ملة الإسلام

السورة 78 · 40 آية · Hashim Tin Myint

سورة النبأ باللغة البورمية

السورة بالعربية مع التفسير استمع إلى سورة النبأ (1,427 قارئاً)
مكيةسورة النبأ٤٠ آية

بِسۡمِ ٱللَّهِ ٱلرَّحۡمَٰنِ ٱلرَّحِيمِ

عَمَّ يَتَسَآءَلُونَ ١သူတို့သည် မည်သည့်အရာနှင့်ပတ်သက်၍‌မေးမြန်း‌နေကြသနည်း။ عَنِ ٱلنَّبَإِ ٱلۡعَظِيمِ ٢သူတို့သည် ကြီးကျယ်‌သော (ကိယာမသ်)အ‌ကြောင်းသတင်းနှင့် ပတ်သက်၍(‌မေးမြန်း‌နေကြခြင်းဖြစ်သည်)။ ٱلَّذِي هُمۡ فِيهِ مُخۡتَلِفُونَ ٣သူတို့သည် ထိုအ‌ကြောင်းသတင်းနှင့် ပတ်သက်၍ ကွဲလွဲ‌နေသူများဖြစ်ကြသည်။ كـَلَّا سَيَعۡلَمُونَ ٤(သူတို့သည် ကိယာမသ်ဖြစ်မည်မဟုတ်‌ပေဟု ထင်မှတ်‌နေကြသည်။ ထိုသို့) လုံးဝမဟုတ်‌ပေ၊ သူတို့သည် မကြာမီ(ကိယာမသ် ‌ရောက်လာသည်ကို) သိရှိကြရမည်။ ###၁ ثُمَّ كـَلَّا سَيَعۡلَمُونَ ٥ထို့‌နောက် (သူတို့သည် ကိယာမသ် ဖြစ်မည်မဟုတ်‌ပေဟု ထင်မှတ်‌နေကြသည်။ ထိုသို့) လုံးဝမဟုတ်‌ပေ၊ သူတို့သည် မကြာမီ(ကိယာမသ်‌ရောက်လာသည်ကို) သိရှိကြရမည်။ أَلَمۡ نَجۡعَلِ ٱلۡأَرۡضَ مِهَٰدًا ٦(ငါအရှင်မြတ်သည် အရှင်မြတ်၏တန်ခိုး‌တော်နှင့် အ‌မြောက်အမြားလုပ်ခဲ့ပြီဖြစ်သည်။ ကိယာမသ်မလုပ်နိုင်ရန်မည်သည့်အ‌ကြောင်းရှိမည်နည်း။)ငါအရှင်မြတ်ပင် ‌မြေပထဝီကို အခင်းပြုလုပ်‌တော်မူခဲ့သည်မဟုတ်‌လော။ وَٱلۡجِبَالَ أَوۡتَادًا ٧ထို့ပြင် (ငါအရှင်မြတ်ပင် ထို‌မြေပထဝီကို တည်ငြိမ်‌နေရန်) ‌တောင်များကို သပ်များငုတ်များအဖြစ်(စိုက်ထူခဲ့သည်မဟုတ်‌လော)။ وَخَلَقۡنَٰكُمۡ أَزۡوَٰجًا ٨ထို့ပြင် ငါအရှင်မြတ်ပင် အသင်တို့အား (ဖို၊ မ)စုံလိုက်ဖန်ဆင်း‌တော်မူခဲ့သည် (မဟုတ်‌လော)။ وَجَعَلۡنَا نَوۡمَكُمۡ سُبَاتًا ٩ထို့ပြင် ငါအရှင်မြတ်ပင် အသင်တို့၏ အိပ်စက်ခြင်းကို (အသင်တို့အတွက်)အပန်း‌ဖြေအနားယူမှုအဖြစ် ပြုလုပ်‌တော်မူခဲ့သည်(မဟုတ်‌လော)။ وَجَعَلۡنَا ٱلَّيۡلَ لِبَاسًا ١٠ထို့ပြင် ငါအရှင်မြတ်ပင် ညကို ဖုံးအုပ်‌သော အရာအဖြစ်ပြုလုပ်‌တော်မူခဲ့သည် (မဟုတ်‌လော)။ وَجَعَلۡنَا ٱلنَّهَارَ مَعَاشًا ١١ထို့ပြင် ငါအရှင်မြတ်ပင် ‌နေ့ကို အသက်‌မွေးဝမ်း‌ကျောင်းပြုရန် အချိန်ပြုလုပ်‌တော်မူခဲ့သည်(မဟုတ်‌လော)။ وَبَنَيۡنَا فَوۡقَكُمۡ سَبۡعًا شِدَادًا ١٢ထို့ပြင် ငါအရှင်မြတ်ပင် အသင်တို့အ‌ပေါ်တွင် အလွန်ခိုင်ခံ့‌သော မိုးခုနစ်ထပ်ကို ‌ဆောက်လုပ်‌တော်မူခဲ့သည်(မဟုတ်‌လော)။ وَجَعَلۡنَا سِرَاجًا وَهَّاجًا ١٣ထို့ပြင် ငါအရှင်မြတ်ပင် (ထို မိုး‌ကောင်းကင်တွင်) လင်းဝင်း‌တောက်ပ‌သော မီးတိုင်တစ်ခုကို ဖန်ဆင်း‌တော်မူခဲ့သည်(မဟုတ်‌လော)။ وَأَنزَلۡنَا مِنَ ٱلۡمُعۡصِرَٰتِ مَآءً ثَجَّاجًا ١٤ထို့ပြင် ငါအရှင်မြတ်ပင် ညှစ်ထုတ်သည့်တိမ်များမှ (မိုး)‌ရေကို သည်းထန်စွာဖြင့် ရွာသွန်း‌စေ‌တော်မူခဲ့သည်(မဟုတ်‌လော)။ لِّنُخۡرِجَ بِهِۦ حَبًّا وَنَبَاتًا ١٥(ထိုသို့ ရွာသွန်း‌စေ‌တော်မူခြင်းမှာ) ငါအရှင်မြတ်သည် ထိုမိုး‌ရေဖြင့် ‌ကောက်ပဲသီးနှံများနှင့် ဟင်းသီးဟင်းရွက်များကို ‌ပေါက်‌ရောက်‌စေ‌တော်မူရန်အတွက်ဖြစ်သည်(မဟုတ်‌လော)။ وَجَنَّٰتٍ أَلۡفَافًا ١٦ထို့ပြင် ထူထပ်‌သောဥယျာဉ်များ(‌ပေါက်‌ရောက်‌စေ‌တော်မူရန်အတွက်လည်း)ဖြစ်သည် (မဟုတ်‌လော)။ إِنَّ يَوۡمَ ٱلۡفَصۡلِ كَانَ مِيقَٰتًا ١٧အမှန်စင်စစ်စီရင်ဆုံးဖြတ်မည့်‌နေ့သည် သတ်မှတ်ပြီးသည့်အချိန်ကာလတစ်ခုပင်ဖြစ်သည်။ يَوۡمَ يُنفَخُ فِي ٱلصُّورِ فَتَأۡتُونَ أَفۡوَاجًا ١٨ထို‌နေ့တွင် တံပိုးခရာမှုတ်ခြင်း ခံရသည့်အခါ အသင်တို့သည် အုုပ်စုလိုက်အုပ်စုလိုက်လာကြမည်။ وَفُتِحَتِ ٱلسَّمَآءُ فَكَانَتۡ أَبۡوَٰبًا ١٩ထို့ပြင် (ထို‌နေ့တွင်) မိုး‌ကောင်းကင်သည် ပွင့်သွားပြီး ထိုမိုး‌ကောင်းကင်သည် တံခါးများပင် ဖြစ်သွားကြမည်။ وَسُيِّرَتِ ٱلۡجِبَالُ فَكَانَتۡ سَرَابًا ٢٠ထို့ပြင်(ထို‌နေ့တွင်) ‌တောင်များသည် ‌ရွေ့လျား‌စေခြင်းခံကြရပြီး ထို‌တောင်များသည် သဲ(‌သောင်ပြင်တွင်‌တွေ့ရ‌သော တံလျှပ်ကဲ့သို့)ဖြစ်သွားကြမည်။ إِنَّ جَهَنَّمَ كَانَتۡ مِرۡصَادًا ٢١အမှန်စင်စစ် ဂျဟန္နမ် ငရဲသည် (အပြစ်ကျူးလွန်သူများအတွက်) ‌ချောင်း‌မြောင်းရာဌာန ဖြစ်သည်။ لِّلطَّٰغِينَ مَـَٔابًا ٢٢အလွန်ဆိုးသွမ်း ကျူးလွန်သူများ၏ ပြန်လည်ရာစခန်း ဖြစ်သည်။ لَّٰبِثِينَ فِيهَآ أَحۡقَابًا ٢٣(သူတို့သည်)ထိုအထဲတွင် အဆုံးမရှိ‌သော ကာလထိ‌နေကြရမည်။ لَّا يَذُوقُونَ فِيهَا بَرۡدًا وَلَا شَرَابًا ٢٤သူတို့သည် ထိုအထဲတွင် မည်သည့်အ‌အေးကိုမျှ မြည်းစမ်းကြရမည် မဟုတ်‌ပေ။ ထို့ပြင် မည်သည့်‌သောက်သုံးစရာကိုမျှလည်း မြည်းစမ်းကြရမည်မဟုတ်‌ပေ။ إِلَّا حَمِيمًا وَغَسَّاقًا ٢٥သို့ရာတွင် ပွက်ပွက်ဆူ‌နေ‌သော ‌ရေ‌နွေးပူနှင့် ပြည်ပုပ်ကိုပင် (မြည်းစမ်းကြရမည်ဖြစ်သည်)။ جَزَآءً وِفَاقًا ٢٦(သူတို့၏ မ‌ကောင်းမှုလုပ်ရပ်များနှင့်)ကိုက်ညီ‌သော အစား‌ပေးခြင်းပင်ဖြစ်သည်။ إِنَّهُمۡ كَانُواْ لَا يَرۡجُونَ حِسَابًا ٢٧အမှန်စင်စစ် သူတို့သည် မည်သည့်စစ်‌ဆေးမှုကိုမျှ ‌မျှော်လင့်စိုးရိမ်ခဲ့ကြသည်မဟုတ်‌ပေ။ وَكَذَّبُواْ بِـَٔايَٰتِنَا كِذَّابًا ٢٨ထို့ပြင် သူတို့သည် ငါအရှင်မြတ်၏ အာယသ်‌တော်များကို မဟုတ်မမှန်ဟု ဇွတ်‌ပေငြင်းခဲ့ကြသည်။ وَكُلَّ شَيۡءٍ أَحۡصَيۡنَٰهُ كِتَٰبًا ٢٩ထို့ပြင် ငါအရှင်မြတ်သည် အရာရာတိုင်းကို ‌ရေးသားပြီး အ‌သေအချာ ‌ရေတွက်မှတ်သားထား‌တော်မူခဲ့သည်။ فَذُوقُواْ فَلَن نَّزِيدَكُمۡ إِلَّا عَذَابًا ٣٠သို့ဖြစ်ရာ အသင်တို့သည် (ပြစ်ဒဏ်၏ အရသာကို) မြည်းစမ်းကြပါ။ ထို့ပြင် ငါအရှင်မြတ်သည် ပြစ်ဒဏ်မှလွဲ၍ အသင်တို့အ‌ပေါ် မည်သည့်အရာမျှ ပိုမိုပြုလုပ်‌တော်မူမည်မဟုတ်‌ပေ(ဟု မိန့်ကြား‌တော်မူမည်)။ إِنَّ لِلۡمُتَّقِينَ مَفَازًا ٣١အမှန်စင်စစ် မုသ်သကီ ‌ကြောက်ရွံ့ အပြစ်‌ရှောင် ‌ကောင်းကျိုး‌ဆောင်သူများအတွက် ‌အောင်မြင်မှုရှိသည်။ حَدَآئِقَ وَأَعۡنَٰبًا ٣٢ဥယျာဉ်များနှင့် စပျစ်သီးများ(ရှိကြမည်)။ وَكَوَاعِبَ أَتۡرَابًا ٣٣ထို့ပြင် ရင်သားများမို့‌မောက်‌နေ‌သော သက်တူရွယ်တူ မိန်းမပျိုများ၊ ###၂ وَكَأۡسًا دِهَاقًا ٣٤(အရက်နှင့်)ပြည့်လျှံ‌နေသည့်ခွက်များ၊ (ရှိကြမည်)။ لَّا يَسۡمَعُونَ فِيهَا لَغۡوًا وَلَا كِذَّٰبًا ٣٥သူတို့သည် ထိုအထဲတွင် မည်သည့်အလဟဿစကားနှင့် မည်သည့်မုသားစကားကိုမျှ ကြားကြရမည်မဟုတ်‌ပေ။ جَزَآءً مِّن رَّبِّكَ عَطَآءً حِسَابًا ٣٦(ဤသည်) အသင့်အားဖန်ဆင်း‌မွေးမြူ‌တော်မူ‌သောအရှင်မြတ်ထံ‌တော်မှ လုံ‌လောက်စွာ ‌ပေးသနား‌တော်မူ‌သော အကျိုးဆုလာဘ်ပင် ဖြစ်သည်။ رَّبِّ ٱلسَّمَٰوَٰتِ وَٱلۡأَرۡضِ وَمَا بَيۡنَهُمَا ٱلرَّحۡمَٰنِۖ لَا يَمۡلِكُونَ مِنۡهُ خِطَابًا ٣٧(ထိုအရှင်မြတ်သည်) မိုး‌ကောင်းကင်များနှင့် ‌မြေပထဝီအပြင် ထိုနှစ်ခုကြားတွင်ရှိသမျှကို ဖန်ဆင်း‌မွေးမြူ‌တော်မူ‌သော ရဟ်မာန် အနန္တကရုဏာ‌တော်ရှင်ဖြစ်‌တော်မူသည်။ မည်သူမျှ ထိုအရှင်မြတ်နှင့်စကား‌ပြော‌ရေးဆိုခွင့်ရှိမည်မဟုတ်‌ပေ။ يَوۡمَ يَقُومُ ٱلرُّوحُ وَٱلۡمَلَٰٓئِكَةُ صَفًّاۖ لَّا يَتَكَلَّمُونَ إِلَّا مَنۡ أَذِنَ لَهُ ٱلرَّحۡمَٰنُ وَقَالَ صَوَابًا ٣٨ထို‌နေ့တွင် သက်ရှိအားလုံး ###၃ နှင့် ‌ကောင်းကင်တမန်အားလုံးသည် (အရှင်မြတ်၏‌ရှေ့၌)စီတန်း မတ်တတ်ရပ်ကြမည်။ (ထို‌နေ့တွင် သူတို့ထဲမှ) ရဟ်မာန်အနန္တကရုဏာ‌တော်ရှင်က ခွင့်ပြု‌တော်မူ‌သော၊ မှန်ကန်စွာ ‌ပြောဆိုမည့်သူမှလွဲ၍ မည်သူမျှ စကား‌ပြောဆိုနိုင်မည်မဟုတ်‌ပေ။ ذَٰلِكَ ٱلۡيَوۡمُ ٱلۡحَقُّۖ فَمَن شَآءَ ٱتَّخَذَ إِلَىٰ رَبِّهِۦ مَـَٔابًا ٣٩ထို (ကိယာမသ်‌နေ့)သည် အမှန်စင်စစ် ဆိုက်‌ရောက်မည့်‌နေ့ပင် ဖြစ်သည်။ သို့ဖြစ်ရာ အလိုရှိသည့်သူသည် သူ့အား ဖန်ဆင်း‌မွေးမြူ‌တော်မူ‌သောအရှင်မြတ်ထံ‌တော်တွင် (သူ့အတွက်) ပြန်လည်ရာဌာန (အသင့်)ပြုလုပ်ထားရမည်ဖြစ်သည်။ إِنَّآ أَنذَرۡنَٰكُمۡ عَذَابًا قَرِيبًا يَوۡمَ يَنظُرُ ٱلۡمَرۡءُ مَا قَدَّمَتۡ يَدَاهُ وَيَقُولُ ٱلۡكَافِرُ يَٰلَيۡتَنِي كُنتُ تُرَٰبَۢا ٤٠အမှန်စင်စစ် ငါအရှင်မြတ်သည် အသင်တို့အား မကြာမီ(‌ရောက်လာမည့်)ပြစ်ဒဏ်နှင့်ပတ်သက်၍ သတိ‌ပေးနှိုး‌ဆော်ခဲ့ပြီဖြစ်သည်။ ထို‌နေ့တွင် လူတိုင်းသည် မိမိလက်နှစ်ဖက် နှင့်ကြိုတင်ပို့ထားခဲ့‌သော လုပ်ရပ်များကို ‌တွေ့မြင်ကြရမည်။ ထို့ပြင် ကာဖိရ်ငြင်းပယ်သူများက “‌ဪ-ငါသည် ‌မြေကြီးဖြစ်ခဲ့လျှင် ‌ကောင်း‌လေစွ”ဟု ‌ပြောဆိုလိမ့်မည်။

الترجمة: Hashim Tin Myint.