ملة الإسلام

السورة 76 · 31 آية · Hashim Tin Myint

سورة الإنسان باللغة البورمية

السورة بالعربية مع التفسير استمع إلى سورة الإنسان (1,366 قارئاً)
مدنيةسورة الإنسان٣١ آية

بِسۡمِ ٱللَّهِ ٱلرَّحۡمَٰنِ ٱلرَّحِيمِ

هَلۡ أَتَىٰ عَلَى ٱلۡإِنسَٰنِ حِينٌ مِّنَ ٱلدَّهۡرِ لَمۡ يَكُن شَيۡـًٔا مَّذۡكُورًا ١လူသား၏အ‌ပေါ်တွင် ‌ခေတ်ကာလထဲမှ အချိန်တစ်ချိန်သည် အမှန်စင်စစ် ‌ရောက်ရှိခဲ့သည်။ ထိုလူသားသည် (ထိုအချိန်တွင်)‌ပြောပ‌လောက်‌သော အရာတစ်ခုပင် မဟုတ်ခဲ့‌ပေ။ ###၁ إِنَّا خَلَقۡنَا ٱلۡإِنسَٰنَ مِن نُّطۡفَةٍ أَمۡشَاجٍ نَّبۡتَلِيهِ فَجَعَلۡنَٰهُ سَمِيعَۢا بَصِيرًا ٢အမှန်စင်စစ် ငါအရှင်မြတ်သည် လူသားကိုစမ်းသပ်‌တော်မူရန်အတွက် ‌ရော‌နှော‌ပေါင်းစပ်ထား‌သော သုက်ရည်နှင့် ဖန်ဆင်း‌တော်မူခဲ့သည်။ ###၂ ထို့‌နောက် ငါအရှင်မြတ် သည် ကြား‌သောသူ၊ မြင်‌သောသူအဖြစ် ပြုလုပ်‌တော်မူခဲ့သည်။ ###၃ إِنَّا هَدَيۡنَٰهُ ٱلسَّبِيلَ إِمَّا شَاكِرًا وَإِمَّا كَفُورًا ٣အမှန်စင်စစ် ငါအရှင်မြတ်သည် သူ့အားလမ်းမှန်ပြသ‌တော်မူခဲ့သည်။ (ထို့‌နောက်)သူသည် ‌ကျေးဇူးသိတတ်သူဖြစ်မည်၊ သို့မဟုတ် ‌ကျေးဇူးကန်းသူဖြစ်မည်။ ###၄ إِنَّآ أَعۡتَدۡنَا لِلۡكَٰفِرِينَ سَلَٰسِلَاْ وَأَغۡلَٰلًا وَسَعِيرًا ٤အမှန်စင်စစ် ငါအရှင်မြတ်သည် ကာဖိရ်များအတွက်သံကြိုးများ၊ လည်ကွင်းစွပ်များနှင့် ဟုန်းဟုန်း‌တောက်‌နေသည့်မီးကို အသင့်ပြုလုပ်ထား‌တော်မူသည်။ إِنَّ ٱلۡأَبۡرَارَ يَشۡرَبُونَ مِن كَأۡسٍ كَانَ مِزَاجُهَا كَافُورًا ٥အမှန်စင်စစ် ‌ကောင်းမြတ်‌သောသူများသည် ပရုတ်‌ရောစပ်ထား‌သော အရက်အပြည့်အလျှံထည့်ထားသည့် ခွက်ထဲမှ ‌သောက်သုံးကြမည်။ عَيۡنًا يَشۡرَبُ بِهَا عِبَادُ ٱللَّهِ يُفَجِّرُونَهَا تَفۡجِيرًا ٦စမ်း‌ချောင်းတစ်ခု၊ ထိုစမ်း‌ချောင်းမှ အလ္လာဟ်အရှင်မြတ်၏ (‌ကောင်းမြတ်‌သော) ကျွန်များသည် ‌သောက်သုံးကြမည်။ သူတို့သည် ထိုစမ်း‌ချောင်းကို (လိုလား‌သော‌နေရာသို့ )အလွယ်တကူစီးဆင်း‌စေကြမည်။ يُوفُونَ بِٱلنَّذۡرِ وَيَخَافُونَ يَوۡمًا كَانَ شَرُّهُۥ مُسۡتَطِيرًا ٧ထိုကျွန်များသည် တာဝန်များကို ‌ကျေပွန်‌အောင်‌ဆောင်ရွက်‌လေ့ရှိကြသည့်အပြင်၊ အကြင်‌နေ့ကိုလည်း စိုးရိမ်‌ကြောက်ရွံ့ ‌လေ့ရှိကြသည်။ ထို‌နေ့၏ ‌ဘေးအန္တရာယ်သည် (‌လေးဘက်‌လေးတန်)ပျံ့နှံ့လျက်ရှိမည်။ وَيُطۡعِمُونَ ٱلطَّعَامَ عَلَىٰ حُبِّهِۦ مِسۡكِينًا وَيَتِيمًا وَأَسِيرًا ٨ထို့ပြင် ထိုသူများသည် အရှင်မြတ်ကို ချစ်မြတ်နိုးမှုအ‌ပေါ်တွင် (သို့မဟုတ်)အစားအစာကို မက်‌မောမှုအ‌ပေါ်တွင် ဆင်းရဲသားများ၊ အဘမဲ့က‌လေးများနှင့် သုံ့ပန်းများကို ‌ကျွေး‌မွေးကြသည်။ إِنَّمَا نُطۡعِمُكُمۡ لِوَجۡهِ ٱللَّهِ لَا نُرِيدُ مِنكُمۡ جَزَآءً وَلَا شُكُورًا ٩(သူတို့က ‌ပြောဆိုကြသည်) ကျွန်ုပ်တို့သည် အသင်တို့အား အလ္လာဟ်အရှင်မြတ်၏ နှစ်သက်မှုအတွက်ပင် ‌ကျွေး‌မွေးခြင်းဖြစ်သည်။ ကျွန်ုပ်တို့သည် အသင်တို့ထံမှ မည်သည့် အကျိုး‌ကျေးဇူးကိုမျှလည်း အလိုမရှိ‌ပေ၊ မည်သည့်‌ကျေးဇူးတင်ခြင်းကိုမျှလည်း မရည်ရွယ်‌ပေ။ إِنَّا نَخَافُ مِن رَّبِّنَا يَوۡمًا عَبُوسًا قَمۡطَرِيرًا ١٠အမှန်စင်စစ် ကျွန်ုပ်တို့သည် ကျွန်ုပ်တို့အား ဖန်ဆင်း‌မွေးမြူ‌တော်မူ‌သောအရှင်မြတ်ထံ‌တော်မှ ကြမ်းကြုတ်ခက်ထန်ပြီး အလွန်မျက်နှာပျက် ညှိုးနွမ်းရမည့်‌နေ့ကို ‌ကြောက်ရွံ့စိုးရိမ်ကြသည် (ဟု‌ပြောဆိုကြသည်)။ فَوَقَىٰهُمُ ٱللَّهُ شَرَّ ذَٰلِكَ ٱلۡيَوۡمِ وَلَقَّىٰهُمۡ نَضۡرَةً وَسُرُورًا ١١သို့ဖြစ်ရာ အလ္လာဟ်အရှင်မြတ်သည် သူတို့အား ထို‌နေ့၏ ဒုက္ခများမှကယ်တင်‌တော်မူမည်။ ထို့ပြင် အရှင်မြတ်သည် သူတို့အား ရွှင်လန်းမှုနှင့် ဝမ်း‌မြောက်‌ပျော်ရွှင်မှုကို ‌တွေ့ကြုံ‌စေ‌တော်မူမည်။ وَجَزَىٰهُم بِمَا صَبَرُواْ جَنَّةً وَحَرِيرًا ١٢ထို့ပြင် သူတို့အား အရှင်မြတ်သည် သူတို့သည်းခံခဲ့ကြ‌သော‌ကြောင့် ဂျန္နသ်သုခဘုံနှင့် ပိုးထည်များကို အစား‌ပေး‌တော်မူမည်ဖြစ်သည်။ مُّتَّكِـِٔينَ فِيهَا عَلَى ٱلۡأَرَآئِكِۖ لَا يَرَوۡنَ فِيهَا شَمۡسًا وَلَا زَمۡهَرِيرًا ١٣(သူတို့သည်) ထို ဂျန္နသ်သုခဘုံတွင် မြင့်မား‌သော ထိုင်ခုံများ‌ပေါ်၌မှီပြီးထိုင်‌နေကြမည်။ သူတို့သည် ထိုအထဲတွင် ‌နေအပူဒဏ်နှင့်အ‌အေးဒဏ်ကို ‌တွေ့ရှိကြမည်မဟုတ်‌ပေ။ وَدَانِيَةً عَلَيۡهِمۡ ظِلَٰلُهَا وَذُلِّلَتۡ قُطُوفُهَا تَذۡلِيلًا ١٤ထို့ပြင် ထိုအထဲမှ သစ်ပင်များသည် သူတို့အ‌ပေါ်တွင် ကိုင်းညွတ်‌နေကြမည်။ ထို့ပြင် ထိုအထဲတွင် အပြွတ်လိုက်သီး‌သော သစ်သီးဝလံများသည် ညွတ်ကျ‌နေကြမည်။ وَيُطَافُ عَلَيۡهِم بِـَٔانِيَةٍ مِّن فِضَّةٍ وَأَكۡوَابٍ كَانَتۡ قَوَارِيرَا۠ ١٥ထို့ပြင် သူတို့ထံသို့ ‌ငွေပန်းကန်များနှင့် ဖန်ခွက်များသည် လှည့်လည်‌ရောက် ရှိ‌နေလိမ့်မည်။ قَوَارِيرَاْ مِن فِضَّةٍ قَدَّرُوهَا تَقۡدِيرًا ١٦‌ငွေနှင့်ပြုလုပ်ထား‌သော ‌ငွေခွက်များဖြစ်ကြမည်။ သူတို့သည် ထို ‌ငွေခွက်များကို (လိုသမျှ)ချိန်ဆဖြည့်ထည့်ထားကြမည်။ وَيُسۡقَوۡنَ فِيهَا كَأۡسًا كَانَ مِزَاجُهَا زَنجَبِيلًا ١٧ထို့ပြင် သူတို့သည် ထိုဂျန္နသ် သုခဘုံထဲတွင် ချင်း(ဂျင်း)‌ရောထား‌သော အရက်ပြည့်လျှံစွာပါရှိ‌သော ခွက်များနှင့် တိုက်‌ကျွေးခြင်းခံကြရမည်။ عَيۡنًا فِيهَا تُسَمَّىٰ سَلۡسَبِيلًا ١٨ထိုသုခဘုံတွင်ရှိ‌သော စလ်စဗီလ် ဆို‌သော စမ်း‌ချောင်းမှ(‌သောက်သုံးကြမည်) ဖြစ်သည်။ ۞ وَيَطُوفُ عَلَيۡهِمۡ وِلۡدَٰنٌ مُّخَلَّدُونَ إِذَا رَأَيۡتَهُمۡ حَسِبۡتَهُمۡ لُؤۡلُؤًا مَّنثُورًا ١٩ထို့ပြင် သူတို့ထံတွင် အသက်မ‌သေဘဲ အမြဲငယ်ရွယ်‌နေမည့် လူငယ်‌လေးများသည် လှည့်ပတ်သွားလာ(ပြုစု)‌နေကြမည်။ အသင်သည် သူတို့အား ‌တွေ့မြင်သည့်အခါ သူတို့သည် ဖြန့်ကြဲထား‌သော ပုလဲများဖြစ်သည်ဟုပင် ထင်မှတ်မိမည်။ وَإِذَا رَأَيۡتَ ثَمَّ رَأَيۡتَ نَعِيمًا وَمُلۡكًا كَبِيرًا ٢٠ထို့ပြင် အသင်သည် မည်သည့်‌နေရာ၌ပင် ကြည့်သည်ဖြစ်‌စေ ကြီးကျယ်လှသည့်စည်းစိမ်နှင့် ကြီးကျယ်‌သော အုပ်ချုပ်မှုကို ‌တွေ့မြင်ရမည်။ عَٰلِيَهُمۡ ثِيَابُ سُندُسٍ خُضۡرٌ وَإِسۡتَبۡرَقٌۖ وَحُلُّوٓاْ أَسَاوِرَ مِن فِضَّةٍ وَسَقَىٰهُمۡ رَبُّهُمۡ شَرَابًا طَهُورًا ٢١သူတို့ (၏ခန္ဓာကိုယ်များ)‌ပေါ်တွင် အစိမ်း‌ရောင် ပိုးထည်အပါးစားနှင့် အထူစား၊ ‌ရွှေခြည်နှင့် ပန်းထိုးထား‌သော ပိုးထည်များရှိကြမည်။ ထို့ပြင် သူတို့သည်‌ငွေလက်‌ကောက်၊ လက်ပတ်များနှင့် တန်ဆာဆင်ယင်‌ပေးခြင်းကိုလည်း ခံကြရမည်။ ထို့ပြင် သူတို့အား ဖန်ဆင်း‌မွေးမြူ‌တော်မူ‌သောအရှင်မြတ်က သူတို့အား အလွန်စင်ကြယ်သည့်အရက်ကို တိုက် ‌ကျွေး‌တော်မူမည်။###၅ إِنَّ هَٰذَا كَانَ لَكُمۡ جَزَآءً وَكَانَ سَعۡيُكُم مَّشۡكُورًا ٢٢အမှန်စင်စစ် ဤသည် အသင်တို့အတွက် အကျိုး‌ကျေးဇူးဖြစ်သည်။ ထို့ပြင် အသင်တို့၏ ကြိုးပမ်းမှုသည် ‌ကျေနပ်လက်ခံပြီးဖြစ်သည်။ ###၆ إِنَّا نَحۡنُ نَزَّلۡنَا عَلَيۡكَ ٱلۡقُرۡءَانَ تَنزِيلًا ٢٣အမှန်စင်စစ် ငါအရှင်မြတ်သည်ပင် အသင်(တမန်‌တော်)၏အ‌ပေါ်၌ ကုရ်အာန်ကျမ်း‌တော်မြတ်ကို တဖြည်းဖြည်းချ‌ပေး‌တော်မူခဲ့သည်။ فَٱصۡبِرۡ لِحُكۡمِ رَبِّكَ وَلَا تُطِعۡ مِنۡهُمۡ ءَاثِمًا أَوۡ كَفُورًا ٢٤သို့ဖြစ်ရာ အသင်သည် အသင့်အား ဖန်ဆင်း‌မွေးမြူ‌တော်မူ‌သောအရှင်မြတ်၏ အမိန့်‌တော်အ‌ပေါ်တွင် သည်းခံရပ်တည်‌နေပါ။ ထို့ပြင် အသင်သည် သူတို့ထဲမှ မည်သည့် အပြစ်ကျူးလွန်သူ၏ စကားကိုဖြစ်‌စေ၊ မည်သည့်ငြင်းပယ်သူ၏ စကားကိုဖြစ်‌စေ မလိုက်နာပါနှင့်။ وَٱذۡكُرِ ٱسۡمَ رَبِّكَ بُكۡرَةً وَأَصِيلًا ٢٥ထို့ပြင် အသင်သည် နံနက်ခင်းနှင့် ည‌နေခင်းတွင် အသင့်အား ဖန်ဆင်း‌မွေးမြူ‌တော်မူ‌သော အရှင်မြတ်၏ နာမ‌တော်ကို တသသတိရပါ။ وَمِنَ ٱلَّيۡلِ فَٱسۡجُدۡ لَهُۥ وَسَبِّحۡهُ لَيۡلًا طَوِيلًا ٢٦ထို့‌နောက် အသင်သည် ညပိုင်းတွင်လည်း အရှင်မြတ်ကို စဂျ်ဒဟ် ဦးချရမည့်အပြင် အသင်သည် ည၏ ရှည်လျားသည့်အစိတ်အပိုင်းတွင် အရှင်မြတ် စင်ကြယ်သန့်ရှင်း‌တော်မူ‌ကြောင်းကို ရွတ်ဆိုပါ။ إِنَّ هَٰٓؤُلَآءِ يُحِبُّونَ ٱلۡعَاجِلَةَ وَيَذَرُونَ وَرَآءَهُمۡ يَوۡمًا ثَقِيلًا ٢٧အမှန်စင်စစ် ဤသူများသည် ဤဘဝကိုပင် နှစ်သက်ကြသည်။ ထို့ပြင် သူတို့သည် ကြီး‌လေးလှ‌သော ‌နေ့ကိုမူ သူတို့၏ ‌နောက်တွင် စွန့်ပစ်ထားကြသည်။ نَّحۡنُ خَلَقۡنَٰهُمۡ وَشَدَدۡنَآ أَسۡرَهُمۡۖ وَإِذَا شِئۡنَا بَدَّلۡنَآ أَمۡثَٰلَهُمۡ تَبۡدِيلًا ٢٨ငါအရှင်မြတ်သည်ပင် သူတို့အား ဖန်ဆင်း‌တော်မူခဲ့သည့်အပြင် ငါအရှင်မြတ်သည်ပင် သူတို့၏ အဆစ်အမြစ်များ (အ‌ကြောများကြွက်သားများ)ကို ခိုင်ခံ့‌စေ‌တော်မူခဲ့သည်။ ထို့ပြင် ငါအရှင်မြတ်သည် အလိုရှိ‌တော်မူ‌သောအခါ သူတို့၏ အစားသူတို့ကဲ့သို့ လူများကို လဲလှယ်‌တော်မူမည်။ إِنَّ هَٰذِهِۦ تَذۡكِرَةٌۖ فَمَن شَآءَ ٱتَّخَذَ إِلَىٰ رَبِّهِۦ سَبِيلًا ٢٩အမှန်စင်စစ် ဤသည် ဆုံးမဩဝါဒပင်ဖြစ်သည်။ သို့ဖြစ်ရာ မည်သူမဆို အလိုရှိလျှင် သူ့အား ဖန်ဆင်း‌မွေးမြူ‌တော်မူ‌သော အရှင်မြတ်ထံ‌တော်သို့ (သွားသည့်)လမ်းကို‌ရွေးချယ်ရမည် ဖြစ်သည်။ وَمَا تَشَآءُونَ إِلَّآ أَن يَشَآءَ ٱللَّهُۚ إِنَّ ٱللَّهَ كَانَ عَلِيمًا حَكِيمًا ٣٠ထို့ပြင် အလ္လာဟ်အရှင်မြတ် အလိုရှိ‌တော်မမူဘဲ အသင်တို့သည် အလိုရှိနိုင်ကြမည်မဟုတ်‌ပေ။ အမှန်စင်စစ် အလ္လာဟ်အရှင်မြတ်သည် အကြွင်းမဲ့သိ‌တော်မူ‌သောအရှင်၊ ဉာဏ်အ‌မြော်အမြင်နှင့် အလွန်ပြည့်စုံ‌တော်မူ‌သောအရှင် ဖြစ်‌တော်မူသည်။ يُدۡخِلُ مَن يَشَآءُ فِي رَحۡمَتِهِۦۚ وَٱلظَّٰلِمِينَ أَعَدَّ لَهُمۡ عَذَابًا أَلِيمَۢا ٣١အရှင်မြတ်သည် အရှင်မြတ်အလိုရှိ‌တော်မူ‌သောသူကို အရှင်မြတ်၏ ကရုဏာ‌တော်ထဲသို့ ဝင်‌ရောက်‌စေ‌တော်မူသည်။ ထို့ပြင် မတရားသူများအတွက်ကမူ အရှင်မြတ်သည် အလွန်နာကျင်‌စေသည့်ပြစ်ဒဏ်ကို အဆင်သင့်ပြုလုပ်ထား‌တော်မူပြီးဖြစ်သည်။

الترجمة: Hashim Tin Myint.