بِسۡمِ ٱللَّهِ ٱلرَّحۡمَٰنِ ٱلرَّحِيمِ
يُسَبِّحُ لِلَّهِ مَا فِي ٱلسَّمَٰوَٰتِ وَمَا فِي ٱلۡأَرۡضِ ٱلۡمَلِكِ ٱلۡقُدُّوسِ ٱلۡعَزِيزِ ٱلۡحَكِيمِ ١မိုးကောင်းကင်များတွင်ရှိသမျှနှင့် မြေပထဝီတွင်ရှိသမျှသည် အလ္လာဟ်အရှင်မြတ် သန့်ရှင်းစင်ကြယ်တော်မူကြောင်းရွတ်ဆိုနေကြသည်။ ထိုအရှင်မြတ်သည် အရာရာကို စိုးပိုင်တော်မူသောအရှင်၊ အလွန်သန့်စင်တော်မူသောအရှင်၊ တန်ခိုးတော်နှင့် အလွန်လွှမ်းမိုးတော်မူသောအရှင်၊ ပညာဉာဏ်အမြော်အမြင်နှင့် အလွန်ပြည့်စုံတော်မူသောအရှင် ဖြစ်တော်မူသည်။ هُوَ ٱلَّذِي بَعَثَ فِي ٱلۡأُمِّيِّـۧنَ رَسُولًا مِّنۡهُمۡ يَتۡلُواْ عَلَيۡهِمۡ ءَايَٰتِهِۦ وَيُزَكِّيهِمۡ وَيُعَلِّمُهُمُ ٱلۡكِتَٰبَ وَٱلۡحِكۡمَةَ وَإِن كَانُواْ مِن قَبۡلُ لَفِي ضَلَٰلٍ مُّبِينٍ ٢အရှင်မြတ်သည် စာမတတ်သူများထံသို့ သူတို့ထဲမှပင် တမန်တော်တစ်ပါးကို စေလွှတ်တော်မူခဲ့သည်။ ထိုတမန်တော်သည် သူတို့ရှေ့၌ အရှင်မြတ်၏ အာယသ်တော်များ ကိုဖတ်ကြား၍သူတို့အား စင်ကြယ်သန့်ရှင်းအောင် ပြုလုပ်ပေးသည်။၎င်းပြင် သူတို့အား ကျမ်းဂန်နှင့် ပညာဉာဏ်အမြော်အမြင်များကို သင်ကြားပို့ချပေးသည်။ ထို့ပြင်သူတို့သည် ယခင်က ထင်ရှားသော လမ်းမှားမှု၌ အမှန်ပင်ရှိနေခဲ့ကြသည်။ وَءَاخَرِينَ مِنۡهُمۡ لَمَّا يَلۡحَقُواْ بِهِمۡۚ وَهُوَ ٱلۡعَزِيزُ ٱلۡحَكِيمُ ٣ထို့ပြင် (အရှင်မြတ်သည်) သူတို့ထဲမှ သူတို့နှင့် လာရောက်ပူးပေါင်းခြင်းမရှိသေးသည့်သူများအတွက်လည်း (တမန်တော်ကို စေလွှတ်တော်မူလိုက်ခြင်းဖြစ်သည်)။ ထို့ပြင် အရှင်မြတ်သည် တန်ခိုးတော်နှင့် အလွန်လွှမ်းမိုးတော်မူသောအရှင်၊ ပညာဉာဏ်အမြော်အမြင်နှင့် အလွန်ပြည့်စုံတော်မူသောအရှင်ဖြစ်တော်မူသည်။ ذَٰلِكَ فَضۡلُ ٱللَّهِ يُؤۡتِيهِ مَن يَشَآءُۚ وَٱللَّهُ ذُو ٱلۡفَضۡلِ ٱلۡعَظِيمِ ٤ထိုအရာသည် အလ္လာဟ်အရှင်မြတ်၏ ကျေးဇူးတော်ပင်ဖြစ်သည်။ အရှင်မြတ်သည် အရှင်မြတ်အလိုရှိတော်မူသောသူအား ထိုကျေးဇူးတော်ကို ချီးမြှင့်ပေးသနားတော်မူ သည်။ ထို့ပြင် အလ္လာဟ်အရှင်မြတ်သည် အလွန်ကြီးကျယ်သော ကျေးဇူးတော်ကို ပိုင်ဆိုင်တော်မူသောအရှင်မြတ်ပင် ဖြစ်တော်မူသည်။ مَثَلُ ٱلَّذِينَ حُمِّلُواْ ٱلتَّوۡرَىٰةَ ثُمَّ لَمۡ يَحۡمِلُوهَا كَمَثَلِ ٱلۡحِمَارِ يَحۡمِلُ أَسۡفَارَۢاۚ بِئۡسَ مَثَلُ ٱلۡقَوۡمِ ٱلَّذِينَ كَذَّبُواْ بِـَٔايَٰتِ ٱللَّهِۚ وَٱللَّهُ لَا يَهۡدِي ٱلۡقَوۡمَ ٱلظَّٰلِمِينَ ٥သောင်ရာသ်ကျမ်းတော်မြတ်နှင့် ပတ်သက်၍ တာဝန်ပေးခြင်းခံခဲ့ကြရပြီးနောက် ထိုကျမ်းတော်မြတ်ကို (တာဝန်ကျေအောင်)ထမ်းဆောင်ခြင်း မရှိခဲ့ကြသည့်သူများ၏ ပမာ သည် ကျမ်းစာအုပ်များကို တင်ဆောင်လျက်ရှိနေသော မြည်းတိရစ္ဆာန်နှင့်တူသည်။ အလ္လာဟ်အရှင်မြတ်၏ အာယသ်တော်များကိုမဟုတ်မမှန်ဟု စွပ်စွဲငြင်းပယ်ခဲ့ကြသည့်လူမျိုး ၏ပမာသည် အဘယ်မျှယုတ်ညံ့လိုက်သနည်း။ ###၁ ထို့ပြင် အလ္လာဟ်အရှင်မြတ်သည် မတရားသူများကို လမ်းမှန်သို့ ပို့ဆောင်ပေးတော်မမူပေ။ قُلۡ يَٰٓأَيُّهَا ٱلَّذِينَ هَادُوٓاْ إِن زَعَمۡتُمۡ أَنَّكُمۡ أَوۡلِيَآءُ لِلَّهِ مِن دُونِ ٱلنَّاسِ فَتَمَنَّوُاْ ٱلۡمَوۡتَ إِن كُنتُمۡ صَٰدِقِينَ ٦(အို-တမန်တော်)အသင်ပြောကြားလိုက်ပါ။ အို-ယဟူဒီ အပေါင်းတို့၊ အကယ်၍ အသင်တို့သည်အခြားသူများမှလွဲ၍ အမှန်စင်စစ် အသင်တို့ပင် အလ္လာဟ်အရှင်မြတ်၏ အချစ်တော်များဖြစ်ကြသည်ဟု ထင်မှတ်ကြလျှင်၊ အကယ်၍ အသင်တို့သည် အမှန်ပြောဆိုသူများဖြစ်ကြလျှင်၊ အသင်တို့အနေနှင့် သေခြင်းကို တောင့်တကြပါ။ وَلَا يَتَمَنَّوۡنَهُۥٓ أَبَدَۢا بِمَا قَدَّمَتۡ أَيۡدِيهِمۡۚ وَٱللَّهُ عَلِيمُۢ بِٱلظَّٰلِمِينَ ٧ထို့ပြင် သူတို့သည် သူတို့၏လက်များက ကြိုတင်ပို့ထားခဲ့သောလုပ်ရပ်များကြောင့် ထိုသေခြင်းကို မည်သည့်အခါမှတောင့်တကြမည်မဟုတ်ပေ။ ထို့ပြင် အလ္လာဟ်အရှင်မြတ် သည် မတရားသူများကို အလွန်သိတော်မူသော အရှင်မြတ်ပင်ဖြစ်တော်မူသည်။ قُلۡ إِنَّ ٱلۡمَوۡتَ ٱلَّذِي تَفِرُّونَ مِنۡهُ فَإِنَّهُۥ مُلَٰقِيكُمۡۖ ثُمَّ تُرَدُّونَ إِلَىٰ عَٰلِمِ ٱلۡغَيۡبِ وَٱلشَّهَٰدَةِ فَيُنَبِّئُكُم بِمَا كُنتُمۡ تَعۡمَلُونَ ٨(အို-တမန်တော်)အသင်ပြောလိုက်ပါ-အမှန်စင်စစ် အသင်တို့အနေနှင့် (သေခြင်းနှင့်မတွေ့ဆုံလို၍)၎င်းထံမှ ထွက်ပြေးနေသော သေခြင်းသည် အမှန်ပင်အသင်တို့နှင့် တွေ့ဆုံမည်ဖြစ်သည်။ ထို့နောက် အသင်တို့သည် လျှို့ဝှက်သည့်အရာနှင့် ထင်ရှားသည့်အရာကို သိတော်မူသောအရှင်မြတ်ထံတော်သို့ ပြန်လည်ရောက်ရှိစေခြင်းခံကြရမည်။ ထို့နောက်အရှင်မြတ်သည် အသင်တို့အား အသင်တို့ပြုလုပ်ခဲ့ကြသည်များကို အသိပေးတော်မူမည်ဖြစ်သည်။ يَٰٓأَيُّهَا ٱلَّذِينَ ءَامَنُوٓاْ إِذَا نُودِيَ لِلصَّلَوٰةِ مِن يَوۡمِ ٱلۡجُمُعَةِ فَٱسۡعَوۡاْ إِلَىٰ ذِكۡرِ ٱللَّهِ وَذَرُواْ ٱلۡبَيۡعَۚ ذَٰلِكُمۡ خَيۡرٌ لَّكُمۡ إِن كُنتُمۡ تَعۡلَمُونَ ٩အို-အီမာန်ယုံကြည်သူအပေါင်းတို့၊ ဂျုမုအဟ်သောကြာနေ့တွင် စွလာသ်ဝတ်ပြုရန်အတွက်အဇာန်ပေးဖိတ်ခေါ်သည့်အခါ ရောင်းဝယ်ဖောက်ကားမှုကို စွန့်လွှတ်၍ အသင်တို့ သည် အလ္လာဟ်အရှင်မြတ်အား သတိရတသသည့်ဘက်သို့ ဆောလျင်စွာသွားကြပါ။ အသင်တို့ သိရှိကြလျှင် ဤသည်အသင်တို့အတွက် အကောင်းဆုံးဖြစ်သည်။###၂ فَإِذَا قُضِيَتِ ٱلصَّلَوٰةُ فَٱنتَشِرُواْ فِي ٱلۡأَرۡضِ وَٱبۡتَغُواْ مِن فَضۡلِ ٱللَّهِ وَٱذۡكُرُواْ ٱللَّهَ كَثِيرًا لَّعَلَّكُمۡ تُفۡلِحُونَ ١٠ထို့နောက် စွလာသ်ဝတ်ပြုမှု ပြီးဆုံးသွားသည့်အခါ အသင်တို့သည် ကမ္ဘာမြေတွင် အနှံ့အပြားသွားလာကြပြီး အလ္လာဟ်အရှင်မြတ်၏ ကျေးဇူးတော်ရိက္ခာကို ရှာဖွေဆည်းပူး ကြပါ။ ထို့ပြင် အသင်တို့သည် အသင်တို့အောင်မြင်ရန်အတွက်အလ္လာဟ် အရှင်မြတ်အား များစွာသတိရတသကြပါ။###၃ وَإِذَا رَأَوۡاْ تِجَٰرَةً أَوۡ لَهۡوًا ٱنفَضُّوٓاْ إِلَيۡهَا وَتَرَكُوكَ قَآئِمًاۚ قُلۡ مَا عِندَ ٱللَّهِ خَيۡرٌ مِّنَ ٱللَّهۡوِ وَمِنَ ٱلتِّجَٰرَةِۚ وَٱللَّهُ خَيۡرُ ٱلرَّٰزِقِينَ ١١ထို့ပြင် သူတို့သည် ရောင်းဝယ်ဖောက်ကားမှု သို့မဟုတ် ပျော်ပွဲရွှင်ပွဲကိုတွေ့မြင်ခဲ့ကြသည့်အခါ အသင့်အား မတ်တတ်ရပ်လျက်ထားခဲ့၍ ထိုဘက်သို့ အပြေးအလွှား သွားခဲ့ ကြသည်။ (အို-တမန်တော်)အသင်ပြောလိုက်ပါ၊ အလ္လာဟ်အရှင်မြတ်ထံတော်တွင် ရှိသည့်အရာသည် ပျော်ပွဲရွှင်ပွဲ ထက်သာမက အရောင်းအဝယ်ထက်လည်း ပိုကောင်းသည်။ ထို့ပြင်အလ္လာဟ်အရှင်မြတ်သည် အကောင်းဆုံး ရိက္ခာချီးမြှင့်တော်မူသောအရှင်ဖြစ်တော်မူသည်။ ###၄