ملة الإسلام

السورة 43 · 89 آية · Hashim Tin Myint

سورة الزخرف باللغة البورمية

السورة بالعربية مع التفسير استمع إلى سورة الزخرف (1,181 قارئاً)
مكيةسورة الزخرف٨٩ آية

بِسۡمِ ٱللَّهِ ٱلرَّحۡمَٰنِ ٱلرَّحِيمِ

حمٓ ١ဟာမီမ်။ وَٱلۡكِتَٰبِ ٱلۡمُبِينِ ٢(ငါအရှင်မြတ်သည်) ရှင်းလင်းထင်ရှား‌သော ကျမ်းဂန်ကိုသက်‌သေထူ‌တော်မူသည်။ إِنَّا جَعَلۡنَٰهُ قُرۡءَٰنًا عَرَبِيًّا لَّعَلَّكُمۡ تَعۡقِلُونَ ٣အမှန်စင်စစ် ငါအရှင်မြတ်သည် အသင်တို့ သိနားလည်ကြရန်အတွက် ထိုကျမ်းဂန်ကို အရဗီဘာသာစကားနှင့် (ထုတ်ပြန်သည့်) ကုရ်အာန်ကျမ်း‌တော်မြတ်အဖြစ်ပြုလုပ်‌တော်မူသည်။ ###၁ وَإِنَّهُۥ فِيٓ أُمِّ ٱلۡكِتَٰبِ لَدَيۡنَا لَعَلِيٌّ حَكِيمٌ ٤ထို့ပြင် အမှန်စင်စစ် ၎င်းကုရ်အာန်ကျမ်း‌တော်မြတ်သည် ငါအရှင်မြတ်ထံရှိ ပင်မကျမ်း‌တော်ကြီး(ဖြစ်‌သော‌လောင်းဟွမ်မဟ်ဖူဇွ်သင်ပုန်း)တွင်အမှန်ပင်မြင့်မားပြီး ပညာဉာဏ်အ‌မြော်အမြင်နှင့် ပြည့်စုံ‌သောကျမ်းဖြစ်သည်။ ###၂ أَفَنَضۡرِبُ عَنكُمُ ٱلذِّكۡرَ صَفۡحًا أَن كُنتُمۡ قَوۡمًا مُّسۡرِفِينَ ٥ထို့‌နောက် အသင်တို့သည် စည်းကမ်းကျူးလွန်သည့်သူများဖြစ်ခြင်း‌ကြောင့် (ဤ)ဆုံးမဩဝါဒကျမ်းကို ငါအရှင်မြတ်သည် အသင်တို့ထံမှ ပြန်ရုပ်သိမ်းရမည်‌လော။(လွှဲဖယ်လိုက်ရမည်‌လော)။ وَكَمۡ أَرۡسَلۡنَا مِن نَّبِيٍّ فِي ٱلۡأَوَّلِينَ ٦ထို့ပြင် ငါအရှင်မြတ်သည် ပထမလူများထံသို့ တမန်‌တော် အ‌မြောက်အမြား ‌စေလွှတ်‌တော်မူခဲ့သည်။ وَمَا يَأۡتِيهِم مِّن نَّبِيٍّ إِلَّا كَانُواْ بِهِۦ يَسۡتَهۡزِءُونَ ٧ထို့ပြင် သူတို့သည် သူတို့ထံသို့ ‌ရောက်လာ‌သောတမန်‌တော်တိုင်းအား ‌ပြောင်‌လှောင်ခဲ့ကြသည်။ فَأَهۡلَكۡنَآ أَشَدَّ مِنۡهُم بَطۡشًا وَمَضَىٰ مَثَلُ ٱلۡأَوَّلِينَ ٨သို့ဖြစ်ရာ ငါအရှင်မြတ်သည် ဤသူများထက် အင်အားပိုပြင်းထန်သည့်သူများကိုပင် ဖျက်ဆီး‌တော်မူခဲ့သည်။ ထို့ပြင် ပထမလူများ၏ အ‌ကြောင်းသည် လွန်ခဲ့ပြီးဖြစ်သည်။ وَلَئِن سَأَلۡتَهُم مَّنۡ خَلَقَ ٱلسَّمَٰوَٰتِ وَٱلۡأَرۡضَ لَيَقُولُنَّ خَلَقَهُنَّ ٱلۡعَزِيزُ ٱلۡعَلِيمُ ٩ထို့ပြင် အကယ်၍ အသင်သည် သူတို့အား “မိုး‌ကောင်းကင်များနှင့် ‌မြေပထဝီအား မည်သူဖန်ဆင်းခဲ့သနည်း”ဟု ‌မေးခဲ့လျှင် သူတို့က ထိုအရာများကို တန်ခိုး‌တော်နှင့် အလွန်လွှမ်းမိုး‌တော်မူ‌သောအရှင်၊ အကြွင်းမဲ့သိ‌တော်မူ‌သောအရှင် ဖန်ဆင်းခဲ့ခြင်းဖြစ်သည်ဟု အမှန်စင်စစ် ‌ဖြေဆိုကြမည်။ ٱلَّذِي جَعَلَ لَكُمُ ٱلۡأَرۡضَ مَهۡدًا وَجَعَلَ لَكُمۡ فِيهَا سُبُلًا لَّعَلَّكُمۡ تَهۡتَدُونَ ١٠အကြင်အရှင်မြတ်ပင်ဖြစ်သည်။ ထိုအရှင်မြတ်သည် အသင်တို့အတွက် ‌မြေပထဝီကို အခင်းပြုလုပ်‌တော်မူခဲ့သည်။ ထို့ပြင် အရှင်မြတ်သည် အသင်တို့အတွက် ထို‌မြေပထဝီတွင် အသင်တို့သည် (အသင်တို့လိုရာခရီးများသို့ ‌ရောက်ရှိမည့်)လမ်းမှန်ကို ရရှိကြရန်အတွက် လမ်းပန်း(အဆက်အသွယ်)များကို ပြုလုပ်ဖန်တီး‌ပေးထား‌တော်မူခဲ့သည်။ وَٱلَّذِي نَزَّلَ مِنَ ٱلسَّمَآءِ مَآءَۢ بِقَدَرٍ فَأَنشَرۡنَا بِهِۦ بَلۡدَةً مَّيۡتًاۚ كَذَٰلِكَ تُخۡرَجُونَ ١١ထို့ပြင် အကြင်အရှင်မြတ်ပင်ဖြစ်သည်။ ထိုအရှင်မြတ်သည် မိုး‌ကောင်းကင်မှ မိုး‌ရေကို အတိုင်းအတာအချိန်အဆဖြင့် ရွာသွန်း‌စေ‌တော်မူခဲ့သည်။ ထို့ပြင် ငါအရှင်မြတ်ပင် ထိုမိုး‌ရေနှင့် (‌ခြောက်‌သွေ့)‌သေ‌နေ‌သောမြို့ရွာ(‌မြေယာ)များကို ရှင်သန်(စိမ်းစို)‌စေ‌တော်မူခဲ့သည်။ ဤသို့ပင် အသင်တို့လည်း(သချုႋင်းထဲမှ ရှင်ပြန်)ထွက်‌စေခြင်းကို ခံကြရမည်ဖြစ်သည်။ وَٱلَّذِي خَلَقَ ٱلۡأَزۡوَٰجَ كُلَّهَا وَجَعَلَ لَكُم مِّنَ ٱلۡفُلۡكِ وَٱلۡأَنۡعَٰمِ مَا تَرۡكَبُونَ ١٢ထို့ပြင် အကြင်အရှင်မြတ်ပင်ဖြစ်သည်။ ထိုအရှင်မြတ်သည် ဖိုမစုံတွဲအမျိုးအစားမျိုးစုံကို ဖန်ဆင်း‌တော်မူခဲ့သည်။ ထို့ပြင် အရှင်မြတ်သည် အသင်တို့စီးနင်းကြ‌သော သ‌ဘေင်္ာများနှင့် ‌ခြေ‌လေး‌ချောင်းတိရစာ္ဆန်များကို ပြုလုပ်ဖန်ဆင်း‌တော်မူခဲ့သည်။ لِتَسۡتَوُۥاْ عَلَىٰ ظُهُورِهِۦ ثُمَّ تَذۡكُرُواْ نِعۡمَةَ رَبِّكُمۡ إِذَا ٱسۡتَوَيۡتُمۡ عَلَيۡهِ وَتَقُولُواْ سُبۡحَٰنَ ٱلَّذِي سَخَّرَ لَنَا هَٰذَا وَمَا كُنَّا لَهُۥ مُقۡرِنِينَ ١٣အသင်တို့သည် သူတို့၏ ‌ကျောကုန်းများ‌ပေါ်တွင် ကျနစွာတက်စီးကြရန်အတွက်၊ ထို့ပြင် အသင်တို့သည် ၎င်းအ‌ပေါ်တွင် ကျနစွာတက်စီးခဲ့ကြသည့်အခါ အသင်တို့အား ဖန်ဆင်း‌မွေးမြူ‌တော်မူ‌သောအရှင်မြတ်၏ ‌ကျေးဇူး‌တော်ကိုသတိရတသကြရန်အတွက်၊ ထို့ပြင် (ဤသို့)‌ပြောဆိုကြရန်အတွက်ဖြစ်သည်။ “ကျွန်ုပ်တို့သည် ဤအစီးအနင်းကို နိုင်နင်းကြသူများမဟုတ်ခဲ့ပါဘဲလျက် ကျွန်ုပ်တို့အတွက် ဤအစီးအနင်းကို နိုင်နင်း‌စေ‌တော်မူခဲ့သည့် အရှင်မြတ်သည် စင်ကြယ်သန့်ရှင်း‌တော်မူပါသည်။ وَإِنَّآ إِلَىٰ رَبِّنَا لَمُنقَلِبُونَ ١٤ထို့ပြင် အမှန်စင်စစ် ကျွန်ုပ်တို့သည် ကျွန်ုပ်တို့အား ဖန်ဆင်း‌မွေးမြူ‌တော်မူ‌သောအရှင်မြတ်ထံ‌တော်သို့ပင် အမှန်ပင်ပြန်သွားကြရမည့်သူများဖြစ်ကြသည်။ ###၃ وَجَعَلُواْ لَهُۥ مِنۡ عِبَادِهِۦ جُزۡءًاۚ إِنَّ ٱلۡإِنسَٰنَ لَكَفُورٌ مُّبِينٌ ١٥ထို့ပြင် သူတို့သည် အရှင်မြတ်၏ကျွန်များထဲမှ(အချို့ကို)အရှင်မြတ်၏ အစိတ်အပိုင်းတစ်ခုဟုသတ်မှတ်ခဲ့ကြသည်။ အမှန်စင်စစ် လူသားသည် ထင်ရှား‌သော ‌ကျေးဇူးကန်းသူပင်ဖြစ်သည်။ ###၄ أَمِ ٱتَّخَذَ مِمَّا يَخۡلُقُ بَنَاتٍ وَأَصۡفَىٰكُم بِٱلۡبَنِينَ ١٦အရှင်မြတ်သည် အရှင်မြတ်၏အဖန်ဆင်းခံများထဲမှ အရှင်မြတ်အတွက်(အသင်တို့ မလိုလားသည့်)သမီးမိန်းက‌လေးများအား ‌ရွေးချယ်ပြုလုပ်‌တော်မူပြီး အသင်တို့ကိုမူ (အသင်တို့လိုလားသည့်)သား‌ယောက်ျားက‌လေးများဖြင့် ‌မြှောက်စား‌ရွေးချယ်‌ပေး‌တော်မူခဲ့သ‌လော။ وَإِذَا بُشِّرَ أَحَدُهُم بِمَا ضَرَبَ لِلرَّحۡمَٰنِ مَثَلًا ظَلَّ وَجۡهُهُۥ مُسۡوَدًّا وَهُوَ كَظِيمٌ ١٧ထို့ပြင် သူတို့ထဲမှ တစ်စုံတစ်ဦးသည် သူကိုယ်တိုင် အနန္တကရုဏာ‌တော်ရှင်အား ခိုင်းနှိုင်း‌ဖော်ပြ‌စော်ကားခဲ့သည့်အရာနှင့် သတင်းစကား‌ပြောကြားခြင်းကို ခံရသည့်အခါ သူသည် စိတ်ထဲမှခံစားမှုကိုမျိုသိပ်ချုပ်တည်းလျက် သူ၏မျက်နှာမှာ ညှိုးနွမ်းမည်း‌မှောင်ပြီး‌နေ‌တော့သည်။ ###၅ أَوَمَن يُنَشَّؤُاْ فِي ٱلۡحِلۡيَةِ وَهُوَ فِي ٱلۡخِصَامِ غَيۡرُ مُبِينٍ ١٨(အ‌ခြေအတင်)စကားမှာ ရှင်းလင်းပြတ်သားစွာမ‌ပြောနိုင်ဘဲလျက် လက်ဝတ်လက်စား အလှဆင်ယင်မှုထဲ၌ပင် ကြီးပြင်းလာရသူသည် (အလ္လာဟ်အရှင်မြတ်၏)သမီး‌တော်ဖြစ်ရန် အရည်အချင်းရှိပါသ‌လော။ وَجَعَلُواْ ٱلۡمَلَٰٓئِكَةَ ٱلَّذِينَ هُمۡ عِبَٰدُ ٱلرَّحۡمَٰنِ إِنَٰثًاۚ أَشَهِدُواْ خَلۡقَهُمۡۚ سَتُكۡتَبُ شَهَٰدَتُهُمۡ وَيُسۡـَٔلُونَ ١٩ထို့ပြင် သူတို့သည် အနန္တကရုဏာ‌တော်ရှင်၏ ကျွန်များဖြစ်ကြ‌သော ‌ကောင်းကင်တမန်များကို မိန်းမများဟုသတ်မှတ်ခဲ့ကြသည်။ သူတို့သည် ထို‌ကောင်းကင်တမန်များအား ဖန်ဆင်းသည့်အခါက ‌ရှေ့‌မှောက်၌ရှိ‌နေခဲ့ကြသ‌လော။ သူတို့၏ သက်‌သေထွက်ဆိုချက်သည်မကြာမီ‌ရေးမှတ်ထားခြင်းခံရမည်။ ထို့ပြင် သူတို့သည် (ကိယာမသ် ‌နေ့တွင်)စစ်‌ဆေး‌မေးမြန်းခြင်းကို ခံကြရဦးမည်ဖြစ်သည်။ وَقَالُواْ لَوۡ شَآءَ ٱلرَّحۡمَٰنُ مَا عَبَدۡنَٰهُمۗ مَّا لَهُم بِذَٰلِكَ مِنۡ عِلۡمٍۖ إِنۡ هُمۡ إِلَّا يَخۡرُصُونَ ٢٠ထို့ပြင် သူတို့က‌ပြောဆိုခဲ့ကြသည်။ အကယ်၍ အနန္တကရုဏာ‌တော်ရှင်သည် အလိုရှိ‌တော်မူခဲ့လျှင် ကျွန်ုပ်တို့သည် ထို‌ကောင်းကင်တမန်များအား ကိုးကွယ်ခဲ့ကြမည်မဟုတ်‌ပေ။ ဤသည်နှင့် ပတ်သက်၍သူတို့တွင် အသိပညာလုံးဝမရှိ‌ပေ။ (အမှန်စင်စစ်)သူတို့သည် ရမ်းဆ‌ပြောဆို‌နေကြသည်ပင်ဖြစ်သည်။ أَمۡ ءَاتَيۡنَٰهُمۡ كِتَٰبًا مِّن قَبۡلِهِۦ فَهُم بِهِۦ مُسۡتَمۡسِكُونَ ٢١ငါ အရှင်မြတ်သည် သူတို့အား ဤ(ကုရ်အာန်ကျမ်း‌တော်မြတ်)၏ မတိုင်မီက ကျမ်းဂန်တစ်‌စောင်ကို ‌ပေးသနား‌တော်မူခဲ့သ‌လော။ သို့ဖြစ်ရာ သူတို့သည် ထိုကျမ်းဖြင့် လက်ကိုင်ပြု(၍အ‌ထောက်အထားပြုလုပ်)‌နေ‌သောသူများ‌လော။ بَلۡ قَالُوٓاْ إِنَّا وَجَدۡنَآ ءَابَآءَنَا عَلَىٰٓ أُمَّةٍ وَإِنَّا عَلَىٰٓ ءَاثَٰرِهِم مُّهۡتَدُونَ ٢٢ထိုသို့မဟုတ်‌ပေ၊ အမှန်စင်စစ် သူတို့သည်(ဤသို့)‌ပြောဆိုကြသည်၊ အမှန်စင်စစ် ကျွန်ုပ်တို့သည် ကျွန်ုပ်တို့၏ အဘ၊ ဘိုး၊ ‌ဘေးများကို သာသနာ့လမ်းစဉ်တစ်ခု‌ပေါ်တွင် ‌တွေ့ခဲ့ကြရသည်။ ထို့ပြင် အမှန်စင်စစ် ကျွန်ုပ်တို့သည် ထို အဘ၊ ဘိုး၊ ‌ဘေးများ‌နောက်သို့ပင် တစ်‌ထေရာတည်း လိုက်နာသူများဖြစ်ကြပါသည်။ وَكَذَٰلِكَ مَآ أَرۡسَلۡنَا مِن قَبۡلِكَ فِي قَرۡيَةٍ مِّن نَّذِيرٍ إِلَّا قَالَ مُتۡرَفُوهَآ إِنَّا وَجَدۡنَآ ءَابَآءَنَا عَلَىٰٓ أُمَّةٍ وَإِنَّا عَلَىٰٓ ءَاثَٰرِهِم مُّقۡتَدُونَ ٢٣ထို့ပြင် ထိုသို့ပင် ငါအရှင်မြတ်သည် မည်သည့်မြို့ရွာကိုမဆို သတိ‌ပေးနှိုး‌ဆော်သူ (တမန်‌တော်)တစ်ပါးပါးကို ‌စေလွှတ်‌တော်မူခဲ့သည့်အခါတိုင်း ထိုမြို့ရွာမှစည်းစိမ်ရှင်များက(ဤသို့)‌ပြောဆိုခဲ့ကြသည်ပင်ဖြစ်သည်- “အမှန်စင်စစ် ကျွန်ုပ်တို့သည် ကျွန်ုပ်တို့၏ အဘ၊ ဘိုး၊ ‌ဘေးများကို သာသနာ့ လမ်းစဉ်တစ်ခု‌ပေါ်တွင်‌တွေ့ခဲ့ကြပါသည်။ ထို့ပြင် အမှန်စင်စစ် ကျွန်ုပ်တို့သည် သူတို့၏ ‌ခြေရာများ‌ပေါ်တွင် လိုက်ကြသူများပင် ဖြစ်ကြပါသည်။” ۞ قَٰلَ أَوَلَوۡ جِئۡتُكُم بِأَهۡدَىٰ مِمَّا وَجَدتُّمۡ عَلَيۡهِ ءَابَآءَكُمۡۖ قَالُوٓاْ إِنَّا بِمَآ أُرۡسِلۡتُم بِهِۦ كَٰفِرُونَ ٢٤ထိုသတိ‌ပေးနှိုး‌ဆော်သူ(တမန်‌တော်)က‌ပြောသည်- “အကယ်၍ ငါသည် အသင်တို့ထံသို့ အသင်တို့၏ အဘ၊ ဘိုး၊ ‌ဘေးများအား ‌တွေ့ရှိခဲ့ကြ‌သောလမ်းစဉ်ထက်သာပိုပြီး လမ်းမှန်ကို ညွှန်ကြားပြသမည့်တရား‌တော်ကို ယူ‌ဆောင်ခဲ့လျှင်လည်း (အသင်တို့သည် အသင်တို့၏ ဓ‌လေ့ထုံးစံများကိုပင် လိုက်စားကြမည်‌လော)”။ သူတို့က ‌ပြောဆိုကြသည်- “အမှန်စင်စစ် ကျွန်ုပ်တို့သည် အသင်တို့ယူ‌ဆောင်ခဲ့ကြ‌သော တရား‌တော်ကို ငြင်းပယ်သူများပင် ဖြစ်ကြသည်။” فَٱنتَقَمۡنَا مِنۡهُمۡۖ فَٱنظُرۡ كَيۡفَ كَانَ عَٰقِبَةُ ٱلۡمُكَذِّبِينَ ٢٥သို့ဖြစ်ရာ ငါအရှင်မြတ်သည် သူတို့အား တန်ပြန်အ‌ရေးယူ‌တော်မူခဲ့သည်။ သို့ဖြစ်ရာ အသင်သည် မဟုတ်မမှန်ဟု စွပ်စွဲငြင်းပယ်ခဲ့ကြသည့်သူများ၏ ‌နောက်ဆုံးအကျိုးဆက်သည် မည်သို့ရှိခဲ့သည်ဆိုသည်ကို ကြည့်ရှုလိုက်ပါ။ وَإِذۡ قَالَ إِبۡرَٰهِيمُ لِأَبِيهِ وَقَوۡمِهِۦٓ إِنَّنِي بَرَآءٌ مِّمَّا تَعۡبُدُونَ ٢٦ထို့ပြင် တစ်ခါက(တမန်‌တော်)အိဗ်ရာဟီမ်သည် ၎င်း၏ဖခင်နှင့် ၎င်း၏အမျိုးသားများအား ‌ပြောဆိုခဲ့သည်- အမှန်စင်စစ် ကျွန်ုပ်သည် အသင်တို့ ကိုးကွယ်သည့်အရာများမှ ကင်းလွတ်သည်။ إِلَّا ٱلَّذِي فَطَرَنِي فَإِنَّهُۥ سَيَهۡدِينِ ٢٧သို့ရာတွင် အကြင်အရှင်မြတ်ကိုပင် (ကျွန်ုပ်ကိုးကွယ်သည်) ထိုအရှင်မြတ်သည် ကျွန်ုပ်အားဖန်ဆင်း‌တော်မူခဲ့သည်။ ထို့ပြင်မကြာမီ အရှင်မြတ်ကပင် ကျွန်ုပ်အား အမှန်ပင်လမ်းမှန်ဩန်ကြားပြသ‌တော်မူမည်။ وَجَعَلَهَا كَلِمَةَۢ بَاقِيَةً فِي عَقِبِهِۦ لَعَلَّهُمۡ يَرۡجِعُونَ ٢٨ထို့ပြင် ၎င်းသည် ထို(‌သောင်ဟီဒ်တရား)ကို သူတို့(ထိုဘက်)ပြန်လှည့်ကြရန်အတွက် ၎င်း၏‌နောက်တွင် ဆက်လက်တည်တံ့‌သော စကားရပ်တစ်ခုအဖြစ် ပြုလုပ်ထားခဲ့သည်။ بَلۡ مَتَّعۡتُ هَٰٓؤُلَآءِ وَءَابَآءَهُمۡ حَتَّىٰ جَآءَهُمُ ٱلۡحَقُّ وَرَسُولٌ مُّبِينٌ ٢٩အမှန်စင်စစ် ငါအရှင်မြတ်သည် ဤသူများနှင့် ဤသူများ၏ အဘ၊ ဘိုး၊ ‌ဘေးများကို သူတို့ထံသို့ အမှန်တရား(ဖြစ်‌သောကုရ်အာန်ကျမ်း‌တော်မြတ်)နှင့်(အမိန့်‌တော်များကို)ထင်ရှား‌စေ‌သော တမန်‌တော်တစ်ပါးသည် ‌ရောက်ရှိလာခဲ့သည်အထိ စည်းစိမ်ချမ်းသာ‌ပေးထား‌တော်မူခဲ့သည်။ وَلَمَّا جَآءَهُمُ ٱلۡحَقُّ قَالُواْ هَٰذَا سِحۡرٌ وَإِنَّا بِهِۦ كَٰفِرُونَ ٣٠ထို့ပြင် သူတို့ထံသို့ အမှန်တရား‌ရောက်ရှိလာသည့်အခါ သူတို့က “ဤသည် ‌မှော်အတတ်ပညာဖြစ်သည်။ ထို့ပြင် အမှန်စင်စစ် ကျွန်ုပ်တို့သည် ဤသည်ကို ငြင်းပယ်သူများပင် ဖြစ်ကြသည်”ဟု ‌ပြောဆိုခဲ့ကြသည်။ وَقَالُواْ لَوۡلَا نُزِّلَ هَٰذَا ٱلۡقُرۡءَانُ عَلَىٰ رَجُلٍ مِّنَ ٱلۡقَرۡيَتَيۡنِ عَظِيمٍ ٣١ထို့ပြင် သူတို့က ဤကုရ်အာန်ကျမ်း‌တော်မြတ်သည်(မက်္ကဟ်မြို့နှင့် သွာအိဖ်မြို့)နှစ်မြို့မှ လူကြီးလူ‌ကောင်းတစ်ဦးတစ်‌ယောက်အ‌ပေါ်တွင် အဘယ့်‌ကြောင့်ချ‌ပေးခြင်းမခံခဲ့ရသနည်းဟု ‌ပြောဆိုခဲ့ကြသည်။ ###၆ أَهُمۡ يَقۡسِمُونَ رَحۡمَتَ رَبِّكَۚ نَحۡنُ قَسَمۡنَا بَيۡنَهُم مَّعِيشَتَهُمۡ فِي ٱلۡحَيَوٰةِ ٱلدُّنۡيَاۚ وَرَفَعۡنَا بَعۡضَهُمۡ فَوۡقَ بَعۡضٍ دَرَجَٰتٍ لِّيَتَّخِذَ بَعۡضُهُم بَعۡضًا سُخۡرِيًّاۗ وَرَحۡمَتُ رَبِّكَ خَيۡرٌ مِّمَّا يَجۡمَعُونَ ٣٢အသင့်အား ဖန်ဆင်း‌မွေးမြူ‌တော်မူ‌သောအရှင်မြတ်၏ ကရုဏာဖြစ်‌သော တမန်‌တော်အဖြစ်ခန့်အပ်ခြင်းကို သူတို့ကပင် ခွဲ‌ဝေ‌ပေးကြသ‌လော။ (အမှန်စင်စစ်)ငါအရှင်မြတ်သည် ဤဘဝတွင် သူတို့၏ အသက်‌မွေးဝမ်း‌ကျောင်းကိစ္စကိုပင် သူတို့၏ အကြား၌ ခွဲ‌ဝေ‌ပေးထား‌တော်မူခဲ့သည်။ ထို့ပြင် ငါအရှင်မြတ်သည် သူတို့ထဲမှ အချို့သည် အချို့ကို အခိုင်းအ‌စေပြုလုပ်နိုင်ရန် သူတို့ထဲမှ အချို့ကို အချို့ထက် အဆင့်အတန်းများ မြှင့်တင်‌ပေး‌တော်မူခဲ့သည်။ ထို့ပြင် အသင့်အား ဖန်ဆင်း‌မွေးမြူ‌တော်မူ‌သော အရှင်မြတ်၏ကရုဏာ‌တော်သည် သူတို့ ရှာ‌ဖွေစု‌ဆောင်း‌နေကြသည်များထက် ပို‌ကောင်းမြတ်သည်။ وَلَوۡلَآ أَن يَكُونَ ٱلنَّاسُ أُمَّةً وَٰحِدَةً لَّجَعَلۡنَا لِمَن يَكۡفُرُ بِٱلرَّحۡمَٰنِ لِبُيُوتِهِمۡ سُقُفًا مِّن فِضَّةٍ وَمَعَارِجَ عَلَيۡهَا يَظۡهَرُونَ ٣٣ထို့ပြင် အကယ်၍ လူများအားလုံးသည် (ကုဖ်ရ်ငြင်းပယ်သည့်) သာသနာဝင် အုပ်စုတစ်ခုတည်း ဖြစ်သွားကြရန် (စိုးရိမ်စရာ)အ‌ကြောင်းမရှိခဲ့လျှင် အနန္တကရုဏာ‌တော်ရှင်ကို ‌သွေဖည်ငြင်းပယ်သူများအတွက် အမှန်ပင် ငါအရှင်မြတ်သည် သူတို့၏ ‌နေအိမ်များ၏ အမိုးများကို ‌ငွေနှင့်ပြုလုပ်‌ပေး‌တော်မူခဲ့မည်ဖြစ်သည်။ ထို့ပြင် ‌လှေကားများကိုလည်း (‌ငွေနှင့်ပြုလုပ်‌ပေး‌တော်မူခဲ့မည်ဖြစ်သည်)သူတို့သည် ထို(‌လှေကားများနှင့်)အမိုး‌ပေါ်သို့ တက်ကြမည်ဖြစ်သည်။ وَلِبُيُوتِهِمۡ أَبۡوَٰبًا وَسُرُرًا عَلَيۡهَا يَتَّكِـُٔونَ ٣٤ထို့ပြင် သူတို့‌နေအိမ်များ၏ တံခါးများနှင့်သူတို့မှီထိုင်ကြ‌သော ခုတင်များကိုပါ (‌ငွေနှင့် ပြုလုပ်‌ပေး‌တော်မူခဲ့မည်ဖြစ်သည်)။###၇ وَزُخۡرُفًاۚ وَإِن كُلُّ ذَٰلِكَ لَمَّا مَتَٰعُ ٱلۡحَيَوٰةِ ٱلدُّنۡيَاۚ وَٱلۡأٓخِرَةُ عِندَ رَبِّكَ لِلۡمُتَّقِينَ ٣٥ထို့ပြင် (ထိုပစ္စည်းများကို) ‌ရွှေနှင့်လည်း (ပြုလုပ်‌ပေး‌တော်မူခဲ့မည်ဖြစ်သည်)။ သို့ရာတွင် ဤအရာများသည် ဤဘဝ၏ အသုံးအ‌ဆောင်များပင်ဖြစ်သည်။ ထို့ပြင် တမလွန်ဘဝကမူ အသင့်အား ဖန်ဆင်း‌မွေးမြူ‌တော်မူ‌သောအရှင်မြတ်ထံ‌တော်တွင် ‌ကြောက်ရွံ့အပြစ်‌ရှောင်‌ကောင်းကျိုး‌ဆောင်သူများအတွက်ဖြစ်သည်။ وَمَن يَعۡشُ عَن ذِكۡرِ ٱلرَّحۡمَٰنِ نُقَيِّضۡ لَهُۥ شَيۡطَٰنًا فَهُوَ لَهُۥ قَرِينٌ ٣٦ထို့ပြင် မည်သူမဆို အနန္တကရုဏာ‌တော်ရှင်၏ဆုံးမဩဝါဒ(ကုရ်အာန်) ###၈ မှ (မျက်စိ)ကန်း‌နေလျှင်(မျက်နှာလွှဲ‌နေလျှင်) ငါအရှင်မြတ်သည် ထိုသူ့အ‌ပေါ်တွင် ရှိုင်သွာန်တစ်‌ကောင်ကို သတ်မှတ်အာရုံကျ‌စေလိုက်‌တော်မူသည်။ ထို့‌နောက် ထိုရှိုင်သွာန်သည် သူ၏အ‌ဖော်ဖြစ်သွား‌တော့သည်။ وَإِنَّهُمۡ لَيَصُدُّونَهُمۡ عَنِ ٱلسَّبِيلِ وَيَحۡسَبُونَ أَنَّهُم مُّهۡتَدُونَ ٣٧ထို့ပြင် အမှန်စင်စစ် ထိုရှိုင်သွာန်များသည် သူတို့အား လမ်း(မှန်)မှ မုချပိတ်ပင်တားဆီး‌လေ့ရှိကြသည်။ ထို့‌နောက် အမှန်ပင် သူတို့က သူတို့သည် လမ်းမှန်ရရှိသည့်သူများဖြစ်ကြသည်ဟု ထင်မြင်ယူဆကြသည်။ حَتَّىٰٓ إِذَا جَآءَنَا قَالَ يَٰلَيۡتَ بَيۡنِي وَبَيۡنَكَ بُعۡدَ ٱلۡمَشۡرِقَيۡنِ فَبِئۡسَ ٱلۡقَرِينُ ٣٨‌နောက်ဆုံးတွင် ထို(ဆုံးမဩဝါဒကုရ်အာန်ကို မျက်နှာလွှဲ‌သော)သူသည် ငါအရှင်မြတ်ထံသို့ ‌ရောက်သည့်အခါ (ထိုရှိုင်သွာန်အားဤသို့) ‌ပြောဆိုမည်။ ‌ဪ- ကျွန်ုပ်နှင့် အသင်၏ အကြားတွင် အ‌ရှေ့‌နေထွက်ရာအရပ်နှင့် အ‌နောက် ‌နေဝင်ရာအရပ်မျှ‌ဝေးကွာခဲ့လျှင် အဘယ်မျှ‌ကောင်းလိုက်မည်နည်း။ သူသည် အဘယ်မျှဆိုး‌သောအ‌ဖော်ဖြစ်လိုက်သနည်း။ وَلَن يَنفَعَكُمُ ٱلۡيَوۡمَ إِذ ظَّلَمۡتُمۡ أَنَّكُمۡ فِي ٱلۡعَذَابِ مُشۡتَرِكُونَ ٣٩ထို့ပြင် အသင်တို့ကိုယ်တိုင် မတရားကျူးလွန်ခဲ့ကြသည့်အတွက် ထို(သို့ဝမ်းနည်းပက်လက်ဖြစ်ခြင်း)သည် ဤ‌နေ့ အသင်တို့အတွက် မည်သည့်အရာမျှ အကျိုး‌ပေးမည်မဟုတ်‌ပေ။ အမှန်စင်စစ် အသင်တို့သည် (သူတို့နှင့်အတူ)ပြစ်ဒဏ်တွင် ဖက်စပ်ပါဝင်သူများပင်ဖြစ်ကြသည်။ أَفَأَنتَ تُسۡمِعُ ٱلصُّمَّ أَوۡ تَهۡدِي ٱلۡعُمۡيَ وَمَن كَانَ فِي ضَلَٰلٍ مُّبِينٍ ٤٠သို့ဖြစ်ရာ အသင်သည် နားပင်းသူများအား ကြား‌စေနိုင်ပါသ‌လော။ သို့မဟုတ် အသင်သည် မျက်စိကန်းသူများနှင့် ထင်ရှားသည့်လမ်းမှားတွင် ရှိ‌နေသူများအား တရားလမ်းမှန်ကို ညွှန်ကြားပြသနိုင်ပါသ‌လော။ ###၉ فَإِمَّا نَذۡهَبَنَّ بِكَ فَإِنَّا مِنۡهُم مُّنتَقِمُونَ ٤١ထို့‌နောက် အကယ်၍ ငါအရှင်မြတ်သည် အသင့်အား (ဤဘဝမှ)ယူ‌ဆောင်သွား‌တော်မူလျှင်လည်း အမှန်စင်စစ် ငါအရှင်မြတ်သည် သူတို့အား တန်ပြန်အ‌ရေးယူ‌တော်မူမည့် အရှင်မြတ်ပင်ဖြစ်‌တော်မူသည်။ أَوۡ نُرِيَنَّكَ ٱلَّذِي وَعَدۡنَٰهُمۡ فَإِنَّا عَلَيۡهِم مُّقۡتَدِرُونَ ٤٢သို့မဟုတ် ငါအရှင်မြတ်သည် သူတို့အား ချိန်းဆိုထားသည့်အပြစ်ဒဏ်ကို အသင့်အား (ဤဘဝတွင်ရှိ‌နေစဉ်)ပြသ‌တော်မူလျှင်လည်း အမှန်စင်စစ် ငါအရှင်မြတ်သည် သူတို့အ‌ပေါ်တွင် (ပြစ်ဒဏ်သက်‌ရောက်‌စေခြင်းကို)တတ်စွမ်းနိုင်‌တော်မူ‌သောအရှင်ဖြစ်‌တော်မူသည်။ فَٱسۡتَمۡسِكۡ بِٱلَّذِيٓ أُوحِيَ إِلَيۡكَۖ إِنَّكَ عَلَىٰ صِرَٰطٍ مُّسۡتَقِيمٍ ٤٣သို့ဖြစ်ရာ အသင်(တမန်‌တော်)သည် အသင်၏ထံသို့ ဝဟီအမိန့်‌တော် ထုတ်ပြန်ခြင်းခံရ‌သော ကုရ်အာန်ကျမ်း‌တော်မြတ်ကိုပင် ခိုင်မြဲစွာ လက်ကိုင်ပြု‌နေပါ။ အမှန်စင်စစ် အသင်သည် ‌ဖြောင့်မတ်သည့်လမ်း‌ပေါ်တွင်ရှိသည်။ وَإِنَّهُۥ لَذِكۡرٌ لَّكَ وَلِقَوۡمِكَۖ وَسَوۡفَ تُسۡـَٔلُونَ ٤٤ထို့ပြင် အမှန်စင်စစ် ထိုကုရ်အာန်ကျမ်း‌တော်မြတ်သည် အသင်(တမန်‌တော်)နှင့် အသင်၏အမျိုးသားများအတွက် အမှန်ပင် ဆုံးမဩဝါဒဖြစ်သည်။ ထို့ပြင် အသင်တို့အားလုံးသည် မကြာမီစစ်‌ဆေး‌မေးမြန်းခြင်းကို ခံကြရမည်ဖြစ်သည်။ وَسۡـَٔلۡ مَنۡ أَرۡسَلۡنَا مِن قَبۡلِكَ مِن رُّسُلِنَآ أَجَعَلۡنَا مِن دُونِ ٱلرَّحۡمَٰنِ ءَالِهَةً يُعۡبَدُونَ ٤٥ထို့ပြင် အသင်(တမန်‌တော်)သည် အသင်၏မတိုင်မီ ငါအရှင်မြတ်‌စေလွှတ်‌တော်မူခဲ့‌သော တမန်‌တော်များအား “ငါအရှင်မြတ်သည် အနန္တကရုဏာ‌တော်ရှင်မှလွဲ၍ ကိုးကွယ်ခြင်းခံကြရန် အခြားကိုးကွယ်ရာများကို ပြဋ္ဌာန်း‌ပေး‌တော်မူခဲ့ပါသ‌လော”ဟု‌မေးမြန်းစုံစမ်းကြည့်ပါ။ وَلَقَدۡ أَرۡسَلۡنَا مُوسَىٰ بِـَٔايَٰتِنَآ إِلَىٰ فِرۡعَوۡنَ وَمَلَإِيْهِۦ فَقَالَ إِنِّي رَسُولُ رَبِّ ٱلۡعَٰلَمِينَ ٤٦ထို့ပြင် အမှန်စင်စစ် ငါအရှင်မြတ်သည် (တမန်‌တော်)မူစာကို ငါအရှင်မြတ်၏ သက်‌သေသာဓက တန်ခိုး‌တော်များနှင့်တကွ ဖိရ်‌အောင်န်နှင့် သူ၏ မှူးမတ်များထံသို့ ‌စေလွှတ်‌တော်မူခဲ့သည်။ ထို့‌နောက် ၎င်းက‌ပြောဆိုသည်-အမှန်စင်စစ် ကျွန်ုပ်သည် စကြဝဠာအ‌ပေါင်းအား ဖန်ဆင်း‌မွေးမြူ‌တော်မူ‌သော အရှင်မြတ်၏ တမန်‌တော်ဖြစ်သည်။ فَلَمَّا جَآءَهُم بِـَٔايَٰتِنَآ إِذَا هُم مِّنۡهَا يَضۡحَكُونَ ٤٧ထို့‌နောက် ၎င်းသည် သူတို့ထံသို့ ငါအရှင်မြတ်၏ သက်‌သေလက္ခဏာတန်ခိုးများကို ယူ‌ဆောင်လာခဲ့သည့်အခါ ရုတ်တရက် သူတို့သည် ထိုတန်ခိုးများကို(မြင်ပြီး‌ပြောင်‌လှောင်သည့်အ‌နေနှင့်)ရယ်‌မောကြသည်။ وَمَا نُرِيهِم مِّنۡ ءَايَةٍ إِلَّا هِيَ أَكۡبَرُ مِنۡ أُخۡتِهَاۖ وَأَخَذۡنَٰهُم بِٱلۡعَذَابِ لَعَلَّهُمۡ يَرۡجِعُونَ ٤٨ထို့ပြင် ငါအရှင်မြတ်သည် သူတို့အား ပြသ‌တော်မူ‌သော တန်ခိုးတိုင်းသည် ၎င်းမတိုင်မီကပြခဲ့‌သော အခြားတန်ခိုး‌တော်ထက် ပိုမိုကြီးကျယ်‌သော တန်ခိုး‌တော်ပင်ဖြစ်ခဲ့သည်။ ထို့ပြင် ငါအရှင်မြတ်သည် သူတို့အား (‌သွေဖည်ငြင်းပယ်ခြင်းကိုစွန့်ပြီး) ပြန်လှည့်လာကြရန်အတွက် ပြစ်ဒဏ်နှင့် ဖမ်းဆီးအ‌ရေးယူ‌တော်မူခဲ့သည်။ وَقَالُواْ يَٰٓأَيُّهَ ٱلسَّاحِرُ ٱدۡعُ لَنَا رَبَّكَ بِمَا عَهِدَ عِندَكَ إِنَّنَا لَمُهۡتَدُونَ ٤٩ထို့ပြင် သူတို့က (တမန်‌တော်မူစာကို) ‌ပြောဆိုခဲ့ကြသည်- “အို-‌မှော်ဆရာ၊ အသင်သည် ကျွန်ုပ်တို့အတွက် အသင့်အားဖန်ဆင်း‌မွေးမြူ‌တော်မူ‌သောအရှင်မြတ်ထံ‌တော်မှ အသင့်ထံတွင် ကတိပြုထားသည့်အတိုင်း ဆု‌တောင်း‌ပေးပါ။ အမှန်စင်စစ် ကျွန်ုပ်တို့သည် တရားလမ်းမှန်ကို လိုက်နာကြပါ‌တော့မည်။ فَلَمَّا كَشَفۡنَا عَنۡهُمُ ٱلۡعَذَابَ إِذَا هُمۡ يَنكُثُونَ ٥٠ထို့‌နောက် ငါအရှင်မြတ်သည် ပြစ်ဒဏ်ကိုသူတို့ထံမှ ဖယ်ရှား‌ပေး‌တော်မူလိုက်သည့်အခါ သူတို့သည် ချက်ချင်းပင်ကတိကိုဖျက်လိုက်ကြ‌တော့သည်။ وَنَادَىٰ فِرۡعَوۡنُ فِي قَوۡمِهِۦ قَالَ يَٰقَوۡمِ أَلَيۡسَ لِي مُلۡكُ مِصۡرَ وَهَٰذِهِ ٱلۡأَنۡهَٰرُ تَجۡرِي مِن تَحۡتِيٓۚ أَفَلَا تُبۡصِرُونَ ٥١ထို့ပြင် ဖိရ်‌အောင်န်သည် သူ၏အမျိုးသားများကို ‌ကြေညာခဲ့သည်။ သူက‌ပြောသည်-အို-ငါ၏အမျိုးသားတို့၊ အီဂျစ်နိုင်ငံအား ငါပင်စိုးမိုးအုပ်ချုပ်သည်မဟုတ်‌လော၊ ထို့ပြင် ဤစမ်း‌ရေ‌ချောင်းများသည်ငါ၏ (နန်း‌တော်)‌အောက်မှ စီးဆင်း‌နေကြသည်(မဟုတ်‌လော)။ သို့ဖြစ်ပါလျက် အသင်တို့သည်(ဤဘုန်းတန်ခိုးများကို) မမြင်ကြသ‌လော။ أَمۡ أَنَا۠ خَيۡرٌ مِّنۡ هَٰذَا ٱلَّذِي هُوَ مَهِينٌ وَلَا يَكَادُ يُبِينُ ٥٢သို့မဟုတ် ငါသည် ဤ‌သေးသိမ်သူထက် မြင့်မြတ်သည်(ဆိုသည်ကို အသင်တို့ မမြင်ကြသ‌လော)။ ထို့ပြင်၎င်းသည် ရှင်းလင်းစွာ ‌ပြောဆိုနိုင်သည်လည်းမဟုတ်‌ပေ။ ###၁၀ فَلَوۡلَآ أُلۡقِيَ عَلَيۡهِ أَسۡوِرَةٌ مِّن ذَهَبٍ أَوۡ جَآءَ مَعَهُ ٱلۡمَلَٰٓئِكَةُ مُقۡتَرِنِينَ ٥٣ထို့ပြင် ၎င်း၏ (လက်များတွင်) ‌ရွှေလက်‌ကောက်များ အဘယ့်‌ကြောင့်ဆင်ယင်‌ပေးခြင်းမခံရသနည်း။ သို့မဟုတ် ‌ကောင်းကင်တမန်များသည် အဘယ့်‌ကြောင့် ၎င်းနှင့် အတူအမြဲလိုက်ပါမလာသနည်း။ فَٱسۡتَخَفَّ قَوۡمَهُۥ فَأَطَاعُوهُۚ إِنَّهُمۡ كَانُواْ قَوۡمًا فَٰسِقِينَ ٥٤ထို့ပြင် ဖိရ်‌အောင်န်သည် သူ၏ အမျိုးသားများအား ပညာမဲ့များပြုလုပ်လိုက်သည့်အတွက် သူတို့သည် သူ၏စကား‌နောက်သို့ လိုက်ခဲ့ကြ‌တော့သည်။ အမှန်စင်စစ် သူတို့သည် စည်းကမ်းကျူးလွန်သည့်သူများပင်ဖြစ်ခဲ့ကြသည်။ فَلَمَّآ ءَاسَفُونَا ٱنتَقَمۡنَا مِنۡهُمۡ فَأَغۡرَقۡنَٰهُمۡ أَجۡمَعِينَ ٥٥ထို့‌နောက် သူတို့သည် ငါအရှင်မြတ်အား အမျက်ထွက်‌စေကြသည့်အခါ ငါအရှင်မြတ်သည် သူတို့အား တန်ပြန်အ‌ရေးယူ‌တော်မူခဲ့သည်။ သို့ဖြစ်ရာ ငါအရှင်မြတ်သည် သူတို့အားလုံးကို နစ်မြုပ်‌စေ‌တော်မူခဲ့သည်။ فَجَعَلۡنَٰهُمۡ سَلَفًا وَمَثَلًا لِّلۡأٓخِرِينَ ٥٦ထို့‌နောက် ငါအရှင်မြတ်သည် သူတို့အား ‌နောင်လာ‌နောက်သားများအတွက် ဦးစီး‌ရှေ့‌ဆောင်နှင့် သင်ခန်းစာဖြစ်‌စေ‌တော်မူခဲ့သည်။ ###၁၁ ۞ وَلَمَّا ضُرِبَ ٱبۡنُ مَرۡيَمَ مَثَلًا إِذَا قَوۡمُكَ مِنۡهُ يَصِدُّونَ ٥٧ထို့ပြင် မရ်ယမ်၏ သား(တမန်‌တော်အီစာ)သည် စံနမူနာအဖြစ် ပမာခိုင်းနှိုင်းတင်ပြခြင်းခံရသည့်အခါ၊ အသင်၏အမျိုးသားများသည် ထိုပမာ‌ကြောင့်ချက်ချင်းပင် (‌ပျော်ရွှင်မှုနှင့်)‌အော်ဟစ်ခဲ့ကြသည်။ وَقَالُوٓاْ ءَأَٰلِهَتُنَا خَيۡرٌ أَمۡ هُوَۚ مَا ضَرَبُوهُ لَكَ إِلَّا جَدَلَۢاۚ بَلۡ هُمۡ قَوۡمٌ خَصِمُونَ ٥٨ထို့ပြင် သူတို့က ကျွန်ုပ်တို့၏ ကိုးကွယ်ရာများကမြင့်မြတ်သ‌လော။ သို့မဟုတ် ထိုမရ်ယမ်၏သားက မြင့်မြတ်သ‌လောဟု ‌ပြောဆိုခဲ့ကြသည်။ သူတို့သည် ဤသည်ကို အသင်၏‌ရှေ့၌ အငြင်းအခုံပြုရန်အတွက်မှလွဲ၍ မည်သည့်အတွက်မျှ တင်ပြခဲ့သည်မဟုတ်‌ပေ။ အမှန်စင်စစ် သူတို့သည် အငြင်းအခုံပြု‌လေ့ရှိ‌သော အမျိုးသားများပင်ဖြစ်ကြသည်။ ###၁၂ إِنۡ هُوَ إِلَّا عَبۡدٌ أَنۡعَمۡنَا عَلَيۡهِ وَجَعَلۡنَٰهُ مَثَلًا لِّبَنِيٓ إِسۡرَٰٓءِيلَ ٥٩ထိုမရ်ယမ်၏ သားသည် ကျွန်တစ်ပါးပင်ဖြစ်သည်။ ငါအရှင်မြတ်သည် ၎င်း၏အ‌ပေါ်တွင် ‌ကျေးဇူးပြု‌တော်မူခဲ့သည့်အပြင် ၎င်းအားအစ္စရာအီလ်မျိုးနွယ်ဝင်များအတွက် စံနမူနာတစ်ခု ပြလုပ်‌တော်မူခဲ့သည်။ وَلَوۡ نَشَآءُ لَجَعَلۡنَا مِنكُم مَّلَٰٓئِكَةً فِي ٱلۡأَرۡضِ يَخۡلُفُونَ ٦٠ထို့ပြင် အကယ်၍ ငါအရှင်မြတ် အလိုရှိ‌တော်မူခဲ့လျှင် အသင်တို့အစား ‌ကောင်းကင်တမန်များအား ဖန်ဆင်း‌တော်မူခဲ့မည် အမှန်ပင်ဖြစ်သည်။ ထိုသူများသည် ကမ္ဘာ‌မြေတွင် (အသင်တို့အစားအချင်းချင်း၏) အရိုက်အရာကို ဆက်ခံကြမည်ဖြစ်သည်။ وَإِنَّهُۥ لَعِلۡمٌ لِّلسَّاعَةِ فَلَا تَمۡتَرُنَّ بِهَا وَٱتَّبِعُونِۚ هَٰذَا صِرَٰطٌ مُّسۡتَقِيمٌ ٦١ထို့ပြင် အမှန်စင်စစ် ၎င်း(တမန်‌တော်အီစာဆင်းသက်လာခြင်း)သည် ကိယာမသ်၏ အလာမသ်နိမိတ်လက္ခဏာအမှန်ပင်ဖြစ်သည်။ ###၁၃ သို့ဖြစ်ရာ အသင်တို့သည် ထို‌နေ့ကို လုံးဝသံသယမဖြစ်ကြနှင့်။ ထို့ပြင် အသင်တို့သည် ငါ၏‌နောက်သို့ လိုက်ခဲ့ကြပါ။ ဤသည် ‌ဖြောင့်မတ်သည့် တရားလမ်းပင်ဖြစ်သည်။ وَلَا يَصُدَّنَّكُمُ ٱلشَّيۡطَٰنُۖ إِنَّهُۥ لَكُمۡ عَدُوٌّ مُّبِينٌ ٦٢ထို့ပြင် ရှိုင်သွာန်သည် အသင်တို့အား (လမ်းမှန်မှ)လုံးဝမတားဆီး‌စေရ‌ပေ။ အမှန်စင်စစ် သူသည်အသင်တို့၏ ထင်ရှား‌သောရန်သူပင်ဖြစ်သည်။ وَلَمَّا جَآءَ عِيسَىٰ بِٱلۡبَيِّنَٰتِ قَالَ قَدۡ جِئۡتُكُم بِٱلۡحِكۡمَةِ وَلِأُبَيِّنَ لَكُم بَعۡضَ ٱلَّذِي تَخۡتَلِفُونَ فِيهِۖ فَٱتَّقُواْ ٱللَّهَ وَأَطِيعُونِ ٦٣ထို့ပြင် (တမန်‌တော်)အီစာသည် ထင်ရှား‌သော သက်‌သေလက္ခဏာများနှင့်တကွ လာခဲ့သည့်အခါ (ဤသို့)‌ပြောဆိုခဲ့သည်- အမှန်စင်စစ် ငါသည်အသင်တို့ထံသို့ ဉာဏ်ပညာကိုယူ‌ဆောင်လာခဲ့သည်။ ထို့ပြင် ငါသည်အသင် တို့ကွဲလွဲကြ‌သော အချို့ကိစ္စများကို အသင်တို့အား ရှင်းလင်းပြသရန်လာခဲ့ခြင်းဖြစ်သည်။ သို့ဖြစ်ရာ အသင်တို့သည် အလ္လာဟ်အရှင်မြတ်အား ‌ကြောက်ရွံ့ကြပါ၊ ထို့ပြင် ငါ၏စကားကို လိုက်နာကြပါ။ إِنَّ ٱللَّهَ هُوَ رَبِّي وَرَبُّكُمۡ فَٱعۡبُدُوهُۚ هَٰذَا صِرَٰطٌ مُّسۡتَقِيمٌ ٦٤အမှန်စင်စစ် အလ္လာဟ်အရှင်မြတ်သည် ငါနှင့် အသင်တို့အား ဖန်ဆင်း‌မွေးမြူ‌တော်မူ‌သောအရှင်မြတ်ဖြစ်‌တော်မူသည်။ သို့ဖြစ်ရာ အသင်တို့သည် ထိုအရှင်မြတ်ကိုသာ ကိုးကွယ်ကြပါ။ ဤသည်‌ဖြောင့်မတ်‌သော တရားလမ်းပင်ဖြစ်သည်။ فَٱخۡتَلَفَ ٱلۡأَحۡزَابُ مِنۢ بَيۡنِهِمۡۖ فَوَيۡلٌ لِّلَّذِينَ ظَلَمُواْ مِنۡ عَذَابِ يَوۡمٍ أَلِيمٍ ٦٥ထို့‌နောက် သူတို့သည် သူတို့အချင်းချင်းကြားတွင် အုပ်စုများကွဲခဲ့ကြသည်။ သို့ဖြစ်ရာ မတရားကျူးလွန်သူများတွင် အလွန်နာကျင်‌စေသည့်‌နေ့၏ပြစ်ဒဏ်‌ကြောင့် ပျက်စီးမှုရှိလိမ့်မည်။ هَلۡ يَنظُرُونَ إِلَّا ٱلسَّاعَةَ أَن تَأۡتِيَهُم بَغۡتَةً وَهُمۡ لَا يَشۡعُرُونَ ٦٦သူတို့သည် သူတို့ထံသို့ ကိယာမသ်‌နေ့သည် သူတို့ မသိဘဲလျက်ရှိစဉ် ရုတ်တရက်‌ရောက်လာမည်ကိုပင် ‌စောင့်‌နေကြသည်ဖြစ်သည်။ ٱلۡأَخِلَّآءُ يَوۡمَئِذِۭ بَعۡضُهُمۡ لِبَعۡضٍ عَدُوٌّ إِلَّا ٱلۡمُتَّقِينَ ٦٧ထို‌နေ့တွင် ‌ကြောက်ရွံ့အပြစ်‌ရှောင် ‌ကောင်းကျိုး‌ဆောင်သူ မုသ်သကီများမှလွဲ၍ အခြားမိတ်‌ဆွေများသည် အချို့က အချို့၏ ရန်သူများပင်ဖြစ်သွားကြလိမ့်မည်။ يَٰعِبَادِ لَا خَوۡفٌ عَلَيۡكُمُ ٱلۡيَوۡمَ وَلَآ أَنتُمۡ تَحۡزَنُونَ ٦٨(‌ကောင်းမြတ်သည့်သူများကို အရှင်မြတ်က မိန့်ကြား‌တော်မူမည်) “အို-ငါအရှင်မြတ်၏ ကျွန်တို့၊ ယ‌နေ့မှာမူ အသင်တို့အ‌ပေါ်တွင် မည်သည့်စိုးရိမ်စရာမျှ မရှိ‌ပေ။ ထို့ပြင်အသင်တို့သည် ပူ‌ဆွေးစရာလည်း မရှိ‌ပေ။” ٱلَّذِينَ ءَامَنُواْ بِـَٔايَٰتِنَا وَكَانُواْ مُسۡلِمِينَ ٦٩(ထိုသူများသည်) အကြင်သူများပင်ဖြစ်သည်၊ သူတို့သည် ငါအရှင်မြတ်၏အာယသ်‌တော်များကို ယုံကြည်ကြသည်သာမက သူတို့သည် အမိန့်‌တော်ကို လိုက်နာသူများလည်းဖြစ်ခဲ့ကြသည်။ ٱدۡخُلُواْ ٱلۡجَنَّةَ أَنتُمۡ وَأَزۡوَٰجُكُمۡ تُحۡبَرُونَ ٧٠အသင်တို့နှင့် အသင်တို့၏ဇနီးများ ###၁၄ သည် ဂျန္နသ်သုခဘုံထဲသို့ ဂုဏ်ပြုခံရလျက်‌ပျော်ရွှင်စွာဝင်‌ရောက်ကြပါ။ يُطَافُ عَلَيۡهِم بِصِحَافٍ مِّن ذَهَبٍ وَأَكۡوَابٍۖ وَفِيهَا مَا تَشۡتَهِيهِ ٱلۡأَنفُسُ وَتَلَذُّ ٱلۡأَعۡيُنُۖ وَأَنتُمۡ فِيهَا خَٰلِدُونَ ٧١သူတို့‌ရှေ့၌ ‌ရွှေပန်းကန်ပြားများနှင့် ‌သောက်‌ရေဖလားများသည် လည်ပတ်‌နေလိမ့်မည်။ ထို့ပြင် ထိုအထဲတွင် စိတ်အလိုဆန္ဒရှိသမျှနှင့် မျက်စိအရသာခံစားရမည့် အ‌ကြောင်းအရာများကို ရရှိကြမည်။ ထို့ပြင် အသင်တို့သည် ထိုအထဲတွင် အမြဲ‌နေကြရမည်ဖြစ်သည်။ وَتِلۡكَ ٱلۡجَنَّةُ ٱلَّتِيٓ أُورِثۡتُمُوهَا بِمَا كُنتُمۡ تَعۡمَلُونَ ٧٢ထို့ပြင်ဤသည် အသင်တို့ပြုလုပ်ခဲ့ကြ‌သော လုပ်ရပ်များ‌ကြောင့် အ‌မွေအဖြစ်‌ပေးသနား‌တော်မူခြင်းခံရသည့် ဂျန္နသ်ဥယျာဉ်ဖြစ်သည်။ لَكُمۡ فِيهَا فَٰكِهَةٌ كَثِيرَةٌ مِّنۡهَا تَأۡكُلُونَ ٧٣အသင်တို့အတွက် ထိုသုခဘုံတွင် သစ်သီးဝလံအ‌မြောက်အမြားရှိမည်။ ထိုသစ်သီးဝလံများထဲမှ အသင်တို့စားသုံးကြရမည်။ إِنَّ ٱلۡمُجۡرِمِينَ فِي عَذَابِ جَهَنَّمَ خَٰلِدُونَ ٧٤အမှန်စင်စစ် အပြစ်ကျူးလွန်သူများကမူ ဂျဟန္နမ်ငရဲဘုံ၏ ပြစ်ဒဏ်တွင် အမြဲ‌နေကြရမည့်သူများဖြစ်ကြသည်။ لَا يُفَتَّرُ عَنۡهُمۡ وَهُمۡ فِيهِ مُبۡلِسُونَ ٧٥ထိုပြစ်ဒဏ်သည် သူတို့ထံမှ ‌လျှော့‌ပေါ့‌စေခြင်းခံရမည်လည်းမဟုတ်‌ပေ။ ထို့ပြင် သူတို့သည် ထိုအထဲ၌ပင်‌မျှော်လင့်ချက်ကင်းစွာဖြင့် ‌နေရ‌တော့မည်ဖြစ်သည်။ ###၁၅ وَمَا ظَلَمۡنَٰهُمۡ وَلَٰكِن كَانُواْ هُمُ ٱلظَّٰلِمِينَ ٧٦ထို့ပြင် ငါအရှင်မြတ်သည် သူတို့အား မတရားနှိပ်စက်‌တော်မူခဲ့သည်မဟုတ်‌ပေ။ သို့ရာတွင် သူတို့သည် သူတို့ကိုယ်တိုင်ပင် မတရားသည့်သူများဖြစ်ခဲ့ကြသည်။ ###၁၆ وَنَادَوۡاْ يَٰمَٰلِكُ لِيَقۡضِ عَلَيۡنَا رَبُّكَۖ قَالَ إِنَّكُم مَّٰكِثُونَ ٧٧ထို့ပြင် သူတို့သည် (ငရဲဘုံ‌စောင့်များအား)ဟစ်‌အော်ပြီး ‌ပြောဆိုကြမည်- “အို-မာလိက်၊ အသင့်အား ဖန်ဆင်း‌မွေးမြူ‌တော်မူ‌သောအရှင်မြတ်သည် ကျွန်ုပ်တို့အား (‌သေခြင်းတရား‌ပေးပြီး)အဆုံးစီရင်‌တော်မူပါ‌စေ”။ ထို မာလိက်က ပြန်‌ပြောမည်-“အမှန်စင်စစ် အသင်တို့သည် (ဤအတိုင်းပင်)အမြဲ(ရှင်လျက်)‌နေရမည့်သူများဖြစ်ကြသည်။ لَقَدۡ جِئۡنَٰكُم بِٱلۡحَقِّ وَلَٰكِنَّ أَكۡثَرَكُمۡ لِلۡحَقِّ كَٰرِهُونَ ٧٨အမှန်စင်စစ် ငါအရှင်မြတ်သည် မှန်ကန်‌သောသာသနာကို အသင်တို့ထံသို့ ယူ‌ဆောင်လာခဲ့‌သော်လည်း အသင်တို့ထဲမှ အများစုသည် အမှန်ကိုပင်မလိုလားကြဘဲ စက်ဆုပ်ရွံ့ရှာကြသည်။ أَمۡ أَبۡرَمُوٓاْ أَمۡرًا فَإِنَّا مُبۡرِمُونَ ٧٩ထို့ပြင် သူတို့သည် အ‌ရေးကိစ္စတစ်စုံတစ်ခုကို စီမံထားကြသ‌လော၊ သို့ဖြစ်လျှင် အမှန်စင်စစ် ငါအရှင်မြတ်သည်လည်း စီမံ‌တော်မူမည့်အရှင်ဖြစ်‌တော်မူသည်။ أَمۡ يَحۡسَبُونَ أَنَّا لَا نَسۡمَعُ سِرَّهُمۡ وَنَجۡوَىٰهُمۚ بَلَىٰ وَرُسُلُنَا لَدَيۡهِمۡ يَكۡتُبُونَ ٨٠သို့မဟုတ် ငါအရှင်မြတ်သည် သူတို့၏လျှို့ဝှက်ချက်များနှင့် သူတို့တိတ်ဆိတ်စွာ တိုင်ပင်ကြသည်များကို ကြား‌တော်မူမည်မဟုတ်‌ပေဟု ထင်မှတ်ကြသ‌လော။ အဘယ့်‌ကြောင့် မကြားရမည်နည်း၊ အမှန်စင်စစ်ပင် ကြား‌တော်မူသည်။ ထို့ပြင် ငါအရှင်မြတ်၏ ‌စေတမန်များသည်သူတို့ထံတွင် ‌ရေးမှတ်‌နေကြသည်ပင်။ قُلۡ إِن كَانَ لِلرَّحۡمَٰنِ وَلَدٌ فَأَنَا۠ أَوَّلُ ٱلۡعَٰبِدِينَ ٨١(အို-တမန်‌တော်)အသင်‌ပြောလိုက်ပါ- အကယ်၍ အလ္လာဟ်အရှင်မြတ်တွင် သား‌တော်တစ်ပါးရှိခဲ့လျှင် ငါသည် ပထမဆုံးကိုးကွယ်သူဖြစ်မည်။ سُبۡحَٰنَ رَبِّ ٱلسَّمَٰوَٰتِ وَٱلۡأَرۡضِ رَبِّ ٱلۡعَرۡشِ عَمَّا يَصِفُونَ ٨٢မိုး‌ကောင်းကင်များနှင့် ‌မြေပထဝီကို ဖန်ဆင်း‌တော်မူ‌သောအရှင် ၊ အရ်ရှ်ပလ္လင်‌တော်ကိုလည်း ဖန်ဆင်း‌တော်မူ‌သောအရှင်သည် သူတို့‌ပြောဆိုစွပ်စွဲချက်များမှ သန့်ပြန့်စင်ကြယ်‌တော်မူသည်။ فَذَرۡهُمۡ يَخُوضُواْ وَيَلۡعَبُواْ حَتَّىٰ يُلَٰقُواْ يَوۡمَهُمُ ٱلَّذِي يُوعَدُونَ ٨٣သို့ဖြစ်ရာ သူတို့သည် သူတို့ချိန်းဆိုခြင်းခံရသည့်‌နေ့နှင့် ‌တွေ့ဆုံရင်ဆိုင်ကြရသည်အထိ သူတို့အား အကျိုးမဲ့စကားများထဲတွင်နစ်မွန်း‌နေရန် ကစားခုန်စား ‌ပျော်ရွှင်မြူးတူး‌နေကြရန် အသင်(တမန်‌တော်)သည် စွန့်လွှတ်ထားလိုက်ပါ။ وَهُوَ ٱلَّذِي فِي ٱلسَّمَآءِ إِلَٰهٌ وَفِي ٱلۡأَرۡضِ إِلَٰهٌۚ وَهُوَ ٱلۡحَكِيمُ ٱلۡعَلِيمُ ٨٤ထို့ပြင် အရှင်မြတ်ပင် မိုး‌ကောင်းကင်နှင့် ‌မြေပထဝီတွင် ကိုးကွယ်ထိုက်သည့်အရှင်ဖြစ်‌တော်မူသည်။ ထို့ပြင် အရှင်မြတ်သည် ပညာဉာဏ်အ‌မြော်အမြင်နှင့် အလွန်ပြည့်စုံ‌တော်မူ‌သောအရှင်၊ အကြွင်းမဲ့သိ‌တော်မူ‌သောအရှင် ဖြစ်‌တော်မူသည်။ وَتَبَارَكَ ٱلَّذِي لَهُۥ مُلۡكُ ٱلسَّمَٰوَٰتِ وَٱلۡأَرۡضِ وَمَا بَيۡنَهُمَا وَعِندَهُۥ عِلۡمُ ٱلسَّاعَةِ وَإِلَيۡهِ تُرۡجَعُونَ ٨٥ထို့ပြင် အကြင်အရှင်မြတ်သည် ‌ကောင်းချီးမဂင်္လာအ‌ပေါင်းနှင့် ပြည့်စုံ‌တော်မူသည်။ ထိုအရှင်မြတ်တွင် မိုး‌ကောင်းကင်များနှင့် ‌မြေပထဝီတွင်ရှိသမျှသာမက ထိုနှစ်ခုကြားတွင်ရှိသမျှ၏ စိုးမိုးအုပ်ချုပ်မှုအာဏာရှိသည်။ ထို့ပြင် ကိယာမသ်‌နေ့၏အချိန်ကိုလည်း အရှင်မြတ်ပင်သိ‌တော်မူသည်။ ထို့ပြင် အသင်တို့သည် အရှင်မြတ်ထံ‌တော်သို့ပင် ပြန်သွားကြရမည်ဖြစ်သည်။ وَلَا يَمۡلِكُ ٱلَّذِينَ يَدۡعُونَ مِن دُونِهِ ٱلشَّفَٰعَةَ إِلَّا مَن شَهِدَ بِٱلۡحَقِّ وَهُمۡ يَعۡلَمُونَ ٨٦ထို့ပြင် အရှင်မြတ်အားစွန့်ပြီး သူတို့ ဟစ်‌ခေါ်တသကြသည့်သူများတွင် ကြားဝင်အသနားခံ‌ပေးနိုင်ခွင့်မရှိ‌ပေ။ သို့ရာတွင် အမှန်တရားကို သိရှိကြလျက် (ကလိမဟ်ရှဟာဒသ်နှင့်)သက်‌သေထူခဲ့ကြသည့်သူများကမူ (အရှင်မြတ်၏ ခွင့်ပြုချက်နှင့် ကြားဝင်အသနားခံ‌ပေးနိုင်မည်ဖြစ်သည်)။ وَلَئِن سَأَلۡتَهُم مَّنۡ خَلَقَهُمۡ لَيَقُولُنَّ ٱللَّهُۖ فَأَنَّىٰ يُؤۡفَكُونَ ٨٧ထို့ပြင် အကယ်၍အသင်သည်သူတို့အား “အသင်တို့အား မည်သူဖန်ဆင်းခဲ့သနည်း”ဟု ‌မေးမြန်းလျှင် သူတို့က “အလ္လာဟ်အရှင်မြတ်”ဟု အမှန်စင်စစ်‌ဖြေကြားကြလိမ့်မည်။ ထို့‌နောက်လည်း သူတို့သည် အဘယ်သို့ပြန်လှည့်သွား‌နေကြသနည်း။ وَقِيلِهِۦ يَٰرَبِّ إِنَّ هَٰٓؤُلَآءِ قَوۡمٌ لَّا يُؤۡمِنُونَ ٨٨ထို့ပြင် အို-ကျွန်ုပ်အား ဖန်ဆင်း‌မွေးမြူ‌တော်မူ‌သောအရှင်မြတ်၊ အမှန်မှာ ဤအမျိုးသားများသည်အီမာန်မယုံကြည်ကြ‌သော အမျိုးသားများဖြစ်ကြပါသည်ဟု တမန်‌တော်၏‌လျှောက်ထားချက်ကိုလည်း (အရှင်မြတ်သိရှိ‌တော်မူသည်)။ فَٱصۡفَحۡ عَنۡهُمۡ وَقُلۡ سَلَٰمٌۚ فَسَوۡفَ يَعۡلَمُونَ ٨٩သို့ဖြစ်ရာ အသင်သည် သူတို့ထံမှ မျက်နှာလွှဲ‌နေလိုက်ပါ။ ထို့ပြင် အသင်သည် သူတို့အား စလာမ်ဆိုလိုက်ပါ။ ထို့‌နောက် မကြာမီ သူတို့သည် သိရှိကြမည်။

الترجمة: Hashim Tin Myint.