ملة الإسلام

السورة 4 · 176 آية · Hashim Tin Myint

سورة النساء باللغة البورمية

السورة بالعربية مع التفسير استمع إلى سورة النساء (1,273 قارئاً)
مدنيةسورة النساء١٧٦ آية

بِسۡمِ ٱللَّهِ ٱلرَّحۡمَٰنِ ٱلرَّحِيمِ

يَٰٓأَيُّهَا ٱلنَّاسُ ٱتَّقُواْ رَبَّكُمُ ٱلَّذِي خَلَقَكُم مِّن نَّفۡسٍ وَٰحِدَةٍ وَخَلَقَ مِنۡهَا زَوۡجَهَا وَبَثَّ مِنۡهُمَا رِجَالًا كَثِيرًا وَنِسَآءًۚ وَٱتَّقُواْ ٱللَّهَ ٱلَّذِي تَسَآءَلُونَ بِهِۦ وَٱلۡأَرۡحَامَۚ إِنَّ ٱللَّهَ كَانَ عَلَيۡكُمۡ رَقِيبًا ١အို- လူသားအ‌ပေါင်းတို့၊ အသင်တို့သည် အသင်တို့အား ဖန်ဆင်း‌မွေးမြူ‌တော်မူ‌သော အရှင်မြတ်ကို ‌ကြောက်ကြပါ။ ထိုအရှင်မြတ်သည် အသင်တို့ကို အသက်တစ်‌ချောင်းတည်းမှ ဖန်ဆင်း‌တော်မူခဲ့သည်။* ထို့ပြင် အရှင်မြတ်သည် ထိုအသက်တစ်‌ချောင်းတည်းမှပင် သူ၏ဇနီးကြင်ရာကိုလည်း ဖန်ဆင်း‌တော်မူခဲ့သည်။* ၎င်းပြင် ထိုနှစ်ဦးမှ များစွာ‌သော ‌ယောက်ျားများနှင့် မိန်းမများကို ပြန့်ပွား‌စေ‌တော်မူခဲ့သည်။ ထို့ပြင် အသင်တို့သည် အလ္လာဟ်အရှင်မြတ်အား ‌ကြောက်ကြပါ။ ထိုအရှင်ကိုအ‌ကြောင်းပြုပြီး အသင်တို့သည် အသင်တို့အချင်းချင်း(၏ အခွင့်အ‌ရေးများကို) ‌တောင်းဆိုကြသည်။ ၎င်းပြင် အသင်တို့သည် ‌ဆွေမျိုးသားချင်းများ(၏ အခွင့်အ‌ရေးများကို မ‌ပေးဘဲ‌နေခြင်း)မှလည်း ‌ရှောင်ကြဉ်ကြပါ။* အမှန်စင်စစ် အလ္လာဟ်အရှင်မြတ်သည် အသင်တို့အ‌ပေါ်တွင် အလွန်‌စောင့်ကြပ်အုပ်ထိန်း‌တော်မူ‌သောအရှင် ဖြစ်‌တော်မူသည်။ وَءَاتُواْ ٱلۡيَتَٰمَىٰٓ أَمۡوَٰلَهُمۡۖ وَلَا تَتَبَدَّلُواْ ٱلۡخَبِيثَ بِٱلطَّيِّبِۖ وَلَا تَأۡكُلُوٓاْ أَمۡوَٰلَهُمۡ إِلَىٰٓ أَمۡوَٰلِكُمۡۚ إِنَّهُۥ كَانَ حُوبًا كَبِيرًا ٢ထို့ပြင် အသင်တို့သည် အဘမဲ့က‌လေးများအား သူတို့၏ပစ္စည်းများကို ‌ပေးကြပါ။* ထို့ပြင် အသင်တို့သည် (အသင်တို့၏ပစ္စည်း)အညံ့ကို (အဘမဲ့က‌လေးများ၏ပစ္စည်း)အ‌ကောင်းနှင့် မလဲလှယ်ကြနှင့်။ ၎င်းပြင် အသင်တို့သည် အဘမဲ့က‌လေးများ၏ပစ္စည်းဥစ္စာများကို အသင်တို့၏ပစ္စည်းဥစ္စာများနှင့် ‌ရော‌နှောမစားသုံးကြနှင့်။ ထိုကဲ့သို့ပြုလုပ်ခြင်းသည် ကြီးမား‌သောအပြစ်ဖြစ်သည်။ وَإِنۡ خِفۡتُمۡ أَلَّا تُقۡسِطُواْ فِي ٱلۡيَتَٰمَىٰ فَٱنكِحُواْ مَا طَابَ لَكُم مِّنَ ٱلنِّسَآءِ مَثۡنَىٰ وَثُلَٰثَ وَرُبَٰعَۖ فَإِنۡ خِفۡتُمۡ أَلَّا تَعۡدِلُواْ فَوَٰحِدَةً أَوۡ مَا مَلَكَتۡ أَيۡمَٰنُكُمۡۚ ذَٰلِكَ أَدۡنَىٰٓ أَلَّا تَعُولُواْ ٣ထို့ပြင် အကယ်၍ အသင်တို့သည် အဘမဲ့မိန်းက‌လေးများနှင့် (ထိမ်းမြားရာတွင် ထိုမိန်းက‌လေးများ၏ အခွင့်အ‌ရေးများနှင့်)ပတ်သက်၍ တရားမျှတ‌အောင်ပြုလုပ်နိုင်မည် မဟုတ်ဟု စိုးရိမ်ရလျှင် (ထိုမိန်းက‌လေးများနှင့် မထိမ်းမြားကြနှင့်) အသင်တို့ကြိုက်နှစ်သက်‌သော (အခြား)အမျိုးသမီးများထဲမှ (‌ယောက်ျားတစ်ဦးကို) မိန်းမနှစ်‌ယောက်ဖြစ်‌စေ၊ သုံး‌ယောက်ဖြစ်‌စေ၊ ‌လေး‌ယောက်ဖြစ်‌စေ (၎င်းတို့)နှင့် ထိမ်းမြားကြပါ။ ထို့‌နောက် အကယ်၍ အသင်တို့သည် (မိန်းမတစ်ဦးထက်ပို၍ ထိမ်းမြားရာ၌) တရားမမျှတနိုင်မည်ကို စိုးရိမ်ရလျှင် (ဇနီးမိန်းမ)တစ်ဦးတည်းနှင့်သာ(‌နေရမည်)။ သို့မဟုတ်(တရား‌တော်နှင့်အညီ) အသင်တို့ လက်‌အောက်၌ပိုင်ဆိုင်‌သော ကျွန်မများနှင့်သာ ‌နေကြရမည်။ ဤသည် အသင်တို့ စည်းကမ်းမကျူးလွန်ကြရန် အနီးစပ်ဆုံး(အသင့်‌တော်ဆုံး)ဖြစ်သည်။ وَءَاتُواْ ٱلنِّسَآءَ صَدُقَٰتِهِنَّ نِحۡلَةًۚ فَإِن طِبۡنَ لَكُمۡ عَن شَيۡءٍ مِّنۡهُ نَفۡسًا فَكُلُوهُ هَنِيٓـًٔا مَّرِيٓـًٔا ٤ထို့ပြင် အသင်တို့သည် (အသင်တို့၏)ဇနီးမိန်းမများအား သူတို့၏(ထိမ်းမြားရန် သ‌ဘောတူထား‌သော)မဟရ်ပစ္စည်းကို ကြည်ဖြူစွာ‌ပေးကြပါ။* ၎င်းပြင် အကယ်၍ ထိုဇနီးမိန်းမများသည် ထိုမဟရ်ထဲမှ အချို့(သို့မဟုတ် အားလုံး)ကို အသင်တို့အတွက် ကြည်ဖြူစွာ စွန့်လွှတ်လိုက်လျှင် အသင်တို့သည် ထိုမဟရ်ကို မြိန်ရှက်စွာ စာသုံးကြပါ။ وَلَا تُؤۡتُواْ ٱلسُّفَهَآءَ أَمۡوَٰلَكُمُ ٱلَّتِي جَعَلَ ٱللَّهُ لَكُمۡ قِيَٰمًا وَٱرۡزُقُوهُمۡ فِيهَا وَٱكۡسُوهُمۡ وَقُولُواْ لَهُمۡ قَوۡلًا مَّعۡرُوفًا ٥ထို့ပြင် အသင်တို့သည် အသင်တို့(ထံတွင် ထိန်းသိမ်းထား‌သော)ပစ္စည်းဥစ္စာများကို အသိဉာဏ်နည်းသူများအား မ‌ပေးကြနှင့်။*အလ္လာဟ်အရှင်မြတ်သည် ထိုပစ္စည်းများကို အသင်တို့အတွက် အသက်‌မွေးဝမ်း‌ကျောင်းပြုလုပ်ရန် အရင်းအနှီးအဖြစ် ပြုလုပ်ထား‌တော်မူသည်။* ထို့ပြင် အသင်တို့သည် ထိုပစ္စည်းဥစ္စာများထဲမှ သူတို့အား ‌ကျွေး‌မွေးကြပါ။ ၎င်းပြင် သူတို့အား အဝတ်အစား ဆင်‌ပေးကြပါ။ ထို့ပြင် သူတို့အား ‌ကောင်းမွန်‌သောစကား‌ပြောဆိုကြပါ။ وَٱبۡتَلُواْ ٱلۡيَتَٰمَىٰ حَتَّىٰٓ إِذَا بَلَغُواْ ٱلنِّكَاحَ فَإِنۡ ءَانَسۡتُم مِّنۡهُمۡ رُشۡدًا فَٱدۡفَعُوٓاْ إِلَيۡهِمۡ أَمۡوَٰلَهُمۡۖ وَلَا تَأۡكُلُوهَآ إِسۡرَافًا وَبِدَارًا أَن يَكۡبَرُواْۚ وَمَن كَانَ غَنِيًّا فَلۡيَسۡتَعۡفِفۡۖ وَمَن كَانَ فَقِيرًا فَلۡيَأۡكُلۡ بِٱلۡمَعۡرُوفِۚ فَإِذَا دَفَعۡتُمۡ إِلَيۡهِمۡ أَمۡوَٰلَهُمۡ فَأَشۡهِدُواْ عَلَيۡهِمۡۚ وَكَفَىٰ بِٱللَّهِ حَسِيبًا ٦ထို့ပြင် အသင်တို့သည် အဘမဲ့က‌လေးများ(၏ အသိဉာဏ်)ကို ထိမ်းမြားမည့်အရွယ် ‌ရောက်လာသည်အထိ စမ်သပ်စစ်‌ဆေးကြည့်ပါ။ ထို့‌နောက် အကယ်၍ အသင်တို့သည် ထိုအဘမဲ့က‌လေးများတွင် သိတတ်‌သောဉာဏ်ကို‌တွေ့ရလျှင် သူတို့အား သူတို့၏ပစ္စည်းများကို ‌ပေးအပ်လိုက်ပါ။ ထို့ပြင် အသင်တို့သည် ထိုအဘမဲ့က‌လေးများ၏ပစ္စည်းများကို သူတို့ကြီးပြင်းလာမည်ကို စိုးရိမ်၍ အကျိုးမဲ့သုံးဖြုန်းခြင်းနှင့် အမြန်သုံးစွဲခြင်းတို့ကို မပြုလုပ်ကြနှင့်။ ထို့ပြင် (အုပ်ထိန်းသူသည်)ချမ်းသာသူဖြစ်လျှင် (အဘမဲ့က‌လေးများ၏ပစ္စည်းများကို စားသုံးခြင်းမှ) ‌ရှောင်ကြဉ်ရမည် ထို့ပြင် (အုပ်ထိန်းသူသည်)ဆင်းရဲသူဖြစ်လျှင် (အဘမဲ့က‌လေးများ၏ပစ္စည်းများထဲမှ) ‌ကောင်းမွန်‌သောနည်းနှင့် (အသင့်အတင့်) စားသုံးနိုင်သည်။ ထို့ပြင် အသင်တို့သည် အဘမဲ့က‌လေးများအား သူတို့၏ပစ္စည်းများကို ပြန်‌ပေး‌သောအခါ ထိုကိစ္စအ‌ပေါ် အသိသက်‌သေများ ထားကြပါ။* ထို့ပြင် အလ္လာဟ်အရှင်မြတ်သည် အလွန် စစ်‌ဆေး‌တော်မူ‌သောအရှင်အဖြစ် လုံ‌လောက်‌တော်မူသည်။ لِّلرِّجَالِ نَصِيبٌ مِّمَّا تَرَكَ ٱلۡوَٰلِدَانِ وَٱلۡأَقۡرَبُونَ وَلِلنِّسَآءِ نَصِيبٌ مِّمَّا تَرَكَ ٱلۡوَٰلِدَانِ وَٱلۡأَقۡرَبُونَ مِمَّا قَلَّ مِنۡهُ أَوۡ كَثُرَۚ نَصِيبًا مَّفۡرُوضًا ٧‌ယောက်ျားများအတွက် မိဘနှစ်ပါးနှင့် ‌ဆွေမျိုးသားချင်းများက ထားခဲ့‌သော(အ‌မွေ)ပစ္စည်းများထဲတွင် ‌ဝေစုရှိသည်။ ၎င်းပြင် မိန်းမများအတွက်လည်း မိဘနှစ်ပါးနှင့် ‌ဆွေမျိုးသားချင်းများက ထားခဲ့‌သော(အ‌မွေ)ပစ္စည်းများထဲတွင် ‌ဝေစုရှိသည်။ ထို(အ‌မွေ)ပစ္စည်းသည် နည်းသည်ဖြစ်‌စေ၊ များသည်ဖြစ်‌စေ (အရှင်မြတ်ထံ‌တော်မှ) သတ်မှတ်ပြဋ္ဌာန်းထား‌သော ‌ဝေစုတစ်ခုဖြစ်သည်။ وَإِذَا حَضَرَ ٱلۡقِسۡمَةَ أُوْلُواْ ٱلۡقُرۡبَىٰ وَٱلۡيَتَٰمَىٰ وَٱلۡمَسَٰكِينُ فَٱرۡزُقُوهُم مِّنۡهُ وَقُولُواْ لَهُمۡ قَوۡلًا مَّعۡرُوفًا ٨ထို့ပြင်(အ‌မွေ)ခွဲရာတွင် (အ‌မွေမရထိုက်‌သော)‌ဆွေမျိုးများ၊ အဘမဲ့က‌လေးများနှင့် ဆင်းရဲသားများသည် ‌ရှေ့တွင် အသင့်‌ရောက်လာသည်ဆိုလျှင် အသင်တို့သည် သူတို့အား ထို(အ‌မွေ)ထဲမှ ‌ကျွေး‌မွေး‌ပေးကမ်းကြပါ။* ထို့ပြင် အသင်တို့သည် သူတို့အား ‌ကောင်းမွန်စွာ ‌ပြောဆိုကြပါ။ وَلۡيَخۡشَ ٱلَّذِينَ لَوۡ تَرَكُواْ مِنۡ خَلۡفِهِمۡ ذُرِّيَّةً ضِعَٰفًا خَافُواْ عَلَيۡهِمۡ فَلۡيَتَّقُواْ ٱللَّهَ وَلۡيَقُولُواْ قَوۡلًا سَدِيدًا ٩ထို့ပြင် အကြင်သူများသည် (သူများ၏က‌လေးများနှင့်ပတ်သက်ပြီး မိမိ၏က‌လေးကို စိုးရိမ်ပူပန်သကဲ့သို့) စိုးရိမ်ပူပန်ရမည်ဖြစ်သည်၊ ထိုသူများသည် သူတို့‌နောက်ကွယ်တွင် ချည့်နဲ့‌သောက‌လေးများကို စွန့်ထာ(ခဲ့ပြီး‌သေဆုံး)ကြရလျှင် ထိုက‌လေးများနှင့်ပတ်သက်ပြီး စိုးရိမ်ပူပန်ကြမည်။ သို့ဖြစ်ရာ ထိုသူများသည် (အဘမဲ့က‌လေးများနှင့်ပတ်သက်၍) အလ္လာဟ်အရှင်မြတ်အား ‌ကြောက်ရွံ(လျက် သူတို့နှင့် သူတို့၏ပစ္စည်းများကို ‌စောင့်‌ရှောက်)ကြရမည်။ ထို့ပြင်(မှန်ကန်မျှတ‌သော) ‌ဖြောင့်မတ်သည့်စကားကို ‌ပြောဆိုကြရမည်။ إِنَّ ٱلَّذِينَ يَأۡكُلُونَ أَمۡوَٰلَ ٱلۡيَتَٰمَىٰ ظُلۡمًا إِنَّمَا يَأۡكُلُونَ فِي بُطُونِهِمۡ نَارًاۖ وَسَيَصۡلَوۡنَ سَعِيرًا ١٠အမှန်စင်စစ် အကြင်သူများသည် အဘမဲ့က‌လေးများ၏ပစ္စည်းများကို မတရားစားသုံးကြသည်။ အမှန်စင်စစ် ထိုသူများသည် သူတို့၏ဗိုက်များထဲတွင် မီးကိုသာ(ထည့်သွင်း)စားသုံးကြခြင်းဖြစ်သည်။ ထို့ပြင် သူတို့သည် မကြာမီ ဟုန်းဟုန်း‌တောက်‌နေ‌သော ငရဲမီးထဲသို့ ဝင်‌ရောက်ကြရမည်။ يُوصِيكُمُ ٱللَّهُ فِيٓ أَوۡلَٰدِكُمۡۖ لِلذَّكَرِ مِثۡلُ حَظِّ ٱلۡأُنثَيَيۡنِۚ فَإِن كُنَّ نِسَآءً فَوۡقَ ٱثۡنَتَيۡنِ فَلَهُنَّ ثُلُثَا مَا تَرَكَۖ وَإِن كَانَتۡ وَٰحِدَةً فَلَهَا ٱلنِّصۡفُۚ وَلِأَبَوَيۡهِ لِكُلِّ وَٰحِدٍ مِّنۡهُمَا ٱلسُّدُسُ مِمَّا تَرَكَ إِن كَانَ لَهُۥ وَلَدٌۚ فَإِن لَّمۡ يَكُن لَّهُۥ وَلَدٌ وَوَرِثَهُۥٓ أَبَوَاهُ فَلِأُمِّهِ ٱلثُّلُثُۚ فَإِن كَانَ لَهُۥٓ إِخۡوَةٌ فَلِأُمِّهِ ٱلسُّدُسُۚ مِنۢ بَعۡدِ وَصِيَّةٍ يُوصِي بِهَآ أَوۡ دَيۡنٍۗ ءَابَآؤُكُمۡ وَأَبۡنَآؤُكُمۡ لَا تَدۡرُونَ أَيُّهُمۡ أَقۡرَبُ لَكُمۡ نَفۡعًاۚ فَرِيضَةً مِّنَ ٱللَّهِۗ إِنَّ ٱللَّهَ كَانَ عَلِيمًا حَكِيمًا ١١အလ္လာဟ်အရှင်မြတ်သည် အသင်တို့အား အသင်တို့၏ သားသမီးများနှင့်ပတ်သက်၍ (ဤသို့)အမိန့်‌ပေး‌တော်မူသည်။* ‌ယောက်ျား‌လေး၏‌ဝေစုသည် မိန်းက‌လေး‌ဝေစု၏ နှစ်ဆဖြစ်သည်။* ၎င်းပြင် အကယ်၍ (သမီး)မိန်းမများ(ချည်း နှစ်ဦး သို့မဟုတ်) နှစ်ဦးထက် ပိုမိုရှိခဲ့လျှင် သူတို့အတွက် (ကွယ်လွန်သူ)ထားရှိခဲ့‌သော (အ‌မွေ)ပစ္စည်း၏သုံးပုံနှစ်ပုံဖြစ်သည်။* ၎င်းပြင် အကယ်၍ ထို(သမီး)မိန်းမသည် တစ်ဦးတည်းသာဖြစ်ခဲ့လျှင် ၎င်းအတွက်(အ‌မွေ)တစ်ဝက်ဖြစ်သည်။ ထို့ပြင် အကယ်၍ (‌သေဆုံး)သူတွင် သားသမီးရှိလျှင် (‌သေဆုံး)သူ၏မိဘတစ်ဦးစီအတွက် (‌သေဆုံး)သူချန်ခဲ့‌သောအ‌မွေထဲမှ ‌ခြောက်ပုံတစ်ပုံစီဖြစ်သည်။ ထို့‌နောက် အကယ်၍ (‌သေဆုံး)သူတွင် သားသမီးမရှိခဲ့လျှင် သူ၏အ‌မွေကို သူ၏မိဘနှစ်ပါးသည် ဆက်ခံမည်ဖြစ်ပြီး သူ၏မိခင်အတွက် သုံးပုံတစ်ပုံဖြစ်သည်။ ၎င်းပြင် အကယ်၍ (‌သေဆုံး)သူတွင် ညီအစ်ကို‌မောင်နှမများရှိခဲ့လျှင် သူ၏မိခင်အတွက် ‌ခြောက်ပုံတစ်ပုံဖြစ်သည်။ (ဤသို့ အ‌မွေခွဲခြင်းသည်) ထို(‌သေဆုံး)သူ မှာကြားခဲ့‌သော ‌သေတမ်းစာအတိုင်း ‌ဆောင်ရွက်ပြီး‌နောက် သို့မဟုတ် (‌သေသူ၏အ‌ပေါ်တွင်တင်ရှိ‌သော) ‌ကြွေးများဆပ်ပြီးမှသာ (ခွဲ‌ဝေကြရမည်ဖြစ်သည်)။ အသင်တို့၏အဘ၊ ဘိုး၊ ‌ဘေးများနှင့် အသင်တို့၏သား(‌မြေး၊ မြစ်)များထဲမှ မည်သူသည် အကျိုးဖြစ်ထွန်း‌စေခြင်းတွင် အသင်တို့နှင့် အနီးစပ်ဆုံးဖြစ်သည်ကို အသင်တို့ မသိနိုင်ကြ‌ပေ။ (ဤသည်) အလ္လာဟ်အရှင်မြတ်ထံ‌တော်မှ ပြဋ္ဌာန်းထား‌သောတာဝန်ဖြစ်သည်။ အမှန်စင်စစ် အရှင်မြတ်သည် အကြွင်းမဲ့သိ‌တော်မူ‌သောအရှင်၊ ပညာဉာဏ်အ‌မြော်အမြင်နှင့် အလွန်ပြည့်စုံ‌တော်မူ‌သောအရှင်ဖြစ်‌တော်မူပါသည်။ ۞ وَلَكُمۡ نِصۡفُ مَا تَرَكَ أَزۡوَٰجُكُمۡ إِن لَّمۡ يَكُن لَّهُنَّ وَلَدٌۚ فَإِن كَانَ لَهُنَّ وَلَدٌ فَلَكُمُ ٱلرُّبُعُ مِمَّا تَرَكۡنَۚ مِنۢ بَعۡدِ وَصِيَّةٍ يُوصِينَ بِهَآ أَوۡ دَيۡنٍۚ وَلَهُنَّ ٱلرُّبُعُ مِمَّا تَرَكۡتُمۡ إِن لَّمۡ يَكُن لَّكُمۡ وَلَدٌۚ فَإِن كَانَ لَكُمۡ وَلَدٌ فَلَهُنَّ ٱلثُّمُنُ مِمَّا تَرَكۡتُمۚ مِّنۢ بَعۡدِ وَصِيَّةٍ تُوصُونَ بِهَآ أَوۡ دَيۡنٍۗ وَإِن كَانَ رَجُلٌ يُورَثُ كَلَٰلَةً أَوِ ٱمۡرَأَةٌ وَلَهُۥٓ أَخٌ أَوۡ أُخۡتٌ فَلِكُلِّ وَٰحِدٍ مِّنۡهُمَا ٱلسُّدُسُۚ فَإِن كَانُوٓاْ أَكۡثَرَ مِن ذَٰلِكَ فَهُمۡ شُرَكَآءُ فِي ٱلثُّلُثِۚ مِنۢ بَعۡدِ وَصِيَّةٍ يُوصَىٰ بِهَآ أَوۡ دَيۡنٍ غَيۡرَ مُضَآرٍّۚ وَصِيَّةً مِّنَ ٱللَّهِۗ وَٱللَّهُ عَلِيمٌ حَلِيمٌ ١٢ထို့ပြင် အကယ်၍ အသင်တို့၏ဇနီးမိန်းမများတွင် သားသမီးတစ်ဦးမှ မရှိခဲ့လျှင် အသင်တို့၏ဇနီးမိန်းမများထားခဲ့‌သော(အ‌မွေ)ပစ္စည်း၏တစ်ဝက်သည် အသင်တို့အတွက်ဖြစ်သည်။* ၎င်းပြင် အကယ်၍ အသင်တို့၏ဇနီးမိန်းမများတွင် သားသမီးတစ်စုံတစ်ဦးရှိခဲ့လျှင် ထိုဇနီးမိန်းမများထားခဲ့‌သော(အ‌မွေ)ပစ္စည်းထဲမှ အသင်တို့အတွက် ‌လေးပုံတစ်ပုံဖြစ်သည်။ (ဤသို့ အ‌မွေခွဲခြင်းသည်) ထိုဇနီးမိန်းမများကမှာကြားခဲ့‌သော ‌သေတမ်းစာအတိုင်း ‌ဆောင်ရွက်ပြီး‌နောက် သို့မဟုတ် (ထိုဇနီးမိန်းမများ၏အ‌ပေါ်တွင်တင်ရှိ‌သော) ‌ကြွေးများဆပ်ပြီးမှသာ (ခွဲ‌ဝေကြရမည်ဖြစ်သည်)။(အ‌ကြွေးကို ဦးစွာမ‌ဖော်ပြထား‌သော်လည်း ဦးစွာဆပ်ပြီးမှသာ ဝစွီယသ်ကို ‌ဆောင်ရွက်ရမည်ဖြစ်သည်။) ထိုပြင် အသင်တို့တွင် သားသမီးတစ်ဦးမှ မရှိခဲ့လျှင် အသင်တို့ထားခဲ့‌သော(အ‌မွေ)ပစ္စည်းများထဲမှ ဇနီးမိန်းမများအတွက် ‌လေးပုံတစ်ပုံဖြစ်သည်။ ၎င်းပြင် အကယ်၍ အသင်တို့တွင်သားသမီးတစ်စုံတစ်ဦးရှိခဲ့လျှင် ထိုဇနီးမိန်းမများအတွက် အသင်တို့ထားခဲ့‌သော(အ‌မွေ)ပစ္စည်းများထဲမှ ရှစ်ပုံတစ်ပုံသာဖြစ်သည်။* (ဤသို့ အ‌မွေခွဲခြင်းသည်) အသင်တို့ကမှာကြားခဲ့‌သော ‌သေတမ်းစာအတိုင်း ‌ဆောင်ရွက်ပြီး‌နောက် သို့မဟုတ် (အသင်တို့၏အ‌ပေါ်တွင်တင်ရှိ‌သော) ‌ကြွေးများဆပ်ပြီးမှသာ (ခွဲ‌ဝေကြရမည်ဖြစ်သည်)။ ထို့ပြင် အကယ်၍ အ‌မွေထားခဲ့‌သော အကြင်‌ယောက်ျားတစ်ဦး သို့မဟုတ် အကြင်မိန်းမတစ်ဦးတွင် (မိဘနှင့် သားသမီးမရှိဘဲ) ထိုသူ သို့မဟုတ် သူမတွင် (မိတူဘကွဲ) အစ်ကိုသို့မဟုတ်ညီတစ်ဦး သို့မဟုတ် အစ်မသို့မဟုတ်ညီမတစ်ဦးရှိခဲ့လျှင် ထို(အစ်ကိုသို့မဟုတ်အစ်မ)နှစ်ဦးထဲမှ တစ်ဦးစီအတွက် ‌ခြောက်ပုံတစ်ပုံဖြစ်သည်။* ၎င်းပြင် အကယ်၍ ထိုသူများသည် တစ်ဦးထက်ပိုခဲ့လျှင် သူတို့သည် သုံးပုံတစ်ပုံတွင် ညီတူညီမျှ‌ဝေစု ရရှိမည်ဖြစ်သည်။ (ထိုသို့ ခွဲ‌ဝေခြင်းသည်) မှာကြားထား‌သော ‌သေတမ်းစာအတိုင်း ‌ဆောင်ရွက်ပြီး၊ ‌ကြွေးဆပ်ပြီး‌နောက်တွင် မည်သူ့ကိုမှ မနစ်နာ‌စေဘဲ ပြုလုပ်ရမည်ဖြစ်သည်။ (ဤအရာများသည်) အလ္လာဟ်အရှင်မြတ်ထံ‌တော်မှ အမိန့်‌တော်ဖြစ်သည်။ ထို့ပြင် အလ္လာဟ်အရှင်မြတ်သည် အကြွင်းမဲ့သိ‌တော်မူ‌သောအရှင်၊ အလွန်‌ထောက်ထားညှာတာ သည်းခံဆိုင်းငံ့‌တော်မူ‌သောအရှင် ဖြစ်‌တော်မူသည်။ تِلۡكَ حُدُودُ ٱللَّهِۚ وَمَن يُطِعِ ٱللَّهَ وَرَسُولَهُۥ يُدۡخِلۡهُ جَنَّٰتٍ تَجۡرِي مِن تَحۡتِهَا ٱلۡأَنۡهَٰرُ خَٰلِدِينَ فِيهَاۚ وَذَٰلِكَ ٱلۡفَوۡزُ ٱلۡعَظِيمُ ١٣၎င်းသည် အလ္လာဟ်အရှင်မြတ်၏ (အ‌မွေဆက်ခံမှုဆိုင်ရာ)စည်းမျဉ်း ဥပ‌ဒေပညတ်ချက်များဖြစ်သည်။ ထို့ပြင် မည်သူမဆို အလ္လာဟ်အရှင်မြတ်နှင့် အရှင့်ရစူလ်၏ အမိန့်‌တော်များကို လိုက်နာမည်ဆိုလျှင် အရှင်မြတ်သည် ထိုသူကို အကြင်ဥယျာဉ်များထဲသို့ ဝင်‌ရောက်‌စေ‌တော်မူမည်။ ထိုဥယျာဉ်များ‌အောက်မှ စမ်း‌ရေ‌ချောင်းများ စီး‌တွေလျက်ရှိသည်။ သူတို့သည် ထိုဥယျာဉ်များထဲတွင် အမြဲ‌နေထိုင်ကြရမည်။ ၎င်းပြင် ထိုအရာသည် ကြီးကျယ်‌သော ‌အောင်မြင်မှုဖြစ်သည်။ وَمَن يَعۡصِ ٱللَّهَ وَرَسُولَهُۥ وَيَتَعَدَّ حُدُودَهُۥ يُدۡخِلۡهُ نَارًا خَٰلِدًا فِيهَا وَلَهُۥ عَذَابٌ مُّهِينٌ ١٤ထို့ပြင် မည်သူမဆို အလ္လာဟ်အရှင်မြတ်နှင့် အရှင့်ရစူလ်၏ အမိန့်‌တော်များကို ‌သွေဖည်ငြင်းပယ်ပြီး အရှင်မြတ်၏စည်းမျဉ်းဥပ‌ဒေများကို ကျူး‌ကျော်‌ဖောက်ဖျက်လျှင် အရှင်မြတ်သည် ထိုသူ့ကို (ငရဲ)မီးထဲသို့ သွတ်သွင်း‌တော်မူမည်။ ထိုထဲတွင် အမြဲ‌နေထိုင်ကြရမည်ဖြစ်သည်။ ၎င်းပြင် ထိုသူ့အတွက် သိက္ခာကျ‌စေ‌သော အပြစ်ဒဏ်လည်းရှိမည်။ وَٱلَّٰتِي يَأۡتِينَ ٱلۡفَٰحِشَةَ مِن نِّسَآئِكُمۡ فَٱسۡتَشۡهِدُواْ عَلَيۡهِنَّ أَرۡبَعَةً مِّنكُمۡۖ فَإِن شَهِدُواْ فَأَمۡسِكُوهُنَّ فِي ٱلۡبُيُوتِ حَتَّىٰ يَتَوَفَّىٰهُنَّ ٱلۡمَوۡتُ أَوۡ يَجۡعَلَ ٱللَّهُ لَهُنَّ سَبِيلًا ١٥ထို့ပြင် အသင်တို့၏ဇနီးမိန်းမများထဲမှ အကြင်မိန်းမတို့သည် ကာမ*‌ဖောက်ပြန်ကြလျှင်၊ အသင်တို့သည် ထိုဇနီးမိန်းမများအ‌ပေါ်တွင် အသင်တို့ထဲမှ (‌ယောက်ျား) ‌လေးဦးအား သက်‌သေထားကြပါ။ အကယ်၍ ထို‌လေးဦးအ‌နေနှင့် သက်‌သေခံခဲ့ကြလျှင် အသင်တို့သည် ထိုမိန်းမများအား အိမ်များထဲ၌ သူမတို့‌သေဆုံးသည်အထိ သို့မဟုတ် အလ္လာဟ်အရှင်မြတ်သည် သူမတို့အတွက် နည်းလမ်းတစ်စုံတစ်ခုပြုလုပ်‌ပေး‌တော်မူသည်အထိ အကျဉ်းချထားကြပါ။ وَٱلَّذَانِ يَأۡتِيَٰنِهَا مِنكُمۡ فَـَٔاذُوهُمَاۖ فَإِن تَابَا وَأَصۡلَحَا فَأَعۡرِضُواْ عَنۡهُمَآۗ إِنَّ ٱللَّهَ كَانَ تَوَّابًا رَّحِيمًا ١٦ထို့ပြင် အသင်တို့ထဲမှ အကြင်သူနှစ်ဦးတို့သည်* ထိုကာမကျူးလွန်ကြလျှင် အသင်တို့သည် ထိုနှစ်ဦးကို အပြစ်ဒဏ်ခတ်ကြပါ။ ထို့‌နောက် အကယ်၍ သူတို့နှစ်ဦးသည် ဝန်ချ‌တောင်းပန်ပြီး ပြုပြင်သွားခဲ့ကြလျှင် ထိုနှစ်ဦး(ကို အပြစ်ဒဏ်‌ပေးခြင်း)မှ ‌ရှောင်ရှားလိုက်ကြပါ။* အမှန်စင်စစ် အလ္လာဟ်အရှင်မြတ်သည် အမှားဝန်ခံမှုကို အကြိမ်ကြိမ်လက်ခံခွင့်လွှတ်‌တော်မူ‌သောအရှင်၊ အလွန်သနားကြင်နာ‌တော်မူ‌သောအရှင် ဖြစ်‌တော်မူသည်။ إِنَّمَا ٱلتَّوۡبَةُ عَلَى ٱللَّهِ لِلَّذِينَ يَعۡمَلُونَ ٱلسُّوٓءَ بِجَهَٰلَةٍ ثُمَّ يَتُوبُونَ مِن قَرِيبٍ فَأُوْلَٰٓئِكَ يَتُوبُ ٱللَّهُ عَلَيۡهِمۡۗ وَكَانَ ٱللَّهُ عَلِيمًا حَكِيمًا ١٧အလ္လာဟ်အရှင်မြတ်၏အ‌ပေါ်တွင် ဝန်ချ‌တောင်းပန်မှုကိုသာ လက်ခံ‌တော်မူရန် တာဝန်ရှိသည်။* ထိုသူများသည် မသိမိုက်မဲမှုဖြင့် မ‌ကောင်းမှုများကို ပြုလုပ်မိကြသည်။ ထို့‌နောက် မကြာမီပင်* သူတို့သည် ဝန်ချ‌တောင်းပန်လိုက်ကြသည်။ သို့ဖြစ်ရာ ထိုသူများပင်၊ အလ္လာဟ်အရှင်မြတ်သည် ထိုသူတို့၏ဝန်ချ‌တောင်းပန်မှုကို လက်ခံ‌တော်မူ‌ပေသည်။ ထို့ပြင် အလ္လာဟ်အရှင်မြတ် အကြွင်းမဲ့သိ‌တော်မူ‌သောအရှင်၊ ပညာဉာဏ်အ‌မြော်အမြင်နှင့် အလွန်ပြည့်စုံ‌တော်မူ‌သောအရှင် ဖြစ်‌တော်မူသည်။ وَلَيۡسَتِ ٱلتَّوۡبَةُ لِلَّذِينَ يَعۡمَلُونَ ٱلسَّيِّـَٔاتِ حَتَّىٰٓ إِذَا حَضَرَ أَحَدَهُمُ ٱلۡمَوۡتُ قَالَ إِنِّي تُبۡتُ ٱلۡـَٰٔنَ وَلَا ٱلَّذِينَ يَمُوتُونَ وَهُمۡ كُفَّارٌۚ أُوْلَٰٓئِكَ أَعۡتَدۡنَا لَهُمۡ عَذَابًا أَلِيمًا ١٨ထို့ပြင် အကြင်သူများ၏ဝန်ချ‌တောင်းပန်ခြင်းသည် (လက်ခံခြင်းခံရ‌သော ‌သောင်ဗဟ်) မဟုတ်‌ပေ။ ထိုသူများသည် မ‌ကောင်းမှုများကို ပြုကျင့်လျက်ရှိကြသည်။ ‌နောက်ဆုံးတွင် သူတို့ထဲမှ တစ်ဦးတစ်‌ယောက်ထံသို့ ‌သေခြင်းတရား‌ရောက်လာ‌သောအခါ ထိုသူက အမှန်စင်စစ် ယခု ကျွန်ုပ်သည် ဝန်ချ‌တောင်းပန်ပါပြီဟု ‌ပြောဆိုသည်။ ထို့ပြင် ကာဖိရ်ဖြစ်လျက် ‌သေဆုံးသွား‌သောသူများအတွက်လည်း (လက်ခံခြင်းခံရ‌သော) ဝန်ချ‌တောင်းပန်မှု မရှိ‌ပေ။ ထိုသူများအတွက်ပင် ငါအရှင်မြတ်သည် ပြင်းပြနာကျင်‌စေ‌သော အပြစ်ဒဏ်ကို အသင့်ပြုလုပ်ထား‌တော်မူသည်။ يَٰٓأَيُّهَا ٱلَّذِينَ ءَامَنُواْ لَا يَحِلُّ لَكُمۡ أَن تَرِثُواْ ٱلنِّسَآءَ كَرۡهًاۖ وَلَا تَعۡضُلُوهُنَّ لِتَذۡهَبُواْ بِبَعۡضِ مَآ ءَاتَيۡتُمُوهُنَّ إِلَّآ أَن يَأۡتِينَ بِفَٰحِشَةٍ مُّبَيِّنَةٍۚ وَعَاشِرُوهُنَّ بِٱلۡمَعۡرُوفِۚ فَإِن كَرِهۡتُمُوهُنَّ فَعَسَىٰٓ أَن تَكۡرَهُواْ شَيۡـًٔا وَيَجۡعَلَ ٱللَّهُ فِيهِ خَيۡرًا كَثِيرًا ١٩အို- အီမာန်ယုံကြည်သူအ‌ပေါင်းတို့၊ အသင်တို့အတွက် မိန်းမများအား အတင်းအကျပ် အ‌မွေအဖြစ် သိမ်းပိုက်ခြင်းသည် တရားမဝင်‌ပေ။* ထို့ပြင် အသင်တို့သည် သူမတို့အား‌ပေးခဲ့ဖူး‌သော ပစ္စည်းတစ်ချို့တစ်ဝကိုပြန်ယူရန်အတွက် ထိုမိန်းမများကို(ထိမ်းမြားခြင်းမှ) တားဆီးခြင်းမပြုကြနှင့်။* သို့ရာတွင် ထိုမိန်းမများသည် ထင်ရှား‌သောစက်ဆုပ်ဖွယ်ရာအမှုကိစ္စကို ပြုကျင့်လျှင် (သူမတို့အား ထိမ်းမြားခြင်းမှ တားဆီးနိုင်သည်)။ ထို့ပြင် အသင်တို့သည် ထိုမိန်းမများနှင့် ‌ကောင်းမွန်စွာ ဆက်ဆံကြပါ။* ၎င်းပြင် အကယ်၍ အသင်တို့သည် ထိုမိန်းမများကို မနှစ်မြို့ကြလျှင်လည်း (သည်းခံကြပါ)။ အဘယ့်‌ကြောင့်ဆို‌သော် အသင်တို့သည် တစ်စုံတစ်ရာ မနှစ်မြို့ကြ‌သော်လည်း အလ္လာဟ်အရှင်မြတ်သည် ထိုအရာများထဲ၌ များစွာ‌သော ‌ကောင်းမြတ်ခြင်းများကို ပြုလုပ်‌ပေးနိုင်‌တော်မူသည်။ وَإِنۡ أَرَدتُّمُ ٱسۡتِبۡدَالَ زَوۡجٍ مَّكَانَ زَوۡجٍ وَءَاتَيۡتُمۡ إِحۡدَىٰهُنَّ قِنطَارًا فَلَا تَأۡخُذُواْ مِنۡهُ شَيۡـًٔاۚ أَتَأۡخُذُونَهُۥ بُهۡتَٰنًا وَإِثۡمًا مُّبِينًا ٢٠ထို့ပြင် အကယ်၍ အသင်တို့သည် ဇနီးမိန်းမတစ်ဦး(ကို ကွာရှင်းပြီး သူမ)၏‌နေရာတွင် အခြားမိန်းမတစ်ဦးအား အစားထိုး(ထိမ်းမြား)ရန် ရည်ရွယ်လျှင်၊ အသင်တို့သည် ထို(ပထမ)ဇနီးကို ပစ္စည်းအများအပြား‌ပေးထားခဲ့လျှင်လည်း ထိုပစ္စည်းများထဲမှ အနည်းငယ်မျှပင် ပြန်မယူကြနှင့်။* အသင်တို့သည် (အသင်တို့‌ပေးထားခဲ့‌သော) ပစ္စည်းများကို မဟုတ်မမှန် စွပ်စွဲပြီး ထင်ရှား‌သောပြစ်မှု (ကျူးလွန်ကာ)ပြန်ယူချင်ကြသ‌လော။ وَكَيۡفَ تَأۡخُذُونَهُۥ وَقَدۡ أَفۡضَىٰ بَعۡضُكُمۡ إِلَىٰ بَعۡضٍ وَأَخَذۡنَ مِنكُم مِّيثَٰقًا غَلِيظًا ٢١၎င်းပြင် အသင်တို့သည် ပစ္စည်းများကို မည်ကဲ့သို့ပြန်ယူကြမည်နည်း။ အမှန်စင်စစ် အသင်တို့သည် တစ်ဦးနှင့်တစ်ဦး ‌ပေါင်းသင်းဆက်ဆံခဲ့ကြပြီးဖြစ်သည်။ ၎င်းပြင် ထိုဇနီးမိန်းမများသည် အသင်တို့ထံမှ ခိုင်မာ‌သော ကတိဝန်ခံချက်ကို ယူထားပြီးလည်းဖြစ်သည်။ وَلَا تَنكِحُواْ مَا نَكَحَ ءَابَآؤُكُم مِّنَ ٱلنِّسَآءِ إِلَّا مَا قَدۡ سَلَفَۚ إِنَّهُۥ كَانَ فَٰحِشَةً وَمَقۡتًا وَسَآءَ سَبِيلًا ٢٢ထို့ပြင် အသင်တို့သည် အသင်တို့၏ဖခင်များ ထိမ်းမြားခဲ့ကြ‌သောမိန်းမများနှင့် ထိမ်းမြားခြင်း မပြုကြနှင့်။* သို့ရာတွင် (ဤအမိန့်မကျမီ) လွန်ခဲ့‌သောကိစ္စများမှာမူ (ပြီးဆုံးခဲ့ပြီဖြစ်သည်)။ (အဘယ့်‌ကြောင့်ဆို‌သော်) ထိုအမှုကိစ္စသည် အမှန်ပင် ယုတ်မာမှုဖြစ်သည့်အပြင် စက်ဆုပ်ဖွယ်ရာလည်းဖြစ်သည်။ ထို့ပြင် ထိုကိစ္စသည် အလွန်ဆိုးဝါး‌သော နည်းလမ်းတစ်ခုလည်းဖြစ်သည်။ حُرِّمَتۡ عَلَيۡكُمۡ أُمَّهَٰتُكُمۡ وَبَنَاتُكُمۡ وَأَخَوَٰتُكُمۡ وَعَمَّٰتُكُمۡ وَخَٰلَٰتُكُمۡ وَبَنَاتُ ٱلۡأَخِ وَبَنَاتُ ٱلۡأُخۡتِ وَأُمَّهَٰتُكُمُ ٱلَّٰتِيٓ أَرۡضَعۡنَكُمۡ وَأَخَوَٰتُكُم مِّنَ ٱلرَّضَٰعَةِ وَأُمَّهَٰتُ نِسَآئِكُمۡ وَرَبَٰٓئِبُكُمُ ٱلَّٰتِي فِي حُجُورِكُم مِّن نِّسَآئِكُمُ ٱلَّٰتِي دَخَلۡتُم بِهِنَّ فَإِن لَّمۡ تَكُونُواْ دَخَلۡتُم بِهِنَّ فَلَا جُنَاحَ عَلَيۡكُمۡ وَحَلَٰٓئِلُ أَبۡنَآئِكُمُ ٱلَّذِينَ مِنۡ أَصۡلَٰبِكُمۡ وَأَن تَجۡمَعُواْ بَيۡنَ ٱلۡأُخۡتَيۡنِ إِلَّا مَا قَدۡ سَلَفَۗ إِنَّ ٱللَّهَ كَانَ غَفُورًا رَّحِيمًا ٢٣အသင်တို့‌ပေါ်တွင် (နိကာဟ် ထိမ်းမြားခြင်း) ဟရာမ်ဟုတားမြစ်ထား‌သော မိန်းမများသည် အသင်တို့၏မိခင်များ၊ အသင်တို့၏သမီးများ၊ အသင်တို့၏အစ်မ၊နှမများ၊ အသင်တို့၏အရီးကြီး အရီး‌လေးများ၊ အသင်တို့၏အ‌ဒေါ်ကြီး အ‌ဒေါ်‌လေးများ၊ အသင်တို့၏ညီအစ်ကို၏သမီးများ၊ အသင်တို့၏အစ်မ၊နှမ၏သမီးများ၊ အသင်တို့အားနို့တိုက်ခဲ့ဖူး‌သောမိခင်များ၊ နို့စို့ဖက်အစ်မ၊နှမများ၊ အသင်တို့၏ဇနီးများ၏မိခင်များ၊ အသင်တို့ ‌ပေါင်းသင်းစက်ယှက်ခဲ့ဖူး‌သော ဇနီးများထံမှ အသင်တို့ရင်ခွင်တွင် ကြီးပြင်းလာ‌သော (မယားပါ)သမီးများဖြစ်ကြသည်။ ၎င်းပြင် အကယ်၍ အသင်တို့သည် ထိုဇနီးမိန်းမများနှင့် ‌ပေါင်းသင်းစက်ယှက်မှုမပြုခဲ့ကြလျှင် (ထိုမယားပါသမီးများနှင့် အသင်တို့ ထိမ်းမြားခြင်းသည်) အသင်တို့တွင် အပြစ်မရှိ‌ပေ။ ထို့ပြင် အသင်တို့၏‌ကျောရိုးများက (ဖြစ်လာ‌သော)သားရင်းတို့၏ဇနီးမိန်းမများ (နှင့်ထိမ်းမြားခြင်း)၊ ညီအစ်မနှစ်ဦးတို့ကို (တစ်ဦးနှင့် ထိမ်းမြားထားစဉ် ‌နောက်တစ်ဦးနှင့် ထိမ်းမြား) ‌ပေါင်းသင်းခြင်းသည်လည်း တားမြစ်ထားပြီးဖြစ်သည်။ သို့ရာတွင် (ယခင်က)ပြုမူခဲ့သည်ကို (ခွင့်လွှတ်သည်)။ အမှန်စင်စစ် အလ္လာဟ်အရှင်မြတ်သည် အလွန်လွတ်ငြိမ်းချမ်းသာခွင့် ‌ပေး‌တော်မူ‌သောအရှင်၊ အလွန်သနားကြင်နာ‌တော်မူ‌သောအရှင် ဖြစ်‌တော်မူသည်။

الجزء الخامس

۞ وَٱلۡمُحۡصَنَٰتُ مِنَ ٱلنِّسَآءِ إِلَّا مَا مَلَكَتۡ أَيۡمَٰنُكُمۡۖ كِتَٰبَ ٱللَّهِ عَلَيۡكُمۡۚ وَأُحِلَّ لَكُم مَّا وَرَآءَ ذَٰلِكُمۡ أَن تَبۡتَغُواْ بِأَمۡوَٰلِكُم مُّحۡصِنِينَ غَيۡرَ مُسَٰفِحِينَۚ فَمَا ٱسۡتَمۡتَعۡتُم بِهِۦ مِنۡهُنَّ فَـَٔاتُوهُنَّ أُجُورَهُنَّ فَرِيضَةًۚ وَلَا جُنَاحَ عَلَيۡكُمۡ فِيمَا تَرَٰضَيۡتُم بِهِۦ مِنۢ بَعۡدِ ٱلۡفَرِيضَةِۚ إِنَّ ٱللَّهَ كَانَ عَلِيمًا حَكِيمًا ٢٤ထို့ပြင် အမျိုးသမီးများထဲမှ ထိန်းသိမ်းခံထားရသူ(လင်ရှိမိန်းမ)များသည်လည်း (ထိမ်းမြားမှု တားမြစ်ထားပြီးဖြစ်သည်)။ သို့ရာတွင် ထိုမိန်းမများသည် အသင်တို့လက်ထဲသို့ သုံ့ပန်းအဖြစ်‌ရောက်ရှိလာလျှင်(ထိမ်းမြားခွင့်ရှိသည်)။* ဤသည် အသင်တို့အ‌ပေါ်ပြဋ္ဌာန်းထား‌သော အလ္လာဟ်အရှင်မြတ်၏အမိန့်‌တော်ဖြစ်သည်။ ထို့ပြင် ထို(‌ဖော်ပြပြီး‌သော)မိန်းမများမှလွဲ၍ အခြားမိန်းမများကို အသင်တို့အတွက် ဟလာလ်ခွင့်ပြုထား‌တော်မူသည်။* ဆိုလိုသည်မှာ အသင်တို့သည် (ထိုမိန်းမများကို) အသင်တို့၏ပစ္စည်းဥစ္စာများနှင့် တရားမဝင် ကာမလိုက်စားသူအဖြစ် မဟုတ်ဘဲ စင်ကြယ်မှုကိုလိုလားပြီး နိကာဟ်ပြုသူများအဖြစ်နှင့် ရှာ‌ဖွေ(ထိမ်းမြား)ကြပါ။ ၎င်းပြင် အသင်တို့သည် ထိုမိန်းမများနှင့် (ဇနီး‌မောင်နှံအဖြစ်နှင့်) အကျိုး‌ကျေးဇူးခံစားခဲ့ကြလျှင် အသင်တို့သည် ထိုမိန်းမများအား သတ်မှတ်ထားသည့် (ထိမ်းမြားရန် သ‌ဘောတူထား‌သော) မဟရ်ပစ္စည်းကို‌ပေးကြပါ။ ထို့‌နောက် အကယ်၍ အသင်တို့သည် မဟရ်သတ်မှတ်ပြီး‌နောက် အသင်တို့ အချင်းချင်း‌ပြေလည်ကြလျှင် (မဟရ်ကို တိုးခြင်း၊ ‌လျှော့ခြင်း၊ ခွင့်လွှတ်ခြင်းတို့၌) အသင်တို့အ‌ပေါ်တွင် အပြစ်မရှိ‌ပေ။ အမှန်စင်စစ် အလ္လာဟ်အရှင်မြတ်သည် အရာအားလုံးကို အကြွင်းမဲ့သိ‌တော်မူ‌သောအရှင်၊ ပညာဉာဏ်အ‌မြော်အမြင်နှင့် အလွန်ပြည့်စုံ‌တော်မူ‌သောအရှင် ဖြစ်‌တော်မူသည်။ وَمَن لَّمۡ يَسۡتَطِعۡ مِنكُمۡ طَوۡلًا أَن يَنكِحَ ٱلۡمُحۡصَنَٰتِ ٱلۡمُؤۡمِنَٰتِ فَمِن مَّا مَلَكَتۡ أَيۡمَٰنُكُم مِّن فَتَيَٰتِكُمُ ٱلۡمُؤۡمِنَٰتِۚ وَٱللَّهُ أَعۡلَمُ بِإِيمَٰنِكُمۚ بَعۡضُكُم مِّنۢ بَعۡضٍۚ فَٱنكِحُوهُنَّ بِإِذۡنِ أَهۡلِهِنَّ وَءَاتُوهُنَّ أُجُورَهُنَّ بِٱلۡمَعۡرُوفِ مُحۡصَنَٰتٍ غَيۡرَ مُسَٰفِحَٰتٍ وَلَا مُتَّخِذَٰتِ أَخۡدَانٍۚ فَإِذَآ أُحۡصِنَّ فَإِنۡ أَتَيۡنَ بِفَٰحِشَةٍ فَعَلَيۡهِنَّ نِصۡفُ مَا عَلَى ٱلۡمُحۡصَنَٰتِ مِنَ ٱلۡعَذَابِۚ ذَٰلِكَ لِمَنۡ خَشِيَ ٱلۡعَنَتَ مِنكُمۡۚ وَأَن تَصۡبِرُواْ خَيۡرٌ لَّكُمۡۗ وَٱللَّهُ غَفُورٌ رَّحِيمٌ ٢٥ထို့ပြင် အသင်တို့ထဲမှ အကြင်သူသည် လွတ်လပ်‌သော မုအ်မင်န်အမျိုးသမီးများနှင့် ထိမ်းမြားရန် မတတ်စွမ်းနိုင်လျှင် ထိုသူသည် အသင်တို့ပိုင်ဆိုင်‌သော မုအ်မင်န်ကျွန်မများနှင့် (လက်ထပ်ထိမ်းမြားနိုင်သည်)။* ထို့ပြင် အလ္လာဟ်အရှင်မြတ်သည် အသင်တို့၏ အီမာန်ယုံကြည်မှုုကို အသိဆုံးဖြစ်‌တော်မူသည်။* အသင်တို့ထဲမှအချို့သည် အချို့ထံမှ (ဆင့်ကဲဆင့်ကဲ ဆင်းသက်လာ‌သော သားချင်းများပင်)ဖြစ်သည်။* သို့ဖြစ်ရာ အသင်တို့သည် ထိုကျွန်မများကို ပိုင်ဆိုင်ကြ‌သောသခင်များ၏ခွင့်ပြုချက်နှင့် ထိုကျွန်မများကို လက်ထပ်ထိမ်းမြားကြပါ။ ထို့ပြင် အသင်တို့သည် တရားဥပ‌ဒေအတိုင်း ထိုကျွန်မများအား သူမတို့၏ မဟရ်များကို‌ပေးကြပါ။ ထိုကျွန်မများသည် (သူမတို့၏)သိက္ခာကို ထိန်းသိမ်းကြရမည်။ တရားမဝင် ကာမကျူးလွန်သူများ မဖြစ်ကြရ‌ပေ။ တိတ်တိတ်ပုန်း‌ယောက်ျားယူသူများလည်း မဖြစ်ကြရ‌ပေ။ ထို့ပြင် ထိုကျွန်မများသည် ဇနီးအဖြစ် ထိမ်းမြားခံရပြီး‌နောက် အကယ်၍ တရားမဝင် ကာမကျူးလွန်ခဲ့ကြလျှင် ထိုကျွန်မများအ‌ပေါ်တွင် (ချမှတ်ရမည့်အပြစ်ဒဏ်သည်) လွတ်လပ်‌သော အမျိုးသမီးများအ‌ပေါ်တွင် ချမှတ်‌သောအပြစ်ဒဏ်၏ ထက်ဝက်ဖြစ်သည်။* ဤ(သို့ ကျွန်မများနှင့်ထိမ်းမြားရန်)အမိန့်‌တော်သည် အသင်တို့ထဲမှ (မထိမ်းမြားဘဲ‌နေခဲ့လျှင်) တရားမဝင်ကာမ (ကျူးလွန်မိမည်)ကို စိုးရိမ်‌သောသူများအတွက် ဖြစ်သည်။ ထို့ပြင် အသင်တို့သည် (အသင်တို့၏စိတ်များကိုထိန်းပြီး ကျွန်မများနှင့် မထိမ်းမြားဘဲ) သည်းခံကြလျှင် အသင်တို့အတွက် ပို‌ကောင်းသည်။ ထို့ပြင် အလ္လာဟ်အရှင်မြတ်သည် အလွန်လွတ်ငြိမ်းချမ်းသာခွင့် ‌ပေး‌တော်မူ‌သောအရှင်၊ အလွန်သနားကြင်နာ‌တော်မူ‌သောအရှင် ဖြစ်‌တော်မူသည်။ يُرِيدُ ٱللَّهُ لِيُبَيِّنَ لَكُمۡ وَيَهۡدِيَكُمۡ سُنَنَ ٱلَّذِينَ مِن قَبۡلِكُمۡ وَيَتُوبَ عَلَيۡكُمۡۗ وَٱللَّهُ عَلِيمٌ حَكِيمٌ ٢٦အလ္လာဟ်အရှင်မြတ်သည် အသင်တို့အတွက် ရှင်းလင်းပြသ‌တော်မူရန်အတွက်နှင့် အသင်တို့မတိုင်မီက ရှိခဲ့ကြ‌သောသူတို့၏နည်းလမ်းများကို ပြသ‌တော်မူရန်အပြင် အသင်တို့ဘက်ကို (သနားကရုဏာ‌တော်နှင့်) လှည့်‌တော်မူရန်အတွက် ရည်ရွယ်‌တော်မူသည်။ ထို့ပြင် အလ္လာဟ်အရှင်မြတ်သည် အရာအားလုံးကို အကြွင်းမဲ့သိ‌တော်မူ‌သောအရှင်၊ ပညာဉာဏ်အ‌မြော်အမြင်နှင့် အလွန်ပြည့်စုံ‌တော်မူ‌သောအရှင် ဖြစ်‌တော်မူသည်။ وَٱللَّهُ يُرِيدُ أَن يَتُوبَ عَلَيۡكُمۡ وَيُرِيدُ ٱلَّذِينَ يَتَّبِعُونَ ٱلشَّهَوَٰتِ أَن تَمِيلُواْ مَيۡلًا عَظِيمًا ٢٧ထို့ပြင် အလ္လာဟ်အရှင်မြတ်သည် အသင်တို့ဘက်ကို (သနားကရုဏာ‌တော်နှင့်) လှည့်‌တော်မူရန်အတွက် ရည်ရွယ်‌တော်မူသည်။ သို့ရာတွင် (မိမိ၏)စိတ်အလိုဆန္ဒ ‌နောက်ကိုလိုက်‌သောသူများကမူ* အသင်တို့ အကြီးအကျယ် ယိမ်းယိုင်ချွတ်‌ချော်ရန်အတွက်ကိုသာ ရည်ရွယ်ကြသည်။ يُرِيدُ ٱللَّهُ أَن يُخَفِّفَ عَنكُمۡۚ وَخُلِقَ ٱلۡإِنسَٰنُ ضَعِيفًا ٢٨အလ္လာဟ်အရှင်မြတ်သည် အသင်တို့၏(ဝန်ကို) ‌လျော့‌ပေါ့‌စေ‌တော်မူရန် (အသင်တို့၏အ‌ရေးကိစ္စများ လွယ်ကူမှုဖြစ်‌စေရန်) ရည်ရွယ်‌တော်မူသည်။* ထို့ပြင် လူသားသည် ချည့်နဲ့သူအဖြစ် ဖန်ဆင်းခြင်းခံခဲ့ရသည်။ يَٰٓأَيُّهَا ٱلَّذِينَ ءَامَنُواْ لَا تَأۡكُلُوٓاْ أَمۡوَٰلَكُم بَيۡنَكُم بِٱلۡبَٰطِلِ إِلَّآ أَن تَكُونَ تِجَٰرَةً عَن تَرَاضٍ مِّنكُمۡۚ وَلَا تَقۡتُلُوٓاْ أَنفُسَكُمۡۚ إِنَّ ٱللَّهَ كَانَ بِكُمۡ رَحِيمًا ٢٩အို- အီမာန်ယုံကြည်သူအ‌ပေါင်းတို့၊ အသင်တို့သည် အသင်တို့အချင်းချင်း သ‌ဘောတူ‌ကျေနပ်မှုနှင့် ‌ရောင်းဝယ်‌ဖောက်ကားမှု တစ်စုံတစ်ခု ပြုလုပ်ခြင်းမှလွဲ၍ အသင်တို့၏ ပစ္စည်းဥစ္စာများကို အသင်တို့အချင်းချင်း မတရား‌သောနည်းနှင့်* စားသုံးမှု မပြုကြနှင့်။ ထို့ပြင် အသင်တို့သည် အသင်တို့ကိုယ်အသင်တို့ သတ်ဖြတ်မှုလည်း မပြုကြနှင့်။* အမှန်စင်စစ် အလ္လာဟ်အရှင်မြတ်သည် အသင်တို့အ‌ပေါ် အလွန်သနားကြင်နာ‌တော်မူ‌သောအရှင် ဖြစ်‌တော်မူသည်။ وَمَن يَفۡعَلۡ ذَٰلِكَ عُدۡوَٰنًا وَظُلۡمًا فَسَوۡفَ نُصۡلِيهِ نَارًاۚ وَكَانَ ذَٰلِكَ عَلَى ٱللَّهِ يَسِيرًا ٣٠ထို့ပြင် အကြင်သူသည် ကျူးလွန်သည့်အဖြစ်နှင့်သာမက မတရားနှိပ်စက်သည့်အဖြစ်နှင့် ထိုအရာကိုပြုလုပ်လျှင် ငါအရှင်မြတ်သည် ထိုသူကို မကြာမီ ငရဲမီးထဲသို့ သွတ်သွင်း‌တော်မူမည်။ ၎င်းပြင် ထိုအရာသည် အလ္လာဟ်အရှင်မြတ်အတွက် လွယ်ကူသည်။ إِن تَجۡتَنِبُواْ كَبَآئِرَ مَا تُنۡهَوۡنَ عَنۡهُ نُكَفِّرۡ عَنكُمۡ سَيِّـَٔاتِكُمۡ وَنُدۡخِلۡكُم مُّدۡخَلًا كَرِيمًا ٣١အကယ်၍ အသင်တို့သည် အသင်တို့အား တားမြစ်ပြီးဖြစ်‌သော အပြစ်ကြီးများမှ ‌ရှောင်ကြဉ်ကြလျှင်* ငါအရှင်မြတ်သည် အသင်တို့၏ မ‌ကောင်းမှု(အ‌သေး)များကို အသင်တို့ထံမှ ဖယ်ရှား‌တော်မူပြီး အသင်တို့အား ဂုဏ်ရှိ‌သော‌နေရာသို့ ဝင်‌ရောက်‌စေ‌တော်မူမည်။ وَلَا تَتَمَنَّوۡاْ مَا فَضَّلَ ٱللَّهُ بِهِۦ بَعۡضَكُمۡ عَلَىٰ بَعۡضٍۚ لِّلرِّجَالِ نَصِيبٌ مِّمَّا ٱكۡتَسَبُواْۖ وَلِلنِّسَآءِ نَصِيبٌ مِّمَّا ٱكۡتَسَبۡنَۚ وَسۡـَٔلُواْ ٱللَّهَ مِن فَضۡلِهِۦٓۚ إِنَّ ٱللَّهَ كَانَ بِكُلِّ شَيۡءٍ عَلِيمًا ٣٢ထို့ပြင် အလ္လာဟ်အရှင်မြတ်သည် အသင်တို့ထဲမှအချို့ကို အချို့ထက် သာလွန်‌စေ‌တော်မူခဲ့သည်ကို အသင်တို့ မလိုလားမ‌တောင့်တကြနှင့်။ ‌ယောက်ျားများအတွက် သူတို့ရှာ‌ဖွေဆည်းပူးခဲ့သည်များထဲမှ ‌ဝေစုရှိသည်။ ၎င်းပြင် မိန်းမများအတွက် သူမတို့ရှာ‌ဖွေဆည်းပူးခဲ့သည်များထဲမှ ‌ဝေစုရှိသည်။ ထို့ပြင် အသင်တို့သည် အလ္လာဟ်အရှင်မြတ်၏ ‌ကျေးဇူး‌တော်ကို အသနားခံ‌တောင်းယူကြပါ။ အမှန်စင်စစ် အလ္လာဟ်အရှင်မြတ်သည် အရာအားလုံးကို အလွန်သိ‌တော်မူ‌သောအရှင် ဖြစ်‌တော်မူသည်။ وَلِكُلٍّ جَعَلۡنَا مَوَٰلِيَ مِمَّا تَرَكَ ٱلۡوَٰلِدَانِ وَٱلۡأَقۡرَبُونَۚ وَٱلَّذِينَ عَقَدَتۡ أَيۡمَٰنُكُمۡ فَـَٔاتُوهُمۡ نَصِيبَهُمۡۚ إِنَّ ٱللَّهَ كَانَ عَلَىٰ كُلِّ شَيۡءٍ شَهِيدًا ٣٣ထို့ပြင် ငါအရှင်မြတ်သည် မိဘနှစ်ပါးနှင့် ‌ဆွေမျိုးသားချင်းများက ထားခဲ့‌သောအ‌မွေပစ္စည်းများနှင့်ပတ်သက်၍ သူတို့အသီးသီးအတွက် အ‌မွေစားအ‌မွေခံများကို သတ်မှတ်ထား‌တော်မူသည်။ ထို့ပြင် အသင်တို့ ကတိကဝတ်ပြုထား‌သောသူများကိုလည်း သူတို့၏ ‌ဝေစုကို ‌ပေးကြပါ။ အမှန်စင်စစ် အလ္လာဟ်အရှင်မြတ်သည် အရာအားလုံးကို မျက်‌မှောက်အသိသက်‌သေဖြစ်‌နေ‌တော်မူ‌သောအရှင် ဖြစ်‌တော်မူသည်။ ٱلرِّجَالُ قَوَّٰمُونَ عَلَى ٱلنِّسَآءِ بِمَا فَضَّلَ ٱللَّهُ بَعۡضَهُمۡ عَلَىٰ بَعۡضٍ وَبِمَآ أَنفَقُواْ مِنۡ أَمۡوَٰلِهِمۡۚ فَٱلصَّٰلِحَٰتُ قَٰنِتَٰتٌ حَٰفِظَٰتٌ لِّلۡغَيۡبِ بِمَا حَفِظَ ٱللَّهُۚ وَٱلَّٰتِي تَخَافُونَ نُشُوزَهُنَّ فَعِظُوهُنَّ وَٱهۡجُرُوهُنَّ فِي ٱلۡمَضَاجِعِ وَٱضۡرِبُوهُنَّۖ فَإِنۡ أَطَعۡنَكُمۡ فَلَا تَبۡغُواْ عَلَيۡهِنَّ سَبِيلًاۗ إِنَّ ٱللَّهَ كَانَ عَلِيًّا كَبِيرًا ٣٤‌ယောက်ျားများသည် မိန်းမများအ‌ပေါ်တွင် ကြီးကြပ်အုပ်ထိန်းသူများဖြစ်ကြသည်၊* အဘယ့်‌ကြောင့်ဆို‌သော် အလ္လာဟ်အရှင်မြတ်က အချို့ကို အချို့ထက်(‌ယောက်ျားများကို မိန်းမများထက်)အရည်အချင်း၊ အဆင့်အတန်း သာလွန်‌စေ‌တော်မူခဲ့သည့်အပြင် ‌ယောက်ျားများသည် သူတို့၏ပစ္စည်းဥစ္စာများကို (မိန်းမများအ‌ပေါ်တွင်) သုံးစွဲသည့်အတွက်‌ကြောင့်လည်းဖြစ်သည်။ သို့ဖြစ်ရာ အမျိုးသမီး‌ကောင်းများသည် (ခင်ပွန်း၏)အမိန့်ကို နာခံသူများဖြစ်ကြသည်၊ အလ္လာဟ်အရှင်မြတ်၏‌စောင့်‌ရှောက်မှုဖြင့် (ခင်ပွန်း)ကွယ်ရာတွင် (ခင်ပွန်း၏ ပစ္စည်းနှင့် သူမ၏အရှက်သိက္ခာကို) ထိန်းသိမ်းသူများဖြစ်ကြသည်။* ထို့ပြင် အသင်တို့သည် အကြင်ဇနီးမိန်းမများ၏‌သွေဖည်မှုကို စိုးရိမ်ကြလျှင် (ပထမအဆင့် အ‌နေဖြင့်) အသင်တို့သည် ထိုဇနီးမိန်းမများကို ပြုပြင်ဆုံးမကြပါ။ ထို့‌နောက် (မနာခံကြ‌သေးလျှင် ဒုတိယအဆင့် အ‌နေဖြင့်) အသင်တို့သည် ထိုဇနီးမိန်းမများကို အိပ်ခန်းများထဲတွင် (သီးခြားခွဲအိပ်ပြီး)စွန့်ထားလိုက်ကြပါ။ ထို့‌နောက်(လည်း မနာခံကြ‌သေးလျှင်) အသင်တို့သည် ထိုမိန်းမများကို (မပြင်းထန်‌သော ရိုက်ခြင်းမျိုးနှင့်) ရိုက်(ပြီးဆုံးမ)ကြပါ။ ထို့‌နောက် အကယ်၍ သူမတို့သည် အသင်တို့၏အမိန့်ကို နာခံကြပြီဆိုလျှင် အသင်တို့သည် သူမတို့နှင့် ဆန့်ကျင်ပြီး မည်သည့်နည်းလမ်းကိုမျှ မရှာကြ‌တော့နှင့်။ အမှန်စင်စစ် အလ္လာဟ်အရှင်မြတ်သည် အလွန်မြင့်မား‌တော်မူ‌သောအရှင်၊ အလွန်ကြီးကျယ် ထူးကဲမြင့်မြတ်‌တော်မူ‌သောအရှင် ဖြစ်‌တော်မူသည်။ وَإِنۡ خِفۡتُمۡ شِقَاقَ بَيۡنِهِمَا فَٱبۡعَثُواْ حَكَمًا مِّنۡ أَهۡلِهِۦ وَحَكَمًا مِّنۡ أَهۡلِهَآ إِن يُرِيدَآ إِصۡلَٰحًا يُوَفِّقِ ٱللَّهُ بَيۡنَهُمَآۗ إِنَّ ٱللَّهَ كَانَ عَلِيمًا خَبِيرًا ٣٥ထို့ပြင် အကယ်၍ အသင်တို့သည် ထိုဇနီးခင်ပွန်းနှစ်ဦးတို့၏ အကြားတွင် ကွဲလွဲမှုပြဿနာဖြစ်ပွားမည်ကို စိုးရိမ်ခဲ့ကြလျှင် ခင်ပွန်း၏‌ဆွေမျိုးများဘက်မှ ခုံသမာဓိလူကြီးတစ်ဦးနှင့် ဇနီး၏‌ဆွေမျိုးများဘက်မှ ခုံသမာဓိလူကြီးတစ်ဦးတို့ကို ခန့်အပ်(ပြီး ‌ဖြေရှင်း)ကြပါ။ အကယ်၍ ထို(ခုံလူကြီး)နှစ်ဦးသည် ထိုဇနီးခင်ပွန်းနှစ်ဦးအား ‌ကောင်းမွန်‌စေရန်ပြုပြင်မှုကို ရည်ရွယ်ကြလျှင် အလ္လာဟ်အရှင်မြတ်သည် သူတို့(ဇနီးခင်ပွန်း)နှစ်ဦးကြားတွင် ညီညွတ်‌စေ‌တော်မူမည်။* အမှန်စင်စစ် အလ္လာဟ်အရှင်မြတ်သည် အကြွင်းမဲ့သိ‌တော်မူ‌သောအရှင်၊ အကြွင်းမဲ့ကြားသိ‌တော်မူ‌သောအရှင် ဖြစ်‌တော်မူသည်။ ۞ وَٱعۡبُدُواْ ٱللَّهَ وَلَا تُشۡرِكُواْ بِهِۦ شَيۡـًٔاۖ وَبِٱلۡوَٰلِدَيۡنِ إِحۡسَٰنًا وَبِذِي ٱلۡقُرۡبَىٰ وَٱلۡيَتَٰمَىٰ وَٱلۡمَسَٰكِينِ وَٱلۡجَارِ ذِي ٱلۡقُرۡبَىٰ وَٱلۡجَارِ ٱلۡجُنُبِ وَٱلصَّاحِبِ بِٱلۡجَنۢبِ وَٱبۡنِ ٱلسَّبِيلِ وَمَا مَلَكَتۡ أَيۡمَٰنُكُمۡۗ إِنَّ ٱللَّهَ لَا يُحِبُّ مَن كَانَ مُخۡتَالًا فَخُورًا ٣٦ထို့ပြင် အသင်တို့သည် အလ္လာဟ်အရှင်မြတ်အား ကိုးကွယ်ကြပါ။ ၎င်းပြင် အသင်တို့သည် မည်သည့်အရာကိုမျှ အရှင်မြတ်နှင့် တွဲဖက်နှိုင်းယှဉ်မှု မပြုကြနှင့်။ ထို့ပြင် အသင်တို့သည် မိဘနှစ်ပါးနှင့်၊ ‌ဆွေမျိုးနီးစပ်များ၊ အဘမဲ့က‌လေးများ၊ ဆင်းရဲသားများ၊ ‌ဆွေမျိုး‌တော်စပ်‌သော အိမ်နီးချင်းများ၊ ‌ဆွေမျိုးမ‌တော်စပ်‌သော အိမ်နီးချင်းများ၊ အတူတကွ‌နေထိုင်‌သော အ‌ပေါင်းအ‌ဖော်များ၊ ခရီးသည်များ၊ အသင်တို့ပိုင်ဆိုင်‌သော ‌ကျေးကျွန်များကို ‌ကောင်းမွန်စွာ ဆက်ဆံကြပါ။ အမှန်စင်စစ် အလ္လာဟ်အရှင်မြတ်သည် မာန‌ထောင်‌သောသူ၊ ကြွားဝါ‌သောသူကို နှစ်သက်‌တော် မမူ‌ပေ။ ٱلَّذِينَ يَبۡخَلُونَ وَيَأۡمُرُونَ ٱلنَّاسَ بِٱلۡبُخۡلِ وَيَكۡتُمُونَ مَآ ءَاتَىٰهُمُ ٱللَّهُ مِن فَضۡلِهِۦۗ وَأَعۡتَدۡنَا لِلۡكَٰفِرِينَ عَذَابًا مُّهِينًا ٣٧အကြင်သူများသည် သူတို့ကိုယ်တိုင်လည်း ‌စေးနှဲတွန့်တိုကြသည်။ သူတစ်ပါးကိုလည်း ‌စေးနှဲတွန့်တို‌စေရန် ညွှန်ကြားကြသည်။ ထို့ပြင် သူတို့သည် အလ္လာဟ်အရှင်မြတ်က အရှင်မြတ်၏ ‌ကျေးဇူး‌တော်နှင့် သူတို့ကို ‌ပေးသနားထား‌တော်မူ‌သောအရာများကိုလည်း (မသုံးစွဲဘဲ) လျှို့ဝှက်ထိမ်ချန်ထားကြသည်။ ထို့ပြင် ငါအရှင်မြတ်သည် ‌ကျေးဇူးကန်း‌သောသူများအတွက် သိက္ခာကျ‌စေ‌သော အပြစ်ဒဏ်ကို အသင့်ပြင်ဆင်ထား‌တော်မူသည်။ وَٱلَّذِينَ يُنفِقُونَ أَمۡوَٰلَهُمۡ رِئَآءَ ٱلنَّاسِ وَلَا يُؤۡمِنُونَ بِٱللَّهِ وَلَا بِٱلۡيَوۡمِ ٱلۡأٓخِرِۗ وَمَن يَكُنِ ٱلشَّيۡطَٰنُ لَهُۥ قَرِينًا فَسَآءَ قَرِينًا ٣٨ထို့ပြင် အကြင်သူများသည် သူတို့၏ပစ္စည်းများကို လူများအား ပြစားရန် လှူဒါန်းသုံးစွဲကြသည်။ ၎င်းပြင် သူတို့သည် အလ္လာဟ်အရှင်မြတ်နှင့် ‌နောက်ဆုံး‌နေ့ကို မယုံကြည်ကြ‌ပေ။ ထို့ပြင် မည်သူမဆို ရှိုင်သွာန်သည် ထိုသူ၏ အရင်းနှီးဆုံးမိတ်‌ဆွေဖြစ်ခဲ့လျှင် (ထိုရှိုင်သွာန်သည်) အလွန်ဆိုးရွား‌သော မိတ်‌ဆွေပင်ဖြစ်သည်။ وَمَاذَا عَلَيۡهِمۡ لَوۡ ءَامَنُواْ بِٱللَّهِ وَٱلۡيَوۡمِ ٱلۡأٓخِرِ وَأَنفَقُواْ مِمَّا رَزَقَهُمُ ٱللَّهُۚ وَكَانَ ٱللَّهُ بِهِمۡ عَلِيمًا ٣٩ထို့ပြင် အကယ်၍ သူတို့သည် အလ္လာဟ်အရှင်မြတ်နှင့် ‌နောက်ဆုံး‌နေ့ကို ယုံကြည်ခဲ့ပြီး သူတို့အား အလ္လာဟ်အရှင်မြတ်က ‌ပေးသနားထား‌တော်မူခဲ့‌သော ပစ္စည်းများကို သုံးစွဲလှူဒါန်းခဲ့ကြလျှင် သူတို့အ‌ပေါ်တွင် မည်သည့်(ဆုံးရှုံးနစ်နာ‌စေမည့်)အရာရှိ‌တော့မည်နည်း။ ၎င်းပြင် အလ္လာဟ်အရှင်မြတ်သည် သူတို့ကို အကြွင်းမဲ့သိ‌တော်မူ‌သောအရှင် ဖြစ်‌တော်မူသည်။ إِنَّ ٱللَّهَ لَا يَظۡلِمُ مِثۡقَالَ ذَرَّةٍۖ وَإِن تَكُ حَسَنَةً يُضَٰعِفۡهَا وَيُؤۡتِ مِن لَّدُنۡهُ أَجۡرًا عَظِيمًا ٤٠အမှန်စင်စစ် အလ္လာဟ်အရှင်မြတ်သည် မြူမှုန့်မျှပင် မတရားပြုလုပ်‌တော်မူမည် မဟုတ်‌ပေ။ ထို့ပြင် အကယ်၍ ‌ကောင်းမှုတစ်ခုရှိခဲ့လျှင် အရှင်မြတ်သည် ထို‌ကောင်းမှုကို ဆထက်ထမ်းပိုး တိုးပွား‌စေ‌တော်မူမည်၊ ၎င်းပြင် အရှင်မြတ်ထံ‌တော်မှလည်း အလွန်ကြီးကျယ်‌သော အကျိုးကို ချီးမြှင့်‌ပေးသနား‌တော်မူမည်။ فَكَيۡفَ إِذَا جِئۡنَا مِن كُلِّ أُمَّةِۭ بِشَهِيدٍ وَجِئۡنَا بِكَ عَلَىٰ هَٰٓؤُلَآءِ شَهِيدًا ٤١ထို့‌နောက် ငါအရှင်မြတ်သည် (ကိယာမသ်‌နေ့တွင်) အွမ္မသ်အုပ်စုတိုင်းမှ သက်‌သေတစ်ဦးစီ ‌ခေါ်ယူ‌တော်မူမည်။* ထို့ပြင် ငါအရှင်မြတ်သည် အသင်(တမန်‌တော် မုဟမ္မဒ်-ဆွ)ကိုလည်း ဤ(အသင်၏) အွမ္မသ်အုပ်စုအတွက် သက်‌သေအဖြစ် ‌ခေါ်ယူ‌တော်မူမည်။ ထိုအခါ (ကာဖိရ်များသည်) မည်ကဲ့သို့ ဖြစ်ကြမည်နည်း။ يَوۡمَئِذٍ يَوَدُّ ٱلَّذِينَ كَفَرُواْ وَعَصَوُاْ ٱلرَّسُولَ لَوۡ تُسَوَّىٰ بِهِمُ ٱلۡأَرۡضُ وَلَا يَكۡتُمُونَ ٱللَّهَ حَدِيثًا ٤٢ထို‌နေ့တွင် (ကုဖ်ရ်)ငြင်းပယ်ခဲ့ကြပြီး တမန်‌တော်မြတ်ကို ‌သွေဖည်ခဲ့ကြသူများသည် သူတို့ကိုယ်သူတို့ ‌မြေကြီးနှင့်တစ်သားတည်းဖြစ်သွားလျှင် ‌ကောင်းလိုက်‌လေစွဟု ‌တောင့်တကြလိမ့်မည်။* ၎င်းပြင် သူတို့သည် အလ္လာဟ်အရှင်မြတ်အ‌ပေါ်တွင် မည်သည့်စကားတစ်ခုမျှ ထိမ်ချန်ဖုံးကွယ်ထားနိုင်ကြမည် မဟုတ်‌ပေ။ يَٰٓأَيُّهَا ٱلَّذِينَ ءَامَنُواْ لَا تَقۡرَبُواْ ٱلصَّلَوٰةَ وَأَنتُمۡ سُكَٰرَىٰ حَتَّىٰ تَعۡلَمُواْ مَا تَقُولُونَ وَلَا جُنُبًا إِلَّا عَابِرِي سَبِيلٍ حَتَّىٰ تَغۡتَسِلُواْۚ وَإِن كُنتُم مَّرۡضَىٰٓ أَوۡ عَلَىٰ سَفَرٍ أَوۡ جَآءَ أَحَدٌ مِّنكُم مِّنَ ٱلۡغَآئِطِ أَوۡ لَٰمَسۡتُمُ ٱلنِّسَآءَ فَلَمۡ تَجِدُواْ مَآءً فَتَيَمَّمُواْ صَعِيدًا طَيِّبًا فَٱمۡسَحُواْ بِوُجُوهِكُمۡ وَأَيۡدِيكُمۡۗ إِنَّ ٱللَّهَ كَانَ عَفُوًّا غَفُورًا ٤٣အို- အီမာန်ယုံကြည်သူအ‌ပေါင်းတို့၊ အသင်တို့သည် မူးယစ်‌နေကြလျက် အသင်တို့‌ပြောဆို‌သောအရာများကို အသင်တို့မသိသမျှကာလပတ်လုံး စွလာသ်ဝတ်ပြုမှုအနီးသို့ မချဉ်းကပ်ကြနှင့်။* ၎င်းပြင် အသင်တို့သည် ‌ရေချိုးသန့်စင်ရန် တာဝန်ရှိသူများဖြစ်‌နေကြလျက်နှင့်လည်း* ‌ရေချိုသန့်စင်မှုမပြုသမျှကာလပတ်လုံး (စွလာသ်ဝတ်ပြုမှု၏အနီးနှင့် စွလာသ်ဝတ်ပြုရာ‌နေရာ ဝတ်‌ကျောင်း‌တော်များအနီးသို့ ချဉ်းကပ်မှု) မပြုကြနှင့်။ သို့ရာတွင် အသင်တို့သည် (မလွှဲမ‌ရှောင်သာ) ဖြတ်သွားဖြတ်လာပြုရ‌သောအခါမျိုး၌သာ (ဖြတ်သန်းခွင့်ရှိသည်)။ ထို့ပြင် အသင်တို့သည် အကယ်၍ ‌ရောဂါသည်များ၊ သို့မဟုတ် ခရီးသည်များဖြစ်ကြလျှင် သို့မဟုတ် အသင်တို့ထဲက တစ်ဦးတစ်‌ယောက်သည် ကျင်ကြီးကျင်ငယ်စွန့်ရာမှ ပြန်လာခဲ့လျှင်၊ သို့မဟုတ် အသင်တို့သည် ဇနီးမိန်းမများနှင့်‌ပေါင်းသင်းဆက်ဆံခဲ့ကြလျှင်၊ ထို့‌နောက်(သန့်စင်ရန်)‌ရေမရှိလျှင် အသင်တို့သည် စင်ကြယ်‌သော‌မြေကြီးဖြင့် သယမ်မွမ်*ပြုလုပ်ကြပါ။ (ပြုလုပ်နည်းမှာ) အသင်တို့သည် (အသင်တို့၏လက်ဖဝါးနှစ်ဖက်နှင့် ‌မြေကိုရိုက်ပုတ်၍) အသင်တို့၏မျက်နှာများနှင့် လက်များကို ပွတ်သပ်ကြပါ။ အမှန်စင်စစ် အလ္လာဟ်အရှင်မြတ်သည် အလွန်ခွင့်လွှတ်‌တော်မူ‌သောအရှင်၊ အလွန်လွတ်ငြိမ်းချမ်းသာခွင့်‌ပေး‌တော်မူ‌သောအရှင် ဖြစ်‌တော်မူသည်။ أَلَمۡ تَرَ إِلَى ٱلَّذِينَ أُوتُواْ نَصِيبًا مِّنَ ٱلۡكِتَٰبِ يَشۡتَرُونَ ٱلضَّلَٰلَةَ وَيُرِيدُونَ أَن تَضِلُّواْ ٱلسَّبِيلَ ٤٤ကျမ်းဂန်များထဲမှ တစ်စိတ်တစ်‌ဒေသ ချီးမြှင့်ခြင်းခံရ‌သောသူများကို အသင် မ‌တွေ့မြင်‌လေသ‌လော။ ထိုသူများသည် လမ်းမှားကို ဝယ်ယူလိုက်စားကြသည်။ ၎င်းပြင် သူတို့သည် အသင်တို့ လမ်းမှားသည်ကိုလည်း လိုလားကြသည်။ وَٱللَّهُ أَعۡلَمُ بِأَعۡدَآئِكُمۡۚ وَكَفَىٰ بِٱللَّهِ وَلِيًّا وَكَفَىٰ بِٱللَّهِ نَصِيرًا ٤٥ထို့ပြင် အလ္လာဟ်အရှင်မြတ်သည် အသင်တို့၏ရန်သူများကို ‌ကောင်း‌ကောင်းသိ‌တော်မူသည်။ ထို့ပြင် အလ္လာဟ်အရှင်မြတ်သည် (အသင်တို့အတွက်)ကာကွယ်‌စောင့်‌ရှောက်‌စောင်မ‌တော်မူ‌သော အ‌ဆွေ‌တော်အဖြစ် လုံ‌လောက်‌တော်မူသည်။ ၎င်းပြင် အလ္လာဟ်အရှင်မြတ်သည် (အသင်တို့အတွက်) အလွန်ကူညီ‌တော်မူ‌သောအရှင်အဖြစ်လည်း လုံ‌လောက်‌တော်မူသည်။ مِّنَ ٱلَّذِينَ هَادُواْ يُحَرِّفُونَ ٱلۡكَلِمَ عَن مَّوَاضِعِهِۦ وَيَقُولُونَ سَمِعۡنَا وَعَصَيۡنَا وَٱسۡمَعۡ غَيۡرَ مُسۡمَعٍ وَرَٰعِنَا لَيَّۢا بِأَلۡسِنَتِهِمۡ وَطَعۡنًا فِي ٱلدِّينِۚ وَلَوۡ أَنَّهُمۡ قَالُواْ سَمِعۡنَا وَأَطَعۡنَا وَٱسۡمَعۡ وَٱنظُرۡنَا لَكَانَ خَيۡرًا لَّهُمۡ وَأَقۡوَمَ وَلَٰكِن لَّعَنَهُمُ ٱللَّهُ بِكُفۡرِهِمۡ فَلَا يُؤۡمِنُونَ إِلَّا قَلِيلًا ٤٦ယဟူဒီများထဲမှ အချို့သည် (ကျမ်းထဲမှ မူရင်း)စကားများကို ၎င်းတို့၏မူရင်း‌နေရာများမှ ‌ရွှေ့‌ပြောင်းကြသည်သာမက* သူတို့သည် (ဤသို့)‌ပြောဆိုကြသည်၊ ကျွန်ုပ်တို့သည် ကြားကြပါသည်၊ ကျွန်ုပ်တို့ မနာခံကြပါ။“ ထို့ပြင် “အသင်သည် ကျွန်ုပ်တို့စကားကို နား‌ထောင်ပါ၊ မကြားပါ‌စေနှင့်။“ ထို့ပြင် “ကျွန်ုပ်တို့၏တိရစာ္ဆန်‌ကျောင်းသား“ (ရာအိနာ ကို ရာအီးနာ)ဟု သူတို့၏လျှာများကို ‌ခေါက်လိပ်ပြီး သာသနာတွင် ပုတ်ခတ်ထိပါး‌စေရန် ‌ပြောဆို‌လေ့ရှိကြသည်။* အကယ်၍ သူတို့သည် အမှန်စင်စစ် “ကျွန်ုပ်တို့ ကြားကြပါသည်၊ ၎င်းပြင် လိုက်နာကျင့်သုံးကြပါသည်“။ ထို့ပြင် ကျွန်ုပ်တို့စကားကို နား‌ထောင်‌တော်မူပါ၊ ၎င်းပြင် ကျွန်ုပ်တို့အား ကြည့်ရှု‌ထောက်ထား‌တော်မူပါ။“ဟု ‌ပြောဆိုခဲ့ကြလျှင် အမှန်စင်စစ် သူတို့အတွက် အ‌ကောင်းဆုံးနှင့် အမှန်ကန်ဆုံး ဖြစ်ခဲ့လိမ့်မည်။* သို့ရာတွင် အလ္လာဟ်အရှင်မြတ်သည် သူတို့အား သူတို့၏‌သွေဖည်ငြင်းပယ်မှု‌ကြောင့်သာ ကရုဏာ‌တော်မှ ‌ဝေး‌စေ‌တော်မူခဲ့သည်။ သို့ဖြစ်ရာ (သူတို့ထဲမှ) အနည်းငယ်မှလွဲ၍ ကျန်‌သောသူများသည် အီမာန်ယုံကြည်ကြမည်း မဟုတ်‌ပေ။ يَٰٓأَيُّهَا ٱلَّذِينَ أُوتُواْ ٱلۡكِتَٰبَ ءَامِنُواْ بِمَا نَزَّلۡنَا مُصَدِّقًا لِّمَا مَعَكُم مِّن قَبۡلِ أَن نَّطۡمِسَ وُجُوهًا فَنَرُدَّهَا عَلَىٰٓ أَدۡبَارِهَآ أَوۡ نَلۡعَنَهُمۡ كَمَا لَعَنَّآ أَصۡحَٰبَ ٱلسَّبۡتِۚ وَكَانَ أَمۡرُ ٱللَّهِ مَفۡعُولًا ٤٧အို- ကျမ်းဂန်‌ပေးသနား‌တော်မူခြင်းခံကြရသူအ‌ပေါင်းတို့၊ ငါအရှင်သည်(အသင်တို့၏)မျက်နှာများကို ဖျက်ဆီးပြီး ‌ကျောဘက်သို့ ပြန်လှည့်ပစ်လိုက်‌တော်မမူမီ၊ သို့မဟုတ် ငါအရှင်မြတ်သည် စဗ်သ် ‌ခေါ်‌သော ဥပုသ်စ‌နေ‌နေ့ကို ကျူးလွန်‌ဖောက်ဖျက်‌သောသူများကို ကရုဏာမှ ကင်း‌ဝေး‌စေသကဲ့သို့ ထို(မယုံကြည်‌သော)သူများအားလည်း ကရုဏာ‌တော်မှ ‌ဝေး‌စေရန်ပြုလုပ်‌တော်မမူမီ အသင်တို့သည် ငါအရှင် ချ‌ပေးသနား‌တော်မူသည့် အသင်တို့ထံရှိ ကျမ်းဂန်များကို ‌ထောက်ခံ‌နေ‌သောအရာ(ကုရ်အာန်)ကို ယုံကြည်လိုက်ကြပါ။ ထို့ပြင် အလ္လာဟ်အရှင်မြတ်၏ အမိန့်‌တော်သည် အ‌ကောင်အထည်‌ဖော်ပြီးဖြစ်သည်။ إِنَّ ٱللَّهَ لَا يَغۡفِرُ أَن يُشۡرَكَ بِهِۦ وَيَغۡفِرُ مَا دُونَ ذَٰلِكَ لِمَن يَشَآءُۚ وَمَن يُشۡرِكۡ بِٱللَّهِ فَقَدِ ٱفۡتَرَىٰٓ إِثۡمًا عَظِيمًا ٤٨အမှန်စင်စစ် အလ္လာဟ်အရှင်မြတ်သည် အရှင်မြတ်နှင့် (အခြားတစ်စုံတစ်ရာကို)တွဲဖက်ကိုးကွယ်မှုကို လွတ်ငြိမ်းချမ်းသာခွင့် လုံးဝ‌ပေး‌တော်မူမည် မဟုတ်‌ပေ။* ၎င်းပြင် တွဲဖက်ကိုးကွယ်ခြင်းမှလွဲ၍ အခြားပြစ်မှုများကိုမူ အရှင်မြတ်အလိုရှိ‌တော်မူ‌သောသူကို လွတ်ငြိမ်းချမ်းသာခွင့် ‌ပေးသနား‌တော်မူမည်။ ထို့ပြင် မည်သူမဆို အလ္လာဟ်အရှင်မြတ်နှင့် အခြားတစ်စုံတစ်ရာကိုတွဲဖက်ကိုးကွယ်လျှင် ထိုသူသည် အလွန်ကြီး‌သောမ‌ကောင်းမှုကို အမှန်ပင် ကျူးလွန်လိုက်ပြီဖြစ်သည်။ أَلَمۡ تَرَ إِلَى ٱلَّذِينَ يُزَكُّونَ أَنفُسَهُمۚ بَلِ ٱللَّهُ يُزَكِّي مَن يَشَآءُ وَلَا يُظۡلَمُونَ فَتِيلًا ٤٩အသင်(တမန်‌တော်)သည် သူတို့ကိုယ်ကိုသူတို့ သန့်ရှင်းစင်ကြယ်‌ကြောင်း ‌ပြောဆိုကြ‌သောသူများကို မ‌တွေ့မြင်‌လေသ‌လော။ အမှန်စင်စစ် အလ္လာဟ်အရှင်မြတ်သည်ပင် အရှင်မြတ်အလိုရှိ‌တော်မူ‌သောသူကို သန့်ရှင်းစင်ကြယ်‌စေ‌တော်မူသည်။ ၎င်းပြင် သူတို့သည် ဆံခြည်တစ်မျှင်မျှပင် မတရားနှိပ်စက်ခံကြရမည် မဟုတ်‌ပေ။ ٱنظُرۡ كَيۡفَ يَفۡتَرُونَ عَلَى ٱللَّهِ ٱلۡكَذِبَۖ وَكَفَىٰ بِهِۦٓ إِثۡمًا مُّبِينًا ٥٠သူတို့သည် အလ္လာဟ်အရှင်မြတ်အ‌ပေါ်တွင် မုသားမည်သို့လုပ်ကြံ‌ပြောဆို‌နေကြသည်ကို အသင်ကြည့်လိုက်ပါ။ ၎င်းပြင် ထိုအရာနှင့်ပင် ထင်ရှား‌သောအပြစ်အဖြစ် လုံ‌လောက်‌ပေသည်။ أَلَمۡ تَرَ إِلَى ٱلَّذِينَ أُوتُواْ نَصِيبًا مِّنَ ٱلۡكِتَٰبِ يُؤۡمِنُونَ بِٱلۡجِبۡتِ وَٱلطَّٰغُوتِ وَيَقُولُونَ لِلَّذِينَ كَفَرُواْ هَٰٓؤُلَآءِ أَهۡدَىٰ مِنَ ٱلَّذِينَ ءَامَنُواْ سَبِيلًا ٥١(‌သောင်ရာသ်)ကျမ်းဂန်ထဲမှ (ပညာ)တစ်စိတ်တစ်‌ဒေသ ရရှိခဲ့သူများအား အသင် မ‌တွေ့မြင်ခဲ့‌လေသ‌လော။* သူတို့သည် ရုပ်တုများနှင့် သွာဂူးသ်(အလ္လာဟ်မှအပ ကိုးကွယ်ခံရ‌သောအရာ)ကို ယုံကြည်ကြသည်။ ၎င်းပြင် သူတို့သည် ကာဖိရ်များနှင့်ပတ်သက်၍ “ဤသူများသည် မွတ်စ်လင်မ်များထက်ပင်ပိုပြီး လမ်းမှန်ရ‌သောသူများဖြစ်သည်“ဟု ‌ပြောဆိုကြသည်။ أُوْلَٰٓئِكَ ٱلَّذِينَ لَعَنَهُمُ ٱللَّهُۖ وَمَن يَلۡعَنِ ٱللَّهُ فَلَن تَجِدَ لَهُۥ نَصِيرًا ٥٢ဤသူများပင် အကြင်သူများဖြစ်ကြသည်။ အလ္လာဟ်အရှင်မြတ်သည် ထိုသူများအား ကရုဏာ‌တော်မှ ‌ဝေး‌စေ‌တော်မူခဲ့သည်။ ထို့ပြင် မည်သူ့ကိုမဆို အလ္လာဟ်အရှင်မြတ်သည် ကရုဏာ‌တော်မှ ‌ဝေး‌စေ‌တော်မူခဲ့လျှင် ထိုသူအတွက် ကူညီမည့်သူတစ်ဦးကိုမှ အသင်သည် လုံးဝ ‌တွေ့ရှိမည် မဟုတ်‌တော့‌ပေ။ أَمۡ لَهُمۡ نَصِيبٌ مِّنَ ٱلۡمُلۡكِ فَإِذًا لَّا يُؤۡتُونَ ٱلنَّاسَ نَقِيرًا ٥٣သို့မဟုတ်၊ ထို(ယဟူဒီ)များတွင် တစ်စိတ်တစ်‌ဒေသမျှ ဩဇာအာဏာ ရှိ‌သော‌ကြောင့်‌လော။ ထိုကဲ့သို့သာရှိခဲ့လျှင် နှမ်း‌စေ့မျှပင် လူများကို ‌ပေးကြမည်မဟုတ်‌ပေ။ أَمۡ يَحۡسُدُونَ ٱلنَّاسَ عَلَىٰ مَآ ءَاتَىٰهُمُ ٱللَّهُ مِن فَضۡلِهِۦۖ فَقَدۡ ءَاتَيۡنَآ ءَالَ إِبۡرَٰهِيمَ ٱلۡكِتَٰبَ وَٱلۡحِكۡمَةَ وَءَاتَيۡنَٰهُم مُّلۡكًا عَظِيمًا ٥٤သို့မဟုတ်၊ ထို(ယဟူဒီ)များသည် အလ္လာဟ်အရှင်မြတ်က အရှင်မြတ်၏‌ကျေးဇူး‌တော်ထဲမှ လူများအား ‌ပေးသနား‌တော်မူ‌သောအရာများနှင့်ပတ်သက်၍ မနာလိုဖြစ်‌နေကြသည်‌လော။ သို့ဖြစ်လျှင် အမှန်စင်စစ် ငါအရှင်မြတ်သည် (တမန်‌တော်)အိဗ်ရာဟီမ်၏အဆက်အနွယ်များအား ကျမ်းဂန်နှင့် ဉာဏ်ပညာကို ချီးမြှင့်‌ပေးသနား‌တော်မူခဲ့သည့်အပြင်၊ ငါအရှင်မြတ်သည် သူတို့အား ကြီးကျယ်‌သော ဩဇာအာဏာကိုလည်း ချီးမြှင့်‌ပေးသနား‌တော်မူခဲ့သည်။ فَمِنۡهُم مَّنۡ ءَامَنَ بِهِۦ وَمِنۡهُم مَّن صَدَّ عَنۡهُۚ وَكَفَىٰ بِجَهَنَّمَ سَعِيرًا ٥٥ထို့ပြင် ထို(နဗီတမန်‌တော်၏အဆက်အနွယ်)များထဲမှ အချို့သည် ထိုတမန်‌တော်နှင့် ပတ်သက်၍ အီမာန်ယုံကြည်ခဲ့ကြသည်။ ၎င်းပြင် သူတို့ထဲမှ အချို့ကမူ ထို(တမန်‌တော်အ‌ပေါ်တွင် အီမာန်ယုံကြည်မှု)မှ ‌သွေဖည်ခဲ့ကြသည်။ ထို့ပြင် (ထိုသူများအတွက်) မီး‌တောက်မီးလျှံများနှင့် ‌တောက်‌လောင်‌နေ‌သော ဂျဟန္နမ်ငရဲဘုံသည် (ပြစ်ဒဏ်အဖြစ်)လုံ‌လောက်‌ပေသည်။ إِنَّ ٱلَّذِينَ كَفَرُواْ بِـَٔايَٰتِنَا سَوۡفَ نُصۡلِيهِمۡ نَارًا كُلَّمَا نَضِجَتۡ جُلُودُهُم بَدَّلۡنَٰهُمۡ جُلُودًا غَيۡرَهَا لِيَذُوقُواْ ٱلۡعَذَابَۗ إِنَّ ٱللَّهَ كَانَ عَزِيزًا حَكِيمًا ٥٦အမှန်စင်စစ် အကြင်သူများသည် ငါအရှင်မြတ်၏ သက်‌သေလက္ခဏာ‌တော်များကို ‌သွေဖည်ငြင်းပယ်ခဲ့ကြသည်။ ငါအရှင်မြတ်သည် မကြာမီ ထိုသူများအား မီးထဲသို့ ထည့်သွင်း‌တော်မူမည်။ ထိုသူများ၏(အသား)အ‌ရေများသည် ‌လောင်ကျွမ်းသွားသည့်အခါတိုင်း ထို(‌လောင်ကျွမ်းသွား‌သော အသား)အ‌ရေများ၏အစား အခြားအသားအ‌ရေအသစ်များနှင့် သူတို့ကို ငါအရှင်မြတ်က လဲလှယ်အစားထိုး‌ပေး‌တော်မူမည်။ (ဤသို့ ပြုလုပ်ရခြင်းမှာ ပြစ်ဒဏ်အသစ်ဖြစ်ဖြစ်သွားပြီး) ထိုသူများသည် ပြစ်ဒဏ်ကို (ထပ်ထပ်ပြီး)မြည်းစမ်း (ခံစား‌နေကြရ)ရန်အတွက် ဖြစ်သည်။ အမှန်စင်စစ် အလ္လာဟ်အရှင်မြတ်သည် တန်ခိုး‌တော်နှင့် အလွန်လွှမ်းမိုး‌တော်မူ‌သောအရှင်၊ ပညာဉာဏ်အ‌မြော်အမြင်နှင့် အလွန်ပြည့်စုံ‌တော်မူ‌သောအရှင် ဖြစ်‌တော်မူသည်။ وَٱلَّذِينَ ءَامَنُواْ وَعَمِلُواْ ٱلصَّٰلِحَٰتِ سَنُدۡخِلُهُمۡ جَنَّٰتٍ تَجۡرِي مِن تَحۡتِهَا ٱلۡأَنۡهَٰرُ خَٰلِدِينَ فِيهَآ أَبَدًاۖ لَّهُمۡ فِيهَآ أَزۡوَٰجٌ مُّطَهَّرَةٌۖ وَنُدۡخِلُهُمۡ ظِلًّا ظَلِيلًا ٥٧ထို့ပြင် အကြင်သူများသည် အီမာန်ယုံကြည်ကြပြီး ‌ကောင်းမြတ်‌သော လုပ်ရပ်များပြုမူခဲ့ကြသည်။ ထိုသူများအား ငါအရှင်မြတ်သည် မကြာမီ အကြင်ဥယျာဉ်များထဲသို့ ဝင်‌ရောက်‌စေ‌တော်မူမည်။ ထိုဥယျာဉ်များ၏‌အောက်တွင် စမ်း‌ရေ‌ချောင်းများစီးဆင်း‌နေသည်။ သူတို့သည် ထိုဥယျာဉ်များထဲတွင် အမြဲ‌နေထိုင်ကြရမည်ဖြစ်သည်။ ထို့ပြင် ထိုဥယျာဉ်များထဲတွင် သူတို့အတွက် သန့်ပြန့်စင်ကြယ်‌သော ဇနီးကြင်ရာများလည်း ရှိကြမည်။ ထို့ပြင် ငါအရှင်မြတ်သည် ထိုသူများအား အလွန်ထူထပ်(ချမ်း‌မြေ့သာယာ)‌သော အရိပ်အာဝါသ‌အောက်သို့ ဝင်‌ရောက်‌စေ‌တော်မူမည်။ ۞ إِنَّ ٱللَّهَ يَأۡمُرُكُمۡ أَن تُؤَدُّواْ ٱلۡأَمَٰنَٰتِ إِلَىٰٓ أَهۡلِهَا وَإِذَا حَكَمۡتُم بَيۡنَ ٱلنَّاسِ أَن تَحۡكُمُواْ بِٱلۡعَدۡلِۚ إِنَّ ٱللَّهَ نِعِمَّا يَعِظُكُم بِهِۦٓۗ إِنَّ ٱللَّهَ كَانَ سَمِيعَۢا بَصِيرًا ٥٨အမှန်စင်စစ် အလ္လာဟ်အရှင်မြတ်သည် (အသင်တို့ထံတွင်)အပ်နှံထား‌သောပစ္စည်းများကို* ထိုပစ္စည်းရှင်များထံသို့ ပြန်‌ပေးဆပ်ရန်နှင့် လူများကြားတွင် စီရင်ဆုံးဖြတ်‌သောအခါ မျှတစွာ စီရင်ဆုံးဖြတ်ကြရန် အသင်တို့အား အမိန့်‌ပေး‌တော်မူသည်။ အမှန်စင်စစ် အသင်တို့ကို အလ္လာဟ်အရှင်မြတ် ဆုံးမ‌တော်မူ‌သော ဆုံးမဩဝါဒ‌တော်သည် အလွန်မွန်မြတ်‌တော်မူလှသည်။ အမှန်စင်စစ် အလ္လာဟ်အရှင်မြတ်သည် အကြွင်းမဲ့ကြား‌တော်မူ‌သောအရှင်၊ အကြွင်းမဲ့မြင်‌တော်မူ‌သောအရှင် ဖြစ်‌တော်မူသည်။ يَٰٓأَيُّهَا ٱلَّذِينَ ءَامَنُوٓاْ أَطِيعُواْ ٱللَّهَ وَأَطِيعُواْ ٱلرَّسُولَ وَأُوْلِي ٱلۡأَمۡرِ مِنكُمۡۖ فَإِن تَنَٰزَعۡتُمۡ فِي شَيۡءٍ فَرُدُّوهُ إِلَى ٱللَّهِ وَٱلرَّسُولِ إِن كُنتُمۡ تُؤۡمِنُونَ بِٱللَّهِ وَٱلۡيَوۡمِ ٱلۡأٓخِرِۚ ذَٰلِكَ خَيۡرٌ وَأَحۡسَنُ تَأۡوِيلًا ٥٩အို- အီမာန်ယုံကြည်သူအ‌ပေါင်းတို့၊ အသင်တို့သည် အလ္လာဟ်အရှင်မြတ်၏အမိန့်‌တော်များကို လိုက်နာကြပါ။* ၎င်းပြင် အသင်တို့သည် ရစူလ်တမန်‌တော်၏အမိန့်‌တော်ကို လိုက်နာကြပါ။* ၎င်းပြင် အသင်တို့ထဲမှ အာဏာပိုင်များ၏အမိန့်ကို လိုက်နာကြပါ။* ထို့‌နောက် အသင်တို့သည် ကိစ္စတစ်စုံတစ်ခုနှင့်ပတ်သက်၍ အငြင်းပွားခဲ့လျှင် အသင်တို့သည် အလ္လာဟ်အရှင်မြတ်နှင့် ‌နောက်ဆုံး‌နေ့ကို ယုံကြည်သူများဖြစ်ကြလျှင် ထိုကိစ္စကို အလ္လာဟ်အရှင်မြတ်နှင့် တမန်‌တော်၏ထံသို့ ပြန်ပို့ကြပါ။* ဤသည် အ‌ကောင်းဆုံး(နည်းလမ်း)ဖြစ်သည့်အပြင် အ‌ကောင်းဆုံးနိဂုံးချုပ်လည်းဖြစ်သည်။ أَلَمۡ تَرَ إِلَى ٱلَّذِينَ يَزۡعُمُونَ أَنَّهُمۡ ءَامَنُواْ بِمَآ أُنزِلَ إِلَيۡكَ وَمَآ أُنزِلَ مِن قَبۡلِكَ يُرِيدُونَ أَن يَتَحَاكَمُوٓاْ إِلَى ٱلطَّٰغُوتِ وَقَدۡ أُمِرُوٓاْ أَن يَكۡفُرُواْ بِهِۦۖ وَيُرِيدُ ٱلشَّيۡطَٰنُ أَن يُضِلَّهُمۡ ضَلَٰلَۢا بَعِيدًا ٦٠အသင်သည် အကြင်သူများအား မ‌တွေ့မြင်‌လေသ‌လော။ ထိုသူများက သူတို့သည် အသင်၏ထံချ‌ပေးထား‌သော (ကုရ်အာန်)ကျမ်း‌တော်နှင့် အသင်၏မတိုင်မီချ‌ပေးထား‌သော ကျမ်း‌တော်များကို အမှန်စင်စစ် ယုံကြည်ခဲ့ကြသည်ဟု ထုတ်‌ဖော်‌ပြောဆိုကြသည်။ သူတို့သည် (သူတို့၏)အမှုကိစ္စများကို ရှိုင်သွာန်များထံသို့ အဆုံးအဖြတ်ခံယူရန် တင်ပို့လိုကြသည်။ ထို့ပြင် အမှန်စင်စစ် သူတို့သည် ထိုရှိုင်သွာန်ကို ‌သွေဖည်ငြင်းပယ်ကြရန် အမိန့်‌တော်ရရှိပြီးဖြစ်ကြသည်။ ထို့ပြင် ရှိုင်သွာန်သည် သူတို့ကို ‌ဝေးလံ‌သော လမ်းမှားထံသို့ပို့‌ဆောင်လိုသည်။ وَإِذَا قِيلَ لَهُمۡ تَعَالَوۡاْ إِلَىٰ مَآ أَنزَلَ ٱللَّهُ وَإِلَى ٱلرَّسُولِ رَأَيۡتَ ٱلۡمُنَٰفِقِينَ يَصُدُّونَ عَنكَ صُدُودًا ٦١ထို့ပြင် အလ္လာဟ်အရှင်မြတ်ချ‌ပေး‌တော်မူ‌သောအရာ (ကုရ်အာန်)ဘက်နှင့်တမန်‌တော်ဘက်ကို (နည်းလမ်းကျစီရင်ထုံးများဖြင့် တရားစီရင်ဆုံးဖြတ်ရန်) အသင်တို့လာကြပါဟု သူတို့ကို ‌ပြောဆိုခြင်းခံရ‌သောအခါ အသင်(တမန်‌တော်)သည် ‌ယောင်‌ဆောင်မွတ်စ်လင်မ်များအား အသင်၏ထံမှ ‌သွေဖည်သွားကြသည်ကို ‌တွေ့မြင်ရလိမ့်မည်။ فَكَيۡفَ إِذَآ أَصَٰبَتۡهُم مُّصِيبَةُۢ بِمَا قَدَّمَتۡ أَيۡدِيهِمۡ ثُمَّ جَآءُوكَ يَحۡلِفُونَ بِٱللَّهِ إِنۡ أَرَدۡنَآ إِلَّآ إِحۡسَٰنًا وَتَوۡفِيقًا ٦٢ထို့‌နောက် သူတို့တွင် သူတို့၏အပြုအမူများ‌ကြောင့် ‌ဘေးဒုက္ခတစ်စုံတစ်ရာ ကျ‌ရောက်လာ‌သောအခါတွင် (သူတို့သည်) မည်သို့ဖြစ်သွားကြသနည်း။ ထို့‌နောက် သူတို့သည် အသင်(တမန်‌တော်)ထံသို့လာပြီး အလ္လာဟ်အရှင်မြတ်အား ကျိန်ဆိုကာ (ဤသို့)‌ပြောဆိုကြသည်၊ “ကျွန်ုပ်တို့သည် အ‌ကောင်းဖြစ်‌စေရန်နှင့် (အချင်းချင်း)ညီညွတ်ရန်မှလွဲ၍ အခြားမည်သည်ကိုမျှ မရည်ရွယ်ခဲ့ကြပါ။“ أُوْلَٰٓئِكَ ٱلَّذِينَ يَعۡلَمُ ٱللَّهُ مَا فِي قُلُوبِهِمۡ فَأَعۡرِضۡ عَنۡهُمۡ وَعِظۡهُمۡ وَقُل لَّهُمۡ فِيٓ أَنفُسِهِمۡ قَوۡلَۢا بَلِيغًا ٦٣ဤသူများသည် အကြင်သူ(မုနာဖိက်)များပင်ဖြစ်သည်၊ ထိုသူများ၏စိတ်နှလုံးများထဲတွင်ရှိသည်များကို အလ္လာဟ်အရှင်မြတ်သည် သိ‌တော်မူသည်။ သို့ဖြစ်ရာ အသင်(တမန်‌တော်)သည် သူတို့အား လျစ်လျူရှု‌နေပါ။ ၎င်းပြင် သူတို့အား ဆိုဆုံးမပါ။ ထို့ပြင် အသင်သည် သူတို့အား သူတို့၏စိတ်နှလုံးများထဲသက်ဆင်းမည့် ထိ‌ရောက်‌သောစကားမျိုးကို ‌ပြောဆိုပါ။ وَمَآ أَرۡسَلۡنَا مِن رَّسُولٍ إِلَّا لِيُطَاعَ بِإِذۡنِ ٱللَّهِۚ وَلَوۡ أَنَّهُمۡ إِذ ظَّلَمُوٓاْ أَنفُسَهُمۡ جَآءُوكَ فَٱسۡتَغۡفَرُواْ ٱللَّهَ وَٱسۡتَغۡفَرَ لَهُمُ ٱلرَّسُولُ لَوَجَدُواْ ٱللَّهَ تَوَّابًا رَّحِيمًا ٦٤ထို့ပြင် ငါအရှင်မြတ်သည် ရစူလ်တမန်‌တော်များကို ‌စေလွှတ်‌တော်မူခြင်းသည် အလ္လာဟ်အရှင်မြတ်၏အမိန့်‌တော်ဖြင့် (လူများသည်)ထိုရစူလ်တမန်‌တော်များ၏ ဩဝါဒများကို နာခံကြရန်အတွက်ပင်ဖြစ်သည်။ ထို့ပြင် အကယ်၍ သူတို့သည် သူတို့ကိုယ်သူတို့ နှိပ်စက်ကျူးလွန်မိခဲ့ကြ‌သောအခါ အသင်(တမန်‌တော်)၏ထံသို့လာပြီး သူတို့သည် အလ္လာဟ်အရှင်မြတ်ထံတွင် လွတ်ငြိမ်းချမ်းသာခွင့်ကို ‌တောင်းခံကြလျှင် ၎င်းပြင် တမန်‌တော်သည်လည်း သူတို့အတွက် လွတ်ငြိမ်းချမ်းသာခွင့်‌တောင်းခံ‌ပေးခဲ့မည်ဆိုလျှင် သူတို့သည် အလ္လာဟ်အရှင်မြတ်အား အမှားဝန်ခံမှုကို အကြိမ်ကြိမ်လက်ခံခွင့်လွှတ်‌တော်မူ‌သောအရှင်၊ အလွန်သနားကြင်နာ‌တော်မူ‌သောအရှင်အဖြစ် အမှန်ပင် ‌တွေ့ရလိမ့်မည်။ فَلَا وَرَبِّكَ لَا يُؤۡمِنُونَ حَتَّىٰ يُحَكِّمُوكَ فِيمَا شَجَرَ بَيۡنَهُمۡ ثُمَّ لَا يَجِدُواْ فِيٓ أَنفُسِهِمۡ حَرَجًا مِّمَّا قَضَيۡتَ وَيُسَلِّمُواْ تَسۡلِيمًا ٦٥သို့ဖြစ်ရာ အသင်(တမန်‌တော်)အား ဖန်ဆင်း‌မွေးမြူ‌တော်မူ‌သောအရှင်မြတ်၏ကစမ် (အရှင်မြတ်အား တိုင်တည်‌ပြောဆိုမည်၊) သူတို့သည် သူတို့အချင်းချင်း အငြင်းပွားခဲ့‌သောပြဿနာနှင့်ပတ်သက်၍ အသင်(တမန်‌တော်)အား ခုံသမာဓိတင်‌မြှောက်ခြင်းမရှိသမျှ၊ ၎င်းပြင် သူတို့သည် အသင် စီရင်ချက်မှတ်ခဲ့‌သော ဆုံးဖြတ်ချက်နှင့်ပတ်သက်၍ သူတို့၏စိတ်ထဲတွင် မည်သည့်ကျဉ်းကျပ်မှုကိုမျှ မ‌တွေ့ရှိကြသည့်အပြင် (ထိုဆုံးဖြတ်ချက်ကို) ပြည့်ဝ(ကြည်ဖြူ)စွာ လက်ခံနာယူခြင်းမရှိသမျှ သူတို့သည် အီမာန်ယုံကြည်သူများ မဖြစ်နိုင်‌ပေ။ وَلَوۡ أَنَّا كَتَبۡنَا عَلَيۡهِمۡ أَنِ ٱقۡتُلُوٓاْ أَنفُسَكُمۡ أَوِ ٱخۡرُجُواْ مِن دِيَٰرِكُم مَّا فَعَلُوهُ إِلَّا قَلِيلٌ مِّنۡهُمۡۖ وَلَوۡ أَنَّهُمۡ فَعَلُواْ مَا يُوعَظُونَ بِهِۦ لَكَانَ خَيۡرًا لَّهُمۡ وَأَشَدَّ تَثۡبِيتًا ٦٦ထို့ပြင် အကယ်၍သာ ငါအရှင်မြတ်သည် အမှန်စင်စစ် သူတို့‌ပေါ်တွင် “အသင်တို့သည် အသင်တို့ကိုယ်ကိုအသင်တို့ သတ်ဖြတ်ကြ၊ သို့မဟုတ် အသင်တို့သည် အသင်တို့၏(လက်ရှိ)အရပ်‌ဒေသများမှ ထွက်သွားကြ“ဟု အမိန့်ချမှတ်ခဲ့လျှင် သူတို့ထဲမှ အနည်းငယ်မှလွဲ၍ အခြားသူများသည် ထိုအမိန့်ပြဋ္ဌာန်းချက်ကို လိုက်နာကြမည်မဟုတ်‌ပေ။ ထို့ပြင် အကယ်၍ သူတို့သည် သူတို့ဆုံးမခြင်းခံကြရ‌သော ကိစ္စရပ်များကို ပြုမူ‌ဆောင်ရွက်ခဲ့ကြလျှင် အမှန်ပင် သူတို့အတွက် အ‌ကောင်းဆုံးဖြစ်ခဲ့မည့်အပြင်၊ (သူတို့၏ အီမာန်ကို) ပို၍ပင်ခိုင်မြဲ‌စေဦးမည်ဖြစ်သည်။ وَإِذًا لَّأٓتَيۡنَٰهُم مِّن لَّدُنَّآ أَجۡرًا عَظِيمًا ٦٧ထို့ပြင် သို့ဖြစ်လျှင် ငါအရှင်မြတ်သည် ၎င်းသူတို့အား ငါအရှင်မြတ်ထံ‌တော်မှ ကြီးကျယ်မြင့်မြတ်‌သော အကျိုး‌ကျေးဇူး‌တော်ကိုလည်း အမှန်ပင် ‌ပေးသနား‌တော်မူခဲ့ဦးမည်ဖြစ်သည်။ وَلَهَدَيۡنَٰهُمۡ صِرَٰطًا مُّسۡتَقِيمًا ٦٨ထို့ပြင် အမှန်စင်စစ် ငါအရှင်မြတ်သည် ၎င်းသူတို့အား ‌ဖြောင့်မတ်‌သော တရားလမ်းမှန်သို့‌ရောက်‌အောင်လည်း ပို့‌ဆောင်‌တော်မူခဲ့ဦးမည်ပင်ဖြစ်သည်။ وَمَن يُطِعِ ٱللَّهَ وَٱلرَّسُولَ فَأُوْلَٰٓئِكَ مَعَ ٱلَّذِينَ أَنۡعَمَ ٱللَّهُ عَلَيۡهِم مِّنَ ٱلنَّبِيِّـۧنَ وَٱلصِّدِّيقِينَ وَٱلشُّهَدَآءِ وَٱلصَّٰلِحِينَۚ وَحَسُنَ أُوْلَٰٓئِكَ رَفِيقًا ٦٩ထို့ပြင် အကြင်သူသည် အလ္လာဟ်အရှင်မြတ်နှင့်ရစူလ်တမန်‌တော်၏ အမိန့်‌တော်များကို လိုက်နာလျှင် ထိုသူများသည် အလ္လာဟ်အရှင်မြတ်‌ကျေးဇူးပြု‌တော်မူထား‌သော နဗီတမန်‌တော်များ၊ အလွန်မှန်ကန်သူများ၊ အလ္လာဟ့်လမ်းတွင် အသက်စ‌တေးသူများ၊ ‌ကောင်းမြတ်‌သောသူများနှင့်အတူ ရှိကြလိမ့်မည်။ ၎င်းပြင် ထိုသူများသည် အဘယ်မျှ‌ကောင်းလိုက်‌သော အ‌ပေါင်းအ‌ဖော်များဖြစ်ကြသနည်း။ ذَٰلِكَ ٱلۡفَضۡلُ مِنَ ٱللَّهِۚ وَكَفَىٰ بِٱللَّهِ عَلِيمًا ٧٠ထို‌ကျေးဇူးသည် အလ္လာဟ်အရှင်မြတ်ထံ‌တော်မှပင်ဖြစ်သည်။ ထို့ပြင် အလ္လာဟ်အရှင်မြတ်သည် အကြွင်းမဲ့သိ‌တော်မူ‌သောအရှင်အဖြစ် လုံ‌လောက်‌တော်မူသည်။ يَٰٓأَيُّهَا ٱلَّذِينَ ءَامَنُواْ خُذُواْ حِذۡرَكُمۡ فَٱنفِرُواْ ثُبَاتٍ أَوِ ٱنفِرُواْ جَمِيعًا ٧١အို- အီမာန်ယုံကြည်သူအ‌ပေါင်းတို့၊ အသင်တို့သည် အသင်တို့၏ကာကွယ်မှုကို ပြင်ဆင်ပြုလုပ်ကြပါ။ ၎င်းပြင် အသင်တို့သည် (စစ်တိုက်ရန်)အစုလိုက်ချီတက်ကြပါ၊ သို့မဟုတ် အသင်တို့သည် စည်းလုံးစွာ ချီတက်ကြပါ။ وَإِنَّ مِنكُمۡ لَمَن لَّيُبَطِّئَنَّ فَإِنۡ أَصَٰبَتۡكُم مُّصِيبَةٌ قَالَ قَدۡ أَنۡعَمَ ٱللَّهُ عَلَيَّ إِذۡ لَمۡ أَكُن مَّعَهُمۡ شَهِيدًا ٧٢ထို့ပြင် အမှန်စင်စစ် အသင်တို့ထဲတွင် အကြင်သူကဲ့သို့လည်းရှိသည်။ ထိုသူသည် (စစ်ပွဲကို လိုက်ရန်) ပျင်းရိ‌လေးလံမှုကိုပြသသည်။ ထို့‌နောက် အကယ်၍ အသင်တို့တွင် ‌ဘေးဒုက္ခတစ်စုံတစ်ခုကျ‌ရောက်လာခဲ့လျှင် ထိုသူက‌ပြောသည်၊ “အမှန်စင်စစ် အလ္လာဟ်အရှင်မြတ်သည် ကျွန်ုပ်တို့အ‌ပေါ်တွင် ‌ကျေးဇူးပြု‌တော်မူခဲ့သည်၊ ထို့အတွက်‌ကြောင့်ပင် ကျွန်ုပ်သည် သူတို့နှင့်အတူ (စစ်ပွဲသို့) လိုက်မသွားခဲ့ခြင်းဖြစ်သည်။“ وَلَئِنۡ أَصَٰبَكُمۡ فَضۡلٌ مِّنَ ٱللَّهِ لَيَقُولَنَّ كَأَن لَّمۡ تَكُنۢ بَيۡنَكُمۡ وَبَيۡنَهُۥ مَوَدَّةٌ يَٰلَيۡتَنِي كُنتُ مَعَهُمۡ فَأَفُوزَ فَوۡزًا عَظِيمًا ٧٣၎င်းပြင် အကယ်၍ အသင်တို့တွင် အလ္လာဟ်အရှင်မြတ်ထံ‌တော်မှ ‌ကျေးဇူး‌တော်‌ရောက်ရှိလာလျှင် ထိုသူသည် အသင်တို့နှင့် သူ၏အကြားတွင် ခင်မင်မှု လုံးဝမရှိသကဲ့သို့ပင်* အမှန်စင်စစ် (ဤသို့)‌ပြောဆိုသည်၊ “‌ဪ- ကျွန်ုပ်သည်လည်း သူတို့နှင့်အတူ (စစ်ပွဲလိုက်သွားခဲ့‌သောသူ)ဖြစ်လျှင် ‌ကောင်း‌လေစွ။ သို့ဖြစ်လျှင် ကျွန်ုပ်သည်လည်း ကြီးမား‌သော‌အောင်မြင်မှုမျိုးနှင့် ‌အောင်မြင်မှုရရှိမည်ဖြစ်သည်။“ ۞ فَلۡيُقَٰتِلۡ فِي سَبِيلِ ٱللَّهِ ٱلَّذِينَ يَشۡرُونَ ٱلۡحَيَوٰةَ ٱلدُّنۡيَا بِٱلۡأٓخِرَةِۚ وَمَن يُقَٰتِلۡ فِي سَبِيلِ ٱللَّهِ فَيُقۡتَلۡ أَوۡ يَغۡلِبۡ فَسَوۡفَ نُؤۡتِيهِ أَجۡرًا عَظِيمًا ٧٤သို့ဖြစ်ရာ အလ္လာဟ်အရှင်မြတ်၏လမ်း‌တော်တွင် ဤဘဝကို တမလွန်ဘဝနှင့် လဲလှယ်‌ရောင်းချ‌သောသူများသည်* တိုက်ခိုက်ကြရမည်။ ထို့ပြင် မည်သူမဆို အလ္လာဟ်အရှင်မြတ်၏လမ်း‌တော်တွင် စစ်မက်ပြိုင်ဆိုင်တိုက်ခိုက်ပြီး ထိုသူသည် အသတ်ခံရသည်ဖြစ်‌စေ၊ ‌အောင်နိုင်သည်ဖြစ်‌စေ ငါအရှင်မြတ်သည် ထိုသူ့ကို မကြာမီ ကြီးကျယ်မြင့်မြတ်‌သောအကျိုးကို ‌ပေးသနား‌တော်မူမည်။ وَمَا لَكُمۡ لَا تُقَٰتِلُونَ فِي سَبِيلِ ٱللَّهِ وَٱلۡمُسۡتَضۡعَفِينَ مِنَ ٱلرِّجَالِ وَٱلنِّسَآءِ وَٱلۡوِلۡدَٰنِ ٱلَّذِينَ يَقُولُونَ رَبَّنَآ أَخۡرِجۡنَا مِنۡ هَٰذِهِ ٱلۡقَرۡيَةِ ٱلظَّالِمِ أَهۡلُهَا وَٱجۡعَل لَّنَا مِن لَّدُنكَ وَلِيًّا وَٱجۡعَل لَّنَا مِن لَّدُنكَ نَصِيرًا ٧٥ထို့ပြင် အသင်တို့သည် အလ္လာဟ်အရှင်မြတ်၏လမ်းတွင်လည်း‌ကောင်း၊ အားအင်ချည့်နဲ့‌သော ‌ယောက်ျား၊မိန်းမများနှင့် က‌လေးများအား(ကယ်တင်ရန်)အတွက်လည်း‌ကောင်း စစ်မက်ပြိုင်ဆိုင်တိုက်ခိုက်ခြင်းမပြုကြရန် အသင်တို့တွင် မည်သည့်အ‌ကြောင်းရှိသနည်း။ ထို(ချည့်နဲ့‌သော)သူများသည် (ဤသို့)‌ပြောဆိုပန်ကြား‌နေကြသည်၊ “အို- ကျွန်ုပ်တို့အား ဖန်ဆင်း‌မွေးမြူ‌တော်မူ‌သောအရှင်၊ အရှင်မြတ်သည် ကျွန်ုပ်တို့အား မတရားနှိပ်စက်‌သော ရွာသူရွာသားများ၏မြ့ိုရွာမှ ထုတ်‌ဆောင်‌တော်မူပါ။ ၎င်းပြင် အရှင်မြတ်သည် ကျွန်ုပ်တို့အတွက် အရှင်မြတ်ထံ‌တော်မှ အ‌ဆွေခင်ပွန်း တစ်စုံတစ်ဦးကို ဖန်တီး‌ပေးသနား‌တော်မူပါ။ ၎င်းပြင် အရှင်မြတ်သည် ကျွန်ုပ်တို့အတွက် အရှင်မြတ်ထံ‌တော်မှ ကာကွယ်‌စောင်မမည့်သူ တစ်စုံတစ်ဦးကို ဖန်တီး‌ပေးသနား‌တော်မူပါ။“ ٱلَّذِينَ ءَامَنُواْ يُقَٰتِلُونَ فِي سَبِيلِ ٱللَّهِۖ وَٱلَّذِينَ كَفَرُواْ يُقَٰتِلُونَ فِي سَبِيلِ ٱلطَّٰغُوتِ فَقَٰتِلُوٓاْ أَوۡلِيَآءَ ٱلشَّيۡطَٰنِۖ إِنَّ كَيۡدَ ٱلشَّيۡطَٰنِ كَانَ ضَعِيفًا ٧٦အီမာန်ယုံကြည်သူများသည် အလ္လာဟ်အရှင်မြတ်၏လမ်း‌တော်တွင် စစ်မက်ပြိုင်ဆိုင်တိုက်ခိုက်ကြသည်။ ကာဖိရ်ငြင်းပယ်သူများကမူ သွာဂူသ်*၏လမ်းတွင် စစ်မက်ပြိုင်ဆိုင်တိုက်ခိုက်ကြသည်။ သို့ဖြစ်ရာ အသင်တို့သည် ရှိုင်သွာန်၏အ‌ဆွေခင်ပွန်းများကို တိုက်ခိုက်ကြပါ။ စင်စစ်ရှိုင်သွာန်၏လှည့်ကွက်(ကြံစည်မှု)သည် ချည့်နဲ့လှသည်။ أَلَمۡ تَرَ إِلَى ٱلَّذِينَ قِيلَ لَهُمۡ كُفُّوٓاْ أَيۡدِيَكُمۡ وَأَقِيمُواْ ٱلصَّلَوٰةَ وَءَاتُواْ ٱلزَّكَوٰةَ فَلَمَّا كُتِبَ عَلَيۡهِمُ ٱلۡقِتَالُ إِذَا فَرِيقٌ مِّنۡهُمۡ يَخۡشَوۡنَ ٱلنَّاسَ كَخَشۡيَةِ ٱللَّهِ أَوۡ أَشَدَّ خَشۡيَةًۚ وَقَالُواْ رَبَّنَا لِمَ كَتَبۡتَ عَلَيۡنَا ٱلۡقِتَالَ لَوۡلَآ أَخَّرۡتَنَآ إِلَىٰٓ أَجَلٍ قَرِيبٍۗ قُلۡ مَتَٰعُ ٱلدُّنۡيَا قَلِيلٌ وَٱلۡأٓخِرَةُ خَيۡرٌ لِّمَنِ ٱتَّقَىٰ وَلَا تُظۡلَمُونَ فَتِيلًا ٧٧အသင်(တမန်‌တော်)သည် အကြင်သူများအား မ‌တွေ့မြင်သ‌လော။(သူတို့သည် စစ်တိုက်မိန့်မကျမီက စစ်တိုက်ရန် စိတ်ပြင်းပြ‌နေ‌သော‌ကြောင့်) သူတို့အား အသင်တို့သည် အသင်တို့၏လက်များကို (စစ်တိုက်ခြင်းမှ)ချုပ်တည်းထား၍ စွလာသ်ဝတ်ပြုမှုကို ‌ဆောက်တည်‌နေကြပါ၊ ၎င်းပြင် ဇကာသ်(ဆင်းရဲသားနှင့် လိုအပ်သူများ၏‌ဝေစု)ကို ‌ပေး‌ဆောင်‌နေကြပါဟု ‌ပြောခဲ့ဖူးသည်။ ထို့‌နောက် သူတို့အ‌ပေါ်တွင် စစ်တိုက်ရန်(အမိန့်သည်)အတည်ဖြစ်လာ‌သောအခါ သူတို့ထဲမှ လူတစ်စုသည် အလ္လာဟ်အရှင်မြတ်အား ‌ကြောက်သကဲ့သို့ လူများအား ‌ကြောက်လာသည်သာမက အလ္လာဟ်အရှင်မြတ်(အား‌ကြောက်သည်)ထက်ပင် ပို၍‌ကြောက်လာကြသည်။ ၎င်းပြင် သူတို့က ‌ပြောဆိုခဲ့ကြသည်၊ “အို- ကျွန်ုပ်တို့အား ဖန်ဆင်း‌မွေးမြူ‌တော်မူ‌သောအရှင်၊ အရှင်မြတ်သည် အဘယ့်‌ကြောင့် စစ်တိုက်ခြင်းကို ကျွန်ုပ်တို့အ‌ပေါ်တွင် ပြဋ္ဌာန်းလိုက်‌တော်မူပါသနည်း။ အရှင်မြတ်သည် ကျွန်ုပ်တို့အား ထပ်၍ ရက်အနည်းငယ် ‌ရွှေ့ဆိုင်း‌ပေး‌တော်မူခဲ့ပါလျှင် ‌ကောင်း‌လေစွ။“* (အို- တမန်‌တော်)အသင် ‌ပြောလိုက်ပါ၊ “‌လောကီအကျိုးခံစားမှုသည် ‌ခေတ္တမျှအတွက်သာဖြစ်ပြီး ‌ကြောက်ရွံ့အပြစ်‌ရှောင် ‌ကောင်းကျိုး‌ဆောင်သူများအတွက် တမလွန်ဘဝသည် အ‌ကောင်းဆုံးဖြစ်သည်။ ၎င်းပြင် အသင်တို့သည် ဆံခြည်တစ်မျှင်ခန့်မျှပင် မတရားနှိပ်စက်ခံကြရမည် မဟုတ်‌ပေ။“ أَيۡنَمَا تَكُونُواْ يُدۡرِككُّمُ ٱلۡمَوۡتُ وَلَوۡ كُنتُمۡ فِي بُرُوجٍ مُّشَيَّدَةٍۗ وَإِن تُصِبۡهُمۡ حَسَنَةٌ يَقُولُواْ هَٰذِهِۦ مِنۡ عِندِ ٱللَّهِۖ وَإِن تُصِبۡهُمۡ سَيِّئَةٌ يَقُولُواْ هَٰذِهِۦ مِنۡ عِندِكَۚ قُلۡ كُلٌّ مِّنۡ عِندِ ٱللَّهِۖ فَمَالِ هَٰٓؤُلَآءِ ٱلۡقَوۡمِ لَا يَكَادُونَ يَفۡقَهُونَ حَدِيثًا ٧٨အသင်တို့သည် မည်သည့်‌နေရာ၌ပင်ရှိသည်ဖြစ်‌စေ၊ ‌သေခြင်းသည် အသင်တို့ထံသို့ ‌ရောက်ရှိလာမည်ပင်ဖြစ်သည်။ အကယ်၍ အသင်တို့သည် အလွန်ခိုင်ခံ့လုံခြုံ‌သော ခံတပ်ရဲတပ်များတွင်ရှိ‌နေကြလျှင်လည်း (‌သေခြင်းမှ လွတ်‌မြောက်မည် မဟုတ်‌ပေ)။ ထို့ပြင် အကယ်၍ ထိုသူ(အ‌ယောင်‌ဆောင် မွတ်စ်လင်မ်)များတွင် ‌ကောင်း‌သောအရာ တစ်စုံတစ်ခု ‌ရောက်ရှိလာလျှင် သူတို့က ဤသည် အရှင်မြတ်ထံ‌တော်မှဖြစ်သည်ဟု ‌ပြောဆို‌လေ့ရှိကြသည်။ ထို့‌နောက် အကယ်၍ သူတို့တွင် မ‌ကောင်း‌သောအရာ တစ်စုံတစ်ခု ‌ရောက်ရှိလာလျှင် သူတို့က ဤသည် အသင်၏ထံမှဖြစ်သည်ဟု ‌ပြောဆို‌လေ့ရှိကြသည်။* (အို- တမန်‌တော်)အသင် ‌ပြောလိုက်ပါ၊ “(အ‌ကောင်းနှင့်အဆိုး)အားလုံးသည် အလ္လာဟ်အရှင်မြတ်ထံ‌တော်မှပင် ဖြစ်သည်။“ ၎င်းပြင် ဤသူများသည် မည်သို့ဖြစ်သွားကြသနည်း၊ သူတို့သည် မည်သည့်စကားကိုမျှ နားလည်ရန် မနီးစပ်ကြ‌ပေ။ مَّآ أَصَابَكَ مِنۡ حَسَنَةٍ فَمِنَ ٱللَّهِۖ وَمَآ أَصَابَكَ مِن سَيِّئَةٍ فَمِن نَّفۡسِكَۚ وَأَرۡسَلۡنَٰكَ لِلنَّاسِ رَسُولًاۚ وَكَفَىٰ بِٱللَّهِ شَهِيدًا ٧٩အသင်၏ထံသို့‌ရောက်ရှိလာ‌သော ‌ကောင်း‌သောအရာသည် အလ္လာဟ်အရှင်မြတ်ထံ‌တော်မှပင် ဖြစ်သည်။ ၎င်းပြင် အသင်၏ထံသို့‌ရောက်ရှိလာ‌သော မ‌ကောင်း‌သောအရာသည် အသင်၏ထံမှ(အပြုအမူများ‌ကြောင့်)ပင်ဖြစ်သည်။ ငါအရှင်မြတ်သည် အသင်(တမန်‌တော်မုဟမ္မဒ်-ဆွ)ကို လူများအားလုံးထံသို့* ရစူလ်တမန်‌တော်အဖြစ် ‌စေလွှတ်‌တော်မူခဲ့သည်။ ၎င်းပြင် အလ္လာဟ်အရှင်မြတ်သည် (အသင် တမန်‌တော်ဖြစ်‌ကြောင်း)မျက်‌မှောက် အသိသက်‌သေအဖြစ် လုံ‌လောက်‌တော်မူသည်။ مَّن يُطِعِ ٱلرَّسُولَ فَقَدۡ أَطَاعَ ٱللَّهَۖ وَمَن تَوَلَّىٰ فَمَآ أَرۡسَلۡنَٰكَ عَلَيۡهِمۡ حَفِيظًا ٨٠မည်သူမဆို ရစူလ်တမန်‌တော်၏အမိန့်‌တော်ကို လိုက်နာလျှင် ထိုသူသည် အမှန်စင်စစ် အလ္လာဟ်အရှင်မြတ်၏ အမိန့်‌တော်များကို လိုက်နာခြင်းပင်ဖြစ်သည်။* ၎င်းပြင် မည်သူမဆို (အသင်၏အမိန့်ကိုဖီဆန်၍) မျက်နှာလွှဲခဲ့လျှင် (အသင်၏တာဝန် မဟုတ်‌ပေ၊) ငါအရှင်မြတ်သည် အသင်(တမန်‌တော်)ကို ထိုသူများအ‌ပေါ်တွင် အုပ်ထိန်းသူအဖြစ် ‌စေလွှတ်‌တော်မူခဲ့သည် မဟုတ်‌ပေ။ وَيَقُولُونَ طَاعَةٌ فَإِذَا بَرَزُواْ مِنۡ عِندِكَ بَيَّتَ طَآئِفَةٌ مِّنۡهُمۡ غَيۡرَ ٱلَّذِي تَقُولُۖ وَٱللَّهُ يَكۡتُبُ مَا يُبَيِّتُونَۖ فَأَعۡرِضۡ عَنۡهُمۡ وَتَوَكَّلۡ عَلَى ٱللَّهِۚ وَكَفَىٰ بِٱللَّهِ وَكِيلًا ٨١ထို့ပြင် ထို(အ‌ယောင်‌ဆောင်မွတ်စ်လင်မ်)များသည် (အသင်တမန်‌တော်‌ရှေ့၌မူ) “လိုက်နာရန်သာရှိသည်“ဟု ‌ပြောဆိုကြသည်။ ထို့‌နောက် အသင်၏ထံမှ ထွက်သွားကြ‌သောအခါ သူတို့ထဲမှ လူတစ်စုသည် သူတို့‌ပြောဆိုခဲ့ကြသည်များနှင့် ဆန့်ကျင်‌သောကိစ္စများကို ညအချိန်တွင် တိုင်ပင်‌ဆွေး‌နွေးကြသည်။ အလ္လာဟ်အရှင်မြတ်သည်လည်း သူတို့ ညအချိန်‌ဆွေး‌နွေး‌သောကိစ္စကို ‌ရေးမှတ်‌တော်မူသည်။* သို့ဖြစ်ရာ အသင်သည် သူတို့အား လျစ်လျူရှုပြီး အလ္လာဟ်အရှင်မြတ်ကိုသာ ယုံကြည်စိတ်ချအားကိုးပြီး‌နေပါ။ ၎င်းပြင် အလ္လာဟ်အရှင်မြတ်သည် အလွန်ယုံပုံလွှဲအပ်ခြင်းခံထိုက်‌တော်မူ‌သောအရှင်အဖြစ် လုံ‌လောက်‌တော်မူသည်။ أَفَلَا يَتَدَبَّرُونَ ٱلۡقُرۡءَانَۚ وَلَوۡ كَانَ مِنۡ عِندِ غَيۡرِ ٱللَّهِ لَوَجَدُواْ فِيهِ ٱخۡتِلَٰفًا كَثِيرًا ٨٢၎င်းပြင် သူတို့သည် ကုရ်အာန်ကျမ်း‌တော်မြတ်ကို စဉ်းစားဆင်ခြင် မကြည့်ကြ‌လေသ‌လော။ အကယ်၍ ထို(ကုရ်အာန်ကျမ်း‌တော်မြတ်)သည် အလ္လာဟ်အရှင်မြတ်ထံ‌တော်မှလွဲ၍ အခြားမည်သူ၏ထံမှသာဖြစ်ခဲ့လျှင် သူတို့သည် ထို(ကုရ်အာန်)ထဲတွင် ကွဲလွဲမှုများစွာကို အမှန်ပင် ‌တွေ့ရှိခဲ့ကြလိမ့်မည်။ وَإِذَا جَآءَهُمۡ أَمۡرٌ مِّنَ ٱلۡأَمۡنِ أَوِ ٱلۡخَوۡفِ أَذَاعُواْ بِهِۦۖ وَلَوۡ رَدُّوهُ إِلَى ٱلرَّسُولِ وَإِلَىٰٓ أُوْلِي ٱلۡأَمۡرِ مِنۡهُمۡ لَعَلِمَهُ ٱلَّذِينَ يَسۡتَنۢبِطُونَهُۥ مِنۡهُمۡۗ وَلَوۡلَا فَضۡلُ ٱللَّهِ عَلَيۡكُمۡ وَرَحۡمَتُهُۥ لَٱتَّبَعۡتُمُ ٱلشَّيۡطَٰنَ إِلَّا قَلِيلًا ٨٣ထို့ပြင် သူတို့ထံသို့ စိတ်‌အေးဖွယ်ရာသတင်းတစ်စုံတစ်ခု သို့မဟုတ် ထိတ်လန့်ဖွယ်ရာသတင်းတစ်စုံတစ်ခု ‌ရောက်လာ‌သောအခါ သူတို့သည် ထိုသတင်းကို (ဆန်းစစ်ခြင်းမရှိဘဲ)ဖြန့်လိုက်ကြသည်။* အကယ်၍ သူတို့သည် ထိုသတင်းကို တမန်‌တော်ထံသို့ သို့မဟုတ် အာဏာပိုင်များထံသို့ လွှဲပို့ခဲ့လျှင် သူတို့ထဲမှ ဆင်ခြင်းသုံးသပ် ဆန်းစစ်တတ်‌သောသူများသည် ထိုသတင်း(၏ဇာစ်မြစ်)ကို အမှန်ပင် သိရှိကြလိမ့်မည်။ ထို့ပြင် အကယ်၍သာ အသင်တို့အ‌ပေါ်တွင် အလ္လာဟ်အရှင်မြတ်၏‌ကျေးဇူး‌တော်နှင့် သနားညှာတာမှုသာ မရှိခဲ့လျှင် အနည်းငယ်မှလွဲ၍ အသင်တို့(အားလုံး)သည် ရှိုင်သွာန်၏‌နောက်သို့ လိုက်ခဲ့ကြမည် အမှန်ပင်ဖြစ်သည်။ فَقَٰتِلۡ فِي سَبِيلِ ٱللَّهِ لَا تُكَلَّفُ إِلَّا نَفۡسَكَۚ وَحَرِّضِ ٱلۡمُؤۡمِنِينَۖ عَسَى ٱللَّهُ أَن يَكُفَّ بَأۡسَ ٱلَّذِينَ كَفَرُواْۚ وَٱللَّهُ أَشَدُّ بَأۡسًا وَأَشَدُّ تَنكِيلًا ٨٤သို့ဖြစ်ရာ အသင်(တမန်‌တော်)သည် အလ္လာဟ်အရှင်မြတ်၏လမ်း‌တော်တွင် စစ်မက်ပြိုင်ဆိုင်တိုက်ခိုက်ပါ။ အသင်၏အ‌ပေါ်တွင် အသင်၏တာဝန်သာရှိသည်။ (အခြားသူ၏တာဝန်မရှိ‌ပေ)။ ၎င်းပြင် အသင်သည် အီမာန်ယုံကြည်သူများအား တိုက်တွန်းနှိုး‌ဆော်‌နေပါ။ မကြာမီ အလ္လာဟ်အရှင်မြတ်သည် ကာဖိရ်ငြင်းပယ်သူများ၏အင်အားကို တားဆီး‌တော်မူလိမ့်မည်။ ထို့ပြင် အလ္လာဟ်အရှင်မြတ်သည် အင်အားအကြီးဆုံးအရှင်ဖြစ်‌တော်မူပြီး အပြင်းထန်ဆုံး အပြစ်ဒဏ်‌ပေး‌တော်မူ‌သောအရှင်လည်း ဖြစ်‌တော်မူသည်။ مَّن يَشۡفَعۡ شَفَٰعَةً حَسَنَةً يَكُن لَّهُۥ نَصِيبٌ مِّنۡهَاۖ وَمَن يَشۡفَعۡ شَفَٰعَةً سَيِّئَةً يَكُن لَّهُۥ كِفۡلٌ مِّنۡهَاۗ وَكَانَ ٱللَّهُ عَلَىٰ كُلِّ شَيۡءٍ مُّقِيتًا ٨٥မည်သူမဆို ‌ကောင်း‌သောကိစ္စတွင် ကြားဝင်တိုက်တွန်း‌ပြောဆို‌ပေးလျှင် ထိုသူ့အ‌ပေါ်တွင် ထိုသူ့အတွက် ‌ဝေစု‌ဝေပုံရှိမည်။ ၎င်းပြင် မည်သူမဆို မ‌ကောင်း‌သောကိစ္စတွင် ကြားဝင်တိုက်တွန်း‌ပြောဆို‌ပေးလျှင် ထိုသူ့အ‌ပေါ်တွင် ဝန်ထုပ်ဝန်ပိုး(အပြစ်)ရှိမည်။ ထို့ပြင် အလ္လာဟ်အရှင်မြတ်သည် အရာအားလုံးအ‌ပေါ်တွင် အလွန်ကြီးကြပ်အုပ်ထိန်း‌တော်မူ‌သောအရှင် ဖြစ်‌တော်မူသည်။ وَإِذَا حُيِّيتُم بِتَحِيَّةٍ فَحَيُّواْ بِأَحۡسَنَ مِنۡهَآ أَوۡ رُدُّوهَآۗ إِنَّ ٱللَّهَ كَانَ عَلَىٰ كُلِّ شَيۡءٍ حَسِيبًا ٨٦ထို့ပြင် အသင်တို့သည် (စလာမ် ‌မေတ္တာပို့)နှုတ်ခွန်းဆက်မှု တစ်စုံတစ်ခုနှင့် နှုတ်ခွန်းဆက်သခံကြရ‌သောအခါ အသင်တို့သည် ထို(စလာမ် ‌မေတ္တာပို့)နှုတ်ခွန်းဆက်ခြင်းခံရသည်ထက် ပို‌ကောင်း‌သောနည်းဖြင့် နှုတ်ခွန်းပြန်ဆက်ကြပါ။ သို့်မဟုတ် ထိုအတိုင်း တုံ့ပြန် နှုတ်ခွန်းဆက်ကြပါ။* အမှန်စင်စစ် အလ္လာဟ်အရှင်မြတ်သည် အရာအားလုံးကို အလွန်စစ်‌ဆေး‌တော်မူ‌သောအရှင် ဖြစ်‌တော်မူသည်။ ٱللَّهُ لَآ إِلَٰهَ إِلَّا هُوَۚ لَيَجۡمَعَنَّكُمۡ إِلَىٰ يَوۡمِ ٱلۡقِيَٰمَةِ لَا رَيۡبَ فِيهِۗ وَمَنۡ أَصۡدَقُ مِنَ ٱللَّهِ حَدِيثًا ٨٧အလ္လာဟ်အရှင်မြတ်သည် အကြင်အရှင်မြတ်ပင် ဖြစ်‌တော်မူသည်၊ ထိုအရှင်မြတ်မှလွဲ၍ ကိုးကွယ်ထိုက်သည့်အရှင် မရှိ‌ပေ။ အရှင်မြတ်သည် အသင်တို့အား ကိယာမသ် ရှင်ပြန်ထမည့်‌နေ့တွင် အမှန်စင်စစ် စုရုံး‌တော်မူမည်။ ဤကိစ္စတွင် သံသယဖြစ်စရာမရှိ‌ပေ။ ၎င်းပြင် စကားအရာတွင် အလ္လာဟ်အရှင်မြတ်ထက် ပိုမိုမှန်ကန်စွာ‌ပြောဆိုသူ မည်သူရှိမည်နည်း။ ۞ فَمَا لَكُمۡ فِي ٱلۡمُنَٰفِقِينَ فِئَتَيۡنِ وَٱللَّهُ أَرۡكَسَهُم بِمَا كَسَبُوٓاْۚ أَتُرِيدُونَ أَن تَهۡدُواْ مَنۡ أَضَلَّ ٱللَّهُۖ وَمَن يُضۡلِلِ ٱللَّهُ فَلَن تَجِدَ لَهُۥ سَبِيلًا ٨٨၎င်းပြင် အသင်တို့သည် မည်သည်အတွက်‌ကြောင့် အ‌ယောင်‌ဆောင်မွတ်စ်လင်မ်များနှင့် ပတ်သက်ပြီး အုပ်စုနှစ်စု*ကွဲ‌နေကြသနည်း။ ထို့ပြင် အလ္လာဟ်အရှင်မြတ်သည် ထိုသူများအား သူတို့၏ပြုမူဆည်းပူးချက်များ‌ကြောင့် ‌ပြောင်းပြန်လှည့်ထား‌တော်မူခဲ့သည်။ အလ္လာဟ်အရှင်မြတ်က လမ်းမှား‌ပေါ်ချထား‌တော်မူ‌သောသူများအား အသင်တို့က လမ်းမှန်‌ပေါ် တင်လိုကြသ‌လော။ ၎င်းပြင် အလ္လာဟ်အရှင်မြတ်က လမ်းမှား‌ပေါ်ချထား‌တော်မူ‌သောသူများအတွက် မည်သည့်လမ်းကိုမှ အသင် လုံးဝ‌တွေ့မည် မဟုတ်‌တော့‌ပေ။ وَدُّواْ لَوۡ تَكۡفُرُونَ كَمَا كَفَرُواْ فَتَكُونُونَ سَوَآءًۖ فَلَا تَتَّخِذُواْ مِنۡهُمۡ أَوۡلِيَآءَ حَتَّىٰ يُهَاجِرُواْ فِي سَبِيلِ ٱللَّهِۚ فَإِن تَوَلَّوۡاْ فَخُذُوهُمۡ وَٱقۡتُلُوهُمۡ حَيۡثُ وَجَدتُّمُوهُمۡۖ وَلَا تَتَّخِذُواْ مِنۡهُمۡ وَلِيًّا وَلَا نَصِيرًا ٨٩ထို(အ‌ယောင်‌ဆောင်မွတ်စ်လင်မ်)များသည် သူတို့(ကိုယ်တိုင်) ကာဖိရ်ငြင်းပယ်သူများဖြစ်ကြသကဲ့သို့ အသင်တို့အားလည်း ကာဖိရ်ငြင်းပယ်သူများဖြစ်ကြရန် ‌တောင့်တခဲ့ကြသည်။ သို့မှသာ အသင်တို့သည်လည်း သူတို့နှင့်တန်းတူဖြစ်ကြမည်။ သို့ဖြစ်ရာ ထို(အ‌ယောင်‌ဆောင်မွတ်စ်လင်မ်)များသည် အလ္လာဟ်အရှင်မြတ်၏လမ်း‌တော်တွင် ဟိဂျ်ရသ် ‌ရွှေ့‌ပြောင်းထွက်ခွာသွားခြင်း မပြုသမျှ အသင်တို့သည် သူတို့ထဲမှ(မည်သူ့ကိုမှ) မိတ်‌ဆွေမပြုလုပ်ကြနှင့်။ ထို့‌နောက် အကယ်၍ သူတို့သည် (ဟိဂျ်ရသ်အမိန့်‌တော်ကို) ‌သွေဖည်‌ရှောင်လွှဲသွားကြလျှင် အသင်တို့သည် သူတို့အား ‌တွေ့ရာအရပ်တွင် ဖမ်းဆီးကြပြီး သတ်ဖြတ်ကြပါ။ ၎င်းပြင် အသင်တို့သည် သူတို့ထဲမှ(မည်သူ့ကိုမှ) မိတ်‌ဆွေအဖြစ်နှင့်လည်း‌ကောင်း၊ ကူညီသူအဖြစ်နှင့်လည်း‌ကောင်း မပြုလုပ်ကြနှင့်။ إِلَّا ٱلَّذِينَ يَصِلُونَ إِلَىٰ قَوۡمِۭ بَيۡنَكُمۡ وَبَيۡنَهُم مِّيثَٰقٌ أَوۡ جَآءُوكُمۡ حَصِرَتۡ صُدُورُهُمۡ أَن يُقَٰتِلُوكُمۡ أَوۡ يُقَٰتِلُواْ قَوۡمَهُمۡۚ وَلَوۡ شَآءَ ٱللَّهُ لَسَلَّطَهُمۡ عَلَيۡكُمۡ فَلَقَٰتَلُوكُمۡۚ فَإِنِ ٱعۡتَزَلُوكُمۡ فَلَمۡ يُقَٰتِلُوكُمۡ وَأَلۡقَوۡاْ إِلَيۡكُمُ ٱلسَّلَمَ فَمَا جَعَلَ ٱللَّهُ لَكُمۡ عَلَيۡهِمۡ سَبِيلًا ٩٠သို့ရာတွင် အကြင်(အ‌ယောင်‌ဆောင်မွတ်စ်လင်မ်)များသည် အကြင်လူမျိုးအုပ်စုများထံ ပူ‌ပေါင်းကြသည်။ ထိုလူမျိုးအုပ်စုနှင့် အသင်တို့ကြားတွင် (ငြိမ်းချမ်း‌ရေး)ချုပ်ဆိုထားသည်။ သို့မဟုတ် ထို(အ‌ယောင်‌ဆောင်မွတ်စ်လင်မ်)များသည် အသင်တို့ထံသို့ လာကြ‌သော်လည်း သူတို့သည် အသင်တို့နှင့် တိုက်ခိုက်ရန် သို့မဟုတ် သူတို့၏လူမျိုးအုပ်စု(ကာဖိရ်)များကို တိုက်ခိုက်ရန် ရင်‌လေး‌နေသည်။ ထို့ပြင် အကယ်၍သာ အလ္လာဟ်အရှင်မြတ်သည် အလိုရှိ‌တော်မူခဲ့လျှင် အမှန်စင်စစ် သူတို့အား အသင်တို့အ‌ပေါ်တွင် နိုင်နင်း‌စေ‌တော်မူခဲ့မည်။ သို့ဖြစ်လျှင် အမှန်ပင် သူတို့သည် အသင်တို့အား တိုက်ခိုက်ခဲ့ကြလိမ့်မည်။ ထို့‌နောက် အကယ်၍ သူတို့သည် အသင်တို့ထံမှ ဆုတ်ခွာပြီး အသင်တို့နှင့် တိုက်ခိုက်မှု မပြုဘဲ‌နေခဲ့ကြလျှင်၊ ၎င်းပြင် သူတို့သည် အသင်တို့ထံသို့ ငြိမ်းချမ်း‌ရေးကမ်းလှမ်းခဲ့ကြလျှင်၊ အလ္လာဟ်အရှင်မြတ်သည် အသင်တို့အား သူတို့နှင့် ဆန့်ကျင်စစ်တိုက်ကြရန် မည်သည့်နည်းနှင့်မျှ ခွင့်ပြု‌တော်မူမည် မဟုတ်‌ပေ။ سَتَجِدُونَ ءَاخَرِينَ يُرِيدُونَ أَن يَأۡمَنُوكُمۡ وَيَأۡمَنُواْ قَوۡمَهُمۡ كُلَّ مَا رُدُّوٓاْ إِلَى ٱلۡفِتۡنَةِ أُرۡكِسُواْ فِيهَاۚ فَإِن لَّمۡ يَعۡتَزِلُوكُمۡ وَيُلۡقُوٓاْ إِلَيۡكُمُ ٱلسَّلَمَ وَيَكُفُّوٓاْ أَيۡدِيَهُمۡ فَخُذُوهُمۡ وَٱقۡتُلُوهُمۡ حَيۡثُ ثَقِفۡتُمُوهُمۡۚ وَأُوْلَٰٓئِكُمۡ جَعَلۡنَا لَكُمۡ عَلَيۡهِمۡ سُلۡطَٰنًا مُّبِينًا ٩١အသင်တို့သည် အခြားသူများအားလည်း မကြာမီ ‌တွေ့ရှိကြမည်။ ထိုသူများသည် အသင်တို့၏‌ဘေးရန်များမှသာမက သူတို့လူမျိုးဖြစ်‌သော ကာဖိရ်များ၏‌ဘေးရန်များကလည်း လွတ်ကင်းချမ်းသာစွာ ‌နေလိုကြသည်။ သူတို့သည် မည်သည့်အခါပင်ဖြစ်‌စေ စစ်တိုက်မှုတွင် ကာဖိရ်များ၏ပြန်သိမ်းသွင်းခြင်းကို ခံကြရလျှင် ထိုတိုက်ခိုက်မှုဘက်ကိုသာ ပြန်လှည့်တတ်ကြသည်။ သို့ဖြစ်ရာ အကယ်၍ သူတို့သည် အသင်တို့(နှင့် စစ်တိုက်ခြင်း)မှ ဆုတ်ခွာမ‌နေခဲ့ကြလျှင်၊ ၎င်းပြင် အသင်တို့ထံသို့ ငြိမ်းချမ်း‌ရေးကမ်းလှမ်းမှု မပြုခဲ့ကြလျှင်၊ ၎င်းပြင် သူတို့လက်များကို (အသင်တို့နှင့် စစ်တိုက်ခြင်းမှ) ချုပ်တည်းထားခြင်း မပြုခဲ့ကြလျှင် အသင်တို့သည် သူတို့အား ‌တွေ့ရာအရပ်တွင် ဖမ်းဆီးပြီး သတ်ဖြတ်ကြပါ။ ဤသူများအ‌ပေါ်၌ပင် ငါအရှင်မြတ်သည် အသင်တို့အား ထင်ရှား‌သောအာဏာနိုင်နင်းမှုကို ‌ပေးသနား‌တော်မူခဲ့သည်။ وَمَا كَانَ لِمُؤۡمِنٍ أَن يَقۡتُلَ مُؤۡمِنًا إِلَّا خَطَـًٔاۚ وَمَن قَتَلَ مُؤۡمِنًا خَطَـًٔا فَتَحۡرِيرُ رَقَبَةٍ مُّؤۡمِنَةٍ وَدِيَةٌ مُّسَلَّمَةٌ إِلَىٰٓ أَهۡلِهِۦٓ إِلَّآ أَن يَصَّدَّقُواْۚ فَإِن كَانَ مِن قَوۡمٍ عَدُوٍّ لَّكُمۡ وَهُوَ مُؤۡمِنٌ فَتَحۡرِيرُ رَقَبَةٍ مُّؤۡمِنَةٍۖ وَإِن كَانَ مِن قَوۡمِۭ بَيۡنَكُمۡ وَبَيۡنَهُم مِّيثَٰقٌ فَدِيَةٌ مُّسَلَّمَةٌ إِلَىٰٓ أَهۡلِهِۦ وَتَحۡرِيرُ رَقَبَةٍ مُّؤۡمِنَةٍۖ فَمَن لَّمۡ يَجِدۡ فَصِيَامُ شَهۡرَيۡنِ مُتَتَابِعَيۡنِ تَوۡبَةً مِّنَ ٱللَّهِۗ وَكَانَ ٱللَّهُ عَلِيمًا حَكِيمًا ٩٢ထို့ပြင် မှားယွင်းချွတ်‌ချော်ပြီး သတ်မိသည်မှလွဲ၍ မုအ်မင်န်တစ်ဦးသည် အခြားမုအ်မင်န်တစ်ဦးအား မသတ်ထိုက်‌ပေ။* ထို့ပြင် အကြင်သူသည် မှား၍ မုအ်မင်န်တစ်ဦးအား သတ်မိလျှင် (ထိုသူ၏အ‌ပေါ်၌) မုအ်မင်န်ကျွန်တစ်ဦးကို သူ‌ကောင်းပြုရမည့်အပြင် ထို(အသတ်ခံရ‌သော)သူ၏‌ဆွေမျိုး အ‌မွေစားအ‌မွေခံများကို ‌လျော်‌ကြေး‌ပေးရန်တာဝန်ရှိသည်။* သို့ရာတွင် ထိုအ‌မွေစားအ‌မွေခံများက ခွင့်လွှတ်ခဲ့လျှင် (‌လျော်‌ကြေး‌ပေးရန်မလို‌ပေ)။* ၎င်းပြင် အကယ်၍ ထို(မှားသတ်ခံရ‌သော)သူသည် မုအ်မင်န်ဖြစ်လျက် အသင်တို့၏ ရန်သူများ၏အုပ်စုထဲမှဖြစ်မည်ဆိုလျှင် (သတ်မိသူအ‌ပေါ်၌) မုအ်မင်န်ကျွန်တစ်ဦးကို သူ‌ကောင်းပြုရန်သာ တာဝန်ရှိသည်။* ထို့ပြင် အကယ်၍ ထို(မှားသတ်ခံရ‌သော)သူသည် အသင်တို့၏မဟာမိတ်အုပ်စုထဲမှ ဖြစ်ခဲ့လျှင် ထိုသူ၏ အ‌မွေစားအ‌မွေခံများကို ‌လျော်‌ကြေး‌ပေးရမည့်အပြင် မုအ်မင်န်ကျွန်တစ်ဦးကိုလည်း သူ‌ကောင်းပြုရန်တာဝန်ရှိသည်။ ၎င်းပြင် အကြင်သူသည် (ကျွန်ကို သူ‌ကောင်းပြုရန်)မတတ်နိုင်ခဲ့လျှင် ထိုသူသည် နှစ်လဆက်တိုက် ‌စွောင်မ်ဥပုသ်‌စောင့်ထိန်းရမည်ဖြစ်သည်။* ဤသည် အလ္လာဟ်အရှင်မြတ်ထံ‌တော်မှ သတ်မှတ်ပြဋ္ဌာန်း‌တော်မူ‌သော ဝန်ချ‌တောင်းပန်နည်းပင်ဖြစ်သည်။ ထို့ပြင် အလ္လာဟ်အရှင်မြတ်သည် အကြွင်းမဲ့သိ‌တော်မူ‌သောအရှင်၊ ပညာဉာဏ်အ‌မြော်အမြင်နှင့် အလွန်ပြည့်စုံ‌တော်မူ‌သောအရှင် ဖြစ်‌တော်မူသည်။ وَمَن يَقۡتُلۡ مُؤۡمِنًا مُّتَعَمِّدًا فَجَزَآؤُهُۥ جَهَنَّمُ خَٰلِدًا فِيهَا وَغَضِبَ ٱللَّهُ عَلَيۡهِ وَلَعَنَهُۥ وَأَعَدَّ لَهُۥ عَذَابًا عَظِيمًا ٩٣ထို့ပြင် အကြင်သူသည် မုအ်မင်န်တစ်ဦးအား အ‌ကြောင်းမဲ့တမင်သတ်ခဲ့လျှင် ထိုသူ၏အပြစ်သည် (အမှန်ဆိုလျှင်)ဂျဟန္နမ်ငရဲဘုံပင်ဖြစ်သည်။ ထိုငရဲဘုံတွင် အမြဲ‌နေရမည်ဖြစ်သည်။ (သို့ရာတွင် အလ္လာဟ်အရှင်မြတ်၏‌ကျေးဇူး‌တော်ဖြင့် အမြဲမ‌နေရ‌တော့ဘဲ အီမာန်၏ဗရကသ်ဖြင့် ‌နောက်ဆုံးတွင် လွတ်‌မြောက်သွားမည်ဖြစ်သည်)။ ၎င်းပြင် အလ္လာဟ်အရှင်မြတ်သည် ထိုသူ၏အ‌ပေါ်တွင် (ကာလတစ်ခုအထိ)အမျက်ထား‌တော်မူမည်။* ၎င်းပြင် ထိုသူ့အား ကရုဏာ‌တော်မှ ကင်း‌ဝေး‌စေ‌တော်မူမည်။ ထိုသူ့အတွက် ကြီး‌လေး‌သောအပြစ်ဒဏ်ကိုလည်း အဆင်သင့်ပြုလုပ်ထား‌တော်မူမည်။ يَٰٓأَيُّهَا ٱلَّذِينَ ءَامَنُوٓاْ إِذَا ضَرَبۡتُمۡ فِي سَبِيلِ ٱللَّهِ فَتَبَيَّنُواْ وَلَا تَقُولُواْ لِمَنۡ أَلۡقَىٰٓ إِلَيۡكُمُ ٱلسَّلَٰمَ لَسۡتَ مُؤۡمِنًا تَبۡتَغُونَ عَرَضَ ٱلۡحَيَوٰةِ ٱلدُّنۡيَا فَعِندَ ٱللَّهِ مَغَانِمُ كَثِيرَةٌۚ كَذَٰلِكَ كُنتُم مِّن قَبۡلُ فَمَنَّ ٱللَّهُ عَلَيۡكُمۡ فَتَبَيَّنُوٓاْۚ إِنَّ ٱللَّهَ كَانَ بِمَا تَعۡمَلُونَ خَبِيرًا ٩٤အို- အီမာန်ယုံကြည်သူအ‌ပေါင်းတို့၊ အသင်တို့သည် အလ္လာဟ်အရှင်မြတ်၏လမ်း‌တော်တွင် (စစ်တိုက်ရန်) ခရီးထွက်ကြ‌သောအခါ (ရန်သူနှင့်မိတ်‌ဆွေ ခွဲခြားနိုင်ရန်) စုံစမ်းစစ်‌ဆေးကြပါ။ ၎င်းပြင် အသင်တို့သည် အသင်တို့ကို စလာမ်(‌မေတ္တာ)ပို့သ‌သောသူအား အသင်သည် မုအ်မင်န်မဟုတ်ဟူ၍ မ‌ပြောကြနှင့်။ အသင်တို့သည် ‌လောကီပစ္စည်းဥစ္စာများကို ရှာ‌ဖွေကြသည်။ သို့ဖြစ်လျှင် အလ္လာဟ်အရှင်မြတ်ထံတွင် လက်ရပစ္စည်းများသည် အ‌မြောက်အမြားရှိသည်။ အသင်တို့လည်း ယခင်က ထိုကဲ့သို့ပင် (စလာမ်‌ပေးရုံ၊ ကလိမဟ်ဖတ်ရုံမျှသာ) ဖြစ်ခဲ့ကြသည်။ ထို့‌နောက် အလ္လာဟ်အရှင်မြတ်သည် အသင်တို့အ‌ပေါ်တွင် ‌ကျေးဇူးပြု‌တော်မူခဲ့သည်။ သို့ဖြစ်ရာ အသင်တို့သည် ‌လေ့လာစူးစမ်း စစ်‌ဆေးကြပါ။ အမှန်စင်စစ် အလ္လာဟ်အရှင်မြတ်သည် အသင်တို့ပြုမူသည်များကို အကြွင်းမဲ့ကြားသိ‌တော်မူ‌သောအရှင် ဖြစ်‌တော်မူသည်။ لَّا يَسۡتَوِي ٱلۡقَٰعِدُونَ مِنَ ٱلۡمُؤۡمِنِينَ غَيۡرُ أُوْلِي ٱلضَّرَرِ وَٱلۡمُجَٰهِدُونَ فِي سَبِيلِ ٱللَّهِ بِأَمۡوَٰلِهِمۡ وَأَنفُسِهِمۡۚ فَضَّلَ ٱللَّهُ ٱلۡمُجَٰهِدِينَ بِأَمۡوَٰلِهِمۡ وَأَنفُسِهِمۡ عَلَى ٱلۡقَٰعِدِينَ دَرَجَةًۚ وَكُلًّا وَعَدَ ٱللَّهُ ٱلۡحُسۡنَىٰۚ وَفَضَّلَ ٱللَّهُ ٱلۡمُجَٰهِدِينَ عَلَى ٱلۡقَٰعِدِينَ أَجۡرًا عَظِيمًا ٩٥အီမာန်ယုံကြည်သူများထဲမှ ချို့ယွင်းချို့တဲ့သူများ*မဟုတ်ဘဲ (အိမ်၌)ထိုင်‌နေကြ‌သောသူများနှင့် အလ္လာဟ်အရှင်မြတ်၏လမ်း‌တော်တွင် သူတို့၏အသက်စည်းစိမ်များနှင့် စစ်မက်ပြိုင်ဆိုင်တိုက်ခိုက်ကြ‌သောသူများသည် မတူညီကြ‌ပေ။ အလ္လာဟ်အရှင်မြတ်သည် သူတို့၏အသက်စည်းစိမ်များနှင့် စစ်မက်ပြိုင်ဆိုင်တိုက်ခိုက်ကြသူများအား (အိမ်၌)ထိုင်‌နေကြ‌သောသူများထက် အဆင့်အတန်း မြင့်မြတ်‌စေ‌တော်မူခဲ့သည်။ ၎င်းပြင် အလ္လာဟ်အရှင်မြတ်သည် (ထိုင်‌နေသူများနှင့် စစ်တိုက်သူများ)အားလုံးကို ‌ကောင်းကျိုး‌ပေးသနား‌တော်မူမည်ဟု ကတိပြုထားပြီးဖြစ်သည်။* ၎င်းပြင် အလ္လာဟ်အရှင်မြတ်သည် စစ်မက်ပြိုင်ဆိုင်တိုက်ခိုက်သူများအား (အိမ်၌)ထိုင်‌နေကြ‌သောသူများထက် ကြီးကျယ်‌သော အကျိုး‌ကျေးဇူး(ချီးမြှင့်မှု)ဖြင့် မြင့်မြတ်‌စေ‌တော်မူခဲ့သည်။ دَرَجَٰتٍ مِّنۡهُ وَمَغۡفِرَةً وَرَحۡمَةًۚ وَكَانَ ٱللَّهُ غَفُورًا رَّحِيمًا ٩٦ထို(အလ္လာဟ်)အရှင်မြတ်ထံ‌တော်မှ အဆင့်အတန်းများ(ကို ချီးမြှင့်မှုနှင့်) အပြစ်များမှ လွတ်ငြိမ်းချမ်းသာခွင့် ‌ပေးသနား‌တော်မူခြင်းအပြင် သနားကရုဏာပြုမူခြင်းတို့နှင့် (သူတို့ကို မြင့်မြတ်‌စေ‌တော်မူခဲ့သည်)။ ထို့ပြင် အလ္လာဟ်အရှင်မြတ်သည် အလွန်လွတ်ငြိမ်းချမ်းသာခွင့်‌ပေး‌တော်မူ‌သောအရှင်၊ အလွန်သနားကြင်နာ‌တော်မူ‌သောအရှင်ဖြစ်‌တော်မူသည်။ إِنَّ ٱلَّذِينَ تَوَفَّىٰهُمُ ٱلۡمَلَٰٓئِكَةُ ظَالِمِيٓ أَنفُسِهِمۡ قَالُواْ فِيمَ كُنتُمۡۖ قَالُواْ كُنَّا مُسۡتَضۡعَفِينَ فِي ٱلۡأَرۡضِۚ قَالُوٓاْ أَلَمۡ تَكُنۡ أَرۡضُ ٱللَّهِ وَٰسِعَةً فَتُهَاجِرُواْ فِيهَاۚ فَأُوْلَٰٓئِكَ مَأۡوَىٰهُمۡ جَهَنَّمُۖ وَسَآءَتۡ مَصِيرًا ٩٧အမှန်စင်စစ် ‌ကောင်းကင်တမန်များသည် မိမိကိုယ်ကို နှိပ်စက်‌နေကြ‌သော (အပြစ်ကျူးလွန်)သူများ(၏အသက်)ကို နှုတ်ခဲ့ကြပြီး သူတို့အား ‌ကောင်းကင်တမန်များသည် (ဤသို့)စစ်‌ဆေး‌မေးမြန်းကြမည်- အသင်တို့သည် မည်သည့်ကိစ္စထဲတွင် ရှိ‌နေကြသနည်း။ သူတို့က ‌ဖြေကြားကြမည်- ကျွန်ုပ်တို့သည် (ကျွန်ုပ်တို့၏)အရပ်‌ဒေသတွင် အားနည်းပြီး ဖိနှိပ်ချုပ်ချယ်မှုခံ‌နေရသူများဖြစ်ခဲ့ကြပါသည်။ ‌ကောင်းကင်တမန်များက (ဤသို့)‌ပြောဆိုကြမည်- အလ္လာဟ်အရှင်မြတ်၏ပထဝီ‌မြေပြင်သည် ‌ရွှေ့‌ပြောင်း‌နေထိုင်နိုင်‌လောက်‌အောင် ကျယ်ဝန်းသည်မဟုတ်‌လော။ ထို(သို့ ‌ရွှေ့‌ပြောင်း‌နေထိုင်နိုင်ကြပါလျက်နှင့် ‌ရွှေ့‌ပြောင်း‌နေထိုင်ခြင်း မပြုကြသည့်)အတွက်‌ကြောင့် သူတို့၏ဌာနသည် ဂျဟန္နမ်ငရဲဘုံပင်ဖြစ်သည်။ ထို့ပြင် ထိုဂျဟန္နမ်ငရဲဘုံပင်သည် အလွန်ဆိုးဝါး‌သော ‌နေရာထိုင်ခင်းဖြစ်သည်။ إِلَّا ٱلۡمُسۡتَضۡعَفِينَ مِنَ ٱلرِّجَالِ وَٱلنِّسَآءِ وَٱلۡوِلۡدَٰنِ لَا يَسۡتَطِيعُونَ حِيلَةً وَلَا يَهۡتَدُونَ سَبِيلًا ٩٨သို့ရာတွင် မသန်မစွမ်းချည့်နဲ့‌သော အကြင်‌ယောက်ျား၊မိန်းမနှင့်က‌လေးများသည် (ဟိဂျ်ရသ်ပြုလုပ်ရန် မည်ကဲ့သို့မှ) မကြံဆနိုင်ကြသည်သာမက မည်သည့်လမ်းကိုမှလည်း မ‌တွေ့ရှိကြ‌ပေ။ فَأُوْلَٰٓئِكَ عَسَى ٱللَّهُ أَن يَعۡفُوَ عَنۡهُمۡۚ وَكَانَ ٱللَّهُ عَفُوًّا غَفُورًا ٩٩သို့ဖြစ်ရာ အလ္လာဟ်အရှင်မြတ်သည် ထိုသူများကို မကြာမီ ခွင့်လွှတ်‌တော်မူလိမ့်မည်ဟု မုချ‌မျှော်လင့်ရ‌ပေသည်။ အမှန်စင်စစ် အလ္လာဟ်အရှင်မြတ်သည် အလွန်လွတ်ငြိမ်းချမ်းသာခွင့်‌ပေး‌တော်မူ‌သောအရှင်၊ အလွန်သနားကြင်နာ‌တော်မူ‌သောအရှင်ဖြစ်‌တော်မူသည်။ ۞ وَمَن يُهَاجِرۡ فِي سَبِيلِ ٱللَّهِ يَجِدۡ فِي ٱلۡأَرۡضِ مُرَٰغَمًا كَثِيرًا وَسَعَةًۚ وَمَن يَخۡرُجۡ مِنۢ بَيۡتِهِۦ مُهَاجِرًا إِلَى ٱللَّهِ وَرَسُولِهِۦ ثُمَّ يُدۡرِكۡهُ ٱلۡمَوۡتُ فَقَدۡ وَقَعَ أَجۡرُهُۥ عَلَى ٱللَّهِۗ وَكَانَ ٱللَّهُ غَفُورًا رَّحِيمًا ١٠٠ထို့ပြင် အကြင်သူသည် အလ္လာဟ်အရှင်မြတ်၏လမ်းတွင် ဟိဂျ်ရသ်စွန့်ခွာ ‌ရွှေ့‌ပြောင်း‌နေထိုင်မည်ဆိုလျှင် ထိုသူသည် ကမာ္ဘ‌မြေတွင် အ‌ခြေချ‌နေထိုင်နိုင်သည့်‌နေရာများစွာနှင့် ကျယ်ဝန်းမှုကို ‌တွေ့ရှိရလိမ့်မည်။ အမှန်ပင် မည်သူမဆို အလ္လာဟ်အရှင်မြတ်နှင့် အရှင်မြတ်၏ရစူလ်တမန်‌တော်ဘက်ကို ရည်စူးပြီး သူ၏အိမ်မှ မုဟာဂျိရ်စွန့်ခွာ‌ရွှေ့‌ပြောင်းသူဖြစ်လျက် ထွက်ခွာခဲ့ပြီး‌နောက် သူ၏ထံသို့ ‌သေခြင်းတရား ဆိုက်‌ရောက်လာခဲ့လျှင် အမှန်စင်စစ် ထိုသူ၏အကျိုးသည် အလ္လာဟ်အရှင်မြတ်အ‌ပေါ်၌ အတည်ဖြစ်သွားပြီးဖြစ်သည်။ ထို့ပြင် အလ္လာဟ်အရှင်မြတ်သည် အလွန်လွတ်ငြိမ်းချမ်းသာခွင့်‌ပေး‌တော်မူ‌သောအရှင်၊ အလွန်သနားကြင်နာ‌တော်မူ‌သောအရှင်ဖြစ်‌တော်မူသည်။ وَإِذَا ضَرَبۡتُمۡ فِي ٱلۡأَرۡضِ فَلَيۡسَ عَلَيۡكُمۡ جُنَاحٌ أَن تَقۡصُرُواْ مِنَ ٱلصَّلَوٰةِ إِنۡ خِفۡتُمۡ أَن يَفۡتِنَكُمُ ٱلَّذِينَ كَفَرُوٓاْۚ إِنَّ ٱلۡكَٰفِرِينَ كَانُواْ لَكُمۡ عَدُوًّا مُّبِينًا ١٠١ထို့ပြင် အသင်တို့သည် ကမာ္ဘ‌မြေတွင်ခရီးထွက်ခဲ့ကြ‌သောအခါ အသင်တို့သည် အသင်တို့ကို ကာဖိရ်ငြင်းပယ်သူများက ဒုက္ခ‌ပေးကြမည်ကို စိုးရိမ်ကြရလျှင်၊ အသင်တို့တွင် စွလာသ်ဝတ်ပြုခြင်းကို ‌လျှော့ပြုသည့်အတွက်* အပြစ်မရှိ‌ပေ။ အမှန်စင်စစ် ကာဖိရ်ငြင်းပယ်သူများသည် အသင်တို့၏ထင်ရှား‌သောရန်သူများဖြစ်ကြသည်။ وَإِذَا كُنتَ فِيهِمۡ فَأَقَمۡتَ لَهُمُ ٱلصَّلَوٰةَ فَلۡتَقُمۡ طَآئِفَةٌ مِّنۡهُم مَّعَكَ وَلۡيَأۡخُذُوٓاْ أَسۡلِحَتَهُمۡۖ فَإِذَا سَجَدُواْ فَلۡيَكُونُواْ مِن وَرَآئِكُمۡ وَلۡتَأۡتِ طَآئِفَةٌ أُخۡرَىٰ لَمۡ يُصَلُّواْ فَلۡيُصَلُّواْ مَعَكَ وَلۡيَأۡخُذُواْ حِذۡرَهُمۡ وَأَسۡلِحَتَهُمۡۗ وَدَّ ٱلَّذِينَ كَفَرُواْ لَوۡ تَغۡفُلُونَ عَنۡ أَسۡلِحَتِكُمۡ وَأَمۡتِعَتِكُمۡ فَيَمِيلُونَ عَلَيۡكُم مَّيۡلَةً وَٰحِدَةًۚ وَلَا جُنَاحَ عَلَيۡكُمۡ إِن كَانَ بِكُمۡ أَذًى مِّن مَّطَرٍ أَوۡ كُنتُم مَّرۡضَىٰٓ أَن تَضَعُوٓاْ أَسۡلِحَتَكُمۡۖ وَخُذُواْ حِذۡرَكُمۡۗ إِنَّ ٱللَّهَ أَعَدَّ لِلۡكَٰفِرِينَ عَذَابًا مُّهِينًا ١٠٢ထို့ပြင် အသင်(တမန်‌တော်မုဟမ္မဒ်-ဆွ)သည် သူတို့ထဲ၌ရှိ‌နေပြီး သူတို့အတွက် စွလာသ်ဝတ်ပြုမှုကို စီစဉ်ခဲ့လျှင်၊ ထိုအခါ သူတို့ထဲမှ လူတစ်စုသည် အသင်တို့နှင့်အတူ ရပ်ကြရမည်။ ထို့ပြင် သူတို့သည် သူတို့၏လက်နက်များကိုလည်း ယူ‌ဆောင်ထားကြရမည်။ ၎င်းပြင် သူတို့သည် စဂျ်ဒဟ်ဦးချပြီး‌သောအခါ အသင်တို့၏‌နောက်သို့ဆုတ်သွားကြရမည်။ ထို့‌နောက် စွလာသ်ဝတ်မပြုကြရ‌သေး‌သော အခြားအုပ်စုသည် လာပြီး‌နောက် အသင်တို့နှင့်အတူ စွလာသ်ဝတ်ပြုကြရမည်။* ထို့ပြင် သူတို့လည်း သူတို့၏‌ဘေးရန်ကို သတိဝိရိယထားပြီး လက်နက်များကို ယူ‌ဆောင်ထားကြရမည်။ ကာဖိရ်ငြင်းပယ်သူများကမူ အကယ်၍ အသင်တို့သည် အသင်တို့၏လက်နက်နှင့် အသုံးအ‌ဆောင်ပစ္စည်းများကို ‌မေ့‌လျော့သွားကြလျှင် သူတို့သည် အသင်တို့ကို တဟုန်ထိုးဝင်‌ရောက်တိုက်ခိုက်ရန် နှစ်သက်လိုလားကြသည်။ ထို့ပြင် အကယ်၍ အသင်တို့တွင် မိုးရွာသွန်းမှု‌ကြောင့် (လက်နက်များကိုင်‌ဆောင်ပြီး စွလာသ်ဝတ်ပြုရန်) ခဲယဉ်းမှုရှိခဲ့လျှင် သို့မဟုတ် အသင်တို့သည် ‌ရောဂါသည်များဖြစ်ခဲ့လျှင် အသင်တို့၏လက်နက်များကို ချထားသည့်အတွက် အသင်တို့တွင် အပြစ်မရှိ‌ပေ။ (သို့ရာတွင်)အသင်တို့သည် အသင်တို့အတွက် (တတ်နိုင်သမျှ)အကာအကွယ်ယူထားကြပါ။ အမှန်စင်စစ် အလ္လာဟ်အရှင်မြတ်သည် ကာဖိရ်ငြင်းပယ်သူများအတွက် ‌သေးသိမ်‌စေမည့် အပြစ်ဒဏ်ကို အသင့် ပြုလုပ်ထား‌တော်မူသည်။ فَإِذَا قَضَيۡتُمُ ٱلصَّلَوٰةَ فَٱذۡكُرُواْ ٱللَّهَ قِيَٰمًا وَقُعُودًا وَعَلَىٰ جُنُوبِكُمۡۚ فَإِذَا ٱطۡمَأۡنَنتُمۡ فَأَقِيمُواْ ٱلصَّلَوٰةَۚ إِنَّ ٱلصَّلَوٰةَ كَانَتۡ عَلَى ٱلۡمُؤۡمِنِينَ كِتَٰبًا مَّوۡقُوتًا ١٠٣ထို့ပြင် အသင်တို့သည် စွလာသ်ဝတ်ပြုပြီးကြ‌သောအခါ အသင်တို့သည် အလ္လာဟ်အရှင်မြတ်ကို မတ်တပ်ရပ်လျက်၊ ထိုင်လျက်၊ လဲ‌လျောင်းလျက်နှင့် သတိရ တသကြပါ။* ထို့‌နောက် အသင်တို့သည် ‌ဘေးရန်ကင်းငြိမ်းပြီး စိတ်ချရ‌သောအခါ (ပုံမှန်အတိုင်း) စွလာသ်ကို‌ဆောက်တည်ကြပါ။ အမှန်စင်စစ် စွလာသ်ဝတ်ပြုမှုသည် အီမာန်ယုံကြည်သူများအ‌ပေါ်တွင် အချိန်ကာလပိုင်းခြားပြီး အတည်သတ်မှတ်ပြဋ္ဌာန်းထား‌သော ဖရဿွ်တာဝန်တစ်ရပ်ဖြစ်သည်။ وَلَا تَهِنُواْ فِي ٱبۡتِغَآءِ ٱلۡقَوۡمِۖ إِن تَكُونُواْ تَأۡلَمُونَ فَإِنَّهُمۡ يَأۡلَمُونَ كَمَا تَأۡلَمُونَۖ وَتَرۡجُونَ مِنَ ٱللَّهِ مَا لَا يَرۡجُونَۗ وَكَانَ ٱللَّهُ عَلِيمًا حَكِيمًا ١٠٤ထို့ပြင် အသင်တို့သည် ရန်သူများအား (တိုက်ခိုက်ရန်)လိုက်လံရှာ‌ဖွေရာတွင် စိတ်အားမ‌လျှော့ကြနှင့်။ အကယ်၍ အသင်တို့သည် ဒုက္ခခံစားကြရလျှင် သူတို့လည်း အသင်တို့ကဲ့သို့ ဒုက္ခခံစားကြရသည်။ ထို့ပြင် အသင်တို့သည် အလ္လာဟ်အရှင်မြတ်ထံမှ သူတို့မ‌မျှော်လင့်‌သောအရာများကို ‌မျှော်လင့်ကြရမည်။ ထို့ပြင် အလ္လာဟ်အရှင်မြတ်သည် အရာအားလုံးကို အကြွင်းမဲ့သိ‌တော်မူ‌သောအရှင်၊ ပညာဉာဏ်အ‌မြော်အမြင်နှင့် အလွန်ပြည့်စုံ‌တော်မူ‌သောအရှင် ဖြစ်‌တော်မူသည်။ إِنَّآ أَنزَلۡنَآ إِلَيۡكَ ٱلۡكِتَٰبَ بِٱلۡحَقِّ لِتَحۡكُمَ بَيۡنَ ٱلنَّاسِ بِمَآ أَرَىٰكَ ٱللَّهُۚ وَلَا تَكُن لِّلۡخَآئِنِينَ خَصِيمًا ١٠٥အသင်(တမန်‌တော်)သည် လူများကြားတွင် အလ္လာဟ်အရှင်မြတ်အ‌နေနှင့် အသင့်အား ပြသ‌တော်မူသည့်အတိုင်း စီရင်ဆုံးဖြတ်ရန်* ငါအရှင်မြတ်သည် အသင်၏ထံသို့ မှန်ကန်မှုနှင့်တကွ ကျမ်းမြတ်ကုရ်အာန်ကို အမှန်ပင် ချ‌ပေးသနား‌တော်မူခဲ့သည်။ ထို့ပြင် အသင်သည် သစ္စာ‌ဖောက်လိမ်လည်လှည့်ဖြား အလွဲသုံးစားလုပ်‌သောသူများဘက်မှ ကာကွယ်‌ချေပ‌ပြောဆိုသူ မဖြစ်‌လေနှင့်။ وَٱسۡتَغۡفِرِ ٱللَّهَۖ إِنَّ ٱللَّهَ كَانَ غَفُورًا رَّحِيمًا ١٠٦ထို့ပြင် အသင်(တမန်‌တော်)သည် အလ္လာဟ်အရှင်မြတ်ထံတွင် လွတ်ငြိမ်းချမ်းသာခွင့် ‌တောင်းခံပါ၊* အမှန်စင်စစ် အလ္လာဟ်အရှင်မြတ်သည် အလွန်လွတ်ငြိမ်းချမ်းသာခွင့်‌ပေး‌တော်မူ‌သောအရှင်၊ အလွန်သနားကြင်နာ‌တော်မူ‌သောအရှင်ဖြစ်‌တော်မူသည်။ وَلَا تُجَٰدِلۡ عَنِ ٱلَّذِينَ يَخۡتَانُونَ أَنفُسَهُمۡۚ إِنَّ ٱللَّهَ لَا يُحِبُّ مَن كَانَ خَوَّانًا أَثِيمًا ١٠٧ထို့ပြင် မိမိကိုယ်မိမိ လိမ်လည်လှည့်ဖြားသူများဘက်မှ* အသင်သည် ခုခံ‌ပြောဆိုခြင်းမပြုပါနှင့်။ အမှန်စင်စစ် အလ္လာဟ်အရှင်မြတ်သည် အလွန်သစ္စာမဲ့ပြီး မ‌ကောင်းမှု၌ နစ်မွန်း‌နေသူများကို နှစ်သက်‌တော်မမူ‌ပေ။ يَسۡتَخۡفُونَ مِنَ ٱلنَّاسِ وَلَا يَسۡتَخۡفُونَ مِنَ ٱللَّهِ وَهُوَ مَعَهُمۡ إِذۡ يُبَيِّتُونَ مَا لَا يَرۡضَىٰ مِنَ ٱلۡقَوۡلِۚ وَكَانَ ٱللَّهُ بِمَا يَعۡمَلُونَ مُحِيطًا ١٠٨သူတို့သည် လူများကိုမူ(ရှက်‌သော‌ကြောင့် သူတို့၏အပြစ်များမှ)ဖုံးကွယ်‌နေကြသည်။ ၎င်းပြင် သူတို့သည် အလ္လာဟ်အရှင်မြတ်ကိုမူ အရှင်မြတ်သည် သူတို့နှင့်အတူရှိ‌နေပါလျက် (မရှက်ကြသည့်အပြင်) ဖုံးကွယ်နိုင်ခြင်းမရှိကြ‌ပေ။ အကြင်အခါတွင် သူတို့သည် အရှင်မြတ်နှစ်သက်‌တော်မူခြင်းမရှိ‌သော စကားရပ်များကို ညအချိန် တိတ်ဆိတ်စွာကြံစည်‌နေကြသည်။ ထို့ပြင် အလ္လာဟ်အရှင်မြတ်သည် သူတို့ပြုမူကြ‌သော အမှုကိစ္စအဝဝကိုလည်း လွှမ်းခြုံသိရှိ‌တော်မူသည်။ هَٰٓأَنتُمۡ هَٰٓؤُلَآءِ جَٰدَلۡتُمۡ عَنۡهُمۡ فِي ٱلۡحَيَوٰةِ ٱلدُّنۡيَا فَمَن يُجَٰدِلُ ٱللَّهَ عَنۡهُمۡ يَوۡمَ ٱلۡقِيَٰمَةِ أَم مَّن يَكُونُ عَلَيۡهِمۡ وَكِيلًا ١٠٩အသင်တို့သည် ထိုသစ္စာ‌ဖောက်များဘက်မှ ဤဘဝတွင် ခုခံ‌ချေပ‌ပြောဆိုခဲ့ကြသည်။ ထို့‌နောက် ကိယာမသ်ရှင်ပြန်ထမည့်‌နေ့တွင် အရှင်မြတ်အား မည်သူ ခုခံ‌ချေပ‌ပြောဆိုမည်နည်း။ သို့မဟုတ် သူတို့အတွက် ကာကွယ်‌ပေးမည့်တာဝန်ခံ မည်သူရှိမည်နည်း။ وَمَن يَعۡمَلۡ سُوٓءًا أَوۡ يَظۡلِمۡ نَفۡسَهُۥ ثُمَّ يَسۡتَغۡفِرِ ٱللَّهَ يَجِدِ ٱللَّهَ غَفُورًا رَّحِيمًا ١١٠ထို့ပြင် မည်သူမဆို မ‌ကောင်းမှုတစ်စုံတစ်ခု ကျူးလွန်မိလျှင် သို့မဟုတ် သူသည် သူ့ကိုယ်သူနှိပ်စက်လျှင်၊ ထို့‌နောက် သူသည် အလ္လာဟ်အရှင်မြတ်ထံတွင် လွတ်ငြိမ်းချမ်းသာခွင့် ‌တောင်းခံလျှင် ထိုသူသည် အလ္လာဟ်အရှင်မြတ်အား အလွန်လွတ်ငြိမ်းချမ်းသာခွင့်‌ပေး‌တော်မူ‌သောအရှင်၊ အလွန်သနားကြင်နာ‌တော်မူ‌သောအရှင်အဖြစ် ‌တွေ့ရှိလိမ့်မည်။ وَمَن يَكۡسِبۡ إِثۡمًا فَإِنَّمَا يَكۡسِبُهُۥ عَلَىٰ نَفۡسِهِۦۚ وَكَانَ ٱللَّهُ عَلِيمًا حَكِيمًا ١١١ထို့ပြင် မည်သူမဆို မ‌ကောင်းမှုကိုရှာ‌ဖွေလျှင် ထိုသူသည် သူ့ကိုယ်သူနစ်နာ‌အောင် (သူ့ကိုယ်နှင့် ဆန့်ကျင်ပြီး)ရှာ‌ဖွေခြင်းပင်ဖြစ်သည်။ ထို့ပြင် အလ္လာဟ်အရှင်မြတ်သည် အကြွင်းမဲ့သိ‌တော်မူ‌သောအရှင်၊ ပညာဉာဏ်အ‌မြော်အမြင်နှင့် အလွန်ပြည့်စုံ‌တော်မူ‌သောအရှင် ဖြစ်‌တော်မူသည်။ وَمَن يَكۡسِبۡ خَطِيٓـَٔةً أَوۡ إِثۡمًا ثُمَّ يَرۡمِ بِهِۦ بَرِيٓـًٔا فَقَدِ ٱحۡتَمَلَ بُهۡتَٰنًا وَإِثۡمًا مُّبِينًا ١١٢ထို့ပြင် မည်သူမဆို ‌သေးငယ်‌သောအပြစ်ကိုဖြစ်‌စေ၊ သို့မဟုတ် ကြီး‌လေး‌သောအပြစ်ကိုဖြစ်‌စေ ကျူးလွန်ပြီး‌နောက် ထိုပြစ်မှုနှင့်ပတ်သက်၍ အပြစ်ကင်း‌သောသူ တစ်ဦးတစ်‌ယောက်ကို စွပ်စွဲခဲ့လျှင် ထိုသူသည် အမှန်စင်စစ် (ကြီးမား‌သော)စွပ်စွဲမှုနှင့် ထင်ရှား‌သောပြစ်မှုကို ကျူးလွန်ခဲ့ပြီဖြစ်သည်။ وَلَوۡلَا فَضۡلُ ٱللَّهِ عَلَيۡكَ وَرَحۡمَتُهُۥ لَهَمَّت طَّآئِفَةٌ مِّنۡهُمۡ أَن يُضِلُّوكَ وَمَا يُضِلُّونَ إِلَّآ أَنفُسَهُمۡۖ وَمَا يَضُرُّونَكَ مِن شَيۡءٍۚ وَأَنزَلَ ٱللَّهُ عَلَيۡكَ ٱلۡكِتَٰبَ وَٱلۡحِكۡمَةَ وَعَلَّمَكَ مَا لَمۡ تَكُن تَعۡلَمُۚ وَكَانَ فَضۡلُ ٱللَّهِ عَلَيۡكَ عَظِيمًا ١١٣၎င်းပြင် အကယ်၍ အသင်(တမန်‌တော်)၏အ‌ပေါ်တွင် အလ္လာဟ်အရှင်မြတ်၏‌ကျေးဇူးနှင့် သနားကြင်နာမှုသာမရှိခဲ့လျှင် သူတို့ထဲမှ လူတစ်စုသည် အသင့်ကို လမ်းလွဲ‌စေကြရန် အမှန်စင်စစ် စိတ်ဆုံးဖြတ်ခဲ့ကြပြီဖြစ်သည်။ သူတို့သည် သူတို့ကိုယ်ကိုသာ လမ်းလွဲ‌စေလျက်ရှိ‌နေကြခြင်းဖြစ်သည်။ ထို့ပြင် သူတို့သည် အသင့်အား လုံးဝ နစ်နာ‌စေနိုင်ကြမည်လည်း မဟုတ်‌ပေ။ (အဘယ့်‌ကြောင့်ဆို‌သော်) အလ္လာဟ်အရှင်မြတ်သည် အသင်၏အ‌ပေါ်တွင် ကျမ်း‌တော်မြတ်နှင့် ပညာဉာဏ်အ‌မြော်အမြင်ကို ချ‌ပေးသနား‌တော်မူခဲ့ခြင်း‌ကြောင့်ဖြစ်သည်။ ထို့ပြင် အရှင်မြတ်သည် အသင် မသိနားမလည်ခဲ့‌သောအရာများကိုလည်း အသင့်အား သင်ကြားပြသ‌တော်မူခဲ့သည်။ ထို့ပြင် အလ္လာဟ်အရှင်မြတ်၏‌ကျေးဇူး‌တော်သည် အသင်၏အ‌ပေါ်တွင် ကြီးမားလှသည်။ ۞ لَّا خَيۡرَ فِي كَثِيرٍ مِّن نَّجۡوَىٰهُمۡ إِلَّا مَنۡ أَمَرَ بِصَدَقَةٍ أَوۡ مَعۡرُوفٍ أَوۡ إِصۡلَٰحِۭ بَيۡنَ ٱلنَّاسِۚ وَمَن يَفۡعَلۡ ذَٰلِكَ ٱبۡتِغَآءَ مَرۡضَاتِ ٱللَّهِ فَسَوۡفَ نُؤۡتِيهِ أَجۡرًا عَظِيمًا ١١٤အများအားဖြင့် သူတို့၏လျှို့ဝှက်‌ဆွေး‌နွေးမှုများတွင် ‌ကောင်းမြတ်ခြင်းမရှိ‌ပေ။ သို့ရာတွင် အကြင်သူသည် လှူဒါန်းရန်ကိစ္စ သို့မဟုတ် လူများကြားတွင် ‌စေ့စပ်‌ပေး‌သောကိစ္စကို ညွှန်ကြားမည်ဆိုလျှင် (ထိုကဲ့သို့ ကိစ္စများနှင့်ပတ်သက်၍ လျှို့ဝှက်တိုင်ပင်ခြင်း၌သာ ‌ကောင်းမြတ်ခြင်းရှိသည်)။ ထို့ပြင် မည်သူမဆို အလ္လာဟ်အရှင်မြတ်၏နှစ်သက်မှုရယူရန်အတွက် ထိုကိစ္စများကို ပြုမူ‌ဆောင်ရွက်မည်ဆိုလျှင် မကြာမီ ငါအရှင်မြတ်သည် ထိုသူ့အား ကြီးကျယ်‌သောအကျိုးကို ချီးမြှင့်‌တော်မူမည်။ وَمَن يُشَاقِقِ ٱلرَّسُولَ مِنۢ بَعۡدِ مَا تَبَيَّنَ لَهُ ٱلۡهُدَىٰ وَيَتَّبِعۡ غَيۡرَ سَبِيلِ ٱلۡمُؤۡمِنِينَ نُوَلِّهِۦ مَا تَوَلَّىٰ وَنُصۡلِهِۦ جَهَنَّمَۖ وَسَآءَتۡ مَصِيرًا ١١٥ထို့ပြင် မည်သူမဆို သူ့အတွက် တရားလမ်းမှန်သည် ထင်ရှားခဲ့ပြီး‌နောက် ရစူလ်တမန်‌တော်ကို ဆန့်ကျင်မည်၊ ၎င်းပြင် ထိုသူသည် အီမာန်ယုံကြည်သူများ၏ လမ်းစဉ်မှလွဲ၍ အခြားလမ်းစဉ်ကို လိုက်နာမည်ဆိုလျှင်၊ ငါအရှင်မြတ်သည် ထိုသူ့အား သူကိုယ်တိုင် လှည့်သည့်ဘက်သို့ လှည့်‌ပေး‌တော်မူမည်။ ထို့‌နောက် ငါအရှင်မြတ်သည် ထိုသူ့အား ဂျဟန္နမ်ငရဲဘုံထဲသို့ ထည့်သွင်း‌တော်မူမည်။* ထို့ပြင် ထိုဂျဟန္နမ်ငရဲဘုံသည် အလွန်ယုတ်ညံ့‌သော ပြန်လည်ရာစခန်းဖြစ်သည်။ إِنَّ ٱللَّهَ لَا يَغۡفِرُ أَن يُشۡرَكَ بِهِۦ وَيَغۡفِرُ مَا دُونَ ذَٰلِكَ لِمَن يَشَآءُۚ وَمَن يُشۡرِكۡ بِٱللَّهِ فَقَدۡ ضَلَّ ضَلَٰلَۢا بَعِيدًا ١١٦အမှန်စင်စစ် အလ္လာဟ်အရှင်မြတ်သည် အရှင်မြတ်နှင့် တွဲဖက်ယှဉ်ပြိုင်ကိုးကွယ်သည်ကို လုံးဝ ခွင့်လွှတ်ချမ်းသာ‌ပေး‌တော်မူမည် မဟုတ်‌ပေ။* သို့ရာတွင် ထိုအရာမှလွဲ၍ အခြားအပြစ်ကိုမူ အရှင်မြတ်အလိုရှိ‌တော်မူ‌သောသူအား ခွင့်လွှတ်‌တော်မူမည်။ ထို့ပြင် မည်သူမဆို အလ္လာဟ်အရှင်မြတ်နှင့် တွဲဖက်ကိုးကွယ်လျှင် ထိုသူသည် (မှန်ကန်‌သောလမ်းမှ) အလွန်‌ဝေးလံ‌သောလမ်းမှားသို့ အမှန်စင်စစ် လွဲမှားသွားပြီဖြစ်သည်။ إِن يَدۡعُونَ مِن دُونِهِۦٓ إِلَّآ إِنَٰثًا وَإِن يَدۡعُونَ إِلَّا شَيۡطَٰنًا مَّرِيدًا ١١٧သူတို့သည် အရှင်မြတ်မှလွဲ၍ “မ“(အမည်‌ပေးထား‌သောရုပ်တု)များကိုသာ ဟစ်‌ခေါ်ကိုးကွယ်ကြသည်။* ထို့ပြင် အမှန်စင်စစ် သူတို့သည် ‌သောင်းကျန်းပုန်ကန်‌သော ရှိုင်သွာန်ကိုသာ ဟစ်‌ခေါ်ကိုးကွယ်ခြင်းဖြစ်သည်။ لَّعَنَهُ ٱللَّهُۘ وَقَالَ لَأَتَّخِذَنَّ مِنۡ عِبَادِكَ نَصِيبًا مَّفۡرُوضًا ١١٨အလ္လာဟ်အရှင်မြတ်သည် ရှိုင်သွာန်ကို ကရုဏာ‌တော်မှ ကင်း‌ဝေး‌စေ‌တော်မူခဲ့ပြီးဖြစ်သည်။ ရှိုင်သွာန်က ‌ပြောဆို‌လျှောက်ထားခဲ့သည်- ကျွန်ုပ်သည် အရှင်မြတ်၏ကျွန်များထဲမှ ခွဲ‌ဝေသတ်မှတ် ပြဋ္ဌာန်းပြီးဖြစ်‌သော ‌ဝေစု‌ဝေပုံတစ်ခုကို အမှန်မုချ ပြုလုပ်မည်ဖြစ်သည်။ وَلَأُضِلَّنَّهُمۡ وَلَأُمَنِّيَنَّهُمۡ وَلَأٓمُرَنَّهُمۡ فَلَيُبَتِّكُنَّ ءَاذَانَ ٱلۡأَنۡعَٰمِ وَلَأٓمُرَنَّهُمۡ فَلَيُغَيِّرُنَّ خَلۡقَ ٱللَّهِۚ وَمَن يَتَّخِذِ ٱلشَّيۡطَٰنَ وَلِيًّا مِّن دُونِ ٱللَّهِ فَقَدۡ خَسِرَ خُسۡرَانًا مُّبِينًا ١١٩၎င်းပြင် ကျွန်ုပ်သည် သူတို့အား လမ်းမှားကို အမှန်မုချ ‌ရောက်‌အောင်လုပ်မည်။ ၎င်းပြင် သူတို့အား မက်‌မောမှု အမှန် ဖြစ်‌စေမည်။ ၎င်းပြင် ကျွန်ုပ်သည် သူတို့အား အမှန်စင်စစ် အမိန့်‌ပေးမည်။ သို့ဖြစ်လျှင် သူတို့သည် ‌ခြေ‌လေး‌ချောင်းသတ္တဝါများ၏ နားရွက်များကို အမှန်ပင် ဖြတ်‌တောက်ကြလိမ့်မည်။* ၎င်းပြင် ကျွန်ုပ်သည် သူတို့အား အမှန်စင်စစ် အမိန့်‌ပေးမည်။ သို့ဖြစ်လျှင် သူတို့သည် အလ္လာဟ်အရှင်မြတ်၏ဖန်ဆင်းခံများ (၏သ‌ဘော သဘာဝ)ကို သူတို့သည် အမှန်ပင် ‌ပြောင်းလဲပစ်ကြလိမ့်မည်။* ထို့ပြင် မည်သူမဆို အလ္လာဟ်အရှင်မြတ်၏အစား ရှိုင်သွာန်ကို အ‌ဆွေခင်ပွန်းပြုလုပ်လျှင် ထိုသူသည် အမှန်ပင် ထင်ရှား‌သော နစ်နာဆုံးရှုံးမှုကို ခံစားရမည်။ يَعِدُهُمۡ وَيُمَنِّيهِمۡۖ وَمَا يَعِدُهُمُ ٱلشَّيۡطَٰنُ إِلَّا غُرُورًا ١٢٠ထိုရှိုင်သွာန်သည် သူတို့အား ကတိ‌ပေးသည်။ ‌တောင့်တ မက်‌မော‌စေသည်။ သို့ရာတွင် ထိုရှိုင်သွာန်သည် သူတို့အား လိမ်လည်ဖြား‌ယောင်းမှုနှင့်သာ ကတိ‌ပေးသည်။ أُوْلَٰٓئِكَ مَأۡوَىٰهُمۡ جَهَنَّمُ وَلَا يَجِدُونَ عَنۡهَا مَحِيصًا ١٢١ထိုသူများပင်၊ သူတို့၏ခိုလှုံရာ‌နေရာသည် ဂျဟန္နမ်ငရဲဘုံဖြစ်သည်။ ထို့ပြင် သူတို့သည် ထိုငရဲဘုံမှ ထွက်‌ပြေးလွတ်‌မြောက်မည့်‌နေရာ တစ်‌နေရာကိုမှ ‌တွေ့ရှိကြမည်မဟုတ်‌ပေ။ وَٱلَّذِينَ ءَامَنُواْ وَعَمِلُواْ ٱلصَّٰلِحَٰتِ سَنُدۡخِلُهُمۡ جَنَّٰتٍ تَجۡرِي مِن تَحۡتِهَا ٱلۡأَنۡهَٰرُ خَٰلِدِينَ فِيهَآ أَبَدًاۖ وَعۡدَ ٱللَّهِ حَقًّاۚ وَمَنۡ أَصۡدَقُ مِنَ ٱللَّهِ قِيلًا ١٢٢ထို့ပြင် အကြင်သူများသည် အီမာန်ယုံကြည်ကြပြီး ‌ကောင်းမြတ်‌သော လုပ်ရပ်များပြုမူခဲ့ကြသည်။ ငါအရှင်မြတ်သည် မကြာမီ သူတို့ကို ဥယျာဉ်များထဲသို့ ဝင်‌ရောက်‌နေထိုင်‌စေ‌တော်မူမည်။ ထိုဥယျာဉ်များ၏‌အောက်မှ စမ်း‌ရေ‌ချောင်းများ စီးဆင်း‌နေလိမ့်မည်။ သူတို့သည် ထိုဥယျာဉ်များထဲတွင် အမြဲ‌နေထိုင်ကြရမည်။ (အလ္လာဟ်အရှင်မြတ်သည်) အရှင်မြတ်၏ကတိ‌တော်ကို မှန်ကန်စွာ ပြုထား‌တော်မူသည်။ ထို့ပြင် အလ္လာဟ်အရှင်မြတ်ထက်ပိုပြီး စကားအရာတွင်မှန်ကန်စွာ‌ပြောဆိုသူ မည်သူရှိမည်နည်း။ لَّيۡسَ بِأَمَانِيِّكُمۡ وَلَآ أَمَانِيِّ أَهۡلِ ٱلۡكِتَٰبِۗ مَن يَعۡمَلۡ سُوٓءًا يُجۡزَ بِهِۦ وَلَا يَجِدۡ لَهُۥ مِن دُونِ ٱللَّهِ وَلِيًّا وَلَا نَصِيرًا ١٢٣အသင်တို့လိုချင်သည့်အတိုင်းလည်း မဖြစ်သည်သာမက ကျမ်းရသူများ၏ လိုချင်သည့်အတိုင်းလည်း မဖြစ်‌ပေ။ မည်သူမဆို မ‌ကောင်းမှုကို ကျူးလွန်လျှင် ထိုမ‌ကောင်းမှုအတွက် အပြစ်‌ပေးခံရမည်။ ၎င်းပြင် သူသည် သူ့အတွက် အလ္လာဟ်အရှင်မြတ်မှလွဲ၍ အခြားတစ်ဦးတစ်‌ယောက်ကို မိတ်‌ဆွေအဖြစ်၊ ကူညီ‌စောင်မမည့်သူအဖြစ် ‌တွေ့ရမည် မဟုတ်‌ပေ။ وَمَن يَعۡمَلۡ مِنَ ٱلصَّٰلِحَٰتِ مِن ذَكَرٍ أَوۡ أُنثَىٰ وَهُوَ مُؤۡمِنٌ فَأُوْلَٰٓئِكَ يَدۡخُلُونَ ٱلۡجَنَّةَ وَلَا يُظۡلَمُونَ نَقِيرًا ١٢٤ထို့ပြင် မည်သူမဆို ‌ယောက်ျားဖြစ်‌စေ၊ မိန်းမဖြစ်‌စေ အီမာန်ယုံကြည်သူဖြစ်လျက်* ‌ကောင်းမြတ်‌သောလုပ်ရပ်များကို ပြုလုပ်လျှင်၊ ထိုသူများသည် ဂျန္နသ်သုခဘုံသို့ ဝင်‌ရောက်ကြရမည့်အပြင် သူတို့သည် အနည်းငယ်မျှပင် နှိပ်စက်ခံကြရမည်လည်းမဟုတ်‌ပေ။ وَمَنۡ أَحۡسَنُ دِينًا مِّمَّنۡ أَسۡلَمَ وَجۡهَهُۥ لِلَّهِ وَهُوَ مُحۡسِنٌ وَٱتَّبَعَ مِلَّةَ إِبۡرَٰهِيمَ حَنِيفًاۗ وَٱتَّخَذَ ٱللَّهُ إِبۡرَٰهِيمَ خَلِيلًا ١٢٥ထို့ပြင် အကြင်သူထက် ဒီန်သာသနာအားဖြင့် ပိုမိုမြင့်မြတ်‌သောသူသည် မည်သူ ရှိဦးမည်နည်း။ ထိုသူသည် ‌ကောင်းကျိုး‌ဆောင်ရွက်သူဖြစ်လျက် သူ၏မျက်နှာ(သူ၏ကိုယ်)ကို အလ္လာဟ်အရှင်မြတ်ထံတွင် အပ်နှံခဲ့သည့်အပြင် သူသည် ‌ဖြောင့်မတ်မှန်ကန်‌သော (တမန်‌တော်)အိဗ်ရာဟီမ်၏ဒီန်သာသနာ*ကိုလည်း လိုက်နာခဲ့သည်။ ထို့ပြင် အလ္လာဟ်အရှင်မြတ်သည် (တမန်‌တော်)အိဗ်ရာဟီမ်ကို မိတ်‌ဆွေအဖြစ် ပြုလုပ်ချီးမြှင့်‌တော်မူခဲ့သည်။ وَلِلَّهِ مَا فِي ٱلسَّمَٰوَٰتِ وَمَا فِي ٱلۡأَرۡضِۚ وَكَانَ ٱللَّهُ بِكُلِّ شَيۡءٍ مُّحِيطًا ١٢٦ထို့ပြင် မိုး‌ကောင်းကင်များ၌ရှိသမျှနှင့် ‌မြေပထဝီတွင်ရှိသမျှသည် အလ္လာဟ်အရှင်မြတ် ပိုင်ဆိုင်‌တော်မူ‌သောအရာများပင်ဖြစ်သည်။ ထို့ပြင် အလ္လာဟ်အရှင်မြတ်သည် အရာအားလုံးကို တန်ခိုး‌တော်နှင့် ဝန်းရံထား‌တော်မူ‌သောအရှင် ဖြစ်‌တော်မူသည်။ وَيَسۡتَفۡتُونَكَ فِي ٱلنِّسَآءِۖ قُلِ ٱللَّهُ يُفۡتِيكُمۡ فِيهِنَّ وَمَا يُتۡلَىٰ عَلَيۡكُمۡ فِي ٱلۡكِتَٰبِ فِي يَتَٰمَى ٱلنِّسَآءِ ٱلَّٰتِي لَا تُؤۡتُونَهُنَّ مَا كُتِبَ لَهُنَّ وَتَرۡغَبُونَ أَن تَنكِحُوهُنَّ وَٱلۡمُسۡتَضۡعَفِينَ مِنَ ٱلۡوِلۡدَٰنِ وَأَن تَقُومُواْ لِلۡيَتَٰمَىٰ بِٱلۡقِسۡطِۚ وَمَا تَفۡعَلُواْ مِنۡ خَيۡرٍ فَإِنَّ ٱللَّهَ كَانَ بِهِۦ عَلِيمًا ١٢٧ထို့ပြင် သူတို့သည် မိန်းမများနှင့်ပတ်သက်၍ အသင့်ထံသို့ ဆုံးဖြတ်ချက်လာ‌တောင်းကြသည်။ (အို- တမန်‌တော်)အသင် ‌ပြောဆို‌ဖြေကြားလိုက်ပါ၊ အလ္လာဟ်အရှင်မြတ်သည် မိန်းမများနှင့်ပတ်သက်၍ အသင်တို့ကို ပြဋ္ဌာန်း‌ပေး‌တော်မူသည်။ ထို့ပြင် ကုရ်အာန်ကျမ်း‌တော်မြတ်တွင် အသင်တို့ကို ဖတ်ရွတ်ပြခဲ့‌သော အာယတ်‌တော်များသည်လည်း (ပြဋ္ဌာန်းပြီးဖြစ်လျက်)ရှိသည်။ ထို(အာယသ်‌တော်)များသည် အကြင်မိဘမဲ့မိန်းက‌လေးများနှင့်ပတ်သက်‌သော အာယသ်‌တော်များဖြစ်သည်။ ထိုမိန်းက‌လေးများအတွက် ပြဋ္ဌာန်းထား‌တော်မူ‌သော အခွင့်အ‌ရေးများကို သူမတို့အား အသင်တို့သည် မ‌ပေးကြ‌ပေ။ ထို့ပြင် အသင်တို့သည် ထိုမိန်းက‌လေးများနှင့်လည်း ထိမ်းမြားလိုကြသည်။ (ထိုအာယသ်‌တော်များသည်)ထိုကဲ့သို့ အားအင်ချည့်နဲ့သည့်က‌လေးများနှင့်ပတ်သက်‌သော အမိန့်‌တော်များဖြစ်သည်။ ထို့ပြင် အသင်တို့သည် အဘမဲ့က‌လေးများနှင့်ပတ်သက်၍ မျှတစွာ ‌ဆောင်ရွက်ကြရန်အတွက် အမိန့်‌တော်လည်းဖြစ်သည်။ ၎င်းပြင် အသင်တို့သည် မည်သည့်‌ကောင်းမှုကိုမဆို ပြုလုပ်သည်ဖြစ်‌စေ အမှန်စင်စစ် အလ္လာဟ်အရှင်မြတ်သည် ထို‌ကောင်းမှုကို အကြွင်းမဲ့သိ‌တော်မူ‌သောအရှင် ဖြစ်‌တော်မူသည်။ وَإِنِ ٱمۡرَأَةٌ خَافَتۡ مِنۢ بَعۡلِهَا نُشُوزًا أَوۡ إِعۡرَاضًا فَلَا جُنَاحَ عَلَيۡهِمَآ أَن يُصۡلِحَا بَيۡنَهُمَا صُلۡحًاۚ وَٱلصُّلۡحُ خَيۡرٌۗ وَأُحۡضِرَتِ ٱلۡأَنفُسُ ٱلشُّحَّۚ وَإِن تُحۡسِنُواْ وَتَتَّقُواْ فَإِنَّ ٱللَّهَ كَانَ بِمَا تَعۡمَلُونَ خَبِيرًا ١٢٨ထို့ပြင် အကယ်၍ အကြင်မိန်းမတစ်ဦးသည် သူ့‌ယောက်ျား၏နှိပ်စက်မှု သို့မဟုတ် လျစ်လျူရှု စွန့်ပစ်ထားမှုကိုစိုးရိမ်ခဲ့လျှင် သူတို့နှစ်ဦးသည် အကယ်၍ ပြန်လည်သင့်မြတ်‌စေမည့် စည်းကမ်းချက်တစ်စုံတစ်ခုကို သတ်မှတ်ပြီး ပြန်လည်သင့်မြတ်‌အောင်လုပ်ကြလျှင် သူတို့နှစ်ဦးအ‌ပေါ်တွင် မည်သည့်အပြစ်မျှမရှိ‌ပေ။* ထို့ပြင် ပြန်လည်သင့်မြတ်ခြင်းသည် အ‌ကောင်းဆုံးဖြစ်သည်။ ထို့ပြင် (လူသား၏)စိတ်များသည် ‌လောဘရမ္မက်(တစ်ခုမဟုတ်တစ်ခု)ကို အသင့်‌ရောက်ရှိ‌အောင် ထည့်‌ပေးခြင်းခံခဲ့ရသည်ပင်ဖြစ်သည်။ ထို့ပြင် အကယ်၍ အသင်တို့သည် ‌ကောင်းမွန်စွာဆက်ဆံ၍ (မ‌ကောင်းသည်များမှ)‌ရှောင်ကြဉ်ကြလျှင် အမှန်ပင် အလ္လာဟ်အရှင်မြတ်သည် အသင်တို့ပြုမူသည်များကို အကြွင်းမဲ့ကြားသိ‌တော်မူ‌သောအရှင် ဖြစ်‌တော်မူသည်။ وَلَن تَسۡتَطِيعُوٓاْ أَن تَعۡدِلُواْ بَيۡنَ ٱلنِّسَآءِ وَلَوۡ حَرَصۡتُمۡۖ فَلَا تَمِيلُواْ كُلَّ ٱلۡمَيۡلِ فَتَذَرُوهَا كَٱلۡمُعَلَّقَةِۚ وَإِن تُصۡلِحُواْ وَتَتَّقُواْ فَإِنَّ ٱللَّهَ كَانَ غَفُورًا رَّحِيمًا ١٢٩ထို့ပြင် အသင်တို့သည် (မည်မျှပင် တရားမျှတရန်)ဆန္ဒထားကြလျှင်လည်း ဇနီးမိန်းမများ၏ကြားတွင် (ဘက်‌ပေါင်းစုံမှ) တရားမျှတ‌အောင် လုံးဝ ပြုနိုင်ကြမည်မဟုတ်‌ပေ။ သို့ဖြစ်ရာ အသင်တို့သည် ဇနီးမိန်းမတစ်ဦးကို (မတင်မကျ)တွဲ‌လောင်းချထားသကဲ့သို့ဖြစ်‌စေရန် (အခြား)ဇနီးတစ်ဦးဘက်သို့ လုံးလုံးလျားလျား (ဘက်လိုက်)ယိမ်းယိုင်မသွားကြနှင့်။* ထို့ပြင် အကယ်၍ အသင်တို့သည် (ထိုကဲ့သို့ တစ်ဖက်သတ်ယိမ်းယိုင်ခြင်းများကို)ပြုပြင်ပြီး ဆင်ခြင်‌နေထိုင်ကြလျှင် အမှန်စင်စစ် အလ္လာဟ်အရှင်မြတ်သည် အလွန်လွတ်ငြိမ်းချမ်းသာခွင့်‌ပေး‌တော်မူ‌သောအရှင်၊ အလွန်သနားကြင်နာ‌တော်မူ‌သောအရှင် ဖြစ်‌တော်မူသည်။ وَإِن يَتَفَرَّقَا يُغۡنِ ٱللَّهُ كُلًّا مِّن سَعَتِهِۦۚ وَكَانَ ٱللَّهُ وَٰسِعًا حَكِيمًا ١٣٠ထို့ပြင် အကယ်၍ သူတို့နှစ်ဦးသည် (အဆင်မ‌ပြေ‌တော့သည့်အဆုံး)ကွာရှင်းခဲ့ကြလျှင် အလ္လာဟ်အရှင်မြတ်သည် အရှင်မြတ်၏‌ကျေးဇူး‌တော်များစွာနှင့် (သူတို့နှစ်ဦးအား) တစ်ဦးကိုတစ်ဦး မမှီခိုရ‌အောင် ပြုလုပ်‌ပေး‌တော်မူမည်။ ထို့ပြင် အလ္လာဟ်အရှင်မြတ်သည် အသိဉာဏ်ပညာနှင့် ကရုဏာကျယ်ဝန်းလျက် အရာအားလုံးကို ဝန်းခြုံထား‌တော်မူ‌သောအရှင်၊ ပညာဉာဏ်အ‌မြော်အမြင်နှင့် အလွန်ပြည့်စုံ‌တော်မူ‌သောအရှင် ဖြစ်‌တော်မူသည်။ وَلِلَّهِ مَا فِي ٱلسَّمَٰوَٰتِ وَمَا فِي ٱلۡأَرۡضِۗ وَلَقَدۡ وَصَّيۡنَا ٱلَّذِينَ أُوتُواْ ٱلۡكِتَٰبَ مِن قَبۡلِكُمۡ وَإِيَّاكُمۡ أَنِ ٱتَّقُواْ ٱللَّهَۚ وَإِن تَكۡفُرُواْ فَإِنَّ لِلَّهِ مَا فِي ٱلسَّمَٰوَٰتِ وَمَا فِي ٱلۡأَرۡضِۚ وَكَانَ ٱللَّهُ غَنِيًّا حَمِيدًا ١٣١ထို့ပြင် ‌ကောင်းကင်များတွင်ရှိသမျှနှင့် ‌မြေပထဝီတွင်ရှိသမျှအရာအားလုံးကို အလ္လာဟ်အရှင်မြတ်သာ ပိုင်ဆိုင်‌တော်မူသည်။ ထို့ပြင် အမှန်ပင် ငါအရှင်မြတ်သည် အသင်တို့မတိုင်မီ ကျမ်းရထားသူများနှင့်အသင်တို့အား “အသင်တို့သည် အလ္လာဟ်အရှင်မြတ်အား ‌ကြောက်ကြပါ“ဟု မိန့်‌တော်မူခဲ့သည်။ ထို့ပြင် အကယ်၍ အသင်တို့သည် ငြင်းပယ်ကြလျှင် ‌ကောင်းကင်များတွင်ရှိသမျှနှင့် ‌မြေပထဝီတွင်ရှိသမျှအရာအားလုံးကို အလ္လာဟ်အရှင်မြတ်သာ အမှန်ပိုင်ဆိုင်‌တော်မူသည့်အတွက် (အရှင်မြတ်တွင် အနည်းငယ်မျှ ‌လျော့နည်းသွားမည် မဟုတ်‌ပေ၊ အသင်တို့သာ ဆုံးရှုံးနစ်နာမည်)။ ၎င်းပြင် အလ္လာဟ်အရှင်မြတ်သည် လိုလား‌တောင့်တခြင်းကင်းပြီး ပြည့်စုံကြွယ်ဝ‌တော်မူ‌သောအရှင်၊ အလွန်ချီးမွမ်းခြင်းခံထိုက်‌တော်မူ‌သောအရှင် ဖြစ်‌တော်မူသည်။ وَلِلَّهِ مَا فِي ٱلسَّمَٰوَٰتِ وَمَا فِي ٱلۡأَرۡضِۚ وَكَفَىٰ بِٱللَّهِ وَكِيلًا ١٣٢ထို့ပြင် ‌ကောင်းကင်များတွင်ရှိသမျှနှင့် ‌မြေပထဝီတွင်ရှိသမျှအရာအားလုံးကို အလ္လာဟ်အရှင်မြတ်သာ အမှန်ပိုင်ဆိုင်‌တော်မူသည်။ ထို့ပြင် အရှင်မြတ်သည်သာ အလွန်ယုံပုံလွှဲအပ်ခြင်းခံထိုက်‌တော်မူ‌သောအရှင်အဖြစ် လုံ‌လောက်‌တော်မူသည်။ إِن يَشَأۡ يُذۡهِبۡكُمۡ أَيُّهَا ٱلنَّاسُ وَيَأۡتِ بِـَٔاخَرِينَۚ وَكَانَ ٱللَّهُ عَلَىٰ ذَٰلِكَ قَدِيرًا ١٣٣အို- လူသားအ‌ပေါင်းတို့၊ အကယ်၍ အရှင်မြတ်သာ အလိုရှိ‌တော်မူလျှင် အသင်တို့ကို ဖယ်ရှားပြီး အခြားသူများကို (အစားထိုးကာ)‌ခေါ်ယူလာ‌တော်မူမည်။ ထို့ပြင် အလ္လာဟ်အရှင်မြတ်သည် ထိုကိစ္စကို အလွန်စွမ်း‌ဆောင်နိုင်‌တော်မူ‌သောအရှင် ဖြစ်‌တော်မူသည်။ مَّن كَانَ يُرِيدُ ثَوَابَ ٱلدُّنۡيَا فَعِندَ ٱللَّهِ ثَوَابُ ٱلدُّنۡيَا وَٱلۡأٓخِرَةِۚ وَكَانَ ٱللَّهُ سَمِيعَۢا بَصِيرًا ١٣٤မည်သူမဆို ဤဘဝ၏အကျိုးကို(သာ)အလိုရှိလျှင် (အရှင်မြတ် ‌ပေးလို‌သောသူကို ‌ပေးလိုသမျှသာ ‌ပေးမည်ဖြစ်သည်) အရှင်မြတ်ထံ၌မူ ဤဘဝနှင့်‌နောင်ဘဝ(နှစ်ဘဝလုံး)၏ အကျိုး‌ကျေးဇူးများရှိသည်။ ထို့ပြင် အလ္လာဟ်အရှင်မြတ်သည် အကြွင်းမဲ့ကြားသိ‌တော်မူ‌သောအရှင်၊ အကြွင်းမဲ့မြင်‌တော်မူ‌သောအရှင် ဖြစ်‌တော်မူသည်။ ۞ يَٰٓأَيُّهَا ٱلَّذِينَ ءَامَنُواْ كُونُواْ قَوَّٰمِينَ بِٱلۡقِسۡطِ شُهَدَآءَ لِلَّهِ وَلَوۡ عَلَىٰٓ أَنفُسِكُمۡ أَوِ ٱلۡوَٰلِدَيۡنِ وَٱلۡأَقۡرَبِينَۚ إِن يَكُنۡ غَنِيًّا أَوۡ فَقِيرًا فَٱللَّهُ أَوۡلَىٰ بِهِمَاۖ فَلَا تَتَّبِعُواْ ٱلۡهَوَىٰٓ أَن تَعۡدِلُواْۚ وَإِن تَلۡوُۥٓاْ أَوۡ تُعۡرِضُواْ فَإِنَّ ٱللَّهَ كَانَ بِمَا تَعۡمَلُونَ خَبِيرًا ١٣٥အို- အီမာန်ယုံကြည်သူအ‌ပေါင်းတို့၊ အသင်တို့သည် တရားမျှတမှုနှင့် တည်တံ့သူများဖြစ်ကြပါ။* အသင်တို့ကိုယ်တိုင်နှင့် ဆန့်ကျင်သည်ဖြစ်‌စေ၊ မိဘနှစ်ပါးနှင့် ဆန့်ကျင်သည်ဖြစ်‌စေ၊ ‌ဆွေမျိုးသားချင်းများနှင့် ဆန့်ကျင်သည်ဖြစ်‌စေ၊* အလ္လာဟ်အရှင်မြတ်အတွက် အသင်တို့သည် (မှန်ကန်စွာ)သက်‌သေခံသူများဖြစ်ကြပါ။ အကယ်၍ ဆန့်ကျင်ပြီး သက်‌သေထွက်ရမည့်သူသည် သူ‌ဋ္ဌေးဖြစ်‌စေ၊ ဆင်းရဲသားဖြစ်‌စေ၊ အလ္လာဟ်အရှင်မြတ်သည် (အသင်တို့ထက်) သူတို့နှစ်ဦးစလုံးနှင့် (ပို၍)အနီးစပ်ဆုံးအရှင် ဖြစ်‌တော်မူသည်။ သို့ဖြစ်ရာ အသင်တို့သည် တရားမျှတမှုမှ ယိမ်းယိုင်မသွားကြရန်* စိတ်၏အလိုဆန္ဒ‌နောက်ကို မလိုက်ကြနှင့်။ ထို့ပြင် အကယ်၍ အသင်တို့သည် (သက်‌သေခံရာတွင်) ‌ကွေ့‌ကောက်(လိမ်လည်)‌ပြောဆိုကြလျှင်၊ သို့မဟုတ် (သက်‌သေမခံဘဲ)‌ရှောင်တိမ်းကြလျှင်* အမှန်စင်စစ် အလ္လာဟ်အရှင်မြတ်သည် အသင်တို့ပြုမူသည်များကို အကြွင်းမဲ့ကြားသိ‌တော်မူ‌သောအရှင် ဖြစ်‌တော်မူသည်။ يَٰٓأَيُّهَا ٱلَّذِينَ ءَامَنُوٓاْ ءَامِنُواْ بِٱللَّهِ وَرَسُولِهِۦ وَٱلۡكِتَٰبِ ٱلَّذِي نَزَّلَ عَلَىٰ رَسُولِهِۦ وَٱلۡكِتَٰبِ ٱلَّذِيٓ أَنزَلَ مِن قَبۡلُۚ وَمَن يَكۡفُرۡ بِٱللَّهِ وَمَلَٰٓئِكَتِهِۦ وَكُتُبِهِۦ وَرُسُلِهِۦ وَٱلۡيَوۡمِ ٱلۡأٓخِرِ فَقَدۡ ضَلَّ ضَلَٰلَۢا بَعِيدًا ١٣٦အို- အီမာန်ယုံကြည်သူအ‌ပေါင်းတို့၊ အသင်တို့သည် အလ္လာဟ်အရှင်မြတ်၊ အရှင်မြတ်၏ရစူလ်တမန်‌တော်(မုဟမ္မဒ်-ဆွ)၊ အရှင်မြတ်က အရှင်မြတ်၏တမန်‌တော်(မုဟမ္မဒ်-ဆွ) အ‌ပေါ်ချ‌ပေးခဲ့‌သော ကျမ်း‌တော်မြတ်(ကုရ်အာန်)နှင့် ယခင်က အရှင်မြတ်ချ‌ပေး‌တော်မူခဲ့‌သော ကျမ်း‌တော်များကို ယုံကြည်ကြပါ။* ၎င်းပြင် မည်သူမဆို အလ္လာဟ်အရှင်မြတ်၊ အရှင်မြတ်၏‌ကောင်းကင်တမန်များ၊ အရှင်မြတ်၏ကျမ်းဂန်များ၊ အရှင်မြတ်၏ရစူလ်တမန်‌တော်များနှင့် ‌နောက်ဆုံး‌နေ့ကို ငြင်းပယ်ခဲ့လျှင် ထိုသူသည် အလွန်‌ဝေး‌သောလမ်းမှားထံသို့ အမှန်ပင် ‌ရောက်သွားပြီဖြစ်သည်။ إِنَّ ٱلَّذِينَ ءَامَنُواْ ثُمَّ كَفَرُواْ ثُمَّ ءَامَنُواْ ثُمَّ كَفَرُواْ ثُمَّ ٱزۡدَادُواْ كُفۡرًا لَّمۡ يَكُنِ ٱللَّهُ لِيَغۡفِرَ لَهُمۡ وَلَا لِيَهۡدِيَهُمۡ سَبِيلَۢا ١٣٧အမှန်စင်စစ် အကြင်သူများသည် အီမာန်ယုံကြည်ခဲ့ကြသည်။ ထို့‌နောက် ငြင်းပယ်ခဲ့ကြပြန်သည်။ ထို့‌နောက် အီမာန်ယုံကြည်ကြပြန်သည်။ ထို့‌နောက် ငြင်းပယ်ကြပြန်သည်။ ထို့‌နောက် သူတို့သည် ငြင်းပယ်မှုထဲသို့ပင် ဆက်တိုးခဲ့ကြသည်။ အလ္လာဟ်အရှင်မြတ်သည် ထိုသူများအား လွတ်ငြိမ်းချမ်းသာခွင့်‌ပေးမည် မဟုတ်သည့်အပြင် လမ်းမှန်‌ရောက်‌အောင်လည်း ပို့‌ဆောင်‌တော့မည်မဟုတ်‌ပေ။ بَشِّرِ ٱلۡمُنَٰفِقِينَ بِأَنَّ لَهُمۡ عَذَابًا أَلِيمًا ١٣٨အသင်သည် မုနာဖိက်အ‌ယောင်‌ဆောင်မွတ်စ်လင်မ်များအား အမှန်စင်စစ် သူတို့အတွက် အလွန်ပြင်းပြနာကျင်‌စေ‌သောအပြစ်ဒဏ်ရှိ‌ကြောင်း သတင်း‌ကောင်း‌ပြောလိုက်ပါ။ ٱلَّذِينَ يَتَّخِذُونَ ٱلۡكَٰفِرِينَ أَوۡلِيَآءَ مِن دُونِ ٱلۡمُؤۡمِنِينَۚ أَيَبۡتَغُونَ عِندَهُمُ ٱلۡعِزَّةَ فَإِنَّ ٱلۡعِزَّةَ لِلَّهِ جَمِيعًا ١٣٩ထိုသူများသည် မုအ်မင်န်များကို စွန့်လွှတ်ပြီး ကာဖိရ်များကို မိတ်‌ဆွေပြုလုပ်ကြသည်။ ထိုသူများသည် ကာဖိရ်များထံတွင် ဂုဏ်သိက္ခာရှာ‌ဖွေကြသ‌လော။ သို့ဖြစ်လျှင် ဂုဏ်သိက္ခာဟူသမျှသည် အမှန်စင်စစ် အလ္လာဟ်အရှင်မြတ်အတွက်ချည်းသာဖြစ်သည်။ وَقَدۡ نَزَّلَ عَلَيۡكُمۡ فِي ٱلۡكِتَٰبِ أَنۡ إِذَا سَمِعۡتُمۡ ءَايَٰتِ ٱللَّهِ يُكۡفَرُ بِهَا وَيُسۡتَهۡزَأُ بِهَا فَلَا تَقۡعُدُواْ مَعَهُمۡ حَتَّىٰ يَخُوضُواْ فِي حَدِيثٍ غَيۡرِهِۦٓ إِنَّكُمۡ إِذًا مِّثۡلُهُمۡۗ إِنَّ ٱللَّهَ جَامِعُ ٱلۡمُنَٰفِقِينَ وَٱلۡكَٰفِرِينَ فِي جَهَنَّمَ جَمِيعًا ١٤٠ထို့ပြင် အမှန်စင်စစ် အရှင်မြတ်သည် အသင်တို့အ‌ပေါ် (ကုရ်အာန်)ကျမ်း‌တော်မြတ်ထဲတွင် (ဤသို့ အမိန့်‌တော်)ချ‌ပေး‌တော်မူခဲ့သည်။ အသင်တို့သည် အလ္လာဟ်အရှင်မြတ်၏အာယသ်‌တော်များကို ငြင်းပယ်ခြင်း၊ ‌ပြောင်‌လှောင်ခြင်းတို့ကိုကြားရလျှင် သူတို့သည် ထိုစကားမှ အခြားစကားဘက်သို့ နစ်မွန်း(‌ပြောင်းလဲ)မသွား‌သေးသမျှ အသင်တို့သည် သူတို့နှင့်အတူ မထိုင်ကြ‌လေနှင့်။ (ထိုကဲ့သို့ သူတို့နှင့်အတူ ထိုင်ကြလျှင်) အမှန်ပင် အသင်တို့သည်လည်း သူတို့ကဲ့သို့ (အာယသ်‌တော်များကို ငြင်းပယ်‌ပြောင်‌လှောင်သူများ) ဖြစ်သွားကြလိမ့်မည်။ အမှန်စင်စစ် အလ္လာဟ်အရှင်မြတ်သည် မုနာဖိက်အ‌ယောင်‌ဆောင်မွတ်စ်လင်မ်များနှင့် ကာဖိရ်ငြင်းပယ်သူများအားလုံးကို ဂျဟန္နမ်ငရဲဘုံတွင် စု‌ပေါင်း‌တော်မူမည့်အရှင် ဖြစ်‌တော်မူသည်။ ٱلَّذِينَ يَتَرَبَّصُونَ بِكُمۡ فَإِن كَانَ لَكُمۡ فَتۡحٌ مِّنَ ٱللَّهِ قَالُوٓاْ أَلَمۡ نَكُن مَّعَكُمۡ وَإِن كَانَ لِلۡكَٰفِرِينَ نَصِيبٌ قَالُوٓاْ أَلَمۡ نَسۡتَحۡوِذۡ عَلَيۡكُمۡ وَنَمۡنَعۡكُم مِّنَ ٱلۡمُؤۡمِنِينَۚ فَٱللَّهُ يَحۡكُمُ بَيۡنَكُمۡ يَوۡمَ ٱلۡقِيَٰمَةِۚ وَلَن يَجۡعَلَ ٱللَّهُ لِلۡكَٰفِرِينَ عَلَى ٱلۡمُؤۡمِنِينَ سَبِيلًا ١٤١ထို(အ‌ယောင်‌ဆောင်)သူများသည် အသင်တို့(၌ ကျ‌ရောက်မည့်ဒုက္ခများ)ကို ‌စောင့်‌မျှော်‌နေကြသည်။ အကယ်၍ အသင်တို့သည် အလ္လာဟ်အရှင်မြတ်ထံ‌တော်မှ ‌အောင်မြင်မှုကို ရရှိခဲ့လျှင် သူတို့က “ငါတို့သည်လည်း အသင်တို့နှင့်အတူ ပါဝင်ခဲ့ကြသည် မဟုတ်‌လော“ဟု ‌ပြောဆိုကြသည်။ ထို့‌နောက် အကယ်၍ ‌အောင်မြင်မှုသည် ကာဖိရ်ငြင်းပယ်သူများအတွက်ဖြစ်သွားလျှင် သူတို့က (ကာဖိရ်များထံသွားပြီး ဤသို့)‌ပြောဆိုကြပြန်သည်- “အသင်တို့အ‌ပေါ် ‌အောင်နိုင်‌တော့မည့်အ‌ခြေအ‌နေတွင် ငါတို့သည် အသင်တို့အား မုအ်မင်န်များ၏(‌ဘေးရန်မှ လွတ်‌မြောက်ရန်)ကာကွယ်ခဲ့ကြသည် မဟုတ်‌လော။“ သို့ဖြစ်ရာ အလ္လာဟ်အရှင်မြတ်သည် ကိယာမသ်‌နေ့တွင် အသင်တို့ကြား၌ စီရင်ဆုံးဖြတ်‌တော်မူမည်။ ထို့ပြင် အလ္လာဟ်အရှင်မြတ်သည် ကာဖိရ်ငြင်းပယ်သူများအား မွတ်စ်လင်မ်များအ‌ပေါ်တွင် (‌အောင်နိုင်ရန်) မည်သည့်လမ်း‌ကြောင်းကိုမှ လုံးဝ ‌ပေး‌တော်မမူ‌ပေ။ إِنَّ ٱلۡمُنَٰفِقِينَ يُخَٰدِعُونَ ٱللَّهَ وَهُوَ خَٰدِعُهُمۡ وَإِذَا قَامُوٓاْ إِلَى ٱلصَّلَوٰةِ قَامُواْ كُسَالَىٰ يُرَآءُونَ ٱلنَّاسَ وَلَا يَذۡكُرُونَ ٱللَّهَ إِلَّا قَلِيلًا ١٤٢အမှန်စင်စစ် မုနာဖိက်အ‌ယောင်‌ဆောင်မွတ်စ်လင်မ်များသည် အလ္လာဟ်အရှင်မြတ်အား လိမ်လည်လှည့်ဖြားကြသည်။* ၎င်း‌နောက် အရှင်မြတ်သည်လည်း သူတို့အား လှည့်ဖြားလျက်* ရှိ‌တော်မူသည်။ ထု့ိပြင် သူတို့သည် စွလာသ်ဝတ်ပြုရန် ရပ်‌သောအခါ၌လည်း ပျင်းရိစွာဖြင့် လူများအား ပြစားရန်သာ ရပ်ကြသည်။ ထိုု့ပြင် သူတို့သည် အလ္လာဟ်အရှင်မြတ်အား အနည်းငယ်မှလွဲ၍ သတိရ တသခြင်းမရှိကြ‌ပေ။ مُّذَبۡذَبِينَ بَيۡنَ ذَٰلِكَ لَآ إِلَىٰ هَٰٓؤُلَآءِ وَلَآ إِلَىٰ هَٰٓؤُلَآءِۚ وَمَن يُضۡلِلِ ٱللَّهُ فَلَن تَجِدَ لَهُۥ سَبِيلًا ١٤٣သူတို့သည် အီမာန်ယုံကြည်မှုနှင့် ကုဖ်ရ်ငြင်းပယ်မှု၏စပ်ကြား၌ ‌သေချာစွာ စိတ်ဆုံးဖြတ်ချက်မချနိုင်ဘဲ ထိုဘက်မ‌ရောက်၊ ဤဘက်မ‌ရောက် ဖြစ်‌နေကြသည်။ ထို့ပြင် အလ္လာဟ်အရှင်မြတ်သည် မည်သူ့ကိုမဆို လမ်းမှား၌ထားလိုက်လျှင် အသင်သည် ထိုသူ့အတွက် မည်သည့်လမ်း‌ကြောင်းကိုမှ လုံးဝ ‌တွေ့မည်မဟုတ်‌တော့‌ပေ။ يَٰٓأَيُّهَا ٱلَّذِينَ ءَامَنُواْ لَا تَتَّخِذُواْ ٱلۡكَٰفِرِينَ أَوۡلِيَآءَ مِن دُونِ ٱلۡمُؤۡمِنِينَۚ أَتُرِيدُونَ أَن تَجۡعَلُواْ لِلَّهِ عَلَيۡكُمۡ سُلۡطَٰنًا مُّبِينًا ١٤٤အို- အီမာန်ယုံကြည်သူအ‌ပေါင်းတို့၊ အသင်တို့သည် မုအ်မင်န်များမှလွဲ၍ ကာဖိရ်များနှင့် မိတ်‌ဆွေမဖွဲ့ကြ‌လေနှင့်။ အသင်တို့သည် အလ္လာဟ်အရှင်မြတ်အတွက် အသင်တို့နှင့် ဆန့်ကျင်ပြီး ထင်ရှား‌သောသက်‌သေခံပြုလုပ်လိုကြသ‌လော။ إِنَّ ٱلۡمُنَٰفِقِينَ فِي ٱلدَّرۡكِ ٱلۡأَسۡفَلِ مِنَ ٱلنَّارِ وَلَن تَجِدَ لَهُمۡ نَصِيرًا ١٤٥အမှန်စင်စစ် မုနာဖိက်အ‌ယောင်‌ဆောင်မွတ်စ်လင်မ်များသည် ငရဲဘုံ၏‌အောက်ဆုံးထပ်တွင် ရှိကြမည်။* ထို့ပြင် အသင်သည် သူတို့အတွက် ကူညီမည့်သူ တစ်စုံတစ်ဦးကိုမျှ ‌တွေ့ရမည်မဟုတ်‌ပေ။ إِلَّا ٱلَّذِينَ تَابُواْ وَأَصۡلَحُواْ وَٱعۡتَصَمُواْ بِٱللَّهِ وَأَخۡلَصُواْ دِينَهُمۡ لِلَّهِ فَأُوْلَٰٓئِكَ مَعَ ٱلۡمُؤۡمِنِينَۖ وَسَوۡفَ يُؤۡتِ ٱللَّهُ ٱلۡمُؤۡمِنِينَ أَجۡرًا عَظِيمًا ١٤٦သို့ရာတွင် အကြင်သူများသည် ‌နောင်တရ အမှားဝန်ခံပြီး ပြုပြင်ခဲ့ကြမည်၊ ၎င်း‌နောက် သူတို့သည် အလ္လာဟ်အရှင်မြတ်(၏ အမိန့်‌တော်များ)ကိုလည်း စွဲမြဲစွာ ဆုပ်ကိုင်ထားကြမည်၊ ထို့ပြင် သူတို့၏သာသနာကိုလည်း အလ္လာဟ်အရှင်မြတ်အတွက် သက်သက်ဖြစ်‌စေခဲ့ကြမည်ဆိုလျှင် ထိုသူများသည် အီမာန်ယုံကြည်သူများနှင့် အတူတကွရှိလိမ့်မည်။* ထို့ပြင် မကြာမီ အလ္လာဟ်အရှင်မြတ်သည် အီမာန်ယုံကြည်သူများကို ကြီးကျယ်မြင့်မြတ်‌သောအကျိုးကို ‌ပေးသနား‌တော်မူမည်။ مَّا يَفۡعَلُ ٱللَّهُ بِعَذَابِكُمۡ إِن شَكَرۡتُمۡ وَءَامَنتُمۡۚ وَكَانَ ٱللَّهُ شَاكِرًا عَلِيمًا ١٤٧(အို- အ‌ယောင်‌ဆောင်မွတ်စ်လင်မ်အ‌ပေါင်းတို့၊) အကယ်၍ အသင်တို့သည် ‌ကျေးဇူး‌တော်များကို သိပြီး အီမာန်ယုံကြည်ကြမည်ဆိုလျှင် အလ္လာဟ်အရှင်မြတ်သည် အသင်တို့အား အပြစ်ဒဏ်‌ပေးပြီး မည်သည့်အရာ ပြုလုပ်ရမည်နည်း။* ထို့ပြင် အလ္လာဟ်အရှင်မြတ်သည် (အမိန့်နာခံသူအား) အလွန်အကျိုး‌ကျေးဇူးပြု အစား‌ပေး‌တော်မူ‌သောအရှင်၊ အကြွင်းမဲ့သိ‌တော်မူ‌သောအရှင် ဖြစ်‌တော်မူသည်။

الجزء السادس

۞ لَّا يُحِبُّ ٱللَّهُ ٱلۡجَهۡرَ بِٱلسُّوٓءِ مِنَ ٱلۡقَوۡلِ إِلَّا مَن ظُلِمَۚ وَكَانَ ٱللَّهُ سَمِيعًا عَلِيمًا ١٤٨အလ္လာဟ်အရှင်မြတ်သည် နှိပ်စက်ညှဉ်းပန်းခံရသူမှလွဲ၍* မ‌ကောင်း‌ကြောင်းထုတ်‌ဖော်‌ပြောဆိုသည်ကို နှစ်သက်‌တော်မမူ‌ပေ။ ထို့ပြင် အလ္လာဟ်အရှင်မြတ်သည် (သူ‌ပြောသမျှကို)အကြွင်းမဲ့ကြား‌တော်မူ‌သောအရှင်၊ (သူလုပ်သမျှကို)အကြွင်းမဲ့သိ‌တော်မူ‌သောအရှင် ဖြစ်‌တော်မူသည်။ إِن تُبۡدُواْ خَيۡرًا أَوۡ تُخۡفُوهُ أَوۡ تَعۡفُواْ عَن سُوٓءٍ فَإِنَّ ٱللَّهَ كَانَ عَفُوًّا قَدِيرًا ١٤٩အကယ်၍ အသင်တို့သည် ‌ကောင်းမှုကို ထုတ်‌ဖော်ကြလျှင်၊ သို့မဟုတ် ထို‌ကောင်းမှုကို လျှို့ဝှက်ထားကြလျှင် သို့မဟုတ် ပြစ်မှုတစ်စုံတစ်ခုကို ခွင့်လွှတ်ကြလျှင် (ထိုအရာသည် အလွန်‌ကောင်းသည်)။ အဘယ့်‌ကြောင့်ဆို‌သော် အလ္လာဟ်အရှင်မြတ်သည် အလွန်ခွင့်လွှတ်‌တော်မူ‌သောအရှင်၊ အလွန်စွမ်း‌ဆောင်နိုင်‌တော်မူ‌သောအရှင် ဖြစ်‌တော်မူသည်။ إِنَّ ٱلَّذِينَ يَكۡفُرُونَ بِٱللَّهِ وَرُسُلِهِۦ وَيُرِيدُونَ أَن يُفَرِّقُواْ بَيۡنَ ٱللَّهِ وَرُسُلِهِۦ وَيَقُولُونَ نُؤۡمِنُ بِبَعۡضٍ وَنَكۡفُرُ بِبَعۡضٍ وَيُرِيدُونَ أَن يَتَّخِذُواْ بَيۡنَ ذَٰلِكَ سَبِيلًا ١٥٠အမှန်စင်စစ် အကြင်သူများသည် အလ္လာဟ်အရှင်မြတ်နှင့် အရှင်မြတ်၏ရစူလ်တမန်‌တော်များကို ငြင်းပယ်ကြသည်။ ၎င်းပြင် သူတို့သည် အလ္လာဟ်အရှင်မြတ်နှင့် အရှင်မြတ်၏ရစူလ်တမန်‌တော်များ၏အကြား၌ ခွဲခြား(ယုံကြည်)လိုကြသည်။ ထို့ပြင် သူတို့က ငါတို့သည် အချို့(တမန်‌တော်များ)ကိုယုံကြည်ကြပြီး အချို့(တမန်‌တော်များ)ကိုငြင်းပယ်ကြသည်ဟု ‌ပြောဆိုကြသည်။ ၎င်းပြင် သူတို့သည် (ယုံကြည်မှုနှင့်ငြင်းပယ်မှု)၏ကြား၌ နည်းလမ်းတစ်ခုကို ပြုလုပ်လိုကြသည်။ أُوْلَٰٓئِكَ هُمُ ٱلۡكَٰفِرُونَ حَقًّاۚ وَأَعۡتَدۡنَا لِلۡكَٰفِرِينَ عَذَابًا مُّهِينًا ١٥١ထိုသူများပင် အမှန်စင်စစ် ငြင်းပယ်သူများဖြစ်ကြသည်။ ၎င်းပြင် ငါအရှင်မြတ်သည် ငြင်းပယ်သူများအတွက် ‌သေးသိမ်‌စေ‌သောအပြစ်ဒဏ်ကို အဆင်သင့်ပြင်ဆင်ထား‌တော်မူသည်။ وَٱلَّذِينَ ءَامَنُواْ بِٱللَّهِ وَرُسُلِهِۦ وَلَمۡ يُفَرِّقُواْ بَيۡنَ أَحَدٍ مِّنۡهُمۡ أُوْلَٰٓئِكَ سَوۡفَ يُؤۡتِيهِمۡ أُجُورَهُمۡۚ وَكَانَ ٱللَّهُ غَفُورًا رَّحِيمًا ١٥٢အကြင်သူများသည် အလ္လာဟ်အရှင်မြတ်နှင့် အရှင်မြတ်၏ရစူလ်တမန်‌တော်များကို ယုံကြည်ခဲ့ကြသည်။ ၎င်းပြင် သူတို့ထဲမှ မည်သည့်(တမန်‌တော်)တစ်ပါးကိုမှ ခွဲခြားမှု မပြုခဲ့ကြ‌ပေ။ ထိုသူများပင် မကြာမီ သူတို့အား အရှင်မြတ်သည် သူတို့၏အကျိုးများကို ‌ပေးသနား‌တော်မူမည်။ ထို့ပြင် အလ္လာဟ်အရှင်မြတ်သည် အလွန်လွတ်ငြိမ်းချမ်းသာခွင့်‌ပေး‌တော်မူ‌သောအရှင်၊ အလွန်သနားကြင်နာ‌တော်မူ‌သောအရှင် ဖြစ်‌တော်မူသည်။ يَسۡـَٔلُكَ أَهۡلُ ٱلۡكِتَٰبِ أَن تُنَزِّلَ عَلَيۡهِمۡ كِتَٰبًا مِّنَ ٱلسَّمَآءِۚ فَقَدۡ سَأَلُواْ مُوسَىٰٓ أَكۡبَرَ مِن ذَٰلِكَ فَقَالُوٓاْ أَرِنَا ٱللَّهَ جَهۡرَةً فَأَخَذَتۡهُمُ ٱلصَّٰعِقَةُ بِظُلۡمِهِمۡۚ ثُمَّ ٱتَّخَذُواْ ٱلۡعِجۡلَ مِنۢ بَعۡدِ مَا جَآءَتۡهُمُ ٱلۡبَيِّنَٰتُ فَعَفَوۡنَا عَن ذَٰلِكَۚ وَءَاتَيۡنَا مُوسَىٰ سُلۡطَٰنًا مُّبِينًا ١٥٣ယခင်က ကျမ်းရသူ(ယဟူဒီ)များသည် သူတို့ထံသို့ ‌ကောင်းကင်မှ ကျမ်းတစ်‌စောင်ချ‌ပေးရန် အသင့်ထံတွင် ‌တောင်းဆိုကြသည်။ အမှန်မှာ သူတို့သည် ထို့ထက်ကြီးကျယ်‌သောကိစ္စကိုပင် (တမန်‌တော်)မူစာထံ၌ ‌တောင်းဆိုမှုပြုခဲ့ကြ‌သေးသည်။* သူတို့က (တမန်‌တော်မူစာ-အလိုင်ဟိ အား) အသင်သည် ကျွန်ုပ်တို့အား အလ္လာဟ်အရှင်မြတ်သခင်ကို အထင်အရှားပြသ‌ပေးပါဟု ‌ပြောဆိုခဲ့ကြသည်။ သို့ဖြစ်ရာ သူတို့၏ကျူးလွန်မှု‌ကြောင့် သူတို့အား မိုးကြိုး‌လောင်မီးက ဖမ်းဆီး(သတ်ဖြတ်)ခဲ့သည်။ ထို့‌နောက် သူတို့ထံ ထင်ရှားသည့်သက်‌သေလက္ခများ ‌ရောက်လာပြီး‌နောက်၌ပင် နွားငယ်‌လေးကို (ကိုးကွယ်ရာအရှင်အဖြစ်) ပြုလုပ်(ကိုးကွယ်)ခဲ့ကြပြန်သည်။ သို့ပါလျက် ငါအရှင်မြတ်သည် ထိုပြစ်မှုကို ခွင်လွှတ်‌တော်မူခဲ့‌သေးသည်။ ထို့ပြင် ငါအရှင်မြတ်သည် (တမန်‌တော်)မူစာအား ထင်ရှား‌သောဩဇာအာဏာ ‌ပေးသနား‌တော်မူခဲ့သည်။ وَرَفَعۡنَا فَوۡقَهُمُ ٱلطُّورَ بِمِيثَٰقِهِمۡ وَقُلۡنَا لَهُمُ ٱدۡخُلُواْ ٱلۡبَابَ سُجَّدًا وَقُلۡنَا لَهُمۡ لَا تَعۡدُواْ فِي ٱلسَّبۡتِ وَأَخَذۡنَا مِنۡهُم مِّيثَٰقًا غَلِيظًا ١٥٤ထို့ပြင် ငါအရှင်မြတ်သည် သူတို့ထံမှ ကတိကဝတ်ရယူရန်အတွက် သွူရ်‌တောင်ကို သူတို့အ‌ပေါ်ပင့်မ‌တော်မူခဲ့သည်။ ၎င်းပြင် ငါအရှင်မြတ်သည် သူတို့အား မိန့်ကြား‌တော်မူခဲ့သည်- အသင်တို့သည် (မြို့၏)တံခါး‌ပေါက်တွင် ဝပ်တွားပြီး ဝင်ကြပါ။ ထို့ပြင် အသင်တို့သည် စ‌နေ‌နေ့နှင့်ပတ်သက်၍ မကျူး‌ကျော်ကြနှင့်*ဟု မိန့်ကြား‌တော်မူခဲ့သည်။ ထို့‌နောက် ငါအရှင်မြတ်သည် သူတို့ထံမှ အလွန်ခိုင်မာ‌သော ကတိကဝတ်ကိုလည်း ရယူ‌တော်မူခဲ့သည်။ فَبِمَا نَقۡضِهِم مِّيثَٰقَهُمۡ وَكُفۡرِهِم بِـَٔايَٰتِ ٱللَّهِ وَقَتۡلِهِمُ ٱلۡأَنۢبِيَآءَ بِغَيۡرِ حَقٍّ وَقَوۡلِهِمۡ قُلُوبُنَا غُلۡفُۢۚ بَلۡ طَبَعَ ٱللَّهُ عَلَيۡهَا بِكُفۡرِهِمۡ فَلَا يُؤۡمِنُونَ إِلَّا قَلِيلًا ١٥٥ထို့‌နောက် သူတို့သည် သူတို့၏ကတိဝန်ခံချက်ကို ‌ဖောက်ဖျက်ခြင်း၊ အလ္လာဟ်အရှင်မြတ်၏သက်‌သေလက္ခဏာများကို ငြင်းပယ်ခြင်း၊ နဗီတမန်‌တော်များကို မတရားသတ်ဖြတ်ခြင်း၊ ကျွန်ုပ်တို့၏စိတ်နှလုံးများသည် ဖုံးအုပ်ပြီးဖြစ်သည်ဟု ‌ပြောဆိုခြင်းတို့‌ကြောင့် (ပြစ်ဒဏ်များခံစားခဲ့ကြရသည်)။ (အမှန်စင်စစ် သူတို့၏စိတ်နှလုံးများသည် ထိုကဲ့သို့ ဖုံးအုပ်‌နေသည် မဟုတ်‌ပေ) အမှန်မှာ သူတို့၏ငြင်းပယ်မှုများ‌ကြောင့် အလ္လာဟ်အရှင်မြတ်သည် သူတို့၏စိတ်နှလုံးများအ‌ပေါ်တွင် တံဆိပ်ခတ်နှိပ်‌တော်မူခဲ့ခြင်းဖြစ်သည်။ သို့ဖြစ်ရာ သူတို့သည် အနည်းငယ်မျှသာ ယုံကြည်ကြသည်။ وَبِكُفۡرِهِمۡ وَقَوۡلِهِمۡ عَلَىٰ مَرۡيَمَ بُهۡتَٰنًا عَظِيمًا ١٥٦ထို့ပြင် သူတို့၏ငြင်းပယ်မှုနှင့် မရ်ယမ်အား အကြီးအကျယ်စွပ်စွဲ‌ပြောဆိုမှုတို့‌ကြောင့် (သူတို့အား အရှင်မြတ်က ပြစ်ဒဏ်ခတ်‌တော်မူခဲ့သည်)။ وَقَوۡلِهِمۡ إِنَّا قَتَلۡنَا ٱلۡمَسِيحَ عِيسَى ٱبۡنَ مَرۡيَمَ رَسُولَ ٱللَّهِ وَمَا قَتَلُوهُ وَمَا صَلَبُوهُ وَلَٰكِن شُبِّهَ لَهُمۡۚ وَإِنَّ ٱلَّذِينَ ٱخۡتَلَفُواْ فِيهِ لَفِي شَكٍّ مِّنۡهُۚ مَا لَهُم بِهِۦ مِنۡ عِلۡمٍ إِلَّا ٱتِّبَاعَ ٱلظَّنِّۚ وَمَا قَتَلُوهُ يَقِينَۢا ١٥٧ထို့ပြင် မရ်ယမ်၏သားလည်းဖြစ်၍ အလ္လာဟ်အရှင်မြတ်၏တမန်‌တော်လည်းဖြစ်‌သော မစီဟ်အီစာကို အမှန်ပင် ကျွန်ုပ်တို့သတ်ဖြတ်လိုက်သည်ဟု သူတို့‌ပြောဆိုမှု‌ကြောင့်(လည်း သူတို့အား အရှင်မြတ်က ပြစ်ဒဏ်ခတ်‌တော်မူခဲ့သည်)။ ၎င်းပြင် သူတို့သည် (တမန်‌တော်)အီစာကို သတ်ဖြတ်နိုင်ခဲ့ကြသည်လည်း မဟုတ်‌ပေ။ လက်ဝါးကပ်တိုင် တင်နိုင်ခဲ့ကြသည်လည်း မဟုတ်‌ပေ။ သို့ရာတွင် သူတို့အတွက် ဆင်တူယိုးမှားဖြစ်‌စေခြင်း ခံခဲ့ရခြင်းသာဖြစ်သည်။* ထို့ပြင် အမှန်စင်စစ် ၎င်း(တမန်‌တော်အီစာ)နှင့်ပတ်သက်၍ သံသယထဲတွင် အမှန်ပင် ရှိ‌နေကြသည်။ ဤသည်နှင့်ပတ်သက်၍ ထင်မြင်ယူဆမှု‌နောက်ကိုသာ လိုက်‌နေကြသည်မှလွဲ၍ သူတို့တွင် အသိရှိကြသည် မဟုတ်‌ပေ။ ၎င်းပြင် အမှန်စင်စစ် သူတို့သည် ၎င်း(တမန်‌တော်အီစာ)အား မုချသတ်ဖြတ်နိုင်ခဲ့ကြသည် မဟုတ်‌ပေ။ بَل رَّفَعَهُ ٱللَّهُ إِلَيۡهِۚ وَكَانَ ٱللَّهُ عَزِيزًا حَكِيمًا ١٥٨အမှန်စင်စစ် အလ္လာဟ်အရှင်မြတ်သည် ၎င်း(တမန်‌တော်အီစာ)ကို အရှင်မြတ်ထံ‌တော်သို့ ပင့်မ ယူ‌တော်မူခဲ့သည်။* ထို့ပြင် အလ္လာဟ်အရှင်မြတ်သည် တန်ခိုး‌တော်နှင့်အလွန်လွှမ်းမိုး‌တော်မူ‌သောအရှင်၊ ပညာဉာဏ်အ‌မြော်အမြင်နှင့် အလွန်ပြည့်စုံ‌တော်မူ‌သောအရှင် ဖြစ်‌တော်မူသည်။ وَإِن مِّنۡ أَهۡلِ ٱلۡكِتَٰبِ إِلَّا لَيُؤۡمِنَنَّ بِهِۦ قَبۡلَ مَوۡتِهِۦۖ وَيَوۡمَ ٱلۡقِيَٰمَةِ يَكُونُ عَلَيۡهِمۡ شَهِيدًا ١٥٩ထို့ပြင် ကျမ်းရသူများထဲမှ တစ်ဦးမှမကျန်ဘဲ ၎င်း(တမန်‌တော်အီစာ)မကွယ်လွန်မီ ၎င်းကို ယုံကြည်ကြလိမ့်မည်။ ၎င်းပြင် ၎င်း(တမန်‌တော်အီစာ)သည် ကိယာမသ်ရှင်ပြန်ထမည့်‌နေ့တွင် သူတို့(ယဟူဒီများ)နှင့်ပတ်သက်၍ (ဆန့်ကျင်)သက်‌သေခံသူဖြစ်လိမ့်မည်။ فَبِظُلۡمٍ مِّنَ ٱلَّذِينَ هَادُواْ حَرَّمۡنَا عَلَيۡهِمۡ طَيِّبَٰتٍ أُحِلَّتۡ لَهُمۡ وَبِصَدِّهِمۡ عَن سَبِيلِ ٱللَّهِ كَثِيرًا ١٦٠၎င်းပြင် ယဟူဒီများ၏ (ထိုကဲ့သို့)ကျူး‌ကျော်မှုနှင့် အလ္လာဟ်အရှင်မြတ်၏လမ်း‌တော်မှ (လူများအား)များစွာတားဆီးမှုတို့‌ကြောင့်၊ ငါအရှင်မြတ်သည် သူတို့အတွက် (ယခင်က)ဟလာလ်ခွင့်ပြုထားခဲ့‌သော သန့်ပြန့်စင်ကြယ်သည့်အရာများကို သူတို့အ‌ပေါ်တွင် “ဟရာမ်“ဟု တားမြစ်‌တော်မူခဲ့သည်။ وَأَخۡذِهِمُ ٱلرِّبَوٰاْ وَقَدۡ نُهُواْ عَنۡهُ وَأَكۡلِهِمۡ أَمۡوَٰلَ ٱلنَّاسِ بِٱلۡبَٰطِلِۚ وَأَعۡتَدۡنَا لِلۡكَٰفِرِينَ مِنۡهُمۡ عَذَابًا أَلِيمًا ١٦١ထို့ပြင် သူတို့၏အတိုးယူမှု‌ကြောင့်၊ အမှန်မှာ သူတို့သည် (အတိုးစားခြင်းကို)တားမြစ်ခြင်းခံခဲ့ရပြီးဖြစ်သည်၊ ၎င်းပြင် သူတစ်ပါး၏ပစ္စည်းဥစ္စာကို မတရားနည်းနှင့် စားသုံးမှု‌ကြောင့် (ထိုသန့်ပြန့်‌ကောင်းမွန်သည့်အရာများကိုလည်း တားမြစ်ခဲ့ခြင်းဖြစ်သည်)။ ထို့ပြင် ငါအရှင်မြတ်သည် သူတို့ထဲမှ ငြင်းပယ်သူများအတွက် အလွန်နာကျင်‌စေ‌သော ပြစ်ဒဏ်ကို အဆင်သင့်ပြုလုပ်ထား‌တော်မူပြီးဖြစ်သည်။ لَّٰكِنِ ٱلرَّٰسِخُونَ فِي ٱلۡعِلۡمِ مِنۡهُمۡ وَٱلۡمُؤۡمِنُونَ يُؤۡمِنُونَ بِمَآ أُنزِلَ إِلَيۡكَ وَمَآ أُنزِلَ مِن قَبۡلِكَۚ وَٱلۡمُقِيمِينَ ٱلصَّلَوٰةَۚ وَٱلۡمُؤۡتُونَ ٱلزَّكَوٰةَ وَٱلۡمُؤۡمِنُونَ بِٱللَّهِ وَٱلۡيَوۡمِ ٱلۡأٓخِرِ أُوْلَٰٓئِكَ سَنُؤۡتِيهِمۡ أَجۡرًا عَظِيمًا ١٦٢သို့ရာတွင် သူတို့ထဲမှ ပညာတွင် ကျွမ်းကျင်ရင့်ကျက်‌သောသူများနှင့် အီမာန်ယုံကြည်သူများကမူ အသင့်ထံသို့ချ‌ပေးထား‌သော ကျမ်းဂန်နှင့်တကွ အသင့်မတိုင်မီ ချ‌ပေးထား‌သောကျမ်းဂန်များကိုလည်း ယုံကြည်ကြသည်။ ထို့ပြင် သူတို့သည် စွလာသ်ကို အမြဲ‌ဆောက်တည်သူများဖြစ်ကြသည်။ ၎င်းပြင် ဇကာသ်(ဆင်းရဲသားနှင့်လိုအပ်သူများ၏‌ဝေစု)ကိုလည်း ‌ပေး‌ဆောင်ကြသည်။ ထို့ပြင် အလ္လာဟ်အရှင်မြတ်နှင့် ‌နောက်ဆုံး‌နေ့ကို ယုံကြည်သူများလည်းဖြစ်ကြသည်။ ငါအရှင်မြတ်သည် မကြာမီ ထိုသူများအား ကြီးကျယ်‌သော အကျိုး‌ကျေးဇူးကို ချီးမြှင့်‌ပေးသနား‌တော်မူမည်။ ۞ إِنَّآ أَوۡحَيۡنَآ إِلَيۡكَ كَمَآ أَوۡحَيۡنَآ إِلَىٰ نُوحٍ وَٱلنَّبِيِّـۧنَ مِنۢ بَعۡدِهِۦۚ وَأَوۡحَيۡنَآ إِلَىٰٓ إِبۡرَٰهِيمَ وَإِسۡمَٰعِيلَ وَإِسۡحَٰقَ وَيَعۡقُوبَ وَٱلۡأَسۡبَاطِ وَعِيسَىٰ وَأَيُّوبَ وَيُونُسَ وَهَٰرُونَ وَسُلَيۡمَٰنَۚ وَءَاتَيۡنَا دَاوُۥدَ زَبُورًا ١٦٣ငါအရှင်မြတ်သည် (တမန်‌တော်)နူးဟ်နှင့် ၎င်း၏‌နောက်တွင် ပွင့်‌ပေါ်လာခဲ့ကြ‌သော နဗီတမန်‌တော်များထံသို့ ဝဟီအမိန့်‌တော်ပို့ချ‌တော်မူသကဲ့သို့လည်း‌ကောင်း၊ (တမန်‌တော်များဖြစ်သည့်) အိဗ်ရာဟီမ်၊ အစ္စမာအီလ်၊ အစ္စဟာက်၊ ယအ်ကူဗ်နှင့် (၎င်းတို့၏)သား‌မြေးမြစ်(တို့ထဲတွင် ပွင့်‌ပေါ်ခဲ့‌သော နဗီတမန်‌တော်များဖြစ်သည့်)၊ အီစာ၊ အိုင်ယူဗ်၊ ယူနွတ်စ်၊ ဟာရုူန်နှင့် စုလိုင်မာန်တို့အ‌ပေါ်၌ ဝဟီအမိန့်‌တော်ပို့ချ‌တော်မူသကဲ့သို့လည်း‌ကောင်း၊ (တမန်‌တော်)ဒါဝူဒ်ကို ဇဗူရ်ကျမ်း‌ပေး‌တော်မူသကဲ့သို့လည်း‌ကောင်း၊ အမှန်စင်စစ် ငါအရှင်မြတ်သည် အသင်(တမန်‌တော်)ထံသို့လည်း ဝဟီအမိန့်‌တော်ပို့ချ‌တော်မူခဲ့‌ပေသည်။ وَرُسُلًا قَدۡ قَصَصۡنَٰهُمۡ عَلَيۡكَ مِن قَبۡلُ وَرُسُلًا لَّمۡ نَقۡصُصۡهُمۡ عَلَيۡكَۚ وَكَلَّمَ ٱللَّهُ مُوسَىٰ تَكۡلِيمًا ١٦٤ထို့ပြင် အမှန်ပင် (ဤအာယသ်)မတိုင်မီက အသင်၏အ‌ပေါ်တွင် ငါအရှင်မြတ်သည် အထ္ထုပ္ပတ္တိ‌ပြောပြ‌တော်မူခဲ့ဖူး‌သော ရစူလ်တမန်‌တော်များနှင့် မ‌ပြောပြခဲ့ဖူး‌သော ရစူလ်တမန်‌တော်များအ‌ပေါ်၌လည်း (ဝဟီအမိန့်‌တော်ပို့ချ‌တော်မူခဲ့‌ပေသည်)။* ထို့ပြင် အလ္လာဟ်အရှင်မြတ်သည် (တမန်‌တော်)မူစာနှင့် စကား‌ပြောဆို‌တော်မူခဲ့သည်။ رُّسُلًا مُّبَشِّرِينَ وَمُنذِرِينَ لِئَلَّا يَكُونَ لِلنَّاسِ عَلَى ٱللَّهِ حُجَّةُۢ بَعۡدَ ٱلرُّسُلِۚ وَكَانَ ٱللَّهُ عَزِيزًا حَكِيمًا ١٦٥ရစူလ်တမန်‌တော်များကို ဝမ်း‌မြောက်ဖွယ်ရာ သတင်း‌ပေးသူများအဖြစ်နှင့် သတိ‌ပေးနှိုး‌ဆော်သူများအဖြစ် (‌စေလွှတ်‌တော်မူခဲ့သည်။ ထိုကဲ့သို့ ‌စေလွှတ်‌တော်မူခဲ့ခြင်းသည်) ထိုတမန်‌တော်များ‌ရောက်ရှိလာကြပြီး‌နောက် အလ္လာဟ်အရှင်မြတ်၏‌ရှေ့‌တော်၌ လူများအတွက် အ‌ကြောင်းပြချက် မရှိ‌စေရန်ပင်ဖြစ်သည်။* ထို့ပြင် အလ္လာဟ်အရှင်မြတ်သည် တန်ခိုး‌တော်နှင့်အလွန်လွှမ်းမိုး‌တော်မူ‌သောအရှင်၊ ပညာဉာဏ်အ‌မြော်အမြင်နှင့် အလွန်ပြည့်စုံ‌တော်မူ‌သောအရှင် ဖြစ်‌တော်မူသည်။ لَّٰكِنِ ٱللَّهُ يَشۡهَدُ بِمَآ أَنزَلَ إِلَيۡكَۖ أَنزَلَهُۥ بِعِلۡمِهِۦۖ وَٱلۡمَلَٰٓئِكَةُ يَشۡهَدُونَۚ وَكَفَىٰ بِٱللَّهِ شَهِيدًا ١٦٦သို့ရာတွင် အလ္လာဟ်အရှင်မြတ်သည် အသင့်ထံသို့ အရှင်မြတ်ချ‌ပေး‌တော်မူခဲ့‌သော ကျမ်း‌တော်(ကုရ်အာန်)နှင့် (အသင် တမန်‌တော်ဖြစ်‌ကြောင်းကို) သက်‌သေခံ‌တော်မူသည်။* အရှင်မြတ်သည် ထိုကျမ်း‌တော်ကို အရှင်မြတ်၏ အသိဉာဏ်ပညာ‌တော်နှင့်တကွ ချ‌ပေး‌တော်မူခဲ့သည်။ ထို့ပြင် ‌ကောင်းကင်တမန်များသည်လည်း (အသင် တမန်‌တော်ဖြစ်‌ကြောင်းကို) သက်‌သေခံလျက်ရှိကြသည်။* ထို့ပြင် အလ္လာဟ်အရှင်မြတ်သည်ပင် မျက်‌မှောက်အသိသက်‌သေဖြစ်‌နေ‌တော်မူ‌သောအရှင်အဖြစ် လုံ‌လောက်‌တော်မူသည်။ إِنَّ ٱلَّذِينَ كَفَرُواْ وَصَدُّواْ عَن سَبِيلِ ٱللَّهِ قَدۡ ضَلُّواْ ضَلَٰلَۢا بَعِيدًا ١٦٧အမှန်စင်စစ် အကြင်သူများသည် ငြင်းပယ်ခဲ့ကြသည်သာမက (အခြားသူများအား) အရှင်မြတ်၏လမ်း‌တော်မှ တားမြစ်ခဲ့ကြသည်။ ထိုသူများသည် ‌ဝေးလံ‌သောလမ်းမှားထဲသို့ အမှန်ပင် လွဲမှား(‌ရောက်ရှိသွား)ခဲ့ပြီဖြစ်သည်။ إِنَّ ٱلَّذِينَ كَفَرُواْ وَظَلَمُواْ لَمۡ يَكُنِ ٱللَّهُ لِيَغۡفِرَ لَهُمۡ وَلَا لِيَهۡدِيَهُمۡ طَرِيقًا ١٦٨အမှန်စင်စစ် အကြင်သူများသည် ငြင်းပယ်ခဲ့ကြပြီး မတရားပြုလုပ်ခဲ့ကြသည်။ ထိုသူများအား အလ္လာဟ်အရှင်မြတ်သည် လွတ်ငြိမ်းချမ်းသာခွင့်‌ပေး‌တော်မူမည်လည်း မဟုတ်‌ပေ။ မည်သည့်လမ်းမှန်ကိုမှလည်း ညွှန်ကြားပြသ‌တော်မူမည် မဟုတ်‌ပေ။ إِلَّا طَرِيقَ جَهَنَّمَ خَٰلِدِينَ فِيهَآ أَبَدًاۚ وَكَانَ ذَٰلِكَ عَلَى ٱللَّهِ يَسِيرًا ١٦٩သို့ရာတွင် (ထိုသူများအား) ဂျဟန္နမ်ငရဲဘုံ၏လမ်းကိုသာ (ညွှန်ကြားပြသ‌တော်မူမည်)၊ သူတို့သည် ထိုငရဲဘုံ၌ အမြဲ‌နေထိုင်ရမည့်သူများဖြစ်ကြသည်။ ထို့ပြင် ထိုအရာသည် အလ္လာဟ်အရှင်မြတ်အတွက် လွယ်ကူလှသည်။ يَٰٓأَيُّهَا ٱلنَّاسُ قَدۡ جَآءَكُمُ ٱلرَّسُولُ بِٱلۡحَقِّ مِن رَّبِّكُمۡ فَـَٔامِنُواْ خَيۡرًا لَّكُمۡۚ وَإِن تَكۡفُرُواْ فَإِنَّ لِلَّهِ مَا فِي ٱلسَّمَٰوَٰتِ وَٱلۡأَرۡضِۚ وَكَانَ ٱللَّهُ عَلِيمًا حَكِيمًا ١٧٠အို- လူသားအ‌ပေါင်းတို့၊ အမှန်စင်စစ် တမန်‌တော်(မုဟမ္မဒ်-ဆွ)သည် အသင်တို့ထံသို့ အသင်တို့အား ဖန်ဆင်း‌မွေးမြူ‌တော်မူ‌သောအရှင်ထံမှ အမှန်တရားကို ယူ‌ဆောင်လာခဲ့ပြီဖြစ်သည်။ သို့ဖြစ်ရာ အသင်တို့သည် အီမာန်ယုံကြည်ကြပါ။ (ထိုအရာသည်) အသင်တို့အတွက် အ‌ကောင်းဆုံးပင်ဖြစ်သည်။ ၎င်းပြင် အကယ်၍ အသင်တို့သည် ငြင်းပယ်ကြမည်ဆိုလျှင် အမှန်စင်စစ် မိုး‌ကောင်းကင်များနှင့် ‌မြေပထဝီတွင် ရှိသမျှအရာများသည် အရှင်မြတ်သာ ပိုင်ဆိုင်‌တော်မူသည့်အတွက် (ထိုအရှင်မြတ်တွင် မည်သည့်အရာမှ မ‌လျော့နည်းဘဲ အသင်တို့သာ ဆုံးရှုံးကြမည်)။ ထို့ပြင် အလ္လာဟ်အရှင်မြတ်သည် အကြွင်းမဲ့သိ‌တော်မူ‌သောအရှင်၊ ပညာဉာဏ်အ‌မြော်အမြင်နှင့် အလွန်ပြည့်စုံ‌တော်မူ‌သောအရှင် ဖြစ်‌တော်မူသည်။ يَٰٓأَهۡلَ ٱلۡكِتَٰبِ لَا تَغۡلُواْ فِي دِينِكُمۡ وَلَا تَقُولُواْ عَلَى ٱللَّهِ إِلَّا ٱلۡحَقَّۚ إِنَّمَا ٱلۡمَسِيحُ عِيسَى ٱبۡنُ مَرۡيَمَ رَسُولُ ٱللَّهِ وَكَلِمَتُهُۥٓ أَلۡقَىٰهَآ إِلَىٰ مَرۡيَمَ وَرُوحٌ مِّنۡهُۖ فَـَٔامِنُواْ بِٱللَّهِ وَرُسُلِهِۦۖ وَلَا تَقُولُواْ ثَلَٰثَةٌۚ ٱنتَهُواْ خَيۡرًا لَّكُمۡۚ إِنَّمَا ٱللَّهُ إِلَٰهٌ وَٰحِدٌۖ سُبۡحَٰنَهُۥٓ أَن يَكُونَ لَهُۥ وَلَدٌۘ لَّهُۥ مَا فِي ٱلسَّمَٰوَٰتِ وَمَا فِي ٱلۡأَرۡضِۗ وَكَفَىٰ بِٱللَّهِ وَكِيلًا ١٧١အို- ကျမ်းရသူအ‌ပေါင်းတို့၊ အသင်တို့သည် အသင်တို့၏သာသနာထဲတွင် အစွန်း‌ရောက်လွန်ကဲမှု မပြုကြ‌လေနှင့်။* ထို့ပြင် အလ္လာဟ်အရှင်မြတ်နှင့်စပ်လျဉ်း၍ အမှန်‌ပြောသည်မှလွဲ၍ အခြား‌ပြောဆိုမှု မပြုကြနှင့်။* မရ်ယမ်၏သား မစီဟ်အီစာသည် အလ္လာဟ်အရှင်မြတ်၏တမန်‌တော်နှင့် အရှင်မြတ်၏ (တတ်စွမ်းနိုင်မှုကို ထင်‌ပေါ်‌စေ‌သော)စကား‌တော်ပင်ဖြစ်သည်။* အရှင်မြတ်သည် ထိုစကား‌တော်ကို မရ်ယမ်ထဲသို့ ထည့်‌ပေး‌တော်မူခဲ့သည်။ ၎င်းပြင် အရှင်မြတ်ထံမှ (ချီးမြှင့်‌တော်မူ‌သော)ဝိညာဉ်လည်းဖြစ်သည်။* သို့ဖြစ်ရာ အသင်တို့သည် အလ္လာဟ်အရှင်မြတ်နှင့် အရှင်မြတ်၏တမန်‌တော်များအားလုံးကို ယုံကြည်ကြပါ။ ထို့ပြင် အသင်တို့သည် (ကိုးကွယ်ထိုက်‌သောအရှင်)သုံးပါးရှိသည်ဟု မ‌ပြောကြနှင့်။ အသင်တို့သည် (ထိုကဲ့သို့‌ပြောခြင်းများကို)ရပ်စဲကြပါ။ (၎င်းသည်) အသင်တို့အတွက် အ‌ကောင်းဆုံးပင်ဖြစ်သည်။ အလ္လာဟ်အရှင်မြတ်သည် တစ်ပါးတည်း‌သော ကိုးကွယ်ခံထိုက်‌တော်မူသည့်အရှင် ဖြစ်‌တော်မူသည်။ အရှင်မြတ်သည် အရှင်မြတ်၌ သားသမီးရှိခြင်းမှလည်း ကင်းစင်‌တော်မူသည်။* မိုး‌ကောင်းကင်များတွင်ရှိသမျှနှင့် ‌မြေပထဝီတွင်ရှိသမျှအရာများသည် အလ္လာဟ်အရှင်မြတ်သာ ပိုင်ဆိုင်‌တော်မူသည်။ ထို့ပြင် အရှင်မြတ်သည်ပင် ကြည့်ရှု‌စောင့်‌ရှောက်‌တော်မူ‌သောအရှင်၊ အလွန်ယုံပုံလွှဲအပ်ခြင်း ခံထိုက်‌တော်မူ‌သောအရှင်အဖြစ် လုံ‌လောက်‌တော်မူသည်။ لَّن يَسۡتَنكِفَ ٱلۡمَسِيحُ أَن يَكُونَ عَبۡدًا لِّلَّهِ وَلَا ٱلۡمَلَٰٓئِكَةُ ٱلۡمُقَرَّبُونَۚ وَمَن يَسۡتَنكِفۡ عَنۡ عِبَادَتِهِۦ وَيَسۡتَكۡبِرۡ فَسَيَحۡشُرُهُمۡ إِلَيۡهِ جَمِيعًا ١٧٢မစီဟ်(တမန်‌တော်အီစာ)နှင့် အပါး‌တော် ‌စေတမန်များသည် အလ္လာဟ်အရှင်မြတ်၏ကျွန်ဖြစ်ခြင်းကို ‌သေးသိမ်သည်ဟု မည်သည့်အခါမှ ထင်မှတ်ကြမည်မဟုတ်‌ပေ။ ၎င်းပြင် မည်သူမဆို အရှင်မြတ်၏ကျွန်ဖြစ်ခြင်းကို ‌သေးသိမ်သည်ဟုထင်ပြီး မာန‌ထောင်ခဲ့လျှင် အရှင်မြတ်သည် မကြာမီ ထိုသူအားလုံးကို အရှင်မြတ်ထံ‌တော်သို့ (စစ်‌ဆေးရန်)စုရုံး‌တော်မူမည်။ فَأَمَّا ٱلَّذِينَ ءَامَنُواْ وَعَمِلُواْ ٱلصَّٰلِحَٰتِ فَيُوَفِّيهِمۡ أُجُورَهُمۡ وَيَزِيدُهُم مِّن فَضۡلِهِۦۖ وَأَمَّا ٱلَّذِينَ ٱسۡتَنكَفُواْ وَٱسۡتَكۡبَرُواْ فَيُعَذِّبُهُمۡ عَذَابًا أَلِيمًا وَلَا يَجِدُونَ لَهُم مِّن دُونِ ٱللَّهِ وَلِيًّا وَلَا نَصِيرًا ١٧٣ထို့‌နောက် အရှင်မြတ်သည် အီမာန်ယုံကြည်ကြပြီး ‌ကောင်းမြတ်‌သောလုပ်ရပ်များကို ပြုမူကြသူများအား သူတို့၏အကျိုးကို အပြည့်အဝ ‌ပေးသနား‌တော်မူမည်။ ၎င်းပြင် အရှင်မြတ်၏‌ကျေးဇူး‌တော်နှင့် သူတို့အား ပိုပြီးချီးမြှင့်‌တော်မူမည်။ သို့ရာတွင် အကြင်သူများသည် (အရှင်မြတ်၏ကျွန်ဖြစ်ခြင်းအား) ‌သေးသိမ်သည်ဟုထင်ပြီး မာန‌ထောင်ခဲ့ကြသည်။ ထိုသူများအား အရှင်မြတ်သည် အလွန်နာကျင်‌စေ‌သော အပြစ်ဒဏ်ကို ‌ပေး‌တော်မူမည်။ ထို့ပြင် သူတို့သည် သူတို့အတွက် အလ္လာဟ်အရှင်မြတ်မှလွဲ၍ မည်သူ့ကိုမှ မိတ်‌ဆွေအဖြစ်နှင့် ကူညီမည့်သူအဖြစ် ‌တွေ့ရှိကြရမည် မဟုတ်‌ပေ။ يَٰٓأَيُّهَا ٱلنَّاسُ قَدۡ جَآءَكُم بُرۡهَٰنٌ مِّن رَّبِّكُمۡ وَأَنزَلۡنَآ إِلَيۡكُمۡ نُورًا مُّبِينًا ١٧٤အို- လူသားအ‌ပေါင်းတို့၊* အသင်တို့အား ဖန်ဆင်း‌မွေးမြူ‌တော်မူ‌သော အရှင်မြတ်ထံ‌တော်မှ အသင်တို့ထံသို့ ခိုင်လုံ‌သော သက်‌သေအ‌ထောက်အထားတစ်ခု* (ဖြစ်သည့် တမန်‌တော်မုဟမ္မဒ်-ဆွ)သည် အမှန်စင်စစ် ‌ရောက်လာခဲ့ပြီဖြစ်သည်။ ထို့ပြင် ငါအရှင်မြတ်သည် အသင်တို့ထံသို့ ထင်ရှား‌သောအလင်း‌ရောင်* (ဖြစ်သည့် ကုရ်အာန်)ကိုလည်း ချ‌ပေး‌တော်မူခဲ့သည်။ فَأَمَّا ٱلَّذِينَ ءَامَنُواْ بِٱللَّهِ وَٱعۡتَصَمُواْ بِهِۦ فَسَيُدۡخِلُهُمۡ فِي رَحۡمَةٍ مِّنۡهُ وَفَضۡلٍ وَيَهۡدِيهِمۡ إِلَيۡهِ صِرَٰطًا مُّسۡتَقِيمًا ١٧٥သို့ဖြစ်ရာ အကြင်သူများသည် အလ္လာဟ်အရှင်မြတ်အား ယုံကြည်၍ အရှင်မြတ်(၏သာသနာ အစ္စလာမ်)ကို စွဲမြဲစွာဆုပ်ကိုင်ထားကြလျှင် ထိုသူများအား မကြာမီ အရှင်မြတ်သည် အရှင်မြတ်၏ကရုဏာ အသနား‌တော်(ဖြစ်‌သော ဂျန္နသ်သုခဘုံ)နှင့် အရှင်မြတ်၏‌ကျေးဇူး‌တော်ထဲသို့ ဝင်‌ရောက်‌စေ‌တော်မူမည်။ ထို့ပြင် အရှင်မြတ်သည် ထိုသူများအား အရှင်မြတ်ထံ‌တော်(‌ရောက်ရှိရန်) ‌ဖြောင့်မတ်‌သော(တရား)လမ်းကိုလည်း ညွှန်ကြားပြသပို့‌ဆောင်‌တော်မူမည်။ يَسۡتَفۡتُونَكَ قُلِ ٱللَّهُ يُفۡتِيكُمۡ فِي ٱلۡكَلَٰلَةِۚ إِنِ ٱمۡرُؤٌاْ هَلَكَ لَيۡسَ لَهُۥ وَلَدٌ وَلَهُۥٓ أُخۡتٌ فَلَهَا نِصۡفُ مَا تَرَكَۚ وَهُوَ يَرِثُهَآ إِن لَّمۡ يَكُن لَّهَا وَلَدٌۚ فَإِن كَانَتَا ٱثۡنَتَيۡنِ فَلَهُمَا ٱلثُّلُثَانِ مِمَّا تَرَكَۚ وَإِن كَانُوٓاْ إِخۡوَةً رِّجَالًا وَنِسَآءً فَلِلذَّكَرِ مِثۡلُ حَظِّ ٱلۡأُنثَيَيۡنِۗ يُبَيِّنُ ٱللَّهُ لَكُمۡ أَن تَضِلُّواْۗ وَٱللَّهُ بِكُلِّ شَيۡءٍ عَلِيمُۢ ١٧٦သူတို့သည် အသင်(တမန်‌တော်)ထံသို့ (ကလာဟ်၏စီရင်ဆုံးဖြတ်ချက်ကို) လာ‌ရောက်ပြီး ‌မေးမြန်းကြသည်။ (အို- တမန်‌တော်)အသင် ‌ပြောလိုက်ပါ၊ အလ္လာဟ်အရှင်မြတ်သည် ကလာဟ်*နှင့်ပတ်သက်၍ (ဤသို့) ဆုံးဖြတ်ချက်‌ပေး‌တော်မူသည်။ အကယ်၍ အကြင်‌ယောက်ျားတစ်ဦးတစ်‌ယောက်သည် ‌သေဆုံးပြီး သူ့တွင် သားသမီးတစ်ဦးမှမရှိဘဲ အစ်မသို့မဟုတ်နှမတစ်ဦးသာရှိခဲ့လျှင် ထိုအစ်မသို့မဟုတ်နှမသည် ‌သေဆုံးသူ ကလာဟ်‌ယောက်ျားထားခဲ့‌သော အ‌မွေပစ္စည်း၏တစ်ဝက်ကိုရရှိမည်။ (အကယ်၍ ထိုအစ်မသို့မဟုတ်နှမ ‌သေဆုံးပြီး) သူမတွင် သားသမီးမရှိခဲ့လျှင် ထိုကလာဟ်‌ယောက်ျားသည် (အစ်မသို့မဟုတ်နှမ ထားခဲ့‌သောပစ္စည်းအားလုံး)ကို အ‌မွေဆိုင်သည်။ ထို့‌နောက် အကယ်၍ (‌သေဆုံး‌သော ကလာဟ်‌ယောက်ျားတွင်) အစ်မသို့မဟုတ်နှမ နှစ်ဦးရှိခဲ့ကြလျှင်၊ ထိုနှစ်ဦးသည် ထိုကလာဟ်‌ယောက်ျားထားခဲ့‌သော အ‌မွေပစ္စည်းထဲမှ သုံးပုံနှစ်ပုံရရှိကြမည်။ အကယ်၍ ထို(‌သေဆုံး‌သော ကလာဟ်‌ယောက်ျား၏ အ‌မွေစားအ‌မွေခံ)သူများသည် ‌ယောက်ျားနှင့်မိန်းမ ‌ရော‌နှော‌နေ‌သော ညီအစ်ကို ‌မောင်နှမများဖြစ်ကြလျှင်၊ ‌ယောက်ျား(တစ်ဦး)သည် မိန်းမနှစ်ဦး၏ ‌ဝေစု‌ဝေပုံနှင့် ညီတူညီမျှ ရရှိမည်။ အလ္လာဟ်အရှင်မြတ်သည် အသင်တို့ လမ်းမှားသို့မ‌ရောက်ကြ‌စေရန်အတွက် အသင်တို့အား ရှင်းလင်းစွာ မိန့်ကြား‌တော်မူသည်။ ထို့ပြင် အလ္လာဟ်အရှင်မြတ်သည် အရာအားလုံးကို အကြွင်းမဲ့သိ‌တော်မူ‌သောအရှင် ဖြစ်‌တော်မူသည်။

الترجمة: Hashim Tin Myint.