بِسۡمِ ٱللَّهِ ٱلرَّحۡمَٰنِ ٱلرَّحِيمِ
إِذَا ٱلسَّمَآءُ ٱنفَطَرَتۡ ١မိုးကောင်းကင်သည် အက်ကွဲစုတ်ပြဲသည့်အခါ၊ وَإِذَا ٱلۡكَوَاكِبُ ٱنتَثَرَتۡ ٢ထို့ပြင် ကြယ်များသည် ကြွေကျကြသည့်အခါ၊ وَإِذَا ٱلۡبِحَارُ فُجِّرَتۡ ٣ထို့ပြင် ပင်လယ်များသည် ဆူပွက်စီးထွက်စေခြင်းကိုခံကြရသည့်အခါ၊ وَإِذَا ٱلۡقُبُورُ بُعۡثِرَتۡ ٤ထို့ပြင် သချုႋင်းများသည် အထက်အောက်မှောက်လှန် ဖရိုဖရဲ ဖြစ်စေခြင်းကို ခံကြရသည့်အခါ၊ عَلِمَتۡ نَفۡسٌ مَّا قَدَّمَتۡ وَأَخَّرَتۡ ٥လူတိုင်းသည် သူတို့ ကြိုတင်ပို့ခဲ့ကြသည်များနှင့် သူတို့ နောက်တွင် ချန်ခဲ့ကြသည်များကို သိသွားခဲ့ကြမည်။ يَٰٓأَيُّهَا ٱلۡإِنسَٰنُ مَا غَرَّكَ بِرَبِّكَ ٱلۡكَرِيمِ ٦အို-လူသား၊ အသင့်အား ဖန်ဆင်းမွေးမြူတော်မူသော ကျေးဇူးရှင်နှင့် ပတ်သက်၍ မည်သည့်အရာက အသင့်အား လှည့်စားခဲ့သနည်း။ ٱلَّذِي خَلَقَكَ فَسَوَّىٰكَ فَعَدَلَكَ ٧ထိုအရှင်သည် အသင့်အား ဖန်ဆင်းတော်မူခဲ့သည့်အပြင် အသင့်အား ပုံစံတကျ ဖြစ်အောင်လည်း ပြုပြင်တော်မူခဲ့သည်။ ထို့ပြင် အသင့်အား အချိုးအစားကျအောင်လည်းစီမံတော်မူခဲ့သည်။ فِيٓ أَيِّ صُورَةٍ مَّا شَآءَ رَكَّبَكَ ٨အရှင်မြတ် အလိုရှိတော်မူသော ပုံသဏ္ဍာန်တွင် အသင့်အား စီစဉ်ပြုလုပ်တော်မူခဲ့သည်။ كـَلَّا بَلۡ تُكَذِّبُونَ بِٱلدِّينِ ٩(မည်သည့် အကြောင်းမျှ)လုံးဝမဟုတ်ပေ၊ အမှန်စင်စစ် အသင်တို့သည် အစားပေး(စာရင်းစစ်ဆေးခြင်း) ကိုပင် မဟုတ်မမှန်ဟု စွပ်စွဲ ငြင်းပယ်ကြခြင်းဖြစ်သည်။ وَإِنَّ عَلَيۡكُمۡ لَحَٰفِظِينَ ١٠ထို့ပြင် အမှန်စင်စစ် အသင်တို့ အပေါ်တွင် ကိုယ်စောင့်များရှိကြသည်။ كِرَامًا كَٰتِبِينَ ١١မြင့်မြတ်သူများဖြစ်ပြီး ရေးမှတ်သူများ ဖြစ်ကြသည်။ يَعۡلَمُونَ مَا تَفۡعَلُونَ ١٢သူတို့သည် အသင်တို့ပြုလုပ်သမျှကို သိရှိကြသည်။ إِنَّ ٱلۡأَبۡرَارَ لَفِي نَعِيمٍ ١٣အမှန်စင်စစ်ကောင်းမြတ်သည့် သူများသည် အစဉ်အမြဲသုခဘုံမှာရှိကြမည်။ وَإِنَّ ٱلۡفُجَّارَ لَفِي جَحِيمٍ ١٤ထို့ပြင် ဆိုးသွမ်းသူများသည် အမှန်စင်စစ် ဂျဟန္နမ် ငရဲထဲ၌ပင် ရှိကြမည်။ يَصۡلَوۡنَهَا يَوۡمَ ٱلدِّينِ ١٥သူတို့သည် ၎င်းထဲသို့ အစားပေးမည့်(ကိယာမသ် )နေ့တွင်ဝင်ကြရမည်ဖြစ်သည်။ وَمَا هُمۡ عَنۡهَا بِغَآئِبِينَ ١٦ထို့ပြင် သူတို့သည် ၎င်းငရဲမှ ခွဲခွာရမည့်သူများ မဟုတ်ပေ။ وَمَآ أَدۡرَىٰكَ مَا يَوۡمُ ٱلدِّينِ ١٧ထို့ပြင် ကောင်းကျိုးဆိုးကျိုး အစားပေးတော်မူမည့်နေ့ဆိုသည်မှာ အဘယ်နည်းဟုအသင်(တမန်တော်)ကို မည်သည့်အရာက အသိပေးပါသနည်း။ ثُمَّ مَآ أَدۡرَىٰكَ مَا يَوۡمُ ٱلدِّينِ ١٨၎င်းနောက် ကောင်းကျိုးဆိုးကျိုးအစားပေးတော်မူမည့်နေ့ဆိုသည်မှာ အဘယ်နည်းဟု အသင်(တမန်တော်)ကို မည်သည့်အရာက အသိပေးပါသနည်း။ يَوۡمَ لَا تَمۡلِكُ نَفۡسٌ لِّنَفۡسٍ شَيۡـًٔاۖ وَٱلۡأَمۡرُ يَوۡمَئِذٍ لِّلَّهِ ١٩ထိုနေ့တွင်အသက်ဝိညာဉ်တစ်ခု(လူတစ်ဦး)သည် အခြားအသက်ဝိညာဉ်(လူတစ်ဦး)အတွက် မည်သည့်အရာတစ်ခုမျှ အကျိုးပြုပိုင်ခွင့်မရှိပေ။၎င်းပြင်ထိုနေ့တွင် အမိန့်အာဏာအားလုံးသည် အလ္လာဟ်အရှင်မြတ်ပင် စိုးပိုင်တော်မူမည်ဖြစ်သည်။