ملة الإسلام

السورة 58 · 22 آية · Hashim Tin Myint

سورة المجادلة باللغة البورمية

السورة بالعربية مع التفسير استمع إلى سورة المجادلة (1,142 قارئاً)
مدنيةسورة المجادلة٢٢ آية

بِسۡمِ ٱللَّهِ ٱلرَّحۡمَٰنِ ٱلرَّحِيمِ

قَدۡ سَمِعَ ٱللَّهُ قَوۡلَ ٱلَّتِي تُجَٰدِلُكَ فِي زَوۡجِهَا وَتَشۡتَكِيٓ إِلَى ٱللَّهِ وَٱللَّهُ يَسۡمَعُ تَحَاوُرَكُمَآۚ إِنَّ ٱللَّهَ سَمِيعُۢ بَصِيرٌ ١အမှန်စင်စစ် အလ္လာဟ်အရှင်မြတ်သည် အကြင်အမျိုးသမီး၏ ‌ပြောဆိုမှုကို ကြား‌တော်မူခဲ့ပြီဖြစ်သည်။ သူမသည် သူမ၏လင်‌ယောက်ျားနှင့် ပတ်သက်၍ အသင်နှင့် ငြင်းခုံ ‌ပြောဆို‌ဆွေး‌နွေးသည့်အပြင် (သူမ)မ‌ကျေနပ်‌ကြောင်းအလ္လာဟ်အရှင်မြတ်ထံ‌တော်တွင် ထုတ်‌ဖော်တိုင်တန်းသည်။ ###၁ ထို့ပြင် အလ္လာဟ်အရှင်မြတ်သည် အသင်တို့နှစ်ဦး ‌ပြောဆိုကြသည်ကိုလည်း ကြား‌တော်မူသည်။ အမှန်စင်စစ်အလ္လာဟ် အရှင်မြတ်သည် အကြွင်းမဲ့ ကြား‌တော်မူ‌သောအရှင်၊ အကြွင်းမဲ့ မြင်‌တော်မူ‌သောအရှင်ဖြစ်‌တော်မူသည်။###၂ ٱلَّذِينَ يُظَٰهِرُونَ مِنكُم مِّن نِّسَآئِهِم مَّا هُنَّ أُمَّهَٰتِهِمۡۖ إِنۡ أُمَّهَٰتُهُمۡ إِلَّا ٱلَّٰٓـِٔي وَلَدۡنَهُمۡۚ وَإِنَّهُمۡ لَيَقُولُونَ مُنكَرًا مِّنَ ٱلۡقَوۡلِ وَزُورًاۚ وَإِنَّ ٱللَّهَ لَعَفُوٌّ غَفُورٌ ٢အသင်တို့ထဲမှ အကြင်သူများသည် သူတို့၏ ဇနီးမိန်းမများကို (အသင်မသည် ကျွန်ုပ်၏ မိခင်ကဲ့သို့ ကျွန်ုပ်အ‌ပေါ်တွင် ဟရာမ် ဖြစ်သည်ဟု‌ပြောဆို) ဇွိဟာရ် ပြုလုပ်ကြ သည်။ ထိုဇနီးမိန်းမများသည် သူတို့၏မိခင်များ မဟုတ်‌ပေ။ သူတို့အား ‌မွေးဖွားခဲ့သည့်မိန်းမများပင် သူတို့၏ မိခင်များဖြစ်ကြသည်။ ထို့ပြင် အမှန်စင်စစ် သူတို့သည် စက်ဆုပ် ဖွယ်ရာစကားနှင့် မုသားစကားကို ‌ပြောဆိုခဲ့ကြသည် အမှန်ပင်ဖြစ်သည်။ ထို့ပြင် အလ္လာဟ်အရှင်မြတ်သည် အလွန်ခွင့်လွှတ်‌တော်မူ‌သောအရှင်၊ အလွန်လွတ်ငြိမ်းချမ်းသာခွင့် ‌ပေး‌တော်မူ‌သောအရှင် ဖြစ်‌တော်မူသည်။ وَٱلَّذِينَ يُظَٰهِرُونَ مِن نِّسَآئِهِمۡ ثُمَّ يَعُودُونَ لِمَا قَالُواْ فَتَحۡرِيرُ رَقَبَةٍ مِّن قَبۡلِ أَن يَتَمَآسَّاۚ ذَٰلِكُمۡ تُوعَظُونَ بِهِۦۚ وَٱللَّهُ بِمَا تَعۡمَلُونَ خَبِيرٌ ٣ထို့ပြင် အကြင်သူများသည် သူတို့၏ ဇနီးမိန်းမများနှင့် ဇွိဟာရ်ပြုလုပ်ကြသည်။ ထို့ပြင် သူတို့သည် သူတို့‌ပြောဆိုခဲ့သည်ကို ပြန်ရုပ်သိမ်းလိုက်ကြသည်။ သို့ဖြစ်လျှင် သူတို့ သည် ဇနီးနှင့် ကာမမဆက်ဆံမီအလျင် ကျွန်တစ်ဦးကို သူ‌ကောင်းပြုရမည်။ ဤသည် အကြင်အရာပင်ဖြစ်သည်၊ ထိုအရာဖြင့် အသင်တို့သည် ဆုံးမခြင်းခံရသည်။ ထို့ပြင် အလ္လာဟ်အရှင်မြတ်သည် အသင်တို့ ပြုလုပ်သည်များကို အကြွင်းမဲ့ကြားသိ‌တော်မူ‌သောအရှင် ဖြစ်‌တော်မူသည်။ فَمَن لَّمۡ يَجِدۡ فَصِيَامُ شَهۡرَيۡنِ مُتَتَابِعَيۡنِ مِن قَبۡلِ أَن يَتَمَآسَّاۖ فَمَن لَّمۡ يَسۡتَطِعۡ فَإِطۡعَامُ سِتِّينَ مِسۡكِينًاۚ ذَٰلِكَ لِتُؤۡمِنُواْ بِٱللَّهِ وَرَسُولِهِۦۚ وَتِلۡكَ حُدُودُ ٱللَّهِۗ وَلِلۡكَٰفِرِينَ عَذَابٌ أَلِيمٌ ٤ထို့‌နောက် မည်သူမဆို(ကျွန်ကို)မရခဲ့လျှင် သူတို့နှစ်ဦးကာမမဆက်ဆံမီအလျင် နှစ်လတိတိတစ်ဆက်တည်း စွိယာမ်ဥပုသ်‌စောင့်ထိန်းရမည်။ ထို့‌နောက် မည်သူမဆို ထိုအရာလည်း မတတ်စွမ်းနိုင်လျှင် ဆင်းရဲသား (၆၀)ကို ‌ကျွေး‌မွေးရမည်။ ###၃ ဤသည်မှာ အသင်တို့သည် အလ္လာဟ်အရှင်မြတ်နှင့် အရှင်မြတ်၏ တမန်‌တော်ကို ယုံကြည် ရန်ဖြစ်သည်။ ထို့ပြင် ထိုအရာများသည် အလ္လာဟ်အရှင်မြတ်၏ သတ်မှတ်ထား‌သော စည်းကမ်းဥပ‌ဒေ‌ဘောင်များဖြစ်သည်။ ထို့ပြင် ကာဖိရ်ငြင်းပယ်သူများတွင် အလွန်နာကျင် ‌စေသည့်ပြစ်ဒဏ်ရှိလိမ့်မည်။ إِنَّ ٱلَّذِينَ يُحَآدُّونَ ٱللَّهَ وَرَسُولَهُۥ كُبِتُواْ كَمَا كُبِتَ ٱلَّذِينَ مِن قَبۡلِهِمۡۚ وَقَدۡ أَنزَلۡنَآ ءَايَٰتِۭ بَيِّنَٰتٍۚ وَلِلۡكَٰفِرِينَ عَذَابٌ مُّهِينٌ ٥အမှန်စင်စစ် အလ္လာဟ်အရှင်မြတ်နှင့် အရှင်မြတ်၏တမန်‌တော်ကို ဆန့်ကျင်သည့်သူများသည် သူတို့မတိုင်မီကသူများ ‌သေးသိမ်‌စေခြင်းခံခဲ့ရသကဲ့သို့ ‌သေးသိမ်‌စေခြင်းခံ ကြရမည်ဖြစ်သည်။ ထို့ပြင်အမှန်စင်စစ်ငါအရှင်မြတ်သည် ထင်ရှား‌သောသက်‌သေလက္ခဏာများကို ချ‌ပေး‌တော်မူခဲ့ပြီးဖြစ်သည်။ ထို့ပြင် ကာဖိရ်များအတွက် ‌သေးသိမ်‌စေသည့် ပြစ်ဒဏ်ရှိမည်။ ###၄ يَوۡمَ يَبۡعَثُهُمُ ٱللَّهُ جَمِيعًا فَيُنَبِّئُهُم بِمَا عَمِلُوٓاْۚ أَحۡصَىٰهُ ٱللَّهُ وَنَسُوهُۚ وَٱللَّهُ عَلَىٰ كُلِّ شَيۡءٍ شَهِيدٌ ٦ထို‌နေ့တွင် အလ္လာဟ်အရှင်မြတ်သည် သူတို့အားလုံးကို ရှင်ပြန်ထ‌စေ‌တော်မူပြီး‌နောက် သူတို့ပြုလုပ်ခဲ့သမျှကို သူတို့အားအသိ‌ပေး‌တော်မူမည်။ အလ္လာဟ်အရှင်မြတ်ကမူ ထိုလုပ်ရပ်များကို ‌ရေတွက်မှတ်သားထား‌တော်မူ၍ သူတို့ကမူ ထိုအရာများကို‌မေ့လိုက်ကြပြီဖြစ်သည်။ ထို့ပြင် အလ္လာဟ်အရှင်မြတ်သည် အရာအားလုံးအ‌ပေါ်တွင် မျက်‌မှောက် အသိသက်‌သေဖြစ်‌နေ‌တော်မူ‌သောအရှင် ဖြစ်‌တော်မူသည်။ أَلَمۡ تَرَ أَنَّ ٱللَّهَ يَعۡلَمُ مَا فِي ٱلسَّمَٰوَٰتِ وَمَا فِي ٱلۡأَرۡضِۖ مَا يَكُونُ مِن نَّجۡوَىٰ ثَلَٰثَةٍ إِلَّا هُوَ رَابِعُهُمۡ وَلَا خَمۡسَةٍ إِلَّا هُوَ سَادِسُهُمۡ وَلَآ أَدۡنَىٰ مِن ذَٰلِكَ وَلَآ أَكۡثَرَ إِلَّا هُوَ مَعَهُمۡ أَيۡنَ مَا كَانُواْۖ ثُمَّ يُنَبِّئُهُم بِمَا عَمِلُواْ يَوۡمَ ٱلۡقِيَٰمَةِۚ إِنَّ ٱللَّهَ بِكُلِّ شَيۡءٍ عَلِيمٌ ٧အမှန်စင်စစ် အလ္လာဟ်အရှင်မြတ်သည် မိုး‌ကောင်းကင်များတွင် ရှိသမျှနှင့် ‌မြေပထဝီတွင် ရှိသမျှကို သိရှိ‌တော်မူ‌ကြောင်း အသင်(တမန်‌တော်)သည် မစဉ်းစား မကြည့်မြင်ခဲ့ သ‌လော။ လူသုံးဦး လျှုို့ဝှက်‌ဆွေး‌နွေးလျှင် အရှင်မြတ်သည် စတုတ္ထအဖြစ်(ရှိ‌နေ)‌တော်မူသည်။ ထို့ပြင် လူငါးဦးဆိုလျှင်အရှင်မြတ်သည် ဆဋ္ဌမအဖြစ်(ရှိ‌နေ)‌တော်မူသည်။ ထို့ပြင် ထိုထက်‌လျော့သည်ဖြစ်‌စေ၊ ပိုသည်ဖြစ်‌စေ၊ သူတို့သည် မည်သည့်‌နေရာ၌ပင် ရှိ‌နေသည်ဖြစ်‌စေ၊ အရှင်မြတ်သည် သူတို့ နှင့်အတူ ရှိ‌နေ‌တော်မူသည်။ ###၅ ထို့‌နောက် အရှင်မြတ်သည် ကိယာမသ်ရှင်ပြန်ထမည့်‌နေ့တွင် သူတို့ပြုလုပ်ခဲ့သည်များကို သူတို့အား အသိ‌ပေး‌တော်မူမည်။ အမှန်စင်စစ် အလ္လာဟ်အရှင်မြတ်သည် အရာအားလုံးကို အကြွင်းမဲ့သိ‌တော်မူ‌သောအရှင်ဖြစ်‌တော်မူသည်။ أَلَمۡ تَرَ إِلَى ٱلَّذِينَ نُهُواْ عَنِ ٱلنَّجۡوَىٰ ثُمَّ يَعُودُونَ لِمَا نُهُواْ عَنۡهُ وَيَتَنَٰجَوۡنَ بِٱلۡإِثۡمِ وَٱلۡعُدۡوَٰنِ وَمَعۡصِيَتِ ٱلرَّسُولِۖ وَإِذَا جَآءُوكَ حَيَّوۡكَ بِمَا لَمۡ يُحَيِّكَ بِهِ ٱللَّهُ وَيَقُولُونَ فِيٓ أَنفُسِهِمۡ لَوۡلَا يُعَذِّبُنَا ٱللَّهُ بِمَا نَقُولُۚ حَسۡبُهُمۡ جَهَنَّمُ يَصۡلَوۡنَهَاۖ فَبِئۡسَ ٱلۡمَصِيرُ ٨အသင်(တမန်‌တော်)သည်အကြင်သူများကို မမြင်ခဲ့သ‌လော။ သူတို့သည် လျှို့ဝှက်‌ဆွေး‌နွေးမှုမပြုရန် တားမြစ်ခြင်းကိုခံခဲ့ရသည်။ ထို့‌နောက် သူတို့ တားမြစ်ခံရ‌သော ကိစ္စကိုပင် ထပ်၍ပြုလုပ်ကြသည်။ ထို့ပြင် သူတို့သည် အပြစ်ကျူးလွန်ရန်၊ ရန်မူရန်နှင့် တမန်‌တော်၏ အမိန့်ကို ဆန့်ကျင်မှုပြုလုပ်ရန်များနှင့် ပတ်သက်၍ လျှို့ဝှက်‌ဆွေး‌နွေးကြသည်။ ထို့ပြင် သူတို့သည် အသင်၏ထံသို့ လာကြသည့်အခါ အလ္လာဟ်အရှင်မြတ်က အသင့်အား နှုတ်ခွန်းဆက်‌တော်မမူခဲ့သည့် နည်းမျိုးနှင့်သူတို့သည် အသင့်အား နှုတ်ခွန်းဆက်ကြသည်။ ထို့ပြင် သူတို့သည် သူတို့စိတ်ထဲတွင် ‌ပြောဆိုကြသည်- “ အလ္လာဟ်အရှင်မြတ်သည် ကျွန်ုပ်တို့၏ ‌ပြောဆိုမှု‌ကြောင့် ကျွန်ုပ်တို့အား အဘယ့်‌ကြောင့် ပြစ်ဒဏ်‌ပေး‌တော်မမူပါ သနည်း။” သူတို့အတွက် ဂျဟန္နမ်ငရဲမီးသည် လုံ‌လောက်သည်။ သူတို့သည် ထိုအထဲသို့ ဝင်‌ရောက်ကြရမည်ဖြစ်သည်။ ထို့ပြင် (ထိုအရာသည်) အဘယ်မျှ ဆိုးဝါး‌သော ပြန်လည်ရာစခန်းဖြစ်လိုက်သနည်း။ ###၆ يَٰٓأَيُّهَا ٱلَّذِينَ ءَامَنُوٓاْ إِذَا تَنَٰجَيۡتُمۡ فَلَا تَتَنَٰجَوۡاْ بِٱلۡإِثۡمِ وَٱلۡعُدۡوَٰنِ وَمَعۡصِيَتِ ٱلرَّسُولِ وَتَنَٰجَوۡاْ بِٱلۡبِرِّ وَٱلتَّقۡوَىٰۖ وَٱتَّقُواْ ٱللَّهَ ٱلَّذِيٓ إِلَيۡهِ تُحۡشَرُونَ ٩အို-အီမာန် ယုံကြည်သူအ‌ပေါင်းတို့၊ အသင်တို့သည် လျှို့ ဝှက်‌ဆွေး‌နွေးမှု ပြုလုပ်သည့်အခါ အပြစ်ကျူးလွန်ရန်၊ ရန်မူရန်နှင့် တမန်‌တော်၏အမိန့်ကို ဆန့်ကျင်မှု ပြုလုပ်ရန် များနှင့် ပတ်သက်၍ လျှို့ ဝှက်‌ဆွေး‌နွေးမှု မပြုလုပ်ကြနှင့်။ ထို့ပြင် အသင်တို့သည် ‌ကောင်းမှုပြုလုပ်ရန် ၊ ပြစ်မှု‌ရှောင်ကြဉ်ရန်နှင့် ပတ်သက်၍ လျှို့ဝှက်‌ဆွေး‌နွေးကြပါ။ ထို့ပြင် အသင်တို့သည် အကြင်အလ္လာဟ်အရှင်မြတ်အား ‌ကြောက်ရွံ့ကြပါ။ ထိုအရှင်မြတ်ထံ‌တော်သို့သာ အသင်တို့သည် ပြန်လည်စုရုံးခံကြရမည်ဖြစ်သည်။ إِنَّمَا ٱلنَّجۡوَىٰ مِنَ ٱلشَّيۡطَٰنِ لِيَحۡزُنَ ٱلَّذِينَ ءَامَنُواْ وَلَيۡسَ بِضَآرِّهِمۡ شَيۡـًٔا إِلَّا بِإِذۡنِ ٱللَّهِۚ وَعَلَى ٱللَّهِ فَلۡيَتَوَكَّلِ ٱلۡمُؤۡمِنُونَ ١٠(မ‌ကောင်းမှုကျူးလွန်ရန်) လျှို့ဝှက်‌ဆွေး‌နွေးမှုသည် ရှိုင်သွာန်ထံမှအီမာန် ယုံကြည်သူများကို စိတ်ဒုက္ခ‌ရောက်‌စေရန် အတွက်ပင်ဖြစ်သည်။ ထို့ပြင် အလ္လာဟ် အရှင်မြတ် အလိုရှိ‌တော်မမူဘဲ သူ(ရှိုင်သွာန်)သည် သူတို့အား အနည်းငယ်မျှနစ်နာ‌အောင် လုပ်နိုင်သည့်သူမဟုတ်‌ပေ။ ထို့ပြင် အီမာန်ယုံကြည်သူများသည် အလ္လာဟ်အရှင်မြတ်အ‌ပေါ်၌ပင် ယုံပုံလွှဲအပ်ထားရမည်ဖြစ်သည်။ يَٰٓأَيُّهَا ٱلَّذِينَ ءَامَنُوٓاْ إِذَا قِيلَ لَكُمۡ تَفَسَّحُواْ فِي ٱلۡمَجَٰلِسِ فَٱفۡسَحُواْ يَفۡسَحِ ٱللَّهُ لَكُمۡۖ وَإِذَا قِيلَ ٱنشُزُواْ فَٱنشُزُواْ يَرۡفَعِ ٱللَّهُ ٱلَّذِينَ ءَامَنُواْ مِنكُمۡ وَٱلَّذِينَ أُوتُواْ ٱلۡعِلۡمَ دَرَجَٰتٍۚ وَٱللَّهُ بِمَا تَعۡمَلُونَ خَبِيرٌ ١١အို- အီမာန် ယုံကြည်သူအ‌ပေါင်းတို့၊ အသင်တို့သည် ထိုင်ဝိုင်းများတွင်(ထိုင်‌နေ‌သောအခါ)“‌နေရာချဲ့‌ပေးကြပါ”ဟု ‌ပြောဆိုခြင်းခံကြရသည့်အခါ ‌နေရာချဲ့‌ပေးလိုက်ကြပါ။ အလ္လာဟ်အရှင်မြတ်သည် အသင်တို့အတွက် ‌နေရာချဲ့‌ပေး‌တော်မူမည်။ ထို့ပြင် အသင်တို့သည် “မတ်တတ်ထကြပါ”ဟု ‌ပြောဆိုခြင်းခံကြရသည့်အခါ မတ်တတ်ထလိုက်ကြပါ။ အရှင်မြတ်သည် အသင်တို့ထဲမှ အီမာန်ယုံကြည်သူများနှင့် အသိပညာ‌ပေးသနား‌တော်မူခြင်းခံရသည့်သူများကို အဆင့်အတန်းများစွာ မြှင့်တင်‌ပေး‌တော်မူမည်။ ###၇ ထို့ပြင် အလ္လာဟ်အရှင်မြတ်သည် အသင်တို့ပြုလုပ်သည်များကို အကြွင်းမဲ့ကြားသိ‌တော်မူ‌သောအရှင်ဖြစ်‌တော်မူသည်။ يَٰٓأَيُّهَا ٱلَّذِينَ ءَامَنُوٓاْ إِذَا نَٰجَيۡتُمُ ٱلرَّسُولَ فَقَدِّمُواْ بَيۡنَ يَدَيۡ نَجۡوَىٰكُمۡ صَدَقَةًۚ ذَٰلِكَ خَيۡرٌ لَّكُمۡ وَأَطۡهَرُۚ فَإِن لَّمۡ تَجِدُواْ فَإِنَّ ٱللَّهَ غَفُورٌ رَّحِيمٌ ١٢အို-အီမာန်ယုံကြည်သူအ‌ပေါင်းတို့၊ အသင်တို့သည် တမန်‌တော်နှင့် လျှို့ဝှက်‌ဆွေး‌နွေးတိုင်ပင်ကြသည့်အခါ မတိုင်ပင်မီအလှူဒါနတစ်စုံတစ်ခု ဦးစွာပြုလုပ်ကြပါ။ ဤသည် အသင်တို့အတွက် အ‌ကောင်းဆုံးလည်းဖြစ်သည်။ အသန့်ရှင်းဆုံးလည်း ဖြစ်သည်။ ထို့‌နောက် အကယ်၍ အသင်တို့သည် (လှူဖွယ်ပစ္စည်းတစ်စုံတစ်ခု)မရခဲ့ကြလျှင် အမှန်စင်စစ် အလ္လာဟ်အရှင်မြတ်သည် အလွန်လွတ်ငြိမ်းချမ်းသာခွင့်‌ပေး‌တော်မူ‌သောအရှင်၊ အလွန်သနားကြင်နာ‌တော်မူ‌သောအရှင်ဖြစ်‌တော်မူသည်။ ###၈ ءَأَشۡفَقۡتُمۡ أَن تُقَدِّمُواْ بَيۡنَ يَدَيۡ نَجۡوَىٰكُمۡ صَدَقَٰتٍۚ فَإِذۡ لَمۡ تَفۡعَلُواْ وَتَابَ ٱللَّهُ عَلَيۡكُمۡ فَأَقِيمُواْ ٱلصَّلَوٰةَ وَءَاتُواْ ٱلزَّكَوٰةَ وَأَطِيعُواْ ٱللَّهَ وَرَسُولَهُۥۚ وَٱللَّهُ خَبِيرُۢ بِمَا تَعۡمَلُونَ ١٣အသင်တို့သည် အသင်တို့လျှို့ဝှက်‌ဆွေး‌နွေးမှုမပြုမီ အလှူဒါနများ‌ပေးရန် ‌ကြောက်ရွံ့‌နေခဲ့ကြသ‌လော။ သို့ဖြစ်လျှင် အသင်တို့သည် (ထိုသို့) မပြုလုပ်နိုင်ခဲ့ကြသည့်အတွက်၊ အလ္လာဟ်အရှင်မြတ်သည်လည်း အသင်တို့ဘက်သို့ ကရုဏာ‌တော်နှင့်လှည့်ပြီး ခွင့်လွှတ်‌တော်မူလိုက်ပြီဖြစ်သည်။ သို့ဖြစ်ရာ အသင်တို့သည် စွလာသ် ဝတ်ပြုမှုကို တည် ‌ဆောက်ကြပါ။ ထို့ပြင်အသင်တို့သည် ဇကာသ် (ဆင်းရဲသားနှင့် လိုအပ်သူများ၏‌ဝေစု)ကို ‌ပေး‌ဆောင်ကြပါ။ ထို့ပြင် အသင်တို့သည် အလ္လာဟ်အရှင်မြတ်၏ အမိန့်‌တော်နှင့် အရှင် မြတ်၏ တမန်‌တော့်အမိန့်‌တော်ကို လိုက်နာကြပါ။ ###၉ ထို့ပြင် အလ္လာဟ်အရှင်မြတ်သည် အသင်တို့ ပြုလုပ်‌နေကြသည်များကို အကြွင်းမဲ့ကြားသိ‌တော်မူ‌သောအရှင်မြတ်ပင် ဖြစ်‌တော်မူသည်။ ۞ أَلَمۡ تَرَ إِلَى ٱلَّذِينَ تَوَلَّوۡاْ قَوۡمًا غَضِبَ ٱللَّهُ عَلَيۡهِم مَّا هُم مِّنكُمۡ وَلَا مِنۡهُمۡ وَيَحۡلِفُونَ عَلَى ٱلۡكَذِبِ وَهُمۡ يَعۡلَمُونَ ١٤အသင်(တမန်‌တော်)သည် အကြင်(ယဟူဒီ )အမျိုးသားများကို မိတ်‌ဆွေဖွဲ့ခဲ့ကြ‌သောသူ(မုနာဖိက်)များကို မမြင်ခဲ့သ‌လော။ ထို(ယဟူဒီ )အမျိုးသားများအ‌ပေါ်တွင် အရှင်မြတ် သည် အမျက်ထွက်‌တော်မူခဲ့သည်။ ထိုသူ(မုနာဖိက် )များသည်အသင်တို့ထဲမှလည်းမဟုတ်ကြ‌ပေ။ သူတို့(ယဟူဒီ )များထဲမှလည်း မဟုတ်ကြ‌ပေ။ ###၁ဝ ထို(မုနာဖိက် )များ သည် (သူတို့၏ အ‌ယောင်‌ဆောင်မှုကို)သိ‌နေပါလျက်(ကျွန်ုပ်တို့သည် မွတ်စ်လင်မ် များဖြစ်ကြပါသည်ဟု)လိမ်ပြီး ကျိန်ဆိုကြသည်။ أَعَدَّ ٱللَّهُ لَهُمۡ عَذَابًا شَدِيدًاۖ إِنَّهُمۡ سَآءَ مَا كَانُواْ يَعۡمَلُونَ ١٥အလ္လာဟ်အရှင်မြတ်သည် ပြင်းထန်‌သောပြစ်ဒဏ်ကိုသူတို့အတွက် အသင့်ပြုလုပ်ထား‌တော်မူသည်။ အမှန်စင်စစ် သူတို့ပြုလုပ်‌နေခဲ့သည်များသည် အလွန်ဆိုးယုတ်လှသည်။ ٱتَّخَذُوٓاْ أَيۡمَٰنَهُمۡ جُنَّةً فَصَدُّواْ عَن سَبِيلِ ٱللَّهِ فَلَهُمۡ عَذَابٌ مُّهِينٌ ١٦သူတို့သည် သူတို့၏ကျိန်ဆိုချက်များကို အကာအကွယ်ဒိုင်းပြုလုပ်ခဲ့ကြ၍ (သူများကို) အလ္လာဟ်အရှင်မြတ်၏လမ်းမှ တားဆီးခဲ့ကြသည်။ သို့ဖြစ်ရာသူတို့အတွက်‌သေးသိမ် ‌စေ‌သော ပြစ်ဒဏ်ရှိမည်။ لَّن تُغۡنِيَ عَنۡهُمۡ أَمۡوَٰلُهُمۡ وَلَآ أَوۡلَٰدُهُم مِّنَ ٱللَّهِ شَيۡـًٔاۚ أُوْلَٰٓئِكَ أَصۡحَٰبُ ٱلنَّارِۖ هُمۡ فِيهَا خَٰلِدُونَ ١٧အလ္လာဟ်အရှင်မြတ်နှင့် ဆန့်ကျင်ပြီး သူတို့၏ ပစ္စည်းဥစ္စာများနှင့် သူတို့၏ သားသမီးများသည်သူတို့အတွက် မည်သည့်အရာမျှ လုံးဝအသုံးမဝင်‌ပေ။ သူတို့သည် ငရဲသားများ ပင်ဖြစ်ကြသည်။ သူတို့သည် ထိုငရဲထဲတွင် အမြဲ‌နေကြရမည့်သူများပင်ဖြစ်ကြသည်။ ###၁၁ يَوۡمَ يَبۡعَثُهُمُ ٱللَّهُ جَمِيعًا فَيَحۡلِفُونَ لَهُۥ كَمَا يَحۡلِفُونَ لَكُمۡ وَيَحۡسَبُونَ أَنَّهُمۡ عَلَىٰ شَيۡءٍۚ أَلَآ إِنَّهُمۡ هُمُ ٱلۡكَٰذِبُونَ ١٨အလ္လာဟ်အရှင်မြတ်သည် သူတို့အားလုံးကို ရှင်ပြန်ထ‌စေ‌တော်မူမည့်‌နေ့တွင် သူတို့သည် အသင်တို့‌ရှေ့ ၌ကျိန်ဆိုကြသကဲ့သို့အရှင်မြတ်၏ ‌ရှေ့‌မှောက်၌လည်း ကျိန်ဆိုကြ ဦးမည်ဖြစ်သည်။ ထို့ပြင် သူတို့သည် အမှန်စင်စစ် သူတို့သည်(‌ကောင်းသည့်)အ‌ခြေအ‌နေတွင် ရှိ‌နေကြသည်ဟု ထင်မှတ်ကြမည်။ သတိထားကြပါ၊ သူတို့သည်အမှန်ပင်လိမ်သည့် သူများဖြစ်ကြသည်။ ###၁၂ ٱسۡتَحۡوَذَ عَلَيۡهِمُ ٱلشَّيۡطَٰنُ فَأَنسَىٰهُمۡ ذِكۡرَ ٱللَّهِۚ أُوْلَٰٓئِكَ حِزۡبُ ٱلشَّيۡطَٰنِۚ أَلَآ إِنَّ حِزۡبَ ٱلشَّيۡطَٰنِ هُمُ ٱلۡخَٰسِرُونَ ١٩ရှိုင်သွာန်သည် သူတို့အ‌ပေါ် လွှမ်းမိုးထားပြီးအလ္လာဟ်အရှင်မြတ်အား သတိရခြင်းမှ‌မေ့‌ပျောက်‌စေခဲ့သည်။ သူတို့သည်ရှိုင်သွာန်၏အုပ်စုပင်ဖြစ်ကြသည်။ သတိထားကြပါ၊ အမှန်စင်စစ် ရှိုင်သွာန်၏အုပ်စုသည် ပျက်စီးဆုံးရှုံးမည့်သူများပင် ဖြစ်ကြသည်။ إِنَّ ٱلَّذِينَ يُحَآدُّونَ ٱللَّهَ وَرَسُولَهُۥٓ أُوْلَٰٓئِكَ فِي ٱلۡأَذَلِّينَ ٢٠အမှန်စင်စစ် အလ္လာဟ်အရှင်မြတ်နှင့် အရှင်မြတ်၏ တမန်‌တော်ကို ဆန့်ကျင်မှု ပြုလုပ်ကြသည့်သူများသည် အယုတ်ညံ့ဆုံးသူများထဲတွင် အပါအဝင်ဖြစ်ကြမည်။ ###၁၃ كَتَبَ ٱللَّهُ لَأَغۡلِبَنَّ أَنَا۠ وَرُسُلِيٓۚ إِنَّ ٱللَّهَ قَوِيٌّ عَزِيزٌ ٢١ငါအရှင်မြတ်နှင့် ငါအရှင်မြတ်၏တမန်‌တော်များသည် အမှန်ပင်လွှမ်းမိုး‌အောင်နိုင်‌တော်မူမည်ဟု အလ္လာဟ်အရှင်မြတ်က‌ရေးသားထား‌တော်မူပြီးဖြစ်သည်။ အမှန်စင်စစ် အလ္လာဟ်အရှင်မြတ်သည် အလွန်အင်အားကြီး‌တော်မူ‌သောအရှင်၊ တန်ခိုး‌တော်နှင့် အလွန်လွှမ်းမိုး‌တော်မူ‌သောအရှင်ဖြစ်‌တော်မူသည်။ لَّا تَجِدُ قَوۡمًا يُؤۡمِنُونَ بِٱللَّهِ وَٱلۡيَوۡمِ ٱلۡأٓخِرِ يُوَآدُّونَ مَنۡ حَآدَّ ٱللَّهَ وَرَسُولَهُۥ وَلَوۡ كَانُوٓاْ ءَابَآءَهُمۡ أَوۡ أَبۡنَآءَهُمۡ أَوۡ إِخۡوَٰنَهُمۡ أَوۡ عَشِيرَتَهُمۡۚ أُوْلَٰٓئِكَ كَتَبَ فِي قُلُوبِهِمُ ٱلۡإِيمَٰنَ وَأَيَّدَهُم بِرُوحٍ مِّنۡهُۖ وَيُدۡخِلُهُمۡ جَنَّٰتٍ تَجۡرِي مِن تَحۡتِهَا ٱلۡأَنۡهَٰرُ خَٰلِدِينَ فِيهَاۚ رَضِيَ ٱللَّهُ عَنۡهُمۡ وَرَضُواْ عَنۡهُۚ أُوْلَٰٓئِكَ حِزۡبُ ٱللَّهِۚ أَلَآ إِنَّ حِزۡبَ ٱللَّهِ هُمُ ٱلۡمُفۡلِحُونَ ٢٢အလ္လာဟ်အရှင်မြတ်နှင့် ‌နောက်ဆုံး‌နေ့ကို ယုံကြည်သူများသည် အလ္လာဟ်အရှင်မြတ်နှင့် အရှင်မြတ်၏တမန်‌တော်ကိုဆန့်ကျင်‌သောသူများအား ချစ်ခင်ကြသည်ကို အသင် (တမန်‌တော်)‌တွေ့ရမည်မဟုတ်‌ပေ။ ထိုဆန့်ကျင်‌သောသူများသည် သူတို့၏ဖခင်များပင်ဖြစ်‌စေ၊ သူတို့၏သားများပင်ဖြစ်‌စေ၊ သူတို့၏ ညီအစ်ကိုများပင်ဖြစ်‌စေ၊ သူတို့၏‌ဆွေမျိုး သားချင်းများပင်ဖြစ်‌စေ (ထိုသူများကို ချစ်ခင်ကြသည်ကိုအသင်‌တွေ့ရမည်မဟုတ်‌ပေ)။ ဤသူများသည် အကြင်သူများပင်ဖြစ်ကြသည်၊ အရှင်မြတ်သည် သူတို့၏ စိတ်နှလုံး များထဲတွင် အီမာန်ယုံကြည်မှုကို‌ရေးမှတ်‌တော်မူခဲ့သည်။ ထို့ပြင် သူတို့အား အရှင်မြတ်ထံ‌တော်မှဝိညာဉ်ဆိုင်ရာအင်အားနှင့် အားဖြည့်‌ပေး‌တော်မူခဲ့သည်။ ထို့ပြင် သူတို့အား အရှင်မြတ်ကအကြင်ဥယျာဉ်များကိုဝင်‌ရောက်‌စေ‌တော်မူမည်။ ထိုဥယျာဉ်များ၏‌အောက်မှ ‌ချောင်းများစီးဆင်း‌နေကြလိမ့်မည်။ သူတို့သည် ထိုအထဲတွင် အမြဲ‌နေကြရမည်။ အရှင် မြတ်သည် သူတို့အား ‌ကျေနပ်‌တော်မူမည်။ သူတို့လည်း အရှင်မြတ်အား ‌ကျေနပ်ကြမည် ဖြစ်သည်။ ###၁၄ သူတို့သည် အလ္လာဟ်အရှင်မြတ်၏ အုပ်စုပင်ဖြစ်သည်။ သတိပြု ကြပါ။ အမှန်စင်စစ် အလ္လာဟ်အရှင်မြတ်၏အုပ်စုပင် ‌အောင်မြင်မည့်သူများဖြစ်ကြသည်။

الترجمة: Hashim Tin Myint.