بِسۡمِ ٱللَّهِ ٱلرَّحۡمَٰنِ ٱلرَّحِيمِ
الٓرۚ كِتَٰبٌ أَنزَلۡنَٰهُ إِلَيۡكَ لِتُخۡرِجَ ٱلنَّاسَ مِنَ ٱلظُّلُمَٰتِ إِلَى ٱلنُّورِ بِإِذۡنِ رَبِّهِمۡ إِلَىٰ صِرَٰطِ ٱلۡعَزِيزِ ٱلۡحَمِيدِ ١အလိဖ် လာမ် ရာ။ (ဤသည်) အကြင်ကျမ်းဂန်ဖြစ်သည်။ ထိုကျမ်းဂန်အား ငါအရှင်မြတ်သည် အသင်(တမန်တော်)ထံ ချပေးတော်မူခဲ့သည်၊ အသင်သည် လူများကို သူတို့အား ဖန်ဆင်းမွေးမြူတော်မူသော အရှင်၏အမိန့်နှင့် အမှောင်များမှ အလင်းထံသို့ (ဆိုလိုသည်မှာ) တန်ခိုးတော်နှင့် အလွန်လွှမ်းမိုးတော်မူသော၊ အလွန်ချီးမွမ်ခြင်းခံထိုက်တော်မူသော အရှင်မြတ်၏လမ်းထံသို့ ခေါ်ထုတ်သွားရန်အတွက် (ဤကျမ်းတော်ကို ချပေးခဲ့ခြင်းဖြစ်သည်)။ ٱللَّهِ ٱلَّذِي لَهُۥ مَا فِي ٱلسَّمَٰوَٰتِ وَمَا فِي ٱلۡأَرۡضِۗ وَوَيۡلٌ لِّلۡكَٰفِرِينَ مِنۡ عَذَابٍ شَدِيدٍ ٢အကြင်အလ္လာဟ်အရှင်မြတ်(၏လမ်းသို့၊) ထိုအရှင်မြတ်သည် မိုးကောင်းကင်များတွင်ရှိသမျှနှင့် မြေပထဝီတွင်ရှိသမျှကို စိုးပိုင်တော်မူသောအရှင် ဖြစ်တော်မူသည်။ ထို့ပြင် ကာဖိရ်ငြင်းပယ်သောသူများအတွက် ပြင်းထန်သောပြစ်ဒဏ်ထဲမှ ပျက်စီးမှုရှိသည်။ ٱلَّذِينَ يَسۡتَحِبُّونَ ٱلۡحَيَوٰةَ ٱلدُّنۡيَا عَلَى ٱلۡأٓخِرَةِ وَيَصُدُّونَ عَن سَبِيلِ ٱللَّهِ وَيَبۡغُونَهَا عِوَجًاۚ أُوْلَٰٓئِكَ فِي ضَلَٰلِۭ بَعِيدٍ ٣အကြင်သူတို့သည် ဤဘဝ၏အသက်ရှင်ခြင်းကို တမလွန်ဘဝထက်ပိုပြီး ဦးစားပေးနှစ်သက်ကြသည်။ ထို့ပြင် သူတို့သည် ထိုလမ်းတော်၌ ကွေ့ကောက်မှုကို ရှာဖွေနေကြသည်။ ထိုသူများသည် အလွန်ဝေးလံသောလမ်းမှားတွင် ရှိနေကြသည်။ وَمَآ أَرۡسَلۡنَا مِن رَّسُولٍ إِلَّا بِلِسَانِ قَوۡمِهِۦ لِيُبَيِّنَ لَهُمۡۖ فَيُضِلُّ ٱللَّهُ مَن يَشَآءُ وَيَهۡدِي مَن يَشَآءُۚ وَهُوَ ٱلۡعَزِيزُ ٱلۡحَكِيمُ ٤ထို့ပြင် ငါအရှင်မြတ်သည် တမန်တော်တိုင်းကို ထိုတမန်တော်၏လူမျိုးများ၏ ဘာသာစကားဖြင့်သာ* စေလွှတ်တော်မူခဲ့သည်၊ အကြောင်းမှာ ထိုတမန်တော်သည် သူတို့အား ထင်ရှားစွာ ထုတ်ဖော်ရှင်းလင်းပြသနိုင်ရန်အတွက်ဖြစ်သည်။ ထို့နောက် အလ္လာဟ်အရှင်မြတ်သည် အရှင်မြတ်အလိုရှိသောသူကို လမ်းမှား၌ပင် ထားရှိတော်မူသည်။ ထို့ပြင် အရှင်မြတ်အလိုရှိသောသူကို လမ်းမှန်ညွှန်ကြားပြသတော်မူသည်။ ထို့ပြင် အရှင်မြတ်သည် တန်ခိုးတော်နှင့်အလွန်လွှမ်းမိုးတော်မူသောအရှင်၊ ပညာဉာဏ်အမြော်အမြင်နှင့် အလွန်ပြည့်စုံတော်မူသောအရှင် ဖြစ်တော်မူသည်။ وَلَقَدۡ أَرۡسَلۡنَا مُوسَىٰ بِـَٔايَٰتِنَآ أَنۡ أَخۡرِجۡ قَوۡمَكَ مِنَ ٱلظُّلُمَٰتِ إِلَى ٱلنُّورِ وَذَكِّرۡهُم بِأَيَّىٰمِ ٱللَّهِۚ إِنَّ فِي ذَٰلِكَ لَأٓيَٰتٍ لِّكُلِّ صَبَّارٍ شَكُورٍ ٥ထို့ပြင် အမှန်စင်စစ် ငါအရှင်မြတ်သည် (တမန်တော်)မူစာကို ငါအရှင်မြတ်၏သက်သေ လက္ခဏာတော်များနှင့်တကွ* စေလွှတ်တော်မူခဲ့သည်။ (၎င်းနောက် ဤသို့ အမိန့်ရှိတော်မူသည်) အသင်သည် အသင်၏အမျိုးသားအား အမှောင်များမှ အလင်းသို့ထုတ်ဆောင်ပါ။ ထို့ပြင် ထိုအမျိုးသားများအား အလ္လာဟ်အရှင်မြတ်၏ ကျေးဇူးပြုတော်မူသောနေ့များကို သတိရအောင်ပြုလုပ်ပါ။ အမှန်စင်စစ် ထိုကျေးဇူးတော်များထဲ၌ အလွန်သည်းခံသူများနှင့် အလွန်ကျေးဇူးသိတတ်သူများအတွက် သက်သေလက္ခဏာများရှိသည်။ وَإِذۡ قَالَ مُوسَىٰ لِقَوۡمِهِ ٱذۡكُرُواْ نِعۡمَةَ ٱللَّهِ عَلَيۡكُمۡ إِذۡ أَنجَىٰكُم مِّنۡ ءَالِ فِرۡعَوۡنَ يَسُومُونَكُمۡ سُوٓءَ ٱلۡعَذَابِ وَيُذَبِّحُونَ أَبۡنَآءَكُمۡ وَيَسۡتَحۡيُونَ نِسَآءَكُمۡۚ وَفِي ذَٰلِكُم بَلَآءٌ مِّن رَّبِّكُمۡ عَظِيمٌ ٦ထို့ပြင် တစ်ခါက (တမန်တော်)မူစာသည် သူ၏အမျိုးသားများကို ပြောခဲ့သည်- အသင်တို့သည် အသင်တို့အပေါ်၌ရှိသော အလ္လာဟ်အရှင်မြတ်၏ကျေးဇူးတော်များကို သတိရကြပါ။ တစ်ခါက အရှင်မြတ်သည် အသင်တို့အား ဖိရ်အောင်န်၏မျိုးနွယ်များထံမှ ကယ်တင်တော်မူခဲ့သည်။ သူတို့သည် အသင်တို့အား မကောင်းသောဘေးဒုက္ခများ သက်ရောက်စေခဲ့သည်။ ၎င်းနောက် သူတို့သည် အသင်တို့၏ သားယောက်ျားလေးများအား သတ်ဖြတ်ကြပြီး အသင်တို့၏(သမီး)မိန်းမများကိုမူ မသတ်ဘဲ အရှင်ထားကြသည်။ ၎င်းနောက် ဤကိစ္စတွင် အသင်တို့အား ဖန်ဆင်းမွေးမြူတော်မူသော အရှင်မြတ်ထံတော်မှ ကြီးကျယ်သော စမ်းသပ်မှုရှိသည်။ وَإِذۡ تَأَذَّنَ رَبُّكُمۡ لَئِن شَكَرۡتُمۡ لَأَزِيدَنَّكُمۡۖ وَلَئِن كَفَرۡتُمۡ إِنَّ عَذَابِي لَشَدِيدٌ ٧ထို့ပြင် တစ်ခါက အသင်တို့အား ဖန်ဆင်းမွေးမြူတော်မူသောအရှင်မြတ်သည် အသိပေးတော်မူခဲ့သည်- အကယ်၍ အသင်တို့သည် အမှန်ပင် ကျေးဇူးတော်ကို သိတတ်ခဲ့ကြလျှင်၊ အမှန်ပင် ငါအရှင်မြတ်သည် အသင်တို့အား ပိုတိုးပြီး ပေးသနားတော်မူမည်၊ ၎င်းနောက် အကယ်၍ အသင်တို့သည် အမှန်ပင် ကျေးဇူးကန်းကြလျှင်၊ အမှန်စင်စစ် ငါအရှင်မြတ်၏ပြစ်ဒဏ်သည် အမှန်ပင် ပြင်းထန်လှသည်။ وَقَالَ مُوسَىٰٓ إِن تَكۡفُرُوٓاْ أَنتُمۡ وَمَن فِي ٱلۡأَرۡضِ جَمِيعًا فَإِنَّ ٱللَّهَ لَغَنِيٌّ حَمِيدٌ ٨ထို့ပြင် (တမန်တော်)မူစာက ပြောသည်- အကယ်၍ အသင်တို့နှင့်တကွ တစ်ကမာ္ဘလုံး၌ ရှိသူများအားလုံးသည် ကျေးဇူးကန်းကြလျှင်လည်း (အရှင်မြတ်တွင် မည်သည့်အရာမျှ မဆုံးရှုံးပေ၊ အဘယ့်ကြောင့်ဆိုသော်) အမှန်စင်စစ် အလ္လာဟ်အရှင်မြတ်သည် လိုလားတောင့်တခြင်းကင်း၍ ပြည့်စုံကြွယ်ဝတော်မူသောအရှင် ဖြစ်တော်မူသည်။ أَلَمۡ يَأۡتِكُمۡ نَبَؤُاْ ٱلَّذِينَ مِن قَبۡلِكُمۡ قَوۡمِ نُوحٍ وَعَادٍ وَثَمُودَ وَٱلَّذِينَ مِنۢ بَعۡدِهِمۡ لَا يَعۡلَمُهُمۡ إِلَّا ٱللَّهُۚ جَآءَتۡهُمۡ رُسُلُهُم بِٱلۡبَيِّنَٰتِ فَرَدُّوٓاْ أَيۡدِيَهُمۡ فِيٓ أَفۡوَٰهِهِمۡ وَقَالُوٓاْ إِنَّا كَفَرۡنَا بِمَآ أُرۡسِلۡتُم بِهِۦ وَإِنَّا لَفِي شَكٍّ مِّمَّا تَدۡعُونَنَآ إِلَيۡهِ مُرِيبٍ ٩အသင်တို့ထံသို့ အသင်တို့၏မတိုင်မီက သူများဖြစ်ကြသော (တမန်တော်)နူးဟ်၏အမျိုးသားများ၊ အာဒ်အမျိုးသားများ၊ဆမူဒ်အမျိုးသားများနှင့် ၎င်းတို့နောက်၌ ရှိခဲ့ကြသောအမျိုးသားများ၏အကြောင်း မရောက်ရှိခဲ့လေသလော။ ထိုသူများ(၏ အရေအတွက်)ကို အရှင်မြတ်မှလွဲ၍ မည်သူမျှ မသိရှိကြပေ။ သူတို့ထံသို့ သူတို့၏တမန်တော်များသည် ထင်ရှားသော အထောက်အထားများနှင့် လာခဲ့ကြသည်။ ထို့နောက် သူတို့သည် သူတို့၏လက်များကို (ဒေါသဖြစ်၍) သူတို့၏ပါးစပ်များထဲသို့ ထိုးထည့်ခဲ့ကြသည်။* ထို့ပြင် သူတို့က ပြောဆိုခဲ့ကြသည်- အမှန်စင်စစ် ကျွန်ုပ်တို့သည် အသင်တို့စေလွှတ်ခြင်းခံရသော အရာများကို ငြင်းပယ်ကြသည်။ ၎င်းနောက် အမှန်စင်စစ် ကျွန်ုပ်တို့သည် အသင်တို့က ကျွန်ုပ်တို့အား ဖိတ်ခေါ်လျက်ရှိသောအရာနှင့်စပ်လျဉ်း၍ ယုံမှားဖြစ်စေသည့် သံသယထဲ၌ပင် ရှိနေကြသည်။ ۞ قَالَتۡ رُسُلُهُمۡ أَفِي ٱللَّهِ شَكٌّ فَاطِرِ ٱلسَّمَٰوَٰتِ وَٱلۡأَرۡضِۖ يَدۡعُوكُمۡ لِيَغۡفِرَ لَكُم مِّن ذُنُوبِكُمۡ وَيُؤَخِّرَكُمۡ إِلَىٰٓ أَجَلٍ مُّسَمًّىۚ قَالُوٓاْ إِنۡ أَنتُمۡ إِلَّا بَشَرٌ مِّثۡلُنَا تُرِيدُونَ أَن تَصُدُّونَا عَمَّا كَانَ يَعۡبُدُ ءَابَآؤُنَا فَأۡتُونَا بِسُلۡطَٰنٍ مُّبِينٍ ١٠သူတို့၏တမန်တော်များက ပြောဆိုကြသည်- အလ္လာဟ်အရှင်မြတ်နှင့်ပတ်သက်၍ သံသယရှိနေသလော။ အရှင်မြတ်သည် မိုးကောင်းကင်များနှင့် မြေပထဝီကို ဖန်ဆင်းတော်မူသောအရှင် ဖြစ်တော်မူသည်။ အရှင်မြတ်သည် အသင်တို့၏အပြစ်များထဲမှ အသင်တို့ကို လွတ်ငြိမ်းချမ်းသာခွင့် ပေးတော်မူရန်နှင့် သတ်မှတ်ထားသောအချိန်ကာလအထိ စောင့်ဆိုင်းပေးတော်မူရန်အတွက် အသင်တို့အား ဖိတ်ခေါ်တော်မူသည်။ သူတို့က ပြောဆိုကြသည်- အသင်တို့သည် ကျွန်ုပ်တို့ကဲ့သို့ လူသားများပင်ဖြစ်ကြသည်။ အသင်တို့သည် ကျွန်ုပ်တို့အား ကျွန်ုပ်တို့၏အဘ၊ ဘိုး၊ ဘေးများ ကိုးကွယ်နေခဲ့သည်များမှ တားဆီးရန် ကြံရွယ်ကြသည်။ သို့ဖြစ်ရာ အသင်တို့သည် ကျွန်ုပ်တို့ထံသို့ ထင်ရှားသော တန်ခိုးတော်ကို ယူဆောင်လာခဲ့ကြပါ။ قَالَتۡ لَهُمۡ رُسُلُهُمۡ إِن نَّحۡنُ إِلَّا بَشَرٌ مِّثۡلُكُمۡ وَلَٰكِنَّ ٱللَّهَ يَمُنُّ عَلَىٰ مَن يَشَآءُ مِنۡ عِبَادِهِۦۖ وَمَا كَانَ لَنَآ أَن نَّأۡتِيَكُم بِسُلۡطَٰنٍ إِلَّا بِإِذۡنِ ٱللَّهِۚ وَعَلَى ٱللَّهِ فَلۡيَتَوَكَّلِ ٱلۡمُؤۡمِنُونَ ١١သူတို့ကို သူတို့၏တမန်တော်များက ပြောဆိုခဲ့ကြသည်- ငါတို့သည် အသင်တို့ကဲ့သို့ ူလူသားများသာ ဖြစ်ကြသည်။ သို့ရာတွင် အလ္လာဟ်အရှင်မြတ်သည် အရှင်မြတ်၏ကျွန်များထဲမှ အရှင်မြတ်အလိုရှိတော်မူသောသူအပေါ် ကျေးဇူးပြုတော်မူလေ့ရှိသည်။ ထို့ပြင် ငါတို့အတွက် အလ္လာဟ်အရှင်မြတ်၏ခွင့်ပြုချက်မရှိဘဲ အသင်တို့ထံသို့ တန်ခိုးတော် တစ်စုံတစ်ခု ယူဆောင်မလာနိုင်ကြပေ။ ၎င်းနောက် အီမာန်ယုံကြည်သူများသည် အလ္လာဟ်အရှင်မြတ်အပေါ်၌သာ ယုံပုံလွှဲအပ်ကြရမည်ဖြစ်သည်။ وَمَا لَنَآ أَلَّا نَتَوَكَّلَ عَلَى ٱللَّهِ وَقَدۡ هَدَىٰنَا سُبُلَنَاۚ وَلَنَصۡبِرَنَّ عَلَىٰ مَآ ءَاذَيۡتُمُونَاۚ وَعَلَى ٱللَّهِ فَلۡيَتَوَكَّلِ ٱلۡمُتَوَكِّلُونَ ١٢ထို့ပြင် အရှင်မြတ်သည် ငါတို့အား ငါတို့၏(မှန်ကန်သော)လမ်းများကို အမှန်ပင် ညွှန်ကြားပြသတော်မူခဲ့ပါလျက် ငါတို့သည် အလ္လာဟ်အရှင်မြတ်အပေါ်၌ ယုံပုံလွှဲအပ်ခြင်းမပြုရန် ငါတို့တွင် မည်သည့်အကြောင်းရှိသနည်း။ ထို့ပြင် အသင်တို့က ငါတို့အား ဒုက္ခပေးခဲ့သည်များနှင့်ပတ်သက်၍ ငါတို့သည် အမှန်ပင် သည်းခံကြရတော့မည် ဖြစ်သည်။ ၎င်းနောက် သို့ဖြစ်ရာ ယုံပုံလွှဲအပ်သူများသည် အလ္လာဟ်အရှင်မြတ်အပေါ်၌သာ ယုံပုံလွှဲအပ်ကြရမည်ဖြစ်သည်။ وَقَالَ ٱلَّذِينَ كَفَرُواْ لِرُسُلِهِمۡ لَنُخۡرِجَنَّكُم مِّنۡ أَرۡضِنَآ أَوۡ لَتَعُودُنَّ فِي مِلَّتِنَاۖ فَأَوۡحَىٰٓ إِلَيۡهِمۡ رَبُّهُمۡ لَنُهۡلِكَنَّ ٱلظَّٰلِمِينَ ١٣ထို့ပြင် ကာဖိရ်များက သူတို့၏တမန်တော်များအား ပြောဆိုကြသည်- ကျွန်ုပ်တို့သည် အသင်တို့အား ကျွန်ုပ်တို့၏ မြို့ရွာဒေသမှ အမှန်စင်စစ် နှင်ထုတ်ကြမည်၊ သို့မဟုတ် အသင်တို့သည် ကျွန်ုပ်တို့၏သာသနာထဲသို့ အမှန်ပင် ပြန်ဝင်ကြရလိမ့်မည်။* သို့ဖြစ်ရာ သူတို့အား ဖန်ဆင်းမွေးမြူတော်မူသောအရှင်မြတ်က သူတို့ထံသို့ အမိန့်တော် ထုတ်ပြန်တော်မူခဲ့သည်- အမှန်စင်စစ် မတရားသူများအား ငါအရှင်မြတ်သည် ဖျက်ဆီးပစ်တော်မူမည်။ وَلَنُسۡكِنَنَّكُمُ ٱلۡأَرۡضَ مِنۢ بَعۡدِهِمۡۚ ذَٰلِكَ لِمَنۡ خَافَ مَقَامِي وَخَافَ وَعِيدِ ١٤ထို့ပြင် အမှန်ပင် ငါအရှင်မြတ်သည် သူတို့မရှိကြသည့်နောက်တွင် အသင်တို့အား မြို့ရွာနယ်မြေ၌ နေရာချပေးတော်မူမည်။ ဤသည် (တရားစီရင်မည့်နေ့တွင်)ငါအရှင်မြတ်၏ရှေ့၌ မတ်တတ်ရပ်ရမည်ကို စိုးရိမ်ရသောသူအတွက်နှင့် ငါအရှင်ချိန်းဆိုထားသော အပြစ်ဒဏ်ကို ကြောက်ရွံ့သူအတွက်ဖြစ်သည်။ وَٱسۡتَفۡتَحُواْ وَخَابَ كُلُّ جَبَّارٍ عَنِيدٍ ١٥ထို့ပြင် ၎င်း(တမန်တော်)များက အကူအညီတောင်းခဲ့ကြသည်၊ (သို့မဟုတ်)ထို (ကာဖိရ်)များက အဆုံးအဖြတ်တောင်းခဲ့ကြသည်။* ထို့နောက် ခေါင်းမာသော မောက်မာသူတိုင်းသည် ရည်ရွယ်ချက် (မအောင်မြင်ဘဲ)ပျက်စီးသွားခဲ့သည်။ مِّن وَرَآئِهِۦ جَهَنَّمُ وَيُسۡقَىٰ مِن مَّآءٍ صَدِيدٍ ١٦ထို(မောက်မာ)သူတိုင်း၏နောက်၌ ဂျဟန္နမ်ငရဲဘုံရှိနေသည်။ ထို့ပြင် သူသည် ပြည်ပုပ်ရည်တိုက်ကျွေးခြင်းကို ခံရမည်။ يَتَجَرَّعُهُۥ وَلَا يَكَادُ يُسِيغُهُۥ وَيَأۡتِيهِ ٱلۡمَوۡتُ مِن كُلِّ مَكَانٍ وَمَا هُوَ بِمَيِّتٍۖ وَمِن وَرَآئِهِۦ عَذَابٌ غَلِيظٌ ١٧သူသည် ထိုအရာ(ပြည်ပုပ်ရည်)ကို တစ်ကျိုက်စီ မျိုချလိမ့်မည်၊ သို့ရာတွင် သူသည် ထိုပြည်ပုပ်ရည်ကို လည်ချောင်းအောက် (တစ်ဆို့လျက်)ခဲယဉ်းစွာ မျိုချရလိမ့်မည်။ ၎င်းနောက် သူသည် သေဆုံးသူမဖြစ်ဘဲလျက် သေခြင်းသည် သူ့ထံသို့ အဘက်ဘက်မှ ရောက်လာ(နေ)လိမ့်မည်။ ထို့ပြင် ဤ(ပြည်ပုပ်ရည် သောက်ရသောအပြစ်ဒဏ်)၏နောက်၌ ပြင်းထန်သော ပြစ်ဒဏ်တစ်မျိုးလည်း ရှိဦးမည်။ مَّثَلُ ٱلَّذِينَ كَفَرُواْ بِرَبِّهِمۡۖ أَعۡمَٰلُهُمۡ كَرَمَادٍ ٱشۡتَدَّتۡ بِهِ ٱلرِّيحُ فِي يَوۡمٍ عَاصِفٍۖ لَّا يَقۡدِرُونَ مِمَّا كَسَبُواْ عَلَىٰ شَيۡءٍۚ ذَٰلِكَ هُوَ ٱلضَّلَٰلُ ٱلۡبَعِيدُ ١٨သူတို့အား ဖန်ဆင်းမွေးမြူတော်မူသောအရှင်မြတ်ကို ငြင်းပယ်ခဲ့ကြသောသူတို့၏လုပ်ရပ်များ၏ပမာသည် အကြင်ပြာနှင့်တူသည်။* ထိုပြာအား လေမုန်တိုင်းကျသောနေ့တွင် လေက ပြင်းထန်စွာ တိုက်ခတ်ခဲ့သည်။ သူတို့သည် သူတို့ရှာဖွေ စုဆောင်းခဲ့ကြသော အရာများထဲမှ မည်သည့်အရာမျှ မတတ်စွမ်းနိုင်ကြပေ။ ထိုအရာသည် အလွန်ဝေးလံသော လမ်းလွဲမှုပင်ဖြစ်သည်။ أَلَمۡ تَرَ أَنَّ ٱللَّهَ خَلَقَ ٱلسَّمَٰوَٰتِ وَٱلۡأَرۡضَ بِٱلۡحَقِّۚ إِن يَشَأۡ يُذۡهِبۡكُمۡ وَيَأۡتِ بِخَلۡقٍ جَدِيدٍ ١٩အမှန်စင်စစ် အလ္လာဟ်အရှင်မြတ်သည် မိုးကောင်းကင်များနှင့် မြေပထဝီကို မှန်ကန်စွာ ဖန်ဆင်တော်မူခဲ့သည်ကို အသင် မမြင်သလော။ အကယ်၍ အရှင်မြတ်အလိုရှိတော်မူလျှင် အရှင်မြတ်အနေနှင့် အသင်တို့ကို ဖယ်ရှားပြီး အဖန်ဆင်းခံအသစ် ယူဆောင်လာတော်မူမည်ဖြစ်သည်။ وَمَا ذَٰلِكَ عَلَى ٱللَّهِ بِعَزِيزٍ ٢٠ထို့ပြင် ဤသည် အလ္လာဟ်အရှင်မြတ်အပေါ်၌ ခဲယဉ်းသည့်ကိစ္စ မဟုတ်ပေ။ وَبَرَزُواْ لِلَّهِ جَمِيعًا فَقَالَ ٱلضُّعَفَٰٓؤُاْ لِلَّذِينَ ٱسۡتَكۡبَرُوٓاْ إِنَّا كُنَّا لَكُمۡ تَبَعًا فَهَلۡ أَنتُم مُّغۡنُونَ عَنَّا مِنۡ عَذَابِ ٱللَّهِ مِن شَيۡءٍۚ قَالُواْ لَوۡ هَدَىٰنَا ٱللَّهُ لَهَدَيۡنَٰكُمۡۖ سَوَآءٌ عَلَيۡنَآ أَجَزِعۡنَآ أَمۡ صَبَرۡنَا مَا لَنَا مِن مَّحِيصٍ ٢١ထို့ပြင် သူတို့အားလုံးသည် အလ္လာဟ်အရှင်မြတ်၏ရှေ့၌ ထင်ရှားရောက်ရှိလာမည်ဖြစ်သည်။ ထို့နောက် ချည့်နဲ့သောသူ(နောက်လိုက်)များက မာနထောင်ကြသောသူ (ရှေ့ဆောင်အကြီးအကဲ)များကို ပြောဆိုကြမည်- အမှန်စင်စစ် ကျွန်ုပ်တို့သည် အသင်တို့၏နောက်လိုက်များပင် ဖြစ်ခဲ့ကြသည့်အတွက် (ယနေ့) အသင်တို့သည် အလ္လာဟ်အရှင်မြတ်၏ အပြစ်ဒဏ်ထဲမှ အနည်းငယ် ကျွန်ုပ်တို့ထံမှ ဖယ်ရှားပေးနိုင်ကြပါသလော*ဟု ပြောဆိုကြမည်။ သူတို့က ပြောဆိုကြမည်- အကယ်၍ အလ္လာဟ်အရှင်မြတ်သည် ကျွန်ုပ်တို့အား လမ်းမှန်ညွှန်ကြားပြသတော်မူခဲ့ပါလျှင် ကျွန်ုပ်တို့သည်လည်း အသင်တို့အား အမှန်ပင် လမ်းမှန်ညွှန်ကြားပြသကြမည် ဖြစ်သည်။ (ယခုမူ) အသင်တို့နှင့် ကျွန်ုပ်တို့သည် ငိုကြွေးသည်ဖြစ်စေ၊ သည်းခံသည်ဖြစ်စေ ကျွန်ုပ်တို့အတွက် အကြောင်းမထူးတော့ပေ။ ကျွန်ုပ်တို့အတွက် ထွက်ပြေးလွတ်မြောက်ရန် မည်သည့်နေရာမှ မရှိတော့ပေ။ وَقَالَ ٱلشَّيۡطَٰنُ لَمَّا قُضِيَ ٱلۡأَمۡرُ إِنَّ ٱللَّهَ وَعَدَكُمۡ وَعۡدَ ٱلۡحَقِّ وَوَعَدتُّكُمۡ فَأَخۡلَفۡتُكُمۡۖ وَمَا كَانَ لِيَ عَلَيۡكُم مِّن سُلۡطَٰنٍ إِلَّآ أَن دَعَوۡتُكُمۡ فَٱسۡتَجَبۡتُمۡ لِيۖ فَلَا تَلُومُونِي وَلُومُوٓاْ أَنفُسَكُمۖ مَّآ أَنَا۠ بِمُصۡرِخِكُمۡ وَمَآ أَنتُم بِمُصۡرِخِيَّ إِنِّي كَفَرۡتُ بِمَآ أَشۡرَكۡتُمُونِ مِن قَبۡلُۗ إِنَّ ٱلظَّٰلِمِينَ لَهُمۡ عَذَابٌ أَلِيمٌ ٢٢ထို့ပြင် (အားလုံး)စီရင်ဆုုံးဖြတ်ပြီးသောအခါ ရှိုင်သွာန်က ပြောဆိုမည်- အမှန်ပင် အလ္လာဟ်အရှင်မြတ်သည် အသင်တို့အား မှန်ကန်သောကတိကို ပေးတော်မူခဲ့သည်။ ၎င်းနောက် ကျွန်ုပ်သည်လည်း အသင်တို့အား ကတိပေးခဲ့သည်ပင်။ ထို့နောက် ကျွန်ုပ်ကမူ အသင်တို့အား ကတိဖောက်ဖျက်ခဲ့သည်။ ထို့ပြင် (အမှန်စင်စစ်) ကျွန်ုပ်သည် အသင်တို့အပေါ် မည်သည့်အရာမျှ လွှမ်းမိုးနိုင်ခြင်းမရှိခဲ့ပေ၊ သို့ရာတွင် ကျွန်ုပ်သည် အသင်တို့အား ဖိတ်ခေါ်ရုံသာ ဖိတ်ခေါ်ခဲ့သည်၊ ထို့နောက် အသင်တို့က ကျွန်ုပ်အား လက်ခံခဲ့ကြသည်။ သို့ဖြစ်ရာ အသင်တို့သည် ကျွန်ုပ်အား အပြစ်မတင်ကြနှင့်၊ အသင်တို့သည် အသင်တို့ကိုယ် အသင်တို့သာ အပြစ်တင်ကြပါ။ ကျွန်ုပ်လည်း အသင်တို့အား ကယ်မည့်သူ မဟုတ်ပေ။ အသင်တို့လည်း ကျွန်ုပ်အား ကယ်မည့်သူများ မဟုတ်ကြပေ။ အသင်တို့သည် ယခင်က ကျွန်ုပ်အား (အလ္လာဟ်အရှင်မြတ်နှင့်) တွဲဖက်ကိုးကွယ်ခဲ့ကြသည်ကို ကျွန်ုပ် အမှန်ပင် ငြင်းပယ်သည်။ အမှန်စင်စစ် မတရားကျူးလွန်သူများအတွက် နာကျင်စေသောပြစ်ဒဏ်ရှိသည်။ وَأُدۡخِلَ ٱلَّذِينَ ءَامَنُواْ وَعَمِلُواْ ٱلصَّٰلِحَٰتِ جَنَّٰتٍ تَجۡرِي مِن تَحۡتِهَا ٱلۡأَنۡهَٰرُ خَٰلِدِينَ فِيهَا بِإِذۡنِ رَبِّهِمۡۖ تَحِيَّتُهُمۡ فِيهَا سَلَٰمٌ ٢٣ထို့ပြင် အီမာန်ယုံကြည်ပြီး ကောင်မြတ်သောလုပ်ရပ်များကို ပြုလုပ်ခဲ့ကြသောသူများသည် ဥယျာဉ်များထဲသို့ ဝင်ရောက်စေခြင်းခံကြရမည်။ ထိုဥယျာဉ်များ၏အောက်၌ စမ်းရေချောင်းများ စီးဆင်းနေလိမ့်မည်။ သူတို့သည် သူတို့အား ဖန်ဆင်းမွေးမြူတော်မူသောအရှင်မြတ်၏ အမိန့်တော်နှင့် ထိုဥယျာဉ်များထဲတွင် အမြဲနေရမည့်သူများဖြစ်ကြမည်။ ထိုဥယျာဉ်များတွင် သူတို့၏နှုတ်ခွန်းဆက်သမှုသည် “စလာမ် ငြိမ်းချမ်းသာယာမှု သက်ရောက်ပါစေ“ဟု ဖြစ်လိမ့်မည်။ أَلَمۡ تَرَ كَيۡفَ ضَرَبَ ٱللَّهُ مَثَلًا كَلِمَةً طَيِّبَةً كَشَجَرَةٍ طَيِّبَةٍ أَصۡلُهَا ثَابِتٌ وَفَرۡعُهَا فِي ٱلسَّمَآءِ ٢٤အလ္လာဟ်အရှင်မြတ်သည် စင်ကြယ်သန့်ရှင်းသောစကား*ကို မည်သို့ ပမာခိုင်းတော်မူသည်ကို အသင်မသိသလော။ (ထိုစကားသည်) အကြင်သန့်စင်သော သစ်ပင်နှင့်တူသည်။ ထိုသစ်ပင်၏အမြစ်သည် မြဲမြံခိုင်ခံ့ပြီး သူ၏အကိုင်းအလက်သည် ကောင်းကင်၌ရှိနေသည်။ تُؤۡتِيٓ أُكُلَهَا كُلَّ حِينِۭ بِإِذۡنِ رَبِّهَاۗ وَيَضۡرِبُ ٱللَّهُ ٱلۡأَمۡثَالَ لِلنَّاسِ لَعَلَّهُمۡ يَتَذَكَّرُونَ ٢٥ထိုသစ်ပင်သည် သူ့အား ပြုစုပျိုးထောင်တော်မူသောအရှင်မြတ်၏အမိန့်တော်နှင့် သူ၏အသီးများကို (ရာသီဥတုမရွေး)အချိန်တိုင်း အမြဲပေးလျက်ရှိသည်။ ထို့ပြင် အလ္လာဟ်အရှင်မြတ်သည် လူများအတွက် သူတို့ သတိတရားရကြရန် ပမာခိုင်းနှိုင်းပြသတော်မူသည်။ وَمَثَلُ كَلِمَةٍ خَبِيثَةٍ كَشَجَرَةٍ خَبِيثَةٍ ٱجۡتُثَّتۡ مِن فَوۡقِ ٱلۡأَرۡضِ مَا لَهَا مِن قَرَارٍ ٢٦၎င်းနောက် ညစ်ညမ်းသောစကား၏ပမာကမူ အကြင်ညစ်ညမ်းသော သစ်ပင်တစ်ပင်ကဲ့သို့ ဖြစ်သည်။ ထိုသစ်ပင်သည် မြေ၏အပေါ်ယံမှပင် နှုတ်ပစ်ခြင်းခံရသည်။ သူ့တွင် မြဲမြံခိုင်ခံ့မှု လုံးဝမရှိပေ။ يُثَبِّتُ ٱللَّهُ ٱلَّذِينَ ءَامَنُواْ بِٱلۡقَوۡلِ ٱلثَّابِتِ فِي ٱلۡحَيَوٰةِ ٱلدُّنۡيَا وَفِي ٱلۡأٓخِرَةِۖ وَيُضِلُّ ٱللَّهُ ٱلظَّٰلِمِينَۚ وَيَفۡعَلُ ٱللَّهُ مَا يَشَآءُ ٢٧အလ္လာဟ်အရှင်မြတ်သည် အီမာန်ယုံကြည်သူများအား တည်တံ့ခိုင်မြဲသောစကား(ကလိမဟ် ရှဟာဒသ်)နှင့် ဤဘဝတွင်သာမက နောင်ဘဝတွင်ပါ တည်မြဲစေတော်မူသည်။* ၎င်းနောက် မတရားသောသူများကိုမူ အလ္လာဟ်အရှင်မြတ်သည် လမ်းလွဲစေတော်မူသည်။ ထို့ပြင် အရှင်မြတ်သည် အရှင်မြတ်အလိုရှိတော်မူသည်ကို ပြုလုပ်တော်မူသည်။ ۞ أَلَمۡ تَرَ إِلَى ٱلَّذِينَ بَدَّلُواْ نِعۡمَتَ ٱللَّهِ كُفۡرًا وَأَحَلُّواْ قَوۡمَهُمۡ دَارَ ٱلۡبَوَارِ ٢٨အသင်သည် အကြင်သူများအား မမြင်ခဲ့လေသလော။ ထိုသူများသည် အလ္လာဟ်အရှင်မြတ်၏ကျေးဇူးတော်ကို ငြင်းပယ်မှုနှင့် လဲလှယ်ခဲ့သည်။ ထို့ပြင် သူတို့သည် သူတို့၏အမျိုးသားများအား ပျက်စီးရာဌာနတွင် ကျရောက်စေခဲ့သည်။ جَهَنَّمَ يَصۡلَوۡنَهَاۖ وَبِئۡسَ ٱلۡقَرَارُ ٢٩ဂျဟန္နမ်ငရဲဘုံ(ထဲသို့ ကျရောက်စေခဲ့ခြင်းဖြစ်သည်)၊ ၎င်းထဲသို့ သူတို့ဝင်ကြရမည်။ ၎င်းနောက် ထိုအရာသည် အဘယ်မျှ ဆိုးဝါးလှသော ရပ်တည်ရာဖြစ်လိုက်သနည်း။ وَجَعَلُواْ لِلَّهِ أَندَادًا لِّيُضِلُّواْ عَن سَبِيلِهِۦۗ قُلۡ تَمَتَّعُواْ فَإِنَّ مَصِيرَكُمۡ إِلَى ٱلنَّارِ ٣٠ထို့ပြင် သူတို့သည် (သူတို့ကိုယ်ကိုသာမက လူများကိုပါ)အရှင်မြတ်၏ လမ်းမှလွဲစေကြရန် အလ္လာဟ်အရှင်မြတ်နှင့် တွဲဖက်ပြီး ဂုဏ်ရည်တူများပြုလုပ်ခဲ့ကြသည်။* (အို- တမန်တော်)အသင် ပြောလိုက်ပါ- အသင်တို့သည် အကျိုးခံစားကြပါ၊ အဘယ့်ကြောင့်ဆိုသော် အမှန်စင်စစ် အသင်တို့၏ ပြန်လည်ရာစခန်းသည် ငရဲမီးပင်ဖြစ်သည်။ قُل لِّعِبَادِيَ ٱلَّذِينَ ءَامَنُواْ يُقِيمُواْ ٱلصَّلَوٰةَ وَيُنفِقُواْ مِمَّا رَزَقۡنَٰهُمۡ سِرًّا وَعَلَانِيَةً مِّن قَبۡلِ أَن يَأۡتِيَ يَوۡمٌ لَّا بَيۡعٌ فِيهِ وَلَا خِلَٰلٌ ٣١(အို- တမန်တော်)အသင်သည် အီမာန်ယုံကြည်ကြသော ငါအရှင်မြတ်၏ကျွန်များကို ပြောလိုက်ပါ၊ သူတို့သည် စွလာသ်ဝတ်ပြုမှုကို ဆောက်တည်ကြရမည်၊ ၎င်းနောက် ရောင်းဝယ်ဖောက်ကားမှုလည်းရှိမည် မဟုတ်၊ မိတ်ဆွေဖြစ်မှုလည်းရှိမည် မဟုတ်သောနေ့ မဆိုက်ရောက်မီ ငါအရှင်မြတ်က သူတို့အား ပေးသနားတော်မူခဲ့သော ပစ္စည်းဥစ္စာများထဲမှ လျှို့ဝှက်စွာနှင့် ထင်ရှားစွာ ပေးကမ်းစွန့်ကြဲကြရမည်(ဟု ပြောလိုက်ပါ)။ ٱللَّهُ ٱلَّذِي خَلَقَ ٱلسَّمَٰوَٰتِ وَٱلۡأَرۡضَ وَأَنزَلَ مِنَ ٱلسَّمَآءِ مَآءً فَأَخۡرَجَ بِهِۦ مِنَ ٱلثَّمَرَٰتِ رِزۡقًا لَّكُمۡۖ وَسَخَّرَ لَكُمُ ٱلۡفُلۡكَ لِتَجۡرِيَ فِي ٱلۡبَحۡرِ بِأَمۡرِهِۦۖ وَسَخَّرَ لَكُمُ ٱلۡأَنۡهَٰرَ ٣٢အလ္လာဟ်အရှင်မြတ်သည် အကြင်အရှင်မြတ်ပင်ဖြစ်သည်၊ ထိုအရှင်မြတ်သည် မိုးကောင်းကင်များနှင့် ပထဝီမြေကို ဖန်ဆင်းတော်မူခဲ့သည်။ ထို့ပြင် အရှင်မြတ်သည် မိုးကောင်းကင်မှ မိုးရေကို ချပေးတော်မူခဲ့သည်။ ၎င်းနောက် အရှင်မြတ်သည် ထိုရေနှင့် အသင်တို့အတွက် သစ်သီးဝလံများကို ရိက္ခာအဖြစ် ထွက်စေတော်မူခဲ့သည်။ ထို့ပြင် အရှင်မြတ်၏အမိန့်တော်ဖြင့် ရွက်သဘေင်္ာများသည် ပင်လယ်ထဲ၌ သွားလာရန်အတွက် အရှင်မြတ်သည် ထို(ရွက်သဘေင်္ာ)များအား အသင်တို့၏ညွှန်ကြားချက်ကို လိုက်နာအောင်လုပ်ပေးတော်မူခဲ့သည်။ ထို့ပြင် အရှင်မြတ်သည် အသင်တို့အကျိုးအတွက် မြစ်ချောင်းများကိုလည်း နာခံစေတော်မူခဲ့သည်။ وَسَخَّرَ لَكُمُ ٱلشَّمۡسَ وَٱلۡقَمَرَ دَآئِبَيۡنِۖ وَسَخَّرَ لَكُمُ ٱلَّيۡلَ وَٱلنَّهَارَ ٣٣ထို့ပြင် အရှင်မြတ်သည် နေနှင့်လကို အမြဲသွားလာစေပြီး အသင်တို့အကျိုးအတွက် လိုက်နာစေတော်မူခဲ့သည်။ ၎င်းနောက် အရှင်မြတ်သည် ညနှင့်နေ့ကို အသင်တို့အကျိုးအတွက် အမိန့်နာခံစေတော်မူခဲ့သည်။ وَءَاتَىٰكُم مِّن كُلِّ مَا سَأَلۡتُمُوهُۚ وَإِن تَعُدُّواْ نِعۡمَتَ ٱللَّهِ لَا تُحۡصُوهَآۗ إِنَّ ٱلۡإِنسَٰنَ لَظَلُومٌ كَفَّارٌ ٣٤ထို့ပြင် အရှင်မြတ်သည် အရှင်မြတ်ထံတော်၌ အသင်တို့ တောင်းခံခဲ့သောအရာများအားလုံးထဲမှ အသင်တို့အား ပေးသနားတော်မူခဲ့သည်။ ထို့ပြင် အကယ်၍ အသင်တို့သည် အလ္လာဟ်အရှင်မြတ်၏ကျေးဇူးတော်များကို ရေတွက်မည်ဆိုလျှင် အသင်တို့သည် ထိုကျေးဇူးတော်များကို ရေတွက်နိုင်ကြမည် မဟုတ်ပေ။ အမှန်စင်စစ် လူသားသည် အမှန်ပင် အလွန်မတရားသူ၊ အလွန်ကျေးဇူးကန်းသူပင် ဖြစ်သည်။ وَإِذۡ قَالَ إِبۡرَٰهِيمُ رَبِّ ٱجۡعَلۡ هَٰذَا ٱلۡبَلَدَ ءَامِنًا وَٱجۡنُبۡنِي وَبَنِيَّ أَن نَّعۡبُدَ ٱلۡأَصۡنَامَ ٣٥ထို့ပြင် တစ်ခါက(တမန်တော်)အိဗ်ရာဟီမ်သည် ပြောဆိုလျှောက်ထားခဲ့သည်- အို- ကျွန်ုပ်အား ဖန်ဆင်းမွေးမြူတော်မူသောအရှင်၊ အရှင်မြတ်သည် ဤမြို့အား ငြိမ်းချမ်းသာယာသောမြို့အဖြစ် ပြုလုပ်ပေးသနားတော်မူပါ။* ၎င်းနောက် အရှင်မြတ်သည် ကျွန်ုပ်နှင့် ကျွန်ုပ်၏သား(မြေး)များကို ကျွန်ုပ်တို့သည် ရုပ်တုများအား မကိုးကွယ်မိကြရန် ဝေးစွာဖယ်ရှားထားပေးတော်မူပါ။ رَبِّ إِنَّهُنَّ أَضۡلَلۡنَ كَثِيرًا مِّنَ ٱلنَّاسِۖ فَمَن تَبِعَنِي فَإِنَّهُۥ مِنِّيۖ وَمَنۡ عَصَانِي فَإِنَّكَ غَفُورٌ رَّحِيمٌ ٣٦အို- ကျွန်ုပ်အား ဖန်ဆင်းမွေးမြူတော်မူသောအရှင်၊ အမှန်စင်စစ် ထိုရုပ်တုများသည် လူများအား လမ်းလွဲစေခဲ့ကြပါသည်။* သို့ဖြစ်ရာ မည်သူမဆို ကျွန်ုပ်၏နောက်သို့လိုက်ပြီး(စကားကို နာခံခဲ့လျှင်) အမှန်စင်စစ် ထိုသူသည် ကျွန်ုပ်၏အုပ်စုထဲမှပင် ဖြစ်ပါသည်။ ၎င်းနောက် မည်သူမဆို ကျွန်ုပ်၏စကားကို ဖီဆန်ခဲ့လျှင် အမှန်စင်စစ် အရှင်မြတ်သည် အလွန်ချမ်းသာခွင့် ပေးတော်မူသောအရှင်၊ အလွန်သနားကြင်နာတော်မူသောအရှင် ဖြစ်တော်မူပါသည်။ رَّبَّنَآ إِنِّيٓ أَسۡكَنتُ مِن ذُرِّيَّتِي بِوَادٍ غَيۡرِ ذِي زَرۡعٍ عِندَ بَيۡتِكَ ٱلۡمُحَرَّمِ رَبَّنَا لِيُقِيمُواْ ٱلصَّلَوٰةَ فَٱجۡعَلۡ أَفۡـِٔدَةً مِّنَ ٱلنَّاسِ تَهۡوِيٓ إِلَيۡهِمۡ وَٱرۡزُقۡهُم مِّنَ ٱلثَّمَرَٰتِ لَعَلَّهُمۡ يَشۡكُرُونَ ٣٧အို- ကျွန်ုပ်အား ဖန်ဆင်းမွေးမြူတော်မူသောအရှင်၊ အမှန်စင်စစ် ကျွန်ုပ်သည် ကျွန်ုပ်၏သားသမီးအချို့အား* အရှင်မြတ်၏မြင့်မြတ်သောအိမ်တော်အနီးတွင် လယ်ယာကိုင်းကျွန်းမရှိသော တောင်ကြားဒေသတစ်ခု၌ နေရာချထားခဲ့ပါသည်။ အို- ကျွန်ုပ်အား ဖန်ဆင်းမွေးမြူတော်မူသောအရှင်၊ သူတို့သည် စွလာသ်ဝတ်ပြုမှုကို ဆောက်တည်ကြရန်အတွက် (နေရာချပေးထားခဲ့ခြင်းဖြစ်ပါသည်)။ သို့ဖြစ်ရာ အရှင်မြတ်သည် လူများ၏စိတ်နှလုံးများကို သူတို့ဘက်သို့ ယိမ်းညွတ်စေရန်ပြုလုပ်ပေးတော်မူပါ။ ထို့ပြင် သူတို့သည် ကျေးဇူးတော်ကို သိကြရန်အတွက် အရှင်မြတ်သည် သူတို့အား သစ်သီးဝလံများကို စားနပ်ရိက္ခာအဖြစ်ပေးသနားတော်မူပါ။ رَبَّنَآ إِنَّكَ تَعۡلَمُ مَا نُخۡفِي وَمَا نُعۡلِنُۗ وَمَا يَخۡفَىٰ عَلَى ٱللَّهِ مِن شَيۡءٍ فِي ٱلۡأَرۡضِ وَلَا فِي ٱلسَّمَآءِ ٣٨အို- ကျွန်ုပ်အား ဖန်ဆင်းမွေးမြူတော်မူသောအရှင်၊ အမှန်စင်စစ် အရှင်မြတ်သည် ကျွန်ုပ်တို့ လျှို့ဝှက်ကြသောအရာနှင့် ထင်ပေါ်စေကြသောအရာကို သိရှိတော်မူပါသည်။ ထို့ပြင် မြေပထဝီနှင့် မိုးကောင်းကင်တွင် မည်သည့်တစ်စုံတစ်ရာမျှ အလ္လာဟ်အရှင်မြတ်အပေါ်တွင် ဖုံးကွယ်နေသည် မရှိပေ။ ٱلۡحَمۡدُ لِلَّهِ ٱلَّذِي وَهَبَ لِي عَلَى ٱلۡكِبَرِ إِسۡمَٰعِيلَ وَإِسۡحَٰقَۚ إِنَّ رَبِّي لَسَمِيعُ ٱلدُّعَآءِ ٣٩ချီးမွမ်းခြင်းဟူသမျှသည် အကြင် အလ္လာဟ်အရှင်မြတ်အတွက်ပင်ဖြစ်သည်။ ထိုအရှင်မြတ်သည် ကျွန်ုပ်အား အိုမင်းရင့်ရော်သောအရွယ်တွင် (တမန်တော်)အစ္စမာအီလ်နှင့် (တမန်တော်)အစ္စဟာက်ကို ပေးသနားတော်မူခဲ့သည်။ အမှန်စင်စစ် ကျွန်ုပ်အား ဖန်ဆင်းမွေးမြူတော်မူသောအရှင်မြတ်သည် တောင်းဆုကို မုချအကြွင်းမဲ့ ကြားတော်မူသောအရှင် ဖြစ်တော်မူသည်။ رَبِّ ٱجۡعَلۡنِي مُقِيمَ ٱلصَّلَوٰةِ وَمِن ذُرِّيَّتِيۚ رَبَّنَا وَتَقَبَّلۡ دُعَآءِ ٤٠အို- ကျွန်ုပ်တို့အား ဖန်ဆင်းမွေးမြူတော်မူသောအရှင်၊ အရှင်မြတ်သည် ကျွန်ုပ်ကို အမြဲ စွလာသ်ဝတ်ပြုသူအဖြစ် ပြုလုပ်တော်မူပါ။ ၎င်းနောက် ကျွန်ုပ်၏သားစဉ်မြေးဆက်များထဲမှလည်း (စွလာသ်ဝတ်ပြုသူများ ပြုလုပ်တော်မူပါ)။ အို- ကျွန်ုပ်တို့အား ဖန်ဆင်းမွေးမြူတော်မူသောအရှင်၊ အရှင်မြတ်သည် ကျွန်ုပ်၏တောင်းဆုကို လက်ခံသဘောတူတော်မူပါ။ رَبَّنَا ٱغۡفِرۡ لِي وَلِوَٰلِدَيَّ وَلِلۡمُؤۡمِنِينَ يَوۡمَ يَقُومُ ٱلۡحِسَابُ ٤١အို- ကျွန်ုပ်တို့အား ဖန်ဆင်းမွေးမြူတော်မူသောအရှင်၊ အရှင်မြတ်သည် စစ်ဆေးမှုဖြစ်ပေါ်မည့်နေ့တွင် ကျွန်ုပ်နှင့် ကျွန်ုပ်၏မိဘနှစ်ပါးသာမက အီမာန်ယုံကြည်သူများအားလည်း* လွတ်ငြိမ်းချမ်းသာခွင့် ပေးတော်မူပါ။ وَلَا تَحۡسَبَنَّ ٱللَّهَ غَٰفِلًا عَمَّا يَعۡمَلُ ٱلظَّٰلِمُونَۚ إِنَّمَا يُؤَخِّرُهُمۡ لِيَوۡمٍ تَشۡخَصُ فِيهِ ٱلۡأَبۡصَٰرُ ٤٢ထို့ပြင် အမှန်ပင် အသင်သည် အလ္လာဟ်အရှင်မြတ်အား မတရားသူများပြုလုပ်ကြသော လုပ်ရပ်များမှ မေ့လျော့နေသောအရှင်ဟု လုံးဝ မထင်မှတ်လေနှင့်။ အရှင်မြတ်သည် သူတို့အား အကြင်နေ့ထိ ဆိုင်းငံ့ပေးထားခြင်းသာဖြစ်သည်။* ထိုနေ့တွင် မျက်စိများသည် ပြူး(ကျယ်ပြီး လန့်ဖြန့်ငေးမော)နေကြလိမ့်မည်။ مُهۡطِعِينَ مُقۡنِعِي رُءُوسِهِمۡ لَا يَرۡتَدُّ إِلَيۡهِمۡ طَرۡفُهُمۡۖ وَأَفۡـِٔدَتُهُمۡ هَوَآءٌ ٤٣(ထိုနေ့တွင် သူတို့သည်) သူတို့၏ဦးခေါင်းမျာကို မော့ပြီး အမြန်ပြေးနေလိမ့်မည်။ သူတို့၏မျက်စိများသည် မျက်တောင်မခတ်ဘဲ (စူးစိုက်)ကြည့်နေကြလိမ့်မည်။ ထို့ပြင် သူတို့၏စိတ်နှလုံးများသည်လည်း လွင့်ပျံနေကြလိမ့်မည်။ (ကြောက်ရွံ့မှုကြောင့် နှလုံးသည်းခြေပျက်ပြားလျက် သတိလစ်နေကြလိမ့်မည်)။ وَأَنذِرِ ٱلنَّاسَ يَوۡمَ يَأۡتِيهِمُ ٱلۡعَذَابُ فَيَقُولُ ٱلَّذِينَ ظَلَمُواْ رَبَّنَآ أَخِّرۡنَآ إِلَىٰٓ أَجَلٍ قَرِيبٍ نُّجِبۡ دَعۡوَتَكَ وَنَتَّبِعِ ٱلرُّسُلَۗ أَوَلَمۡ تَكُونُوٓاْ أَقۡسَمۡتُم مِّن قَبۡلُ مَا لَكُم مِّن زَوَالٍ ٤٤ထို့ပြင် အသင်သည် လူများအား သူတို့ထံ ပြစ်ဒဏ်ရောက်လာမည့်နေ့နှင့်ပတ်သက်၍ သတိပေးနှိုးဆော်ပါ၊ (ထိုနေ့တွင်) မကောင်းမှုကျူးလွန်ခဲ့ကြသောသူများက “အို- ကျွန်ုပ်တို့အား ဖန်ဆင်းမွေးမြူတော်မူသောအရှင်၊ အရှင်မြတ်သည် ကျွန်ုပ်တို့အား အချိန်အနည်းငယ် ဆိုင်းငံ့ပေးတော်မူပါ။* ကျွန်ုပ်တို့သည် အရှင်မြတ်၏ဖိတ်ခေါ်မှုကို လက်ခံကြပါမည်။ ၎င်းနောက် ကျွန်ုပ်တို့သည် တမန်တော်များ၏အမိန့်ကိုလည်း လိုက်နာကြပါမည်“ဟု ပြောဆိုကြမည်။ (ထိုအခါ အရှင်မြတ်က အမိန့်ရှိတော်မူမည်း) အသင်တို့သည် ယခင်က အသင်တို့အပေါ်တွင် မည်သို့မှ ပျက်စီးယိုယွင်းမှုရှိမည်မဟုတ်ပေဟု ကျိန်ဆို(ပြော)ခဲ့ကြသည် မဟုတ်လော။ وَسَكَنتُمۡ فِي مَسَٰكِنِ ٱلَّذِينَ ظَلَمُوٓاْ أَنفُسَهُمۡ وَتَبَيَّنَ لَكُمۡ كَيۡفَ فَعَلۡنَا بِهِمۡ وَضَرَبۡنَا لَكُمُ ٱلۡأَمۡثَالَ ٤٥ထို့ပြင် အသင်တို့သည် သူတို့ကိုယ်သူတို့ နှိပ်စက်ခဲ့သောသူများ (တမန်တော်ဟူဒ်နှင့် တမန်တော်စွာလိဟ်၏မျိုးနွယ်များ)၏ နေရပ်များတွင်ပင် နေထိုင်ခဲ့ကြသည်။ ၎င်းနောက် ငါအရှင်မြတ်သည် သူတို့အား မည်သို့ ပြုလုပ်တော်မူခဲ့ကြောင်း အသင်တို့ရှေ့တွင် ထင်ရှားခဲ့ပြီးဖြစ်သည်။ ထို့ပြင် ငါအရှင်မြတ်သည် အသင်တို့အတွက် ပမာများလည်းခိုင်းပြတော်မူခဲ့ပေသည်။ (သို့ပါလျက် သံဝေဂတရား မရကြသလော)။ وَقَدۡ مَكَرُواْ مَكۡرَهُمۡ وَعِندَ ٱللَّهِ مَكۡرُهُمۡ وَإِن كَانَ مَكۡرُهُمۡ لِتَزُولَ مِنۡهُ ٱلۡجِبَالُ ٤٦ထို့ပြင် သူတို့သည် သူတို့၏လျှို့ဝှက်ကြံစည်မှုကို အမှန်ပင် ကြံစည်ခဲ့ကြသည်။ ထို့ပြင်(အမှန်စင်စစ်) သူတို့၏လျှို့ဝှက်ကြံစည်မှုသည် အလ္လာဟ်အရှင်မြတ်၏ရှေ့တော်၌ပင် ရှိခဲ့သည်။* ထို့ပြင် သူတို့၏ကြံစည်မှုသည် ထိုကြံစည်မှုကြောင့် တောင်များသည်ပင် ရွေ့သွားလူမတတ်ဖြစ်သည်။ فَلَا تَحۡسَبَنَّ ٱللَّهَ مُخۡلِفَ وَعۡدِهِۦ رُسُلَهُۥٓۚ إِنَّ ٱللَّهَ عَزِيزٌ ذُو ٱنتِقَامٍ ٤٧သို့ဖြစ်ရာ အသင်သည် အလ္လာဟ်အရှင်မြတ်အား အရှင်မြတ်၏တမန်တော်များနှင့် ချိန်းဆိုထားသော ကတိကို ဖောက်ဖျက်တော်မူမည့်အရှင်ဟု လုံးဝ မထင်လိုက်လေနှင့်။ အမှန်ပင် အလ္လာဟ်အရှင်မြတ်သည် တန်ခိုးတော်နှင့်အလွန်လွှမ်းမိုးတော်မူသောအရှင်၊ တန်ပြန်အရေးယူတော်မူသောအရှင် ဖြစ်တော်မူသည်။ يَوۡمَ تُبَدَّلُ ٱلۡأَرۡضُ غَيۡرَ ٱلۡأَرۡضِ وَٱلسَّمَٰوَٰتُۖ وَبَرَزُواْ لِلَّهِ ٱلۡوَٰحِدِ ٱلۡقَهَّارِ ٤٨(ဤအရာများသည် အကြင်နေ့တွင်ဖြစ်မည်)၊ ထိုနေ့တွင် (ဤ)မြေပထဝီသည် အခြားမြေပထဝီဖြင့် ပြောင်းလဲသွားမည်။ ၎င်းနောက် (ဤ)မိုးကောင်းကင်များသည်လည်း (အခြားမိုးကောင်းကင်များဖြင့် ပြောင်းလဲသွားလိမ့်မည်)။* ထို့ပြင် (လူသတ္တဝါအားလုံးသည်) တစ်ပါးတည်းအရှင်၊ အဖန်ဆင်းခံအားလုံးအပေါ်တွင် လွှမ်းမိုးထားတော်မူသော အလ္လာဟ်အရှင်မြတ်၏ ရှေ့တော်သို့ ထွက်ပေါ်လာခဲ့ကြလိမ့်မည်။ وَتَرَى ٱلۡمُجۡرِمِينَ يَوۡمَئِذٍ مُّقَرَّنِينَ فِي ٱلۡأَصۡفَادِ ٤٩၎င်းနောက် အသင်သည် ထိုနေ့တွင် အပြစ်ကျူးလွန်သူများကို သံကြိုးများနှင့် ပူးတွဲချုပ်နှောင်ထားသည်ကို တွေ့မြင်ရလိမ့်မည်။ سَرَابِيلُهُم مِّن قَطِرَانٍ وَتَغۡشَىٰ وُجُوهَهُمُ ٱلنَّارُ ٥٠သူတို့၏အဝတ်အစားများသည် ကတ္တရာစေးနှင့်ပြုလုပ်ထားသော အဝတ်အစားများဖြစ်မည်။ ၎င်းနောက် ငရဲမီးသည် သူတို့၏မျက်နှာများကို ဖုံးအုပ်နေမည်။ لِيَجۡزِيَ ٱللَّهُ كُلَّ نَفۡسٍ مَّا كَسَبَتۡۚ إِنَّ ٱللَّهَ سَرِيعُ ٱلۡحِسَابِ ٥١အလ္လာဟ်အရှင်မြတ်သည် လူတိုင်းအား သူတို့ရှာဖွေဆည်းပူးခဲ့ကြသည်များနှင့်ပတ်သက်၍ အစားပေးတော်မူရန် (ဤသို့ ပြုလုပ်ခြင်း)ဖြစ်သည်။ အမှန်စင်စစ် အလ္လာဟ်အရှင်မြတ်သည် အလွန်လျင်မြန်စွာ စစ်ဆေးတော်မူသောအရှင်မြတ်ပင် ဖြစ်တော်မူသည်။ هَٰذَا بَلَٰغٌ لِّلنَّاسِ وَلِيُنذَرُواْ بِهِۦ وَلِيَعۡلَمُوٓاْ أَنَّمَا هُوَ إِلَٰهٌ وَٰحِدٌ وَلِيَذَّكَّرَ أُوْلُواْ ٱلۡأَلۡبَٰبِ ٥٢ဤ(ကုရ်အာန်)သည် လူများအတွက် အကြောင်းကြားချက်ဖြစ်သည်၊ ထို့ပြင် သူတို့သည် ၎င်းအရာနှင့် သတိပေးနှိုးဆော်ခြင်းခံရရန်အတွက်လည်း ဖြစ်သည်၊ ထို့ပြင် အရှင်မြတ်သည် တစ်ပါးတည်းရှိသော ကိုးကွယ်ထိုက်သောအရှင် ဖြစ်တောမူကြောင်း သူတို့ သိရှိယုံကြည်ရန်အတွက်လည်း ဖြစ်သည်၊ ထို့ပြင် အသိဉာဏ်ရှိသောသူများ သတိတရားရရန်အတွက်လည်း ဖြစ်သည်။