بِسۡمِ ٱللَّهِ ٱلرَّحۡمَٰنِ ٱلرَّحِيمِ
يَٰٓأَيُّهَا ٱلۡمُزَّمِّلُ ١အို-အဝတ်ခြုံထားသူ။ ###၁ قُمِ ٱلَّيۡلَ إِلَّا قَلِيلًا ٢အသင်သည် ည၌ (စွလာသ်ဝတ်ပြုရန်)ထပါ၊ သို့ရာတွင် အနည်းငယ် (အိပ်ပါ)။ نِّصۡفَهُۥٓ أَوِ ٱنقُصۡ مِنۡهُ قَلِيلًا ٣(သို့မဟုတ်) ညဝက်၊ သို့မဟုတ် ညဝက်ထက် အနည်းငယ်လျှော့၍(အိပ်ပါ)။ أَوۡ زِدۡ عَلَيۡهِ وَرَتِّلِ ٱلۡقُرۡءَانَ تَرۡتِيلًا ٤သို့မဟုတ် ညဝက်ထက်ပို၍(အိပ်ပါ)။ ###၂ ထို့ပြင် အသင်သည် ကုရ်အာန်ကျမ်းတော်မြတ်ကို (သရ်သီလ်ဖြင့်)ဌာန်ကရိုဏ်းကျကျ ဖတ်ရွတ်ပါ။ ###၃ إِنَّا سَنُلۡقِي عَلَيۡكَ قَوۡلًا ثَقِيلًا ٥အမှန်စင်စစ် ငါအရှင်မြတ်သည် အသင်၏အပေါ်တွင် လေးလံသော စကားတော်ကို မကြာမီချပေးတော်မူမည်။ ###၄ إِنَّ نَاشِئَةَ ٱلَّيۡلِ هِيَ أَشَدُّ وَطۡـًٔا وَأَقۡوَمُ قِيلًا ٦အမှန်စင်စစ် ည၌ထခြင်းသည် စိတ်နှလုံးကို ပိုမိုထိရောက်မှု (စိတ်ပါဝင်စားမှု)ဖြစ်စေသည်။ ထို့ပြင် စကားကိုလည်း ရှင်းလင်းပြတ်သားစေသည်။ إِنَّ لَكَ فِي ٱلنَّهَارِ سَبۡحًا طَوِيلًا ٧အမှန်စင်စစ် နေ့တွင် အသင့်အတွက် လုပ်ငန်းဆောင်တာများ များပြားလှသည်။ وَٱذۡكُرِ ٱسۡمَ رَبِّكَ وَتَبَتَّلۡ إِلَيۡهِ تَبۡتِيلًا ٨ထို့ပြင် အသင်သည် အသင့်အား ဖန်ဆင်းမွေးမြူတော်မူသောအရှင်မြတ်၏ နာမတော်ကို ရွတ်ဆိုတသပါ။ ထို့ပြင် အသင်သည် (လောကီရေးရာ လုပ်ငန်းဆောင်တာ) သံယောဇဉ် အတွယ်အတာများကို ဖြတ်တောက်ပြီး အရှင်မြတ်ဘက်သို့ပင် အာရုံစူးစိုက်လှည့်ပါ။ رَّبُّ ٱلۡمَشۡرِقِ وَٱلۡمَغۡرِبِ لَآ إِلَٰهَ إِلَّا هُوَ فَٱتَّخِذۡهُ وَكِيلًا ٩(အရှင်မြတ်သည်) နေထွက်ရာအရပ်နှင့် နေဝင်ရာအရပ်ကို ဖန်ဆင်းတော်မူသောအရှင် ဖြစ်တော်မူသည်။ ထိုအရှင်မြတ်မှလွဲ၍ ကိုးကွယ်ထိုက်သည့်အရှင်မရှိပေ။ သို့ဖြစ်ရာ အသင်သည် ထိုအရှင်မြတ်ကိုပင် ကိစ္စဟူသမျှကို ဆောင်ရွက်ပေးသည့်အလွန်ယုံပုံလွှဲအပ်ခြင်းခံထိုက်တော်မူသောအရှင်အဖြစ် ရွေးချယ်ပြုလုပ်ပါ။ وَٱصۡبِرۡ عَلَىٰ مَا يَقُولُونَ وَٱهۡجُرۡهُمۡ هَجۡرًا جَمِيلًا ١٠ထို့ပြင် အသင်(တမန်တော်)သည် သူတို့၏ ပြောဆိုချက်များအပေါ်တွင် သည်းခံပါ။ ထို့ပြင် အသင်သည် သူတို့အား လှပစွာခွဲခွာပြီး လွတ်ကင်းစွာနေလိုက်ပါ။ وَذَرۡنِي وَٱلۡمُكَذِّبِينَ أُوْلِي ٱلنَّعۡمَةِ وَمَهِّلۡهُمۡ قَلِيلًا ١١ထို့ပြင် အသင်(တမန်တော်)သည် ငါအရှင်မြတ်နှင့် မဟုတ်မမှန်ဟု စွပ်စွဲငြင်းပယ်ကြသည့်စည်းစိမ်ရှင်များကို လွှတ်ထားလိုက်ပါ။ ထို့ပြင်အသင်သည် သူတို့အား အနည်းငယ် ဆိုင်းငံ့ခွင့်ပေးလိုက်ပါ။ ###၅။ إِنَّ لَدَيۡنَآ أَنكَالًا وَجَحِيمًا ١٢အမှန်စင်စစ် ငါအရှင်မြတ်ထံတော်တွင် (ခြေထိတ်ခတ်သည့်) သံခြေချင်းများနှင့် ဂျဟန်္နမ်ငရဲအပြင်၊ وَطَعَامًا ذَا غُصَّةٍ وَعَذَابًا أَلِيمًا ١٣လည်မျိုတွင် တစ်ဆို့နေမည့် အစားအစာများသာမက၊ နာကျင်စေသည့်ပြစ်ဒဏ်လည်းရှိသည်။ يَوۡمَ تَرۡجُفُ ٱلۡأَرۡضُ وَٱلۡجِبَالُ وَكَانَتِ ٱلۡجِبَالُ كَثِيبًا مَّهِيلًا ١٤ထိုနေ့တွင် ကမ္ဘာမြေနှင့် တောင်များသည် တုန်လှုပ်သွားကြမည်။ ထို့ပြင် တောင်များသည် ရွေ့လျားလွင့်ပါးနေသော သဲသောင်များကဲ့သို့ဖြစ်သွားကြမည်။ إِنَّآ أَرۡسَلۡنَآ إِلَيۡكُمۡ رَسُولًا شَٰهِدًا عَلَيۡكُمۡ كَمَآ أَرۡسَلۡنَآ إِلَىٰ فِرۡعَوۡنَ رَسُولًا ١٥အမှန်စင်စစ် ငါအရှင်မြတ်သည် ဖိရ်အောင်န်ထံသို့ တမန်တော်တစ်ပါး စေလွှတ်တော်မူသကဲ့သို့ပင် အသင်တို့ထံသို့လည်း တမန်တော်တစ်ပါးကို အသင်တို့အပေါ်တွင်သက်သေအဖြစ် စေလွှတ်တော်မူသည်။ ###၆ فَعَصَىٰ فِرۡعَوۡنُ ٱلرَّسُولَ فَأَخَذۡنَٰهُ أَخۡذًا وَبِيلًا ١٦ထို့နောက် ဖိရ်အောင်န်သည် ထိုတမန်တော်ကို ဖီဆန်ခဲ့သည့်အတွက် ငါအရှင်မြတ်သည် သူ့ကို ပြင်းထန်စွာ ဖမ်းဆီးအရေးယူတော်မူခဲ့သည်။ ###၇ فَكَيۡفَ تَتَّقُونَ إِن كَفَرۡتُمۡ يَوۡمًا يَجۡعَلُ ٱلۡوِلۡدَٰنَ شِيبًا ١٧သို့ဖြစ်ရာ အသင်တို့သည် ငြင်းပယ်ခဲ့လျှင် အသင်တို့သည် ထိုနေ့မှ မည်သို့လွတ်ကင်းအောင်ရှောင်ကြမည်နည်း။ ထိုနေ့သည် ကလေးငယ်များကိုပင် အဖိုးအိုများဖြစ်အောင် ပြုလုပ်လိမ့်မည်။ ٱلسَّمَآءُ مُنفَطِرُۢ بِهِۦۚ كَانَ وَعۡدُهُۥ مَفۡعُولًا ١٨မိုးကောင်းကင်သည်လည်း ထိုနေ့(၏ ပြင်းထန်မှု)ကြောင့် အက်ကွဲသွားမည်။ အရှင်မြတ်၏ ချိန်းဆိုချက်ကမူ ဆောင်ရွက်ပြီးစီးသွားသည်ချည်းသာဖြစ်သည်။ إِنَّ هَٰذِهِۦ تَذۡكِرَةٌۖ فَمَن شَآءَ ٱتَّخَذَ إِلَىٰ رَبِّهِۦ سَبِيلًا ١٩အမှန်စင်စစ် ဤသည် ဆုံးမဩဝါဒပင်ဖြစ်သည်။ သို့ဖြစ်ရာ အလိုရှိသူသည် သူ့အား ဖန်ဆင်းမွေးမြူတော်မူသောအရှင်မြတ်ထံတော်သို့ (သွားသည့်)လမ်းကိုပင် ရွေးချယ်ရမည်ဖြစ်သည်။ ###၈ ۞ إِنَّ رَبَّكَ يَعۡلَمُ أَنَّكَ تَقُومُ أَدۡنَىٰ مِن ثُلُثَيِ ٱلَّيۡلِ وَنِصۡفَهُۥ وَثُلُثَهُۥ وَطَآئِفَةٌ مِّنَ ٱلَّذِينَ مَعَكَۚ وَٱللَّهُ يُقَدِّرُ ٱلَّيۡلَ وَٱلنَّهَارَۚ عَلِمَ أَن لَّن تُحۡصُوهُ فَتَابَ عَلَيۡكُمۡۖ فَٱقۡرَءُواْ مَا تَيَسَّرَ مِنَ ٱلۡقُرۡءَانِۚ عَلِمَ أَن سَيَكُونُ مِنكُم مَّرۡضَىٰ وَءَاخَرُونَ يَضۡرِبُونَ فِي ٱلۡأَرۡضِ يَبۡتَغُونَ مِن فَضۡلِ ٱللَّهِ وَءَاخَرُونَ يُقَٰتِلُونَ فِي سَبِيلِ ٱللَّهِۖ فَٱقۡرَءُواْ مَا تَيَسَّرَ مِنۡهُۚ وَأَقِيمُواْ ٱلصَّلَوٰةَ وَءَاتُواْ ٱلزَّكَوٰةَ وَأَقۡرِضُواْ ٱللَّهَ قَرۡضًا حَسَنًاۚ وَمَا تُقَدِّمُواْ لِأَنفُسِكُم مِّنۡ خَيۡرٍ تَجِدُوهُ عِندَ ٱللَّهِ هُوَ خَيۡرًا وَأَعۡظَمَ أَجۡرًاۚ وَٱسۡتَغۡفِرُواْ ٱللَّهَۖ إِنَّ ٱللَّهَ غَفُورٌ رَّحِيمُۢ ٢٠အမှန်စင်စစ် အသင်(တမန်တော်)အား ဖန်ဆင်းမွေးမြူတော်မူသော အရှင်မြတ်သည် အသင့်အားသာမက အသင်နှင့်အတူရှိကြသောသူများထဲမှ လူတစ်စုအား ည၏ သုံးပုံနှစ်ပုံနီးပါး၊ တစ်ခါ တစ်ရံ ညဝက်၊ တစ်ခါတစ်ရံ ည၏ သုံးပုံတစ်ပုံ (စွလာသ် ဝတ်ပြုရန်)ရပ်ကြသည်ကို သိရှိတော်မူသည်။ ###၉ ထို့ပြင် အလ္လာဟ်အရှင်မြတ်သည်ပင် ညနှင့်နေ့ကို တိုင်းတာသတ်မှတ်တော်မူသည်။ အမှန်စင်စစ် အသင်တို့သည် ထို(ည၏ အချိန်ပိုင်းများ)ကို လုံးဝရေတွက်မှတ်သားစောင့်စည်းနိုင်ကြမည်မဟုတ်သည်ကို အရှင် မြတ်သိရှိတော်မူသည်။ သို့ဖြစ်ရာ အရှင်မြတ်သည် အသင်တို့ဘက်သို့ ကရုဏာနှင့် လှည့်တော်မူ(၍လျှော့ပေါ့ပေးတော်မူ)ခဲ့သည်။ သို့ဖြစ်ရာ အသင်တို့သည် (စွလာသ်အတွင်း၌) ကုရ်အာန်ကျမ်းတော်မြတ်ကို အလွယ်တကူ ရွတ်ဖတ်နိုင်သမျှကိုပင် ရွတ်ဖတ်ကြပါ။ ###၁ဝ အသင်တို့ထဲမှ အချို့သည် ရောဂါသည်များဖြစ်ကြမည် ဖြစ်ကြောင်း၊ အခြားသူများ သည် အလ္လာဟ်အရှင်မြတ်၏ ကျေးဇူးတော် စားနပ်ရိက္ခာကို ရှာဖွေရန် ကမ္ဘာမြေတွင်ခရီးသွားလာကြမည်ဖြစ်ကြောင်းနှင့် အခြားသူများသည် အလ္လာဟ် အရှင်မြတ်၏လမ်းတော်တွင် စစ်တိုက်ကြမည်ဖြစ်ကြောင်းကို သိရှိတော်မူသည်။ သို့ဖြစ်ရာ အသင်တို့သည် (စွလာသ်ဝတ်ပြုရာတွင်)၎င်းကုရ်အာန်ကျမ်းတော်မြတ်မှ လွယ်ကူစွာရွတ်ဖတ်နိုင်သမျှကိုသာရွတ်ဖတ်ကြပါ။ ထို့ပြင် အသင်တို့သည် စွလာသ်ဝတ်ပြုမှုကို (စွဲမြဲစွာ)ဆောက်တည်ကြပါ။ ထို့ပြင် ဇကာသ်ကိုလည်း ပေးဆောင်ကြပါ။ ထို့ပြင် အသင်တို့သည် အလ္လာဟ်အရှင်မြတ် အား ကောင်းမြတ်သော (စေတနာ)နှင့် အကြွေးချေးငှားကြပါ။ ထို့ပြင် အသင်တို့သည် မည်သည့် ကောင်းမှုကိုမဆို အသင်တို့အတွက် ကြိုတင်ပို့ကြလျှင် ထိုကောင်းမှုကို အလ္လာဟ် အရှင်မြတ်ထံတော်တွင် ပိုကောင်းသည့်အဖြစ်နှင့်သာမက ပိုကြီးကျယ်သောအကျိုးကုသိုလ်အဖြစ်နှင့်လည်း အသင်တို့ တွေ့ရှိကြရမည် ဖြစ်သည်။ ထို့ပြင် အသင်တို့သည် အလ္လာဟ် အရှင်မြတ်ထံတော်တွင် လွတ်ငြိမ်းချမ်းသာခွင့်ကို အသနားခံကြပါ။ ###၁၁ အမှန်စင်စစ် အလ္လာဟ်အရှင်မြတ်သည် အလွန်လွတ်ငြိမ်းချမ်းသာခွင့်ပေးတော်မူသောအရှင်၊ အလွန်သနားကြင်နာတော်မူသောအရှင် ဖြစ်တော်မူသည်။