بِسۡمِ ٱللَّهِ ٱلرَّحۡمَٰنِ ٱلرَّحِيمِ
نٓۚ وَٱلۡقَلَمِ وَمَا يَسۡطُرُونَ ١နူန် (ငါအရှင်မြတ်သည်) ကလောင်နှင့် သူတို့(ကောင်းကင်တမန်များ)ရေးမှတ်နေကြသည်များကို သက်သေထူတော်မူသည်။ ###၁ مَآ أَنتَ بِنِعۡمَةِ رَبِّكَ بِمَجۡنُونٍ ٢အသင်(တမန်တော်)သည် အသင့်အား ဖန်ဆင်းမွေးမြူတော်မူသောအရှင်မြတ်၏ ကျေးဇူးတော်နှင့် ရူးသွပ်သူမဟုတ်ပေ။ ###၂ وَإِنَّ لَكَ لَأَجۡرًا غَيۡرَ مَمۡنُونٍ ٣ထို့ပြင် အမှန်စင်စစ် အသင့်အတွက် မကုန်နိုင်သော အကျိုးကျေးဇူးများရှိသည်။ وَإِنَّكَ لَعَلَىٰ خُلُقٍ عَظِيمٍ ٤ထို့ပြင် အမှန်စင်စစ် အသင်သည် ကြီးမားမြင့်မြတ်သော အကျင့်စာရိတ္တပေါ်တွင် ရှိနေသည်။ ###၃ فَسَتُبۡصِرُ وَيُبۡصِرُونَ ٥ထို့နောက် မကြာမီ အသင်သည်လည်း မြင်ရမည်၊ သူတို့သည်လည်း မြင်ကြရမည်။ بِأَييِّكُمُ ٱلۡمَفۡتُونُ ٦အသင်တို့ထဲမှ မည်သူသည် အရူးဆိုသည်ကို၊ إِنَّ رَبَّكَ هُوَ أَعۡلَمُ بِمَن ضَلَّ عَن سَبِيلِهِۦ وَهُوَ أَعۡلَمُ بِٱلۡمُهۡتَدِينَ ٧အမှန်စင်စစ် အသင့်အား ဖန်ဆင်းမွေးမြူတော်မူသောအရှင်မြတ်သည် အရှင်မြတ်၏လမ်းတော်မှ လွဲမှားသွားသည့်သူများကို အသိဆုံးဖြစ်တော်မူသည်။ ထို့ပြင် အရှင်မြတ် သည် တရားလမ်းမှန်ရရှိကြသည့်သူများကိုလည်း အသိဆုံးဖြစ်တော်မူသည်။ فَلَا تُطِعِ ٱلۡمُكَذِّبِينَ ٨သို့ဖြစ်ရာ အသင်သည် မဟုတ်မမှန်ဟု စွပ်စွဲငြင်းပယ်သူများ၏ စကားကို နားမထောင်လေနှင့်။ وَدُّواْ لَوۡ تُدۡهِنُ فَيُدۡهِنُونَ ٩သူတို့သည် အကယ်၍ အသင်အလျှော့ပေးလိုက်လျောလျှင် သူတို့လည်းအလျှော့ပေးလိုက်လျောချင်ကြသည်။ وَلَا تُطِعۡ كُلَّ حَلَّافٍ مَّهِينٍ ١٠ထို့ပြင် အသင်သည် မည်သည့် အလွန်ကျိန်ဆိုသူ၏ စကားကိုမျှ နားမထောင်လေနှင့်၊ ထိုသူသည်အလွန်သေးသိမ်သူ၊ هَمَّازٍ مَّشَّآءِۭ بِنَمِيمٍ ١١အလွန်စောင်းချိတ်ကဲ့ရဲ့သူ၊ အလွန်ကုန်းချောသူ၊ مَّنَّاعٍ لِّلۡخَيۡرِ مُعۡتَدٍ أَثِيمٍ ١٢ကောင်းမှုကို အလွန်တားမြစ်သူ၊ စည်းကမ်းကျူးလွန်သူ၊ အလွန်အပြစ်ကျူးလွန်သူ၊ عُتُلِّۭ بَعۡدَ ذَٰلِكَ زَنِيمٍ ١٣ထိုအရည်အချင်းများနှင့်အတူ အလွန်ကြမ်းကြုတ် အန္တရာယ်ပြုသူ၊ မျိုးရိုးမစစ်သူဖြစ်သည်။ أَن كَانَ ذَا مَالٍ وَبَنِينَ ١٤ထိုသူသည် ပစ္စည်းရှင်၊ သားသမီးရှင်ဖြစ်သည့်အတွက်ကြောင့်။ ###၄ إِذَا تُتۡلَىٰ عَلَيۡهِ ءَايَٰتُنَا قَالَ أَسَٰطِيرُ ٱلۡأَوَّلِينَ ١٥သူ၏ရှေ့၌ ငါအရှင်မြတ်၏ အာယသ်တော်များကို ဖတ်ကြားခြင်းခံရသည့်အခါ သူက (ဤသည်)ယခင်ကလူများ၏ ပုံပြင်များပင် ဖြစ်သည်ဟုပြောဆိုသည်။ سَنَسِمُهُۥ عَلَى ٱلۡخُرۡطُومِ ١٦မကြာမီ ငါအရှင်မြတ်သည် သူ၏နှာခေါင်းပေါ်တွင် တံဆိပ်ခတ်နှိပ်တော်မူမည်။ ###၅ إِنَّا بَلَوۡنَٰهُمۡ كَمَا بَلَوۡنَآ أَصۡحَٰبَ ٱلۡجَنَّةِ إِذۡ أَقۡسَمُواْ لَيَصۡرِمُنَّهَا مُصۡبِحِينَ ١٧အမှန်စင်စစ် ငါအရှင်မြတ်သည် ဥယျာဉ်ပိုင်ရှင်များအား စမ်းသပ်တော်မူသကဲ့သို့ သူတို့အား စမ်းသပ်တော်မူခဲ့သည်။ တစ်ခါက ထိုဥယျာဉ်ခြံရှင်များက အမှန်စင်စစ် သူတို့သည် နံနက်စောစောသွားကြပြီး ထိုဥယျာဉ်ခြံ၏အသီးများကို ဆွတ်ခူးကြမည်ဟု ကျိန်ဆိုခဲ့ကြသည်။ وَلَا يَسۡتَثۡنُونَ ١٨ထို့ပြင်သူတို့သည် (ထိုသို့ကျိ န်ဆိုရာတွင် အင်န်ရှာအလ္လာဟ် “အလ္လာဟ်အရှင်မြတ်အလိုရှိတော်မူလျှင်”)ဟု ခြွင်းချက်မထားခဲ့ကြပေ။ فَطَافَ عَلَيۡهَا طَآئِفٌ مِّن رَّبِّكَ وَهُمۡ نَآئِمُونَ ١٩သို့ဖြစ်ရာ သူတို့အိပ်ပျော်နေလျက်ရှိစဉ်၌ပင် အသင့်အား ဖန်ဆင်းမွေးမြူတော်မူသောအရှင်မြတ်ထံတော်မှ လှည့်ပတ်သည့်အရာ(မီး)သည် ထိုခြံပေါ်တွင်လှည့်ပတ်(လောင်ကျွမ်း)ခဲ့သည်။ فَأَصۡبَحَتۡ كَٱلصَّرِيمِ ٢٠ထို့နောက် နံနက်တွင် ထိုခြံသည် ဆွတ်ခူးရိတ်ဖြတ်ပြီး သကဲ့သို့ဖြစ်သွားခဲ့သည်။ فَتَنَادَوۡاْ مُصۡبِحِينَ ٢١ထို့ပြင် သူတို့သည် နံနက်စောစော ထကြ၍ အချင်းချင်း ဟစ်ခေါ်ခဲ့ကြသည်။ أَنِ ٱغۡدُواْ عَلَىٰ حَرۡثِكُمۡ إِن كُنتُمۡ صَٰرِمِينَ ٢٢“အသင်တို့သည် အကယ်၍ အသီးများကို ဆွတ်ခူးလိုကြလျှင် အသင်တို့၏ လယ်ယာခြံသို့ စောစောသွားကြပါ။” فَٱنطَلَقُواْ وَهُمۡ يَتَخَٰفَتُونَ ٢٣ထို့နောက် သူတို့သည် သူတို့အချင်းချင်း တီးတိုးစကားပြောလျက် ထွက်ခွာသွားကြသည်။ أَن لَّا يَدۡخُلَنَّهَا ٱلۡيَوۡمَ عَلَيۡكُم مِّسۡكِينٌ ٢٤အသင်တို့ထံသို့ ထိုခြံတွင် ယနေ့ မည်သည့်ဆင်းရဲသားမျှ လုံးဝမဝင်ရဟု (ပြောဆိုလျက်သွားကြသည်)။ وَغَدَوۡاْ عَلَىٰ حَرۡدٍ قَٰدِرِينَ ٢٥ထို့ပြင် သူတို့သည် (မိမိဘာသာ မည်သူ့ကိုမျှ)မပေးဘဲနေနိုင်လိမ့်မည်ဟု ထင်မှတ်၍ စောစောသွားခဲ့ကြသည်။ فَلَمَّا رَأَوۡهَا قَالُوٓاْ إِنَّا لَضَآلُّونَ ٢٦ထို့နောက် သူတို့သည် ၎င်း(ခြံဥယျာဉ်)ကို မြင်တွေ့ ကြသည့်အခါ ပြောဆိုကြသည်- အမှန်စင်စစ် ကျွန်ုပ်တို့သည် လမ်းမှားခဲ့ကြပြီဖြစ်သည်။ بَلۡ نَحۡنُ مَحۡرُومُونَ ٢٧ထိုသို့မဟုတ်၊ အမှန်စင်စစ် ကျွန်ုပ်တို့သည် နဖူးစာဆိုးသူများ၊ လက်မဲ့ဖြစ်စေခြင်းခံရသောသူများဖြစ်ကြရပြီဖြစ်သည်။ قَالَ أَوۡسَطُهُمۡ أَلَمۡ أَقُل لَّكُمۡ لَوۡلَا تُسَبِّحُونَ ٢٨သူတို့ထဲမှ မျှတစွာရှိသူက “ကျွန်ုပ်အသင်တို့အား (ယခင်ကတည်းကသတိပေး)ပြောကြားခဲ့သည်မဟုတ်လော။ အသင်တို့သည် အဘယ့်ကြောင့် (အလ္လာဟ်အရှင်မြတ်)စင်ကြယ်သန့်ရှင်းတော်မူကြောင်း မပြောဆိုကြသနည်း” ဟု ပြောဆိုခဲ့သည်။ قَالُواْ سُبۡحَٰنَ رَبِّنَآ إِنَّا كُنَّا ظَٰلِمِينَ ٢٩သူတို့က ပြောကြသည်-ကျွန်ုပ်တို့အား ဖန်ဆင်းမွေးမြူတော်မူသောအရှင်မြတ်သည် စင်ကြယ်သန့်ရှင်းတော်မူပါသည်။ အမှန်စင်စစ် ကျွန်ုပ်တို့ပင်မတရားသူများဖြစ်ကြပါသည်။ فَأَقۡبَلَ بَعۡضُهُمۡ عَلَىٰ بَعۡضٍ يَتَلَٰوَمُونَ ٣٠ထို့နောက် သူတို့သည် သူတို့အချင်းချင်း တစ်ဦးဘက်တစ်ဦးလှည့်ပြီး တစ်ဦးက တစ်ဦးကိုပြစ်တင်ရှုတ်ချခဲ့ကြသည်။ قَالُواْ يَٰوَيۡلَنَآ إِنَّا كُنَّا طَٰغِينَ ٣١ထို့ပြင် သူတို့က ပြောဆိုခဲ့ကြသည်-ဪ-ကျွန်ုပ်တို့ ဖြစ်မှဖြစ်ရလေခြင်း၊ အမှန်စင်စစ် ကျွန်ုပ်တို့ပင် ဆိုးသွမ်းသူများဖြစ်ခဲ့ကြသည်။ عَسَىٰ رَبُّنَآ أَن يُبۡدِلَنَا خَيۡرًا مِّنۡهَآ إِنَّآ إِلَىٰ رَبِّنَا رَٰغِبُونَ ٣٢ကျွန်ုပ်တို့အား ဖန်ဆင်းမွေးမြူတော်မူသောအရှင်မြတ်သည် ကျွန်ုပ်တို့အား ြ(ွဥယျာဉ်ခြံ)ထက် ကောင်းသည့်ဥယျာဉ်ခြံကို လဲလှယ်အစားပေးတော်မူကောင်း ပေးတော်မူမည်။ အမှန်စင်စစ် ကျွန်ုပ်တို့သည် ကျွန်ုပ်တို့အား ဖန်ဆင်းမွေးမြူတော်မူသောအရှင်မြတ်ဘက်သို့ ပြန်လှည့်သူများဖြစ်ကြပါသည်။ ###၆ كَذَٰلِكَ ٱلۡعَذَابُۖ وَلَعَذَابُ ٱلۡأٓخِرَةِ أَكۡبَرُۚ لَوۡ كَانُواْ يَعۡلَمُونَ ٣٣ပြစ်ဒဏ်သည် ထိုသို့ပင် ဖြစ်သည်။ ထို့နောက် အမှန်စင်စစ် တမလွန်ဘဝ၏ ပြစ်ဒဏ်သည် ပိုကြီးသည်။ (ထိုအရာကို) သူတို့သိကြလျှင်ကောင်းလိုက်မည်ပင်။ إِنَّ لِلۡمُتَّقِينَ عِندَ رَبِّهِمۡ جَنَّٰتِ ٱلنَّعِيمِ ٣٤အမှန်စင်စစ် ကြောက်ရွံ့အပြစ်ရှောင် ကောင်းကျိုးဆောင်သူမုသ်သကီများအတွက် သူတို့အား ဖန်ဆင်းမွေးမြူတော်မူသော အရှင်မြတ်ထံတော်တွင်စည်းစိမ်ရှိသောဥယျာဉ် များရှိကြမည်။ أَفَنَجۡعَلُ ٱلۡمُسۡلِمِينَ كَٱلۡمُجۡرِمِينَ ٣٥ထို့နောက်ငါအရှင်မြတ်သည် မွတ်စ်လင်မ်အမိန့်နာခံသူများကို အမိန့်ဖီဆန်သူများကဲ့သို့ ပြုလုပ်တော်မူမည်လော။ مَا لَكُمۡ كَيۡفَ تَحۡكُمُونَ ٣٦အသင်တို့ မည်သို့ ဖြစ်နေကြသနည်း၊ အသင်တို့သည် မည်သို့ စီရင်ဆုံးဖြတ်ကြသနည်း။ أَمۡ لَكُمۡ كِتَٰبٌ فِيهِ تَدۡرُسُونَ ٣٧အသင်တို့တွင် ကျမ်းဂန်ရှိနေ၍ အသင်တို့သည် ထိုကျမ်းဂန်ကို ဖတ်ရှုသင်ကြားလေ့လာနေကြသလော။ إِنَّ لَكُمۡ فِيهِ لَمَا تَخَيَّرُونَ ٣٨အမှန်စင်စစ် ထိုကျမ်းဂန်တွင် အသင်တို့ နှစ်သက်အလိုရှိသည့်အရာများ ပါရှိနေသလော၊ أَمۡ لَكُمۡ أَيۡمَٰنٌ عَلَيۡنَا بَٰلِغَةٌ إِلَىٰ يَوۡمِ ٱلۡقِيَٰمَةِ إِنَّ لَكُمۡ لَمَا تَحۡكُمُونَ ٣٩သို့မဟုတ် အသင်တို့အတွက် ကိယာမသ်နေ့ထိ ငါအရှင်မြတ်အပေါ်တွင် တာဝန်ရှိသော ကျိန်ဆိုအာမခံချက်တစ်စုံတစ်ခုရှိနေသလော၊ (ထိုအာမခံချက်ထဲတွင်) အမှန်စင်စစ် အသင်တို့အတွက် အသင်တို့စီရင်ဆုံးဖြတ်ချက်အတိုင်း ဖြစ်ရမည်(ဟု အာမခံထားသလော)။ سَلۡهُمۡ أَيُّهُم بِذَٰلِكَ زَعِيمٌ ٤٠အသင်သည် သူတို့အား သူတို့ထဲမှ ထိုအရာကို အာမခံသည့်သူသည် မည်သူနည်းဟု မေးမြန်းလိုက်ပါ။ أَمۡ لَهُمۡ شُرَكَآءُ فَلۡيَأۡتُواْ بِشُرَكَآئِهِمۡ إِن كَانُواْ صَٰدِقِينَ ٤١သို့မဟုတ် သူတို့ထံတွင် တွဲဖက်ကိုးကွယ်ရာများရှိ နေသလော၊ ထိုသို့ရှိလျှင် သူတို့သည် မှန်ကန်သူများဖြစ်ကြလျှင်ထိုတွဲဖက်ကိုးကွယ်ရာများကို ခေါ်ဆောင်လာခဲ့ရမည်ဖြစ်သည်။ يَوۡمَ يُكۡشَفُ عَن سَاقٍ وَيُدۡعَوۡنَ إِلَى ٱلسُّجُودِ فَلَا يَسۡتَطِيعُونَ ٤٢ထိုနေ့တွင် (အရှင်မြတ်၏ )ခြေသလုံးတော်ဖွင့်လှစ်ခြင်း ခံရမည်ဖြစ်ပြီး သူတို့သည် စဂျ်ဒဟ်ဦးချရန် ဖိတ်ခေါ်ခံကြရမည်။ ထို့နောက်လည်း သူတို့သည် (စဂျ်ဒဟ် )ပြုလုပ်နိုင်စွမ်းရှိမည်မဟုတ်တော့ပေ။ ###၇ خَٰشِعَةً أَبۡصَٰرُهُمۡ تَرۡهَقُهُمۡ ذِلَّةٌۖ وَقَدۡ كَانُواْ يُدۡعَوۡنَ إِلَى ٱلسُّجُودِ وَهُمۡ سَٰلِمُونَ ٤٣သူတို့၏ မျက်စိများသည် အောက်သို့စိုက်နေကြလိမ့်မည်။ သူတို့အပေါ် သေးသိမ်မှုသည် ဖုံးလွှမ်းနေလိမ့်မည်။ ထို့ပြင် အမှန်စင်စစ် သူတို့သည် ပကတိကျန်းမာကောင်းမွန်နေလျက်ရှိစဉ်က စဂျ်ဒဟ်ဦးချရန် ဖိတ်ခေါ်ခြင်းကို ခံခဲ့ကြရပြီးဖြစ်သည်။ فَذَرۡنِي وَمَن يُكَذِّبُ بِهَٰذَا ٱلۡحَدِيثِۖ سَنَسۡتَدۡرِجُهُم مِّنۡ حَيۡثُ لَا يَعۡلَمُونَ ٤٤သို့ဖြစ်ရာ အသင်သည် ဤအာယသ်တော်များကို မဟုတ်မမှန်ဟု စွပ်စွဲငြင်းပယ်သူများအား ငါအရှင်မြတ်နှင့်သာ လွှတ်ထားလိုက်ပါ။ မကြာမီ ငါအရှင်မြတ်သည် သူတို့အား သူတို့မသိကြသည့်နည်းဖြင့် (ပြစ်ဒဏ်ခတ်ခံရသည်အထိ)အဆင့်ဆင့်ဆွဲခေါ်သွားတော်မူမည်။ وَأُمۡلِي لَهُمۡۚ إِنَّ كَيۡدِي مَتِينٌ ٤٥ထို့ပြင် ငါအရှင်မြတ်သည် သူတို့အား ဆိုင်းငံ့ပေးထားတော်မူသည်၊ အမှန်စင်စစ် ငါအရှင်မြတ်၏ အကြံအစည်သည် အလွန်ခိုင်မြဲတောင့်တင်းသည်။ أَمۡ تَسۡـَٔلُهُمۡ أَجۡرًا فَهُم مِّن مَّغۡرَمٍ مُّثۡقَلُونَ ٤٦အသင်သည် သူတို့ထံ အကျိုးကျေးဇူးတစ်စုံတစ်ခုတောင်းဆိုသည့်အတွက် သူတို့သည် ဒဏ်ဆောင်ရခြင်းကြောင့် ဝန်ပိနေကြသလော။ أَمۡ عِندَهُمُ ٱلۡغَيۡبُ فَهُمۡ يَكۡتُبُونَ ٤٧သို့မဟုတ် သူတို့ထံတွင် အကွယ်ကအရာများကို (အသိ)ရှိနေ၍ သူတို့သည် ရေးမှတ်ထားကြသလော။ فَٱصۡبِرۡ لِحُكۡمِ رَبِّكَ وَلَا تَكُن كَصَاحِبِ ٱلۡحُوتِ إِذۡ نَادَىٰ وَهُوَ مَكۡظُومٌ ٤٨သို့ဖြစ်ရာ အသင်သည် အသင့်အား ဖန်ဆင်းမွေးမြူတော်မူသောအရှင်၏ စီရင်ဆုံးဖြတ်မှုကို စောင့်ဆိုင်းသည်းခံနေပါ။ ထို့ပြင် အသင်သည် ငါးရှင်ကဲ့သို့မဖြစ်ပါနှင့်။ ###၈ တစ်ခါက သူသည် ဒုက္ခကို မျိုသိပ်ခံစားလျက် သူ၏ အရှင်မြတ်ကိုဟစ်ခေါ် (တမ်းတ)ခဲ့သည်။ لَّوۡلَآ أَن تَدَٰرَكَهُۥ نِعۡمَةٌ مِّن رَّبِّهِۦ لَنُبِذَ بِٱلۡعَرَآءِ وَهُوَ مَذۡمُومٌ ٤٩အကယ်၍ ထိုငါးရှင်ကို သူ့အားဖန်ဆင်းမွေးမြူတော်မူသောအရှင်မြတ်ထံတော်မှ ကျေးဇူးတော်ကျရောက်လာခြင်းမရှိခဲ့လျှင် အမှန်ပင် ထိုငါးရှင်သည် အခြေမလှဖြစ်၍ လွင်တီးခေါင်ပြင်တွင် အပြစ်တင်ခံရလျက် ပစ်ထားခြင်းကို ခံခဲ့ရမည်ဖြစ်သည်။ ###၉ فَٱجۡتَبَٰهُ رَبُّهُۥ فَجَعَلَهُۥ مِنَ ٱلصَّٰلِحِينَ ٥٠ထို့နောက် သူ့အား ဖန်ဆင်းမွေးမြူတော်မူသောအရှင်မြတ်က သူ့ကို ရွေးချယ်တော်မူပြီး ကောင်းမြတ်သည့်သူများထဲတွင် ပါဝင်စေတော်မူခဲ့သည်။ وَإِن يَكَادُ ٱلَّذِينَ كَفَرُواْ لَيُزۡلِقُونَكَ بِأَبۡصَٰرِهِمۡ لَمَّا سَمِعُواْ ٱلذِّكۡرَ وَيَقُولُونَ إِنَّهُۥ لَمَجۡنُونٌ ٥١ထို့ပြင် အမှန်စင်စစ် ကာဖိရ်များသည် ကုရ်အာန်ကျမ်းတော်မြတ်ကို နားထောင်ကြသည့်အခါ သူတို့၏ မျက်စိများနှင့် အသင့်အား ချော်ကျအောင် (မရပ်နိုင်လောက်အောင်) လုပ်မည့်ဆဲဆဲဖြစ်ကြသည်။ ###၁ဝ ထို့ပြင် သူတို့က အမှန်စင်စစ် ဤသူသည် အရူးဖြစ်သည်ဟု ပြောဆိုကြသည်။ وَمَا هُوَ إِلَّا ذِكۡرٌ لِّلۡعَٰلَمِينَ ٥٢ထို ကုရ်အာန်ကျမ်းတော်မြတ်သည် စကြဝဠာအားလုံးအတွက် ဆုံးမဩဝါဒဖြစ်လျက်ရှိသည်မှလွဲ၍ အခြားမဟုတ်ပေ။