ملة الإسلام

السورة 57 · 29 آية · Hashim Tin Myint

سورة الحديد باللغة البورمية

السورة بالعربية مع التفسير استمع إلى سورة الحديد (1,213 قارئاً)
مدنيةسورة الحديد٢٩ آية

بِسۡمِ ٱللَّهِ ٱلرَّحۡمَٰنِ ٱلرَّحِيمِ

سَبَّحَ لِلَّهِ مَا فِي ٱلسَّمَٰوَٰتِ وَٱلۡأَرۡضِۖ وَهُوَ ٱلۡعَزِيزُ ٱلۡحَكِيمُ ١မိုး‌ကောင်းကင်များတွင် ရှိသမျှနှင့် ‌မြေပထဝီတွင်ရှိသမျှသည် အလ္လာဟ်အရှင်မြတ်သန့်ပြန့်စင်ကြယ်‌တော်မူ‌ကြောင်း ရွတ်ဆိုချီးမွမ်းကြသည်။ ထို့ပြင် အရှင်မြတ်သည် တန်ခိုး‌တော်နှင့် အလွန်လွှမ်းမိုး‌တော်မူ‌သောအရှင်၊ ပညာဉာဏ်အ‌မြော်အမြင်နှင့် အလွန်ပြည့်စုံ‌တော်မူ‌သောအရှင်ဖြစ်‌တော်မူသည်။ لَهُۥ مُلۡكُ ٱلسَّمَٰوَٰتِ وَٱلۡأَرۡضِۖ يُحۡيِۦ وَيُمِيتُۖ وَهُوَ عَلَىٰ كُلِّ شَيۡءٍ قَدِيرٌ ٢မိုး‌ကောင်းကင်များနှင့်၊ ‌မြေပထဝီ၏ စိုးမိုးအုပ်ချုပ်မှုအာဏာကို အရှင်မြတ်ပင် စိုးပိုင်‌တော်မူသည်။ အရှင်မြတ်ပင် အသက်ရှင် ‌စေ‌တော်မူသည်။ ထို့ပြင် အရှင်မြတ်ပင် အသက်‌သေ‌စေ‌တော်မူသည်။ ထို့ပြင် အရှင်မြတ်ပင် အရာအားလုံးအ‌ပေါ် အလွန်စွမ်း‌ဆောင်နိုင်‌တော်မူ‌သောအရှင် ဖြစ်‌တော်မူသည်။ هُوَ ٱلۡأَوَّلُ وَٱلۡأٓخِرُ وَٱلظَّٰهِرُ وَٱلۡبَاطِنُۖ وَهُوَ بِكُلِّ شَيۡءٍ عَلِيمٌ ٣အရှင်မြတ်ပင် အစအဦးဆုံး တည်ရှိ‌တော်မူ‌သောအရှင်၊ အဆုံးစွန်‌နောက်ဆုံးတိုင်တည်ရှိ‌တော်မူမည့်အရှင်၊ ထင်ရှားစွာ ရှိ‌နေ‌တော်မူ‌သောအရှင်၊ အကွယ်တွင် လျှို့ဝှက်စွာ တည်ရှိ‌နေ‌တော်မူ‌သောအရှင်ဖြစ်‌တော်မူသည်။ ထို့ပြင် အရှင်မြတ်ပင် အရာအားလုံးကို အကြွင်းမဲ့သိ‌တော်မူ‌သောအရှင်ဖြစ်‌တော်မူသည်။ هُوَ ٱلَّذِي خَلَقَ ٱلسَّمَٰوَٰتِ وَٱلۡأَرۡضَ فِي سِتَّةِ أَيَّامٍ ثُمَّ ٱسۡتَوَىٰ عَلَى ٱلۡعَرۡشِۖ يَعۡلَمُ مَا يَلِجُ فِي ٱلۡأَرۡضِ وَمَا يَخۡرُجُ مِنۡهَا وَمَا يَنزِلُ مِنَ ٱلسَّمَآءِ وَمَا يَعۡرُجُ فِيهَاۖ وَهُوَ مَعَكُمۡ أَيۡنَ مَا كُنتُمۡۚ وَٱللَّهُ بِمَا تَعۡمَلُونَ بَصِيرٌ ٤အရှင်မြတ်ပင် မိုး‌ကောင်းကင်များနှင့်၊ ‌မြေပထဝီကို ‌ခြောက်ရက်(နှင့်ညီမျှ‌သောအချိန်)ဖြင့် ဖန်ဆင်း‌တော်မူခဲ့သည့်အရှင်မြတ်ဖြစ်‌တော်မူသည်။ ထို့‌နောက် အရှင်မြတ်သည် အရ်ရှ် ပလ္လင်‌တော်အ‌ပေါ်တွင်(၎င်းကို မမှီခိုဘဲ)တည်(ရှိလျက် အရှင်မြတ်နှင့်ထိုက်တန်‌တော်မူသည့်အတိုင်း စံမြန်း‌နေ)‌တော်မူသည်။အရှင်မြတ်သည် ‌မြေပထဝီထဲ ဝင်သည့် အရာနှင့်‌မြေပထဝီမှ ထွက်သည့်အရာကို၊ ထို့ပြင် မိုး‌ကောင်းကင်မှ ဆင်းသက်လာ‌သောအရာနှင့် မိုး‌ကောင်းကင်သို့ တက်သည့်အရာကို သိရှိ‌တော်မူသည်။ ထို့ပြင် အရှင်မြတ်သည် အသင်တို့ရှိ‌နေကြသည့် မည်သည့်‌နေရာ၌မဆို အသင်တို့နှင့် အတူတကွရှိ‌တော်မူသည်။ ထို့ပြင် အလ္လာဟ်အရှင်မြတ်သည် အသင်တို့ ပြုလုပ်သမျှကို အကြွင်းမဲ့မြင်‌တော်မူ‌သောအရှင်မြတ်ဖြစ်‌တော်မူသည်။ لَّهُۥ مُلۡكُ ٱلسَّمَٰوَٰتِ وَٱلۡأَرۡضِۚ وَإِلَى ٱللَّهِ تُرۡجَعُ ٱلۡأُمُورُ ٥မိုး‌ကောင်းကင်များနှင့် ‌မြေပထဝီအား စိုးမိုးအုပ်ချုပ်မှုအာဏာကို အရှင်မြတ်ပင်စိုးပိုင်‌တော်မူသည်။ ထို့ပြင် အ‌ရေးကိစ်္စဟူသမျှသည် အရှင်မြတ်ထံ‌တော်သို့ပင် ပြန်လည်‌ရောက်ရှိကြရမည်ဖြစ်သည်။ يُولِجُ ٱلَّيۡلَ فِي ٱلنَّهَارِ وَيُولِجُ ٱلنَّهَارَ فِي ٱلَّيۡلِۚ وَهُوَ عَلِيمُۢ بِذَاتِ ٱلصُّدُورِ ٦အရှင်မြတ်သည် ညကို ‌နေ့ထဲတွင် ထည့်သွင်း‌တော်မူသည်။(‌နေ့တာရှည်‌စေ‌တော်မူသည်)။ ထို့ပြင် အရှင်မြတ်သည် ‌နေ့ကို ညထဲတွင်လည်း ထည့်သွင်း‌တော်မူသည်။ (ညတာ ရှည်‌စေ‌တော်မူသည်)။ ထို့ပြင် အရှင်မြတ်သည် စိတ်နှလုံးများထဲ၌ရှိသည်များကိုလည်း အကြွင်းမဲ့သိ‌တော်မူ‌သောအရှင်ဖြစ်‌တော်မူသည်။ ###၁ ءَامِنُواْ بِٱللَّهِ وَرَسُولِهِۦ وَأَنفِقُواْ مِمَّا جَعَلَكُم مُّسۡتَخۡلَفِينَ فِيهِۖ فَٱلَّذِينَ ءَامَنُواْ مِنكُمۡ وَأَنفَقُواْ لَهُمۡ أَجۡرٌ كَبِيرٌ ٧အသင်တို့သည် အလ္လာဟ် အရှင်မြတ်နှင့် အရှင်မြတ်၏ တမန်‌တော်ကို အီမာန်ယုံကြည်ကြပါ။ ထို့ပြင် အသင်တို့သည် အကြင်ဥစ္စာပစ္စည်းများထဲမှ သုံးစွဲလှူဒါန်းကြပါ။ အရှင်မြတ်သည် အသင်တို့အား ထိုပစ္စည်းများနှင့် ပတ်သက်၍ ကိုယ်စားလှယ်များ ခန့်အပ်ထား‌တော်မူသည်။ ထို့ပြင် အသင်တို့ထဲမှ အကြင်သူများသည် အီမာန်ယုံကြည်ပြီး သုံးစွဲလှူဒါန်းခဲ့ကြသည်။ သူတို့အတွက် ကြီးကျယ်‌သောအကျိုးရှိမည်။ ###၂ وَمَا لَكُمۡ لَا تُؤۡمِنُونَ بِٱللَّهِ وَٱلرَّسُولُ يَدۡعُوكُمۡ لِتُؤۡمِنُواْ بِرَبِّكُمۡ وَقَدۡ أَخَذَ مِيثَٰقَكُمۡ إِن كُنتُم مُّؤۡمِنِينَ ٨ထို့ပြင် အသင်တို့သည် အသင်တို့အားဖန်ဆင်း‌မွေးမြူ‌တော်မူ‌သော အရှင်မြတ်ကိုယုံကြည်ကြရန်အတွက် တမန်‌တော်သည် အသင်တို့အား ဖိတ်‌ခေါ်‌နေသည်။ ထို့ပြင် အမှန်စင်စစ်အရှင်မြတ်သည် အသင်တို့ထံမှ ကတိဝန်ခံချက်လည်း ယူထား‌တော်မူပြီးဖြစ်သည်။ ထို့ပြင် အကယ်၍ အသင်တို့သည် ယုံကြည်မည့်သူများဖြစ်ကြလျှင် အသင် တို့သည် အလ္လာဟ်အရှင်မြတ်ကို မယုံကြည်ရန် မည်သည့်အ‌ကြောင်းရှိကြသနည်း။ ###၃ هُوَ ٱلَّذِي يُنَزِّلُ عَلَىٰ عَبۡدِهِۦٓ ءَايَٰتِۭ بَيِّنَٰتٍ لِّيُخۡرِجَكُم مِّنَ ٱلظُّلُمَٰتِ إِلَى ٱلنُّورِۚ وَإِنَّ ٱللَّهَ بِكُمۡ لَرَءُوفٌ رَّحِيمٌ ٩ထိုအရှင်မြတ်ပင် အသင်တို့အား အ‌မှောင်ထုများမှ အလင်းကို ထွက်‌စေရန်အတွက် အရှင်မြတ်၏ကျွန်၏အ‌ပေါ်တွင် ထင်ရှား‌သောအာယသ်‌တော်များကို ချ‌ပေး‌တော်မူ ‌သောအရှင်ဖြစ်‌တော်မူသည်။ ထို့ပြင် အမှန်စင်စစ်အလ္လာဟ်အရှင်မြတ်သည် အသင်တို့အ‌ပေါ်တွင် အလွန်နူးညံ့သိမ်‌မွေ့‌တော်မူ‌သောအရှင်၊ အလွန်သနားကြင်နာ‌တော်မူ‌သောအရှင်ဖြစ်‌တော်မူသည်။ وَمَا لَكُمۡ أَلَّا تُنفِقُواْ فِي سَبِيلِ ٱللَّهِ وَلِلَّهِ مِيرَٰثُ ٱلسَّمَٰوَٰتِ وَٱلۡأَرۡضِۚ لَا يَسۡتَوِي مِنكُم مَّنۡ أَنفَقَ مِن قَبۡلِ ٱلۡفَتۡحِ وَقَٰتَلَۚ أُوْلَٰٓئِكَ أَعۡظَمُ دَرَجَةً مِّنَ ٱلَّذِينَ أَنفَقُواْ مِنۢ بَعۡدُ وَقَٰتَلُواْۚ وَكُلًّا وَعَدَ ٱللَّهُ ٱلۡحُسۡنَىٰۚ وَٱللَّهُ بِمَا تَعۡمَلُونَ خَبِيرٌ ١٠ထို့ပြင်(အသင်တို့မရှိ‌တော့သည့်‌နောက်လည်း)မိုး‌ကောင်းကင်များနှင့် ‌မြေပထဝီတွင် ကျန်ရှိမည့်အရာဟူသမျှသည် အလ္လာဟ်အရှင်မြတ်အတွက်ပင် ဖြစ်ပါလျက် အသင်တို့ သည် အလ္လာဟ်အရှင်မြတ်၏လမ်း‌တော်တွင် သုံးစွဲလှူဒါန်းခြင်းမပြုကြရန် အသင်တို့တွင် မည်သည့်အ‌ကြောင်းရှိသနည်း။ အသင်တို့ထဲမှ (မက္ကဟ်မြို့ကို)မ‌အောင်နိုင်မီ သုံးစွဲ လှူဒါန်းခဲ့ကြ‌သော၊ ဂျိဟာဒ် တိုက်ခိုက်ခဲ့ကြ‌သောသူများသည် (မက္ကဟ်မြို့ကို ‌အောင်နိုင်ပြီး‌နောက်တွင် သုံးစွဲခြင်း၊ တိုက်ခိုက်ခြင်းပြုခဲ့ကြ‌သောသူများနှင့်)မတူကြ‌ပေ။ ထို(မ‌အောင်နိုင်မီ)လှူဒါန်းတိုက်ခိုက်ခဲ့ကြ‌သောသူများသည် ‌နောက်တွင် သုံးစွဲလှူဒါန်းခြင်း၊ တိုက်ခိုက်ခြင်းပြုခဲ့ကြ‌သောသူများထက် အဆင့်အတန်းမြင့်ကြသည်။###၄ ထို့ပြင် အလ္လာဟ်အရှင်မြတ်သည် အားလုံးကို ‌ကောင်းကျိုး‌ပေး‌တော်မူရန် ကတိ‌ပေး‌တော်မူခဲ့သည်။ ထို့ပြင် အလ္လာဟ်အရှင်မြတ်သည် အသင်တို့ ပြုလုပ်သမျှကို သိမြင်‌တော်မူ‌သောအရှင်ဖြစ်‌တော်မူသည်။ مَّن ذَا ٱلَّذِي يُقۡرِضُ ٱللَّهَ قَرۡضًا حَسَنًا فَيُضَٰعِفَهُۥ لَهُۥ وَلَهُۥٓ أَجۡرٌ كَرِيمٌ ١١အလ္လာဟ်အရှင်မြတ်ကို ‌ကောင်းမြတ်‌သော ‌ကြွေးမြီ‌ချေးငှားမည့်သူမည်သူရှိသနည်း။ ထိုသို့ ‌ချေးငှားခဲ့လျှင် အရှင်မြတ်သည် ထို‌ကြွေးမြီကို သူ့အတွက် ဆထက်ထမ်းပိုး တိုးပွား‌စေ‌တော်မူမည့်အပြင် သူ့အတွက် မြင့်မြတ်သည့်အကျိုးလည်းရှိမည်ဖြစ်သည်။ ###၅ يَوۡمَ تَرَى ٱلۡمُؤۡمِنِينَ وَٱلۡمُؤۡمِنَٰتِ يَسۡعَىٰ نُورُهُم بَيۡنَ أَيۡدِيهِمۡ وَبِأَيۡمَٰنِهِمۖ بُشۡرَىٰكُمُ ٱلۡيَوۡمَ جَنَّٰتٌ تَجۡرِي مِن تَحۡتِهَا ٱلۡأَنۡهَٰرُ خَٰلِدِينَ فِيهَاۚ ذَٰلِكَ هُوَ ٱلۡفَوۡزُ ٱلۡعَظِيمُ ١٢ထို‌နေ့တွင် အသင် (တမန်‌တော်)သည် အီမာန် ယုံကြည်သူအမျိုးသား၊ အမျိုးသမီးများကို ‌တွေ့ မြင်ရမည်။ သူတို့၏ ‌ရောင်ခြည်သည် သူတို့၏‌ရှေ့နှင့် သူတို့၏ လက်ယာ ဘက်များတွင် ‌ပြေး‌နေလိမ့်မည်။ ###၆ (ဤသို့ ‌ပြောဆိုခြင်းလည်းခံကြရမည်)။ ယ‌နေ့ အသင်တို့အတွက် သတင်း‌ကောင်းပင်ဖြစ်သည်။ (အသင်တို့အတွက်) အကြင် ဥယျာဉ်များရှိသည်။ ထိုဥယျာဉ်များ၏‌အောက်မှ စမ်း‌ချောင်းများစီးဆင်း‌နေလိမ့်မည်။ ထိုအထဲတွင် အမြဲ‌နေကြရမည်။ ထိုအရာသည် ကြီးကျယ်‌သော ‌အောင်မြင်မှုဖြစ်သည်။ يَوۡمَ يَقُولُ ٱلۡمُنَٰفِقُونَ وَٱلۡمُنَٰفِقَٰتُ لِلَّذِينَ ءَامَنُواْ ٱنظُرُونَا نَقۡتَبِسۡ مِن نُّورِكُمۡ قِيلَ ٱرۡجِعُواْ وَرَآءَكُمۡ فَٱلۡتَمِسُواْ نُورًاۖ فَضُرِبَ بَيۡنَهُم بِسُورٍ لَّهُۥ بَابُۢ بَاطِنُهُۥ فِيهِ ٱلرَّحۡمَةُ وَظَٰهِرُهُۥ مِن قِبَلِهِ ٱلۡعَذَابُ ١٣ထို‌နေ့တွင်မုနာဖိက်အ‌ယောင်‌ဆောင် ‌ယောက်ျား၊ မိန်းမများသည် အီမာန်ယုံကြည်သူများကို (ဤသို့)‌ပြောဆိုကြမည်။ အသင်တို့၏ အလင်း‌ရောင်မှ (အနည်းငယ်မျှအလင်း) ရယူရန်အတွက် အသင်တို့သည် ကျွန်ုပ်တို့အား ‌စောင့်ဆိုင်းကြပါဦး။ (ထိုအခါ) သူတို့သည်(ဤသို့)‌ပြောဆိုခြင်းခံကြရမည်။ အသင်တို့သည် ‌နောက်ကို သွားပြီး အလင်း‌ရောင်ရှာ‌ဖွေလိုက်ကြပါ။ ###၇ ထိုအချိ်န်၌ပင် သူတို့၏အကြား၌ တံတိုင်းတစ်ခု စိုက်ထူလိုက်မည်ဖြစ်သည်။ ### ၈ ထိုတံတိုင်း၌ တံခါး တစ်ခုရှိမည်။ ထိုတံခါး၏ အတွင်းဘက်တွင်သနားကရုဏာရှိပြီး ထိုတံခါး၏ အပြင်ဘက်တွင် ပြစ်ဒဏ်ရှိမည်။ يُنَادُونَهُمۡ أَلَمۡ نَكُن مَّعَكُمۡۖ قَالُواْ بَلَىٰ وَلَٰكِنَّكُمۡ فَتَنتُمۡ أَنفُسَكُمۡ وَتَرَبَّصۡتُمۡ وَٱرۡتَبۡتُمۡ وَغَرَّتۡكُمُ ٱلۡأَمَانِيُّ حَتَّىٰ جَآءَ أَمۡرُ ٱللَّهِ وَغَرَّكُم بِٱللَّهِ ٱلۡغَرُورُ ١٤ထို မွတ်စ်လင်မ် အ‌ယောင်‌ဆောင်များသည် ထို အီမာန် ယုံကြည်သူများအား “ကျွန်ုပ်တို့သည် အသင်တို့နှင့် အတူရှိခဲ့ကြသည်မဟုတ်‌လော”ဟု ဟစ်‌အော်‌ပြောဆိုကြမည်။ အီမာန် ယုံကြည်သူများက ‌ပြောဆိုကြမည်- “အဘယ့်‌ကြောင့်မဟုတ်ရမည်နည်း။ အမှန်ပင် အတူရှိခဲ့ကြသည်။ သို့ရာတွင် အသင်တို့သည် အသင်တို့ ကိုယ်ကို အသင်တို့လှည့်စားခဲ့ကြသည်။ ထို့ပြင် အသင်တို့သည် (အစ္စလာမ်သာသနာပျက်စီးရန်) ‌စောင့်ဆိုင်း‌နေခဲ့ကြသည်။ ထို့ပြင် အသင်တို့သည် အစ္စလာမ်နှင့် ပတ်သက်၍သံသယဖြစ်‌နေခဲ့ကြသည်။ အလဟဿ အကျိုးမဲ့‌မျှော်လင့်ချက်များသည်လည်း အသင်တို့အား လှည့်စားထားခဲ့သည်။ ‌နောက်ဆုံးတွင် အလ္လာဟ် အရှင်မြတ်၏အမိန့်‌တော် (‌သေခြင်းတရား)သည် ဆိုက်‌ရောက်လာခဲ့သည်။ ထို့ပြင် အလွန်လှည့်စားသူ (ရှိုင်သွာန် )သည် အသင်တို့အား အလ္လာဟ် အရှင်မြတ်နှင့် ပတ်သက်၍လှည့်စားထားခဲ့သည်။ ###၉ فَٱلۡيَوۡمَ لَا يُؤۡخَذُ مِنكُمۡ فِدۡيَةٌ وَلَا مِنَ ٱلَّذِينَ كَفَرُواْۚ مَأۡوَىٰكُمُ ٱلنَّارُۖ هِيَ مَوۡلَىٰكُمۡۖ وَبِئۡسَ ٱلۡمَصِيرُ ١٥သို့ဖြစ်ရာ ယ‌နေ့မူ အသင်တို့ထံမှလည်း မည်သည့်‌လျော်‌ကြေးမှ လက်ခံမည်မဟုတ်‌ပေ။ ထို့ပြင် ကာဖိရ်များထံမှလည်း လက်ခံမည်မဟုတ်‌ပေ။ အသင်တို့၏‌နေရာထိုင်ခင်းသည် (ငရဲ)မီးပင်ဖြစ်သည်။ ထိုမီးပင် အသင်တို့၏ အ‌ဖော်ဖြစ်သည်။ ထို့ပြင် ထိုပြန်လည်ရာစခန်းသည် အဘယ်မျှ ဆိုးယုတ်လို်က်သနည်း။ ۞ أَلَمۡ يَأۡنِ لِلَّذِينَ ءَامَنُوٓاْ أَن تَخۡشَعَ قُلُوبُهُمۡ لِذِكۡرِ ٱللَّهِ وَمَا نَزَلَ مِنَ ٱلۡحَقِّ وَلَا يَكُونُواْ كَٱلَّذِينَ أُوتُواْ ٱلۡكِتَٰبَ مِن قَبۡلُ فَطَالَ عَلَيۡهِمُ ٱلۡأَمَدُ فَقَسَتۡ قُلُوبُهُمۡۖ وَكَثِيرٌ مِّنۡهُمۡ فَٰسِقُونَ ١٦အီမာန်ယုံကြည်သူများအတွက် အလ္လာဟ်အရှင်မြတ်၏ ဆုံးမဩဝါဒ သတိ‌ပေးနှိုး‌ဆော်ချက်နှင့် ကျ‌ရောက်ပြီးဖြစ်‌သော အမှန်တရား၏ ‌ရှေ့တွင် သူတို့၏ စိတ်နှလုံးများ ယိမ်းညွတ်ရန် အချိန်မတန်‌သေးသ‌လော။ ###၁ဝ ထို့ပြင် သူတို့သည် အကြင်သူများကဲ့သို့ မဖြစ်‌စေကြနှင့်။ ထိုသူများသည် ယခင်က ကျမ်းဂန်ကို ‌ပေးသနား‌တော်မူခြင်းခံခဲ့ ကြရသည်။ ထို့‌နောက်သူတို့အ‌ပေါ်တွင် ကာလရှည်လျားလာသည့်အခါ သူတို့၏ စိတ်နှလုံးများသည် ခက်ထန်မာ‌ကျောလာခဲ့သည်။ ထို့ပြင် သူတို့ထဲတွင် အများအပြားသည် ‌သွေဖည်သူများပင် ဖြစ်ကြသည်။ ٱعۡلَمُوٓاْ أَنَّ ٱللَّهَ يُحۡيِ ٱلۡأَرۡضَ بَعۡدَ مَوۡتِهَاۚ قَدۡ بَيَّنَّا لَكُمُ ٱلۡأٓيَٰتِ لَعَلَّكُمۡ تَعۡقِلُونَ ١٧အမှန်စင်စစ် အလ္လာဟ်အရှင်မြတ်သည် ‌မြေပထဝီကို ‌သွေ့‌ခြောက်(‌သေ)ပြီး‌နောက် ပြန်လည်ရှင်‌စေ‌တော်မူသည်ကို အသင်တို့သိရှိထားကြပါ။ အမှန်စင်စစ် ငါအရှင်မြတ် သည် အသင်တို့ သိနားလည်ကြရန်အတွက် သက်‌သေလက္ခဏာများကို ရှင်းလင်း‌ဖော်ပြ‌တော်မူခဲ့ပြီး ဖြစ်သည်။ إِنَّ ٱلۡمُصَّدِّقِينَ وَٱلۡمُصَّدِّقَٰتِ وَأَقۡرَضُواْ ٱللَّهَ قَرۡضًا حَسَنًا يُضَٰعَفُ لَهُمۡ وَلَهُمۡ أَجۡرٌ كَرِيمٌ ١٨အမှန်စင်စစ် လှူဒါန်းကြ‌သော အမျိုးသား၊ အမျိုးသမီးများသည် အလ္လာဟ် အရှင်မြတ်အား ‌ကောင်းမြတ်‌သော‌ကြွေးမြီ‌ချေးငှားခဲ့ကြသည်။ ထိုအလှူဒါနသည် သူတို့ အတွက် ဆထက်တိုး‌စေခြင်းခံရသည့်အပြင် သူတို့အတွက် မြင့်မြတ်‌သောအကျိုးလည်း ရှိမည်ဖြစ်သည်။ وَٱلَّذِينَ ءَامَنُواْ بِٱللَّهِ وَرُسُلِهِۦٓ أُوْلَٰٓئِكَ هُمُ ٱلصِّدِّيقُونَۖ وَٱلشُّهَدَآءُ عِندَ رَبِّهِمۡ لَهُمۡ أَجۡرُهُمۡ وَنُورُهُمۡۖ وَٱلَّذِينَ كَفَرُواْ وَكَذَّبُواْ بِـَٔايَٰتِنَآ أُوْلَٰٓئِكَ أَصۡحَٰبُ ٱلۡجَحِيمِ ١٩ထို့ပြင် အလ္လာဟ် အရှင်မြတ်နှင့် အရှင်မြတ်၏ တမန်‌တော်များကို ယုံကြည်ကြသူများကမူ သူတို့ပင် သူတို့အား ဖန်ဆင်း‌မွေးမြူ‌တော်မူ‌သောအရှင်မြတ်ထံ‌တော်တွင် မှန်ကန်‌သောသူများ၊ ရှဟီဒ် အလ္လာဟ် အရှင်မြတ်၏လမ်းတွင် အသက်စ‌တေးခဲ့ကြ‌သောသူများ ဖြစ်ကြသည်။ ###၁၁ သူတို့အတွက် သူတို့၏အကျိုးနှင့် သူတို့၏ ‌ရောင်ခြည် ရှိမည်။ ထို့ပြင် အကြင်သူတို့သည် ငြင်းပယ်ခဲ့ကြသည်။ ထို့ပြင် ငါအရှင်မြတ်၏ သက်‌သေလက်္ခဏာများကို မဟုတ်မမှန်ဟု ငြင်းပယ်ခဲ့ကြသည်။ သူတို့သည် ဂျဟန်္နမ် ငရဲသား များပင် ဖြစ်ကြသည်။ ٱعۡلَمُوٓاْ أَنَّمَا ٱلۡحَيَوٰةُ ٱلدُّنۡيَا لَعِبٌ وَلَهۡوٌ وَزِينَةٌ وَتَفَاخُرُۢ بَيۡنَكُمۡ وَتَكَاثُرٌ فِي ٱلۡأَمۡوَٰلِ وَٱلۡأَوۡلَٰدِۖ كَمَثَلِ غَيۡثٍ أَعۡجَبَ ٱلۡكُفَّارَ نَبَاتُهُۥ ثُمَّ يَهِيجُ فَتَرَىٰهُ مُصۡفَرًّا ثُمَّ يَكُونُ حُطَٰمًاۖ وَفِي ٱلۡأٓخِرَةِ عَذَابٌ شَدِيدٌ وَمَغۡفِرَةٌ مِّنَ ٱللَّهِ وَرِضۡوَٰنٌۚ وَمَا ٱلۡحَيَوٰةُ ٱلدُّنۡيَآ إِلَّا مَتَٰعُ ٱلۡغُرُورِ ٢٠အသင်တို့သည် သိထားကြပါ။ ‌လောကီဘဝသည် ကစားခုန်စားမှုသက်သက်၊ အလဟဿ အချိန်ဖြန်းတီးမှု၊ မျက်စိပသာဒအတွက် လှပတင့်တယ်မှု၊ အချင်းချင်းဝါကြွား ဂုဏ်ပြိုင်ခြင်း၊ ပစ္စည်းဥစ္စာနှင့် သားသမီး‌ပေါများမှုတွင် ဂုဏ်ပြိုင်ခြင်းများပင်ဖြစ်သည်။ အကြင်မိုး‌ရေပမာပင်ဖြစ်သည်။ ထိုမိုး‌ရေ‌ကြောင့် ‌ပေါက်‌ရောက်‌သောအပင်များသည် ‌တောင်သူလယ်သမားများအား နှစ်သက်‌ပျော်ရွှင်‌စေသည်။ ထို့ပြင် ထိုအပင်များသည် ‌ခြောက်‌သွေ့သွားသည့်အခါ အသင်သည် ထိုအပင်များအား ဝါ‌နေသည်ကို ‌တွေ့မြင်ရ သည်။ ထို့‌နောက် ထိုအပင်များသည် အစိတ်စိတ်အမြွွှာမြွှာ‌ကြေမွသွား‌တော့သည်။ ထို့ပြင် တမလွန်ဘဝ၌မူ ပြင်းထန်‌သော ပြစ်ဒဏ်လည်းရှိသည်။ အလ္လာဟ်အရှင်မြတ်ထံ ‌တော်မှ လွတ်ငြိမ်းချမ်းသာခွင့်နှင့် သ‌ဘောတူ‌ကျေနပ်မှုလည်း ရှိသည်။ ထို့ပြင် ‌လောကီဘဝသည် လှည့်စား‌သော ပစ္စည်းများပင်ဖြစ်သည်။ سَابِقُوٓاْ إِلَىٰ مَغۡفِرَةٍ مِّن رَّبِّكُمۡ وَجَنَّةٍ عَرۡضُهَا كَعَرۡضِ ٱلسَّمَآءِ وَٱلۡأَرۡضِ أُعِدَّتۡ لِلَّذِينَ ءَامَنُواْ بِٱللَّهِ وَرُسُلِهِۦۚ ذَٰلِكَ فَضۡلُ ٱللَّهِ يُؤۡتِيهِ مَن يَشَآءُۚ وَٱللَّهُ ذُو ٱلۡفَضۡلِ ٱلۡعَظِيمِ ٢١အသင်တို့သည် အသင်တို့အားဖန် ဆင်း‌မွေးမြူ‌တော်မူ‌သောအရှင်မြတ်၏ လွတ်ငြိမ်းချမ်းသာခွင့်ဘက်သို့သာမက မိုးနှင့် ‌မြေတမျှ ကျယ်ဝန်း‌သော ဂျန္နသ် သုခဘုံဘက်သို့ လည်းအပြိုင်အဆိုင်‌ပြေးကြပါ။ ထို ဂျန္နသ်သုခဘုံသည် အလ္လာဟ်အရှင်မြတ်နှင့် အရှင်မြတ်၏ တမန်‌တော်များကို ယုံကြည်ကြသူများအတွက် အဆင်သင့်ပြုလုပ်ထားပြီးဖြစ်သည်။ ###၁၂ ထိုအရာသည် အလ္လာဟ် အရှင်မြတ်၏ ‌ကျေးဇူး‌တော်ပင်ဖြစ်သည်။ အရှင်မြတ်သည် ထို‌ကျေးဇူး‌တော်ကို အရှင်မြတ်အလိုရှိသည့်သူကို ‌ပေးသနား‌တော်မူသည်။ ထို့ပြင် အလ္လာဟ်အရှင်မြတ်သည် အလွန်ကြီးကျယ်‌သော ‌ကျေးဇူး‌တော်ရှင်ဖြစ်‌တော်မူသည်။ مَآ أَصَابَ مِن مُّصِيبَةٍ فِي ٱلۡأَرۡضِ وَلَا فِيٓ أَنفُسِكُمۡ إِلَّا فِي كِتَٰبٍ مِّن قَبۡلِ أَن نَّبۡرَأَهَآۚ إِنَّ ذَٰلِكَ عَلَى ٱللَّهِ يَسِيرٌ ٢٢ကမ္ဘာ‌မြေနှင့် အသင်တို့ကိုယ်တွင် မည်သည့်ဒုက္ခမျှကျ‌ရောက်မလာ‌ပေ၊ သို့ရာတွင် ငါအရှင်မြတ်သည် ထိုဒုက္ခကို ကမ္ဘာ‌မြေနှင့် အသင်တို့၏ အသက်များကို မဖန်ဆင်းမီ ကတည်းက မှတ်တမ်းစာအုပ်တွင်(‌ရေးသားထား‌တော်မူပြီးဖြစ်သည်)။ အမှန်စင်စစ် ဤသည် အလ္လာဟ် အရှင်မြတ်အ‌ပေါ်တွင် အလွန်လွယ်ကူသည်။ لِّكَيۡلَا تَأۡسَوۡاْ عَلَىٰ مَا فَاتَكُمۡ وَلَا تَفۡرَحُواْ بِمَآ ءَاتَىٰكُمۡۗ وَٱللَّهُ لَا يُحِبُّ كُلَّ مُخۡتَالٍ فَخُورٍ ٢٣အသင်တို့သည် အသင်တို့ထံမှ လွတ်သွားသည့်အရာနှင့် ပတ်သက်၍ ပူ‌ဆွေးခြင်းမရှိကြရန်အတွက်နှင့် အသင်တို့အား အရှင်မြတ်က ‌ပေးသနား‌တော်မူ‌သောအရာနှင့် ပတ်သက်၍ ဂုဏ်ယူ‌မော်ကြွားခြင်းမပြုကြရန်အတွက်(အရှင်မြတ်သည် ဤသည်ကို အသိ‌ပေး‌တော်မူလိုက်ခြင်းဖြစ်သည်)။ ထို့ပြင် အလ္လာဟ် အရှင်မြတ်သည် မည်သည့် မာန ‌ထောင်သူ၊ ဂုဏ်‌မောက်သူကိုမျှ နှစ်သက်‌တော်မမူ‌ပေ။ ###၁၃ ٱلَّذِينَ يَبۡخَلُونَ وَيَأۡمُرُونَ ٱلنَّاسَ بِٱلۡبُخۡلِۗ وَمَن يَتَوَلَّ فَإِنَّ ٱللَّهَ هُوَ ٱلۡغَنِيُّ ٱلۡحَمِيدُ ٢٤ထိုသူများသည် သူတို့ကိုယ်တိုင် ‌စေးနှဲကြသည်သာမက၊ သူတစ်ပါးအားလည်း ‌စေးနှဲကြဖို့ တိုက်တွန်းအမိန့်‌ပေးကြသည်။ ထို့ပြင် မည်သူမဆို (သုံးစွဲလှူဒါန်းခြင်းမပြုဘဲ) မျက်နှာလွှဲထွက်သွားလျှင် အမှန်စင်စစ် အလ္လာဟ်အရှင်မြတ်သည် လိုလား‌တောင့်တခြင်းကင်းပြီး ပြည့်စုံကြွယ်ဝ‌တော်မူ‌သောအရှင်၊ အလွန်ချီးမွမ်းခြင်းခံထိုက်‌တော်မူ‌သော အရှင်မြတ်ဖြစ်‌တော်မူသည်။ لَقَدۡ أَرۡسَلۡنَا رُسُلَنَا بِٱلۡبَيِّنَٰتِ وَأَنزَلۡنَا مَعَهُمُ ٱلۡكِتَٰبَ وَٱلۡمِيزَانَ لِيَقُومَ ٱلنَّاسُ بِٱلۡقِسۡطِۖ وَأَنزَلۡنَا ٱلۡحَدِيدَ فِيهِ بَأۡسٌ شَدِيدٌ وَمَنَٰفِعُ لِلنَّاسِ وَلِيَعۡلَمَ ٱللَّهُ مَن يَنصُرُهُۥ وَرُسُلَهُۥ بِٱلۡغَيۡبِۚ إِنَّ ٱللَّهَ قَوِيٌّ عَزِيزٌ ٢٥အမှန်စင်စစ် ငါအရှင်မြတ်သည် ငါအရှင်မြတ်၏ တမန်‌တော်များကို ထင်ရှား‌သော သက်‌သေလက္ခဏာများနှင့်တကွ ‌စေလွှတ်‌တော်မူခဲ့သည်။ ထို့ပြင် ငါအရှင်မြတ်သည် ထိုတမန်‌တော်များနှင့် အတူ တရားမျှတမှုအ‌ပေါ်တွင် လူများရပ်တည်ကြရန်အတွက် ကျမ်းဂန်နှင့် မျှတမှုကို ချ‌ပေး‌တော်မူခဲ့သည်။ ထို့ပြင် ငါအရှင်မြတ်သည် သံကိုလည်း ချ‌ပေး‌တော်မူခဲ့သည်။ ထိုသံတွင် ကြီးကျယ် ပြင်းထန်‌သော စွမ်းအင်ရှိသည်။ လူသားများအတွက် အကျိုး‌ကျေးဇူးများလည်းရှိသည်။ ###၁၄ ထို့ပြင် မည်သူသည် မမြင်ဘဲလျက် အလ္လာဟ်အရှင်မြတ်နှင့် အရှင်မြတ်၏ တမန်‌တော်များကို ကူညီသည်ကို အလ္လာဟ်အရှင်မြတ်သိ‌တော်မူရန်အတွက် (ချ‌ပေး‌တော်မူခြင်းလည်းဖြစ်သည်)။ အမှန်စင်စစ် အလ္လာဟ် အရှင်မြတ်သည် အလွန်အင်အားကြီး‌တော်မူ‌သောအရှင်၊ တန်ခိုး‌တော်နှင့် အလွန်လွှမ်းမိုး‌တော်မူ‌သောအရှင်ဖြစ်‌တော်မူသည်။ وَلَقَدۡ أَرۡسَلۡنَا نُوحًا وَإِبۡرَٰهِيمَ وَجَعَلۡنَا فِي ذُرِّيَّتِهِمَا ٱلنُّبُوَّةَ وَٱلۡكِتَٰبَۖ فَمِنۡهُم مُّهۡتَدٍۖ وَكَثِيرٌ مِّنۡهُمۡ فَٰسِقُونَ ٢٦ထို့ပြင် ငါအရှင်မြတ်သည် (တမန်‌တော်)နူးဟ်နှင့် (တမန်‌တော်)အိဗ်ရာဟီမ်ကို ‌စေလွှတ်‌တော်မူခဲ့သည်။ ထို့ပြင် ငါအရှင်မြတ်သည် ၎င်းတို့နှစ်ဦး၏ သား‌မြေးများထဲတွင် တမန်‌တော်ဖြစ်မှုနှင့် ကျမ်းဂန်ကို သတ်မှတ်‌ပေးသနား‌တော်မူခဲ့သည့်အတွက် သူတို့ထဲတွင် တရားလမ်းမှန်ကို ရရှိသူများလည်း ရှိခဲ့ကြသည်။ ထို့ပြင် သူတို့ထဲမှ အ‌မြောက်အမြားသည် ‌သွေဖည်သူများလည်း ဖြစ်ခဲ့ကြသည်။ ثُمَّ قَفَّيۡنَا عَلَىٰٓ ءَاثَٰرِهِم بِرُسُلِنَا وَقَفَّيۡنَا بِعِيسَى ٱبۡنِ مَرۡيَمَ وَءَاتَيۡنَٰهُ ٱلۡإِنجِيلَۖ وَجَعَلۡنَا فِي قُلُوبِ ٱلَّذِينَ ٱتَّبَعُوهُ رَأۡفَةً وَرَحۡمَةًۚ وَرَهۡبَانِيَّةً ٱبۡتَدَعُوهَا مَا كَتَبۡنَٰهَا عَلَيۡهِمۡ إِلَّا ٱبۡتِغَآءَ رِضۡوَٰنِ ٱللَّهِ فَمَا رَعَوۡهَا حَقَّ رِعَايَتِهَاۖ فَـَٔاتَيۡنَا ٱلَّذِينَ ءَامَنُواْ مِنۡهُمۡ أَجۡرَهُمۡۖ وَكَثِيرٌ مِّنۡهُمۡ فَٰسِقُونَ ٢٧ထို့‌နောက် ငါအရှင်မြတ်သည် သူတို့၏‌နောက်တွင် ငါအရှင်မြတ်၏တမန်‌တော်များကို ဆက်တိုက်‌စေလွှတ်‌တော်မူခဲ့သည်။ ထို့‌နောက် ငါအရှင်မြတ်သည် မရ်ယမ်၏ သား‌တော် (တမန်‌တော်)အီစာကို ‌စေလွှတ်‌တော်မူခဲ့သည်။ ထို့ပြင် ငါအရှင်မြတ်သည် ၎င်း(တမန်‌တော်)အီစာကို အင်ဂျီလ်ကျမ်း ‌ပေးသနား‌တော်မူခဲ့သည်။ ထို့ပြင် ငါအရှင်မြတ် သည် ၎င်း၏‌နောက်လိုက်ခဲ့ကြသည့်သူများ၏ စိတ်နှလုံးများတွင် နူးညံ့သိမ်‌မွေ့မှုနှင့် သနားကြင်နာမှုကို ထည့်သွင်း‌ပေး‌တော်မူခဲ့သည်။ ထို့ပြင် သူတို့သည် (‌လောကီလုပ်ငန်းများ နှင့် အရသာများကို စွန့်လွှတ်ပြီး) ရဟန်းဝတ်သည့်လမ်းစဉ် (‌တောထွက်လမ်းစဉ်)ကို တီထွင်ခဲ့ကြသည်။ ထိုလမ်းစဉ်ကို ငါအရှင်မြတ်က ပြဋ္ဌာန်းခဲ့သည်မဟုတ်‌ပေ။ သို့ရာတွင် (သူတို့ကိုယ်တိုင်ပင်) အလ္လာဟ်အရှင်မြတ်၏ နှစ်သက်မှုရှာ‌ဖွေရန်အတွက်သာ (ထို‌တောထွက်လမ်းစဉ်ကိုတီထွင်ပြီး လိုက်နာကျင့်သုံးခဲ့ကြခြင်း)ဖြစ်သည်။ ထို့‌နောက် သူတို့သည် ထို‌တောထွက်လမ်းစဉ်ကို ‌စောင့်ထိန်းရမည့် ဝတ္တရားအတိုင်း ‌စောင့်ထိန်းနိုင်ကြခြင်းမရှိကြ‌ပေ။ ###၁၅ ထို့‌နောက် ငါအရှင်မြတ်သည် သူတို့ထဲမှ ယုံကြည်ခဲ့သည့်သူများကို သူတို့၏အကျိုး ‌ပေးသနား‌တော်မူခဲ့သည်။ ထို့ပြင် သူတို့ထဲမှ အ‌မြောက်အမြားကမူ ‌သွေဖည်သူများပင် ဖြစ်ခဲ့ကြသည်။ يَٰٓأَيُّهَا ٱلَّذِينَ ءَامَنُواْ ٱتَّقُواْ ٱللَّهَ وَءَامِنُواْ بِرَسُولِهِۦ يُؤۡتِكُمۡ كِفۡلَيۡنِ مِن رَّحۡمَتِهِۦ وَيَجۡعَل لَّكُمۡ نُورًا تَمۡشُونَ بِهِۦ وَيَغۡفِرۡ لَكُمۡۚ وَٱللَّهُ غَفُورٌ رَّحِيمٌ ٢٨အို-အီမာန် ယုံကြည်သူအ‌ပေါင်းတို့၊ အသင်တို့သည် အလ္လာဟ်အရှင်မြတ်အား‌ကြောက်ရွံ့ကြပါ၊ ထို့ပြင် အသင်တို့သည် အရှင်မြတ်၏ တမန်‌တော်ကိုလည်း ယုံကြည်ကြပါ။ အရှင်မြတ်သည် အသင်တို့အား အရှင်မြတ်၏ကရုဏာ‌တော်မှ နှစ်ဆ‌ပေးသနား‌တော်မူမည့်အပြင်၊ အသင်တို့အတွက် အကြင်အလင်း‌ရောင်ကို ဖန်ဆင်း‌ပေးသနား‌တော်မူမည်။ အသင်တို့သည် ထိုအလင်း‌ရောင်နှင့် ‌လျှောက်သွားကြမည်။ ထို့ပြင် အသင်တို့အားလွတ်ငြိမ်းချမ်းသာခွင့်လည်း ‌ပေးသနား‌တော်မူမည်ဖြစ်သည်။ ###၁၆ ထို့ပြင် အလ္လာဟ် အရှင်မြတ်သည် အလွန်လွတ်ငြိမ်းချမ်းသာခွင့်‌ပေး‌တော်မူ‌သောအရှင်၊ အလွန်သနားကြင်နာ‌တော်မူ‌သောအရှင်ဖြစ်‌တော်မူသည်။ لِّئَلَّا يَعۡلَمَ أَهۡلُ ٱلۡكِتَٰبِ أَلَّا يَقۡدِرُونَ عَلَىٰ شَيۡءٍ مِّن فَضۡلِ ٱللَّهِ وَأَنَّ ٱلۡفَضۡلَ بِيَدِ ٱللَّهِ يُؤۡتِيهِ مَن يَشَآءُۚ وَٱللَّهُ ذُو ٱلۡفَضۡلِ ٱلۡعَظِيمِ ٢٩(ထိုသို့‌ပေး‌တော်မူရသည့်အ‌ကြောင်းမှာ) ယခင်က ကျမ်းဂန်ရရှိသည့်သူများအ‌နေနှင့် သူတို့သည် အလ္လာဟ်အရှင်မြတ်၏ ‌ကျေးဇူးများထဲမှ အနည်းငယ်မျှ(ရယူ)နိုင်ကြသည်မဟုတ်‌ကြောင်းနှင့်၊ အမှန်စင်စစ် ‌ကျေးဇူး‌တော်သည် အလ္လာဟ်အရှင်မြတ်၏လက်ထဲ၌ပင်ရှိပြီး အရှင်မြတ်အလိုရှိ‌တော်မူ‌သောသူကိုသာ ထို‌ကျေးဇူး‌တော်ကို‌ပေးသနား‌တော်မူ‌ကြောင်းကို သိရှိကြရန်အတွက်ဖြစ်သည်။ ထို့ပြင် အလ္လာဟ်အရှင်မြတ်သည် အလွန်ကြီးကျယ်‌သော ‌ကျေးဇူး‌တော်ကို ပိုင်ဆိုင်‌တော်မူ‌သောအရှင်မြတ် ဖြစ်‌တော်မူသည်။ ###၁၇

الترجمة: Hashim Tin Myint.