ملة الإسلام

السورة 69 · 52 آية · Hashim Tin Myint

سورة الحاقة باللغة البورمية

السورة بالعربية مع التفسير استمع إلى سورة الحاقة (1,346 قارئاً)
مكيةسورة الحاقة٥٢ آية

بِسۡمِ ٱللَّهِ ٱلرَّحۡمَٰنِ ٱلرَّحِيمِ

ٱلۡحَآقَّةُ ١အမှန်မုချဖြစ်မည့်အရာ။ مَا ٱلۡحَآقَّةُ ٢ထိုအမှန်မုချဖြစ်မည့်အရာဆိုသည်မှာ မည်သည့်အရာနည်း။ وَمَآ أَدۡرَىٰكَ مَا ٱلۡحَآقَّةُ ٣ထို့ပြင် ထိုအမှန်မုချဖြစ်မည့်အရာသည် မည်သည့်အရာနည်းဆိုသည်ကို အသင်သိပါသ‌လော။ ###၁ كَذَّبَتۡ ثَمُودُ وَعَادُۢ بِٱلۡقَارِعَةِ ٤ဆမူဒ် လူမျိုးများနှင့် အာဒ်လူမျိုးများသည် ဆိုက်‌ရောက်လာမည့်ဒုက္ခ(ကိယာမသ်)အား မဟုတ်မမှန်ဟု စွပ်စွဲငြင်းပယ်ခဲ့ကြသည်။ فَأَمَّا ثَمُودُ فَأُهۡلِكُواْ بِٱلطَّاغِيَةِ ٥သို့ဖြစ်ရာ ဆမူဒ်လူမျိုးများသည် ပြင်းထန်‌သော အသံနှင့် ‌သေ‌ကြေပျက်စီး‌စေခြင်းကို ခံခဲ့ကြရသည်။ وَأَمَّا عَادٌ فَأُهۡلِكُواْ بِرِيحٍ صَرۡصَرٍ عَاتِيَةٍ ٦ထို့ပြင် အာဒ်လူမျိုးများကမူ ‌သောင်းကျန်း‌သော ပြင်းထန်သည့် ‌လေမုန်တိုင်းနှင့် ဖျက်ဆီးခြင်းကို ခံခဲ့ကြရသည်။ سَخَّرَهَا عَلَيۡهِمۡ سَبۡعَ لَيَالٍ وَثَمَٰنِيَةَ أَيَّامٍ حُسُومًاۖ فَتَرَى ٱلۡقَوۡمَ فِيهَا صَرۡعَىٰ كَأَنَّهُمۡ أَعۡجَازُ نَخۡلٍ خَاوِيَةٍ ٧အရှင်မြတ်သည် ထို‌လေပြင်း မုန်တိုင်းအား ခုနစ်ညနှင့် ရှစ်ရက် တစ်ဆက်တည်း သူတို့အ‌ပေါ်တွင် ‌စေခိုင်း‌တော်မူခဲ့သည်။ သို့ဖြစ်ရာ အသင်သည် ထိုလူမျိုးများအား ပြိုလဲ ‌နေ‌သောစွန်ပလွံသစ်‌ခေါင်းဖြတ်များကဲ့သို့ ထို‌လေမုန်တိုင်း‌အောက်တွင် လဲကျ‌သေ‌ကျေ‌နေကြသည်ကို ‌တွေ့မြင်ရမည်။ فَهَلۡ تَرَىٰ لَهُم مِّنۢ بَاقِيَةٍ ٨ထို့‌နောက် အသင်သည် သူတို့ထဲမှ (မ‌သေဘဲ)မည်သူကျန်‌နေသည်ကို ‌တွေ့ မြင်ရ‌သေး၏‌လော။ وَجَآءَ فِرۡعَوۡنُ وَمَن قَبۡلَهُۥ وَٱلۡمُؤۡتَفِكَٰتُ بِٱلۡخَاطِئَةِ ٩ထို့ပြင် ဖိရ်‌အောင်န်နှင့် သူ၏မတိုင်မီ ကသူများအပြင်၊ ထက်‌အောက်‌ပြောင်းပြန်လှန်ခံခဲ့ကြရ‌သော ရွာ(သူရွာသား)တို့လည်း ပြစ်မှုကျူးလွန်ခဲ့ကြသည်။ فَعَصَوۡاْ رَسُولَ رَبِّهِمۡ فَأَخَذَهُمۡ أَخۡذَةً رَّابِيَةً ١٠ထို့ပြင် သူတို့သည် သူတို့အား ဖန်ဆင်း‌မွေးမြူ‌တော်မူ‌သောအရှင်မြတ်က ‌စေလွှတ်‌တော်မူ‌သော တမန်‌တော်၏ အမိန့်ကို ဖီဆန်ခဲ့ကြသည်။ သို့ဖြစ်ရာ အရှင်မြတ်သည် သူတို့အား အလွန်တင်းကျပ်‌သော ဖမ်းဆီးအ‌ရေးယူမှုမျိုးနှင့် ဖမ်းဆီးအ‌ရေးယူ‌တော်မူခဲ့သည်။ إِنَّا لَمَّا طَغَا ٱلۡمَآءُ حَمَلۡنَٰكُمۡ فِي ٱلۡجَارِيَةِ ١١အမှန်စင်စစ် ငါအရှင်မြတ်သည် အသင်တို့အား ‌ရေများအလွန်အကျူး လွှမ်းမိုးလာသည့်အခါသ‌ဘေင်္ာ‌ပေါ်တွင် တင်‌ဆောင်(ကယ်တင်)‌တော်မူခဲ့သည်။ لِنَجۡعَلَهَا لَكُمۡ تَذۡكِرَةً وَتَعِيَهَآ أُذُنٌ وَٰعِيَةٌ ١٢ငါအရှင်မြတ်သည် ထိုအဖြစ်အပျက်ကို အသင်တို့အတွက် အမြဲ‌အောက်‌မေ့ဖွယ်ရာပြုလုပ်‌တော်မူရန်အတွက်နှင့် မှတ်သားထား‌သော နားများသည် မှတ်ထားကြရန် အတွက် ပြုလုပ်‌တော်မူခြင်းဖြစ်သည်။ فَإِذَا نُفِخَ فِي ٱلصُّورِ نَفۡخَةٌ وَٰحِدَةٌ ١٣ထို့‌နောက် တံပိုးခရာသည် တစ်ချက်မှုတ်လိုက်သည့်အခါတွင်၊ وَحُمِلَتِ ٱلۡأَرۡضُ وَٱلۡجِبَالُ فَدُكَّتَا دَكَّةً وَٰحِدَةً ١٤ထို့ပြင် ‌မြေပထဝီနှင့် ‌တောင်များသည် ပင့်‌မြှောက်ခြင်းကိုခံကြရ၍ တစ်ချက်တည်း ‌ကြေညက်‌အောင်ထု‌ထောင်းခြင်းကို ခံခဲ့ကြရသည့်အခါ၊ فَيَوۡمَئِذٍ وَقَعَتِ ٱلۡوَاقِعَةُ ١٥ထို့ပြင် ထို‌နေ့တွင် ကိယာမသ်သည် ဖြစ်ပျက်လာမည်။ وَٱنشَقَّتِ ٱلسَّمَآءُ فَهِيَ يَوۡمَئِذٍ وَاهِيَةٌ ١٦ထို့ပြင် မိုး‌ကောင်းကင်သည် အက်ကွဲသွားပြီး ထို‌နေ့တွင် ချည့်နဲ့ယိုယွင်းပျက်စီးသွားလိမ့်မည်။ وَٱلۡمَلَكُ عَلَىٰٓ أَرۡجَآئِهَاۚ وَيَحۡمِلُ عَرۡشَ رَبِّكَ فَوۡقَهُمۡ يَوۡمَئِذٍ ثَمَٰنِيَةٌ ١٧ထို့ပြင် ‌ကောင်းကင်တမန်များသည် ထိုမိုး‌ကောင်းကင်၏ ‌ဘေးဘက်များတွင် ရှိကြလိမ့်မည်။ ထို့ပြင် ထို‌နေ့တွင် အသင့်အား ဖန်ဆင်း‌မွေးမြူ‌တော်မူ‌သောအရှင်မြတ်၏ အရ်ရှ် ပလ္လင်‌တော်ကို‌ကောင်းကင်တမန်ရှစ်ပါးတို့က သူတို့အ‌ပေါ်တွင် ထမ်းရွက်‌နေကြလိမ့်မည်။ ###၂ يَوۡمَئِذٍ تُعۡرَضُونَ لَا تَخۡفَىٰ مِنكُمۡ خَافِيَةٌ ١٨ထို‌နေ့တွင် အသင်တို့သည် ‌ရှေ့ ‌မှောက်သို့ ပို့‌ဆောင်ခြင်းခံကြရမည်။ ထို့ပြင် အသင်တို့၏ လျှို့ ဝှက်ချက်များအား တစ်ခုမျှ ဖုံးကွယ်ထား၍မရ‌တော့‌ပေ။ فَأَمَّا مَنۡ أُوتِيَ كِتَٰبَهُۥ بِيَمِينِهِۦ فَيَقُولُ هَآؤُمُ ٱقۡرَءُواْ كِتَٰبِيَهۡ ١٩ထို့‌နောက် သူ၏မှတ်တမ်းစာအုပ်ကို သူ၏လက်ယာလက်၌ ‌ပေးအပ်ခြင်းခံရသူသည် (‌ပျော်ရွှင်လွန်း၍သူများကိုဤသို့)‌ပြောဆိုမည်-“ယူကြည့်ကြစမ်းပါ၊ ဖတ်ကြည့်ကြစမ်း ပါ၊ ကျွန်ုပ်စာအုပ်ကို။” إِنِّي ظَنَنتُ أَنِّي مُلَٰقٍ حِسَابِيَهۡ ٢٠“အမှန်ပင်ကျွန်ုပ်သည် (‌လောကတွင်ရှိစဉ်က) အမှန်ပင်ကျွန်ုပ်သည် စာရင်းစစ် ‌ဆေး‌မေးမြန်းမှုနှင့် ‌တွေ့ဆုံရမည်ဟု ယုံကြည်ခဲ့သည်။” فَهُوَ فِي عِيشَةٍ رَّاضِيَةٍ ٢١ထို့‌နောက် သူသည် ‌ကျေနပ်‌သော စည်းစိမ်တွင် ‌နေရမည်။ فِي جَنَّةٍ عَالِيَةٍ ٢٢မြင့်မြတ်‌သော သုခဘုံတွင်၊ قُطُوفُهَا دَانِيَةٌ ٢٣ထို သုခဘုံ၏ သစ်သီးဝလံများသည် ညွတ်ကိုင်း‌နေလိမ့်မည်။ كُلُواْ وَٱشۡرَبُواْ هَنِيٓـَٔۢا بِمَآ أَسۡلَفۡتُمۡ فِي ٱلۡأَيَّامِ ٱلۡخَالِيَةِ ٢٤(ဤသို့‌ပြောခံရမည်) အသင်တို့သည် လွန်ခဲ့‌သော ‌နေ့ရက်များတွင် အသင်တို့ ကြိုတင်ပို့ထားခဲ့ကြ‌သောလုပ်ရပ်များ‌ကြောင့် အရသာရှိရှိ စား‌သောက်ကြပါ။ وَأَمَّا مَنۡ أُوتِيَ كِتَٰبَهُۥ بِشِمَالِهِۦ فَيَقُولُ يَٰلَيۡتَنِي لَمۡ أُوتَ كِتَٰبِيَهۡ ٢٥ထို့‌နောက် သူ၏လက်ဝဲလက်၌ သူ၏မှတ်တမ်းစာအုပ်‌ပေးခြင်းခံရသူကမူ ‌ပြောဆိုမည်-‌ဪ-ကျွန်ုပ်သည် ကျွန်ုပ်၏မှတ်တမ်းစာအုပ်‌ပေးခြင်းမခံရလျှင် အဘယ်မျှ‌ကောင်းလိုက်မည်နည်း။ وَلَمۡ أَدۡرِ مَا حِسَابِيَهۡ ٢٦ကျွန်ုပ်၏စာရင်းကိုလည်း မသိခဲ့ရလျှင် အဘယ်မျှ‌ကောင်းလိုက်မည်နည်း။ يَٰلَيۡتَهَا كَانَتِ ٱلۡقَاضِيَةَ ٢٧‌သေခြင်းသည် အဆုံးစီရင်ခဲ့လိုက်လျှင် အဘယ်မျှ‌ကောင်းလိုက်မည်နည်း။ مَآ أَغۡنَىٰ عَنِّي مَالِيَهۡۜ ٢٨ကျွန်ုပ်၏ပစ္စည်းသည် ကျွန်ုပ်အတွက် မည်သည့်အရာမျှ အသုံးမဝင်ခဲ့‌တော့‌ပေ။ هَلَكَ عَنِّي سُلۡطَٰنِيَهۡ ٢٩ကျွန်ုပ်၏ အာဏာ(အစွမ်းသတ္တိ)သည်လည်း ကျွန်ုပ်၏ထံမှ ကွယ်‌ပျောက်ပျက်စီးသွားပြီ။ خُذُوهُ فَغُلُّوهُ ٣٠(ငရဲဘုံ‌စောင့်များသည် ဤသို့ အမိန့်‌ပေးခြင်းခံကြရမည်။) အသင်တို့သည် သူ့အား ဖမ်းဆီးလိုက်ကြ၊ ထို့ပြင် သူ၏လည်ပင်းတွင် ကွင်းစွပ်လိုက်ကြ။ ثُمَّ ٱلۡجَحِيمَ صَلُّوهُ ٣١ထို့ပြင် အသင်တို့သည် သူ့အားဂျဟန္နမ်ငရဲဘုံထဲသို့ ပစ်ချလိုက်ကြ။ ثُمَّ فِي سِلۡسِلَةٍ ذَرۡعُهَا سَبۡعُونَ ذِرَاعًا فَٱسۡلُكُوهُ ٣٢ထို့ပြင် အသင်တို့သည် သူ့အား အ‌တောင်ခုနစ်ဆယ်ရှိ‌သော သံကြိုးနှင့် တုပ်‌နှောင်လိုက်ကြ။ إِنَّهُۥ كَانَ لَا يُؤۡمِنُ بِٱللَّهِ ٱلۡعَظِيمِ ٣٣အမှန်စင်စစ် သူသည် အလွန်ကြီးကျယ်မြင့်မြတ်‌တော်မူ‌သော အလ္လာဟ်အရှင်မြတ်အား ယုံကြည်ခဲ့သည်မဟုတ်‌ပေ။ وَلَا يَحُضُّ عَلَىٰ طَعَامِ ٱلۡمِسۡكِينِ ٣٤ဆင်းရဲသားများအား ‌ကျွေး‌မွေးခြင်းအ‌ပေါ် တိုက်တွန်း‌လေ့ရှိခဲ့သည်လည်းမဟုတ်‌ပေ။ فَلَيۡسَ لَهُ ٱلۡيَوۡمَ هَٰهُنَا حَمِيمٌ ٣٥သို့ဖြစ်ရာ ယ‌နေ့ ဤ‌နေရာတွင် သူ၏မိတ်‌ဆွေသည် တစ်ဦးမျှ မရှိ‌ပေ။ وَلَا طَعَامٌ إِلَّا مِنۡ غِسۡلِينٍ ٣٦(သူ့အတွက်)အစားအစာဟူ၍ အနာများမှ ထွက်‌သော ‌သွေးပုပ်၊ ပြည်ပုပ် ###၃ မှလွဲ၍ အခြားမည်သည့်အရာမျှမရှိ‌ပေ။ لَّا يَأۡكُلُهُۥٓ إِلَّا ٱلۡخَٰطِـُٔونَ ٣٧ထို ‌ရေညစ်‌ရေပုပ်ကို အပြစ်ရှိသူမှလွဲ၍ မည်သူမျှ စားသုံးရမည်မဟုတ်‌ပေ။ فَلَآ أُقۡسِمُ بِمَا تُبۡصِرُونَ ٣٨ထို့ပြင် ငါအရှင်မြတ်သည် အသင်တို့ မြင်ကြရ‌သော အရာများကို သက်‌သေထူ‌တော်မူသည်။ وَمَا لَا تُبۡصِرُونَ ٣٩ထို့ပြင် အသင်တို့ မမြင်ကြရ‌သော အရာများကိုလည်း (သက်‌သေထူ‌တော်မူသည်)။ إِنَّهُۥ لَقَوۡلُ رَسُولٍ كَرِيمٍ ٤٠အမှန်စင်စစ်ထို (ကုရ်အာန်ကျမ်း‌တော်မြတ်)သည် မြင့်မြတ်‌သော‌စေတမန် (ယူ‌ဆောင်လာခဲ့‌သောအရှင်မြတ်)၏ စကား‌တော် အမှန်ပင်ဖြစ်သည်။ وَمَا هُوَ بِقَوۡلِ شَاعِرٍۚ قَلِيلًا مَّا تُؤۡمِنُونَ ٤١ထို့ပြင် ထိုကုရ်အာန်ကျမ်း‌တော်မြတ်သည် မည်သည့်ကဗျာဆရာ၏ ‌ပြောဆိုချက်မျှ မဟုတ်‌ပေ။ အသင်တို့သည် အနည်းငယ်သာ ယုံကြည်ကြသည်။ وَلَا بِقَوۡلِ كَاهِنٍۚ قَلِيلًا مَّا تَذَكَّرُونَ ٤٢ထို့ပြင် မည်သည့်နက္ခတ်‌ဗေဒင်ဆရာ၏ ‌ပြောဆိုချက်မျှလည်းမဟုတ်‌ပေ။ အသင်တို့သည် အနည်းငယ်သာ သတိတရားရကြသည်။ تَنزِيلٌ مِّن رَّبِّ ٱلۡعَٰلَمِينَ ٤٣(ထိုကုရ်အာန်ကျမ်း‌တော်မြတ်သည်) စကြဝဠာအ‌ပေါင်းအား ဖန်ဆင်း‌မွေးမြူ‌တော်မူ‌သော အရှင်မြတ်ထံ‌တော်မှ ချ‌ပေး‌တော်မူ‌သောအရာ(အာယသ် ‌တော်များပင်)ဖြစ်သည်။ وَلَوۡ تَقَوَّلَ عَلَيۡنَا بَعۡضَ ٱلۡأَقَاوِيلِ ٤٤ထို့ပြင် အကယ်၍ ၎င်း(တမန်‌တော်)သည် ငါအရှင်မြတ်အ‌ပေါ်တွင် အချို့စကားများကို လုပ်ကြံ‌ပြောဆိုခဲ့လျှင်၊ لَأَخَذۡنَا مِنۡهُ بِٱلۡيَمِينِ ٤٥အမှန်ပင် ငါအရှင်မြတ်သည် ၎င်းကို လက်ယာလက်(အင်အား)ဖြင့် ဖမ်းဆီးအ‌ရေးယူ‌တော်မူမည်။ ثُمَّ لَقَطَعۡنَا مِنۡهُ ٱلۡوَتِينَ ٤٦ထို့ပြင် အမှန်ပင် ငါအရှင်မြတ်သည် ၎င်း၏နှလုံး(‌သွေး)‌ကြောကို ဖြတ်‌တောက်‌တော်မူခဲ့မည် ဖြစ်သည်။ فَمَا مِنكُم مِّنۡ أَحَدٍ عَنۡهُ حَٰجِزِينَ ٤٧ထို့‌နောက် အသင်တို့ထဲမှ၎င်းအား (ထိုပြစ်ဒဏ်မှ လွတ်‌မြောက်‌အောင်) ကာကွယ်တားဆီးနိုင်သူ မည်သူမျှရှိမည်မဟုတ်‌ပေ။ وَإِنَّهُۥ لَتَذۡكِرَةٌ لِّلۡمُتَّقِينَ ٤٨ထို့ပြင် အမှန်စင်စစ် ထိုကုရ်အာန်ကျမ်း‌တော်မြတ်သည် မုသ်သကီ‌ကြောက်ရွံ့အပြစ်‌ရှောင်‌ကောင်းကျိုး‌ဆောင်သူများအတွက် ဆုံးမဩဝါဒပင်ဖြစ်သည်။ وَإِنَّا لَنَعۡلَمُ أَنَّ مِنكُم مُّكَذِّبِينَ ٤٩ထို့ပြင် အမှန်စင်စစ်ငါအရှင်မြတ်သည် အသင်တို့ထဲတွင် (ထိုကျမ်း)ကိုမဟုတ်မမှန်ဟုစွပ်စွဲငြင်းပယ်သူများလည်းရှိ‌နေသည်ကို အမှန်ပင်သိရှိ‌တော်မူသည်။ وَإِنَّهُۥ لَحَسۡرَةٌ عَلَى ٱلۡكَٰفِرِينَ ٥٠ထို့ပြင် အမှန်စင်စစ် ထိုကျမ်း‌တော်သည် ကာဖိရ်များအတွက် ဝမ်းနည်း‌ကြေကွဲဖွယ်ရာပင်ဖြစ်သည်။ وَإِنَّهُۥ لَحَقُّ ٱلۡيَقِينِ ٥١ထို့ပြင် အမှန်စင်စစ်ထိုကျမ်း‌တော်သည် မလွဲမ‌သွေပင် အမှန်ဖြစ်သည်။ فَسَبِّحۡ بِٱسۡمِ رَبِّكَ ٱلۡعَظِيمِ ٥٢သို့ဖြစ်ရာ အသင်(တမန်‌တော်)သည် အသင့်အား ဖန်ဆင်း‌မွေးမြူ‌တော်မူ‌သောအရှင်၊ အလွန်ကြီးကျယ်မြင့်မြတ်‌တော်မူ‌သော အရှင်မြတ်၏ နာမ‌တော်ကို စင်ကြယ်သန့်ရှင်း‌တော်မူ‌ကြောင်း ရွတ်ဆိုပါ။

الترجمة: Hashim Tin Myint.