ملة الإسلام

السورة 34 · 54 آية · Hashim Tin Myint

سورة سبأ باللغة البورمية

السورة بالعربية مع التفسير استمع إلى سورة سبأ (1,169 قارئاً)
مكيةسورة سبأ٥٤ آية

بِسۡمِ ٱللَّهِ ٱلرَّحۡمَٰنِ ٱلرَّحِيمِ

ٱلۡحَمۡدُ لِلَّهِ ٱلَّذِي لَهُۥ مَا فِي ٱلسَّمَٰوَٰتِ وَمَا فِي ٱلۡأَرۡضِ وَلَهُ ٱلۡحَمۡدُ فِي ٱلۡأٓخِرَةِۚ وَهُوَ ٱلۡحَكِيمُ ٱلۡخَبِيرُ ١ချီးမွမ်းခြင်းအ‌ပေါင်းသည် အကြင်အရှင်မြတ်ပင် ခံထိုက်‌တော်မူသည်။ မိုး‌ကောင်းကင်များနှင့် ‌မြေပထဝီတွင် ရှိသမျှအရာများသည် ထိုအရှင်မြတ်ပင် ပိုင်ဆိုင်‌တော်မူသည်။ ထို့ပြင် တမလွန်ဘဝတွင် ချီးမွမ်းခြင်းမှုဟူသမျှသည်လည်း အရှင်မြတ်ပင် ခံထိုက်‌တော်မူသည်။ ထို့ပြင် အရှင်မြတ်သည် ပညာဉာဏ်အ‌မြော်အမြင်နှင့် အလွန်ပြည့်စုံ‌တော်မူ‌သောအရှင်၊ အကြွင်းမဲ့ကြားသိ‌တော်မူ‌သောအရှင် ဖြစ်‌တော်မူသည်။ يَعۡلَمُ مَا يَلِجُ فِي ٱلۡأَرۡضِ وَمَا يَخۡرُجُ مِنۡهَا وَمَا يَنزِلُ مِنَ ٱلسَّمَآءِ وَمَا يَعۡرُجُ فِيهَاۚ وَهُوَ ٱلرَّحِيمُ ٱلۡغَفُورُ ٢ထိုအရှင်မြတ်သည် ‌မြေပထဝီထဲသို့ ဝင်သည့်အရာများကိုလည်း‌ကောင်း၊ ၎င်းထဲအလွန်သနားကြင်နာ‌တော်မူ‌သောအရှင်မှ ထွက်သည့်အရာများကိုလည်း‌ကောင်း၊ မိုး‌ကောင်းကင်မှ ဆင်းသက်သည့်အရာများကိုလည်း‌ကောင်း၊ ၎င်းသို့တက်သွားသည့်အရာများကိုလည်း‌ကောင်း သိရှိ‌တော်မူသည်။* ထို့ပြင် အရှင်မြတ်သည် အလွန်သနားကြင်နာ‌တော်မူ‌သောအရှင်၊ အလွန်လွတ်ငြိမ်းချမ်းသာခွင့် ‌ပေး‌တော်မူ‌သောအရှင် ဖြစ်‌တော်မူသည်။ وَقَالَ ٱلَّذِينَ كَفَرُواْ لَا تَأۡتِينَا ٱلسَّاعَةُۖ قُلۡ بَلَىٰ وَرَبِّي لَتَأۡتِيَنَّكُمۡ عَٰلِمِ ٱلۡغَيۡبِۖ لَا يَعۡزُبُ عَنۡهُ مِثۡقَالُ ذَرَّةٍ فِي ٱلسَّمَٰوَٰتِ وَلَا فِي ٱلۡأَرۡضِ وَلَآ أَصۡغَرُ مِن ذَٰلِكَ وَلَآ أَكۡبَرُ إِلَّا فِي كِتَٰبٍ مُّبِينٍ ٣ထို့ပြင် ကာဖိရ်များက ကျွန်ုပ်တို့ထံသို့ “ကိယာမသ်‌နေ့ဆိုက်‌ရောက်လာမည် မဟုတ်‌ပေ“ဟု ‌ပြောဆိုကြသည်။ (အို- တမန်‌တော်)အသင်‌ပြောလိုက်ပါ- ငါ့အား ဖန်ဆင်း‌မွေးမြူ‌တော်မူ‌သော အရှင်ဖြစ်‌သော အကွယ်၌ရှိသည်များကို သိမြင်‌တော်မူ‌သော အရှင်မြတ်ကို တိုင်တည်‌ပြောသည်၊ ထို‌နေ့သည် အမှန်ပင် အသင်တို့ထံသို့ ‌ရောက်လာလိမ့်မည်။ မိုး‌ကောင်းကင်များနှင့် ‌မြေပထဝီတွင် အဏုမြူခန့်ရှိသည့်အရာသည်လည်း အရှင်မြတ်၏အသိမှ ‌ပျောက်ကွယ်မ‌နေ‌ပေ။ ထို့ပြင် ထိုအဏုမြူခန့်ရှိသည့်အရာထက်‌သေးသည့်အရာဖြစ်‌စေ၊ ကြီးသည့်အရာဖြစ်‌စေ ထင်ရှား‌သော မှတ်တမ်းစာအုပ်တွင် (‌ရေးမှတ်ထားပြီး)ဖြစ်သည်။ لِّيَجۡزِيَ ٱلَّذِينَ ءَامَنُواْ وَعَمِلُواْ ٱلصَّٰلِحَٰتِۚ أُوْلَٰٓئِكَ لَهُم مَّغۡفِرَةٌ وَرِزۡقٌ كَرِيمٌ ٤(ကိယာမသ်‌နေ့ဆိုက်‌ရောက်လာ‌စေခြင်းသည်) အရှင်မြတ်က အီမာန်ယုံကြည်ပြီး ‌ကောင်းမြတ်‌သော လုပ်ရပ်များကိုပြုလုပ်ခဲ့သည့်သူများအား အစား‌ပေးရန်ဖြစ်သည်။ ထိုသူများအတွက် လွတ်ငြိမ်းချမ်းသာခွင့်နှင့် မြင့်မြတ်‌သော စားနပ်ရိက္ခာရှိသည်။ وَٱلَّذِينَ سَعَوۡ فِيٓ ءَايَٰتِنَا مُعَٰجِزِينَ أُوْلَٰٓئِكَ لَهُمۡ عَذَابٌ مِّن رِّجۡزٍ أَلِيمٌ ٥ထို့ပြင် ငါအရှင်မြတ်၏အာယသ်‌တော်များကို ပျက်ပြား‌အောင် ကြိုးပမ်း‌နေသည့်သူများကမူ သူတို့အတွက် နာကျင်‌စေသည့် အဆိုးဆုံးပြစ်ဒဏ်တစ်မျိုးရှိသည်။ وَيَرَى ٱلَّذِينَ أُوتُواْ ٱلۡعِلۡمَ ٱلَّذِيٓ أُنزِلَ إِلَيۡكَ مِن رَّبِّكَ هُوَ ٱلۡحَقَّ وَيَهۡدِيٓ إِلَىٰ صِرَٰطِ ٱلۡعَزِيزِ ٱلۡحَمِيدِ ٦ထို့ပြင် အသိပညာ‌ပေးသနားခြင်းခံခဲ့ကြရသည့်သူများသည် အသင့်အား ဖန်ဆင်း‌မွေးမြူ‌တော်မူ‌သော အရှင်မြတ်ထံ‌တော်မှ အသင့်ထံသို့ ချ‌ပေးခြင်းခံရ‌သောအရာ(ကုရ်အာန်)သည် မှန်ကန်သည်ဟု မြင်ကြသည်။ ထို့ပြင် ထိုအရာသည် တန်ခိုး‌တော်နှင့် အလွန်လွှမ်းမိုး‌တော်မူ‌သော ချီးမွမ်းခြင်းအလွန်ခံထိုက်‌တော်မူ‌သော အရှင်မြတ်၏လမ်းကို ညွှန်ကြားပြသသည်ဟု (မြင်ကြသည်)။ وَقَالَ ٱلَّذِينَ كَفَرُواْ هَلۡ نَدُلُّكُمۡ عَلَىٰ رَجُلٍ يُنَبِّئُكُمۡ إِذَا مُزِّقۡتُمۡ كُلَّ مُمَزَّقٍ إِنَّكُمۡ لَفِي خَلۡقٍ جَدِيدٍ ٧ထို့ပြင် ကာဖိရ်များက (အချင်းချင်း)‌ပြောဆိုကြသည်- ကျွန်ုပ်တို့သည် အသင်တို့အား အကြင်‌ယောက်ျားတစ်ဦးကို ညွှန်ပြရမည်‌လော။ ၎င်းသည် အသင်တို့အား (ဤသို့)သတင်း‌ပေးသည်- “အသင်တို့သည် ‌ကြေမွသွား‌အောင် ‌ချေပစ်ခံခဲ့ကြရသည့်အခါ အမှန်စင်စစ် အသင်တို့သည် အသစ်တစ်ဖန်ပြန်ပြီး ဖန်ဆင်းခြင်းကို ခံကြရမည်“။ أَفۡتَرَىٰ عَلَى ٱللَّهِ كَذِبًا أَم بِهِۦ جِنَّةُۢۗ بَلِ ٱلَّذِينَ لَا يُؤۡمِنُونَ بِٱلۡأٓخِرَةِ فِي ٱلۡعَذَابِ وَٱلضَّلَٰلِ ٱلۡبَعِيدِ ٨၎င်းသည် အလ္လာဟ်အရှင်မြတ်အ‌ပေါ်တွင် လုပ်ကြံစွပ်စွဲခဲ့သ‌လော၊ သို့မဟုတ် ၎င်းတွင် ရူးသွပ်ခြင်း‌ဝေဒနာ ရှိ‌နေသ‌လော။ ထိုသို့မဟုတ်‌ပေ၊ အမှန်စင်စစ် တမလွန်ဘဝကို မယုံကြည်သူများပင် ပြစ်ဒဏ်နှင့် ‌ဝေးလံ‌သောလမ်းမှားမှုတွင် ရှိ‌နေကြခြင်းဖြစ်သည်။ أَفَلَمۡ يَرَوۡاْ إِلَىٰ مَا بَيۡنَ أَيۡدِيهِمۡ وَمَا خَلۡفَهُم مِّنَ ٱلسَّمَآءِ وَٱلۡأَرۡضِۚ إِن نَّشَأۡ نَخۡسِفۡ بِهِمُ ٱلۡأَرۡضَ أَوۡ نُسۡقِطۡ عَلَيۡهِمۡ كِسَفًا مِّنَ ٱلسَّمَآءِۚ إِنَّ فِي ذَٰلِكَ لَأٓيَةً لِّكُلِّ عَبۡدٍ مُّنِيبٍ ٩သူတို့သည် သူတို့၏ ‌ရှေ့နှင့်‌နောက်(ထက်‌အောက်)တွင်ရှိ‌နေ‌သော မိုး‌ကောင်းကင်နှင့် ‌မြေပထဝီကို မမြင်ကြသ‌လော။ အကယ်၍ ငါအရှင်မြတ် အလိုရှိ‌တော်မူလျှင် သူတို့အား ‌မြေမျို‌စေ‌တော်မူမည်။ သို့မဟုတ် ငါအရှင်မြတ်သည် သူတို့အ‌ပေါ်တွင် မိုး‌ကောင်းကင်မှ အပိုင်းအစများ ကျ‌ရောက်‌စေ‌တော်မူမည်။ အမှန်စင်စစ် ထိုအထဲတွင် (ငါအရှင်မြတ်ဘက်သို့) ပြန်လှည့်ကြ‌သော ကျွန်များအတွက် သက်‌သေသာဓကများ ရှိသည်။ ۞ وَلَقَدۡ ءَاتَيۡنَا دَاوُۥدَ مِنَّا فَضۡلًاۖ يَٰجِبَالُ أَوِّبِي مَعَهُۥ وَٱلطَّيۡرَۖ وَأَلَنَّا لَهُ ٱلۡحَدِيدَ ١٠အမှန်စင်စစ် ငါအရှင်မြတ်သည် (တမန်‌တော်)ဒါဝူဒ်ကို အရှင်မြတ်ထံ‌တော်မှ ‌ကျေးဇူး‌တော် ‌ပေးသနား‌တော်မူခဲ့သည်။ (ငါအရှင်မြတ်က) “အို- ‌တောင်များ၊ အသင်တို့သည် ဒါဝူဒ်နှင့်အတူ (ငါအရှင်မြတ်)စင်ကြယ်‌တော်မူ‌ကြောင်း လိုက်ဆိုကြ“(ဟု မိန့်ကြား‌တော်မူခဲ့သည်)။ ထို့ပြင် ငှက်များကိုလည်း (ဤသို့ပင် အမိန့်ရှိခဲ့သည်)။ ထို့ပြင် ငါအရှင်မြတ်သည် ၎င်းအတွက် သံကို ‌ပျော့‌ပျောင်း‌စေ‌တော်မူခဲ့သည်။ أَنِ ٱعۡمَلۡ سَٰبِغَٰتٍ وَقَدِّرۡ فِي ٱلسَّرۡدِۖ وَٱعۡمَلُواْ صَٰلِحًاۖ إِنِّي بِمَا تَعۡمَلُونَ بَصِيرٌ ١١(အရှင်မြတ်က သူ့ကို မိန့်ကြား‌တော်မူသည်) “အသင်သည် သံချပ်အကျင်္ီရှည်များကို ပြုလုပ်ပါ။ ထို့ပြင် အသင်သည် (သံကြိုးကွင်းဆက်များကို) ဆက်ရာမှာ ချိန်ဆခန့်မှန်းပြုလုပ်ပါ။ ထို့ပြင် (အို- ဒါဝူဒ်၏သား‌မြေးတို့) အသင်တို့သည် ‌ကောင်းမြတ်‌သော လုပ်ရပ်များကို ပြုလုပ်ကြပါ၊ အမှန်စင်စစ် ငါအရှင်မြတ်သည် အသင်တို့ ပြုလုပ်သမျှကို အကြွင်းမဲ့သိမြင်‌တော်မူ‌သော အရှင်မြတ်ဖြစ်‌တော်မူသည်။“ وَلِسُلَيۡمَٰنَ ٱلرِّيحَ غُدُوُّهَا شَهۡرٌ وَرَوَاحُهَا شَهۡرٌۖ وَأَسَلۡنَا لَهُۥ عَيۡنَ ٱلۡقِطۡرِۖ وَمِنَ ٱلۡجِنِّ مَن يَعۡمَلُ بَيۡنَ يَدَيۡهِ بِإِذۡنِ رَبِّهِۦۖ وَمَن يَزِغۡ مِنۡهُمۡ عَنۡ أَمۡرِنَا نُذِقۡهُ مِنۡ عَذَابِ ٱلسَّعِيرِ ١٢ထို့ပြင် (ငါအရှင်မြတ်သည်)‌လေကို (တမန်‌တော်)စုလိုင်မာန်အတွက် (နာခံ‌စေ‌တော်မူခဲ့သည်)။ ထို‌လေ၏ တစ်နံနက်ခရီးသည် တစ်လခရီးဖြစ်ပြီး ထို‌လေ၏ တစ်ည‌နေခရီးသည်လည်း တစ်လခရီးဖြစ်သည်။ ထို့ပြင် ငါအရှင်မြတ်သည် ၎င်းအတွက် ‌ကြေးနီ‌ချောင်းများကို စီးဆင်း‌စေ‌တော်မူခဲ့သည်။ ထို့ပြင် ဂျင်န်များထဲမှ အချို့သည် ၎င်း၏‌ရှေ့၌ ၎င်းအား ဖန်ဆင်း‌မွေးမြူ‌တော်မူ‌သော အရှင်မြတ်၏အမိန့်‌တော်နှင့် (၎င်းခိုင်းသမျှ) လုပ်ကိုင်‌ဆောင်ရွက်‌ပေးလျက်ရှိခဲ့သည်။ ထို့ပြင် ထိုဂျင်န်များထဲမှ မည်သူမဆို ငါအရှင်မြတ်၏အမိန့်‌တော်မှ ‌သွေဖည်လျှင် ငါအရှင်မြတ်သည် သူ့အား မီး‌တောက်မီးလျှံ ပြစ်ဒဏ်၏အရသာကို မြည်းစမ်း‌စေ‌တော်မူမည်ဖြစ်သည်။ يَعۡمَلُونَ لَهُۥ مَا يَشَآءُ مِن مَّحَٰرِيبَ وَتَمَٰثِيلَ وَجِفَانٍ كَٱلۡجَوَابِ وَقُدُورٍ رَّاسِيَٰتٍۚ ٱعۡمَلُوٓاْ ءَالَ دَاوُۥدَ شُكۡرًاۚ وَقَلِيلٌ مِّنۡ عِبَادِيَ ٱلشَّكُورُ ١٣ထိုဂျင်န်များသည် ၎င်းအတွက် ၎င်းအလိုရှိ‌သော ကြီးကျယ်သည့်အ‌ဆောက်အအုံများ၊ ရုပ်တုများ၊ ‌ရေကန်ကြီးခန့်ရှိသည့် ဇလုံများ၊ မ‌ပြောင်းမ‌ရွှေ့နိုင်‌သော အိုးကြီးများကို ပြုလုပ်‌ပေးကြသည်။ (ထို့ပြင် ငါအရှင်မြတ်သည် ဤသို့ မိန့်ကြား‌တော်မူခဲ့သည်)။ အို- ဒါဝူဒ်၏မျိုးနွယ် အိမ်သူအိမ်သားအ‌ပေါင်းတို့၊ အသင်တို့သည် ‌ကျေးဇူးသိတတ်သည့်အ‌နေဖြင့် ‌ကောင်းမှုပြုကြပါ။ ထို့ပြင် အရှင်မြတ်၏ကျွန်များထဲတွင် ‌ကျေးဇူးသိတတ်သူများသည် အလွန်နည်းသည်။ فَلَمَّا قَضَيۡنَا عَلَيۡهِ ٱلۡمَوۡتَ مَا دَلَّهُمۡ عَلَىٰ مَوۡتِهِۦٓ إِلَّا دَآبَّةُ ٱلۡأَرۡضِ تَأۡكُلُ مِنسَأَتَهُۥۖ فَلَمَّا خَرَّ تَبَيَّنَتِ ٱلۡجِنُّ أَن لَّوۡ كَانُواْ يَعۡلَمُونَ ٱلۡغَيۡبَ مَا لَبِثُواْ فِي ٱلۡعَذَابِ ٱلۡمُهِينِ ١٤ထို့‌နောက် ငါအရှင်မြတ်သည် ထို(တမန်‌တော်)စုလိုင်မာန်၏အ‌ပေါ်တွင် ‌သေခြင်းကို ပြဋ္ဌာန်‌တော်မူသည့်အခါ ၎င်း၏‌တောင်‌ဝှေးကိုစား‌နေ‌သော ‌မြေပိုး(ခြ‌ကောင်)မှလွဲ၍ ၎င်း‌သေဆုံးပြီဖြစ်‌ကြောင်း ထိုဂျင်န်များအား မည်သူကမျှ ညွှန်ပြအသိမ‌ပေးခဲ့ကြ‌ပေ။ ထို့‌နောက် ၎င်းသည် လဲကျသွားသည့်အခါ ဂျင်န်များသည် အမှန်စင်စစ် သူတို့သည် အကွယ်ကိုသာ သိကြလျှင် ဤ‌သေးသိမ်‌စေ‌သော ဒုက္ခထဲတွင် ဆက်လက်‌နေခဲ့ကြမည် မဟုတ်‌ပေဆိုသည်ကို သိသွားခဲ့ကြသည်။ لَقَدۡ كَانَ لِسَبَإٍ فِي مَسۡكَنِهِمۡ ءَايَةٌۖ جَنَّتَانِ عَن يَمِينٍ وَشِمَالٍۖ كُلُواْ مِن رِّزۡقِ رَبِّكُمۡ وَٱشۡكُرُواْ لَهُۥۚ بَلۡدَةٌ طَيِّبَةٌ وَرَبٌّ غَفُورٌ ١٥အမှန်စင်စစ် စဗအ်မျိုးနွယ်ဝင်များအတွက် သူတို့၏ ‌နေထိုင်ရာ‌ဒေသ၌ ကြီးကျယ်‌သော သက်‌သေသာဓကရှိခဲ့သည်။ သူတို့မြို့ရွာများ၏ လက်ယာဘက်နှင့် လက်ဝဲဘက်တွင် ဥယျာဉ်နှစ်ခုရှိခဲ့သည်။ (တမန်‌တော်များက တစ်ဆင့်‌ပြောခံခဲ့ရသည်)။ “အသင်တို့သည် အသင်တို့အား ဖန်ဆင်း‌မွေးမြူ‌တော်မူ‌သော အရှင်မြတ်က (‌ပေးသနားထား‌တော်မူ‌သော)စားနပ်ရိက္ခာကို စားသုံးကြပါ။ ထို့ပြင် အသင်တို့သည် အရှင်မြတ်အား ‌ကျေးဇူးတင်ကြပါ။ (အသင်တို့၏မြို့ရွာသည်) ‌ကောင်းမွန်သန့်ပြန့်‌သော မြို့ရွာဖြစ်ပြီး (အသင်တို့၏ အရှင်မြတ်သည်လည်း) အလွန်လွတ်ငြိမ်းချမ်းသာခွင့်‌ပေး‌တော်မူ‌သော ဖန်ဆင်း‌မွေးမြူရှင် ဖြစ်‌တော်မူသည်။ فَأَعۡرَضُواْ فَأَرۡسَلۡنَا عَلَيۡهِمۡ سَيۡلَ ٱلۡعَرِمِ وَبَدَّلۡنَٰهُم بِجَنَّتَيۡهِمۡ جَنَّتَيۡنِ ذَوَاتَيۡ أُكُلٍ خَمۡطٍ وَأَثۡلٍ وَشَيۡءٍ مِّن سِدۡرٍ قَلِيلٍ ١٦ထို့‌နောက် သူတို့သည် (အမိန့်‌တော်ကို) မျက်နှာလွှဲခဲ့သည့်အတွက် ငါအရှင်မြတ်သည် သူတို့အ‌ပေါ်တွင် အရင်မ် ‌ရေကာတာမှ အပြင်းအထန် စီးဆင်းသည့်‌ရေကို လွှတ်‌ပေး‌တော်မူခဲ့သည်။ ထို့ပြင် ငါအရှင်မြတ်သည် သူတို့အား သူတို့၏ ဥယျာဉ်နှစ်ခု၏အစား (အခြား)ဥယျာဉ်နှစ်ခုကို လဲလှယ်‌ပေး‌တော်မူခဲ့သည်။ ထိုနှစ်ခုတွင် ဖန်‌သော၊ ခါး‌သော၊ အရသာမ‌ကောင်း‌သော သစ်သီးဝလံများ၊ အသားမာ‌သော မန်ကျည်းပငများနှင့် ဆီးပင်အနည်းငယ်သာရှိ‌သော ဥယျာဉ်နှစ်ခုဖြစ်ခဲ့သည်။ ذَٰلِكَ جَزَيۡنَٰهُم بِمَا كَفَرُواْۖ وَهَلۡ نُجَٰزِيٓ إِلَّا ٱلۡكَفُورَ ١٧ဤသည်မှာ ငါအရှင်မြတ်သည် သူတို့အား သူတို့၏‌ကျေးဇူးကန်းမှု‌ကြောင့် ‌ပေး‌တော်မူခဲ့‌သော အပြစ်ဒဏ်ဖြစ်သည်။ ထို့ပြင် ငါအရှင်မြတ်သည် အလွန်‌ကျေးဇူးကန်းသည့်သူများကိုသာ အပြစ်‌ပေး‌လေ့ရှိ‌တော်မူသည်။ وَجَعَلۡنَا بَيۡنَهُمۡ وَبَيۡنَ ٱلۡقُرَى ٱلَّتِي بَٰرَكۡنَا فِيهَا قُرًى ظَٰهِرَةً وَقَدَّرۡنَا فِيهَا ٱلسَّيۡرَۖ سِيرُواْ فِيهَا لَيَالِيَ وَأَيَّامًا ءَامِنِينَ ١٨ထို့ပြင် ငါအရှင်မြတ်သည် ထိုသူများနှင့် ငါအရှင်မြတ်က သုခချမ်းသာနှင့် ပြည့်စုံ‌စေ‌တော်မူခဲ့‌သော မြို့ရွာများ၏ကြားတွင် မြင်လွယ်‌သောမြို့ရွာများကို စည်းကား‌စေ‌တော်မူခဲ့သည်။ ထို့ပြင် ငါအရှင်မြတ်သည် ထိုမြို့ရွာများတွင် (‌ခေတ္တ တစ်‌ထောက်နားနိုင်သည့်) ခရီး‌ထောက်များကိုလည်း သတ်မှတ်‌ပေး‌တော်မူခဲ့သည်။ (ထို့ပြင် ငါအရှင်မြတ် မိန့်ကြား‌တော်မူခဲ့သည်)။ အသင်တို့သည် ထိုမြို့ရွာများတွင် အန္တရာယ်မရှိဘဲ ‌နေ့သာမက ညလည်း ခရီးသွားလာကြပါ။ فَقَالُواْ رَبَّنَا بَٰعِدۡ بَيۡنَ أَسۡفَارِنَا وَظَلَمُوٓاْ أَنفُسَهُمۡ فَجَعَلۡنَٰهُمۡ أَحَادِيثَ وَمَزَّقۡنَٰهُمۡ كُلَّ مُمَزَّقٍۚ إِنَّ فِي ذَٰلِكَ لَأٓيَٰتٍ لِّكُلِّ صَبَّارٍ شَكُورٍ ١٩ထို့‌နောက် သူတို့က “အို- ကျွန်ုပ်တို့အား ဖန်ဆင်း‌မွေးမြူ‌တော်မူ‌သောအရှင်မြတ်၊ အရှင်မြတ်သည် ကျွန်ုပ်တို့၏ခရီးလမ်းများကို ‌ဝေးကွာ‌စေ‌တော်မူပါ“ဟု ‌ပြောဆို‌လျှောက်ထားကြသည်။ ထို့ပြင် သူတို့သည် သူတို့ကိုယ်ကိုလည်း နှိပ်စက်ခဲ့ကြသည့်အတွက် ငါအရှင်မြတ်သည် သူတို့(၏အ‌ကြောင်းကို) ယုံတမ်းစကားများအဖြစ် ပြုလုပ်‌တော်မူခဲ့သည်။ ထို့ပြင် ငါအရှင်မြတ်သည် သူတို့အား လုံးဝအစိတ်စိတ်အမြွှာမြွှာ ဖြစ်‌စေ‌တော်မူခဲ့သည်။ အမှန်စင်စစ် ထိုအထဲတွင် အလွန်သည်းခံသည့်၊ အလွန်‌ကျေးဇူးသိတတ်သည့်သူတိုင်းအတွက် သက်‌သေသာဓကများ အမှန်ပင်ရှိသည်။ وَلَقَدۡ صَدَّقَ عَلَيۡهِمۡ إِبۡلِيسُ ظَنَّهُۥ فَٱتَّبَعُوهُ إِلَّا فَرِيقًا مِّنَ ٱلۡمُؤۡمِنِينَ ٢٠ထို့ပြင် အမှန်စင်စစ် အိဗ်လီစ်သည် သူတို့(အာဒမ်၏ သားသမီးများ)နှင့်ပတ်သက်‌သော သူ၏ထင်မြင်ယူဆချက်ကို မှန်ကန်‌ကြောင်း‌တွေ့ရှိခဲ့သည်။ အဘယ့်‌ကြောင့်ဆို‌သော် အီမာန်ယုံကြည်‌သော လူတစ်စုမှလွဲ၍ သူတို့သည် အိဗ်လီစ်၏‌နောက်ကို လိုက်ခဲ့သည့်အတွက်‌ကြောင့်ပင်ဖြစ်သည်။ وَمَا كَانَ لَهُۥ عَلَيۡهِم مِّن سُلۡطَٰنٍ إِلَّا لِنَعۡلَمَ مَن يُؤۡمِنُ بِٱلۡأٓخِرَةِ مِمَّنۡ هُوَ مِنۡهَا فِي شَكٍّۗ وَرَبُّكَ عَلَىٰ كُلِّ شَيۡءٍ حَفِيظٌ ٢١ထို့ပြင် ထိုအိဗ်လီစ်သည် သူတို့အ‌ပေါ်တွင် လွှမ်းမိုးနိုင်ခဲ့ခြင်းမှာ ငါအရှင်မြတ်က တမလွန်ဘဝကို ယုံကြည်သူများအား ထိုတမလွန်ဘဝနှင့်ပတ်သက်ပြီး သံသယရှိသူများနှင့် ခွဲခြားသိ‌တော်မူရန်အတွက်ပင် ဖြစ်ခဲ့သည်။* ထို့ပြင် အသင့်အား ဖန်ဆင်း‌မွေးမြူ‌တော်မူ‌သောအရှင်မြတ်သည် အရာအားလုံးကို ထိန်းသိမ်း‌စောင့်‌ရှောက်‌တော်မူ‌သော အရှင်မြတ်ပင် ဖြစ်‌တော်မူသည်။ قُلِ ٱدۡعُواْ ٱلَّذِينَ زَعَمۡتُم مِّن دُونِ ٱللَّهِ لَا يَمۡلِكُونَ مِثۡقَالَ ذَرَّةٍ فِي ٱلسَّمَٰوَٰتِ وَلَا فِي ٱلۡأَرۡضِ وَمَا لَهُمۡ فِيهِمَا مِن شِرۡكٍ وَمَا لَهُۥ مِنۡهُم مِّن ظَهِيرٍ ٢٢(အို- တမန်‌တော်)အသင်‌ပြောလိုက်ပါ- အသင်တို့သည် အလ္လာဟ်အရှင်မြတ်မှလွဲ၍ အသင်တို့ ထင်မှတ်ကိုးကွယ်ခဲ့ကြသည့်သူများကို ဟစ်‌ခေါ်ကြပါ။ သူတို့သည် မိုး‌ကောင်းကင်များနှင့် ‌မြေပထဝီတွင် နှမ်း‌စေ့မျှပင် ပိုင်ဆိုင်ကြသည်မဟုတ်‌ပေ။ ထို့ပြင် ထိုနှစ်ခု၌ သူတို့၏ဖက်စပ်ပါဝင်မှုလည်း လုံးဝမရှိ‌ပေ။ ထို့ပြင် သူတို့ထဲမှ အရှင်မြတ်အား ရိုင်းပင်းကူညီသူလည်း မည်သူမျှမရှိ‌ပေ။ وَلَا تَنفَعُ ٱلشَّفَٰعَةُ عِندَهُۥٓ إِلَّا لِمَنۡ أَذِنَ لَهُۥۚ حَتَّىٰٓ إِذَا فُزِّعَ عَن قُلُوبِهِمۡ قَالُواْ مَاذَا قَالَ رَبُّكُمۡۖ قَالُواْ ٱلۡحَقَّۖ وَهُوَ ٱلۡعَلِيُّ ٱلۡكَبِيرُ ٢٣ထို့ပြင် အရှင်မြတ်ထံ‌တော်တွင် အရှင်မြတ်ခွင့်ပြု‌တော်မူ‌သောသူမှလွဲ၍ အခြားမည်သူ၏ ကြားဝင်အသနားခံ‌ပေးမှုမှ အကျိုးရှိမည်မဟုတ်‌ပေ။ ‌နောက်ဆုံးတွင် ‌ကြောက်ရွံ့ထိတ်လန့်မှုသည် သူတို့၏စိတ်နှလုံးများထဲမှ ပ‌ပျောက်သွားသည့်အခါ “အသင်တို့အား ဖန်ဆင်း‌မွေးမြူ‌တော်မူ‌သော အရှင်မြတ်သည် မည်သည့်အရာကို မိန့်ကြား‌တော်မူလိုက်ပါသနည်း“ဟု (သူတို့အချင်းချင်း)‌မေးမြန်းကြမည်။ သူတို့က အမှန်ကို (မိန့်ကြား‌တော်မူခြင်းဖြစ်သည်)ဟု ‌ဖြေကြားကြမည်။* ထို့ပြင် အရှင်မြတ်သည် အလွန်မြင့်မား‌တော်မူ‌သောအရှင်၊ အလွန်ကြီးကျယ် ထူးကဲမြင့်မြတ်‌တော်မူ‌သောအရှင်ဖြစ်‌တော်မူသည်။ ۞ قُلۡ مَن يَرۡزُقُكُم مِّنَ ٱلسَّمَٰوَٰتِ وَٱلۡأَرۡضِۖ قُلِ ٱللَّهُۖ وَإِنَّآ أَوۡ إِيَّاكُمۡ لَعَلَىٰ هُدًى أَوۡ فِي ضَلَٰلٍ مُّبِينٍ ٢٤(အို- တမန်‌တော်)အသင်‌ပြောလိုက်ပါ- မိုး‌ကောင်းကင်များနှင့် ‌မြေပထဝီမှ အသင်တို့အား မည်သူက စားနပ်ရိက္ခာ‌ပေးသနည်း။ (အို- တမန်‌တော်)အသင်ကပင်‌ပြောလိုက်ပါ- အလ္လာဟ်အရှင်မြတ်သည်ပင် ‌ပေးသနား‌တော်မူသည်။ ထို့ပြင် အမှန်စင်စစ် ငါတို့သည် သို့မဟုတ် အသင်တို့သည် တရားလမ်းမှန်‌ပေါ်တွင် သို့မဟုတ် ထင်ရှား‌သော လမ်းမှားမှုတွင် ရှိကြသည်။ قُل لَّا تُسۡـَٔلُونَ عَمَّآ أَجۡرَمۡنَا وَلَا نُسۡـَٔلُ عَمَّا تَعۡمَلُونَ ٢٥(အို- တမန်‌တော်)အသင်‌ပြောလိုက်ပါ- အသင်တို့သည် ငါတို့ကျူးလွန်ခဲ့‌သော ပြစ်မှုများနှင့်ပတ်သက်၍ စစ်‌ဆေးခြင်းခံကြရမည် မဟုတ်‌ပေ။ ငါတို့လည်း အသင်တို့ ပြုလုပ်ခဲ့သည်များနှင့်ပတ်သက်ပြီး စစ်‌ဆေးခြင်းခံကြရမည် မဟုတ်‌ပေ။ قُلۡ يَجۡمَعُ بَيۡنَنَا رَبُّنَا ثُمَّ يَفۡتَحُ بَيۡنَنَا بِٱلۡحَقِّ وَهُوَ ٱلۡفَتَّاحُ ٱلۡعَلِيمُ ٢٦(အို- တမန်‌တော်)အသင်‌ပြောလိုက်ပါ- ငါတို့အား ဖန်ဆင်း‌မွေးမြူ‌တော်မူ‌သောအရှင်မြတ်သည် ငါတို့အား (ကိယာမသ်‌နေ့တွင်) စုရုံး‌စေ‌တော်မူမည်။ ထို့‌နောက် အရှင်မြတ်သည် ငါတို့၏ကြားတွင် မှန်ကန်စွာ စီရင်ဆုံးဖြတ်‌တော်မူမည်။ ထို့ပြင် အရှင်မြတ်သည် အလွန်မှန်ကန်စွာ စီရင်ဆုံးဖြတ်‌တော်မူ‌သောအရှင်၊ အကြွင်းမဲ့သိ‌တော်မူ‌သောအရှင်မြတ် ဖြစ်‌တော်မူသည်။ قُلۡ أَرُونِيَ ٱلَّذِينَ أَلۡحَقۡتُم بِهِۦ شُرَكَآءَۖ كـَلَّاۚ بَلۡ هُوَ ٱللَّهُ ٱلۡعَزِيزُ ٱلۡحَكِيمُ ٢٧(အို- တမန်‌တော်)အသင်‌ပြောလိုက်ပါ- အသင်တို့သည် တွဲဖက်များအဖြစ် အရှင်မြတ်နှင့် ဖက်စပ်ကိုးကွယ်ခဲ့ကြသည့်သူများကို ငါ့အား ပြကြပါ။ ထိုသို့မဟုတ်၊ အမှန်စင်စစ် ကိုးကွယ်ရာအစစ်ဖြစ်‌သော အရှင်မြတ်သည် တန်ခိုး‌တော်နှင့် အလွန်လွှမ်းမိုး‌တော်မူ‌သောအရှင်၊ ပညာဉာဏ်အ‌မြော်အမြင်နှင့် အလွန်ပြည့်စုံ‌တော်မူ‌သော အလ္လာဟ်အရှင်မြတ်ပင် ဖြစ်‌တော်မူသည်။ وَمَآ أَرۡسَلۡنَٰكَ إِلَّا كَآفَّةً لِّلنَّاسِ بَشِيرًا وَنَذِيرًا وَلَٰكِنَّ أَكۡثَرَ ٱلنَّاسِ لَا يَعۡلَمُونَ ٢٨ထို့ပြင် ငါအရှင်မြတ်သည် အသင့်အား လူအားလုံးအတွက် ဝမ်း‌မြောက်ဖွယ်သတင်း‌ပြောကြားသူအဖြစ်နှင့် သတိ‌ပေးနှိုး‌ဆော်သူအဖြစ် ‌စေလွှတ်‌တော်မူခဲ့သည်။* သို့ရာတွင် လူအများစုသည် မသိနားမလည်ကြ‌ပေ။ وَيَقُولُونَ مَتَىٰ هَٰذَا ٱلۡوَعۡدُ إِن كُنتُمۡ صَٰدِقِينَ ٢٩ထို့ပြင် သူတို့က “အကယ်၍ အသင်တို့သည် မှန်ကန်သည့်သူများဖြစ်ခဲ့လျှင် ဤချိန်းဆိုချက်သည် မည်သည့်အခါ ဖြစ်မည်နည်း“ဟု (‌ပြောဆို)‌မေးမြန်းကြသည်။ قُل لَّكُم مِّيعَادُ يَوۡمٍ لَّا تَسۡتَـٔۡخِرُونَ عَنۡهُ سَاعَةً وَلَا تَسۡتَقۡدِمُونَ ٣٠(အို- တမန်‌တော်)အသင်‌ပြောလိုက်ပါ- အသင်တို့အား ချိန်းဆိုထားသည့်‌နေ့သည် သတ်မှတ်ထားပြီးသည့်‌နေ့ပင် ဖြစ်သည်။ အသင်တို့သည် ထို‌နေ့မှ အချိန်အနည်းငယ် ‌နောက်ဆုတ်နိုင်ကြမည်လည်း မဟုတ်‌ပေ၊ ‌ရှေ့တိုုးနိုင်ကြမည်လည်း မဟုတ်‌ပေ။ وَقَالَ ٱلَّذِينَ كَفَرُواْ لَن نُّؤۡمِنَ بِهَٰذَا ٱلۡقُرۡءَانِ وَلَا بِٱلَّذِي بَيۡنَ يَدَيۡهِۗ وَلَوۡ تَرَىٰٓ إِذِ ٱلظَّٰلِمُونَ مَوۡقُوفُونَ عِندَ رَبِّهِمۡ يَرۡجِعُ بَعۡضُهُمۡ إِلَىٰ بَعۡضٍ ٱلۡقَوۡلَ يَقُولُ ٱلَّذِينَ ٱسۡتُضۡعِفُواْ لِلَّذِينَ ٱسۡتَكۡبَرُواْ لَوۡلَآ أَنتُمۡ لَكُنَّا مُؤۡمِنِينَ ٣١ထို့ပြင် ကာဖိရ်များက “ကျွန်ုပ်တို့သည် ဤကုရ်အာန်ကျမ်း‌တော်မြတ်နှင့် ၎င်းမတိုင်မီက ကျမ်းများအား လုံဝ ယုံကြည်ကြမည်မဟုတ်‌ပေ“ဟု ‌ပြောဆိုကြသည်။ ထို့ပြင် မတရားကျူးလွန်သူများသည် သူတို့အား ဖန်ဆင်း‌မွေးမြူ‌တော်မူ‌သော အရှင်မြတ်၏‌ရှေ့‌မှောက်တွင် မတ်တတ်ရပ်‌စေခြင်းခံရပြီး အချင်းချင်း တစ်ဦးအ‌ပေါ်တစ်ဦး အပြစ်ပုံချသည်ကို အသင်မြင်ရလျှင် အဘယ်မျှ အံ့ဩလိုက်မည်နည်း။ (ထိုအခါ) ‌နောက်လိုက်များက အကြီးအကဲများအား “အကယ်၍သာ အသင်တို့မရှိခဲ့ကြလျှင် ကျွန်ုပ်တို့သည် အမှန်ပင် အီမာန်ယုံကြည်သူများဖြစ်ကြလိမ့်မည်“ဟု ‌ပြောဆိုကြမည်။ قَالَ ٱلَّذِينَ ٱسۡتَكۡبَرُواْ لِلَّذِينَ ٱسۡتُضۡعِفُوٓاْ أَنَحۡنُ صَدَدۡنَٰكُمۡ عَنِ ٱلۡهُدَىٰ بَعۡدَ إِذۡ جَآءَكُمۖ بَلۡ كُنتُم مُّجۡرِمِينَ ٣٢(ထိုအခါ) အကြီးအကဲများက ‌နောက်လိုက်များအား ‌ပြောဆိုကြမည်။ “အသင်တို့ထံသို့ တရားလမ်းမှန်‌ရောက်လာပြီး‌နောက် ကျွန်ုပ်တို့သည် အသင်တို့အား ထိုတရားလမ်းမှန်မှ ပိတ်ပင်ခဲ့သ‌လော။ ထိုသို့မဟုတ်၊ အမှန်စင်စစ် အသင်တို့ပင် အပြစ်ကျူးလွန်သူများ ဖြစ်ခဲ့ကြသည်။“ وَقَالَ ٱلَّذِينَ ٱسۡتُضۡعِفُواْ لِلَّذِينَ ٱسۡتَكۡبَرُواْ بَلۡ مَكۡرُ ٱلَّيۡلِ وَٱلنَّهَارِ إِذۡ تَأۡمُرُونَنَآ أَن نَّكۡفُرَ بِٱللَّهِ وَنَجۡعَلَ لَهُۥٓ أَندَادًاۚ وَأَسَرُّواْ ٱلنَّدَامَةَ لَمَّا رَأَوُاْ ٱلۡعَذَابَۚ وَجَعَلۡنَا ٱلۡأَغۡلَٰلَ فِيٓ أَعۡنَاقِ ٱلَّذِينَ كَفَرُواْۖ هَلۡ يُجۡزَوۡنَ إِلَّا مَا كَانُواْ يَعۡمَلُونَ ٣٣ထို့ပြင် ‌နောက်လိုက်များက အကြီးအကဲများအား ‌ပြောဆိုကြမည်- “ထိုသို့မဟုတ်‌ပေ၊ အမှန်စင်စစ် ‌နေ့ည (အသင်တို့ကြံစည်‌နေကြသည့်) အကြံအစည်များကပင် (ပိတ်ပင်ခဲ့ခြင်းဖြစ်သည်)။ ထိုစဉ်က ကျွန်ုပ်တို့သည် အလ္လာဟ်အရှင်မြတ်အား မယုံကြည်ရန်နှင့် ကျွန်ုပ်တို့သည် အရှင်မြတ်နှင့် ဂုဏ်ရည်တူများပြုလုပ်ကြရန်အတွက် အသင်တို့သည် ကျွန်ုပ်တို့အား အမိန့်‌ပေးလျက်ရှိခဲ့ကြသည်။“ ထို့ပြင် သူတို့သည် အပြစ်ဒဏ်ကို မြင်သည့်အခါ (သူတို့၏)‌နောင်တရမှုကို လျှို့ဝှက်ထားကြမည်။ ထို့ပြင် ငါအရှင်မြတ်သည် ကာဖိရ်များ၏လည်ကုတ်များတွင် လည်ထိပ်*များ စွပ်‌ပေး‌တော်မူမည်။ သူတို့သည် သူတို့ပြုလုပ်ခဲ့ကြသည်များမှလွဲ၍ အစား‌ပေးခြင်း ခံကြရမည်မဟုတ်‌ပေ။ وَمَآ أَرۡسَلۡنَا فِي قَرۡيَةٍ مِّن نَّذِيرٍ إِلَّا قَالَ مُتۡرَفُوهَآ إِنَّا بِمَآ أُرۡسِلۡتُم بِهِۦ كَٰفِرُونَ ٣٤ထို့ပြင် ငါအရှင်မြတ်သည် မည်သည့်မြို့ရွာကိုမဆို သတိ‌ပေးနှိုး‌ဆော်သူ တစ်ပါးပါး‌စေလွှတ်‌တော်မူသည့်အခါ ထိုမြို့ရွာမှ စည်းစိမ်ရှင်များက “အမှန်စင်စစ် ကျွန်ုပ်တို့သည် အသင်တို့အား‌ပေးပြီး ‌စေလွှတ်ခြင်းခံကြရသည့်အရာ (သာသနာ)ကို ငြင်းပယ်သူများပင်ဖြစ်ကြသည်“ဟု ‌ပြောဆိုခဲ့ကြသည်ချည်းပင်ဖြစ်သည်။ وَقَالُواْ نَحۡنُ أَكۡثَرُ أَمۡوَٰلًا وَأَوۡلَٰدًا وَمَا نَحۡنُ بِمُعَذَّبِينَ ٣٥ထို့ပြင် သူတို့က “ကျွန်ုပ်တို့သည် ပစ္စည်းဥစ္စာနှင့်သားသမီးများ (အသင်တို့ထက်)‌ပေါများကြွယ်ဝသည်။ ၎င်းပြင် ကျွန်ုပ်တို့သည် ပြစ်ဒဏ်‌ပေးခြင်းခံကြရမည့်သူများ မဟုတ်‌ပေ“ဟု ‌ပြောဆိုခဲ့ကြသည်။ قُلۡ إِنَّ رَبِّي يَبۡسُطُ ٱلرِّزۡقَ لِمَن يَشَآءُ وَيَقۡدِرُ وَلَٰكِنَّ أَكۡثَرَ ٱلنَّاسِ لَا يَعۡلَمُونَ ٣٦(အို- တမန်‌တော်)အသင်‌ပြောလိုက်ပါ- အမှန်စင်စစ် ငါ့အား ဖန်ဆင်း‌မွေးမြူ‌တော်မူ‌သောအရှင်မြတ်သည် အရှင်မြတ်အလိုရှိသည့်သူကို စားနပ်ရိက္ခာ ကျယ်ဝန်း‌စေ‌တော်မူပြီး (အရှင်မြတ်အလိုရှိသည့်သူကို) ကျပ်တည်း‌စေ‌တော်မူသည်။ သို့ရာတွင် လူအများစုသည် မသိကြ‌ပေ။ وَمَآ أَمۡوَٰلُكُمۡ وَلَآ أَوۡلَٰدُكُم بِٱلَّتِي تُقَرِّبُكُمۡ عِندَنَا زُلۡفَىٰٓ إِلَّا مَنۡ ءَامَنَ وَعَمِلَ صَٰلِحًا فَأُوْلَٰٓئِكَ لَهُمۡ جَزَآءُ ٱلضِّعۡفِ بِمَا عَمِلُواْ وَهُمۡ فِي ٱلۡغُرُفَٰتِ ءَامِنُونَ ٣٧ထို့ပြင် အသင်တို့၏ ပစ္စည်းဥစ္စာများနှင့် အသင်တို့၏သားသမီးများသည် အသင်တို့အား မည်သည့်‌နေရာတွင်မှ ငါအရှင်မြတ်ထံ‌တော်သို့ နီးကပ်‌စေသည့်အရာများ မဟုတ်‌ပေ။ သို့ရာတွင် မည်သူမဆို အီမာန်ယုံကြည်ပြီး ‌ကောင်းမြတ်‌သောလုပ်ရပ်များကို ပြုလုပ်ခဲ့လျှင် ထိုသူများအတွက် သူတို့ပြုလုပ်ခဲ့သည့်လုပ်ရပ်များ‌ကြောင့် သာပိုတိုးပွားမည့်အစားရရှိမည့်အပြင် သူတို့သည် မြင့်မားသည့်အ‌ဆောင်များတွင် ငြိမ်းချမ်းစွား ‌နေထိုင်ကြရမည်ဖြစ်သည်။ وَٱلَّذِينَ يَسۡعَوۡنَ فِيٓ ءَايَٰتِنَا مُعَٰجِزِينَ أُوْلَٰٓئِكَ فِي ٱلۡعَذَابِ مُحۡضَرُونَ ٣٨ထို့ပြင် ငါအရှင်မြတ်၏အာယသ်‌တော်များကို ‌ပျောက်ပျက်‌အောင် ကြိုးပမ်း‌နေကြသည့်သူများကမူ သူတို့ပင် ပြစ်ဒဏ်တွင် အသင့်‌ရောက်ရှိ‌စေခြင်း ခံကြရမည့်သူများပင် ဖြစ်ကြသည်။ قُلۡ إِنَّ رَبِّي يَبۡسُطُ ٱلرِّزۡقَ لِمَن يَشَآءُ مِنۡ عِبَادِهِۦ وَيَقۡدِرُ لَهُۥۚ وَمَآ أَنفَقۡتُم مِّن شَيۡءٍ فَهُوَ يُخۡلِفُهُۥۖ وَهُوَ خَيۡرُ ٱلرَّٰزِقِينَ ٣٩(အို- တမန်‌တော်)အသင်‌ပြောလိုက်ပါ- အမှန်စင်စစ် ငါ့အား ဖန်ဆင်း‌မွေးမြူ‌တော်မူ‌သောအရှင်မြတ်သည် အရှင်မြတ်၏ကျွန်များထဲမှ အရှင်မြတ်အလိုရှိသည့်သူကို စားနပ်ရိက္ခာ ကျယ်ဝန်း‌စေ‌တော်မူပြီး (အရှင်မြတ်အလိုရှိ‌တော်မူ‌သောသူကို) ကျပ်တည်း‌စေ‌တော်မူသည်။ ထို့ပြင် အသင်တို့သည် မည်သည့်အရာကိုမဆို သုံးစွဲလှူဒါန်းခဲ့ကြလျှင် အရှင်မြတ်သည် ၎င်း၏အစားကို ‌ပေး‌တော်မူမည်ဖြစ်သည်။ ထို့ပြင် အရှင်မြတ်သည် စားနပ်ရိက္ခာ‌ပေးသနားသူများထဲတွင် အ‌ကောင်းဆုံးပင်ဖြစ်‌တော်မူသည်။ وَيَوۡمَ يَحۡشُرُهُمۡ جَمِيعًا ثُمَّ يَقُولُ لِلۡمَلَٰٓئِكَةِ أَهَٰٓؤُلَآءِ إِيَّاكُمۡ كَانُواْ يَعۡبُدُونَ ٤٠ထို့ပြင် ထို‌နေ့တွင် အရှင်မြတ်သည် သူတို့အားလုံးကို စုရုံး‌စေ‌တော်မူပြီး‌နောက် ‌ကောင်းကင်တမန်များအား “ဤသူများသည် အသင်တို့အား ကိုးကွယ်ခဲ့ကြသ‌လော“ဟု ‌မေးမြန်း‌တော်မူမည်။ قَالُواْ سُبۡحَٰنَكَ أَنتَ وَلِيُّنَا مِن دُونِهِمۖ بَلۡ كَانُواْ يَعۡبُدُونَ ٱلۡجِنَّۖ أَكۡثَرُهُم بِهِم مُّؤۡمِنُونَ ٤١‌ကောင်းကင်တမန်များက ‌ပြောဆိုကြလိမ့်မည်- အရှင်မြတ်သည် သန့်ပြန့်စင်ကြယ်‌တော်မူပါသည်။ ကျွန်ုပ်တို့သည် အရှင်မြတ်နှင့်သာ ပတ်သက်ကြပါသည်။ သူတို့နှင့် ပတ်သက်မှုမရှိကြပါ။ အမှန်စင်စစ် သူတို့သည် ဂျင်န်များကိုပင် ကိုးကွယ်ခဲ့ကြသည်ဖြစ်ပါသည်။ သူတို့ထဲမှ အများစုသည် ဂျင်န်များကိုပင် ယုံကြည်သူများဖြစ်ခဲ့ကြပါသည်။ فَٱلۡيَوۡمَ لَا يَمۡلِكُ بَعۡضُكُمۡ لِبَعۡضٍ نَّفۡعًا وَلَا ضَرًّا وَنَقُولُ لِلَّذِينَ ظَلَمُواْ ذُوقُواْ عَذَابَ ٱلنَّارِ ٱلَّتِي كُنتُم بِهَا تُكَذِّبُونَ ٤٢သို့ဖြစ်ရာ ယ‌နေ့မူ အသင်တို့ထဲမှ အချို့သည် အချို့အား အကျိုးပြုရန်နှင့် အကျိုးယုတ်‌စေရန် ပိုင်ဆိုင်ခွင့်မရှိ‌တော့‌ပေ။ ထို့ပြင် ငါအရှင်မြတ်သည် မတရားသူများအား “အသင်တို့သည် မဟုတ်မမှန်ဟု စွပ်စွဲငြင်းပယ်ခဲ့ကြ‌သော ငရဲမီး၏ပြစ်ဒဏ်ကို မြည်းစမ်းကြ“ဟု မိန့်ကြား‌တော်မူမည်ဖြစ်သည်။ وَإِذَا تُتۡلَىٰ عَلَيۡهِمۡ ءَايَٰتُنَا بَيِّنَٰتٍ قَالُواْ مَا هَٰذَآ إِلَّا رَجُلٌ يُرِيدُ أَن يَصُدَّكُمۡ عَمَّا كَانَ يَعۡبُدُ ءَابَآؤُكُمۡ وَقَالُواْ مَا هَٰذَآ إِلَّآ إِفۡكٌ مُّفۡتَرًىۚ وَقَالَ ٱلَّذِينَ كَفَرُواْ لِلۡحَقِّ لَمَّا جَآءَهُمۡ إِنۡ هَٰذَآ إِلَّا سِحۡرٌ مُّبِينٌ ٤٣ထို့ပြင် ငါအရှင်မြတ်၏ထင်ရှား‌သော အာယသ်‌တော်များသည် သူတို့၏‌ရှေ့၌ ဖတ်ကြားခြင်းခံကြရသည့်အခါ သူတို့က “ဤသူသည် အသင်တို့အား အသင်တို့၏ အဘ၊ ဘိုး၊ ‌ဘေးတို့ကိုးကွယ်‌နေခဲ့ကြ‌သော ကိုးကွယ်ရာများမှ ပိတ်ပင်တားဆီးချင်သည့်သူတစ်ဦးပင်ဖြစ်သည်“ဟု ‌ပြောဆိုခဲ့ကြသည့်အပြင် “ဤကုရ်အာန်သည် လုပ်ကြံဖန်တီးထား‌သော မုသားတစ်ခုပင်ဖြစ်သည်“ဟုလည်း ‌ပြောဆိုခဲ့ကြသည်။ ထို့ပြင် ကာဖိရ်များက သူတို့ထံသို့ အမှန်တရား ‌ရောက်ရှိလာသည့်အခါ ထိုအမှန်တရားကို “ဤသည် ထင်ရှား‌သော ‌မှော်အတတ်ပညာတစ်ခုပင်ဖြစ်သည်“ဟု ‌ပြောဆိုကြသည်။ وَمَآ ءَاتَيۡنَٰهُم مِّن كُتُبٍ يَدۡرُسُونَهَاۖ وَمَآ أَرۡسَلۡنَآ إِلَيۡهِمۡ قَبۡلَكَ مِن نَّذِيرٍ ٤٤ထို့ပြင် ငါအရှင်မြတ်သည် သူတို့အား ကျမ်းဂန်များ ‌ပေးသနား‌တော်မူခဲ့သည် မဟုတ်‌ပေ။ သူတို့သည် ထိုကျမ်းဂန်များကို ဖတ်ရွတ်သင်ကြား‌နေခဲ့ကြသည်လည်း မဟုတ်‌ပေ။ ထို့ပြင် ငါအရှင်မြတ်သည် အသင်၏မတိုင်မီ သူတို့ထံသို့ သတိ‌ပေးနှိုး‌ဆော်သူတစ်ဦးဦး ‌စေလွှတ်‌တော်မူခဲ့သည်လည်း မဟုတ်‌ပေ။ وَكَذَّبَ ٱلَّذِينَ مِن قَبۡلِهِمۡ وَمَا بَلَغُواْ مِعۡشَارَ مَآ ءَاتَيۡنَٰهُمۡ فَكَذَّبُواْ رُسُلِيۖ فَكَيۡفَ كَانَ نَكِيرِ ٤٥ထို့ပြင် သူတို့မတိုင်မီသူများကလည်း မဟုတ်မမှန်ဟုပင် စွပ်စွဲငြင်းပယ်ခဲ့ကြသည်ဖြစ်သည်။ ထို့ပြင် ဤသူများသည် ယခင်ကသူများအား ငါအရှင်မြတ်‌ပေး‌တော်မူခဲ့သည်များ၏ ဆယ်ပုံတစ်ပုံပင် ရရှိ‌သေးသည်မဟုတ်‌ပေ။ ထို့ပြင် ထိုသူများသည် ငါအရှင်မြတ်၏တမန်‌တော်များအား မဟုတ်မမှန် စွပ်စွဲငြင်းပယ်ခဲ့ကြသည့်အတွက် ငါအရှင်မြတ်၏ပြစ်ဒဏ်သည် မည်သို့ရှိခဲ့သနည်း။ ۞ قُلۡ إِنَّمَآ أَعِظُكُم بِوَٰحِدَةٍۖ أَن تَقُومُواْ لِلَّهِ مَثۡنَىٰ وَفُرَٰدَىٰ ثُمَّ تَتَفَكَّرُواْۚ مَا بِصَاحِبِكُم مِّن جِنَّةٍۚ إِنۡ هُوَ إِلَّا نَذِيرٌ لَّكُم بَيۡنَ يَدَيۡ عَذَابٍ شَدِيدٍ ٤٦(အို- တမန်‌တော်)အသင်‌ပြောလိုက်ပါ- “ငါသည် အသင်တို့အား ကိစ္စတစ်ခုကိုသာ ဆုံးမလိုသည်။ အသင်တို့သည် အလ္လာဟ်အရှင်မြတ်အားရည်ရွယ်ပြီး တစ်ဦးစီ၊နှစ်ဦးစီထ၍ အသင်တို့၏အ‌ဖော်ဖြစ်သူ(ငါ့)တွင် ရူးသွပ်ခြင်း‌ဝေဒနာ ရှိပါ၏‌လော“ဟု စဉ်းစားဆင်ခြင်ကြပါ။ ထိုအသင်တို့ရဲ့အ‌ဖော်ဖြစ်သူ(ငါ)သည် အသင်တို့ကို ပြင်းထန်သည့်ပြစ်ဒဏ်မ‌ရောက်ခင်(ကြိုတင်)သတိ‌ပေးနှိုး‌ဆော်သူတစ်ဦးသာဖြစ်သည်။ قُلۡ مَا سَأَلۡتُكُم مِّنۡ أَجۡرٍ فَهُوَ لَكُمۡۖ إِنۡ أَجۡرِيَ إِلَّا عَلَى ٱللَّهِۖ وَهُوَ عَلَىٰ كُلِّ شَيۡءٍ شَهِيدٌ ٤٧(အို- တမန်‌တော်)အသင်‌ပြောလိုက်ပါ- “ငါသည် အသင်တို့ထံတွင် (အကျိုး)တစ်စုံတစ်ရာ‌တောင်းခဲ့လျှင် ထိုအကျိုးသည် အသင်တို့ထံ၌သာ ရှိပါ‌စေ။ အဘယ့်‌ကြောင့်ဆို‌သော် ငါ၏အကျိုးသည် အလ္လာဟ်အရှင်မြတ်အ‌ပေါ်၌သာ တာဝန်ရှိသည့်အတွက်‌ကြောင့်ဖြစ်သည်။ ထို့ပြင် အရှင်မြတ်သည် အရာအားလုံးအ‌ပေါ်တွင် မျက်‌မှောက်အသိသက်‌သေ ဖြစ်‌နေ‌တော်မူသည့်‌သောအရှင် ဖြစ်‌တော်မူသည်။“ قُلۡ إِنَّ رَبِّي يَقۡذِفُ بِٱلۡحَقِّ عَلَّٰمُ ٱلۡغُيُوبِ ٤٨(အို- တမန်‌တော်)အသင်‌ပြောလိုက်ပါ- “အမှန်စင်စစ် ငါ့အား ဖန်ဆင်း‌မွေးမြူ‌တော်မူ‌သော အရှင်မြတ်သည် (အမှားကို) အမှန်တရားနှင့် နှိမ်နှင်း‌တော်မူသည်။ အကွယ်၌ရှိသမျှကို အလွန်သိရှိ‌တော်မူ‌သော အရှင်မြတ်လည်း ဖြစ်‌တော်မူသည်။“ قُلۡ جَآءَ ٱلۡحَقُّ وَمَا يُبۡدِئُ ٱلۡبَٰطِلُ وَمَا يُعِيدُ ٤٩(အို- တမန်‌တော်)အသင်‌ပြောလိုက်ပါ- “အမှန်တရားသည် ‌ရောက်ရှိလာပြီဖြစ်သည်။ ထို့ပြင် အမှားသည် (မည်သည့်အရာတစ်ခုမျှ) ဖြစ်‌ပေါ်‌စေနိုင်သည်လည်း မဟုတ်‌ပေ။ ထို့ပြင် (မည်သည့်အရာတစ်ခုမျှ) ပြန်ယူလာနိုင်သည်လည်းမဟုတ်‌ပေ။ (အမှားသည် ချည့်နဲ့သွားသည်သာမက ‌နောက်တစ်ကြိမ်လည်း မည်သည့်အရာမျှ ပြန်လုပ်မနိုင်‌တော့‌ပေ)။“ قُلۡ إِن ضَلَلۡتُ فَإِنَّمَآ أَضِلُّ عَلَىٰ نَفۡسِيۖ وَإِنِ ٱهۡتَدَيۡتُ فَبِمَا يُوحِيٓ إِلَيَّ رَبِّيٓۚ إِنَّهُۥ سَمِيعٌ قَرِيبٌ ٥٠(အို- တမန်‌တော်)အသင်‌ပြောလိုက်ပါ- “အကယ်၍ ငါသည် လမ်းမှားခဲ့လျှင်၊ ငါသည် င့ါကိုယ်ငါ ဆန့်ကျင်၍ပင် လမ်းမှားခဲ့ခြင်းဖြစ်မည်။ (ငါ၏အမှားကို ငါသာလျှင်ခံရမည်)။ သို့ရာတွင် အကယ်၍ ငါသည် လမ်းမှန်ခဲ့လျှင်လည်း ငါ့အား ဖန်ဆင်း‌မွေးမြူ‌တော်မူ‌သောအရှင်မြတ်က ငါ၏ထံသို့ ဝဟီအမိန့်‌တော် ချ‌ပေး‌တော်မူခြင်း‌ကြောင့်ပင်ဖြစ်သည်။ အမှန်စင်စစ် အရှင်မြတ်သည် အကြွင်းမဲ့ကြားသိ‌တော်မူ‌သော အလွန်နီးကပ်စွာရှိ‌တော်မူ‌သော အရှင်မြတ်ပင်ဖြစ်‌တော်မူသည်။“ وَلَوۡ تَرَىٰٓ إِذۡ فَزِعُواْ فَلَا فَوۡتَ وَأُخِذُواْ مِن مَّكَانٍ قَرِيبٍ ٥١ထို့ပြင် အကယ်၍ အသင်သည် သူတို့ ထိတ်လန့်‌ကြောက်ရွံ့‌နေသည့်အခါတွင် ‌တွေ့မြင်ရလျှင် ‌ကောင်း‌လေစွ။ ထိုအခါ သူတို့သည် ထွက်‌ပြေးစရာလမ်းမရှိ‌တော့ဘဲ အနီးမှကပ်ပြီး အဖမ်းခံလိုက်ရ‌တော့မည်ပင်ဖြစ်သည်။ وَقَالُوٓاْ ءَامَنَّا بِهِۦ وَأَنَّىٰ لَهُمُ ٱلتَّنَاوُشُ مِن مَّكَانِۭ بَعِيدٍ ٥٢ထို့‌နောက် သူတို့က “ကျွန်ုပ်တို့သည် ထိုအရာကို ယုံကြည်ကြပါပြီ“ဟု ‌ပြောဆိုကြမည်။ ထို့ပြင် သူတို့သည် ဤမျှ‌ဝေးလံသည့်‌နေရာမှ (အီမာန်)မည်သို့ ရယူနိုင်ကြမည်နည်း။ وَقَدۡ كَفَرُواْ بِهِۦ مِن قَبۡلُۖ وَيَقۡذِفُونَ بِٱلۡغَيۡبِ مِن مَّكَانِۭ بَعِيدٍ ٥٣ထို့ပြင် အမှန်စင်စစ် သူတို့သည် ယခင်ကတည်းက ထိုအရာကို ငြင်းပယ်‌နေခဲ့ကြသည်သာမက မသိဘဲနှင့် အ‌ဝေးမှ ရမ်းဆ‌ပြောဆို စွပ်စွဲ‌နေခဲ့ကြသည်ဖြစ်သည်။ وَحِيلَ بَيۡنَهُمۡ وَبَيۡنَ مَا يَشۡتَهُونَ كَمَا فُعِلَ بِأَشۡيَاعِهِم مِّن قَبۡلُۚ إِنَّهُمۡ كَانُواْ فِي شَكٍّ مُّرِيبِۭ ٥٤ထို့ပြင် (ထို‌နေ့တွင်) ယခင်က သူတို့ကဲ့သို့သူများကို ပြုလုပ်ခဲ့သည့်နည်းသူပင် သူတို့နှင့် သူတို့လိုလားသည့်အရာများ၏ကြား၌ အကာအဆီးတစ်ခု ပြုလုပ်ခြင်းခံရမည်ဖြစ်သည်။ အမှန်စင်စစ် သူတို့သည် ယုံမှားမှုဖြစ်‌စေ‌သော သံသယထဲ၌ပင် ရှိ‌နေခဲ့ကြသည်ဖြစ်သည်။

الترجمة: Hashim Tin Myint.