بِسۡمِ ٱللَّهِ ٱلرَّحۡمَٰنِ ٱلرَّحِيمِ
وَٱلۡمُرۡسَلَٰتِ عُرۡفًا ١ဆက်တိုက်စေလွှတ်ခြင်းခံရသောအရာ(လေများ၊ တမန်တော်များ)ကို သက်သေထူတော်မူသည်။ فَٱلۡعَٰصِفَٰتِ عَصۡفًا ٢ထို့ပြင် ပြင်းထန်စွာ တိုက်ခတ်သည့်လေများကို သက်သေထူတော်မူသည်။ وَٱلنَّٰشِرَٰتِ نَشۡرًا ٣ထို့ပြင် (တိမ်များကို)ပျံ့ နှံ့စေသော လေများကို သက်သေထူတော်မူသည်။ فَٱلۡفَٰرِقَٰتِ فَرۡقًا ٤ထို့ပြင် အမှန်နှင့်အမှား ခွဲခြားပေးသည့်အရာ(တမန်တော်များ၊ ကောင်းကင်တမန်များ)ကိုသက်သေထူတော်မူသည်။ فَٱلۡمُلۡقِيَٰتِ ذِكۡرًا ٥ထို့ပြင် ဆုံးမဩဝါဒများ ချပေးသည့်သူ (ကောင်းကင်တမန်)များကို သက်သေထူတော်မူသည်။ عُذۡرًا أَوۡ نُذۡرًا ٦အကြောင်းပြ စောဒကမတက်နိုင်အောင်နှင့် သတိပေးနှိုးဆော်နိုင်အောင် အတွက်ဖြစ်သည်။ إِنَّمَا تُوعَدُونَ لَوَٰقِعٌ ٧အမှန်စင်စစ် အသင်တို့ ချိန်းဆိုခြင်းခံကြရသောအရာသည် အမှန်ပင် ဆိုက်ရောက်လာမည်ဖြစ်သည်။ فَإِذَا ٱلنُّجُومُ طُمِسَتۡ ٨ထို့နောက် ကြယ်များသည် မှေးမှိန်သွားသည့်အခါ (ထိုအဖြစ်အပျက်ကြီးသည် ဖြစ်ပျက်လိမ့်မည်)။ وَإِذَا ٱلسَّمَآءُ فُرِجَتۡ ٩ထို့ပြင် မိုးကောင်းကင်သည် အက်ကွဲသွားသည့်အခါ။ وَإِذَا ٱلۡجِبَالُ نُسِفَتۡ ١٠ထို့ပြင် တောင်များသည် လွင့်ပါးသွားသည့်အခါ။ وَإِذَا ٱلرُّسُلُ أُقِّتَتۡ ١١ထို့ပြင် တမန်တော်များသည် သတ်မှတ်ချိန်တွင်စုရုံးခြင်းခံကြရသည့်အခါ။ لِأَيِّ يَوۡمٍ أُجِّلَتۡ ١٢(သူတို့အားလုံးကို) မည်သည့်နေ့အတွက် ရွှေ့ဆိုင်းခြင်းခံခဲ့ရသနည်း။ لِيَوۡمِ ٱلۡفَصۡلِ ١٣စီရင်ဆုံးဖြတ်မည့်နေ့သို့(ရွှေ့ဆိုင်းခြင်း ခံခဲ့ရခြင်းဖြစ်သည်)။ ###၁ وَمَآ أَدۡرَىٰكَ مَا يَوۡمُ ٱلۡفَصۡلِ ١٤ထို့ပြင် စီရင်ဆုံးဖြတ်မည့်နေ့ဆိုသည်မှာ မည်သည့်အရာနည်းဟု အသင်သိပါ၏လော။ وَيۡلٌ يَوۡمَئِذٍ لِّلۡمُكَذِّبِينَ ١٥ထိုနေ့တွင် မဟုတ်မမှန်ဟု စွပ်စွဲငြင်းပယ်ကြသည့်သူများအတွက် ပျက်စီးမှုရှိမည်။ أَلَمۡ نُهۡلِكِ ٱلۡأَوَّلِينَ ١٦ငါအရှင်မြတ်သည် ရှေးကသူများကို ဖျက်ဆီးတော်မူခဲ့သည်မဟုတ်လော။ ثُمَّ نُتۡبِعُهُمُ ٱلۡأٓخِرِينَ ١٧ထို့နောက် ထပ်ပြီး နောက်ကသူများကို သူတို့နောက်သို့ လိုက်စေတော်မူမည်ဖြစ်သည်။###၂ كَذَٰلِكَ نَفۡعَلُ بِٱلۡمُجۡرِمِينَ ١٨ငါအရှင်မြတ်သည် အပြစ်ကျူးလွန်သူများကို ဤသို့ပင် ပြုလုပ်တော်မူလေ့ရှိသည်။ وَيۡلٌ يَوۡمَئِذٍ لِّلۡمُكَذِّبِينَ ١٩ထိုနေ့တွင်မဟုတ်မမှန်ဟု စွပ်စွဲငြင်းပယ်ကြသည့်သူများအတွက် ပျက်စီးမှုရှိမည်။ أَلَمۡ نَخۡلُقكُّم مِّن مَّآءٍ مَّهِينٍ ٢٠ငါအရှင်မြတ်သည် အသင်တို့အား သေးသိမ်ယုတ်ညံ့သောရေ (သုက်ရည်)ဖြင့် ဖန်ဆင်းတော်မူခဲ့သည်မဟုတ်လော။ فَجَعَلۡنَٰهُ فِي قَرَارٍ مَّكِينٍ ٢١ထို့ပြင် ငါအရှင်မြတ်သည် ထိုရေကို လုံခြုံသည့်နေရာ(သားအိမ်ထဲ)တွင်ထားရှိတော်မူခဲ့သည်။ إِلَىٰ قَدَرٍ مَّعۡلُومٍ ٢٢သတ်မှတ်ထားသည့်အချိန်ထိ။ فَقَدَرۡنَا فَنِعۡمَ ٱلۡقَٰدِرُونَ ٢٣ထို့ပြင် ငါအရှင်မြတ်သည် ချိန်ဆစီမံပြုလုပ်တော်မူခဲ့သည်။ သို့ဖြစ်ရာ (ငါအရှင်မြတ်သည်) အဘယ်မျှကောင်းမွန်စွာချိန်ဆစီမံပြုလုပ်နိုင်တော်မူသောအရှင်ဖြစ်တော်မူလိုက်သနည်း။ وَيۡلٌ يَوۡمَئِذٍ لِّلۡمُكَذِّبِينَ ٢٤ထိုနေ့တွင် မဟုတ်မမှန်ဟု စွပ်စွဲငြင်းပယ်ကြသည့်သူများအတွက် ပျက်စီးမှုရှိမည်။ أَلَمۡ نَجۡعَلِ ٱلۡأَرۡضَ كِفَاتًا ٢٥ငါအရှင်မြတ်သည် မြေပထဝီကို စုပေါင်းထားသည့်နေရာအဖြစ် ပြုလုပ်တော်မူခဲ့သည်မဟုတ်လော။ أَحۡيَآءً وَأَمۡوَٰتًا ٢٦ရှင်သူများနှင့် သေသူများကို။ وَجَعَلۡنَا فِيهَا رَوَٰسِيَ شَٰمِخَٰتٍ وَأَسۡقَيۡنَٰكُم مَّآءً فُرَاتًا ٢٧ထို့ပြင် ငါအရှင်မြတ်သည် ထိုမြေပထဝီတွင် မြင့်မားသည့်တောင်များကို စိုက်ထူတော်မူသည်။ ထို့ပြင် ငါအရှင်မြတ်သည် အသင်တို့အား ချိုမြသည့်ရေကိုတိုက်ကျွေးတော်မူသည်။ وَيۡلٌ يَوۡمَئِذٍ لِّلۡمُكَذِّبِينَ ٢٨ထိုနေ့တွင်မဟုတ်မမှန်ဟု စွပ်စွဲငြင်းပယ်ကြသည့်သူများအတွက် ပျက်စီးမှုရှိမည်။ ٱنطَلِقُوٓاْ إِلَىٰ مَا كُنتُم بِهِۦ تُكَذِّبُونَ ٢٩အသင်တို့သည်မဟုတ်မမှန်ဟု မိမိတို့စွပ်စွဲငြင်းပယ်ခဲ့ကြသော (ပြစ်ဒဏ်)နေရာကိုလျှောက်သွားကြပါ။ ٱنطَلِقُوٓاْ إِلَىٰ ظِلٍّ ذِي ثَلَٰثِ شُعَبٍ ٣٠အသင်တို့သည် အကိုင်းသုံးကိုင်းခွဲထွက်သော အရိပ်ထံသို့ လျှောက်သွားကြပါ။ لَّا ظَلِيلٍ وَلَا يُغۡنِي مِنَ ٱللَّهَبِ ٣١(ထိုအရိပ်သည်) သက်သာမှုလည်းရှိမည်မဟုတ်ပေ။ မီးတောက်မီးလျှံမှ ကာကွယ်မည်လည်းမဟုတ်ပေ။ إِنَّهَا تَرۡمِي بِشَرَرٍ كَٱلۡقَصۡرِ ٣٢အမှန်စင်စစ် ထိုမီးသည် အဆောက်အအုံကြီးများကဲ့သို့ မီးတောက်မီးလျှံကြီးများ လွင့်စင်ထွက်စေလိမ့်မည်။ كَأَنَّهُۥ جِمَٰلَتٌ صُفۡرٌ ٣٣ထို မီးတောက်မီးလျှံများသည် အဝါရောင်ကုလားအုတ်များကဲ့သို့ ဖြစ်ကြမည်။ وَيۡلٌ يَوۡمَئِذٍ لِّلۡمُكَذِّبِينَ ٣٤ထိုနေ့တွင် မဟုတ်မမှန်ဟု စွပ်စွဲငြင်းပယ်ကြသည့်သူများအတွက် ပျက်စီးမှုရှိမည်။ هَٰذَا يَوۡمُ لَا يَنطِقُونَ ٣٥ဤနေ့သည်သူတို့ စကားမပြောနိုင်သည့်နေ့ပင်ဖြစ်သည်။ وَلَا يُؤۡذَنُ لَهُمۡ فَيَعۡتَذِرُونَ ٣٦သူတို့သည် အကြောင်းပြဆင်ခြေပေးနိုင်ရန် ခွင့်ပြုခံကြရမည်မဟုတ်ပေ။ وَيۡلٌ يَوۡمَئِذٍ لِّلۡمُكَذِّبِينَ ٣٧ထိုနေ့တွင် မဟုတ်မမှန်ဟု စွပ်စွဲငြင်းပယ်ကြသည့်သူများအတွက် ပျက်စီးမှုရှိမည်။ هَٰذَا يَوۡمُ ٱلۡفَصۡلِۖ جَمَعۡنَٰكُمۡ وَٱلۡأَوَّلِينَ ٣٨ဤသည် စီရင်ဆုံးဖြတ်မည့်နေ့ပင်ဖြစ်သည်။ ငါအရှင်မြတ်သည် အသင်တို့နှင့် ရှေးယခင်ကသူများကို စုရုံးတော်မူလိုက်ပြီဖြစ်သည်။ فَإِن كَانَ لَكُمۡ كَيۡدٌ فَكِيدُونِ ٣٩သို့ဖြစ်ရာ အကယ်၍ အသင်တို့တွင် အကြံအစည်တစ်စုံတစ်ခု ###၃ ရှိလျှင် ငါအရှင်မြတ်နှင့် ယှဉ်ပြိုင်ပြီး ကြံစည်ကြပါ။ وَيۡلٌ يَوۡمَئِذٍ لِّلۡمُكَذِّبِينَ ٤٠ထိုနေ့တွင် မဟုတ်မမှန်ဟု စွပ်စွဲငြင်းပယ်ကြသည့်သူများအတွက် ပျက်စီးမှုရှိမည်။ إِنَّ ٱلۡمُتَّقِينَ فِي ظِلَٰلٍ وَعُيُونٍ ٤١အမှန်စင်စစ် မုသ်သကီ ကြောက်ရွံ့အပြစ်ရှောင် ကောင်းကျိုးဆောင်သူများသည်အရိပ်များနှင့် စမ်းချောင်းများတွင်။ وَفَوَٰكِهَ مِمَّا يَشۡتَهُونَ ٤٢သူတို့ လိုလားသော သစ်သီးဝလံများတွင် ရှိနေကြမည်။ كُلُواْ وَٱشۡرَبُواْ هَنِيٓـَٔۢا بِمَا كُنتُمۡ تَعۡمَلُونَ ٤٣(သူတို့သည် ပြောဆိုခြင်းခံကြရမည်) အသင်တို့သည်အသင်တို့ ပြုလုပ်ခဲ့ကြသည်များကြောင့် မြိန်ရေယှက်ရေ စားသောက်ကြပါ။ إِنَّا كَذَٰلِكَ نَجۡزِي ٱلۡمُحۡسِنِينَ ٤٤အမှန်စင်စစ် ငါအရှင်မြတ်သည် ကောင်းကျိုးပြုလုပ်သူများကို ဤသို့ပင် အစားပေးလေ့ရှိတော်မူသည်။ وَيۡلٌ يَوۡمَئِذٍ لِّلۡمُكَذِّبِينَ ٤٥ထိုနေ့တွင် မဟုတ်မမှန်ဟု စွပ်စွဲငြင်းပယ်ကြသည့်သူများအတွက် ပျက်စီးမှုရှိမည်။ كُلُواْ وَتَمَتَّعُواْ قَلِيلًا إِنَّكُم مُّجۡرِمُونَ ٤٦အသင်တို့သည် (ဤဘဝတွင် အချိန်)အနည်းငယ်ပင် စားသုံးခြင်းနှင့် အကျိုးခံစားခြင်းကို ပြုလုပ်ကြပါ။ ###၄ အမှန်စင်စစ် အသင်တို့သည် အပြစ်ရှိသူများပင်ဖြစ်ကြသည်။ وَيۡلٌ يَوۡمَئِذٍ لِّلۡمُكَذِّبِينَ ٤٧ထိုနေ့တွင် မဟုတ်မမှန်ဟု စွပ်စွဲငြင်းပယ်ကြသည့်သူများအတွက် ပျက်စီးမှုရှိမည်။ وَإِذَا قِيلَ لَهُمُ ٱرۡكَعُواْ لَا يَرۡكَعُونَ ٤٨ထို့ပြင် သူတို့အား “အသင်တို့သည်ရုကူအ် ဩတ်ကိုင်းကြပါ”ဟုအမိန့်ပေးတော်မူသည့်အခါ သူတို့သည် ရုကူအ်ညွတ်ကိုင်းခြင်းမပြုကြပေ။ وَيۡلٌ يَوۡمَئِذٍ لِّلۡمُكَذِّبِينَ ٤٩ထိုနေ့တွင် မဟုတ်မမှန်ဟု စွပ်စွဲငြင်းပယ်ကြသည့်သူများအတွက် ပျက်စီးမှုရှိမည်။ فَبِأَيِّ حَدِيثِۭ بَعۡدَهُۥ يُؤۡمِنُونَ ٥٠သို့ဖြစ်ရာ သူတို့သည် ကုရ်အာန် ကျမ်းတော်မြတ်(ကျရောက်ခဲ့ပြီးသည့်)နောက်တွင် မည်သည့် စကားကို ယုံကြည်ကြဦးမည်နည်း။ ###၅