بِسۡمِ ٱللَّهِ ٱلرَّحۡمَٰنِ ٱلرَّحِيمِ
الٓمٓرۚ تِلۡكَ ءَايَٰتُ ٱلۡكِتَٰبِۗ وَٱلَّذِيٓ أُنزِلَ إِلَيۡكَ مِن رَّبِّكَ ٱلۡحَقُّ وَلَٰكِنَّ أَكۡثَرَ ٱلنَّاسِ لَا يُؤۡمِنُونَ ١အလိဖ် လာမ် မီမ် ရာ။* ဤအရာများသည် ကျမ်းတော်မြတ်၏ အာယသ်တော်များဖြစ်သည်။ ထို့ပြင် အသင်(တမန်တော်)ထံသို့ အသင့်အား ဖန်ဆင်းမွေးမြူတော်မူသော အရှင်မြတ်ထံတော်မှ ကျရောက်လာသော တရားတော်များသည် အမှန်ပင်ဖြစ်သည်။* သို့ရာတွင် လူသားများထဲမှ အမြောက်အမြားကမူ ယုံကြည်ကြမည် မဟုတ်ပေ။ ٱللَّهُ ٱلَّذِي رَفَعَ ٱلسَّمَٰوَٰتِ بِغَيۡرِ عَمَدٍ تَرَوۡنَهَاۖ ثُمَّ ٱسۡتَوَىٰ عَلَى ٱلۡعَرۡشِۖ وَسَخَّرَ ٱلشَّمۡسَ وَٱلۡقَمَرَۖ كُلٌّ يَجۡرِي لِأَجَلٍ مُّسَمًّىۚ يُدَبِّرُ ٱلۡأَمۡرَ يُفَصِّلُ ٱلۡأٓيَٰتِ لَعَلَّكُم بِلِقَآءِ رَبِّكُمۡ تُوقِنُونَ ٢အလ္လာဟ်အရှင်မြတ်သည် မိုးကောင်းကင်များကို အသင်တို့မြင်နိုင်သော တိုင်များမပါဘဲနှင့် မြှင့်တင်ထားတော်မူသောအရှင်* ဖြစ်တော်မူသည်။ ထို့နောက် အရှင်မြတ်သည် အရ်ရှ်ပလ္လင်တော်အပေါ်တွင်(၎င်းကို မမှီခိုဘဲ)တည်(ရှိလျက် အရှင်မြတ်နှင့် ထိုက်တန်တော်မူသည့်အတိုင်း စံမြန်းနေ)တော်မူသည်။* ထို့ပြင် အရှင်မြတ်သည် နေနှင့်လကို နာခံစေတော်မူခဲ့သည်။ (ထိုနေနှင့်လသည်) သတ်မှတ်ထားသော အချိန်ကာလအတွက် အသီးသီး သွားလာနေကြသည်။ အရှင်မြတ်သည် အရေးကိစ္စအားလုံးကို စီမံခန့်ခွဲတော်မူသည်။* အသင်တို့သည် အသင်တို့အား ဖန်ဆင်းမွေးမြူတော်မူသောအရှင်မြတ်နှင့် တွေ့ဆုံခြင်းကို ယုံကြည်ကြရန်အတွက် အရှင်မြတ်သည် သက်သေလက္ခဏာများကို အသေးစိတ် ရှင်းလင်းတော်မူသည်။ وَهُوَ ٱلَّذِي مَدَّ ٱلۡأَرۡضَ وَجَعَلَ فِيهَا رَوَٰسِيَ وَأَنۡهَٰرًاۖ وَمِن كُلِّ ٱلثَّمَرَٰتِ جَعَلَ فِيهَا زَوۡجَيۡنِ ٱثۡنَيۡنِۖ يُغۡشِي ٱلَّيۡلَ ٱلنَّهَارَۚ إِنَّ فِي ذَٰلِكَ لَأٓيَٰتٍ لِّقَوۡمٍ يَتَفَكَّرُونَ ٣ထို့ပြင် ထိုအရှင်မြတ်သည် ပထဝီမြေကို ဖြန့်ခင်းတော်မူသောအရှင်* ဖြစ်တော်မူသည်။ ထို့နောက် အရှင်မြတ်သည် မြေပထဝီတွင် တောင်များနှင့် မြစ်ချောင်းများကို ပြုလုပ်ဖန်ဆင်းတော်မူခဲ့သည်။ ထို့ပြင် အရှင်မြတ်သည် ထိုမြေပထဝီတွင် သစ်သီးဝလံများကို စုံလိုက် ဖန်ဆင်းတော်မူခဲ့သည်။* အရှင်မြတ်သည် ညကို နေ့ဖြင့် ဖုံးအုပ်တော်မူခဲ့သည်။ အမှန်စင်စစ် ထိုအထဲတွင် စဉ်းစားဆင်ခြင်သူများအတွက် အမှန်ပင် သက်သေလက္ခဏာများ ရှိသည်။ وَفِي ٱلۡأَرۡضِ قِطَعٌ مُّتَجَٰوِرَٰتٌ وَجَنَّٰتٌ مِّنۡ أَعۡنَٰبٍ وَزَرۡعٌ وَنَخِيلٌ صِنۡوَانٌ وَغَيۡرُ صِنۡوَانٍ يُسۡقَىٰ بِمَآءٍ وَٰحِدٍ وَنُفَضِّلُ بَعۡضَهَا عَلَىٰ بَعۡضٍ فِي ٱلۡأُكُلِۚ إِنَّ فِي ذَٰلِكَ لَأٓيَٰتٍ لِّقَوۡمٍ يَعۡقِلُونَ ٤ထို့ပြင် မြေပထဝီတွင် တစ်ခုနှင့်တစ်ခု ဆက်စပ်နေသောမြေကြီးအပိုင်းအမျိုးမျိုး(မြေလွှာအမျိုးမျိုး)ရှိသည်။ ထို့ပြင် (ထိုအထဲ၌ အချို့သည် မြေကောင်း၍ အကျိုးရှိသောအပင်များပေါက်သည်၊ အချို့သည် မြေမကောင်း၍ မည်သည့်အရာမျှ မပေါက်ပေ။ ထိုကောင်းသောမြေထဲ၌) စပျစ်ခြံများ၊ လယ်ယာများ၊ တစ်နေရာတည်း၌ စုပြီးပေါက်သော စွန်ပလွံရုံများလည်းရှိသည်၊ အကွဲကွဲအပြားပြားပေါက်သော စွန်ပလွံပင်များလည်းရှိသည်။ ထိုအရာအားလုံးသည် ရေတစ်ခုတည်း ပေးသွင်းခံရသည်။ ၎င်းနောက် ငါအရှင်မြတ်သည် အချို့ကို အချို့ထက် အရသာထူးကဲစေတော်မူသည်။ အမှန်စင်စစ် ဤသည် နားလည်သူများတွက် သက်သေလက္ခဏာများ အမှန်ပင်ရှိသည်။ ۞ وَإِن تَعۡجَبۡ فَعَجَبٌ قَوۡلُهُمۡ أَءِذَا كُنَّا تُرَٰبًا أَءِنَّا لَفِي خَلۡقٍ جَدِيدٍۗ أُوْلَٰٓئِكَ ٱلَّذِينَ كَفَرُواْ بِرَبِّهِمۡۖ وَأُوْلَٰٓئِكَ ٱلۡأَغۡلَٰلُ فِيٓ أَعۡنَاقِهِمۡۖ وَأُوْلَٰٓئِكَ أَصۡحَٰبُ ٱلنَّارِۖ هُمۡ فِيهَا خَٰلِدُونَ ٥ထို့ပြင် အကယ်၍ အသင်သည် အံ့ဩသည်ဆိုလျှင် “ကျွန်ုပ်တို့သည် (သေပြီးနောက်) မြေကြီးဖြစ်သွားသောအခါ ကျွန်ုပ်တို့သည် အသစ်ပြန်ပြီး ဖန်ဆင်းခံကြရဦးမည်လော“ဟု သူတို့၏ပြောဆိုချက်သည် (ပို၍)အံ့ဩစရာဖြစ်သည်။* ထိုသူများပင် သူတို့အား ဖန်ဆင်းမွေးမြူတော်မူသောအရှင်မြတ်ကို ငြင်းပယ်သောသူများဖြစ်ကြသည်။ ၎င်းနောက် ထိုသူများပင် သူတို့၏လည်ပင်းများတွင် လည်ထိပ်များရှိလိမ့်မည်။ ၎င်းနောက် ထိုသူများပင် ငရဲသားများဖြစ်ကြသည်။ သူတို့သည် ထိုငရဲမီးတွင် အမြဲနေကြရမည့်သူများဖြစ်ကြသည်။ وَيَسۡتَعۡجِلُونَكَ بِٱلسَّيِّئَةِ قَبۡلَ ٱلۡحَسَنَةِ وَقَدۡ خَلَتۡ مِن قَبۡلِهِمُ ٱلۡمَثُلَٰتُۗ وَإِنَّ رَبَّكَ لَذُو مَغۡفِرَةٍ لِّلنَّاسِ عَلَىٰ ظُلۡمِهِمۡۖ وَإِنَّ رَبَّكَ لَشَدِيدُ ٱلۡعِقَابِ ٦ထို့ပြင် သူတို့သည် ကောင်းခြင်းထက် မကောင်းခြင်းကို အသင့်ထံမှ အလျင်စလို ရလိုကြသည်။ ထို့ပြင် အမှန်စင်စစ် သူတို့မတိုင်မီ၌ လူများအား သေးသိမ်စေသော အပြစ်ဒဏ်များ ကျရောက်ခဲ့သည့်အဖြစ်အပျက်များ* ကုန်လွန်ခဲ့ပြီဖြစ်သည်။ ထို့ပြင် အမှန်စင်စစ် အသင့်အား ဖန်ဆင်းမွေးမြူတော်မူသောအရှင်မြတ်သည် လူများနှင့်ပတ်သက်၍ သူတို့သည် မတရားကျူးလွန်သူများဖြစ်ကြပါလျက် (ချက်ချင်းအရေးမယူဘဲ၊ သူတို့ ဝန်ချတောင်းပန်လျှင်) လွတ်ငြိမ်းချမ်းသာခွင့်ပေးတော်မူသော အရှင်မြတ်ဖြစ်တော်မူသည်။ ထို့ပြင် အသင့်အား ဖန်ဆင်းမွေးမြူတော်မူသောအရှင်မြတ်သည် (သွေဖည်မှုထဲ၌ပင် ဇွတ်ပေနေသူများအား) ပြင်းထန်စွာ အပြစ်ပေးတော်မူသောအရှင်မြတ်လည်း အမှန်ပင် ဖြစ်တော်မူသည်။ وَيَقُولُ ٱلَّذِينَ كَفَرُواْ لَوۡلَآ أُنزِلَ عَلَيۡهِ ءَايَةٌ مِّن رَّبِّهِۦٓۗ إِنَّمَآ أَنتَ مُنذِرٌۖ وَلِكُلِّ قَوۡمٍ هَادٍ ٧ထို့ပြင် ငြင်းပယ်သူများက “၎င်း(တမန်တော်မုဟမ္မဒ်-ဆွ)၏အပေါ် ၎င်းအား ဖန်ဆင်းမွေးမြူတော်မူသောအရှင်မြတ်ထံတော်မှ တန်ခိုး တစ်စုံတစ်ခု အဘယ့်ကြောင့် ကျရောက်မလာသနည်း“ဟု ပြောဆိုကြသေးသည်။ အသင်သည် သတိပေးနှိုးဆော်သူတစ်ဦးသာဖြစ်သည်။ ၎င်းနောက် လူမျိုးတိုင်းအတွက် လမ်းမှန်ညွှန်ကြားပြသသူရှိသည်။ ٱللَّهُ يَعۡلَمُ مَا تَحۡمِلُ كُلُّ أُنثَىٰ وَمَا تَغِيضُ ٱلۡأَرۡحَامُ وَمَا تَزۡدَادُۚ وَكُلُّ شَيۡءٍ عِندَهُۥ بِمِقۡدَارٍ ٨အလ္လာဟ်အရှင်မြတ်သည် မိခင်တိုင်းက မည်သည့်ကို ကိုယ်ဝန်ဆောင်နေသည်ကိုလည်းကောင်း၊ သားအိမ်များသည် မည်သည့်အရာကို လျော့နည်းစေသည်ကိုလည်းကောင်း၊ မည်သည့်အရာကို ပိုမိုစေသည်ကိုလည်းကောင်း သိရှိတော်မူသည်။ ထို့ပြင် အရာအားလုံးသည် အရှင်မြတ်ထံတော်၌ ချင့်ချိန်တိုင်းတာ သတ်မှတ်ပြီးဖြစ်သည်။ عَٰلِمُ ٱلۡغَيۡبِ وَٱلشَّهَٰدَةِ ٱلۡكَبِيرُ ٱلۡمُتَعَالِ ٩(အရှင်မြတ်သည်) အကွယ်မှအရာကိုသာမက ထင်ရှားသောအရာကိုလည်း အလွန်သိတော်မူသောအရှင်၊ အလွန်ကြီးကျယ် ထူးကဲမြင့်မြတ်တော်မူသောအရှင်၊ အလွန်မြင့်မားတော်မူသောအရှင် ဖြစ်တော်မူသည်။ سَوَآءٌ مِّنكُم مَّنۡ أَسَرَّ ٱلۡقَوۡلَ وَمَن جَهَرَ بِهِۦ وَمَنۡ هُوَ مُسۡتَخۡفِۭ بِٱلَّيۡلِ وَسَارِبُۢ بِٱلنَّهَارِ ١٠အသင်တို့ထဲ၌ စကားကို လျှို့ဝှက်သောသူသည်လည်းကောင်း၊ စကားကို ထုတ်ဖော်ပြောဆိုသောသူသည်လည်းကောင်း၊ ည၌ ပုန်းကွယ်နေသူသည်လည်းကောင်း၊ နေ့တွင် သွားလာနေသူသည်လည်းကောင်း (အရှင်မြတ်၏အသိတွင်) အတူတူပင်ဖြစ်သည်။ لَهُۥ مُعَقِّبَٰتٌ مِّنۢ بَيۡنِ يَدَيۡهِ وَمِنۡ خَلۡفِهِۦ يَحۡفَظُونَهُۥ مِنۡ أَمۡرِ ٱللَّهِۗ إِنَّ ٱللَّهَ لَا يُغَيِّرُ مَا بِقَوۡمٍ حَتَّىٰ يُغَيِّرُواْ مَا بِأَنفُسِهِمۡۗ وَإِذَآ أَرَادَ ٱللَّهُ بِقَوۡمٍ سُوٓءًا فَلَا مَرَدَّ لَهُۥۚ وَمَا لَهُم مِّن دُونِهِۦ مِن وَالٍ ١١လူတိုင်း၏ရှေ့နှင့်နောက်၌ အကြင်စောင့်ရှောက်သူ(ကောင်းကင်တမန်)များအား သတ်မှတ်ထားသည်။ ၎င်း(ကောင်းကင်တမန်)များသည် အလ္လာဟ်အရှင်မြတ်၏အမိန့်နှင့် အလှည့်ကျ (ဤလူကို)စောင့်ရှောက်နေကြသည်။* အမှန်စင်စစ် အလ္လာဟ်အရှင်မြတ်သည် လူမျိုးတစ်မျိုး၏ (ကောင်းမွန်သော)အခြေအနေအား သူတို့ကိုယ်တိုင် သူတို့၏အခြေအနေကို မပြောင်းလဲသမျှ ပြောင်းလဲတော်မမူပေ။* ထို့ပြင် အလ္လာဟ်အရှင်မြတ်သည် လူမျိုးတစ်မျိုးအပေါ်တွင် ဒုက္ခရောက်စေရန် ရည်ရွယ်တော်မူလျှင် (မည်သူမှ) ထိုဒုက္ခကို တွန်းလှန်နိုင်ခြင်း မရှိပေ။* ထို့ပြင် သူတို့ကို အရှင်မြတ်အပြင် မည်သူမှ ကာကွယ်စောင့်ရှောက်မည့်သူ မရှိပေ။ هُوَ ٱلَّذِي يُرِيكُمُ ٱلۡبَرۡقَ خَوۡفًا وَطَمَعًا وَيُنشِئُ ٱلسَّحَابَ ٱلثِّقَالَ ١٢အရှင်မြတ်ပင် အသင်တို့အား လျှပ်စီးလက်ခြင်းကို ကြောက်စရာနှင့် မျှော်လင့်စရာအဖြစ် ပြသတော်မူသောအရှင် ဖြစ်တော်မူသည်။* ထို့ပြင် အရှင်မြတ်ပင် လေးလံသောမိုးတိမ်များကို ဖန်ဆင်းတော်မူသောအရှင် ဖြစ်တော်မူသည်။ وَيُسَبِّحُ ٱلرَّعۡدُ بِحَمۡدِهِۦ وَٱلۡمَلَٰٓئِكَةُ مِنۡ خِيفَتِهِۦ وَيُرۡسِلُ ٱلصَّوَٰعِقَ فَيُصِيبُ بِهَا مَن يَشَآءُ وَهُمۡ يُجَٰدِلُونَ فِي ٱللَّهِ وَهُوَ شَدِيدُ ٱلۡمِحَالِ ١٣ထို့ပြင် ရအဒ် မိုးခြိမ်းသံသည်* အရှင်မြတ်၏ချီးမွမ်းမှုပြုခြင်းနှင့် သန့်ရှင်းစင်ကြယ်တော်မူကြောင်း ရွတ်ဆိုသည်။ ထို့ပြင် ကောင်းကင်တမန်များသည်လည်း အရှင်မြတ်အား ကြောက်ရွံ့မှုကြောင့် (ချီးမွမ်းမှုနှင့် သန့်ရှင်းတော်မူကြောင်း ရွတ်ဆိုကြသည်)။ ထို့ပြင် အရှင်မြတ်သည် မိုးကြိုးသွားများကို စေလွှတ်(မိုးကြိုးပစ်)တော်မူပြီးနောက် သူတို့သည် အလ္လာဟ်အရှင်မြတ်နှင့်ပတ်သက်၍ ငြင်းခုံနေကြလျက်ရှိကြစဉ် အရှင်မြတ်အလိုရှိသောသူအပေါ်တွင် ထိုအရာ(မိုးကြိုးပစ်ခတ်မှု)များကို ကျရောက်စေတော်မူသည်။ ထို့ပြင် အရှင်မြတ်သည် ပြင်းပြင်းထန်ထန် ဖမ်းဆီးအရေးယူတော်မူသောအရှင် ဖြစ်တော်မူသည်။ لَهُۥ دَعۡوَةُ ٱلۡحَقِّۚ وَٱلَّذِينَ يَدۡعُونَ مِن دُونِهِۦ لَا يَسۡتَجِيبُونَ لَهُم بِشَيۡءٍ إِلَّا كَبَٰسِطِ كَفَّيۡهِ إِلَى ٱلۡمَآءِ لِيَبۡلُغَ فَاهُ وَمَا هُوَ بِبَٰلِغِهِۦۚ وَمَا دُعَآءُ ٱلۡكَٰفِرِينَ إِلَّا فِي ضَلَٰلٍ ١٤မှန်ကန်သော ဟစ်ခေါ်ဆုတောင်းမှု(ကိုးကွယ်မှု)သည် အရှင်မြတ်တစ်ပါးတည်းအတွက်သာ ထိုက်တန်မှန်ကန်သည်။ ၎င်းနောက် အရှင်မြတ်မှလွဲ၍ သူတို့ ဟစ်ခေါ်ဆုတောင်းနေကြသောအရာများသည် သူတို့အတွက် သူတို့၏ဆုတောင်းမှုကို အဖြေ မပေးနိုင်ကြပေ။ သို့ရာတွင် (ထိုအလ္လာဟ်ကို စွန့်ပြီး အခြားအရာကို ဟစ်ခေါ်ဆုတောင်းသောသူသည်) မိမိလက်ဖဝါးနှစ်ဖက်အား ရေရှိရာဘက်သို့ (ဦးတည်၍)ဖြန့်ထားသူနှင့်တူသည်။ ထိုရေသည် သူ၏ပါးစပ်ထဲသို့(အလိုအလျောက်)ရောက်လာရန်အတွက် (အမှန်မှာ)ထိုရေသည် သူ၏ပါးစပ်ထဲသို့ (မည်သည့်အခါမှ အလိုအလျောက်) ရောက်လာမည်မဟုတ်ပါဘဲလျက်* (လက်ဖြန့်နေခြင်းသာဖြစ်သည်)။ ထို့ပြင် ကာဖိရ်များ၏ဟစ်ခေါ် ဆုတောင်းမှုသည် လွဲမှားမှု၌ပင်ရှိသည်။ وَلِلَّهِۤ يَسۡجُدُۤ مَن فِي ٱلسَّمَٰوَٰتِ وَٱلۡأَرۡضِ طَوۡعًا وَكَرۡهًا وَظِلَٰلُهُم بِٱلۡغُدُوِّ وَٱلۡأٓصَالِ ۩ ١٥ထို့ပြင် မိုးကောင်းကင်များနှင့် မြေပထဝီ၌ရှိသမျှသူများသည် စေတနာပါလျက်ဖြစ်စေ၊ စေတနာမပါဘဲလျက်ဖြစ်စေ၊ အရှင်မြတ်ကိုပင် ဦးချကြသည်။ ထို့ပြင် သူတို့၏အရိပ်များသည်လည်း နံနက်နှင့်ညနေများတွင် (ထိုသို့ပင် ဦးချကြသည်)။ قُلۡ مَن رَّبُّ ٱلسَّمَٰوَٰتِ وَٱلۡأَرۡضِ قُلِ ٱللَّهُۚ قُلۡ أَفَٱتَّخَذۡتُم مِّن دُونِهِۦٓ أَوۡلِيَآءَ لَا يَمۡلِكُونَ لِأَنفُسِهِمۡ نَفۡعًا وَلَا ضَرًّاۚ قُلۡ هَلۡ يَسۡتَوِي ٱلۡأَعۡمَىٰ وَٱلۡبَصِيرُ أَمۡ هَلۡ تَسۡتَوِي ٱلظُّلُمَٰتُ وَٱلنُّورُۗ أَمۡ جَعَلُواْ لِلَّهِ شُرَكَآءَ خَلَقُواْ كَخَلۡقِهِۦ فَتَشَٰبَهَ ٱلۡخَلۡقُ عَلَيۡهِمۡۚ قُلِ ٱللَّهُ خَٰلِقُ كُلِّ شَيۡءٍ وَهُوَ ٱلۡوَٰحِدُ ٱلۡقَهَّٰرُ ١٦(အို- တမန်တော်)အသင် ပြောလိုက်ပါ- မိုးကောင်းကင်များနှင့် မြေပထဝီကို ဖန်ရှင်းတော်မူသောအရှင်သည် မည်သူနည်း။ အသင်ကပင်ပြောလိုက်ပါ- အလ္လာဟ်အရှင်မြတ်ပင်ဖြစ်သည်။ အသင်သည်(ဆက်)ပြောလိုက်ပါ- သို့ဖြစ်ရာ အသင်တို့သည် အရှင်မြတ်အားစွန့်ပြီး သူတို့ကိုယ်သူတို့ပင် ကောင်းကျိုးဆိုးကျိုးပေးရန် မပိုင်ဆိုင်သောအရာများအား အရာရာကို စီမံခန့်ခွဲပေးသောသူများ*အဖြစ် ပြုလုပ်ခဲ့ကြသလော။ အသင်ပြောလိုက်ပါ- မျက်စိကန်းသူနှင့် မျက်စိမြင်သူသည် တူပါမည်လော။* သို့မဟုတ် အမှောင်များနှင့် အလင်းသည် တူပါမည်လော။ သို့မဟုတ် သူတို့သည် အလ္လာဟ်အရှင်မြတ်နဲ့ အကြင်တွဲဖက်များကို ပြုလုပ်ထားခဲ့ကြသည်လော။ ထိုတွဲဖက်များသည် အရှင်မြတ် ဖန်ဆင်းတော်မူသကဲ့သို့ ဖန်ဆင်းခဲ့ကြသလော။ သို့ဖြစ်ရာ ဖန်ဆင်းခံရသောအရာများသည် သူတို့အပေါ်တွင် ဆင်တူယိုုးမှား ဖြစ်ခဲ့ကြပြီလော။* အသင်ပြောလိုက်ပါ- အလ္လာဟ်အရှင်မြတ်ပင် အရာအားလုံးကို ဖန်ဆင်းတော်မူသောအရှင် ဖြစ်တော်မူသည်။ ထို့ပြင် အရှင်မြတ်ပင် တစ်ပါးတည်းတည်ရှိတော်မူသောအရှင်၊ အဖန်ဆင်းခံအားလုံးအပေါ်တွင် လွှမ်းမိုးထားတော်မူသောအရှင် ဖြစ်တော်မူသည်။ أَنزَلَ مِنَ ٱلسَّمَآءِ مَآءً فَسَالَتۡ أَوۡدِيَةُۢ بِقَدَرِهَا فَٱحۡتَمَلَ ٱلسَّيۡلُ زَبَدًا رَّابِيًاۖ وَمِمَّا يُوقِدُونَ عَلَيۡهِ فِي ٱلنَّارِ ٱبۡتِغَآءَ حِلۡيَةٍ أَوۡ مَتَٰعٍ زَبَدٌ مِّثۡلُهُۥۚ كَذَٰلِكَ يَضۡرِبُ ٱللَّهُ ٱلۡحَقَّ وَٱلۡبَٰطِلَۚ فَأَمَّا ٱلزَّبَدُ فَيَذۡهَبُ جُفَآءًۖ وَأَمَّا مَا يَنفَعُ ٱلنَّاسَ فَيَمۡكُثُ فِي ٱلۡأَرۡضِۚ كَذَٰلِكَ يَضۡرِبُ ٱللَّهُ ٱلۡأَمۡثَالَ ١٧အရှင်မြတ်သည် မိုးကောင်းကင်မှ ရေကို ရွာသွန်းစေတော်မူခဲ့သည်။ သို့ဖြစ်ရာ ချောင်းမြောင်းများသည် သူတို့ထဲ၌ ရေဝင်ဆန့်သည်ခန့်နှင့် စီးတွေလာခဲ့ကြသည်။ ၎င်းနောက် ပြင်းထန်သော ရေစီးကြောင်းသည် အပေါ်တက်နေသောရေမြှပ်ကို သယ်ဆောင်လာခဲ့သည်။ ထို့ပြင် လူများသည် လက်ဝတ်လက်စား သို့မဟုတ် အသုံးအဆောင်ပစ္စည်းပြုလုပ်ရန် မီးအပူပေးပြီး (အရည်ပျော်အောင်လုပ်ထားသော ရွှေ၊ ငွေ သတ္တုရည်ကဲ့သို့)အရာများတွင်လည်း ထိုကဲ့သို့ ချေးအမြှပ်ရှိသည်။ အလ္လာဟ်အရှင်မြတ်သည် ဤသို့ပင် အမှန်နှင့်အမှားကို ပုံပမာ ဆောင်ပြတော်မူသည်။ ထို့နောက် ချေးအမြှပ် အညစ်အကြေးသည် အသုံးမကျသောအရာအဖြစ် အကျိုးမဲ့ဖြစ်သွားသည်။ ၎င်းနောက် လူများအတွက် အသုံးဝင်သောအရာကမူ ကမာ္ဘမြေ၌ ကျန်နေခဲ့သည်။ အလ္လာဟ်အရှင်မြတ်သည် ဤသို့ပင် ပမာများကို ခိုင်းနှိုင်းတော်မူသည်။ لِلَّذِينَ ٱسۡتَجَابُواْ لِرَبِّهِمُ ٱلۡحُسۡنَىٰۚ وَٱلَّذِينَ لَمۡ يَسۡتَجِيبُواْ لَهُۥ لَوۡ أَنَّ لَهُم مَّا فِي ٱلۡأَرۡضِ جَمِيعًا وَمِثۡلَهُۥ مَعَهُۥ لَٱفۡتَدَوۡاْ بِهِۦٓۚ أُوْلَٰٓئِكَ لَهُمۡ سُوٓءُ ٱلۡحِسَابِ وَمَأۡوَىٰهُمۡ جَهَنَّمُۖ وَبِئۡسَ ٱلۡمِهَادُ ١٨သူတို့အား ဖန်ဆင်းမွေးမြူတော်မူသောအရှင်မြတ်၏အမိန့်တော်ကို လက်ခံလိုက်နာသောသူများအတွက် အကောင်းဆုံးအကျိုးရှိသည်။ ၎င်းနောက် အရှင်မြတ်၏အမိန့်တော်ကို လက်ခံလိုက်နာခြင်းမရှိသောသူများကမူ အကယ်၍ သူတို့၌ ကမာ္ဘမြေတွင် ရှိသမျှအရာအားလုံးနှင့် ထိုအရာများနှင့်အတူ (နောက်ထပ်)ထိုမျှခန့်ရှိသေးလျှင်လည်း သူတို့သည် ထိုအရာများကို (ကိယာမသ်နေ့၏ အပြစ်ဒဏ်မှ လွတ်ကင်းရန် ပေးရမည်ဆိုလျှင်လည်း)အမှန်ပင် လျော်ကြေးအဖြစ် ပေးကြမည်ဖြစ်သည်။ ဤသူများပင် သူတို့အတွက် ပြင်းထန်ဆိုးဝါးသော စစ်ဆေးမှုရှိမည်။ ထို့ပြင် သူတို့၏နေရာထိုင်ခင်းသည် ဂျဟန္နမ် ငရဲဘုံပင်ဖြစ်သည်။ ထို့ပြင် ထိုနေရာထိုင်ခင်းသည် အဘယ်မျှ ဆိုးရွားလိုက်သနည်း။ ۞ أَفَمَن يَعۡلَمُ أَنَّمَآ أُنزِلَ إِلَيۡكَ مِن رَّبِّكَ ٱلۡحَقُّ كَمَنۡ هُوَ أَعۡمَىٰٓۚ إِنَّمَا يَتَذَكَّرُ أُوْلُواْ ٱلۡأَلۡبَٰبِ ١٩အကြင်သူသည် အသင်၏ထံသို့ အသင့်အား ဖန်ဆင်းမွေးမြူတော်မူသောအရှင်ထံမှ ကျရောက်လာသောအရာသည် အမှန်တရားဖြစ်သည်ဟု သိရှိယုံကြည်သည်။ ထိုသူသည် မျက်ကန်းနှင့် တူနိုင်ပါမည်လော။ (အမှန်စင်စစ်) အသိဉာဏ်ရှိသောသူများသည်သာ တရားရကြသည်။ ٱلَّذِينَ يُوفُونَ بِعَهۡدِ ٱللَّهِ وَلَا يَنقُضُونَ ٱلۡمِيثَٰقَ ٢٠အကြင်(တရားရသော)သူများသည် အလ္လာဟ်အရှင်မြတ်နှင့် ပြုထားသော ကတိကဝတ်ကို ကျေပွန်စွာ ဆောင်ရွက်ကြသည်။ ၎င်းနောက် သူတို့သည် ထိုကတိကို မဖောက်ဖျက်ကြပေ။ وَٱلَّذِينَ يَصِلُونَ مَآ أَمَرَ ٱللَّهُ بِهِۦٓ أَن يُوصَلَ وَيَخۡشَوۡنَ رَبَّهُمۡ وَيَخَافُونَ سُوٓءَ ٱلۡحِسَابِ ٢١ထို့ပြင် သူတို့သည် အလ္လာဟ်အရှင်မြတ်က ဆက်ရန် အမိန့်ပေးထားသော အဆက်အသွယ်များကို ဆက်ထားကြသည်။ ၎င်းနောက် သူတို့သည် သူတို့အား ဖန်ဆင်းမွေးမြူတော်မူသော အရှင်မြတ်အား ကြောက်ရွံ့ကြသည်။ ၎င်းနောက် သူတို့သည် အလွန်ဆိုးဝါးသော စစ်ဆေးမှုကိုလည်း စိုးရိမ်ကြောက်ရွံ့ကြသည်။ وَٱلَّذِينَ صَبَرُواْ ٱبۡتِغَآءَ وَجۡهِ رَبِّهِمۡ وَأَقَامُواْ ٱلصَّلَوٰةَ وَأَنفَقُواْ مِمَّا رَزَقۡنَٰهُمۡ سِرًّا وَعَلَانِيَةً وَيَدۡرَءُونَ بِٱلۡحَسَنَةِ ٱلسَّيِّئَةَ أُوْلَٰٓئِكَ لَهُمۡ عُقۡبَى ٱلدَّارِ ٢٢ထို့ပြင် သူတို့သည် သူတို့အား ဖန်ဆင်းမွေးမြူတော်မူသော အရှင်မြတ်၏နှစ်သက်မှုကို ရှာဖွေဆည်းပူးရာတွင် တည်တံ့ကြံ့ခိုင်ကြသည်။* ထို့ပြင် သူတို့သည် စွလာသ်ဝတ်ပြုမှုကို ဆောက်တည်ကြသည်။* ၎င်းနောက် သူတို့သည် ငါအရှင်မြတ်က သူတို့အား ပေးသနားထားသော ပစ္စည်းများထဲမှ လျှို့ဝှက်၍လည်းကောင်း၊ ထင်ပေါ်အောင်ပြုလုပ်၍လည်းကောင်း၊ လှူဒါန်းသုံးစွဲကြသည်။* ထို့ပြင် သူတို့သည် မကောင်းမှုကို ကောင်းမှုနှင့် တုံ့ပြန်ကြသည်။* ထိုသူများအတွက် တမလွန်ဘဝ၏ အကောင်းဆုံး နိဂုံးချုပ်ရလဒ်ရှိသည်။ جَنَّٰتُ عَدۡنٍ يَدۡخُلُونَهَا وَمَن صَلَحَ مِنۡ ءَابَآئِهِمۡ وَأَزۡوَٰجِهِمۡ وَذُرِّيَّٰتِهِمۡۖ وَٱلۡمَلَٰٓئِكَةُ يَدۡخُلُونَ عَلَيۡهِم مِّن كُلِّ بَابٍ ٢٣အမြဲတည်ရှိမည့် ဥယျာဉ်များရှိမည်၊ သူတို့သည် ထိုဥယျာဉ်များထဲသို့ ဝင်ရောက်ကြမည်။ ထို့ပြင် သူတို့၏အဘ၊ ဘိုး၊ ဘေးများထဲမှလည်းကောင်း၊ သူတို့၏ကြင်ရာများထဲမှလည်းကောင်း၊ သူတို့၏သား၊ မြေး၊ မြစ်များထဲမှလည်းကောင်း၊ ကောင်းမြတ်သောသူများသည်*(ဝင်ရောက်ကြရမည်)။ ၎င်းနောက် ကောင်းကင်တမန်များသည် သူတို့ထံသို့ တံခါးပေါက်တိုင်းမှ ဝင်ရောက်ကြမည်။ سَلَٰمٌ عَلَيۡكُم بِمَا صَبَرۡتُمۡۚ فَنِعۡمَ عُقۡبَى ٱلدَّارِ ٢٤(ကောင်းကင်တမန်များသည် ဤသို့ နှုတ်ဆက်ကြမည်) အသင်တို့သည် သည်းခံကြံ့ခိုင်ခဲ့ကြသည့်အတွက် ငြိမ်းချမ်းသာယာမှုသည် အသင်တို့အပေါ်တွင် ကျရောက်ပါစေ။ တမလွန်ဘဝ၏ကောင်းကျိုးသည် အဘယ်မျှ ကောင်းလိုက်သနည်း။ وَٱلَّذِينَ يَنقُضُونَ عَهۡدَ ٱللَّهِ مِنۢ بَعۡدِ مِيثَٰقِهِۦ وَيَقۡطَعُونَ مَآ أَمَرَ ٱللَّهُ بِهِۦٓ أَن يُوصَلَ وَيُفۡسِدُونَ فِي ٱلۡأَرۡضِ أُوْلَٰٓئِكَ لَهُمُ ٱللَّعۡنَةُ وَلَهُمۡ سُوٓءُ ٱلدَّارِ ٢٥ထို့ပြင် အကြင်သူများသည် အလ္လာဟ်အရှင်မြတ်နှင့် ထားရှိသော ကတိဝန်ခံချက်အား ထိုကတိဝန်ခံချက်ကို ခိုင်မာစွာ ပြုလုပ်ပြီးနောက်မှ ဖောက်ဖျက်ကြသည်။ ၎င်းနောက် သူတို့သည် အလ္လာဟ်အရှင်မြတ်က (ဆွေမျိုးသားချင်းနှင့်)ဆက်ရန် အမိန့်ပေးထားသည်များကို ဖြတ်တောက်ကြသည်။ ထို့ပြင် သူတို့သည် ကမာ္ဘမြေ၌ ဖျက်ဆီးမှုများ ပြုလုပ်နေကြသည်။ သူတို့အပေါ်တွင် ကရုဏာတော်မှ ကင်းဝေးမှုရှိမည်။ ထို့ပြင် သူတို့အတွက် အလွန်ဆိုးဝါးသောအိမ်(နေရာထိုင်ခင်း)ရှိမည်။ ٱللَّهُ يَبۡسُطُ ٱلرِّزۡقَ لِمَن يَشَآءُ وَيَقۡدِرُۚ وَفَرِحُواْ بِٱلۡحَيَوٰةِ ٱلدُّنۡيَا وَمَا ٱلۡحَيَوٰةُ ٱلدُّنۡيَا فِي ٱلۡأٓخِرَةِ إِلَّا مَتَٰعٌ ٢٦အလ္လာဟ်အရှင်မြတ်သည် အရှင်မြတ်အလိုရှိတော်မူသောသူကို စားနပ်ရိက္ခာ ကျယ်ဝန်းစေတော်မူသည်။* ၎င်းနောက် အလိုရှိတော်မူသောသူကို ကျပ်တည်း ကျဉ်းမြောင်းစေတော်မူသည်။ ထို့ပြင် ဤဘဝ၏အသက်ရှင်မှုသည် တမလွန်ဘဝနှင့် နှိုင်းယှဉ်လျှင် အနည်းငယ် ခေတ္တအကျိုးခံစားခြင်းသာဖြစ်ပါလျက်* သူတို့(ကာဖိရ်များ)သည် ဤဘဝ၏အသက်ရှင်မှုနှင့်သာ ဝမ်းမြောက်ပျော်ရွှင်(နေ)ခဲ့ကြသည်။ وَيَقُولُ ٱلَّذِينَ كَفَرُواْ لَوۡلَآ أُنزِلَ عَلَيۡهِ ءَايَةٌ مِّن رَّبِّهِۦۚ قُلۡ إِنَّ ٱللَّهَ يُضِلُّ مَن يَشَآءُ وَيَهۡدِيٓ إِلَيۡهِ مَنۡ أَنَابَ ٢٧ထို့ပြင် ငြင်းပယ်သူများက ၎င်း(တမန်တော်)အပေါ်တွင် ၎င်း(တမန်တော်)အား ဖန်ဆင်းမွေးမြူတော်မူသော အရှင်မြတ်ထံတော်မှ တန်ခိုးတော်တစ်စုံတစ်ခု အဘယ့်ကြောင့် ချပေးခြင်းမခံရသနည်းဟု ပြောဆိုကြသည်။ (အို- တမန်တော်)အသင် ပြောလိုက်ပါ- အမှန်စင်စစ် အလ္လာဟ်အရှင်မြတ်သည် အရှင်မြတ်အလိုရှိသောသူကို လမ်းမှား၌ပင် ထားတော်မူသည်။ ၎င်းနောက် အရှင်မြတ်သည် အရှင်မြတ်ဘက်သို့ ပြန်လှည့်သူများကို တရားလမ်းမှန်ပြသပေးတော်မူသည်။ ٱلَّذِينَ ءَامَنُواْ وَتَطۡمَئِنُّ قُلُوبُهُم بِذِكۡرِ ٱللَّهِۗ أَلَا بِذِكۡرِ ٱللَّهِ تَطۡمَئِنُّ ٱلۡقُلُوبُ ٢٨ထိုသူများသည် အကြင်သူများပင် ဖြစ်ကြသည်။ သူတို့သည် အီမာန်ယုံကြည်ခဲ့ကြသည်။ ၎င်းနောက် သူတို့၏စိတ်နှလုံးများသည် အလ္လာဟ်အရှင်မြတ်အား သတိရတသခြင်းနှင့် တည်ငြိမ်အေးချမ်းသွားကြသည်။ သတိပြုကြပါ၊ အလ္လာဟ်အရှင်မြတ်အား အောက်မေ့တသခြင်းဖြင့် စိတ်နှလုံးများသည် တည်ငြိမ်အေးချမ်းသွားသည်သာ ဖြစ်သည်။ ٱلَّذِينَ ءَامَنُواْ وَعَمِلُواْ ٱلصَّٰلِحَٰتِ طُوبَىٰ لَهُمۡ وَحُسۡنُ مَـَٔابٍ ٢٩အကြင်သူများသည် အီမာန်ယုံကြည်ခဲ့ကြသည်။ ၎င်းနောက် သူတို့သည် ကောင်းမြတ်သောလုပ်ရပ်များကို ပြုလုပ်ခဲ့ကြသည်။ ထိုသူများအတွက် ပျော်ရွှင်ဖွယ်ရာ အခြေအနေနှင့် ကောင်းမြတ်သော ပြန်လှည့်ရာဌာနရှိသည်။ كَذَٰلِكَ أَرۡسَلۡنَٰكَ فِيٓ أُمَّةٍ قَدۡ خَلَتۡ مِن قَبۡلِهَآ أُمَمٌ لِّتَتۡلُوَاْ عَلَيۡهِمُ ٱلَّذِيٓ أَوۡحَيۡنَآ إِلَيۡكَ وَهُمۡ يَكۡفُرُونَ بِٱلرَّحۡمَٰنِۚ قُلۡ هُوَ رَبِّي لَآ إِلَٰهَ إِلَّا هُوَ عَلَيۡهِ تَوَكَّلۡتُ وَإِلَيۡهِ مَتَابِ ٣٠ဤသို့ပင် ငါအရှင်မြတ်သည် အသင်(တမန်တော်)အား အကြင်လူမျိုးတစ်မျိုးထံသို့ ငါအရှင်မြတ်အနေနှင့် အသင့်ထံ ပို့ချတော်မူသောကျမ်းဂန်ကို သူတို့ရှေ့၌ ဖတ်ကြားရန်အတွက် စေလွှတ်တော်မူခဲ့သည်။* ထိုလူမျိုး၏မတိုင်မီ၌လည်း (ထိုသို့သော)လူမျိုးများသည် အနန္တကရုဏာတော်ရှင်အား* ငြင်းပယ်နေကြလျက် ကုန်လွန်ခဲ့ကြပြီးဖြစ်သည်။ (အို- တမန်တော်)အသင် ပြောလိုက်ပါ- အရှင်မြတ်ပင် ငါ့အား ဖန်ဆင်းမွေးမြူတော်မူသောအရှင် ဖြစ်တော်မူသည်။ ထိုအရှင်မြတ်မှလွဲ၍ ကိုးကွယ်ထိုက်သောအရှင်မရှိပေ။ အရှင်မြတ်အပေါ်၌သာ ငါသည် ယုံပုံလွှဲအပ်ခဲ့ပြီဖြစ်သည်။ ထို့ပြင် အရှင်မြတ်ထံတော်သို့ပင် ငါသည် ပြန်သွားရမည်ဖြစ်သည်။ وَلَوۡ أَنَّ قُرۡءَانًا سُيِّرَتۡ بِهِ ٱلۡجِبَالُ أَوۡ قُطِّعَتۡ بِهِ ٱلۡأَرۡضُ أَوۡ كُلِّمَ بِهِ ٱلۡمَوۡتَىٰۗ بَل لِّلَّهِ ٱلۡأَمۡرُ جَمِيعًاۗ أَفَلَمۡ يَاْيۡـَٔسِ ٱلَّذِينَ ءَامَنُوٓاْ أَن لَّوۡ يَشَآءُ ٱللَّهُ لَهَدَى ٱلنَّاسَ جَمِيعًاۗ وَلَا يَزَالُ ٱلَّذِينَ كَفَرُواْ تُصِيبُهُم بِمَا صَنَعُواْ قَارِعَةٌ أَوۡ تَحُلُّ قَرِيبًا مِّن دَارِهِمۡ حَتَّىٰ يَأۡتِيَ وَعۡدُ ٱللَّهِۚ إِنَّ ٱللَّهَ لَا يُخۡلِفُ ٱلۡمِيعَادَ ٣١ထို့ပြင် အကယ်၍ ကုရ်အာန်ကျမ်းတစ်စောင်သည် ရှိခဲ့မည်။* ၎င်းနောက် ထိုကုရ်အာန်ဖြင့် တောင်များသည် ရွှေ့ပြောင်းခြင်းကို ခံကြရသည်ဖြစ်စေ၊ သို့မဟုတ် ထိုကုရ်အာန်ဖြင့် ပထဝီမြေသည် အက်ကွဲစေခြင်းကိုခံကြရသည်ဖြစ်စေ၊ (ထိုသို့ ပြုလုပ်ပေးသော ကုရ်အာန်သည် ဤ ကုရ်အာန်ဖြစ်လျှင်လည်း သူတို့သည် ဤကုရ်အာန်ကို အီမာန်ယုံကြည်ကြမည် မဟုတ်ပေ)။ ထိုသို့မဟုတ်ပေ၊ အမှန်စင်စစ် အမိန့်အာဏာအားလုံးသည် အလ္လာဟ်အရှင်မြတ်ထံတော်၌ပင် ရှိသည်။ သို့ဖြစ်ပါလျက် ယုံကြည်သူများသည် “အကယ်၍ အလ္လာဟ်အရှင်မြတ်အလိုရှိတော်မူလျှင် အမှန်စင်စစ် အရှင်မြတ်သည် လူအားလုံးကို လမ်းမှန် ညွှန်ကြားပြသတော်မူခဲ့ပြီးဖြစ်မည်ကို မသိခဲ့ကြလေသလော။* ထို့ပြင် ငြင်းပယ်သူများသည် သူတို့၏အပြုအမူများကြောင့် ဒုက္ခတစ်စုံတစ်ခုသည် ကျရောက်မြဲ ကျရောက်လျက်ပင် ရှိသည်၊ သို့မဟုတ် သူတို့၏ မြို့ရွာအနီး၌ အမြဲမပြတ် သက်ရောက်နေသည်။ နောက်ဆုံးတွင် အလ္လာဟ်အရှင်မြတ်ချိန်းဆိုထားသော အပြစ်ဒဏ်သည် ရောက်ရှိလာမည်ဖြစ်သည်။* အမှန်စင်စစ် အလ္လာဟ်အရှင်မြတ်သည် အရှင်မြတ်၏ကတိကို ဖောက်ဖျက်တော်မူသောအရှင် မဟုတ်ပေ။ وَلَقَدِ ٱسۡتُهۡزِئَ بِرُسُلٍ مِّن قَبۡلِكَ فَأَمۡلَيۡتُ لِلَّذِينَ كَفَرُواْ ثُمَّ أَخَذۡتُهُمۡۖ فَكَيۡفَ كَانَ عِقَابِ ٣٢ထို့ပြင် အမှန်စင်စစ် အသင်၏မတိုင်မီ၌လည်း တမန်တော်များသည် ပြောင်လှောင်ခြင်းကို ခံခဲ့ကြရသည်။ သို့ဖြစ်ပါလျက် ငါအရှင်မြတ်သည် ကာဖိရ်ငြင်းပယ်သောသူများအား ရွှေ့ဆိုင်းခွင့်ပေးတော်မူခဲ့သည်။ ထို့နောက် ငါအရှင်မြတ်သည် သူတို့အား ဖမ်းဆီးကွက်မျက်တော်မူခဲ့သည်။ သို့ဖြစ်ရာ ငါအရှင်မြတ်၏ပြစ်ဒဏ်သည် မည်သို့ရှိခဲ့သနည်း။ أَفَمَنۡ هُوَ قَآئِمٌ عَلَىٰ كُلِّ نَفۡسِۭ بِمَا كَسَبَتۡۗ وَجَعَلُواْ لِلَّهِ شُرَكَآءَ قُلۡ سَمُّوهُمۡۚ أَمۡ تُنَبِّـُٔونَهُۥ بِمَا لَا يَعۡلَمُ فِي ٱلۡأَرۡضِ أَم بِظَٰهِرٍ مِّنَ ٱلۡقَوۡلِۗ بَلۡ زُيِّنَ لِلَّذِينَ كَفَرُواْ مَكۡرُهُمۡ وَصُدُّواْ عَنِ ٱلسَّبِيلِۗ وَمَن يُضۡلِلِ ٱللَّهُ فَمَا لَهُۥ مِنۡ هَادٍ ٣٣၎င်းနောက် လူတိုင်းသည် မည်သည့်အရာအား ပြုလုပ်နေသည်ကို သိရှိတော်မူသော အရှင်မြတ်သည် (ကိုးကွယ်ရာအတုများနှင့် တူနိုင်ပါမည်လော)။ ထို့ပြင် သူတို့သည် အလ္လာဟ်အရှင်မြတ်နှင့် တုဖက်ကိုးကွယ်ရာများကို ပြုလုပ်ခဲ့ကြသည်။ (အို- တမန်တော်)အသင် ပြောလိုက်ပါ- အသင်တို့သည် သူတို့၏အမည်များကို ပြောပြကြပါ။ (မည်သူများနည်း၊ ကိုးကွယ်ခြင်းခံထိုက်သော အရည်အချင်းများ ရှိ၏မရှိ၏ဆိုသည်ကို ကြည့်ပါရစေ။)* သို့မဟုတ် အသင်တို့သည် အရှင်မြတ်အား အကြင်(တွဲဖက်ကိုးကွယ်သော)အရာ၏ရှိနေခြင်းကို အသိပေးနေကြသလော၊ ကမာ္ဘမြေတွင် ထိုအရာရှိနေကြောင်း အရှင်မြတ်၏အသိ၌ပင် မရှိပေ။ (ထိုတွဲဖက်ကိုးကွယ်ရာသည် အမှန်ရှိနေပြီး အရှင်မြတ် မသိဘူးဆိုသည်မှာ မဖြစ်နိုင်ပေ။ ထိုအရာမရှိကြောင်းသာ အရှင်မြတ်၏အသိ၌ ရှိနေခြင်းဖြစ်သည်။)* သို့မဟုတ် အပေါ်ယံအားဖြင့်သာ (ကျောက်တုံးများကို နာမည်တပ်ပြီး) ပြောဆိုကြသည်လော၊ ထိုသို့မဟုတ်ပေ၊ အမှန်စင်စစ် ငြင်းပယ်သူများ၏အမြင်၌ သူတို့၏လျှို့ဝှက်ကြံသည်မှုသည် လှပတင့်တယ်အောင် ပြုလုပ်ခံရပြီဖြစ်သည်။ ထို့ပြင် (ထိုအရာကြောင့်လည်း) သူတို့သည် (မှန်ကန်သော)လမ်းမှ တားဆီးခြင်းခံခဲ့ကြရသည်။ ထို့ပြင် အကြင်သူ့ကို အလ္လာဟ်အရှင်မြတ်က လမ်းမှားစေတော်မူလျှင် ထိုသူ့ကို လမ်းမှန်ညွှန်ကြားပြသမည့်သူ တစ်ဦးမှ မရှိပေ။ لَّهُمۡ عَذَابٌ فِي ٱلۡحَيَوٰةِ ٱلدُّنۡيَاۖ وَلَعَذَابُ ٱلۡأٓخِرَةِ أَشَقُّۖ وَمَا لَهُم مِّنَ ٱللَّهِ مِن وَاقٍ ٣٤သူတို့အတွက် ဤဘဝတွင်လည်း ပြစ်ဒဏ်ရှိသည်။ ထို့ပြင် အမှန်စင်စစ် တမလွန်ဘဝ၏ပြစ်ဒဏ်ကမူ ပိုပြင်းထန်လှသည်။ ထို့ပြင် သူတို့အား အလ္လာဟ်အရှင်မြတ်၏ အပြစ်ဒဏ်မှ ကယ်တင်မည့်သူလည်း မည်သူမှရှိမည်မဟုတ်ပေ။ ۞ مَّثَلُ ٱلۡجَنَّةِ ٱلَّتِي وُعِدَ ٱلۡمُتَّقُونَۖ تَجۡرِي مِن تَحۡتِهَا ٱلۡأَنۡهَٰرُۖ أُكُلُهَا دَآئِمٌ وَظِلُّهَاۚ تِلۡكَ عُقۡبَى ٱلَّذِينَ ٱتَّقَواْۚ وَّعُقۡبَى ٱلۡكَٰفِرِينَ ٱلنَّارُ ٣٥ကြောက်ရွံ့အပြစ်ရှောင် ကောင်းကျိုးဆောင်သူများကို ကတိပေးခြင်းခံကြရသော ဂျန္နသ်သုခဘုံ၏ဂုဏ်ထူးသည် ထိုသုခဘုံ၏အောက်၌ စမ်းရေချောင်းများ စီးဆင်းနေမည်။ ထိုသုခဘုံ၏သစ်သီးဝလံများနှင့်၊ သုခဘုံ၏အရိပ်အာဝါသများသည် တည်မြဲသော သစ်သီးဝလံများနှင့် အရိပ်အာဝါသများဖြစ်ကြမည်။ ဤသည် ကြောက်ရွံ့အပြစ်ရှောင် ကောင်းကျိုးဆောင်သူများအတွက် အကျိုးဖြစ်သည်။ ထို့ပြင် ငြင်းပယ်သူများ၏အကျိုးကမူ ငရဲမီးပင်ဖြစ်မည်။ وَٱلَّذِينَ ءَاتَيۡنَٰهُمُ ٱلۡكِتَٰبَ يَفۡرَحُونَ بِمَآ أُنزِلَ إِلَيۡكَۖ وَمِنَ ٱلۡأَحۡزَابِ مَن يُنكِرُ بَعۡضَهُۥۚ قُلۡ إِنَّمَآ أُمِرۡتُ أَنۡ أَعۡبُدَ ٱللَّهَ وَلَآ أُشۡرِكَ بِهِۦٓۚ إِلَيۡهِ أَدۡعُواْ وَإِلَيۡهِ مَـَٔابِ ٣٦ထို့ပြင် ငါအရှင်မြတ်က ကျမ်းဂန်ပေးသနားထားတော်မူသောသူများသည် အသင်(တမန်တော်)၏အပေါ်တွင် ကျရောက်လာသောအရာ(ကုရ်အာန်)ကြောင့် ပျော်ရွှင်နေကြသည်။ ထို့ပြင် အုပ်စုများထဲတွင် ထိုကျမ်းတော်၏ အချို့အစိတ်အပိုင်းကို ငြင်းပယ်သောသူများလည်း ရှိကြသည်။* (အို- တမန်တော်)အသင် ပြောလိုက်ပါ- ငါသည် အလ္လာဟ်အရှင်မြတ်ကိုသာ ကိုးကွယ်ရန်နှင့် အရှင်မြတ်နှင့် မည်သူ့ကိုမှ တွဲဖက်မကိုးကွယ်ရန် အမိန့်ပေးတော်မူခြင်းကိုသာ ခံခဲ့ရသည်။ ငါသည် အရှင်မြတ်ဘက်သို့သာ ဖိတ်ခေါ်နေခြင်းဖြစ်သည်။ ထို့ပြင် ငါသည် အရှင်မြတ်ထံတော်သို့ပင် ပြန်လည်သွားရမည်ဖြစ်သည်။ وَكَذَٰلِكَ أَنزَلۡنَٰهُ حُكۡمًا عَرَبِيًّاۚ وَلَئِنِ ٱتَّبَعۡتَ أَهۡوَآءَهُم بَعۡدَ مَا جَآءَكَ مِنَ ٱلۡعِلۡمِ مَا لَكَ مِنَ ٱللَّهِ مِن وَلِيٍّ وَلَا وَاقٍ ٣٧ထို့ပြင် ဤသို့ပင် ငါအရှင်မြတ်သည် ထိုကျမ်းတော်ကို ထင်ရှားပြတ်သားသော အရဗီဘာသာဖြင့် အမိန့်တော်တစ်ရပ်အဖြစ် ထုတ်ပြန်တော်မူခဲ့သည်။ ထို့ပြင် အကယ်၍ အသင်သည် အသင်၏ထံသို့ အသိပညာရောက်ရှိလာခဲ့ပြီးနောက်မှ သူတို့၏အလိုဆန္ဒများကို လိုက်ခဲ့လျှင် အသင့်အား အလ္လာဟ်အရှင်မြတ်နှင့် ဆန့်ကျင်ပြီး ကူညီမည့်မိတ်ဆွေနှင့် ကာကွယ်စောင့်ရှောက်မည့်သူ မည်သူမှ ရှိမည်မဟုတ်ပေ။ وَلَقَدۡ أَرۡسَلۡنَا رُسُلًا مِّن قَبۡلِكَ وَجَعَلۡنَا لَهُمۡ أَزۡوَٰجًا وَذُرِّيَّةًۚ وَمَا كَانَ لِرَسُولٍ أَن يَأۡتِيَ بِـَٔايَةٍ إِلَّا بِإِذۡنِ ٱللَّهِۗ لِكُلِّ أَجَلٍ كِتَابٌ ٣٨ထို့ပြင် အမှန်စင်စစ် ငါအရှင်မြတ်သည် အသင်၏မတိုင်မီ တမန်တော်များအား စေလွှတ်တော်မူခဲ့သည်။ ထို့ပြင် ငါအရှင်မြတ်သည် ထိုတမန်တော်များအတွက် ဇနီးကြင်ရာများနှင့် သားသမီးများကို ပြုလုပ်ဖန်တီးပေးတော်မူခဲ့သည်။* ထို့ပြင် မည်သည့်တမန်တော်မှ အလ္လာဟ်အရှင်မြတ်၏ ခွင့်ပြုချက်မရှိဘဲ အာယသ်တော်(သက်သေလက္ခဏာတန်ခိုးတော်) တစ်စုံတစ်ရာကို ယူဆောင်လာရန် အခွင့်အာဏာမရှိပေ။* ခေတ်ကာလတိုင်းအတွက် ကျမ်းတစ်ကျမ်းရှိသည်။ يَمۡحُواْ ٱللَّهُ مَا يَشَآءُ وَيُثۡبِتُۖ وَعِندَهُۥٓ أُمُّ ٱلۡكِتَٰبِ ٣٩အလ္လာဟ်အရှင်မြတ်သည် အရှင်မြတ်အလိုရှိတော်မူသောအရာကို ဖျက်သိမ်တော်မူသည်။ ထို့နောက် အရှင်မြတ်အလိုရှိသောအရာကို တည်တံ့စေတော်မူသည်။ ၎င်းနောက် မှတ်တမ်းစာအုပ်(လောင်ဟိမဟ်ဖူးဇွ်)သည် အရှင်မြတ်ထံတော်၌ပင် ရှိသည်။ وَإِن مَّا نُرِيَنَّكَ بَعۡضَ ٱلَّذِي نَعِدُهُمۡ أَوۡ نَتَوَفَّيَنَّكَ فَإِنَّمَا عَلَيۡكَ ٱلۡبَلَٰغُ وَعَلَيۡنَا ٱلۡحِسَابُ ٤٠ထို့ပြင် အကယ်၍ ငါအရှင်မြတ်က သူတို့အား ကတိပြုထားသောအရာအချို့ကို ငါအရှင်မြတ်အနေဖြင့် အသင့်အား ပြသသည်ဖြစ်စေ၊ သို့မဟုတ် ငါအရှင်မြတ်အနေဖြင့် အသင့်အား ကွယ်လွန်စေတော်မူသည်ပင်ဖြစ်စေ၊ အသင်၏အပေါ်၌ (အမိန့်တော်များကို)ပို့ဆောင်ရန်သာ တာဝန်ရှိသည်။ ထို့ပြင် ငါအရှင်မြတ်သည်အပေါ်၌မူ စစ်ဆေးရန်တာဝန်လည်းရှိသည်။ أَوَلَمۡ يَرَوۡاْ أَنَّا نَأۡتِي ٱلۡأَرۡضَ نَنقُصُهَا مِنۡ أَطۡرَافِهَاۚ وَٱللَّهُ يَحۡكُمُ لَا مُعَقِّبَ لِحُكۡمِهِۦۚ وَهُوَ سَرِيعُ ٱلۡحِسَابِ ٤١ထို့ပြင် ငါအရှင်မြတ်သည် မြေကို ဘေးပတ်ဝန်းကျင်များက လျော့နည်းအောင်လုပ်ပြီး ယူလာတော်မူသည်ကို သူတို့သည် မတွေ့မြင်ကြသလော။* ၎င်းနောက် အလ္လာဟ်အရှင်မြတ်သည် (အရှင်မြတ်အလိုရှိသည်ကို)အမိန့်ချမှတ်တော်မူသည်။ အရှင်မြတ်၏အမိန့်ကို ရွှေ့ဆိုင်းနိုင်သူ မည်သူမျှ မရှိပေ။ ထို့ပြင် အရှင်မြတ်သည် အလွန်လျင်မြန်စွာ စစ်ဆေးတော်မူသောအရှင်မြတ်ပင် ဖြစ်တော်မူသည်။ وَقَدۡ مَكَرَ ٱلَّذِينَ مِن قَبۡلِهِمۡ فَلِلَّهِ ٱلۡمَكۡرُ جَمِيعًاۖ يَعۡلَمُ مَا تَكۡسِبُ كُلُّ نَفۡسٍۗ وَسَيَعۡلَمُ ٱلۡكُفَّٰرُ لِمَنۡ عُقۡبَى ٱلدَّارِ ٤٢ထို့ပြင် သူတို့မတိုင်မီရှိခဲ့ကြသူများ တိတ်ဆိတ်စွာ ကြံစည်ခဲ့ကြသည်။ ၎င်းနောက် အကြံအစည်အားလုံးကို အလ္လာဟ်အရှင်မြတ်ပင် စိုးပိုင်တော်မူသည်။ အရှင်မြတ်သည် လူတိုင်းပြုလုပ်သမျှကို သိတော်မူသည်။ ထို့ပြင် တမလွန်ဘဝ၏အကျိုးဆက်သည် မည်သူ၏အတွက်နည်းဆိုသည်ကို ကာဖိရ်များသည် မကြာမီ သိသွားကြမည်ဖြစ်သည်။ وَيَقُولُ ٱلَّذِينَ كَفَرُواْ لَسۡتَ مُرۡسَلًاۚ قُلۡ كَفَىٰ بِٱللَّهِ شَهِيدَۢا بَيۡنِي وَبَيۡنَكُمۡ وَمَنۡ عِندَهُۥ عِلۡمُ ٱلۡكِتَٰبِ ٤٣ထို့ပြင် ကာဖိရ်ငြင်းပယ်သူများက အသင်သည် တမန်တော်မဟုတ်ပေဟု ပြောဆိုကြသည်။ (အို- တမန်တော်)အသင် ပြောလိုက်ပါ- ငါနှင့် အသင်တို့ကြား၌ အလ္လာဟ်အရှင်မြတ်နှင့် ကျမ်းဂန်၏အသိပညာရှိသောသူများ မျက်မှောက်အသိသက်သေအဖြစ် လုံလောက်သည်။