بِسۡمِ ٱللَّهِ ٱلرَّحۡمَٰنِ ٱلرَّحِيمِ
إِذَا وَقَعَتِ ٱلۡوَاقِعَةُ ١အဖြစ်အပျက်(ကိယာမသ်နေ့)သည် ဖြစ်ပျက်ခဲ့သည့်အခါတွင်။ لَيۡسَ لِوَقۡعَتِهَا كَاذِبَةٌ ٢ထိုအဖြစ်အပျက် ဖြစ်ပျက်မည့်အချိန်သည် လိမ်လည်မှု မဟုတ်ပေ။ خَافِضَةٌ رَّافِعَةٌ ٣(ထို ကိယာမသ်သည်အချို့ကို)နှိမ့်ချလိုက်လိမ့်မည်၊ (အချို့ကို) မြှင့်တင်လိုက်လိမ့်မည်။###၁ إِذَا رُجَّتِ ٱلۡأَرۡضُ رَجًّا ٤ကမ္ဘာမြေသည် အပြင်းအထန်လှုပ်ခြင်းခံရသည့်အခါတွင်၊ وَبُسَّتِ ٱلۡجِبَالُ بَسًّا ٥ထို့ပြင် တောင်များသည် ကြေညက်အောင်ချေမွှခံကြရသည့်အခါတွင်၊ فَكَانَتۡ هَبَآءً مُّنۢبَثًّا ٦ထိုတောင်များသည် ဖြန့်ကြဲထားသော မြူမှုန့်များဖြစ်သွားမည် ။ وَكُنتُمۡ أَزۡوَٰجًا ثَلَٰثَةً ٧ထို့ပြင် အသင်တို့သည် အတန်းအစားသုံးမျိုးဖြစ်သွားကြမည်။###၂ فَأَصۡحَٰبُ ٱلۡمَيۡمَنَةِ مَآ أَصۡحَٰبُ ٱلۡمَيۡمَنَةِ ٨မည်သို့ပင်ဖြစ်စေ၊ လက်ယာဘက်သားများကမူ၊ လက်ယာဘက်သားများဆိုသည်မှာ အဘယ်နည်း၊ (သူတို့၏ အဆင့်များသည် အဘယ်မျှမြင့်လိုက်မည်နည်း။) وَأَصۡحَٰبُ ٱلۡمَشۡـَٔمَةِ مَآ أَصۡحَٰبُ ٱلۡمَشۡـَٔمَةِ ٩ထို့ပြင် လက်ဝဲဘက်သားများကမူ၊ လက်ဝဲဘက်သားများဆိုသည်မှာ အဘယ်နည်း၊ (သူတို့၏ အဆင့်များသည် အဘယ်မျှ နိမ့်ကျလိုက်မည်နည်း။) وَٱلسَّٰبِقُونَ ٱلسَّٰبِقُونَ ١٠ထို့ပြင် ရှေ့ဆုံးရောက်သည့်သူများသည် ရှေ့ဆုံးကပင်ဖြစ်ကြသည်။ أُوْلَٰٓئِكَ ٱلۡمُقَرَّبُونَ ١١ထိုသူများသည် (အရှင်မြတ်၏အပါးတော်တွင်) အနီးကပ်ဆုံးသူများပင်ဖြစ်ကြသည်။ ###၃ فِي جَنَّٰتِ ٱلنَّعِيمِ ١٢(သူတို့သည်)တည်မြဲသည့်စည်းစိမ်နှင့်ပြည့်စုံသော ဥယျာဉ်များတွင် ရှိကြမည်။ ثُلَّةٌ مِّنَ ٱلۡأَوَّلِينَ ١٣(ထိုအထဲတွင်)ပထမလူများထဲမှ များပြားသည့်အုပ်စုကြီးတစ်ခုရှိမည်။ وَقَلِيلٌ مِّنَ ٱلۡأٓخِرِينَ ١٤ထို့ပြင် နောက်လူများထဲမှ အနည်းငယ်ရှိကြမည်။ عَلَىٰ سُرُرٍ مَّوۡضُونَةٍ ١٥(သူတို့သည်) ကျောက်သံပတ္တမြား စီမြှုပ်ထားသော မြင့်မားသော ထိုင်ခုံများအပေါ်တွင်၊ مُّتَّكِـِٔينَ عَلَيۡهَا مُتَقَٰبِلِينَ ١٦(မှီအုံးများကို)မှီပြီး မျက်နှာချင်းဆိုင် ထိုင်လျက်ရှိကြမည်။ يَطُوفُ عَلَيۡهِمۡ وِلۡدَٰنٌ مُّخَلَّدُونَ ١٧အသက်မသေဘဲ အမြဲနုနေမည့် လူငယ်များသည် သူတို့ထံတွင် လှည့်ပတ်သွားလာနေကြမည်။ بِأَكۡوَابٍ وَأَبَارِيقَ وَكَأۡسٍ مِّن مَّعِينٍ ١٨သောက်ရေဖလားများ၊ ရေတကောင်းများနှင့် စီးတွေသည့် အရက်ပြည့်လျှံနေသောခွက်များကို ယူဆောင်ပြီး(ပေးကြမည်)။ لَّا يُصَدَّعُونَ عَنۡهَا وَلَا يُنزِفُونَ ١٩သူတို့သည် ထိုအရက်ကြောင့် ခေါင်းခဲမူးဝေခြင်းလည်းခံစားရမည်မဟုတ်ပေ။ သတိလစ်ကြမည်လည်း မဟုတ်ပေ။###၄ وَفَٰكِهَةٍ مِّمَّا يَتَخَيَّرُونَ ٢٠ထို့ပြင် သူတို့နှစ်သက်သော သစ်သီးဝလံများကို (ယူဆောင်ပေးကြမည်)။ وَلَحۡمِ طَيۡرٍ مِّمَّا يَشۡتَهُونَ ٢١ထို့ပြင် သူတို့နှစ်သက်ကြသော ငှက်သားများကို(လည်း ယူဆောင်ပေးကြမည်)။ وَحُورٌ عِينٌ ٢٢ထို့ပြင် (သူတို့အတွက်) အလွန်ဖြူချောပြီး မျက်ဝန်းကျယ်သော မိန်းမပျိုများလည်းရှိကြမည်။ كَأَمۡثَٰلِ ٱللُّؤۡلُوِٕ ٱلۡمَكۡنُونِ ٢٣လျှို့ဝှက်သိမ်းဆည်းထားသော ပုလဲများကဲ့သို့ဖြစ်သည်။ جَزَآءَۢ بِمَا كَانُواْ يَعۡمَلُونَ ٢٤(ဤသည်) သူတို့ပြုလုပ်ခဲ့ကြသော (ကောင်းမြတ်သည့်)လုပ်ရပ်များ၏ အစားပေးတော်မူခြင်းဖြစ်သည်။ لَا يَسۡمَعُونَ فِيهَا لَغۡوًا وَلَا تَأۡثِيمًا ٢٥သူတို့သည် ထိုဥယျာဉ်များတွင် အလဟဿ စကားရော၊ အပြစ်ဖြစ်စေသည့်စကားပါ တစ်ခွန်းမျှ ကြားရမည်မဟုတ်ပေ။ إِلَّا قِيلًا سَلَٰمًا سَلَٰمًا ٢٦စလာမ်စလာမ်ငြိမ်းချမ်းသာယာပါစေ၊ ငြိမ်းချမ်းသာယာပါစေ ဟုပြောသည်ကိုသာ(ကြားကြရမည်ဖြစ်သည်)။ وَأَصۡحَٰبُ ٱلۡيَمِينِ مَآ أَصۡحَٰبُ ٱلۡيَمِينِ ٢٧ထို့ပြင် လက်ယာဘက်သားများ၊ ထိုလက်ယာဘက်သားများသည် အဘယ်နည်း၊ (သူတို့၏ အဆင့်များသည် အဘယ်မျှမြင့်လိုက်မည်နည်း)။ فِي سِدۡرٍ مَّخۡضُودٍ ٢٨(သူတို့သည်) ဆူးမရှိသော ဆီးပင်အနီးတွင်ရှိကြမည်။ وَطَلۡحٍ مَّنضُودٍ ٢٩ထို့ပြင် အခိုင်လိုက်သီးသော ငှက်ပျောပင်များအနီးတွင်ရှိကြမည်။ وَظِلٍّ مَّمۡدُودٍ ٣٠ထို့ပြင် ကျယ်ဝန်းသောအရိပ်များတွင်ရှိကြမည်။ وَمَآءٍ مَّسۡكُوبٍ ٣١ထို့ပြင် အမြဲစီးဆင်းနေသော ရေအနီးတွင်ရှိကြမည်။ وَفَٰكِهَةٍ كَثِيرَةٍ ٣٢ထို့ပြင် သစ်သီးဝလံ အမြောက်အမြားရှိသည့်နေရာတွင် ရှိကြလိမ့်မည်။ لَّا مَقۡطُوعَةٍ وَلَا مَمۡنُوعَةٍ ٣٣ကုန်ခန်းခြင်းလည်းမရှိဘဲ၊ ပိတ်ပင်တားမြစ်ခြင်းခံရမည့် သစ်သီးဝလံများလည်း မဟုတ်ကြပေ။ وَفُرُشٍ مَّرۡفُوعَةٍ ٣٤ထို့ပြင် (သူတို့သည်) မြင့်မားသော ထိုင်ခုံများ၊ အခင်းအကျင်းများ၊ မွေ့ရာများပေါ်တွင် ရှိကြမည်။ إِنَّآ أَنشَأۡنَٰهُنَّ إِنشَآءً ٣٥အမှန်စင်စစ် ငါအရှင်မြတ်သည် ထိုမိန်းမပျိုများကို အထူးဖန်ဆင်းတော်မူခဲ့သည်။ فَجَعَلۡنَٰهُنَّ أَبۡكَارًا ٣٦ထို့နောက် ငါအရှင်မြတ်သည် သူမတို့အား အပျိုစင်များအဖြစ်ပြုလုပ်ထားတော်မူခဲ့သည်။ عُرُبًا أَتۡرَابًا ٣٧(ခင်ပွန်းများကို) ချစ်ခင်ကြသော သက်တူရွယ်တူများဖြစ်ကြသည်။ لِّأَصۡحَٰبِ ٱلۡيَمِينِ ٣٨လက်ယာဘက်သားများအတွက်ဖြစ်သည်။###၅ ثُلَّةٌ مِّنَ ٱلۡأَوَّلِينَ ٣٩(ထိုလက်ယာဘက်သားများထဲတွင်) ပထမလူများထဲမှ ကြီးကျယ်သော အုပ်စုကြီးတစ်ခုနှင့်၊ وَثُلَّةٌ مِّنَ ٱلۡأٓخِرِينَ ٤٠နောက်လူများထဲမှ ကြီးကျယ်သည့်အုပ်စုကြီးတစ်ခုတို့ ပါဝင်ကြမည်။ وَأَصۡحَٰبُ ٱلشِّمَالِ مَآ أَصۡحَٰبُ ٱلشِّمَالِ ٤١ထို့ပြင် လက်ဝဲဘက်သားများ၊ လက်ဝဲဘက်သားများသည် အဘယ်နည်း၊ (သူတို့၏ အဆင့်များသည် အဘယ်မျှနိမ့်ကျလိုက်မည်နည်း။) فِي سَمُومٍ وَحَمِيمٍ ٤٢(သူတို့အတွက်)ခြစ်ခြစ်တောက်ပူလောင်သောလေပူတွင် ၊ ပွက်ပွက်ဆူနေသောရေနွေးပူတွင်၊ وَظِلٍّ مِّن يَحۡمُومٍ ٤٣အလွန်နက်မှောင်သောအခိုးအငွေ့၏အရိပ်တွင်ရှိကြမည်။ لَّا بَارِدٍ وَلَا كَرِيمٍ ٤٤(ထိုအရိပ်သည်)အေးမြခြင်းလည်းမရှိဘဲ၊ ပြန်ပြီးလန်းဆန်းစေခြင်းလည်းမရှိပေ။ إِنَّهُمۡ كَانُواْ قَبۡلَ ذَٰلِكَ مُتۡرَفِينَ ٤٥အမှန်စင်စစ် သူတို့သည် ထို့ထက်အလျင်က စည်းစိမ်ရှင်များပင် ဖြစ်ခဲ့ကြသည်။ وَكَانُواْ يُصِرُّونَ عَلَى ٱلۡحِنثِ ٱلۡعَظِيمِ ٤٦ထို့ပြင် သူတို့သည် အလွန်ကြီးလေးသော ပြစ်မှုဒုစရိုက်ကို ဇွတ်တိုးပြီး ကျူးလွန်လျက်ရှိခဲ့ကြသည်။ وَكَانُواْ يَقُولُونَ أَئِذَا مِتۡنَا وَكُنَّا تُرَابًا وَعِظَٰمًا أَءِنَّا لَمَبۡعُوثُونَ ٤٧ထို့ပြင် သူတို့သည် (ဤသို့)ပြောဆိုခဲ့ကြသည်။ “ကျွန်ုပ်တို့သည် သေပြီးနောက် အရိုးများဖြစ်ခဲ့ကြသည့်အခါ အမှန်စင်စစ်ရှင်ပြန်ထစေခြင်းကို ခံကြရဦးမည်လော။” أَوَءَابَآؤُنَا ٱلۡأَوَّلُونَ ٤٨“ထို့ပြင် ရှေးကလူများဖြစ်ကြသော ကျွန်ုပ်တို့၏ အဘ၊ ဘိုး၊ ဘေးများလည်း (ရှင်ပြန်ထရဦးမည်လော)။” قُلۡ إِنَّ ٱلۡأَوَّلِينَ وَٱلۡأٓخِرِينَ ٤٩(အို-တမန်တော်)အသင်ပြောလိုက်ပါ- အမှန်စင်စစ် ရှေးကလူများသာမက၊ နောက်လူများလည်း။ لَمَجۡمُوعُونَ إِلَىٰ مِيقَٰتِ يَوۡمٍ مَّعۡلُومٍ ٥٠အမှန်ပင်သတ်မှတ်ပြီးဖြစ်သည့်နေ့ ဆိုက်ရောက်လာမည့်အချိန်တွင် စုရုံးခြင်းခံကြရမည်။ ثُمَّ إِنَّكُمۡ أَيُّهَا ٱلضَّآلُّونَ ٱلۡمُكَذِّبُونَ ٥١ထို့နောက် အို-လမ်းလွဲသူများ၊ မဟုတ်မမှန်ဟု စွပ်စွဲ ငြင်းပယ်သူများ၊ အမှန်စင်စစ် အသင်တို့သည်၊ لَأٓكِلُونَ مِن شَجَرٍ مِّن زَقُّومٍ ٥٢ဇက္ကူမ် ရှားစောင်းခါးပင်ကို အမှန်ပင်စားကြရမည့်သူများဖြစ်သည်။ فَمَالِـُٔونَ مِنۡهَا ٱلۡبُطُونَ ٥٣ထို့ပြင် ထိုအရာ(ဇက္ကူမ်)နှင့်သာ ဝမ်းဗိုက်များကို ဖြည့်ကြရမည်ဖြစ်သည်။ فَشَٰرِبُونَ عَلَيۡهِ مِنَ ٱلۡحَمِيمِ ٥٤ထို့ပြင် ထိုအရာ(ဇက္ကူမ်)စားပြီးနောက် ပွက်ပွက်ဆူနေသော ရေနွေးပူကိုသောက်ကြရမည်ဖြစ်သည်။ فَشَٰرِبُونَ شُرۡبَ ٱلۡهِيمِ ٥٥ထို့ပြင် (ထိုရေနွေးပူကို) ရေဆာနေသော ကုလားအုတ်များသောက်သကဲ့သို့ (မနားဘဲဗိုက်အပြည့်)သောက်ကြရမည်ဖြစ်သည်။ هَٰذَا نُزُلُهُمۡ يَوۡمَ ٱلدِّينِ ٥٦ဤသည် သူတို့အား အစားပေးမည့်နေ့တွင် ဧည့်ခံကျွေးမွေးခြင်းပင်ဖြစ်လိမ့်မည်။###၆ نَحۡنُ خَلَقۡنَٰكُمۡ فَلَوۡلَا تُصَدِّقُونَ ٥٧ငါအရှင်မြတ်သည်ပင် အသင်တို့အား ဖန်ဆင်းတော်မူခဲ့သည်။ ထို့နောက်လည်း အသင်တို့သည် အဘယ့်ကြောင့် ဝန်မခံကြသနည်း။ أَفَرَءَيۡتُم مَّا تُمۡنُونَ ٥٨အသင်တို့ပြောကြပါ။ အသင်တို့သည် အသင်တို့သုက်ရည်ကို(အမျိုးသမီး၏သားအိမ်ထဲတွင်)အစက်ချကြသည်ကို စဉ်းစားကြည့်မြင်ခဲ့ကြသလော။ ءَأَنتُمۡ تَخۡلُقُونَهُۥٓ أَمۡ نَحۡنُ ٱلۡخَٰلِقُونَ ٥٩ထိုသုက်ရည်ကို အသင်တို့ကိုယ်တိုင်(လူဖြစ်အောင်)ဖန်ဆင်းကြသလော။ သို့မဟုတ် ငါအရှင်မြတ်ပင် ဖန်ဆင်းတော်မူသလော။ ###၇ نَحۡنُ قَدَّرۡنَا بَيۡنَكُمُ ٱلۡمَوۡتَ وَمَا نَحۡنُ بِمَسۡبُوقِينَ ٦٠ငါအရှင်မြတ်သည်ပင် အသင်တို့ကြားတွင် သေဆုံးခြင်းကို စီမံတော်မူခဲ့သည်။ ###၈ ထို့ပြင် ငါအရှင်မြတ်သည် မစွမ်းနိုင်တော်မူသောအရှင်မဟုတ်ပေ။ عَلَىٰٓ أَن نُّبَدِّلَ أَمۡثَٰلَكُمۡ وَنُنشِئَكُمۡ فِي مَا لَا تَعۡلَمُونَ ٦١ငါအရှင်မြတ်သည် အသင်တို့ကဲ့သို့သူများကို ပြောင်းလဲ(ဖန်ဆင်းတော်မူ)ရန်အတွက်သာမက၊ အသင်တို့ကိုအသင်တို့ပင်မသိကြသည့် အခြေအနေမျိုး၌ ဖန်ဆင်းတော်မူရန် အတွက်လည်းဖြစ်သည်။ ###၉ (မစွမ်းဆောင်နိုင်သည့်အရှင်မဟုတ်ပေ)။ وَلَقَدۡ عَلِمۡتُمُ ٱلنَّشۡأَةَ ٱلۡأُولَىٰ فَلَوۡلَا تَذَكَّرُونَ ٦٢ထို့ပြင် အမှန်စင်စစ် အသင်တို့သည် ပထမအကြိမ် ဖန်ဆင်းတော်မူသည်ကို သိရှိပြီးဖြစ်ကြလျက်နှင့် အဘယ့်ကြောင့် နားမလည်ကြသနည်း။ أَفَرَءَيۡتُم مَّا تَحۡرُثُونَ ٦٣ထို့ပြင် အသင်တို့သည် အသင်တို့ စိုက်ပျိုးကြသည်များကို စဉ်းစားကြည့်မြင်ခဲ့ကြသလော။ ءَأَنتُمۡ تَزۡرَعُونَهُۥٓ أَمۡ نَحۡنُ ٱلزَّٰرِعُونَ ٦٤ထိုမျိုးစေ့ကို အသင်တို့ကိုယ်တိုင် ပေါက်ရောက်စေကြသလော။ သို့မဟုတ် ငါအရှင်မြတ်သည်သာ ပေါက်ရောက်စေတော်မူသော အရှင်မြတ် ဖြစ်တော်မူသလော။ لَوۡ نَشَآءُ لَجَعَلۡنَٰهُ حُطَٰمًا فَظَلۡتُمۡ تَفَكَّهُونَ ٦٥အကယ်၍ ငါအရှင်မြတ်သည် အလိုရှိတော်မူလျှင် ထိုလယ်ယာကို စဉ်းထားသော ကောက်ရိုးများ၊ မြက်ခြောက်များ ဖြစ်စေတော်မူခဲ့မည်ပင်။ ထိုအခါ အသင်တို့သည် တွေဝေငေးမှိုင်နေကြမည်။###၁၀ إِنَّا لَمُغۡرَمُونَ ٦٦အမှန်စင်စစ် ကျွန်ုပ်တို့မှာမူ ကြွေးဆပ်ခိုင်းခံကြရခြင်းပင်ဖြစ်သည်။ بَلۡ نَحۡنُ مَحۡرُومُونَ ٦٧ထိုသို့မဟုတ် အမှန်စင်စစ်ကျွန်ုပ်တို့သည်လက်မဲ့ဖြစ်သွားကြပါပြီ (ဟု ပြောဆိုညည်းညူကြမည်ဖြစ်သည်)။ أَفَرَءَيۡتُمُ ٱلۡمَآءَ ٱلَّذِي تَشۡرَبُونَ ٦٨ထို့ပြင် အသင်တို့သည် အသင်တို့သောက်သုံးကြသည့်ရေကိုမြင်ခဲ့ကြသလော။ ءَأَنتُمۡ أَنزَلۡتُمُوهُ مِنَ ٱلۡمُزۡنِ أَمۡ نَحۡنُ ٱلۡمُنزِلُونَ ٦٩ထိုရေကို အသင်တို့ကိုယ်တိုင် မိုးတိမ်မှရွာသွန်းစေကြသလော၊ သို့မဟုတ် ငါအရှင်မြတ်သည်ပင် ရွာသွန်းစေသည့်အရှင်ဖြစ်တော်မူသလော။ لَوۡ نَشَآءُ جَعَلۡنَٰهُ أُجَاجًا فَلَوۡلَا تَشۡكُرُونَ ٧٠အကယ်၍ ငါအရှင်မြတ်သည်အလိုရှိတော်မူလျှင် ထိုရေကို ခါးသည့်ရေ၊ ငံသည့်ရေအဖြစ် ပြုလုပ်တော်မူခဲ့မည်ပင်ဖြစ်သည်။ ထို့နောက်လည်း အသင်တို့သည် အဘယ့်ကြောင့် ကျေးဇူးမတင်ကြသနည်း။ ###၁၁ أَفَرَءَيۡتُمُ ٱلنَّارَ ٱلَّتِي تُورُونَ ٧١ထို့ပြင် အသင်တို့သည် အသင်တို့မွှေးကြသောမီးကို မြင်ခဲ့ကြသလော။ ءَأَنتُمۡ أَنشَأۡتُمۡ شَجَرَتَهَآ أَمۡ نَحۡنُ ٱلۡمُنشِـُٔونَ ٧٢ထိုမီးထွက်သော သစ်ပင်ကို အသင်တို့ကိုယ်တိုင် ပေါက်ရောက်စေခဲ့ကြသလော။ သို့မဟုတ် ငါအရှင်မြတ်ပင် ပေါက်ရောက်စေတော်မူသော အရှင်မြတ်ဖြစ်တော်မူသလော။ نَحۡنُ جَعَلۡنَٰهَا تَذۡكِرَةً وَمَتَٰعًا لِّلۡمُقۡوِينَ ٧٣ငါအရှင်မြတ်သည်ပင် ထိုသစ်ပင်ကို သတိတရားရစေသည့်အရာအဖြစ်###၁၂ နှင့် ခရီးသည်များအတွက် အကျိုးရှိသည့်အရာအဖြစ် ပြုလုပ်တော်မူခဲ့သည်။ فَسَبِّحۡ بِٱسۡمِ رَبِّكَ ٱلۡعَظِيمِ ٧٤သို့ဖြစ်ရာ အသင်(တမန်တော်)သည် အသင့်အား ဖန်ဆင်းမွေးမြူတော်မူသော အလွန်ကြီးကျယ်မြင့်မြတ်သော အရှင်မြတ်၏ နာမတော်ဖြင့် စင်ကြယ်တော်မူကြောင်း ရွတ်ဆိုပါ။ ###၁၃ ۞ فَلَآ أُقۡسِمُ بِمَوَٰقِعِ ٱلنُّجُومِ ٧٥ထို့နောက် ငါအရှင်မြတ်သည် ကြယ်များဝင်သည့်နေရာ၊ စခန်းချသည့်နေရာများကို သက်သေထူတော်မူသည်။ ###၁၄ وَإِنَّهُۥ لَقَسَمٌ لَّوۡ تَعۡلَمُونَ عَظِيمٌ ٧٦ထို့ပြင် စင်စစ် ထိုသို့ သက်သေထူခြင်းသည် အကယ်၍ အသင်တို့ သိရှိကြလျှင် ကြီးကျယ်သော ကျိန်ဆိုမှုအမှန်ပင် ဖြစ်သည်။ إِنَّهُۥ لَقُرۡءَانٌ كَرِيمٌ ٧٧အမှန်စင်စစ် ထိုအရာသည် ဂုဏ်ကျက်သရေနှင့် ပြည့်စုံသော ကုရ်အာန်ကျမ်းတော်မြတ်ပင်ဖြစ်သည်။ فِي كِتَٰبٍ مَّكۡنُونٍ ٧٨မှတ်တမ်းစာအုပ်တစ်ခုတွင် ထိန်းသိမ်းစောင့်ရှောက်ထားရှိပြီးဖြစ်သည်။ لَّا يَمَسُّهُۥٓ إِلَّا ٱلۡمُطَهَّرُونَ ٧٩ထိုမှတ်တမ်းစာအုပ်ကို စင်ကြယ်သန့်ရှင်းသည့်သူများမှလွဲ၍ မည်သူမျှမထိတွေ့ကြပေ။ ###၁၅ تَنزِيلٌ مِّن رَّبِّ ٱلۡعَٰلَمِينَ ٨٠စကြဝဠာအပေါင်းအား ဖန်ဆင်းမွေးမြူတော်မူသော အရှင်မြတ်ထံတော်မှ ချပေးတော်မူခြင်းခံရခြင်းဖြစ်သည်။ أَفَبِهَٰذَا ٱلۡحَدِيثِ أَنتُم مُّدۡهِنُونَ ٨١ထို့နောက်လည်း အသင်တို့သည် ဤအာယသ်တော်များကို ဂရုမစိုက်ဘဲ လျစ်လျူရှုနေကြသလော။ وَتَجۡعَلُونَ رِزۡقَكُمۡ أَنَّكُمۡ تُكَذِّبُونَ ٨٢ထို့ပြင် အမှန်စင်စစ် အသင်တို့သည် မဟုတ်မမှန်ဟု ငြင်းပယ်မှုကိုပင် အသင်တို့၏ စားနပ်ရိက္ခာရှာဖွေသော အလုပ်အကိုင်အဖြစ် ပြုလုပ်နေကြသလော။###၁၆ فَلَوۡلَآ إِذَا بَلَغَتِ ٱلۡحُلۡقُومَ ٨٣သို့ဖြစ်လျှင် အသက်ဝိညာဉ်သည် လည်မျိုသို့ရောက်ရှိလာသည့်အခါ အသင်တို့သည် အဘယ့်ကြောင့်(မဟုတ်မမှန်ဟု ငြင်းပယ်ခြင်း)မပြုကြတော့သနည်း။ وَأَنتُمۡ حِينَئِذٍ تَنظُرُونَ ٨٤ထိုအချိန်တွင် အသင်တို့သည်ကြည့်နေလျက်ရှိကြသည်။ وَنَحۡنُ أَقۡرَبُ إِلَيۡهِ مِنكُمۡ وَلَٰكِن لَّا تُبۡصِرُونَ ٨٥ထို့ပြင် ငါအရှင်မြတ်သည် အသင်တို့ထက်ပို၍ပင်ထိုသူနှင့် နီးကပ်လျက်ရှိနေတော်မူသည်။ သို့ရာတွင် အသင်တို့သည်မြင်ကြသည်မဟုတ်ပေ။ فَلَوۡلَآ إِن كُنتُمۡ غَيۡرَ مَدِينِينَ ٨٦ထို့ပြင် အသင်တို့သည် အစားပေးခြင်းခံရမည့်သူများမဟုတ်ကြလျှင်၊ تَرۡجِعُونَهَآ إِن كُنتُمۡ صَٰدِقِينَ ٨٧အသင်တို့သည်အမှန်ပြောဆိုသူများဖြစ်ကြလျှင်၊ အဘယ့်ကြောင့် ထိုအသက်ဝိညာဉ်ကို ပြန်သွင်းမထားလိုက်ကြသနည်း။ (ပြန်လည်ယူမထားလိုက်ကြသနည်း။) ###၁၇ فَأَمَّآ إِن كَانَ مِنَ ٱلۡمُقَرَّبِينَ ٨٨ထို့နောက် မည်သို့ပင်ဖြစ်စေ၊ အကယ်၍(သေဆုံး)သူသည် နီးကပ်သူများထဲမှဖြစ်ခဲ့လျှင်၊ فَرَوۡحٌ وَرَيۡحَانٌ وَجَنَّتُ نَعِيمٍ ٨٩သို့ဖြစ်လျှင်(သူ ့အတွက်) သက်သာအနားရမှု၊ အစားအစာနှင့် ပျော်မွေ့ရာနေရာဂျန်္နသ်ရှိလိမ့်မည်။ وَأَمَّآ إِن كَانَ مِنۡ أَصۡحَٰبِ ٱلۡيَمِينِ ٩٠ထို့ပြင် အကယ်၍သူသည် လက်ယာဘက်သားများထဲမှ ဖြစ်ခဲ့လျှင်၊ فَسَلَٰمٌ لَّكَ مِنۡ أَصۡحَٰبِ ٱلۡيَمِينِ ٩١သို့ဖြစ်လျှင်(အသင်သည်) လက်ယာဘက်သားများထဲမှဖြစ်၍ အသင့်အတွက် ငြိမ်းချမ်းသာယာမှုရှိမည် (ဟု သတင်းပြောကြားခြင်းခံရမည်)။ وَأَمَّآ إِن كَانَ مِنَ ٱلۡمُكَذِّبِينَ ٱلضَّآلِّينَ ٩٢ထို့ပြင် အကယ်၍ ထိုသူသည်လမ်းမှားသောသူ၊ မဟုတ်မမှန်ဟု ငြင်းပယ်ကြသူများထဲမှဖြစ်ခဲ့လျှင်မူ၊ فَنُزُلٌ مِّنۡ حَمِيمٍ ٩٣ပွက်ပွက်ဆူနေသော ရေနွေးပူဖြင့် ဧည့်ခံမှုရှိမည်၊ وَتَصۡلِيَةُ جَحِيمٍ ٩٤တောက်လောင်နေသောမီးထဲသို့လည်း ဝင်ရောက်စေခြင်းရှိမည်။ إِنَّ هَٰذَا لَهُوَ حَقُّ ٱلۡيَقِينِ ٩٥အမှန်စင်စစ် ဤ(အကြောင်းအရာ)သည် ထင်ရှားလှသော မှန်ကန်မှုပင်ဖြစ်သည်။ فَسَبِّحۡ بِٱسۡمِ رَبِّكَ ٱلۡعَظِيمِ ٩٦သို့ဖြစ်ရာ အသင် (တမန်တော်)သည် အသင့်အား ဖန်ဆင်းမွေးမြူတော်မူသော အလွန်ကြီးကျယ်မြင့်မြတ်သော အရှင်မြတ်၏ နာမတော်ဖြင့် စင်ကြယ်တော်မူကြောင်းရွတ်ဆိုပါ။