ملة الإسلام

السورة 54 · 55 آية · Hashim Tin Myint

سورة القمر باللغة البورمية

السورة بالعربية مع التفسير استمع إلى سورة القمر (1,232 قارئاً)
مكيةسورة القمر٥٥ آية

بِسۡمِ ٱللَّهِ ٱلرَّحۡمَٰنِ ٱلرَّحِيمِ

ٱقۡتَرَبَتِ ٱلسَّاعَةُ وَٱنشَقَّ ٱلۡقَمَرُ ١ကိယာမသ် ရှင်ပြန်ထရမည့်အချိန်သည် နီးကပ်လာခဲ့ပြီဖြစ်သည်။ ထို့ပြင် လသည်လည်း (နှစ်ခြမ်း)ကွဲခဲ့ပြီဖြစ်သည်။ ###၁ وَإِن يَرَوۡاْ ءَايَةً يُعۡرِضُواْ وَيَقُولُواْ سِحۡرٌ مُّسۡتَمِرٌّ ٢ထို့ပြင် သူတို့သည် သက်‌သေလက္ခဏာ တစ်စုံတစ်ရာကို ‌တွေ့မြင်ကြလျှင်လည်း ‌ကျောခိုင်းသွားသည့်အပြင် (ဤသည်)ယခင်ကတည်းက ဆင်းသက်လာ‌သော ‌မှော်အတတ် ပညာပင်ဖြစ်သည်ဟု ‌ပြောဆို‌နေကြသည်။ وَكَذَّبُواْ وَٱتَّبَعُوٓاْ أَهۡوَآءَهُمۡۚ وَكُلُّ أَمۡرٍ مُّسۡتَقِرٌّ ٣ထို့ပြင် သူတို့သည် မဟုတ်မမှန်ဟု စွပ်စွဲငြင်းပယ်ခဲ့ကြ၍ သူတို့၏ အလိုဆန္ဒများကိုသာ လိုက်နာခဲ့ကြသည်။ ထို့ပြင် အ‌ရေးကိစ္စတိုင်းသည် (အချိန်ကာလသတ်မှတ်)ဆုံးဖြတ်ပြီးဖြစ်သည်။ وَلَقَدۡ جَآءَهُم مِّنَ ٱلۡأَنۢبَآءِ مَا فِيهِ مُزۡدَجَرٌ ٤ထို့ပြင် အမှန်စင်စစ် သူတို့ထံသို့ သင်ခန်းစာ အလုံအ‌လောက်ပါရှိ‌သော သတင်းများ‌ရောက်ရှိခဲ့ပြီဖြစ်သည်။ حِكۡمَةُۢ بَٰلِغَةٌۖ فَمَا تُغۡنِ ٱلنُّذُرُ ٥(ဤကျမ်းသည်) ပြည့်စုံသည့် ဉာဏ်ပညာများဖြစ်သည်။ ထို့‌နောက်လည်း သတိ‌ပေးနှိုး‌ဆော်သည့်အရာများသည် (ထိုသူများကို)အကျိုးရှိ‌စေမည်မဟုတ်‌ပေ။ ###၂ فَتَوَلَّ عَنۡهُمۡۘ يَوۡمَ يَدۡعُ ٱلدَّاعِ إِلَىٰ شَيۡءٍ نُّكُرٍ ٦သို့ဖြစ်ရာ အသင်(တမန်‌တော်)သည် သူတို့ဘက်မှ မျက်နှာလွှဲ၍‌နေပါ။ ထို‌နေ့တွင် ဆင့်‌ခေါ်သူသည် မနှစ်မြို့ ဖွယ်ကိစ္စဘက်သို့ ဆင့်‌ခေါ်လိမ့်မည်။ خُشَّعًا أَبۡصَٰرُهُمۡ يَخۡرُجُونَ مِنَ ٱلۡأَجۡدَاثِ كَأَنَّهُمۡ جَرَادٌ مُّنتَشِرٌ ٧(ထို‌နေ့တွင်) သူတို့၏မျက်စိများသည် ‌အောက်သို့ စိုက်‌နေလိမ့်မည်။ သူတို့သည် ပြန့်ကြဲ‌နေ‌သော ကျိုင်း‌ကောင်များကဲ့သို့ သချုႋင်းမှ ထွက်လာကြမည်။ مُّهۡطِعِينَ إِلَى ٱلدَّاعِۖ يَقُولُ ٱلۡكَٰفِرُونَ هَٰذَا يَوۡمٌ عَسِرٌ ٨ဆင့်‌ခေါ်သူ ဘက်သို့ ‌ပြေးလာ‌နေကြမည်။ ကာဖိရ် များကမူ “ဤ‌နေ့သည် အလွန်ခက်ခဲ‌သော‌နေ့ပင်”ဟု ‌ပြောဆို‌နေကြလိမ့်မည်။ ###၃ ۞ كَذَّبَتۡ قَبۡلَهُمۡ قَوۡمُ نُوحٍ فَكَذَّبُواْ عَبۡدَنَا وَقَالُواْ مَجۡنُونٌ وَٱزۡدُجِرَ ٩သူတို့မတိုင်မီ (တမန်‌တော်)နူးဟ်၏ အမျိုးသားများလည်း မဟုတ်မမှန်ဟု စွပ်စွဲငြင်းပယ်ခဲ့ကြသည်။ ထို့‌နောက် သူတို့သည် ငါအရှင်မြတ်၏ ကျွန်(နူးဟ်)အားမဟုတ်မမှန်စွပ်စွဲငြင်းပယ်ပြီးအရူးဟု ‌ပြောဆိုခဲ့ကြသည်။ ထို့ပြင် ၎င်း(နူးဟ်)သည် ခြိမ်း‌ခြောက်မှုကိုလည်း ခံခဲ့ရသည်။ فَدَعَا رَبَّهُۥٓ أَنِّي مَغۡلُوبٌ فَٱنتَصِرۡ ١٠သို့ဖြစ်ရာ ၎င်းသည် ၎င်းအား ဖန်ဆင်း‌မွေးမြူ‌တော်မူ‌သောအရှင်မြတ်ထံ‌တော်တွင် “အမှန်စင်စစ် ကျွန်ုပ်သည် အ‌ရေးရှုံးနိမ့်‌နေပြီဖြစ်ပါသည်။ သို့ဖြစ်ရာ အရှင်မြတ်သည်တန်ပြန်အ‌ရေးယူ‌တော်မူပါ(လက်စား‌ချေ‌တော်မူပါ)”ဟု ပန်ကြားခဲ့သည်။ فَفَتَحۡنَآ أَبۡوَٰبَ ٱلسَّمَآءِ بِمَآءٍ مُّنۡهَمِرٍ ١١သို့ဖြစ်ရာ ငါအရှင်မြတ်သည် မိုး‌ကောင်းကင်၏ တံခါးများကို ဖွင့်ပြီး မိုးသည်းထန်စွာ ရွာသွန်း‌စေ‌တော်မူခဲ့သည်။ وَفَجَّرۡنَا ٱلۡأَرۡضَ عُيُونًا فَٱلۡتَقَى ٱلۡمَآءُ عَلَىٰٓ أَمۡرٍ قَدۡ قُدِرَ ١٢ထို့ပြင် ငါအရှင်မြတ်သည် ‌မြေပထဝီမှစမ်း‌ရေများကို ပန်းထွက်‌စေ‌တော်မူခဲ့သည့်အတွက် (အ‌ပေါ်‌အောက်)‌ရေများသည် ကြိုတင်စီမံထား‌သော အ‌ရေးကိစ္စ(‌ဆောင်ရွက်ရန်)ပူး‌ပေါင်းသွားခဲ့သည်။ وَحَمَلۡنَٰهُ عَلَىٰ ذَاتِ أَلۡوَٰحٍ وَدُسُرٍ ١٣ထို့ပြင် ငါအရှင်မြတ်သည် ၎င်းကို ပျဉ်ချပ်များ၊ သံများဖြင့် ပြုလုပ်ထားသည့်အရာ(သ‌ဘေင်္ာ)‌ပေါ်သို့ စီးနင်း‌စေ‌တော်မူခဲ့သည်။ تَجۡرِي بِأَعۡيُنِنَا جَزَآءً لِّمَن كَانَ كُفِرَ ١٤ထိုသ‌ဘေင်္ာသည် ငါအရှင်မြတ်၏ ‌စောင့်‌ရှောက်မှု‌အောက်တွင် သွားလာလှုပ်ရှား‌နေခဲ့သည် ။ (၎င်းသည်) ငြင်းပယ်ခြင်းခံရသည့်သူအတွက် တန်ပြန်အ‌ရေးယူ‌တော်မူခြင်းဖြစ်သည်။ وَلَقَد تَّرَكۡنَٰهَآ ءَايَةً فَهَلۡ مِن مُّدَّكِرٍ ١٥ထို့ပြင် အမှန်စင်စစ် ငါအရှင်မြတ်သည် ထိုအဖြစ်အပျက်ကို (သင်ခန်းစာရယူနိုင်ရန်) သက်‌သေလက္ခဏာတစ်ခုအဖြစ် ချန်ထား‌တော်မူခဲ့သည်။ သို့ဖြစ်ရာကျက်မှတ် တရားရယူမည့်သူ တစ်ဦးတစ်‌ယောက်ရှိပါ၏‌လော။ فَكَيۡفَ كَانَ عَذَابِي وَنُذُرِ ١٦ထို့ပြင် ငါအရှင်မြတ်၏ ပြစ်ဒဏ်နှင့် ငါအရှင်မြတ်၏ သတိ‌ပေးနှိုး‌ဆော်ချက်များသည် မည်သို့ရှိခဲ့သနည်း (ဆိုသည်ကိုဆင်ခြင်သုံးသပ်ကြပါ)။ وَلَقَدۡ يَسَّرۡنَا ٱلۡقُرۡءَانَ لِلذِّكۡرِ فَهَلۡ مِن مُّدَّكِرٍ ١٧ထို့ပြင် အမှန်စင်စစ် ငါအရှင်မြတ်သည် ကုရ်အာန်ကျမ်း‌တော်မြတ်ကို ကျက်မှတ်တရားရယူနိုင်ရန် လွယ်ကူ‌အောင် လုပ်‌ပေး‌တော်မူခဲ့သည်။ သို့ဖြစ်ရာ ကျက်မှတ်တရားရယူမည့်သူ တစ်ဦးတစ်‌ယောက်ရှိပါ၏‌လော။ كَذَّبَتۡ عَادٌ فَكَيۡفَ كَانَ عَذَابِي وَنُذُرِ ١٨အာဒ် အမျိုးသားများသည်လည်း မဟုတ်မမှန်ဟု စွပ်စွဲငြင်းပယ်ခဲ့ကြသည်။ ထို့ပြင် ငါအရှင်မြတ်၏ ပြစ်ဒဏ်နှင့် ငါအရှင်မြတ်၏ သတိ‌ပေးနှိုး‌ဆော်ချက်များသည် မည်သို့ရှိခဲ့သနည်း (ဆိုသည်ကိုဆင်ခြင်သုံးသပ်ကြပါ)။ إِنَّآ أَرۡسَلۡنَا عَلَيۡهِمۡ رِيحًا صَرۡصَرًا فِي يَوۡمِ نَحۡسٍ مُّسۡتَمِرٍّ ١٩အမှန်စင်စစ် ငါအရှင်မြတ်သည် သူတို့ အ‌ပေါ်တွင် ရှည်လျား‌သောမဂင်္လာကင်းမဲ့သည့်‌နေ့တွင် ပြင်းထန်‌သော‌လေမုန်တိုင်းကို ‌စေလွှတ်‌တော်မူခဲ့သည်။ تَنزِعُ ٱلنَّاسَ كَأَنَّهُمۡ أَعۡجَازُ نَخۡلٍ مُّنقَعِرٍ ٢٠ထိုမုန်တိုင်းသည် လူများကို ဆွဲနှုတ်ခဲ့သည့်အတွက် သူတို့သည် အမြစ်မှပြုတ်ထွက်ပြိုလဲခဲ့‌သော စွန်ပလွံပင်၏ ပင်မကြီးများကဲ့သို့ ဖြစ်သွားခဲ့ကြသည်။ فَكَيۡفَ كَانَ عَذَابِي وَنُذُرِ ٢١ထို့ပြင် ငါအရှင်မြတ်၏ ပြစ်ဒဏ်နှင့် ငါအရှင်မြတ်၏ သတိ‌ပေးနှိုး‌ဆော်ချက်များသည် မည်သို့ရှိခဲ့သနည်း (ဆိုသည်ကို ဆင်ခြင်သုံးသပ်ကြပါ)။ وَلَقَدۡ يَسَّرۡنَا ٱلۡقُرۡءَانَ لِلذِّكۡرِ فَهَلۡ مِن مُّدَّكِرٍ ٢٢ထို့ပြင် အမှန်စင်စစ် ငါအရှင်မြတ်သည် ကုရ်အာန်ကျမ်း‌တော်မြတ်ကို ကျက်မှတ်တရားရယူနိုင်ရန် လွယ်ကူ‌အောင် လုပ်‌ပေး‌တော်မူခဲ့သည်။ သို့ဖြစ်ရာ ကျက်မှတ် တရားရယူမည့်သူ တစ်ဦးတစ်‌ယောက်ရှိပါ၏‌လော။ كَذَّبَتۡ ثَمُودُ بِٱلنُّذُرِ ٢٣ဆမူဒ် အမျိုးသားများသည်လည်း သတိ‌ပေးနှိုး‌ဆော်သူများအား မဟုတ်မမှန်ဟု စွပ်စွဲ ငြင်းပယ်ခဲ့ကြသည်။ فَقَالُوٓاْ أَبَشَرًا مِّنَّا وَٰحِدًا نَّتَّبِعُهُۥٓ إِنَّآ إِذًا لَّفِي ضَلَٰلٍ وَسُعُرٍ ٢٤ထို့ပြင် သူတို့က ကျွန်ုပ်တို့သည် ကျွန်ုပ်တို့ကဲ့သို့လူသားတစ်ဦး၏‌နောက်သို့ လိုက်ကြရမည်‌လော။ ထိုသို့ဆိုလျှင် အမှန်စင်စစ် ကျွန်ုပ်တို့သည် လမ်းလွဲမှုနှင့် ရူးသွပ်မှုတွင် ကျ‌ရောက်သွားကြမည်ဖြစ်သည်ဟု‌ပြောဆိုကြသည်။ أَءُلۡقِيَ ٱلذِّكۡرُ عَلَيۡهِ مِنۢ بَيۡنِنَا بَلۡ هُوَ كَذَّابٌ أَشِرٌ ٢٥ကျွန်ုပ်တို့ထဲမှ ၎င်း၏အ‌ပေါ်၌သာ ဝဟီအမိန့်‌တော်ကို ချ‌ပေးခြင်းခံရသ‌လော။ ထိုသို့မဟုတ်‌ပေ၊ အမှန်စင်စစ်၎င်းသည် အလွန်လိမ်လည်သူ၊ ဝင့်ကြွားသူဖြစ်သည်။ سَيَعۡلَمُونَ غَدًا مَّنِ ٱلۡكَذَّابُ ٱلۡأَشِرُ ٢٦သူတို့အ‌နေနှင့် မည်သူသည် အလွန်လိမ်လည်သူ၊ အလွန်ဝင့်ကြွားသူဖြစ်‌ကြောင်းကို မကြာမီနက်ဖြန်၌ပင် သိရှိကြရမည်။ إِنَّا مُرۡسِلُواْ ٱلنَّاقَةِ فِتۡنَةً لَّهُمۡ فَٱرۡتَقِبۡهُمۡ وَٱصۡطَبِرۡ ٢٧အမှန်စင်စစ် ငါအရှင်မြတ်သည် သူတို့အား စမ်းသပ်ရန် ကုလားအုတ်မကို ‌စေလွှတ်‌တော်မူမည်။ သို့ဖြစ်ရာ အသင်သည် သူတို့အားသည်းခံပြီး‌စောင့်ဆိုင်း‌နေပါ။ وَنَبِّئۡهُمۡ أَنَّ ٱلۡمَآءَ قِسۡمَةُۢ بَيۡنَهُمۡۖ كُلُّ شِرۡبٍ مُّحۡتَضَرٌ ٢٨ထို့ပြင် အသင်သည် သူတို့အား သူတို့ (၏တိရစ္ဆာန်များနှင့် ကုလားအုတ်မ)၏အကြား၌ (အလှည့်ကျ‌သောက်သုံးရန်) ‌ရေခွဲ‌ဝေထားသည့်အ‌ကြောင်း၊ အလှည့်ကျ လာ‌ရောက်‌သောက်ကြရမည့်အ‌ကြောင်း သတင်း‌ပေးလိုက်ပါ။ فَنَادَوۡاْ صَاحِبَهُمۡ فَتَعَاطَىٰ فَعَقَرَ ٢٩ထို့‌နောက် သူတို့သည် သူတို့၏အ‌ဖော်ကို ဟစ်‌ခေါ်ခဲ့သည်။ ထို့ပြင် ထိုအ‌ဖော်သည် လာ‌ရောက်ပြီး ကုလားအုတ်မ၏‌ခြေများကိုဖြတ်‌တောက် (၍သတ်ဖြတ်)ခဲ့သည် ။ فَكَيۡفَ كَانَ عَذَابِي وَنُذُرِ ٣٠ထို့‌နောက် ငါအရှင်မြတ်၏ ပြစ်ဒဏ်နှင့် ငါအရှင်မြတ်၏ သတိ‌ပေးနှိုး‌ဆော်ချက်များသည် မည်သို့ရှိခဲ့သနည်း (ဆိုသည်ကို ဆင်ခြင်သုံးသပ်ကြပါ)။ إِنَّآ أَرۡسَلۡنَا عَلَيۡهِمۡ صَيۡحَةً وَٰحِدَةً فَكَانُواْ كَهَشِيمِ ٱلۡمُحۡتَظِرِ ٣١အမှန်စင်စစ်ငါအရှင်မြတ်သည် သူတို့အ‌ပေါ်တွင် (ပြင်းထန်‌သော) အသံတစ်ခုကို ‌စေလွှတ်‌တော်မူခဲ့သည်။ ထို့‌နောက် သူတို့သည် ကျွဲ နွားတိရစ္ဆာန်များ‌နေထိုင်ရန် ခြံခတ်သူ၏‌သွေ့‌ခြောက်‌ကြေမွ‌နေ‌သော သစ်ကိုင်းသစ်ခက်များကဲ့သို့ ဖြစ်သွားခဲ့ကြသည်။ وَلَقَدۡ يَسَّرۡنَا ٱلۡقُرۡءَانَ لِلذِّكۡرِ فَهَلۡ مِن مُّدَّكِرٍ ٣٢ထို့ပြင် အမှန်စင်စစ် ငါအရှင်မြတ်သည် ကုရ်အာန်ကျမ်း‌တော်မြတ်ကို ကျက်မှတ်တရားရယူနိုင်ရန် လွယ်ကူ‌အောင်လုပ်‌ပေး‌တော်မူခဲ့သည်။ သို့ဖြစ်ရာ ကျက်မှတ်တရား ရယူမည့်သူ တစ်ဦးတစ်‌ယောက်ရှိပါ၏‌လော။ كَذَّبَتۡ قَوۡمُ لُوطِۭ بِٱلنُّذُرِ ٣٣(တမန်‌တော်)လူသွ် ၏အမျိုးသားများသည်လည်း သတိ‌ပေးနှိုး‌ဆော်သူများအား မဟုတ်မမှန်ဟု စွပ်စွဲ‌ပြောဆိုငြင်းပယ်ခဲ့ကြသည်။ إِنَّآ أَرۡسَلۡنَا عَلَيۡهِمۡ حَاصِبًا إِلَّآ ءَالَ لُوطٍۖ نَّجَّيۡنَٰهُم بِسَحَرٍ ٣٤အမှန်စင်စစ် ငါအရှင်မြတ်သည် သူတို့အ‌ပေါ်တွင် ခဲမိုးကို ရွာသွန်း‌စေ‌တော်မူခဲ့သည်။ သို့ရာတွင် (တမန်‌တော်)လူသွ်၏‌နောက်လိုက် တပည့်သား မျိုးနွယ်များကိုမူ ငါအရှင်မြတ်သည် ည၏ ‌နောက်ဆုံးပိုင်း၌ပင် ကယ်တင်‌တော်မူခဲ့သည်။ نِّعۡمَةً مِّنۡ عِندِنَاۚ كَذَٰلِكَ نَجۡزِي مَن شَكَرَ ٣٥ငါအရှင်မြတ်ထံ‌တော်မှ ‌ကျေးဇူးပြု‌တော်မူသည့်အ‌နေနှင့် ‌ကျေးဇူးသိတတ်သူများအား ထိုသို့ပင် အစား‌ပေး‌လေ့ရှိ‌တော်မူသည်။ وَلَقَدۡ أَنذَرَهُم بَطۡشَتَنَا فَتَمَارَوۡاْ بِٱلنُّذُرِ ٣٦ထို့ပြင် အမှန်စင်စစ်ထို (တမန်‌တော်)လူသွ် က ငါအရှင်မြတ်ဖမ်းဆီးအ‌ရေးယူမည်ဆိုသည့်အ‌ကြောင်း သူတို့အား သတိ‌ပေးနှိုး‌ဆော်ခဲ့‌သော်လည်း သူတို့သည် (ထို) သတိ‌ပေးနှိုး‌ဆော်ချက်များနှင့်ပတ်သက်၍ အငြင်းအခုံပြုခဲ့ကြသည်။ وَلَقَدۡ رَٰوَدُوهُ عَن ضَيۡفِهِۦ فَطَمَسۡنَآ أَعۡيُنَهُمۡ فَذُوقُواْ عَذَابِي وَنُذُرِ ٣٧ထို့ပြင် အမှန်စင်စစ် သူတို့သည် ၎င်း၏ဧည့်သည်များကို ၎င်း၏ထံတွင်(မ‌ကောင်းသည့်အကြံအစည်နှင့်)‌တောင်းဆိုခဲ့ကြသည်။ သို့ဖြစ်ရာ ငါအရှင်မြတ်သည် သူတို့၏ မျက်စိများအား ကန်း‌စေ‌တော်မူခဲ့သည်။ ###၄ ထို့ပြင် (သူတို့အား) အသင်တို့သည် ငါအရှင်မြတ်၏ ပြစ်ဒဏ်နှင့် ငါအရှင်မြတ်၏ သတိ‌ပေးနှိုး‌ဆော်မှုများ၏အရသာကို မြည်းစမ်းကြပါ (ဟုမိန့်ကြား‌တော်မူခဲ့သည်)။ وَلَقَدۡ صَبَّحَهُم بُكۡرَةً عَذَابٌ مُّسۡتَقِرٌّ ٣٨ထို့ပြင် အမှန်စင်စစ် အမြဲတည်မြဲ‌နေမည့်ပြစ်ဒဏ်သည် သူတို့တွင် နံနက်‌စော‌စောအချိန် သက်‌ရောက်ခဲ့သည်။ فَذُوقُواْ عَذَابِي وَنُذُرِ ٣٩ထို့ပြင် ငါအရှင်မြတ်၏ ပြစ်ဒဏ်နှင့်ငါအရှင်မြတ်၏ သတိ‌ပေးနှိုး‌ဆော်ချက်များ၏အရသာကို မြည်းစမ်းကြပါ(ဟုမိန့်ကြား‌တော်မူခဲ့သည်)။ وَلَقَدۡ يَسَّرۡنَا ٱلۡقُرۡءَانَ لِلذِّكۡرِ فَهَلۡ مِن مُّدَّكِرٍ ٤٠ထို့ပြင် အမှန်စင်စစ် ငါအရှင်မြတ်သည် ကုရ်အာန် ကျမ်း‌တော်မြတ်ကို ကျက်မှတ်တရားရယူနိုင်ရန် လွယ်ကူ‌အောင် လုပ်‌ပေး‌တော်မူခဲ့သည်။ သို့ဖြစ်ရာ ကျက်မှတ်တရား ရယူမည့်သူ တစ်ဦးတစ်‌ယောက်ရှိပါ၏‌လော။ وَلَقَدۡ جَآءَ ءَالَ فِرۡعَوۡنَ ٱلنُّذُرُ ٤١ထို့ပြင် အမှန်စင်စစ် ဖိရ်‌အောင်န်၏ ‌ခြွေရံသင်းပင်းများထံသို့လည်း သတိ‌ပေးနှိုး‌ဆော်ချက်များ‌ရောက်ရှိလာခဲ့သည်။ كَذَّبُواْ بِـَٔايَٰتِنَا كُلِّهَا فَأَخَذۡنَٰهُمۡ أَخۡذَ عَزِيزٍ مُّقۡتَدِرٍ ٤٢သူတို့သည် ငါအရှင်မြတ်၏ သက်‌သေလက်္ခဏာအားလုံးကို မဟုတ်မမှန်ဟု စွပ်စွဲငြင်းပယ်ခဲ့ကြသည်။ သို့ဖြစ်ရာ ငါအရှင်မြတ်သည် သူတို့အား တန်ခိုး‌တော်နှင့် အလွန်လွှမ်းမိုး‌တော်မူ‌သော၊ အလွန်တတ်စွမ်းနိုင်‌တော်မူ‌သောအရှင်၏ ဖမ်းဆီးပုံမျိုးနှင့် ဖမ်းဆီးအ‌ရေးယူ‌တော်မူခဲ့သည်။ أَكُفَّارُكُمۡ خَيۡرٌ مِّنۡ أُوْلَٰٓئِكُمۡ أَمۡ لَكُم بَرَآءَةٌ فِي ٱلزُّبُرِ ٤٣အသင်တို့‌ခေတ်က ကာဖိရ်များသည် သူတို့ထက် ပို‌ကောင်းကြသ‌လော၊ သို့မဟုတ် ကျမ်းဂန်များထဲတွင် အသင်တို့အတွက် လွတ်ငြိမ်းချမ်းသာခွင့်ရှိသည်ဟုပါရှိသ‌လော။ أَمۡ يَقُولُونَ نَحۡنُ جَمِيعٌ مُّنتَصِرٌ ٤٤သို့မဟုတ် သူတို့က “ကျွန်ုပ်တို့အားလုံးသည် ‌အောင်နိုင်မှုရရှိမည့်အုပ်စုဖြစ်သည်”ဟု ‌ပြောဆိုကြသ‌လော။ سَيُهۡزَمُ ٱلۡجَمۡعُ وَيُوَلُّونَ ٱلدُّبُرَ ٤٥ထိုအုပ်စုသည် မကြာမီ၌ပင် အ‌ရေးနိမ့်ပြီး ‌ကျောခိုင်းထွက်‌ပြေးကြရလိမ့်မည်။ بَلِ ٱلسَّاعَةُ مَوۡعِدُهُمۡ وَٱلسَّاعَةُ أَدۡهَىٰ وَأَمَرُّ ٤٦အမှန်စင်စစ် ကိယာမသ်‌နေ့သည် သူတို့အား ချိန်းဆိုထားသည့်‌နေ့ပင်ဖြစ်သည်။ ထို့ပြင် ကိယာမသ်‌နေ့သည် ပိုပြင်းထန်သည့်အပြင် ပို၍နာကြည်းဖွယ်ဖြစ်သည်။ إِنَّ ٱلۡمُجۡرِمِينَ فِي ضَلَٰلٍ وَسُعُرٍ ٤٧အမှန်စင်စစ် အပြစ်ကျူးလွန်သူများသည် လမ်းလွဲမှုနှင့် ပင်ပန်း ဒုက္ခ‌ရောက်မှု(ပြစ်ဒဏ်ထဲ)တွင် ရှိ‌နေကြသည်။ يَوۡمَ يُسۡحَبُونَ فِي ٱلنَّارِ عَلَىٰ وُجُوهِهِمۡ ذُوقُواْ مَسَّ سَقَرَ ٤٨သူတို့သည် ‌မှောက်လျက် ငရဲမီးထဲတွင် တရွတ်တိုက်ဆွဲချခြင်းခံကြရသည့်‌နေ့တွင် “အသင်တို့သည် ငရဲမီးထိ‌ရောက်ခြင်း၏ အရသာကို မြည်းစမ်းကြပါ” (ဟု မိန့်ကြားခြင်းခံကြရမည်)။ ###၅ إِنَّا كُلَّ شَيۡءٍ خَلَقۡنَٰهُ بِقَدَرٍ ٤٩အမှန်စင်စစ် ငါအရှင်မြတ်သည် အရာရာတိုင်းကို ချင့်ချိန်ပြီး ဖန်ဆင်း‌တော်မူခဲ့သည်။ وَمَآ أَمۡرُنَآ إِلَّا وَٰحِدَةٌ كَلَمۡحِۭ بِٱلۡبَصَرِ ٥٠ထို့ပြင် ငါအရှင်မြတ်၏ အမိန့်‌တော်သည် တစ်ကြိမ်တည်း အမိန့်‌ပေးလိုက်သည်နှင့် မျက်စိတစ်မှိတ်အတွင်း ဖြစ်‌မြောက်သွားမည်။ ###၆ وَلَقَدۡ أَهۡلَكۡنَآ أَشۡيَاعَكُمۡ فَهَلۡ مِن مُّدَّكِرٍ ٥١ထို့ပြင် အမှန်စင်စစ် ငါအရှင်မြတ်သည် အသင်တို့နှင့် အယူအဆတူ‌သောသူများကို ဖမ်းဆီးကွပ်မျက်‌တော်မူခဲ့သည်။ သို့ဖြစ်ရာ တရားရယူသူတစ်ဦးတစ်‌ယောက်ရှိပါ၏‌လော။ ###၇ وَكُلُّ شَيۡءٍ فَعَلُوهُ فِي ٱلزُّبُرِ ٥٢ထို့ပြင်သူတို့ပြုလုပ်ခဲ့သမျှသည် မှတ်တမ်းများတွင်ရှိသည်။ وَكُلُّ صَغِيرٍ وَكَبِيرٍ مُّسۡتَطَرٌ ٥٣ထို့ပြင် အကြီးအ‌သေးဟူသမျှသည် ‌ရေးမှတ်ထားပြီးဖြစ်သည်။ إِنَّ ٱلۡمُتَّقِينَ فِي جَنَّٰتٍ وَنَهَرٍ ٥٤အမှန်စင်စစ် မုသ်သကီ‌ကြောက်ရွံ့အပြစ်‌ရှောင် ‌ကောင်းကျိုး‌ဆောင်သူများသည် ဥယျာဉ်များနှင့် စမ်း‌ချောင်းများတွင်ရှိကြမည်။ فِي مَقۡعَدِ صِدۡقٍ عِندَ مَلِيكٍ مُّقۡتَدِرِۭ ٥٥တန်ခိုး‌တော်နှင့်ပြည့်စုံ‌တော်မူ‌သောအရာရာကို စိုးပိုင်‌တော်မူ‌သော ရှင်ဘုရင်အစစ်အမှန်၏ထံတွင် မြင့်မြတ်မှန်ကန်သည့်‌နေရာတွင် ရှိကြမည်။

الترجمة: Hashim Tin Myint.