သည် အရှင်မြတ်သန့်ရှင်းစင်ကြယ်‌တော်မူ‌ကြောင်း ရွတ်ဆိုလျက်ရှိကြသည်။ ထို့ပြင် အရှင်မြတ်သည် တန်ခိုး‌တော်နှင့်အလွန်လွှမ်းမိုး‌တော်မူ‌သောအရှင်၊ ပညာဉာဏ်အ‌မြော်အမြင်နှင့် အလွန်ပြည့်စုံ‌တော်မူ‌သောအရှင်ဖြစ်‌တော်မူသည်။ ###၁၀

الترجمة: Hashim Tin Myint.