بِسۡمِ ٱللَّهِ ٱلرَّحۡمَٰنِ ٱلرَّحِيمِ
وَيۡلٌ لِّلۡمُطَفِّفِينَ ١အလေး၊ တင်းတောင်း၊ ခြင်ခွက်စသည်များတွင် ခိုးပြီးလျှော့ပေးသည့်သူများသည် ပျက်စီးကြရမည် ဖြစ်သည်။ ٱلَّذِينَ إِذَا ٱكۡتَالُواْ عَلَى ٱلنَّاسِ يَسۡتَوۡفُونَ ٢အကြင်သူများသည် လူများထံမှ ခြင်တွယ်ပြီးယူကြသည့်အခါတွင်မူ အပြည့်(ခြင်တွယ်ပြီး)ရယူကြသည်။ وَإِذَا كَالُوهُمۡ أَو وَّزَنُوهُمۡ يُخۡسِرُونَ ٣ထို့ပြင် သူတို့သည် သူတစ်ပါးအား ခြင်တွယ်ပေးသည့်အခါနှင့် ချိန်တွယ်ပေးသည့်အခါတွင်မူ လျှော့ပြီးပေးကြသည်။ (အလေးခိုးကြသည်)။ أَلَا يَظُنُّ أُوْلَٰٓئِكَ أَنَّهُم مَّبۡعُوثُونَ ٤အမှန်စင်စစ် သူတို့သည် ရှင်ပြန်ထရမည့်သူများဖြစ်သည်ကို သူတို့မယုံကြသလော။ لِيَوۡمٍ عَظِيمٍ ٥ကြီးကျယ်သည့်နေ့အတွက်။ يَوۡمَ يَقُومُ ٱلنَّاسُ لِرَبِّ ٱلۡعَٰلَمِينَ ٦ထိုနေ့တွင်လူအားလုံးသည် စကြဝဠာအပေါင်းအား ဖန်ဆင်းမွေးမြူတော်မူသော အရှင်မြတ်၏ ရှေ့၌ရပ်ကြရမည်ဖြစ်သည်။ ###၁ كـَلَّآ إِنَّ كِتَٰبَ ٱلۡفُجَّارِ لَفِي سِجِّينٍ ٧(ရှင်ပြန်ထရမည်မဟုတ်ဟု ကာဖိရ် များပြောသကဲ့သို့) လုံးဝမဟုတ်ပေ၊ အမှန်စင်စစ် မကောင်းမှုကျူးလွန်သူများ၏ မှတ်တမ်းသည် အမှန်ပင် စိဂျ်ဂျီန်တွင်ရှိသည်။ وَمَآ أَدۡرَىٰكَ مَا سِجِّينٌ ٨စိဂျ်ဂျီန်ဆိုသည်မှာ မည်သည့်အရာနည်းဟု အသင်သိပါ၏လော။ كِتَٰبٌ مَّرۡقُومٌ ٩(ထိုအရာသည် ) ရေးသားပြီးဖြစ်သော မှတ်တမ်းစာအုပ်တစ်အုပ်ပင်ဖြစ်သည်။ ###၂ وَيۡلٌ يَوۡمَئِذٍ لِّلۡمُكَذِّبِينَ ١٠ထိုနေ့တွင် မဟုတ်မမှန်ဟု ငြင်းပယ်ကြသည့်သူများသည် ပျက်စီးကြရမည်။ ٱلَّذِينَ يُكَذِّبُونَ بِيَوۡمِ ٱلدِّينِ ١١ထိုသူများသည် အစားပေးမည့်နေ့ကို မဟုတ်မမှန်ဟု ငြင်းပယ်ကြသည်။ وَمَا يُكَذِّبُ بِهِۦٓ إِلَّا كُلُّ مُعۡتَدٍ أَثِيمٍ ١٢ထို့ပြင် ထိုနေ့ကို ကျူးကျော်သူ၊ အလွန်အပြစ်ကျူးလွန်သူသာမဟုတ်မမှန်ဟု ငြင်းပယ်ကြသည်။ إِذَا تُتۡلَىٰ عَلَيۡهِ ءَايَٰتُنَا قَالَ أَسَٰطِيرُ ٱلۡأَوَّلِينَ ١٣သူ၏ရှေ့၌ ငါအရှင်မြတ်၏ အာယသ်တော်များကို ဖတ်ကြားသည့်အခါ “ဤသည်ရှေးလူများ၏ ပုံပြင်များပင် ဖြစ်ကြသည်”ဟု သူက ပြောဆိုသည်။ كـَلَّاۖ بَلۡۜ رَانَ عَلَىٰ قُلُوبِهِم مَّا كَانُواْ يَكۡسِبُونَ ١٤(ပုံပြင်) လုံးဝမဟုတ်ပေ၊ အမှန်စင်စစ် သူတို့ဆည်းပူးနေခဲ့ကြသည့်အရာ(ပြစ်မှု)များသည် သူတို့၏ စိတ်နှလုံးများပေါ်တွင် ဖုံးလွှမ်းခဲ့ခြင်းဖြစ်သည်။ كـَلَّآ إِنَّهُمۡ عَن رَّبِّهِمۡ يَوۡمَئِذٍ لَّمَحۡجُوبُونَ ١٥(အရှင်မြတ်အနီးတွင် နေရမည်ဟု ကာဖိရ်များပြောကြခြင်းသည်)လုံးဝမဟုတ်ပေ၊ အမှန်စင်စစ် သူတို့သည် ထိုနေ့တွင် သူတို့အား ဖန်ဆင်းမွေးမြူတော်မူသောအရှင်မြတ်(အားဖူးမြော်ခြင်း)မှ အမှန်ပင်တားမြစ်(ကာကွယ်)ခြင်းခံကြရမည့်သူများပင်ဖြစ်သည်။ ثُمَّ إِنَّهُمۡ لَصَالُواْ ٱلۡجَحِيمِ ١٦ထို့နောက် အမှန်စင်စစ် သူတို့သည် ငရဲထဲသို့ ဝင်ရောက်ကြရမည်။ ثُمَّ يُقَالُ هَٰذَا ٱلَّذِي كُنتُم بِهِۦ تُكَذِّبُونَ ١٧ထို့နောက် (သူတို့အား) “ဤသည် အသင်တို့က မဟုတ်မမှန်ဟုငြင်းပယ်ခဲ့ကြသည့်အရာပင်ဖြစ်သည်”ဟု အပြောခံကြရမည်။ كـَلَّآ إِنَّ كِتَٰبَ ٱلۡأَبۡرَارِ لَفِي عِلِّيِّينَ ١٨(ကာဖိရ်များထင်သကဲ့သို့)လုံးဝမဟုတ်ပေ၊ အမှန်စင်စစ်သူတော်ကောင်းများ၏ မှတ်တမ်းသည် အိလ္လီယီန် ###၃ တွင်ရှိသည်။ وَمَآ أَدۡرَىٰكَ مَا عِلِّيُّونَ ١٩အိလ္လီယီန်ဆိုသည်မှာ မည်သည့်အရာနည်းဟု အသင်သိပါ၏လော။ كِتَٰبٌ مَّرۡقُومٌ ٢٠ထိုအရာသည် ရေးသားပြီးဖြစ်သော မှတ်တမ်းစာအုပ် တစ်အုပ်ပင်ဖြစ်သည်။ يَشۡهَدُهُ ٱلۡمُقَرَّبُونَ ٢١ထို မှတ်တမ်းစာအုပ်ကို (အရှင်မြတ်နှင့်)နီးကပ်သော ကောင်းကင်တမန်များသည် ကြည့်ရှုကြမည်။ إِنَّ ٱلۡأَبۡرَارَ لَفِي نَعِيمٍ ٢٢အမှန်စင်စစ် ကောင်းမြတ်သည့်သူများသည် အမြဲတမ်းသုခတွင် ရှိကြမည်။ عَلَى ٱلۡأَرَآئِكِ يَنظُرُونَ ٢٣သူတို့သည် မြင့်မားသော ထိုင်ခုံများတွင် စံမြန်းပြီး ကြည့်ရှုနေကြမည်။ تَعۡرِفُ فِي وُجُوهِهِمۡ نَضۡرَةَ ٱلنَّعِيمِ ٢٤အသင်(တမန်တော်)သည် သူတို့၏ မျက်နှာများတွင် စည်းစိမ်သုခချမ်းသာနှင့် စိုပြည်သည်ကို (မြင်သည့်အခါခွဲခြားပြီး) သိနိုင်မည်။ يُسۡقَوۡنَ مِن رَّحِيقٍ مَّخۡتُومٍ ٢٥သူတို့သည် တံဆိပ်ခတ်ထားသော (ကြည်လင်သန့်ရှင်းသည့်)အရက်အစစ် ###၄ ကိုတိုက်ကျွေးခြင်း ခံကြရမည်။ خِتَٰمُهُۥ مِسۡكٌۚ وَفِي ذَٰلِكَ فَلۡيَتَنَافَسِ ٱلۡمُتَنَٰفِسُونَ ٢٦ထိုအရက်၏(အပိတ်)တံဆိပ်သည် ကတိုးဖြစ်သည်။ ထို့ပြင် ပြိုင်ဆိုင်(ရယူလိုသည့်)သူများသည် ဤသည်ကိုပင် အပြိုင်အဆိုင်ရယူထိုက်ကြသည်။ وَمِزَاجُهُۥ مِن تَسۡنِيمٍ ٢٧ထိုအရက်၏ ရောစပ်မှုသည် သတ်စ်နီမ် မှဖြစ်သည်။ عَيۡنًا يَشۡرَبُ بِهَا ٱلۡمُقَرَّبُونَ ٢٨(ထိုအရာသည်) စမ်းချောင်းတစ်ခုဖြစ်သည်။ အလ္လာဟ်အရှင်မြတ်နှင့် နီးကပ်သည့်သူများသည် ထိုသတ်စ်နီမ်မှ သောက်သုံးကြသည်။ إِنَّ ٱلَّذِينَ أَجۡرَمُواْ كَانُواْ مِنَ ٱلَّذِينَ ءَامَنُواْ يَضۡحَكُونَ ٢٩အမှန်စင်စစ် အပြစ်ကျူးလွန်ခဲ့ကြသူများသည် အီမာန်ယုံကြည်သူများအပေါ်တွင် ရယ်မောလေ့ရှိခဲ့ကြသည်။ وَإِذَا مَرُّواْ بِهِمۡ يَتَغَامَزُونَ ٣٠ထို့ပြင် ထိုယုံကြည်သူများသည် သူတို့အနီးမှ ဖြတ်လျှောက်သွားကြသည့်အခါ သူတို့သည် မျက်ရိပ်ပြ(၍ ပြောင်လှောင်)လေ့ရှိခဲ့ကြသည်။ وَإِذَا ٱنقَلَبُوٓاْ إِلَىٰٓ أَهۡلِهِمُ ٱنقَلَبُواْ فَكِهِينَ ٣١ထို့ပြင် သူတို့သည် သူတို့၏အိမ်သူအိမ်သားများထံ ပြန်ကြသည့်အခါ (ထို ယုံကြည်သူများအကြောင်းပြောပြ၍) ဝမ်းသာပျော်မြူးကြသည်။ وَإِذَا رَأَوۡهُمۡ قَالُوٓاْ إِنَّ هَٰٓؤُلَآءِ لَضَآلُّونَ ٣٢ထို့ပြင် သူတို့သည် ယုံကြည်သူများအား တွေ့ မြင်ကြသည့်အခါ “အမှန်စင်စစ် ဤသူများသည် အမှန်ပင်လမ်းလွဲသူများ ဖြစ်ကြသည်”ဟု ပြောဆိုကြသည်။ وَمَآ أُرۡسِلُواْ عَلَيۡهِمۡ حَٰفِظِينَ ٣٣သူတို့သည် ထိုယုံကြည်သူများအပေါ်တွင် ကြီးကြပ်အုပ်ထိန်းသူများအဖြစ် စေလွှတ်ခြင်းခံခဲ့ကြရခြင်း မဟုတ်ဘဲလျက်(ပြောဆိုကြသည်)။ فَٱلۡيَوۡمَ ٱلَّذِينَ ءَامَنُواْ مِنَ ٱلۡكُفَّارِ يَضۡحَكُونَ ٣٤သို့ဖြစ်ရာ ယနေ့မူ အီမာန် ယုံကြည်သူများသည် ကာဖိရ် ငြင်းပယ်သူများအပေါ်တွင် ရယ်မောကြမည်။ عَلَى ٱلۡأَرَآئِكِ يَنظُرُونَ ٣٥ထိုယုံကြည်သူများသည် မြင့်မားသည့်ထိုင်ခုံများပေါ်တွင် စံမြန်းပြီး ကြည့်ရှုနေကြမည်။ هَلۡ ثُوِّبَ ٱلۡكُفَّارُ مَا كَانُواْ يَفۡعَلُونَ ٣٦ကာဖိရ်များသည် သူတို့ ပြုလုပ်ခဲ့ကြသော လုပ်ရပ်များ၏အကျိုးပေးဆပ်ခြင်းကိုခံကြရပြီမဟုတ်လော။