ملة الإسلام

السورة 64 · 18 آية · Hashim Tin Myint

سورة التغابن باللغة البورمية

السورة بالعربية مع التفسير استمع إلى سورة التغابن (1,143 قارئاً)
مدنيةسورة التغابن١٨ آية

بِسۡمِ ٱللَّهِ ٱلرَّحۡمَٰنِ ٱلرَّحِيمِ

يُسَبِّحُ لِلَّهِ مَا فِي ٱلسَّمَٰوَٰتِ وَمَا فِي ٱلۡأَرۡضِۖ لَهُ ٱلۡمُلۡكُ وَلَهُ ٱلۡحَمۡدُۖ وَهُوَ عَلَىٰ كُلِّ شَيۡءٍ قَدِيرٌ ١မိုး‌ကောင်းကင်များတွင်ရှိသမျှနှင့် ‌မြေပထဝီတွင် ရှိသမျှသည် အလ္လာဟ်အရှင်မြတ် သန့်ရှင်းစင်ကြယ်‌ကြောင်းရွတ်ဆို‌နေကြသည်။ စိုးမိုးအုပ်ချုပ်မှုသည် အရှင်မြတ်ပင် စိုးပိုင် ‌တော်မူသည်။ ချီးမွမ်းခြင်းအ‌ပေါင်းသည်လည်း အရှင်မြတ်နှင့်သာ ထိုက်တန်သည်။ ထို့ပြင် အရှင်မြတ်သည် အရာအားလုံးအ‌ပေါ် အလွန်စွမ်း‌ဆောင်နိုင်‌တော်မူ‌သော အရှင်မြတ် ပင် ဖြစ်‌တော်မူသည်။ هُوَ ٱلَّذِي خَلَقَكُمۡ فَمِنكُمۡ كَافِرٌ وَمِنكُم مُّؤۡمِنٌۚ وَٱللَّهُ بِمَا تَعۡمَلُونَ بَصِيرٌ ٢ထိုအရှင်မြတ်ပင် အသင်တို့အား ဖန်ဆင်း‌တော်မူခဲ့‌သောအရှင်ဖြစ်‌တော်မူသည်။ ထို့‌နောက် အသင်တို့ထဲမှ အချို့သည်ငြင်းပယ်သူဖြစ်ပြီး အသင်တို့ထဲမှအချို့သည် ယုံကြည် သူဖြစ်သည်။ ထို့ပြင် အလ္လာဟ်အရှင်မြတ်သည် အသင်တို့ပြုလုပ်သမျှကို အကြွင်းမဲ့မြင်‌တော်မူ‌သောအရှင်ဖြစ်‌တော်မူသည်။ خَلَقَ ٱلسَّمَٰوَٰتِ وَٱلۡأَرۡضَ بِٱلۡحَقِّ وَصَوَّرَكُمۡ فَأَحۡسَنَ صُوَرَكُمۡۖ وَإِلَيۡهِ ٱلۡمَصِيرُ ٣အရှင်မြတ်ပင် မိုး‌ကောင်းကင်များနှင့် ‌မြေပထဝီကို အမှန်တရားဖြင့် ဖန်ဆင်း‌တော်မူခဲ့သည်။ ထို့ပြင် အရှင်မြတ်သည် အသင်တို့၏ ပုံပန်းသဏ္ဍာန်ကို ပြုလုပ်‌တော်မူခဲ့ပြီး အသင်တို့အား အ‌ကောင်းဆုံးပုံသဏ္ဍာန်ဖြစ်‌အောင် ပြုလုပ်‌တော်မူခဲ့သည်။ ထို့ပြင် ထိုအရှင်မြတ်ထံ‌တော်သို့ပင် (အသင်တို့၏‌နောက်ဆုံး)ပြန်လည်ရာစခန်းဖြစ်သည်။ يَعۡلَمُ مَا فِي ٱلسَّمَٰوَٰتِ وَٱلۡأَرۡضِ وَيَعۡلَمُ مَا تُسِرُّونَ وَمَا تُعۡلِنُونَۚ وَٱللَّهُ عَلِيمُۢ بِذَاتِ ٱلصُّدُورِ ٤အရှင်မြတ်သည် မိုး‌ကောင်းကင်များနှင့် ‌မြေပထဝီတွင်ရှိသမျှကို သိရှိ‌တော်မူသည်။ ထို့ပြင် အရှင်မြတ်သည် အသင်တို့လျှို့ဝှက်ပြုလုပ်သည့်အရာများနှင့် အသင်တို့ အထင်အရှားပြုလုပ်သည့်အရာများကို သိရှိ‌တော်မူသည်။ ထို့ပြင်အလ္လာဟ်အရှင်မြတ်သည် စိတ်နှလုံးများထဲတွင် ရှိသမျှတို့ကိုလည်းအကြွင်းမဲ့သိ‌တော်မူ‌သောအရှင်ဖြစ်‌တော်မူသည်။###၁ أَلَمۡ يَأۡتِكُمۡ نَبَؤُاْ ٱلَّذِينَ كَفَرُواْ مِن قَبۡلُ فَذَاقُواْ وَبَالَ أَمۡرِهِمۡ وَلَهُمۡ عَذَابٌ أَلِيمٌ ٥အသင်တို့ထံသို့ ယခင်က ငြင်းပယ်ခဲ့သည့်သူများ၏ အ‌ကြောင်းသတင်း‌ရောက်မလာခဲ့သ‌လော။ ထိုသို့ ငြင်းပယ်ခဲ့ကြသည့်အတွက် သူတို့သည်သူတို့လုပ်ရပ်၏ပြစ်ဒဏ်ကိုမြည်းစမ်းခဲ့ကြရပြီဖြစ်သည့်အပြင် (တမလွန်ဘဝတွင်) သူတို့အတွက် အလွန်နာကျင်‌စေ‌သောပြစ်ဒဏ်လည်းရှိဦးမည်ဖြစ်သည်။ ذَٰلِكَ بِأَنَّهُۥ كَانَت تَّأۡتِيهِمۡ رُسُلُهُم بِٱلۡبَيِّنَٰتِ فَقَالُوٓاْ أَبَشَرٌ يَهۡدُونَنَا فَكَفَرُواْ وَتَوَلَّواْۖ وَّٱسۡتَغۡنَى ٱللَّهُۚ وَٱللَّهُ غَنِيٌّ حَمِيدٌ ٦ထိုသို့ဖြစ်ရခြင်းမှာ သူတို့ထံသို့ တမန်‌တော်များသည် ထင်ရှား‌သောသက်‌သေသာဓကများနှင့် တကွလာ‌ရောက်ခဲ့ကြသည့်အခါသူတို့က လူသားများသည် ကျွန်ုပ်တို့အားတရားလမ်းမှန်ကိုပြသကြမည်‌လောဟု ‌ပြောဆိုခဲ့ကြသည့်အတွက်ဖြစ်သည်။ ထို့ပြင် သူတို့သည် ငြင်းပယ်ခဲ့ကြပြီး ‌ကျောခိုင်းသွားခဲ့ကြသည်။ အလ္လာဟ်အရှင်မြတ်လည်း သူတို့အားဂရုစိုက်‌တော်မမူခဲ့‌ပေ။ ###၂ ထို့ပြင် အလ္လာဟ်အရှင်မြတ်သည် လိုလား‌တောင့်တခြင်းကင်းပြီး ပြည့်စုံကြွယ်ဝ‌တော်မူ‌သောအရှင်၊ချီးမွမ်းခြင်းခံထိုက်‌တော်မူ‌သောအရှင် ဖြစ်‌တော်မူသည်။ زَعَمَ ٱلَّذِينَ كَفَرُوٓاْ أَن لَّن يُبۡعَثُواْۚ قُلۡ بَلَىٰ وَرَبِّي لَتُبۡعَثُنَّ ثُمَّ لَتُنَبَّؤُنَّ بِمَا عَمِلۡتُمۡۚ وَذَٰلِكَ عَلَى ٱللَّهِ يَسِيرٌ ٧ကာဖိရ်များက သူတို့သည် မည်သည့်အခါမှ ရှင်ပြန်ထကြရမည်မဟုတ်‌ပေဟု ထင်မြင်ယူဆ(၍အခိုင်အမာ)‌ပြောဆိုခဲ့ကြသည်။ (အို-တမန်‌တော်)အသင်‌ပြောလိုက်ပါ။အဘယ့်‌ကြောင့် မဟုတ်ရမည်နည်း။ ငါ့အား ဖန်ဆင်း‌မွေးမြူ‌တော်မူ‌သောအရှင်မြတ်ကို တိုင်တည်ပြီး(‌ပြောမည်)၊ အမှန်ပင် အသင်တို့သည် ရှင်ပြန်ထကြရမည်ဖြစ်သည်။ ထို့‌နောက် အမှန်စင်စစ် အသင်တို့သည် အသင်တို့ ပြုလုပ်ခဲ့သမျှတို့ကို အသိ‌ပေးခြင်းခံကြရမည်။ ထို့ပြင် ဤသည် အလ်္လာဟ် အရှင်မြတ်အတွက် အလွန်လွယ်ကူသည်။ ###၃ فَـَٔامِنُواْ بِٱللَّهِ وَرَسُولِهِۦ وَٱلنُّورِ ٱلَّذِيٓ أَنزَلۡنَاۚ وَٱللَّهُ بِمَا تَعۡمَلُونَ خَبِيرٌ ٨သို့ဖြစ်ရာ အသင်တို့သည် အလ္လာဟ်အရှင်မြတ်နှင့် အရှင်မြတ်၏ တမန်‌တော်အပြင် ငါအရှင်မြတ်ချ‌ပေး‌တော်မူခဲ့‌သော အလင်း‌ရောင်ကိုလည်း ယုံကြည်ကြပါ။ ထို့ပြင် အလ္လာဟ်အရှင်မြတ်သည် အသင်တို့ပြုလုပ်သမျှကို အကြွင်းမဲ့ကြားသိ‌တော်မူ‌သောအရှင်မြတ် ဖြစ်‌တော်မူသည်။ يَوۡمَ يَجۡمَعُكُمۡ لِيَوۡمِ ٱلۡجَمۡعِۖ ذَٰلِكَ يَوۡمُ ٱلتَّغَابُنِۗ وَمَن يُؤۡمِنۢ بِٱللَّهِ وَيَعۡمَلۡ صَٰلِحًا يُكَفِّرۡ عَنۡهُ سَيِّـَٔاتِهِۦ وَيُدۡخِلۡهُ جَنَّٰتٍ تَجۡرِي مِن تَحۡتِهَا ٱلۡأَنۡهَٰرُ خَٰلِدِينَ فِيهَآ أَبَدًاۚ ذَٰلِكَ ٱلۡفَوۡزُ ٱلۡعَظِيمُ ٩အရှင်မြတ်သည် အသင်တို့အား စုရုံးမှု၏‌နေ့တွင် စုရုံး‌တော်မူမည်။ ထို‌နေ့သည် နှစ်ဖက်အရှုံးအနိုင်ကို အမှန်အတိုင်း သိရှိရမည့်‌နေ့ပင်ဖြစ်သည်။ ထို့ပြင် မည်သူမဆို အလ္လာဟ်အရှင်မြတ်ကို ယုံကြည်ပြီး ‌ကောင်းမြတ်သည်ကို ပြုလုပ်လျှင် အရှင်မြတ်သည် သူ၏ မ‌ကောင်းမှုများကို ပ‌ပျောက်‌စေ‌တော်မူမည့်အပြင် သူ့ကို အကြင်ဥယျာဉ်များထဲသို့ အမြဲ‌နေရမည့်သူများအဖြစ် ဝင်‌ရောက်‌စေ‌တော်မူမည်ဖြစ်သည်။ ထိုဥယျာဉ်များ‌အောက်မှ ‌ချောင်းများ စီးဆင်း‌နေလိမ့်မည်။ ထိုအရာသည် ကြီးကျယ်‌သော ‌အောင်မြင်မှုပင် ဖြစ် သည်။ وَٱلَّذِينَ كَفَرُواْ وَكَذَّبُواْ بِـَٔايَٰتِنَآ أُوْلَٰٓئِكَ أَصۡحَٰبُ ٱلنَّارِ خَٰلِدِينَ فِيهَاۖ وَبِئۡسَ ٱلۡمَصِيرُ ١٠ထို့ပြင် အကြင်သူများသည် ငြင်းပယ်ခဲ့ကြသည်။ ထို့ပြင် ငါအရှင်မြတ်၏ အာယသ်‌တော်များကို မဟုတ်မမှန်ဟုစွပ်စွဲ ငြင်းပယ်ခဲ့ကြသည်။ ထိုသူများသည် ငရဲမီးထဲတွင် အမြဲ‌နေရမည့်ငရဲသားများဖြစ်ကြသည်။ ထို့ပြင် ထိုငရဲမီးသည် အဘယ်မျှယုတ်ညံ့‌သော ‌နောက်ဆုံးပြန်လည်ရာစခန်းဖြစ်လိုက်သနည်း။ مَآ أَصَابَ مِن مُّصِيبَةٍ إِلَّا بِإِذۡنِ ٱللَّهِۗ وَمَن يُؤۡمِنۢ بِٱللَّهِ يَهۡدِ قَلۡبَهُۥۚ وَٱللَّهُ بِكُلِّ شَيۡءٍ عَلِيمٌ ١١ဒုက္ခဟူသမျှသည် အလ္လာဟ်အရှင်မြတ်၏ အမိန့်ဖြင့်သာ ကျ‌ရောက်သည်။ ###၄ ထို့ပြင် မည်သူမဆို အလ္လာဟ်အရှင်မြတ်အား ယုံကြည်လျှင် အရှင်မြတ်သည် သူ၏ စိတ်နှလုံးကို တရားလမ်းမှန်ပြသ‌တော်မူသည်။ ထို့ပြင် အလ္လာဟ်အရှင်မြတ်သည် အရာအားလုံးကို အလွန်သိရှိ‌တော်မူ‌သောအရှင်မြတ်ပင်ဖြစ်‌တော်မူသည်။###၅ وَأَطِيعُواْ ٱللَّهَ وَأَطِيعُواْ ٱلرَّسُولَۚ فَإِن تَوَلَّيۡتُمۡ فَإِنَّمَا عَلَىٰ رَسُولِنَا ٱلۡبَلَٰغُ ٱلۡمُبِينُ ١٢ထို့ပြင် အသင်တို့သည် အလ္လာဟ်အရှင်မြတ်၏ အမိန့်‌တော်ကို လိုက်နာကြပါ။ ထို့ပြင် အသင်တို့သည် တမန်‌တော်မြတ်၏ အမိန့်ကိုလည်းလိုက်နာကြပါ။ ထို့‌နောက် အကယ်၍ အသင်တို့သည် (မလိုက်နာဘဲ)မျက်နှာလွှဲသွားကြလျှင် ငါအရှင်မြတ်၏ တမန်‌တော်အ‌ပေါ်တွင် (အမိန့်‌တော်များကို)ရှင်းလင်းစွာပို့ချ‌ပေးရန်ပင် တာဝန်ရှိသည်။ ٱللَّهُ لَآ إِلَٰهَ إِلَّا هُوَۚ وَعَلَى ٱللَّهِ فَلۡيَتَوَكَّلِ ٱلۡمُؤۡمِنُونَ ١٣အလ္လာဟ်အရှင်မြတ်ပင်၊ ထိုအရှင်မြတ်မှလွဲ၍ ကိုးကွယ်ရာအရှင်မရှိ‌ပေ။ သို့ဖြစ်ရာအလ္လာဟ် အရှင်မြတ်အ‌ပေါ်၌ပင် အီမာန်ယုံကြည်သူများသည် ယုံပုံလွှဲအပ်ကြရမည် ဖြစ်သည်။ يَٰٓأَيُّهَا ٱلَّذِينَ ءَامَنُوٓاْ إِنَّ مِنۡ أَزۡوَٰجِكُمۡ وَأَوۡلَٰدِكُمۡ عَدُوًّا لَّكُمۡ فَٱحۡذَرُوهُمۡۚ وَإِن تَعۡفُواْ وَتَصۡفَحُواْ وَتَغۡفِرُواْ فَإِنَّ ٱللَّهَ غَفُورٌ رَّحِيمٌ ١٤အို-အီမာန် ယုံကြည်သူအ‌ပေါင်းတို့၊ အမှန်စင်စစ် အသင်တို့၏ ဇနီးမိန်းမများနှင့် အသင်တို့၏ သားသမီးများထဲတွင် အချို့သည် အသင်တို့၏ ရန်သူများဖြစ်ကြသည်။ ###၆ သို့ဖြစ်ရာ အသင်တို့သည် သူတို့အား သတိထားကြပါ။ ထို့ပြင် အကယ်၍ အသင်တို့သည် (သူတို့ကို)ခွင့်လွှတ်ကြလျှင်၊ လျစ်လျူရှုကြလျှင်၊ လွတ်ငြိမ်းချမ်းသာခွင့်‌ပေးကြလျှင်အမှန်စင်စစ် အလ္လာဟ်အရှင်မြတ်သည် အလွန်လွတ်ငြိမ်းချမ်းသာခွင့် ‌ပေးသနား‌တော်မူ‌သောအရှင်၊ အလွန်သနားကြင်နာ‌တော်မူ‌သောအရှင်ဖြစ်‌တော်မူသည်။ إِنَّمَآ أَمۡوَٰلُكُمۡ وَأَوۡلَٰدُكُمۡ فِتۡنَةٌۚ وَٱللَّهُ عِندَهُۥٓ أَجۡرٌ عَظِيمٌ ١٥အသင်တို့၏ ပစ္စည်းဥစ္စာများနှင့် အသင်တို့၏ သားသမီးများသည် စမ်းသပ်မှုပင်ဖြစ်သည်။ ထို့ပြင် အလ္လာဟ်အရှင်မြတ်ထံ‌တော်တွင် ကြီးကျယ်‌သောအကျိုး‌ကျေးဇူးရှိသည်။ فَٱتَّقُواْ ٱللَّهَ مَا ٱسۡتَطَعۡتُمۡ وَٱسۡمَعُواْ وَأَطِيعُواْ وَأَنفِقُواْ خَيۡرًا لِّأَنفُسِكُمۡۗ وَمَن يُوقَ شُحَّ نَفۡسِهِۦ فَأُوْلَٰٓئِكَ هُمُ ٱلۡمُفۡلِحُونَ ١٦သို့ဖြစ်ရာ အသင်တို့သည် အသင်တို့တတ်နိုင်သမျှ အလ္လာဟ်အရှင်မြတ်အား‌ကြောက်ရွံ့ကြပြီး အသင်တို့သည် နာခံကြပါ။ ထို့ပြင် လိုက်နာကြပါ။ ထို့ပြင် အသင်တို့သည် (အရှင်မြတ်၏အမိန့်‌တော်နှင့် အညီ)သုံးစွဲလှူဒါန်းကြပါ၊ (ဤသည်) အသင်တို့အတွက် ‌ကောင်း‌ပေသည်။ ###၇ ထို့ပြင် မည်သူမဆို သူ၏ ‌စေးနှဲတွန့်တိုမှုမှ ကင်း‌ဝေး‌စေခြင်းခံရ လျှင် ထိုသူများပင် ‌အောင်မြင်‌သောသူများ ဖြစ်ကြသည်။ إِن تُقۡرِضُواْ ٱللَّهَ قَرۡضًا حَسَنًا يُضَٰعِفۡهُ لَكُمۡ وَيَغۡفِرۡ لَكُمۡۚ وَٱللَّهُ شَكُورٌ حَلِيمٌ ١٧အကယ်၍ အသင်တို့သည် အလ္လာဟ်အရှင်မြတ်အား ‌ကောင်းမွန်‌သော ‌ချေးငှားခြင်းနှင့် ‌ချေးငှားကြလျှင် အရှင်မြတ်သည် အသင်တို့အတွက် ထို‌ချေးငှားခြင်းကို ဆထက်ထမ်း ပိုးတိုးပွား‌ပေး‌တော်မူမည်။ ထို့ပြင်အရှင်မြတ်သည် အသင်တို့အား လွတ်ငြိမ်းချမ်းသာခွင့်‌ပေးသနား‌တော်မူမည်။ ထို့ပြင် အလ္လာဟ်အရှင်မြတ်သည် အလွန်အကျိုး‌ကျေးဇူးပြုအစား‌ပေး ‌တော်မူ‌သောအရှင်၊ အလွန်‌ထောက်ထားညှာတာ သည်းခံဆိုင်းငံ့‌တော်မူ‌သောအရှင်ဖြစ်‌တော်မူသည်။ عَٰلِمُ ٱلۡغَيۡبِ وَٱلشَّهَٰدَةِ ٱلۡعَزِيزُ ٱلۡحَكِيمُ ١٨လျှို့ဝှက်သည့်အရာနှင့် ထင်ရှားသည့်အရာကို အကြွင်းမဲ့သိရှိ‌တော်မူ‌သောအရှင်၊ တန်ခိုး‌တော်နှင့်အလွန်လွှမ်းမိုး‌တော်မူ‌သောအရှင်၊ ပညာဉာဏ်အ‌မြော်အမြင်နှင့် အလွန် ပြည့်စုံ‌တော်မူ‌သောအရှင် ဖြစ်‌တော်မူသည်။

الترجمة: Hashim Tin Myint.