ملة الإسلام

السورة 42 · 53 آية · Hashim Tin Myint

سورة الشورى باللغة البورمية

السورة بالعربية مع التفسير استمع إلى سورة الشورى (1,179 قارئاً)
مكيةسورة الشورى٥٣ آية

بِسۡمِ ٱللَّهِ ٱلرَّحۡمَٰنِ ٱلرَّحِيمِ

حمٓ ١ဟာမီမ်။ عٓسٓقٓ ٢အိုင်န်စီန်ကာဖ်။ كَذَٰلِكَ يُوحِيٓ إِلَيۡكَ وَإِلَى ٱلَّذِينَ مِن قَبۡلِكَ ٱللَّهُ ٱلۡعَزِيزُ ٱلۡحَكِيمُ ٣အလွန်လွှမ်းမိုး‌တော်မူ‌သောအရှင် ပညာဉဏ်အ‌မြော်အမြင်နှင့်အလွန်ပြည့်စုံ‌တော်မူ‌သော အရှင်ဖြစ်သည့် အလ္လာဟ်အရှင်မြတ်သည် အသင်(တမန်‌တော်)နှင့် အသင်၏မတိုင်မီက တမန်‌တော်များထံသို့ ဤသို့ပင် ဝဟီထုတ်ပြန်‌လေ့ရှိ‌တော်မူခဲ့သည်။ ###၁ لَهُۥ مَا فِي ٱلسَّمَٰوَٰتِ وَمَا فِي ٱلۡأَرۡضِۖ وَهُوَ ٱلۡعَلِيُّ ٱلۡعَظِيمُ ٤ရှိသမျှနှင့် ‌မြေပထဝီတွင်ရှိသမျှကို အရှင်မြတ်ပင် ပိုင်ဆိုင်‌တော်မူသည်။ ထို့ပြင် အရှင်မြတ်သည် အလွန်မြင့်မား‌တော်မူ‌သောအရှင်၊ အလွန်ကြီးကျယ်မြင့်မြတ်‌တော်မူ‌သောအရှင်ဖြစ်‌တော်မူသည်။ تَكَادُ ٱلسَّمَٰوَٰتُ يَتَفَطَّرۡنَ مِن فَوۡقِهِنَّۚ وَٱلۡمَلَٰٓئِكَةُ يُسَبِّحُونَ بِحَمۡدِ رَبِّهِمۡ وَيَسۡتَغۡفِرُونَ لِمَن فِي ٱلۡأَرۡضِۗ أَلَآ إِنَّ ٱللَّهَ هُوَ ٱلۡغَفُورُ ٱلرَّحِيمُ ٥သူတို့အ‌ပေါ်မှ (ရှိ‌သောအထပ်သည်သူနှင့်နီးစပ်သည့်အထပ်ဘက်သို့)အက်ကွဲပြိုကျမည့်ဆဲဆဲဖြစ်ကြသည်။ ###၂ ထို့ပြင် ‌ကောင်းကင်တမန်များသည် သူတို့အား ဖန်ဆင်း‌မွေးမြူ‌တော်မူ‌သောအရှင်မြတ်အား ချီးမွမ်းခြင်းနှင့်တကွ (အရှင်မြတ်)စင်ကြယ်သန့်ရှင်း‌တော်မူ‌ကြောင်းကို ရွတ်ဆိုလျက်ရှိကြသည့်အပြင် သူတို့သည် ကမ္ဘာ‌မြေတွင်ရှိသူများအတွက် လွတ်ငြိမ်းချမ်းသာခွင့်ကိုလည်း ပန်ကြားလျက်ရှိကြသည်။ သတိပြုကြပါ၊ အမှန်စင်စစ် အလ္လာဟ်အရှင်မြတ်သည် အလွန် လွတ်ငြိမ်းချမ်းသာခွင့်‌ပေး‌တော်မူ‌သောအရှင်၊ အလွန်သနားကြင်နာ‌တော်မူ‌သောအရှင်ဖြစ်‌တော်မူသည်။ وَٱلَّذِينَ ٱتَّخَذُواْ مِن دُونِهِۦٓ أَوۡلِيَآءَ ٱللَّهُ حَفِيظٌ عَلَيۡهِمۡ وَمَآ أَنتَ عَلَيۡهِم بِوَكِيلٍ ٦အရှင်မြတ်မှလွဲ၍ အခြားအရာများအား အစစအရာရာ စီမံ‌ဆောင်ရွက်‌ပေးမည့်သူအဖြစ် ‌ရွေးချယ်ပြုလုပ်ခဲ့ကြသူများအား အလ္လာဟ်အရှင်မြတ်အ‌နေနှင့် သူတို့၏ (လုပ်ရပ်)များကို ‌စောင့်ကြည့်‌နေ‌တော်မူသည်။ ထို့ပြင် အသင်သည် သူတို့အ‌ပေါ်တွင် တာဝန်ခံမဟုတ်‌ပေ။ ###၃ وَكَذَٰلِكَ أَوۡحَيۡنَآ إِلَيۡكَ قُرۡءَانًا عَرَبِيًّا لِّتُنذِرَ أُمَّ ٱلۡقُرَىٰ وَمَنۡ حَوۡلَهَا وَتُنذِرَ يَوۡمَ ٱلۡجَمۡعِ لَا رَيۡبَ فِيهِۚ فَرِيقٌ فِي ٱلۡجَنَّةِ وَفَرِيقٌ فِي ٱلسَّعِيرِ ٧ဤသို့ပင် ငါအရှင်မြတ်သည် အသင့်ထံသို့ အရဗီဘာသာစကားဖြင့်ဖြစ်‌သော ကုရ်အာန်ကျမ်း‌တော်မြတ်ကို ထုတ်ပြန်ပို့ချ‌တော်မူခဲ့သည်။ အသင်သည် မက္ကဟ်နှင့် ၎င်း၏အနီးပတ်ဝန်းကျင်တွင် ရှိသူများအား သတိ‌ပေးနှိုး‌ဆော်ရန်အတွက်နှင့် သံသယဖြစ်စရာမရှိ‌သော (ကိယာမသ်)စုရုံးရမည့်‌နေ့ကို သတိ‌ပေးနှိုး‌ဆော်ရန်အတွက် (ဤကျမ်းကို ထုတ်ပြန်ပို့ချ‌တော်မူခဲ့ခြင်းဖြစ်သည်)။ (သူတို့ထဲမှ)အုပ်စုတစ်ခုသည် ဂျန္နသ်သုခဘုံတွင်ရှိမည်ဖြစ်၍ အုပ်စုတစ်ခုသည် ဂျဟန္နမ်ငရဲဘုံတွင်ရှိလိမ့်မည်။ ###၄ وَلَوۡ شَآءَ ٱللَّهُ لَجَعَلَهُمۡ أُمَّةً وَٰحِدَةً وَلَٰكِن يُدۡخِلُ مَن يَشَآءُ فِي رَحۡمَتِهِۦۚ وَٱلظَّٰلِمُونَ مَا لَهُم مِّن وَلِيٍّ وَلَا نَصِيرٍ ٨အကယ်၍အလ္လာဟ်အရှင်မြတ်အလိုရှိ‌တော်မူခဲ့လျှင် အမှန်ပင် သူတို့အား သာသနာဝင်အုပ်စုတစ်ခုတည်း ပြုလုပ်‌တော်မူခဲ့မည်ဖြစ်သည်။ သို့ရာတွင် အရှင်မြတ်သည် အရှင်မြတ်အလိုရှိ‌တော်မူ‌သောသူကိုပင် အရှင်မြတ်၏ကရုဏာထဲသို့ဝင်‌ရောက်‌စေ‌တော်မူသည်။ ထို့ပြင် မတရားကျူးလွန်သူများကမူ သူတို့အတွက် ကာကွယ်‌စောင့်‌ရှောက်မည့်သူ၊ ကူညီမည့်သူ မည်သူမျှရှိ‌တော့မည်မဟုတ်‌ပေ။ أَمِ ٱتَّخَذُواْ مِن دُونِهِۦٓ أَوۡلِيَآءَۖ فَٱللَّهُ هُوَ ٱلۡوَلِيُّ وَهُوَ يُحۡيِ ٱلۡمَوۡتَىٰ وَهُوَ عَلَىٰ كُلِّ شَيۡءٍ قَدِيرٌ ٩အရှင်မြတ်မှ လွဲ၍အခြားသူများအား ကာကွယ်‌စောင့်‌ရှောက်‌စောင်မ‌သောအ‌ဆွေ‌တော်အဖြစ် ‌ရွေးချယ်ပြုလုပ်ခဲ့ကြသ‌လော။ (အမှန်စင်စစ်)အရှင်မြတ်ပင် ကာကွယ်‌စောင့်‌ရှောက်‌စောင်မ‌တော်မူ‌သော အ‌ဆွေ‌တော်ဖြစ်‌တော်မူသည်။ ထို့ပြင် အရှင်မြတ်ပင် ‌သေသူများအား ရှင်‌စေ‌တော်မူမည်။ ထို့ပြင် အရှင်မြတ်သည် အရာအားလုံးကို ပြုစွမ်းနိုင်‌တော်မူ‌သောအရှင်ဖြစ်‌တော်မူသည်။ وَمَا ٱخۡتَلَفۡتُمۡ فِيهِ مِن شَيۡءٍ فَحُكۡمُهُۥٓ إِلَى ٱللَّهِۚ ذَٰلِكُمُ ٱللَّهُ رَبِّي عَلَيۡهِ تَوَكَّلۡتُ وَإِلَيۡهِ أُنِيبُ ١٠ထို့ပြင် အသင်တို့သည် အကြင်အရာနှင့် ပတ်သက်၍ ကွဲလွဲခဲ့ကြသည်။ ထိုအရာ၏ အဆုံးအဖြတ်သည် အလ္လာဟ်အရှင်မြတ်ထံ‌တော်၌သာရှိသည်။ ဤသည် ငါ့အား ဖန်ဆင်း‌မွေးမြူ‌တော်မူ‌သောအရှင်မြတ်ဖြစ်‌တော်မူသည်။ ငါသည် အရှင်မြတ်အ‌ပေါ်တွင် ယုံပုံလွှဲအပ်ထားသည်။ ထို့ပြင် ငါသည် အရှင်မြတ်ဘက်သို့ပင်ပြန်လှည့်သည်။ فَاطِرُ ٱلسَّمَٰوَٰتِ وَٱلۡأَرۡضِۚ جَعَلَ لَكُم مِّنۡ أَنفُسِكُمۡ أَزۡوَٰجًا وَمِنَ ٱلۡأَنۡعَٰمِ أَزۡوَٰجًا يَذۡرَؤُكُمۡ فِيهِۚ لَيۡسَ كَمِثۡلِهِۦ شَيۡءٌۖ وَهُوَ ٱلسَّمِيعُ ٱلۡبَصِيرُ ١١(အရှင်မြတ်သည်)မိုး‌ကောင်းကင်များနှင့် ‌မြေပထဝီကို ဖန်ဆင်း‌တော်မူ‌သောအရှင်မြတ်ဖြစ်‌တော်မူသည်။ အရှင်မြတ်ပင် အသင်တို့အတွက် အသင်တို့၏ အမျိုးအစားထဲမှပင် ကြင်ရာများကိုဖန်ဆင်း‌တော်မူခဲ့သည်။ ထို့ပြင် ‌ခြေ‌လေး‌ချောင်းတိရစာ္ဆန်များထဲမှ စုံတွဲများကိုလည်း ဖန်ဆင်း‌တော်မူခဲ့၍ အသင်တို့အား ထို(စုံတွဲများ၏)အ‌ကြောင်းခံဖြင့် ပြန့်ပွားများပြား‌စေ‌တော်မူခဲ့သည်။ အရှင်မြတ်နှင့် တူသည့်အရာ မည်သည့်အရာမျှမရှိ‌ပေ။ အရှင်မြတ်သည် အကြွင်းမဲ့ ကြား‌တော်မူ‌သောအရှင်၊ အကြွင်းမဲ့မြင်‌တော်မူ‌သောအရှင် ဖြစ်‌တော်မူသည်။ لَهُۥ مَقَالِيدُ ٱلسَّمَٰوَٰتِ وَٱلۡأَرۡضِۖ يَبۡسُطُ ٱلرِّزۡقَ لِمَن يَشَآءُ وَيَقۡدِرُۚ إِنَّهُۥ بِكُلِّ شَيۡءٍ عَلِيمٌ ١٢မိုး‌ကောင်းကင်များနှင့်‌မြေပထဝီ၏‌သော့များသည် အရှင်မြတ်ထံ‌တော်၌သာ ရှိကြသည်။ ###၅ အရှင်မြတ်သည် အရှင်မြတ် အလိုရှိ‌တော်မူ‌သောသူကို စားနပ်ရိက္ခာ ကျယ်ဝန်းစွာ‌ပေးသနား‌တော်မူပြီး (အရှင်မြတ်အလိုရှိ‌တော်မူ‌သောသူကို) ကျပ်တည်း‌စေ‌တော်မူသည်။ အမှန်စင်စစ် အရှင်မြတ်သည် အရာအားလုံးကို အကြွင်းမဲ့သိ‌တော်မူ‌သောအရှင်မြတ်ပင် ဖြစ်‌တော်မူသည်။ ۞ شَرَعَ لَكُم مِّنَ ٱلدِّينِ مَا وَصَّىٰ بِهِۦ نُوحًا وَٱلَّذِيٓ أَوۡحَيۡنَآ إِلَيۡكَ وَمَا وَصَّيۡنَا بِهِۦٓ إِبۡرَٰهِيمَ وَمُوسَىٰ وَعِيسَىٰٓۖ أَنۡ أَقِيمُواْ ٱلدِّينَ وَلَا تَتَفَرَّقُواْ فِيهِۚ كَبُرَ عَلَى ٱلۡمُشۡرِكِينَ مَا تَدۡعُوهُمۡ إِلَيۡهِۚ ٱللَّهُ يَجۡتَبِيٓ إِلَيۡهِ مَن يَشَآءُ وَيَهۡدِيٓ إِلَيۡهِ مَن يُنِيبُ ١٣အရှင်မြတ်သည် အသင်တို့အတွက် အကြင်သာသနာ‌တော်ကိုပင် သတ်မှတ်ပြဋ္ဌာန်း‌ပေး‌တော်မူခဲ့သည်။ ထိုသာသနာ‌တော်ကိုပင် လိုက်နာရန် အရှင်မြတ်က (တမန်‌တော်)နူးဟ်ကို အမိန့်‌ပေး‌တော်မူခဲ့သည်။ ထို့ပြင် ငါအရှင်မြတ်သည် ထိုသာသနာ‌တော်ကိုပင် အသင်၏ထံသို့ ထုတ်ပြန်‌တော်မူခဲ့သည်။ ထို့ပြင် ငါအရှင်မြတ်သည် ထိုသာသနာ‌တော်ကိုပင် လိုက်နာရန် (တမန်‌တော်) အိဗ်ရာဟီမ်၊ (တမန်‌တော်)မူစာ၊ (တမန်‌တော်)အီစာ တို့အားလည်း အမိန့်‌ပေး‌တော်မူခဲ့သည်။ ###၆ အသင်တို့သည် သာသနာ‌တော်ကို ခိုင်မြဲစွာတည်‌ဆောက်ကြပါ။ ထို့ပြင် အသင်တို့သည် ထိုသာသနာထဲတွင် အုပ်စုကွဲခြင်း၊ ကွဲပြဲခြင်းမရှိကြနှင့် (ဟု အမိန့်‌ပေး‌တော်မူခဲ့သည်)။ မုရှ်ရိက်များအ‌ပေါ်တွင် အသင်သည် သူတို့အား ဖိတ်‌ခေါ်‌နေသည့်(‌သောင်ဟီဒ်)တရား‌တော်သည် အလွန်ကြီး‌လေးခက်ခဲသည်။ အလ္လာဟ်အရှင်မြတ်သည် အရှင်မြတ်အလိုရှိ‌တော်မူ‌သောသူကို အရှင်မြတ်ထံ‌တော်သို့ ‌ရွေးချယ်‌တော်မူသည်။ ထို့ပြင် အရှင်မြတ်သည် အရှင်မြတ်ဘက်သို့ ပြန်လှည့်သည့်သူကိုလည်း လမ်းမှန် ညွှန်ကြားပြသ‌တော်မူသည်။ ###၇ وَمَا تَفَرَّقُوٓاْ إِلَّا مِنۢ بَعۡدِ مَا جَآءَهُمُ ٱلۡعِلۡمُ بَغۡيَۢا بَيۡنَهُمۡۚ وَلَوۡلَا كَلِمَةٌ سَبَقَتۡ مِن رَّبِّكَ إِلَىٰٓ أَجَلٍ مُّسَمًّى لَّقُضِيَ بَيۡنَهُمۡۚ وَإِنَّ ٱلَّذِينَ أُورِثُواْ ٱلۡكِتَٰبَ مِنۢ بَعۡدِهِمۡ لَفِي شَكٍّ مِّنۡهُ مُرِيبٍ ١٤ထို့ပြင် သူတို့သည် သူတို့ထံသို့ အသိပညာ‌ရောက်လာပြီး‌နောက်မှပင် သူတို့အချင်းချင်း မနာလိုမှု‌ကြောင့် အုပ်စုကွဲခဲ့ကြသည်။ ထို့ပြင် အသင့်အား ဖန်ဆင်း‌မွေးမြူ‌တော်မူ‌သောအရှင်မြတ်ထံ‌တော်မှ သတ်မှတ်ထားသည့်အချိန်အထိ (ဆိုင်းငံ့ထားရန်)ယခင်ကတည်းက အမိန့်‌တော်တစ်ခုသည် အတည်မဖြစ်ခဲ့လျှင် သူတို့အကြားတွင် အမှန်ပင်စီရင်ဆုံးဖြတ်ခဲ့ပြီးဖြစ်မည်ပင်။ ထို့ပြင် အမှန်စင်စစ် သူတို့‌နောက်တွင် ကျမ်းဂန်အ‌မွေရရှိလိုက်သည့်သူများသည် ယုံမှားမှုဖြစ်‌စေ‌သော သံသယထဲတွင်အမှန်ပင် ရှိ‌နေကြသည်။ فَلِذَٰلِكَ فَٱدۡعُۖ وَٱسۡتَقِمۡ كَمَآ أُمِرۡتَۖ وَلَا تَتَّبِعۡ أَهۡوَآءَهُمۡۖ وَقُلۡ ءَامَنتُ بِمَآ أَنزَلَ ٱللَّهُ مِن كِتَٰبٍۖ وَأُمِرۡتُ لِأَعۡدِلَ بَيۡنَكُمُۖ ٱللَّهُ رَبُّنَا وَرَبُّكُمۡۖ لَنَآ أَعۡمَٰلُنَا وَلَكُمۡ أَعۡمَٰلُكُمۡۖ لَا حُجَّةَ بَيۡنَنَا وَبَيۡنَكُمُۖ ٱللَّهُ يَجۡمَعُ بَيۡنَنَاۖ وَإِلَيۡهِ ٱلۡمَصِيرُ ١٥သို့ဖြစ်ရာ အသင်(တမန်‌တော်)သည် (ငါအရှင်မြတ်ချ‌ပေးထား‌သောကုရ်အာန်ဘက်ကို)ဖိတ်‌ခေါ်‌နေပါ။ ထို့ပြင် အသင်သည် အသင်အမိန့်‌ပေးခံရသည့်အတိုင်း ‌ဖြောင့်မတ်စွာရှိ‌နေပါ။ ထို့ပြင် အသင်သည်သူတို့၏ အလိုဆန္ဒများကို မလိုက်နာပါနှင့်၊ ထို့ပြင် (အို-တမန်‌တော်)အသင်‌ပြောလိုက်ပါ- ငါသည် အလ္လာဟ်အရှင်မြတ်ချ‌ပေး‌တော်မူခဲ့‌သော မည်သည့်ကျမ်းကိုမဆို ယုံကြည်ပြီးဖြစ်သည်။ ထို့ပြင် ငါသည် အသင်တို့အကြားတွင် တရားမျှတရန် အမိန့်‌ပေးခြင်းကိုခံရသည်။ အလ္လာဟ်အရှင်မြတ်သည် ငါတို့အား ဖန်ဆင်း‌မွေးမြူ‌တော်မူ‌သောအရှင်လည်းဖြစ်‌တော်မူသည်၊ အသင်တို့အား ဖန်ဆင်း‌မွေးမြူ‌တော်မူ‌သောအရှင်လည်း ဖြစ်‌တော်မူသည်။ ငါတို့၏လုပ်ရပ်များသည် ငါတို့အတွက်ဖြစ်ပြီး အသင်တို့၏ လုပ်ရပ်များသည် အသင်တို့အတွက် ဖြစ်သည်။ ငါတို့နှင့် အသင်တို့ကြားတွင် မည်သည့်အရာမျှအငြင်းအခုံပြုလုပ်စရာမရှိ‌တော့‌ပေ။ အလ္လာဟ်အရှင်မြတ်သည် ငါတို့အားလုံးကို စုရုံး‌တော်မူမည်။ ထို့ပြင် အရှင်မြတ်ထံ‌တော်သို့ပင် ပြန်ကြရမည်ဖြစ်သည်။ ###၈ وَٱلَّذِينَ يُحَآجُّونَ فِي ٱللَّهِ مِنۢ بَعۡدِ مَا ٱسۡتُجِيبَ لَهُۥ حُجَّتُهُمۡ دَاحِضَةٌ عِندَ رَبِّهِمۡ وَعَلَيۡهِمۡ غَضَبٌ وَلَهُمۡ عَذَابٌ شَدِيدٌ ١٦ထို့ပြင် အလ္လာဟ်အရှင်မြတ်နှင့်ပတ်သက်၍ အရှင်မြတ်အား မှန်ကန်‌ကြောင်းဝန်ခံပြီးသည့်‌နောက်မှပင် အငြင်းအခုံပြုလုပ်ကြသည့်သူများ၏ ငြင်းခုံမှုသည် သူတို့အား ဖန်ဆင်း‌မွေးမြူ‌တော်မူ‌သောအရှင်မြတ်ထံ‌တော်တွင် အ‌ခြေအမြစ်ခိုင်မာမှုမရှိ‌ပေ။ (လွဲ‌ချော်မှုဖြစ်သည်)။ ထို့ပြင် သူတို့အ‌ပေါ်တွင် ‌ဒေါသအမျက်ကျ‌ရောက်မည့်အပြင် သူတို့အတွက် ပြင်းထန်‌သော အပြစ်ဒဏ်လည်းရှိမည်။ ٱللَّهُ ٱلَّذِيٓ أَنزَلَ ٱلۡكِتَٰبَ بِٱلۡحَقِّ وَٱلۡمِيزَانَۗ وَمَا يُدۡرِيكَ لَعَلَّ ٱلسَّاعَةَ قَرِيبٌ ١٧အလ္လာဟ်အရှင်မြတ်သည်ပင် ကျမ်းဂန်နှင့် တရားမျှတမှုကို တိကျ မှန်ကန်စွာချ‌ပေး‌တော်မူ‌သောအရှင် ဖြစ်‌တော်မူသည်။ ထို့ပြင် အသင် (တမန်‌တော်)သည် မည်သို့သိမည်နည်း၊ ကိယာမသ်ရှင်ပြန်ထမည့်အချိန်ကာလသည် နီးကပ်‌ကောင်းနီးကပ်နိုင်သည်။ يَسۡتَعۡجِلُ بِهَا ٱلَّذِينَ لَا يُؤۡمِنُونَ بِهَاۖ وَٱلَّذِينَ ءَامَنُواْ مُشۡفِقُونَ مِنۡهَا وَيَعۡلَمُونَ أَنَّهَا ٱلۡحَقُّۗ أَلَآ إِنَّ ٱلَّذِينَ يُمَارُونَ فِي ٱلسَّاعَةِ لَفِي ضَلَٰلِۭ بَعِيدٍ ١٨ထိုကိယာမသ်‌နေ့နှင့်ပတ်သက်၍ ထိုအရာကို မယုံကြည်သည့်သူများပင် ‌ဆောလျင်စွာ ‌တောင့်တ‌နေကြခြင်းဖြစ်သည်။ ထို့ပြင် ယုံကြည်သူများကမူ ထို‌နေ့အားစိုးရိမ်‌နေကြသည်။ ထို့ပြင် သူတို့သည်ထို‌နေ့ကို မှန်ကန်သည်ဟုလည်း အမှန်ပင်ယုံကြည်ကြသည်။ သတိပြုကြပါ၊ ကိယာမသ်‌နေ့နှင့်ပတ်သက်၍ အငြင်းအခုံပြုလုပ်ကြသူများသည် အလွန်‌ဝေးလံ‌သောလမ်းမှားတွင် အမှန်ပင်ရှိ‌နေကြသည်။ ٱللَّهُ لَطِيفُۢ بِعِبَادِهِۦ يَرۡزُقُ مَن يَشَآءُۖ وَهُوَ ٱلۡقَوِيُّ ٱلۡعَزِيزُ ١٩အလ္လာဟ်အရှင်မြတ်သည် အရှင်မြတ်၏ကျွန်များအ‌ပေါ်တွင် အလွန်နူးညံ့သိမ်‌မွေ့‌တော်မူ‌သောအရှင်ဖြစ်‌တော်မူသည်။ အရှင်မြတ်သည် အရှင်မြတ်အလိုရှိ‌တော်မူ‌သောသူကို စားနပ်ရိက္ခာ‌ပေးသနား‌တော်မူသည်။ ထို့ပြင် အရှင်မြတ်သည် အလွန်အင်အားကြီး‌တော်မူ‌သောအရှင်၊ တန်ခိုး‌တော်နှင့် အလွန်လွှမ်းမိုး‌တော်မူ‌သောအရှင်ဖြစ်‌တော်မူသည်။ مَن كَانَ يُرِيدُ حَرۡثَ ٱلۡأٓخِرَةِ نَزِدۡ لَهُۥ فِي حَرۡثِهِۦۖ وَمَن كَانَ يُرِيدُ حَرۡثَ ٱلدُّنۡيَا نُؤۡتِهِۦ مِنۡهَا وَمَا لَهُۥ فِي ٱلۡأٓخِرَةِ مِن نَّصِيبٍ ٢٠မည်သူမဆို တမလွန်ဘဝ၏လယ်ယာကို လိုလားလျှင်ငါအရှင်မြတ်သည် သူ့အားသူ၏လယ်ယာတွင် တိုးပွား‌စေ‌တော်မူမည်။ ထို့ပြင် မည်သူမဆို ဤဘဝ၏ လယ်ယာကိုလိုလားလျှင် ငါအရှင်မြတ်သည် သူ့အား ဤဘဝတွင် (အနည်းငယ်)‌ပေး‌တော်မူမည်။ ထို့ပြင် တမလွန်ဘဝတွင် သူ့အတွက် မည်သည့်‌ဝေစုမျှ ရှိမည်မဟုတ်‌တော့‌ပေ။ ###၉ أَمۡ لَهُمۡ شُرَكَٰٓؤُاْ شَرَعُواْ لَهُم مِّنَ ٱلدِّينِ مَا لَمۡ يَأۡذَنۢ بِهِ ٱللَّهُۚ وَلَوۡلَا كَلِمَةُ ٱلۡفَصۡلِ لَقُضِيَ بَيۡنَهُمۡۗ وَإِنَّ ٱلظَّٰلِمِينَ لَهُمۡ عَذَابٌ أَلِيمٌ ٢١သူတို့တွင် အလ္လာဟ်အရှင်မြတ်က ခွင့်မပြု‌သော သာသနာမျိုးကို သူတို့အတွက် သတ်မှတ်ပြဋ္ဌာန်း‌ပေးခဲ့ကြ‌သော တွဲဖက်ကိုးကွယ်ရာများရှိကြသ‌လော။ ထို့ပြင် အကယ်၍ စီရင်ဆုံးဖြတ်ရန် အမိန့်‌တော်တစ်ခုသည် (ယခင်ကတည်းက) မရှိခဲ့လျှင် သူတို့အကြား၌အမှန်ပင် စီရင်ဆုံးဖြတ်ပြီးဖြစ်မည်။ ထို့ပြင် မတရားသူများအတွက်ကမူ နာကျင်‌စေ‌သော ပြစ်ဒဏ်အမှန်ပင်ရှိမည်။ تَرَى ٱلظَّٰلِمِينَ مُشۡفِقِينَ مِمَّا كَسَبُواْ وَهُوَ وَاقِعُۢ بِهِمۡۗ وَٱلَّذِينَ ءَامَنُواْ وَعَمِلُواْ ٱلصَّٰلِحَٰتِ فِي رَوۡضَاتِ ٱلۡجَنَّاتِۖ لَهُم مَّا يَشَآءُونَ عِندَ رَبِّهِمۡۚ ذَٰلِكَ هُوَ ٱلۡفَضۡلُ ٱلۡكَبِيرُ ٢٢အသင် (တမန်‌တော်)သည် မတရားသူများအား သူတို့၏ဆည်းပူးခဲ့သည့်လုပ်ရပ်များ‌ကြောင့် စိုးရိမ်‌ကြောက်ရွံ့‌နေသည်ကို မြင်ရမည်ဖြစ်သည်။ ထို့ပြင် ထိုလုပ်ရပ်များ၏ ဆိုးကျိုးသည် သူတို့အ‌ပေါ်တွင် ကျ‌ရောက်မည့် အရာပင်ဖြစ်သည်။ ထို့ပြင် အီမာန်ယုံကြည်ပြီး ‌ကောင်းမြတ်သည့်လုပ်ရပ်များကို ပြုလုပ်ခဲ့ကြသည့်သူများကမူ ဂျန္နသ်သုခဘုံများ၏ ဥယျာဉ်များထဲတွင်ရှိကြမည်။ သူတို့အတွက် သူတို့အား ဖန်ဆင်း‌မွေးမြူ‌တော်မူ‌သောအရှင်မြတ်ထံ‌တော်တွင် သူတို့လိုချင်သည့်အရာများအားလုံးရှိမည်။ ဤသည် ကြီးကျယ်‌သော ‌ကျေးဇူး‌တော်ပင်ဖြစ်သည်။ ذَٰلِكَ ٱلَّذِي يُبَشِّرُ ٱللَّهُ عِبَادَهُ ٱلَّذِينَ ءَامَنُواْ وَعَمِلُواْ ٱلصَّٰلِحَٰتِۗ قُل لَّآ أَسۡـَٔلُكُمۡ عَلَيۡهِ أَجۡرًا إِلَّا ٱلۡمَوَدَّةَ فِي ٱلۡقُرۡبَىٰۗ وَمَن يَقۡتَرِفۡ حَسَنَةً نَّزِدۡ لَهُۥ فِيهَا حُسۡنًاۚ إِنَّ ٱللَّهَ غَفُورٌ شَكُورٌ ٢٣ဤသည် အလ္လာဟ်အရှင်မြတ်က အီမာန်ယုံကြည်ပြီး ‌ကောင်းမြတ်‌သောလုပ်ရပ်များကို ပြုလုပ်ခဲ့ကြ‌သော အရှင်မြတ်၏ကျွန်များအား ‌ပြောကြား‌တော်မူ‌သော ဝမ်း‌မြောက်ဖွယ်ရာသတင်းဖြစ်သည်။ (အို-တမန်‌တော်)အသင်‌ပြောလိုက်ပါ- ငါသည် အသင်တို့ထံမှ ဤ(တရား‌တော်ပို့ချမှု)နှင့် ပတ်သက်ပြီး ‌ဆွေမျိုးသားချင်း‌တော်စပ်မှုတွင် ချစ်ခင်မှုမှလွဲ၍ ###၁ဝ ဘာအကျိုးမျှ မ‌တောင်းဆို‌ပေ။ ထို့ပြင် မည်သူမဆို ‌ကောင်းမှုတစ်စုံတစ်ခုကို ရှာ‌ဖွေပြုလုပ်ခဲ့လျှင် ငါအရှင်မြတ်သည် သူ့အတွက် ထို‌ကောင်းမှုတွင် ‌ကောင်းမြတ်မှုကို တိုးပွား‌စေ‌တော်မူမည်။ အမှန်စင်စစ် အလ္လာဟ်အရှင်မြတ်သည် အလွန်လွတ်ငြိမ်းချမ်းသာခွင့် ‌ပေး‌တော်မူ‌သောအရှင်၊ ‌ကျေးဇူးသိတတ်သူကို အလွန်အစား‌ပေး‌တော်မူ‌သောအရှင်ဖြစ်‌တော်မူသည်။ أَمۡ يَقُولُونَ ٱفۡتَرَىٰ عَلَى ٱللَّهِ كَذِبًاۖ فَإِن يَشَإِ ٱللَّهُ يَخۡتِمۡ عَلَىٰ قَلۡبِكَۗ وَيَمۡحُ ٱللَّهُ ٱلۡبَٰطِلَ وَيُحِقُّ ٱلۡحَقَّ بِكَلِمَٰتِهِۦٓۚ إِنَّهُۥ عَلِيمُۢ بِذَاتِ ٱلصُّدُورِ ٢٤သူတို့က ၎င်း(တမန်‌တော်)သည် အလ္လာဟ်အရှင်မြတ်အ‌ပေါ်တွင် မုသားကိုလုပ်ကြံစွပ်စွဲခဲ့သည်ဟု ‌ပြောဆိုကြသ‌လော။ သို့ဖြစ်လျှင် အကယ်၍ အလ္လာဟ်အရှင်မြတ်အလိုရှိ‌တော်မူလျှင် အသင်(တမန်‌တော်)၏စိတ်နှလုံး‌ပေါ်၌ တံဆိပ်ခတ်နှိပ်‌တော်မူလိုက်မည်ဖြစ်သည်။ ထို့ပြင်အလ္လာဟ်အရှင်မြတ်သည် အရှင်မြတ်၏ အာယသ်‌တော်များဖြင့် အမှားကို ပ‌ပျောက်‌စေ‌တော်မူပြီး အမှန်ကို ခိုင်မာ‌အောင်ပြုလုပ်‌တော်မူ‌လေ့ရှိသည်။ အမှန်စင်စစ် အရှင်မြတ်သည်ရင်(စိတ်နှလုံး)များထဲတွင်ရှိသည်များကို အကြွင်းမဲ့သိ‌တော်မူ‌သောအရှင်မြတ် ဖြစ်‌တော်မူသည်။ وَهُوَ ٱلَّذِي يَقۡبَلُ ٱلتَّوۡبَةَ عَنۡ عِبَادِهِۦ وَيَعۡفُواْ عَنِ ٱلسَّيِّـَٔاتِ وَيَعۡلَمُ مَا تَفۡعَلُونَ ٢٥ထို့ပြင် ထိုအရှင်မြတ်သည် အရှင်မြတ်၏ကျွန်များ၏ ဝန်ချ‌တောင်းပန်ခြင်းကို လက်ခံ‌တော်မူ‌သောအရှင်၊ ထို့ပြင် အရှင်မြတ်သည် အပြစ်များကိုခွင့်လွှတ်‌တော်မူ‌သော အရှင်ဖြစ်‌တော်မူသည့်အပြင် အရှင်မြတ်သည် အသင်တို့ပြုလုပ်သမျှကို သိ‌တော်မူ‌သောအရှင်ဖြစ်‌တော်မူသည်။ ###၁၁ وَيَسۡتَجِيبُ ٱلَّذِينَ ءَامَنُواْ وَعَمِلُواْ ٱلصَّٰلِحَٰتِ وَيَزِيدُهُم مِّن فَضۡلِهِۦۚ وَٱلۡكَٰفِرُونَ لَهُمۡ عَذَابٌ شَدِيدٌ ٢٦ထို့ပြင် အရှင်မြတ်သည် အီမာန်ယုံကြည်၍ ‌ကောင်းမြတ်‌သောလုပ်ရပ်များကို ပြုလုပ်ကြ‌သောသူများ၏ ဆု‌တောင်းမှုကို လက်ခံ‌တော်မူသည်။ ထို့ပြင် သူတို့အား အရှင်မြတ်၏‌ကျေးဇူး‌တော်ဖြင့် တိုးပြီး‌ပေးသနား‌တော်မူသည်။ ထို့ပြင် ကာဖိရ်များကမူ သူတို့အတွက် ပြင်းထန်‌သော ပြစ်ဒဏ်ရှိသည်။ ۞ وَلَوۡ بَسَطَ ٱللَّهُ ٱلرِّزۡقَ لِعِبَادِهِۦ لَبَغَوۡاْ فِي ٱلۡأَرۡضِ وَلَٰكِن يُنَزِّلُ بِقَدَرٍ مَّا يَشَآءُۚ إِنَّهُۥ بِعِبَادِهِۦ خَبِيرُۢ بَصِيرٌ ٢٧ထို့ပြင် အကယ်၍ အလ္လာဟ်အရှင်မြတ်သည် အရှင်မြတ်၏ကျွန်များအား စားနပ်ရိက္ခာ ကျယ်ဝန်းစွာ‌ပေးသနား‌တော်မူခဲ့လျှင် အမှန်ပင် ထိုကျွန်များသည် ကမ္ဘာ‌မြေ၌ ‌သောင်းကျန်းခဲ့ကြမည်ပင်ဖြစ်သည်။ သို့ရာတွင် အရှင်မြတ်သည် (စားနပ်ရိက္ခာကို)အရှင်မြတ်အလိုရှိ‌တော်မူ‌သောအတိုင်းအတာနှင့် သတ်မှတ်ချ‌ပေး‌တော်မူသည်။ အမှန်စင်စစ် အရှင်မြတ်သည် အရှင်မြတ်၏ ကျွန်များနှင့် ပတ်သက်၍ အကြွင်းမဲ့ကြားသိ‌တော်မူ‌သောအရှင်၊ အကြွင်းမဲ့မြင်‌တော်မူ‌သောအရှင်ဖြစ်‌တော်မူသည်။ وَهُوَ ٱلَّذِي يُنَزِّلُ ٱلۡغَيۡثَ مِنۢ بَعۡدِ مَا قَنَطُواْ وَيَنشُرُ رَحۡمَتَهُۥۚ وَهُوَ ٱلۡوَلِيُّ ٱلۡحَمِيدُ ٢٨ထို့ပြင် အရှင်မြတ်ကပင် လူတို့‌မျှော်လင့်ချက်ကင်းမဲ့ကြပြီးသည့်‌နောက်ပိုင်းတွင် မိုး‌ရေကိုရွာသွန်း‌စေ‌တော်မူသည်။ ထို့ပြင် အရှင်မြတ်၏ကရုဏာ‌တော်ကို ဖြန့်‌ပေး‌တော်မူခဲ့သည်။ ထို့ပြင် အရှင်မြတ်သည် ကာကွယ်‌စောင့်‌ရှောက်‌စောင်မ‌တော်မူ‌သော အ‌ဆွေ‌တော်ဖြစ်‌တော်မူ‌သောအရှင်၊ အလွန်ချီးမွမ်းခြင်းခံထိုက်‌တော်မူ‌သောအရှင်ဖြစ်‌တော်မူသည်။ وَمِنۡ ءَايَٰتِهِۦ خَلۡقُ ٱلسَّمَٰوَٰتِ وَٱلۡأَرۡضِ وَمَا بَثَّ فِيهِمَا مِن دَآبَّةٍۚ وَهُوَ عَلَىٰ جَمۡعِهِمۡ إِذَا يَشَآءُ قَدِيرٌ ٢٩ထို့ပြင် အရှင်မြတ်၏ သက်‌သေလက္ခဏာများထဲတွင် မိုး‌ကောင်းကင်များနှင့် ‌မြေပထဝီကို ဖန်ဆင်း‌တော်မူခြင်း၊ ထို့ပြင် ထိုနှစ်ခုထဲတွင် ပြန့်ပွား‌စေ‌တော်မူထား‌သော သတ္တဝါများကို ဖန်ဆင်း‌တော်မူခြင်းလည်းပါဝင်သည်။ ထို့ပြင် အရှင်မြတ်သည် အရှင်မြတ်အလိုရှိ‌တော်မူသည့်အခါ ထိုသတ္တဝါများ၏စုရုံးမှုကို အလွန်တတ်စွမ်းနိုင်‌တော်မူ‌သောအရှင်ဖြစ်‌တော်မူသည်။ وَمَآ أَصَٰبَكُم مِّن مُّصِيبَةٍ فَبِمَا كَسَبَتۡ أَيۡدِيكُمۡ وَيَعۡفُواْ عَن كَثِيرٍ ٣٠ထို့ပြင် အသင်တို့တွင် ကျ‌ရောက်‌သော ဒုက္ခဟူသမျှသည် အသင်တို့၏ လက်များက ဆည်းပူးခဲ့ကြ‌သောလုပ်ရပ်များ‌ကြောင့်ပင် ကျ‌ရောက်ခဲ့ခြင်းဖြစ်သည်။ ထို့ပြင် အရှင်မြတ်သည် ပြစ်မှုများစွာကို ခွင့်လွှတ်‌တော်မူသည်။ ###၁၂ وَمَآ أَنتُم بِمُعۡجِزِينَ فِي ٱلۡأَرۡضِۖ وَمَا لَكُم مِّن دُونِ ٱللَّهِ مِن وَلِيٍّ وَلَا نَصِيرٍ ٣١ထို့ပြင် အသင်တို့သည် အရှင်မြတ်အား ကမ္ဘာ‌မြေ၏ မည်သည့်အစိတ်အပိုင်း၊ မည်သည့်‌နေရာတွင်မှ မတတ်စွမ်းနိုင်‌အောင် ပြုလုပ်နိုင်စွမ်းရှိသူများမဟုတ်ကြ‌ပေ။ ထို့ပြင် အသင်တို့တွင် အလ္လာဟ်အရှင်မြတ်အပြင် ကာကွယ်‌စောင့်‌ရှောက်မည့်သူလည်းမရှိ‌ပေ။ ကူညီ‌စောင်မမည့်သူလည်းမရှိ‌ပေ။ وَمِنۡ ءَايَٰتِهِ ٱلۡجَوَارِ فِي ٱلۡبَحۡرِ كَٱلۡأَعۡلَٰمِ ٣٢ထို့ပြင် အရှင်မြတ်၏ သက်‌သေလက္ခဏာများထဲတွင် ပင်လယ်ထဲ၌ ‌တောင်ကြီးများပမာ သွားလာလှုပ်ရှား‌နေ‌သော ရွက်သ‌ဘေင်္ာများသည်လည်း အပါအဝင်ဖြစ်ကြသည်။ إِن يَشَأۡ يُسۡكِنِ ٱلرِّيحَ فَيَظۡلَلۡنَ رَوَاكِدَ عَلَىٰ ظَهۡرِهِۦٓۚ إِنَّ فِي ذَٰلِكَ لَأٓيَٰتٍ لِّكُلِّ صَبَّارٍ شَكُورٍ ٣٣အကယ်၍ အရှင်မြတ် အလိုရှိ‌တော်မူလျှင် ‌လေကို ငြိမ်သက်‌စေ‌တော်မူမည်ဖြစ်သည်။ ထို့‌နောက် ထိုသ‌ဘေင်္ာများသည် သွားလာနိုင်ခြင်းမရှိ‌တော့ဘဲ၊ ပင်လယ်၏ မျက်နှာပြင်‌ပေါ်တွင် ရပ်တန့်‌နေကြမည်ဖြစ်သည်။ ###၁၃ အမှန်စင်စစ် ထိုအထဲတွင် အလွန်သည်းခံသည့်သူတိုင်းနှင့် အလွန်‌ကျေးဇူးသိတတ်‌သော သူတိုင်းအတွက် အမှန်ပင်သက်‌သေလက္ခဏာများရှိသည်။ أَوۡ يُوبِقۡهُنَّ بِمَا كَسَبُواْ وَيَعۡفُ عَن كَثِيرٍ ٣٤သို့မဟုတ် အရှင်မြတ်(အလိုရှိ‌တော်မူလျှင်)ထိုသ‌ဘေင်္ာ(သား)များကို သူတို့၏ (မ‌ကောင်းမှု)ပြုလုပ်ဆည်းပူးမှုများ‌ကြောင့် ဖျက်ဆီး‌တော်မူမည်ဖြစ်သည်။ ထို့ပြင် အရှင်မြတ်သည်များစွာကို ခွင့်လွှတ်ထား‌တော်မူသည်။ وَيَعۡلَمَ ٱلَّذِينَ يُجَٰدِلُونَ فِيٓ ءَايَٰتِنَا مَا لَهُم مِّن مَّحِيصٍ ٣٥ထို့ပြင် ငါအရှင်မြတ်၏ အာယသ်‌တော်များတွင် အငြင်းပွား‌နေကြသည့်သူများသည် သူတို့အတွက် ထွက်‌ပြေးလွတ်‌မြောက်ရာမရှိ‌ပေဆိုသည်ကို သိရှိကြရန်အတွက်ဖြစ်သည်။ فَمَآ أُوتِيتُم مِّن شَيۡءٍ فَمَتَٰعُ ٱلۡحَيَوٰةِ ٱلدُّنۡيَاۚ وَمَا عِندَ ٱللَّهِ خَيۡرٌ وَأَبۡقَىٰ لِلَّذِينَ ءَامَنُواْ وَعَلَىٰ رَبِّهِمۡ يَتَوَكَّلُونَ ٣٦ထို့ပြင် အသင်တို့အား ‌ပေးသနား‌တော်မူခြင်းခံခဲ့ကြရ‌သောပစ္စည်းဥစ္စာများသည် ဤဘဝ၏ အကျိုးခံစားမှုမျှသာဖြစ်သည်။ ထို့ပြင် အလ္လာဟ်အရှင်မြတ်ထံ‌တော်တွင် ရှိသမျှကမူ အီမာန်ယုံကြည်ပြီး သူတို့အား ဖန်ဆင်း‌မွေးမြူ‌တော်မူ‌သောအရှင်မြတ်အ‌ပေါ်တွင် ယုံပုံလွှဲအပ်ကြသည့်သူများအတွက် အ‌ကောင်းဆုံးနှင့် အမြဲဆုံးပင် ဖြစ်ကြသည်။ وَٱلَّذِينَ يَجۡتَنِبُونَ كَبَٰٓئِرَ ٱلۡإِثۡمِ وَٱلۡفَوَٰحِشَ وَإِذَا مَا غَضِبُواْ هُمۡ يَغۡفِرُونَ ٣٧ထို့ပြင် အကြင်သူများအတွက်လည်း ဖြစ်သည်။ ထိုသူများသည် ကြီး‌လေး‌သော အပြစ်များနှင့် ညစ်ညမ်း‌သော မဖွယ်မရာကိစ္စများမှ ‌ရှောင်ကြဉ်ကြသည်။ ထို့ပြင် သူတို့သည် ‌ဒေါသထွက်သည့်အခါ ခွင့်လွှတ်‌လေ့ရှိကြသည်။ وَٱلَّذِينَ ٱسۡتَجَابُواْ لِرَبِّهِمۡ وَأَقَامُواْ ٱلصَّلَوٰةَ وَأَمۡرُهُمۡ شُورَىٰ بَيۡنَهُمۡ وَمِمَّا رَزَقۡنَٰهُمۡ يُنفِقُونَ ٣٨ထို့ပြင် အကြင်သူများအတွက်လည်းဖြစ်သည်။ ထိုသူများသည် သူတို့အား ဖန်ဆင်း‌မွေးမြူ‌တော်မူ‌သောအရှင်မြတ်အား လက်ခံနာယူခဲ့ကြသည်။ ထို့ပြင် သူတို့သည် စွလာသ်ဝတ်ပြုမှုကို တည်‌ဆောက်ကြသည်။ ထို့ပြင် သူတို့၏ အ‌ရေးကိစ္စများတွင် သူတို့အချင်းချင်း ညှိနှိုင်းတိုင်ပင်‌ဆောင်ရွက်ကြသည်။ ထို့ပြင် သူတို့သည် ငါအရှင်မြတ်က သူတို့အား ‌ပေးသနားထား‌တော်မူ‌သော ပစ္စည်းဥစ္စာများထဲမှ သုံးစွဲလှူဒါန်းကြသည်။ وَٱلَّذِينَ إِذَآ أَصَابَهُمُ ٱلۡبَغۡيُ هُمۡ يَنتَصِرُونَ ٣٩ထို့ပြင် အကြင်သူများအတွက်ဖြစ်သည်။ ထိုသူများသည် မတရားနှိပ်စက်ခံကြရ‌သောအခါ သူတို့သည် (သူတို့ခံကြရသည်မျှသာ) လက်စား‌ချေ‌လေ့ရှိကြသည်။ ###၁၄ وَجَزَٰٓؤُاْ سَيِّئَةٍ سَيِّئَةٌ مِّثۡلُهَاۖ فَمَنۡ عَفَا وَأَصۡلَحَ فَأَجۡرُهُۥ عَلَى ٱللَّهِۚ إِنَّهُۥ لَا يُحِبُّ ٱلظَّٰلِمِينَ ٤٠ထို့ပြင် မ‌ကောင်းပြုလုပ်ခြင်း၏ အစားသည် ထိုမ‌ကောင်းမှု၏ အတိုင်းအတာခန့် မ‌ကောင်းပြန်လုပ်ခြင်း ###၁၅ သာဖြစ်သည်။ ထို့‌နောက် မည်သူမဆို ခွင့်လွှတ်ခဲ့လျှင်၊ ထို့ပြင် (အချင်းချင်း‌ပြေလည်)‌ကောင်းမွန်‌အောင် ပြုပြင်ခဲ့လျှင် ထိုသူ့အား အကျိုး‌ပေးရန်တာဝန်သည် အလ္လာဟ်အရှင်မြတ်၌ပင်ရှိသည်။ အမှန်စင်စစ် အရှင်မြတ်သည် မတရားသည့်သူများကို နှစ်သက်‌တော်မမူ‌ပေ။ وَلَمَنِ ٱنتَصَرَ بَعۡدَ ظُلۡمِهِۦ فَأُوْلَٰٓئِكَ مَا عَلَيۡهِم مِّن سَبِيلٍ ٤١ထို့ပြင် အမှန်မှာ မည်သူမဆို မတရားနှိပ်စက်ခြင်းခံခဲ့ရပြီး‌နောက် (အညီအမျှ)လက်စား‌ချေခဲ့လျှင် ထိုသို့‌သောသူအ‌ပေါ်တွင်အပြစ်တင်စရာ နည်းလမ်းမရှိ‌ပေ။ إِنَّمَا ٱلسَّبِيلُ عَلَى ٱلَّذِينَ يَظۡلِمُونَ ٱلنَّاسَ وَيَبۡغُونَ فِي ٱلۡأَرۡضِ بِغَيۡرِ ٱلۡحَقِّۚ أُوْلَٰٓئِكَ لَهُمۡ عَذَابٌ أَلِيمٌ ٤٢အပြစ်တင်စရာနည်းလမ်းကမူ လူများအ‌ပေါ်တွင် နှိပ်စက်ကြ‌သော တိုင်းပြည်တွင် မတရားဆူပူ‌သောင်းကျန်းဆိုးသွမ်းကြ‌သော သူများအ‌ပေါ်၌ပင်ရှိသည်။ ထိုသူများအတွက် အလွန်နာကျင်‌စေ‌သော ပြစ်ဒဏ်ရှိမည်။ وَلَمَن صَبَرَ وَغَفَرَ إِنَّ ذَٰلِكَ لَمِنۡ عَزۡمِ ٱلۡأُمُورِ ٤٣ထို့ပြင် အမှန်စင်စစ် မည်သူမဆို သည်းခံ၍ ခွင့်လွှတ်ခဲ့လျှင် အမှန်စင်စစ် ထိုသို့ပြုလုပ်ခြင်းသည် ဇွဲသတ်္တိနှင့်ဆိုင်‌သော ကိစ်္စများထဲတွင် အမှန်ပါဝင်သည်။ وَمَن يُضۡلِلِ ٱللَّهُ فَمَا لَهُۥ مِن وَلِيٍّ مِّنۢ بَعۡدِهِۦۗ وَتَرَى ٱلظَّٰلِمِينَ لَمَّا رَأَوُاْ ٱلۡعَذَابَ يَقُولُونَ هَلۡ إِلَىٰ مَرَدٍّ مِّن سَبِيلٍ ٤٤ထို့ပြင် အကြင်သူ့ကို အလ္လာဟ်အရှင်မြတ်သည် လမ်းမှား၌ပင်ရှိ‌စေ‌တော်မူလျှင် ထိုသူ့အတွက် အရှင်မြတ်မှလွဲ၍ အမှားကိုပြုပြင်‌ပေးနိုင်မည့်သူမရှိ‌တော့‌ပေ။ ထို့ပြင် အသင်သည် (တမလွန်ဘဝတွင်) မတရားသူများအား သူတို့သည် ပြစ်ဒဏ်ကို မြင်ကြသည့်အခါ “(‌လောကသို့)ပြန်သွားရန် နည်းလမ်းတစ်စုံတစ်ရာရှိပါသ‌လော”ဟု ‌ပြောဆို‌နေကြမည်ကို ‌တွေ့မြင်ရမည်ဖြစ်သည်။ وَتَرَىٰهُمۡ يُعۡرَضُونَ عَلَيۡهَا خَٰشِعِينَ مِنَ ٱلذُّلِّ يَنظُرُونَ مِن طَرۡفٍ خَفِيٍّۗ وَقَالَ ٱلَّذِينَ ءَامَنُوٓاْ إِنَّ ٱلۡخَٰسِرِينَ ٱلَّذِينَ خَسِرُوٓاْ أَنفُسَهُمۡ وَأَهۡلِيهِمۡ يَوۡمَ ٱلۡقِيَٰمَةِۗ أَلَآ إِنَّ ٱلظَّٰلِمِينَ فِي عَذَابٍ مُّقِيمٍ ٤٥ထို့ပြင် အသင်သည် သူတို့အား ထိုငရဲမီး‌ရှေ့၌ ‌သေးသိမ်မှုနှင့် နိမ့်ကျသူများဖြစ်လျက်ယူ‌ဆောင်လာခြင်းခံရသည်ကို ‌တွေ့မြင်ရလိမ့်မည်။ သူတို့သည် (‌ပြောင်မကြည့်ရဲ၍) ခိုးဝှက်ကြည့်ကြမည်။ ထို့ပြင် အီမာန်ယုံကြည်သူများက (ဤသို့)‌ပြောဆိုကြမည်- အမှန်စင်စစ်ကိယာမသ်‌နေ့တွင် သူတို့အပြင်သူတို့နှင့် ပတ်သက်သည့်သူများအား ဆုံးရှုံးပျက်စီး‌စေသည့်သူများပင် (တကယ်)ဆုံးရှုံးပျက်စီးသည့်သူများဖြစ်ကြသည်။ သတိထားကြပါ၊ အမှန်စင်စစ် မတရားကျူးလွန်သူများသည် အမြဲခံကြရမည့်ပြစ်ဒဏ်၌ပင်ရှိကြမည်။ وَمَا كَانَ لَهُم مِّنۡ أَوۡلِيَآءَ يَنصُرُونَهُم مِّن دُونِ ٱللَّهِۗ وَمَن يُضۡلِلِ ٱللَّهُ فَمَا لَهُۥ مِن سَبِيلٍ ٤٦ထို့ပြင် အလ္လာဟ်အရှင်မြတ်နှင့်ဆန့်ကျင်ပြီး(အရှင်မြတ်မှလွဲ၍) သူတို့အား အကူအညီ‌ပေးမည့် ကာကွယ်‌စောင့်‌ရှောက်မည့်သူများထဲမှ သူတို့အတွက် မည်သူမျှ ရှိမည်မဟုတ်‌ပေ။ ထို့ပြင် အကြင်သူ့ကို အလ္လာဟ်အရှင်မြတ်သည် လမ်းမှား၌ပင်ရှိ‌စေ‌တော်မူလျှင် ထိုသူ့တွင် (လမ်းမှန်ရရန်) မည်သည့်နည်းလမ်းမျှမရှိ‌တော့‌ပေ။ ٱسۡتَجِيبُواْ لِرَبِّكُم مِّن قَبۡلِ أَن يَأۡتِيَ يَوۡمٌ لَّا مَرَدَّ لَهُۥ مِنَ ٱللَّهِۚ مَا لَكُم مِّن مَّلۡجَإٍ يَوۡمَئِذٍ وَمَا لَكُم مِّن نَّكِيرٍ ٤٧အသင်တို့သည် အသင်တို့အား ဖန်ဆင်း‌မွေးမြူ‌တော်မူ‌သောအရှင်မြတ်၏အမိန့်‌တော်ကို အကြင်‌နေ့မတိုင်မီ နာခံကြပါ။ အလ္လာဟ်အရှင်မြတ်ဘက်မှ ထို‌နေ့ကို ဖယ်ရှားခြင်း၊ ‌ရွှေ့ဆိုင်းခြင်းရှိမည်မဟုတ်‌ပေ။ ထို‌နေ့တွင် အသင်တို့အတွက် ခိုလှုံစရာ‌နေရာလည်းရှိမည် မဟုတ်‌ပေ။ ထို့ပြင် အသင်တို့အတွက် (ထိုအပြစ်ဒဏ်ကို)ငြင်းဆိုနိုင်ခြင်းလည်း ရှိမည်မဟုတ်‌ပေ။ (အသင်တို့အား မမှတ်မိ‌အောင် ‌ရှောင်တိမ်း‌နေရန်လည်းမရှိ‌ပေ)။ فَإِنۡ أَعۡرَضُواْ فَمَآ أَرۡسَلۡنَٰكَ عَلَيۡهِمۡ حَفِيظًاۖ إِنۡ عَلَيۡكَ إِلَّا ٱلۡبَلَٰغُۗ وَإِنَّآ إِذَآ أَذَقۡنَا ٱلۡإِنسَٰنَ مِنَّا رَحۡمَةً فَرِحَ بِهَاۖ وَإِن تُصِبۡهُمۡ سَيِّئَةُۢ بِمَا قَدَّمَتۡ أَيۡدِيهِمۡ فَإِنَّ ٱلۡإِنسَٰنَ كَفُورٌ ٤٨ထို့‌နောက်လည်း သူတို့သည် မျက်နှာလွှဲခဲ့ကြလျှင် ငါအရှင်မြတ်သည် အသင့်အား သူတို့အ‌ပေါ်တွင် ‌စောင့်ကြပ်သူအဖြစ် ‌စေလွှတ်‌တော်မူခဲ့သည်မဟုတ်‌ပေ။ အသင်၏တာဝန်မှာ အမိန့်‌တော်များကို ပို့‌ဆောင်ခြင်းပင်ဖြစ်သည်။ ထို့ပြင် အမှန်စင်စစ် ငါအရှင်မြတ်သည် လူသားကို ‌ကျေးဇူးစည်းစိမ်တစ်စုံတစ်ခု မြည်းစမ်း‌စေသည့်အခါ ထိုလူသားသည် ထို‌ကျေးဇူးစည်းစိမ်‌ကြောင့် ဝမ်းသာ‌ပျော်ရွှင်‌လေ့ရှိသည်။ ထို့ပြင် အကယ်၍ သူတို့တွင် သူတို့၏လက်များက ကြိုတင်ပို့လိုက်‌သော လုပ်ရပ်များ‌ကြောင့် ဒုက္ခတစ်စုံတစ်ခု ကျ‌ရောက်လာလျှင် အမှန်စင်စစ် ထိုလူသားသည် အလွန်‌ကျေးဇူးကန်းသူဖြစ်သွား‌တော့သည်။ لِّلَّهِ مُلۡكُ ٱلسَّمَٰوَٰتِ وَٱلۡأَرۡضِۚ يَخۡلُقُ مَا يَشَآءُۚ يَهَبُ لِمَن يَشَآءُ إِنَٰثًا وَيَهَبُ لِمَن يَشَآءُ ٱلذُّكُورَ ٤٩မိုး‌ကောင်းကင်များနှင့် ‌မြေပထဝီကို စိုးမိုးအုပ်ချုပ်မှုအာဏာသည် အလ္လာဟ်အရှင်မြတ်၌ပင်ရှိသည်။ အရှင်မြတ်သည် အရှင်မြတ်အလိုရှိ‌တော်မူ‌သောအရာကို ဖန်ဆင်း‌တော်မူသည်။ အရှင်မြတ်သည် အရှင်မြတ်အလိုရှိ‌တော်မူ‌သောသူကို သမီးမိန်းက‌လေးများ‌ပေးသနား‌တော်မူပြီး အရှင်မြတ်အလိုရှိ‌တော်မူ‌သောသူကို သား‌ယောက်ျားက‌လေးများ ‌ပေးသနား‌တော်မူသည်။ أَوۡ يُزَوِّجُهُمۡ ذُكۡرَانًا وَإِنَٰثًاۖ وَيَجۡعَلُ مَن يَشَآءُ عَقِيمًاۚ إِنَّهُۥ عَلِيمٌ قَدِيرٌ ٥٠သို့မဟုတ် အရှင်မြတ်သည် သူတို့အား သား‌ယောက်ျားက‌လေးနှင့် သမီးမိန်းက‌လေးများကို ‌ရောပြီးစုံလိုက်‌ပေး‌တော်မူသည်။ ထို့ပြင် အရှင်မြတ်အလိုရှိ‌တော်မူ‌သောသူကို အမြုံပြုလုပ်ထား‌တော်မူသည်။ အမှန်စင်စစ်အရှင်မြတ်သည် အကြွင်းမဲ့သိ‌တော်မူ‌သောအရှင်၊ အလွန်တတ်စွမ်းနိုင်‌တော်မူ‌သောအရှင်ဖြစ်‌တော်မူသည်။ ###၁၆ ۞ وَمَا كَانَ لِبَشَرٍ أَن يُكَلِّمَهُ ٱللَّهُ إِلَّا وَحۡيًا أَوۡ مِن وَرَآيِٕ حِجَابٍ أَوۡ يُرۡسِلَ رَسُولًا فَيُوحِيَ بِإِذۡنِهِۦ مَا يَشَآءُۚ إِنَّهُۥ عَلِيٌّ حَكِيمٌ ٥١မည်သည့်လူသားနှင့်မှ အလ္လာဟ်အရှင်မြတ်သည် ဝဟီအမိန့်‌တော်အရိပ်အ‌ခြေပြ ပို့ချ‌တော်မူသည်မှလွဲ၍၊ သို့မဟုတ် အကွယ်‌နောက်မှလွဲ၍ စကား‌ပြော‌တော်မမူ‌ပေ။ သို့မဟုတ်အရှင်မြတ်သည် ‌စေတမန်တစ်ပါးပါးကို ‌စေလွှတ်‌တော်မူပြီး ထို‌စေတမန်က အရှင်မြတ်၏ အမိန့်‌တော်နှင့် အရှင်မြတ်အလိုရှိ‌တော်မူ‌သော ဝဟီထုတ်ပြန်ချက်ကို ‌ပေးပို့သည်။ အမှန်စင်စစ် အလ္လာဟ်အရှင်မြတ်သည် အလွန်မြင့်မား‌တော်မူ‌သောအရှင်၊ ပညာဉာဏ်အ‌မြော်အမြင်နှင့် အလွန်ပြည့်စုံ‌တော်မူ‌သောအရှင်ဖြစ်‌တော်မူသည်။ ###၁၇ وَكَذَٰلِكَ أَوۡحَيۡنَآ إِلَيۡكَ رُوحًا مِّنۡ أَمۡرِنَاۚ مَا كُنتَ تَدۡرِي مَا ٱلۡكِتَٰبُ وَلَا ٱلۡإِيمَٰنُ وَلَٰكِن جَعَلۡنَٰهُ نُورًا نَّهۡدِي بِهِۦ مَن نَّشَآءُ مِنۡ عِبَادِنَاۚ وَإِنَّكَ لَتَهۡدِيٓ إِلَىٰ صِرَٰطٍ مُّسۡتَقِيمٍ ٥٢ထိုအတိုင်းပင် ငါအရှင်မြတ်သည် အရှင်မြတ်အမိန့်‌တော်များထဲမှ ရူဟ်ဟူသည့် ကုရ်အာန်ကျမ်း‌တော်မြတ်ကို အသင့်ထံထုတ်ပြန်‌တော်မူခဲ့သည်။ အသင်သည် ကျမ်းဂန်ဟူသည် မည်သည်နည်း၊ ထို့ပြင် အီမာန်ဟူသည် မည်သည်နည်းဟု သိရှိခဲ့သည်မဟုတ်‌ပေ။ သို့ရာတွင် ငါအရှင်မြတ်သည် ထိုကုရ်အာန်ကျမ်း‌တော်မြတ်ကို လင်း‌ရောင်ခြည်ပြုလုပ်‌တော်မူပြီး ထိုလင်း‌ရောင်ခြည်နှင့် ငါအရှင်မြတ်သည် အရှင်မြတ်၏ကျွန်များထဲမှ အရှင်မြတ်အလိုရှိ‌တော်မူ‌သောသူကို လမ်းမှန်ညွှန်ကြားပြသ‌တော်မူသည်။ ###၁၈ ထို့ပြင် အမှန်စင်စစ် အသင်သည် ‌ဖြောင့်မတ်‌သော တရားလမ်းကို အမှန်ပင် ညွှန်ကြားပြသလျက်ရှိသည်။ ###၁၉ صِرَٰطِ ٱللَّهِ ٱلَّذِي لَهُۥ مَا فِي ٱلسَّمَٰوَٰتِ وَمَا فِي ٱلۡأَرۡضِۗ أَلَآ إِلَى ٱللَّهِ تَصِيرُ ٱلۡأُمُورُ ٥٣အကြင် အလ္လာဟ်အရှင်မြတ်၏ တရားလမ်းကို(ညွှန်ကြားပြသ‌နေခြင်းဖြစ်သည်)။ ထိုအရှင်မြတ်သည် မိုး‌ကောင်းကင်များတွင်ရှိသမျှနှင့် ‌မြေပထဝီတွင်ရှိသမျှကို ပိုင်ဆိုင်‌တော်မူ‌သောအရှင်ဖြစ်‌တော်မူသည်။ သတိပြုကြပါ၊ အ‌ရေးကိစ္စဟူသမျှသည် အလ္လာဟ်အရှင်မြတ်ထံ‌တော်သို့ပင် ပြန်လည်‌ရောက်ရှိကြမည်ဖြစ်သည်။

الترجمة: Hashim Tin Myint.