بِسۡمِ ٱللَّهِ ٱلرَّحۡمَٰنِ ٱلرَّحِيمِ
قُلۡ أُوحِيَ إِلَيَّ أَنَّهُ ٱسۡتَمَعَ نَفَرٌ مِّنَ ٱلۡجِنِّ فَقَالُوٓاْ إِنَّا سَمِعۡنَا قُرۡءَانًا عَجَبًا ١(အို-တမန်တော်)အသင်ပြောလိုက်ပါ-ငါ၏ထံသို့ ဤသို့ဝဟီအမိန့်တော်ထုတ်ပြန်ခြင်းခံခဲ့ရသည်။ အမှန်စင်စစ် ဂျင်န်တစ်စုသည် (ကုရ်အာန် ကျမ်းတော်မြတ်)ကို ကြားနာ ခဲ့ကြသည်။ ထို့နောက် သူတို့သည် (သူတို့ ဂျင်န်အမျိုးသားများထံ ပြန်သွား၍ ဤသို့)ပြောဆိုခဲ့ကြသည်-အမှန်စင်စစ် ကျွန်ုပ်တို့သည် အံ့ဩဖွယ်ရာကောင်းသော ကုရ်အာန်ကျမ်း တော်မြတ်ကို ကြားနာခဲ့ကြသည်။ ###၁ يَهۡدِيٓ إِلَى ٱلرُّشۡدِ فَـَٔامَنَّا بِهِۦۖ وَلَن نُّشۡرِكَ بِرَبِّنَآ أَحَدًا ٢ထို ကုရ်အာန်ကျမ်းတော်မြတ်သည် ဖြောင့်မတ်သောတရားလမ်းကို ညွှန်ကြားပြသသည့်အတွက် ကျွန်ုပ်တို့သည် ထိုကျမ်းတော်ကို ယုံကြည်ခဲ့ကြပြီဖြစ်သည်။ ထို့ပြင် ကျွန်ုပ်တို့သည် ကျွန်ုပ် တို့အား ဖန်ဆင်းမွေးမြူတော်မူသောအရှင်မြတ်နှင့် မည်သူ့ကိုမျှ လုံးဝတွဲဖက်ကိုးကွယ်မည်မဟုတ်တော့ပေ။ وَأَنَّهُۥ تَعَٰلَىٰ جَدُّ رَبِّنَا مَا ٱتَّخَذَ صَٰحِبَةً وَلَا وَلَدًا ٣ထို့ပြင် အမှန်စင်စစ် ကျွန်ုပ်တို့အား ဖန်ဆင်းမွေးမြူတော်မူသောအရှင်မြတ်၏ ဂုဏ်သည် မြင့်မြတ်သည်။ အရှင်မြတ်သည် မည်သူ့ကိုမျှ ကြင်ရာအဖြစ်ပြုလုပ်ခဲ့သည်လည်း မရှိပေ။ ထို့ပြင် သားသမီးအဖြစ်လည်း ပြုလုပ်တော်မူခဲ့သည်မရှိပေ။ وَأَنَّهُۥ كَانَ يَقُولُ سَفِيهُنَا عَلَى ٱللَّهِ شَطَطًا ٤ထို့ပြင် အမှန်စင်စစ် ကျွန်ုပ်တို့ထဲမှ အသိဉာဏ်မဲ့သူသည် အလ္လာဟ်အရှင်မြတ်နှင့် ပတ်သက်၍ လုံးဝမတရားသည့်စကားကို ပြောဆိုခဲ့ကြသည်။###၂ وَأَنَّا ظَنَنَّآ أَن لَّن تَقُولَ ٱلۡإِنسُ وَٱلۡجِنُّ عَلَى ٱللَّهِ كَذِبًا ٥ထို့ပြင် အမှန်စင်စစ် ကျွန်ုပ်တို့အနေနှင့် လူသားများနှင့် ဂျင်န်များသည် အလ္လာဟ်အရှင်မြတ်နှင့် ပတ်သက်၍ လုံးဝမုသားစကားပြောဆိုမည်မဟုတ်ပေဟု ထင်မှတ်နေခဲ့ကြသည်။ وَأَنَّهُۥ كَانَ رِجَالٌ مِّنَ ٱلۡإِنسِ يَعُوذُونَ بِرِجَالٍ مِّنَ ٱلۡجِنِّ فَزَادُوهُمۡ رَهَقًا ٦ထို့ပြင် လူသားအချို့သည် ဂျင်န်အချို့ထံတွင် ခိုလှုံလေ့ရှိခဲ့ကြသည့်အတွက် ထိုလူသားများသည် ထိုဂျင်န်များ၏ဆိုးသွမ်းမှုကို ပိုတိုးပွားစေခဲ့ကြသည်။ ###၃ وَأَنَّهُمۡ ظَنُّواْ كَمَا ظَنَنتُمۡ أَن لَّن يَبۡعَثَ ٱللَّهُ أَحَدًا ٧ထို့ပြင် အမှန်စင်စစ် ထိုဂျင်န်များသည် အသင်တို့ထင်မြင်ယူဆကြသကဲ့သို့ အလ္လာဟ်အရှင်မြတ်သည်မည်သူ့ကိုမျှ (သေပြီးနောက်)လုံးဝရှင်ပြန်ထစေမည်မဟုတ်ပေ (မည်သူ့ကိုမျှ တမန်တော်အဖြစ်စေလွှတ်တော်မူမည်မဟုတ်ပေ)ဟု ထင်မြင်ယူဆခဲ့ကြသည်။ وَأَنَّا لَمَسۡنَا ٱلسَّمَآءَ فَوَجَدۡنَٰهَا مُلِئَتۡ حَرَسًا شَدِيدًا وَشُهُبًا ٨ထို့ပြင် အမှန်စင်စစ် ကျွန်ုပ်တို့သည် မိုးကောင်းကင်ကို စူးစမ်းခဲ့ကြသည့်အခါ ထိုမိုးကောင်းကင်ကို ပြင်းထန်သော အစောင့်အကြပ်များနှင့်တကွ မီးတောက်မီးလျှံများနှင့် လည်းပြည့်နှက်နေသည်ကို ကျွုန်ုပ်တို့တွေ့ခဲ့ကြရသည်။ وَأَنَّا كُنَّا نَقۡعُدُ مِنۡهَا مَقَٰعِدَ لِلسَّمۡعِۖ فَمَن يَسۡتَمِعِ ٱلۡأٓنَ يَجِدۡ لَهُۥ شِهَابًا رَّصَدًا ٩ထို့ပြင် အမှန်စင်စစ် ကျွန်ုပ်တို့သည် ထိုမိုးကောင်းကင်မှ (သတင်းများ)နားထောင်ရန် ထိုင်သည့်နေရာများတွင် ထိုင်လေ့ရှိခဲ့ကြသည်။ ယခုမူမည်သူမဆို (သွားရောက်)နားထောင်လျှင် မီးကျီမီးခဲတစ်ခုအား သူ့အတွက် အသင့်စောင့်နေသည်ကို တွေ့ရမည်ဖြစ်သည်။ وَأَنَّا لَا نَدۡرِيٓ أَشَرٌّ أُرِيدَ بِمَن فِي ٱلۡأَرۡضِ أَمۡ أَرَادَ بِهِمۡ رَبُّهُمۡ رَشَدًا ١٠ထို့ပြင် အမှန်စင်စစ် ကမ္ဘာသူကမ္ဘာသားများနှင့် ပတ်သက်၍ အဆိုးကို ရည်ရွယ်ထားသလော၊ သို့မဟုတ် သူတို့နှင့် ပတ်သက်၍ သူတို့အားဖန်ဆင်းမွေးမြူတော်မူသော အရှင်မြတ်က တရားလမ်းမှန်ပြသရန်ရည်ရွယ်တော်မူသလောဆိုသည်ကို ကျွန်ုပ်တို့ မသိကြတော့ပေ။ وَأَنَّا مِنَّا ٱلصَّٰلِحُونَ وَمِنَّا دُونَ ذَٰلِكَۖ كُنَّا طَرَآئِقَ قِدَدًا ١١ထို့ပြင် အမှန်စင်စစ် ကျွန်ုပ်တို့ထဲတွင် အချို့သည် ကောင်းမြတ်သည့်သူများဖြစ်ကြသည်။ ကျွန်ုပ်တို့ထဲတွင် အချို့ကမူ ထိုအရာနှင့်ခြားနားသည်။ ကျွန်ုပ်တို့အုပ်စု(ဂိုဏ်းဂဏ)အသီးသီးသည်လမ်းစဉ်အမျိုးမျိုးဖြစ်ခဲ့ကြသည်။ وَأَنَّا ظَنَنَّآ أَن لَّن نُّعۡجِزَ ٱللَّهَ فِي ٱلۡأَرۡضِ وَلَن نُّعۡجِزَهُۥ هَرَبًا ١٢ထို့ပြင် အမှန်စင်စစ် ကျွန်ုပ်တို့သည် အလ္လာဟ်အရှင်မြတ်အား မြေပထဝီပေါ်တွင်လည်း မစွမ်းဆောင်နိုင်အောင် လုံးဝပြုလုပ်နိုင်ကြမည်မဟုတ်ကြောင်းနှင့် ထွက်ပြေးတိမ်းရှောင်ခြင်းအားဖြင့်လည်း အရှင်မြတ်ကို မစွမ်းဆောင်နိုင်အောင် လုံးဝပြုလုပ်နိုင်ကြမည်မဟုတ်ကြောင်းကို သိရှိခဲ့ပြီးဖြစ်သည်။ وَأَنَّا لَمَّا سَمِعۡنَا ٱلۡهُدَىٰٓ ءَامَنَّا بِهِۦۖ فَمَن يُؤۡمِنۢ بِرَبِّهِۦ فَلَا يَخَافُ بَخۡسًا وَلَا رَهَقًا ١٣ထို့ပြင် အမှန်စင်စစ် ကျွန်ုပ်တို့သည် လမ်းမှန်ညွှန်ကြားပြသချက်(ဖြစ်သောကျမ်းတော်မြတ်ကုရ်အာန်)ကို ကြားနာကြရသည့်အခါ ကျွန်ုပ်တို့သည် ထိုအရာကိုယုံကြည်လာခဲ့ ကြသည်။ ထို့ပြင် မည်သူမဆို သူ့အားဖန်ဆင်းမွေးမြူတော်မူသောအရှင်မြတ်ကို ယုံကြည်လျှင် ထိုသူသည် မည်သည့်နစ်နာမှုကိုမျှ စိုးရိမ်ရမည်မဟုတ်ပေ၊ ထို့ပြင် မည်သည့်မတရားလုပ်မှုကိုမျှလည်း စိုးရိမ်ရမည်မဟုတ်ပေ။ وَأَنَّا مِنَّا ٱلۡمُسۡلِمُونَ وَمِنَّا ٱلۡقَٰسِطُونَۖ فَمَنۡ أَسۡلَمَ فَأُوْلَٰٓئِكَ تَحَرَّوۡاْ رَشَدًا ١٤ထို့ပြင် အမှန်စင်စစ် ကျွန်ုပ်တို့ထဲတွင် အချို့သည် မွတ်စ်လင်မ်များဖြစ်ကြသည်။ ထို့ပြင် ကျွုန်ုပ်တို့ထဲတွင် အချို့သည် မတရား(ယူကြည်ချက်ဖောက်ပြန်)သူများဖြစ်ကြသည်။ ထို့ပြင် အစ္စလာမ်သာသနာကို လက်ခံသောသူများသည် လမ်းမှန်ကို ရှာဖွေတွေ့ရှိသွားသောသူများပင် ဖြစ်ကြသည်။ وَأَمَّا ٱلۡقَٰسِطُونَ فَكَانُواْ لِجَهَنَّمَ حَطَبًا ١٥ထို့ပြင် မတရားသောသူများသည် ဂျဟန္နမ်ငရဲမီး၏ လောင်စာများပင်ဖြစ်ကြသည်။ وَأَلَّوِ ٱسۡتَقَٰمُواْ عَلَى ٱلطَّرِيقَةِ لَأَسۡقَيۡنَٰهُم مَّآءً غَدَقًا ١٦ထို့ပြင် အကယ်၍ သူတို့သည် လမ်း(မှန်)ပေါ်တွင် စွဲမြဲစွာ ရပ်တည်ခဲ့ကြလျှင် အမှန်ပင် ငါအရှင်မြတ်သည် ရေကိုသူတို့အား ပေါများစွာတိုက်ကျွေးတော်မူမည်ဖြစ်သည်။ لِّنَفۡتِنَهُمۡ فِيهِۚ وَمَن يُعۡرِضۡ عَن ذِكۡرِ رَبِّهِۦ يَسۡلُكۡهُ عَذَابًا صَعَدًا ١٧ငါအရှင်မြတ်သည် သူတို့အား ထိုရေနှင့် ပတ်သက်၍ စမ်းသပ်တော်မူရန်အတွက်ဖြစ်သည်။ ထို့ပြင် မည်သူမဆို သူ့အားဖန်ဆင်းမွေးမြူတော်မူသောအရှင်မြတ်အား သတိ ရတသခြင်းမှ မျက်နှာလွှဲလျှင် အရှင်မြတ်သည် သူ့ကို ပြင်းထန်သော ပြစ်ဒဏ်ထဲတွင် ခံစားစေတော်မူမည်။ وَأَنَّ ٱلۡمَسَٰجِدَ لِلَّهِ فَلَا تَدۡعُواْ مَعَ ٱللَّهِ أَحَدًا ١٨ထို့ပြင် အမှန်စင်စစ် မတ်စ်ဂျိဒ် ဗလီဝတ်ကျောင်းတော်များသည် အလ္လာဟ်အရှင်မြတ်အတွက်ပင်ဖြစ်ခြင်းကြောင့် အသင်တို့သည် အလ္လာဟ်အရှင်မြတ်နှင့် အတူ မည်သူ့ကိုမျှ မကိုးကွယ်ကြနှင့်။ وَأَنَّهُۥ لَمَّا قَامَ عَبۡدُ ٱللَّهِ يَدۡعُوهُ كَادُواْ يَكُونُونَ عَلَيۡهِ لِبَدًا ١٩ထို့ပြင် အမှန်စင်စစ် အလ္လာဟ်အရှင်မြတ်၏ကျွန် (တမန်တော်မုဟမ်္မဒ်(ဆွ))သည် အရှင်မြတ်အားဟစ်ခေါ်ဝတ်ပြုရန်ရပ်သည့်အခါ သူတို့သည် ၎င်း၏အပေါ်တွင် ဝိုင်းအုံမည့်ဆဲဆဲဖြစ်ခဲ့ကြသည်။ ###၄ قُلۡ إِنَّمَآ أَدۡعُواْ رَبِّي وَلَآ أُشۡرِكُ بِهِۦٓ أَحَدًا ٢٠(အို-တမန်တော်)အသင်ပြောလိုက်ပါ၊ ငါသည် ငါ့အား ဖန်ဆင်းမွေးမြူတော်မူသောအရှင်မြတ်ကိုပင် ကိုးကွယ်သည်။ ထို့ပြင် ငါသည် မည်သူ့ကိုမျှ အရှင်မြတ်နှင့် မတွဲဖက်ပေ။ قُلۡ إِنِّي لَآ أَمۡلِكُ لَكُمۡ ضَرًّا وَلَا رَشَدًا ٢١(အို-တမန်တော်)အသင်ပြောလိုက်ပါ-အမှန်စင်စစ် ငါသည် အသင်တို့၏ဒုက်္ခရောက်စေခြင်းကိုလည်းကောင်း၊ လမ်းမှန်ပေါ်ရောက်စေခြင်းကိုလည်းကောင်း မည်သည့်အရာမျှတတ်စွမ်းနိုင်ခြင်းမရှိပေ။ قُلۡ إِنِّي لَن يُجِيرَنِي مِنَ ٱللَّهِ أَحَدٌ وَلَنۡ أَجِدَ مِن دُونِهِۦ مُلۡتَحَدًا ٢٢(အို-တမန်တော်)အသင်ပြောလိုက်ပါ- အမှန်စင်စစ်(ငါသည် အလ္လာဟ်အရှင်မြတ်အားဖီဆန်ခဲ့လျှင်) မည်သူမျှ ငါ့ကိုအလ္လာဟ်အရှင်မြတ်မှ ကာကွယ်နိုင်မည်မဟုတ်ပေ။ ထို့ပြင် ငါသည် အရှင်မြတ်ထံတော်မှလွဲ၍ မည်သည့်ခိုလှုံရာနေရာကိုမျှလည်း တွေ့မည်မဟုတ်ပေ။ إِلَّا بَلَٰغًا مِّنَ ٱللَّهِ وَرِسَٰلَٰتِهِۦۚ وَمَن يَعۡصِ ٱللَّهَ وَرَسُولَهُۥ فَإِنَّ لَهُۥ نَارَ جَهَنَّمَ خَٰلِدِينَ فِيهَآ أَبَدًا ٢٣သို့ရာတွင် (ငါတတ်စွမ်းနိုင်သည်ကမူ အသင်တို့ထံ)အရှင်မြတ်ပို့ခိုင်းသည်များကို ပို့ဆောင်ခြင်းနှင့် (ငါ့ကို စေလွှတ်ပြီးခိုင်းထားသည့်)အရှင်မြတ်၏မှာကြားချက်များ(ကို လိုက်နာဆောင်ရွက်ခြင်း)သာဖြစ်သည်။ ထို့ပြင် မည်သူမဆို အလ္လာဟ်အရှင်မြတ်နှင့် အရှင်မြတ်၏ တမန်တော်ကို ဖီဆန်လျှင် အမှန်စင်စစ် ထိုသူ့အတွက် ဂျဟန္နမ်ငရဲမီးရှိသည်။ ထိုမီးထဲတွင် အမြဲနေထိုင်သူများဖြစ်လိမ့်မည်။ حَتَّىٰٓ إِذَا رَأَوۡاْ مَا يُوعَدُونَ فَسَيَعۡلَمُونَ مَنۡ أَضۡعَفُ نَاصِرًا وَأَقَلُّ عَدَدًا ٢٤နောက်ဆုံးတွင် သူတို့သည် သူတို့ ခြိမ်းခြောက်ခြင်းခံရသော (ပြစ်ဒဏ်)ကို တွေ့မြင်ကြသည့်အခါ မည်သူ၏ကူညီစောင်မသူသည် အားနည်းကြောင်းနှင့် အရေအတွက်နည်းပါးကြောင်းကို မကြာမီ သိရှိကြလိမ့်မည်။ قُلۡ إِنۡ أَدۡرِيٓ أَقَرِيبٌ مَّا تُوعَدُونَ أَمۡ يَجۡعَلُ لَهُۥ رَبِّيٓ أَمَدًا ٢٥(အို-တမန်တော်)အသင်ပြောလိုက်ပါ- အသင်တို့ ချိန်းဆိုခြင်းခံကြရသော (ကိယာမသ်နေ့)သည် နီးကပ်စွာ ဖြစ်သလော၊ သို့မဟုတ် ငါ့အား ဖန်ဆင်းမွေးမြူတော်မူသော အရှင်မြတ်က ထို (ကိယာမသ်နေ့)ကို ဝေးလံစွာ ပြုလုပ်ထားသလောဆိုသည်ကို ငါမသိပေ။ عَٰلِمُ ٱلۡغَيۡبِ فَلَا يُظۡهِرُ عَلَىٰ غَيۡبِهِۦٓ أَحَدًا ٢٦(အရှင်မြတ်သည်) အကွယ်တွင် ရှိသည်များကို သိတော်မူသောအရှင် ဖြစ်တော်မူသည်။ ထို့ပြင် အရှင်မြတ်သည် အရှင်မြတ်၏အကွယ်မှ အသိပညာကို မည်သူ့ကိုမျှ ထုတ်ဖော် အသိပေးတော်မမူပေ။ ###၅ إِلَّا مَنِ ٱرۡتَضَىٰ مِن رَّسُولٍ فَإِنَّهُۥ يَسۡلُكُ مِنۢ بَيۡنِ يَدَيۡهِ وَمِنۡ خَلۡفِهِۦ رَصَدًا ٢٧သို့ရာတွင် အရှင်မြတ်သည် အရှင်မြတ်ကျေနပ်နှစ်သက်တော်မူသော တမန်တော်တစ်ပါးပါးအား (အကွယ်မှ အသိတစ်စုံတစ်ခုပေးလိုတော်မူသည့်အခါ) အမှန်စင်စစ် ထိုအရှင်မြတ်သည် ထိုတမန်တော်၏ရှေ့နှင့်နောက်မှ အစောင့်အကြပ် (ကောင်းကင်တမန်)ကို စေလွှတ်တော်မူသည်။ ###၆ لِّيَعۡلَمَ أَن قَدۡ أَبۡلَغُواْ رِسَٰلَٰتِ رَبِّهِمۡ وَأَحَاطَ بِمَا لَدَيۡهِمۡ وَأَحۡصَىٰ كُلَّ شَيۡءٍ عَدَدَۢا ٢٨ထိုသူများ (လူသားတမန်တော်များနှင့် ကောင်းကင်တမန်များ)သည် သူတို့အား ဖန်ဆင်းမွေးမြူတော်မူသော အရှင်မြတ်၏ အကြောင်းကြားချက်များအား ပို့ဆောင်ခဲ့ကြ သည်ကို အရှင်မြတ် သိတော်မူရန်အတွက် (ထိုသို့ ပြုလုပ်ရခြင်း)ဖြစ်သည်။###၇ ထို့ပြင် အရှင်မြတ်သည် သူတို့၏ အခြေအနေအားလုံးကို ဝန်းရံထားတော်မူသည်။ ထို့ပြင် အရာအားလုံး၏ အရေအတွက်ကိုလည်း ရေတွက်မှတ်သားထားတော်မူပြီးဖြစ်သည်။