بِسۡمِ ٱللَّهِ ٱلرَّحۡمَٰنِ ٱلرَّحِيمِ
سَبَّحَ لِلَّهِ مَا فِي ٱلسَّمَٰوَٰتِ وَمَا فِي ٱلۡأَرۡضِۖ وَهُوَ ٱلۡعَزِيزُ ٱلۡحَكِيمُ ١မိုးကောင်းကင်များတွင် ရှိသမျှနှင့် မြေပထဝီတွင်ရှိသမျှသည် အရှင်မြတ် သန့်ရှင်းစင်ကြယ်တော်မူကြောင်း ရွတ်ဆိုလျက်ရှိကြသည်။ ထို့ပြင် အရှင်မြတ်သည် တန်ခိုးတော် နှင့် အလွန်လွှမ်းမိုးတော်မူသောအရှင်၊ ပညာဉာဏ်အမြော်အမြင်နှင့် အလွန်ပြည့်စုံတော်မူသောအရှင်ဖြစ်တော်မူသည်။ يَٰٓأَيُّهَا ٱلَّذِينَ ءَامَنُواْ لِمَ تَقُولُونَ مَا لَا تَفۡعَلُونَ ٢အို-အီမာန် ယုံကြည်သူအပေါင်းတို့၊ အသင်တို့သည် အဘယ့်ကြောင့် အသင်တို့မပြုလုပ်ကြသည့်အရာကို ပြောဆိုကြသနည်း။ كَبُرَ مَقۡتًا عِندَ ٱللَّهِ أَن تَقُولُواْ مَا لَا تَفۡعَلُونَ ٣အလ္လာဟ်အရှင်မြတ်ထံတော်တွင် အသင်တို့ မပြုလုပ်သည့်အရာကို ပြောဆိုခြင်းသည် အလွန်မုန်းတီးစက်ဆုပ်ဖွယ်ရာဖြစ်သည်။ ###၁ إِنَّ ٱللَّهَ يُحِبُّ ٱلَّذِينَ يُقَٰتِلُونَ فِي سَبِيلِهِۦ صَفًّا كَأَنَّهُم بُنۡيَٰنٌ مَّرۡصُوصٌ ٤အမှန်စင်စစ်အလ္လာဟ်အရှင်မြတ်သည် အရှင်မြတ်၏လမ်းတော်တွင်စီတန်းပြီး အလွန်ခိုင်ခံ့သော အဆောက်အအုံကဲ့သို့ (ပင် စိတ်ဓာတ် တည်ကြည်ကြံ့ခိုင်မှုဖြင့်)တိုက်ခိုက် ကြသည့်သူများအား နှစ်သက်တော်မူသည်။ وَإِذۡ قَالَ مُوسَىٰ لِقَوۡمِهِۦ يَٰقَوۡمِ لِمَ تُؤۡذُونَنِي وَقَد تَّعۡلَمُونَ أَنِّي رَسُولُ ٱللَّهِ إِلَيۡكُمۡۖ فَلَمَّا زَاغُوٓاْ أَزَاغَ ٱللَّهُ قُلُوبَهُمۡۚ وَٱللَّهُ لَا يَهۡدِي ٱلۡقَوۡمَ ٱلۡفَٰسِقِينَ ٥ထို့ပြင် တစ်ခါက (တမန်တော်)မူစာသည် ၎င်း၏အမျို းသားများအား “အို-ငါ၏ အမျိုးသားတို့၊ ငါသည်အသင်တို့ထံသို့(စေလွှတ်ခံရသည့်)အလ္လာဟ်အရှင်မြတ်၏တမန်တော် အမှန်ဖြစ်ကြောင်း အမှန်ပင်အသင်တို့သိရှိပြီးဖြစ်ကြပါလျက်နှင့် အဘယ့်ကြောင့်အသင်တို့သည်ငါ့အား ဒုက္ခပေးကြသနည်း”ဟုပြောကြားခဲ့သည်။###၂ ထို့နောက်သူတို့သည် လွဲချော်ခဲ့ကြသောအခါ အလ္လာဟ်အရှင်မြတ်သည်သူတို့၏စိတ်နှလုံးများအား လွဲချော်မှောက်မှားစေတော်မူခဲ့သည်။ ထို့ပြင် အလ္လာဟ်အရှင်မြတ်သည် အမိန့်တော်ကို သွေဖည် သည့်လူမျိုးများအား လမ်းမှန်ကို ရောက်စေတော်မမူပေ။ وَإِذۡ قَالَ عِيسَى ٱبۡنُ مَرۡيَمَ يَٰبَنِيٓ إِسۡرَٰٓءِيلَ إِنِّي رَسُولُ ٱللَّهِ إِلَيۡكُم مُّصَدِّقًا لِّمَا بَيۡنَ يَدَيَّ مِنَ ٱلتَّوۡرَىٰةِ وَمُبَشِّرَۢا بِرَسُولٍ يَأۡتِي مِنۢ بَعۡدِي ٱسۡمُهُۥٓ أَحۡمَدُۖ فَلَمَّا جَآءَهُم بِٱلۡبَيِّنَٰتِ قَالُواْ هَٰذَا سِحۡرٌ مُّبِينٌ ٦ထို့ပြင် တစ်ခါက မရ်ယမ်၏သားတော် (တမန်တော်)အီစာသည် (ဤသို့)ပြောဆိုခဲ့သည်-အို-အစ်္စရာအီလ် မျိုးနွယ်ဝင်အပေါင်းတို့၊ အမှန်စင်စစ် ငါသည် ငါ၏မတိုင်မီရှိနေသော သောင်ရာသ်ကျမ်းကို မှန်ကန်ကြောင်းထောက်ခံသူအဖြစ်နှင့် ငါ၏နောက်တွင် အဟ်မဒ်အမည်နှင့် ပွင့်ပေါ်မည့် တမန်တော်တစ်ပါးနှင့်ပတ်သက်၍ သတင်းကောင်းပြောကြားသူ အဖြစ် အသင်တို့ထံသို့ (စေလွှတ်ခံရသော) အလ္လာဟ်အရှင်မြတ်၏ တမန်တော်ဖြစ်သည်။ ###၃ ထို့နောက် ၎င်းသည် သက်သေလက္ခဏာများနှင့်တကွ သူတို့ထံသို့ရောက်ရှိ လာသောအခါသူတို့ကဤသည် ထင်ရှားသော မှော်အတတ်ပင်ဖြစ်သည်ဟု ပြောဆိုခဲ့ကြသည်။ وَمَنۡ أَظۡلَمُ مِمَّنِ ٱفۡتَرَىٰ عَلَى ٱللَّهِ ٱلۡكَذِبَ وَهُوَ يُدۡعَىٰٓ إِلَى ٱلۡإِسۡلَٰمِۚ وَٱللَّهُ لَا يَهۡدِي ٱلۡقَوۡمَ ٱلظَّٰلِمِينَ ٧ထို့ပြင် မိမိကိုယ်တိုင်အစ္စလာမ် ဘက်သို့ ဖိတ်ခေါ်ခြင်းခံရပါလျက်အလ္လာဟ်အရှင်မြတ်အပေါ်တွင် မုသားလိမ်လည် စွပ်စွဲသူထက် ပိုမိုမတရားသူ မည်သူရှိသေးသနည်း။ ထို့ပြင်အလ္လာဟ် အရှင်မြတ်သည် မတရားသော လူမျိုးများအား တရားလမ်းမှန်သို့ ရောက်စေတော်မမူပေ။ ###၄ يُرِيدُونَ لِيُطۡفِـُٔواْ نُورَ ٱللَّهِ بِأَفۡوَٰهِهِمۡ وَٱللَّهُ مُتِمُّ نُورِهِۦ وَلَوۡ كَرِهَ ٱلۡكَٰفِرُونَ ٨သူတို့သည် အလ္လာဟ်အရှင်မြတ်၏ရောင်ခြည်ကို သူတို့၏ ပါးစပ်များနှင့် ငြိမ်းသတ်လိုကြသည်။ သို့ရာတွင်ကာဖိရ်များမနှစ်မြို့ကြလျှင်လည်း အလ္လာဟ်အရှင်မြတ်ကမူအရှင် မြတ်၏ ရောင်ခြည်ကို ပြည့်ဝစုံလင်အောင်ပြုတော်မူမည့် အရှင်ပင်ဖြစ်တော်မူသည်။ ###၅ هُوَ ٱلَّذِيٓ أَرۡسَلَ رَسُولَهُۥ بِٱلۡهُدَىٰ وَدِينِ ٱلۡحَقِّ لِيُظۡهِرَهُۥ عَلَى ٱلدِّينِ كُلِّهِۦ وَلَوۡ كَرِهَ ٱلۡمُشۡرِكُونَ ٩ထိုအရှင်မြတ်သည် အရှင်မြတ်၏ တမန်တော်ကို လမ်းမှန်ညွှန်ကြားပြသချက်နှင့် သာမက မှန်ကန်သည့် သာသနာနှင့် တကွစေလွှတ်တော်မူသောအရှင်မြတ်ပင်ဖြစ်တော်မူ သည်။ (စေလွှတ်ရသည့်အကြောင်းကမူ) မုရှ်ရိက်များမနှစ်မြို့ကြလျှင်လည်း (ထိုမှန်ကန်သည့်)သာသနာကို သာသနာအားလုံးအပေါ်တွင် လွှမ်းမိုးသွားရန်အတွက်ဖြစ်သည်။ يَٰٓأَيُّهَا ٱلَّذِينَ ءَامَنُواْ هَلۡ أَدُلُّكُمۡ عَلَىٰ تِجَٰرَةٍ تُنجِيكُم مِّنۡ عَذَابٍ أَلِيمٍ ١٠အို-အီမာန် ယုံကြည်သူအပေါင်းတို့ ၊ အသင်တို့အား အလွန်နာကျင်စေသော ပြစ်ဒဏ်မှလွတ်မြောက်စေမည့် ရောင်းဝယ်ဖောက်ကားမှုကို ငါအရှင်မြတ်သည် အသင်တို့အား ညွှန်ပြတော်မူရမည်လော။ تُؤۡمِنُونَ بِٱللَّهِ وَرَسُولِهِۦ وَتُجَٰهِدُونَ فِي سَبِيلِ ٱللَّهِ بِأَمۡوَٰلِكُمۡ وَأَنفُسِكُمۡۚ ذَٰلِكُمۡ خَيۡرٌ لَّكُمۡ إِن كُنتُمۡ تَعۡلَمُونَ ١١အသင်တို့သည် အလ္လာဟ်အရှင်မြတ်နှင့် အရှင်မြတ်၏ တမန်တော်ကို ယုံကြည်ကြရမည့်အပြင် အသင်တို့သည် အသင်တို့၏ပစ္စည်းဥစ္စာများအပါအဝင် အသင်တို့၏ အသက်ဝိညာဉ်များနှင့် အလ္လာဟ်အရှင်မြတ်၏လမ်းတော်တွင် သက်စွန့်ကြိုးပမ်းကြရမည်။ ဤသည် အကယ်၍အသင်တို့သိရှိကြလျှင် အသင်တို့အတွက် အကောင်းဆုံးပင် ဖြစ်သည်။ ###၆ يَغۡفِرۡ لَكُمۡ ذُنُوبَكُمۡ وَيُدۡخِلۡكُمۡ جَنَّٰتٍ تَجۡرِي مِن تَحۡتِهَا ٱلۡأَنۡهَٰرُ وَمَسَٰكِنَ طَيِّبَةً فِي جَنَّٰتِ عَدۡنٍۚ ذَٰلِكَ ٱلۡفَوۡزُ ٱلۡعَظِيمُ ١٢အရှင်မြတ်သည် အသင်တို့၏ အပြစ်များကို ခွင့်လွှတ်တော်မူပြီး အရှင်မြတ်သည် အသင်တို့အား အကြင်ဥယျာဉ်များသို့ ဝင်ရောက်စေတော်မူမည်။ ထိုဥယျာဉ်များ၏ အောက်မှ ချောင်းများစီးဆင်းနေကြမည်။ ထို့ပြင် အမြဲနေထိုင်ရမည့် ဥယျာဉ်များထဲတွင်ရှိသော သန့်ပြန့်စင်ကြယ်သည့်အိမ်များထဲသို့ ဝင်ရောက်စေတော်မူမည်။ ဤသည် ကြီးကျယ်သော အောင်မြင်မှုပင်ဖြစ်သည်။ وَأُخۡرَىٰ تُحِبُّونَهَاۖ نَصۡرٌ مِّنَ ٱللَّهِ وَفَتۡحٌ قَرِيبٌۗ وَبَشِّرِ ٱلۡمُؤۡمِنِينَ ١٣ထို့ပြင် အသင်တို့နှစ်သက်ကြသော အခြားတစ်ခုကိုလည်း (အရှင်မြတ်က အသင်တို့အား ချီးမြှင့်တော်မူမည်၊ ထိုအရာမှာ) အလ္လာဟ်အရှင်မြတ်ထံတော်မှ အကူအညီဖြင့် နီးကပ်သော အောင်မြင်မှုဖြစ်သည်။ ထို့ပြင် အသင်သည် အီမာန် ယုံကြည်သူများအား သတင်းကောင်း ပြောကြားလိုက်ပါ။ يَٰٓأَيُّهَا ٱلَّذِينَ ءَامَنُواْ كُونُوٓاْ أَنصَارَ ٱللَّهِ كَمَا قَالَ عِيسَى ٱبۡنُ مَرۡيَمَ لِلۡحَوَارِيِّـۧنَ مَنۡ أَنصَارِيٓ إِلَى ٱللَّهِۖ قَالَ ٱلۡحَوَارِيُّونَ نَحۡنُ أَنصَارُ ٱللَّهِۖ فَـَٔامَنَت طَّآئِفَةٌ مِّنۢ بَنِيٓ إِسۡرَٰٓءِيلَ وَكَفَرَت طَّآئِفَةٌۖ فَأَيَّدۡنَا ٱلَّذِينَ ءَامَنُواْ عَلَىٰ عَدُوِّهِمۡ فَأَصۡبَحُواْ ظَٰهِرِينَ ١٤အို-အီမာန်ယုံကြည်သူအပေါင်းတို့၊ အသင်တို့သည် မရ်ယမ်၏သားတော် (တမန်တော်)အီစာက ဟဝါရီ (အဝတ်လျှော်သူ)များအား ပြောကြားခဲ့သကဲ့သို့ အလ္လာဟ်အရှင်မြတ် အား ကူညီသူများဖြစ်ကြပါ။ (မရ်ယမ်၏သားအီစာက ဟဝါရီများကို) အလ္လာဟ်အရှင်မြတ်၏လမ်းတော်တွင် ငါ့အားမည်သူကူညီမည်နည်း(ဟု မေးခဲ့သောအခါ) ဟဝါရီများက ကျွန်ုပ်တို့သည် အလ္လာဟ်အရှင်မြတ်အား ကူညီမည့်သူများ ဖြစ်ကြပါသည်ဟု ပြောဆိုခဲ့ကြသည်။ ###၇ ထို့နောက် အစ္စရာအီလ် မျိုးနွယ်ဝင်များထဲမှ လူတစ်စုသည် အီမာန် ယုံကြည်ခဲ့ကြပြီး လူတစ်စုသည် ငြင်းပယ်ခဲ့ကြသည်။ ထို့ပြင် ငါအရှင်မြတ်သည် ယုံကြည်သူများအား သူတို့၏ ရန်သူများနှင့်ဆန့်ကျင်၍ ကူညီတော်မူခဲ့သည့်အတွက် သူတို့သည် အောင်နိုင်ခဲ့ကြသည်။ ###၈