بِسۡمِ ٱللَّهِ ٱلرَّحۡمَٰنِ ٱلرَّحِيمِ
الٓمٓ ١အလိဖ်လာမ်မီမ်။ ٱللَّهُ لَآ إِلَٰهَ إِلَّا هُوَ ٱلۡحَيُّ ٱلۡقَيُّومُ ٢အလ္လာဟ်အရှင်မြတ်၊ ထိုအရှင်မြတ်မှလွဲ၍ ခဝပ်ကိုးကွယ်ထိုက်သည့်အရှင် မရှိပေ။ ထိုအရှင်မြတ်သည် အမြဲထာဝရရှင်နေတော်မူသောအရှင်၊ အမြဲတည်ရှိလျက် (အရာအားလုံးကို) ထိန်းသိမ်းစောင့်ရှောက်တော်မူသောအရှင် ဖြစ်တော်မူသည်။ نَزَّلَ عَلَيۡكَ ٱلۡكِتَٰبَ بِٱلۡحَقِّ مُصَدِّقًا لِّمَا بَيۡنَ يَدَيۡهِ وَأَنزَلَ ٱلتَّوۡرَىٰةَ وَٱلۡإِنجِيلَ ٣အရှင်မြတ်သည် အသင်(တမန်တော်)၏အပေါ် ကျမ်းတော်(မြတ်ကုရ်အာန်)ကို မှန်ကန်စွာ ပို့ချတော်မူခဲ့သည်။ (ဤကျမ်းသည်) ၎င်းမတိုင်မီကျရောက်ခဲ့သောကျမ်းများကို ထောက်ခံလျက်ရှိသည်။ ၎င်းပြင် အရှင်မြတ်သည် သောင်ရသ်ကျမ်းနှင့် အင်ဂျီလ်ကျမ်းကိုလည်း ချပေးတော်မူခဲ့သည်။ مِن قَبۡلُ هُدًى لِّلنَّاسِ وَأَنزَلَ ٱلۡفُرۡقَانَۗ إِنَّ ٱلَّذِينَ كَفَرُواْ بِـَٔايَٰتِ ٱللَّهِ لَهُمۡ عَذَابٌ شَدِيدٌۗ وَٱللَّهُ عَزِيزٌ ذُو ٱنتِقَامٍ ٤(ထိုကျမ်းများကို) လူသားများ လမ်းမှန်ရရန် (ကုရ်အာန်မချပေးမီ) ယခင်က ချပေးတော်မူခဲ့ခြင်းဖြစ်သည်။ ၎င်းပြင် အရှင်မြတ်သည် အမှားအမှန် ခွဲခြားပေးသောအရာကိုလည်း ချပေးတော်မူခဲ့သည်။ အမှန်စင်စစ် အလ္လာဟ်အရှင်မြတ်၏ အာယသ်တော်များကို ငြင်းပယ်ကြသူများအတွက် ပြင်းထန်သော အပြစ်ဒဏ်ရှိသည်။ ထို့ပြင် အလ္လာဟ်အရှင်မြတ်သည် တန်ခိုးတော်နှင့် အလွန်လွှမ်းမိုးတော်မူသောအရှင်၊ တန်ပြန်အရေးယူတော်မူသောအရှင် ဖြစ်တော်မူသည်။ إِنَّ ٱللَّهَ لَا يَخۡفَىٰ عَلَيۡهِ شَيۡءٌ فِي ٱلۡأَرۡضِ وَلَا فِي ٱلسَّمَآءِ ٥အမှန်စင်စစ် မြေပထဝီနှင့် ကောင်းကင်အာကသထဲတွင် ရှိသမျှအရာများထဲမှ မည်သည့်မရာတစ်ခုမျှ အလ္လာဟ်အရှင်မြတ်အပေါ်တွင် ဖုံးကွယ်နေသည်ဟူ၍ မရှိပေ။ هُوَ ٱلَّذِي يُصَوِّرُكُمۡ فِي ٱلۡأَرۡحَامِ كَيۡفَ يَشَآءُۚ لَآ إِلَٰهَ إِلَّا هُوَ ٱلۡعَزِيزُ ٱلۡحَكِيمُ ٦အရှင်မြတ်သည် မိမိအလိုရှိတော်မူသည့်အတိုင်း (မိခင်များ၏)သားအိမ်များထဲတွင် အသင်တို့၏ ရုပ်ဆင်းသဏ္ဍာန်များကို ပြုလုပ်ဖန်ဆင်းတော်မူသည့်အရှင် ဖြစ်တော်မူသည်။ အရှင်မြတ်မှလွဲ၍ ခဝပ်ကိုးကွယ်ထိုက်သောအရှင် မရှိပေ။ အရှင်မြတ်သည် တန်ခိုးတော်နှင့် အလွန်လွှမ်းမိုးတော်မူသောအရှင်၊ ဉာဏ်အမြော်အမြင်နှင့် အလွန်ပြည့်စုံတော်မူသောအရှင် ဖြစ်တော်မူသည်။ هُوَ ٱلَّذِيٓ أَنزَلَ عَلَيۡكَ ٱلۡكِتَٰبَ مِنۡهُ ءَايَٰتٌ مُّحۡكَمَٰتٌ هُنَّ أُمُّ ٱلۡكِتَٰبِ وَأُخَرُ مُتَشَٰبِهَٰتٌۖ فَأَمَّا ٱلَّذِينَ فِي قُلُوبِهِمۡ زَيۡغٌ فَيَتَّبِعُونَ مَا تَشَٰبَهَ مِنۡهُ ٱبۡتِغَآءَ ٱلۡفِتۡنَةِ وَٱبۡتِغَآءَ تَأۡوِيلِهِۦۖ وَمَا يَعۡلَمُ تَأۡوِيلَهُۥٓ إِلَّا ٱللَّهُۗ وَٱلرَّٰسِخُونَ فِي ٱلۡعِلۡمِ يَقُولُونَ ءَامَنَّا بِهِۦ كُلٌّ مِّنۡ عِندِ رَبِّنَاۗ وَمَا يَذَّكَّرُ إِلَّآ أُوْلُواْ ٱلۡأَلۡبَٰبِ ٧အရှင်မြတ်သည် အသင်(တမန်တော်)၏အပေါ် ကုရ်အာန်ကျမ်းတော်မြတ်ကို ပို့ချတော်မူသောအရှင် ဖြစ်တော်မူသည်။ ထိုကျမ်းတော်မြတ်၏ အချို့အာယသ်တော်များသည် ထင်ရှားပြတ်သားစွာ အဓိပ္ပာယ်ထွက်သော အာယသ်တော်များ*ဖြစ်သည်။ ထိုအာယသ်တော်များသည် ကုရ်အာန်ကျမ်းတော်မြတ်၏ အဓိကအရင်းအမြစ် ဖြစ်သည်။ ၎င်းပြင် အခြားအာယသ်တော်များသည် အဓိပ္ပာယ်တိကျပေါ်လွင်ထင်ရှားခြင်းမရှိသော အာယသ်တော်များဖြစ်သည်။* ထို့နောက် မည်သို့ပင်ဖြစ်စေ စိတ်နှလုံးများထဲတွင် အကောက်ရှိသောသူများသည် (လူများအား) လမ်းမှားစေလိုသည့်အတွက်နှင့် အာယသ်တော်များ၏ အဓိပ္ပာယ်ကို အမှားကောက်လိုသည့်အတွက် ၎င်းအဓိပ္ပာယ်တိကျပေါ်လွင်ထင်ရှားခြင်းမရှိသော အာယသ်တော်များကိုသာ လိုက်စားကြသည်။* ထို့ပြင် ၎င်းအာယသ်တော်များ၏ မူရင်းဇာစ်မြစ်အဖြစ်မှန်ကို အလ္လာဟ်အရှင်မြတ်မှလွဲ၍ မည်သူမှ မသိပေ။* ထို့ပြင် ပညာရှင်ပါရဂူများကမူ (ဤသို့)ပြောဆိုကြသည်၊ “၎င်းအဓိပ္ပာယ်တိကျပေါ်လွင်ထင်ရှားခြင်းမရှိသော အာယသ်တော်များအား ကျွန်ုပ်တို့ ယုံကြည်ကြပါသည်၊ ထိုအာယသ်တော်များအားလုံးသည် ကျွန်ုပ်တို့အား ဖန်ဆင်းမွေးမြူတော်မူသော အရှင်မြတ်ထံတော်မှသာ ဖြစ်ပါသည်။“ ထို့ပြင် ဉာဏ်ပညာရှင်များမှလွဲ၍ အခြားသူများသည် တရားမရကြပေ။ رَبَّنَا لَا تُزِغۡ قُلُوبَنَا بَعۡدَ إِذۡ هَدَيۡتَنَا وَهَبۡ لَنَا مِن لَّدُنكَ رَحۡمَةًۚ إِنَّكَ أَنتَ ٱلۡوَهَّابُ ٨(ထို ဉာဏ်ပညာရှင်များသည် ဤသို့ ဆုတောင်းကြသည်၊) အို- ကျွန်ုပ်တို့အား ဖန်ဆင်းမွေးမြူတော်မူသောအရှင်၊ အရှင်မြတ်သည် ကျွန်ုပ်တို့အားလမ်းမှန်ပေါ်ပို့ပြီးနောက် ကျွန်ုပ်တို့၏စိတ်နှလုံးများကို တိမ်းစောင်းလွဲချော်အောင် ပြုတော်မမူပါနှင့်။ ကျွန်ုပ်တို့အား အရှင်မြတ်ထံတော်မှ သနားကြင်နာမှုကို ပေးသနားတော်မူပါ။ အမှန်စင်စစ် အရှင်မြတ်သည်သာ အလွန်ပေးကမ်းရက်ရောတော်မူသောအရှင် ဖြစ်တော်မူပါသည်။ رَبَّنَآ إِنَّكَ جَامِعُ ٱلنَّاسِ لِيَوۡمٍ لَّا رَيۡبَ فِيهِۚ إِنَّ ٱللَّهَ لَا يُخۡلِفُ ٱلۡمِيعَادَ ٩အို- ကျွန်ုပ်တို့အား ဖန်ဆင်းမွေးမြူတော်မူသောအရှင်၊ အမှန်စင်စစ် အရှင်မြတ်သည် နေ့တစ်နေ့တွင် လူသားများအားလုံးကို စုရုံးတော်မူမည့်အရှင် ဖြစ်တော်မူပါသည်။ ထိုနေ့နှင့်ပတ်သက်ပြီး လုံးဝသံသယ မရှိပါ။ အမှန်စင်စစ် အလ္လာဟ်အရှင်မြတ်သည် ပြုထားတော်မူသော ကတိသစ္စာတော်ကို ဖောက်ဖျက်တော်မူမည် မဟုတ်ပါ။ إِنَّ ٱلَّذِينَ كَفَرُواْ لَن تُغۡنِيَ عَنۡهُمۡ أَمۡوَٰلُهُمۡ وَلَآ أَوۡلَٰدُهُم مِّنَ ٱللَّهِ شَيۡـًٔاۖ وَأُوْلَٰٓئِكَ هُمۡ وَقُودُ ٱلنَّارِ ١٠အမှန်စင်စစ် ကာဖိရ်ငြင်းပယ်သူများ၏ ပစ္စည်းဥစ္စာများနှင့် သူတို့၏သားသမီးများသည် သူတို့အတွက် (ကိယာမသ် ရှင်ပြန်ထမည့်နေ့တွင်) အလ္လာဟ်အရှင်မြတ်(၏ ပြစ်ဒဏ်)မှ (ကာကွယ်ရန်) မည်သည့်အရာမျှ အသုံးဝင်မည် မဟုတ်ပေ။* ထို့ပြင် သူတို့သည် ငရဲမီး၏လောင်စာများပင် ဖြစ်ကြလိမ့်မည်။ كَدَأۡبِ ءَالِ فِرۡعَوۡنَ وَٱلَّذِينَ مِن قَبۡلِهِمۡۚ كَذَّبُواْ بِـَٔايَٰتِنَا فَأَخَذَهُمُ ٱللَّهُ بِذُنُوبِهِمۡۗ وَٱللَّهُ شَدِيدُ ٱلۡعِقَابِ ١١(သူတို့၏ အလေ့အကျင့်များသည်) ဖိရ်အောင်န်၏နောက်လိုက် အခြွေအရံများနှင့် သူတို့မတိုင်မီ ရှိခဲ့ကြသောသူများ၏ အလေ့အကျင့်များကဲ့သို့ဖြစ်သည်။* သူတို့သည် ငါအရှင်မြတ်၏ အာယသ်သက်သေလက္ခဏာတော်များကို မဟုတ်မမှန်ဟူ၍ ငြင်းဆိုခဲ့ကြသည်။ သို့ဖြစ်ရာ အလ္လာဟ်အရှင်မြတ်သည် သူတို့အား သူတို့၏အပြစ်များကြောင့် အပြစ်ဒဏ်ခတ်တော်မူခဲ့သည်။ ထို့ပြင် အရှင်မြတ်သည် အလွန်ပြင်းထန်စွာ အရေးယူတော်မူသောအရှင် ဖြစ်တော်မူသည်။ قُل لِّلَّذِينَ كَفَرُواْ سَتُغۡلَبُونَ وَتُحۡشَرُونَ إِلَىٰ جَهَنَّمَۖ وَبِئۡسَ ٱلۡمِهَادُ ١٢(အို- တမန်တော်)အသင်သည် ကာဖိရ်ငြင်းပယ်သူများကိုပြောပါ၊ အသင်တို့သည် မကြာခင် (မွတ်စ်လင်မ် များ၏)လွှမ်းမိုးမှုကို ခံကြရမည်။* ထို့ပြင် အသင်တို့သည် မကြာခင် ဂျဟန္နမ်ငရဲဘုံတွင် စုရုံးစေခြင်းကိုလည်း ခံကြရမည်။ အမှန်ပင် ထိုနေရာထိုင်ခင်းသည် အဘယ်မျှလောက် ယုတ်ညံ့ သိမ်ဖျင်းလိုက်သနည်း။ قَدۡ كَانَ لَكُمۡ ءَايَةٌ فِي فِئَتَيۡنِ ٱلۡتَقَتَاۖ فِئَةٌ تُقَٰتِلُ فِي سَبِيلِ ٱللَّهِ وَأُخۡرَىٰ كَافِرَةٌ يَرَوۡنَهُم مِّثۡلَيۡهِمۡ رَأۡيَ ٱلۡعَيۡنِۚ وَٱللَّهُ يُؤَيِّدُ بِنَصۡرِهِۦ مَن يَشَآءُۚ إِنَّ فِي ذَٰلِكَ لَعِبۡرَةً لِّأُوْلِي ٱلۡأَبۡصَٰرِ ١٣အမှန်စင်စစ် (ဗဒရ်စစ်ပွဲတွင်) တွေ့ဆုံရင်ဆိုင်ခဲ့ကြသောအုပ်စုနှစ်စုထဲတွင် အသင်တို့အတွက် သက်သေလက္ခဏာတစ်ခုရှိခဲ့သည်။ အုပ်စုတစ်စုသည် အလ္လာဟ်အရှင်မြတ်၏လမ်းတွင် တိုက်ခိုက်နေခဲ့ကြသည်။ ၎င်းပြင် အခြားအုပ်စုတစ်စုကမူ ကာဖိရ်များဖြစ်ခဲ့သည်၊ သူတို့သည် သူတို့ကိုယ်ကို မွတ်စ်လင်မ်မျာထက်နှစ်ဆဖြစ်နေသည်ကို မျက်ဝါးထင်ထင်မြင်ကြသည်။ ထို့နောက် အလ္လာဟ်အရှင်မြတ်သည် အရှင်မြတ်အလိုရှိသောသူများကို အရှင်မြတ်၏အကူအညီဖြင့် အားပေးတော်မူခဲ့သည်။ အမှန်စင်စစ် ထိုထဲတွင် စဉ်းစားသိမြင်နိုင်စွမ်းရှိသူများအတွက် လေးနက်သော သင်ခန်းစာရှိသည်။ زُيِّنَ لِلنَّاسِ حُبُّ ٱلشَّهَوَٰتِ مِنَ ٱلنِّسَآءِ وَٱلۡبَنِينَ وَٱلۡقَنَٰطِيرِ ٱلۡمُقَنطَرَةِ مِنَ ٱلذَّهَبِ وَٱلۡفِضَّةِ وَٱلۡخَيۡلِ ٱلۡمُسَوَّمَةِ وَٱلۡأَنۡعَٰمِ وَٱلۡحَرۡثِۗ ذَٰلِكَ مَتَٰعُ ٱلۡحَيَوٰةِ ٱلدُّنۡيَاۖ وَٱللَّهُ عِندَهُۥ حُسۡنُ ٱلۡمَـَٔابِ ١٤လူများအတွက် မိန်းမများ၊ သားများ၊ စုထားသော ရွှေငွေရတနာများ၊ လေ့ကျင့်ပေးထားသော မျိုးကောင်းမြင်းများ၊ တိရိစာ္ဆန်များနှင့် လယ်ယာများ၏(အပေါ်) ချစ်ခင်မက်မောမှုသည် လှပအောင် တန်ဆာဆင်မြန်းခြင်းခံရသည်။ ဤအရာများသည် လောကီဘဝ၏ အကျိုးခံစားစရာများပင်ဖြစ်သည်။ ထို့နောက် အကောင်းဆုံးပြန်လည်ရာဌာနမှာမူ အလ္လာဟ်အရှင်မြတ်ထံ၌သာ ရှိသည်။ ۞ قُلۡ أَؤُنَبِّئُكُم بِخَيۡرٍ مِّن ذَٰلِكُمۡۖ لِلَّذِينَ ٱتَّقَوۡاْ عِندَ رَبِّهِمۡ جَنَّٰتٌ تَجۡرِي مِن تَحۡتِهَا ٱلۡأَنۡهَٰرُ خَٰلِدِينَ فِيهَا وَأَزۡوَٰجٌ مُّطَهَّرَةٌ وَرِضۡوَٰنٌ مِّنَ ٱللَّهِۗ وَٱللَّهُ بَصِيرُۢ بِٱلۡعِبَادِ ١٥(အို- တမန်တော်)အသင်ပြောလိုက်ပါ၊ ကျွန်ုပ်သည် အသင်တို့အား ထိုအရာများထက် ပိုကောင်းသောအရာများကို အသိပေးရမည်လော။ ကြောက်ရွံ့အပြစ်ရှောင် ကောင်းကျိုးဆောင်သူများအတွက် ထိုသူတို့အား ဖန်ဆင်းမွေးမြူသောမူသော အရှင်မြတ်ထံတွင် ဥယျာဉ်များရှိသည်။ ထိုဥယျာဉ်များ၏အောက်မှ စမ်းရေချောင်းများစီးဆင်းလျက်ရှိသည်။ (သူတို့သည်) ထိုဥယျာဉ်များထဲတွင် အမြဲနေကြမည့်သူများဖြစ်သည်။ ထို့ပြင် (သူတို့အတွက်) စင်ကြယ်သော ဇနီးကြင်ရာများလည်း ရှိသည်။ ၎င်းပြင် အလ္လာဟ်အရှင်မြတ်၏ ကျေနပ်နှစ်သက်မှုလည်းရှိသည်။ ထို့ပြင် အလ္လာဟ်အရှင်မြတ်သည် (အရှင်မြတ်၏)ကျွန်များအား အကြွင်းမဲ့သိမြင်တော်မူသောအရှင် ဖြစ်တော်မူသည်။ ٱلَّذِينَ يَقُولُونَ رَبَّنَآ إِنَّنَآ ءَامَنَّا فَٱغۡفِرۡ لَنَا ذُنُوبَنَا وَقِنَا عَذَابَ ٱلنَّارِ ١٦ထို(မုသ်သကီကြောက်ရွံ့အပြစ်ရှောင် ကောင်းကျိုးဆောင်)သူများက ပြောဆိုကြသည်၊ အို- ကျွန်ုပ်တို့အား ဖန်ဆင်းမွေးမြူတော်မူသောအရှင်၊ ကျွန်ုပ်တို့သည် အမှန်စင်စစ် ယုံကြည်ကြပါသည်။ သို့ဖြစ်ရာ အရှင်မြတ်သည် ကျွန်ုပ်တို့၏အပြစ်များကို ခွင့်လွှတ်ချမ်းသာပေးသနားတော်မူပါ။ ၎င်းပြင် ကျွန်ုပ်တို့အား ငရဲမီး၏ပြစ်ဒဏ်မှ လွတ်ကင်းစေတော်မူပါ။ ٱلصَّٰبِرِينَ وَٱلصَّٰدِقِينَ وَٱلۡقَٰنِتِينَ وَٱلۡمُنفِقِينَ وَٱلۡمُسۡتَغۡفِرِينَ بِٱلۡأَسۡحَارِ ١٧(ထိုသူများသည်) သည်းခံသောသူများ၊ မှန်ကန်သောသူများ၊ ရိုကျိုးသောသူများ၊ ပေးကမ်းစွန့်ကြဲသောသူများ၊ ည၏နောက်ဆုံး(စဲဟ်ရီ)အချိန်များတွင် လွတ်ငြိမ်းချမ်းသာခွင့် တောင်းခံသောသူများဖြစ်ကြသည်။ شَهِدَ ٱللَّهُ أَنَّهُۥ لَآ إِلَٰهَ إِلَّا هُوَ وَٱلۡمَلَٰٓئِكَةُ وَأُوْلُواْ ٱلۡعِلۡمِ قَآئِمَۢا بِٱلۡقِسۡطِۚ لَآ إِلَٰهَ إِلَّا هُوَ ٱلۡعَزِيزُ ٱلۡحَكِيمُ ١٨အလ္လာဟ်အရှင်မြတ်သည် အရှင်မြတ်မှလွဲ၍ အခြားခဝပ်ကိုးကွယ်ထိုက်သည့်အရှင် မရှိကြောင်း (အရှင်မြတ်ကိုယ်တော်တိုင်) သက်သေခံတော်မူခဲ့သည်။* ၎င်းပြင် ကောင်းကင်တမန်များနှင့် ပညာရှင်အားလုံးသည်လည်း (သက်သေခံခဲ့ကြသည်)။ အရှင်မြတ်သည် မျှတမှုကို အကောင်အထည်ဖော်ဆောင်လျက်ရှိတော်မူသည်။ အရှင်မြတ်မှလွဲ၍ ကိုးကွယ်ထိုက်သည့်အရှင် မရှိပေ။ အရှင်မြတ်သည် တန်ခိုးတော်နှင့် အလွန်လွှမ်းမိုးတော်မူသောအရှင်၊ ပညာဉာဏ်အမြော်အမြင်နှင့် အလွန်ပြည့်စုံတော်မူသောအရှင် ဖြစ်တော်မူသည်။ إِنَّ ٱلدِّينَ عِندَ ٱللَّهِ ٱلۡإِسۡلَٰمُۗ وَمَا ٱخۡتَلَفَ ٱلَّذِينَ أُوتُواْ ٱلۡكِتَٰبَ إِلَّا مِنۢ بَعۡدِ مَا جَآءَهُمُ ٱلۡعِلۡمُ بَغۡيَۢا بَيۡنَهُمۡۗ وَمَن يَكۡفُرۡ بِـَٔايَٰتِ ٱللَّهِ فَإِنَّ ٱللَّهَ سَرِيعُ ٱلۡحِسَابِ ١٩အမှန်စင်စစ် သာသနာသည် အလ္လာဟ်အရှင်မြတ်ထံတွင် အစ္စလာမ်သာသနာတော်ပင်ဖြစ်သည်။* ထိုပြင် ကျမ်းဂန်ပေးခြင်းခံကြရသောသူများသည် သူတို့ထံကို အသိပညာရောက်ရှိခဲ့ပြီးနောက်မှပင် သူတို့အချင်းချင်း မလိုမုန်းတီးမှုကြောင့်သာ (ကွဲလွဲခဲ့ကြခြင်းဖြစ်သည်)။ ထို့ပြင် မည်သူမဆို အလ္လာဟ်အရှင်မြတ်၏အာယသ်တော်များကို ငြင်းပယ်လျှင် အမှန်စင်စစ် အလ္လာဟ်အရှင်မြတ်သည် အလွန်လျင်မြန်စွာ စာရင်းစစ်ဆေးတော်မူသောအရှင် ဖြစ်တော်မူသည်။ (အမှန်နှင့် အမှား၏ရလဒ်သည် အမြန်ရရှိလိမ့်မည်။) فَإِنۡ حَآجُّوكَ فَقُلۡ أَسۡلَمۡتُ وَجۡهِيَ لِلَّهِ وَمَنِ ٱتَّبَعَنِۗ وَقُل لِّلَّذِينَ أُوتُواْ ٱلۡكِتَٰبَ وَٱلۡأُمِّيِّـۧنَ ءَأَسۡلَمۡتُمۡۚ فَإِنۡ أَسۡلَمُواْ فَقَدِ ٱهۡتَدَواْۖ وَّإِن تَوَلَّوۡاْ فَإِنَّمَا عَلَيۡكَ ٱلۡبَلَٰغُۗ وَٱللَّهُ بَصِيرُۢ بِٱلۡعِبَادِ ٢٠ထို့နောက်လည်း သူတို့သည် အသင်(တမန်တော်)နှင့် စောဒကတက်ငြင်းခုံကြသေးသည်ဆိုလျှင် အသင်ပြောလိုက်ပါ၊ ကျွန်ုပ်သည် ကျွန်ုပ်၏မျက်နှာကို (အရှင်၏အမိန့်နာခံခြင်းနှင့်တကွ) အလ္လာဟ်အရှင်မြတ်ဘက်သို့ လှည့်လိုက်ပြီ (အမိန့်နာခံလိုက်ပြီ)ဖြစ်သည်။ ၎င်းပြင် ကျွန်ုပ်၏နောက်လိုက်များသည်လည်း (သူတို့၏မျက်နှာများကို အရှင်မြတ်ဘက်သို့ လှည့်လိုက်ကြပြီဖြစ်သည်)။ ထို့ပြင် အသင်ကျမ်းဂန်ပေးခြင်းခံရသောသူများနှင့် စာမတတ်သူများကို ပြောဆိုမေးမြန်းလိုက်ပါ၊ အသင်တို့သည် အမိန့်နာခံသော မွတ်စ်လင်မ်များ ဖြစ်ကြလေပြီလော။ ထို့နောက် သူတို့သည် နာခံသော မွတ်စ်လင်မ်များ ဖြစ်ကြလျှင် သူတို့လည်း လမ်းမှန်ရရှိကြမည်။ ၎င်းပြင် အကယ်၍ သူတို့သည် မျက်နှာလွှဲ၍ ကျောခိုင်းသွားကြလျှင် အသင်(တမန်တော်)၏အပေါ်တွင် အမိန့်တော်များကို ပို့ချရုံသာ တာဝန်ရှိသည်။ ထို့ပြင် အလ္လာဟ်အရှင်မြတ်သည် (အရှင်မြတ်၏)ကျွန်များကို အကြွင်းမဲ့သိမြင်တော်မူသောအရှင် ဖြစ်တော်မူသည်။ إِنَّ ٱلَّذِينَ يَكۡفُرُونَ بِـَٔايَٰتِ ٱللَّهِ وَيَقۡتُلُونَ ٱلنَّبِيِّـۧنَ بِغَيۡرِ حَقٍّ وَيَقۡتُلُونَ ٱلَّذِينَ يَأۡمُرُونَ بِٱلۡقِسۡطِ مِنَ ٱلنَّاسِ فَبَشِّرۡهُم بِعَذَابٍ أَلِيمٍ ٢١အမှန်စင်စစ် အကြင်သူများသည် အလ္လာဟ်အရှင်မြတ်၏အာယသ်တော်များကို ငြင်းပယ်ကြသည်။ ၎င်းပြင် သူတို့သည် နဗီတမန်တော်များအား မတရားသတ်ဖြတ်ကြသည်။ ၎င်းပြင် လူများထဲမှ တရားမျှတမှုပြုလုပ်ရန် ညွှန်ကြားသောသူများကိုလည်း သတ်ဖြတ်ကြသည်။ သို့ဖြစ်ရာ အသင်သည် ထိုသူများအား အလွန်နာကျင်စေသော အပြစ်ဒဏ်ဖြင့် သတင်းပေးလိုက်ပါ။ أُوْلَٰٓئِكَ ٱلَّذِينَ حَبِطَتۡ أَعۡمَٰلُهُمۡ فِي ٱلدُّنۡيَا وَٱلۡأٓخِرَةِ وَمَا لَهُم مِّن نَّٰصِرِينَ ٢٢ထိုသူတို့သည် အကြင်သူများပင်၊ ထိုသူများ ရှာဖွေဆည်းပူးခဲ့သမျှ(ကောင်းမှုများ)သည် ဤဘဝ၌သာမက တမလွန်ဘဝ၌လည်း ပျက်စီးသွားခဲ့ပြီဖြစ်သည်။ ထို့ပြင် သူတို့အတွက် ကူညီမည့်သူလည်း တစ်ယောက်မှရှိမည်မဟုတ်ပေ။ أَلَمۡ تَرَ إِلَى ٱلَّذِينَ أُوتُواْ نَصِيبًا مِّنَ ٱلۡكِتَٰبِ يُدۡعَوۡنَ إِلَىٰ كِتَٰبِ ٱللَّهِ لِيَحۡكُمَ بَيۡنَهُمۡ ثُمَّ يَتَوَلَّىٰ فَرِيقٌ مِّنۡهُمۡ وَهُم مُّعۡرِضُونَ ٢٣ကျမ်းဂန်များထဲမှ တစ်စိတ်တစ်ဒေသ ပေးအပ်ခြင်းခံရသောသူများအား အသင်(တမန်တော်)မမြင်ပါသလော၊ ထိုသူများသည် သူတို့၏ကြားတွင် (ဖြစ်ပေါ်သောအငြင်းပွားမှုကို) ဆုံးဖြတ်ပေးရန် အလ္လာဟ်အရှင်မြတ်၏ကျမ်းတော်ဘက်သို့ ဖိတ်ခေါ်ခြင်းခံကြရသည်။* ထို့နောက် သူတို့ထဲမှ အုပ်စုတစ်စုသည် မျက်နှာလွှဲသောသူများဖြစ်ကြလျက် သွေဖည်ကျောခိုင်းသွားကြသည်။ ذَٰلِكَ بِأَنَّهُمۡ قَالُواْ لَن تَمَسَّنَا ٱلنَّارُ إِلَّآ أَيَّامًا مَّعۡدُودَٰتٍۖ وَغَرَّهُمۡ فِي دِينِهِم مَّا كَانُواْ يَفۡتَرُونَ ٢٤ထိုကဲ့သို့ ဖြစ်ရသည်မှာ သူတို့က ငရဲမီးသည် ကျွန်ုပ်တို့ကို ရက်အနည်းငယ်ထက်ပို၍ ထိတွေ့ခံစားရမည်မဟုတ်ဟု ပြောဆိုသောကြောင့်ဖြစ်သည်။ သူတို့၏သာသနာထဲတွင် သူတို့ လုပ်ကြံဖန်တီးထားသောအရာများကပင် သူတို့အား လှည့်စားထားလိုက်ပြီဖြစ်သည်။ فَكَيۡفَ إِذَا جَمَعۡنَٰهُمۡ لِيَوۡمٍ لَّا رَيۡبَ فِيهِ وَوُفِّيَتۡ كُلُّ نَفۡسٍ مَّا كَسَبَتۡ وَهُمۡ لَا يُظۡلَمُونَ ٢٥ထို့နောက် ရှင်ပြန်ထမည့် ကိယာမသ်နေ့တွင် ငါအရှင်မြတ်သည် သူတို့အား စုရုံးစေတော်မူသောအခါ (သူတို့)မည်သို့ဖြစ်ကြမည်နည်း။ ထိုကိယာမသ်နေ့နှင့် ပတ်သက်၍ သံသယဖြစ်စရာမရှိပေ။ ထို့နောက်(ထိုနေ့တွင်)လူတိုင်းသည် သူတို့ရှာဖွေဆည်းပူးခဲ့သောအရာများ (၏အကျိုး၊အပြစ်များ)ကို သူတို့သည် မတရားပြုလုပ်ခြင်း မခံကြရဘဲလျက် အပြည့်အဝပေးခြင်း ခံကြရမည်။ قُلِ ٱللَّهُمَّ مَٰلِكَ ٱلۡمُلۡكِ تُؤۡتِي ٱلۡمُلۡكَ مَن تَشَآءُ وَتَنزِعُ ٱلۡمُلۡكَ مِمَّن تَشَآءُ وَتُعِزُّ مَن تَشَآءُ وَتُذِلُّ مَن تَشَآءُۖ بِيَدِكَ ٱلۡخَيۡرُۖ إِنَّكَ عَلَىٰ كُلِّ شَيۡءٍ قَدِيرٌ ٢٦(အို-တမန်တော်)အသင်ပြောဆိုပါ၊ အုပ်ချုပ်မှုအာဏာအမျိုးမျိုးကို စိုးပိုင်တော်မူသော အို-အလ္လာဟ်အရှင်မြတ်၊ အရှင်မြတ်သည် အရှင်မြတ်အလိုရှိတော်မူသောသူကို အုပ်ချုပ်မှုအာဏာ ပေးသနားတော်မူပါသည်။ ၎င်းပြင် အရှင်မြတ်အလိုရှိတော်မူသောသူထံမှ အုပ်ချုပ်မှုအာဏာကို ပြန်လည်ရုပ်သိမ်းတော်မူပါသည်။ ထို့ပြင် အရှင်မြတ်သည် အရှင်မြတ်အလိုရှိတော်မူသောသူကို ဂုဏ်သိက္ခာ ပေးသနားတော်မူပါသည်။ ၎င်းပြင် အရှင်မြတ်အလိုရှိတော်မူသောသူကို သေးသိမ်စေတော်မူပါသည်။ ကောင်းခြင်းဟူသမျှသည် အရှင်မြတ်၏လက်တော်ထဲ၌သာ ရှိပါသည်။ အမှန်တကယ် အရှင်မြတ်သည် အရာအားလုံးအပေါ်တွင် အလွန်တတ်စွမ်းနိုင်တော်မူသောအရှင် ဖြစ်တော်မူသည်။ تُولِجُ ٱلَّيۡلَ فِي ٱلنَّهَارِ وَتُولِجُ ٱلنَّهَارَ فِي ٱلَّيۡلِۖ وَتُخۡرِجُ ٱلۡحَيَّ مِنَ ٱلۡمَيِّتِ وَتُخۡرِجُ ٱلۡمَيِّتَ مِنَ ٱلۡحَيِّۖ وَتَرۡزُقُ مَن تَشَآءُ بِغَيۡرِ حِسَابٍ ٢٧အရှင်မြတ်သည် ညကိုနေ့ထဲတွင် ထည့်တော်မူပါသည်၊ ၎င်းပြင် နေ့ကိုညထဲတွင် ထည့်တော်မူပါသည်။* ထို့ပြင် အရှင်မြတ်သည် သက်မဲ့မှ သက်ရှိကိုထုတ်ယူတော်မူပါသည်။ ၎င်းပြင် သက်ရှိမှ သက်မဲ့ကို ထုတ်ယူတော်မူပါသည်။* ၎င်းပြင် အရှင်မြတ်သည် အရှင်မြတ်အလိုရှိတော်မူသောသူကို အကန့်အသတ်မရှိ ရိက္ခာပေးသနားတော်မူပါသည်။ لَّا يَتَّخِذِ ٱلۡمُؤۡمِنُونَ ٱلۡكَٰفِرِينَ أَوۡلِيَآءَ مِن دُونِ ٱلۡمُؤۡمِنِينَۖ وَمَن يَفۡعَلۡ ذَٰلِكَ فَلَيۡسَ مِنَ ٱللَّهِ فِي شَيۡءٍ إِلَّآ أَن تَتَّقُواْ مِنۡهُمۡ تُقَىٰةًۗ وَيُحَذِّرُكُمُ ٱللَّهُ نَفۡسَهُۥۗ وَإِلَى ٱللَّهِ ٱلۡمَصِيرُ ٢٨မုအ်မင်န် ယုံကြည်သူများသည် မုအ်မင်န် ယုံကြည်သူများမှလွဲ၍ ကာဖိရ်ငြင်းပယ်သူများကို မိတ်ဆွေမပြုလုပ်သင့်ပေ။* အကြင်မည်သူပင်ဖြစ်စေ ထိုသို့ပြုလုပ်လျှင် ထိုသူသည် အလ္လာဟ်အရှင်မြတ်နှင့် မည်သို့မျှ မသက်ဆိုင်တော့ပေ။ သို့ရာတွင် အသင်တို့သည် ထို(ကာဖိရ်)များ၏ ဘေးရန်မှ ကာကွယ်ရန်အတွက်သာ (သူတို့နှင့် အဆင်ပြေစေရန် ပြုလုပ်ခွင့်ရှိသည်။) ထို့ပြင် အလ္လာဟ်အရှင်မြတ်သည် အရှင်မြတ်ကိုကြောက်ရန် အသင်တို့အား သတိပေးတော်မူသည်။ ၎င်းပြင် နောက်ဆုံး ပြန်လည်ရာစခန်းသည် အလ္လာဟ်အရှင်မြတ်ထံတော်သို့သာ ဖြစ်သည်။ قُلۡ إِن تُخۡفُواْ مَا فِي صُدُورِكُمۡ أَوۡ تُبۡدُوهُ يَعۡلَمۡهُ ٱللَّهُۗ وَيَعۡلَمُ مَا فِي ٱلسَّمَٰوَٰتِ وَمَا فِي ٱلۡأَرۡضِۗ وَٱللَّهُ عَلَىٰ كُلِّ شَيۡءٍ قَدِيرٌ ٢٩(အို-တမန်တော်)အသင်ပြောလိုက်ပါ၊ အကယ်၍ အသင်တို့သည် အသင်တို့စိတ်နှလုံးများထဲ၌ ရှိသောများကို ထုတ်ဖော်၍ပြောသည်ဖြစ်စေ၊ လျှို့ဝှက်၍ထားသည်ဖြစ်စေ၊ အလ္လာဟ်အရှင်မြတ်သည် ထိုအရာများကို သိတော်မူသည်။ ထို့ပြင် အရှင်မြတ်သည် ကောင်းကင်များရှိသည်များကိုသာမက မြေပထဝီ၌ရှိသည်များကိုလည်း သိတော်မူသည်။ ၎င်းပြင် အလ္လာဟ်အရှင်မြတ်သည် အရာအားလုံးအပေါ်တွင် အလွန်စွမ်းဆောင်နိုင်တော်မူသောအရှင် ဖြစ်တော်မူသည်။ يَوۡمَ تَجِدُ كُلُّ نَفۡسٍ مَّا عَمِلَتۡ مِنۡ خَيۡرٍ مُّحۡضَرًا وَمَا عَمِلَتۡ مِن سُوٓءٍ تَوَدُّ لَوۡ أَنَّ بَيۡنَهَا وَبَيۡنَهُۥٓ أَمَدَۢا بَعِيدًاۗ وَيُحَذِّرُكُمُ ٱللَّهُ نَفۡسَهُۥۗ وَٱللَّهُ رَءُوفُۢ بِٱلۡعِبَادِ ٣٠ထိုနေ့တွင် လူတိုင်းသည် သူတို့ပြုလုပ်ခဲ့မျှ ကောင်းသည်များကိုသာမက သူတို့ပြုလုပ်ခဲ့မျှ မကောင်းသည်များကို ရှေ့တင်မျက်မှောက် အသင့်တွေ့ရှိကြလိမ့်မည်။ (ထိုအခါ)သူတို့သည် “အကယ်၍ သူတို့နှင့် ထိုမကောင်းမှုများကြားတွင် (သူတို့ပြုလုပ်ခဲ့ကြသော မကောင်းမှုများအား မတွေ့လိုကြသည့်အတွက်) အလွန်ဝေးသောနေရာ စခန်းရှိလျှင် ကောင်းလေစွ“ဟူ၍ တောင့်တကြမည်။ ထို့နောက် အလ္လာဟ်အရှင်မြတ်သည် အရှင်မြတ်ကိုသာ ကြောက်ရန်အတွက် အသင်တို့အား သတိပေးတော်မူသည်။ ထို့ပြင် အလ္လာဟ်အရှင်မြတ်သည် (အရှင်မြတ်၏)ကျွန်များအား အလွန်ကြင်နာတော်မူသောအရှင် ဖြစ်တော်မူသည်။ قُلۡ إِن كُنتُمۡ تُحِبُّونَ ٱللَّهَ فَٱتَّبِعُونِي يُحۡبِبۡكُمُ ٱللَّهُ وَيَغۡفِرۡ لَكُمۡ ذُنُوبَكُمۡۚ وَٱللَّهُ غَفُورٌ رَّحِيمٌ ٣١(အို-တမန်တော်)အသင်ပြောလိုက်ပါ၊ အကယ်၍ အသင်တို့သည် အလ္လာဟ်အရှင်မြတ်အား ချစ်မြတ်နိုးကြသည်ဆိုလျှင် ငါ(တမန်တော်)၏အမိန့်ကို လိုက်နာကြပါ။* (သို့ဖြစ်လျှင်) အသင်တို့ကို အလ္လာဟ်အရှင်မြတ်သည် ချစ်ခင်တော်မူမည်။ ၎င်းပြင် အရှင်မြတ်သည် အသင်တို့၏ ပြစ်မှုများကို လွတ်ငြိမ်းချမ်းသာခွင့်ပေးတော်မူမည်။ ထို့ပြင် အလ္လာဟ်အရှင်မြတ်သည် အလွန်လွတ်ငြိမ်းချမ်းသာပေးတော်မူသောအရှင်၊ အလွန်သနားကြင်နာတော်မူသောအရှင် ဖြစ်တော်မူသည်။ قُلۡ أَطِيعُواْ ٱللَّهَ وَٱلرَّسُولَۖ فَإِن تَوَلَّوۡاْ فَإِنَّ ٱللَّهَ لَا يُحِبُّ ٱلۡكَٰفِرِينَ ٣٢(အို-တမန်တော်)အသင်ပြောလိုက်ပါ၊ အသင်တို့သည် အလ္လာဟ်အရှင်မြတ်အမိန့်တော်နှင့် တမန်တော်၏အမိန့်တော်ကို လိုက်နာကြပါ။ ထို့နောက် အကယ်၍ သူတို့သည် သွေဖည်ကျောခိုင်းသွားကြလျှင် အမှန်စင်စစ် အလ္လာဟ်အရှင်မြတ်သည် (ထိုကဲ့သို့) သွေဖည်သောသူများအား နှစ်သက်တော်မမူပေ။ ۞ إِنَّ ٱللَّهَ ٱصۡطَفَىٰٓ ءَادَمَ وَنُوحًا وَءَالَ إِبۡرَٰهِيمَ وَءَالَ عِمۡرَٰنَ عَلَى ٱلۡعَٰلَمِينَ ٣٣အမှန်စင်စစ် အလ္လာဟ်အရှင်မြတ်သည် (တမန်တော်)အာဒမ်*၊ (တမန်တော်)နူးဟ်*၊ (တမန်တော်)အိဗ်ရာဟီမ်၏အဆက်အနွယ်နှင့် အင်မ်ရာန်၏အဆက်အနွယ်တို့ကို စကြဝဠာအားလုံးအပေါ်တွင် ရွေးချယ်တော်မူခဲ့သည်။ ذُرِّيَّةَۢ بَعۡضُهَا مِنۢ بَعۡضٍۗ وَٱللَّهُ سَمِيعٌ عَلِيمٌ ٣٤ထိုသူများထဲမှ အချို့သည် အချို့၏သားစဉ်မြေးဆက်များဖြစ်ကြသည်။၎င်းပြင် အလ္လာဟ်အရှင်မြတ်သည် အကြွင်းမဲ့ကြားတော်မူသောအရှင်၊ အကြွင်းမဲ့သိတော်မူသောအရှင် ဖြစ်တော်မူသည်။ إِذۡ قَالَتِ ٱمۡرَأَتُ عِمۡرَٰنَ رَبِّ إِنِّي نَذَرۡتُ لَكَ مَا فِي بَطۡنِي مُحَرَّرًا فَتَقَبَّلۡ مِنِّيٓۖ إِنَّكَ أَنتَ ٱلسَّمِيعُ ٱلۡعَلِيمُ ٣٥တစ်ခါက အင်မ်ရာန်*၏ဇနီးက ပြောဆိုလျှောက်ထားခဲ့သည်၊ “အို- ကျွန်မအား မွေးမြူဖန်ဆင်းတော်မူသောအရှင်၊ အမှန်စင်စစ် ကျွန်မသည် အရှင်မြတ်အတွက် ကျွန်မဗိုက်ထဲ၌ရှိသောကလေးကို အရှင်မြတ်အား (ဝတ်ပြုစေနိုင်ရန်) လွတ်လပ်စွာထားရန်အတွက် (နဇရ်ကိုး) အဓိဋ္ဌာန်ပြုပါသည်။ သို့ဖြစ်ရာ အရှင်မြတ်သည် ကျွန်မထံမှ(ကျွန်မ၏အဓိဋ္ဌာန်ကို) လက်ခံတော်မူပါ။ အမှန်စင်စစ် အရှင်မြတ်သည် အကြွင်းမဲ့ကြားတော်မူသောအရှင်၊ အကြွင်းမဲ့သိတော်မူသောအရှင် ဖြစ်တော်မူပါသည်။“ فَلَمَّا وَضَعَتۡهَا قَالَتۡ رَبِّ إِنِّي وَضَعۡتُهَآ أُنثَىٰ وَٱللَّهُ أَعۡلَمُ بِمَا وَضَعَتۡ وَلَيۡسَ ٱلذَّكَرُ كَٱلۡأُنثَىٰۖ وَإِنِّي سَمَّيۡتُهَا مَرۡيَمَ وَإِنِّيٓ أُعِيذُهَا بِكَ وَذُرِّيَّتَهَا مِنَ ٱلشَّيۡطَٰنِ ٱلرَّجِيمِ ٣٦ထို့နောက် သူမသည် သမီးမိန်းကလေး မွေးဖွားလိုက်သည့်အခါ သူမက ပြောဆိုသည်၊ “အို- ကျွန်မအား မွေးမြူဖန်ဆင်းတော်မူသောအရှင်၊ အမှန်စင်စစ် ကျွန်မသည် သမီးမိန်းကလေးကို မွေးဖွားလိုက်ပါသည်။“ ထို့ပြင် အလ္လာဟ်အရှင်မြတ်သည် သူမ ဖွားမြင်ခဲ့သည်ကို ပိုသိတော်မူသည်။ ၎င်းပြင် (သူမ လိုချင်သော)သားယောက်ျားလေးသည် (ဤ)သမီးမိန်းကလေးကဲ့သို့ မဟုတ်ပေ။ ထို့နောက် အမှန်စင်စစ် ကျွန်မသည် ထိုသမီးမိန်ကလေးအား မရ်ယမ်ဟု အမည်ပေးလိုက်ပါသည်။ ၎င်းပြင် သူမနှင့်သူမ၏သားသမီးများအား နှင်ထုတ်ခြင်းခံရသော ရှိုင်သွာန်၏နှောင့်ယှက်မှုမှ လွတ်ကင်းရန် အရှင်မြတ်ထံတွင် ခိုလှုံပါသည်။“ فَتَقَبَّلَهَا رَبُّهَا بِقَبُولٍ حَسَنٍ وَأَنۢبَتَهَا نَبَاتًا حَسَنًا وَكَفَّلَهَا زَكَرِيَّاۖ كُلَّمَا دَخَلَ عَلَيۡهَا زَكَرِيَّا ٱلۡمِحۡرَابَ وَجَدَ عِندَهَا رِزۡقًاۖ قَالَ يَٰمَرۡيَمُ أَنَّىٰ لَكِ هَٰذَاۖ قَالَتۡ هُوَ مِنۡ عِندِ ٱللَّهِۖ إِنَّ ٱللَّهَ يَرۡزُقُ مَن يَشَآءُ بِغَيۡرِ حِسَابٍ ٣٧ထို့နောက် သူမအား ဖန်ဆင်းမွေးမြူတော်မူသောအရှင်သည် သူမ(မရ်ယမ်)အား ကောင်းမွန်သောလက်ခံမှုနှင့် လက်ခံတော်မူပြီး ကောင်းမွန်သောမွေးမြူမှုနှင့် မွေးမြူခဲ့သည်။ ၎င်းပြင် အရှင်မြတ်သည် (တမန်တော်)ဇကရိယာ*အား သူမ(မရ်ယမ်)ကို ထိန်းသိမ်းစောင့်ရှောက်စေတော်မူခဲ့သည်။ (တမန်တော်)ဇကရိယာသည် (မရ်ယမ်ကို ကြည့်ရှုစောင့်ရှောက်ရန်) သူမ၏အဆောင်ထဲသို့ ဝင်သည့်အခါတိုင်း သူမ၏အနီးတွင် စားစရာများကို တွေ့ရှိရသည့်အတွက် ပြောဆိုမေးမြန်းသည်၊ “အို- မရ်ယမ်၊ ဤစားစရာများသည် အသင်မထံသို့ အဘယ်မှရောက်လာသနည်း“။ သူမကပြောသည်၊ “ဤစားစရာများသည် အလ္လာဟ်အရှင်မြတ်ထံတော်မှ ဖြစ်ပါသည်။“ အမှန်စင်စစ် အလ္လာဟ်အရှင်မြတ်သည် မိမိအလိုရှိတော်မူသောသူကို အကန့်အသတ်မရှိ စားနပ်ရိက္ခာပေးသနားတော်မူသည်။ هُنَالِكَ دَعَا زَكَرِيَّا رَبَّهُۥۖ قَالَ رَبِّ هَبۡ لِي مِن لَّدُنكَ ذُرِّيَّةً طَيِّبَةًۖ إِنَّكَ سَمِيعُ ٱلدُّعَآءِ ٣٨(တမန်တော်)ဇကိရိယာသည် ထိုနေရာ၌ပင်* ၎င်းအား ဖန်ဆင်းမွေးမြူတော်မူသောအရှင်မြတ်ထံတွင် ဆုတောင်းခဲ့သည်။ ၎င်းက ပြောဆိုလျှောက်ထားသည်၊ “အို- ကျွန်ုပ်အား ဖန်ဆင်းမွေးမြူတော်မူသောအရှင်၊ အရှင်မြတ်သည် ကျွန်ုပ်အား အရှင်မြတ်ထံတော်မှ သန့်စင်အပြစ်ကင်းသော သားကောင်းတစ်ဦးကို ပေးသနားတော်မူပါ။အမှန်စင်စစ် အရှင်မြတ်သည် ဒုအာဆုတောင်းမှုကို အကြွင်းမဲ့ကြားတော်မူသောအရှင် ဖြစ်တော်မူပါသည်။“ فَنَادَتۡهُ ٱلۡمَلَٰٓئِكَةُ وَهُوَ قَآئِمٌ يُصَلِّي فِي ٱلۡمِحۡرَابِ أَنَّ ٱللَّهَ يُبَشِّرُكَ بِيَحۡيَىٰ مُصَدِّقَۢا بِكَلِمَةٍ مِّنَ ٱللَّهِ وَسَيِّدًا وَحَصُورًا وَنَبِيًّا مِّنَ ٱلصَّٰلِحِينَ ٣٩ထို့နောက် ၎င်း(တမန်တော်ဇကရိယာ)သည် အခန်းထဲတွင် မတ်တပ်ရပ်လျက် စွလာသ်ဝတ်ပြုနေစဉ် ကောင်းကင်တမန်များသည် ၎င်းအား ဟစ်ခေါ်ပြောဆိုကြသည်၊ “အမှန်ပင် အလ္လာဟ်အရှင်မြတ်သည် အသင့်အား ယဟ်ယာအမည်ရှိသော (သားကောင်းတစ်ဦးကို ပေးသနားတော်မူမည့်အကြောင်း) သတင်းကောင်းပေးတော်မူသည်။ ထိုသားသည် အလ္လာဟ်အရှင်မြတ်၏ ကလိမဟ်*ကို ထောက်ခံမည့်သူဖြစ်မည်၊ ခေါင်းဆောင်လည်းဖြစ်မည်၊ (ကာမ လိုက်စားမှုကို)စောင့်ထိန်းသူလည်းဖြစ်မည်၊ ကောင်းမြတ်သောသူများထဲမှ နဗီတမန်တော်တစ်ပါးလည်းဖြစ်မည်။“ قَالَ رَبِّ أَنَّىٰ يَكُونُ لِي غُلَٰمٌ وَقَدۡ بَلَغَنِيَ ٱلۡكِبَرُ وَٱمۡرَأَتِي عَاقِرٌۖ قَالَ كَذَٰلِكَ ٱللَّهُ يَفۡعَلُ مَا يَشَآءُ ٤٠၎င်း(တမန်တော်ဇကရိယာ)က ပြောဆိုလျှောက်ထားသည်၊ အို- ကျွန်ုပ်အား ဖန်ဆင်းမွေးမြူတော်မူသောအရှင်၊ ကျွန်ုပ်တွင် မည်သည့်နည်းဖြင့် သားရနိုင်ပါမည်နည်း။ ကျွန်ုပ်တွင် အိုမင်းရင့်ရော်မှုသည်လည်း ဆိုက်ရောက်လာခဲ့ပြီဖြစ်ပါသည်။* ကျွန်ုပ်၏ဇနီးသည်လည်း သားသမီးမရသော အမြုံဖြစ်ပါသည်။ အရှင်မြတ်က အမိန့်ရှိတော်မူသည်၊ “ဤသို့ပင် (သားရရှိမည့်အကြောင်းမှာ) အလ္လာဟ်အရှင်မြတ်သည် အလိုရှိတော်မူသည်ကို ပြုလုပ်တော်မူသည်။“ قَالَ رَبِّ ٱجۡعَل لِّيٓ ءَايَةًۖ قَالَ ءَايَتُكَ أَلَّا تُكَلِّمَ ٱلنَّاسَ ثَلَٰثَةَ أَيَّامٍ إِلَّا رَمۡزًاۗ وَٱذۡكُر رَّبَّكَ كَثِيرًا وَسَبِّحۡ بِٱلۡعَشِيِّ وَٱلۡإِبۡكَٰرِ ٤١၎င်း(ဇကရိယာ)က ပြောဆိုသည်၊ “အို- ကျွန်ုပ်အား ဖန်ဆင်းမွေးမြူတော်မူသောအရှင်၊ ကျွန်ုပ်အတွက် (ဇနီးတွင် ကိုယ်ဝန်ရှိကြောင်း) နိမိတ်လက္ခဏာ တစ်ခုခုပြုလုပ်ပေးတော်မူပါ။“ အရှင်မြတ်က မိန့်ကြားတော်မူသည်၊ “အသင်၏လက္ခဏာမှာ အသင်သည် သုံးရက်တိတိ လူများနှင့် အရိပ်အခြေပြသည်မှလွဲ၍ စကားမပြောနိုင်ခြင်းဖြစ်သည်။ အသင်သည် အသင့်အား ဖန်ဆင်းမွေးမြူတော်မူသောအရှင်ကို အမြောက်အမြားသတိရပြီး ညဦးပိုင်းနှင့် နံနက်ပိုင်းများတွင် အရှင်မြတ် သန့်ပြန့်စင်ကြယ်တော်မူကြောင်း တသရွတ်ဆိုနေပါ။“ وَإِذۡ قَالَتِ ٱلۡمَلَٰٓئِكَةُ يَٰمَرۡيَمُ إِنَّ ٱللَّهَ ٱصۡطَفَىٰكِ وَطَهَّرَكِ وَٱصۡطَفَىٰكِ عَلَىٰ نِسَآءِ ٱلۡعَٰلَمِينَ ٤٢တစ်ခါက ကောင်းကင်တမန်များသည် ပြောဆိုကြသည်၊ “အို- မရ်ယမ်၊ အမှန်စင်စစ် အလ္လာဟ်အရှင်မြတ်သည် အသင်မအား ရွေးချယ်တော်မူခဲ့သည်။ ၎င်းပြင် အသင်မကို သန့်ပြန့်စင်ကြယ်အောင် ပြုလုပ်တော်မူခဲ့သည်။“ يَٰمَرۡيَمُ ٱقۡنُتِي لِرَبِّكِ وَٱسۡجُدِي وَٱرۡكَعِي مَعَ ٱلرَّٰكِعِينَ ٤٣“အို-မရ်ယမ်၊ အသင်မသည် အသင်မအား ဖန်ဆင်းမွေးမြူတော်မူသောအရှင်၏ အမိန့်တော်များကို လိုက်နာနေပါ။ ထို့ပြင် အသင်မသည် စဂျ်ဒဟ်ဦးချနေပါ။ ထို့ပြင် အသင်မသည် ရုကူအ်ကိုင်းညွတ်သောသူများနှင့်အတူတကွ ရုကူအ်ကိုင်းညွတ်နေပါ။“ ذَٰلِكَ مِنۡ أَنۢبَآءِ ٱلۡغَيۡبِ نُوحِيهِ إِلَيۡكَۚ وَمَا كُنتَ لَدَيۡهِمۡ إِذۡ يُلۡقُونَ أَقۡلَٰمَهُمۡ أَيُّهُمۡ يَكۡفُلُ مَرۡيَمَ وَمَا كُنتَ لَدَيۡهِمۡ إِذۡ يَخۡتَصِمُونَ ٤٤ထိုအရာများသည် (အသင် တမန်တော်မုဟမ္မဒ်-ဆွ၏) မျက်ကွယ်တွင်ဖြစ်သော အကြာင်းအရာများထဲမှဖြစ်သည်။ ငါအရှင်မြတ်သည် ထိုအရာများကို အသင်(တမန်တော်)၏ထံသို့ ပို့ချပေးတော်မူသည်။ အမှန်စင်စစ် သူတို့သည် မရ်ယမ်အား သူတို့ထဲမှ မည်သူအုပ်ထိန်းရမည်ဆိုသည်ကို (မဲချရန်) သူတို့၏ကလောင်များအား (ရေထဲ)ပစ်ချစဉ်က အသင်(တမန်တော်)သည် သူတို့အနီးတွင်ရှိခဲ့သည်မဟုတ်ပေ။ ၎င်းပြင် သူတို့သည် (မဲမချမီ မရ်ယမ်ကို ထိန်းသိမ်းစောင့်ရှောက်ရန်) သူတို့အချင်းချင်း တစ်ဦးနှင့်တစ်ဦး ငြင်းခုံနေစဉ်ကလည်း* အသင်(တမန်တော်)သည် သူတို့အနီးတွင်ရှိခဲ့သည်မဟုတ်ပေ။ إِذۡ قَالَتِ ٱلۡمَلَٰٓئِكَةُ يَٰمَرۡيَمُ إِنَّ ٱللَّهَ يُبَشِّرُكِ بِكَلِمَةٍ مِّنۡهُ ٱسۡمُهُ ٱلۡمَسِيحُ عِيسَى ٱبۡنُ مَرۡيَمَ وَجِيهًا فِي ٱلدُّنۡيَا وَٱلۡأٓخِرَةِ وَمِنَ ٱلۡمُقَرَّبِينَ ٤٥တစ်ခါက ကောင်းကင်တမန်များသည် ပြောဆိုကြသည်၊ “အို- မရ်ယမ်၊ အမှန်စင်စစ် အလ္လာဟ်အရှင်မြတ်သည် အရှင်မြတ်ထံတော်မှ ကလိမဟ်(“ဖြစ်စေ“ဆိုသော)စကားတစ်ခွန်း (ကြောင့်ဖြစ်ထွန်းလာမည့် သားရတနာ)နှင့် အသင်မအား သတင်းကောင်းပေးတော်မူသည်။ ၎င်း၏အမည်(နှင့်ဘွဲ့)သည် မရ်ယမ်၏သား အီစာ၊ မစီဟ်ဟုဖြစ်သည်။ ထိုအီစာသည် ဤဘဝ၌သာမက တမလွန်ဘဝ၌လည်း ဂုဏ်သိက္ခာရှိသူဖြစ်မည်။ အရှင်မြတ်နှင့် နီးစပ်သောသူများထဲမှလည်း ဖြစ်မည်။ وَيُكَلِّمُ ٱلنَّاسَ فِي ٱلۡمَهۡدِ وَكَهۡلًا وَمِنَ ٱلصَّٰلِحِينَ ٤٦ထို့ပြင် ၎င်း(တမန်တော်အီစာ)သည် ပုခက်တွင်း၌လည်းကောင်း အရွယ်ရောက်သောအခါ၌လည်းကောင်း လူများနှင့် စကားပြောလိမ့်မည်။ ထို့ပြင် (၎င်းသည်) ကောင်းမြတ်သောသူများထဲမှလည်းဖြစ်မည်။ قَالَتۡ رَبِّ أَنَّىٰ يَكُونُ لِي وَلَدٌ وَلَمۡ يَمۡسَسۡنِي بَشَرٌۖ قَالَ كَذَٰلِكِ ٱللَّهُ يَخۡلُقُ مَا يَشَآءُۚ إِذَا قَضَىٰٓ أَمۡرًا فَإِنَّمَا يَقُولُ لَهُۥ كُن فَيَكُونُ ٤٧သူမ(မရ်ယမ်)က ပြောဆိုလျှောက်ထားသည်၊ “အို- ကျွန်မအား ဖန်ဆင်းမွေးမြူတော်မူသောအရှင်၊ ကျွန်မအား မည်သည့်ယောက်ျားတစ်ဦးတစ်ယောက်ကမျှ ထိတွေ့ခဲ့ဘူးခြင်းမရှိခဲ့ပါဘဲလျက် ကျွန်မသည် မည်သည့်နည်းဖြင့် သားရတနာ ရရှိနိုင်ပါမည်နည်း။“ အရှင်မြတ်က အမိန့်ရှိတော်မူသည်၊ ဤကဲ့သို့ပင် (သားရတနာရမည်)။ အလ္လာဟ်အရှင်မြတ်သည် အရှင်မြတ်အလိုရှိတော်မူသည်ကို ဖန်ဆင်းတော်မူသည်။ အရှင်မြတ်သည် ကိစ္စတစ်ခုကို ပြဋ္ဌာန်းတော်မူသည့်အခါ “ဖြစ်စေ“ဟု အမိန့်ပေးလိုက်သည်နှင့် ထိုကိစ္စသည် ဖြစ်လာပေသည်။ وَيُعَلِّمُهُ ٱلۡكِتَٰبَ وَٱلۡحِكۡمَةَ وَٱلتَّوۡرَىٰةَ وَٱلۡإِنجِيلَ ٤٨ထို့ပြင် အရှင်မြတ်သည် ၎င်း(တမန်တော်အီစာ)ကို ကျမ်းဂန်၊ ပညာဉာဏ်အမြော်အမြင်၊ သောင်ရာသ်ကျမ်းနှင့် အင်ဂျီလ်ကျမ်းကို သင်ကြားပြသတော်မူမည်။ وَرَسُولًا إِلَىٰ بَنِيٓ إِسۡرَٰٓءِيلَ أَنِّي قَدۡ جِئۡتُكُم بِـَٔايَةٍ مِّن رَّبِّكُمۡ أَنِّيٓ أَخۡلُقُ لَكُم مِّنَ ٱلطِّينِ كَهَيۡـَٔةِ ٱلطَّيۡرِ فَأَنفُخُ فِيهِ فَيَكُونُ طَيۡرَۢا بِإِذۡنِ ٱللَّهِۖ وَأُبۡرِئُ ٱلۡأَكۡمَهَ وَٱلۡأَبۡرَصَ وَأُحۡيِ ٱلۡمَوۡتَىٰ بِإِذۡنِ ٱللَّهِۖ وَأُنَبِّئُكُم بِمَا تَأۡكُلُونَ وَمَا تَدَّخِرُونَ فِي بُيُوتِكُمۡۚ إِنَّ فِي ذَٰلِكَ لَأٓيَةً لَّكُمۡ إِن كُنتُم مُّؤۡمِنِينَ ٤٩ထို့ပြင် (တမန်တော်အီစာကို) အစ္စရာအီလ်မျိုးနွယ်များထံသို့ ရစူလ်တမန်တော်အဖြစ် (စေလွှတ်တော်မူသောအခါ တမန်တော်အီစာက ပြောမည်) “အမှန်စင်စစ် ကျွန်ုပ်သည် အသင်တို့ထံသို့ အသင်တို့အား ဖန်ဆင်းမွေးမြူတော်မူသောအရှင်မြတ်ထံတော်မှ သက်သေလက္ခဏာ တန်ခိုးတော်ကို အမှန်ပင် ယူဆောင်လာခဲ့သည်။ အမှန်စင်စစ် ကျွန်ုပ်သည် အသင်တို့အတွက် ရွှံ့မြေနှင့်ငှက်ပုံစံကဲ့သို့(ငှက်ရုပ်)ပြုလုပ်ပြီး ၎င်းထဲသို့ မှုတ်သွင်းလိုက်သောအခါ အလ္လာဟ်အရှင်မြတ်၏အမိန့်တော်နှင့် ငှက်(အစစ်)ဖြစ်လာမည်။ ထို့ပြင် ကျွန်ုပ်သည် မွေးရာပါမျက်မမြင်များနှင့် အနူရောဂါသည်များကိုလည်း ပျောက်ကင်းချမ်းသာမှုရအောင် လုပ်ပေးနိုင်သည်။ ၎င်းပြင် အလ္လာဟ်အရှင်မြတ်၏အမိန့်တော်နှင့် သေသူများကိုလည်း ရှင်စေနိုင်သည်။ ထို့ပြင် အသင်တို့သည် အသင်တို့၏အိမ်များတွင် စားသုံးခဲ့ကြသောအရာများကို သာမက အသင်တို့သည် အသင်တို့၏အိမ်များတွင် သိမ်းဆည်းသိုလှောင်ထားခဲ့သောအရာများကို ကျွန်ုပ်သည် အသင်တို့အား ထုတ်ဖော်ပြောပြမည်။ အကယ်၍ အသင်တို့သည် ယုံကြည်သူများဖြစ်ကြလျှင် အမှန်စင်စစ် ဤအချက်တွင် အသင်တို့အတွက် လေးနက်သော သက်သေလက္ခဏာတန်ခိုးတော်ရှိသည်။ وَمُصَدِّقًا لِّمَا بَيۡنَ يَدَيَّ مِنَ ٱلتَّوۡرَىٰةِ وَلِأُحِلَّ لَكُم بَعۡضَ ٱلَّذِي حُرِّمَ عَلَيۡكُمۡۚ وَجِئۡتُكُم بِـَٔايَةٍ مِّن رَّبِّكُمۡ فَٱتَّقُواْ ٱللَّهَ وَأَطِيعُونِ ٥٠ထို့ပြင် ကျွန်ုပ်သည် ကျွန်ုပ်မတိုင်မီရှိနှင့်ခဲ့ပြီးဖြစ်သော သောင်ရာသ်ကျမ်းကို ထောက်ခံသူအဖြစ်သာမက အသင်တို့အတွက် (ယခင်ကျမ်းထဲ၌)ဟရာမ်ဟု တားမြစ်ထားသောအရာများထဲမှ အချို့ကို ဟလာလ်ဟု ခွင့်ပြုရန်အတွက် (ရောက်လာခဲ့သည်)၊ ထို့ပြင် ကျွန်ုပ်သည် အသင်တို့ထံသို့ အသင်တို့အား ဖန်ဆင်းမွေးမြူတော်မူသောအရှင်မြတ်၏ထံမှ သက်သေလက္ခဏာကိုလည်း ယူဆောင်လာခဲ့သည်။ သို့ဖြစ်ရာ အသင်တို့သည် အလ္လာဟ်အရှင်မြတ်အား ကြောက်ကြပါ၊ ၎င်းပြင် ကျွန်ုပ်၏အမိန့်ကိုလည်း နာခံကြပါ။ إِنَّ ٱللَّهَ رَبِّي وَرَبُّكُمۡ فَٱعۡبُدُوهُۚ هَٰذَا صِرَٰطٌ مُّسۡتَقِيمٌ ٥١အမှန်စင်စစ် အလ္လာဟ်အရှင်မြတ်သည် ကျွန်ုပ်နှင့်အသင်တို့အား ဖန်ဆင်းမွေးမြူတော်မူသောအရှင် ဖြစ်တော်မူသည်။ သို့ဖြစ်ရာ အသင်တို့သည် အရှင်မြတ်ကိုသာ ခဝပ်ကိုးကွယ်ကြပါ။ ဤသည် ဖြောင့်မတ်မှန်ကန်သော တရားလမ်းပင်ဖြစ်သည်။ ۞ فَلَمَّآ أَحَسَّ عِيسَىٰ مِنۡهُمُ ٱلۡكُفۡرَ قَالَ مَنۡ أَنصَارِيٓ إِلَى ٱللَّهِۖ قَالَ ٱلۡحَوَارِيُّونَ نَحۡنُ أَنصَارُ ٱللَّهِ ءَامَنَّا بِٱللَّهِ وَٱشۡهَدۡ بِأَنَّا مُسۡلِمُونَ ٥٢ထို့နောက် (တမန်တော်)အီစာသည် ထိုသူ(အစ္စရာအီလ်မျိုးနွယ်)များဘက်မှ ငြင်းပယ်သည်ကို သိရှိခံစားရသောအခါ (ဤသို့)ပြောဆိုမေးမြန်းသည်၊ “ကျွန်ုပ်အား အလ္လာဟ်အရှင်မြတ်၏လမ်းတွင် မည်သူကူညီမည်နည်း။“* ဟဝါရီများ*က ပြောဆိုကြသည်၊ “ကျွန်ုပ်တို့သည် အလ္လာဟ်အရှင်မြတ်(၏သာသနာ)ကို ကူညီသောသူများဖြစ်ကြပါသည်။ ကျွန်ုပ်တို့သည် အလ္လာဟ်အရှင်မြတ်အား ယုံကြည်ကြပြီးဖြစ်ပါသည်။ ၎င်းပြင် ကျွန်ုပ်တို့သည် အမိန့်နာခံသူများဖြစ်ကြောင်းကို အသင်(တမန်တော့်)အနေနှင့် သက်သေခံပေးပါ။“ رَبَّنَآ ءَامَنَّا بِمَآ أَنزَلۡتَ وَٱتَّبَعۡنَا ٱلرَّسُولَ فَٱكۡتُبۡنَا مَعَ ٱلشَّٰهِدِينَ ٥٣သူတို့(ဟဝါရီများ)က ပြောဆိုကြသည်၊ “အို- ကျွန်ုပ်တို့အား ဖန်ဆင်းမွေးမြူတော်မူသောအရှင်၊ ကျွန်ုပ်တို့သည် အရှင်မြတ်ချပေးသောအရာ(အမိန့်တော်)များကို ယုံကြည်ပြီး ရစူလ်တမန်တော်၏ အမိန့်များကိုလည်း လိုက်နာကြပါသည်။ သို့ဖြစ်ရာ အရှင်မြတ်သည် ကျွန်ုပ်တို့အား သက်သေခံသူများထဲတွင် ရေးမှတ်တော်မူပါ။“ وَمَكَرُواْ وَمَكَرَ ٱللَّهُۖ وَٱللَّهُ خَيۡرُ ٱلۡمَٰكِرِينَ ٥٤ထို့ပြင် သူတို့(ထဲမှ မယုံကြည်သူများ)သည် (တမန်တော်အီစာအား သတ်ရန်) ကြံစည်ခဲ့ကြသည်။* အလ္လာဟ်အရှင်မြတ်သည်လည်း (တမန်တော်အီစာအား ကယ်တင်ရန်) စီစဉ်တော်မူခဲ့သည်။ ထို့ပြင် အလ္လာဟ်အရှင်မြတ်သည် အကောင်းဆုံး စီစဉ်နိုင်တော်မူသောအရှင် ဖြစ်တော်မူသည်။ إِذۡ قَالَ ٱللَّهُ يَٰعِيسَىٰٓ إِنِّي مُتَوَفِّيكَ وَرَافِعُكَ إِلَيَّ وَمُطَهِّرُكَ مِنَ ٱلَّذِينَ كَفَرُواْ وَجَاعِلُ ٱلَّذِينَ ٱتَّبَعُوكَ فَوۡقَ ٱلَّذِينَ كَفَرُوٓاْ إِلَىٰ يَوۡمِ ٱلۡقِيَٰمَةِۖ ثُمَّ إِلَيَّ مَرۡجِعُكُمۡ فَأَحۡكُمُ بَيۡنَكُمۡ فِيمَا كُنتُمۡ فِيهِ تَخۡتَلِفُونَ ٥٥တစ်ခါက အလ္လာဟ်အရှင်မြတ်သည် မိန့်ကြားတော်မူခဲ့သည်၊ အို- (တမန်တော်)အီစာ၊ ငါအရှင်မြတ်သည် အသင့်ကို ပြည့်ဝစွာယူဆောင်(ပြီး သတ်မှတ်ချိန်၌ သေစေ)တော်မူမည်၊* ထို့ပြင် အသင့်ကို ငါအရှင်မြတ်ထံ ပင့်မ ယူတော်မူမည်။ ၎င်းပြင် အသင့်ကို ကာဖိရ်ငြင်းပယ်သူများ(၏ စွပ်စွဲမှုများ)မှ စင်ကြယ်တော်မူမည်။ ၎င်းပြင် ကိယာမသ်နေ့ထိ အသင်၏နောက်လိုက်သားများကို ကာဖိရ်များအပေါ်တွင် လွှမ်းမိုး(အောင်နိုင်)စေတော်မူမည်။ ထို့နောက် အသင်တို့၏ပြန်လည်ရာစခန်းသည် ငါအရှင်မြတ်ထံသို့သာ ဖြစ်သည်။ ထို့နောက် ငါအရှင်မြတ်သည် အသင်တို့ကြားတွင် အသင်တို့(ယုံကြည်ချက်ပိုင်းဆိုင်ရာ အမှားအမှန်) ကွဲလွဲခဲ့သောအရာများနှင့်စပ်လျဉ်း၍ ဆုံးဖြတ်တော်မူမည်။ فَأَمَّا ٱلَّذِينَ كَفَرُواْ فَأُعَذِّبُهُمۡ عَذَابًا شَدِيدًا فِي ٱلدُّنۡيَا وَٱلۡأٓخِرَةِ وَمَا لَهُم مِّن نَّٰصِرِينَ ٥٦ထို့နောက် ကာဖိရ်ငြင်းပယ်သူများအား ငါအရှင်မြတ်သည် ဤဘဝနှင့်တမလွန်ဘဝတွင် ပြင်းထန်သော အပြစ်ဒဏ်ကို ခတ်တော်မူမည်။ ၎င်းပြင် သူတို့အတွက် ကူညီမည့်သူ မည်သူမျှ ရှိမည်မဟုတ်ပေ။ وَأَمَّا ٱلَّذِينَ ءَامَنُواْ وَعَمِلُواْ ٱلصَّٰلِحَٰتِ فَيُوَفِّيهِمۡ أُجُورَهُمۡۗ وَٱللَّهُ لَا يُحِبُّ ٱلظَّٰلِمِينَ ٥٧၎င်းပြင် အီမာန်ယုံကြည်ပြီး ကောင်းမြတ်သောလုပ်ရပ်များကို ပြုမူခဲ့သောသူများမှာမူ အရှင်မြတ်သည် သူတို့အား သူတို့၏အကျိုးရလာဒ်များကို ပြည့်ဝစွာပေးတော်မူမည်။ ထို့ပြင် အလ္လာဟ်အရှင်မြတ်သည် မတရားကျူးလွန်သူများကို နှစ်သက်တော်မမူပေ။ ذَٰلِكَ نَتۡلُوهُ عَلَيۡكَ مِنَ ٱلۡأٓيَٰتِ وَٱلذِّكۡرِ ٱلۡحَكِيمِ ٥٨ဤအရာများသည် သက်သေလက္ခဏာ အာယသ်တော်များထဲမှလည်း ဖြစ်သည်၊ ပညာဉာဏ်အမြော်အမြင်နှင့် ပြည့်စုံသောအကြောင်းအရာများထဲမှလည်း ဖြစ်သည်။ ထိုအရာများကို ငါအရှင်မြတ်သည် အသင့်အား (ဝဟီနှင့်) ဖတ်ကြားပြသတော်မူသည်။ إِنَّ مَثَلَ عِيسَىٰ عِندَ ٱللَّهِ كَمَثَلِ ءَادَمَۖ خَلَقَهُۥ مِن تُرَابٍ ثُمَّ قَالَ لَهُۥ كُن فَيَكُونُ ٥٩အမှန်စင်စစ် အလ္လာဟ်အရှင်မြတ်ထံတွင် (တမန်တော်)အီစာ၏ပမာသည် (တမန်တော်)အာဒမ်ကဲ့သို့ဖြစ်သည်။ အရှင်မြတ်သည် (တမန်တော်)အာဒမ်ကို မြေကြီးမှ ဖန်ဆင်းပြီးနောက် ဖြစ်စေဟု မိန့်ကြားတော်မူလိုက်သောအခါ (လူ)ဖြစ်လာခဲ့သည်။ ٱلۡحَقُّ مِن رَّبِّكَ فَلَا تَكُن مِّنَ ٱلۡمُمۡتَرِينَ ٦٠(ဤအကြောင်းအရာ)အမှန်သည် အသင့်အား မွေးမြူဖန်ဆင်းတော်မူသော အရှင်ထံမှဖြစ်သည့်အတွက် အသင်သည် သံသယဖြစ်သူများထဲတွင် မပါဝင်လေနှင့်။ فَمَنۡ حَآجَّكَ فِيهِ مِنۢ بَعۡدِ مَا جَآءَكَ مِنَ ٱلۡعِلۡمِ فَقُلۡ تَعَالَوۡاْ نَدۡعُ أَبۡنَآءَنَا وَأَبۡنَآءَكُمۡ وَنِسَآءَنَا وَنِسَآءَكُمۡ وَأَنفُسَنَا وَأَنفُسَكُمۡ ثُمَّ نَبۡتَهِلۡ فَنَجۡعَل لَّعۡنَتَ ٱللَّهِ عَلَى ٱلۡكَٰذِبِينَ ٦١သို့ဖြစ်ရာ အသင်၏ထံသို့ အသိပညာရောက်ရှိပြီးသည့်နောက် ၎င်း(တမန်တော်အီစာ)နှင့်ပတ်သက်ပြီး တစ်ဦးတစ်ယောက်သည် အသင့်အား စောဒကတက် ငြင်းခုံခဲ့မည်ဆိုလျှင် (အို- တမန်တော်)အသင်သည် (ထိုသူများအား)ပြောလိုက်ပါ၊ အသင်တို့လာကြပါ၊ ကျွန်ုပ်တို့၏သားမြေးများနှင့် အသင်တို့၏သားမြေးများကို၊ ကျွန်ုပ်တို့၏ (အိမ်သူအိမ်သားများထဲမှ)အမျိုးသမီးများနှင့် အသင်တို့၏ (အိမ်သူအိမ်သားများထဲမှ)အမျိုးသမီးများကို ခေါ်ယူကြပြီး ကျွန်ုပ်တို့ကိုယ်တိုင်နှင့် အသင်တို့ကိုယ်တိုင်လည်း (ပါဝင်ပြီးနောက် အရှင်မြတ်ရှေ့တော်မှောက်တွင် ရိုကျိုးစွာ ဤသို့) လျှောက်ထား(ကျိန်ဆို)ကြမည်၊ “(တမန်တော်အီစာနှင့်ပတ်သက်ပြီး) မုသားပြောသူများအပေါ်တွင် အလ္လာဟ်အရှင်မြတ်၏ လအ်နသ်(အရှင်မြတ်၏ ကရုဏာကင်းဝေးမှု) ကျရောက်ပါစေ“ (ဟု ပြောဆိုကြမည်)။ إِنَّ هَٰذَا لَهُوَ ٱلۡقَصَصُ ٱلۡحَقُّۚ وَمَا مِنۡ إِلَٰهٍ إِلَّا ٱللَّهُۚ وَإِنَّ ٱللَّهَ لَهُوَ ٱلۡعَزِيزُ ٱلۡحَكِيمُ ٦٢အမှန်စင်စစ် ထိုအရာများသည် မှန်ကန်သော အကြောင်းအရာများဖြစ်သည်။ ၎င်းပြင် အလ္လာဟ်အရှင်မြတ်မှလွဲ၍ ကိုးကွယ်ထိုက်သည့်အရှင် မရှိပေ။ ထို့ပြင် အမှန်စင်စစ် အလ္လာဟ်အရှင်မြတ်သည် အမှန်မုချတန်ခိုးတော်နှင့် အလွန်လွှမ်းမိုးတော်မူသောအရှင်၊ အလွန်ဉာဏ်အမြော်အမြင်နှင့် ပြည့်စုံတော်မူသောအရှင် ဖြစ်တော်မူသည်။ فَإِن تَوَلَّوۡاْ فَإِنَّ ٱللَّهَ عَلِيمُۢ بِٱلۡمُفۡسِدِينَ ٦٣ထို့နောက် အကယ်၍ သူတို့သည် မျက်နှာလွှဲကျောခိုင်းသွားကြလျှင် မှန်စင်စစ် အလ္လာဟ်အရှင်မြတ်သည် ဖျက်ဆီးသူများကို အလွန်သိတော်မူသောအရှင် ဖြစ်တော်မူသည်။ قُلۡ يَٰٓأَهۡلَ ٱلۡكِتَٰبِ تَعَالَوۡاْ إِلَىٰ كَلِمَةٍ سَوَآءِۭ بَيۡنَنَا وَبَيۡنَكُمۡ أَلَّا نَعۡبُدَ إِلَّا ٱللَّهَ وَلَا نُشۡرِكَ بِهِۦ شَيۡـًٔا وَلَا يَتَّخِذَ بَعۡضُنَا بَعۡضًا أَرۡبَابًا مِّن دُونِ ٱللَّهِۚ فَإِن تَوَلَّوۡاْ فَقُولُواْ ٱشۡهَدُواْ بِأَنَّا مُسۡلِمُونَ ٦٤(အို- တမန်တော်)အသင် ပြောလိုက်ပါ၊ အို- ကျမ်းရသူအပေါင်းတို့၊ အသင်တို့သည် ကျွန်ုပ်တို့နှင့် အသင်တို့၏ကြားတွင် တူညီသော ကလိမဟ်စကားတစ်ခုဘက်သို့ လာကြပါ၊ (ထိုစကားမှာ) ငါတို့သည် အလ္လာဟ်အရှင်မြတ်မှလွဲ၍ မည်သူ့ကိုမျှ မကိုးကွယ်ခြင်းနှင့် မည်သည့်အရာကိုမျှ အရှင်မြတ်နှင့် တွဲဖက်မပြုလုပ်ခြင်း(ဖြစ်သည်)။ အကယ်၍ သူတို့သည် မျက်နှာလွှဲကျောခိုင်းသွားကြလျှင် အသင်တို့သည် “ကျွန်ုပ်တို့သည် အမှန်စင်စစ် (အလ္လာဟ်အရှင်မြတ်၏)အမိန့်တော်များကို လိုက်နာကြသော မွတ်စ်လင်မ်များသာဖြစ်ကြောင်း အသင်တို့ သက်သေခံကြပါ“ဟု ပြောဆိုကြပါ။ يَٰٓأَهۡلَ ٱلۡكِتَٰبِ لِمَ تُحَآجُّونَ فِيٓ إِبۡرَٰهِيمَ وَمَآ أُنزِلَتِ ٱلتَّوۡرَىٰةُ وَٱلۡإِنجِيلُ إِلَّا مِنۢ بَعۡدِهِۦٓۚ أَفَلَا تَعۡقِلُونَ ٦٥အို- ကျမ်းရသူအပေါင်းတို့၊ သောင်ရာသ်နှင့် အင်ဂျီလ်ကျမ်းများသည် (တမန်တော်)အိဗ်ရာဟီမ်၏နောက်မှ ကျလာသောကျမ်းများဖြစ်ပါလျက်နှင့်* အသင်တို့သည် (တမန်တော်)အိဗ်ရာဟီမ်နှင့်စပ်လျဉ်း၍ (၎င်းသည် ယဟူဒီဖြစ်သည်၊ နတ်စ်ွရာနီဖြစ်သည်ဟု) အဘယ့်ကြောင့် ပြောဆိုငြင်းခုံကြသနည်း။ သို့ဖြစ်ရာ အသင်တို့သည် (ဤမျှပင်) မသိနားမလည်ကြလေသလော။ هَٰٓأَنتُمۡ هَٰٓؤُلَآءِ حَٰجَجۡتُمۡ فِيمَا لَكُم بِهِۦ عِلۡمٌ فَلِمَ تُحَآجُّونَ فِيمَا لَيۡسَ لَكُم بِهِۦ عِلۡمٌۚ وَٱللَّهُ يَعۡلَمُ وَأَنتُمۡ لَا تَعۡلَمُونَ ٦٦အသင်တို့သည် အသင်တို့တွင် အသိအနည်းငယ်သာရှိသောအရာနှင့်ပတ်သက်ပြီး ငြင်းခုံပြောဆိုခဲ့ကြပြီဖြစ်သည်။* ထို့နောက်(ယခုတစ်ခါ) အသင်တို့ထံတွင် အသိ လုံးဝမရှိသောအရာနှင့်ပတ်သက်၍ အဘယ့်ကြောင့် ပြောဆိုငြင်းခုံနေကြပြန်သနည်း။ ထို့ပြင် အလ္လာဟ်အရှင်မြတ်သည် (အားလုံးကို)သိတော်မူ၍ အသင်တို့သည် (မည်သည်ကိုမျှ) သိကြမည်မဟုတ်ပေ။ مَا كَانَ إِبۡرَٰهِيمُ يَهُودِيًّا وَلَا نَصۡرَانِيًّا وَلَٰكِن كَانَ حَنِيفًا مُّسۡلِمًا وَمَا كَانَ مِنَ ٱلۡمُشۡرِكِينَ ٦٧(တမန်တော်)အိဗ်ရာဟီမ်သည် ယဟူဒီလည်းမဟုတ်ခဲ့ပေ၊ နတ်စ်ွရာနီလည်းမဟုတ်ခဲ့ပေ၊ သို့ရာတွင် ၎င်းသည် အရှင်မြတ်တစ်ပါးတည်းကိုသာ ကိုးကွယ်သော* အမိန့်နာခံသူဖြစ်ခဲ့သည်။ ၎င်းသည် မုရှ်ရိက် ရောနှောကိုးကွယ်သူများထဲမှ မဟုတ်ခဲ့ပေ။ إِنَّ أَوۡلَى ٱلنَّاسِ بِإِبۡرَٰهِيمَ لَلَّذِينَ ٱتَّبَعُوهُ وَهَٰذَا ٱلنَّبِيُّ وَٱلَّذِينَ ءَامَنُواْۗ وَٱللَّهُ وَلِيُّ ٱلۡمُؤۡمِنِينَ ٦٨အမှန်စင်စစ် လူများထဲတွင် (တမန်တော်)အိဗ်ရာဟီမ်နှင့် အနီးစပ်ဆုံးသူများသည် ၎င်း၏အမိန့်ကိုနာခံသောနောက်လိုက်များသည်လည်းကောင်း၊ ဤတမန်တော်(မုဟမ္မဒ်-ဆွ)နှင့် အီမာန်ယုံကြည်ကြသောသူများသည်လည်းကောင်း ဖြစ်ကြသည်။ ထို့ပြင် အလ္လာဟ်အရှင်မြတ်သည် မုအ်မင်န် ယုံကြည်သူများကို ကာကွယ်စောင့်ရှောက်စောင်မတော်မူသော အဆွေတော်ဖြစ်တော်မူသည်။ وَدَّت طَّآئِفَةٌ مِّنۡ أَهۡلِ ٱلۡكِتَٰبِ لَوۡ يُضِلُّونَكُمۡ وَمَا يُضِلُّونَ إِلَّآ أَنفُسَهُمۡ وَمَا يَشۡعُرُونَ ٦٩ကျမ်းရသူများထဲမှ လူတစ်စုသည် အသင်တို့လမ်းမှားသည်ကို လိုလားကြသည်။ သူတို့သည် သူတို့ကိုယ်မှလွဲ၍ မည်သူ့ကိုမှ လမ်းလွဲစေလျက် ရှိနေကြသည်မဟုတ်ပေ။ ၎င်းပြင် (ဤသည်ကိုလည်း) သူတို့ သိလျက်ရှိနေကြသည် မဟုတ်ပေ။ يَٰٓأَهۡلَ ٱلۡكِتَٰبِ لِمَ تَكۡفُرُونَ بِـَٔايَٰتِ ٱللَّهِ وَأَنتُمۡ تَشۡهَدُونَ ٧٠အို- ကျမ်းရသူအပေါင်းတို့၊ အသင်တို့သည် အသင်တို့ကိုယ်တိုင် ဝန်ခံကြပြီးဖြစ်ပါလျက် အဘယ့်ကြောင့် အလ္လာဟ်အရှင်မြတ်၏ အာယသ်တော်များကို ငြင်းပယ်ကြသနည်း။ يَٰٓأَهۡلَ ٱلۡكِتَٰبِ لِمَ تَلۡبِسُونَ ٱلۡحَقَّ بِٱلۡبَٰطِلِ وَتَكۡتُمُونَ ٱلۡحَقَّ وَأَنتُمۡ تَعۡلَمُونَ ٧١အို- ကျမ်းရသူအပေါင်းတို့၊ အဘယ့်ကြောင့် အသင်တို့သည် သိကြပါလျက်နှင့် အမှန်နှင့်အမှားကို ရောထွေးအောင်လုပ်ကြသနည်း၊ ၎င်းပြင် (ကျမ်းထဲ၌ပါရှိသော တမန်တော် မုဟမ္မဒ်-ဆွ၏ ဂုဏ်အရည်အချင်း)အမှန်ကို အသင်တို့ သိကြပါလျက် အဘယ့်ကြောင့် ထိမ်ချန်ထားကြသနည်း။ وَقَالَت طَّآئِفَةٌ مِّنۡ أَهۡلِ ٱلۡكِتَٰبِ ءَامِنُواْ بِٱلَّذِيٓ أُنزِلَ عَلَى ٱلَّذِينَ ءَامَنُواْ وَجۡهَ ٱلنَّهَارِ وَٱكۡفُرُوٓاْ ءَاخِرَهُۥ لَعَلَّهُمۡ يَرۡجِعُونَ ٧٢ထို့ပြင် ကျမ်းရသူများထဲမှ လူတစ်စုသည် (သူတို့အချင်းချင်း ဤသို့)ပြောဆိုကြသည်၊ “အသင်တို့သည် အီမာန်ယုံကြည်သူများအပေါ်တွင် ကျရောက်ခဲ့သောအရာ(အမှန်တရား)များကို နေ့၏အစတွင် ယုံကြည်လိုက်ကြပါ၊ ၎င်းပြင် အသင်တို့သည် နေ့၏အဆုံးတွင် ငြင်းပယ်လိုက်ကြပါ၊ သို့ဖြစ်လျှင် သူတို့သည် (သူတို့၏အမှန်တရားမှ သံသယဖြစ်ပြီး) ပြန်လှည့်သွားကြလိမ့်မည်။“ وَلَا تُؤۡمِنُوٓاْ إِلَّا لِمَن تَبِعَ دِينَكُمۡ قُلۡ إِنَّ ٱلۡهُدَىٰ هُدَى ٱللَّهِ أَن يُؤۡتَىٰٓ أَحَدٌ مِّثۡلَ مَآ أُوتِيتُمۡ أَوۡ يُحَآجُّوكُمۡ عِندَ رَبِّكُمۡۗ قُلۡ إِنَّ ٱلۡفَضۡلَ بِيَدِ ٱللَّهِ يُؤۡتِيهِ مَن يَشَآءُۗ وَٱللَّهُ وَٰسِعٌ عَلِيمٌ ٧٣“၎င်းပြင် အသင်တို့သည် အသင်တို့၏သာသနာကို လိုက်နာသူများမှလွဲ၍ (မည်သူ့ကိုမှ) မယုံကြနှင့်“- (ဟုပြောဆိုကြသည်)။ (အို- တမန်တော်)အသင်ပြောလိုက်ပါ၊ အမှန်စင်စစ် အလ္လာဟ်အရှင်မြတ်၏ လမ်းမှန်ညွှန်ကြားပြသချက်သာ (ဖြောင့်မတ်မှန်ကန်သော) လမ်းမှန်ညွှန်ကြားပြသချက်ဖြစ်သည်။ (အသင်တို့၏ ထိုသို့ပြောဆိုခြင်းသည်) အသင်တို့ရရှိထားသော သာသနာကဲ့သို့ အခြားသူတစ်ဦးတစ်ယောက် ရရှိသွားခြင်းကြောင့်၊ သို့မဟုတ် (အသင်တို့ကဲ့သို့ သာသနာမျိုးရရှိသွားသော) အခြားသူများသည် (အသင်တို့ ထိမ်ချန်ထားသည်များကို သိရှိသွားပြီး) အသင်တို့အား ဖန်ဆင်းမွေးမြူတော်မူသောအရှင်မြတ်ထံတွင် အသင်တို့(သည် အမှန်ကို ထိမ်ချန်ထားသည့်အကြောင်း)အား အငြင်းအခုံပြုပြီး အနိုင်ရရှိသွားကြမည့်အတွက်ကြောင့် ဖြစ်သည်။ (အို- တမန်တော်)အသင်ပြောလိုက်ပါ၊ ကျေးဇူးတော်အားလုံးသည် အလ္လာဟ်အရှင်မြတ်၏ လက်တော်ထဲ၌ပင်ရှိသည်။ အရှင်မြတ်သည် အရှင်မြတ်အလိုရှိတော်မူသောသူကိုသာ (သီးသန့်ရွေးချယ်၍) ကျေးဇူးပြုတော်မူသည်။ ထို့ပြင် အလ္လာဟ်အရှင်မြတ်သည် (အသိဉာဏ်ပညာနှင့် ကရုဏာကျယ်ဝန်းလျက် အရာအားလုံးကို) ဝန်းခြုံထားတော်မူသောအရှင်၊ အကြွင်းမဲ့သိတော်မူသောအရှင် ဖြစ်တော်မူသည်။ يَخۡتَصُّ بِرَحۡمَتِهِۦ مَن يَشَآءُۗ وَٱللَّهُ ذُو ٱلۡفَضۡلِ ٱلۡعَظِيمِ ٧٤အရှင်မြတ်သည် မိမိအသနားတော်နှင့် အရှင်မြတ်အလိုရှိတော်မူသောသူကို ရွေးချယ်တော်မူသည်။ ထို့ပြင် အလ္လာဟ်အရှင်မြတ်သည် အလွန်ကြီးမားသော ကျေးဇူးတော်ရှင်ဖြစ်တော်မူသည်။ ۞ وَمِنۡ أَهۡلِ ٱلۡكِتَٰبِ مَنۡ إِن تَأۡمَنۡهُ بِقِنطَارٍ يُؤَدِّهِۦٓ إِلَيۡكَ وَمِنۡهُم مَّنۡ إِن تَأۡمَنۡهُ بِدِينَارٍ لَّا يُؤَدِّهِۦٓ إِلَيۡكَ إِلَّا مَا دُمۡتَ عَلَيۡهِ قَآئِمًاۗ ذَٰلِكَ بِأَنَّهُمۡ قَالُواْ لَيۡسَ عَلَيۡنَا فِي ٱلۡأُمِّيِّـۧنَ سَبِيلٌ وَيَقُولُونَ عَلَى ٱللَّهِ ٱلۡكَذِبَ وَهُمۡ يَعۡلَمُونَ ٧٥ထို့ပြင် ကျမ်းရသူများထဲတွင် ဤကဲ့သို့လူများလည်းရှိကြသည်၊ အကယ်၍ အသင်(တမန်တော်)သည် ထိုသူများကို စိတ်ချ(ယုံကြည်)ပြီး (ရွှေငွေ)အမြောက်အမြား အပ်နှံထားခဲ့လျှင် သူတို့သည် ထိုအရာများအားလုံးကို အသင့်အား ပြန်ပေးဆပ်ကြလိမ့်မည်။ ထို့ပြင် သူတို့ထဲတွင် ဤကဲ့သို့လူများလည်းရှိကြသည်၊ အကယ်၍ အသင်(တမန်တော်)သည် ထိုသူများကို စိတ်ချ(ယုံကြည်)ပြီး ရွှေဒဂင်္ါးတစ်ပြားမျှသာ အပ်နှံထားခဲ့လျှင် သူတို့သည် ထိုရွှေဒဂင်္ါးတစ်ပြားကိုပင် အသင့်အား ပြန်ပေးဆပ်ကြမည်မဟုတ်ပေ၊ သို့ရာတွင် အသင်သည် ၎င်းအပေါ် အမြဲမတ်တတ်ရပ် တောင်းနေရမည်။ (အသင် ကြာညောင်းစွာ မတ်တတ်ရပ်၍ မတောင်းသမျှ ပေးမည်မဟုတ်ပေ)။ ထိုကဲ့သို့ မပေးဆပ်ခြင်းသည် သူတို့က(ဤသို့)ပြောဆိုမှုကြောင့်ဖြစ်သည်၊ “စာပေမတတ်ကျွမ်းသောသူများ သို့မဟုတ် ကျမ်းဂန်မရရှိသူများနှင့် ပတ်သက်ပြီး ကျွန်ုပ်တို့အပေါ်တွင် (အရေးယူရန်)နည်းလမ်းမရှိပေ။ (သူတို့ပစ္စည်းများကို မတရားယူလျှင်လည်း အပြစ်မရှိပေ)။“ ၎င်းပြင် (ဤသို့ပင်) သူတို့သည် သိပါလျက်နှင့် အလ္လာဟ်အရှင်မြတ်အပေါ်တွင် လိမ်လည်ပြောဆိုကြသည်။ بَلَىٰۚ مَنۡ أَوۡفَىٰ بِعَهۡدِهِۦ وَٱتَّقَىٰ فَإِنَّ ٱللَّهَ يُحِبُّ ٱلۡمُتَّقِينَ ٧٦(သူတို့ပြောသကဲ့သို့)လုံးဝမဟုတ်၊ အမှန်စင်စစ်တွင် (အပြစ်ရှိသည်) အကြင်သူသည် သူ၏ကတိကို ပြည့်ဝအောင်ပြုလုပ်ပြီး အရှင်မြတ်အား ကြောက်ရွံ့အပြစ်ရှောင် ကောင်းကျိုးဆောင်လျှင် အမှန်စင်စစ် အလ္လာဟ်အရှင်မြတ်သည် ကြောက်ရွံ့အပြစ်ရှောင် ကောင်းကျိုးဆောင်သူများကို ချစ်ခင်မြတ်နိုးတော်မူသည်။ إِنَّ ٱلَّذِينَ يَشۡتَرُونَ بِعَهۡدِ ٱللَّهِ وَأَيۡمَٰنِهِمۡ ثَمَنًا قَلِيلًا أُوْلَٰٓئِكَ لَا خَلَٰقَ لَهُمۡ فِي ٱلۡأٓخِرَةِ وَلَا يُكَلِّمُهُمُ ٱللَّهُ وَلَا يَنظُرُ إِلَيۡهِمۡ يَوۡمَ ٱلۡقِيَٰمَةِ وَلَا يُزَكِّيهِمۡ وَلَهُمۡ عَذَابٌ أَلِيمٌ ٧٧အမှန်စင်စစ် အကြင်သူများသည် အလ္လာဟ်အရှင်မြတ်နှင့် ပြုလုပ်ထားသော ကတိကဝတ်နှင့် သူတို့၏ကျိန်ဆိုချက်များကို အဖိုးအခ အနည်းငယ်နှင့် လဲလှယ်ရောင်းချကြသည်။ ထိုသူများအတွက် တမလွန်ဘဝတွင် မည်သည့်ကောင်းသောဝေစုမှ မရှိတော့ပေ။ ၎င်းပြင် အလ္လာဟ်အရှင်မြတ်သည် သူတို့ကို (အမျက်ဒေါသကြောင့် စကားပြောတော်မူမည် မဟုတ်ပေ။ ၎င်းပြင် ကိယာမသ်နေ့တွင် သူတို့ဘက်သို့ (ငဲ့ညှာထောက်ထားမှုနှင့်) ကြည့်ရှုတော်မူမည်လည်း မဟုတ်ပေ။ ၎င်းပြင် သူတို့ကို (ပြစ်မှုများမှ) စင်ကြယ်အောင် လုပ်ပေးမည်လည်း မဟုတ်ပေ။ ထို့ပြင် သူတို့အတွက် ပြင်းပြနာကျင်စေသော အပြစ်ဒဏ်ရှိမည်။ وَإِنَّ مِنۡهُمۡ لَفَرِيقًا يَلۡوُۥنَ أَلۡسِنَتَهُم بِٱلۡكِتَٰبِ لِتَحۡسَبُوهُ مِنَ ٱلۡكِتَٰبِ وَمَا هُوَ مِنَ ٱلۡكِتَٰبِ وَيَقُولُونَ هُوَ مِنۡ عِندِ ٱللَّهِ وَمَا هُوَ مِنۡ عِندِ ٱللَّهِۖ وَيَقُولُونَ عَلَى ٱللَّهِ ٱلۡكَذِبَ وَهُمۡ يَعۡلَمُونَ ٧٨ထို့ပြင် သူတို့ထဲတွင် အမှန်မုချ လူတစ်စုရှိသည်၊ ထိုသူများသည် ကျမ်းဂန်ကို ၎င်းတို့၏လျှာကို ခေါက်လိပ်(လုပ်ကြံပြီး ရွတ်ဖတ်)ကြသည်။ (သူတို့လုပ်ကြံရွတ်ဖတ်သော)ထိုအရာသည် ကျမ်းဂန်ထဲမှစကား မဟုတ်ပါဘဲလျက် အသင်တို့က ထိုအရာကို ကျမ်းဂန်ထဲမှပင်ဖြစ်သည်ဟု ထင်မှတ်ကြစေရန်ဖြစ်သည်။ ထို့ပြင် သူတို့က ထို(သူတို့လုပ်ကြံဖတ်သော)အရာသည် အလ္လာဟ်အရှင်မြတ်ထံတော်မှ မဟုတ်ပါဘဲလျက် ထိုအရာသည် အလ္လာဟ်အရှင်မြတ်ထံတော်မှ ဖြစ်သည်ဟု ပြောဆိုကြသည်။ ထို့ပြင် သူတို့သည် သိလျက်နှင့် အလ္လာဟ်အရှင်မြတ်အပေါ် လိမ်လည်ပြောဆိုကြသည်။ مَا كَانَ لِبَشَرٍ أَن يُؤۡتِيَهُ ٱللَّهُ ٱلۡكِتَٰبَ وَٱلۡحُكۡمَ وَٱلنُّبُوَّةَ ثُمَّ يَقُولَ لِلنَّاسِ كُونُواْ عِبَادًا لِّي مِن دُونِ ٱللَّهِ وَلَٰكِن كُونُواْ رَبَّٰنِيِّـۧنَ بِمَا كُنتُمۡ تُعَلِّمُونَ ٱلۡكِتَٰبَ وَبِمَا كُنتُمۡ تَدۡرُسُونَ ٧٩မည်သည့်လူသားပင်ဖြစ်စေ ထိုသူ့အား အလ္လာဟ်အရှင်မြတ်က ကျမ်းဂန်၊ ပညာဉာဏ်အမြော်အမြင်နှင့် နဗီတမန်တော်ဖြစ်ခြင်းကို ပေးသနားတော်မူပြီးနောက် ထိုသူက လူများအား “ အသင်တို့သည် အလ္လာဟ်အရှင်မြတ်အား စွန့်လွှတ်ပြီး (ငါ့အား ကိုးကွယ်ကြရန်) ငါ၏ကျွန်များဖြစ်ကြပါ“ဟု ပြောရန်ဆိုသည်မှာ မဖြစ်နိုင်ပေ။ သို့ရာတွင် ၎င်းက(ဤသို့)ပြောဆိုပေလိမ့်မည်၊ “အသင်တို့သည် အလ္လာဟ်အရှင်မြတ်၏ အမိန့်တော်များကို သိရှိပြီး လိုက်နာကျင့်သုံးသူများ ဖြစ်ကြပါ၊ အဘယ့်ကြောင့်ဆိုသော် အသင်တို့သည် ကျမ်းဂန်ကို သင်ကြားပို့ချကြသည့်အပြင် အသင်တို့သည် ကျမ်းဂန်ကို လေ့လာကြသည့်(အခါ ကျမ်းဂန်ထဲတွင် အရှင်မြတ်အား ကြောက်ရန်နှင့် အမိန့်နာခံရန် ထပ်ပြန် တလဲလဲ ညွှန်ကြားထားသည်ကို အသင်တို့ကိုယ်တိုင် တွေ့ရှိကြသည့်) အတွက်ကြောင့်ပင်ဖြစ်သည်။“ وَلَا يَأۡمُرَكُمۡ أَن تَتَّخِذُواْ ٱلۡمَلَٰٓئِكَةَ وَٱلنَّبِيِّـۧنَ أَرۡبَابًاۚ أَيَأۡمُرُكُم بِٱلۡكُفۡرِ بَعۡدَ إِذۡ أَنتُم مُّسۡلِمُونَ ٨٠ထို့ပြင် ထို(တမန်တော်အဖြစ် ချီးမြှင့်ခံရ)သူက အသင်တို့အား “အသင်တို့သည် ကောင်းကင်တမန်များနှင့် နဗီတမန်တော်များအား ဖန်ဆင်းမွေးမြူတော်မူသော အရှင်သခင်များအဖြစ် ပြုလုပ်ကြပါ“ဟူ၍လည်း အမိန့်ပေးမည် မဟုတ်ပေ။ အသင်တို့သည် အမိန့်နာခံသူ မွတ်စ်လင်မ်များ ဖြစ်ကြပြီးနောက်မှ ထို(တမန်တော်အဖြစ် ချီးမြှင့်ခံရ)သူက အသင်တို့အား သွေဖည်ရန် အမိန့်ပေးပါမည်လော။ وَإِذۡ أَخَذَ ٱللَّهُ مِيثَٰقَ ٱلنَّبِيِّـۧنَ لَمَآ ءَاتَيۡتُكُم مِّن كِتَٰبٍ وَحِكۡمَةٍ ثُمَّ جَآءَكُمۡ رَسُولٌ مُّصَدِّقٌ لِّمَا مَعَكُمۡ لَتُؤۡمِنُنَّ بِهِۦ وَلَتَنصُرُنَّهُۥۚ قَالَ ءَأَقۡرَرۡتُمۡ وَأَخَذۡتُمۡ عَلَىٰ ذَٰلِكُمۡ إِصۡرِيۖ قَالُوٓاْ أَقۡرَرۡنَاۚ قَالَ فَٱشۡهَدُواْ وَأَنَا۠ مَعَكُم مِّنَ ٱلشَّٰهِدِينَ ٨١ထို့ပြင် တစ်ခါက အလ္လာဟ်အရှင်မြတ်သည် နဗီတမန်တော်များထံမှ (ဤသို့)ကတိသစ္စာ ယူတော်မူခဲ့သည်၊ “အမှန်စင်စစ် ငါအရှင်မြတ်သည် ကျမ်းဂန်နှင့် ပညာဉာဏ်အမြော်အမြင် ပေးသနားတော်မူပြီးနောက် အသင်တို့ထံတွင်ရှိသော ကျမ်းဂန်များကို ထောက်ခံသည့် ရစူလ်တမန်တော်*တစ်ပါးပါးသည် အသင်တို့ထံသို့ ရောက်လာသည့်အခါတွင် အသင်တို့သည် ထိုတမန်တော်အား အမှန်ပင် ယုံကြည်ကြရမည်၊ ၎င်းပြင် သူ့အား ကူညီအားပေးကြရမည်။“ ထို့နောက် အလ္လာဟ်အရှင်မြတ်က “အသင်တို့ ဝန်ခံကြပြီလော။ ထိုကိစ္စနှင့်ပတ်သက်ပြီး အသင်တို့သည် ငါအရှင်မြတ်၏ ကတိသစ္စာကိုလည်း လက်ခံကြပြီလော“ဟု မေးမြန်းတော်မူသည်။ သူတို့က “ကျွန်ုပ်တို့ ဝန်ခံကြပါပြီ“ဟု ပြောဆိုလျှောက်ထားကြသည်။ “သို့ဖြစ်လျှင် အသင်တို့သည် (ထိုကတိသစ္စာနှင့် ပတ်သက်၍) အသိသက်သေများဖြစ်ကြပါ။ ငါအရှင်မြတ်သည်လည်း အသင်တို့နှင့်အတူ အသိသက်သေများထဲတွင် ပါဝင်တော်မူမည်“ဟု အရှင်မြတ်က မိန့်ကြားတော်မူသည်။ فَمَن تَوَلَّىٰ بَعۡدَ ذَٰلِكَ فَأُوْلَٰٓئِكَ هُمُ ٱلۡفَٰسِقُونَ ٨٢၎င်းပြင် အကြင်သူသည် ထို(ကတိထားပြီး)နောက် မျက်နှာလွှဲဖယ်သွားခဲ့လျှင် ထိုသူများပင် အမိန့်မနာခံသူများဖြစ်ကြသည်။ أَفَغَيۡرَ دِينِ ٱللَّهِ يَبۡغُونَ وَلَهُۥٓ أَسۡلَمَ مَن فِي ٱلسَّمَٰوَٰتِ وَٱلۡأَرۡضِ طَوۡعًا وَكَرۡهًا وَإِلَيۡهِ يُرۡجَعُونَ ٨٣သူတို့သည် အလ္လာဟ်အရှင်မြတ်၏ သာသနာတော်ကလွဲပြီး အခြားသာသနာကို လိုလားရှာဖွေကြသည်လော။ ထို့ပြင် ကောင်းကင်များနှင့် မြေပထဝီတွင် ရှိသမျှအရာအားလုံးသည် ကြည်ဖြူလျက်နှင့်ဖြစ်စေ၊ မနှစ်မြို့လျက်နှင့်ဖြစ်စေ အရှင်မြတ်၏အမိန့်တော်ကိုပင် လိုက်နာနေကြသည်။ ထို့နောက် ထိုအရာအားလုံးသည် အရှင်မြတ်ထံသို့ပင် ပြန်လှည့်ကြရမည်ဖြစ်သည်။ قُلۡ ءَامَنَّا بِٱللَّهِ وَمَآ أُنزِلَ عَلَيۡنَا وَمَآ أُنزِلَ عَلَىٰٓ إِبۡرَٰهِيمَ وَإِسۡمَٰعِيلَ وَإِسۡحَٰقَ وَيَعۡقُوبَ وَٱلۡأَسۡبَاطِ وَمَآ أُوتِيَ مُوسَىٰ وَعِيسَىٰ وَٱلنَّبِيُّونَ مِن رَّبِّهِمۡ لَا نُفَرِّقُ بَيۡنَ أَحَدٍ مِّنۡهُمۡ وَنَحۡنُ لَهُۥ مُسۡلِمُونَ ٨٤(အို-တမန်တော်) အသင်ပြောလိုက်ပါ၊ ကျွန်ုပ်တို့သည် အလ္လာဟ်အရှင်မြတ်နှင့် ကျွန်ုပ်တို့အပေါ်တွင် ကျလာသောအရာ(ကုရ်အာန်ကျမ်းတော်မြတ်)၊ (တမန်တော်)အိဗ်ရာဟီမ်၊ (တမန်တော်)အစ္စမာအီလ်၊ (တမန်တော်)အစ္စဟာက်၊ (တမန်တော်)ယအ်ကူဗ်နှင့် (၎င်း၏) သားမြေး၊မြစ်တို့အပေါ်တွင် ကျလာသောအရာ( တရားတော်များ)ကို ယုံကြည်ကြပါသည်။ပြင် (တမန်တော်)မူစာ၊ (တမန်တော်)အီစာနှင့် အခြားနဗီတမန်တော်များကို ၎င်းတို့အား ဖန်ဆင်းမွေးမြူတော်မူသောအရှင်ထံတော်မှ ပေးသနားတော်မူသောအရာ (တရားတော်များ)ကိုလည်း ကျွန်ုပ်တို့ ယုံကြည်ခဲ့ကြပါသည်။ ထို့ပြင် ကျွန်ုပ်တို့သည် နဗီတမန်တော်များ၏ကြားတွင် တစ်ပါးပါးကို သူတို့ထဲမှ ခွဲခြားမှု မပြုကြပါ။ ထို့ပြင် ကျွန်ုပ်တို့သည် ထိုအရှင်မြတ်၏အမိန့်ကို နာခံသော မွတ်စ်လင်မ်များသာ ဖြစ်ကြပါသည်။ وَمَن يَبۡتَغِ غَيۡرَ ٱلۡإِسۡلَٰمِ دِينًا فَلَن يُقۡبَلَ مِنۡهُ وَهُوَ فِي ٱلۡأٓخِرَةِ مِنَ ٱلۡخَٰسِرِينَ ٨٥ထို့ပြင် မည်သူမဆို အစ္စလာမ်သာသနာမှလွဲ၍ အခြားသာသနာ တစ်ခုခုကို လိုလားရှာဖွေလျှင် ထိုသူ၏ထံမှ (သူရှာဖွေထားသော သာသနာသည် အရှင်မြတ်ထံတွင်) သဘောတူ လက်ခံတော်မူခြင်း လုံးဝခံရမည် မဟုတ်ပေ။ ထို့ပြင် သူသည် တမလွန်ဘဝ၌လည်း ဆုံးရှုံးသူများထဲတွင် ဖြစ်လိမ့်မည်။ كَيۡفَ يَهۡدِي ٱللَّهُ قَوۡمًا كَفَرُواْ بَعۡدَ إِيمَٰنِهِمۡ وَشَهِدُوٓاْ أَنَّ ٱلرَّسُولَ حَقٌّ وَجَآءَهُمُ ٱلۡبَيِّنَٰتُۚ وَٱللَّهُ لَا يَهۡدِي ٱلۡقَوۡمَ ٱلظَّٰلِمِينَ ٨٦အလ္လာဟ်အရှင်မြတ်သည် ဤသို့သောလူမျိုးကို မည်သည့်နည်းဖြင့် လမ်းမှန်ပေးမည်နည်း။ ထိုလူမျိုးသည် အီမာန်ယုံကြည်ကြသည်၊ ၎င်းပြင် ရစူလ်တမန်တော် အမှန်ဖြစ်ကြောင်းကိုလည်း သက်သေခံကြသည်၊ ၎င်းပြင် သူတို့ထံသို့ ထင်ရှားသော သက်သေလက္ခဏာများလည်း ရောက်ရှိခဲ့ပြီး ဖြစ်သည်၊ ထို့နောက်တွင်မှ သူတို့သည် သွေဖည်ငြင်းပယ်လိုက်ကြသည်။ (ထိုသူများကို အရှင်မြတ်က မည်သည့်နည်းဖြင့် ဟိဒါယသ် ပေးမည်နည်း)။ ထို့ပြင် အလ္လာဟ်အရှင်မြတ်သည် မတရားကျူးလွန်သူများကို လမ်းမှန်သို့ ပို့ဆောင်တော်မူမည် မဟုတ်ပေ။ أُوْلَٰٓئِكَ جَزَآؤُهُمۡ أَنَّ عَلَيۡهِمۡ لَعۡنَةَ ٱللَّهِ وَٱلۡمَلَٰٓئِكَةِ وَٱلنَّاسِ أَجۡمَعِينَ ٨٧သူတို့၏အကျိုးရလာဒ်မှာ အမှန်စင်စစ် သူတို့အပေါ်တွင် အလ္လာဟ်အရှင်မြတ်၏ လအ်နသ်(သနားကရုဏာကင်းဝေးမှု)၊ ကောင်းကင်တမန်များ၏ လအ်နသ်နှင့် လူများအားလုံး၏ လအ်နသ်(ရှုတ်ချမှု)ကျရောက်သည်။ خَٰلِدِينَ فِيهَا لَا يُخَفَّفُ عَنۡهُمُ ٱلۡعَذَابُ وَلَا هُمۡ يُنظَرُونَ ٨٨သူတို့သည် ထို(လအ်နသ်)ထဲ၌ပင် အမြဲခံစားနေကြရမည့်အပြင် သူတို့၏အပြစ်သည်လည်း လျှော့ပေါ့ပေးခြင်းခံရမည် မဟုတ်ပေ။ ၎င်းပြင် သူတို့သည် (အပြစ်ဒဏ်ကို)ဆိုင်းငံ့ထားခြင်း ခံရမည်လည်း မဟုတ်ပေ။ إِلَّا ٱلَّذِينَ تَابُواْ مِنۢ بَعۡدِ ذَٰلِكَ وَأَصۡلَحُواْ فَإِنَّ ٱللَّهَ غَفُورٌ رَّحِيمٌ ٨٩သို့ရာတွင် အကြင်သူများသည် ထို(ကဲ့သို့ ငြင်းပယ်ပြီး)နောက် ဝန်ချတောင်းပန်ပြီး ပြုပြင်ကြလျှင် ထို့နောက် အမှန်စင်စစ် အလ္လာဟ်အရှင်မြတ်သည် အလွန်လွတ်ငြိမ်းချမ်းသာခွင့် ပေးတော်မူသောအရှင်၊ အလွန်သနားကြင်နာတော်မူသောအရှင် ဖြစ်တော်မူသည်။ إِنَّ ٱلَّذِينَ كَفَرُواْ بَعۡدَ إِيمَٰنِهِمۡ ثُمَّ ٱزۡدَادُواْ كُفۡرًا لَّن تُقۡبَلَ تَوۡبَتُهُمۡ وَأُوْلَٰٓئِكَ هُمُ ٱلضَّآلُّونَ ٩٠အမှန်စင်စစ် အကြင်သူတို့သည် သူတို့ ယုံကြည်ပြီးနောက် သွေဖည်ငြင်းပယ်ခဲ့ကြသည်။ ၎င်းပြင် သူတို့သည် သွေဖည်မှုထဲ၌ပင် ဆက်တိုးနေခဲ့ကြသည်၊ ထိုသူများ၏ နောင်တရပြီး အမှားဝန်ခံခြင်း*သည် (အရှင်မြတ်ထံ၌) လက်ခံသဘောတူတော်မူခြင်း လုံးဝခံရမည် မဟုတ်ပေ။ ၎င်းပြင် ထိုသူများသည် လမ်းလွဲသူများပင်ဖြစ်ကြသည်။ إِنَّ ٱلَّذِينَ كَفَرُواْ وَمَاتُواْ وَهُمۡ كُفَّارٌ فَلَن يُقۡبَلَ مِنۡ أَحَدِهِم مِّلۡءُ ٱلۡأَرۡضِ ذَهَبًا وَلَوِ ٱفۡتَدَىٰ بِهِۦٓۗ أُوْلَٰٓئِكَ لَهُمۡ عَذَابٌ أَلِيمٌ وَمَا لَهُم مِّن نَّٰصِرِينَ ٩١အမှန်စင်စစ် အကြင်သူများသည် သွေဖည်ငြင်းပယ်ကြပြီး သွေဖည်ငြင်းပယ်သူများဖြစ်လျက်နှင့် သေဆုံးကြသည်၊ ထိုသူများထဲမှ တစ်စုံတစ်ဦးသည် (အပြစ်လွတ်ရန်) ကမာ္ဘမြေနှင့်အပြည့် ရွှေများကို လျော်ကြေးပေးလျှင်လည်း (အရှင်မြတ်သည်) လုံးဝ လက်ခံတော်မူမည်မဟုတ်ပေ။ သူတို့အတွက် အလွန်ပြင်းပြ နာကျင်စေသော အပြစ်ဒဏ်သာရှိသည်၊ ၎င်းပြင် သူတို့အတွက် ကူညီမည့်သူဟူ၍လည်း မည်သူတစ်ဦးတစ်ယောက်မျှ ရှိမည်မဟုတ်ပေ။ لَن تَنَالُواْ ٱلۡبِرَّ حَتَّىٰ تُنفِقُواْ مِمَّا تُحِبُّونَۚ وَمَا تُنفِقُواْ مِن شَيۡءٍ فَإِنَّ ٱللَّهَ بِهِۦ عَلِيمٌ ٩٢အသင်တို့သည် အသင်တို့နှစ်သက်ကြသော*ပစ္စည်းဥစ္စာများထဲမှ သုံးစွဲလှူဒါန်းမှု မပြုသမျှ ကောင်းကျိုးချမ်းသာ(ဂျန္နသ်)ကို မည်သည့်အခါမျှ ရရှိကြမည်မဟုတ်ပေ။ ထို့ပြင် အသင်တို့သည် မည်သည့်အရာမျှပင် လှူသည်ဖြစ်စေ၊ အမှန်စင်စစ် အလ္လာဟ်အရှင်မြတ်သည် ထိုအရာအား အကြွင်းမဲ့သိတော်မူသောအရှင် ဖြစ်တော်မူသည်။
۞ كُلُّ ٱلطَّعَامِ كَانَ حِلًّا لِّبَنِيٓ إِسۡرَٰٓءِيلَ إِلَّا مَا حَرَّمَ إِسۡرَٰٓءِيلُ عَلَىٰ نَفۡسِهِۦ مِن قَبۡلِ أَن تُنَزَّلَ ٱلتَّوۡرَىٰةُۚ قُلۡ فَأۡتُواْ بِٱلتَّوۡرَىٰةِ فَٱتۡلُوهَآ إِن كُنتُمۡ صَٰدِقِينَ ٩٣သောင်ရာသ်ကျမ်းမကျမီတွင် အစ္စရာအီလ်(တမန်တော်ယအ်ကူဗ်)သည် မိမိကိုယ်မိမိအပေါ်တွင် ဟရာမ်အဖြစ်တားမြစ်ခဲ့သော အစားအစာမှလွဲ၍ အစားအစာဟူသမျှသည် အစ္စရာအီလ်မျိုးနွယ်များအတွက် ဟလာလ်စားပိုင်ခွင့်ပြုထားခဲ့သည်။ (အို- တမန်တော်)အသင် ပြောလိုက်ပါ၊ အသင်တို့သည် မှန်ကန်သောသူများဖြစ်ကြလျှင် ထိုသောင်ရာသ်ကျမ်းကို ယူလာပြီးနောက် ဖတ်ရွတ်ကြပါ။ فَمَنِ ٱفۡتَرَىٰ عَلَى ٱللَّهِ ٱلۡكَذِبَ مِنۢ بَعۡدِ ذَٰلِكَ فَأُوْلَٰٓئِكَ هُمُ ٱلظَّٰلِمُونَ ٩٤ဤသည့်နောက်တွင် အကြင်သူသည် အလ္လာဟ်အရှင်မြတ်အပေါ်တွင် မုသားလိမ်လည် လုပ်ကြံပြောဆိုမည်ဆိုလျှင် ထိုသူများသည် မတရားကျူးလွန်သူများပင် ဖြစ်ကြသည်။ قُلۡ صَدَقَ ٱللَّهُۗ فَٱتَّبِعُواْ مِلَّةَ إِبۡرَٰهِيمَ حَنِيفًاۖ وَمَا كَانَ مِنَ ٱلۡمُشۡرِكِينَ ٩٥(အို- တမန်တော်)အသင် ပြောလိုက်ပါ၊ အလ္လာဟ်အရှင်မြတ်သည် အမှန်ကိုသာ ပြောဆိုတော်မူသည်။ သို့ဖြစ်ရာ အသင်တို့သည် ဖြောင့်မတ်တည်ကြည်သော (တမန်တော်)အိဗ်ရာဟီမ်၏ သာသနာ(အစ္စလာမ်)နောက်ကို လိုက်ကြပါ။ ထို့ပြင် ၎င်း(တမန်တော်အိဗ်ရာဟီမ်)သည် တုဖက်နှိုင်းယှဉ် ကိုးကွယ်သူများထဲမှ မဟုတ်ခဲ့ပေ။ إِنَّ أَوَّلَ بَيۡتٍ وُضِعَ لِلنَّاسِ لَلَّذِي بِبَكَّةَ مُبَارَكًا وَهُدًى لِّلۡعَٰلَمِينَ ٩٦အမှန်စင်စစ် လူများအတွက်(ဝတ်ပြုကိုးကွယ်ရန်) ပထမဦးဆုံး ဆောက်လုပ်ထားသောအိမ်တော်*သည် မက္ကဟ်မြ့ို*တွင်တည်ရှိသော ကောင်းချီးမဂင်္လာနှင့် ပြည့်စုံလျက်ရှိသည့်အပြင်*၊ စကြဝဠာအားလုံးအတွက် လမ်းမှန်ညွှန်ကြားပြသလျက်ရှိသော အိမ်တော်ပင်ဖြစ်သည်။ فِيهِ ءَايَٰتُۢ بَيِّنَٰتٌ مَّقَامُ إِبۡرَٰهِيمَۖ وَمَن دَخَلَهُۥ كَانَ ءَامِنًاۗ وَلِلَّهِ عَلَى ٱلنَّاسِ حِجُّ ٱلۡبَيۡتِ مَنِ ٱسۡتَطَاعَ إِلَيۡهِ سَبِيلًاۚ وَمَن كَفَرَ فَإِنَّ ٱللَّهَ غَنِيٌّ عَنِ ٱلۡعَٰلَمِينَ ٩٧ထိုအိမ်တော်တွင် ထင်ရှားသော သက်သေလက္ခဏာများရှိသည်။ မကားမုအိဗ်ရာဟီမ် (တမန်တော်အိဗ်ရာဟီမ် ရပ်တည်သောနေရာ)လည်းရှိသည်။ ထို့ပြင် အကြင်သူသည် ထိုအိမ်တော်ထဲသို့ ဝင်ရောက်လျှင် ထိုသူသည် ဘေးရန်(ဟူသမျှ)မှ လွတ်ကင်းသူဖြစ်မည်။* ထို့ပြင် လူများထဲမှ အလ္လာဟ်အရှင်မြတ်၏အိမ်တော်သို့ သွားရောက်ရန် တတ်စွမ်းနိုင်သောသူများ အပေါ်တွင် အလ္လာဟ်အရှင်မြတ်အတွက် ဟဂျ်ပြုလုပ်ရန် ဖရဿွ်တာဝန်ရှိသည်။ ၎င်းပြင် အကြင်သူသည် ငြင်းပယ်လျှင် အမှန်စင်စစ် အလ္လာဟ်အရှင်မြတ်သည် စကြာဝဠာအားလုံးမှ လိုလားတောင့်တခြင်းကင်းပြီး ပြည့်စုံကြွယ်ဝတော်မူသောအရှင် ဖြစ်တော်မူသည်။ قُلۡ يَٰٓأَهۡلَ ٱلۡكِتَٰبِ لِمَ تَكۡفُرُونَ بِـَٔايَٰتِ ٱللَّهِ وَٱللَّهُ شَهِيدٌ عَلَىٰ مَا تَعۡمَلُونَ ٩٨(အို- တမန်တော်)အသင် ပြောလိုက်ပါ၊ “အို- ကျမ်းရသူအပေါင်းတို့၊ အသင်တို့သည် အလ္လာဟ်အရှင်မြတ်၏အမိန့်တော်များကို အဘယ့်ကြောင့် ငြင်းပယ်ကြသနည်း။ ထို့ပြင် အလ္လာဟ်အရှင်မြတ်သည် အသင်တို့ပြုလုပ်သည်များကို မျက်မှောက်အသိသက်သေပင် ဖြစ်တော်မူသည်။“ قُلۡ يَٰٓأَهۡلَ ٱلۡكِتَٰبِ لِمَ تَصُدُّونَ عَن سَبِيلِ ٱللَّهِ مَنۡ ءَامَنَ تَبۡغُونَهَا عِوَجًا وَأَنتُمۡ شُهَدَآءُۗ وَمَا ٱللَّهُ بِغَٰفِلٍ عَمَّا تَعۡمَلُونَ ٩٩(အို- တမန်တော်)အသင် ပြောလိုက်ပါ၊ “အို- ကျမ်းရသူအပေါင်းတို့၊ အသင်တို့သည် (အရှင်မြတ်၏လမ်း ဖြောင့်မတ်မှန်ကန်နေသည်ကို) အသင်တို့ကိုယ်တိုင် အသိသက်သေများဖြစ်ကြပါလျက် အီမာန်ယုံကြည်သူများအား အလ္လာဟ်အရှင်မြတ်၏လမ်းတော်မှ ကောက်ကွေ့ရှာဖွေမှု ဖန်တီး၍ အဘယ့်ကြောင့် ပိတ်ပင်တားဆီးကြသနည်း။ ထို့ပြင် အလ္လာဟ်အရှင်မြတ်သည် အသင်တို့ပြုလုပ်သည်များကို မေ့လျော့မည့်အရှင် မဟုတ်ပေ။“ يَٰٓأَيُّهَا ٱلَّذِينَ ءَامَنُوٓاْ إِن تُطِيعُواْ فَرِيقًا مِّنَ ٱلَّذِينَ أُوتُواْ ٱلۡكِتَٰبَ يَرُدُّوكُم بَعۡدَ إِيمَٰنِكُمۡ كَٰفِرِينَ ١٠٠အို- အီမာန်ယုံကြည်သူအပေါင်းတို့၊ အကယ်၍ အသင်တို့သည် ကျမ်းရသူများထဲမှ လူတစ်စု(၏စကား)ကို လိုက်နာကြလျှင် သူတို့သည် အသင်တို့အား အသင်တို့ အီမာန်ယုံကြည်ကြပြီးနောက် ကာဖိရ်ငြင်းပယ်သူများ အဖြစ်သို့ ပြန်လည်ရောက်ရှိစေကြလိမ့်မည်။ وَكَيۡفَ تَكۡفُرُونَ وَأَنتُمۡ تُتۡلَىٰ عَلَيۡكُمۡ ءَايَٰتُ ٱللَّهِ وَفِيكُمۡ رَسُولُهُۥۗ وَمَن يَعۡتَصِم بِٱللَّهِ فَقَدۡ هُدِيَ إِلَىٰ صِرَٰطٍ مُّسۡتَقِيمٍ ١٠١ထို့ပြင် အလ္လာဟ်အရှင်မြတ်၏ အာယသ်တော်များသည် အသင်တို့ရှေ့တွင် ဖတ်ကြားခံရလျက် ရှိနေသည့်အပြင် အရှင်မြတ်၏တမန်တော်လည်း အသင်တို့ထဲတွင် ရှိနေပါလျက် အသင်တို့သည် အဘယ်နည်းဖြင့် သွေဖည်ငြင်းပယ်နိုင်ကြမည်နည်း။ ထို့ပြင် မည်သူမဆို အလ္လာဟ်အရှင်မြတ်အား စွဲမြဲစွာ ဆုပ်ကိုင်ထားလျှင် ထိုသူသည် ဖြောင့်မတ်မှန်ကန်သောလမ်းကို အမှန်ပင် ညွှန်ကြားပြသခြင်းခံရမည်ဖြစ်သည်။ يَٰٓأَيُّهَا ٱلَّذِينَ ءَامَنُواْ ٱتَّقُواْ ٱللَّهَ حَقَّ تُقَاتِهِۦ وَلَا تَمُوتُنَّ إِلَّا وَأَنتُم مُّسۡلِمُونَ ١٠٢အို- အီမာန်ယုံကြည်သူအပေါင်းတို့၊ အသင်တို့သည် အလ္လာဟ်အရှင်မြတ်အား ကြောက်သင့်ကြောက်ထိုက်သည့်အတိုင်း ကြောက်ကြပါ။ ၎င်းပြင် အသင်တို့သည် မွတ်စ်လင်မ်အဖြစ်နှင့်သာ ဘဝနိဂုံးချုပ်ပါ။ وَٱعۡتَصِمُواْ بِحَبۡلِ ٱللَّهِ جَمِيعًا وَلَا تَفَرَّقُواْۚ وَٱذۡكُرُواْ نِعۡمَتَ ٱللَّهِ عَلَيۡكُمۡ إِذۡ كُنتُمۡ أَعۡدَآءً فَأَلَّفَ بَيۡنَ قُلُوبِكُمۡ فَأَصۡبَحۡتُم بِنِعۡمَتِهِۦٓ إِخۡوَٰنًا وَكُنتُمۡ عَلَىٰ شَفَا حُفۡرَةٍ مِّنَ ٱلنَّارِ فَأَنقَذَكُم مِّنۡهَاۗ كَذَٰلِكَ يُبَيِّنُ ٱللَّهُ لَكُمۡ ءَايَٰتِهِۦ لَعَلَّكُمۡ تَهۡتَدُونَ ١٠٣ထို့ပြင် အသင်တို့သည် အလ္လာဟ်အရှင်မြတ်၏ကြိုး(ကုရ်အာန်)ကို* တစ်ညီတစ်ညွတ်တည်း စွဲမြဲစွာ ဆုပ်ကိုင်ထားကြပါ။ ထို့ပြင် အသင်တို့သည် အချင်းချင်း မကွဲပြဲကြလေနှင့်။ ၎င်းပြင် အသင်တို့သည် အသင်တို့အပေါ် အလ္လာဟ်အရှင်မြတ်ပြုထားသော ကျေးဇူးတော်ကိုလည်း သတိရကြပါ။ တစ်ခါက အသင်တို့သည် ရန်သူများ*ဖြစ်ခဲ့ကြပြီး (အရှင်မြတ်သည်) အသင်တို့၏စိတ်နှလုံးများကို ညီညွတ်စေတော်မူခဲ့သည်။ သို့ဖြစ်ရာ အသင်တို့သည် အရှင်မြတ်၏ကျေးဇူးတော်နှင့် (ယခုအချိန်တွင်) ညီရင်းအစ်ကိုများ* ဖြစ်သွားခဲ့ကြသည်။ ထို့ပြင် အသင်တို့သည် ဂျဟန္နမ်ငရဲမီးတွင်း၏ နှုတ်ခမ်းဝပေါ်ရောက်ရှိခဲ့ကြပြီဖြစ်သည်။* (အရှင်မြတ်သည်) အသင်တို့အား (အီမာန် ချီးမြှင့်ပြီး) ထိုငရဲမီးမှ ကယ်တင်တော်မူခဲ့သည်။ အလ္လာဟ်အရှင်မြတ်သည် အသင်တို့ လမ်းမှန်ရောက်ရှိကြရန် အရှင်မြတ်၏အာယသ်တော်များကို အသင်တို့အတွက် ဤသို့ပင် ရှင်းပြတော်မူသည်။ وَلۡتَكُن مِّنكُمۡ أُمَّةٌ يَدۡعُونَ إِلَى ٱلۡخَيۡرِ وَيَأۡمُرُونَ بِٱلۡمَعۡرُوفِ وَيَنۡهَوۡنَ عَنِ ٱلۡمُنكَرِۚ وَأُوْلَٰٓئِكَ هُمُ ٱلۡمُفۡلِحُونَ ١٠٤ထို့ပြင် အသင်တို့ထဲ၌ အုပ်စုတစ်စုရှိရမည်။ ထိုအုပ်စုသည် ကောင်းရာဘက်သို့ ဖိတ်ခေါ်ကြရမည်။ ၎င်းပြင် ကောင်းရာကို ညွှန်ကြားကြရမည်။ ၎င်းပြင် မကောင်းရာမှ တားမြစ်ကြရမည်။ ၎င်းပြင် ထိုသူများပင် အောင်မြင်မည့်သူများဖြစ်ကြသည်။ وَلَا تَكُونُواْ كَٱلَّذِينَ تَفَرَّقُواْ وَٱخۡتَلَفُواْ مِنۢ بَعۡدِ مَا جَآءَهُمُ ٱلۡبَيِّنَٰتُۚ وَأُوْلَٰٓئِكَ لَهُمۡ عَذَابٌ عَظِيمٌ ١٠٥ထို့ပြင် အသင်တို့သည် အကြင်သူများကဲ့သို့ မဖြစ်ကြနှင့်၊ ၎င်းသူများသည် (အရှင်မြတ်၏ သာသနာကို တစ်စည်းတစ်လုံးတည်း မလိုက်နာကြဘဲ) အချင်းချင်း ကွဲပြဲကြသည့်အပြင် ၎င်းသူတို့ထံသို့ ထင်ရှားသော သက်သေလက္ခဏာများ ရောက်လာပြီးနောက်၌လည်း (သာသနာ၏အရင်းအမြစ် အဓိကကျသောအချက်များတွင်) အချင်းချင်း ကွဲလွဲခဲ့ကြသည်။ ၎င်းပြင် ထိုသူများအတွက်ပင် ကြီးလေးသော အပြစ်ဒဏ်ရှိသည်။ يَوۡمَ تَبۡيَضُّ وُجُوهٌ وَتَسۡوَدُّ وُجُوهٌۚ فَأَمَّا ٱلَّذِينَ ٱسۡوَدَّتۡ وُجُوهُهُمۡ أَكَفَرۡتُم بَعۡدَ إِيمَٰنِكُمۡ فَذُوقُواْ ٱلۡعَذَابَ بِمَا كُنتُمۡ تَكۡفُرُونَ ١٠٦ထို(ကိယာမသ်)နေ့တွင် အချို့မျက်နှာများသည် ဖြူဖွေးနေ၍ အချို့မျက်နှာများသည် မည်းနက်နေလိမ့်မည်။ ၎င်းပြင် မည်းနက်နေသောမျက်နှာရှင်များသည် (ဤသို့ ပြောဆိုခံကြရမည်) “အသင်တို့သည် အီမာန်ယုံကြည်ပြီးနောက်မှ သွေဖည်ငြင်းပယ်ခဲ့ကြသည် မဟုတ်လော၊ သို့ဖြစ်ရာ အသင်တို့သည် အသင်တို့ ငြင်းပယ်ခဲ့ကြသည့်အတွက်ကြောင့် အပြစ်ဒဏ်ကို မြည်းစမ်းလိုက်ကြပါ။“ وَأَمَّا ٱلَّذِينَ ٱبۡيَضَّتۡ وُجُوهُهُمۡ فَفِي رَحۡمَةِ ٱللَّهِۖ هُمۡ فِيهَا خَٰلِدُونَ ١٠٧၎င်းပြင် ဖြူဖွေးနေသောမျက်နှာရှင်များမှာမူ အလ္လာဟ်အရှင်မြတ်၏ သနားကရုဏာထဲတွင်ရှိကြပြီး ထိုထဲ၌ပင် အမြဲနေကြရမည့်သူများဖြစ်ကြသည်။ تِلۡكَ ءَايَٰتُ ٱللَّهِ نَتۡلُوهَا عَلَيۡكَ بِٱلۡحَقِّۗ وَمَا ٱللَّهُ يُرِيدُ ظُلۡمًا لِّلۡعَٰلَمِينَ ١٠٨ထိုအရာများသည် အလ္လာဟ်အရှင်မြတ်၏ အာယသ်တော်များဖြစ်သည်။ ငါအရှင်မြတ်သည် ထိုအာယသ်တော်များကို မှန်ကန်စွာ(ဝဟီပို့ချမှုနှင့်) အသင်၏အပေါ် ဖတ်ကြားတော်မူသည်။ ထို့ပြင် အလ္လာဟ်အရှင်မြတ်သည် စကြဝဠာအားလုံးကို မတရားပြုလုပ်ရန် ရည်ရွယ်တော်မမူပေ။ وَلِلَّهِ مَا فِي ٱلسَّمَٰوَٰتِ وَمَا فِي ٱلۡأَرۡضِۚ وَإِلَى ٱللَّهِ تُرۡجَعُ ٱلۡأُمُورُ ١٠٩ထို့ပြင် ကောင်းကင်များနှင့် ပထဝီမြေတွင် ရှိသမျှအရာအားလုံးသည် အလ္လာဟ်အရှင်မြတ် ပိုင်ဆိုင်သောအရာများပင်ဖြစ်သည်။ ထို့ပြင် အရေးကိစ္စဟူသမျှသည် အလ္လာဟ်အရှင်မြတ်ထံသို့ပင် ပြန်လှည့်ကြရလိမ့်မည်။ كُنتُمۡ خَيۡرَ أُمَّةٍ أُخۡرِجَتۡ لِلنَّاسِ تَأۡمُرُونَ بِٱلۡمَعۡرُوفِ وَتَنۡهَوۡنَ عَنِ ٱلۡمُنكَرِ وَتُؤۡمِنُونَ بِٱللَّهِۗ وَلَوۡ ءَامَنَ أَهۡلُ ٱلۡكِتَٰبِ لَكَانَ خَيۡرًا لَّهُمۚ مِّنۡهُمُ ٱلۡمُؤۡمِنُونَ وَأَكۡثَرُهُمُ ٱلۡفَٰسِقُونَ ١١٠အသင်တို့သည် လူများအတွက် ထုတ်ဖော်ခြင်းခံရသော အကောင်းဆုံးအုပ်စုဖြစ်သည်။* (အဘယ့်ကြောင့်ဆိုသော်)အသင်တို့သည် ကောင်းရာများကို ညွှန်ကြားပြီး စက်ဆုပ်ဖွယ်ရာများမှ တားမြစ်ကြသည်။ ၎င်းပြင် အသင်တို့သည် အလ္လာဟ်အရှင်မြတ်ကိုလည်း ယုံကြည်ကြသည်။* ထို့ပြင် အကယ်၍ ကျမ်းရသူများသည် အီမာန်ယုံကြည်ခဲ့ကြမည်ဆိုလျှင် အမှန်ပင် သူတို့အတွက် ပိုကောင်းသည်။ သူတို့ထဲတွင် ယုံကြည်သူများလည်းရှိသည်၊* ၎င်းပြင် သူတို့ထဲမှ အများစုသည် အမိန့်မနာခံ ဖီဆန်သူများပင် ဖြစ်ကြသည်။ لَن يَضُرُّوكُمۡ إِلَّآ أَذًىۖ وَإِن يُقَٰتِلُوكُمۡ يُوَلُّوكُمُ ٱلۡأَدۡبَارَ ثُمَّ لَا يُنصَرُونَ ١١١သူတို့သည် အသင်တို့အား နားမခံချိမခံသာ(အန္တရာယ်)*ဖြစ်စေရန် ပြုလုပ်သည်မှလွဲ၍ အသင်တို့အား ဆုံးရှုံးနစ်နာပျက်စီးအောင် မည်သည့်အခါမှ လုပ်နိုင်မည်မဟုတ်ပေ။ ၎င်းပြင် အကယ်၍ သူတို့သည် အသင်တို့အား ရင်ဆိုင်တိုက်ခိုက်ကြမည်ဆိုလျှင်လည်း သူတို့သည် အသင်တို့အား ကျောခိုင်းပြီး ထွက်ပြေးသွားကြလိမ့်မည်။ ထို့နောက် သူတို့သည် ကူညီခြင်း ခံကြရမည် မဟုတ်ပေ။ ضُرِبَتۡ عَلَيۡهِمُ ٱلذِّلَّةُ أَيۡنَ مَا ثُقِفُوٓاْ إِلَّا بِحَبۡلٍ مِّنَ ٱللَّهِ وَحَبۡلٍ مِّنَ ٱلنَّاسِ وَبَآءُو بِغَضَبٍ مِّنَ ٱللَّهِ وَضُرِبَتۡ عَلَيۡهِمُ ٱلۡمَسۡكَنَةُۚ ذَٰلِكَ بِأَنَّهُمۡ كَانُواْ يَكۡفُرُونَ بِـَٔايَٰتِ ٱللَّهِ وَيَقۡتُلُونَ ٱلۡأَنۢبِيَآءَ بِغَيۡرِ حَقٍّۚ ذَٰلِكَ بِمَا عَصَواْ وَّكَانُواْ يَعۡتَدُونَ ١١٢သူတို့ကို မည်သည့်နေရာတွင် တွေ့ရှိသည်ဖြစ်စေ သူတို့အပေါ်တွင် သေးသိမ်မှုသည် ကျရောက်ခဲ့ပြီဖြစ်သည်။ သို့ရာတွင် အလ္လာဟ်အရှင်မြတ်ဘက်မှ ကတိကဝတ် တစ်စုံတစ်ခု (အီမာန်ယုံကြည်မှု ကတိကဝတ်)ကြောင့်ဖြစ်စေ*၊ လူများဘက်မှ ကတိကဝတ် တစ်စုံတစ်ခု (လူခွန်ပေးခြင်း ကတိကဝတ်)ကြောင့်ဖြစ်စေ* သူတို့သည် ခိုလှုံမှုရရှိခြင်းမှလွဲ၍ (အမြဲသေးသိမ်လျက်ပင်ရှိသည်)။ ထို့ပြင် သူတို့သည် အလ္လာဟ်အရှင်မြတ်၏အမျက်ဒေါသကို ခံကြရပြီဖြစ်သည်။ ၎င်းပြင် သူတို့အပေါ်တွင် ဒုက္ခဆင်းရဲမှုသည်လည်း လွှမ်းမိုးခံရပြီဖြစ်သည်။ ထိုကဲ့သို့ခံရသည်မှာ သူတို့သည် အလ္လာဟ်အရှင်မြတ်၏ အာယသ်တော်များကို ငြင်းပယ်ကြသည့်အပြင် နဗီတမန်တော်များကိုလည်း မတရားသတ်ဖြတ်သောကြောင့်ဖြစ်သည်။ ထိုအရာသည် သူတို့အနေဖြင့် အမိန့်တော်ကို မနာခံကြဘဲ စည်းကမ်းဖောက်ဖျက်ခဲ့ကြခြင်းကြောင့်ဖြစ်သည်။ ۞ لَيۡسُواْ سَوَآءًۗ مِّنۡ أَهۡلِ ٱلۡكِتَٰبِ أُمَّةٌ قَآئِمَةٌ يَتۡلُونَ ءَايَٰتِ ٱللَّهِ ءَانَآءَ ٱلَّيۡلِ وَهُمۡ يَسۡجُدُونَ ١١٣သူတို့အားလုံးသည် အတူတူ မဟုတ်ကြပေ၊ ထိုကျမ်းရသူများထဲမှပင် ဖြောင့်မတ်တည်တံ့စွာနေသော အုပ်စုတစ်စုလည်းရှိသည်။ သူတို့သည် ညတွင် စဂ်ျဒဟ်ဦးချကြလျက် အလ္လာဟ်အရှင်မြတ်၏ အာယသ်တော်များကို ဖတ်ရွတ်ကြသည်။ يُؤۡمِنُونَ بِٱللَّهِ وَٱلۡيَوۡمِ ٱلۡأٓخِرِ وَيَأۡمُرُونَ بِٱلۡمَعۡرُوفِ وَيَنۡهَوۡنَ عَنِ ٱلۡمُنكَرِ وَيُسَٰرِعُونَ فِي ٱلۡخَيۡرَٰتِۖ وَأُوْلَٰٓئِكَ مِنَ ٱلصَّٰلِحِينَ ١١٤သူတို့သည် အလ္လာဟ်အရှင်မြတ်နှင့် နောက်ဆုံးနေ့ကို ယုံကြည်ကြသည်။ထို့နောက် သူတို့သည် ကောင်းမှုကုသိုလ်များကို ညွှန်ကြားကြသည်။ ၎င်းပြင် သူတို့သည် မနှစ်မြို့ဖွယ်ရာများမှလည်း တားမြစ်ကြသည်။ ထို့နောက် သူတို့သည် ကောင်းမှုကုသိုလ်များကိုလည်း သူ့ထက်ငါ အပြိုင်အဆိုင် ကြိုးစားပြုလုပ်ကြသည်။ ထို့ပြင် သူတို့သည် ကောင်းမြတ်သောသူများထဲမှ ဖြစ်ကြသည်။ وَمَا يَفۡعَلُواْ مِنۡ خَيۡرٍ فَلَن يُكۡفَرُوهُۗ وَٱللَّهُ عَلِيمُۢ بِٱلۡمُتَّقِينَ ١١٥ထို့ပြင် သူတို့သည် ကောင်းမှုတစ်စုံတစ်ခုပြုလုပ်ကြလျှင် ထိုကောင်းမှုသည် လုံးဝပယ်ချခြင်း မခံရပေ။ ထို့ပြင် အလ္လာဟ်အရှင်မြတ်သည် မုသ်သကီ ကြောက်ရွံ့အပြစ်ရှောင် ကောင်းကျိုးဆောင်သူများကို အကြွင်းမဲ့သိတော်မူသောအရှင် ဖြစ်တော်မူသည်။ إِنَّ ٱلَّذِينَ كَفَرُواْ لَن تُغۡنِيَ عَنۡهُمۡ أَمۡوَٰلُهُمۡ وَلَآ أَوۡلَٰدُهُم مِّنَ ٱللَّهِ شَيۡـًٔاۖ وَأُوْلَٰٓئِكَ أَصۡحَٰبُ ٱلنَّارِۖ هُمۡ فِيهَا خَٰلِدُونَ ١١٦အမှန်စင်စစ် ကာဖိရ်ငြင်းပယ်သူများမှာ သူတို့၏ ပစ္စည်းဥစ္စာများနှင့် သားသမီးများသည် အလ္လာဟ်အရှင်မြတ်နှင့် ဆန့်ကျင်၍ သူတို့အား အနည်းငယ်မျှ လုံးဝ အသုံးဝင်စေမည် မဟုတ်ပေ။ ထို့ပြင် သူတို့သည် ငရဲသားများဖြစ်ကြပြီး ထိုငရဲထဲ၌ပင် အမြဲနေကြရမည့်သူများ ဖြစ်ကြသည်။ مَثَلُ مَا يُنفِقُونَ فِي هَٰذِهِ ٱلۡحَيَوٰةِ ٱلدُّنۡيَا كَمَثَلِ رِيحٍ فِيهَا صِرٌّ أَصَابَتۡ حَرۡثَ قَوۡمٍ ظَلَمُوٓاْ أَنفُسَهُمۡ فَأَهۡلَكَتۡهُۚ وَمَا ظَلَمَهُمُ ٱللَّهُ وَلَٰكِنۡ أَنفُسَهُمۡ يَظۡلِمُونَ ١١٧ဤဘဝတွင် ထိုကာဖိရ်ငြင်းပယ်သူများ၏ သုံးစွဲလှူဒါန်းခြင်း*၏ ဥပမာသည် အကြင်လေနှင့်တူသည်။ ထိုလေတွင် အလွန်ပြင်းထန်သော အအေးဓာတ်ရှိသည်။ ထိုလေသည် သူတို့ကိုုယ်ကိုသူတို့ နှိပ်စက်ကြသောလူတစ်စု၏ လယ်ယာကို တိုက်ခတ်ဖျက်ဆီးခဲ့သည်။ (ထိုကဲ့သို့ပင် သူတို့၏အလှူဒါနများသည် တမလွန်ဘဝတွင် ဖျက်ဆီးခံရမည်)။ ထို့ပြင် အလ္လာဟ်အရှင်မြတ်သည် သူတို့ကို မတရားနှိပ်စက်ခဲ့သည် မဟုတ်ပေ၊ သို့ရာတွင် သူတို့သည် သူတို့ကိုယ်သူတို့ပင် နှိပ်စက်ခဲ့ကြသည်။ يَٰٓأَيُّهَا ٱلَّذِينَ ءَامَنُواْ لَا تَتَّخِذُواْ بِطَانَةً مِّن دُونِكُمۡ لَا يَأۡلُونَكُمۡ خَبَالًا وَدُّواْ مَا عَنِتُّمۡ قَدۡ بَدَتِ ٱلۡبَغۡضَآءُ مِنۡ أَفۡوَٰهِهِمۡ وَمَا تُخۡفِي صُدُورُهُمۡ أَكۡبَرُۚ قَدۡ بَيَّنَّا لَكُمُ ٱلۡأٓيَٰتِۖ إِن كُنتُمۡ تَعۡقِلُونَ ١١٨အို- အီမာန်ယုံကြည်သူအပေါင်းတို့၊ အသင်တို့သည် အသင်တို့ အချင်းချင်းမှလွဲ၍ အခြားသူများကို အတွင်းသိ မိတ်ဆွေရင်းအဖြစ် မပြုလုပ်ကြနှင့်။ သူတို့သည် အသင်တို့အား ပျက်စီးစေရာတွင် မည်သည့်အခွင့်အရေးမှ လက်လွှတ်စေကြမည် မဟုတ်ပေ။ သူတို့သည် အသင်တို့ ဒုက္ခရောက်သည်ကို လိုလားကြသည်။ မနာလိုမုန်းတီးမှုသည် သူတို့၏နှုတ်ဖျားများမှ အမှန်ပင် ထင်ရှားခဲ့ပြီးဖြစ်ရုံသာမက သူတို့၏ စိတ်နှလုံးထဲတွင် ဖုံးကွယ်ထားသည်များမှာ ပို၍ပင်ကြီးသည်။ အကယ်၍ အသင်တို့သည် သိနားလည်ကြမည်ဆိုလျှင်၊ အမှန်ပင် ငါအရှင်မြတ်သည် အသင်တို့အကျိုးအတွက် အာယသ်တော်များကို ရှင်းလင်းပြသတော်မူခဲ့ပြီးဖြစ်သည်။ هَٰٓأَنتُمۡ أُوْلَآءِ تُحِبُّونَهُمۡ وَلَا يُحِبُّونَكُمۡ وَتُؤۡمِنُونَ بِٱلۡكِتَٰبِ كُلِّهِۦ وَإِذَا لَقُوكُمۡ قَالُوٓاْ ءَامَنَّا وَإِذَا خَلَوۡاْ عَضُّواْ عَلَيۡكُمُ ٱلۡأَنَامِلَ مِنَ ٱلۡغَيۡظِۚ قُلۡ مُوتُواْ بِغَيۡظِكُمۡۗ إِنَّ ٱللَّهَ عَلِيمُۢ بِذَاتِ ٱلصُّدُورِ ١١٩ကြည့်ကြစမ်းပါ၊ အသင်တို့ကသာ သူတို့အား ချစ်ခင်နေကြသည်၊ သူတို့ကမူ အသင်တို့အား ချစ်ခင်မှု မရှိကြပေ။ ထို့ပြင် အသင်တို့သည် (ကောင်းကင်ကျ)ကျမ်းအားလုံးကို ယုံကြည်ကြသည်။ (သူတို့ကမူ မယုံကြည်ကြပေ)။ ထို့ပြင် သူတို့သည် အသင်တို့နှင့်တွေ့ဆုံကြသောအခါ ကျွန်ုပ်တို့သည် အီမာန်ယုံကြည်ကြပါပြီဟု ပြောဆိုကြသည်။ ၎င်းပြင် သူတို့သည် (အကွယ်၌) သီးခြားတစ်ကိုယ်တည်းဖြစ်ကြသောအခါ အသင်တို့အပေါ် ဒေါသထွက်ကြသောကြောင့် သူတု့ိ၏လက်ချောင်းများကိုပင် ကိုက်ခဲလိုက်ကြသည်။* (အို- တမန်တော်)အသင်သည် သူတို့အား “အသင်တို့သည် ကိုယ့်ဒေါသနှင့်ကိုယ်သာ သေလိုက်ကြတော့ ဟုပြောလိုက်ပါ။“ အမှန်စင်စစ် အလ္လာဟ်အရှင်မြတ်သည် စိတ်နှလုံးများ၌ရှိသည်များကို အကြွင်းမဲ့သိတော်မူသောအရှင် ဖြစ်တော်မူသည်။ إِن تَمۡسَسۡكُمۡ حَسَنَةٌ تَسُؤۡهُمۡ وَإِن تُصِبۡكُمۡ سَيِّئَةٌ يَفۡرَحُواْ بِهَاۖ وَإِن تَصۡبِرُواْ وَتَتَّقُواْ لَا يَضُرُّكُمۡ كَيۡدُهُمۡ شَيۡـًٔاۗ إِنَّ ٱللَّهَ بِمَا يَعۡمَلُونَ مُحِيطٌ ١٢٠အကယ်၍ အသင်တို့တွင် ကောင်းသည့်အရာဖြစ်ပေါ်လာခဲ့လျှင် ထိုအရာသည် သူတို့အား စိတ်ဒုက္ခရောက်စေသည်။ ၎င်းပြင် အသင်တို့တွင် မကောင်းသည့်အရာ ဆိုက်ရောက်လာခဲ့လျှင်မူ ထိုအရာဖြင့် သူတို့သည် ဝမ်းသာပျော်ရွှင်ကြသည်။ ထို့ပြင် အကယ်၍ အသင်တို့သည် သည်းခံကြပြီး ကြောက်ရွံ့အပြစ်ရှောင် ကောင်းကျိုးဆောင်ကြမည်ဆိုလျှင် သူတို့၏ကြံစည်မှုသည် အသင်တိုု့ကို အနည်းငယ်မျှ ဆုံးရှုံးနစ်နာစေမည် မဟုတ်ပေ*။ အမှန်စင်စစ် အလ္လာဟ်အရှင်မြတ်သည် သူတို့ပြုလုပ်သည်များကို ခြုံငုံ(၍သိ)ထားတော်မူသောအရှင် ဖြစ်တော်မူသည်။ وَإِذۡ غَدَوۡتَ مِنۡ أَهۡلِكَ تُبَوِّئُ ٱلۡمُؤۡمِنِينَ مَقَٰعِدَ لِلۡقِتَالِۗ وَٱللَّهُ سَمِيعٌ عَلِيمٌ ١٢١တစ်ခါက အသင်(တမန်တော်)သည် အသင့်အိမ်သူအိမ်သားများထံမှ စောစီးစွာထွက်ပြီး အီမာန်ယုံကြည်သူများကို တပ်စွဲရန်နေရာချပေးလျက်ရှိခဲ့သည်။* ထို့ပြင် အလ္လာဟ်အရှင်မြတ်သည် အကြွင်းမဲ့ကြားတော်မူသောအရှင်၊ အကြွင်းမဲ့သိတော်မူသောအရှင် ဖြစ်တော်မူသည်။ إِذۡ هَمَّت طَّآئِفَتَانِ مِنكُمۡ أَن تَفۡشَلَا وَٱللَّهُ وَلِيُّهُمَاۗ وَعَلَى ٱللَّهِ فَلۡيَتَوَكَّلِ ٱلۡمُؤۡمِنُونَ ١٢٢တစ်ခါက အသင်တို့ထဲမှ အုပ်စုနှစ်စုသည် လက်လျှော့လိုက်ရန်အတွက် ရည်ရွယ်ခဲ့ကြသည်။ ထို့ပြင် အလ္လာဟ်အရှင်မြတ်သည် ထိုအုပ်စုနှစ်စုလုံးအား စောင့်ရှောက်တော်မူသောအရှင် ဖြစ်တော်မူသည်။ ထို့ပြင် အီမာန်ယုံကြည်သူများသည် အလ္လာဟ်အရှင်မြတ်အပေါ်၌သာ ယုံပုံအားကိုးကြရမည်ဖြစ်သည်။ وَلَقَدۡ نَصَرَكُمُ ٱللَّهُ بِبَدۡرٍ وَأَنتُمۡ أَذِلَّةٌۖ فَٱتَّقُواْ ٱللَّهَ لَعَلَّكُمۡ تَشۡكُرُونَ ١٢٣၎င်းပြင် အသင်တို့သည် ဗဒရ်(စစ်ပွဲ)တွင်* အင်အားချည့်နဲ့လျက်ရှိနေသောအခါတွင်* အလ္လာဟ်အရှင်မြတ်သည် အသင်တို့ကို အမှန်စင်စစ် ကူညီတော်မူခဲ့သည်။ သို့ဖြစ်ရာ အသင်တို့သည် အလ္လာဟ်အရှင်မြတ်၏ကျေးဇူးတော်များကို သိတတ်ကြရန် အရှင်မြတ်အား ကြောက်ကြပါ။ إِذۡ تَقُولُ لِلۡمُؤۡمِنِينَ أَلَن يَكۡفِيَكُمۡ أَن يُمِدَّكُمۡ رَبُّكُم بِثَلَٰثَةِ ءَالَٰفٍ مِّنَ ٱلۡمَلَٰٓئِكَةِ مُنزَلِينَ ١٢٤တစ်ခါက အသင်(တမန်တော်)သည် (စစ်မြေပြင်၌) အီမာန်ယုံကြည်သူများအား (ဤသို့)ပြောကြားနေခဲ့သည်၊ “အသင်တို့အား ဖန်ဆင်းမွေးမြူတော်မူသော အရှင်မြတ်က ကောင်းကင်တမန်သုံးထောင်*ကို ဆင်းသက်စေတော်မူပြီး အသင်တို့အား ကူညီတော်မူခြင်းသည် အသင်တို့အတွက် လုံးဝ မလုံလောက်လေသလော။ بَلَىٰٓۚ إِن تَصۡبِرُواْ وَتَتَّقُواْ وَيَأۡتُوكُم مِّن فَوۡرِهِمۡ هَٰذَا يُمۡدِدۡكُمۡ رَبُّكُم بِخَمۡسَةِ ءَالَٰفٍ مِّنَ ٱلۡمَلَٰٓئِكَةِ مُسَوِّمِينَ ١٢٥အဘယ့်ကြောင့် မလုံလောက်ရမည်နည်း။ အကယ်၍ အသင်တို့သည် သည်းခံပြီး အပြစ်ရှောင်ကြဉ်ကြမည်ဆိုလျှင် ၎င်းပြင် ရန်သူများသည် အသင်တို့ထံသို့ ရုတ်တရက် လာရောက်(တိုက်ခိုက်)ကြလျှင်၊ အသင်တို့အား ဖန်ဆင်းမွေးမြူတော်မူသောအရှင်က အမှတ်အသားပြုလုပ်ထားသော* ကောင်းကင်တမန်ငါးထောင်နှင့် အသင်တို့အား ကူညီတော်မူမည်။ وَمَا جَعَلَهُ ٱللَّهُ إِلَّا بُشۡرَىٰ لَكُمۡ وَلِتَطۡمَئِنَّ قُلُوبُكُم بِهِۦۗ وَمَا ٱلنَّصۡرُ إِلَّا مِنۡ عِندِ ٱللَّهِ ٱلۡعَزِيزِ ٱلۡحَكِيمِ ١٢٦ထို့ပြင် အလ္လာဟ်အရှင်မြတ်သည် ၎င်းကို အသင်တို့အတွက် သတင်းကောင်းဖြစ်စေရန်နှင့် ထိုသတင်းကောင်းဖြင့် အသင်တို့၏စိတ်နှလုံးများ တည်ငြိမ်အေးဆေးသွားရန်အတွက်မှလွဲ၍ အခြားမည်သည့်အတွက်မှ ပြုလုပ်တော်မူခဲ့သည် မဟုတ်ပေ။ ထို့ပြင် အကူအညီဆိုသည်မှာ တန်ခိုးတော်နှင့် အလွန်လွှမ်းမိုးတော်မူသောအရှင်၊ ပညာဉာဏ်အမြော်အမြင်နှင့် အလွန်ပြည့်စုံတော်မူသောအရှင် ဖြစ်တော်မူသော အလ္လာဟ်အရှင်မြတ်ထံတော်မှလွဲ၍ မည်သူ၏ထံကမှ မဖြစ်ပေ။ لِيَقۡطَعَ طَرَفًا مِّنَ ٱلَّذِينَ كَفَرُوٓاْ أَوۡ يَكۡبِتَهُمۡ فَيَنقَلِبُواْ خَآئِبِينَ ١٢٧(ထိုကဲ့သို့ကူညီခြင်းသည်) ကာဖိရ်ငြင်းပယ်သူများထဲမှ အုပ်စုတစ်စုကို ဖျက်ဆီးရန်အတွက်*ဖြစ်သည်။ သို့မဟုတ် ထိုသူများကို သိက္ခာချရန်အတွက်*ဖြစ်သည်။ သို့ဖြစ်ရာ သူတို့သည် အလိုမပြည့်ဘဲ ပြန်သွားလိုက်ကြရသည်။ لَيۡسَ لَكَ مِنَ ٱلۡأَمۡرِ شَيۡءٌ أَوۡ يَتُوبَ عَلَيۡهِمۡ أَوۡ يُعَذِّبَهُمۡ فَإِنَّهُمۡ ظَٰلِمُونَ ١٢٨အရှင်မြတ်သည် သူတို့၏အမှားဝန်ခံမှုကို လက်ခံတော်မူသည်ပင်ဖြစ်စေ၊ သို့မဟုတ် သူတို့ကို အပြစ်ဒဏ်ပေးတော်မူသည်ပင်ဖြစ်စေ အသင်(တမန်တော်)သည် ဤကိစ္စနှင့်စပ်လျဉ်း၍ အနည်းငယ်မျှ ဝင်ရောက်စွက်ဖက်ခွင့် မရှိပေ။ အဘယ့်ကြောင့်ဆိုသော် ထိုသူများသည် မတရားကျူးလွန်သောသူများပင် ဖြစ်ကြသည်။ وَلِلَّهِ مَا فِي ٱلسَّمَٰوَٰتِ وَمَا فِي ٱلۡأَرۡضِۚ يَغۡفِرُ لِمَن يَشَآءُ وَيُعَذِّبُ مَن يَشَآءُۚ وَٱللَّهُ غَفُورٌ رَّحِيمٌ ١٢٩ထို့ပြင် ကောင်းကင်များတွင်ရှိသမျှအရာများနှင့် ကမာ္ဘမြေတွင်ရှိသမျှအရာများသည် အလ္လာဟ်အရှင်မြတ် ပိုင်ဆိုင်တော်မူသော အရာများချည်းဖြစ်သည်။ အရှင်မြတ်သည် အရှင်မြတ် အလိုရှိတော်မူသောသူကို လွတ်ငြိမ်းချမ်းသာခွင့် ပေးတော်မူသည်။ ၎င်းပြင် အရှင်မြတ် အလိုရှိတော်မူသောသူကို အပြစ်ပေးတော်မူသည်။ ထို့ပြင် အရှင်မြတ်သည် အလွန်လွတ်ငြိမ်းချမ်းသာခွင့် ပေးတော်မူသောအရှင်၊ အလွန်သနားကြင်နာတော်မူသောအရှင် ဖြစ်တော်မူသည်။ يَٰٓأَيُّهَا ٱلَّذِينَ ءَامَنُواْ لَا تَأۡكُلُواْ ٱلرِّبَوٰٓاْ أَضۡعَٰفًا مُّضَٰعَفَةًۖ وَٱتَّقُواْ ٱللَّهَ لَعَلَّكُمۡ تُفۡلِحُونَ ١٣٠အို- အီမာန်ယုံကြည်သူအပေါင်းတို့၊ အသင်တို့သည် အဆများစွားတိုးထားသော အတိုး(ဖြစ်စေ၊ အနည်းငယ်တိုးထားသော အတိုးဖြစ်စေ ၎င်းတို့)ကို* မစားကြနှင့်။ ထို့ပြင် အသင်တို့သည် အောင်မြင်မှုရရှိရန်အတွက် အလ္လာဟ်အရှင်မြတ်အား ကြောက်ကြပါ။ وَٱتَّقُواْ ٱلنَّارَ ٱلَّتِيٓ أُعِدَّتۡ لِلۡكَٰفِرِينَ ١٣١ထို့ပြင် အသင်တို့သည် ကာဖိရ်ငြင်းပယ်သူများအတွက် အသင့်ပြင်ဆင်ထားသော(ငရဲ)မီးမှ ရှောင်ကြဉ်ကြပါ။ وَأَطِيعُواْ ٱللَّهَ وَٱلرَّسُولَ لَعَلَّكُمۡ تُرۡحَمُونَ ١٣٢ထို့ပြင် အသင်တို့သည် သနားကြင်နာမှုခံကြရန်အတွက် အလ္လာဟ်အရှင်မြတ်၏အမိန့်တော်များနှင့် ရစူလ်တမန်တော်၏ဩဝါဒများကို လိုက်နာကြပါ။ ۞ وَسَارِعُوٓاْ إِلَىٰ مَغۡفِرَةٍ مِّن رَّبِّكُمۡ وَجَنَّةٍ عَرۡضُهَا ٱلسَّمَٰوَٰتُ وَٱلۡأَرۡضُ أُعِدَّتۡ لِلۡمُتَّقِينَ ١٣٣ထို့ပြင် အသင်တို့သည် အသင်တို့အား ဖန်ဆင်းမွေးမြူတော်မူသောအရှင်ထံမှ လွတ်ငြိမ်းချမ်းသာခွင့်ဘက်နှင် ဂျန္နသ်သုခဘုံဘက်သို့ သူ့ထက်ငါသာအောင် လျင်မြန်စွာ ပြေးသွားကြပါ။ ထိုဂျန္နသ်သုခဘုံ၏အကျယ်အဝန်းသည်* မိုးကောင်းကင်များနှင့် မြေကမာ္ဘတစ်မျှဖြစ်သည်။ (အနိမ့်ဆုံးသည် လောကထက်ဆယ်ဆကြီးသည်။) ထိုဂျန္နသ်သုခဘုံသည် မုသ်သကီ ကြောက်ရွံ့အပြစ်ရှောင် ကောင်းကျိုးဆောင်သူများအတွက် အသင့်ပြင်ထားပြီးဖြစ်သည်။ ٱلَّذِينَ يُنفِقُونَ فِي ٱلسَّرَّآءِ وَٱلضَّرَّآءِ وَٱلۡكَٰظِمِينَ ٱلۡغَيۡظَ وَٱلۡعَافِينَ عَنِ ٱلنَّاسِۗ وَٱللَّهُ يُحِبُّ ٱلۡمُحۡسِنِينَ ١٣٤ထို မုသ်သကီများသည် စီးပွားရေးချောင်လည်သောအခါ၌လည်းကောင်း၊ ဆင်းရဲကျပ်တည်းသောအခါ၍လည်းကောင်း ပေးကမ်းစွန့်ကြဲလှူဒါန်းကြသည်။* သူတို့သည် ဒေါသကို မျိုသိပ်သောသူများလည်း*ဖြစ်ကြသည်။ ထို့ပြင် သူတို့သည် လူများ(၏အပြစ်)ကို ခွင့်လွှတ်သောသူများ*လည်းဖြစ်ကြသည်။ ထို့ပြင် အလ္လာဟ်အရှင်မြတ်သည် ကောင်းမှုပြုလုပ်သောသူများကို*နှစ်သက်တော်မူသည်။ وَٱلَّذِينَ إِذَا فَعَلُواْ فَٰحِشَةً أَوۡ ظَلَمُوٓاْ أَنفُسَهُمۡ ذَكَرُواْ ٱللَّهَ فَٱسۡتَغۡفَرُواْ لِذُنُوبِهِمۡ وَمَن يَغۡفِرُ ٱلذُّنُوبَ إِلَّا ٱللَّهُ وَلَمۡ يُصِرُّواْ عَلَىٰ مَا فَعَلُواْ وَهُمۡ يَعۡلَمُونَ ١٣٥ထို့ပြင် သူတို့သည် ညစ်ညမ်းသောကိစ္စတစ်စုံတစ်ခု ကျူးလွန်မိကြသောအခါ သို့မဟုတ် သူတို့ကိုယ်သူတို့ နှိပ်စက်မိသောအခါ အလ္လာဟ်အရှင်မြတ်အား သတိရ တသကြသည်။ ၎င်းပြင် သူတို့၏အပြစ်များမှ လွတ်ငြိမ်းချမ်းသာခွင့်ရရှိရန် အသနားခံကြသည်။ ထို့ပြင် အလ္လာဟ်အရှင်မြတ်မှလွဲ၍ အပြစ်များမှ လွတ်ငြိမ်းချမ်းသာခွင့်ပေးမည့်သူ မည်သူမှ မရှိပေ။ ၎င်းပြင် သူတို့သည် သူတို့ပြုလုပ်မိကြသောအရာ(ပြစ်မှု)များကို သူတို့ကိုယ်တိုင်သိကြပါလျက်နှင့် လက်မလျှော့ဘဲ ဇွတ်တိုးပြီး ပြုလုပ်မနေခဲ့ကြတော့ပေ။ أُوْلَٰٓئِكَ جَزَآؤُهُم مَّغۡفِرَةٌ مِّن رَّبِّهِمۡ وَجَنَّٰتٌ تَجۡرِي مِن تَحۡتِهَا ٱلۡأَنۡهَٰرُ خَٰلِدِينَ فِيهَاۚ وَنِعۡمَ أَجۡرُ ٱلۡعَٰمِلِينَ ١٣٦ထိုသူများ၏အကျိုးသည် သူတို့အား ဖန်ဆင်းမွေးမြူတော်မူသော အရှင်မြတ်ထံတော်မှ လွတ်ငြိမ်းချမ်းသာခွင့်နှင့် ဥယျာဉ်များဖြစ်သည်။ ထိုဥယျာဉ်များ၏အောက်တွင် စမ်းရေချောင်းများ စီးဆင်းလျက်ရှိသည်။ ထို(ဥယျာဉ်)များထဲတွင် သူတို့သည် အမြဲနေထိုင်ကြရမည်။ ထို့ပြင် ကောင်းမှုုပြုလုပ်သူများ၏အကျိုးသည် အဘယ်မျှ ကောင်းလိုက်သနည်း။ قَدۡ خَلَتۡ مِن قَبۡلِكُمۡ سُنَنٌ فَسِيرُواْ فِي ٱلۡأَرۡضِ فَٱنظُرُواْ كَيۡفَ كَانَ عَٰقِبَةُ ٱلۡمُكَذِّبِينَ ١٣٧အမှန်စင်စစ် အသင်တို့မတိုင်မီ ထုံးတမ်းစဉ်လာများသည်* လွန်ခဲ့ပြီဖြစ်သည်။ သို့ဖြစ်ရာ အသင်တို့သည် ကမာ္ဘမြေတွင် သွားလာလှည့်လည်ပြီး လိမ်လည်ငြင်းပယ်သော သူများ၏နိဂုံးသည် မည်ကဲ့သို့ ဖြစ်ပျက်ခဲ့သည်ကို ကြည့်ရှု့ကြပါ။ هَٰذَا بَيَانٌ لِّلنَّاسِ وَهُدًى وَمَوۡعِظَةٌ لِّلۡمُتَّقِينَ ١٣٨ဤ(ကုရ်အာန်)ကျမ်းသည် လူများအတွက် ရှင်းလင်းဖော်ပြချက်ဖြစ်သည်။ မုသ်သကီ ကြောက်ရွံ့အပြစ်ရှောင် ကောင်းကျိုးဆောင်သူများအတွက် လမ်းမှန်ညွှန်ကြားပြသချက်နှင့် ဆုံးမဩဝါဒဖြစ်သည်။ وَلَا تَهِنُواْ وَلَا تَحۡزَنُواْ وَأَنتُمُ ٱلۡأَعۡلَوۡنَ إِن كُنتُم مُّؤۡمِنِينَ ١٣٩ထို့ပြင် အသင်တို့သည် အားလည်းမလျှော့ကြနှင့်၊ ပူပင်သောကလည်း မဖြစ်ကြနှင့်။ ၎င်းပြင် အသင်တို့သည် အီမာန်ယုံကြည်သူများ ဖြစ်ကြလျှင် အသင်တို့ပင် အောင်နိုင်လျက်ရှိနေကြလိမ့်မည်။ إِن يَمۡسَسۡكُمۡ قَرۡحٌ فَقَدۡ مَسَّ ٱلۡقَوۡمَ قَرۡحٌ مِّثۡلُهُۥۚ وَتِلۡكَ ٱلۡأَيَّامُ نُدَاوِلُهَا بَيۡنَ ٱلنَّاسِ وَلِيَعۡلَمَ ٱللَّهُ ٱلَّذِينَ ءَامَنُواْ وَيَتَّخِذَ مِنكُمۡ شُهَدَآءَۗ وَٱللَّهُ لَا يُحِبُّ ٱلظَّٰلِمِينَ ١٤٠အကယ်၍ အသင်တို့သည် (အုဟုဒ်စစ်ပွဲ၌)ဒဏ်ရာ တစ်စုံတစ်ခုရရှိခဲ့လျှင် ထိုကဲ့သို့ ဒဏ်ရာပင် (ဗဒရ်စစ်ပွဲ၌) ရန်သူများအားလည်း ထိရောက်ခဲ့ပြီးဖြစ်သည်။ ငါအရှင်မြတ်သည် လူများစပ်ကြားတွင် ထိုကဲ့သို့ရက်များကို တစ်လှည့်စီ လှည့်ပတ်ရောက်စေတော်မူသည်။* (ထိုကဲ့သို့ ပြုလုပ်ခြင်းမှာ) အလ္လာဟ်အရှင်မြတ်သည် အစစ်အမှန် မည်သူယုံကြည်သနည်းဆိုသည်ကို သိရှိတော်မူရန်နှင့် အသင်တို့ထဲမှ အချို့ကို အသက်စတေးထားသော အာဇာနည်များအဖြစ် ပြုလုပ်တော်မူရန်ဖြစ်သည်။ ထို့ပြင် အလ္လာဟ်အရှင်မြတ်သည် မတရားကျူးလွန်သူများကို နှစ်သက်တော်မမူပေ။ وَلِيُمَحِّصَ ٱللَّهُ ٱلَّذِينَ ءَامَنُواْ وَيَمۡحَقَ ٱلۡكَٰفِرِينَ ١٤١ထို့ပြင် (ထိုကဲ့သို့ စစ်ရှုံးနိမ့်မှု ပြုလုပ်တော်မူခြင်းဖြင့်) အလ္လာဟ်အရှင်မြတ်သည် အီမာန်ယုံကြည်သူများအား(စမ်းသပ်ပြီး အပြစ်များမှ) သန့်ရှင်းစင်ကြယ်စေတော်မူရန်နှင့် ငြင်းပယ်သူများအား သုတ်သင်ရှင်းလင်းတော်မူရန်ဖြစ်သည်။ أَمۡ حَسِبۡتُمۡ أَن تَدۡخُلُواْ ٱلۡجَنَّةَ وَلَمَّا يَعۡلَمِ ٱللَّهُ ٱلَّذِينَ جَٰهَدُواْ مِنكُمۡ وَيَعۡلَمَ ٱلصَّٰبِرِينَ ١٤٢အသင်တို့သည် ဂျန္နသ်သုခဘုံကို (လွယ်ကူစွာ) ဝင်ရောက်နိုင်ကြလိမ့်မည်ဟု ထင်ကြသလော။ ထို့ပြင် အလ္လာဟ်အရှင်မြတ်သည် (ယခုထိ) အသင်တို့ထဲမှ စစ်တိုက်သောသူများကိုလည်း မတွေ့ရသေးပေ။ ၎င်းပြင် သည်းခံသောသူများကိုလည်း (ပေါ်လွင်ထင်ရှားစွာ) မတွေ့ရသေးပေ။ وَلَقَدۡ كُنتُمۡ تَمَنَّوۡنَ ٱلۡمَوۡتَ مِن قَبۡلِ أَن تَلۡقَوۡهُ فَقَدۡ رَأَيۡتُمُوهُ وَأَنتُمۡ تَنظُرُونَ ١٤٣ထို့ပြင် အမှန်စင်စစ် အသင်တို့သည် သေခြင်းကို မတွေ့ရသေးမီကမူ သေခြင်းကို တောင့်တခဲ့ကြသည်။ (ယခုသော်) အသင်တို့သည် မျက်ဝါးထင်ထင်ဖြစ်လျက် သေခြင်းကို အမှန်ပင် တွေ့လိုက်ကြရပြီဖြစ်သည်။ وَمَا مُحَمَّدٌ إِلَّا رَسُولٌ قَدۡ خَلَتۡ مِن قَبۡلِهِ ٱلرُّسُلُۚ أَفَإِيْن مَّاتَ أَوۡ قُتِلَ ٱنقَلَبۡتُمۡ عَلَىٰٓ أَعۡقَٰبِكُمۡۚ وَمَن يَنقَلِبۡ عَلَىٰ عَقِبَيۡهِ فَلَن يَضُرَّ ٱللَّهَ شَيۡـًٔاۚ وَسَيَجۡزِي ٱللَّهُ ٱلشَّٰكِرِينَ ١٤٤ထို့ပြင် (တမန်တော်)မုဟမ္မဒ်(-ဆွ)သည်* တမန်တော်တစ်ပါးသာ ဖြစ်သည်။ ၎င်း၏မတိုင်မီ ရစူလ်တမန်တော်များသည် အမှန်ပင် ကုန်လွန်သွားခဲ့ကြပြီဖြစ်သည်။ သို့ဖြစ်ရာ အကယ်၍ ၎င်း(တမန်တော်မုဟမ္မဒ်-ဆွ)သည် ကွယ်လွန်သေဆုံးခဲ့လျှင်* သို့မဟုတ် သတ်ဖြတ်ခံခဲ့ရလျှင် အသင်တို့သည် (စစ်မြေပြင်မှ၊ အစ္စလာမ်မှ) ကျောခိုင်းသွားကြမည်လော။ ထို့ပြင် မည်သူမဆို ကျောခိုင်းသွားလျှင်မူ ထိုသူသည် အလ္လာဟ်အရှင်မြတ်အား အနည်းငယ်မျှ လုံးဝ ဆုံးရှုံးနစ်နာစေနိုင်မည် မဟုတ်ပေ။* ထို့ပြင် အလ္လာဟ်အရှင်မြတ်သည် ကျေးဇူးသိတတ်သူများအား မကြာမီ အစားပေးတော်မူမည်။ وَمَا كَانَ لِنَفۡسٍ أَن تَمُوتَ إِلَّا بِإِذۡنِ ٱللَّهِ كِتَٰبًا مُّؤَجَّلًاۗ وَمَن يُرِدۡ ثَوَابَ ٱلدُّنۡيَا نُؤۡتِهِۦ مِنۡهَا وَمَن يُرِدۡ ثَوَابَ ٱلۡأٓخِرَةِ نُؤۡتِهِۦ مِنۡهَاۚ وَسَنَجۡزِي ٱلشَّٰكِرِينَ ١٤٥ထို့ပြင် မည်သူမျှ အလ္လာဟ်အရှင်မြတ်၏ အမိန့်တော်မရှိဘဲ မသေဆုံးနိုင်ပေ။* (လူတိုင်းအတွက် သေဆုံးရန်) သတ်မှတ်ချိန်ရေးသားပြီးဖြစ်သည်။ ၎င်းပြင် မည်သူမဆို လောကီအကျိုးကို အလိုရှိလျှင် ငါအရှင်မြတ်သည်(အလိုရှိတော်မူလျှင်) ထိုသူ့အား လောကီ၏အကျိုးကို ပေးတော်မူမည်။ ၎င်းပြင် မည်သူမဆို တမလွန်ဘဝ၏အကျိုးကျေးဇူးကို အလိုရှိလျှင် ငါအရှင်မြတ်သည် ထိုသူ့အား တမလွန်၏အကျိုးကို ပေးတော်မူမည်။ ၎င်းပြင် ငါအရှင်မြတ်သည် ကျေးဇူးသိတတ်သူများအား မကြာမီ အစားပေးတော်မူမည်။ وَكَأَيِّن مِّن نَّبِيٍّ قَٰتَلَ مَعَهُۥ رِبِّيُّونَ كَثِيرٌ فَمَا وَهَنُواْ لِمَآ أَصَابَهُمۡ فِي سَبِيلِ ٱللَّهِ وَمَا ضَعُفُواْ وَمَا ٱسۡتَكَانُواْۗ وَٱللَّهُ يُحِبُّ ٱلصَّٰبِرِينَ ١٤٦ထို့ပြင် နဗီတမန်တော် အမြောက်အမြားနှင့် အလ္လာဟ်အရှင်မြတ်အား မြတ်နိုးသောသူများသည် အတူတကွ စစ်တိုက်ခဲ့ကြသည်။ ၎င်းပြင် သူတို့သည် အလ္လာဟ်အရှင်မြတ်၏လမ်းတော်တွင် သူတို့အပေါ် ဆိုက်ရောက်လာသော ဘေးဒုက္ခများကြောင့် စိတ်ဓာတ်ကျခြင်း၊ အင်အားလျော့နည်းခြင်း၊ သေးသိမ်နိမ့်ကျခြင်းများ မရှိခဲ့ကြပေ။ ထို့ပြင် အလ္လာဟ်အရှင်မြတ်သည် သည်းခံသောသူများကို ချစ်မြတ်နိုးတော်မူသည်။ وَمَا كَانَ قَوۡلَهُمۡ إِلَّآ أَن قَالُواْ رَبَّنَا ٱغۡفِرۡ لَنَا ذُنُوبَنَا وَإِسۡرَافَنَا فِيٓ أَمۡرِنَا وَثَبِّتۡ أَقۡدَامَنَا وَٱنصُرۡنَا عَلَى ٱلۡقَوۡمِ ٱلۡكَٰفِرِينَ ١٤٧ထို့ပြင် သူတို့သည် ဤသို့ပြောဆိုသည်မှလွဲ၍ အခြားစကားပြောဆိုခြင်း မရှိခဲ့ပေ၊ “အို- ကျွန်ုပ်တို့အား ဖန်ဆင်းမွေးမြူတော်မူသောအရှင်၊ ကျွန်ုပ်တို့၏အပြစ်များနှင့် ကျွန်ုပ်တို့၏ အရေးကိစ္စ၌ ကျွန်ုပ်တို့၏ လွန်ကျွံမှုများအား ခွင့်လွှတ်တော်မူပါ။ ၎င်းပြင် ကျွန်ုပ်တို့၏ ခြေများကိုလည်း တည်တံ့ခိုင်မြဲစေတော်မူပါ။ ၎င်းပြင် ကျွန်ုပ်တို့အား ကာဖိရ်ငြင်းပယ်သူများအပေါ်တွင် အောင်နိုင်မှုကို ပေးသနားတော်မူပါ။“ فَـَٔاتَىٰهُمُ ٱللَّهُ ثَوَابَ ٱلدُّنۡيَا وَحُسۡنَ ثَوَابِ ٱلۡأٓخِرَةِۗ وَٱللَّهُ يُحِبُّ ٱلۡمُحۡسِنِينَ ١٤٨သို့ဖြစ်ရာ အလ္လာဟ်အရှင်မြတ်သည် သူတို့အား လောကီ၏အကျိုးနှင့် တမလွန်ဘဝ၏ ကောင်းမြတ်သောအကျိုးကို ချီးမြှင့်ပေးသနားတော်မူခဲ့သည်။ ထို့ပြင် အလ္လာဟ်အရှင်မြတ်သည် ကောင်းကျိုးပြုသူများကို ချစ်ခင်တော်မူသည်။ يَٰٓأَيُّهَا ٱلَّذِينَ ءَامَنُوٓاْ إِن تُطِيعُواْ ٱلَّذِينَ كَفَرُواْ يَرُدُّوكُمۡ عَلَىٰٓ أَعۡقَٰبِكُمۡ فَتَنقَلِبُواْ خَٰسِرِينَ ١٤٩အို- အီမာန်ယုံကြည်သူအပေါင်းတို့၊ အကယ်၍ အသင်တို့သည် ကာဖိရ်ငြင်းပယ်သူများ(၏စကား)ကို လိုက်နာကြမည်ဆိုလျှင် သူတို့သည် အသင်တို့အား (အစ္စလာမ်မှ ကုဖ်ရ်ဘက်သို့) ပြန်လှည့်စေကြလိမ့်မည်။ ထိုသို့ ပြန်လှည့်သွားကြလျှင် အသင်တို့သည် ဆုံးရှုံးနစ်နာသူများ ဖြစ်သွားကြလိမ့်မည်။ بَلِ ٱللَّهُ مَوۡلَىٰكُمۡۖ وَهُوَ خَيۡرُ ٱلنَّٰصِرِينَ ١٥٠အမှန်စင်စစ် အလ္လာဟ်အရှင်မြတ်သည်သာ အသင်တို့အား ထိန်းသိမ်းစောင့်ရှောက်တော်မူသောအရှင် ဖြစ်တော်မူသည်။ ထို့ပြင် အရှင်မြတ်သည် ကူညီသူများထဲတွင် အကောင်းဆုံးကူညီတော်မူသောအရှင် ဖြစ်တော်မူသည်။ سَنُلۡقِي فِي قُلُوبِ ٱلَّذِينَ كَفَرُواْ ٱلرُّعۡبَ بِمَآ أَشۡرَكُواْ بِٱللَّهِ مَا لَمۡ يُنَزِّلۡ بِهِۦ سُلۡطَٰنًاۖ وَمَأۡوَىٰهُمُ ٱلنَّارُۖ وَبِئۡسَ مَثۡوَى ٱلظَّٰلِمِينَ ١٥١ငါအရှင်မြတ်သည် မကြာမီ ကာဖိရ်ငြင်းပယ်သူများ၏ စိတ်နှလုံးများထဲတွင် ကြောက်လန့်သောစိတ်ကို ထည့်သွင်းတော်မူမည်။* အဘယ့်ကြောင့်ဆိုသော် သူတို့သည် တစ်စုံတစ်ရာအထောက်အထား ချပေးထားခြင်းမရှိသောအရာများနှင့် အလ္လာဟ်အရှင်မြတ်အား တွဲဖက်ကိုးကွယ်မှုပြုလုပ်ကြသည်။ ထို့ပြင် သူတို့၏နေထိုင်ရာဌာနသည် ငရဲဘုံပင်ဖြစ်သည်။ ၎င်းပြင် မတရားကျူးလွန်သူများ၏ နေရာထိုင်ခင်းသည် အဘယ်မျှ ဆိုးရွားလိုက်သနည်း။ وَلَقَدۡ صَدَقَكُمُ ٱللَّهُ وَعۡدَهُۥٓ إِذۡ تَحُسُّونَهُم بِإِذۡنِهِۦۖ حَتَّىٰٓ إِذَا فَشِلۡتُمۡ وَتَنَٰزَعۡتُمۡ فِي ٱلۡأَمۡرِ وَعَصَيۡتُم مِّنۢ بَعۡدِ مَآ أَرَىٰكُم مَّا تُحِبُّونَۚ مِنكُم مَّن يُرِيدُ ٱلدُّنۡيَا وَمِنكُم مَّن يُرِيدُ ٱلۡأٓخِرَةَۚ ثُمَّ صَرَفَكُمۡ عَنۡهُمۡ لِيَبۡتَلِيَكُمۡۖ وَلَقَدۡ عَفَا عَنكُمۡۗ وَٱللَّهُ ذُو فَضۡلٍ عَلَى ٱلۡمُؤۡمِنِينَ ١٥٢ထို့ပြင် အမှန်ပင် အလ္လာဟ်အရှင်မြတ်သည် အသင်တို့အတွက် အရှင်မြတ်၏ကတိတော်ကို မှန်ကန်ပြည့်ဝအောင်ပြုလုပ်တော်မူခဲ့သည်။* တစ်ခါက အသင်တို့သည် အရှင်မြတ်၏အမိန့်တော်နှင့် (အသင်တို့ကို တိုက်ခိုက်ချေမှုန်းရန်လာသော) ကာဖိရ်များအား သတ်ဖြတ် ချေမှုန်းနေခဲ့ကြသည်။ နောက်ဆုံးတွင် အသင်တို့အား အရှင်မြတ်က အသင်တို့နှစ်သက်ကြသောအရာ (အောင်မြင်မှု)ကို ပြသတော်မူပြီးနောက် အသင်တို့သည် စိတ်အားလျှော့လိုက်ကြတော့သည်။* ထို့ပြင် အသင်တို့သည် (တမန်တော်၏) အမိန့်တော်နှင့်ပတ်သက်၍ အချင်းချင်းအငြင်းပွားခဲ့ကြသည်။ အမိန့်တော်ကိုလည်း သွေဖည်ခဲ့ကြသည်။* (ထိုအခါ အရှင်မြတ်က အကူအညီကို ရုပ်သိမ်းတော်မူလိုက်သည်) အသင်တို့ထဲတွင် အချို့သည် လောကီ(အကျိုး)ကို အလိုရှိကြသည်။ အချို့ကမူ တမလွန်ဘဝ၏(အကျိုး)ကို အလိုရှိကြသည်။* ထို့နောက် အရှင်မြတ်သည် အသင်တို့အား စမ်းသပ်တော်မူရန် ရန်သူများထံမှ အသင်တို့ကို ပြန်လှည့်စေတော်မူခဲ့သည်။* ထို့နောက် အရှင်မြတ်သည် အသင်တို့အား အမှန်စင်စစ် ခွင့်လွှတ်တော်မူလိုက်ပြီ ဖြစ်သည်။ ထို့ပြင် အလ္လာဟ်အရှင်မြတ်သည် အီမာန်ယုံကြည်သူများအပေါ်တွင် ကျေးဇူးပြုတော်မူသောအရှင် ဖြစ်တော်မူသည်။ ۞ إِذۡ تُصۡعِدُونَ وَلَا تَلۡوُۥنَ عَلَىٰٓ أَحَدٍ وَٱلرَّسُولُ يَدۡعُوكُمۡ فِيٓ أُخۡرَىٰكُمۡ فَأَثَٰبَكُمۡ غَمَّۢا بِغَمٍّ لِّكَيۡلَا تَحۡزَنُواْ عَلَىٰ مَا فَاتَكُمۡ وَلَا مَآ أَصَٰبَكُمۡۗ وَٱللَّهُ خَبِيرُۢ بِمَا تَعۡمَلُونَ ١٥٣တစ်ခါက အသင်တို့သည် (အုဟုဒ် စစ်မြေပြင်တွင်) မည်သူ့ကိုမျှ လှည့်မကြည့်ကြတော့ဘဲ ထွက်ပြေးနေခဲ့ကြသည်။* ၎င်းပြင် ရစူလ်တမန်တော်သည် အသင်တို့နောက်မှ အသင်တို့ကို ဟစ်ခေါ်နေခဲ့သည်။ (သို့ရာတွင် အသင်တို့သည် မနာခံခဲ့ကြပေ။) ထို(တမန်တော်၏အမိန့် မနာခံမှု)အတွက်ကြောင့် အရှင်မြတ်က အသင်တို့အား စိတ်ဆင်းရဲမှုအစား စိတ်ဆင်းရဲမှုကိုပင် ပေးတော်မူခဲ့သည်။* အသင်တို့သည် အသင်တို့ လက်လွတ်ဆုံးရှုံးသွားသောကိစ္စများနှင့် အသင်တို့တွင် ဆိုက်ရောက်လာသော ဘေးဒုက္ခများအပေါ် ပူဆွေးမှုမဖြစ်ရလေအောင်* (စိတ်ဆင်းရဲမှု နှစ်ခုဆင့်ပေးလိုက်ခြင်းဖြစ်သည်)။ ထို့ပြင် အလ္လာဟ်အရှင်မြတ်သည် အသင်တို့ ပြုလုပ်သည်များကို အကြွင်းမဲ့ကြားသိတော်မူသောအရှင် ဖြစ်တော်မူသည်။ ثُمَّ أَنزَلَ عَلَيۡكُم مِّنۢ بَعۡدِ ٱلۡغَمِّ أَمَنَةً نُّعَاسًا يَغۡشَىٰ طَآئِفَةً مِّنكُمۡۖ وَطَآئِفَةٌ قَدۡ أَهَمَّتۡهُمۡ أَنفُسُهُمۡ يَظُنُّونَ بِٱللَّهِ غَيۡرَ ٱلۡحَقِّ ظَنَّ ٱلۡجَٰهِلِيَّةِۖ يَقُولُونَ هَل لَّنَا مِنَ ٱلۡأَمۡرِ مِن شَيۡءٍۗ قُلۡ إِنَّ ٱلۡأَمۡرَ كُلَّهُۥ لِلَّهِۗ يُخۡفُونَ فِيٓ أَنفُسِهِم مَّا لَا يُبۡدُونَ لَكَۖ يَقُولُونَ لَوۡ كَانَ لَنَا مِنَ ٱلۡأَمۡرِ شَيۡءٌ مَّا قُتِلۡنَا هَٰهُنَاۗ قُل لَّوۡ كُنتُمۡ فِي بُيُوتِكُمۡ لَبَرَزَ ٱلَّذِينَ كُتِبَ عَلَيۡهِمُ ٱلۡقَتۡلُ إِلَىٰ مَضَاجِعِهِمۡۖ وَلِيَبۡتَلِيَ ٱللَّهُ مَا فِي صُدُورِكُمۡ وَلِيُمَحِّصَ مَا فِي قُلُوبِكُمۡۚ وَٱللَّهُ عَلِيمُۢ بِذَاتِ ٱلصُّدُورِ ١٥٤ထို့နောက် ထိုစိတ်ဆင်းရဲမှု ဖြစ်ကြပြီးသောအခါ အရှင်မြတ်က အသင်တို့အပေါ် ငြိမ်းချမ်းမှုဟုခေါ်သော ငိုက်မျဉ်းခြင်းကို ချပေးတော်မူခဲ့သည်။ ၎င်းငိုက်မျဉ်းခြင်း*သည် အသင်တို့ထဲမှ လူတစ်စုကို လွှမ်းမိုးခဲ့သည်။ ၎င်းပြင် (မုနာဖိက်)လူတစ်စုကမူ သူတို့၏အသက်များကိုပင် စိုးရိမ်နေခဲ့ကြသည်။* သူတို့သည် အလ္လာဟ်အရှင်မြတ်နှင့် ပတ်သက်၍ မမှန်ကန်သော အမိုက်ခေတ်မှ ထင်မြင်ယူဆချက်မျိုးကို ယူဆခဲ့ကြသည်။* သူတို့က ပြောဆိုကြသည်၊ “ကျွန်ုပ်တို့တွင် (ယခုတွေ့ကြုံရသောကိစ္စများနှင့် ပတ်သက်၍) တစ်စုံတစ်ရာ ရွေးချယ်ခွင့် အမိန့်အာဏာရှိပါသလော“*၊ (အို- တမန်တော်)အသင် ပြောလိုက်ပါ၊ “အမှန်စင်စစ် အမိန့်အာဏာအားလုံးသည် အလ္လာဟ်အရှင်မြတ်၌သာ ရှိသည်“။ သူတို့သည် သူတို့၏စိတ်များထဲတွင် ထိမ်ချန်ထားသည်များကို အသင့်အား ထုတ်ဖော်(ပြော)ကြသည် မဟုတ်ပေ။ သူတို့က ပြောကြသည်၊ “အကယ်၍ ကျွန်ုပ်တို့တွင် တစ်စုံတစ်ရာ ရွေးချယ်ခွင့် အမိန့်အာဏာသာရှိခဲ့လျှင် ကျွန်ုပ်တို့သည် ဤနေရာ(စစ်မြေပြင်)တွင် အသတ်ခံကြရမည် မဟုတ်ပေ။“ (အို- တမန်တော်)အသင် ပြောလိုက်ပါ၊ အကယ်၍ အသင်တို့သည် အသင်တို့၏အိမ်များ၌ပင်ရှိနေလျှင်လည်း အသတ်ခံရရန် သတ်မှတ်ပြီးဖြစ်သောသူများသည် အသတ်ခံရမည့်နေရာများသို့ အမှန်ပင် ထွက်လာကြရမည်ဖြစ်သည်။ ထို့ပြင် အလ္လာဟ်အရှင်မြတ်သည် အသင်တို့၏ရင်များထဲ၌ရှိသောအရာ(ယုံကြည်မှု)ကို စမ်းသပ်တော်မူရန်နှင့် အသင်တို့၏စိတ်နှလုံးများထဲ၌ရှိသောအရာ(အညစ်အကြေး)များကို သန့်ရှင်း စင်ကြယ်စေတော်မူရန်ဖြစ်သည်။ ထို့ပြင် အလ္လာဟ်အရှင်မြတ်သည် (လူသားများ၏) ရင်များထဲ၌ရှိသောအရာကို အကြွင်းမဲ့သိတော်မူသောအရှင် ဖြစ်တော်မူသည်။ إِنَّ ٱلَّذِينَ تَوَلَّوۡاْ مِنكُمۡ يَوۡمَ ٱلۡتَقَى ٱلۡجَمۡعَانِ إِنَّمَا ٱسۡتَزَلَّهُمُ ٱلشَّيۡطَٰنُ بِبَعۡضِ مَا كَسَبُواْۖ وَلَقَدۡ عَفَا ٱللَّهُ عَنۡهُمۡۗ إِنَّ ٱللَّهَ غَفُورٌ حَلِيمٌ ١٥٥အသင်တို့ထဲမှ အကြင်သူတို့သည် အုပ်စုနှစ်စု ရင်ဆိုင်တိုက်ခိုက်ကြသောနေ့တွင် အမှန်စင်စစ် ကျောခိုင်းသွားကြသည်။ ထိုသူများပြုကျင့်ခဲ့သော အချို့ပြစ်မှုများကြောင့် ရှိုင်သွာန်သည် သူတို့အား ခြေချော်အောင်ပြုလုပ်ခဲ့ခြင်းဖြစ်သည်။ ထို့နောက် အမှန်စင်စစ် အလ္လာဟ်အရှင်မြတ်သည် သူတို့အား ခွင့်လွှတ်တော်မူလိုက်သည်။ (အရှင်မြတ်က ခွင့်လွှတ်တော်မူလိုက်ပြီဖြစ်ရာ ၎င်းတို့နှင့်ပတ်သက်၍ တစ်စုံတစ်ရာ ဝေဖန်ပြစ်တင် ပြောဆိုခွင့် မရှိတော့ပေ။) အမှန်စင်စစ် အလ္လာဟ်အရှင်မြတ်သည် အလွန်လွတ်ငြိမ်းချမ်းသာခွင့်ပေးတော်မူသောအရှင်၊ အလွန်ထောက်ထားညှာတာ သည်းခံဆိုင်းငံ့တော်မူသောအရှင် ဖြစ်တော်မူသည်။ يَٰٓأَيُّهَا ٱلَّذِينَ ءَامَنُواْ لَا تَكُونُواْ كَٱلَّذِينَ كَفَرُواْ وَقَالُواْ لِإِخۡوَٰنِهِمۡ إِذَا ضَرَبُواْ فِي ٱلۡأَرۡضِ أَوۡ كَانُواْ غُزًّى لَّوۡ كَانُواْ عِندَنَا مَا مَاتُواْ وَمَا قُتِلُواْ لِيَجۡعَلَ ٱللَّهُ ذَٰلِكَ حَسۡرَةً فِي قُلُوبِهِمۡۗ وَٱللَّهُ يُحۡيِۦ وَيُمِيتُۗ وَٱللَّهُ بِمَا تَعۡمَلُونَ بَصِيرٌ ١٥٦အို- အီမာန်ယုံကြည်သူအပေါင်းတို့၊ အသင်တို့သည် အကြင်သွေဖည်ငြင်းပယ်သူ (မုနာဖိက် အယောင်ဆောင်)များကဲ့သို့ မဖြစ်ကြနှင့်။ ထို့ပြင် သူတို့၏ညီနောင်များသည် မြေပေါ်တွင် ခရီးသွားလာသောအခါ (သေဆုံးသွားခဲ့သည်) သို့မဟုတ် စစ်သည်တော်ဖြစ်(ပြီး ကျဆုံးသွား)ခဲ့သည်။ (ထိုငြင်းပယ်)သူတို့က ပြောဆိုကြသည်၊ “အကယ်၍သာ သူတို့သည် ငါတို့နှင့်အတူရှိနေခဲ့ကြလျှင် (ထိုသို့)သေကြေပျက်စီးကြမည်လည်းမဟုတ်ပေ၊ သတ်ဖြတ်ခြင်းခံကြရမည်လည်းမဟုတ်ပေ။“ (အသင်တို့သည် သူတို့ပြောသကဲ့သို့ မပြောကြလေနှင့်။) ၎င်းကို အလ္လာဟ်အရှင်မြတ်က သူတို့၏စိတ်နှလုံးများထဲတွင် ဝမ်းနည်းပူဆွေးမှု(၏ အကြောင်းခံအဖြစ်) ပြုလုပ်တော်မူရန်အတွက်သာ ဖြစ်သည်။ (အမှန်မှာ)အလ္လာဟ်အရှင်မြတ်သည်သာ ရှင်စေ၊ သေစေတော်မူသည်။ (အိမ်မှာထိုင်နေခြင်းက သေခြင်းရောက်လာမှုကို တားဆီးနိုင်သည် မဟုတ်ပေ။) ထို့ပြင် အလ္လာဟ်အရှင်မြတ်သည် အသင်တို့ ပြုလုပ်သည်များကို အကြွင်းမဲ့သိမြင်တော်မူသောအရှင် ဖြစ်တော်မူသည်။ وَلَئِن قُتِلۡتُمۡ فِي سَبِيلِ ٱللَّهِ أَوۡ مُتُّمۡ لَمَغۡفِرَةٌ مِّنَ ٱللَّهِ وَرَحۡمَةٌ خَيۡرٌ مِّمَّا يَجۡمَعُونَ ١٥٧ထို့ပြင် အသင်တို့သည် အမှန်စင်စစ် အလ္လာဟ်အရှင်မြတ်၏လမ်းတော်တွင် အသတ်ခံရလျှင် သို့မဟုတ် သေဆုံးသွားလျှင်လည်း အလ္လာဟ်အရှင်မြတ်ထံတော်မှ မဂ်ဖိရသ် လွတ်ငြိမ်းချမ်းသာခွင့်နှင့် ရဟ်မသ် သနားကြင်နာမှုသည် သူတို့စုဆောင်းကြသောအရာများထက် အမှန်ပင် ပို၍ကောင်းမြတ်ပေသည်။ وَلَئِن مُّتُّمۡ أَوۡ قُتِلۡتُمۡ لَإِلَى ٱللَّهِ تُحۡشَرُونَ ١٥٨ထို့ပြင် အကယ်၍ အသင်တို့သည် အမှန်စင်စစ် အသတ်ခံခဲ့ကြရလျှင် သို့မဟုတ် သေဆုံးသွားခဲ့ကြလျှင်လည်း အလ္လာဟ်အရှင်မြတ်ထံသို့ပင် အမှန်စင်စစ် စုရုံးခြင်းခံကြရမည်ဖြစ်သည်။ فَبِمَا رَحۡمَةٍ مِّنَ ٱللَّهِ لِنتَ لَهُمۡۖ وَلَوۡ كُنتَ فَظًّا غَلِيظَ ٱلۡقَلۡبِ لَٱنفَضُّواْ مِنۡ حَوۡلِكَۖ فَٱعۡفُ عَنۡهُمۡ وَٱسۡتَغۡفِرۡ لَهُمۡ وَشَاوِرۡهُمۡ فِي ٱلۡأَمۡرِۖ فَإِذَا عَزَمۡتَ فَتَوَكَّلۡ عَلَى ٱللَّهِۚ إِنَّ ٱللَّهَ يُحِبُّ ٱلۡمُتَوَكِّلِينَ ١٥٩၎င်းပြင် အသင်(တမန်တော်မုဟမ္မဒ်-ဆွ)သည် အလ္လာဟ်အရှင်မြတ်၏ ကရုဏာအသနားတော်နှင့်ပင် သူတို့အား နူးညံ့စွာ(ဆက်ဆံမှု)ပြုလုပ်ခဲ့ခြင်းဖြစ်သည်။* အကယ်၍ အသင်သည် ကြမ်းတမ်းပြီး စိတ်သဘောထားခက်ထန်ကြမ်းကြုတ်သူဖြစ်ခဲ့လျှင် သူတို့သည် အသင်၏အနီးမှ ဖရိုဖရဲဖြစ်ပြီး ထွက်ခွာသွားကြပြီ အမှန်ပင်ဖြစ်သည်။ သို့ဖြစ်ရာ အသင်သည် သူတို့အား ခွင့်လွှတ်ပါ။ အလ္လာဟ်အရှင်မြတ်ထံ၌လည်း သူတို့အတွက် လွတ်ငြိမ်းချမ်းသာခွင့် တောင်းခံပါ။ ထို့ပြင် အသင်သည် အရေးကိစ္စများနှင့်စပ်လျဉ်း၍ သူတို့နှင့် တိုင်ပင်ဆွေးနွေးပါ။ ၎င်းပြင် အသင်သည် ပြုလုပ်ရန် စိတ်ဆုံးဖြတ်လိုက်သောအခါ အလ္လာဟ်အရှင်မြတ်အပေါ်တွင် ယုံပုံလွှဲအပ်လိုက်ပါ။* အမှန်စင်စစ် အလ္လာဟ်အရှင်မြတ်သည် (အရှင်မြတ်အပေါ်) ယုံပုံလွှဲအပ်သူများကို နှစ်သက်မြတ်နိုးတော်မူသည်။ إِن يَنصُرۡكُمُ ٱللَّهُ فَلَا غَالِبَ لَكُمۡۖ وَإِن يَخۡذُلۡكُمۡ فَمَن ذَا ٱلَّذِي يَنصُرُكُم مِّنۢ بَعۡدِهِۦۗ وَعَلَى ٱللَّهِ فَلۡيَتَوَكَّلِ ٱلۡمُؤۡمِنُونَ ١٦٠အကယ်၍ အလ္လာဟ်အရှင်မြတ်သည် အသင်တို့အား ကူညီတော်မူမည်ဆိုလျှင် အသင်တို့အပေါ်တွင် အောင်နိုင်လွှမ်းမိုးမည့်သူဟူ၍ မည်သူမျှ ရှိတော့မည် မဟုတ်ပေ။* ၎င်းပြင် အကယ်၍ အရှင်မြတ်သည် အသင်တို့ကို စွန့်ပစ်ထားတော်မူမည်ဆိုလျှင် ထိုကဲ့သို့ စွန့်ပစ်ထားတော်မူပြီးသည့်နောက် အသင်တို့ကို ကူညီမည်သူ မည်သူရှိနိုင်ဦးမည်နည်း။ သို့ဖြစ်ရာ အီမာန်ယုံကြည်သူများသည် အလ္လာဟ်အရှင်မြတ်အပေါ်၌သာ ယုံပုံအားကိုးကြရမည်ဖြစ်သည်။ وَمَا كَانَ لِنَبِيٍّ أَن يَغُلَّۚ وَمَن يَغۡلُلۡ يَأۡتِ بِمَا غَلَّ يَوۡمَ ٱلۡقِيَٰمَةِۚ ثُمَّ تُوَفَّىٰ كُلُّ نَفۡسٍ مَّا كَسَبَتۡ وَهُمۡ لَا يُظۡلَمُونَ ١٦١ထို့ပြင် ထိမ်ချန်လျှို့ဝှက် ခယာနသ်လုပ်ခြင်းသည် နဗီတမန်တော်၏အလုပ်မဟုတ်ပေ။ ထို့ပြင် မည်သူမဆို ထိမ်ချန်လျှို့ဝှက် ခယာနသ်လုပ်ခဲ့လျှင် ထိုသူသည် ရှင်ပြန်ထမည့်နေ့တွင် သူထိမ်ချန်လျှို့ဝှက် ခယာနသ်လုပ်ခဲ့သောအရာများကို (အရှင်မြတ်၏ရှေ့မှောက်၌) ယူဆောင်လာမည်။ ထို့နောက် လူတိုင်းသည် သူရှာဖွေဆည်းပူးခဲ့သည်များကို သူတို့သည် မတရားပြုခြင်းမခံကြရဘဲလျှက် ပြည့်ဝစွာရရှိကြလိမ့်မည်။ أَفَمَنِ ٱتَّبَعَ رِضۡوَٰنَ ٱللَّهِ كَمَنۢ بَآءَ بِسَخَطٍ مِّنَ ٱللَّهِ وَمَأۡوَىٰهُ جَهَنَّمُۖ وَبِئۡسَ ٱلۡمَصِيرُ ١٦٢၎င်းပြင် အလ္လာဟ်အရှင်မြတ်၏နှစ်သက်လိုလားမှုကို လိုက်နာပြုလုပ်သောသူသည် အကြင်သူ(ယုတ်မာ)ကဲ့သို့ မည်သည့်နည်းနှင့် တူညီနိုင်မည်နည်း။ ထိုသူ(ယုတ်မာ)သည် အလ္လာဟ်အရှင်မြတ်၏အမျက်တော်ကို ခံစားခဲ့ရသည်။ သူ၏ပြန်လည်ရာဌာနသည် ငရဲဘုံဖြစ်သည်။ ထိုငရဲဘုံသည် အဘယ်မျှ ယုတ်ညံ့ဆိုးရွားသော ပြန်လှည့်ရာဌာနဖြစ်လိုက်သနည်း။ هُمۡ دَرَجَٰتٌ عِندَ ٱللَّهِۗ وَٱللَّهُ بَصِيرُۢ بِمَا يَعۡمَلُونَ ١٦٣ထိုသူများအတွက် အလ္လာဟ်အရှင်မြတ်ထံတွင် အဆင့်အတန်း အမျိုးမျိုးရှိကြသည်။ ထို့ပြင် အလ္လာဟ်အရှင်မြတ်သည် သူတို့ ပြုလုပ်သည်များကို အကြွင်းမဲ့သိမြင်တော်မူသောအရှင် ဖြစ်တော်မူသည်။ لَقَدۡ مَنَّ ٱللَّهُ عَلَى ٱلۡمُؤۡمِنِينَ إِذۡ بَعَثَ فِيهِمۡ رَسُولًا مِّنۡ أَنفُسِهِمۡ يَتۡلُواْ عَلَيۡهِمۡ ءَايَٰتِهِۦ وَيُزَكِّيهِمۡ وَيُعَلِّمُهُمُ ٱلۡكِتَٰبَ وَٱلۡحِكۡمَةَ وَإِن كَانُواْ مِن قَبۡلُ لَفِي ضَلَٰلٍ مُّبِينٍ ١٦٤အလ္လာဟ်အရှင်မြတ်သည် အီမာန်ယုံကြည်သူများအပေါ်တွင် ၎င်းတို့ထဲမှ တမန်တော်တစ်ဦးကို စေလွှတ်တော်မူခြင်းအားဖြင့် အမှန်စင်စစ် ကျေးဇူးပြုတော်မူခဲ့သည်။ ထိုတမန်တော်သည် သူတို့ရှေ့တွင် အလ္လာဟ်အရှင်မြတ်၏အာယသ်တော်များကို ဖတ်ကြားသည်။ ၎င်းပြင် သူတို့အား သန့်စင်ရန် လုပ်ပေးသည်။ ၎င်းပြင် သူတို့အား ကျမ်းဂန်နှင့် ပညာဉာဏ်အမြော်အမြင်ကိုလည်း သင်ကြားပို့ချသည်။ ထို့ပြင် အမှန်စင်စစ် သူတို့သည် ယခင်က ထင်ရှားသော လမ်းမှားမှုထဲတွင် ရှိနေခဲ့ကြသည်။ أَوَلَمَّآ أَصَٰبَتۡكُم مُّصِيبَةٌ قَدۡ أَصَبۡتُم مِّثۡلَيۡهَا قُلۡتُمۡ أَنَّىٰ هَٰذَاۖ قُلۡ هُوَ مِنۡ عِندِ أَنفُسِكُمۡۗ إِنَّ ٱللَّهَ عَلَىٰ كُلِّ شَيۡءٍ قَدِيرٌ ١٦٥ထို့ပြင်(အုဟုဒ် စစ်မြေပြင်တွင်) အသင်တို့၌ ဒုက္ခဆိုက်ရောက်ခဲ့သည့်အခါတွင်၊ ထိုဒုက္ခထက်နှစ်ဆရှိသောဒုက္ခအား အသင်တို့သည် (ရန်သူများအပေါ်တွင်) အမှန်စင်စစ် ဆိုက်ရောက်စေခဲ့ကြပြီ မဟုတ်လော။* (သို့ပါလျက် ထိုအခါတွင်) အသင်တို့က (ဤသို့ ညည်းညူ)ပြောဆိုခဲ့ကြသေးသည် “ဤ(ဒုက္ခ)သည် အဘယ်မှ ဆိုက်ရောက်လာသနည်း။ (အို- တမန်တော်)အသင်ပြောလိုက်ပါ၊ ထိုဒုက္ခသည် အသင်တို့ထံမှပင် (တမန်တော်၏အမိန့်ကို မနာခံဘဲ ကာကွယ်ရန် နေရာချထားသောစခန်းကို အသင်တို့ စွန့်ခွာခဲ့သည့်အတွက်ကြောင့်)ဖြစ်သည်။ အမှန်စင်စစ် အလ္လာဟ်အရှင်မြတ်သည် အရာအားလုံးအပေါ်တွင် အလွန်တတ်စွမ်းနိုင်တော်မူသောအရှင် ဖြစ်တော်မူသည်။ وَمَآ أَصَٰبَكُمۡ يَوۡمَ ٱلۡتَقَى ٱلۡجَمۡعَانِ فَبِإِذۡنِ ٱللَّهِ وَلِيَعۡلَمَ ٱلۡمُؤۡمِنِينَ ١٦٦ထို့ပြင်(အုဟုဒ် စစ်မြေပြင်တွင်) အုပ်စုနှစ်စု ရင်ဆိုင်ကြသောနေ့၌ အသင်တို့အပေါ် ဆိုက်ရောက်ခဲ့သည့် ဆင်းရဲဒုက္ခသည် အလ္လာဟ်အရှင်မြတ်၏ အမိန့်တော်ပင်ဖြစ်ပြီး အရှင်မြတ်သည် အီမာန်ယုံကြည်သူများအား (စမ်းသပ်)သိရှိတော်မူရန်ဖြစ်သည်။ وَلِيَعۡلَمَ ٱلَّذِينَ نَافَقُواْۚ وَقِيلَ لَهُمۡ تَعَالَوۡاْ قَٰتِلُواْ فِي سَبِيلِ ٱللَّهِ أَوِ ٱدۡفَعُواْۖ قَالُواْ لَوۡ نَعۡلَمُ قِتَالًا لَّٱتَّبَعۡنَٰكُمۡۗ هُمۡ لِلۡكُفۡرِ يَوۡمَئِذٍ أَقۡرَبُ مِنۡهُمۡ لِلۡإِيمَٰنِۚ يَقُولُونَ بِأَفۡوَٰهِهِم مَّا لَيۡسَ فِي قُلُوبِهِمۡۚ وَٱللَّهُ أَعۡلَمُ بِمَا يَكۡتُمُونَ ١٦٧၎င်းပြင် မွတ်စ်လင်မ် အယောင်ဆောင်သူများအား သိရှိ(ထုတ်ဖော်)တော်မူရန်လည်း ဖြစ်သည်။ ထို့ပြင် ထိုသူများအား “အသင်တို့သည် အလ္လာဟ်အရှင်မြတ်၏လမ်းတော်တွင် လာရောက်တိုက်ခိုက်ကြပါ၊ သို့မဟုတ် ခုခံကြပါ“ဟူ၍ ပြောဆိုခြင်းခံရသောအခါတွင် ထိုသူများက “အကယ်၍သာ (စနစ်ကျသော)စစ်ပွဲဖြစ်မည်ဟု ကျွန်ုပ်တို့ သိရှိ(ယူဆ)ခဲ့မည်ဆိုလျှင် အသင်တို့နှင့်အတူ လိုက်ခဲ့ကြမည် အမှန်ပင်“ဟု ပြောဆိုကြသည်။ သူတို့သည် ထို(သို့ ပြောဆိုသော)နေ့တွင် အီမာန်ယုံကြည်မှုဘက်ထက် ကုဖ်ရ်ငြင်းပယ်မှုဘက်ကို ပိုနီးကပ်သောသူများ ဖြစ်ကြသည်။* သူတို့သည် သူတို့၏စိတ်များထဲ၌ မရှိသည်များကို သူတို့၏နှုတ်များဖြင့် ပြောဆိုကြသည်။ (အကယ်၍ ထိုသို့သော စစ်ပွဲမျိုးဖြစ်မည်ဟု ၎င်းတို့ သိရှိကြလျှင်လည်း စစ်တိုက်ရန် အသင်တို့နှင့် လိုက်ကြမည် မဟုတ်ပေ။) ထို့ပြင် အလ္လာဟ်အရှင်မြတ်သည် သူတို့ ထိမ်ချန်သောအရာများကို အသိဆုံးအရှင် ဖြစ်တော်မူသည်။ ٱلَّذِينَ قَالُواْ لِإِخۡوَٰنِهِمۡ وَقَعَدُواْ لَوۡ أَطَاعُونَا مَا قُتِلُواْۗ قُلۡ فَٱدۡرَءُواْ عَنۡ أَنفُسِكُمُ ٱلۡمَوۡتَ إِن كُنتُمۡ صَٰدِقِينَ ١٦٨သူတို့သည် (သူတို့အိမ်များ၌)ထိုင်နေခဲ့ပြီး (အုဟုဒ် စစ်ပွဲတွင်ကျဆုံးခဲ့သော) သူတို့၏ညီနောင်များနှင့်ပတ်သက်၍ ဝေဖန်ပြောဆိုကြသည်၊ “အကယ်၍သာ သူတို့သည် ကျွန်ုပ်တို့(၏စကား)ကို နားထောင်ခဲ့လျှင် သတ်ဖြတ်ခြင်းခံကြရမည် မဟုတ်ပေ“။ (အို- တမန်တော်)အသင်ပြောလိုက်ပါ၊ “သို့ဖြစ်ပါက အသင်တို့သည် အမှန်ပြောဆိုသောသူများဖြစ်ကြလျှင် အသင်တို့အပေါ်တွင် ကျရောက်လာမည့် သေခြင်းတရားကို ဖယ်ရှားလိုက်ကြပါ။“ وَلَا تَحۡسَبَنَّ ٱلَّذِينَ قُتِلُواْ فِي سَبِيلِ ٱللَّهِ أَمۡوَٰتَۢاۚ بَلۡ أَحۡيَآءٌ عِندَ رَبِّهِمۡ يُرۡزَقُونَ ١٦٩ထို့ပြင် အသင်(တမန်တော်)သည် အလ္လာဟ်အရှင်မြတ်၏လမ်းတွင် အသတ်ခံရသောသူများအား သူသေများဟု လုံးဝ မထင်မှတ်လေနှင့်။* အမှန်မှာ သူတို့သည် သူတို့အား ဖန်ဆင်းမွေးမြူတော်မူသောအရှင်ထံတွင် အမှန်ပင် ရှင်နေသူများဖြစ်သည့်အပြင် (အရှင်မြတ်၏) ကျွေးမွေးတော်မူခြင်းကိုလည်း ခံကြရသည်။ فَرِحِينَ بِمَآ ءَاتَىٰهُمُ ٱللَّهُ مِن فَضۡلِهِۦ وَيَسۡتَبۡشِرُونَ بِٱلَّذِينَ لَمۡ يَلۡحَقُواْ بِهِم مِّنۡ خَلۡفِهِمۡ أَلَّا خَوۡفٌ عَلَيۡهِمۡ وَلَا هُمۡ يَحۡزَنُونَ ١٧٠သူတို့သည် အလ္လာဟ်အရှင်မြတ်က အရှင်မြတ်၏ကျေးဇူးတော်ထဲမှ သူတို့အား ပေးသနားတော်မူသောအရာများနှင့် ပျော်ရွှင်လျက်ရှိကြသည်။ ၎င်းပြင် သူတို့သည် သူတို့နှင့် မပူးပေါင်းသေးဘဲ သူတို့နောက်တွင် ကျန်ရစ်ခဲ့သောသူများနှင့် ပတ်သက်၍လည်း ပျော်ရွှင်မြူးတူးလျက်ရှိကြသည်။ အဘယ့်ကြောင့်ဆိုသော် ထို(ကျန်ရစ်ခဲ့သော)သူများအပေါ်၌လည်း စိုးရိမ်စရာမရှိပေ၊ သူတို့သည် ပူဆွေးကြရမည်လည်း မဟုတ်ကြပေ။ ۞ يَسۡتَبۡشِرُونَ بِنِعۡمَةٍ مِّنَ ٱللَّهِ وَفَضۡلٍ وَأَنَّ ٱللَّهَ لَا يُضِيعُ أَجۡرَ ٱلۡمُؤۡمِنِينَ ١٧١သူတို့သည် အလ္လာဟ်အရှင်မြတ်ထံတော်မှ စည်းစိမ်ချမ်းသာနှင့် အကျိုးကျေးဇူးများကြောင့် ဝမ်းမြောက်ဝမ်းသာ ဖြစ်ကြသည်။ ၎င်းပြင် စင်စစ် အလ္လာဟ်အရှင်မြတ်သည် အီမာန်ယုံကြည်သူများ၏အကျိုးကို အချည်းနှီးပြုလုပ်တော်မူမည် မဟုတ်သောကြောင့်လည်းဖြစ်သည်။ ٱلَّذِينَ ٱسۡتَجَابُواْ لِلَّهِ وَٱلرَّسُولِ مِنۢ بَعۡدِ مَآ أَصَابَهُمُ ٱلۡقَرۡحُۚ لِلَّذِينَ أَحۡسَنُواْ مِنۡهُمۡ وَٱتَّقَوۡاْ أَجۡرٌ عَظِيمٌ ١٧٢အကြင်သူများသည် (အုဟုဒ်စစ်ပွဲ၌) ဒဏ်ရာများရပြီးနောက် အလ္လာဟ်အရှင်မြတ်နှင့် ရစူလ်တမန်တော်၏ ဖိတ်ခေါ်ချက်ကို လက်ခံခဲ့ကြသည်။ သူတို့ထဲမှ ကောင်းသောလုပ်ရပ်များကို ပြုလုပ်ပြီး အပြစ်ရှောင်ကြဉ်ကြသောသူများအတွက် အရှင်မြတ်ထံတွင် ကြီးမားသော အကျိုးရလာဒ်ရှိမည်ဖြစ်သည်။ ٱلَّذِينَ قَالَ لَهُمُ ٱلنَّاسُ إِنَّ ٱلنَّاسَ قَدۡ جَمَعُواْ لَكُمۡ فَٱخۡشَوۡهُمۡ فَزَادَهُمۡ إِيمَٰنًا وَقَالُواْ حَسۡبُنَا ٱللَّهُ وَنِعۡمَ ٱلۡوَكِيلُ ١٧٣ထိုသူများသည် သူတို့အား လူများက ပြောဆိုကြသည်၊ “ရန်သူများသည် အမှန်ပင် အသင်တို့နှင့် တိုက်ခိုက်ရန်အတွက် (စစ်လက်နက်များ) မုချ စုဆောင်းကြပြီးဖြစ်သည်။ ထို့အတွက် အသင်တို့သည် သူတို့အား ကြောက်ကြပါ။“ သို့ဖြစ်ရာ သူတို့(လူများ)၏ပြောဆိုမှုသည် သူတို့(မွတ်စ်လင်မ်)များအား အီမာန်ယုံကြည်မှု ပိုမိုတိုးပွားစေခဲ့သည်။ ထို့ပြင် သူတို့က (ခြောက်သည်ကို မကြောက်ကြသည့်အပြင် ဤသို့)ပြောဆိုကြသည်၊ “အလ္လာဟ်အရှင်မြတ်သည် ကျွန်ုပ်တို့အတွက် လုံလောက်တော်မူပါသည်၊ ၎င်းပြင် အရှင်မြတ်သည် အကောင်းဆုံး အလွန်ယုံပုံ လွှဲအပ်ခြင်းခံထိုက်တော်မူသောအရှင် ဖြစ်တော်မူပါသည်။“ فَٱنقَلَبُواْ بِنِعۡمَةٍ مِّنَ ٱللَّهِ وَفَضۡلٍ لَّمۡ يَمۡسَسۡهُمۡ سُوٓءٌ وَٱتَّبَعُواْ رِضۡوَٰنَ ٱللَّهِۗ وَٱللَّهُ ذُو فَضۡلٍ عَظِيمٍ ١٧٤ထို့နောက် သူတို့သည်(စစ်တိုက်ရန်ထွက်ခဲ့ပြီးနောက်) မည်သည့်အန္တရာယ်မှ မထိရောက်ဘဲ အလ္လာဟ်အရှင်မြတ်ထံတော်မှ စည်းစိမ်ချမ်းသာအပြင် အပိုချီးမြှင့်သော ကျေးဇူးတော်နှင့်တကွ (သူတို့၏အိမ်များသို့) ပြန်ခဲ့ကြသည်။ ၎င်းပြင် သူတို့သည် အလ္လာဟ်အရှင်မြတ်၏ နှစ်သက်မှုနောက်ကိုလိုက်ခဲ့ကြသည်။ ထို့ပြင် အလ္လာဟ်အရှင်မြတ်သည် ကြီးကျယ်သော ကျေးဇူးတော်ရှင်ဖြစ်တော်မူသည်။ إِنَّمَا ذَٰلِكُمُ ٱلشَّيۡطَٰنُ يُخَوِّفُ أَوۡلِيَآءَهُۥ فَلَا تَخَافُوهُمۡ وَخَافُونِ إِن كُنتُم مُّؤۡمِنِينَ ١٧٥ဤသည် ရှိုင်သွာန်ပင်ဖြစ်သည်။ ထိုရှိုင်သွာန်သည် သူ၏မိတ်ဆွေများအား ခြောက်လှန့်သည်။ သို့ဖြစ်ရာ အသင်တို့သည် အီမာန်ယုံကြည်သူများဖြစ်ကြလျှင် သူတို့အား မကြောက်ဘဲ၊ ငါအရှင်မြတ်ကိုသာ ကြောက်ကြပါ။ وَلَا يَحۡزُنكَ ٱلَّذِينَ يُسَٰرِعُونَ فِي ٱلۡكُفۡرِۚ إِنَّهُمۡ لَن يَضُرُّواْ ٱللَّهَ شَيۡـًٔاۚ يُرِيدُ ٱللَّهُ أَلَّا يَجۡعَلَ لَهُمۡ حَظًّا فِي ٱلۡأٓخِرَةِۖ وَلَهُمۡ عَذَابٌ عَظِيمٌ ١٧٦ထို့ပြင် ကုဖ်ရ်(ငြင်းပယ်မှု)ထဲသို့ အမြန်ပြေးကြသူများက အသင်(တမန်တော်)အား စိတ်ဒုက္ခ မပေးစေရပေ။ အမှန်စင်စစ် သူတို့သည် အလ္လာဟ်အရှင်မြတ်အား တစ်စုံတစ်ရာ နစ်နာအောင် မည်သည့်အခါမှ လုပ်နိုင်မည်မဟုတ်ပေ။ အလ္လာဟ်အရှင်မြတ်သည် သူတို့အတွက် တမလွန်ဘဝတွင် မည်သည့်ဝေစု တစ်ခုမျှပေးရန် ရည်ရွယ်တော်မမူပေ။ ထို့ပြင် သူတို့အတွက် အလွန်ကြီးလေးသော အပြစ်ဒဏ်လည်းရှိသည်။ إِنَّ ٱلَّذِينَ ٱشۡتَرَوُاْ ٱلۡكُفۡرَ بِٱلۡإِيمَٰنِ لَن يَضُرُّواْ ٱللَّهَ شَيۡـًٔاۖ وَلَهُمۡ عَذَابٌ أَلِيمٌ ١٧٧အမှန်စင်စစ် အီမာန်ယုံကြည်မှုကိုပေး၍ ကုဖ်ရ်ငြင်းပယ်မှုအား ဝယ်ယူလိုက်သောသူများသည် အလ္လာဟ်အရှင်မြတ်အား အနည်းငယ်မျှ နစ်နာအောင် အလျဉ်းမပြုလုပ်နိုင်ကြပေ။ ထို့ပြင် သူတို့အတွက် အလွန်နာကျင်စေသော အပြစ်ဒဏ်ရှိသည်။ وَلَا يَحۡسَبَنَّ ٱلَّذِينَ كَفَرُوٓاْ أَنَّمَا نُمۡلِي لَهُمۡ خَيۡرٌ لِّأَنفُسِهِمۡۚ إِنَّمَا نُمۡلِي لَهُمۡ لِيَزۡدَادُوٓاْ إِثۡمًاۖ وَلَهُمۡ عَذَابٌ مُّهِينٌ ١٧٨ထို့ပြင် ကာဖိရ်ငြင်းပယ်သူများသည် ငါအရှင်မြတ်က (အပြစ်ဒဏ်)ဆိုင်းငံ့ထားတော်မူသည်ကို သူတို့အတွက် ကောင်းမြတ်လှသည်ဟု လုံးဝ မထင်လိုက်ကြနှင့်။ ငါအရှင်မြတ်သည် သူတို့အား ဆိုင်းငံ့ထားတော်မူသည်မှာ သူတို့(၏ သွေဖည်မှု များပြားခြင်းကြောင့်)အပြစ်များ ပိုတိုးပွားစေရန်အတွက် ဖြစ်သည်။ ထို့နောက် သူတို့အတွက် သိက္ခာကျစေသော အပြစ်ဒဏ်ရှိသည်။ مَّا كَانَ ٱللَّهُ لِيَذَرَ ٱلۡمُؤۡمِنِينَ عَلَىٰ مَآ أَنتُمۡ عَلَيۡهِ حَتَّىٰ يَمِيزَ ٱلۡخَبِيثَ مِنَ ٱلطَّيِّبِۗ وَمَا كَانَ ٱللَّهُ لِيُطۡلِعَكُمۡ عَلَى ٱلۡغَيۡبِ وَلَٰكِنَّ ٱللَّهَ يَجۡتَبِي مِن رُّسُلِهِۦ مَن يَشَآءُۖ فَـَٔامِنُواْ بِٱللَّهِ وَرُسُلِهِۦۚ وَإِن تُؤۡمِنُواْ وَتَتَّقُواْ فَلَكُمۡ أَجۡرٌ عَظِيمٌ ١٧٩အလ္လာဟ်အရှင်မြတ်သည် မသန့်စင်သောသူကို သန့်စင်သောသူနှင့် ခွဲခြားတော်မမူဘဲ အီမာန်ယုံကြည်သူများအား အသင်တို့ လက်ရှိအခြေအနေမျိုးတွင် လွှတ်ထားတော်မူမည် မဟုတ်ပေ။* ၎င်းပြင် အလ္လာဟ်အရှင်မြတ်သည် အသင်တို့ကို အကွယ်မှအရာများနှင့်စပ်လျဉ်း၍ အသိပေးတော်မူမည် မဟုတ်ပေ။* သို့ရာတွင် အလ္လာဟ်အရှင်မြတ်သည် အရှင်မြတ်၏တမန်တော်များထဲမှ အလိုရှိတော်မူသော တမန်တော်ကို ရွေးချယ်(၍ လိုအပ်သည်ကို ထုတ်ဖော်ပြသ)တော်မူသည်။ သို့ဖြစ်ရာ အသင်တို့သည် အလ္လာဟ်အရှင်မြတ်နှင့် အရှင်မြတ်၏ ရစူလ်တမန်တော်များကို ယုံကြည်ကြပါ။ ထို့ပြင် အသင်တို့သည် ယုံကြည်ပြီး ကြောက်ရွံ့အပြစ်ရှောင် ကောင်းကျိုးဆောင်ကြမည်ဆိုလျှင် အသင်တို့အတွက် ကြီးမားသော အကျိုးရလာဒ်ရှိသည်။ وَلَا يَحۡسَبَنَّ ٱلَّذِينَ يَبۡخَلُونَ بِمَآ ءَاتَىٰهُمُ ٱللَّهُ مِن فَضۡلِهِۦ هُوَ خَيۡرًا لَّهُمۖ بَلۡ هُوَ شَرٌّ لَّهُمۡۖ سَيُطَوَّقُونَ مَا بَخِلُواْ بِهِۦ يَوۡمَ ٱلۡقِيَٰمَةِۗ وَلِلَّهِ مِيرَٰثُ ٱلسَّمَٰوَٰتِ وَٱلۡأَرۡضِۗ وَٱللَّهُ بِمَا تَعۡمَلُونَ خَبِيرٌ ١٨٠ထို့ပြင် အလ္လာဟ်အရှင်မြတ်သည် အရှင်မြတ်၏ကျေးဇူးတော်နှင့် ပေးသနားထားသောအရာ(ပစ္စည်းဥစ္စာ)များနှင့် ပတ်သက်၍ စေးနှဲတွန့်တိုသောသူများသည် ထိုကဲ့သို့(စေးနှဲတွန့်တိုခြင်း)သည် သူတို့အတွက်ကောင်းသည်ဟု လုံးဝ မထင်မှတ်ကြနှင့်၊ အမှန်မှာ ထိုအရာများသည် သူတို့အတွက် ဆိုးရွားလှသည်။ မကြာမီ သူတို့သည် ရှင်ပြန်ထမည့်နေ့တွင် သူတို့ စေးနှဲတွန့်တို(၍ စုဆောင်း)ခဲ့သော ပစ္စည်းများနှင့် လည်ပင်းတွင် ကွင်းစွပ်ခြင်းခံကြရမည်ဖြစ်သည်။* ထို့ပြင် ကောင်းကင်များနှင့် ကမာ္ဘမြေတွင် ရှိသမျှအမွေများသည် အလ္လာဟ်အရှင်မြတ်အတွက်ပင်ဖြစ်သည်။* ထို့ပြင် အလ္လာဟ်အရှင်မြတ် အသင်တို့ပြုလုပ်သမျှကို အကြွင်းမဲ့ကြားသိတော်မူသောအရှင် ဖြစ်တော်မူသည်။ لَّقَدۡ سَمِعَ ٱللَّهُ قَوۡلَ ٱلَّذِينَ قَالُوٓاْ إِنَّ ٱللَّهَ فَقِيرٌ وَنَحۡنُ أَغۡنِيَآءُۘ سَنَكۡتُبُ مَا قَالُواْ وَقَتۡلَهُمُ ٱلۡأَنۢبِيَآءَ بِغَيۡرِ حَقٍّ وَنَقُولُ ذُوقُواْ عَذَابَ ٱلۡحَرِيقِ ١٨١အလ္လာဟ်အရှင်မြတ်သည် အကြင်သူများ၏ ပြောစကားကို အမှန်ပင် ကြားတော်မူခဲ့သည်။ (အလ္လာဟ်အရှင်မြတ်အား မည်သူသည် ကောင်းမြတ်သောကြွေးချေးမည်နည်းဟု အရှင်မြတ်က မိန့်တော်မူသည့်အခါ) ထိုသူ(ယဟူဒီ)များက ပြောကြသည်၊ “အလ္လာဟ်အရှင်မြတ်သည် အမှန်ပင် ဆင်းရဲတော်မူသောအရှင်ဖြစ်တော်မူ၍ ကျွန်ုပ်တို့သည် ချမ်းသာသူများဖြစ်ကြပါသည်။“ ငါအရှင်မြတ်သည် သူတို့ပြောဆိုသောအရာနှင့် တမန်တော်များအား သူတို့၏ မတရားသတ်ဖြတ်မှုကို ရေးမှတ်တော်မူမည်။ ထို့နောက် ငါအရှင်မြတ်သည် မိန့်ကြားတော်မူမည်၊ “အသင်တို့သည် ဟုန်းဟုန်းတောက်သော ငရဲမီးအပြစ်ဒဏ်၏အရသာကို မြည်းစမ်းလိုက်ကြပေတော့“။ ذَٰلِكَ بِمَا قَدَّمَتۡ أَيۡدِيكُمۡ وَأَنَّ ٱللَّهَ لَيۡسَ بِظَلَّامٍ لِّلۡعَبِيدِ ١٨٢ဤသည် အသင်တို့လက်များက ကြိုတင်ပို့ထားသောအရာ (မကောင်းမှု)များကြောင့်ဖြစ်သည်။ ထို့ပြင် အလ္လာဟ်အရှင်မြတ်သည် (အရှင်မြတ် ဖန်ဆင်းထားသော)ကျွန်များအပေါ် အမှန်စင်စစ် မတရားနှိပ်စက်တော်မူသောအရှင် မဟုတ်ပေ။ ٱلَّذِينَ قَالُوٓاْ إِنَّ ٱللَّهَ عَهِدَ إِلَيۡنَآ أَلَّا نُؤۡمِنَ لِرَسُولٍ حَتَّىٰ يَأۡتِيَنَا بِقُرۡبَانٍ تَأۡكُلُهُ ٱلنَّارُۗ قُلۡ قَدۡ جَآءَكُمۡ رُسُلٌ مِّن قَبۡلِي بِٱلۡبَيِّنَٰتِ وَبِٱلَّذِي قُلۡتُمۡ فَلِمَ قَتَلۡتُمُوهُمۡ إِن كُنتُمۡ صَٰدِقِينَ ١٨٣(ထို ယဟူဒီများသည် အကြင်သူများဖြစ်ကြသည်။) ၎င်းတို့က ပြောကြသည်၊ မီး(က ဖမ်းယူ)စားလိုက်သော လှူဖွယ်ပစ္စည်း တစ်စုံတစ်ခုကို* ကျွန်ုပ်တို့ထံ မယူလာသမျှ မည်သည့်တမန်တော်ကိုမှ မယုံကြည်ကြရဟု အမှန်ပင် အလ္လာဟ်အရှင်မြတ်သည်က ကျွန်ုပ်တို့အား အမိန့်ပေးထားတော်မူသည်။“ (အို- တမန်တော်)အသင်ပြောလိုက်ပါ၊ “အသင်တို့သည် အမှန်ပြောသူများဖြစ်ကြပါလျှင် ကျွန်ုပ်၏မတိုင်မီ တမန်တော်အမြောက်မြားသည် တန်ခိုးတော်များနှင့်တကွ အသင်တို့ပြောသောအချက်ပါ ယူဆောင်လာခဲ့ကြသည်။ သို့ပါလျက်နှင့် အဘယ့်ကြောင့် အသင်တို့သည် ထိုတမန်တော်များကို သတ်ဖြတ်ခဲ့ကြသနည်း။“ فَإِن كَذَّبُوكَ فَقَدۡ كُذِّبَ رُسُلٌ مِّن قَبۡلِكَ جَآءُو بِٱلۡبَيِّنَٰتِ وَٱلزُّبُرِ وَٱلۡكِتَٰبِ ٱلۡمُنِيرِ ١٨٤၎င်းပြင် အကယ်၍ သူတို့က အသင်(တမန်တော့်)အား လိမ်လည်ပြောဆိုသူဟု စွပ်စွဲကြလျှင် အသင်၏မတိုင်မီ တမန်တော်များသည်လည်း လိမ်လည်ပြောဆိုသူများဟု စွပ်စွဲပြောဆိုခြင်းခံခဲ့ကြရသည်ပင်။ ထိုတမန်တော်များသည် ထင်ရှားသော သက်သေသာဓကများ၊ ကျမ်းငယ်များနှင့် (အမှန်တရားကို) လင်းဝင်း(ထင်ရှား)စေသောကျမ်းကြီးကိုပင် ယူဆောင်လာခဲ့ကြသည်။ كُلُّ نَفۡسٍ ذَآئِقَةُ ٱلۡمَوۡتِۗ وَإِنَّمَا تُوَفَّوۡنَ أُجُورَكُمۡ يَوۡمَ ٱلۡقِيَٰمَةِۖ فَمَن زُحۡزِحَ عَنِ ٱلنَّارِ وَأُدۡخِلَ ٱلۡجَنَّةَ فَقَدۡ فَازَۗ وَمَا ٱلۡحَيَوٰةُ ٱلدُّنۡيَآ إِلَّا مَتَٰعُ ٱلۡغُرُورِ ١٨٥သက်ရှိသတ္တဝါတိုင်းသည် သေခြင်း၏အရသာကို မြည်းစမ်းကြရမည်။ ၎င်းပြင် အသင်တို့သည် ကိယာမသ်ရှင်ပြန်ထမည့်နေ့တွင် အသင်တို့၏အကျိုးရလာဒ်များကို ပြည့်ဝစွာ ပေးဆပ်ခြင်းခံကြရမည်။ ထို့နောက် အကြင်သူသည် ငရဲမီးဘေးမှ ဖယ်ရှားခံရပြီး ဂျန္နသ်သုခဘုံကို ဝင်ရောက်စေခြင်းခံရလျှင် ထိုသူပင် အမှန်စင်စစ် အောင်မြင်သောသူဖြစ်သည်။ ထို့ပြင် လောကီသက်တမ်းသည် ထင်ယောင်ထင်မှားဖြစ်စေသော ပစ္စည်းများသာဖြစ်သည်။ ۞ لَتُبۡلَوُنَّ فِيٓ أَمۡوَٰلِكُمۡ وَأَنفُسِكُمۡ وَلَتَسۡمَعُنَّ مِنَ ٱلَّذِينَ أُوتُواْ ٱلۡكِتَٰبَ مِن قَبۡلِكُمۡ وَمِنَ ٱلَّذِينَ أَشۡرَكُوٓاْ أَذًى كَثِيرًاۚ وَإِن تَصۡبِرُواْ وَتَتَّقُواْ فَإِنَّ ذَٰلِكَ مِنۡ عَزۡمِ ٱلۡأُمُورِ ١٨٦အမှန်စင်စစ် အသင်တို့သည် အသင်တို့၏ပစ္စည်းဥစ္စာများနှင့် အသင်တို့၏အသက် ဝိညာဉ်များတွင် စမ်းသပ်ခံကြရမည်။ ထို့ပြင် အမှန်စင်စစ် အသင်တို့သည် အသင်တို့မီ ကျမ်းရသူများနှင့် တွဲဖက်ကိုးကွယ်သူများထံမှ မြောက်မြားစွာသော စိတ်ထိခိုက်စရာများကို ကြားကြရမည်။ ၎င်းပြင် အကယ်၍ အသင်တို့သည် သည်းခံပြီး ကြောက်ရွံ့အပြစ်ရှောင် ကောင်းကျိုးဆောင်ကြမည်ဆိုလျှင် အမှန်စင်စစ် ထိုအရာသည် အလွန်ဇွဲသတ္တိရှိသောကိစ္စများထဲမှ ဖြစ်သည်။ وَإِذۡ أَخَذَ ٱللَّهُ مِيثَٰقَ ٱلَّذِينَ أُوتُواْ ٱلۡكِتَٰبَ لَتُبَيِّنُنَّهُۥ لِلنَّاسِ وَلَا تَكۡتُمُونَهُۥ فَنَبَذُوهُ وَرَآءَ ظُهُورِهِمۡ وَٱشۡتَرَوۡاْ بِهِۦ ثَمَنًا قَلِيلًاۖ فَبِئۡسَ مَا يَشۡتَرُونَ ١٨٧ထို့ပြင် တစ်ခါက အလ္လာဟ်အရှင်မြတ်သည် ကျမ်းဂန်ချီးမြှင့်ခြင်းခံခဲ့ရသောသူများထံမှ (ဤသို့)ကတိသစ္စာရယူတော်မူခဲ့သည်၊ “အမှန်စင်စစ် အသင်တို့သည် ထိုကျမ်းဂန်ထဲမှအရာများကို မထိမ်ချန်ဘဲ လူသားများအတွက် ရှင်းလင်းပြောပြကြရမည်။“ (သို့ပါလျက်)ထို့နောက်လည်း သူတို့သည် ထိုကျမ်းဂန်ကို သူတို့၏နောက်၌ပင် ပစ်ထားခဲ့ကြသည်။ ထို့ပြင် ထိုကျမ်းဂန်ထဲရှိသည်များကို အဖိုးအခ အနည်းငယ်နှင့် ရောင်းစားခဲ့ကြသည်။ (လောကီအကျိုးရယူ၍ အရှင်မြတ်၏အမိန့်တော်များကို ထိမ်ချန်ထားခြင်းဖြစ်သည်။) သိုု့ဖြစ်ရာ သူတို့လဲလှယ်ဝယ်ယူလိုက်ကြသော အဖိုးအခသည် အဘယ်မျှ ယုတ်ညံ့သိမ်ဖျင်းလိုက်လေသနည်း။ لَا تَحۡسَبَنَّ ٱلَّذِينَ يَفۡرَحُونَ بِمَآ أَتَواْ وَّيُحِبُّونَ أَن يُحۡمَدُواْ بِمَا لَمۡ يَفۡعَلُواْ فَلَا تَحۡسَبَنَّهُم بِمَفَازَةٍ مِّنَ ٱلۡعَذَابِۖ وَلَهُمۡ عَذَابٌ أَلِيمٌ ١٨٨အသင်(တမန်တော်)လုံးဝ မထင်မှတ်လေနှင့်၊ အကြင်သူများသည် သူတို့ပြုလုပ်သောအရာများနှင့် ပျော်မွေ့နေကြသည်။ ၎င်းပြင် သူတို့သည် သူတို့မပြုခဲ့ကြသော (ကောင်းသော)ကိစ္စများနှင့်ပတ်သက်၍ ချီးမွမ်းခံလိုကြသည်။ သို့ဖြစ်ရာ အသင်သည် သူတို့ကို (ဤဘဝ၏)အပြစ်ဒဏ်မှ လွတ်မြောက်ကြလိမ့်မည်ဟု လုံးဝ မထင်နှင့်။ ထို့ပြင် သူတို့အတွက် (တမလွန်ဘဝ၌လည်း) ပြင်းပြနာကျင်စေသော အပြစ်ဒဏ်ရှိသည်။ وَلِلَّهِ مُلۡكُ ٱلسَّمَٰوَٰتِ وَٱلۡأَرۡضِۗ وَٱللَّهُ عَلَىٰ كُلِّ شَيۡءٍ قَدِيرٌ ١٨٩ထို့ပြင် ကောင်းကင်များနှင့် မြေပထဝီ၏ စိုးမိုးအုပ်ချုပ်မှုသည် အလ္လာဟ်အရှင်မြတ်အတွက်ပင် ဖြစ်သည်။ ထို့ပြင် အလ္လာဟ်အရှင်မြတ်သည် အရာအားလုံးအပေါ်တွင် အလွန်တတ်စွမ်းနိုင်တော်မူသော အရှင်ဖြစ်တော်မူသည်။ إِنَّ فِي خَلۡقِ ٱلسَّمَٰوَٰتِ وَٱلۡأَرۡضِ وَٱخۡتِلَٰفِ ٱلَّيۡلِ وَٱلنَّهَارِ لَأٓيَٰتٍ لِّأُوْلِي ٱلۡأَلۡبَٰبِ ١٩٠အမှန်စင်စစ် ကောင်းကင်များနှင့် ပထဝီမြေများ၏ ဖန်ဆင်းခြင်းတွင်လည်းကောင်း၊ ညနှင့်နေ့၏ အပြောင်းအလဲများတွင်လည်းကောင်း၊ ဉာဏ်ရှင်များအတွက် အမှန်ပင် သက်သေလက္ခဏာများရှိသည်။ ٱلَّذِينَ يَذۡكُرُونَ ٱللَّهَ قِيَٰمًا وَقُعُودًا وَعَلَىٰ جُنُوبِهِمۡ وَيَتَفَكَّرُونَ فِي خَلۡقِ ٱلسَّمَٰوَٰتِ وَٱلۡأَرۡضِ رَبَّنَا مَا خَلَقۡتَ هَٰذَا بَٰطِلًا سُبۡحَٰنَكَ فَقِنَا عَذَابَ ٱلنَّارِ ١٩١ထိုဉာဏ်ရှင်များသည် အလ္လာဟ်အရှင်မြတ်အား ရပ်လျက်ဖြစ်စေ၊ ထိုင်လျက်ဖြစ်စေ၊ လဲလျောင်းလျက်ဖြစ်စေ သတိရ တသကြသည်။ ထို့ပြင် သူတို့သည် ကောင်းကင်များနှင့် ကမာ္ဘမြေကို ဖန်ဆင်းခြင်းတွင် စဉ်းစားဆင်ခြင်ကြပြီး* (ဤသို့) ပြောဆိုတောင်းခံကြသည်၊ အို- ကျွန်ုပ်တို့အား ဖန်ဆင်းမွေးမြူတော်မူသောအရှင်၊ အရှင်မြတ်သည် ဤသည်များကို အချည်းအနှီးဖန်ဆင်းတော်မူသည် မဟုတ်ပါ။ အရှင်မြတ်သည် ချို့တဲ့မှုဟူသမျှမှ ကင်းစင်တော်မူပါသည်။ သို့ဖြစ်ရာ အရှင်မြတ်သည် ကျွန်ုပ်တို့အား ငရဲမီး၏ပြစ်ဒဏ်မှ ဖယ်ရှားတော်မူပါ။ رَبَّنَآ إِنَّكَ مَن تُدۡخِلِ ٱلنَّارَ فَقَدۡ أَخۡزَيۡتَهُۥۖ وَمَا لِلظَّٰلِمِينَ مِنۡ أَنصَارٍ ١٩٢အို- ကျွန်ုပ်တို့အား ဖန်ဆင်းမွေးမြူတော်မူသောအရှင်၊ အမှန်စင်စစ် အရှင်မြတ်သည် မည်သူ့ကိုမဆို ငရဲမီးထဲ ထည့်သွင်းတော်မူလိုက်လျှင် အရှင်မြတ်သည် ထိုသူ့အား အမှန်စင်စစ် သေးသိမ်အောင်လုပ်လိုက်သည်ပင် ဖြစ်ပါသည်။ ထို့ပြင် မတရားကျူးလွန်သူများအတွက် ကူညီမည့်သူဟူ၍လည်း မည်သူမှမရှိပါ။ رَّبَّنَآ إِنَّنَا سَمِعۡنَا مُنَادِيًا يُنَادِي لِلۡإِيمَٰنِ أَنۡ ءَامِنُواْ بِرَبِّكُمۡ فَـَٔامَنَّاۚ رَبَّنَا فَٱغۡفِرۡ لَنَا ذُنُوبَنَا وَكَفِّرۡ عَنَّا سَيِّـَٔاتِنَا وَتَوَفَّنَا مَعَ ٱلۡأَبۡرَارِ ١٩٣အို- ကျွန်ုပ်တို့အား ဖန်ဆင်းမွေးမြူတော်မူသောအရှင်၊ အမှန်စင်စစ် ကျွန်ုပ်တို့သည် ဟစ်ခေါ်သူတစ်ဦး* (၏ဟစ်ခေါ်သံ)ကိုကြားကြပါသည်။ ထိုသူသည် (လူများအား) အီမာန်ယုံကြည်ကြရန် ဖိတ်ခေါ်နေပါသည်၊ “အသင်တို့သည် အသင်တို့အား ဖန်ဆင်းမွေးမြူတော်မူသောအရှင်ကို ယုံကြည်ကြပါ။“ ထို့ကြောင့် ကျွန်ုပ်တို့သည် အရှင်မြတ်ကို ယုံကြည်ကြပြီးဖြစ်ပါသည်။ အို- ကျွန်ုပ်တို့အား ဖန်ဆင်းမွေးမြူတော်မူသောအရှင်၊ သို့ဖြစ်ရာ အရှင်မြတ်သည် ကျွန်ုပ်တို့၏အပြစ်များကို ခွင့်လွှတ်တော်မူပါ။ ထို့ပြင် အရှင်မြတ်သည် ကျွန်ုပ်တို့၏ မကောင်းမှုများကိုလည်း ကျွန်ုပ်တို့ထံမှ ပပျောက်စေတော်မူပါ။ ထို့ပြင် အရှင်မြတ်သည် ကျွန်ုပ်တို့အား သူမွန်သူမြတ်တို့နှင့်အတူတကွ သေဆုံးစေတော်မူပါ။ رَبَّنَا وَءَاتِنَا مَا وَعَدتَّنَا عَلَىٰ رُسُلِكَ وَلَا تُخۡزِنَا يَوۡمَ ٱلۡقِيَٰمَةِۖ إِنَّكَ لَا تُخۡلِفُ ٱلۡمِيعَادَ ١٩٤အို- ကျွန်ုပ်တို့အား ဖန်ဆင်းမွေးမြူတော်မူသောအရှင်၊ အရှင်မြတ်သည် အရှင်မြတ်၏ တမန်တော်များမှတဆင့် ကျွန်ုပ်တို့အား ကတိပြုတော်မူခဲ့သောအရာများကိုလည်း ကျွန်ုပ်တို့အား ပေးသနားတော်မူပါ။ ထို့ပြင် အရှင်မြတ်သည် ကျွန်ုပ်တို့အား ကိယာမသ်ရှင်ပြန်ထမည့်နေ့တွင် သေးသိမ်အောင်ပြုတော်မမူပါနှင့်။ အမှန်စင်စစ် အရှင်မြတ်သည် ကတိဖျက်တော်မမူပါ။ فَٱسۡتَجَابَ لَهُمۡ رَبُّهُمۡ أَنِّي لَآ أُضِيعُ عَمَلَ عَٰمِلٍ مِّنكُم مِّن ذَكَرٍ أَوۡ أُنثَىٰۖ بَعۡضُكُم مِّنۢ بَعۡضٍۖ فَٱلَّذِينَ هَاجَرُواْ وَأُخۡرِجُواْ مِن دِيَٰرِهِمۡ وَأُوذُواْ فِي سَبِيلِي وَقَٰتَلُواْ وَقُتِلُواْ لَأُكَفِّرَنَّ عَنۡهُمۡ سَيِّـَٔاتِهِمۡ وَلَأُدۡخِلَنَّهُمۡ جَنَّٰتٍ تَجۡرِي مِن تَحۡتِهَا ٱلۡأَنۡهَٰرُ ثَوَابًا مِّنۡ عِندِ ٱللَّهِۚ وَٱللَّهُ عِندَهُۥ حُسۡنُ ٱلثَّوَابِ ١٩٥သို့ဖြစ်ရာ သူတို့အား ဖန်ဆင်းမွေးမြူတော်မူသောအရှင်သည် သူတို့၏ဒိုအာတောင်းခံမှုကို လက်ခံတော်မူလိုက်သည်။ အမှန်စင်စစ် ငါအရှင်မြတ်သည် အသင်တို့ထဲမှ မည်သူပြုသော ကောင်မှုကိုမှ အချည်းအနှီးဖြစ်စေတော်မမူပေ။ ထိုကောင်းမှုပြုသူသည် ယောက်ျားဖြစ်စေ၊ မိန်းမဖြစ်စေ၊ အသင်တို့၏အချို့သည် ချို့ထဲမှ (ဖြစ်သည့်အတွက် ကောင်းကျိုး၊ ဆိုးကျိုးပေးရာတွင်လည်း တန်းတူပင်)ဖြစ်သည်။*၎င်းပြင် အကြင်သူများသည် (သာသနာအတွက် သူတို့၏အိုးအိမ်များမှ) ဟိဂျ်ရသ်ပြုလုပ်စွန့်ခွာခဲ့ကြသည်။ ထို့ပြင် သူတို့၏နေအိမ်များမှ နှင်ထုတ်ခြင်းလည်း ခံခဲ့ကြရသည်။ ထို့ပြင် ငါအရှင်၏လမ်းတော်တွင် ဒုုက္ခပေးခြင်းကိုလည်း ခံခဲ့ကြရသည်။ ထို့ပြင် (အရှင်မြတ်၏လမ်းတွင်) စစ်တိုက်ခဲ့ကြပြီး သတ်ဖြတ်ခြင်းလည်းခံခဲ့ကြရသည်။ ငါအရှင်မြတ်သည် ထိုသူများ၏ မကောင်းမှုများကို သူတို့ထံမှ အမှန်ပင် ဖယ်ရှားပေးတော်မူမည်။ ၎င်းပြင် ငါအရှင်သည် သူတို့အား အကြင်ဥယျာဉ်များထဲသို့ အမှန်ပင် ဝင်ရောက်စေတော်မူမည်။ ထိုဥယျာဉ်များအောက်မှ စမ်းရေချောင်းများ စီးဆင်းနေသည်။ (ဤသည်) အလ္လာဟ်အရှင်မြတ်ထံတော်မှ ရရှိမည့် အကျိုးရလာဒ်ဖြစ်သည်။ ထို့ပြင် ကောင်းမြတ်သောအကျိုးရလာဒ်သည် အလ္လာဟ်အရှင်မြတ်ထံ၌ပင်ရှိသည်။ لَا يَغُرَّنَّكَ تَقَلُّبُ ٱلَّذِينَ كَفَرُواْ فِي ٱلۡبِلَٰدِ ١٩٦မြို့ရွာများတွင် ကာဖိရ်များ၏ (လွတ်လပ်စွာ စိတ်ကြိုက်)သွားလာ(နိုင်)ခြင်းသည် အသင်(တမန်တော့်)အား အထင်အမြင် မမှားစေနှင့်။ مَتَٰعٌ قَلِيلٌ ثُمَّ مَأۡوَىٰهُمۡ جَهَنَّمُۖ وَبِئۡسَ ٱلۡمِهَادُ ١٩٧(ထိုအရာများသည်) ခေတ္တအနည်းငယ် အကျိုးခံစားမှုသာဖြစ်သည်။ ထို့နောက် သူတို့၏(ပြန်လှည့်ရာ)စခန်းသည် ဂျဟန္နမ်ငရဲဘုံပင်ဖြစ်မည်။ ၎င်းပြင် ထိုငရဲဘုံသည် အဘယ်မျှ ဆိုးဝါးသောနေရာဖြစ်လိုက်သနည်း။ لَٰكِنِ ٱلَّذِينَ ٱتَّقَوۡاْ رَبَّهُمۡ لَهُمۡ جَنَّٰتٌ تَجۡرِي مِن تَحۡتِهَا ٱلۡأَنۡهَٰرُ خَٰلِدِينَ فِيهَا نُزُلًا مِّنۡ عِندِ ٱللَّهِۗ وَمَا عِندَ ٱللَّهِ خَيۡرٌ لِّلۡأَبۡرَارِ ١٩٨သို့ရာတွင် အကြင်သူများသည် သူတို့ကို ဖန်ဆင်းမွေးမြူတော်မူသောအရှင်ကို ကြောက်ရွံ့အပြစ်ရှောင် ကောင်းကျိုးဆောင်ကြသည်၊ ထိုသူများအတွက် အကြင်ဥယျာဉ်များရှိမည်။ ထိုဥယျာဉ်များအောက်မှ စမ်းရေချောင်းများ စီးဆင်းနေသည်။ သူတို့သည် ထိုဥယျာဉ်များထဲတွင် အမြဲနေထိုင်ကြရမည်။ (ဤသည်) အလ္လာဟ်အရှင်မြတ်ထံတော်မှ ဧည့်ခံခြင်းဖြစ်သည်။ وَإِنَّ مِنۡ أَهۡلِ ٱلۡكِتَٰبِ لَمَن يُؤۡمِنُ بِٱللَّهِ وَمَآ أُنزِلَ إِلَيۡكُمۡ وَمَآ أُنزِلَ إِلَيۡهِمۡ خَٰشِعِينَ لِلَّهِ لَا يَشۡتَرُونَ بِـَٔايَٰتِ ٱللَّهِ ثَمَنًا قَلِيلًاۚ أُوْلَٰٓئِكَ لَهُمۡ أَجۡرُهُمۡ عِندَ رَبِّهِمۡۗ إِنَّ ٱللَّهَ سَرِيعُ ٱلۡحِسَابِ ١٩٩ထို့ပြင် အမှန်စင်စစ် ကျမ်းရသူများထဲတွင် အလ္လာဟ်အရှင်မြတ်အား အမှန်ပင် ယုံကြည်သူများလည်းရှိသည်။ ၎င်းပြင် သူတို့သည် အသင်တို့အပေါ်၌ ချပေးခြင်းခံရသောအရာ(ကျမ်းဂန်)နှင့်၊ သူတို့အပေါ် ချပေးခြင်းခံရသောအရာ(ကျမ်းဂန်)ကို ယုံကြည်ကြသည်။ သူတို့သည် အလ္လာဟ်အရှင်မြတ်၏ရှေ့တွင် ကြောက်ရွံ့ရိုးကျိုးလျက်ရှိကြသည်။ သူတို့သည် အလ္လာဟ်အရှင်မြတ်၏(နောက်ဆုံး တမန်တော်ပွင့်ပေါ်မည့်အကြောင်းပါရှိသော) အာယသ်တော်များကို အဖိုးအခ အနည်းငယ်ဖြင့် (ခေါင်းဆောင်မှု ကျဆုံးသွားမည်ကို စိုးရိမ်မှုဖြင့်)ရောင်းဝယ်ခြင်း (ထိမ်ချန်ထားခြင်း) မပြုကြပေ။ (ထိုသူများပင်၊ သူတို့အတွက် သူတို့၏အကျိုးရလာဒ်သည် သူတို့အား ဖန်ဆင်းမွေးမြူတော်မူသောအရှင်မြတ်ထံတွင်ရှိသည်။ အမှန်စင်စစ် အလ္လာဟ်အရှင်မြတ်သည် အလွန်လျင်မြန်စွာ စာရင်းစစ်ဆေးတော်မူသောအရှင် ဖြစ်တော်မူသည်။) يَٰٓأَيُّهَا ٱلَّذِينَ ءَامَنُواْ ٱصۡبِرُواْ وَصَابِرُواْ وَرَابِطُواْ وَٱتَّقُواْ ٱللَّهَ لَعَلَّكُمۡ تُفۡلِحُونَ ٢٠٠အို- အီမာန်ယုံကြည်သူအပေါင်းတို့၊ အသင်တို့သည် သည်းခံကြပါ။ ၎င်းပြင် အသင်တို့သည် ခိုင်မြဲစွာရပ်တည်ကြပါ။ ၎င်းပြင် အသင်တို့သည် (ရန်သူမှ ကာကွယ်ရန်) အသင့်ပြင်ဆင်ထားကြပါ။* ထို့ပြင် အသင်တို့သည် အလ္လာဟ်အရှင်မြတ်အား ကြောက်ရွံ့အပြစ်ရှောင် ကောင်းကျိုးဆောင်ကြပါ။