بِسۡمِ ٱللَّهِ ٱلرَّحۡمَٰنِ ٱلرَّحِيمِ
طسٓمٓ ١သွာ စီမ် မီမ်။ تِلۡكَ ءَايَٰتُ ٱلۡكِتَٰبِ ٱلۡمُبِينِ ٢ဤသည် ထင်ရှားသော ကျမ်းဂန်၏အာယသ်တော်များပင်ဖြစ်သည်။ لَعَلَّكَ بَٰخِعٌ نَّفۡسَكَ أَلَّا يَكُونُواْ مُؤۡمِنِينَ ٣သူတို့သည် အီမာန်မယုံကြည်သည်နှင့် အသင်သည် မိမိကိုယ်ကို သတ်သေမည့်ဆဲဆဲ ဖြစ်နေသည်နှင့်တူသည်။ إِن نَّشَأۡ نُنَزِّلۡ عَلَيۡهِم مِّنَ ٱلسَّمَآءِ ءَايَةً فَظَلَّتۡ أَعۡنَٰقُهُمۡ لَهَا خَٰضِعِينَ ٤အကယ်၍ ငါအရှင်မြတ်သည် အလိုရှိတော်မူလျှင် မိုးကောင်းကင်မှ သက်သေသာဓကတစ်ခုကို သူတို့အပေါ်တွင် ချပေးလိုက်တော်မူမည်ဖြစ်သည်။ ထို့နောက် သူတို့၏လည်တိုင်များသည် ထိုသက်သေသာဓက၏ရှေ့၌ ယိမ်းညွတ်လာကြမည်ဖြစ်သည်။ وَمَا يَأۡتِيهِم مِّن ذِكۡرٍ مِّنَ ٱلرَّحۡمَٰنِ مُحۡدَثٍ إِلَّا كَانُواْ عَنۡهُ مُعۡرِضِينَ ٥ထို့ပြင် ရဟ်မာန် အနန္တကရုဏာတော်ရှင်၏ထံမှ မည်သည့်ဆုံးမဩဝါဒအသစ်သည် သူတို့ထံသို့ ရောက်လာသည်ပင်ဖြစ်စေ၊ သူတို့သည် ထိုဆုံးမမှုမှ မျက်နှာလွှဲနေခဲ့ကြသည်ချည်းပင်ဖြစ်သည်။ فَقَدۡ كَذَّبُواْ فَسَيَأۡتِيهِمۡ أَنۢبَٰٓؤُاْ مَا كَانُواْ بِهِۦ يَسۡتَهۡزِءُونَ ٦ထို့နောက် အမှန်ပင် သူတို့သည် မဟုတ်မမှန်ငြင်းပယ်ခဲ့ကြပြီဖြစ်သည့်အတွက်ကြောင့် သူတို့ ပြောင်လှောင်နေခဲ့သည်များ၏အဖြစ်မှန်သည် မကြာမီ သူတို့ထံသို့ ရောက်လာမည်ဖြစ်သည်။ أَوَلَمۡ يَرَوۡاْ إِلَى ٱلۡأَرۡضِ كَمۡ أَنۢبَتۡنَا فِيهَا مِن كُلِّ زَوۡجٍ كَرِيمٍ ٧သူတို့သည် မြေပထဝီကို မမြင်ခဲ့ကြသလော။ ငါအရှင်မြတ်သည် ထိုမြေတွင် ကောင်းမြတ်သော အမျိုးအစားတိုင်းမှ အဘယ်မျှ များစွာ(အပင်များ)ပေါက်ရောက်စေတော်မူခဲ့သနည်း။ إِنَّ فِي ذَٰلِكَ لَأٓيَةًۖ وَمَا كَانَ أَكۡثَرُهُم مُّؤۡمِنِينَ ٨အမှန်စင်စစ် ထိုအထဲတွင် ကြီးကျယ်သော သက်သေသာဓကတစ်ခုရှိသည်။ ထို့ပြင် သူတို့ထဲမှ အများစုသည် ယုံကြည်ကြမည့်သူများ မဟုတ်ကြပေ။ وَإِنَّ رَبَّكَ لَهُوَ ٱلۡعَزِيزُ ٱلرَّحِيمُ ٩ထို့ပြင် အမှန်စင်စစ် အသင့်အား ဖန်ဆင်းမွေးမြူတော်မူသောအရှင်မြတ်သည် တန်ခိုးတော်နှင့် အလွန်လွှမ်းမိုးတော်မူသောအရှင်၊ အလွန်သနားကြင်နာတော်မူသောအရှင် အမှန်ပင် ဖြစ်တော်မူသည်။ وَإِذۡ نَادَىٰ رَبُّكَ مُوسَىٰٓ أَنِ ٱئۡتِ ٱلۡقَوۡمَ ٱلظَّٰلِمِينَ ١٠ထို့ပြင် တစ်ခါက အသင့်အား ဖန်ဆင်းမွေးမြူတော်မူသောအရှင်မြတ်သည် မူစာကို အသင်သည် ညှဉ်းပန်းနှိပ်စက်သည့်သူများထံသို့ သွားပါဟု မိန့်ကြားတော်မူခဲ့သည်။ قَوۡمَ فِرۡعَوۡنَۚ أَلَا يَتَّقُونَ ١١ဖိရ်အောင်န်၏အမျိုးသားများပင်၊ သူတို့သည် မကြောက်ရွံ့ကြသလော။ قَالَ رَبِّ إِنِّيٓ أَخَافُ أَن يُكَذِّبُونِ ١٢၎င်း(မူစာ)က လျှောက်ထားခဲ့သည်- အို- ကျွန်ုပ်အား ဖန်ဆင်းမွေးမြူတော်မူသောအရှင်မြတ်၊ သူတို့က ကျွန်ုပ်ကို မဟုတ်မမှန်ဟု စွပ်စွဲငြင်းပယ်ကြမည်ကို အမှန်စင်စစ် ကျွန်ုပ်စိုးရိမ်ပါသည်။ وَيَضِيقُ صَدۡرِي وَلَا يَنطَلِقُ لِسَانِي فَأَرۡسِلۡ إِلَىٰ هَٰرُونَ ١٣ထို့ပြင် ကျွန်ုပ်သည် စိတ်ကျဉ်းကျပ်သည့်အပြင် ကျွန်ုပ်၏လျှာသည်လည်း သွက်လက်မှုမရှိပေ။ သို့ဖြစ်ရာ အရှင်မြတ်သည် (ကျွန်ုပ်၏အစ်ကို)ဟာရူန်ထံသို့လည်း (နဗီဖြစ်ခြင်း၏အမိန့်တော်)ပို့တော်မူပါ။ وَلَهُمۡ عَلَيَّ ذَنۢبٌ فَأَخَافُ أَن يَقۡتُلُونِ ١٤ထို့ပြင် သူတို့နှင့်ပတ်သက်၍ ကျွန်ုပ်အပေါ်တွင် အပြစ်တစ်ခုလည်း ရှိနေသည့်အတွက် သူတို့က ကျွန်ုပ်ကို သတ်ဖြတ်လိုက်ကြမည်ကိုလည်း ကျွန်ုပ်စိုးရိမ်ပါသည်။ قَالَ كـَلَّاۖ فَٱذۡهَبَا بِـَٔايَٰتِنَآۖ إِنَّا مَعَكُم مُّسۡتَمِعُونَ ١٥အရှင်မြတ်က မိန့်ကြားတော်မူသည်- လုံးဝမဟုတ်ပေ။ သို့ဖြစ်ရာ အသင်တို့နှစ်ဦးသည် ငါအရှင်မြတ်၏ သက်သေသာဓကများနှင့်အတူ သွားကြပါ။ အမှန်စင်စစ် ငါအရှင်မြတ်သည် အသင်တို့နှင့်အတူ နားထောင်လျက် ရှိနေတော်မူသည်။ فَأۡتِيَا فِرۡعَوۡنَ فَقُولَآ إِنَّا رَسُولُ رَبِّ ٱلۡعَٰلَمِينَ ١٦သို့ဖြစ်ရာ အသင်တို့နှစ်ဦးသည် ဖိရ်အောင်န်ထံသို့သွား၍ (ဤသို့)ပြောဆိုကြပါ- အမှန်စင်စစ် ကျွန်ုပ်တို့သည် စကြဝဠာအပေါင်းအား ဖန်ဆင်းမွေးမြူတော်မူသော အရှင်မြတ်က စေလွှတ်လိုက်တော်မူသော တမန်တော်ဖြစ်ကြသည်။ أَنۡ أَرۡسِلۡ مَعَنَا بَنِيٓ إِسۡرَٰٓءِيلَ ١٧အသင်သည် အစ္စရာအီလ်မျိုးနွယ်ဝင်များကို (သူတို့၏အမိနိုင်ငံသို့ပြန်ရန်) ကျွန်ုပ်တို့နှင့်အတူ လွှတ်လိုက်ပါ။ قَالَ أَلَمۡ نُرَبِّكَ فِينَا وَلِيدًا وَلَبِثۡتَ فِينَا مِنۡ عُمُرِكَ سِنِينَ ١٨သူ(ဖိရ်အောင်န်)က ပြောဆိုခဲ့သည်- ကျွန်ုပ်သည် အသင့်အား ကလေးဘဝတွင် ကျွန်ုပ်တို့ထံ၌သာ ကျွေးမွေးစောင့်ရှောက်ခဲ့သည် မဟုတ်လော။ ထို့ပြင် အသင်သည် အသင်၏သက်တမ်းထဲမှ နှစ်ပေါင်းအမြောက်အမြား ကျွန်ုပ်တို့ထံတွင် နေထိုင်ခဲ့သည် မဟုတ်လော။ وَفَعَلۡتَ فَعۡلَتَكَ ٱلَّتِي فَعَلۡتَ وَأَنتَ مِنَ ٱلۡكَٰفِرِينَ ١٩ထို့ပြင် အသင်သည် အသင်ပြုခဲ့သော ပြစ်မှုကိုလည်း အသင်သည် ကျေးဇူးမသိတတ်သည့်သူများထဲမှဖြစ်လျက် ကျူးလွန်ခဲ့သည် မဟုတ်လော။ قَالَ فَعَلۡتُهَآ إِذًا وَأَنَا۠ مِنَ ٱلضَّآلِّينَ ٢٠၎င်း(တမန်တော်မူစာ)က ပြောဆိုသည်- ကျွန်ုပ်သည် ထိုလုပ်ရပ်ကို ထိုစဉ်က မတော်တဆ မှားယွင်းပြီး ပြုမိခဲ့ခြင်းသာဖြစ်သည်။ فَفَرَرۡتُ مِنكُمۡ لَمَّا خِفۡتُكُمۡ فَوَهَبَ لِي رَبِّي حُكۡمًا وَجَعَلَنِي مِنَ ٱلۡمُرۡسَلِينَ ٢١ထို့နောက် ကျွန်ုပ်သည် အသင်တို့အား ကြောက်ရွံ့သည့်အခါ အသင်တို့ထံမှ တိမ်းရှောင်နေခဲ့သည်။ ထို့နောက် ကျွန်ုပ်အား ဖန်ဆင်းမွေးမြူတော်မူသောအရှင်မြတ်က ကျွန်ုပ်ကို ပညာဉာဏ်အမြော်အမြင်ပေးသနားတော်မူ၍ ကျွန်ုပ်ကို တမန်တော်များထဲတွင် အပါအဝင်ဖြစ်စေတော်မူခဲ့သည်။ وَتِلۡكَ نِعۡمَةٌ تَمُنُّهَا عَلَيَّ أَنۡ عَبَّدتَّ بَنِيٓ إِسۡرَٰٓءِيلَ ٢٢ထို့ပြင် ထိုအရာသည် ကျေးဇူးတော်တစ်ခုပင်ဖြစ်သည်။ ထိုကျေးဇူးနှင့် အသင်သည် ကျွန်ုပ်အပေါ်တွင် ဂုဏ်ဖော်ပြီး အစ္စရာအီလ်မျိုးနွယ်ဝင်များကို ကျွန်ပြုလုပ်ထားခြင်းပင်ဖြစ်သည်။ قَالَ فِرۡعَوۡنُ وَمَا رَبُّ ٱلۡعَٰلَمِينَ ٢٣ဖိရ်အောင်န်က ပြောသည်- စကြဝဠာအပေါင်းကို ဖန်ဆင်းမွေးမြူတော်မူသောအရှင် ဆိုသည်မှာ မည်သည့်အရာနည်း။ قَالَ رَبُّ ٱلسَّمَٰوَٰتِ وَٱلۡأَرۡضِ وَمَا بَيۡنَهُمَآۖ إِن كُنتُم مُّوقِنِينَ ٢٤၎င်း(တမန်တော် မူစာ)ကပြောသည်- အကယ်၍ အသင်တို့သည် ယုံကြည်သူများဖြစ်ကြသည်ဆိုလျှင် (ထိုအရှင်သည်) မိုးကောင်းကင်များ၊ မြေပထဝီနှင့် ထိုမိုးနှင့်မြေကြားရှိသမျှအရာများအား ဖန်ဆင်းမွေးမြူတော်မူသောအရှင်မြတ်ပင် ဖြစ်သည်။ قَالَ لِمَنۡ حَوۡلَهُۥٓ أَلَا تَسۡتَمِعُونَ ٢٥သူ(ဖိရ်အောင်န်)က သူ၏အနီးတွင် ရှိကြသည့်သူများကို ပြောသည်- အသင်တို့ သေချာစွာ မကြားကြသလော။ قَالَ رَبُّكُمۡ وَرَبُّ ءَابَآئِكُمُ ٱلۡأَوَّلِينَ ٢٦၎င်း(တမန်တော် မူစာ)ကပြောသည်- (ထိုအရှင်မြတ်သည်) အသင်တို့အား ဖန်ဆင်းမွေးမြူတော်မူသောအရှင်ဖြစ်သည်သာမက အသင်တို့၏မတိုင်မီရှိခဲ့ကြသော အဘ၊ ဘိုး၊ ဘေးများအား ဖန်ဆင်းမွေးမြူတော်မူသောအရှင်မြတ်လည်း ဖြစ်တော်မူသည်။ قَالَ إِنَّ رَسُولَكُمُ ٱلَّذِيٓ أُرۡسِلَ إِلَيۡكُمۡ لَمَجۡنُونٌ ٢٧သူ(ဖိရ်အောင်န်)ကပြောသည်- အမှန်ပင် အသင်တို့ထံသို့ စေလွှတ်ခြင်းခံရသော တမန်တော်သည် မုချ ရူးသွပ်သူပင်ဖြစ်သည်။ قَالَ رَبُّ ٱلۡمَشۡرِقِ وَٱلۡمَغۡرِبِ وَمَا بَيۡنَهُمَآۖ إِن كُنتُمۡ تَعۡقِلُونَ ٢٨၎င်း(တမန်တော် မူစာ)ကပြောသည်- အကယ်၍ အသင်တို့သည် သိနားလည်ကြသည်ဆိုလျှင် (ထိုအရှင်မြတ်သည်) အရှေ့နေထွက်ရာအရပ်၊ အနောက်နေဝင်ရာအရပ်နှင့် ထိုအရပ်၏နှစ်ခုကြားတွင်ရှိသမျှအရာများအား ဖန်ဆင်းမွေးမြူတော်မူသောအရှင်မြတ်ပင် ဖြစ်တော်မူသည်။ قَالَ لَئِنِ ٱتَّخَذۡتَ إِلَٰهًا غَيۡرِي لَأَجۡعَلَنَّكَ مِنَ ٱلۡمَسۡجُونِينَ ٢٩သူ(ဖိရ်အောင်န်)ကပြောသည်- အမှန်ပင် အကယ်၍ အသင်သည် ကျွန်ုပ်မှလွဲ၍ အခြားကိုးကွယ်ရာတစ်ပါးကို ရွေးချယ်ခဲ့လျှင် အမှန်စင်စစ် ကျွန်ုပ်သည် အသင့်အား အကျဉ်းထောင်၌ချထားမည်။ قَالَ أَوَلَوۡ جِئۡتُكَ بِشَيۡءٍ مُّبِينٍ ٣٠၎င်း(တမန်တော် မူစာ)ကပြောသည်- ကျွန်ုပ်သည် အသင်၏ထံသို့ ထင်ရှားသော တန်ခိုးတော်တစ်စုံတစ်ခု ယူဆောင်လာခဲ့လျှင်လည်း (ကျွန်ုပ်ကို အကျဉ်းချထားဦးမည်လော)။ قَالَ فَأۡتِ بِهِۦٓ إِن كُنتَ مِنَ ٱلصَّٰدِقِينَ ٣١သူ(ဖိရ်အောင်န်)ကပြောသည်- သို့ဖြစ်လျှင် အကယ်၍ အသင်သည် အမှန်ပြောဆိုသူတစ်ဦးဖြစ်ခဲ့လျှင် ထိုအရာ(တန်ခိုးတော်)ကို ယူလာပါ။ فَأَلۡقَىٰ عَصَاهُ فَإِذَا هِيَ ثُعۡبَانٌ مُّبِينٌ ٣٢ထို့နောက်(တမန်တော်)မူစာသည် ၎င်း၏တောင်ဝှေးကို ပစ်ချလိုက်သည် ချက်ချင်းပင် ထင်ရှားသော မြွေတစ်ကောင်ဖြစ်သွားခဲ့သည်။ وَنَزَعَ يَدَهُۥ فَإِذَا هِيَ بَيۡضَآءُ لِلنَّٰظِرِينَ ٣٣ထို့ပြင် (တမန်တော်)မူစာသည် ၎င်း၏လက်ကို ဆွဲထုတ်လိုက်သည့်အခါ ချက်ချင်းပင် ထိုလက်သည် ကြည့်ရှုသူများရှေ့၌ ဖြူဖွေးတောက်ပလျက်ရှိနေခဲ့သည်။ قَالَ لِلۡمَلَإِ حَوۡلَهُۥٓ إِنَّ هَٰذَا لَسَٰحِرٌ عَلِيمٌ ٣٤သူ(ဖိရ်အောင်န်)က သူ၏အနီးတွင်ရှိသော မှူးကြီးမတ်ရာများအား ပြောခဲ့သည်- အမှန်စင်စစ် ဤသူသည် ကျွမ်းကျင်သောမှော်ဆရာတစ်ဦးဖြစ်သည်။ يُرِيدُ أَن يُخۡرِجَكُم مِّنۡ أَرۡضِكُم بِسِحۡرِهِۦ فَمَاذَا تَأۡمُرُونَ ٣٥၎င်းသည် ၎င်း၏မှော်အတတ်ပညာဖြင့် အသင်တို့အား အသင်တို့၏တိုင်းပြည်မှ နှင်ထုတ်ရန် ကြံရွယ်နေသည်။ သို့ဖြစ်ရာ အသင်တို့သည် မည်သည့်အမိန့်(အကြံ)ပေးကြမည်နည်း။ قَالُوٓاْ أَرۡجِهۡ وَأَخَاهُ وَٱبۡعَثۡ فِي ٱلۡمَدَآئِنِ حَٰشِرِينَ ٣٦ထိုမှူးကြီးမတ်ရာများက ပြောဆိုကြသည်- ဘုရင်မင်းမြတ်သည် ၎င်း(တမန်တော်မူစာ)နှင့် ၎င်း၏အစ်ကိုအား ဆိုင်းငံ့ထားပြီး မင်းစေများအား အမြို့မြို့အရွာရွာသို့ စေလွှတ်တော်မူပါ။ يَأۡتُوكَ بِكُلِّ سَحَّارٍ عَلِيمٍ ٣٧ထိုမင်းစေများသည် အလွန်ကျွမ်းကျင်သောမှော်ဆရာများအားလုံးကို ဘုရင်မင်းမြတ်ထံသို့ ခေါ်ဆောင်လာကြမည်။ فَجُمِعَ ٱلسَّحَرَةُ لِمِيقَٰتِ يَوۡمٍ مَّعۡلُومٍ ٣٨ထို့နောက် မှော်ဆရာများသည် သတ်မှတ်ထားသောနေ့၏ အထူးချိန်းဆိုထားသည့်အချိန်တွင် စုဝေးခဲ့ကြရမည်။ وَقِيلَ لِلنَّاسِ هَلۡ أَنتُم مُّجۡتَمِعُونَ ٣٩ထို့ပြင် လူများကိုလည်း ပြောထားခဲ့သည်- အသင်တို့သည် စုရုံးကြမည့်သူများလော(စုရုံးကြမည်လော)။ لَعَلَّنَا نَتَّبِعُ ٱلسَّحَرَةَ إِن كَانُواْ هُمُ ٱلۡغَٰلِبِينَ ٤٠သို့မှသာ ကျွန်ုပ်တို့သည် မှော်ဆရာများ(၏လမ်းစဉ်)ကိုပင် အကယ်၍ သူတို့ အောင်နိုင်ကြမည်ဆိုလျှင် လိုက်နာနိုင်ကြမည်ဖြစ်သည်။ فَلَمَّا جَآءَ ٱلسَّحَرَةُ قَالُواْ لِفِرۡعَوۡنَ أَئِنَّ لَنَا لَأَجۡرًا إِن كُنَّا نَحۡنُ ٱلۡغَٰلِبِينَ ٤١ထို့နောက် မှော်ဆရာများ ရောက်ရှိလာကြသည့်အခါ သူတို့က ဖိရ်အောင်န်ကို အကယ်၍ ကျွန်ုပ်တို့သည် အောင်နိုင်သူများဖြစ်ခဲ့ကြလျှင် အမှန်ပင် ကျွန်ုပ်တို့သည် ဆုလာဘ်ကို မုချရရှိကြမည်လောဟု ပြောဆိုကြသည်။ قَالَ نَعَمۡ وَإِنَّكُمۡ إِذًا لَّمِنَ ٱلۡمُقَرَّبِينَ ٤٢သူ(ဖိရ်အောင်န်)ကပြောသည်- ဟုတ်သည်။ ထို့ထက်မက ထိုသို့ဖြစ်ခဲ့လျှင် အမှန်ပင် အသင်တို့သည် အနီးကပ်(မင်းမှုထမ်း)သည့်သူများထဲတွင် အပါအဝင်ဖြစ်လိမ့်မည်။ قَالَ لَهُم مُّوسَىٰٓ أَلۡقُواْ مَآ أَنتُم مُّلۡقُونَ ٤٣(တမန်တော်)မူစာက သူတို့(မှော်ဆရာများ)ကိုပြောသည်- အသင်တို့သည် အသင်တို့ ပစ်ချမည့်အရာများကို ပစ်ချကြပါ။ فَأَلۡقَوۡاْ حِبَالَهُمۡ وَعِصِيَّهُمۡ وَقَالُواْ بِعِزَّةِ فِرۡعَوۡنَ إِنَّا لَنَحۡنُ ٱلۡغَٰلِبُونَ ٤٤ထို့နောက် မှော်ဆရာများသည် သူတို့၏ကြိုးများနှင့် သူတို့၏တုတ်များကို ပစ်ချခဲ့ကြသည်။ ထို့ပြင် သူတို့က ပြောဆိုခဲ့ကြသည်- ဖိရ်အောင်န်ဘုရင်၏တန်ခိုးတော်အား တိုင်တည်ကျိန်ဆိုပါသည်၊ အမှန်စင်စစ် ကျွန်ုပ်တို့ပင် အောင်နိုင်သူများဖြစ်ကြမည်။ فَأَلۡقَىٰ مُوسَىٰ عَصَاهُ فَإِذَا هِيَ تَلۡقَفُ مَا يَأۡفِكُونَ ٤٥ထို့နောက်(တမန်တော်)မူစာသည် ၎င်း၏တောင်ဝှေးကို ပစ်ချလိုက်သည်နှင့် ချက်ချင်းပင်(မြွေနဂါးဖြစ်သွား၍) မှော်ဆရာများက လှည့်စားထားသောအရာများကို မျိုချလိုက်တော့သည်။ فَأُلۡقِيَ ٱلسَّحَرَةُ سَٰجِدِينَ ٤٦ထို့နောက် မှော်ဆရာများသည် ဝပ်တွားပြီး ဦးချကြတော့သည်။ قَالُوٓاْ ءَامَنَّا بِرَبِّ ٱلۡعَٰلَمِينَ ٤٧သူတို့က ပြောဆိုကြသည်- ကျွန်ုပ်တို့သည် စကြဝဠာအပေါင်းအား ဖန်ဆင်းမွေးမြူတော်မူသော အရှင်မြတ်ကို ယုံကြည်ကြပါပြီဖြစ်သည်။ رَبِّ مُوسَىٰ وَهَٰرُونَ ٤٨(ထိုအရှင်သည်)မူစာနှင့်ဟာရူန်တို့အား ဖန်ဆင်းမွေးမြူတော်မူသောအရှင်မြတ် ဖြစ်တော်မူသည်။ قَالَ ءَامَنتُمۡ لَهُۥ قَبۡلَ أَنۡ ءَاذَنَ لَكُمۡۖ إِنَّهُۥ لَكَبِيرُكُمُ ٱلَّذِي عَلَّمَكُمُ ٱلسِّحۡرَ فَلَسَوۡفَ تَعۡلَمُونَۚ لَأُقَطِّعَنَّ أَيۡدِيَكُمۡ وَأَرۡجُلَكُم مِّنۡ خِلَٰفٍ وَلَأُصَلِّبَنَّكُمۡ أَجۡمَعِينَ ٤٩သူ(ဖိရ်အောင်န်)ကပြောသည်- အသင်တို့အား ကျွန်ုပ် ခွင့်မပြုမီ အသင်တို့သည် ၎င်း(မူစာ)ကို ယုံကြည်ခဲ့ကြသည်။ အမှန်ပင် ၎င်းသည် အသင်တို့အား မှော်အတတ်ပညာ သင်ကြားပေးခဲ့သော အသင်တို့၏အကြီးအကဲဖြစ်သည်။ သို့ဖြစ်ရာ မကြာမီ အသင်တို့ သိကြရမည်။ ငါ(ဖိရ်အောင်ဘုရင်)သည် အသင်တို့၏လက်များနှင့်ခြေများကို ဘက်လွှဲပြီး အမှန်ပင် ဖြတ်ပစ်မည်။ ထို့ပြင် အမှန်ပင် ငါသည် အသင်တို့အားလုံးကို လက်ဝါးကပ်တိုင်တင်မည်။ قَالُواْ لَا ضَيۡرَۖ إِنَّآ إِلَىٰ رَبِّنَا مُنقَلِبُونَ ٥٠သူတို့က ပြောကြသည်- (ကျွန်ုပ်တို့မှာ) လုံးဝ အကျိုးယုတ်ပျက်စီးမှုရှိမည် မဟုတ်ပေ။ အမှန်စင်စစ် ကျွန်ုပ်တို့သည် ကျွန်ုပ်တို့အား ဖန်ဆင်းမွေးမြူတော်မူသောအရှင်မြတ်ထံတော်သို့ ပြန်သွားရမည့်သူများပင်ဖြစ်သည်။ إِنَّا نَطۡمَعُ أَن يَغۡفِرَ لَنَا رَبُّنَا خَطَٰيَٰنَآ أَن كُنَّآ أَوَّلَ ٱلۡمُؤۡمِنِينَ ٥١အမှန်စင်စစ် ကျွန်ုပ်တို့သည် ပထမဦးဆုံး အီမာန်ယုံကြည်သူများဖြစ်သည့်အတွက် ကျွန်ုပ်တို့အား ဖန်ဆင်းမွေးမြူတော်မူသောအရှင်မြတ်က ကျွန်ုပ်တို့၏အပြစ်များကို ခွင့်လွှတ်ချမ်းသာပေးတော်မူလိမ့်မည်ဟု ကျွန်ုပ်တို့ မျှော်လင့်ကြပါသည်။ ۞ وَأَوۡحَيۡنَآ إِلَىٰ مُوسَىٰٓ أَنۡ أَسۡرِ بِعِبَادِيٓ إِنَّكُم مُّتَّبَعُونَ ٥٢ထို့ပြင် ငါအရှင်မြတ်သည် (တမန်တော်)မူစာထံသို့ ဝဟီအမိန့်တော် ထုတ်ပြန်တော်မူခဲ့သည်။ အသင်သည် ငါအရှင်မြတ်၏ကျွန်များကို ညအချိန်တွင် ခေါ်ဆောင်သွားပါ။ အမှန်ပင် အသင်တို့သည် နောက်မှ လိုက်လံခြင်းကို ခံကြရမည့်သူများဖြစ်ကြသည်။ فَأَرۡسَلَ فِرۡعَوۡنُ فِي ٱلۡمَدَآئِنِ حَٰشِرِينَ ٥٣ထို့နောက် ဖိရ်အောင်န်သည် မင်းစေများကို အမြို့မြို့အရွာရွာတွင် စေလွှတ်ခဲ့သည်။ إِنَّ هَٰٓؤُلَآءِ لَشِرۡذِمَةٌ قَلِيلُونَ ٥٤အမှန်စင်စစ် ဤသူများသည် အနည်းငယ်မျှသာရှိသော အုပ်စုကလေးပင်ဖြစ်သည်။ وَإِنَّهُمۡ لَنَا لَغَآئِظُونَ ٥٥ထို့ပြင် အမှန်ပင် သူတို့သည် ကျွန်ုပ်တို့အား ဒေါသဖြစ်အောင် လုပ်သူများဖြစ်ကြသည်။ وَإِنَّا لَجَمِيعٌ حَٰذِرُونَ ٥٦ထို့ပြင် အမှန်ပင် ကျွန်ုပ်တို့သည် လက်နက်ကိရိယာ တန်ဆာပလာများနှင့် အဆင်သင့်ဖြစ်နေသောအုပ်စု ဖြစ်သည်။ (ကျွန်ုပ်တို့သည် စိုးရိမ်ကြသည့်အုပ်စုဖြစ်သည်)။ فَأَخۡرَجۡنَٰهُم مِّن جَنَّٰتٍ وَعُيُونٍ ٥٧ထို့နောက် ငါအရှင်မြတ်သည် သူတို့ကို ဥယျာဉ်များနှင့် စမ်းချောင်းများမှ ထုတ်ပစ်တော်မူခဲ့သည်။ وَكُنُوزٍ وَمَقَامٍ كَرِيمٍ ٥٨ထို့ပြင် စုဆောင်းထားသည့် ရွှေငွေများနှင့်၊ ခမ်းနားသည့်နေအိမ်များကပါ (ထုတ်ပစ်တော်မူခဲ့သည်)။ كَذَٰلِكَۖ وَأَوۡرَثۡنَٰهَا بَنِيٓ إِسۡرَٰٓءِيلَ ٥٩ဤသို့ပင်၊ ထို့ပြင် ငါအရှင်မြတ်သည် ထိုပစ္စည်းများကို အစ္စရာအီလ်မျိုးနွယ်ဝင်များအား အမွေအဖြစ် ပိုင်ဆိုင်စေတော်မူခဲ့သည်။ فَأَتۡبَعُوهُم مُّشۡرِقِينَ ٦٠ထို့နောက် ထိုသူ(ဖိရ်အောင်န်နှင့် အခြွေအရံ)များသည် အစ္စရာအီလ်မျိုးနွယ်ဝင်များကို နေထွက်ချိန်၌ နောက်မှလိုက်၍ မီသွားခဲ့ကြသည်။ فَلَمَّا تَرَٰٓءَا ٱلۡجَمۡعَانِ قَالَ أَصۡحَٰبُ مُوسَىٰٓ إِنَّا لَمُدۡرَكُونَ ٦١၎င်းပြင် အုပ်စုနှစ်ခုလုံးသည် တစ်ဖက်နှင့်တစ်ဖက် တွေ့မြင်ကြသည့်အခါ (တမန်တော်)မူစာ၏အပေါင်းအပါများက စင်စစ် ကျွန်ုပ်တို့သည် အမှန်ပင် အဖမ်းခံကြရပြီဟု ပြောဆိုခဲ့ကြသည်။ قَالَ كـَلَّآۖ إِنَّ مَعِيَ رَبِّي سَيَهۡدِينِ ٦٢(တမန်တော်)မူစာက ပြောသည်- လုံးဝ မဟုတ်ပေ။ အမှန်စင်စစ် ငါ့အား မွေးမြူဖန်ဆင်းတော်မူသော အရှင်မြတ်သည် ငါနှင့်အတူ ရှိတော်မူသည်။ အရှင်မြတ်သည် ငါ့အား လမ်းညွှန်ကြားပြသတော်မူလိမ့်မည်။ فَأَوۡحَيۡنَآ إِلَىٰ مُوسَىٰٓ أَنِ ٱضۡرِب بِّعَصَاكَ ٱلۡبَحۡرَۖ فَٱنفَلَقَ فَكَانَ كُلُّ فِرۡقٍ كَٱلطَّوۡدِ ٱلۡعَظِيمِ ٦٣ထို့နောက် ငါအရှင်မြတ်သည် (တမန်တော်)မူစာထံသို့ အသင်သည် အသင်၏တောင်ဝှေးဖြင့် ပင်လယ်ကို ရိုက်ခတ်လိုက်ပါဟု အမိန့်ပေးတော်မူခဲ့သည်။ ထိုအခါ ပင်လယ်သည် ကွဲသွားပြီး ရေပြင်ကြီးများသည် ကြီးမားသည့်တောင်ကြီးများကဲ့သို့ ဖြစ်သွားခဲ့ကြသည်။ وَأَزۡلَفۡنَا ثَمَّ ٱلۡأٓخَرِينَ ٦٤ထို့ပြင် ငါအရှင်မြတ်သည် အခြားအုပ်စု(ဖြစ်သော ဖိရ်အောင်န်နှင့် အခြွေအရံများ)ကိုလည်း ထိုနေရာသို့ နီးကပ်စေတော်မူခဲ့သည်။ وَأَنجَيۡنَا مُوسَىٰ وَمَن مَّعَهُۥٓ أَجۡمَعِينَ ٦٥ထို့ပြင် ငါအရှင်မြတ်သည် (တမန်တော်)မူစာနှင့် ၎င်း၏အပေါင်းအပါများအားလုံးကို ကယ်တင်တော်မူခဲ့သည်။ ثُمَّ أَغۡرَقۡنَا ٱلۡأٓخَرِينَ ٦٦ထို့ပြင် ငါအရှင်မြတ်သည် အခြားအုပ်စုကို နစ်မြုပ်ပစ်တော်မူခဲ့သည်။ إِنَّ فِي ذَٰلِكَ لَأٓيَةًۖ وَمَا كَانَ أَكۡثَرُهُم مُّؤۡمِنِينَ ٦٧အမှန်စင်စစ် ထိုအထဲတွင် ကြီးကျယ်သော သက်သေလက္ခဏာတစ်ခုရှိသည်။ ထို့ပြင် သူတို့ထဲမှ အများစုသည် ယုံကြည်ကြမည့်သူများ မဟုတ်ခဲ့ကြပေ။ وَإِنَّ رَبَّكَ لَهُوَ ٱلۡعَزِيزُ ٱلرَّحِيمُ ٦٨ထို့ပြင် အမှန်စင်စစ် အသင့်အား ဖန်ဆင်းမွေးမြူတော်မူသောအရှင်မြတ်သည် တန်ခိုးတော်နှင့် အလွန်လွှမ်းမိုးတော်မူသောအရှင်၊ အလွန်သနားကြင်နာတော်မူသောအရှင် အမှန်ပင် ဖြစ်တော်မူသည်။ وَٱتۡلُ عَلَيۡهِمۡ نَبَأَ إِبۡرَٰهِيمَ ٦٩ထို့ပြင် အသင်သည် သူတို့ရှေ့၌ (တမန်တော်)အိဗ်ရာဟီမ်၏အကြောင်းကို ပြောပြလိုက်ပါ။ إِذۡ قَالَ لِأَبِيهِ وَقَوۡمِهِۦ مَا تَعۡبُدُونَ ٧٠တစ်ခါက ၎င်း(တမန်တော်အိဗ်ရာဟီမ်)သည် ၎င်း၏ဖခင်နှင့် ၎င်း၏အမျိုးသားများအား ပြောဆိုမေးမြန်းခဲ့သည်- အသင်တို့သည် မည်သည့်အရာကို ကိုးကွယ်နေကြသနည်း။ قَالُواْ نَعۡبُدُ أَصۡنَامًا فَنَظَلُّ لَهَا عَٰكِفِينَ ٧١သူတို့က ပြောကြသည်- ကျွန်ုပ်တို့သည် ရုပ်တုများကို ကိုးကွယ်ကြသည့်အပြင် ထိုရုပ်တုများအပါး၌ပင် အမြဲစွဲလမ်း တွယ်ကပ်လျက်ရှိကြသည်။ قَالَ هَلۡ يَسۡمَعُونَكُمۡ إِذۡ تَدۡعُونَ ٧٢၎င်း(တမန်တော်အိဗ်ရာဟီမ်)က ပြောသည်- အသင်တို့ ဟစ်ခေါ်ကြသည့်အခါ ထိုရုပ်တုများသည် အသင်တို့(၏ဟစ်ခေါ်သံ)ကို ကြားကြသလော။ أَوۡ يَنفَعُونَكُمۡ أَوۡ يَضُرُّونَ ٧٣သို့မဟုတ် သူတို့သည် အသင်တို့အား ကောင်းကျိုးပြုကြသလော၊ သို့မဟုတ် ဆိုးကျိုးပြုကြသလော။ قَالُواْ بَلۡ وَجَدۡنَآ ءَابَآءَنَا كَذَٰلِكَ يَفۡعَلُونَ ٧٤သူတို့က ပြောဆိုကြသည်- ထိုသို့မဟုတ်ပေ။ စင်စစ် ကျွန်ုပ်တို့သည် ကျွန်ုပ်တို့၏အဘ၊ ဘိုး၊ ဘေးများအား ဤသို့ပြုမူနေကြသည်ကို တွေ့ရှိခဲ့ကြခြင်းဖြစ်ပါသည်။ قَالَ أَفَرَءَيۡتُم مَّا كُنتُمۡ تَعۡبُدُونَ ٧٥၎င်း(တမန်တော်အိဗ်ရာဟီမ်)က ပြောသည်- အသင်တို့သည် အသင်တို့ ကိုးကွယ်နေခဲ့သည့်အရာများကို စဉ်းစားကြည့်ကြသလော။ أَنتُمۡ وَءَابَآؤُكُمُ ٱلۡأَقۡدَمُونَ ٧٦အသင်တို့နှင့် အသင်တို့၏ရှေးဟောင်း အဘ၊ ဘိုး၊ ဘေးများ။ فَإِنَّهُمۡ عَدُوٌّ لِّيٓ إِلَّا رَبَّ ٱلۡعَٰلَمِينَ ٧٧အဘယ့်ကြောင့်ဆိုသော် အမှန်စင်စစ် စကြဝဠာအပေါင်းအား ဖန်ဆင်းမွေးမြူတော်မူသော အရှင်မြတ်မှလွဲ၍ သူတို့သည် ကျွန်ုပ်တို့၏ရန်သူများပင် ဖြစ်ကြသည်။ ٱلَّذِي خَلَقَنِي فَهُوَ يَهۡدِينِ ٧٨ထိုအရှင်မြတ်သည် ကျွန်ုပ်အား ဖန်ဆင်းတော်မူခဲ့သည်။ ထို့ပြင် အရှင်မြတ်ပင် ကျွန်ုပ်အား လမ်းမှန်ညွှန်ကြားပြသတော်မူသည်။ وَٱلَّذِي هُوَ يُطۡعِمُنِي وَيَسۡقِينِ ٧٩ထို့ပြင် အရှင်မြတ်ပင် ကျွန်ုပ်အား ကျွေးမွေးတော်မူသည်။ ထို့ပြင် အရှင်မြတ်ပင် ကျွန်ုပ်အား တိုက်ကျွေးတော်မူသည်။ وَإِذَا مَرِضۡتُ فَهُوَ يَشۡفِينِ ٨٠ထို့ပြင် ကျွန်ုပ်သည် ရောဂါဖြစ်သည့်အခါ အရှင်မြတ်သည်ပင် ကျွန်ုပ်ကို ပျောက်ကင်းစေတော်မူသည်။ وَٱلَّذِي يُمِيتُنِي ثُمَّ يُحۡيِينِ ٨١ထို့ပြင် အရှင်မြတ်သည်ပင် ကျွန်ုပ်အား သေစေတော်မူသည်။ ထို့ပြင် အရှင်မြတ်သည်ပင် ကျွန်ုပ်အား ရှင်စေတော်မူမည်ဖြစ်သည်။ وَٱلَّذِيٓ أَطۡمَعُ أَن يَغۡفِرَ لِي خَطِيٓـَٔتِي يَوۡمَ ٱلدِّينِ ٨٢ထို့ပြင် အရှင်မြတ်သည် တရားစီရင်မည့်နေ့တွင် ကျွန်ုပ်၏ချွတ်ချော်မှားယွင်းမှုများကို ခွင့်လွှတ်တော်မူလိမ့်မည်ဟု ကျွန်ုပ်မျှော်လင့်လျက်ရှိသည်။ رَبِّ هَبۡ لِي حُكۡمًا وَأَلۡحِقۡنِي بِٱلصَّٰلِحِينَ ٨٣အို- ကျွန်ုပ်အား ဖန်ဆင်းမွေးမြူတော်မူသောအရှင်မြတ်၊ အရှင်မြတ်သည် ကျွန်ုပ်အား ဉာဏ်ပညာကို ပေးသနားတော်မူပါ။ ထို့ပြင် အရှင်မြတ်သည် ကျွန်ုပ်အား ကောင်းမြတ်သည့်သူများနှင့်အတူ ပေါင်းဖက်ပါဝင်စေတော်မူပါ။ وَٱجۡعَل لِّي لِسَانَ صِدۡقٍ فِي ٱلۡأٓخِرِينَ ٨٤ထို့ပြင် အရှင်မြတ်သည် ကျွန်ုပ်အတွက် နောင်လာနောက်သားများတွင် အမည်ကောင်းခြင်း (ကောင်းခြင်းဖြင့် ကျော်ကြားခြင်း)ကို* ပြုလုပ်ပေးသနားတော်မူပါ။ وَٱجۡعَلۡنِي مِن وَرَثَةِ جَنَّةِ ٱلنَّعِيمِ ٨٥ထို့ပြင် အရှင်မြတ်သည် ကျွန်ုပ်အား ကျေးဇူးတော်နှင့်ပြည့်စုံသော ဂျန္နသ်သုခဘုံ၏ အမွေစားအမွေခံများထဲမှ ပြုလုပ်တော်မူပါ။ وَٱغۡفِرۡ لِأَبِيٓ إِنَّهُۥ كَانَ مِنَ ٱلضَّآلِّينَ ٨٦ထို့ပြင် အရှင်မြတ်သည် ကျွန်ုပ်၏ဖခင်အား လွတ်ငြိမ်းချမ်းသာခွင့် ပေးသနားတော်မူပါ။* အမှန်စင်စစ် သူသည် လမ်းလွဲသူများထဲတွင် အပါအဝင်ဖြစ်ပါသည်။ وَلَا تُخۡزِنِي يَوۡمَ يُبۡعَثُونَ ٨٧ထို့ပြင် အရှင်မြတ်သည် ရှင်ပြန်ထရမည့်နေ့တွင် ကျွန်ုပ်အား အရှက်တကွဲ ဖြစ်စေတော်မမူပါနှင့်။ يَوۡمَ لَا يَنفَعُ مَالٌ وَلَا بَنُونَ ٨٨ထိုနေ့တွင် ပစ္စည်းဥစ္စာနှင့်သား(သမီး)များသည် အသုံးဝင်မည် မဟုတ်ပေ။ إِلَّا مَنۡ أَتَى ٱللَّهَ بِقَلۡبٍ سَلِيمٍ ٨٩သို့ရာတွင် အရှင်မြတ်ထံတော်သို့ စင်ကြယ်သန့်ရှင်းသော စိတ်နှလုံးနှင့်တကွ ရောက်လာခဲ့သည့်သူသာ (လွတ်မြောက်မည်)။ وَأُزۡلِفَتِ ٱلۡجَنَّةُ لِلۡمُتَّقِينَ ٩٠ထို့ပြင် ဂျန္နသ်သုခဘုံသည် ကြောက်ရွံ့အပြစ်ရှောင် ကောင်းကျိုးဆောင်သူများနှင့် နီးကပ်စွာ ထားမည်ဖြစ်သည်။ وَبُرِّزَتِ ٱلۡجَحِيمُ لِلۡغَاوِينَ ٩١ထို့ပြင် ဂျဟန္နမ်ငရဲသည် လမ်းလွဲသည့်သူများ၏ရှေ့၌ ထင်ရှားစေခြင်းခံရမည်။ وَقِيلَ لَهُمۡ أَيۡنَ مَا كُنتُمۡ تَعۡبُدُونَ ٩٢ထို့ပြင် သူတို့သည် ပြောဆိုခြင်းခံကြရမည်- အသင်တို့ ကိုးကွယ်လျက်ရှိခဲ့ကြသော ကိုးကွယ်ရာများသည် မည်သည့်နေရာတွင် ရှိကြသနည်း။ مِن دُونِ ٱللَّهِ هَلۡ يَنصُرُونَكُمۡ أَوۡ يَنتَصِرُونَ ٩٣အလ္လာဟ်အရှင်မြတ်အား စွန့်ပြီး အသင်တို့ (ကိုးကွယ်ခဲ့ကြသည့်) ကိုးကွယ်ရာများသည် အသင်တို့ကို ကူညီနို်င်ကြသလော။ သို့မဟုတ် သူတို့သည် သူတို့ကိုယ်တိုင်ကိုရော ကယ်တင်နိုင်ကြသလော။ فَكُبۡكِبُواْ فِيهَا هُمۡ وَٱلۡغَاوُۥنَ ٩٤ထို့ပြင် သူတို့နှင့် လမ်းလွဲသည့်သူများကို ဂျဟန္နမ်ငရဲထဲတွင် စောက်ထိုးပစ်ချခြင်းခံကြရမည်။ وَجُنُودُ إِبۡلِيسَ أَجۡمَعُونَ ٩٥ထို့ပြင် အိဗ်လီစ်၏စစ်တပ်အားလုံးလည်း (ပစ်ချခံကြရမည်)။ قَالُواْ وَهُمۡ فِيهَا يَخۡتَصِمُونَ ٩٦သူတို့သည် ထို(ငရဲ)ထဲတွင် ငြင်းခုံလျက်(သူတို့၏ကိုးကွယ်ရာများအား)ပြောဆိုကြမည်။ تَٱللَّهِ إِن كُنَّا لَفِي ضَلَٰلٍ مُّبِينٍ ٩٧အလ္လာဟ်အရှင်မြတ်အား တိုင်တည်ကျိန်ဆိုပါသည်၊ အမှန်စင်စစ် ကျွန်ုပ်တို့သည် အလွန်ထင်ရှားလှသော လမ်းလွဲမှု၌ပင် ရှိခဲ့ကြသည်။ إِذۡ نُسَوِّيكُم بِرَبِّ ٱلۡعَٰلَمِينَ ٩٨တစ်ခါက ကျွန်ုပ်တို့သည် (ကိုးကွယ်ရာအတုများဖြစ်သည့်) အသင်တို့ကို စကြဝဠာအပေါင်းအား ဖန်ဆင်မွေးမြူတော်မူသောအရှင်မြတ်နှင့်အတူ ဂုဏ်ရည်တူများ ပြုလုပ်လျက်ရှိခဲ့ကြသည်။ وَمَآ أَضَلَّنَآ إِلَّا ٱلۡمُجۡرِمُونَ ٩٩ထို့ပြင် ကျွန်ုပ်တို့အား ပြစ်မှုကျူးလွန်သည့်သူများကပင် လမ်းလွဲစေခဲ့ကြသည်။ فَمَا لَنَا مِن شَٰفِعِينَ ١٠٠သို့ဖြစ်ရာ ကျွန်ုပ်တို့အတွက် ကြားဝင်အသနားခံပေးမည့်သူ မည်သူမျှ မရှိတော့ပေ။ وَلَا صَدِيقٍ حَمِيمٍ ١٠١ထို့ပြင် ရင်းနှီးသောမိတ်ဆွေလည်း မည်သူမျှ မရှိတော့ပေ။ فَلَوۡ أَنَّ لَنَا كَرَّةً فَنَكُونَ مِنَ ٱلۡمُؤۡمِنِينَ ١٠٢သို့ဖြစ်ရာ အကယ်၍ ကျွန်ုပ်တို့အတွက် (လောကကို) နောက်တစ်ကြိမ် ပြန်သွားခွင့်ရရှိကြမည်ဆိုလျှင် ကောင်းလေစွ။ သို့ဖြစ်လျှင် ကျွန်ုပ်တို့သည် အီမာန်ယုံကြည်သူများထဲတွင် ဖြစ်ကြမည်။ إِنَّ فِي ذَٰلِكَ لَأٓيَةًۖ وَمَا كَانَ أَكۡثَرُهُم مُّؤۡمِنِينَ ١٠٣အမှန်စင်စစ် ထိုအထဲတွင် ကြီးကျယ်သော သက်သေလက္ခဏာတစ်ခုရှိသည်။ ထို့ပြင် သူတို့ထဲမှ အများစုသည် ယုံကြည်ကြမည့်သူများ မဟုတ်ခဲ့ကြပေ။ وَإِنَّ رَبَّكَ لَهُوَ ٱلۡعَزِيزُ ٱلرَّحِيمُ ١٠٤ထို့ပြင် အမှန်စင်စစ် အသင့်အား ဖန်ဆင်းမွေးမြူတော်မူသောအရှင်မြတ်သည် တန်ခိုးတော်နှင့် အလွန်လွှမ်းမိုးတော်မူသောအရှင်၊ အလွန်သနားကြင်နာတော်မူသောအရှင် အမှန်ပင် ဖြစ်တော်မူသည်။ كَذَّبَتۡ قَوۡمُ نُوحٍ ٱلۡمُرۡسَلِينَ ١٠٥(တမန်တော်)နူးဟ်၏အမျိုးသားများသည် တမန်တော်များအား မဟုတ်မမှန်ဟု စွပ်စွဲငြင်းပယ်ခဲ့ကြသည်။ إِذۡ قَالَ لَهُمۡ أَخُوهُمۡ نُوحٌ أَلَا تَتَّقُونَ ١٠٦တစ်ခါက သူတို့အား သူတို့၏နောင်တော် (တမန်တော်)နူးဟ်က ပြောကြားခဲ့သည်။ အသင်တို့သည် (အလ္လာဟ်အရှင်မြတ်အား) မကြောက်ရွံ့ကြသလော။ إِنِّي لَكُمۡ رَسُولٌ أَمِينٌ ١٠٧အမှန်စင်စစ် ကျွန်ုပ်သည် အသင်တို့အတွက် ယုံကြည်စိတ်ချရသော တမန်တော်တစ်ပါးဖြစ်သည်။ فَٱتَّقُواْ ٱللَّهَ وَأَطِيعُونِ ١٠٨သို့ဖြစ်ရာ အသင်တို့သည် အလ္လာဟ်အရှင်မြတ်အား ကြောက်ရွံ့ကြပါ။ ထို့ပြင် အသင်တို့သည် ကျွန်ုပ်၏အမိန့်ကို လိုက်နာကြပါ။ وَمَآ أَسۡـَٔلُكُمۡ عَلَيۡهِ مِنۡ أَجۡرٍۖ إِنۡ أَجۡرِيَ إِلَّا عَلَىٰ رَبِّ ٱلۡعَٰلَمِينَ ١٠٩ထို့ပြင် ကျွန်ုပ်သည် ဤအလုပ်အပေါ်တွင် အသင်တို့ထံမှ မည်သည့်အကျိုးတစ်ခုမျှ တောင်းဆိုခြင်းမရှိပေ။ ကျွန်ုပ်ကို အကျိုးပေးရန်တာဝန်သည် စကြဝဠာအပေါင်းအား ဖန်ဆင်မွေးမြူတော်မူသော အရှင်မြတ်အပေါ်တွင်သာရှိသည်။ فَٱتَّقُواْ ٱللَّهَ وَأَطِيعُونِ ١١٠သို့ဖြစ်ရာ အသင်တို့သည် အလ္လာဟ်အရှင်မြတ်အား ကြောက်ရွံ့ကြပါ။ ထို့ပြင် အသင်တို့သည် ကျွန်ုပ်၏အမိန့်ကို လိုက်နာကြပါ။ ۞ قَالُوٓاْ أَنُؤۡمِنُ لَكَ وَٱتَّبَعَكَ ٱلۡأَرۡذَلُونَ ١١١သူတို့က ပြောဆိုကြသည်- ကျွန်ုပ်တို့သည် အသင့်အား ယုံကြည်ရမည်လော။ ထို့ပြင်လည်း ဂုဏ်သရေသေးသိမ်သည့်သူများသာ အသင်၏နောက်လိုက်များ ဖြစ်နေကြပြန်သည်။ قَالَ وَمَا عِلۡمِي بِمَا كَانُواْ يَعۡمَلُونَ ١١٢၎င်း(တမန်တော်နူးဟ်)က ပြောသည်- ထို့ပြင် ကျွန်ုပ် သူတို့၏အလုပ်အကိုင်နှင့်ပတ်သက်၍ မည်သို့သိမည်နည်း။ إِنۡ حِسَابُهُمۡ إِلَّا عَلَىٰ رَبِّيۖ لَوۡ تَشۡعُرُونَ ١١٣သူတို့အား စစ်ဆေးရန်တာဝန်သည် ကျွန်ုပ်အား ဖန်ဆင်မွေးမြူတော်မူသော အရှင်မြတ်အပေါ်တွင်သာ ရှိသည်ကို အသင်တို့သိကြလျှင် ကောင်းလေစွ။ وَمَآ أَنَا۠ بِطَارِدِ ٱلۡمُؤۡمِنِينَ ١١٤ထို့ပြင် ကျွန်ုပ်သည် အီမာန်ယုံကြည်သူများကို နှင်ထုတ်မည့်သူ မဟုတ်ပေ။ إِنۡ أَنَا۠ إِلَّا نَذِيرٌ مُّبِينٌ ١١٥ကျွန်ုပ်သည် ရှင်းလင်းစွာ သတိပေးနှိုးဆော်သူတစ်ဦးသာဖြစ်သည်။ قَالُواْ لَئِن لَّمۡ تَنتَهِ يَٰنُوحُ لَتَكُونَنَّ مِنَ ٱلۡمَرۡجُومِينَ ١١٦သူတို့က ပြောဆိုကြသည်- အို- နူးဟ်၊ အကယ်၍ အသင်သည် မရပ်တန့်ခဲ့လျှင် အမှန်ပင် အသင်သည် ခဲပစ်ပေါက်(၍ သတ်ဖြတ်)ခြင်း ခံရမည့်သူများထဲတွင် အပါအဝင် ဖြစ်သွားမည်။ قَالَ رَبِّ إِنَّ قَوۡمِي كَذَّبُونِ ١١٧၎င်း(တမန်တော်နူးဟ်)က ပြောဆိုလျှောက်ထားသည်- အို- ကျွန်ုပ်အား ဖန်ဆင်မွေးမြူတော်မူသော အရှင်မြတ်၊ အမှန်စင်စစ် ကျွန်ုပ်၏အမျိုးသားများသည် ကျွန်ုပ်အား မဟုတ်မမှန်ဟု စွပ်စွဲငြင်းပယ်ခဲ့ကြပြီဖြစ်ပါသည်။ فَٱفۡتَحۡ بَيۡنِي وَبَيۡنَهُمۡ فَتۡحًا وَنَجِّنِي وَمَن مَّعِيَ مِنَ ٱلۡمُؤۡمِنِينَ ١١٨သို့ဖြစ်ရာ အရှင်မြတ်သည် ကျွန်ုပ်နှင့် သူတို့ကြားတွင် ထင်ရှားသော အဆုံးအဖြတ်ကို စီရင်ဆုံးဖြတ်ပေးတော်မူပါ။ ထို့ပြင် အရှင်မြတ်သည် ကျွန်ုပ်ကိုသာမက ကျွန်ုပ်နှင့်အတူရှိသော အီမာန်ယုံကြည်သူများကိုလည်း ကယ်တင်တော်မူပါ။ فَأَنجَيۡنَٰهُ وَمَن مَّعَهُۥ فِي ٱلۡفُلۡكِ ٱلۡمَشۡحُونِ ١١٩သို့ဖြစ်ရာ ငါအရှင်မြတ်သည် (တမန်တော်)နူးဟ်ကိုသာမက ၎င်းနှင့်အတူ ဝန်အပြည့်တင်ထားသော သဘေင်္ာပေါ်တွင် ပါလာကြသော အီမာန်ယုံကြည်သူများကိုလည်း ကယ်တင်တော်မူခဲ့သည်။ ثُمَّ أَغۡرَقۡنَا بَعۡدُ ٱلۡبَاقِينَ ١٢٠ထို့နောက် ငါအရှင်မြတ်သည် ကျန်ရှိသူများကို နှစ်မြှုပ်တော်မူခဲ့သည်။ إِنَّ فِي ذَٰلِكَ لَأٓيَةًۖ وَمَا كَانَ أَكۡثَرُهُم مُّؤۡمِنِينَ ١٢١အမှန်စင်စစ် ထိုအထဲတွင် ကြီးကျယ်သော သက်သေသာဓကရှိသည်။ ထို့ပြင် သူတို့ထဲမှ အများစုသည် အီမာန်ယုံကြည်ကြမည့်သူများ မဟုတ်ခဲ့ကြပေ။ وَإِنَّ رَبَّكَ لَهُوَ ٱلۡعَزِيزُ ٱلرَّحِيمُ ١٢٢ထို့ပြင် အမှန်စင်စစ် အသင့်အား ဖန်ဆင်းမွေးမြူတော်မူသောအရှင်မြတ်သည် တန်ခိုးတော်နှင့် အလွန်လွှမ်းမိုးတော်မူသောအရှင်၊ အလွန်သနားကြင်နာတော်မူသောအရှင် အမှန်ပင် ဖြစ်တော်မူသည်။ كَذَّبَتۡ عَادٌ ٱلۡمُرۡسَلِينَ ١٢٣အာဒ်အမျိုးသားများလည်း တမန်တော်များကို မဟုတ်မမှန်ဟု စွပ်စွဲငြင်းပယ်ခဲ့ကြသည်။ إِذۡ قَالَ لَهُمۡ أَخُوهُمۡ هُودٌ أَلَا تَتَّقُونَ ١٢٤တစ်ခါက သူတို့၏နောင်တော် (တမန်တော်)ဟူဒ်က သူတို့ကို ပြောကြားခဲ့သည်- အသင်တို့သည် (အလ္လာဟ်အရှင်မြတ်အား) မကြောက်ကြလေသလော။ إِنِّي لَكُمۡ رَسُولٌ أَمِينٌ ١٢٥အမှန်စင်စစ် ကျွန်ုပ်သည် အသင်တို့အတွက် ယုံကြည်စိတ်ချရသော တမန်တော်တစ်ပါးဖြစ်သည်။ فَٱتَّقُواْ ٱللَّهَ وَأَطِيعُونِ ١٢٦သို့ဖြစ်ရာ အသင်တို့သည် အလ္လာဟ်အရှင်မြတ်အား ကြောက်ရွံ့ကြပါ။ ထို့ပြင် အသင်တို့သည် ကျွန်ုပ်၏အမိန့်ကို လိုက်နာကြပါ။ وَمَآ أَسۡـَٔلُكُمۡ عَلَيۡهِ مِنۡ أَجۡرٍۖ إِنۡ أَجۡرِيَ إِلَّا عَلَىٰ رَبِّ ٱلۡعَٰلَمِينَ ١٢٧ထို့ပြင် ကျွန်ုပ်သည် ဤအလုပ်အပေါ်တွင် အသင်တို့ထံမှ မည်သည့်အကျိုးတစ်ခုမျှ တောင်းဆိုခြင်းမရှိပေ။ ကျွန်ုပ်အား အကျိုးပေးရန်တာဝန်သည် စကြဝဠာအပေါင်းအား ဖန်ဆင်မွေးမြူတော်မူသော အရှင်မြတ်အပေါ်တွင်သာရှိသည်။ أَتَبۡنُونَ بِكُلِّ رِيعٍ ءَايَةً تَعۡبَثُونَ ١٢٨အသင်တို့သည် ကုန်းမြင့်တိုင်းတွင် အထိမ်းအမှတ်တစ်ခု အကျိုးမဲ့တည်ဆောက်ကြသလော။ وَتَتَّخِذُونَ مَصَانِعَ لَعَلَّكُمۡ تَخۡلُدُونَ ١٢٩ထို့ပြင် အသင်တို့သည် ကြီးကျယ်ခမ်းနားသော တိုက်တာဂေဟာများကို အသင်တို့ အမြဲနေထိုင်ကြရမည်ကဲ့သို့ တည်ဆောက်ကြသည်။ وَإِذَا بَطَشۡتُم بَطَشۡتُمۡ جَبَّارِينَ ١٣٠ထို့ပြင် အသင်တို့သည် ဖမ်းဆီးအရေးယူကြသည့်အခါ ရက်စက်ကြမ်းကြုတ်သူများအဖြစ် ဖမ်းဆီးအရေးယူကြသည်။ فَٱتَّقُواْ ٱللَّهَ وَأَطِيعُونِ ١٣١သို့ဖြစ်ရာ အသင်တို့သည် အလ္လာဟ်အရှင်မြတ်အား ကြောက်ရွံ့ကြပါ။ ထို့ပြင် အသင်တို့သည် ကျွန်ုပ်၏အမိန့်ကို လိုက်နာကြပါ။ وَٱتَّقُواْ ٱلَّذِيٓ أَمَدَّكُم بِمَا تَعۡلَمُونَ ١٣٢ထို့ပြင် အသင်တို့သည် အသင်တို့သိရှိသည့်အရာများနှင့် ကူညီစောင်မတော်မူခဲ့သော အကြင်အရှင်မြတ်အား ကြောက်ရွံ့ကြပါ။ أَمَدَّكُم بِأَنۡعَٰمٍ وَبَنِينَ ١٣٣ထိုအရှင်မြတ်သည် အသင်တို့အား ကျွဲ၊ နွား တိရစာ္ဆန်များနှင့် သား(သမီး)များဖြင့် ကူညီစောင်မတော်မူခဲ့သည်။ وَجَنَّٰتٍ وَعُيُونٍ ١٣٤ထို့ပြင် ဥယျာဉ်များနှင့် စမ်းချောင်းများဖြင့်လည်း (ကူညီတော်မူခဲ့သည်)။ إِنِّيٓ أَخَافُ عَلَيۡكُمۡ عَذَابَ يَوۡمٍ عَظِيمٍ ١٣٥အမှန်စင်စစ် ကျွန်ုပ်သည် အသင်တို့နှင့်ပတ်သက်၍ ကြီးကျယ်လှသည့်နေ့၏ပြစ်ဒဏ်ကို စိုးရိမ်မိသည်။ قَالُواْ سَوَآءٌ عَلَيۡنَآ أَوَعَظۡتَ أَمۡ لَمۡ تَكُن مِّنَ ٱلۡوَٰعِظِينَ ١٣٦သူတို့က ပြောဆိုခဲ့ကြသည်- အသင်သည် ဆုံးမသည်ဖြစ်စေ၊ မဆုံးမဘဲနေသည်ဖြစ်စေ၊ ကျွန်ုပ်တို့အတွက် အတူတူပင်ဖြစ်သည်။ (မည်သည့်အကြောင်းမှ ထူးမည်မဟုတ်ပေ)။ إِنۡ هَٰذَآ إِلَّا خُلُقُ ٱلۡأَوَّلِينَ ١٣٧ဤသည် ရှေးယခင်ကလူများ၏ ဓလေ့ထုံးစံမျှသာဖြစ်သည်။ وَمَا نَحۡنُ بِمُعَذَّبِينَ ١٣٨ထို့ပြင် ကျွန်ုပ်တို့သည် ပြစ်ဒဏ်ပေးခြင်းခံရမည့်သူများ မဟုတ်ပေ။ فَكَذَّبُوهُ فَأَهۡلَكۡنَٰهُمۡۚ إِنَّ فِي ذَٰلِكَ لَأٓيَةًۖ وَمَا كَانَ أَكۡثَرُهُم مُّؤۡمِنِينَ ١٣٩ထို့နောက် သူတို့သည် (တမန်တော်)ဟူဒ်အား မဟုတ်မမှန်ဟု စွပ်စွဲငြင်းပယ်ခဲ့ကြသည့်အတွက် ငါအရှင်မြတ်သည် သူတို့အား ဖျက်ဆီးတော်မူခဲ့သည်။အမှန်စင်စစ် ထိုအထဲတွင် ကြီးကျယ်သော သက်သေသာဓကတစ်ခုရှိသည်။ ထို့ပြင် သူတို့ထဲမှ အများစုသည် အီမာန်ယုံကြည်ကြမည့်သူများ မဟုတ်ခဲ့ကြပေ။ وَإِنَّ رَبَّكَ لَهُوَ ٱلۡعَزِيزُ ٱلرَّحِيمُ ١٤٠ထို့ပြင် အမှန်စင်စစ် အသင့်အား ဖန်ဆင်းမွေးမြူတော်မူသောအရှင်မြတ်သည် တန်ခိုးတော်နှင့် အလွန်လွှမ်းမိုးတော်မူသောအရှင်၊ အလွန်သနားကြင်နာတော်မူသောအရှင် ဖြစ်တော်မူသည်။ كَذَّبَتۡ ثَمُودُ ٱلۡمُرۡسَلِينَ ١٤١ဆမူဒ်အမျိုးသားများသည်လည်း တမန်တော်များအား မဟုတ်မမှန်ဟု စွပ်စွဲငြင်းပယ်ခဲ့ကြသည်။ إِذۡ قَالَ لَهُمۡ أَخُوهُمۡ صَٰلِحٌ أَلَا تَتَّقُونَ ١٤٢တစ်ခါက သူတို့အား သူတို့၏နောင်တော် (တမန်တော်)စွာလိဟ်က ပြောဆိုခဲ့သည်- အသင်တို့သည် (အလ္လာဟ်အရှင်မြတ်အား) မကြောက်ကြလေသလော။ إِنِّي لَكُمۡ رَسُولٌ أَمِينٌ ١٤٣အမှန်စင်စစ် ကျွန်ုပ်သည် အသင်တို့အတွက် ယုံကြည်စိတ်ချရသော တမန်တော်တစ်ပါးဖြစ်သည်။ فَٱتَّقُواْ ٱللَّهَ وَأَطِيعُونِ ١٤٤သို့ဖြစ်ရာ အသင်တို့သည် အလ္လာဟ်အရှင်မြတ်အား ကြောက်ရွံ့ကြပါ။ ထို့ပြင် အသင်တို့သည် ကျွန်ုပ်၏အမိန့်ကို လိုက်နာကြပါ။ وَمَآ أَسۡـَٔلُكُمۡ عَلَيۡهِ مِنۡ أَجۡرٍۖ إِنۡ أَجۡرِيَ إِلَّا عَلَىٰ رَبِّ ٱلۡعَٰلَمِينَ ١٤٥ထို့ပြင် ကျွန်ုပ်သည် ဤအလုပ်အပေါ်တွင် အသင်တို့ထံမှ မည်သည့်အကျိုးတစ်ခုမျှ တောင်းဆိုခြင်းမရှိပေ။ ကျွန်ုပ်အား အကျိုးပေးရန်တာဝန်မှာ စကြဝဠာအပေါင်းအား ဖန်ဆင်မွေးမြူတော်မူသော အရှင်မြတ်အပေါ်တွင်သာရှိသည်။ أَتُتۡرَكُونَ فِي مَا هَٰهُنَآ ءَامِنِينَ ١٤٦အသင်တို့သည် ဤဘဝ၌ရှိသည့်အရာများထဲတွင် အေးချမ်းစွာ(နှင့် အမြဲနေထိုင်ရန်) စွန့်လွှတ်ထားခြင်းကို ခံကြရမည်လော။ فِي جَنَّٰتٍ وَعُيُونٍ ١٤٧ဥယျာဉ်များနှင့် စမ်းချောင်းများတွင်။ وَزُرُوعٍ وَنَخۡلٍ طَلۡعُهَا هَضِيمٌ ١٤٨ထို့ပြင် လယ်ယာများနှင့် စွန်ပလွံသီးအခိုင်များပြွတ်နေသော စွန်ပလွံခြံများတွင်။ وَتَنۡحِتُونَ مِنَ ٱلۡجِبَالِ بُيُوتًا فَٰرِهِينَ ١٤٩ထို့ပြင် အသင်တို့သည် တောင်များကို အိမ်များဖြစ်အောင် ကျွမ်းကျင်စွာ ထွင်းကြသည်။ فَٱتَّقُواْ ٱللَّهَ وَأَطِيعُونِ ١٥٠သို့ဖြစ်ရာ အသင်တို့သည် အလ္လာဟ်အရှင်မြတ်အား ကြောက်ရွံ့ကြပါ။ ထို့ပြင် အသင်တို့သည် ကျွန်ုပ်၏အမိန့်ကို လိုက်နာကြပါ။ وَلَا تُطِيعُوٓاْ أَمۡرَ ٱلۡمُسۡرِفِينَ ١٥١ထို့ပြင် အသင်တို့သည် စည်းကမ်းကျူးလွန်သူများ၏ အမိန့်ကို မလိုက်နာကြနှင့်။ ٱلَّذِينَ يُفۡسِدُونَ فِي ٱلۡأَرۡضِ وَلَا يُصۡلِحُونَ ١٥٢ထိုသူများသည် တိုင်းပြည်တွင် ဖျက်လိုဖျက်ဆီးပြုလုပ်ကြသည်။ ထို့ပြင် (တိုင်းပြည်ကို)ကောင်းမွန်အောင် မပြုပြင်ကြပေ။ قَالُوٓاْ إِنَّمَآ أَنتَ مِنَ ٱلۡمُسَحَّرِينَ ١٥٣သူတို့က ပြောဆိုခဲ့ကြသည်- အသင်သည် ပြင်းထန်စွာ စုန်းပြုစားခြင်းခံရသူတစ်ဦးသာဖြစ်သည်။ مَآ أَنتَ إِلَّا بَشَرٌ مِّثۡلُنَا فَأۡتِ بِـَٔايَةٍ إِن كُنتَ مِنَ ٱلصَّٰدِقِينَ ١٥٤အသင်သည် ကျွန်ုပ်တို့ကဲ့သို့ လူသားတစ်ဦးမှလွဲ၍ မည်သည့်အရာမျှ မဟုတ်ပေ။ သို့ဖြစ်ရာ အသင်သည် မှန်ကန်သူတစ်ဦးဖြစ်ခဲ့လျှင် သက်သေသာဓကတစ်ခု ယူဆောင်လာခဲ့ပါ။ قَالَ هَٰذِهِۦ نَاقَةٌ لَّهَا شِرۡبٌ وَلَكُمۡ شِرۡبُ يَوۡمٍ مَّعۡلُومٍ ١٥٥၎င်း(တမန်တော်စွာလိဟ်)က ပြောဆိုခဲ့သည်- ဤသည် ကုလားအုတ်မတစ်ကောင်ဖြစ်သည်။ သူ့အတွက် ရေသောက်ရန် အလှည့်တစ်လှည့်ရှိပြီး အသင်တို့အတွက်လည်း သတ်မှတ်ထားသော နေ့တစ်နေ့တွင် ရေသောက်ရန် အလှည့်တစ်လှည့်ရှိသည်။ وَلَا تَمَسُّوهَا بِسُوٓءٍ فَيَأۡخُذَكُمۡ عَذَابُ يَوۡمٍ عَظِيمٍ ١٥٦ထို့ပြင် အသင်တို့သည် ထိုကုလားအုတ်မကို မကောင်း(သာရည်ရွယ်ချက်)နှင့် မထိပါးကြနှင့်။ ထိုသို့ ထိပါးခဲ့လျှင် ကြီးကျယ်သည့်နေ့၏ပြစ်ဒဏ်သည် အသင်တို့ကို ဖမ်းဆီးကွပ်မျက်လိမ့်မည်။ فَعَقَرُوهَا فَأَصۡبَحُواْ نَٰدِمِينَ ١٥٧ထို့နောက် သူတို့သည် ကုလားအုတ်မ၏ခြေများကို ဖြတ်တောက်ခဲ့ကြသည်။ သို့ဖြစ်ရာ သူတို့သည် အရှက်တကွဲ နောင်တရမည့်သူများ ဖြစ်သွားခဲ့ကြသည်။ فَأَخَذَهُمُ ٱلۡعَذَابُۚ إِنَّ فِي ذَٰلِكَ لَأٓيَةًۖ وَمَا كَانَ أَكۡثَرُهُم مُّؤۡمِنِينَ ١٥٨သို့ဖြစ်ရာ ပြင်ဒဏ်သည် သူတို့ကို ဖမ်းဆီးကွပ်မျက်ခဲ့သည်။ အမှန်စင်စစ် ထိုအထဲတွင် ကြီးကျယ်သော သက်သေသာဓကတစ်ခုရှိသည်။ ထို့ပြင် သူတို့ထဲမှ အများစုသည် အီမာန်ယုံကြည်ကြမည့်သူများ မဟုတ်ခဲ့ကြပေ။ وَإِنَّ رَبَّكَ لَهُوَ ٱلۡعَزِيزُ ٱلرَّحِيمُ ١٥٩ထို့ပြင် အမှန်စင်စစ် အသင့်အား ဖန်ဆင်းမွေးမြူတော်မူသောအရှင်မြတ်သည် တန်ခိုးတော်နှင့် အလွန်လွှမ်းမိုးတော်မူသောအရှင်၊ အလွန်သနားကြင်နာတော်မူသောအရှင် အမှန်ပင် ဖြစ်တော်မူသည်။ كَذَّبَتۡ قَوۡمُ لُوطٍ ٱلۡمُرۡسَلِينَ ١٦٠(တမန်တော်)လူသွ်၏အမျိုးသားများသည် တမန်တော်များအား မဟုတ်မမှန်ဟု စွပ်စွဲငြင်းပယ်ခဲ့ကြသည်။ إِذۡ قَالَ لَهُمۡ أَخُوهُمۡ لُوطٌ أَلَا تَتَّقُونَ ١٦١တစ်ခါက သူတို့အား သူတို့၏နောင်တော် (တမန်တော်)လူသွ်က ပြောကြားခဲ့သည်- အသင်တို့သည် (အလ္လာဟ်အရှင်မြတ်အား) မကြောက်ကြလေသလော။ إِنِّي لَكُمۡ رَسُولٌ أَمِينٌ ١٦٢အမှန်စင်စစ် ကျွန်ုပ်သည် အသင်တို့အတွက် ယုံကြည်စိတ်ချရသော တမန်တော်တစ်ပါးဖြစ်သည်။ فَٱتَّقُواْ ٱللَّهَ وَأَطِيعُونِ ١٦٣သို့ဖြစ်ရာ အသင်တို့သည် အလ္လာဟ်အရှင်မြတ်အား ကြောက်ရွံ့ကြပါ။ ထို့ပြင် အသင်တို့သည် ကျွန်ုပ်၏အမိန့်ကို လိုက်နာကြပါ။ وَمَآ أَسۡـَٔلُكُمۡ عَلَيۡهِ مِنۡ أَجۡرٍۖ إِنۡ أَجۡرِيَ إِلَّا عَلَىٰ رَبِّ ٱلۡعَٰلَمِينَ ١٦٤ထို့ပြင် ကျွန်ုပ်သည် ဤအလုပ်အပေါ်တွင် အသင်တို့ထံမှ မည်သည့်အကျိုးတစ်ခုမျှ တောင်းဆိုခြင်းမရှိပေ။ ကျွန်ုပ်ကို အကျိုးပေးရန်တာဝန်မှာ စကြဝဠာအပေါင်းအား ဖန်ဆင်မွေးမြူတော်မူသော အရှင်မြတ်အပေါ်တွင်သာရှိသည်။ أَتَأۡتُونَ ٱلذُّكۡرَانَ مِنَ ٱلۡعَٰلَمِينَ ١٦٥အသင်တို့သည် ကမာ္ဘသူ ကမာ္ဘသားများထဲမှ ယောက်ျားများထံသို့ လာ(၍ ကာမလိုက်စား)ကြသလော။ وَتَذَرُونَ مَا خَلَقَ لَكُمۡ رَبُّكُم مِّنۡ أَزۡوَٰجِكُمۚ بَلۡ أَنتُمۡ قَوۡمٌ عَادُونَ ١٦٦ထို့ပြင် အသင်တို့သည် အသင်တို့အား ဖန်ဆင်းမွေးမြူတော်မူသော အရှင်မြတ်က အသင်တို့အတွက် ဖန်ဆင်းထားတော်မူသော ဇနီးမိန်းမများကိုမူ စွန့်ထားကြသလော။ အမှန်စင်စစ် အသင်တို့သည် စည်းကမ်းကျူးလွန်သော ယောက်ျားများပင် ဖြစ်ကြသည်။ قَالُواْ لَئِن لَّمۡ تَنتَهِ يَٰلُوطُ لَتَكُونَنَّ مِنَ ٱلۡمُخۡرَجِينَ ١٦٧သူတို့က ပြောဆိုခဲ့ကြသည်- အို- လူသွ်၊ အကယ်၍ အသင်သည် မရပ်တန့်ခဲ့လျှင် အမှန်ပင် အသင်သည် (တိုင်းပြည်က)နှင်ထုတ်ခံရမည့်သူတစ်ဦးဖြစ်သွားမည်။ قَالَ إِنِّي لِعَمَلِكُم مِّنَ ٱلۡقَالِينَ ١٦٨၎င်းက ပြောကြားခဲ့သည်- အမှန်စင်စစ် ကျွန်ုပ်သည် အသင်တို့၏လုပ်ရပ်ကို အလွန်စက်ဆုပ်သူတစ်ဦးပင် ဖြစ်သည်။ رَبِّ نَجِّنِي وَأَهۡلِي مِمَّا يَعۡمَلُونَ ١٦٩အို- ကျွန်ုပ်အား ဖန်ဆင်းမွေးမြူတော်မူသောအရှင်မြတ်၊ အရှင်မြတ်သည် ကျွန်ုပ်နှင့် ကျွန်ုပ်၏အိမ်သူအိမ်သား (နောက်လိုက်ငယ်သား)များကို သူတို့ပြုကျင့်နေကြသောအရာများမှ လွတ်ကင်းစေတော်မူပါ။ فَنَجَّيۡنَٰهُ وَأَهۡلَهُۥٓ أَجۡمَعِينَ ١٧٠သို့ဖြစ်ရာ ငါအရှင်မြတ်သည် ၎င်းနှင့် ၎င်း၏အိမ်သူအိမ်သား (တပည့်သား)အားလုံးကို ကယ်တင်တော်မူခဲ့သည်။ إِلَّا عَجُوزًا فِي ٱلۡغَٰبِرِينَ ١٧١သို့ရာတွင် အဖွားအိုတစ်ဦးမှာမူ နောက်တွင် ကျန်ရစ်ခဲ့သူများထဲတွင် ကျန်ရစ်ခဲ့သည်။ ثُمَّ دَمَّرۡنَا ٱلۡأٓخَرِينَ ١٧٢ထို့နောက် ငါအရှင်မြတ်သည် ကျန်သူအားလုံးကို ဖျက်ဆီးတော်မူခဲ့သည်။ وَأَمۡطَرۡنَا عَلَيۡهِم مَّطَرًاۖ فَسَآءَ مَطَرُ ٱلۡمُنذَرِينَ ١٧٣ထို့ပြင် ငါအရှင်မြတ်သည် သူတို့အပေါ်တွင် မိုးတစ်မျိုး(ခဲမိုး)ကို ရွာသွန်းစေတော်မူခဲ့သည်။ ထို့နောက် သတိပေးနှိုးဆော်ခြင်းခံကြရသူများ၏(အပေါ်တွင် ရွာသွန်းချခဲ့သည့်)မိုးသည် အလွန်ဆိုးရွားလှသည်။ إِنَّ فِي ذَٰلِكَ لَأٓيَةًۖ وَمَا كَانَ أَكۡثَرُهُم مُّؤۡمِنِينَ ١٧٤အမှန်စင်စစ် ထိုအထဲတွင် ကြီးကျယ်သော သက်သေသာဓကတစ်ခုရှိသည်။ ထို့ပြင် သူတို့ထဲမှ အများစုသည် အီမာန်ယုံကြည်ကြမည့်သူများ မဟုတ်ခဲ့ကြပေ။ وَإِنَّ رَبَّكَ لَهُوَ ٱلۡعَزِيزُ ٱلرَّحِيمُ ١٧٥ထို့ပြင် အမှန်စင်စစ် အသင့်အား ဖန်ဆင်းမွေးမြူတော်မူသောအရှင်မြတ်သည် တန်ခိုးတော်နှင့် အလွန်လွှမ်းမိုးတော်မူသောအရှင်၊ အလွန်သနားကြင်နာတော်မူသောအရှင် အမှန်ပင် ဖြစ်တော်မူသည်။ كَذَّبَ أَصۡحَٰبُ لۡـَٔيۡكَةِ ٱلۡمُرۡسَلِينَ ١٧٦တောအုပ်တွင် နေထိုင်ကြသောအမျိုးသားများသည် တမန်တော်များအား မဟုတ်မမှန်ဟု စွပ်စွဲငြင်းပယ်ခဲ့ကြသည်။ إِذۡ قَالَ لَهُمۡ شُعَيۡبٌ أَلَا تَتَّقُونَ ١٧٧တစ်ခါက သူတို့အား (တမန်တော်)ရှုအိုင်ဗ်က ပြောကြားခဲ့သည်၊ အသင်တို့သည် (အလ္လာဟ်အရှင်မြတ်အား) မကြောက်ကြလေသလော။ إِنِّي لَكُمۡ رَسُولٌ أَمِينٌ ١٧٨အမှန်စင်စစ် ကျွန်ုပ်သည် အသင်တို့အတွက် ယုံကြည်စိတ်ချရသော တမန်တော်တစ်ပါးဖြစ်သည်။ فَٱتَّقُواْ ٱللَّهَ وَأَطِيعُونِ ١٧٩သို့ဖြစ်ရာ အသင်တို့သည် အလ္လာဟ်အရှင်မြတ်အား ကြောက်ရွံ့ကြပါ။ ထို့ပြင် အသင်တို့သည် ကျွန်ုပ်၏အမိန့်ကို လိုက်နာကြပါ။ وَمَآ أَسۡـَٔلُكُمۡ عَلَيۡهِ مِنۡ أَجۡرٍۖ إِنۡ أَجۡرِيَ إِلَّا عَلَىٰ رَبِّ ٱلۡعَٰلَمِينَ ١٨٠ထို့ပြင် ကျွန်ုပ်သည် ဤအလုပ်အပေါ်တွင် အသင်တို့ထံမှ မည်သည့်အကျိုးတစ်ခုမျှ တောင်းဆိုခြင်းမရှိပေ။ ကျွန်ုပ်အား အကျိုးပေးရန်တာဝန်မှာ စကြဝဠာအပေါင်းအား ဖန်ဆင်မွေးမြူတော်မူသော အရှင်မြတ်အပေါ်တွင်သာရှိသည်။ ۞ أَوۡفُواْ ٱلۡكَيۡلَ وَلَا تَكُونُواْ مِنَ ٱلۡمُخۡسِرِينَ ١٨١အသင်တို့သည် အခြင်အတွယ်ကို အပြည့်(ခြင်ပြီး)ပေးကြပါ။ ထို့ပြင် အသင်တို့သည် (သူတစ်ပါးအား) လျော့နည်းဆုံးရှုံးအောင် လုပ်သည့်သူများ မဖြစ်ကြနှင့်။ وَزِنُواْ بِٱلۡقِسۡطَاسِ ٱلۡمُسۡتَقِيمِ ١٨٢ထို့ပြင် အသင်တို့သည် မှန်ကန်သော ချိန်ခွင်နှင့် ချိန်တွယ်ကြပါ။ وَلَا تَبۡخَسُواْ ٱلنَّاسَ أَشۡيَآءَهُمۡ وَلَا تَعۡثَوۡاْ فِي ٱلۡأَرۡضِ مُفۡسِدِينَ ١٨٣ထို့ပြင် အသင်တို့သည် လူများအား သူတို့၏ပစ္စည်းများကို လျှော့၍မပေးကြနှင့်။ ထို့ပြင် အသင်တို့သည် တိုင်းပြည်တွင် ဖျက်ဆီးသူများအဖြစ် သွားလာလှုပ်ရှား သောင်းကျန်းမှု မပြုကြနှင့်။ وَٱتَّقُواْ ٱلَّذِي خَلَقَكُمۡ وَٱلۡجِبِلَّةَ ٱلۡأَوَّلِينَ ١٨٤ထို့ပြင် အသင်တို့သည် အသင်တို့နှင့် အသင်တို့မတိုင်မီ အဖန်ဆင်းခံများကို ဖန်ဆင်းမွေးမြူတော်မူသောအရှင်အား ကြောက်ရွံ့ကြပါ။ قَالُوٓاْ إِنَّمَآ أَنتَ مِنَ ٱلۡمُسَحَّرِينَ ١٨٥သူတို့က ပြောဆိုခဲ့ကြသည်- အသင်သည် ပြင်းထန်စွာ စုန်းပြုစားခြင်းခံရသူတစ်ဦးသာဖြစ်သည်။ وَمَآ أَنتَ إِلَّا بَشَرٌ مِّثۡلُنَا وَإِن نَّظُنُّكَ لَمِنَ ٱلۡكَٰذِبِينَ ١٨٦ထို့ပြင် အသင်သည် ကျွန်ုပ်တို့ကဲ့သို့ပင် လူသားတစ်ဦးမှလွဲ၍ မည်သည့်အရာမျှ မဟုတ်ပေ။ ထို့ပြင် အမှန်စင်စစ် ကျွန်ုပ်တို့သည် အသင့်အား လိမ်လည်သူတစ်ဦးဖြစ်သည်ဟုပင် ထင်မှတ်ကြသည်။ فَأَسۡقِطۡ عَلَيۡنَا كِسَفًا مِّنَ ٱلسَّمَآءِ إِن كُنتَ مِنَ ٱلصَّٰدِقِينَ ١٨٧သို့ဖြစ်ရာ အသင်သည် မှန်ကန်သူများထဲမှဖြစ်လျှင် ကျွန်ုပ်တို့အပေါ်တွင် မိုးကောင်းကင်မှ အစိတ်အပိုင်းတစ်စုံတစ်ခု ကျလာအောင် အသင် ပြုလုပ်ပါ။ قَالَ رَبِّيٓ أَعۡلَمُ بِمَا تَعۡمَلُونَ ١٨٨၎င်းက ပြောကြားခဲ့သည်- ကျွန်ုပ်အား ဖန်ဆင်းမွေးမြူတော်မူသောအရှင်မြတ်သည် အသင်တို့ပြုလုပ်ကြသည်များကို အသိဆုံးအရှင်မြတ် ဖြစ်တော်မူသည်။ فَكَذَّبُوهُ فَأَخَذَهُمۡ عَذَابُ يَوۡمِ ٱلظُّلَّةِۚ إِنَّهُۥ كَانَ عَذَابَ يَوۡمٍ عَظِيمٍ ١٨٩ထို့နောက် သူတို့သည် ၎င်းအား မဟုတ်မမှန်ဟု စွပ်စွဲငြင်းပယ်ခဲ့ကြသည့်အတွက် တိမ်အရိပ်များကျလာသည့်နေ့၏ပြစ်ဒဏ်သည် သူတို့အား ဖမ်းဆီးကွပ်မျက်ခဲ့သည်။ အမှန်စင်စစ် ထိုပြစ်ဒဏ်သည် ကြီးကျယ်သည့်နေ့၏ပြစ်ဒဏ်ပင် ဖြစ်ခဲ့သည်။ إِنَّ فِي ذَٰلِكَ لَأٓيَةًۖ وَمَا كَانَ أَكۡثَرُهُم مُّؤۡمِنِينَ ١٩٠အမှန်စင်စစ် ထိုအထဲတွင် ကြီးကျယ်သော သက်သေသာဓကရှိသည်။ ထို့ပြင် သူတို့ထဲမှ အများစုသည် အီမာန်ယုံကြည်ကြမည့်သူများ မဟုတ်ခဲ့ကြပေ။ وَإِنَّ رَبَّكَ لَهُوَ ٱلۡعَزِيزُ ٱلرَّحِيمُ ١٩١ထို့ပြင် အမှန်စင်စစ် အသင့်အား ဖန်ဆင်းမွေးမြူတော်မူသောအရှင်မြတ်သည် တန်ခိုးတော်နှင့် အလွန်လွှမ်းမိုးတော်မူသောအရှင်၊ အလွန်သနားကြင်နာတော်မူသောအရှင် အမှန်ပင် ဖြစ်တော်မူသည်။ وَإِنَّهُۥ لَتَنزِيلُ رَبِّ ٱلۡعَٰلَمِينَ ١٩٢ထို့ပြင် အမှန်စင်စစ် ဤ(ကုရ်အာန်ကျမ်းတော်မြတ်)သည် စကြဝဠာအပေါင်းအား ဖန်ဆင်မွေးမြူတော်မူသော အရှင်မြတ်က ချပေးတော်မူသောအရာ(ကျမ်းဂန်)ဖြစ်သည်။ نَزَلَ بِهِ ٱلرُّوحُ ٱلۡأَمِينُ ١٩٣ယုံကြည်စိတ်ချရသော ဝိညာဉ်တော်(ကောင်းကင်တမန် ဂျိဗ်ရီလ်)သည် ထို(ကုရ်အာန်)ကို ယူဆောင်ချပေးခဲ့ခြင်းဖြစ်သည်။ عَلَىٰ قَلۡبِكَ لِتَكُونَ مِنَ ٱلۡمُنذِرِينَ ١٩٤အသင်၏စိတ်နှလုံးအပေါ်တွင် အသင်သည် သတိပေးနှိုးဆော်သူများထဲမှ ဖြစ်ရန်အတွက် (ချပေးခဲ့ခြင်းဖြစ်သည်)။ بِلِسَانٍ عَرَبِيٍّ مُّبِينٍ ١٩٥ရှင်းလင်းထင်ရှားသော အရဗီစကားဖြင့်။ وَإِنَّهُۥ لَفِي زُبُرِ ٱلۡأَوَّلِينَ ١٩٦ထို့ပြင် အမှန်စင်စစ် ၎င်း(ကုရ်အာန် ကျမ်းတော်မြတ်၏အကြောင်း)မှာ ရှေးဟောင်းလူများ၏ ကျမ်းများထဲတွင်လည်းပါရှိသည်။ أَوَلَمۡ يَكُن لَّهُمۡ ءَايَةً أَن يَعۡلَمَهُۥ عُلَمَٰٓؤُاْ بَنِيٓ إِسۡرَٰٓءِيلَ ١٩٧အစ္စရာအီလ်မျိုးနွယ်ဝင်များထဲမှ ပညာရှင်များက ၎င်း(ကုရ်အာန်ကျမ်းတော်မြတ်)ကို သိရှိကြခြင်းသည် သူတို့(ကုရိုင်းရှ်မျိုးနွယ်ဝင်များ)အတွက် သက်သေသာဓက မဖြစ်ခဲ့သလော။ وَلَوۡ نَزَّلۡنَٰهُ عَلَىٰ بَعۡضِ ٱلۡأَعۡجَمِينَ ١٩٨ထို့ပြင် အကယ်၍ ငါအရှင်မြတ်သည် ၎င်း(ကုရ်အာန်ကျမ်းတော်မြတ်)ကို အရဗ် အမျိုးသားမဟုတ်သူတစ်ဦးတစ်ယောက်၏အပေါ်တွင် ချပေးတော်မူခဲ့လျှင်။ فَقَرَأَهُۥ عَلَيۡهِم مَّا كَانُواْ بِهِۦ مُؤۡمِنِينَ ١٩٩ထို့ပြင် ထိုသူက သူတို့(ကုရိုင်းရှ်မျိုးနွယ်ဝင်များ)၏ရှေ့၌ ထိုအရာကို ဖတ်ကြားခဲ့လျှင်လည်း သူတို့သည် ၎င်း(ကုရ်အာန်ကျမ်းတော်မြတ်)ကို ယုံကြည်ကြမည့်သူများ မဟုတ်ကြပေ။ كَذَٰلِكَ سَلَكۡنَٰهُ فِي قُلُوبِ ٱلۡمُجۡرِمِينَ ٢٠٠ဤသို့ပင် ငါအရှင်မြတ်သည် အပြစ်ကျူးလွန်သူများ၏စိတ်ထဲတွင် ထိုငြင်းပယ်မှုကို ထည့်သွင်းတော်မူခဲ့သည်။ لَا يُؤۡمِنُونَ بِهِۦ حَتَّىٰ يَرَوُاْ ٱلۡعَذَابَ ٱلۡأَلِيمَ ٢٠١သူတို့သည် နာကျင်စေသောပြစ်ဒဏ်ကို မမြင်မချင်း ၎င်း(ကုရ်အာန်ကျမ်းတော်မြတ်)ကို ယုံကြည်ကြမည် မဟုတ်ပေ။ فَيَأۡتِيَهُم بَغۡتَةً وَهُمۡ لَا يَشۡعُرُونَ ٢٠٢ထို့ပြင် ထိုပြစ်ဒဏ်သည် သူတို့ထံသို့ သူတို့ မေ့လျော့နေလျက်ရှိသည့်အခါတွင် ရုတ်တရက် ရောက်လာလိမ့်မည်။ فَيَقُولُواْ هَلۡ نَحۡنُ مُنظَرُونَ ٢٠٣သို့ဖြစ်ရာ သူတို့က ကျွန်ုပ်တို့သည် ဆိုင်းငံ့ခွင့် ရရှိနိုင်ဦးမည်လောဟု ပြောဆိုကြမည်။ أَفَبِعَذَابِنَا يَسۡتَعۡجِلُونَ ٢٠٤သို့ဖြစ်ပါလျက် သူတို့က ငါအရှင်မြတ်၏ပြစ်ဒဏ်ကို အလျင်စလို တောင်းဆိုနေကြသလော။ أَفَرَءَيۡتَ إِن مَّتَّعۡنَٰهُمۡ سِنِينَ ٢٠٥အသင် မည်ကဲ့သို့ ယူဆမည်နည်း၊ အကယ်၍ ငါအရှင်မြတ်သည် သူတို့အား နှစ်ကာလရှည်လျားစွာ အကျိုးခံစားခွင့်ပေးတော်မူခဲ့လျှင်။ ثُمَّ جَآءَهُم مَّا كَانُواْ يُوعَدُونَ ٢٠٦ထို့နောက် သူတို့ ချိန်းဆိုခံကြရသည့်အရာ(ပြစ်ဒဏ်)သည် သူတို့ထံသို့ ရောက်လာခဲ့လျှင်။ مَآ أَغۡنَىٰ عَنۡهُم مَّا كَانُواْ يُمَتَّعُونَ ٢٠٧(ထိုအခါ) သူတို့အတွက် သူတို့ အကျိုးခံစားခွင့်ရရှိခဲ့ကြသည့်အရာများသည် မည်သည့်အရာမျှ အသုံးဝင်မည် မဟုတ်ပေ။ وَمَآ أَهۡلَكۡنَا مِن قَرۡيَةٍ إِلَّا لَهَا مُنذِرُونَ ٢٠٨ထို့ပြင် ငါအရှင်မြတ် ဖျက်ဆီးတော်မူခဲ့သောမြို့ရွာတိုင်းတွင် သတိပေးနှိုးဆော်သူများ ရောက်ရှိခဲ့ကြသည်ချည်းသာဖြစ်သည်။ ذِكۡرَىٰ وَمَا كُنَّا ظَٰلِمِينَ ٢٠٩သတိပေးဆုံးမဩဝါဒ(ပေးရန်ဖြစ်သည်)။ ထို့ပြင် ငါအရှင်မြတ်သည် မတရားနှိပ်စက်ညှဉ်းပန်းတော်မူသောအရှင် မဟုတ်ပေ။ وَمَا تَنَزَّلَتۡ بِهِ ٱلشَّيَٰطِينُ ٢١٠ထို့ပြင် ၎င်း(ကုရ်အာန်ကျမ်းတော်မြတ်)ကို ရှိုန်သွာန်များက ယူဆောင်လာသည် မဟုတ်ပေ။ وَمَا يَنۢبَغِي لَهُمۡ وَمَا يَسۡتَطِيعُونَ ٢١١ထို့ပြင် ၎င်း(ကုရ်အာန်ကျမ်းတော်မြတ်ကို ယူဆောင်လာခြင်း)ကိစ္စသည် သူတို့နှင့် အပ်စပ်ခြင်းလည်း မရှိပေ။ ထို့ပြင် သူတို့သည် (ယူဆောင်လာရန်) တတ်စွမ်းနိုင်သည်လည်း မဟုတ်ပေ။ إِنَّهُمۡ عَنِ ٱلسَّمۡعِ لَمَعۡزُولُونَ ٢١٢အမှန်စင်စစ် ထိုသူ(ရှိုန်သွာန်)များသည် (ဝဟီအမိန့်တော်ကို)ကြားနာမှုမှ အမှန်ပင် ဖယ်ရှားခြင်း ခံခဲ့ကြရပြီးဖြစ်သည်။ فَلَا تَدۡعُ مَعَ ٱللَّهِ إِلَٰهًا ءَاخَرَ فَتَكُونَ مِنَ ٱلۡمُعَذَّبِينَ ٢١٣သို့ဖြစ်ရာ အသင်သည် အလ္လာဟ်အရှင်မြတ်နှင့်အတူ မည်သည့်ကိုးကွယ်ရာကိုမှ ဟစ်ခေါ်တသခြင်း မပြုနှင့်။ ထိုသို့ပြုခဲ့လျှင် အသင်လည်း ပြစ်ဒဏ်ပေးခြင်းခံရသူများထဲတွင် အပါအဝင်ဖြစ်သွားမည်။ وَأَنذِرۡ عَشِيرَتَكَ ٱلۡأَقۡرَبِينَ ٢١٤ထို့ပြင် အသင်သည် အသင်၏နီးစပ်သော ဆွေမျိုးသားချင်းများကို သတိပေးနှိုးဆော်ပါ။ وَٱخۡفِضۡ جَنَاحَكَ لِمَنِ ٱتَّبَعَكَ مِنَ ٱلۡمُؤۡمِنِينَ ٢١٥ထို့ပြင် အသင်သည် အသင်၏နောက်သို့လိုက်ကြသော အီမာန်ယုံကြည်သူများ၏ရှေ့၌ (ကရုဏာသက်သည့်နေဖြင့်)ကျိုးနွံပါ။ فَإِنۡ عَصَوۡكَ فَقُلۡ إِنِّي بَرِيٓءٌ مِّمَّا تَعۡمَلُونَ ٢١٦ထို့နောက် အကယ်၍ သူတို့သည် အသင်(တမန်တော်)၏အမိန့်ကို ဖီဆန်ခဲ့ကြလျှင် (အို- တမန်တော်)အသင်သည် (သူတို့အား) ငါသည် အသင်တို့၏လုပ်ရပ်များမှ အမှန်စင်စစ် ကင်းလွတ်သည်ဟု ပြောလိုက်ပါ။ وَتَوَكَّلۡ عَلَى ٱلۡعَزِيزِ ٱلرَّحِيمِ ٢١٧ထို့ပြင် အသင်(တမန်တော်)သည် တန်ခိုးတော်နှင့် အလွန်လွှမ်းမိုးတော်မူသော အလွန်ကြင်နာသနားတော်မူသော အရှင်မြတ်အပေါ်တွင် ယုံပုံလွှဲအပ်ထားပါ။ ٱلَّذِي يَرَىٰكَ حِينَ تَقُومُ ٢١٨ထိုအရှင်မြတ်သည် အသင်(အိဗာဒသ်အတွက်)မတ်တတ်ရပ်သည့်အခါ အသင့်အား မြင်တော်မူသည်။ وَتَقَلُّبَكَ فِي ٱلسَّٰجِدِينَ ٢١٩ထို့ပြင် (အရှင်မြတ်သည်) စွလာသ်ဝတ်ပြုသူများထဲတွင် အသင်၏ပါဝင် နေထိုင်သွားလာမှုကိုလည်း (မြင်တော်မူသည်)။ إِنَّهُۥ هُوَ ٱلسَّمِيعُ ٱلۡعَلِيمُ ٢٢٠အမှန်စင်စစ် အရှင်မြတ်ပင် အကြွင်းမဲ့ကြားတော်မူသောအရှင်၊ အကြွင်းမဲ့မြင်တော်မူသောအရှင် ဖြစ်တော်မူသည်။ هَلۡ أُنَبِّئُكُمۡ عَلَىٰ مَن تَنَزَّلُ ٱلشَّيَٰطِينُ ٢٢١ငါသည် မည်သူ၏အပေါ်တွင် ရှိုင်သွာန်များဆင်းသက်ကြသည်ကို အသင်တို့အား ပြောပြရမည်လော။ تَنَزَّلُ عَلَىٰ كُلِّ أَفَّاكٍ أَثِيمٍ ٢٢٢ထိုရှိုင်သွာန်များသည် အလွန်အပြစ်ကျူးလွန်သည့်သူ၊ အလွန်လိမ်လည်သည့်သူတိုင်းအပေါ်တွင် ဆင်းသက်ကြသည်။ يُلۡقُونَ ٱلسَّمۡعَ وَأَكۡثَرُهُمۡ كَٰذِبُونَ ٢٢٣အကြင်သူများသည် (ရှိုင်သွာန်ဘက်သို့)နားစွင့်ပြီးနေကြသည်၊ ထို့ပြင် ထိုအထဲမှ အများစုသည် လိမ်လည်သူများပင်ဖြစ်ကြသည်။ وَٱلشُّعَرَآءُ يَتَّبِعُهُمُ ٱلۡغَاوُۥنَ ٢٢٤ထို့ပြင် ကဗျာဆရာများမှာမူ သူတို့နောက်သို့ လမ်းလွဲသူများသာ လိုက်ကြသည်။ أَلَمۡ تَرَ أَنَّهُمۡ فِي كُلِّ وَادٍ يَهِيمُونَ ٢٢٥အမှန်စင်စစ် သူတို့သည် (စိတ်ကူးယဉ်)လျှိုမြောင်ချောင်းရိုးတိုင်း၌ ခြေဦးလှည့်ရာ(စိတ်ကူးတည့်ရာ) သွားလာနေကြသည်ကို အသင် မမြင်လေသလော။ وَأَنَّهُمۡ يَقُولُونَ مَا لَا يَفۡعَلُونَ ٢٢٦ထို့ပြင် သူတို့သည် သူတို့ မပြုလုပ်သည့်ကိစ္စကို (ပြုလုပ်ကြသည်ဟု) ပြောဆိုလေ့ရှိကြသည်။ إِلَّا ٱلَّذِينَ ءَامَنُواْ وَعَمِلُواْ ٱلصَّٰلِحَٰتِ وَذَكَرُواْ ٱللَّهَ كَثِيرًا وَٱنتَصَرُواْ مِنۢ بَعۡدِ مَا ظُلِمُواْۗ وَسَيَعۡلَمُ ٱلَّذِينَ ظَلَمُوٓاْ أَيَّ مُنقَلَبٍ يَنقَلِبُونَ ٢٢٧သို့ရာတွင် (ကဗျာဆရာများထဲမှ) အကြင်သူများသည် ခြွင်းချက်ဖြစ်သည်၊ ထိုသူများသည် အီမာန်ယုံကြည်ခဲ့ကြပြီး ကောင်းမြတ်သော အကျင့်သီလများကိုလည်း ဆောက်တည်ခဲ့ကြသည်။ ထို့ပြင် အလ္လာဟ်အရှင်မြတ်အားလည်း များစွာ သတိရခဲ့ကြသည်။ ထို့ပြင် သူတို့သည် သူတို့ မတရားနှိပ်စက်မှုခံခဲ့ကြရပြီးနောက် လက်စားချေခဲ့ကြသည်။* ထို့ပြင် မတရားနှိပ်စက်ကြသည့်သူများသည် သူတို့ မည်သည့်နေရာ ပြန်လှည့်ကြမည်ကို မကြာမီ သိရှိကြလိမ့်မည်။