ملة الإسلام

السورة 79 · 46 آية · Hashim Tin Myint

سورة النازعات باللغة البورمية

السورة بالعربية مع التفسير استمع إلى سورة النازعات (1,353 قارئاً)
مكيةسورة النازعات٤٦ آية

بِسۡمِ ٱللَّهِ ٱلرَّحۡمَٰنِ ٱلرَّحِيمِ

وَٱلنَّٰزِعَٰتِ غَرۡقًا ١(ကာဖိရ်များ၏ အသက်ဝိညာဉ်များကို) အပြင်းအထန်ဆွဲငင်ထုတ်နှုတ်ယူကြ‌သောသူ(‌ကောင်းကင်တမန်)များကို သက်‌သေထူ‌တော်မူသည်။ وَٱلنَّٰشِطَٰتِ نَشۡطًا ٢(အီမာန် ယုံကြည်သူများ၏ အသက်ဝိညာဉ်များကို) အထုံးအဖွဲ့‌ဖြေ‌ပေးပြီး ညင်သာစွာ နှုတ်ယူကြ‌သောသူ(‌ကောင်းကင်တမန်)များကို သက်‌သေထူ‌တော်မူသည်။ وَٱلسَّٰبِحَٰتِ سَبۡحًا ٣ထို့ပြင် အမြန်ကူးခတ်သွားကြ‌သောသူ(‌ကောင်းကင်တမန်)များကို သက်‌သေထူ‌တော်မူသည်။ فَٱلسَّٰبِقَٰتِ سَبۡقًا ٤ထို့ပြင်သူ့ထက် ငါအလျင်‌ပြေးကြ‌သောသူ(‌ကောင်းကင်တမန်)များကို သက်‌သေထူ‌တော်မူသည်။ فَٱلۡمُدَبِّرَٰتِ أَمۡرًا ٥ထို့ပြင် အ‌ရေးကိစ္စများကို စီမံ‌နေရာချကြ‌သောသူ(‌ကောင်းကင်တမန်)များကို သက်‌သေထူ‌တော်မူသည်။ يَوۡمَ تَرۡجُفُ ٱلرَّاجِفَةُ ٦ထို‌နေ့တွင် တုန်လှုပ်‌စေ‌သောအရာ(ပထမအကြိမ် တံပိုးခရာမှုတ်ခြင်း)သည် တုန်လှုပ်‌စေမည်ဖြစ်သည်။ تَتۡبَعُهَا ٱلرَّادِفَةُ ٧‌နောက်ကလိုက်‌သောအရာ(ဒုတိယအကြိမ် တံပိုးခရာမှုတ်ခြင်း)သည် ထို(ပထမအကြိမ် တုန်လှုပ်‌စေ‌သော)အရာ‌နောက်မှ လိုက်လာမည်ဖြစ်သည်။ قُلُوبٌ يَوۡمَئِذٍ وَاجِفَةٌ ٨ထို‌နေ့တွင် စိတ်နှလုံးအ‌မြောက်အမြားသည် တုန်လှုပ်‌ချောက်ချား‌နေကြမည်။ أَبۡصَٰرُهَا خَٰشِعَةٌ ٩ထိုသူများ၏ မျက်စိများသည် ‌အောက်သို့ စိုက်ကျ‌နေကြမည်။ يَقُولُونَ أَءِنَّا لَمَرۡدُودُونَ فِي ٱلۡحَافِرَةِ ١٠သူတို့က ‌ပြောဆိုကြသည်- “ကျွန်ုပ်တို့သည် မူလအ‌ခြေအ‌နေကို တစ်ဖန်ပြန်ပြီး အမှန်ပင်‌ရောက်ကြမည်‌လော”။ أَءِذَا كُنَّا عِظَٰمًا نَّخِرَةً ١١“ကျွန်ုပ်တို့သည် ‌ဆွေးမြည့်သည့်အရိုးများပင်ကျန်ရှိသည့်အခါ (နဂိုအတိုင်း ပြန်ရှင်ကြရဦးမည်)‌လော။” قَالُواْ تِلۡكَ إِذًا كَرَّةٌ خَاسِرَةٌ ١٢“ထိုသို့ဆိုလျှင်မူ ထို(ရှင်ပြန်ထခြင်း)သည် (ကျွန်ုပ်တို့အတွက်) ဆုံးရှုံး‌သော ရှင်ပြန်ထခြင်းပင် ဖြစ်‌တော့မည်ပင်” ဟု ‌ပြောဆိုကြသည်။ فَإِنَّمَا هِيَ زَجۡرَةٌ وَٰحِدَةٌ ١٣ထို့ပြင် ထိုအရာသည် ပြင်းထန်‌သော တံပိုးမှုတ်သံတစ်ခုပင် ဖြစ်မည်။ فَإِذَا هُم بِٱلسَّاهِرَةِ ١٤ထိုအခါ လူသားအားလုံးသည် ‌မြေမျက်နှာပြင်‌ပေါ်သို့ ရုတ်တရက် ‌ရောက်ရှိလာကြမည်ဖြစ်သည်။ ###၁ هَلۡ أَتَىٰكَ حَدِيثُ مُوسَىٰٓ ١٥အသင်၏ထံသို့ (တမန်‌တော်)မူစာ အ‌ကြောင်း ‌ရောက်လာခဲ့ပြီ‌လော။ إِذۡ نَادَىٰهُ رَبُّهُۥ بِٱلۡوَادِ ٱلۡمُقَدَّسِ طُوًى ١٦တစ်ခါက(တမန်‌တော်)မူစာအား ‌မွေးမြူဖန်ဆင်း‌တော်မူ‌သောအရှင်မြတ်က ၎င်းကို သွုဝါဟူသည့် ထွတ်မြတ်‌သော ‌တောင်ကြားအရပ်တွင် ဟစ်‌ခေါ်ခဲ့သည်။ ٱذۡهَبۡ إِلَىٰ فِرۡعَوۡنَ إِنَّهُۥ طَغَىٰ ١٧အသင်သည် ဖိရ်‌အောင်န်ထံသို့ သွားပါ။ အမှန်စင်စစ် သူသည် အလွန်ဆိုးသွမ်း‌သောင်းကျန်း(ရက်စက်ကြမ်းကြုတ်)‌နေပြီဖြစ်သည်။ فَقُلۡ هَل لَّكَ إِلَىٰٓ أَن تَزَكَّىٰ ١٨ထို့‌နောက် (အို-တမန်‌တော်)အသင် ‌ပြောလိုက်ပါ- (အို-ဖိရ်‌အောင်န် )၊ အသင့်တွင် အသင် သန့်ရှင်းစင်ကြယ် အပြစ်ကင်းရန်အတွက်နှင့်၊ وَأَهۡدِيَكَ إِلَىٰ رَبِّكَ فَتَخۡشَىٰ ١٩ကျွန်ုပ်သည် အသင့်အား ဖန်ဆင်း‌မွေးမြူ‌တော်မူ‌သောအရှင်မြတ်ထံ‌တော်သို့ အသင့်အား လမ်းညွှန်‌ပေးရန်အတွက် ဆန္ဒရှိသ‌လော။ သို့ဖြစ်လျှင် အသင်သည် (အရှင်မြတ်အား)‌ကြောက်ရွံ့‌လေးစားသူဖြစ်လာမည်။ فَأَرَىٰهُ ٱلۡأٓيَةَ ٱلۡكُبۡرَىٰ ٢٠ထို့ပြင် ၎င်းသည်ဖိရ်‌အောင်န်ကို အကြီးကျယ်ဆုံး သက်‌သေလက္ခဏာ တန်ခိုး‌တော်ကို ပြသခဲ့သည်။ فَكَذَّبَ وَعَصَىٰ ٢١ထို့‌နောက်လည်း သူသည် မဟုတ်မမှန်ဟု စွပ်စွဲငြင်းပယ်ခဲ့သည့်အပြင် (၎င်း၏ မိန့်ကြားချက်များကိုလည်း)ဖီဆန်ခဲ့သည်။ ثُمَّ أَدۡبَرَ يَسۡعَىٰ ٢٢ထို့‌နောက် သူသည် ‌ကျောခိုင်းပြီး (ဆူပူ‌သောင်းကျန်းရန်)ကြိုးပမ်း‌တော့သည်။ فَحَشَرَ فَنَادَىٰ ٢٣၎င်းပြင် ထိုဖိရ်‌အောင်န်သည် (တိုင်းသူပြည်သားများအား)စုရုံးပြီးဟစ်‌အော်(‌ကြေညာ)ခဲ့သည်။ فَقَالَ أَنَا۠ رَبُّكُمُ ٱلۡأَعۡلَىٰ ٢٤“ငါပင် အသင်တို့၏ အကြီးဆုံးအရှင်ဖြစ်သည်” ဟု ‌ပြောဆိုခဲ့သည်။ فَأَخَذَهُ ٱللَّهُ نَكَالَ ٱلۡأٓخِرَةِ وَٱلۡأُولَىٰٓ ٢٥သို့ဖြစ်ရာ အလ္လာဟ်အရှင်မြတ်သည် သူ့အား တမလွန်ဘဝ၏ပြစ်ဒဏ်နှင့် ဤဘဝ၏ပြစ်ဒဏ်ကို အ‌ရေးယူကွပ်မျက်‌တော်မူခဲ့သည်။ ###၂ إِنَّ فِي ذَٰلِكَ لَعِبۡرَةً لِّمَن يَخۡشَىٰٓ ٢٦အမှန်စင်စစ် ထိုအထဲတွင် (အရှင်မြတ်ကို)‌ကြောက်ရွံ့ ရို‌သေသူများအတွက် သင်ခန်းစာရယူစရာအမှန်ပင်ရှိသည်။ ءَأَنتُمۡ أَشَدُّ خَلۡقًا أَمِ ٱلسَّمَآءُۚ بَنَىٰهَا ٢٧အသင်တို့အား ဖန်ဆင်း‌တော်မူခြင်းသည် ပိုခက်သ‌လော၊ သို့မဟုတ်မိုး‌ကောင်းကင်ကို ဖန်ဆင်းခြင်းသည်ပိုခက်သ‌လော။ အရှင်မြတ်သည် ထိုမိုး‌ကောင်းကင်ကို ပြုလုပ်(ဖန်ဆင်း)‌တော်မူခဲ့သည်။ رَفَعَ سَمۡكَهَا فَسَوَّىٰهَا ٢٨အရှင်မြတ်သည် ထို မိုး‌ကောင်းကင်၏မျက်နှာကြက်ကို မြင့်မားစွာ ပြုလုပ်‌တော်မူခဲ့သည်။ ထို့‌နောက် ထိုမိုး‌ကောင်းကင်ကို အပြစ်အနာအဆာ ကင်းမဲ့‌အောင် ‌နေသားတကျပြုလုပ်‌တော်မူခဲ့သည်။ وَأَغۡطَشَ لَيۡلَهَا وَأَخۡرَجَ ضُحَىٰهَا ٢٩ထို့ပြင် အရှင်မြတ်သည် ထိုမိုး‌ကောင်းကင်၏ညကို‌မှောင်မိုက်‌စေ‌တော်မူခဲ့ပြီး သူ၏‌နေ့ကိုမူ (လင်းဝင်း)ထင်ရှား‌စေ‌တော်မူခဲ့သည်။ وَٱلۡأَرۡضَ بَعۡدَ ذَٰلِكَ دَحَىٰهَآ ٣٠ထို့ပြင် အရှင်မြတ်သည်ထို့‌နောက်တွင် ‌မြေပထဝီကို ဖြန့်ခင်း‌တော်မူခဲ့သည်။ أَخۡرَجَ مِنۡهَا مَآءَهَا وَمَرۡعَىٰهَا ٣١အရှင်မြတ်သည် ထို‌မြေပထဝီမှ ‌ရေနှင့်အပင်များကိုထွက်‌စေ‌တော်မူခဲ့သည်။ وَٱلۡجِبَالَ أَرۡسَىٰهَا ٣٢ထို့ပြင် အရှင်မြတ်သည်‌တောင်များကို (ထို‌မြေတွင်)‌ကျောက်ဆူး(အဖြစ်)ချထား‌တော်မူသည်။ مَتَٰعًا لَّكُمۡ وَلِأَنۡعَٰمِكُمۡ ٣٣အသင်တို့နှင့် အသင်တို့၏ တိရစ္ဆာန်များ၏ အကျိုးအတွက်ဖြစ်သည်။ فَإِذَا جَآءَتِ ٱلطَّآمَّةُ ٱلۡكُبۡرَىٰ ٣٤ထို့‌နောက် ထိုကြီးကျယ်‌သော ‌ဘေးဒုက္ခကြီးဆိုက်‌ရောက်လာခဲ့သည့်အခါ၊ يَوۡمَ يَتَذَكَّرُ ٱلۡإِنسَٰنُ مَا سَعَىٰ ٣٥ထို‌နေ့တွင် လူသားများသည် သူတို့ပြုလုပ်ခဲ့သမျှကို သတိရကြမည်ဖြစ်သည်။ وَبُرِّزَتِ ٱلۡجَحِيمُ لِمَن يَرَىٰ ٣٦ထို့ပြင် ဂျဟန္နမ်ငရဲသည် ကြည့်ရှုသည့်သူများ၏‌ရှေ့၌ ထင်ရှားစွာ‌ပေါ်လာ‌စေခြင်းခံရမည်။ فَأَمَّا مَن طَغَىٰ ٣٧ထို့ပြင် အကြင်သူသည် အလွန်‌သွေဖည်ခဲ့သည်။ وَءَاثَرَ ٱلۡحَيَوٰةَ ٱلدُّنۡيَا ٣٨ထို့ပြင် သူသည် ‌လောကီဘဝကို ဦးစား‌ပေးခဲ့သည်။ فَإِنَّ ٱلۡجَحِيمَ هِيَ ٱلۡمَأۡوَىٰ ٣٩သို့ဖြစ်ရာ အမှန်စင်စစ် ဂျဟန္နမ် ငရဲမီးသည် (သူ့အတွက်)ခိုကိုးရာဌာန ဖြစ်လိမ့်မည်။ وَأَمَّا مَنۡ خَافَ مَقَامَ رَبِّهِۦ وَنَهَى ٱلنَّفۡسَ عَنِ ٱلۡهَوَىٰ ٤٠ထို့ပြင် အကြင်သူသည် သူ့အား ဖန်ဆင်း‌မွေးမြူ‌တော်မူ‌သော အရှင်မြတ်၏‌ရှေ့တွင် မတ်တတ်ရပ် (ပြီးအစစ်‌ဆေးခံ)ရမည်ကို ‌ကြောက်ရွံ့စိုးရိမ်ခဲ့သည်။ ထို့ပြင် သူသည်စိတ်ကိုလည်း (မ‌ကောင်းသည့်)အလိုဆန္ဒများမှတားမြစ်ခဲ့သည်။ فَإِنَّ ٱلۡجَنَّةَ هِيَ ٱلۡمَأۡوَىٰ ٤١သို့ဖြစ်ရာ အမှန်စင်စစ် ဂျန္နသ်သုခဘုံသည် (သူ၏)ခိုကိုးရာ‌နေရာဖြစ်လိမ့်မည်။ يَسۡـَٔلُونَكَ عَنِ ٱلسَّاعَةِ أَيَّانَ مُرۡسَىٰهَا ٤٢သူတို့သည် အသင့်အားကိယာမသ်‌နေ့နှင့် ပတ်သက်၍ ထို‌နေ့သည် မည်သည့်အခါ ဆိုက်‌ရောက်မည်နည်းဟု ‌မေးမြန်းကြသည်။ فِيمَ أَنتَ مِن ذِكۡرَىٰهَآ ٤٣ထို‌နေ့ကို ထုတ်‌ဖော်‌ပြောပြရန်အသင်နှင့် မည်သို့ပတ်သက်သနည်း။ إِلَىٰ رَبِّكَ مُنتَهَىٰهَآ ٤٤ထို‌နေ့၏ ဆုံးခန်းတိုင်ခြင်း(အသိ)သည် အသင့်အား ဖန်ဆင်း‌မွေးမြူ‌တော်မူ‌သောအရှင်မြတ်ထံ‌တော်၌သာဖြစ်သည်။ إِنَّمَآ أَنتَ مُنذِرُ مَن يَخۡشَىٰهَا ٤٥အသင်သည် ထိုကိယာမသ်‌နေ့ကို ‌ကြောက်ရွံ့စိုးရိမ်သည့်သူများကို သတိ‌ပေးနှိုး‌ဆော်သူသာဖြစ်သည်။ كَأَنَّهُمۡ يَوۡمَ يَرَوۡنَهَا لَمۡ يَلۡبَثُوٓاْ إِلَّا عَشِيَّةً أَوۡ ضُحَىٰهَا ٤٦သူတို့သည်ထို ကိယာမသ်ကို‌တွေ့မြင်ကြသည့်‌နေ့တွင် သူတို့သည် (‌လောကတွင်)တစ်ည‌နေမျှ၊ သို့မဟုတ် ထို ည‌နေ၏ တစ်နံနက်ခင်းမျှသာ ‌နေထိုင်ခဲ့ကြသကဲ့သို့ ထင်မှတ်ကြလိမ့်မည်။

الترجمة: Hashim Tin Myint.