ملة الإسلام

السورة 65 · 12 آية · Hashim Tin Myint

سورة الطلاق باللغة البورمية

السورة بالعربية مع التفسير استمع إلى سورة الطلاق (1,126 قارئاً)
مدنيةسورة الطلاق١٢ آية

بِسۡمِ ٱللَّهِ ٱلرَّحۡمَٰنِ ٱلرَّحِيمِ

يَٰٓأَيُّهَا ٱلنَّبِيُّ إِذَا طَلَّقۡتُمُ ٱلنِّسَآءَ فَطَلِّقُوهُنَّ لِعِدَّتِهِنَّ وَأَحۡصُواْ ٱلۡعِدَّةَۖ وَٱتَّقُواْ ٱللَّهَ رَبَّكُمۡۖ لَا تُخۡرِجُوهُنَّ مِنۢ بُيُوتِهِنَّ وَلَا يَخۡرُجۡنَ إِلَّآ أَن يَأۡتِينَ بِفَٰحِشَةٍ مُّبَيِّنَةٍۚ وَتِلۡكَ حُدُودُ ٱللَّهِۚ وَمَن يَتَعَدَّ حُدُودَ ٱللَّهِ فَقَدۡ ظَلَمَ نَفۡسَهُۥۚ لَا تَدۡرِي لَعَلَّ ٱللَّهَ يُحۡدِثُ بَعۡدَ ذَٰلِكَ أَمۡرًا ١အို-တမန်‌တော်၊ (အသင်‌ပြောလိုက်ပါ)-အသင်တို့သည် ဇနီးမိန်းမများကို သွလာက်‌ပေးကွာရှင်းသည့်အခါ သူမတို့၏ အိဒ်ဒသ်ရက်များ (စ၍‌ရေတွက်နိုင်သည့်)အချိန်ကာလ တွင် သွလာက်‌ပေးကွာရှင်းကြပါ။ ###၁ ထို့ပြင် အသင်တို့သည် အိဒ်ဒသ်ရက်များကို ‌ရေတွက်ကြပါ။ ထို့ပြင် အသင်တို့သည် အသင်တို့အားဖန်ဆင်း‌မွေးမြူ‌တော်မူ‌သော အလ္လာဟ်အရှင်မြတ်အား ‌ကြောက်ရွံ့ကြပါ။ ထင်ရှား‌သောစက်ဆုပ်ဖွယ်ရာအမှုကို ထိုဇနီးမိန်းမများက ကျူးလွန်ကြသည်မှလွဲ၍ အသင်တို့သည် သူမတို့ကို သူမတို့၏ ‌နေအိမ်များမှ မထွက်ခိုင်းကြနှင့်။ သူမတို့ကိုယ်တိုင်လည်း မထွက်ကြရ‌ပေ။ ###၂ ထို့ပြင် ထိုအရာသည် အလ္လာဟ် အရှင်မြတ်၏ စည်းကမ်းချက်များပင်ဖြစ်သည်။ မည်သူမဆို အလ္လာဟ် အရှင်မြတ်၏ စည်းကမ်းချက်များကို ကျူးလွန်‌ဖောက်ဖျက်လျှင် အမှန်စင်စစ် ထိုသူသည် သူ့ကိုယ်သူနှိပ်စက်ခဲ့ပြီဖြစ်သည်။ ထို(သွလာက်‌ပေးပြီး)‌နောက် အလ္လာဟ်အရှင်မြတ်သည် အ‌ကြောင်းကိစ္စတစ်စုံတစ်ခုကို အသစ်ဖန်တီး‌ပေး‌တော်မူ‌ကောင်း‌ပေး‌တော်မူမည်ကို အသင်မသိ‌ပေ။ ###၃ فَإِذَا بَلَغۡنَ أَجَلَهُنَّ فَأَمۡسِكُوهُنَّ بِمَعۡرُوفٍ أَوۡ فَارِقُوهُنَّ بِمَعۡرُوفٍ وَأَشۡهِدُواْ ذَوَيۡ عَدۡلٍ مِّنكُمۡ وَأَقِيمُواْ ٱلشَّهَٰدَةَ لِلَّهِۚ ذَٰلِكُمۡ يُوعَظُ بِهِۦ مَن كَانَ يُؤۡمِنُ بِٱللَّهِ وَٱلۡيَوۡمِ ٱلۡأٓخِرِۚ وَمَن يَتَّقِ ٱللَّهَ يَجۡعَل لَّهُۥ مَخۡرَجًا ٢ထို့‌နောက် ထို(ကွာရှင်းခဲ့သည့်)ဇနီးမိ်န်းမများသည် သူမတို့၏ သတ်မှတ်သည့် အိဒ်ဒသ်ရက် ‌နောက်ဆုံးအချိန်ကို‌ရောက်ခါနီးတွင် အသင်တို့သည် သူမတို့အား စည်းကမ်းနှင့် အညီ ပြန်သိမ်းပိုက်ကြပါ။ သို့မဟုတ် အသင်တို့သည် စည်းကမ်းနှင့်အညီ သူမတို့နှင့် ခွဲခွာကြပါ။ ထို့ပြင် အသင်တို့သည် အသင်တို့ထဲမှ သစ္စာသမာဓိရှိသူနှစ်ဦးကို သက်‌သေထား ကြပါ။ ###၄ ထို့ပြင် အသင်တို့သည် အလ္လာဟ် အရှင်မြတ်အတွက် ရည်ရွယ်ပြီး ‌ဖြောင့်မတ်စွာ သက်‌သေထွက်ဆိုကြပါ။ ဤသည် အလ္လာဟ်အရှင်မြတ်နှင့် ‌နောက်ဆုံး‌နေ့ကို ယုံကြည်သူများအား ဆုံးမဩဝါဒ‌ပေးခြင်းဖြစ်သည်။ ထို့ပြင် မည်သူမဆို အလ္လာဟ်အရှင်မြတ်အား ‌ကြောက်ရွံ့လျှင် အရှင်မြတ်သည် ထိုသူ့အတွက် ထွက်‌ပေါက်ဖန်တီး‌ပေး‌တော်မူမည်။ وَيَرۡزُقۡهُ مِنۡ حَيۡثُ لَا يَحۡتَسِبُۚ وَمَن يَتَوَكَّلۡ عَلَى ٱللَّهِ فَهُوَ حَسۡبُهُۥٓۚ إِنَّ ٱللَّهَ بَٰلِغُ أَمۡرِهِۦۚ قَدۡ جَعَلَ ٱللَّهُ لِكُلِّ شَيۡءٍ قَدۡرًا ٣ထို့ပြင် အရှင်မြတ်သည် ထိုသူအား သူမထင်သည့်‌နေရာမှ စားနပ်ရိက္ခာကို ‌ပေးသနား‌တော်မူမည်။ ထို့ပြင် မည်သူမဆို အလ္လာဟ် အရှင်မြတ်အ‌ပေါ်တွင် ယုံပုံလွှဲအပ်လျှင်အရှင်မြတ်သည် သူ့အတွက်လုံ‌လောက်‌တော်မူသည်။ အမှန်စင်စစ် အလ္လာဟ်အရှင်မြတ်သည် မိမိ၏အ‌ရေးကိစ္စကို ပြီး‌မြောက်‌အောင်ပြုလုပ်‌တော်မူ‌သောအရှင်မြတ်ပင်ဖြစ်‌တော်မူသည်။ အမှန်မှာ အလ္လာဟ်အရှင်မြတ်သည် အရာအားလုံးအတွက် အချိန်အဆတစ်ခုပြုလုပ်ထား‌တော်မူသည်။ وَٱلَّٰٓـِٔي يَئِسۡنَ مِنَ ٱلۡمَحِيضِ مِن نِّسَآئِكُمۡ إِنِ ٱرۡتَبۡتُمۡ فَعِدَّتُهُنَّ ثَلَٰثَةُ أَشۡهُرٍ وَٱلَّٰٓـِٔي لَمۡ يَحِضۡنَۚ وَأُوْلَٰتُ ٱلۡأَحۡمَالِ أَجَلُهُنَّ أَن يَضَعۡنَ حَمۡلَهُنَّۚ وَمَن يَتَّقِ ٱللَّهَ يَجۡعَل لَّهُۥ مِنۡ أَمۡرِهِۦ يُسۡرًا ٤ထို့ပြင် အသင်တို့၏ (ကွာရှင်းပြီးဖြစ်သည့်)ဇနီးမိန်းမများထဲတွင် ဓမ္မတာလာခြင်းမှ ‌မျှော်လင့်ချက်မရှိ‌တော့‌သော မိန်းမများသည် အကယ်၍ (သူမတို့၏ အိဒ်ဒသ်နှင့်ပတ်သက် ၍) အသင်တို့သည် သံသယဖြစ်ခဲ့လျှင် သူမတို့၏ အိဒ်ဒသ်သည် သုံးလဖြစ်သည်။ ထို့ပြင် ဓမ္မတာမလာဖူး‌သေး‌သောမိန်းမများလည်း (သုံးလပင်ဖြစ်သည်)။ ထို့ပြင် ကိုယ်ဝန်ရှိ ‌သောမိန်းမများသည် သူမတို့၏ (အိဒ်ဒသ် )ကာလအပိုင်းအခြားသည် သူမတို့အ‌နေနှင့် သူမတို့၏ကိုယ်ဝန်ကို ဖွားမြင်ခြင်းပင်ဖြစ်သည်။ ထို့ပြင် မည်သူမဆို အလ္လာဟ်အရှင်မြတ်အား ‌ကြောက်ရွံ့လျှင် အရှင်မြတ်သည် သူ့အတွက် သူ၏အ‌ရေးကိစ္စကို လွယ်ကူ‌အောင် ပြုလုပ်‌ပေး‌တော်မူမည်ဖြစ်သည်။ ذَٰلِكَ أَمۡرُ ٱللَّهِ أَنزَلَهُۥٓ إِلَيۡكُمۡۚ وَمَن يَتَّقِ ٱللَّهَ يُكَفِّرۡ عَنۡهُ سَيِّـَٔاتِهِۦ وَيُعۡظِمۡ لَهُۥٓ أَجۡرًا ٥ဤသည် အလ္လာဟ်အရှင်မြတ်၏ အမိန့်‌တော်ပင်ဖြစ်သည်။ အရှင်မြတ်သည် ထိုအမိန့်‌တော်ကို အသင်တို့ထံချ‌ပေး‌တော်မူခဲ့သည်။ ထို့ပြင် မည်သူမဆို အလ္လာဟ်အရှင်မြတ်အား ‌ကြောက်ရွံ့လျှင်အရှင်မြတ်သည်သူ၏ မ‌ကောင်းမှုများကို သူ၏ထံမှ ပ‌ပျောက်‌စေ‌တော်မူမည့်အပြင် သူ၏ အကျိုးရလဒ်ကို ကြီးကျယ်‌စေ‌တော်မူမည်။ أَسۡكِنُوهُنَّ مِنۡ حَيۡثُ سَكَنتُم مِّن وُجۡدِكُمۡ وَلَا تُضَآرُّوهُنَّ لِتُضَيِّقُواْ عَلَيۡهِنَّۚ وَإِن كُنَّ أُوْلَٰتِ حَمۡلٍ فَأَنفِقُواْ عَلَيۡهِنَّ حَتَّىٰ يَضَعۡنَ حَمۡلَهُنَّۚ فَإِنۡ أَرۡضَعۡنَ لَكُمۡ فَـَٔاتُوهُنَّ أُجُورَهُنَّ وَأۡتَمِرُواْ بَيۡنَكُم بِمَعۡرُوفٍۖ وَإِن تَعَاسَرۡتُمۡ فَسَتُرۡضِعُ لَهُۥٓ أُخۡرَىٰ ٦အသင်တို့သည် ထို(ကွာရှင်းပြီးဖြစ်ကြသည့်)မိန်းမများကို အသင်တို့‌နေထိုင်ရာတွင် အသင်တို့၏ ချမ်းသာမှုနှင့်အညီ (‌နေထိုင်ရန်) အိမ်‌ပေးကြပါ။ ထို့ပြင် အသင်တို့သည်သူမတို့အ‌ပေါ်တွင် ကျပ်တည်း‌စေရန်အတွက် ဒုက္ခမ‌ပေးကြနှင့်။ ထို့ပြင် အကယ်၍ သူမတို့သည် ကိုယ်ဝန်ရှိသူများဖြစ်ခဲ့ကြလျှင် အသင်တို့သည် သူမတို့အ‌ပေါ်တွင် သူမတို့အ‌နေနှင့် သူမတို့၏ကိုယ်ဝန်အား ‌မွေးဖွားကြသည်အထိ သုံးစွဲကြပါ။ ထို့‌နောက် အကယ်၍ သူမတို့သည် အသင်တို့အတွက် (အသင်တို့၏က‌လေးကို)နို့တိုက်‌ကျွေးခဲ့ကြလျှင်အသင်တို့သည် သူမတို့အား သူမတို့၏ အဖိုးအခများကို‌ပေးဆပ်ကြပါ။ ထို့ပြင် အသင်တို့သည် အသင်တို့အချင်းချင်း ‌ကောင်းမွန်သည့်နည်းနှင့် ‌ဆွေး‌နွေးတိုင်ပင်ကြပါ။ ထို့‌နောက် အကယ်၍ အသင်တို့သည် အချင်းချင်း မ‌ပြေလည်ခဲ့ကြလျှင် ထို(ဖခင်)အတွက် မကြာမီ အခြားမိန်းမတစ်ဦးက က‌လေးကို နို့တိုက်‌ကျွေး(ရန်ငှားရမ်း)ရမည်ဖြစ်သည်။ لِيُنفِقۡ ذُو سَعَةٍ مِّن سَعَتِهِۦۖ وَمَن قُدِرَ عَلَيۡهِ رِزۡقُهُۥ فَلۡيُنفِقۡ مِمَّآ ءَاتَىٰهُ ٱللَّهُۚ لَا يُكَلِّفُ ٱللَّهُ نَفۡسًا إِلَّا مَآ ءَاتَىٰهَاۚ سَيَجۡعَلُ ٱللَّهُ بَعۡدَ عُسۡرٍ يُسۡرًا ٧ချမ်းသာသူသည် သူ၏ချမ်းသာမှုနှင့် အညီသုံးစွဲရမည်။ ထို့ပြင်ကျပ်တည်းသူသည်လည်း သူ့ကို အလ္လာဟ်အရှင်မြတ်‌ပေးသနား‌တော်မူသည့်အထဲမှ သုံးစွဲရမည်။ အလ္လာဟ် အရှင်မြတ်သည် မည်သူ့ကိုမျှ အရှင်မြတ်‌ပေးသနား‌တော်မူသည်ထက် ပိုပြီးတာဝန်‌ပေးသည်မဟုတ်‌ပေ။ အလ္လာဟ်အရှင်မြတ်သည် ကျပ်တည်းမှု၏ ‌နောက်တွင်မကြာမီ ‌ချောင်လည်မှု ဖန်တီး‌ပေးသနား‌တော်မူမည်ဖြစ်သည်။ وَكَأَيِّن مِّن قَرۡيَةٍ عَتَتۡ عَنۡ أَمۡرِ رَبِّهَا وَرُسُلِهِۦ فَحَاسَبۡنَٰهَا حِسَابًا شَدِيدًا وَعَذَّبۡنَٰهَا عَذَابًا نُّكۡرًا ٨ထို့ပြင် မြို့ရွာအ‌မြောက်အမြား(တွင်‌နေထိုင်သူများ)သည် သူတို့အား ဖန်ဆင်း‌မွေးမြူ‌တော်မူ‌သောအရှင်မြတ်၏ အမိန့်‌တော်နှင့် အရှင့်တမန်‌တော်များ၏ အမိန့်ကို ဖီဆန် ‌တော်လှန်ခဲ့ကြသည့်အတွက် ငါအရှင်မြတ်သည် ထိုမြို့ရွာသားများကို ပြင်းထန်စွာ စစ်‌ဆေး‌တော်မူသည့်အပြင် သူတို့အား အလွန်ဆိုးရွားလှသည့်ပြစ်ဒဏ်ကိုလည်း‌ပေး‌တော်မူခဲ့သည်။ فَذَاقَتۡ وَبَالَ أَمۡرِهَا وَكَانَ عَٰقِبَةُ أَمۡرِهَا خُسۡرًا ٩သို့ဖြစ်ရာ ထိုမြို့(သူ)ရွာ(သား)များသည် သူတို့၏ မ‌ကောင်း‌သောအမှုကိစ္စများနှင့် ပတ်သက်၍ ပြစ်ဒဏ်ကို မြည်းစမ်းခဲ့ကြရသည့်အပြင် သူတို့၏ ‌နောက်ဆုံးအကျိုးဆက်သည်လည်း ဆုံးရှုံးမှုပင်ဖြစ်ခဲ့သည်။ أَعَدَّ ٱللَّهُ لَهُمۡ عَذَابًا شَدِيدًاۖ فَٱتَّقُواْ ٱللَّهَ يَٰٓأُوْلِي ٱلۡأَلۡبَٰبِ ٱلَّذِينَ ءَامَنُواْۚ قَدۡ أَنزَلَ ٱللَّهُ إِلَيۡكُمۡ ذِكۡرًا ١٠အလ္လာဟ်အရှင်မြတ်သည် သူတို့နှင့်ပတ်သက်၍ အလွန်ပြင်းထန်သည့် ပြစ်ဒဏ်ကို အဆင်သင့်ပြုလုပ်ထား‌တော်မူသည်။ သို့ဖြစ်ရာ အို-ယုံကြည်‌သောဉာဏ်ရှင်အ‌ပေါင်းတို့၊အသင်တို့သည် အလ္လာဟ်အရှင်မြတ်အား ‌ကြောက်ရွံ့ ကြပါ။ အမှန်စင်စစ် အလ္လာဟ်အရှင်မြတ်သည် အသင်တို့ထံသို့ ဆုံးမဩဝါဒ(ကုရ်အာန် ကျမ်း‌တော်မြတ်)ကို ချ‌ပေးသနား‌တော်မူခဲ့သည်။ رَّسُولًا يَتۡلُواْ عَلَيۡكُمۡ ءَايَٰتِ ٱللَّهِ مُبَيِّنَٰتٍ لِّيُخۡرِجَ ٱلَّذِينَ ءَامَنُواْ وَعَمِلُواْ ٱلصَّٰلِحَٰتِ مِنَ ٱلظُّلُمَٰتِ إِلَى ٱلنُّورِۚ وَمَن يُؤۡمِنۢ بِٱللَّهِ وَيَعۡمَلۡ صَٰلِحًا يُدۡخِلۡهُ جَنَّٰتٍ تَجۡرِي مِن تَحۡتِهَا ٱلۡأَنۡهَٰرُ خَٰلِدِينَ فِيهَآ أَبَدًاۖ قَدۡ أَحۡسَنَ ٱللَّهُ لَهُۥ رِزۡقًا ١١(ထို့ပြင်)တမန်‌တော်တစ်ပါးကို(‌စေလွှတ်‌တော်မူခဲ့သည်၊) ထိုတမန်‌တော်သည် အသင်တို့‌ရှေ့၌ အလ္လာဟ်အရှင်မြတ်၏ ရှင်းလင်းထင်ရှား‌သော အာယသ်‌တော်များကိုဖတ်ကြားသည်။ (ထိုသို့ပြုလုပ်ရခြင်းကမူ) အရှင်မြတ်သည် ယုံကြည်ပြီး ‌ကောင်းမြတ်သည့်လုပ်ရပ်များပြုလုပ်သည့်သူများကို အ‌မှောင်ထုများမှ အလင်းကို ထွက်‌စေ‌တော်မူရန် အတွက်ဖြစ်သည်။ ထို့ပြင် မည်သူမဆို အလ္လာဟ်အရှင်မြတ်ကိုယုံကြည်ပြီး ‌ကောင်းမြတ်သည့်လုပ်ရပ်ကို ပြုလုပ်လျှင် ###၆ အရှင်မြတ်သည် သူတို့အား အကြင်ဥယျာဉ်များတွင် အမြဲ‌နေရမည့်သူအဖြစ် ဝင်‌ရောက်‌စေ‌တော်မူမည်။ ထိုဥယျာဉ်များ‌အောက်မှ ‌ချောင်းများစီးဆင်း‌နေလိမ့်မည်။ အမှန်ပင် အလ္လာဟ်အရှင်မြတ်သည် သူတို့အား မွန်မြတ်‌သော စားနပ်ရိက္ခာ ‌ပေးသနား‌တော်မူလိုက်ခြင်းဖြစ်သည်။ ٱللَّهُ ٱلَّذِي خَلَقَ سَبۡعَ سَمَٰوَٰتٍ وَمِنَ ٱلۡأَرۡضِ مِثۡلَهُنَّۖ يَتَنَزَّلُ ٱلۡأَمۡرُ بَيۡنَهُنَّ لِتَعۡلَمُوٓاْ أَنَّ ٱللَّهَ عَلَىٰ كُلِّ شَيۡءٍ قَدِيرٌ وَأَنَّ ٱللَّهَ قَدۡ أَحَاطَ بِكُلِّ شَيۡءٍ عِلۡمَۢا ١٢အလ္လာဟ်အရှင်မြတ်သည် ထိုအရှင်မြတ်ပင် ဖြစ်‌တော်မူသည်။ ထိုအရှင်မြတ်သည် မိုးခုနစ်ထပ်ကို ဖန်ဆင်း‌တော်မူခဲ့သည်။ ထို့ပြင် ‌မြေကိုလည်း ထိုသို့ပင် (ဖန်ဆင်း‌တော်မူခဲ့သည်)။ ထိုမိုးနှင့် ‌မြေအကြားတွင် အမိန့်‌တော်များ ဆင်းသက်သည်။ (ထိုသို့ဖြစ်ရခြင်းမှာ)အမှန်စင်စစ် အလ္လာဟ်အရှင်မြတ်သည် အရာအားလုံးကို အလွန်စွမ်း‌ဆောင်နိုင်‌တော်မူ‌ကြောင်းနှင့် အမှန်စင်စစ် အလ္လာဟ်အရှင်မြတ်သည် အရာအားလုံးကို အသိပညာနှင့် အမှန်ပင် လွှမ်းခြုံထား‌တော်မူ‌ကြောင်းကို အသင်တို့ သိရှိကြရန်အတွက်ဖြစ်သည်။

الترجمة: Hashim Tin Myint.