ملة الإسلام

السورة 53 · 62 آية · Hashim Tin Myint

سورة النجم باللغة البورمية

السورة بالعربية مع التفسير استمع إلى سورة النجم (1,299 قارئاً)
مكيةسورة النجم٦٢ آية

بِسۡمِ ٱللَّهِ ٱلرَّحۡمَٰنِ ٱلرَّحِيمِ

وَٱلنَّجۡمِ إِذَا هَوَىٰ ١(ငါအရှင်မြတ်သည်)ကြယ်တာရာကို သက်‌သေထူ‌တော်မူသည်။ တစ်ခါက ထိုကြယ်တာရာသည် ကွယ်‌ပျောက်သွားခဲ့သည်။ مَا ضَلَّ صَاحِبُكُمۡ وَمَا غَوَىٰ ٢အသင်တို့၏အ‌ဖော်(တမန်‌တော် မုဟမ်္မဒ်(ဆွ)သည်လမ်းလွဲ‌နေသည်လည်းမဟုတ်‌ပေ။ လမ်းမှားကို လိုက်ခဲ့သည်လည်း မဟုတ်‌ပေ။ وَمَا يَنطِقُ عَنِ ٱلۡهَوَىٰٓ ٣ထို့ပြင် ၎င်းသည် (၎င်း၏)စိတ်အလိုဆန္ဒအတိုင်း စကား‌ပြောသည်မဟုတ်‌ပေ။၁ إِنۡ هُوَ إِلَّا وَحۡيٌ يُوحَىٰ ٤ထို‌ပြောဆိုမှုသည် (အလ္လာဟ် အရှင်မြတ်ထံ‌တော်မှ)ထုတ်ပြန်ခြင်းခံရ‌သော ထုတ်ပြန်ချက်သာဖြစ်သည်။ عَلَّمَهُۥ شَدِيدُ ٱلۡقُوَىٰ ٥၎င်းကို အလွန်အင်အားကြီးမားသူ(‌ကောင်းကင်တမန်)ကသင်ကြားပို့ချ‌ပေးခဲ့သည်။ ذُو مِرَّةٍ فَٱسۡتَوَىٰ ٦အင်အားပြည့်စုံသူဖြစ်သည်။ထို့ပြင်(ထို‌ကောင်းကင်တမန်)သည် ‌နေသားတကျ ရပ်တည်ခဲ့သည်။(မူလရုပ်သဏ္ဍာန်နှင့်ထင်ရှားခဲ့သည်) وَهُوَ بِٱلۡأُفُقِ ٱلۡأَعۡلَىٰ ٧သူသည်မြင့်မား‌သောမိုးကုပ်စက်ဝိုင်းထဲရှိ‌နေသည့်အ‌ခြေအ‌နေတွင်။ ثُمَّ دَنَا فَتَدَلَّىٰ ٨ထို့‌နောက် သူသည် နီးကပ်လာခဲ့သည်။ ထို့ပြင် ထပ်၍ နီးကပ်လာခဲ့သည်။ فَكَانَ قَابَ قَوۡسَيۡنِ أَوۡ أَدۡنَىٰ ٩သူ(‌ကောင်းကင်တမန်၏နီးကပ်မှုသည် )‌လေးနှစ်ပြန်စာ‌လောက်ပင် ကွာ‌ဝေး‌တော့သည် ။ သိ ု့မဟုတ်ထိုထက်ပင်ပို၍နီးကပ်စွာရှိခဲ့သည်။ فَأَوۡحَىٰٓ إِلَىٰ عَبۡدِهِۦ مَآ أَوۡحَىٰ ١٠ထို့‌နောက်အရှင်မြတ်သည်အရှင်မြတ်၏ကျွန် (တမန်‌တော်မုဟမ်္မဒ်(ဆွ))ထံသို့ အရှင်မြတ် ထုတ်ပြန်မည့်ထုတ်ပြန်ချက်များကို ထုတ်ပြန်‌တော်မူခဲ့သည်။ مَا كَذَبَ ٱلۡفُؤَادُ مَا رَأَىٰٓ ١١(၎င်း၏)စိတ်နှလုံးက‌တွေ့မြင်ခဲ့‌သောအရာများနှင့်ပတ်သက်၍ လွဲမှားမှုမရှိခဲ့‌ပေ။၂ أَفَتُمَٰرُونَهُۥ عَلَىٰ مَا يَرَىٰ ١٢ထို့‌နောက်လည်း အသင်တို့သည် ၎င်း‌တွေ့မြင်ခဲ့သည့်အရာများတွင် အငြင်းအခုံပြု‌နေကြ‌သေးသ‌လော။ وَلَقَدۡ رَءَاهُ نَزۡلَةً أُخۡرَىٰ ١٣ထို့ပြင်၎င်း(တမန်‌တော်)သည် သူ(‌ကောင်းကင်တမန်)ကို ဒုတိယအကြိမ်ဆင်းသက်ရာတွင် အမှန်ပင်‌တွေ့မြင်ခဲ့ သည်။ عِندَ سِدۡرَةِ ٱلۡمُنتَهَىٰ ١٤စိဒ်ရသုလ်မွန်သဟာ နယ်စပ်၌ရှိသည့်ဆီးပင်၏အနီးတွင်၊၃ عِندَهَا جَنَّةُ ٱلۡمَأۡوَىٰٓ ١٥ထိုဆီးပင်အနီးတွင် ဂျန္နသုလ် မအ်ဝါ သုခဘုံရှိသည်။ إِذۡ يَغۡشَى ٱلسِّدۡرَةَ مَا يَغۡشَىٰ ١٦တစ်ခါက ဆီးပင်ကို ဖုံးလွှမ်း‌နေသည့်အရာများသည် ဖုံးလွှမ်း‌နေသည်။၄ مَا زَاغَ ٱلۡبَصَرُ وَمَا طَغَىٰ ١٧(၎င်း၏)မျက်စိသည် လွဲ‌ချော်ခဲ့သည်လည်းမရှိ‌ပေ။ ‌ကျော်လွန်သွားခဲ့သည်လည်းမရှိ‌ပေ။ لَقَدۡ رَأَىٰ مِنۡ ءَايَٰتِ رَبِّهِ ٱلۡكُبۡرَىٰٓ ١٨၎င်းသည် ၎င်းအား ဖန်ဆင်း‌မွေးမြူ‌တော်မူ‌သောအရှင်မြတ်၏ ကြီးကျယ်‌သော သက်‌သေလက္ခဏာများကို အမှန်ပင် ‌တွေ့မြင်ခဲ့သည်။ أَفَرَءَيۡتُمُ ٱللَّٰتَ وَٱلۡعُزَّىٰ ١٩ထို့ပြင် အသင်တို့သည် လာသ်(ရုပ်တု)နှင့် အုဇ္ဇာ(ရုပ်တု)၊ وَمَنَوٰةَ ٱلثَّالِثَةَ ٱلۡأُخۡرَىٰٓ ٢٠ထို့ပြင် တတိယ‌မြောက်ဖြစ်‌သော မနာသ် (ရုပ်တု)တို့နှင့်ပတ်သက်၍ ဆင်ခြင်သုံးသပ်ကြည့်ခဲ့ကြသ‌လော။ أَلَكُمُ ٱلذَّكَرُ وَلَهُ ٱلۡأُنثَىٰ ٢١အသင်တို့တွင် သား‌ယောက်ျားက‌လေးများ ရှိကြ၍အရှင်မြတ်တွင် သမီးမိန်းက‌လေးများ ရှိကြသ‌လော။ ၅ تِلۡكَ إِذًا قِسۡمَةٌ ضِيزَىٰٓ ٢٢ဤသည်မှာမူ မညီမျှ‌သောတစ်ဖက်‌စောင်းနင်းခွဲ‌ဝေမှုပင်ဖြစ်သည်။ إِنۡ هِيَ إِلَّآ أَسۡمَآءٌ سَمَّيۡتُمُوهَآ أَنتُمۡ وَءَابَآؤُكُم مَّآ أَنزَلَ ٱللَّهُ بِهَا مِن سُلۡطَٰنٍۚ إِن يَتَّبِعُونَ إِلَّا ٱلظَّنَّ وَمَا تَهۡوَى ٱلۡأَنفُسُۖ وَلَقَدۡ جَآءَهُم مِّن رَّبِّهِمُ ٱلۡهُدَىٰٓ ٢٣ထို(ရုပ်တု)များသည် အသင်တို့ကိုယ်တိုင်နှင့် အသင်တို့၏ အဘ၊ ဘိုး၊ ‌ဘေးများက မှည့်‌ခေါ်ထား‌သော အမည်များပင်ဖြစ်ကြသည် ။ အလ္လာဟ်အရှင်မြတ်သည် ထိုအရာများနှင့်ပတ်သက်၍မည်သည့်အ‌ထောက်အထားမျှ ချ‌ပေးခဲ့ခြင်းမရှိ‌ပေ။ သူတို့သည် ရမ်းဆထင်မြင်မှုနှင့်စိတ်အလိုဆန္ဒများကိုပင် လိုက်နာ‌နေကြခြင်းဖြစ်သည်။ အမှန်စင်စစ်သူတို့ထံသို့ သူတို့အားဖန်ဆင်း‌မွေးမြူ‌တော်မူ‌သောအရှင်မြတ်ထံ‌တော်မှ အမှန်တရားသည် ‌ရောက်ရှိလာခဲ့ပြီဖြစ်သည်။ أَمۡ لِلۡإِنسَٰنِ مَا تَمَنَّىٰ ٢٤လူသားသည် သူလိုလားသမျှ ရရှိသ‌လော။ فَلِلَّهِ ٱلۡأٓخِرَةُ وَٱلۡأُولَىٰ ٢٥ထို့ပြင် တမလွန်ဘဝနှင့် ဤဘဝသည် အလ္လာဟ် အရှင်မြတ်၏ ပိုင်ဆိုင်မှု၌ပင်ရှိသည်။ ۞ وَكَم مِّن مَّلَكٍ فِي ٱلسَّمَٰوَٰتِ لَا تُغۡنِي شَفَٰعَتُهُمۡ شَيۡـًٔا إِلَّا مِنۢ بَعۡدِ أَن يَأۡذَنَ ٱللَّهُ لِمَن يَشَآءُ وَيَرۡضَىٰٓ ٢٦ထို့ပြင် မိုး‌ကောင်းကင်များတွင် ‌ကောင်းကင်တမန်များ အ‌မြောက်အမြားရှိကြသည်။ သူတို့၏ ရှဖာအသ်ကြားဝင်အသနားခံမှုသည် အလ္လာဟ် အရှင်မြတ်က အရှင်မြတ်အလိုရှိ‌တော်မူပြီး ‌ကျေနပ်‌တော်မူသည့်သူအတွက် ခွင့်ပြု‌တော်မူပြီး ‌နောက်မှပင် အသုံးဝင်မည်ဖြစ်သည်။၆ إِنَّ ٱلَّذِينَ لَا يُؤۡمِنُونَ بِٱلۡأٓخِرَةِ لَيُسَمُّونَ ٱلۡمَلَٰٓئِكَةَ تَسۡمِيَةَ ٱلۡأُنثَىٰ ٢٧အမှန်စင်စစ်အာခိရသ်တမလွန်ဘဝကို မယုံကြည်သူများသည် ‌ကောင်းကင်တမန်များကို မိန်းမများ၏အမည်များနှင့် အမှန်ပင်မှည့်‌ခေါ်ကြသည်။ وَمَا لَهُم بِهِۦ مِنۡ عِلۡمٍۖ إِن يَتَّبِعُونَ إِلَّا ٱلظَّنَّۖ وَإِنَّ ٱلظَّنَّ لَا يُغۡنِي مِنَ ٱلۡحَقِّ شَيۡـًٔا ٢٨ဤသည်နှင့် ပတ်သက်၍သူတို့တွင် မည်သည့်အ‌ထောက်အထားအသိပညာမျှမရှိဘဲလျက်သူတို့သည် ထင်မြင်ယူဆချက်ကို လိုက်နာကြခြင်းဖြစ်သည်။ အမှန်စင်စစ်ထင်မြင်ယူဆချက်သည်အမှန်တရား၏‌ရှေ့၌မည်သည့်အရာမျှ အသုံးမဝင်‌ပေ။ فَأَعۡرِضۡ عَن مَّن تَوَلَّىٰ عَن ذِكۡرِنَا وَلَمۡ يُرِدۡ إِلَّا ٱلۡحَيَوٰةَ ٱلدُّنۡيَا ٢٩သို့ဖြစ်ရာ အသင်သည်အကြင်သူအား လျစ်လျူရှု‌နေပါ။ ထိုသူများသည် ငါအရှင်မြတ်၏ ဆုံးမဩဝါဒမှ မျက်နှာလွှဲ‌နေခဲ့ကြသည်။ ထို့ပြင် သူသည် ဤဘဝမှလွဲ၍ အခြားမည်သည့်အရာမျှ မရည်ရွယ်‌ပေ။ ذَٰلِكَ مَبۡلَغُهُم مِّنَ ٱلۡعِلۡمِۚ إِنَّ رَبَّكَ هُوَ أَعۡلَمُ بِمَن ضَلَّ عَن سَبِيلِهِۦ وَهُوَ أَعۡلَمُ بِمَنِ ٱهۡتَدَىٰ ٣٠ထိုအရာသည်သူတို့၏အမြင့်ဆုံးအသိပညာပင်ဖြစ်သည်။ အမှန်စင်စစ်အသင့်အားဖန်ဆင်း‌မွေးမြူ‌တော်မူ‌သောအရှင်မြတ်ပင် အရှင်မြတ်၏လမ်း‌တော်မှ လွဲ‌ချော်သူကို အသိဆုံးဖြစ်‌တော်မူသည်။ ထို့ပြင် အရှင်မြတ်ပင် တရားလမ်းမှန်ရသည့်သူကိုလည်းအသိဆုံး ဖြစ်‌တော်မူသည်။ وَلِلَّهِ مَا فِي ٱلسَّمَٰوَٰتِ وَمَا فِي ٱلۡأَرۡضِ لِيَجۡزِيَ ٱلَّذِينَ أَسَٰٓـُٔواْ بِمَا عَمِلُواْ وَيَجۡزِيَ ٱلَّذِينَ أَحۡسَنُواْ بِٱلۡحُسۡنَى ٣١ထို့ပြင် မိုး‌ကောင်းကင်များနှင့် ‌မြေပထဝီတွင်ရှိသမျှကို အလ္လာဟ်အရှင်မြတ်ပင် စိုးပိုင်‌တော်မူသည်။ အရှင်မြတ်သည် မ‌ကောင်းမှုကျူးလွန်သည့်သူများကို သူတို့ပြုလုပ်သမျှ အစား‌ပေး‌တော်မူရန်နှင့် ‌ကောင်းမှုပြုလုပ်သည့်သူများကိုလည်း ‌ကောင်းသည့်အစား‌ပေး‌တော် မူရန်အတွက် (သူတို့ လမ်းမှားသည် လမ်းမှန်သည်ဆိုသည်ကို အရှင်မြတ် အသိဆုံး)ဖြစ်သည်။ ٱلَّذِينَ يَجۡتَنِبُونَ كَبَٰٓئِرَ ٱلۡإِثۡمِ وَٱلۡفَوَٰحِشَ إِلَّا ٱللَّمَمَۚ إِنَّ رَبَّكَ وَٰسِعُ ٱلۡمَغۡفِرَةِۚ هُوَ أَعۡلَمُ بِكُمۡ إِذۡ أَنشَأَكُم مِّنَ ٱلۡأَرۡضِ وَإِذۡ أَنتُمۡ أَجِنَّةٌ فِي بُطُونِ أُمَّهَٰتِكُمۡۖ فَلَا تُزَكُّوٓاْ أَنفُسَكُمۡۖ هُوَ أَعۡلَمُ بِمَنِ ٱتَّقَىٰٓ ٣٢(ထို ‌ကောင်းမှုပြုလုပ်သည့်) အကြင်သူများသည် အ‌သေးအဖွဲ ပြစ်မှုများကို ပြုမိကြ‌သော်လည်း ကြီး‌လေး‌သောပြစ်မှုများနှင့် ညစ်ညမ်းမှုများကို ‌ရှောင်ကြဉ်ကြသည်။ အမှန်စင်စစ် အသင့်အား ဖန်ဆင်း‌မွေးမြူ‌တော်မူ‌သောအရှင်မြတ်သည် အလွန်ကျယ်ဝန်း‌သော လွတ်ငြိမ်းချမ်းသာခွင့်ကို ပိုင်ဆိုင်‌တော်မူ‌သော အရှင်မြတ်ဖြစ်‌တော်မူသည်။ အရှင်မြတ်သည် အသင်တို့အား ‌မြေကြီးဖြင့် ဖန်ဆင်း‌တော်မူခဲ့စဉ်ကနှင့် အသင်တို့သည် အသင်တို့၏ မိခင်ဝမ်းဗိုက်များထဲတွင် သ‌န္ဓေသားဘဝတွင် ရှိစဉ်ကလည်း အရှင်မြတ်ပင် အသင်တို့အား အသိဆုံးဖြစ်‌တော်မူသည်။ သို့ဖြစ်ရာ အသင်တို့သည် အသင်တို့ကိုယ်ကို အသင်တို့ မြင့်မြတ်သည်၊ စင်ကြယ်သည်ဟု မထင်ကြနှင့်၊ အရှင်မြတ်သာ ‌ကြောက်ရွံ့အပြစ်‌ရှောင်‌ကောင်းကျိုး‌ဆောင်သည့်သူများကို အသိဆုံးဖြစ်‌တော်မူသည်။ ၇ أَفَرَءَيۡتَ ٱلَّذِي تَوَلَّىٰ ٣٣အသင်(တမန်‌တော်)သည် အကြင်သူ့ကို မမြင်ခဲ့သ‌လော။ ထိုသူသည် မျက်နှာလွှဲသွားခဲ့သည်။ وَأَعۡطَىٰ قَلِيلًا وَأَكۡدَىٰٓ ٣٤ထို့ပြင် သူသည် (ပစ္စည်း)အနည်းငယ်‌ပေးပြီး မ‌ပေးဘဲထားခဲ့သည်။ ၈ أَعِندَهُۥ عِلۡمُ ٱلۡغَيۡبِ فَهُوَ يَرَىٰٓ ٣٥သူ၏ထံတွင် အကွယ်က အသိရှိ‌နေ၍သူသည် ‌တွေ့မြင်‌နေသ‌လော။ أَمۡ لَمۡ يُنَبَّأۡ بِمَا فِي صُحُفِ مُوسَىٰ ٣٦သူသည် (တမန်‌တော်)မူစာ၏ကျမ်းများတွင် လာရှိသည်ကိုလည်း‌ကောင်း၊ وَإِبۡرَٰهِيمَ ٱلَّذِي وَفَّىٰٓ ٣٧တာဝန်‌ကျေပွန်ခဲ့‌သော(တမန်‌တော်)အိဗ်ရာဟီမ်၏ကျမ်းများတွင် လာရှိသည်ကိုလည်း‌ကောင်း အသိ‌ပေးခြင်းမခံခဲ့ရသ‌လော။ أَلَّا تَزِرُ وَازِرَةٌ وِزۡرَ أُخۡرَىٰ ٣٨မည်သည့်ထမ်းပိုးသူတစ်ဦးကမျှ သူတစ်ပါး၏ ဝန်ထုပ်ကို ထမ်းပိုးမည် မဟုတ်‌ပေဆိုသည်ကိုလည်း‌ကောင်း ( အသိ‌ပေးခြင်းမခံခဲ့ရသ‌လော)၊ وَأَن لَّيۡسَ لِلۡإِنسَٰنِ إِلَّا مَا سَعَىٰ ٣٩ထို့ပြင် လူသားတွင် သူကြိုးစားသည်မှလွဲ၍ မည်သည့်အရာမျှမရှိ ဆိုသည်ကိုလည်း‌ကောင်း( အသိ‌ပေးခြင်းမခံခဲ့ရသ‌လော)၊ وَأَنَّ سَعۡيَهُۥ سَوۡفَ يُرَىٰ ٤٠ထို့ပြင်သူ၏ကြိုးစားမှုကို မကြာမီ‌တွေ့မြင်ရမည်ဆိုသည်ကိုလည်း‌ကောင်း (အသိ‌ပေးခြင်းမခံခဲ့ရသ‌လော)။ ثُمَّ يُجۡزَىٰهُ ٱلۡجَزَآءَ ٱلۡأَوۡفَىٰ ٤١ထို့‌နောက် သူသည် (သူ၏ကြိုးစားမှုကို) ပြည့်ဝစွာ အစား‌ပေးခြင်းခံရမည်ဆိုသည်ကိုလည်း‌ကောင်း(အသိ‌ပေးခြင်းမခံခဲ့ရသ‌လော)။ وَأَنَّ إِلَىٰ رَبِّكَ ٱلۡمُنتَهَىٰ ٤٢ထို့ပြင်လမ်းဆုံးသည် အသင်(တမန်‌တော်)အား ဖန်ဆင်း‌မွေးမြူ‌တော်မူ‌သောအရှင်မြတ်ထံ‌တော်၌သာဖြစ်သည်ဆိုသည်ကိုလည်း‌ကောင်း။ ၉ وَأَنَّهُۥ هُوَ أَضۡحَكَ وَأَبۡكَىٰ ٤٣ထို့ပြင် အရှင်မြတ်ပင်ရယ်‌စေ‌တော်မူသည်၊ ငို‌စေ‌တော်မူသည်ဆိုသည်ကိုလည်း‌ကောင်း၊ وَأَنَّهُۥ هُوَ أَمَاتَ وَأَحۡيَا ٤٤ထို့ပြင် အရှင်မြတ်ပင် ‌သေ‌စေ‌တော်မူသည်၊ ရှင်‌စေ‌တော်မူသည်ဆိုသည်ကိုလည်း‌ကောင်း၊ وَأَنَّهُۥ خَلَقَ ٱلزَّوۡجَيۡنِ ٱلذَّكَرَ وَٱلۡأُنثَىٰ ٤٥ထို့ပြင်အရှင်မြတ်ပင်ဖိုနှင့်မစုံတွဲကို ဖန်ဆင်း‌တော်မူခဲ့သည်ဆိုသည်ကိုလည်း‌ကောင်း၊ مِن نُّطۡفَةٍ إِذَا تُمۡنَىٰ ٤٦သုက်ရည်နှင့် ထိုသုက်ရည်သည် သွန်း‌လောင်းခြင်းခံရသည့်အခါ၌လည်း‌ကောင်း ( အသိ‌ပေးခြင်းမခံခဲ့ရသ‌လော)၊ وَأَنَّ عَلَيۡهِ ٱلنَّشۡأَةَ ٱلۡأُخۡرَىٰ ٤٧ထို့ပြင် ‌နောက်တစ်ကြိမ်ဖန်ဆင်းမှုသည် အရှင်မြတ်အ‌ပေါ်တွင် တာဝန်ဖြစ်သည်ဆိုသည်ကိုလည်း‌ကောင်း၊ وَأَنَّهُۥ هُوَ أَغۡنَىٰ وَأَقۡنَىٰ ٤٨ထို့ပြင် အရှင်မြတ်ပင် လုံ‌လောက်‌အောင်‌ပေး‌တော်မူသည်၊ စု‌ဆောင်းပိုင်ဆိုင်နိုင်‌အောင်‌ပေး‌တော်မူသည်ဆိုသည်ကိုလည်း‌ကောင်း၊ ၁၀ وَأَنَّهُۥ هُوَ رَبُّ ٱلشِّعۡرَىٰ ٤٩ထို့ပြင် အရှင်မြတ်ပင် ရှိအ်ရာ ကြယ်ကို ဖန်ဆင်း‌တော်မူ‌သောအရှင်ဖြစ်‌တော်မူသည်ဆိုသည်ကို၊ ၁၁ လည်း‌ကောင်း ( အသိ‌ပေးခြင်းမခံခဲ့ရသ‌လော)၊ وَأَنَّهُۥٓ أَهۡلَكَ عَادًا ٱلۡأُولَىٰ ٥٠ထို့ပြင် အရှင်မြတ်ပင် ပထမအာဒ်အမျိုးသားများကို ဖျက်ဆီး‌တော်မူခဲ့သည်ဆိုသည်ကိုလည်း‌ကောင်း (အသိ‌ပေးခြင်းမခံခဲ့ရသ‌လော)၊ وَثَمُودَاْ فَمَآ أَبۡقَىٰ ٥١ထို့ပြင် ဆမူဒ်အမျိုးသားများကိုလည်း‌ကောင်း (ဖျက်ဆီး‌တော်မူခဲ့ခြင်းသည်)တစ်‌ယောက်မျှ မချန်ထားခဲ့‌ပေ။ وَقَوۡمَ نُوحٍ مِّن قَبۡلُۖ إِنَّهُمۡ كَانُواْ هُمۡ أَظۡلَمَ وَأَطۡغَىٰ ٥٢ထို့ပြင် ယခင်က (တမန်‌တော်)နူးဟ်၏ အမျိုးသားများကိုလည်း‌ကောင်း (ဖျက်ဆီး‌တော်မူခဲ့သည်)။ အမှန်စင်စစ်ထိုသူများသည်ပိုပြီး မတရားကျူးလွန်သူများ၊ ပိုပြီးဆိုးသွမ်းသူများဖြစ်ခဲ့ကြသည် ။ وَٱلۡمُؤۡتَفِكَةَ أَهۡوَىٰ ٥٣ထို့ပြင် အရှင်မြတ်ကပင်အထက်‌အောက် ‌ပြောင်းပြန်လှန်ထားသည့်ရွာကို ကိုင်‌ပေါက်‌တော်မူခဲ့သည်။ فَغَشَّىٰهَا مَا غَشَّىٰ ٥٤ထို့ပြင် ထိုရွာကို ဝိုင်းဝန်း ဖုံးလွှမ်းခဲ့သည့်အရာသည် ဝိုင်းဝန်း ဖုံးလွှမ်းခဲ့သည်။ فَبِأَيِّ ءَالَآءِ رَبِّكَ تَتَمَارَىٰ ٥٥သို့ဖြစ်ရာ အသင်သည် အသင့်အား ဖန်ဆင်း‌မွေးမြူ‌တော်မူ‌သောအရှင်မြတ်၏ မည်သည့်‌ကျေးဇူးများနှင့် ပတ်သက်၍ သံသယ ဖြစ်‌နေသနည်း။ هَٰذَا نَذِيرٌ مِّنَ ٱلنُّذُرِ ٱلۡأُولَىٰٓ ٥٦၎င်း(တမန်‌တော်)သည် ပထမဆုံး သတိ‌ပေးနှိုး‌ဆော်သူများထဲတွင် တစ်ဦးအပါအဝင်ဖြစ်သည်။ أَزِفَتِ ٱلۡأٓزِفَةُ ٥٧နီးကပ်သည့်အရာသည် နီးကပ်လာခဲ့ပြီဖြစ်သည်။ لَيۡسَ لَهَا مِن دُونِ ٱللَّهِ كَاشِفَةٌ ٥٨ထိုနီးကပ်သည့်အရာကို အလ္လာဟ်အရှင်မြတ်မှလွဲ၍ ဖယ်ရှားမည့်သူမရှိ‌ပေ။ أَفَمِنۡ هَٰذَا ٱلۡحَدِيثِ تَعۡجَبُونَ ٥٩အသင်တို့သည် အဘယ့်‌ကြောင့် ဤစကား(ကုရ်အာန်ကျမ်း)မှ အံ့ဩ‌နေကြသနည်း။ وَتَضۡحَكُونَ وَلَا تَبۡكُونَ ٦٠ထို့ပြင်အသင်တို့သည် မငိုသည့်အပြင် ရယ်‌နေကြသ‌လော။ وَأَنتُمۡ سَٰمِدُونَ ٦١အသင်တို့သည် ဂရုမစိုက်ဘဲ ကစား‌နေကြလျက်(ရယ်‌နေကြသ‌လော)။ فَٱسۡجُدُواْۤ لِلَّهِۤ وَٱعۡبُدُواْ ۩ ٦٢သို့ဖြစ်ရာ အသင်တို့သည် အလ္လာဟ် အရှင်မြတ်၏‌ရှေ့‌တော်တွင် စဂျ်ဒဟ် ဦးချကြပါ။ ထို့ပြင် အသင်တို့သည် (အရှင်မြတ်ကိုသာ)ကိုးကွယ်ကြပါ။ ၁၂

الترجمة: Hashim Tin Myint.