بِسۡمِ ٱللَّهِ ٱلرَّحۡمَٰنِ ٱلرَّحِيمِ
طسٓۚ تِلۡكَ ءَايَٰتُ ٱلۡقُرۡءَانِ وَكِتَابٍ مُّبِينٍ ١သွာ စီန်။ ဤအရာများသည် ထင်ရှားသောကျမ်းဂန် ကုရ်အာန်၏အာယသ်တော်များပင်ဖြစ်သည်။ هُدًى وَبُشۡرَىٰ لِلۡمُؤۡمِنِينَ ٢အီမာန်ယုံကြည်သူများအတွက် လမ်းမှန် ညွှန်ကြားပြသချက်နှင့် သတင်းကောင်းဖြစ်သည်။ ٱلَّذِينَ يُقِيمُونَ ٱلصَّلَوٰةَ وَيُؤۡتُونَ ٱلزَّكَوٰةَ وَهُم بِٱلۡأٓخِرَةِ هُمۡ يُوقِنُونَ ٣ထိုယုံကြည်သူများသည် စွလာသ်ဝတ်ပြုမှုကို တည်ဆောက်ကြပြီး ဇကာသ်လည်း ပေးဆောင်ကြသည့်အပြင် အာခိရသ် တမလွန်ဘဝကိုလည်း ယုံကြည်ကြသည်။ إِنَّ ٱلَّذِينَ لَا يُؤۡمِنُونَ بِٱلۡأٓخِرَةِ زَيَّنَّا لَهُمۡ أَعۡمَٰلَهُمۡ فَهُمۡ يَعۡمَهُونَ ٤အမှန်စင်စစ် တမလွန်ဘဝကို မယုံကြည်သူများ၏အမြင်တွင် ငါအရှင်မြတ်သည် သူတို့၏လုပ်ရပ်များကို လှပတင့်တယ်စေတော်မူခဲ့သည်။ သို့ဖြစ်ရာ သူတို့သည် တဝဲလည်လည် ဖြစ်နေကြသည်။ أُوْلَٰٓئِكَ ٱلَّذِينَ لَهُمۡ سُوٓءُ ٱلۡعَذَابِ وَهُمۡ فِي ٱلۡأٓخِرَةِ هُمُ ٱلۡأَخۡسَرُونَ ٥ဤလူများပင် ဖြစ်ကြသည်၊ ထိုသူများအတွက် (ဤဘဝတွင်လည်း)အလွန်ဆိုးရွားသော ပြစ်ဒဏ်ရှိသည်။ တမလွန်ဘဝတွင်လည်း သူတို့သည် အလွန်ဆုံးရှုံးသူများပင် ဖြစ်ကြမည်။ وَإِنَّكَ لَتُلَقَّى ٱلۡقُرۡءَانَ مِن لَّدُنۡ حَكِيمٍ عَلِيمٍ ٦ထို့ပြင် အမှန်စင်စစ် အသင်(တမန်တော်)သည် ကုရ်အာန်ကျမ်းတော်မြတ်ကို ပညာဉာဏ်အမြော်အမြင်နှင့် အလွန်ပြည့်စုံသော အကြွင်းမဲ့သိတော်မူသောအရှင်မြတ်ထံတော်မှ ရရှိခြင်းဖြစ်သည်။ إِذۡ قَالَ مُوسَىٰ لِأَهۡلِهِۦٓ إِنِّيٓ ءَانَسۡتُ نَارًا سَـَٔاتِيكُم مِّنۡهَا بِخَبَرٍ أَوۡ ءَاتِيكُم بِشِهَابٍ قَبَسٍ لَّعَلَّكُمۡ تَصۡطَلُونَ ٧တစ်ခါက (တမန်တော်)မူစာသည် ၎င်း၏အိမ်သူအိမ်သားများအား ပြောခဲ့သည်။ အမှန်စင်စစ် ငါသည် မီးတစ်ခုကို မြင်ရသည်။ ငါသည် မကြာမီ အသင်တို့ထံသို့ မီးရှိရာမှ သတင်းတစ်စုံတစ်ခု ယူလာမည်။ သို့မဟုတ် ငါသည် အသင်တို့ထံသို့ အနွေးဓာတ်ရအောင် မီးလှုံနိုင်ကြရန်အတွက် မီးတောက်တစ်ခုကူးပြီး အသင်တို့ထံသို့ ယူဆောင်လာခဲ့မည်။ فَلَمَّا جَآءَهَا نُودِيَ أَنۢ بُورِكَ مَن فِي ٱلنَّارِ وَمَنۡ حَوۡلَهَا وَسُبۡحَٰنَ ٱللَّهِ رَبِّ ٱلۡعَٰلَمِينَ ٨ထို့နောက် ၎င်းသည် ထိုမီးရှိရာသို့ရောက်သောအခါ (ဤသို့ အသံပေးခြင်းခံခဲ့ရသည်)၊ “မီးတွင်ရှိသည့်သူနှင့် မီးပတ်ဝန်းကျင်တွင် ရှိသောသူများသည်* ဗရကသ်မဂင်္လာကို ရရှိကြပါစေ“၊ “ထို့ပြင် စကြဝဠာအပေါင်းအား ဖန်ဆင်မွေးမြူတော်မူသော အလ္လာဟ်အရှင်မြတ်သည် သန့်ရှင်းစင်ကြယ်တော်မူပါသည်။“ يَٰمُوسَىٰٓ إِنَّهُۥٓ أَنَا ٱللَّهُ ٱلۡعَزِيزُ ٱلۡحَكِيمُ ٩အို- မူစာ၊ ၎င်းသည် တန်ခိုးတော်နှင့် အလွန်လွှမ်းမိုးတော်မူသောအရှင်၊ ပညာဉာဏ်အမြော်အမြင်နှင့် အလွန်ပြည့်စုံတော်မူသော ငါ အလ္လာဟ်အရှင်မြတ်ပင် ဖြစ်တော်မူသည်။ وَأَلۡقِ عَصَاكَۚ فَلَمَّا رَءَاهَا تَهۡتَزُّ كَأَنَّهَا جَآنٌّ وَلَّىٰ مُدۡبِرًا وَلَمۡ يُعَقِّبۡۚ يَٰمُوسَىٰ لَا تَخَفۡ إِنِّي لَا يَخَافُ لَدَيَّ ٱلۡمُرۡسَلُونَ ١٠ထို့ပြင် အသင်သည် အသင်၏တောင်ဝှေးကိုပစ်ချလိုက်ပါ။ ထို့နောက် (တမန်တော်)မူစာသည် (ပစ်ချလိုက်သောအခါ) ထိုတောင်ဝှေးအား မြွေကဲ့သို့ တွန့်လိမ်လှုပ်ရှားသည်ကို မြင်သည်နှင့် နောက်သို့ လှည့်မကြည့်တော့ဘဲ ကျောခိုင်းထွက်သွားခဲ့သည်။ (အရှင်မြတ်က မိန့်ကြားတော်မူသည်) အို-မူစာ၊ အသင်သည် မကြောက်လေနှင့်။ အမှန်စင်စစ် ငါအရှင်မြတ်ထံတော်တွင် တမန်တော်များသည် ကြောက်ရွံ့လေ့မရှိကြပေ။ إِلَّا مَن ظَلَمَ ثُمَّ بَدَّلَ حُسۡنَۢا بَعۡدَ سُوٓءٍ فَإِنِّي غَفُورٌ رَّحِيمٌ ١١သို့ရာတွင် မည်သူမဆို မတရားကျူးလွန်ခဲ့လျှင် ထို့ပြင် သူသည် မကောင်းမှု၏နောက်တွင် ကောင်းမှုကို ပြောင်းလဲပြီးပြုလုပ်ခဲ့လျှင် အမှန်စင်စစ် ငါအရှင်မြတ်သည် အလွန်လွတ်ငြိမ်းချမ်းသာခွင့်ပေးတော်မူသောအရှင်၊ အလွန်သနားကြင်နာတော်မူသောအရှင် ဖြစ်တော်မူသည်။ وَأَدۡخِلۡ يَدَكَ فِي جَيۡبِكَ تَخۡرُجۡ بَيۡضَآءَ مِنۡ غَيۡرِ سُوٓءٍۖ فِي تِسۡعِ ءَايَٰتٍ إِلَىٰ فِرۡعَوۡنَ وَقَوۡمِهِۦٓۚ إِنَّهُمۡ كَانُواْ قَوۡمًا فَٰسِقِينَ ١٢ထို့ပြင် အသင်သည် အသင်၏လက်ကို အသင်၏ချိုင်းကြားတွင်သွင်းလိုက်ပါ။ (ထို့ပြင် ပြန်ထုတ်လိုက်လျှင်) ထိုလက်သည် မည်သည့်အပြစ်အနာအဆာမျှမရှိဘဲ လင်းဝင်းတောက်ပလျက် ထွက်ပေါ်လာမည်ဖြစ်သည်။ (ဤသည်) ဖိရ်အောင်န်နှင့်တကွ သူ၏အမျိုးသားများနှင့် ယှဉ်ပြိုင်ရန်အတွက် တန်ခိုးတော်ကိုးပါးတွင် အပါအဝင်ဖြစ်သည်။ အမှန်စင်စစ် သူတို့သည် စည်းကမ်းဖောက်ဖျက် ကျူးလွန်ကြသော အမျိုးသားများပင်ဖြစ်ကြသည်။ فَلَمَّا جَآءَتۡهُمۡ ءَايَٰتُنَا مُبۡصِرَةً قَالُواْ هَٰذَا سِحۡرٌ مُّبِينٌ ١٣ထို့နောက် သူတို့ထံသို့ ငါအရှင်မြတ်၏ ထင်ထင်ရှားရှားမြင်သာသော တန်ခိုးတော်များ ရောက်ရှိလာခဲ့သောအခါ သူတို့က ဤသည် ထင်ရှားသော မှော်အတတ်ပညာပင်ဖြစ်သည်ဟု ပြောဆိုခဲ့ကြသည်။ وَجَحَدُواْ بِهَا وَٱسۡتَيۡقَنَتۡهَآ أَنفُسُهُمۡ ظُلۡمًا وَعُلُوًّاۚ فَٱنظُرۡ كَيۡفَ كَانَ عَٰقِبَةُ ٱلۡمُفۡسِدِينَ ١٤ထို့ပြင် သူတို့၏စိတ်နှလုံးများသည် ထိုတန်ခိုးများအား ယုံကြည်သော်လည်း သူတို့ကမူ မတရားသဖြင့် မောက်မာပလွှားပြီး ထိုတန်ခိုးတော်များအား ငြင်းပယ်ခဲ့ကြသည်။ သို့ဖြစ်ရာ ပျက်စီးရာပျက်စီးကြောင်းကို ပြုလုပ်ကြသော သူများ၏နောက်ဆုံးအကျိုးဆက်သည် မည်သို့ဖြစ်ခဲ့သည်ကို အသင်ကြည့်လိုက်ပါ။ وَلَقَدۡ ءَاتَيۡنَا دَاوُۥدَ وَسُلَيۡمَٰنَ عِلۡمًاۖ وَقَالَا ٱلۡحَمۡدُ لِلَّهِ ٱلَّذِي فَضَّلَنَا عَلَىٰ كَثِيرٍ مِّنۡ عِبَادِهِ ٱلۡمُؤۡمِنِينَ ١٥ထို့ပြင် အမှန်စင်စစ် ငါအရှင်မြတ်သည် (တမန်တော်)ဒါဝူဒ်နှင့် (တမန်တော်)စုလိုင်မာန်အား အသိပညာတစ်ရပ်ကို ပေးသနားတော်မူခဲ့သည်။* ထို့ပြင် သူတို့နှစ်ဦးက ပြောဆိုလျှောက်ထားခဲ့သည်- ကျွန်ုပ်တို့အား အရှင်မြတ်၏ယုံကြည်သူ ကျွန်အများစုထက်မြင့်မြတ်စေတော်မူခဲ့သော အလ္လာဟ်အရှင်မြတ်သည်ပင် ချီးမွမ်းခြင်းအပေါင်းတို့ကို ခံယူထိုက်တော်မူသည်။ وَوَرِثَ سُلَيۡمَٰنُ دَاوُۥدَۖ وَقَالَ يَٰٓأَيُّهَا ٱلنَّاسُ عُلِّمۡنَا مَنطِقَ ٱلطَّيۡرِ وَأُوتِينَا مِن كُلِّ شَيۡءٍۖ إِنَّ هَٰذَا لَهُوَ ٱلۡفَضۡلُ ٱلۡمُبِينُ ١٦ထို့ပြင် (တမန်တော်)စုလိုင်မာန်သည် (တမန်တော်)ဒါဝူဒ်၏အမွေကို ဆက်ခံခဲ့သည်။ ထို့ပြင် (တမန်တော်)စုလိုင်မာန်ကပြောဆိုသည်- အို- လူသားအပေါင်းတို့၊ ငါတို့သည် ငှက်များ၏စကားကို သင်ကြားပို့ချခြင်းခံခဲ့ကြရသည်။ ထို့ပြင် ငါတို့သည် (အုပ်ချုပ်မှုဆိုင်ရာ လိုအပ်သမျှ)အရာများကို ပေးသနားတော်မူခြင်း ခံခဲ့ကြရသည်။ အမှန်စင်စစ် ဤသည် ထင်ရှားလှသော ကျေးဇူးတော်ပင်ဖြစ်သည်။ وَحُشِرَ لِسُلَيۡمَٰنَ جُنُودُهُۥ مِنَ ٱلۡجِنِّ وَٱلۡإِنسِ وَٱلطَّيۡرِ فَهُمۡ يُوزَعُونَ ١٧ထို့ပြင် (တမန်တော်)စုလိုင်မာန်ရှေ့မှောက်တွင် ဂျင်န်များ၊ လူများနှင့် ငှက်များထဲမှ ၎င်း၏စစ်တပ်များသည် စုရုံးစေခြင်းခံခဲ့ကြရသည်။ ထို့ပြင် ထိုစစ်တပ်များသည် (ပြန့်ကျဲမသွားအောင် တန်းစီချီတက်နိုင်ရန်)တားဆီးခံကြရသည်။ (ဝါ) ထိုစစ်တပ်များအား သူအဆင့်နှင့်သူ ခွဲဝေနေရာချထားပေးခြင်းခံကြရသည်။ حَتَّىٰٓ إِذَآ أَتَوۡاْ عَلَىٰ وَادِ ٱلنَّمۡلِ قَالَتۡ نَمۡلَةٌ يَٰٓأَيُّهَا ٱلنَّمۡلُ ٱدۡخُلُواْ مَسَٰكِنَكُمۡ لَا يَحۡطِمَنَّكُمۡ سُلَيۡمَٰنُ وَجُنُودُهُۥ وَهُمۡ لَا يَشۡعُرُونَ ١٨နောက်ဆုံးတွင် အကြင်အခါ ထိုစစ်တပ်ကြီးသည် ပုရွက်ဆိတ်များရှိသော လျှိုမြောင်ချောင်းရိုးကို ရောက်သောအခါ ပုရွက်ဆိတ်တစ်ကောင်က အို- ပုရွက်ဆိတ်အပေါင်းတို့၊ (တမန်တော်)စုလိုင်မာန်နှင့်တကွ ၎င်း၏စစ်တပ်များသည် အသင်တို့ကို မသိမမြင်ကြဘဲလျက် (မတော်တဆ)တက်နင်း ချေမှုန်းမပစ်မိကြရန်အတွက် အသင်တို့သည် တွင်းများထဲသို့ဝင်ရောက်ကြပါဟု ပြောဆိုခဲ့သည်။ فَتَبَسَّمَ ضَاحِكًا مِّن قَوۡلِهَا وَقَالَ رَبِّ أَوۡزِعۡنِيٓ أَنۡ أَشۡكُرَ نِعۡمَتَكَ ٱلَّتِيٓ أَنۡعَمۡتَ عَلَيَّ وَعَلَىٰ وَٰلِدَيَّ وَأَنۡ أَعۡمَلَ صَٰلِحًا تَرۡضَىٰهُ وَأَدۡخِلۡنِي بِرَحۡمَتِكَ فِي عِبَادِكَ ٱلصَّٰلِحِينَ ١٩သို့ဖြစ်ရာ (တမန်တော်)စုလိုင်မာန်သည် ထိုသူ(ပုရွက်ဆိတ်)၏စကားကြောင့် ပြုံးရယ်ခဲ့သည်။* ထို့ပြင် ၎င်းသည် (အရှင်မြတ်ထံတော်တွင်)ပြောဆိုပန်ကြားခဲ့သည်။ အို- ကျွန်ုပ်အား ဖန်ဆင်းမွေးမြူတော်မူသောအရှင်၊ အရှင်မြတ်သည် ကျွန်ုပ်အပေါ်တွင်လည်းကောင်း၊ ကျွန်ုပ်၏မိဘနှစ်ပါးအပေါ်တွင်လည်းကောင်း အရှင်မြတ်ပြုတော်မူသော ကျေးဇူးတော်နှင့်ပတ်သက်၍ ကျွန်ုပ်အား အမြဲကျေးဇူးသိတတ်စေသည့်အသိကို ထည့်ပေးတော်မူပါ။ ထို့ပြင် ကျွန်ုပ်အား အရှင်မြတ်နှစ်သက်တော်မူသော ကောင်းမြတ်သည့်လုပ်ရပ်ကိုလည်း အမြဲပြုလုပ် ဆောက်တည်နိုင်စွမ်း ပေးတော်မူပါ။ ထို့ပြင် အရှင်မြတ်သည် ကျွန်ုပ်အား အရှင်မြတ်၏ ကရုဏာတော်နှင့် ကောင်းမြတ်သောကျွန်များထဲတွင် ဝင်ရောက်ပါဝင်စေတော်မူပါ။ وَتَفَقَّدَ ٱلطَّيۡرَ فَقَالَ مَالِيَ لَآ أَرَى ٱلۡهُدۡهُدَ أَمۡ كَانَ مِنَ ٱلۡغَآئِبِينَ ٢٠ထို့ပြင် ၎င်းသည် ငှက်များအား စစ်ဆေးခဲ့ပြီး ပြောဆိုသည်- ငါသည် အဘယ့်ကြောင့် ဘီးတောင်ပိုငှက်ကို မမြင်ရသနည်း။ သို့မဟုတ် သူသည် ပျက်ကွက်ပျောက်ကွယ်နေသလော။ لَأُعَذِّبَنَّهُۥ عَذَابًا شَدِيدًا أَوۡ لَأَاْذۡبَحَنَّهُۥٓ أَوۡ لَيَأۡتِيَنِّي بِسُلۡطَٰنٍ مُّبِينٍ ٢١အမှန်ပင် ငါသည် သူ့အား မုချ ပြင်းထန်စွာ ပြစ်ဒဏ်ပေးမည်။ သို့မဟုတ် အမှန်ပင် ငါသည် သူ့အား လှီးဖြတ်မည်။ သို့မဟုတ် သူသည် ငါ့ထံသို့ ထင်ရှားသော သက်သေအထောက်အထားကို အမှန်ပင် ယူဆောင်လာရမည်။ فَمَكَثَ غَيۡرَ بَعِيدٍ فَقَالَ أَحَطتُ بِمَا لَمۡ تُحِطۡ بِهِۦ وَجِئۡتُكَ مِن سَبَإِۭ بِنَبَإٍ يَقِينٍ ٢٢ထို့နောက် မကြာမီ ထိုဘီးတောင်ပိုငှက်သည် လာရောက်ပြောဆိုလျှောက်ထားသည်။ ကျွန်ုပ်သည် ကိုယ်တော်မသိသည့်အကြောင်းကို သိခဲ့ပါသည်။ ထို့ပြင် ကျွန်ုပ်သည် ကိုယ်တော်၏ထံသို့ ရှီဗာ(စဗအ်)နိုင်ငံက မှန်ကန်သည့် သတင်းတစ်ခုကို ယူလာခဲ့ပါသည်။ إِنِّي وَجَدتُّ ٱمۡرَأَةً تَمۡلِكُهُمۡ وَأُوتِيَتۡ مِن كُلِّ شَيۡءٍ وَلَهَا عَرۡشٌ عَظِيمٌ ٢٣အမှန်စင်စစ် ကျွန်ုပ်သည် ထိုရှီဗာကို အုပ်ချုပ်နေသော အမျိုးသမီးတစ်ဦးကို တွေ့ခဲ့ပါသည်။ ထို့ပြင် ထိုအမျိုးသမီးသည် အရာအားလုံးကို ပေးသနားခံရသည့်အပြင် သူမတွင် ကြီးကျယ်သော ပလ္လင်တစ်ခုလည်း ရှိပါသည်။ وَجَدتُّهَا وَقَوۡمَهَا يَسۡجُدُونَ لِلشَّمۡسِ مِن دُونِ ٱللَّهِ وَزَيَّنَ لَهُمُ ٱلشَّيۡطَٰنُ أَعۡمَٰلَهُمۡ فَصَدَّهُمۡ عَنِ ٱلسَّبِيلِ فَهُمۡ لَا يَهۡتَدُونَ ٢٤ကျွန်ုပ်သည် ထိုအမျိုးသမီးနှင့် သူမ၏အမျိုးသားများအား အလ္လာဟ်အရှင်မြတ်ကိုစွန့်ပြီး နေကို ဦးချ(ကိုးကွယ်)နေကြသည်ကို တွေ့ခဲ့ပါသည်။ ထို့ပြင် ရှိုင်သွာန်သည် သူတို့၏လုပ်ရပ်များကို သူတို့အမြင်တွင် လှပတင့်တယ်အောင် ပြုလုပ်ထားပါသည်။ ထို့ပြင် ရှိုင်သွာန်သည် သူတို့အား လမ်း(မှန်)မှပိတ်ဆို့ထားသည့်အတွက် သူတို့သည် လမ်းမှန်မရကြတော့ပေ။ أَلَّاۤ يَسۡجُدُواْۤ لِلَّهِ ٱلَّذِي يُخۡرِجُ ٱلۡخَبۡءَ فِي ٱلسَّمَٰوَٰتِ وَٱلۡأَرۡضِ وَيَعۡلَمُ مَا تُخۡفُونَ وَمَا تُعۡلِنُونَ ٢٥(သို့ဖြစ်ရာ သူတို့သည်) အကြင် အလ္လာဟ်အရှင်မြတ်ကိုပင် ဦးမချ(မကိုးကွယ်)တော့ပေ၊ ထိုအရှင်မြတ်သည် မိုးကောင်းကင်များနှင့် မြေပထဝီတွင် ဖုံးအုပ်နေသည့်အရာများအား အပြင်သို့ ထွက်စေတော်မူသည်။* ထို့ပြင် အရှင်မြတ်သည် အသင်တို့ လျှို့ဝှက်ကြသည့်အရာများနှင့် အသင်တို့ ထုတ်ဖော်ကြသည့်အရာများကို သိရှိတော်မူသည်။ ٱللَّهُ لَآ إِلَٰهَ إِلَّا هُوَ رَبُّ ٱلۡعَرۡشِ ٱلۡعَظِيمِ ۩ ٢٦အလ္လာဟ်အရှင်မြတ်သည် ထိုအရှင်မြတ်ပင်ဖြစ်သည်၊ ထိုအရှင်မြတ်မှလွဲ၍ ကိုးကွယ်ထိုက်သည့်အရှင် မရှိပေ။ ထိုအရှင်သည် ကြီးကျယ်သော အရ်ရှ်ပလ္လင်တော်ကို စိုးပိုင်တော်မူသော အရှင်မြတ်ပင်ဖြစ်တော်မူသည်။ ۞ قَالَ سَنَنظُرُ أَصَدَقۡتَ أَمۡ كُنتَ مِنَ ٱلۡكَٰذِبِينَ ٢٧၎င်း(တမန်တော်စုလိုင်မာန်)ကပြောသည်- အသင်သည် အမှန်ပြောခဲ့လေသလော၊ သို့မဟုတ် လိမ်ပြောခဲ့သလောဆိုသည်ကို ငါကြည့်မည်။ ٱذۡهَب بِّكِتَٰبِي هَٰذَا فَأَلۡقِهۡ إِلَيۡهِمۡ ثُمَّ تَوَلَّ عَنۡهُمۡ فَٱنظُرۡ مَاذَا يَرۡجِعُونَ ٢٨အသင်သည် ငါ၏ ဤစာကို ယူသွားပါ၊ ၎င်းပြင် အသင်သည် ထိုစာကို သူတို့ထံသို့ချပေးပြီးလျှင် သူတို့အနီးမှ ဘေးဖယ်၍နေပါ။ ထို့နောက် အသင်သည် သူတို့ မည်သို့ အကြောင်းပြန်ကြသနည်းဆိုသည်ကို ကြည့်ပါ။ قَالَتۡ يَٰٓأَيُّهَا ٱلۡمَلَؤُاْ إِنِّيٓ أُلۡقِيَ إِلَيَّ كِتَٰبٌ كَرِيمٌ ٢٩သူ(ရှီဗာဘုရင်)မက ပြောခဲ့သည်- အို- မှူးမတ်အပေါင်းတို့၊ အမှန်စင်စစ် မြင့်မြတ်သည့် စာတစ်စောင်သည် ကျွန်မထံသို့ ပေးပို့ခြင်းခံခဲ့ရသည်။ إِنَّهُۥ مِن سُلَيۡمَٰنَ وَإِنَّهُۥ بِسۡمِ ٱللَّهِ ٱلرَّحۡمَٰنِ ٱلرَّحِيمِ ٣٠အမှန်စင်စစ် ထိုစာသည် (တမန်တော်)စုလိုင်မာန်ထံမှဖြစ်သည်။ ထို့ပြင် အမှန်စင်စစ် ၎င်းသည် ဤသို့ဖြစ်သည်- အနန္တကရုဏာရှင်ဖြစ်တော်မူသော အလွန်သနားကြင်နာတော်မူသော အလ္လာဟ်အရှင်မြတ်၏ နာမတော်ဖြင့် (ကျွန်ုပ်အစပြုပါသည်)။ أَلَّا تَعۡلُواْ عَلَيَّ وَأۡتُونِي مُسۡلِمِينَ ٣١အသင်တို့သည် ငါနှင့်ယှဉ်ပြိုင်ပြီး ဘဝင်မမြင့်ကြနှင့်။ ထို့ပြင် အသင်တို့သည် ငါ၏ထံသို့ မွတ်စ်လင်မ် အမိန့်နာခံသူများအဖြစ်နှင့် လာရောက်ကြပါ။ قَالَتۡ يَٰٓأَيُّهَا ٱلۡمَلَؤُاْ أَفۡتُونِي فِيٓ أَمۡرِي مَا كُنتُ قَاطِعَةً أَمۡرًا حَتَّىٰ تَشۡهَدُونِ ٣٢သူမက အို- မှူးမတ်အပေါင်းတို့၊ အသင်တို့သည် ကျွန်မ၏အရေးကိစ္စနှင့်စပ်လျဉ်း၍ ကျွန်မကို အကြံပေးကြပါ။ အသင်တို့သည် ကျွန်မ၏အနားတွင် မရှိသမျှ ကျွန်မသည် မည်သည့်ကိစ္စမျှ စီရင်ဆုံးဖြတ်လေ့မရှိပေဟု ပြောကြားခဲ့သည်။ قَالُواْ نَحۡنُ أُوْلُواْ قُوَّةٍ وَأُوْلُواْ بَأۡسٍ شَدِيدٍ وَٱلۡأَمۡرُ إِلَيۡكِ فَٱنظُرِي مَاذَا تَأۡمُرِينَ ٣٣ထိုမှူးမတ်များက ကျွန်ုပ်တို့သည် အင်အားရှိသူများနှင့် ပြင်းထန်စွာ တိုက်ခိုက်ကြသည့်သူများ ဖြစ်ကြပါသည်။ ထို့ပြင် အမိန့်အာဏာကမူ အသင်ဘုရင်မ၏လက်ထဲတွင်ပင် ရှိသည့်အတွက် အသင်ဘုရင်မသည် မည်သို့ အမိန့်ပေးမည်ကိုသာ စဉ်းစားကြည့်ပါဟု ပြောဆိုလျှောက်ထားခဲ့ကြသည်။ قَالَتۡ إِنَّ ٱلۡمُلُوكَ إِذَا دَخَلُواْ قَرۡيَةً أَفۡسَدُوهَا وَجَعَلُوٓاْ أَعِزَّةَ أَهۡلِهَآ أَذِلَّةًۚ وَكَذَٰلِكَ يَفۡعَلُونَ ٣٤သူမက ပြောခဲ့သည်- အမှန်စင်စစ် ဘုရင်မင်းများဆိုသည်မှာ မြို့ရွာတစ်ခုကို ဝင်ရောက်ကြသည့်အခါ ထိုမြို့ရွာအား ဖျက်ဆီးလေ့ရှိကြသည်။ ထို့ပြင် သူတို့သည် ထိုမြို့ရွာမှ ဂုဏ်သိက္ခာရှိသည့်သူများကို ဂုဏ်သိက္ခာမဲ့သူများဖြစ်စေသည်။ ထို့ပြင် သူတို့သည်လည်း ဤသို့ပင် ပြုမူကြမည်ဖြစ်သည်။ وَإِنِّي مُرۡسِلَةٌ إِلَيۡهِم بِهَدِيَّةٍ فَنَاظِرَةُۢ بِمَ يَرۡجِعُ ٱلۡمُرۡسَلُونَ ٣٥ထို့ပြင် အမှန်ပင် ကျွန်မကမူ ၎င်းတို့ထံသို့ လက်ဆောင်တစ်စုံတစ်ရာပေးပြီးနောက် စေတမန်များသည် မည်သည်ကို ပြန်ယူလာကြသနည်းဆိုသည်ကို စောင့်ကြည့်ဦးမည်ဖြစ်သည်။ فَلَمَّا جَآءَ سُلَيۡمَٰنَ قَالَ أَتُمِدُّونَنِ بِمَالٍ فَمَآ ءَاتَىٰنِۦَ ٱللَّهُ خَيۡرٌ مِّمَّآ ءَاتَىٰكُمۚ بَلۡ أَنتُم بِهَدِيَّتِكُمۡ تَفۡرَحُونَ ٣٦ထို့နောက် ထို(သံတမန်)များသည် (တမန်တော်)စုလိုင်မာန်ထံသို့ ရောက်သည့်အခါ သူကပြောဆိုသည်- အသင်တို့သည် ငါ့အား ပစ္စည်းဥစ္စာနှင့် ကူညီချင်ကြသလော။ (အမှန်စင်စစ်) ငါ့အား အလ္လာဟ်အရှင်မြတ်က ပေးသနားထားတော်မူသည်များမှာ အရှင်မြတ်က အသင်တို့အား ပေးသနားထားတော်မူသည်များထက် ပိုကောင်းသည်။ ထို့နောက် အမှန်စင်စစ်မှာ အသင်တို့သာ အသင်တို့၏လက်ဆောင်များနှင့် ပျော်မြူးနေကြခြင်းဖြစ်သည်။ ٱرۡجِعۡ إِلَيۡهِمۡ فَلَنَأۡتِيَنَّهُم بِجُنُودٍ لَّا قِبَلَ لَهُم بِهَا وَلَنُخۡرِجَنَّهُم مِّنۡهَآ أَذِلَّةً وَهُمۡ صَٰغِرُونَ ٣٧အသင်သည် သူတို့ထံသို့ ပြန်သွားပါ။ ထို့ပြင် အမှန်စင်စစ် ငါတို့သည် သူတို့ထံသို့ သူတို့ မယှဉ်ပြိုင်နိုင်သော စစ်တပ်နှင့် ရောက်ရှိလာကြမည်။ ထို့ပြင် အမှန်စင်စစ် ငါတို့သည် သူတို့ကို ထို(တိုင်းပြည်)မှ သေးသိမ်သူများအဖြစ်နှင့် သူတို့သည် အရှက်တကွဲ အကျိုးနည်းသူများဖြစ်ကြလျက်* နှင်ထုတ်ကြမည်။ قَالَ يَٰٓأَيُّهَا ٱلۡمَلَؤُاْ أَيُّكُمۡ يَأۡتِينِي بِعَرۡشِهَا قَبۡلَ أَن يَأۡتُونِي مُسۡلِمِينَ ٣٨၎င်း(တမန်တော်စုလိုင်မာန်)က ပြောသည်- အို- မှူးမတ်အပေါင်းတို့၊ သူတို့သည် ငါ့ထံသို့ မွတ်စ်လင်မ်အဖြစ် မရောက်လာမီ၊ အသင်တို့ထဲမှ မည်သူသည် ထိုဘုရင်မ၏ပလ္လင်ကို ငါ့ထံ ယူလာနိုင်မည်သနည်း။ قَالَ عِفۡرِيتٌ مِّنَ ٱلۡجِنِّ أَنَا۠ ءَاتِيكَ بِهِۦ قَبۡلَ أَن تَقُومَ مِن مَّقَامِكَۖ وَإِنِّي عَلَيۡهِ لَقَوِيٌّ أَمِينٌ ٣٩ဂျင်န်သတ္တဝါများထဲမှ အလွန်အင်အားကြီးသော ဂျင်န်တစ်ဦးက ပြောဆိုလျှောက်ထားသည်- ကိုယ်တော်သည် ကိုယ်တော်(စီရင်ဆုံးဖြတ်သည့်တရားခွင်)နေရာမှ မထမီ(တရားစီရင်မှုအစီအစဉ်မပြီးမီ) ကျွန်ုပ်သည် ထိုပလ္လင်ကို ကိုယ်တော်၏ထံသို့ ယူလာပါမည်။ ထို့ပြင် အမှန်စင်စစ် ကျွန်ုပ်သည် အမှန်ပင် ဤကိစ္စနှင့်ပတ်သက်၍ပြုလုပ်ရန် အင်အားရှိသူ၊ ယုံကြည်စိတ်ချရသူ တစ်ဦးပင်ဖြစ်ပါသည်။ قَالَ ٱلَّذِي عِندَهُۥ عِلۡمٌ مِّنَ ٱلۡكِتَٰبِ أَنَا۠ ءَاتِيكَ بِهِۦ قَبۡلَ أَن يَرۡتَدَّ إِلَيۡكَ طَرۡفُكَۚ فَلَمَّا رَءَاهُ مُسۡتَقِرًّا عِندَهُۥ قَالَ هَٰذَا مِن فَضۡلِ رَبِّي لِيَبۡلُوَنِيٓ ءَأَشۡكُرُ أَمۡ أَكۡفُرُۖ وَمَن شَكَرَ فَإِنَّمَا يَشۡكُرُ لِنَفۡسِهِۦۖ وَمَن كَفَرَ فَإِنَّ رَبِّي غَنِيٌّ كَرِيمٌ ٤٠ကျမ်းဂန်၏အသိပညာရှိသူတစ်ဦးက ကျွန်ုပ်သည် ထိုပလ္လင်ကို ကိုယ်တော်၏မျက်စိတစ်မှတ်အတွင်း ကိုယ်တော်၏ထံသို့ ယူခဲ့ပါမည်ဟု ပြောဆိုခဲ့သည်။ ထို့နောက် ၎င်းသည် ထိုပလ္လင်ကို ၎င်းအနီး၌ တည်ငြိမ်ရောက်ရှိနေသည်ကို တွေ့မြင်သည့်အခါ ၎င်းက ပြောဆိုသည်- ဤသည် ငါ့အား ဖန်ဆင်းမွေးမြူတော်မူသောအရှင်မြတ်၏ကျေးဇူးတော်ထဲမှ တစ်ခုဖြစ်သည်။ ငါသည် ကျေးဇူးတင်သလော၊ သို့မဟုတ် ငါသည် ကျေးဇူးကန်းသလောဆိုသည်ကို အရှင်မြတ်က ငါ့အား စမ်းသပ်တော်မူရန်အတွက် ဖြစ်သည်။ ထို့ပြင် မည်သူမဆို ကျေးဇူးတင်ခဲ့လျှင် သူ၏အကျိုးအတွက် ကျေးဇူးတင်ခဲ့ခြင်းသာဖြစ်သည်။ ထို့ပြင် မည်သူမဆို ကျေးဇူးကန်းခဲ့လျှင် အမှန်စင်စစ် ငါ့အား ဖန်ဆင်းမွေးမြူတော်မူသောအရှင်မြတ်သည် လိုလားတောင့်တခြင်းကင်းပြီး ပြည့်စုံကြွယ်ဝတော်မူသောအရှင် အလွန်ရက်ရောတော်မူသောအရှင် ဖြစ်တော်မူသည်။ قَالَ نَكِّرُواْ لَهَا عَرۡشَهَا نَنظُرۡ أَتَهۡتَدِيٓ أَمۡ تَكُونُ مِنَ ٱلَّذِينَ لَا يَهۡتَدُونَ ٤١၎င်း(တမန်တော်စုလိုင်မာန်)က ပြောဆိုခဲ့သည်- အသင်တို့သည် ထိုဘုရင်မ၏ပလ္လင်ကို အသွင်ပြောင်းထားလိုက်ကြပါ။ သူမသည် (သူမ၏ပလ္လင်မှန်းမှတ်မိပြီး ဤသည်မှာ တန်ခိုးတော်နှင့် ယူထားခြင်းဖြစ်သည်ကို သိပြီး) လမ်းမှန်ရသည့်သူလော၊ သို့မဟုတ် (ထိုအရာများကို မသိဘဲ) လမ်းမှန် မရသေးသည့်သူများထဲမှ ဖြစ်သလောဆိုသည်ကို ကျွန်ုပ်တို့ ကြည့်ရှုကြမည်။ فَلَمَّا جَآءَتۡ قِيلَ أَهَٰكَذَا عَرۡشُكِۖ قَالَتۡ كَأَنَّهُۥ هُوَۚ وَأُوتِينَا ٱلۡعِلۡمَ مِن قَبۡلِهَا وَكُنَّا مُسۡلِمِينَ ٤٢ထို့နောက် ဘုရင်မရောက်ရှိလာသည့်အခါ တစ်ယောက်ယောက်က “အသင်မ၏ပလ္လင်သည် ဤသို့ပင်လော“ဟု မေးလိုက်သည်။ သူမကပြောသည်- “ဤသည် ထိုပလ္လင်ဖြစ်မည်နှင့်တူသည်။“* ထို့ပြင် ကျွန်ုပ်တို့သည် ဤသည့်အလျင်ကတည်းက အသိပညာကို ပေးသနားခံခဲ့ကြရပြီဖြစ်သည်သာမက ကျွန်ုပ်တို့သည် မွတ်စ်လင်မ် အမိန့်နာခံသူများပင် ဖြစ်ခဲ့ကြပြီဖြစ်သည်။ وَصَدَّهَا مَا كَانَت تَّعۡبُدُ مِن دُونِ ٱللَّهِۖ إِنَّهَا كَانَتۡ مِن قَوۡمٍ كَٰفِرِينَ ٤٣ထို့ပြင် အလ္လာဟ်အရှင်မြတ်အား စွန့်ပြီး ထိုဘုရင်မ ကိုးကွယ်နေခဲ့သောအရာများက သူမကို တားဆီးထားခဲ့ခြင်းဖြစ်သည်။ အမှန်စင်စစ် သူမသည် ကာဖိရ်အုပ်စုများထဲတွင်ပင် ဖြစ်ခဲ့သည်။ قِيلَ لَهَا ٱدۡخُلِي ٱلصَّرۡحَۖ فَلَمَّا رَأَتۡهُ حَسِبَتۡهُ لُجَّةً وَكَشَفَتۡ عَن سَاقَيۡهَاۚ قَالَ إِنَّهُۥ صَرۡحٌ مُّمَرَّدٌ مِّن قَوَارِيرَۗ قَالَتۡ رَبِّ إِنِّي ظَلَمۡتُ نَفۡسِي وَأَسۡلَمۡتُ مَعَ سُلَيۡمَٰنَ لِلَّهِ رَبِّ ٱلۡعَٰلَمِينَ ٤٤သူမအား အသင်မသည် နန်းတော်ဧည့်ခန်းထဲသို့ ဝင်ပါဟု တစ်ဦးတစ်ယောက်က ပြောခဲ့သည်။ သို့ဖြစ်ရာ သူမသည် နန်းတော်ဧည့်ခန်းကိုမြင်သည့်အခါ ထိုနန်းတော်ဧည့်ခန်းကို နက်သည့်ရေ(ကန်ထဲတွင် ဆောက်လုပ်ထားသည်)ဟု ထင်မှတ်ပြီး (ထိုရေများထဲမှ ဖြတ်သွားရန်) သူမ၏ခြေသလုံးနှစ်ဖက်(ပေါ်တွင်ရှိသော ဝတ်ရုံကို ပင့်မပြီး)ဖော်ခဲ့သည်။ (ထိုအခါ) ၎င်း(တမန်တော်စုလိုင်မာန်)က ပြောလိုက်သည်- ဤသည် (ရေကန်ပေါ်တွင်) ဖန်များနှင့် ချောမွတ်အောင် ပြုလုပ်(ခင်းကျင်း)ထားသော ဧည့်ခန်းပင်ဖြစ်သည်။ သူမက ပြောဆိုသည်- အို- ကျွန်မအား ဖန်ဆင်းမွေးမြူတော်မူသောအရှင်မြတ်၊ အမှန်စင်စစ် ကျွန်မသည် မိမိကိုယ်မိမိ နှိပ်စက်မိပြီဖြစ်ပါသည်။ ထို့နောက် ကျွန်မသည် (တမန်တော်)စုလိုင်မာန်နှင့်အတူ စကြဝဠာအပေါင်းအား ဖန်ဆင်းမွေးမြူတော်မူသော အလ္လာဟ်အရှင်မြတ်(၏အမိန့်တော်)ကို လိုက်နာပြီဖြစ်ပါသည်။ وَلَقَدۡ أَرۡسَلۡنَآ إِلَىٰ ثَمُودَ أَخَاهُمۡ صَٰلِحًا أَنِ ٱعۡبُدُواْ ٱللَّهَ فَإِذَا هُمۡ فَرِيقَانِ يَخۡتَصِمُونَ ٤٥ထို့ပြင် အမှန်စင်စစ် ငါအရှင်မြတ်သည် ဆမူဒ်အမျိုးသားများထံသို့ သူတို့၏နောင်တော်(တမန်တော်)စွာလိဟ်ကို အသင်တို့သည် အလ္လာဟ်အရှင်မြတ်အား ကိုးကွယ်ရမည်ဟု (အမိန့်တော်နှင့်တကွ) စေလွှတ်တော်မူခဲ့သည်။ ထိုအခါ (မုအ်မင်န်နှင့် ကာဖိရ်)အုပ်စုနှစ်စုသည် (သူမှန်သည်၊ ငါမှန်သည်နှင့်) အငြင်းအခုံပြုကြတော့သည်။ قَالَ يَٰقَوۡمِ لِمَ تَسۡتَعۡجِلُونَ بِٱلسَّيِّئَةِ قَبۡلَ ٱلۡحَسَنَةِۖ لَوۡلَا تَسۡتَغۡفِرُونَ ٱللَّهَ لَعَلَّكُمۡ تُرۡحَمُونَ ٤٦၎င်း(တမန်တော်စွာလိဟ်)က ပြောခဲ့သည်- အို- ငါ၏အမျိုးသားတို့၊ အသင်တို့သည် အဘယ့်ကြောင့် ကရုဏာထက်အလျင် အပြစ်ဒဏ်ကို ဆောလျင်စွာ လိုလားကြသနည်း။ အသင်တို့သည် သနားခြင်းခံရရန် အဘယ့်ကြောင့် အလ္လာဟ်အရှင်မြတ်ထံတော်တွင် ချမ်းသာခွင့်ကို တောင်းခံမှု မပြုကြသနည်း။ قَالُواْ ٱطَّيَّرۡنَا بِكَ وَبِمَن مَّعَكَۚ قَالَ طَٰٓئِرُكُمۡ عِندَ ٱللَّهِۖ بَلۡ أَنتُمۡ قَوۡمٌ تُفۡتَنُونَ ٤٧ထိုအမျိုးသားများက ကျွန်ုပ်တို့သည် အသင်နှင့် အသင်၏အပေါင်းအပါများကြောင့် (နိမိတ်ဆိုးဖြစ်ပြီး) လာဘ်ပိတ်နေခဲ့သည်ဟု ပြောဆိုခဲ့ကြသည်။ ၎င်း(တမန်တော်စွာလိဟ်)က ပြောဆိုသည်- အသင်တို့၏နိမိတ်ဆိုးသည် အလ္လာဟ်အရှင်မြတ်ထံတော်၌သာရှိသည်။ ထိုသို့မဟုတ်ပေ၊ အမှန်စင်စစ် အသင်တို့သည် စမ်းသပ်ခြင်းကို ခံကြရမည့် အမျိုးသားများပင်ဖြစ်သည်။ وَكَانَ فِي ٱلۡمَدِينَةِ تِسۡعَةُ رَهۡطٍ يُفۡسِدُونَ فِي ٱلۡأَرۡضِ وَلَا يُصۡلِحُونَ ٤٨ထို့ပြင် မြို့တွင်း၌ ယောက်ျားကိုးဦး ရှိခဲ့သည်။ သူတို့သည် တိုင်းပြည်ကို ပြုပြင်ကြခြင်းမရှိဘဲ၊ ဖျက်ဆီးမှုသာ ပြုလုပ်လျက်ရှိကြသည်။ قَالُواْ تَقَاسَمُواْ بِٱللَّهِ لَنُبَيِّتَنَّهُۥ وَأَهۡلَهُۥ ثُمَّ لَنَقُولَنَّ لِوَلِيِّهِۦ مَا شَهِدۡنَا مَهۡلِكَ أَهۡلِهِۦ وَإِنَّا لَصَٰدِقُونَ ٤٩သူတို့သည် အလ္လာဟ်အရှင်မြတ်အား တိုင်တည်၍ အမှန်ပင် ကျွန်ုပ်တို့သည် (တမန်တော်)စွာလိဟ်နှင့် ၎င်း၏လူများအား ညအချိန်တွင် သွားရောက်သတ်ဖြတ်ကြမည်၊ ထို့ပြင် ၎င်း၏ အမွေစားအမွေခံများအား ၎င်းနှင့်ပတ်သက်သည့်သူများ အသတ်ခံကြရသည့်အချိန်တွင် ကျွန်ုပ်တို့ တွေ့မြင်ခဲ့ကြသည် မဟုတ်ပေ၊ ထို့ပြင် အမှန်စင်စစ် ကျွန်ုပ်တို့သည် မှန်ကန်သည့်သူများဖြစ်ကြသည်ဟု ပြောဆိုကြမည့်အကြောင်း အချင်းချင်း ပြောဆိုခဲ့ကြသည်။ وَمَكَرُواْ مَكۡرًا وَمَكَرۡنَا مَكۡرًا وَهُمۡ لَا يَشۡعُرُونَ ٥٠ထို့ပြင် သူတို့သည် အကြံအစည်တစ်ခုကို လျှို့ဝှက်ကြံစည်ခဲ့ကြသည်။ ထို့ပြင် ငါအရှင်မြတ်ကလည်း စီမံခန့်ခွဲမှုတစ်ခုကို သူတို့မသိလိုက်ကြဘဲလျက် စီမံခန့်ခွဲတော်မူခဲ့သည်။ فَٱنظُرۡ كَيۡفَ كَانَ عَٰقِبَةُ مَكۡرِهِمۡ أَنَّا دَمَّرۡنَٰهُمۡ وَقَوۡمَهُمۡ أَجۡمَعِينَ ٥١သို့ဖြစ်ရာ အသင်သည် သူတို့၏ အကြံအစည်၏နောက်ဆုံးအကျိုးဆက်သည် မည်သို့ဖြစ်ခဲ့သည်ကို ကြည့်လိုက်ပါ။ အမှန်စင်စစ် ငါအရှင်မြတ်သည် သူတို့နှင့် သူတို့၏အမျိုးသားများအားလုံးကို ဖျက်ဆီးတော်မူခဲ့သည်။ فَتِلۡكَ بُيُوتُهُمۡ خَاوِيَةَۢ بِمَا ظَلَمُوٓاْۚ إِنَّ فِي ذَٰلِكَ لَأٓيَةً لِّقَوۡمٍ يَعۡلَمُونَ ٥٢ဤသည် သူတို့၏သွေဖည်မှုကြောင့် ပျက်စီးနေသော သူတို့၏နေအိမ်များဖြစ်သည်။ အမှန်စင်စစ် ထိုအထဲတွင် သိနားလည်ကြသည့်သူအတွက် အမှန်ပင် သက်သေသာဓကရှိသည်။ وَأَنجَيۡنَا ٱلَّذِينَ ءَامَنُواْ وَكَانُواْ يَتَّقُونَ ٥٣ထို့ပြင် ငါအရှင်မြတ်သည် အီမာန်ယုံကြည်ပြီး ကြောက်ရွံ့အပြစ်ရှောင် ကောင်းကျိုးဆောင်ကြသည့်သူများကို ကယ်ဆယ်တော်မူခဲ့သည်။ وَلُوطًا إِذۡ قَالَ لِقَوۡمِهِۦٓ أَتَأۡتُونَ ٱلۡفَٰحِشَةَ وَأَنتُمۡ تُبۡصِرُونَ ٥٤ထို့ပြင် ငါအရှင်မြတ်သည် လူသွ်ကို(လည်း တမန်တော်အဖြစ် စေလွှတ်တော်မူခဲ့သည်)၊ တစ်ခါက ၎င်းသည် ၎င်း၏အမျိုးသားများကို ပြောဆိုခဲ့သည်။ အသင်တို့သည် သိလျက်နှင့် စက်ဆုပ်ဖွယ်ရာအမှုကို ကျူးလွန်ကြသလော။ أَئِنَّكُمۡ لَتَأۡتُونَ ٱلرِّجَالَ شَهۡوَةً مِّن دُونِ ٱلنِّسَآءِۚ بَلۡ أَنتُمۡ قَوۡمٌ تَجۡهَلُونَ ٥٥အသင်တို့သည် မိန်းမများအားစွန့်ပြီး ယောက်ျားများထံတွင် ကာမဂုဏ်ခံစားရန်လာကြသလော။ အမှန်စင်စစ် အသင်တို့သည် ကျူးကျော်မိုက်မဲသော အမျိုးသားများပင်ဖြစ်ကြသည်။
۞ فَمَا كَانَ جَوَابَ قَوۡمِهِۦٓ إِلَّآ أَن قَالُوٓاْ أَخۡرِجُوٓاْ ءَالَ لُوطٍ مِّن قَرۡيَتِكُمۡۖ إِنَّهُمۡ أُنَاسٌ يَتَطَهَّرُونَ ٥٦ထိုအမျိုးသားများက သူတို့အချင်းချင်း အသင်တို့သည် (တမန်တော်)လူသွ်နှင့် ပတ်သက်သည့်သူများအား အသင်တို့မြို့ရွာမှ နှင်ထုတ်ကြပါ။ အမှန်စင်စစ် ၎င်းတို့သည် သန့်ရှင်းဟန်ဆောင်သူများပင်ဖြစ်ကြသည်ဟု (ပြောင်လှောင်)ပြောဆိုခဲ့ကြသည်မှလွဲ၍ သူတို့တွင် အခြားအဖြေမရှိခဲ့ကြပေ။ فَأَنجَيۡنَٰهُ وَأَهۡلَهُۥٓ إِلَّا ٱمۡرَأَتَهُۥ قَدَّرۡنَٰهَا مِنَ ٱلۡغَٰبِرِينَ ٥٧သို့ဖြစ်ရာ ငါအရှင်မြတ်သည် (တမန်တော်)လူသွ်နှင့် ၎င်း၏အိမ်သူအိမ်သားများကို ကယ်ဆယ်တော်မူခဲ့သည်။ သို့ရာတွင် ၎င်း၏ဇနီးကိုမူ ငါအရှင်မြတ်သည် သူမအား ကျန်ရစ်သူများထဲတွင် သတ်မှတ်တော်မူခဲ့သည်။ وَأَمۡطَرۡنَا عَلَيۡهِم مَّطَرًاۖ فَسَآءَ مَطَرُ ٱلۡمُنذَرِينَ ٥٨ထို့ပြင် ငါအရှင်မြတ်သည် သူတို့အပေါ်တွင် မိုးတစ်မျိုးကို ရွာသွန်းစေတော်မူခဲ့သည်။ ထို့ပြင် သတိပေးနှိုးဆော်ခြင်းခံခဲ့ကြရသောသူများ၏မိုးသည် အလွန်ဆိုးရွားလှသည်။ قُلِ ٱلۡحَمۡدُ لِلَّهِ وَسَلَٰمٌ عَلَىٰ عِبَادِهِ ٱلَّذِينَ ٱصۡطَفَىٰٓۗ ءَآللَّهُ خَيۡرٌ أَمَّا يُشۡرِكُونَ ٥٩(အို- တမန်တော်)အသင်ပြောဆိုပါ- ချီးမွမ်းခြင်းအပေါင်းသည် အလ္လာဟ်အရှင်မြတ်အတွက်ပင် ဖြစ်ပါသည်။ ထို့ပြင် ငြိမ်းချမ်းသာယာမှုသည် အရှင်မြတ်ရွေးချယ်တော်မူခဲ့သော ကျွန်များအပေါ်တွင် ကျရောက်ပါစေ။ အလ္လာဟ်အရှင်မြတ်သည် ပိုပြီး မြင့်မြတ်သလော၊ သို့မဟုတ် သူတို့ တွဲဖက်ကိုးကွယ်ကြသော အရာများသည် (ပိုပြီးမြင့်မြတ်ကြသလော)။ أَمَّنۡ خَلَقَ ٱلسَّمَٰوَٰتِ وَٱلۡأَرۡضَ وَأَنزَلَ لَكُم مِّنَ ٱلسَّمَآءِ مَآءً فَأَنۢبَتۡنَا بِهِۦ حَدَآئِقَ ذَاتَ بَهۡجَةٍ مَّا كَانَ لَكُمۡ أَن تُنۢبِتُواْ شَجَرَهَآۗ أَءِلَٰهٌ مَّعَ ٱللَّهِۚ بَلۡ هُمۡ قَوۡمٌ يَعۡدِلُونَ ٦٠(ထို ရုပ်တုများက မြင့်မြတ်သလော)။ သို့မဟုတ် အကြင်အရှင်မြတ်ကပင် (မြင့်မြတ်တော်မူပါသလော)။ ထိုအရှင်မြတ်သည် မိုးကောင်းကင်များနှင့် မြေပထဝီကို ဖန်ဆင်းတော်မူခဲ့သည်။ ထို့ပြင် အရှင်မြတ်သည် အသင်တို့အတွက် မိုးကောင်းကင်မှ (မိုး)ရေကို ချပေးတော်မူခဲ့သည်။ ထို့ပြင် ငါအရှင်မြတ်သည် ထိုရေနှင့် စိမ်းလန်းစိုပြေသော ခြံဥယျာဉ်များကို ပေါက်ရောက်စေတော်မူခဲ့သည်။ အသင်တို့သည် ထိုခြံဥယျာဉ်များ၏ သစ်ပင်များကို ပေါက်ရောက်စေနိုင်သည် မဟုတ်ပေ။ အလ္လာဟ်အရှင်မြတ်နှင့်အတူ ကိုးကွယ်ခံထိုက်သောအရှင် ရှိပါသေးသလော။ ထိုသို့မဟုတ်ပေ၊ အမှန်စင်စစ် (သူတို့သည် အမှန်စင်စစ် သွေဖည်သွားကြသည့်အတွက်) သူတို့သည် အလ္လာဟ်အရှင်မြတ်နှင့် အခြားအရာများကို ဂုဏ်ရည်တူ ပြုလုပ်သည့်သူများ ဖြစ်ကြတော့သည်။ أَمَّن جَعَلَ ٱلۡأَرۡضَ قَرَارًا وَجَعَلَ خِلَٰلَهَآ أَنۡهَٰرًا وَجَعَلَ لَهَا رَوَٰسِيَ وَجَعَلَ بَيۡنَ ٱلۡبَحۡرَيۡنِ حَاجِزًاۗ أَءِلَٰهٌ مَّعَ ٱللَّهِۚ بَلۡ أَكۡثَرُهُمۡ لَا يَعۡلَمُونَ ٦١(ထို ရုပ်တုများက မြင့်မြတ်သလော)။ သို့မဟုတ် အကြင်အရှင်မြတ်ကပင် (မြင့်မြတ်တော်မူပါသလော)။ ထိုအရှင်မြတ်သည် မြေပထဝီကို တည်တံ့နေထိုင်ရာ အဖြစ်ပြုလုပ်တော်မူခဲ့သည်။ ထို့ပြင် အရှင်မြတ်သည် ထိုမြေပထဝီ၏အကြားတွင် စမ်းရေချောင်းများကို ဖန်ဆင်းတော်မူခဲ့သည်။ ထို့ပြင် အရှင်မြတ်သည် မြေပထဝီကို (တည်ငြိမ်စေရန်)အတွက် တောင်များကို (ကျောက်ဆူးများအဖြစ်) ဖန်ဆင်းတော်မူခဲ့သည်။ ထို့ပြင် အရှင်မြတ်သည် ပင်လယ်နှစ်ခု၏အကြား၌ အတားအဆီးကို ပြုလုပ်တော်မူခဲ့သည်။ အလ္လာဟ်အရှင်မြတ်နှင့်အတူ ကိုးကွယ်ခံထိုက်သောအရှင် ရှိပါသေးသလော။ ထိုသို့မဟုတ်ပေ၊ အမှန်စင်စစ် သူတို့ထဲမှ အမြောက်အမြားသည် မသိနားမလည်ကြပေ။ أَمَّن يُجِيبُ ٱلۡمُضۡطَرَّ إِذَا دَعَاهُ وَيَكۡشِفُ ٱلسُّوٓءَ وَيَجۡعَلُكُمۡ خُلَفَآءَ ٱلۡأَرۡضِۗ أَءِلَٰهٌ مَّعَ ٱللَّهِۚ قَلِيلًا مَّا تَذَكَّرُونَ ٦٢(ထို ရုပ်တုများက မြင့်မြတ်သလော)။ သို့မဟုတ် အကြင်အရှင်မြတ်ကပင် (မြင့်မြတ်တော်မူပါသလော)။ ထိုအရှင်မြတ်သည် အကျဉ်းအကျပ်ဖြစ်နေသည့်သူ(ဒုက္ခသည်)က အရှင်မြတ်ကို ဟစ်ခေါ်သည့်အခါ သူ့အား ပြန်ဖြေတော်မူသည်။ ထို့ပြင် အရှင်မြတ်သည် ဆိုးရွားမှု(ဒုက္ခ)ကို ဖယ်ရှားတော်မူသည်။ ထိုအရှင်မြတ်သည် ကမာ္ဘမြေတွင် အသင်တို့အား ကိုယ်စားလှယ်များ ပြုလုပ်တော်မူခဲ့သည်။ အလ္လာဟ်အရှင်မြတ်နှင့်အတူ ကိုးကွယ်ခံထိုက်သောအရှင် ရှိပါသေးသလော။ အသင်တို့သည် အနည်းငယ်သာ စဉ်းစားကြသည်။ أَمَّن يَهۡدِيكُمۡ فِي ظُلُمَٰتِ ٱلۡبَرِّ وَٱلۡبَحۡرِ وَمَن يُرۡسِلُ ٱلرِّيَٰحَ بُشۡرَۢا بَيۡنَ يَدَيۡ رَحۡمَتِهِۦٓۗ أَءِلَٰهٌ مَّعَ ٱللَّهِۚ تَعَٰلَى ٱللَّهُ عَمَّا يُشۡرِكُونَ ٦٣(ထို ရုပ်တုများက မြင့်မြတ်သလော)။ သို့မဟုတ် အကြင်အရှင်မြတ်ကပင် (မြင့်မြတ်တော်မူပါသလော)။ ထိုအရှင်မြတ်သည် အသင်တို့အား ကုန်းမြေနှင့် ပင်လယ်၏အမှောင်ထုများတွင် လမ်းညွှန်ကြားပြသတော်မူသည်။ ထို့ပြင် ထိုအရှင်မြတ်သည် အရှင်မြတ်၏ကရုဏာမိုး မရွာမီ လေများကို ရှေ့ပြေးသတင်းကောင်းအဖြစ် စေလွှတ်တော်မူသည်။ အလ္လာဟ်အရှင်မြတ်နှင့်အတူ ကိုးကွယ်ခံထိုက်သောအရှင် ရှိပါသေးသလော။ အလ္လာဟ်အရှင်မြတ်သည် သူတို့ နှိုင်းယှဉ်ကိုးကွယ်ကြသည့် အရာများထက် အလွန်မြင့်မားတော်မူသည်။ أَمَّن يَبۡدَؤُاْ ٱلۡخَلۡقَ ثُمَّ يُعِيدُهُۥ وَمَن يَرۡزُقُكُم مِّنَ ٱلسَّمَآءِ وَٱلۡأَرۡضِۗ أَءِلَٰهٌ مَّعَ ٱللَّهِۚ قُلۡ هَاتُواْ بُرۡهَٰنَكُمۡ إِن كُنتُمۡ صَٰدِقِينَ ٦٤(ထို ရုပ်တုများက မြင့်မြတ်သလော)။ သို့မဟုတ် အကြင်အရှင်မြတ်ကပင် (မြင့်မြတ်တော်မူပါသလော)။ ထိုအရှင်မြတ်သည် အဖန်ဆင်းခံများအား (ပထမအကြိမ်)စတင် ဖန်ဆင်းတော်မူသည်။ ထို့ပြင် အရှင်မြတ်ပင် ထိုအဖန်ဆင်းခံများအား နောက်တစ်ကြိမ် ထပ်မံပြီး ဖန်ဆင်းတော်မူမည်ဖြစ်သည်။* ထို့ပြင် အရှင်မြတ်သည် အသင်တို့အား မိုးကောင်းကင်များနှင့် မြေပထဝီမှ စားနပ်ရိက္ခာ ပေးသနားတော်မူသည်။ အလ္လာဟ်အရှင်မြတ်နှင့်အတူ ကိုးကွယ်ခံထိုက်သောအရှင် ရှိပါသေးသလော။ (အို- တမန်တော်)အသင်ပြောလိုက်ပါ- အကယ်၍ အသင်တို့သည် မှန်ကန်သည့်သူများဖြစ်ကြလျှင် (ထိုအရာများနှင့် ပတ်သက်၍) အသင်တို့၏သက်သေသာဓကကို ယူဆောင်လာခဲ့ကြပါ။ قُل لَّا يَعۡلَمُ مَن فِي ٱلسَّمَٰوَٰتِ وَٱلۡأَرۡضِ ٱلۡغَيۡبَ إِلَّا ٱللَّهُۚ وَمَا يَشۡعُرُونَ أَيَّانَ يُبۡعَثُونَ ٦٥(အို- တမန်တော်)အသင်ပြောလိုက်ပါ- အကွယ်တွင်ရှိသည့်အရာများအား အလ္လာဟ်အရှင်မြတ်မှလွဲ၍ မိုးကောင်းကင်များတွင် ရှိသည့်သူများသာမက မြေပထဝီတွင် ရှိသည့်သူများလည်း မည်သူမျှ မသိပေ။ ထို့ပြင် သူတို့သည် မည်သည့်အချိန်တွင် ရှင်ပြန်ထစေခြင်းခံကြရမည်နည်းဆိုသည်ကိုလည်း သူတို့မသိကြပေ။ بَلِ ٱدَّٰرَكَ عِلۡمُهُمۡ فِي ٱلۡأٓخِرَةِۚ بَلۡ هُمۡ فِي شَكٍّ مِّنۡهَاۖ بَلۡ هُم مِّنۡهَا عَمُونَ ٦٦အမှန်စင်စစ် တမလွန်ဘဝနှင့်ပတ်သက်၍ သူတို့၏အသိသည် ပျောက်ပျက်သွားပြီဖြစ်သည်။ ထိုသို့မဟုတ်ပေ၊ အမှန်စင်စစ် သူတို့သည် တမလွန်ဘဝနှင့်ပတ်သက်၍ သံသယ၌ပင် ရှိနေကြသည်။ ထိုသို့မဟုတ်ပေ၊ အမှန်စင်စစ် သူတို့သည် တမလွန်ဘဝနှင့်ပတ်သက်၍ မျက်စိကန်းနေကြသည့်သူများပင် ဖြစ်ကြသည်။ وَقَالَ ٱلَّذِينَ كَفَرُوٓاْ أَءِذَا كُنَّا تُرَٰبًا وَءَابَآؤُنَآ أَئِنَّا لَمُخۡرَجُونَ ٦٧ထို့ပြင် ကာဖိရ်များက ကျွန်ုပ်တို့နှင့် ကျွန်ုပ်တို့၏ အဘ ဘိုး ဘေးများသည် မြေကြီးဖြစ်သွားပြီးသည့်အခါ ကျွန်ုပ်တို့သည် (သချင်္ီုင်းထဲမှ) အမှန်ပင် ထွက်စေခြင်းကို ခံကြရဦးမည်လောဟု ပြောဆိုကြသည်။ لَقَدۡ وُعِدۡنَا هَٰذَا نَحۡنُ وَءَابَآؤُنَا مِن قَبۡلُ إِنۡ هَٰذَآ إِلَّآ أَسَٰطِيرُ ٱلۡأَوَّلِينَ ٦٨အမှန်စင်စစ် ဤသည်ကို ကျွန်ုပ်တို့နှင့် ကျွန်ုပ်တို့၏ အဘ ဘိုး ဘေးတို့ကို ယခင်ကတည်းက ကတိပေးခြင်းကို ခံခဲ့ကြရသည်။ ဤသည် ယခင်ကသူများ၏ အခြေအမြစ်မရှိသော ပုံပြင်များပင်ဖြစ်သည်။ قُلۡ سِيرُواْ فِي ٱلۡأَرۡضِ فَٱنظُرُواْ كَيۡفَ كَانَ عَٰقِبَةُ ٱلۡمُجۡرِمِينَ ٦٩(အို- တမန်တော်)အသင်ပြောလိုက်ပါ- အသင်တို့သည် ကမာ္ဘမြေတွင် လှည့်လည်သွားလာကြပြီးလျှင် အပြစ်ကျူးလွန်သည့်သူများ၏ နောက်ဆုံးအကျိုးဆက်သည် မည်သို့ဖြစ်ခဲ့သနည်းဆိုသည်ကို ကြည့်ကြပါ။ وَلَا تَحۡزَنۡ عَلَيۡهِمۡ وَلَا تَكُن فِي ضَيۡقٍ مِّمَّا يَمۡكُرُونَ ٧٠ထို့ပြင် အသင်(တမန်တော်)သည် သူတို့နှင့်ပတ်သက်၍ မပူဆွေးနှင့်။ ထို့ပြင် အသင်သည် သူတို့၏ လျှို့ဝှက်ကြံစည်မှုကြောင့် စိတ်ဆင်းရဲမှုလည်း မဖြစ်နှင့်။ وَيَقُولُونَ مَتَىٰ هَٰذَا ٱلۡوَعۡدُ إِن كُنتُمۡ صَٰدِقِينَ ٧١ထို့ပြင် သူတို့က အကယ်၍ အသင်တို့သည် မှန်ကန်သူများဖြစ်ကြလျှင် ဤချိန်းဆိုချက်သည် မည်သည့်အခါဖြစ်မည်နည်းဟု ပြောဆိုကြသည်။ قُلۡ عَسَىٰٓ أَن يَكُونَ رَدِفَ لَكُم بَعۡضُ ٱلَّذِي تَسۡتَعۡجِلُونَ ٧٢(အို- တမန်တော်)အသင်ပြောလိုက်ပါ- အသင်တို့ အလျင်စလို တောင့်တနေကြသော ပြစ်ဒဏ်တစ်ချို့တစ်ဝက်သည် အသင်တို့၏နောက်မှ လိုက်လာနေပြီဖြစ်သည်။ وَإِنَّ رَبَّكَ لَذُو فَضۡلٍ عَلَى ٱلنَّاسِ وَلَٰكِنَّ أَكۡثَرَهُمۡ لَا يَشۡكُرُونَ ٧٣ထို့ပြင် အမှန်စင်စစ် အသင်တို့အား ဖန်ဆင်းမွေးမြူတော်မူသောအရှင်မြတ်သည် လူမျာအပေါ်တွင် အလွန်ကျေးဇူးပြုတော်မူသောအရှင် အမှန်ပင် ဖြစ်တော်မူသည်။ သို့ရာတွင် လူများထဲမှ အများစုသည် ကျေးဇူးမသိတတ်ကြပေ။ وَإِنَّ رَبَّكَ لَيَعۡلَمُ مَا تُكِنُّ صُدُورُهُمۡ وَمَا يُعۡلِنُونَ ٧٤ထို့ပြင် အသင်(တမန်တော်)အား ဖန်ဆင်းမွေးမြူတော်မူသောအရှင်မြတ်သည် သူတို့၏ရင်များက လျှို့ဝှက်ထားကြသည့်များနှင့် သူတို့က ထုတ်ဖော်ပြောကြားသည်များကို အမှန်ပင် သိရှိတော်မူသည်။ وَمَا مِنۡ غَآئِبَةٍ فِي ٱلسَّمَآءِ وَٱلۡأَرۡضِ إِلَّا فِي كِتَٰبٍ مُّبِينٍ ٧٥ထို့ပြင် မိုးကောင်းကင်နှင့် မြေပထဝီတွင် လျှို့ဝှက်သည့်အရာဟူသည် မရှိပေ။ သို့ရာတွင် (ထိုအရာများသည်) ထင်ရှားသော(မှတ်တမ်း)စာအုပ်၌ မှတ်သားထားပြီးဖြစ်သည်။ إِنَّ هَٰذَا ٱلۡقُرۡءَانَ يَقُصُّ عَلَىٰ بَنِيٓ إِسۡرَٰٓءِيلَ أَكۡثَرَ ٱلَّذِي هُمۡ فِيهِ يَخۡتَلِفُونَ ٧٦အမှန်စင်စစ် ဤကုရ်အာန်ကျမ်းတော်မြတ်သည် အစ္စရာအီလ်မျိုးနွယ်ဝင်များ၏ ရှေ့၌ သူတို့ ကွဲလွဲနေကြသော အကြောင်းအရာများထဲမှ အကြောင်းအရာများစွာကို ဖော်ပြသည်။ وَإِنَّهُۥ لَهُدًى وَرَحۡمَةٌ لِّلۡمُؤۡمِنِينَ ٧٧ထို့ပြင် အမှန်စင်စစ် ထိုကုရ်အာန်ကျမ်းတော်မြတ်သည် အီမာန်ယုံကြည်သူများအတွက် အမှန်ပင် လမ်းမှန် ညွှန်ကြားပြသချက်နှင့် ကရုဏာဖြစ်သည်။ إِنَّ رَبَّكَ يَقۡضِي بَيۡنَهُم بِحُكۡمِهِۦۚ وَهُوَ ٱلۡعَزِيزُ ٱلۡعَلِيمُ ٧٨အမှန်စင်စစ် အသင့်အား ဖန်ဆင်းမွေးမြူတော်မူသောအရှင်မြတ်သည် သူတို့အကြားတွင် အရှင်မြတ်၏အမိန့်တော်ဖြင့် စီရင်ဆုံးဖြတ်တော်မူမည်။ ထို့ပြင် အရှင်မြတ်သည် တန်ခိုးတော်နှင့် အလွန်လွှမ်းမိုးတော်မူသောအရှင်၊ အကြွင်းမဲ့သိတော်မူသောအရှင်ဖြစ်တော်မူသည်။ فَتَوَكَّلۡ عَلَى ٱللَّهِۖ إِنَّكَ عَلَى ٱلۡحَقِّ ٱلۡمُبِينِ ٧٩သို့ဖြစ်ရာ အသင်သည် အလ္လာဟ်အရှင်မြတ်အပေါ်တွင် ယုံပုံလွှဲအပ်လိုက်ပါ။ အမှန်စင်စစ် အသင်သည် ထင်ရှားသော အမှန်အပေါ်တွင် တည်ရှိနေသည်။ إِنَّكَ لَا تُسۡمِعُ ٱلۡمَوۡتَىٰ وَلَا تُسۡمِعُ ٱلصُّمَّ ٱلدُّعَآءَ إِذَا وَلَّوۡاْ مُدۡبِرِينَ ٨٠အမှန်စင်စစ် အသင်(တမန်တော်)သည် သေသူများကို ကြားစေနိုင်သည်လည်း မဟုတ်ပေ။ ထို့ပြင် နားပင်းသူများကိုလည်း သူတို့သည် ကျောခိုင်းလှည့်ထွက်သွားသည့်အခါ အသင်၏ခေါ်သံကို ကြားအောင် မပြုလုပ်နိုင်ပေ။ وَمَآ أَنتَ بِهَٰدِي ٱلۡعُمۡيِ عَن ضَلَٰلَتِهِمۡۖ إِن تُسۡمِعُ إِلَّا مَن يُؤۡمِنُ بِـَٔايَٰتِنَا فَهُم مُّسۡلِمُونَ ٨١ထို့ပြင် အသင်သည် မျက်စိကန်းသူများအားလည်း သူတို့၏လမ်းလွဲမှုမှ (လမ်းမှန်အောင်)ညွှန်ကြားပြသပေးနိုင်သူ မဟုတ်ပေ။ သို့ရာတွင် ငါအရှင်မြတ်၏အာယသ်တော်များကို ယုံကြည်ပြီးနောက် အမိန့်တော်ကို လိုက်နာသူများကိုသာ အသင်သည် ကြားစေနိုင်ခြင်း ဖြစ်သည်။ ۞ وَإِذَا وَقَعَ ٱلۡقَوۡلُ عَلَيۡهِمۡ أَخۡرَجۡنَا لَهُمۡ دَآبَّةً مِّنَ ٱلۡأَرۡضِ تُكَلِّمُهُمۡ أَنَّ ٱلنَّاسَ كَانُواْ بِـَٔايَٰتِنَا لَا يُوقِنُونَ ٨٢ထို့ပြင် ချိန်းဆိုချက်သည် သူတို့အပေါ်တွင် ဆိုက်ရောက်လာသည့်အခါ ငါအရှင်မြတ်သည် သူတို့အတွက် မြေကြီးမှ အကြင်သတ္တဝါကို ထွက်စေတော်မူမည်။* ထိုသတ္တဝါသည် သူတို့အား (ဤသို့)စကားပြောဆိုမည်ဖြစ်သည်- “လူများသည် အရှင်မြတ်၏အာယသ်တော်များကို ယုံကြည်ခြင်း မရှိခဲ့ကြပေ။“ وَيَوۡمَ نَحۡشُرُ مِن كُلِّ أُمَّةٍ فَوۡجًا مِّمَّن يُكَذِّبُ بِـَٔايَٰتِنَا فَهُمۡ يُوزَعُونَ ٨٣ထို့ပြင် ထိုနေ့တွင် ငါအရှင်မြတ်သည် အုပ်စုအသီးသီးထဲမှ ငါအရှင်မြတ်၏အာယသ်တော်များကို မဟုတ်မမှန်ဟု ငြင်းပယ်ကြသည့်သူများအား တစ်အုပ်စုစီ စုရုံးစေတော်မူမည်။ ထို့ပြင် သူတို့သည် တန်းစီရပ်စေခြင်းကို ခံကြရမည်။ حَتَّىٰٓ إِذَا جَآءُو قَالَ أَكَذَّبۡتُم بِـَٔايَٰتِي وَلَمۡ تُحِيطُواْ بِهَا عِلۡمًا أَمَّاذَا كُنتُمۡ تَعۡمَلُونَ ٨٤နောက်ဆုံးတွင် သူတို့သည် (အရှင်မြတ်ထံတော်)ရောက်ရှိလာခဲ့ကြသည့်အခါ အရှင်မြတ်က အသင်တို့သည် ငါအရှင်မြတ်၏အာယသ်တော်များကို အသင်တို့ အသိပညာနှင့် ဝန်းခြုံသိရှိခြင်းမရှိသေးမီ၌ပင် မဟုတ်မမှန်ဟု စွပ်စွဲငြင်းပယ်ခဲ့ကြသလော။ သို့မဟုတ် အသင်တို့သည် မည်သည့်အရာများကို ပြုလုပ်နေခဲ့ကြသနည်းဟု မိန့်ကြားတော်မူမည်။ وَوَقَعَ ٱلۡقَوۡلُ عَلَيۡهِم بِمَا ظَلَمُواْ فَهُمۡ لَا يَنطِقُونَ ٨٥ထို့နောက် သူတို့၏ကျူးလွန်မှုများကြောင့် ကတိချိန်းဆိုချက်သည် သူတို့အပေါ်တွင် အတည်ဖြစ်ခဲ့သည့်အတွက် သူတို့သည် စကားပြောဆိုနိုင်ကြတော့မည် မဟုတ်ပေ။ أَلَمۡ يَرَوۡاْ أَنَّا جَعَلۡنَا ٱلَّيۡلَ لِيَسۡكُنُواْ فِيهِ وَٱلنَّهَارَ مُبۡصِرًاۚ إِنَّ فِي ذَٰلِكَ لَأٓيَٰتٍ لِّقَوۡمٍ يُؤۡمِنُونَ ٨٦အမှန်စင်စစ် ငါအရှင်မြတ်သည် ညကို သူတို့ ထိုညတွင် အနားယူနိုင်ရန်အတွက်နှင့် နေ့ကို မြင်စေနိုင်သည့်အရာအဖြစ် ပြုလုပ်တော်မူခဲ့သည်ကို သူတို့သည် မမြင်ခဲ့ကြသလော။ အမှန်စင်စစ် ထိုအထဲတွင် အီမာန်ယုံကြည်သူများအတွက် သက်သေသာဓကများ အမှန်ပင်ရှိသည်။ وَيَوۡمَ يُنفَخُ فِي ٱلصُّورِ فَفَزِعَ مَن فِي ٱلسَّمَٰوَٰتِ وَمَن فِي ٱلۡأَرۡضِ إِلَّا مَن شَآءَ ٱللَّهُۚ وَكُلٌّ أَتَوۡهُ دَٰخِرِينَ ٨٧ထို့ပြင် တံပိုးခရာမှုတ်မည့်နေ့တွင် အလ္လာဟ်အရှင်မြတ် အလိုရှိတော်မူသောသူမှလွဲ၍ မိုးကောင်းကင်များတွင်ရှိသူများနှင့် မြေပထဝီတွင်ရှိသူများသည် ထိတ်လန့်သွားကြလိမ့်မည်။* ထို့ပြင် အားလုံးသည် သေးသိမ်စွာနှင့် အရှင်မြတ်ထံတော်သို့ ရောက်ရှိလာကြမည်။ وَتَرَى ٱلۡجِبَالَ تَحۡسَبُهَا جَامِدَةً وَهِيَ تَمُرُّ مَرَّ ٱلسَّحَابِۚ صُنۡعَ ٱللَّهِ ٱلَّذِيٓ أَتۡقَنَ كُلَّ شَيۡءٍۚ إِنَّهُۥ خَبِيرُۢ بِمَا تَفۡعَلُونَ ٨٨ထို့ပြင် အသင်သည် တောင်များကို မြင်သည်။ အသင်သည် ထိုတောင်များကို အစိုင်အခဲများပင်ဟု ထင်မှတ်ထားသည်။ သို့ရာတွင် (ထိုနေ့တွင်) ထိုတောင်များသည် မိုးတိမ်များ လွင့်မျောနေသကဲ့သို့ လွင့်မျောနေမည်။ (ဤသည်) အရာအားလုံးတို့ကို ခိုင်ခံ့အောင်ပြုလုပ်ထားတော်မူသော အလ္လာဟ်အရှင်မြတ်၏ အစွမ်းအစပင် ဖြစ်တော်မူသည်။ အမှန်စင်စစ် အရှင်မြတ်သည် အသင်တို့ပြုလုပ်သမျှကို အကြွင်းမဲ့ကြားသိတော်မူသောအရှင် ဖြစ်တော်မူသည်။ مَن جَآءَ بِٱلۡحَسَنَةِ فَلَهُۥ خَيۡرٌ مِّنۡهَا وَهُم مِّن فَزَعٍ يَوۡمَئِذٍ ءَامِنُونَ ٨٩မည်သူမဆို (အီမာန်ယုံကြည်၍)ကောင်းမှုနှင့်တကွ လာခဲ့လျှင် ထိုသူ့အတွက် ထိုထက်ကောင်းသော အကျိုးရှိမည့်အပြင် သူတို့သည် ထိုနေ့တွင် ထိတ်လန့်ခြင်းမှလည်း ကင်းလွတ်သူများပင် ဖြစ်ကြမည်။ وَمَن جَآءَ بِٱلسَّيِّئَةِ فَكُبَّتۡ وُجُوهُهُمۡ فِي ٱلنَّارِ هَلۡ تُجۡزَوۡنَ إِلَّا مَا كُنتُمۡ تَعۡمَلُونَ ٩٠ထို့ပြင် မည်သူမဆို (ကုဖ်ရ် ငြင်းပယ်၍) မကောင်းမှုနှင့်တကွ ရောက်ရှိလာခဲ့လျှင် ထိုသူများသည် မျက်နှာမှောက်စေပြီး မီးထဲသို့ ပစ်ချခြင်းခံကြရမည်ဖြစ်သည်။ (ထို့ပြင်)အသင်တို့သည် အသင်တို့ပြုလုပ်ခဲ့သော လုပ်ရပ်များ၏ အစားပေးခြင်းကို ခံကြရခြင်းသာဖြစ်သည်(ဟု ပြောဆိုခံကြရမည်)။ إِنَّمَآ أُمِرۡتُ أَنۡ أَعۡبُدَ رَبَّ هَٰذِهِ ٱلۡبَلۡدَةِ ٱلَّذِي حَرَّمَهَا وَلَهُۥ كُلُّ شَيۡءٍۖ وَأُمِرۡتُ أَنۡ أَكُونَ مِنَ ٱلۡمُسۡلِمِينَ ٩١(အို- တမန်တော် အသင်ပြောလိုက်ပါ)- ငါသည် ဤ(မက္ကဟ်)မြို့၏အရှင်သခင်အား ကိုးကွယ်ရန် အမိန့်ပေးတော်မူခြင်းကို ခံရသည်။ ထိုအရှင်မြတ်သည် ဤမြို့တော်ကို ထွတ်မြတ်စေတော်မူခဲ့သည်။ ထို့ပြင် အရာအားလုံးသည် အရှင်မြတ်ပိုင်ဆိုင်တော်မူသောအရာများပင် ဖြစ်ကြသည်။ ထို့ပြင် ငါသည် မွတ်စ်လင်မ် အမိန့်နာခံသူထဲတွင် ပါဝင်ဖို့ အမိန့်ပေးတော်မူခြင်းကို ခံရသည်။ وَأَنۡ أَتۡلُوَاْ ٱلۡقُرۡءَانَۖ فَمَنِ ٱهۡتَدَىٰ فَإِنَّمَا يَهۡتَدِي لِنَفۡسِهِۦۖ وَمَن ضَلَّ فَقُلۡ إِنَّمَآ أَنَا۠ مِنَ ٱلۡمُنذِرِينَ ٩٢ထို့ပြင် ငါသည် ကုရ်အာန်ကျမ်းတော်မြတ်ကို ဖတ်ကြားရန် (အမိန့်ပေးတော်မူခြင်းခံရသည်)။ သို့ဖြစ်ရာ မည်သူမဆို လမ်းမှန်ကို ရရှိခဲ့လျှင် ထိုသူသည် သူ၏အတွက်ပင် လမ်းမှန်ကို ရရှိခဲ့ခြင်းဖြစ်သည်။ ထို့ပြင် မည်သူမဆို လမ်းလွဲနေခဲ့လျှင် ငါသည် သတိပေးနှိုးဆော်သူတစ်ဦးသာ ဖြစ်သည်ဟု (အို- တမန်တော်)အသင်ပြောလိုက်ပါ။ وَقُلِ ٱلۡحَمۡدُ لِلَّهِ سَيُرِيكُمۡ ءَايَٰتِهِۦ فَتَعۡرِفُونَهَاۚ وَمَا رَبُّكَ بِغَٰفِلٍ عَمَّا تَعۡمَلُونَ ٩٣ထို့ပြင် (အို- တမန်တော်)အသင်ပြောလိုက်ပါ- ချီးမွမ်းခြင်းအပေါင်းသည် အလ္လာဟ်အရှင်မြတ်အတွက်ပင် ဖြစ်သည်။ ထို့နောက် အသင်တို့သည် ထိုအရာများကို သိရှိကြလိမ့်မည်။ ထို့ပြင် အသင့်အား ဖန်ဆင်းမွေးမြူတော်မူသောအရှင်မြတ်သည် အသင်တို့ ပြုလုပ်နေကြသောလုပ်ရပ်များကို သတိမမူ မေ့လျော့နေတော်မူသောအရှင် မဟုတ်ပေ။