بِسۡمِ ٱللَّهِ ٱلرَّحۡمَٰنِ ٱلرَّحِيمِ
ٱلۡحَمۡدُ لِلَّهِ فَاطِرِ ٱلسَّمَٰوَٰتِ وَٱلۡأَرۡضِ جَاعِلِ ٱلۡمَلَٰٓئِكَةِ رُسُلًا أُوْلِيٓ أَجۡنِحَةٍ مَّثۡنَىٰ وَثُلَٰثَ وَرُبَٰعَۚ يَزِيدُ فِي ٱلۡخَلۡقِ مَا يَشَآءُۚ إِنَّ ٱللَّهَ عَلَىٰ كُلِّ شَيۡءٍ قَدِيرٌ ١ချီးမွမ်းခြင်းအပေါင်းသည် အကြင်အလ္လာဟ်အရှင်မြတ်နှင့်သာ ထိုက်တန်တော်မူသည်။ ထိုအရှင်မြတ်သည် မိုးကောင်းကင်များနှင့် မြေပထဝီကို စတင်ဖန်ဆင်းတော်မူသောအရှင် ဖြစ်တော်မူသည်။ ထိုအရှင်မြတ်သည် အတောင်ပံနှစ်ခုနှစ်ခု၊ သုံးခုသုံးခု၊ လေးခုလေးခုရှိသော ကောင်းကင်တမန်များကို စေတမန်များအဖြစ် ပြုလုပ်တော်မူသောအရှင်လည်း ဖြစ်တော်မူသည်။* အရှင်မြတ်သည် ဖန်ဆင်းမှုတွင် အရှင်မြတ်အလိုရှိတော်မူသောအရာကို တိုးပွားစေတော်မူသည်။ အမှန်စင်စစ် အလ္လာဟ်အရှင်မြတ်သည် အရာအားလုံးကို စွမ်းဆောင်နိုင်တော်မူသော အရှင်မြတ်ပင် ဖြစ်တော်မူသည်။ مَّا يَفۡتَحِ ٱللَّهُ لِلنَّاسِ مِن رَّحۡمَةٍ فَلَا مُمۡسِكَ لَهَاۖ وَمَا يُمۡسِكۡ فَلَا مُرۡسِلَ لَهُۥ مِنۢ بَعۡدِهِۦۚ وَهُوَ ٱلۡعَزِيزُ ٱلۡحَكِيمُ ٢လူများအတွက် အလ္လာဟ်အရှင်မြတ်ဖွင့်ပေးထားတော်မူသော ရဟ်မသ် သနားကရုဏာကို ပိတ်နိုင်သူမရှိပေ။ ထို့ပြင် အရှင်မြတ်ပိတ်ထားတော်မူသော အရာကိုလည်း အရှင်မြတ်ပိတ်ထားပြီးသည့်နောက် ထိုအရာကို (ဖွင့်)လွှတ်မည့်သူ မရှိတော့ပေ။* ထို့ပြင် အရှင်မြတ်သည် တန်ခိုးတော်နှင့် အလွန်လွှမ်းမိုးတော်မူသောအရှင်၊ ပညာဉာဏ်အမြော်အမြင်နှင့် အလွန်ပြည့်စုံတော်မူသောအရှင်မြတ် ဖြစ်တော်မူသည်။ يَٰٓأَيُّهَا ٱلنَّاسُ ٱذۡكُرُواْ نِعۡمَتَ ٱللَّهِ عَلَيۡكُمۡۚ هَلۡ مِنۡ خَٰلِقٍ غَيۡرُ ٱللَّهِ يَرۡزُقُكُم مِّنَ ٱلسَّمَآءِ وَٱلۡأَرۡضِۚ لَآ إِلَٰهَ إِلَّا هُوَۖ فَأَنَّىٰ تُؤۡفَكُونَ ٣အို- လူသားအပေါင်းတို့ အသင်တို့သည် အသင်တို့အပေါ်တွင် အလ္လာဟ်အရှင်မြတ်က ပြုတော်မူခဲ့သော ကျေးဇူးတော်များကို သတိရကြပါ။ အလ္လာဟ်အရှင်မြတ်၏အပြင် အသင်တို့အား မိုးကောင်းကင်နှင့် မြေပထဝီမှ စားနပ်ရိက္ခာပေးမည့် ဖန်ဆင်းရှင်တစ်ဦးတစ်ယောက်ရှိသေးသလော၊ ထိုအရှင်မြတ်မှလွဲ၍ ကိုးကွယ်ထိုက်သည့်အရှင် မရှိပေ။ ထို့နောက် အသင်တို့သည် မည်သည့်ဘက်သို့ ပြန်လှည့်သွားကြသနည်း။ وَإِن يُكَذِّبُوكَ فَقَدۡ كُذِّبَتۡ رُسُلٌ مِّن قَبۡلِكَۚ وَإِلَى ٱللَّهِ تُرۡجَعُ ٱلۡأُمُورُ ٤အကယ်၍ သူတို့သည် အသင်(တမန်တော်)အား လိမ်လည်သူဟု စွပ်စွဲကြလျှင်၊ (စိတ်ဆင်းရဲမှုမဖြစ်ပါနှင့်)၊ အမှန်စင်စစ် အသင်၏မတိုင်မီက တမန်တော်များသည်လည်း လိမ်လည်သူများဟု စွပ်စွဲငြင်းပယ်ခြင်းကို ခံခဲ့ကြရသည်သာဖြစ်သည်။ ထို့ပြင် အရေးကိစ္စဟူသမျှသည် အလ္လာဟ်အရှင်မြတ်ထံတော်သို့ပင် ပြန်လည်ရောက်ရှိကြရမည်ဖြစ်သည်။ يَٰٓأَيُّهَا ٱلنَّاسُ إِنَّ وَعۡدَ ٱللَّهِ حَقٌّۖ فَلَا تَغُرَّنَّكُمُ ٱلۡحَيَوٰةُ ٱلدُّنۡيَا وَلَا يَغُرَّنَّكُم بِٱللَّهِ ٱلۡغَرُورُ ٥အို- လူသားအပေါင်းတို့၊ အမှန်စင်စစ် အလ္လာဟ်အရှင်မြတ်ပြုထားသော ကတိတော်သည် မှန်သည်။ သို့ဖြစ်ရာ ဤဘဝ၏အသက်ရှင်မှုသည် အသင်တို့အား မလှည့်ဖြားစေနှင့်။ ထို့ပြင် လှည့်စားသူ(ရှိုင်သွာန်)သည်လည်း အသင်တို့အား အလ္လာဟ်အရှင်မြတ်နှင့်ပတ်သက်၍ မလှည့်ဖြားစေနှင့်။ إِنَّ ٱلشَّيۡطَٰنَ لَكُمۡ عَدُوٌّ فَٱتَّخِذُوهُ عَدُوًّاۚ إِنَّمَا يَدۡعُواْ حِزۡبَهُۥ لِيَكُونُواْ مِنۡ أَصۡحَٰبِ ٱلسَّعِيرِ ٦အမှန်စင်စစ် ရှိုင်သွာန်သည် အသင်တို့၏ရန်သူပင်ဖြစ်သည်။ သို့ဖြစ်ရာ အသင်တို့သည် သူ့အား အသင်တို့၏ရန်သူဟုပင် အသိအမှတ်ပြုထားကြပါ။ သူသည် သူ၏ဘက်သားများအား မီးတောက်မီးလျှံထဲ၌ရှိသည့်သူများထဲတွင် အပါအဝင်ဖြစ်စေရန်ပင် ဖိတ်ခေါ်သည်။ ٱلَّذِينَ كَفَرُواْ لَهُمۡ عَذَابٌ شَدِيدٌۖ وَٱلَّذِينَ ءَامَنُواْ وَعَمِلُواْ ٱلصَّٰلِحَٰتِ لَهُم مَّغۡفِرَةٌ وَأَجۡرٌ كَبِيرٌ ٧ကာဖိရ်များအတွက် ပြင်းထန်သော အပြစ်ဒဏ်ရှိသည်။ ထို့ပြင် အီမာန်ယုံကြည်၍ ကောင်းမြတ်သည့်လုပ်ရပ်များကို ပြုလုပ်ကြသည့်သူများအတွက်မူ လွတ်ငြိမ်းချမ်းသာခွင့်နှင့် ကြီးကျယ်သည့်အကျိုးကျေးဇူးရှိသည်။ أَفَمَن زُيِّنَ لَهُۥ سُوٓءُ عَمَلِهِۦ فَرَءَاهُ حَسَنًاۖ فَإِنَّ ٱللَّهَ يُضِلُّ مَن يَشَآءُ وَيَهۡدِي مَن يَشَآءُۖ فَلَا تَذۡهَبۡ نَفۡسُكَ عَلَيۡهِمۡ حَسَرَٰتٍۚ إِنَّ ٱللَّهَ عَلِيمُۢ بِمَا يَصۡنَعُونَ ٨ထို့ပြင် အကြင်သူ၏မကောင်းမှုများသည် သူ၏အမြင်တွင် လှပတင့်တယ်အောင် ပြုလုပ်ခြင်းခံရသည့်အတွက် ထိုအရာ(အမှား)ကို အကောင်း(အမှန်)ဟုထင်မြင်သည့်သူသည် (အမှားကိုအမှား၊ အမှန်ကို အမှန်ဟု မြင်သည့်သူနှင့် တူနိုင်ပါမည်လော)။ ထို့ပြင် အမှန်စင်စစ် အလ္လာဟ်အရှင်မြတ်သည် အရှင်မြတ်အလိုရှိတော်မူသူကို လမ်းမှား၌ပင် ထားတော်မူသည်။ ထို့ပြင် အရှင်မြတ်အလိုရှိတော်မူသူကို လမ်းမှန်ညွှန်ကြားပြသတော်မူသည်။ သို့ဖြစ်ရာ အသင်သည် သူတို့အတွက် ပူဆွေးသောကဖြစ်လျက် အသင်၏အသက်ကိုပျက်စီးအောင် မလုပ်လိုက်နှင့်။ အမှန်စင်စစ် အလ္လာဟ်အရှင်မြတ်သည် သူတို့ပြုလုပ်သမျှကို အကြွင်းမဲ့သိရှိတော်မူသောအရှင်ဖြစ်တော်မူသည်။ وَٱللَّهُ ٱلَّذِيٓ أَرۡسَلَ ٱلرِّيَٰحَ فَتُثِيرُ سَحَابًا فَسُقۡنَٰهُ إِلَىٰ بَلَدٍ مَّيِّتٍ فَأَحۡيَيۡنَا بِهِ ٱلۡأَرۡضَ بَعۡدَ مَوۡتِهَاۚ كَذَٰلِكَ ٱلنُّشُورُ ٩ထို့ပြင် အလ္လာဟ်အရှင်မြတ်သည်ပင် လေများကို စေလွှတ်တော်မူသောအရှင် ဖြစ်တော်မူသည်။ ထို့နောက် ထိုလေများသည် မိုးတိမ်များကို သယ်ဆောင်သွားကြသည်။ ထို့ပြင် ငါအရှင်မြတ်သည် ထိုမိုးတိမ်များအား (ခြောက်သွေ့ပြီး)သေနေသော မြေနေရာများထံသို့ မောင်းနှင်တော်မူသည်။ ထို့နောက် ငါအရှင်မြတ်သည် ထို(မိုးတိမ်များက ရွာချသည့်မိုး)ရေနှင့် သေနေသောမြေကို ပြန်လည် စိုပြေစေတော်မူခဲ့သည်။ ရှင်ပြန်ထခြင်းသည်လည်း ဤသို့ပင်ဖြစ်သည်။ مَن كَانَ يُرِيدُ ٱلۡعِزَّةَ فَلِلَّهِ ٱلۡعِزَّةُ جَمِيعًاۚ إِلَيۡهِ يَصۡعَدُ ٱلۡكَلِمُ ٱلطَّيِّبُ وَٱلۡعَمَلُ ٱلصَّٰلِحُ يَرۡفَعُهُۥۚ وَٱلَّذِينَ يَمۡكُرُونَ ٱلسَّيِّـَٔاتِ لَهُمۡ عَذَابٌ شَدِيدٌۖ وَمَكۡرُ أُوْلَٰٓئِكَ هُوَ يَبُورُ ١٠မည်သူမဆို ဂုဏ်သိက္ခာကို အလိုရှိလျှင် (အရှင်မြတ်ထံတော်၌သာ တောင်းခံပါ၊ အဘယ့်ကြောင့်ဆိုသော်) ဂုဏ်သိက္ခာဟူသမျှသည် အလ္လာဟ်အရှင်မြတ်၌ပင်ရှိသည်။ သန့်ပြန့်စင်ကြယ်သည့်စကားများသည် အရှင်မြတ်ထံတော်သို့ပင် တက်သွားကြသည်။ ထို့ပြင် ကောင်းမြတ်သောလုပ်ရပ်သည် ထိုစင်ကြယ်သည့်စကားကို မြှင့်တင်ပို့ဆောင်ပေးသည်။* ထို့ပြင် မကောင်သည့်အကြံအစည်များကို ကြံစည်သည့်သူများအတွက်ကမူ ပြင်းထန်သောပြစ်ဒဏ်ရှိသည်။ ထို့ပြင် သူတို့၏အကြံအစည်များသည်လည်း ပျက်စီးသွားကြမည်ဖြစ်သည်။ وَٱللَّهُ خَلَقَكُم مِّن تُرَابٍ ثُمَّ مِن نُّطۡفَةٍ ثُمَّ جَعَلَكُمۡ أَزۡوَٰجًاۚ وَمَا تَحۡمِلُ مِنۡ أُنثَىٰ وَلَا تَضَعُ إِلَّا بِعِلۡمِهِۦۚ وَمَا يُعَمَّرُ مِن مُّعَمَّرٍ وَلَا يُنقَصُ مِنۡ عُمُرِهِۦٓ إِلَّا فِي كِتَٰبٍۚ إِنَّ ذَٰلِكَ عَلَى ٱللَّهِ يَسِيرٌ ١١ထို့ပြင် အလ္လာဟ်အရှင်မြတ်သည် အသင်တို့အား မြေကြီးဖြင့် ဖန်ဆင်းတော်မူခဲ့သည်။ ထို့နောက် သုက်ရည်ဖြင့်(ဖန်ဆင်းတော်မူခဲ့သည်)။ ထို့နောက် အရှင်မြတ်သည် အသင်တို့အား စုံတွဲများပြုလုပ်တော်မူခဲ့သည်။ ထို့ပြင် မည်သည့်မိန်းမတစ်ဦးမှ အရှင်မြတ်သိတော်မမူဘဲ ကိုယ်ဝန်ဆောင်သည်လည်း မရှိပေ၊ သားဖွားခြင်းလည်း မရှိပေ။ ထို့ပြင် မည်သည့်အသက်ရှည်သူတစ်ဦး၏ အသက်ကိုမှ ပိုသတ်မှတ်ပေးသည်လည်း မရှိပေ။ မည်သူ၏အသက်ကိုမှ လျှော့ပြီးသတ်မှတ်သည်လည်း မရှိပေ။ သို့ရာတွင် ၎င်းသည် ထိုမှတ်တမ်းတော်တွင် ရေးမှတ်ပြီးသားပင်ဖြစ်သည်။ အမှန်စင်စစ် ဤသည် အလ္လာဟ်အရှင်မြတ်အတွက် အလွန်လွယ်ကူသည်။ وَمَا يَسۡتَوِي ٱلۡبَحۡرَانِ هَٰذَا عَذۡبٌ فُرَاتٌ سَآئِغٌ شَرَابُهُۥ وَهَٰذَا مِلۡحٌ أُجَاجٌۖ وَمِن كُلٍّ تَأۡكُلُونَ لَحۡمًا طَرِيًّا وَتَسۡتَخۡرِجُونَ حِلۡيَةً تَلۡبَسُونَهَاۖ وَتَرَى ٱلۡفُلۡكَ فِيهِ مَوَاخِرَ لِتَبۡتَغُواْ مِن فَضۡلِهِۦ وَلَعَلَّكُمۡ تَشۡكُرُونَ ١٢ထို့ပြင် ပင်လယ်နှစ်ခုသည် မတူကြပေ။ ဤသည် ရေချိုဖြစ်သည်။ ထိုရေကို သောက်သုံးခြင်းသည် အဝင်ကောင်းပြီး ရေငတ်ပြေစေသည်။ ဤသည်ကမူ ငံသည်၊ ခါးသည်။ ထို့ပြင် အသင်တို့သည် ထို(ပင်လယ်)တိုင်းက လတ်ဆတ်သော အသားငါးများကို စားသုံးကြသည်။ ထို့ပြင် အသင်တို့သည် ၎င်းထဲမှ အသင်တို့ ဝတ်ဆင်ကြသော လက်ဝတ်လက်စား တန်ဆာပလာများကို ထုတ်ယူကြသည်။ ထို့ပြင် အသင်တို့သည် အရှင်မြတ်၏ ကျေးဇူးတော်စားနပ်ရိက္ခာကို ရှာဖွေရန်အတွက် ထိုပင်လယ်ထဲတွင် ရေကိုခွဲပြီး သဘေင်္ာများသွားလာနေသည်ကို အသင်တွေ့မြင်ရမည်။ ထို့ပြင် အသင်တို့သည် အရှင်မြတ်၏ကျေးဇူးတော်ကို သိတတ်ကြရန်အတွက် (ထိုကဲ့သို့ ပြုလုပ်ပေးထားခြင်း)ဖြစ်သည်။ يُولِجُ ٱلَّيۡلَ فِي ٱلنَّهَارِ وَيُولِجُ ٱلنَّهَارَ فِي ٱلَّيۡلِ وَسَخَّرَ ٱلشَّمۡسَ وَٱلۡقَمَرَۖ كُلٌّ يَجۡرِي لِأَجَلٍ مُّسَمًّىۚ ذَٰلِكُمُ ٱللَّهُ رَبُّكُمۡ لَهُ ٱلۡمُلۡكُۚ وَٱلَّذِينَ تَدۡعُونَ مِن دُونِهِۦ مَا يَمۡلِكُونَ مِن قِطۡمِيرٍ ١٣အရှင်မြတ်သည် ညကိုနေ့ထဲတွင် ဝင်စေတော်မူပြီး နေ့ကိုညထဲတွင် ဝင်စေတော်မူသည်။ (ညတာတိုခြင်း၊ရှည်ခြင်းနှင့် နေ့တာတိုခြင်း၊ရှည်ခြင်းတို့ ဖြစ်ပေါ်စေသည်)။ ထို့ပြင် အရှင်မြတ်သည် နေနှင့်လအား အမိန့်နာခံခိုင်းထားသည့်အတွက် သူတို့အသီးသီးသည် သတ်မှတ်ပြဋ္ဌာန်းထားသော အချိန်ကာလအထိ သွားလာလှုပ်ရှားနေကြသည်။ ဤသည် အသင်တို့အား ဖန်ဆင်းမွေးမြူတော်မူသော အရှင်မြတ်ပင်ဖြစ်တော်မူသည်။ စိုးမိုးအုပ်ချုပ်မှုအာဏာသည် အရှင်မြတ်၌ပင်ရှိသည်။ ထို့ပြင် အရှင်မြတ်မှလွဲ၍ အသင်တို့ ဟစ်ခေါ်တသနေကြသည့်သူများသည် စွန်ပလွံစေ့၌ကပ်နေသော အမြှေးပါးမျှပင် ပိုင်ဆိုင်ကြသည် မဟုတ်ပေ။ إِن تَدۡعُوهُمۡ لَا يَسۡمَعُواْ دُعَآءَكُمۡ وَلَوۡ سَمِعُواْ مَا ٱسۡتَجَابُواْ لَكُمۡۖ وَيَوۡمَ ٱلۡقِيَٰمَةِ يَكۡفُرُونَ بِشِرۡكِكُمۡۚ وَلَا يُنَبِّئُكَ مِثۡلُ خَبِيرٍ ١٤အသင်တို့သည် အကယ်၍ သူတို့အား ဟစ်ခေါ်ကြလျှင် သူတို့သည် အသင်တို့၏ဟစ်ခေါ်မှုကို ကြားကြမည်မဟုတ်ပေ။ ထို့ပြင် အကယ်၍ သူတို့သည် ကြားခဲ့ကြလျှင်လည်း အသင်တို့အား ပြန်ထူးကြမည် မဟုတ်ပေ။ ထို့ပြင် ကိယာမသ်နေ့တွင် သူတို့သည် အသင်တို့၏တွဲဖက်ကိုးကွယ်မှုကိုပင် ငြင်းပယ်ကြဦးမည်ဖြစ်သည်။ ထို့ပြင် အရာအားလုံးကို အကြွင်းမဲ့ကြားသိတော်မူသော အရှင်မြတ်ကဲ့သို့ မည်သူမျှ အသင့်အား ထုတ်ဖော်ပြောကြားမည် မဟုတ်ပေ။ ۞ يَٰٓأَيُّهَا ٱلنَّاسُ أَنتُمُ ٱلۡفُقَرَآءُ إِلَى ٱللَّهِۖ وَٱللَّهُ هُوَ ٱلۡغَنِيُّ ٱلۡحَمِيدُ ١٥အို- လူသားအပေါင်းတို့၊ အသင်တို့ပင် အလ္လာဟ်အရှင်မြတ်(၏ကူညီမှုဘက်)သို့ လိုလားတောင့်တနေကြရသည့်သူများဖြစ်ကြသည်။ ထို့ပြင် အရှင်မြတ်ကမူ လိုလားတောင့်တခြင်းကင်းပြီး ပြည့်စုံကြွယ်ဝတော်မူသောအရှင်၊ ချီးမွမ်းခြင်းခံထိုက်တော်မူသောအရှင် ဖြစ်တော်မူသည်။ إِن يَشَأۡ يُذۡهِبۡكُمۡ وَيَأۡتِ بِخَلۡقٍ جَدِيدٍ ١٦အကယ်၍ အရှင်မြတ်သည် အလိုရှိတော်မူလျှင် အသင်တို့အား ဖယ်ရှားတော်မူပြီး အဖန်ဆင်းခံအသစ်အား ယူလာနိုင်တော်မူသည်။ وَمَا ذَٰلِكَ عَلَى ٱللَّهِ بِعَزِيزٍ ١٧ထို့ပြင် ဤသည် အလ္လာဟ်အရှင်မြတ်အပေါ်တွင် မခဲယဉ်းပေ။ وَلَا تَزِرُ وَازِرَةٌ وِزۡرَ أُخۡرَىٰۚ وَإِن تَدۡعُ مُثۡقَلَةٌ إِلَىٰ حِمۡلِهَا لَا يُحۡمَلۡ مِنۡهُ شَيۡءٌ وَلَوۡ كَانَ ذَا قُرۡبَىٰٓۗ إِنَّمَا تُنذِرُ ٱلَّذِينَ يَخۡشَوۡنَ رَبَّهُم بِٱلۡغَيۡبِ وَأَقَامُواْ ٱلصَّلَوٰةَۚ وَمَن تَزَكَّىٰ فَإِنَّمَا يَتَزَكَّىٰ لِنَفۡسِهِۦۚ وَإِلَى ٱللَّهِ ٱلۡمَصِيرُ ١٨ထို့ပြင် မည်သည့်ဝန်ထုပ်ထမ်းသူ (အပြစ်ရှိသူ)တစ်ဦးကမျှ သူတစ်ပါး၏(အပြစ်)ဝန်ထုပ်ကို သယ်ပိုးထမ်းရွက်မည် မဟုတ်ပေ။ ထို့ပြင် အကယ်၍ ဝန်ထုပ်ထမ်းနေသူတစ်ဦးက သူ၏ဝန်ထုပ်ကို ထမ်းခိုင်ရန် တစ်ဦးဦးကို ဟစ်ခေါ်မည်ဆိုလျှင်လည်း ထိုဟစ်ခေါ်ခြင်းခံရသူသည် သူ၏ဆွေမျိုးသားချင်း ဖြစ်ခဲ့လျှင်လည်း သူ၏ဝန်ထုပ်မှ အနည်းငယ်မျှ သယ်ပိုးထမ်းရွက်ပေးမည် မဟုတ်ပေ။ အသင်သည် သူတို့အား ဖန်ဆင်းမွေးမြူတော်မူသောအရှင်မြတ်အား မမြင်ဘဲ ကြောက်ရွံ့၍ စွလာသ်ဝတ်ပြုမှု တည်ဆောက်ကြသည့်သူများကိုသာ သတိပေးနှိုးဆောင်နိုင်သည်။ ထို့ပြင် မည်သူမဆို စင်ကြယ်သန့်ရှင်းခဲ့လျှင် ထိုသူသည် သူ့အတွက် စင်ကြယ်သန့်ရှင်ခဲ့ခြင်းသာဖြစ်သည်။ ထို့ပြင် အလ္လာဟ်အရှင်မြတ်ထံတော်သို့ပင် နောက်ဆုံးပြန်ကြရမည်ဖြစ်သည်။ وَمَا يَسۡتَوِي ٱلۡأَعۡمَىٰ وَٱلۡبَصِيرُ ١٩မျက်ကန်းနှင့် မျက်မြင်သည် မတူပေ။ وَلَا ٱلظُّلُمَٰتُ وَلَا ٱلنُّورُ ٢٠အမှောင်များနှင့် အလင်းသည်လည်း မတူပေ။ وَلَا ٱلظِّلُّ وَلَا ٱلۡحَرُورُ ٢١အရိပ်နှင့် အပူရှိန်သည်လည်း မတူပေ။ وَمَا يَسۡتَوِي ٱلۡأَحۡيَآءُ وَلَا ٱلۡأَمۡوَٰتُۚ إِنَّ ٱللَّهَ يُسۡمِعُ مَن يَشَآءُۖ وَمَآ أَنتَ بِمُسۡمِعٍ مَّن فِي ٱلۡقُبُورِ ٢٢အသက်ရှင်သူများနှင့် သေသူများသည်လည်း မတူပေ။ အမှန်စင်စစ် အလ္လာဟ်အရှင်မြတ်သည် အရှင်မြတ်အလိုရှိတော်မူသောသူကို ကြားစေတော်မူသည်။ ထို့ပြင် အသင်သည် သချင်္ီုင်းများထဲတွင် ရှိသူများအား ကြားအောင်ပြုနိုင်သူ မဟုတ်ပေ။ إِنۡ أَنتَ إِلَّا نَذِيرٌ ٢٣အသင်(တမန်တော်)သည် သတိပေးနှိုးဆော်သူတစ်ဦးသာဖြစ်သည်။ إِنَّآ أَرۡسَلۡنَٰكَ بِٱلۡحَقِّ بَشِيرًا وَنَذِيرًاۚ وَإِن مِّنۡ أُمَّةٍ إِلَّا خَلَا فِيهَا نَذِيرٌ ٢٤အမှန်စင်စစ် ငါအရှင်မြတ်သည် အသင့်အား အမှန်တရားနှင့်တကွ ဝမ်းမြောက်ဖွယ်သတင်းကောင်းပေးသူ အဖြစ်နှင့် သတိပေးနှိုးဆော်သူအဖြစ် စေလွှတ်တော်မူခဲ့သည်။ ထို့ပြင် သာသနာဝင်အုပ်စုတိုင်းတွင် သတိပေးနှိုးဆော်သူတစ်ဦး ရောက်လာခဲ့သည်ပင်ဖြစ်သည်။ وَإِن يُكَذِّبُوكَ فَقَدۡ كَذَّبَ ٱلَّذِينَ مِن قَبۡلِهِمۡ جَآءَتۡهُمۡ رُسُلُهُم بِٱلۡبَيِّنَٰتِ وَبِٱلزُّبُرِ وَبِٱلۡكِتَٰبِ ٱلۡمُنِيرِ ٢٥ထို့ပြင် အကယ်၍ သူတို့သည် အသင့်အား လိမ်လည်သူဟု စွပ်စွဲငြင်းပယ်ကြလျှင် စစ်စစ် သူတို့မတိုင်မီသူများကလည်း မဟုတ်မမှန်ဟုပင် စွပ်စွဲငြင်းပယ်ခဲ့ကြသည် ဖြစ်သည်။ ထိုသူများထံသို့ သူတို့၏တမန်တော်များသည် ထင်ရှားသော သက်သေလက္ခဏာများနှင့်၊ (အမိန့်ပညတ်ချက်များ စုထားသည့်)ကျမ်းငယ်များသာမက လင်းဝင်းသည့်ကျမ်းတော်ကိုလည်း ယူဆောင်လာခဲ့ကြသည်ဖြစ်သည်။ ثُمَّ أَخَذۡتُ ٱلَّذِينَ كَفَرُواْۖ فَكَيۡفَ كَانَ نَكِيرِ ٢٦ထို့နောက် ငါအရှင်မြတ်သည် ငြင်းပယ်သူများအား ဖမ်းဆီးကွပ်မျက်တော်မူခဲ့သည်။ သို့ဖြစ်ရာ (ယခု အသင်ကြည့်ပါ)ငါအရှင်မြတ်၏ပြစ်ဒဏ်သည် မည်သို့ဖြစ်သွားခဲ့သနည်း။ أَلَمۡ تَرَ أَنَّ ٱللَّهَ أَنزَلَ مِنَ ٱلسَّمَآءِ مَآءً فَأَخۡرَجۡنَا بِهِۦ ثَمَرَٰتٍ مُّخۡتَلِفًا أَلۡوَٰنُهَاۚ وَمِنَ ٱلۡجِبَالِ جُدَدُۢ بِيضٌ وَحُمۡرٌ مُّخۡتَلِفٌ أَلۡوَٰنُهَا وَغَرَابِيبُ سُودٌ ٢٧အသင် မမြင်ခဲ့သလော၊ အမှန်စင်စစ် အလ္လာဟ်အရှင်မြတ်သည် မိုးကောင်းကင်မှ မိုးရေကို ချပေးတော်မူခဲ့သည်။ ထို့ပြင် ငါအရှင်မြတ်သည် ထိုရေနှင့် အရောင်အသွေး အမျိုးမျိုးကွဲပြားခြားနားသော သစ်သီးဝလံများကို ထွက်စေတော်မူခဲ့သည်။ ထို့ပြင် တောင်များတွင်လည်း အရောင်အမျိုးမျိုးရှိသော အလွှာအထပ်ထပ် အပိုင်းအပိုင်း(တောင်ကြားလမ်း)များရှိကြသည်။ အချို့သည်အဖြူ အချို့သည်အနီများ ဖြစ်ကြပြီး အလွန်မည်းနက်သည်များလည်းရှိသည်။ وَمِنَ ٱلنَّاسِ وَٱلدَّوَآبِّ وَٱلۡأَنۡعَٰمِ مُخۡتَلِفٌ أَلۡوَٰنُهُۥ كَذَٰلِكَۗ إِنَّمَا يَخۡشَى ٱللَّهَ مِنۡ عِبَادِهِ ٱلۡعُلَمَٰٓؤُاْۗ إِنَّ ٱللَّهَ عَزِيزٌ غَفُورٌ ٢٨ထို့ပြင် လူများ၊ သက်ရှိသတ္တဝါများနှင့် ကုလားအုတ်၊ ကျွဲ၊ နွား၊ တိရစာ္ဆန်များတို့တွင် ထိုကဲ့သို့ အရောင်အဆင်း အမျိုးမျိုးရှိကြသည်။ အလ္လာဟ်အရှင်မြတ်အား အရှင်မြတ်၏ကျွန်များထဲမှ ပညာရှင်များသာ ကြောက်ရွံ့ကြသည်။* အမှန်စင်စစ် အလ္လာဟ်အရှင်မြတ်သည် တန်ခိုးတော်နှင့် အလွန်လွှမ်းမိုးတော်မူသောအရှင်၊ လွတ်ငြိမ်းချမ်းသာခွင့် အလွန်ပေးတော်မူသောအရှင် ဖြစ်တော်မူသည်။ إِنَّ ٱلَّذِينَ يَتۡلُونَ كِتَٰبَ ٱللَّهِ وَأَقَامُواْ ٱلصَّلَوٰةَ وَأَنفَقُواْ مِمَّا رَزَقۡنَٰهُمۡ سِرًّا وَعَلَانِيَةً يَرۡجُونَ تِجَٰرَةً لَّن تَبُورَ ٢٩အမှန်စင်စစ် အကြင်သူများသည် အလ္လာဟ်အရှင်မြတ်၏ကျမ်းဂန်ကို ရွတ်ဖတ်ကြသည်။ ထို့ပြင် စွလာသ်ဝတ်ပြုမှုကို ဆောက်တည်ကြသည်။ ထို့ပြင် သူတို့အား ငါအရှင်မြတ် ပေးသနားတော်မူခဲ့သော အရာများထဲမှ လုံးဝ မဆုံးရှုံး မပျက်စီးသော ရောင်းဝယ်ဖောက်ကားမှုမျိုး(ဖြစ်သော ဂျန္နသ်သုခဘုံ)ကို မျှော်လင့်တောင့်တနေကြလျှက် တိတ်ဆိတ်စွာနှင့် ထင်ပေါ်စွာ လှူဒါန်းကြသည်။ لِيُوَفِّيَهُمۡ أُجُورَهُمۡ وَيَزِيدَهُم مِّن فَضۡلِهِۦٓۚ إِنَّهُۥ غَفُورٌ شَكُورٌ ٣٠(နောက်ဆုံးတွင်) အရှင်မြတ်သည် သူတို့အား သူတို့၏အကျိုးများ ပြည့်ပြည့်ဝဝ ပေးတော်မူသည့်အပြင် အရှင်မြတ်၏ကျေးဇူးတော်နှင့် သူတို့အား ပို့ပေးတော်မူမည်ဖြစ်သည်။ အမှန်စင်စစ် အရှင်မြတ်သည် အလွန်လွတ်ငြိမ်းချမ်းသာခွင့် ပေးတော်မူသောအရှင်၊ ကျေးဇူးသိတတ်သူကို အလွန်အစားပေးတော်မူသောအရှင် ဖြစ်တော်မူသည်။ وَٱلَّذِيٓ أَوۡحَيۡنَآ إِلَيۡكَ مِنَ ٱلۡكِتَٰبِ هُوَ ٱلۡحَقُّ مُصَدِّقًا لِّمَا بَيۡنَ يَدَيۡهِۗ إِنَّ ٱللَّهَ بِعِبَادِهِۦ لَخَبِيرُۢ بَصِيرٌ ٣١ထို့ပြင် အသင်၏ထံသို့ ငါအရှင်မြတ်ချပေးတော်မူသောကျမ်းသည် ၎င်းမတိုင်မီက ကျမ်းများကိုလည်း မှန်သည်ဟု ထောက်ခံလျက်ရှိသော လုံးဝ မှန်သည့်ကျမ်းဖြစ်သည်။ အမှန်စင်စစ် အလ္လာဟ်အရှင်မြတ်သည် အရှင်မြတ်၏ကျွန်မျာနှင့်ပတ်သက်၍ အလွန်သိကျွမ်းတော်မူသောအရှင်၊ အကြွင်းမဲ့မြင်တော်မူသောအရှင် ဖြစ်တော်မူသည်။ ثُمَّ أَوۡرَثۡنَا ٱلۡكِتَٰبَ ٱلَّذِينَ ٱصۡطَفَيۡنَا مِنۡ عِبَادِنَاۖ فَمِنۡهُمۡ ظَالِمٌ لِّنَفۡسِهِۦ وَمِنۡهُم مُّقۡتَصِدٌ وَمِنۡهُمۡ سَابِقُۢ بِٱلۡخَيۡرَٰتِ بِإِذۡنِ ٱللَّهِۚ ذَٰلِكَ هُوَ ٱلۡفَضۡلُ ٱلۡكَبِيرُ ٣٢ထို့နောက် ငါအရှင်မြတ်သည် ငါအရှင်မြတ်၏ကျွန်များထဲမှ ငါအရှင်မြတ် ရွေးချယ်တော်မူသောသူများအား (ဤ)ကျမ်းကို အမွေအဖြစ် ပေးသနားတော်မူသည်။ ထို့ပြင် သူတို့ထဲမှ အချို့မှာ သူ့ကိုယ်သူ နှိပ်စက်သည့်သူများရှိသည်။ အချို့မှာ အလယ်အလတ် လိုက်သည့်သူရှိသည်။ အချို့ကမူ အလ္လာဟ်အရှင်မြတ်၏အမိန့်တော်ဖြင့် ကောင်းမှုများနှင့် ရှေ့ကသွားသူ ရှိသည်။ ဤသည် ကြီးကျယ်သော ကျေးဇူးတော်ပင်ဖြစ်သည်။ جَنَّٰتُ عَدۡنٍ يَدۡخُلُونَهَا يُحَلَّوۡنَ فِيهَا مِنۡ أَسَاوِرَ مِن ذَهَبٍ وَلُؤۡلُؤًاۖ وَلِبَاسُهُمۡ فِيهَا حَرِيرٌ ٣٣အမြဲနေထိုင်ရမည့် ဥယျာဉ်များ၊ သူတို့သည် ထိုဥယျာဉ်များတွင် ဝင်ရောက်ကြမည်။ သူတို့သည် ၎င်းထဲတွင် ရွှေလက်ကောက်များ၊ ပုလဲများနှင့် တန်ဆာဆင်ယင်ပေးခြင်း ခံကြရမည်ဖြစ်သည်။ ထို့ပြင် ၎င်းထဲတွင် သူတို့၏ အဝတ်အစားမှာ ပိုးထည်ဖြစ်မည်။ وَقَالُواْ ٱلۡحَمۡدُ لِلَّهِ ٱلَّذِيٓ أَذۡهَبَ عَنَّا ٱلۡحَزَنَۖ إِنَّ رَبَّنَا لَغَفُورٌ شَكُورٌ ٣٤ထို့ပြင် သူတို့သည် (ဤသို့)ပြောဆိုကြမည်- “ချီးမွမ်းခြင်းအပေါင်းသည် ကျွန်ုပ်တို့ထံမှ ပူပင်သောကကို ပပျောက်စေတော်မူသော အလ္လာဟ်အရှင်မြတ်အတွက်ပင်ဖြစ်သည်။ အမှန်စင်စစ် ကျွန်ုပ်တို့အား ဖန်ဆင်းမွေးမြူတော်မူသော အရှင်မြတ်သည် အလွန်လွတ်ငြိမ်းချမ်းသာခွင့် ပေးတော်မူသောအရှင်၊ ကျေးဇူးသိတတ်သူကို အလွန်အစားပေးတော်မူသောအရှင် အမှန်ပင် ဖြစ်တော်မူသည်။“ ٱلَّذِيٓ أَحَلَّنَا دَارَ ٱلۡمُقَامَةِ مِن فَضۡلِهِۦ لَا يَمَسُّنَا فِيهَا نَصَبٌ وَلَا يَمَسُّنَا فِيهَا لُغُوبٌ ٣٥အကြင် အရှင်မြတ်သည် အရှင်မြတ်၏ကျေးဇူးတော်နှင့် ကျွန်ုပ်တို့အား အမြဲနေရမည့်ဌာနတွင် နေရာချပေးတော်မူသည်။ ၎င်းထဲတွင် ကျွန်ုပ်တို့အား မည်သည့်ပင်ပန်းမှုမျှ သက်ရောက်မည်မဟုတ်ပေ။ ထို့ပြင် ကျွန်ုပ်တို့အား ၎င်းတွင် မည်သည့်မောပန်းငြီးငွေ့မှုမှလည်း သက်ရောက်မည် မဟုတ်ပေ။ وَٱلَّذِينَ كَفَرُواْ لَهُمۡ نَارُ جَهَنَّمَ لَا يُقۡضَىٰ عَلَيۡهِمۡ فَيَمُوتُواْ وَلَا يُخَفَّفُ عَنۡهُم مِّنۡ عَذَابِهَاۚ كَذَٰلِكَ نَجۡزِي كُلَّ كَفُورٍ ٣٦ထို့ပြင် ကာဖိရ်များအတွက် ဂျဟန္နမ်ငရဲဘုံ၏မီးရှိမည်။ သူတို့အပေါ်တွင် သူတို့သေဆုံးနိုင်ကြရန် (အပြီးသတ်)အမိန့်ပေးခံရမည်လည်း မဟုတ်ပေ။ ထို့ပြင် ထိုငရဲဘုံ၏ပြစ်ဒဏ်သည် သူတို့ထံမှ ပေါ့လျော့စေခြင်း ခံရမည်လည်း မဟုတ်ပေ။ ငါအရှင်မြတ်သည် ဤသို့ပင် အလွန်သွေဖည်သူတိုင်းကို အစားပေးတော်မူသည်။ وَهُمۡ يَصۡطَرِخُونَ فِيهَا رَبَّنَآ أَخۡرِجۡنَا نَعۡمَلۡ صَٰلِحًا غَيۡرَ ٱلَّذِي كُنَّا نَعۡمَلُۚ أَوَلَمۡ نُعَمِّرۡكُم مَّا يَتَذَكَّرُ فِيهِ مَن تَذَكَّرَ وَجَآءَكُمُ ٱلنَّذِيرُۖ فَذُوقُواْ فَمَا لِلظَّٰلِمِينَ مِن نَّصِيرٍ ٣٧ထို့ပြင် သူတို့သည် ထိုငရဲဘုံတွင် (ဤသို့)အော်ဟစ်လျှောက်ထားကြမည်- “အို- ကျွန်ုပ်တို့အား ဖန်ဆင်းမွေးမြူတော်မူသောအရှင်၊ အရှင်မြတ်သည် ကျွန်ုပ်တို့အား (ဤငရဲဘုံမှ) ထုတ်တော်မူပါ၊ ကျွန်ုပ်တို့သည် ကျွန်ုပ်တို့ပြုလုပ်နေခဲ့သော လုပ်ရပ်များမှလွဲ၍ ကောင်းမြတ်သည့်လုပ်ရပ်များကို ပြုလုပ်ကြပါမည်။“ (သူတို့သည် ဤသို့ ပြောခံကြရမည်) - ငါအရှင်မြတ်သည် စဉ်းစားဆင်ခြင်လိုသည့်သူများ စဉ်းစားဆင်ခြင်နိုင်သည့် သက်တမ်းကို အသင်တို့အား ပေးတော်မူခဲ့သည် မဟုတ်လော။ ထို့ပြင် အသင်တို့ထံသို့ သတိပေးနှိုးဆော်သူလည်း ရောက်လာခဲ့သည် (မဟုတ်လော)။ သို့ဖြစ်ရာ အသင်တို့သည် (ယခုမူပြစ်ဒဏ်ကိုသာ) မြည်းစမ်းလိုက်ကြပါ။ ထို့ပြင် မတရားသူများအတွက် ကူညီရိုင်းပင်းမည့်သူ မည်သူမျှ မရှိပေ။ إِنَّ ٱللَّهَ عَٰلِمُ غَيۡبِ ٱلسَّمَٰوَٰتِ وَٱلۡأَرۡضِۚ إِنَّهُۥ عَلِيمُۢ بِذَاتِ ٱلصُّدُورِ ٣٨အမှန်စင်စစ် အလ္လာဟ်အရှင်မြတ်သည် မိုးကောင်းကင်များတွင် ဖုံးကွယ်နေသည်များနှင့် မြေပထဝီတွင် ဖုံးကွယ်နေသည်များကို သိတော်မူသောအရှင်ဖြစ်တော်မူသည်။ အမှန်စင်စစ် အရှင်မြတ်သည် စိတ်နှလုံးများတွင်ရှိသည်များကို အကြွင်းမဲ့သိရှိတော်မူသောအရှင်ဖြစ်တော်မူသည်။ هُوَ ٱلَّذِي جَعَلَكُمۡ خَلَٰٓئِفَ فِي ٱلۡأَرۡضِۚ فَمَن كَفَرَ فَعَلَيۡهِ كُفۡرُهُۥۖ وَلَا يَزِيدُ ٱلۡكَٰفِرِينَ كُفۡرُهُمۡ عِندَ رَبِّهِمۡ إِلَّا مَقۡتًاۖ وَلَا يَزِيدُ ٱلۡكَٰفِرِينَ كُفۡرُهُمۡ إِلَّا خَسَارًا ٣٩အရှင်မြတ်သည်ပင် အသင်တို့အား ကမာ္ဘမြေတွင် ကိုယ်စားလှယ်ဆက်ခံသည့်သူများအဖြစ် ပြုလုပ်တော်မူခဲ့သည့်အရှင်ဖြစ်တော်မူသည်။ သို့ဖြစ်ရာ မည်သူမဆို ကျေးဇူးကန်ခဲ့လျှင် သူ၏ကျေးဇူးကန်းမှုသည် သူ၏အပေါ်၌ပင် ကျရောက်မည်ဖြစ်သည်။ ထို့ပြင် ကာဖိရ်များအပေါ်တွင် သူတို့၏သွေဖည်မှုသည် သူတို့အား ဖန်ဆင်းမွေးမြူတော်မူသော အရှင်မြတ်ထံတော်တွင် မုန်းတီးစက်ဆုပ်မှုကိုသာ တိုးပွားစေမည်ဖြစ်သည်။ ထို့ပြင် ကာဖိရ်များအပေါ်တွင် သူတို့၏သွေဖည်မှုသည် ဆုံးရှုံးမှုကိုသာ တိုးပွားစေမည်ဖြစ်သည်။ قُلۡ أَرَءَيۡتُمۡ شُرَكَآءَكُمُ ٱلَّذِينَ تَدۡعُونَ مِن دُونِ ٱللَّهِ أَرُونِي مَاذَا خَلَقُواْ مِنَ ٱلۡأَرۡضِ أَمۡ لَهُمۡ شِرۡكٌ فِي ٱلسَّمَٰوَٰتِ أَمۡ ءَاتَيۡنَٰهُمۡ كِتَٰبًا فَهُمۡ عَلَىٰ بَيِّنَتٍ مِّنۡهُۚ بَلۡ إِن يَعِدُ ٱلظَّٰلِمُونَ بَعۡضُهُم بَعۡضًا إِلَّا غُرُورًا ٤٠(အို- တမန်တော်)အသင်ပြောလိုက်ပါ- အသင်တို့သည် အလ္လာဟ်အရှင်မြတ်အားစွန့်ပြီး ဟစ်ခေါ်တသကြသော အသင်တို့၏တွဲဖက်ကိုးကွယ်ရာများအား မမြင်ကြသလော။ အသင်တို့သည် ငါ့အား ပြသကြပါ- ထိုသူများသည် မြေပထဝီ၏ မည်သည့်အစိတ်အပိုင်းကို ဖန်ဆင်းခဲ့ကြသနည်း။ သို့မဟုတ် မိုးကောင်းကင်များတွင် သူတို့၏ဖက်စပ်ပိုင်ဆိုင်မှုဟူ၍ မည်သည်ရှိသနည်း။ သို့မဟုတ် ငါအရှင်မြတ်သည် သူတို့အား ကျမ်းတစ်စောင်ပေးတော်မူခဲ့၍ သူတို့သည် ထိုကျမ်း၏အထောက်အထား တစ်စုံတစ်ခုအပေါ်တွင် ရပ်တည်နေကြသလော။ ထိုသို့လုံးဝမဟုတ်ပေ၊ အမှန်စင်စစ် မတရားသူများသည် သူတို့အချင်းချင်း တစ်ဦးကိုတစ်ဦး လိမ်လည်လှည့်ဖြားနေကြသည်မှလွဲ၍ အခြားမည်သည့်အရာကိုမျှ ကတိပေးသည် မရှိကြပေ။ ۞ إِنَّ ٱللَّهَ يُمۡسِكُ ٱلسَّمَٰوَٰتِ وَٱلۡأَرۡضَ أَن تَزُولَاۚ وَلَئِن زَالَتَآ إِنۡ أَمۡسَكَهُمَا مِنۡ أَحَدٍ مِّنۢ بَعۡدِهِۦٓۚ إِنَّهُۥ كَانَ حَلِيمًا غَفُورًا ٤١အမှန်စင်စစ် အလ္လာဟ်အရှင်မြတ်သည် မိုးကောင်းကင်များနှင့်မြေပထဝီကို ရွေ့လျောတိမ်းစောင်းမသွားရန် ထိန်းထားတော်မူသည်။ ထို့နောက် အကယ်၍ ရွေ့လျောတိမ်းစောင်းသွားခဲ့လျှင် အရှင်မြတ်မှလွဲ၍ မည်သူကမှ ထိုမိုးကောင်းကင်များနှင့်မြေပထဝီကို ထိန်းနိုင်မည်မဟုတ်ပေ။ အမှန်စင်စစ် အရှင်မြတ်သည် အလွန်ထောက်ထားညှာတာ သည်းခံဆိုင်းငံ့တော်မူသောအရှင်၊ အလွန်လွတ်ငြိမ်းချမ်းသာခွင့် ပေးတော်မူသောအရှင်ဖြစ်တော်မူသည်။ وَأَقۡسَمُواْ بِٱللَّهِ جَهۡدَ أَيۡمَٰنِهِمۡ لَئِن جَآءَهُمۡ نَذِيرٌ لَّيَكُونُنَّ أَهۡدَىٰ مِنۡ إِحۡدَى ٱلۡأُمَمِۖ فَلَمَّا جَآءَهُمۡ نَذِيرٌ مَّا زَادَهُمۡ إِلَّا نُفُورًا ٤٢ထို့ပြင် သူတို့က အလ္လာဟ်အရှင်မြတ်အား တိုင်တည်၍ အစွမ်းကုန် ကျိန်ဆိုခဲ့ကြသည်- “အမှန်ပင် အကယ်၍ သတိပေးနှိုးဆော်သူတစ်ဦးတစ်ယောက်သည် သူတို့ထံသို့လာခဲ့လျှင် အမှန်စင်စစ် သူတို့သည် သာသနာဝင်အုပ်စုတိုင်းထက်ပိုပြီး တရားလမ်းမှန်ကို လိုက်နာသူများဖြစ်ကြပါမည်။“ ထို့နောက် သတိပေးနှိုးဆော်သူသည် သူတို့ထံသို့ ရောက်လာသည့်အခါ ထိုအရာသည် သူတို့တွင် စက်ဆုပ်မှုကိုသာ တိုးပွားစေခဲ့သည်။ ٱسۡتِكۡبَارًا فِي ٱلۡأَرۡضِ وَمَكۡرَ ٱلسَّيِّيِٕۚ وَلَا يَحِيقُ ٱلۡمَكۡرُ ٱلسَّيِّئُ إِلَّا بِأَهۡلِهِۦۚ فَهَلۡ يَنظُرُونَ إِلَّا سُنَّتَ ٱلۡأَوَّلِينَۚ فَلَن تَجِدَ لِسُنَّتِ ٱللَّهِ تَبۡدِيلًاۖ وَلَن تَجِدَ لِسُنَّتِ ٱللَّهِ تَحۡوِيلًا ٤٣(သူတို့သည် အမှန်တရားကို လိုလား၍ ထိုသို့ ကျိန်ဆိုခဲ့ကြသည် မဟုတ်ပေ၊ အမှန်စင်စစ် သူတို့သည်) သူတို့ကိုယ်ကို ကမာ္ဘမြေပေါ်တွင် အထင်ကြီးခဲ့သည့်အတွက်ကြောင့် (ကျိန်ဆိုခဲ့ကြခြင်းဖြစ်သည်)၊ ထို့ပြင် (သူတို့သည် ထိုကျိန်ဆိုမှုနှင့်)မကောင်းကြံစည်မှုကို (ပြုလုပ်ကြရန် လူများအား လှည့်စားကြရန် ရည်ရွယ်ခြင်းဖြစ်သည်)။ ထို့ပြင် မကောင်းကြံစည်မှု၏အကျိုးဆက်သည် ထိုမကောင်းကြံစည်မှုကို ကြံစည်သည့်သူများအပေါ်၌ပင် သက်ရောက်သည်။ သို့ဖြစ်ရာ သူတို့သည် ယခင်က လူများ(အပေါ် အရှင်မြတ်၏)လုပ်ထုံးလုပ်နည်းကိုပင် စောင့်မျှော်နေကြသည်ဖြစ်သည်။ ထို့ပြင် အသင်သည် အလ္လာဟ်အရှင်မြတ်၏လုပ်ထုံးလုပ်နည်းတွင် မည်သည့်ပြောင်းလဲမှုကိုမျှ လုံးဝတွေ့ရမည် မဟုတ်ပေ။ ထို့ပြင် အသင်သည် အလ္လာဟ်အရှင်မြတ်၏လုပ်ထုံးလုပ်နည်းတွင် မည်သည့် လဲလှယ်မှုကိုမျှလည်း တွေ့ရမည်မဟုတ်ပေ။ أَوَلَمۡ يَسِيرُواْ فِي ٱلۡأَرۡضِ فَيَنظُرُواْ كَيۡفَ كَانَ عَٰقِبَةُ ٱلَّذِينَ مِن قَبۡلِهِمۡ وَكَانُوٓاْ أَشَدَّ مِنۡهُمۡ قُوَّةًۚ وَمَا كَانَ ٱللَّهُ لِيُعۡجِزَهُۥ مِن شَيۡءٍ فِي ٱلسَّمَٰوَٰتِ وَلَا فِي ٱلۡأَرۡضِۚ إِنَّهُۥ كَانَ عَلِيمًا قَدِيرًا ٤٤သူတို့သည် ကမာ္ဘမြေတွင် လှည့်လည်မသွားလာခဲ့ကြသလော။ ထိုသို့သွားလာခဲ့ကြလျှင် သူတို့သည် သူတို့မတိုင်မီကသူများ၏ နောက်ဆုံးအကျိုးဆက်သည် မည်သို့ရှိခဲ့သနည်းဆိုသည်ကို တွေ့မြင်ကြမည်ဖြစ်သည်။ ထို့ပြင် ထိုသူများသည် သူတို့ထက် အင်အား ပိုကြီးမားပြင်းထန်ခဲ့သည့်သူများပင် ဖြစ်ခဲ့ကြသည်။ ထို့ပြင် မိုးကောင်းကင်များတွင်ဖြစ်စေ၊ မြေပထဝီတွင်ဖြစ်စေ၊ မည်သည့်အရာကမှ အလ္လာဟ်အရှင်မြတ်အား မစွမ်းဆောင်နိုင်အောင် ပြုလုပ်နိုင်ကြသည် မဟုတ်ပေ။ အမှန်စင်စစ် အရှင်မြတ်သည် အကြွင်းမဲ့သိတော်မူသောအရှင်၊ အလွန်တတ်စွမ်းနိုင်သည့်အရှင်ဖြစ်တော်မူသည်။ وَلَوۡ يُؤَاخِذُ ٱللَّهُ ٱلنَّاسَ بِمَا كَسَبُواْ مَا تَرَكَ عَلَىٰ ظَهۡرِهَا مِن دَآبَّةٍ وَلَٰكِن يُؤَخِّرُهُمۡ إِلَىٰٓ أَجَلٍ مُّسَمًّىۖ فَإِذَا جَآءَ أَجَلُهُمۡ فَإِنَّ ٱللَّهَ كَانَ بِعِبَادِهِۦ بَصِيرَۢا ٤٥ထို့ပြင် အကယ်၍ အလ္လာဟ်အရှင်မြတ်သည် လူများအား သူတို့ရှာဖွေ ဆည်းပူးခဲ့ကြသည့် ပြစ်မှုများကြောင့် အရေးယူမည်ဆိုလျှင် ကမာ္ဘမြေ၏ကျောကုန်းပေါ်တွင် လှုပ်ရှားသွားလာနေသော မည်သည့်သတ္တဝါကိုမျှ ချန်လှပ်ထားတော်မူမည် မဟုတ်ပေ။ သို့ရာတွင် အရှင်မြတ်သည် သူတို့အား သတ်မှတ်ထားသည့်အချိန်အထိ ဆိုင်းငံ့ထားတော်မူသည်။ ထို့နောက် သူတို့၏အချိန်ကာလ ရောက်လာသည့်အခါ (သူတို့၏ လုပ်ရပ်များနှင့်ပတ်သက်၍ အကျိုးအပြစ်ပေးတော်မူမည်ဖြစ်သည်)။ အမှန်စင်စစ် အလ္လာဟ်အရှင်မြတ်သည် အရှင်မြတ်၏ကျွန်များကို အကြွင်းမဲ့မြင်တော်မူသောအရှင် ဖြစ်တော်မူသည်။