ملة الإسلام

السورة 70 · 44 آية · Hashim Tin Myint

سورة المعارج باللغة البورمية

السورة بالعربية مع التفسير استمع إلى سورة المعارج (1,289 قارئاً)
مكيةسورة المعارج٤٤ آية

بِسۡمِ ٱللَّهِ ٱلرَّحۡمَٰنِ ٱلرَّحِيمِ

سَأَلَ سَآئِلُۢ بِعَذَابٍ وَاقِعٍ ١‌တောင်းဆိုသူတစ်ဦးသည် ကျ‌ရောက်မည့်ပြစ်ဒဏ်ကို ‌တောင်းဆိုသည်။ لِّلۡكَٰفِرِينَ لَيۡسَ لَهُۥ دَافِعٌ ٢ကာဖိရ်များအ‌ပေါ်တွင် ထိုပြစ်ဒဏ်ကို တွန်းလှန်ဖယ်ရှားမည့်သူ မည်သူမျှမရှိ‌ပေ။ مِّنَ ٱللَّهِ ذِي ٱلۡمَعَارِجِ ٣(ဝိညာဉ်များ၊ ‌ကောင်းမှုများနှင့် ‌ကောင်းကင်တမန်များ)တက်ရာလမ်းများကို စိုးပိုင်‌တော်မူ‌သောအလ္လာဟ်အရှင်မြတ်ထံ‌တော်မှ (ကျ‌ရောက်မည်) ဖြစ်သည်။ تَعۡرُجُ ٱلۡمَلَٰٓئِكَةُ وَٱلرُّوحُ إِلَيۡهِ فِي يَوۡمٍ كَانَ مِقۡدَارُهُۥ خَمۡسِينَ أَلۡفَ سَنَةٍ ٤‌ကောင်းကင်တမန်များနှင့် ဂျိဗ်ရီလ် သည် ‌နေ့တစ်‌နေ့တွင် အရှင်မြတ်ထံ‌တော်သို့ တက်‌ရောက်သွားကြသည်။ ထို‌နေ့၏ အတိုင်းအတာသည် ဤဘဝ၏ နှစ်‌ပေါင်းငါး‌သောင်း နှင့် ညီမျှသည်။ فَٱصۡبِرۡ صَبۡرًا جَمِيلًا ٥သို့ဖြစ်ရာ အသင်(တမန်‌တော်)သည် ‌ကောင်းစွာသည်းခံပါ။ إِنَّهُمۡ يَرَوۡنَهُۥ بَعِيدًا ٦အမှန်စင်စစ် သူတို့သည် ထိုပြစ်ဒဏ်(ကျ‌ရောက်မည့်‌နေ့)ကို ‌ဝေးသည်ဟု မြင်ကြသည်။ وَنَرَىٰهُ قَرِيبًا ٧ငါအရှင်မြတ်ကမူ ထိုပြစ်ဒဏ်(ကျ‌ရောက်မည့်‌နေ့)ကို အနီး၌ပင် မြင်‌နေ‌တော်မူသည်။ يَوۡمَ تَكُونُ ٱلسَّمَآءُ كَٱلۡمُهۡلِ ٨ထို‌နေ့တွင် မိုး‌ကောင်းကင်သည် ဆီအနည်ကဲ့သို့ဖြစ်သွားမည်။ وَتَكُونُ ٱلۡجِبَالُ كَٱلۡعِهۡنِ ٩ထို့ပြင် ‌တောင်များသည် အ‌ရောင်ဆိုးထား‌သော သိုး‌မွေးများကဲ့သို့ ဖြစ်သွားမည်။ وَلَا يَسۡـَٔلُ حَمِيمٌ حَمِيمًا ١٠ထို့ပြင် မည်သည့်ရင်းနှီးသည့်မိတ်‌ဆွေကမျှ အခြား ရင်းနှီးသည့်မိတ်‌ဆွေကို ‌မေးမည်မဟုတ်‌ပေ။ يُبَصَّرُونَهُمۡۚ يَوَدُّ ٱلۡمُجۡرِمُ لَوۡ يَفۡتَدِي مِنۡ عَذَابِ يَوۡمِئِذِۭ بِبَنِيهِ ١١သူတို့သည် အချင်းချင်း(မြင်‌အောင်)ပြသခြင်းကိုလည်း ခံကြရမည်။ (သို့ရာတွင် မိမိ၏အ‌ရေးကိစ္စမှလွဲ၍ မည်သူ့ကိုမျှ ဂရုစိုက်နိုင်မည်မဟုတ်‌ပေ)။အပြစ်ရှိသည့်သူများသည် ထို‌နေ့၏ ပြစ်ဒဏ်မှ(လွတ်‌မြောက်ရန်) သူ၏သားများကို အစားထိုး‌လျော်‌ကြေး‌ပေးပြီး လဲလှယ်၍ရလျှင် အဘယ်မျှ‌ကောင်းလိုက်မည်နည်းဟု ဆန္ဒဖြစ်လိမ့်မည်။ وَصَٰحِبَتِهِۦ وَأَخِيهِ ١٢ထို့ပြင် (‌လျော်‌ကြေး‌ပေးပြီးလဲ၍ရမည်ဆိုလျှင်) သူ၏ ကြင်ရာကို‌သော်လည်း‌ကောင်း၊ သူ၏ ညီအစ်ကိုကို‌သော်လည်း‌ကောင်း၊ وَفَصِيلَتِهِ ٱلَّتِي تُـٔۡوِيهِ ١٣သူ့ကို ခိုလှုံခွင့်‌ပေးထား‌သော ‌ဆွေမျိုးသားချင်းများကို‌သော်လည်း‌ကောင်း၊ وَمَن فِي ٱلۡأَرۡضِ جَمِيعًا ثُمَّ يُنجِيهِ ١٤‌မြေပထဝီတွင် ရှိသမျှသူအားလုံးကို‌သော်လည်း‌ကောင်း (‌လျော်‌ကြေးအဖြစ်‌ပေးပြီး ) သူ့ကိုယ်သူလွတ်‌မြောက်‌အောင်လုပ်ချင်သည်။ كـَلَّآۖ إِنَّهَا لَظَىٰ ١٥လုံးဝမဖြစ်နိုင်‌ပေ၊ အမှန်စင်စစ်ထို(ငရဲမီး)သည် ဟုန်းဟုန်း‌တောက်‌နေ‌သော၊ نَزَّاعَةً لِّلشَّوَىٰ ١٦ဦး‌ခေါင်းအ‌ရေခွံကို ခွာပစ်မည့် မီး‌တောက်မီးလျှံပင်ဖြစ်သည်။ تَدۡعُواْ مَنۡ أَدۡبَرَ وَتَوَلَّىٰ ١٧ထိုမီးသည် (အီမာန်မယူဘဲ)မျက်နှာလွှဲ ‌ကျောခိုင်းထွက်သွားခဲ့သူ၊ وَجَمَعَ فَأَوۡعَىٰٓ ١٨(ပစ္စည်းဥစ္စာ)စု‌ဆောင်းပြီး သိမ်းဆည်းထားခဲ့သူများကို ‌ခေါ်ယူလိမ့်မည်။ ###၁ ۞ إِنَّ ٱلۡإِنسَٰنَ خُلِقَ هَلُوعًا ١٩အမှန်စင်စစ် လူသားသည် စိတ်‌လောသူအဖြစ် ဖန်ဆင်းခြင်းခံခဲ့ရသည်။ إِذَا مَسَّهُ ٱلشَّرُّ جَزُوعًا ٢٠သူသည်ဒုက္ခ‌ရောက်လျှင် အလွန်သည်းမခံနိုင်သူဖြစ်သည်။ وَإِذَا مَسَّهُ ٱلۡخَيۡرُ مَنُوعًا ٢١ထို့ပြင် သူသည်‌ကောင်းခြင်းများ‌ရောက်လာလျှင် အလွန်‌စေးနှဲတွန့်တိုသူဖြစ်သည်။ ###၂ إِلَّا ٱلۡمُصَلِّينَ ٢٢သို့ရာတွင် စွလာသ်ဝတ်ပြုသူများကမူ (ထိုသို့မဟုတ်ကြ‌ပေ)။ ٱلَّذِينَ هُمۡ عَلَىٰ صَلَاتِهِمۡ دَآئِمُونَ ٢٣ထိုသူများသည် သူတို့၏ စွလာသ် ‌ဆောက်တည်မှု‌ပေါ်တွင် စွဲမြဲစွာရှိကြသည်။ وَٱلَّذِينَ فِيٓ أَمۡوَٰلِهِمۡ حَقٌّ مَّعۡلُومٌ ٢٤ထို့ပြင် ထိုသူများသည် သူတို့၏ပစ္စည်းဥစ္စာများထဲတွင် သိရှိသတ်မှတ်ထား‌သော အခွင့်အ‌ရေးရှိသည်။ لِّلسَّآئِلِ وَٱلۡمَحۡرُومِ ٢٥‌တောင်းစားသည့်သူအတွက်နှင့် မ‌တောင်းဘဲ(သိက္ခာ‌စောင့်စည်း)‌နေသူအတွက်။ وَٱلَّذِينَ يُصَدِّقُونَ بِيَوۡمِ ٱلدِّينِ ٢٦ထို့ပြင် ထိုသူများသည် ‌ကောင်းကျိုးဆိုးကျိုးအစား‌ပေး‌တော်မူမည့်‌နေ့ကို ယုံကြည်‌ထောက်ခံကြသည်။ وَٱلَّذِينَ هُم مِّنۡ عَذَابِ رَبِّهِم مُّشۡفِقُونَ ٢٧ထို့ပြင် ထိုသူများသည် သူတို့အား ဖန်ဆင်း‌မွေးမြူ‌တော်မူ‌သောအရှင်မြတ်၏ အပြစ်ဒဏ်ကို ‌ကြောက်ရွံ့စိုးရိမ်‌နေကြသည်။ إِنَّ عَذَابَ رَبِّهِمۡ غَيۡرُ مَأۡمُونٍ ٢٨အမှန်စင်စစ် သူတို့အား ဖန်ဆင်း‌မွေးမြူ‌တော်မူ‌သောအရှင်မြတ်၏ ပြစ်ဒဏ်သည်မစိုးရိမ်ဘဲ‌နေ၍ရသည့် အရာမဟုတ်‌ပေ။ وَٱلَّذِينَ هُمۡ لِفُرُوجِهِمۡ حَٰفِظُونَ ٢٩ထို့ပြင် ထိုသူများသည် သူတို့၏အရှက်အဂင်္ါများကိုလည်း ထိန်းသိမ်းကြသည်။ إِلَّا عَلَىٰٓ أَزۡوَٰجِهِمۡ أَوۡ مَا مَلَكَتۡ أَيۡمَٰنُهُمۡ فَإِنَّهُمۡ غَيۡرُ مَلُومِينَ ٣٠သူတို့၏ ဇနီးမိန်းမများမှလွဲ၍၊ သို့မဟုတ် သူတို့၏ လက်ယာလက်များကပိုင်ဆိုင်သည့်(တရားဝင်) ကျွန်မများမှလွဲ၍၊ ထို့ပြင်(ထိုဇနီးများ၊ ကျွန်မများနှင့်ကာမဆက်ဆံမည်ဆိုလျှင်မူ)အမှန်စင်စစ် သူတို့သည် ကဲ့ရဲ့ ပြစ်တင်ခြင်း ခံထိုက်သည့်သူများမဟုတ်‌ပေ။ فَمَنِ ٱبۡتَغَىٰ وَرَآءَ ذَٰلِكَ فَأُوْلَٰٓئِكَ هُمُ ٱلۡعَادُونَ ٣١ထို့‌နောက် သူတို့ (ဇနီးများနှင့် ကျွန်မများ)မှလွဲ၍ အခြားသူများအား ‌တောင့်တရှာ‌ဖွေကြသည့်သူများသည် စည်းကမ်း‌ဖောက်ဖျက်ကျူးလွန်သူများပင်ဖြစ်ကြသည်။ وَٱلَّذِينَ هُمۡ لِأَمَٰنَٰتِهِمۡ وَعَهۡدِهِمۡ رَٰعُونَ ٣٢ထို့ပြင် ထို(စွလာသ်ဝတ်ပြု)သူများသည် သူတို့ ယုံကြည်လွှဲအပ်ခြင်းခံကြရခြင်းများနှင့်သူတို့၏ ကတိဝန်ခံချက်များကို ‌စောင့်စည်းထိန်းသိမ်းသူများဖြစ်ကြသည်။ وَٱلَّذِينَ هُم بِشَهَٰدَٰتِهِمۡ قَآئِمُونَ ٣٣ထို့ပြင် ထိုသူများသည် သူတို့၏ သက်‌သေခံချက်များကို တိကျစွာထွက်ဆိုကြသည်။ وَٱلَّذِينَ هُمۡ عَلَىٰ صَلَاتِهِمۡ يُحَافِظُونَ ٣٤ထို့ပြင် ထိုသူများသည် သူတို့၏ စွလာသ်ဝတ်ပြုမှုကို အမြဲမပြတ်‌စောင့်ထိန်းကြသည်။ أُوْلَٰٓئِكَ فِي جَنَّٰتٍ مُّكۡرَمُونَ ٣٥ထိုသူများသည် ဂျန်္နသ်သုခဘုံတွင် ဂုဏ်ရှိရှိ စံစားကြရမည်။###၃ فَمَالِ ٱلَّذِينَ كَفَرُواْ قِبَلَكَ مُهۡطِعِينَ ٣٦ထို့‌နောက် ကာဖိရ်များသည် အဘယ့်‌ကြောင့် အသင့်ဘက်သို့ အ‌ပြေးအလွှားလာ‌နေကြသနည်း။ عَنِ ٱلۡيَمِينِ وَعَنِ ٱلشِّمَالِ عِزِينَ ٣٧လက်ယာဘက်နှင့် လက်ဝဲဘက်မှ အဖွဲ့လိုက်၊ အုပ်စုလိုက်။ أَيَطۡمَعُ كُلُّ ٱمۡرِيٍٕ مِّنۡهُمۡ أَن يُدۡخَلَ جَنَّةَ نَعِيمٍ ٣٨သူတို့ထဲမှ လူတိုင်းသည် စည်းစိမ် ချမ်းသာနှင့် ပြည့်စုံ‌သော သုခဘုံထဲသို့ ဝင်‌ရောက်လိုကြသ‌လော။ ###၄ كـَلَّآۖ إِنَّا خَلَقۡنَٰهُم مِّمَّا يَعۡلَمُونَ ٣٩လုံးဝမဖြစ်‌ပေ။ အမှန်စင်စစ် ငါအရှင်မြတ်သည် သူတို့အား သူတို့သိရှိကြသည့်အရာဖြင့်သာ ဖန်ဆင်း‌တော်မူခဲ့သည်။ فَلَآ أُقۡسِمُ بِرَبِّ ٱلۡمَشَٰرِقِ وَٱلۡمَغَٰرِبِ إِنَّا لَقَٰدِرُونَ ٤٠ထို့‌နောက် ‌နေထွက်ရာအရပ်များနှင့် ‌နေဝင်ရာအရပ်များကို ဖန်ဆင်း‌တော်မူ‌သော အရှင်မြတ်ကို တိုင်တည်‌တော်မူသည်။ အမှန်စင်စစ် ငါအရှင်မြတ်သည် တတ်စွမ်းနိုင်‌တော်မူ‌သောအရှင်ဖြစ်‌တော်မူသည်။ ###၅ عَلَىٰٓ أَن نُّبَدِّلَ خَيۡرًا مِّنۡهُمۡ وَمَا نَحۡنُ بِمَسۡبُوقِينَ ٤١သူတို့၏အစား သူတို့ထက်သာပို‌ကောင်း‌သောသူများနှင့် လဲလှယ်‌တော်မူခြင်းအ‌ပေါ်(တတ်စွမ်းနိုင်‌တော်မူ‌သောအရှင် ဖြစ်‌တော်မူသည်)။ ထို့ပြင် ငါအရှင်မြတ်သည် မစွမ်း‌ဆောင် နိုင်သည့်အရှင် မဟုတ်‌ပေ။ فَذَرۡهُمۡ يَخُوضُواْ وَيَلۡعَبُواْ حَتَّىٰ يُلَٰقُواْ يَوۡمَهُمُ ٱلَّذِي يُوعَدُونَ ٤٢သို့ဖြစ်ရာ အသင်(တမန်‌တော်)သည် သူတို့အား သူတို့ချိန်းဆိုခြင်းခံရသည့်‌နေ့နှင့် ‌တွေ့ဆုံကြသည်အထိ အလဟဿစကားများ ‌ပြောဆို‌နေကြရန်အတွက်နှင့် ကစားခုန်စား ‌နေကြရန်အတွက် လွှတ်ထားလိုက်ပါ။ ###၆ يَوۡمَ يَخۡرُجُونَ مِنَ ٱلۡأَجۡدَاثِ سِرَاعًا كَأَنَّهُمۡ إِلَىٰ نُصُبٍ يُوفِضُونَ ٤٣ထို‌နေ့တွင် သူတို့သည် (‌လောကတွင်) ကိုးကွယ်ရာများထံသို့ ‌ပြေး‌နေကြသည့်ပမာ သချုႋင်းများမှထွက်ပြီး အမြန်‌ပြေးကြမည်။ خَٰشِعَةً أَبۡصَٰرُهُمۡ تَرۡهَقُهُمۡ ذِلَّةٌۚ ذَٰلِكَ ٱلۡيَوۡمُ ٱلَّذِي كَانُواْ يُوعَدُونَ ٤٤သူတို့၏ မျက်စိများသည် ငိုက်စိုက်ကျ‌နေကြမည်။ ‌သေးသိမ်မှုသည် သူတို့အ‌ပေါ်တွင် ဖုံးလွှမ်း‌နေလိမ့်မည်။ ထိုအရာသည် သူတို့ ချိန်းဆိုခြင်းခံခဲ့ရသည့်‌နေ့ပင်ဖြစ်သည်။

الترجمة: Hashim Tin Myint.