ملة الإسلام

السورة 41 · 54 آية · Hashim Tin Myint

سورة فصلت باللغة البورمية

السورة بالعربية مع التفسير استمع إلى سورة فصلت (1,201 قارئاً)
مكيةسورة فصلت٥٤ آية

بِسۡمِ ٱللَّهِ ٱلرَّحۡمَٰنِ ٱلرَّحِيمِ

حمٓ ١ဟာမီမ်။ تَنزِيلٌ مِّنَ ٱلرَّحۡمَٰنِ ٱلرَّحِيمِ ٢(ဤသည်)အလွန်သနားကြင်နာ‌တော်မူ‌သော အနန္တကရုဏာ‌တော်ရှင်ထံမှ ချ‌ပေး‌တော်မူခြင်းဖြစ်သည်။ كِتَٰبٌ فُصِّلَتۡ ءَايَٰتُهُۥ قُرۡءَانًا عَرَبِيًّا لِّقَوۡمٍ يَعۡلَمُونَ ٣(ဤသည်) အကြင်ကျမ်းဂန်ပင်ဖြစ်သည်။ ထိုကျမ်းဂန်၏ အာယသ်‌တော်များသည် သိနားလည်ကြ‌သော အမျို းသားများအတွက် ရှင်းလင်းစွာ အ‌သေးစိတ်‌ဖော်ပြထား‌တော်မူ‌သော၊ အရဗ်စကားနှင့် ထုတ်ပြန်‌သော ကုရ်အာန်ကျမ်း‌တော်မြတ်ပင်ဖြစ်သည်။ ###၁ بَشِيرًا وَنَذِيرًا فَأَعۡرَضَ أَكۡثَرُهُمۡ فَهُمۡ لَا يَسۡمَعُونَ ٤သတင်း‌ကောင်း‌ပြောကြား‌သော၊ သတိ‌ပေးနှိုး‌ဆော်‌သောကျမ်းဖြစ်သည်။ ထို့‌နောက်လည်း သူတို့ထဲမှ အများစုသည် မျက်နှာလွှဲခဲ့ကြသည်။ သို့ဖြစ်ရာ သူတို့သည် နားမ‌ထောင်ကြ‌ပေ။ وَقَالُواْ قُلُوبُنَا فِيٓ أَكِنَّةٍ مِّمَّا تَدۡعُونَآ إِلَيۡهِ وَفِيٓ ءَاذَانِنَا وَقۡرٌ وَمِنۢ بَيۡنِنَا وَبَيۡنِكَ حِجَابٌ فَٱعۡمَلۡ إِنَّنَا عَٰمِلُونَ ٥ထို့ပြင် သူတို့က ‌ပြောဆိုခဲ့ကြသည်-ကျွန်ုပ်တို့၏ စိတ်နှလုံးများသည် အသင်ကျွန်ုပ်တို့အား ဖိတ်‌ခေါ်‌နေ‌သောတရာ(နားလည်ခြင်း)မှဖုံးအုပ်လျက်ရှိသည်။ ထို့ပြင် ကျွန်ုပ်တို့၏နားများသည်လည်း ပင်း‌နေပြီဖြစ်သည်။ ထို့ပြင် ကျွန်ုပ်တို့နှင့် အသင်၏အကြားတွင် အကာအကွယ်တစ်ခုရှိ‌နေသည်။ သို့ဖြစ်ရာ အသင်သည် (အသင်၏အလုပ်ကို) လုပ်ကိုင်ပါ။ အမှန်စင်စစ် ကျွန်ုပ်တို့သည်လည်း (ကျွန်ုပ်တို့၏အလုပ်ကို)လုပ်‌နေသူများပင် ဖြစ်ကြသည်။ قُلۡ إِنَّمَآ أَنَا۠ بَشَرٌ مِّثۡلُكُمۡ يُوحَىٰٓ إِلَيَّ أَنَّمَآ إِلَٰهُكُمۡ إِلَٰهٌ وَٰحِدٌ فَٱسۡتَقِيمُوٓاْ إِلَيۡهِ وَٱسۡتَغۡفِرُوهُۗ وَوَيۡلٌ لِّلۡمُشۡرِكِينَ ٦(အို-တမန်‌တော်)အသင်‌ပြောလိုက်ပါ- ငါသည် အသင်တို့ကဲ့သို့ လူသားတစ်ဦးပင် ဖြစ်သည်။ (သို့ရာတွင် ငါ့တွင် ထူးခြားခြင်းမှာ) ကိုးကွယ်ထိုက်သည့်အရှင်မြတ်သည် တစ်ပါးတည်းပင်ဖြစ်သည့်အ‌ကြောင်း ငါ့ထံသို့ဝဟီအမိန့်‌တော်ချ‌ပေးခံရသည်။ သို့ဖြစ်ရာ အသင်တို့သည် ထိုအရှင်မြတ်ဘက်သို့ပင်‌ဖြောင့်မတ်စွာလှည့်ကြပါ။ ထို့ပြင် အသင်တို့သည် ထိုအရှင်မြတ်ထံ‌တော်၌သာ လွတ်ငြိမ်းချမ်းသာခွင့်ကို အသနားခံကြပါ။ ထို့ပြင် မုရှ်ရိက်များအတွက် ပျက်စီးခြင်းရှိသည်။###၂ ٱلَّذِينَ لَا يُؤۡتُونَ ٱلزَّكَوٰةَ وَهُم بِٱلۡأٓخِرَةِ هُمۡ كَٰفِرُونَ ٧အကြင်သူများသည် ဇကာသ် (ဆင်းရဲသားနှင့်လိုအပ်သူများ၏‌ဝေစု)ကို ‌ပေး‌ဆောင်ခြင်းမရှိကြ‌ပေ။ ထို့ပြင် သူတို့သည်ပင် တမလွန်ဘဝကို ငြင်းပယ်သူများဖြစ်ကြသည်။ إِنَّ ٱلَّذِينَ ءَامَنُواْ وَعَمِلُواْ ٱلصَّٰلِحَٰتِ لَهُمۡ أَجۡرٌ غَيۡرُ مَمۡنُونٍ ٨အမှန်စင်စစ် အကြင်သူများသည် အီမာန်ယုံကြည်၍ ‌ကောင်းမြတ်‌သောလုပ်ရပ်များကို ပြုလုပ်ခဲ့ကြသည်။ ထိုသူများအတွက် မကုန်ခန်း‌သော အကျိုးရှိသည်။ ۞ قُلۡ أَئِنَّكُمۡ لَتَكۡفُرُونَ بِٱلَّذِي خَلَقَ ٱلۡأَرۡضَ فِي يَوۡمَيۡنِ وَتَجۡعَلُونَ لَهُۥٓ أَندَادًاۚ ذَٰلِكَ رَبُّ ٱلۡعَٰلَمِينَ ٩(အို-တမန်‌တော်)အသင်‌ပြောလိုက်ပါ- အမှန်စင်စစ်အသင်တို့သည် ‌မြေပထဝီကို နှစ်ရက်ထဲတွင် ဖန်ဆင်း‌တော်မူ‌သောအရှင်မြတ်အား အမှန်ပင်ငြင်းပယ်ကြ၍ ထိုအရှင်မြတ်နှင့် ဂုဏ်ရည်တူများကို အသင်တို့ပြုလုပ်ကြသ‌လော။ ထိုအရှင်သည် စကြဝဠာအ‌ပေါင်းအား ဖန်ဆင်း‌မွေးမြူ‌တော်မူ‌သောအရှင်မြတ်ပင်ဖြစ်‌တော်မူသည်။ وَجَعَلَ فِيهَا رَوَٰسِيَ مِن فَوۡقِهَا وَبَٰرَكَ فِيهَا وَقَدَّرَ فِيهَآ أَقۡوَٰتَهَا فِيٓ أَرۡبَعَةِ أَيَّامٍ سَوَآءً لِّلسَّآئِلِينَ ١٠ထို့ပြင် အရှင်မြတ်သည် ထို‌မြေပထဝီထဲတွင် တည်ငြိမ်ခိုင်ခံ့သည့်‌တောင်များအား ထို‌မြေ‌ပေါ်၌် ပြုလုပ်ထား‌တော်မူသည်။ ထို့ပြင် ထို‌မြေပထဝီတွင် အကျိုး‌ကျေးဇူးများ ပွားများ‌စေ‌တော်မူခဲ့သည်။ ထို့ပြင် ထို‌မြေပထဝီ၌ပင် ၎င်းမှထွက်‌သော အစာအာဟာရများကို တိုင်းတာချင့်ချိန်သတ်မှတ်ထား‌တော်မူခဲ့သည်။ (ထိုအရာများအားလုံးသည်) ‌လေးရက်နှင့် (ပြီးခဲ့သည်)။ (ဤသည်) ‌မေးမြန်းသူများအတွက် ညီမျှ(သည့်အ‌ဖြေဖြစ်)သည်။ ثُمَّ ٱسۡتَوَىٰٓ إِلَى ٱلسَّمَآءِ وَهِيَ دُخَانٌ فَقَالَ لَهَا وَلِلۡأَرۡضِ ٱئۡتِيَا طَوۡعًا أَوۡ كَرۡهًا قَالَتَآ أَتَيۡنَا طَآئِعِينَ ١١ထို့‌နောက် အရှင်မြတ်သည် မိုး‌ကောင်းကင်ဘက်သို့ လှည့်‌တော်မူခဲ့သည်။ ထိုအချိန်၌ ထိုမိုး‌ကောင်းကင်သည် မီးခိုးအခိုးအ‌ငွေ့ပင် ဖြစ်‌နေခဲ့သည်။ ထို့‌နောက် အရှင်မြတ်သည် ထိုမိုး‌ကောင်းကင်နှင့် ‌မြေပထဝီအား “အသင်တို့ ‌ကျေနပ်လျက်ဖြစ်‌စေ၊ မ‌ကျေမနပ်ဘဲနှင့် ဖြစ်‌စေ၊ လာကြပါ”ဟု မိန့်ကြား‌တော်မူခဲ့သည်။ သူတို့(‌ကောင်းကင်နှင့် ‌မြေပထဝီ)က “ကျွန်ုပ်တို့သည် ‌ကျေနပ်စွာနှင့်သာ လာခဲ့ကြပြီဖြစ်ပါသည်”ဟု ‌လျှောက်ထားခဲ့ကြသည်။ فَقَضَىٰهُنَّ سَبۡعَ سَمَٰوَاتٍ فِي يَوۡمَيۡنِ وَأَوۡحَىٰ فِي كُلِّ سَمَآءٍ أَمۡرَهَاۚ وَزَيَّنَّا ٱلسَّمَآءَ ٱلدُّنۡيَا بِمَصَٰبِيحَ وَحِفۡظًاۚ ذَٰلِكَ تَقۡدِيرُ ٱلۡعَزِيزِ ٱلۡعَلِيمِ ١٢ထို့‌နောက် အရှင်မြတ်သည် ထိုမိုး‌ကောင်းကင်ကို နှစ်ရက်နှင့် မိုးခုနစ်ထပ် ပြုလုပ်‌တော်မူခဲ့၍ မိုး‌ကောင်းကင်တိုင်းတွင် ၎င်းနှင့်သက်ဆိုင်‌သောအမိန့်‌တော်ကို ထုတ်ပြန်‌တော်မူခဲ့သည်။ ထို့ပြင် ငါအရှင်မြတ်သည် အနီးဆုံး(‌အောက်ဆုံး)မိုး အထပ်ကို မီးတိုင်(ကြယ်)များဖြင့် လှပ‌အောင်တန်ဆာဆင်‌တော်မူခဲ့၍ ထိန်းသိမ်း‌တော်မူခဲ့သည်။ ဤသည် တန်ခိုး‌တော်နှင့် အလွန်လွှမ်းမိုး‌တော်မူ‌သော အကြွင်းမဲ့သိ‌တော်မူ‌သော အရှင်မြတ်၏ စီမံခန့်ခွဲသတ်မှတ်ပြဋ္ဌာန်းခြင်းပင်ဖြစ်သည်။ فَإِنۡ أَعۡرَضُواْ فَقُلۡ أَنذَرۡتُكُمۡ صَٰعِقَةً مِّثۡلَ صَٰعِقَةِ عَادٍ وَثَمُودَ ١٣ထို့‌နောက်လည်း အကယ်၍ သူတို့သည် မျက်နှာလွှဲသွားခဲ့ကြလျှင် (အို-တမန်‌တော်)အသင်‌ပြောလိုက်ပါ-ငါသည် အသင်တို့အား အာဒ်အမျိုးသားများ(အ‌ပေါ်တွင်ကျခဲ့သည့်)ပြစ်ဒဏ်မျိုး၊ ဆမူဒ်အမျိုးသားများ(အ‌ပေါ်တွင်ကျခဲ့သည့်)ပြစ်ဒဏ်မျိုးနှင့် ပတ်သက်၍ သတိ‌ပေးနှိုး‌ဆော်သည်။ إِذۡ جَآءَتۡهُمُ ٱلرُّسُلُ مِنۢ بَيۡنِ أَيۡدِيهِمۡ وَمِنۡ خَلۡفِهِمۡ أَلَّا تَعۡبُدُوٓاْ إِلَّا ٱللَّهَۖ قَالُواْ لَوۡ شَآءَ رَبُّنَا لَأَنزَلَ مَلَٰٓئِكَةً فَإِنَّا بِمَآ أُرۡسِلۡتُم بِهِۦ كَٰفِرُونَ ١٤ထိုစဉ်က ထိုသူများထံသို့ သူတို့၏ ‌ရှေ့‌နောက်မှ တမန်‌တော်များ ‌ရောက်ရှိလာပြီး အသင်တို့သည် အလ္လာဟ်အရှင်မြတ်မှလွဲ၍ အခြားမည်သူ့ကိုမျှမကိုးကွယ်ကြနှင့်(ဟု ‌ပြောဆိုခဲ့ကြသည်။ ထိုအခါ)သူတို့က ကျွန်ုပ်တို့အား ဖန်ဆင်း‌မွေးမြူ‌တော်မူ‌သောအရှင်မြတ်သည် အလိုရှိ‌တော်မူခဲ့လျှင် အမှန်ပင် ‌ကောင်းကင်တမန်များကို ‌စေလွှတ်‌တော်မူမည်ဖြစ်သည်။ သို့ဖြစ်ရာ အမှန်စင်စစ် ကျွန်ုပ်တို့သည်အသင်တို့ ‌စေလွှတ်ခြင်းခံခဲ့ရ‌သော အ‌ကြောင်းအရာများကို ငြင်းပယ်ကြသည်ဟု ‌ပြောဆိုခဲ့ကြသည်။ فَأَمَّا عَادٌ فَٱسۡتَكۡبَرُواْ فِي ٱلۡأَرۡضِ بِغَيۡرِ ٱلۡحَقِّ وَقَالُواْ مَنۡ أَشَدُّ مِنَّا قُوَّةًۖ أَوَلَمۡ يَرَوۡاْ أَنَّ ٱللَّهَ ٱلَّذِي خَلَقَهُمۡ هُوَ أَشَدُّ مِنۡهُمۡ قُوَّةًۖ وَكَانُواْ بِـَٔايَٰتِنَا يَجۡحَدُونَ ١٥မည်သို့ပင်ဖြစ်‌စေ၊ အာဒ်အမျိုးသားများကမူ တိုင်းပြည်တွင် မတရားမာန‌ထောင်ခဲ့ကြသည်။ ထို့ပြင် သူတို့က ကျွုန်ုပ်တို့ထက် အင်အားကြီးသည့်သူ မည်သူရှိဦးမည်နည်းဟု ‌ပြောဆိုခဲ့ကြသည်။ အမှန်စင်စစ် သူတို့အား ဖန်ဆင်း‌တော်မူခဲ့‌သော အလ္လာဟ်အရှင်မြတ်သည် သူတို့ထက် အင်အားကြီး‌တော်မူသည်ကို သူတို့သည် မစဉ်းစားမသိမြင်ခဲ့ကြသ‌လော။ ထို့ပြင် သူတို့သည် ငါအရှင်မြတ်၏ သက်‌သေသာဓကများကို ငြင်းပယ်‌နေခဲ့ကြသည်။ فَأَرۡسَلۡنَا عَلَيۡهِمۡ رِيحًا صَرۡصَرًا فِيٓ أَيَّامٍ نَّحِسَاتٍ لِّنُذِيقَهُمۡ عَذَابَ ٱلۡخِزۡيِ فِي ٱلۡحَيَوٰةِ ٱلدُّنۡيَاۖ وَلَعَذَابُ ٱلۡأٓخِرَةِ أَخۡزَىٰۖ وَهُمۡ لَا يُنصَرُونَ ١٦သို့ဖြစ်ရာ ငါအရှင်မြတ်သည် မဂင်္လာမရှိသည့်‌နေ့ရက်များ ###၃ ၌ ပြင်းထန်‌သော ‌လေမုန်တိုင်းကို သူတို့အ‌ပေါ်တွင် ‌စေလွှတ်‌တော်မူခဲ့သည်။ ငါအရှင်မြတ်သည် သူတို့အား ဤဘဝတွင်လည်း ‌သေးသိမ်‌စေ‌သောပြစ်ဒဏ်ကို မြည်းစမ်း‌စေ‌တော်မူရန်အတွက် (‌စေလွှတ်‌တော်မူခဲ့ခြင်း)ဖြစ်သည်။ ထို့ပြင် အမှန်စင်စစ် တမလွန်ဘဝ၏ပြစ်ဒဏ်သည် ပို၍‌သေးသိမ်‌စေ‌သောပြစ်ဒဏ်ဖြစ်မည်။ ထို့ပြင် သူတို့သည် ကူညီခြင်းခံကြရမည်လည်းမဟုတ်‌ပေ။ وَأَمَّا ثَمُودُ فَهَدَيۡنَٰهُمۡ فَٱسۡتَحَبُّواْ ٱلۡعَمَىٰ عَلَى ٱلۡهُدَىٰ فَأَخَذَتۡهُمۡ صَٰعِقَةُ ٱلۡعَذَابِ ٱلۡهُونِ بِمَا كَانُواْ يَكۡسِبُونَ ١٧ထို့ပြင် ဆမူဒ်အမျိုးသားတို့ကမူ ငါအရှင်မြတ်သည် သူတို့အား လမ်းမှန်ညွှန်ကြားပြသ‌တော်မူခဲ့‌သော်လည်း သူတို့သည် လမ်းမှန်ကို မြင်ခြင်းထက် မျက်စိကန်းခြင်း(လမ်းမှား)ကိုသာ နှစ်သက်ခဲ့ကြသည်။ သို့ဖြစ်ရာ သူတို့အား သူတို့ဆည်းပူးခဲ့ကြသည့်အရာများ‌ကြောင့် ‌သေးသိမ်‌စေသည့်ပြစ်ဒဏ်၏ ‌လောင်မီးသည် ဖမ်းဆီးကွပ်မျက်ခဲ့သည်။ وَنَجَّيۡنَا ٱلَّذِينَ ءَامَنُواْ وَكَانُواْ يَتَّقُونَ ١٨ထို့ပြင် ငါအရှင်မြတ်သည် အီမာန်ယုံကြည်ပြီး ‌ကြောက်ရွံ့အပြစ်‌ရှောင် ‌ကောင်းကျိုး‌ဆောင်‌နေခဲ့ကြသည့်သူများကိုမူ ကယ်တင်(လွတ်‌မြောက်‌စေ)‌တော်မူခဲ့သည်။ وَيَوۡمَ يُحۡشَرُ أَعۡدَآءُ ٱللَّهِ إِلَى ٱلنَّارِ فَهُمۡ يُوزَعُونَ ١٩ထို့ပြင် ထို‌နေ့တွင် အလ္လာဟ်အရှင်မြတ်၏ ရန်သူများသည် ငရဲမီး၏ အနီးသု့ို စုရုံး‌ခေါ်‌ဆောင်ခြင်းခံကြရမည်။ ထို့ပြင် သူတို့သည် တားဆီး (ဆိုင်းငံ့)ခြင်းကို ခံကြရမည်။ حَتَّىٰٓ إِذَا مَا جَآءُوهَا شَهِدَ عَلَيۡهِمۡ سَمۡعُهُمۡ وَأَبۡصَٰرُهُمۡ وَجُلُودُهُم بِمَا كَانُواْ يَعۡمَلُونَ ٢٠‌နောက်ဆုံးတွင် သူတို့သည် ထိုငရဲမီး၏ အနီး‌ရောက်ရှိကြသည့်အခါ သူတို့၏နားများ၊ သူတို့၏ မျက်စိများနှင့် သူတို့၏ သား‌ရေ(အသားအ‌ရေ)များသည် သူတို့နှင့် ဆန့်ကျင်ပြီး သူတို့ ပြုလုပ်ခဲ့သည်များကို သက်‌သေခံကြမည်။ وَقَالُواْ لِجُلُودِهِمۡ لِمَ شَهِدتُّمۡ عَلَيۡنَاۖ قَالُوٓاْ أَنطَقَنَا ٱللَّهُ ٱلَّذِيٓ أَنطَقَ كُلَّ شَيۡءٍۚ وَهُوَ خَلَقَكُمۡ أَوَّلَ مَرَّةٍ وَإِلَيۡهِ تُرۡجَعُونَ ٢١သူတို့က သူတို့၏ သား‌ရေ(အသားအ‌ရေ)များကို “အသင်တို့သည် ကျွန်ုပ်တို့နှင့် ဆန့်ကျင်၍ အဘယ့်‌ကြောင့် သက်‌သေထွက်ဆိုကြသနည်း” ဟု ‌ပြောဆိုကြမည်။ သူတို့က ပြန်‌ဖြေမည်။ အရာအားလုံးအား စကား‌ပြော‌စေ‌တော်မူခဲ့‌သော အလ္လာဟ်အရှင်မြတ်သည်ပင် ကျွန်ုပ်တို့အား စကား‌ပြောဆို‌စေ‌တော်မူခဲ့သည်။ ထို့ပြင် အရှင်မြတ်သည်ပင် အသင်တို့အား ပထမအကြိမ်ဖန်ဆင်း‌တော်မူခဲ့သည်။ ထို့ပြင် အသင်တို့သည် ထိုအရှင်မြတ်ထံ‌တော်သို့ပင် ပြန်လည်‌ရောက်ရှိ‌စေခြင်းကို ခံကြရသည်။ ###၄ وَمَا كُنتُمۡ تَسۡتَتِرُونَ أَن يَشۡهَدَ عَلَيۡكُمۡ سَمۡعُكُمۡ وَلَآ أَبۡصَٰرُكُمۡ وَلَا جُلُودُكُمۡ وَلَٰكِن ظَنَنتُمۡ أَنَّ ٱللَّهَ لَا يَعۡلَمُ كَثِيرًا مِّمَّا تَعۡمَلُونَ ٢٢ထို့ပြင် အသင်တို့သည် အသင်တို့၏နားများ၊ အသင်တို့၏ မျက်စိများနှင့် အသင်တို့၏ အသားအ‌ရေများသည် အသင်တို့နှင့် ဆန့်ကျင်၍ သက်‌သေခံကြမည်ကိုစိုးရိမ်ပြီး သက်‌သေမခံနိုင်‌အောင်ဖုံးကွယ် (တားဆီး) မထားနိုင်ကြ‌ပေ။ ထို့ထက်သာမက အသင်တို့သည် အသင်တို့ ပြုလုပ်ခဲ့သည်များထဲမှ များစွာကို အလ္လာဟ် အရှင်မြတ် သိ‌တော်မမူ‌ပေဟု ထင်မှတ်ခဲ့ကြ‌သေးသည်။ ###၅ وَذَٰلِكُمۡ ظَنُّكُمُ ٱلَّذِي ظَنَنتُم بِرَبِّكُمۡ أَرۡدَىٰكُمۡ فَأَصۡبَحۡتُم مِّنَ ٱلۡخَٰسِرِينَ ٢٣ထို့ပြင် ဤသည် အသင်တို့က အသင်တို့အား ဖန်ဆင်း‌မွေးမြူ‌တော်မူ‌သော အရှင်မြတ်နှင့် ပတ်သက်၍ ထင်မြင်ခဲ့ကြ‌သော ထိုထင်မြင်ချက်ကပင် အသင်တို့အားဖျက်ဆီးခဲ့ခြင်းဖြစ်သည်။ သို့ဖြစ်ရာ အသင်တို့သည် ပျက်စီးဆုံရှုံးသူများပင် ဖြစ်ခဲ့ကြသည်။ فَإِن يَصۡبِرُواْ فَٱلنَّارُ مَثۡوًى لَّهُمۡۖ وَإِن يَسۡتَعۡتِبُواْ فَمَا هُم مِّنَ ٱلۡمُعۡتَبِينَ ٢٤ထို့‌နောက် အကယ်၍ သူတို့သည် (ဤဆုံးရှုံးမှုအ‌ပေါ်တွင်)သည်းခံ‌နေကြလျှင်လည်း ငရဲမီးသည် သူတို့၏ ‌နေထိုင်ရာဌာနပင် ဖြစ်သည်။ ထို့ပြင် အကယ်၍ သူတို့သည် ‌ကျေနပ်မှုကိုရယူလိုကြလျှင်လည်း သူတို့သည် ‌ကျေနပ်မှုကိုရရှိကြမည်မဟုတ်‌ပေ။ ###၆ ۞ وَقَيَّضۡنَا لَهُمۡ قُرَنَآءَ فَزَيَّنُواْ لَهُم مَّا بَيۡنَ أَيۡدِيهِمۡ وَمَا خَلۡفَهُمۡ وَحَقَّ عَلَيۡهِمُ ٱلۡقَوۡلُ فِيٓ أُمَمٍ قَدۡ خَلَتۡ مِن قَبۡلِهِم مِّنَ ٱلۡجِنِّ وَٱلۡإِنسِۖ إِنَّهُمۡ كَانُواْ خَٰسِرِينَ ٢٥ထို့ပြင် ငါအရှင်မြတ်သည် သူတို့အတွက် အ‌ဖော်များပြုလုပ်‌တော်မူခဲ့သည့်အတွက် ထိုအ‌ဖော်များသည် သူတို့၏‌ရှေ့‌နောက်လုပ်ရပ်များကို သူတို့အမြင်တွင် လှပတင့်တယ်‌အောင်ပြုလုပ်ခဲ့ကြသည်။ ထို့ပြင် သူတို့မတိုင်မီက အမှန်ပင် ကုန်လွန်သွားခဲ့‌သော ဂျင်န်များနှင့် လူများ၊ သူတို့(အားလုံး)အ‌ပေါ်တွင် (အရှင်မြတ်၏ အပြစ်ဒဏ်) အမိန့်‌တော်သည် အမှန်ဖြစ်ခဲ့သည်။ အမှန်စင်စစ်သူတို့(အားလုံး)သည် ပျက်စီးဆုံးရှုံးသူများပင်ဖြစ်ခဲ့ကြသည်။ ###၇ وَقَالَ ٱلَّذِينَ كَفَرُواْ لَا تَسۡمَعُواْ لِهَٰذَا ٱلۡقُرۡءَانِ وَٱلۡغَوۡاْ فِيهِ لَعَلَّكُمۡ تَغۡلِبُونَ ٢٦ထို့ပြင် ကာဖိရ်များက “အသင်တို့သည် ကုရ်အာန်အား နားမ‌ထောင်ကြနှင့်၊ ထို့ပြင် အသင်တို့သည် ထိုကုရ်အာန် (ဖတ်ရွတ်‌နေသည့်)အထဲတွင် ဆူညံမှုပြုကြပါ။ ထိုသို့ဆိုလျှင် အသင်တို့သည် (ကုရ်အာန်ဖတ်ရွတ်သံအ‌ပေါ်တွင်)လွှမ်းမိုးနိုင်ကြလိမ့်မည်။ ###၈ فَلَنُذِيقَنَّ ٱلَّذِينَ كَفَرُواْ عَذَابًا شَدِيدًا وَلَنَجۡزِيَنَّهُمۡ أَسۡوَأَ ٱلَّذِي كَانُواْ يَعۡمَلُونَ ٢٧သို့ဖြစ်ရာ အမှန်စင်စစ် ငါအရှင်မြတ်သည် ကာဖိရ်များအား ပြင်းထန်‌သောပြစ်ဒဏ်ကို မြည်းစမ်း‌စေ‌တော်မူမည်။ ထို့ပြင် အမှန်စင်စစ် ငါအရှင်မြတ်သည်သူတို့အား သူတို့ပြုလုပ်ခဲ့ကြ‌သောအဆိုးဆုံးလုပ်ရပ်များ၏ မ‌ကောင်းကျိုးကို ‌ပေး‌တော်မူမည်ဖြစ်သည်။ ذَٰلِكَ جَزَآءُ أَعۡدَآءِ ٱللَّهِ ٱلنَّارُۖ لَهُمۡ فِيهَا دَارُ ٱلۡخُلۡدِ جَزَآءَۢ بِمَا كَانُواْ بِـَٔايَٰتِنَا يَجۡحَدُونَ ٢٨ဤသည် အလ္လာဟ်အရှင်မြတ်၏ ရန်သူများ၏ ဆိုးကျိုးငရဲမီးပင်ဖြစ်သည်။ သူတို့အတွက် ငရဲမီးထဲတွင် အမြဲ‌နေထိုင်ရာဌာနရှိသည်။ (ဤသည်) ငါအရှင်မြတ်၏ အာယသ်‌တော်များအား သူတို့ ငြင်းပယ်‌နေခဲ့ကြသည့်အတွက်အစား‌ပေးခြင်းပင်ဖြစ်သည်။ وَقَالَ ٱلَّذِينَ كَفَرُواْ رَبَّنَآ أَرِنَا ٱلَّذَيۡنِ أَضَلَّانَا مِنَ ٱلۡجِنِّ وَٱلۡإِنسِ نَجۡعَلۡهُمَا تَحۡتَ أَقۡدَامِنَا لِيَكُونَا مِنَ ٱلۡأَسۡفَلِينَ ٢٩ထို့ပြင် ကာဖိရ်များက ‌လျှောက်ထားကြမည်။ “အို-ကျွန်ုပ်တို့အား ဖန်ဆင်း‌မွေးမြူ‌တော်မူ‌သောအရှင်၊ ဂျင်န်များနှင့်လူများထဲမှ ကျွန်ုပ်တို့အား လမ်းလွဲ‌စေခဲ့ကြသည့်သူနှစ်ဦးစလုံးကို အရှင်မြတ်သည်ကျွန်ုပ်တို့အား ပြ‌တော်မူပါ။ သူတို့သည် အ‌သေးသိမ်ဆုံးသူများဖြစ်ကြ‌စေရန်အတွက် သူတို့နှစ်ဦးကို ကျွန်ုပ်တို့က ကျွန်ုပ်တို့၏ ‌ခြေများ‌အောက်တွင် ထားရှိကြပါမည်။” إِنَّ ٱلَّذِينَ قَالُواْ رَبُّنَا ٱللَّهُ ثُمَّ ٱسۡتَقَٰمُواْ تَتَنَزَّلُ عَلَيۡهِمُ ٱلۡمَلَٰٓئِكَةُ أَلَّا تَخَافُواْ وَلَا تَحۡزَنُواْ وَأَبۡشِرُواْ بِٱلۡجَنَّةِ ٱلَّتِي كُنتُمۡ تُوعَدُونَ ٣٠အမှန်စင်စစ် အကြင်သူတို့သည် “ကျွန်ုပ်တို့အား ဖန်ဆင်း ‌မွေးမြူ‌တော်မူ‌သောအရှင်မြတ်သည် အလ္လာဟ်အရှင်မြတ်ဖြစ်‌တော်မူသည်”ဟု ‌ပြောဆိုခဲ့ကြ၍ (ထိုယုံကြည်ချက်‌ပေါ်၌ပင်) စွဲမြဲစွာ ရပ်တည်ခဲ့ကြသည်။ ‌ကောင်းကင်တမန်များသည် ထိုသူများထံသို့ ဆင်းသက်လာပြီး ဤသို့‌ပြောဆိုကြမည်- “အသင်တို့သည် မစိုးရိမ်ကြပါနှင့်၊ မပူ‌ဆွေးကြပါနှင့်၊ ထို့ပြင် အသင်တို့သည် အသင်တို့ကတိ‌ပေးခြင်းခံခဲ့ကြရ‌သော ဂျန္နသ်သုခဘုံရရှိသည့်အတွက် ဝမ်း‌မြောက်‌ပျော်ရွှင်ကြပါ။” نَحۡنُ أَوۡلِيَآؤُكُمۡ فِي ٱلۡحَيَوٰةِ ٱلدُّنۡيَا وَفِي ٱلۡأٓخِرَةِۖ وَلَكُمۡ فِيهَا مَا تَشۡتَهِيٓ أَنفُسُكُمۡ وَلَكُمۡ فِيهَا مَا تَدَّعُونَ ٣١“ကျွန်ုပ်တို့သည် ‌လောကတွင်လည်း အသင်တို့၏ မိတ်‌ဆွေများဖြစ်ခဲ့ကြသည်။ ထို့ပြင် တမလွန်ဘဝတွင်လည်း မိတ်‌ဆွေများပင်ဖြစ်ကြမည်။ ထို့ပြင် အသင်တို့အတွက် ထိုဂျန္နသ်သုခဘုံတွင် အသင်တို့စိတ်ထဲမှ ဆန္ဒရှိသမျှ ရရှိကြမည့်အပြင် အသင်တို့အတွက် ထိုသုခဘုံတွင် အသင်တို့ထုတ်‌ဖော်‌တောင်းဆိုသမျှလည်း ရရှိကြဦးမည်ဖြစ်သည်။” ###၉ نُزُلًا مِّنۡ غَفُورٍ رَّحِيمٍ ٣٢“(ဤသည် ) အလွန်လွတ်ငြိမ်းချမ်းသာခွင့်‌ပေး‌တော်မူ‌သောအရှင်၊ အလွန်သနားကြင်နာ‌တော်မူ‌သောအရှင်မြတ်ထံ‌တော်မှ ဧည့်ခံ‌တော်မူခြင်းပင်ဖြစ်သည်။” وَمَنۡ أَحۡسَنُ قَوۡلًا مِّمَّن دَعَآ إِلَى ٱللَّهِ وَعَمِلَ صَٰلِحًا وَقَالَ إِنَّنِي مِنَ ٱلۡمُسۡلِمِينَ ٣٣ထို့ပြင် အကြင်သူထက်စကားအရာတွင်ပို‌ကောင်းသည့်သူ မည်သူရှိဦးမည်နည်း။ ထိုသူသည် အလ္လာဟ်အရှင်မြတ်ဘက်သို့ ဖိတ်‌ခေါ်သည့်အပြင် ‌ကောင်းမြတ်သည့်လုပ်ရပ်ကို ပြုလုပ်သည်။ ထို့ပြင် အမှန်စင်စစ်ကျွန်ုပ်သည် အမိန့်နာခံသူ မွတ်စ်လင်မ်တစ်ဦးဖြစ်သည်ဟု ‌ပြောဆိုသည်။ وَلَا تَسۡتَوِي ٱلۡحَسَنَةُ وَلَا ٱلسَّيِّئَةُۚ ٱدۡفَعۡ بِٱلَّتِي هِيَ أَحۡسَنُ فَإِذَا ٱلَّذِي بَيۡنَكَ وَبَيۡنَهُۥ عَدَٰوَةٌ كَأَنَّهُۥ وَلِيٌّ حَمِيمٌ ٣٤ထို့ပြင် ‌ကောင်းမှုနှင့် မ‌ကောင်းမှုသည်မတူကြ‌ပေ။ အသင်သည်(မ‌ကောင်းမှုကို)အ‌ကောင်း(ဆုံးနည်းလမ်း)နှင့် တုံ့ပြန်တွန်းလှန်လိုက်ပါ။ သို့ဖြစ်လျှင် အကြင်သူနှင့် အသင်နှင့်ကြားတွင်ရန်ငြိုးရှိခဲ့လျှင်ပင်ထိုသူသည် မိတ်ရင်း‌ဆွေရင်းကဲ့သို့ဖြစ်သွားလိမ့်မည်။ ###၁၀ وَمَا يُلَقَّىٰهَآ إِلَّا ٱلَّذِينَ صَبَرُواْ وَمَا يُلَقَّىٰهَآ إِلَّا ذُو حَظٍّ عَظِيمٍ ٣٥ထို့ပြင် ထိုအ‌ကောင်းဆုံးနည်းလမ်းသည် သည်းခံသည့်သူများသာ ‌ပေးသနားခြင်းခံကြရသည်။ ထို့ပြင် ထိုအရာကို ကြီးကျယ်‌သော နဖူးစာရှင်သာ ‌ပေးသနား‌တော်မူခြင်းခံရသည်။ وَإِمَّا يَنزَغَنَّكَ مِنَ ٱلشَّيۡطَٰنِ نَزۡغٌ فَٱسۡتَعِذۡ بِٱللَّهِۖ إِنَّهُۥ هُوَ ٱلسَّمِيعُ ٱلۡعَلِيمُ ٣٦ထို့ပြင် အကယ်၍ အသင့်အား ရှိုင်သွာန်၏ဘက်မှ ‌နှောင့်ယှက်မှု တစ်စုံတစ်ခု အမှန်ပင်ပြုလုပ်လျှင် အသင်သည် အလ္လာဟ်အရှင်မြတ်ထံ‌တော်တွင် ခိုလှုံလိုက်ပါ။ အမှန်စင်စစ် အရှင်မြတ်သည် အကြွင်းမဲ့ကြား‌တော်မူ‌သောအရှင်၊ အကြွင်းမဲ့သိ‌တော်မူ‌သောအရှင် ဖြစ်‌တော်မူသည်။ وَمِنۡ ءَايَٰتِهِ ٱلَّيۡلُ وَٱلنَّهَارُ وَٱلشَّمۡسُ وَٱلۡقَمَرُۚ لَا تَسۡجُدُواْ لِلشَّمۡسِ وَلَا لِلۡقَمَرِ وَٱسۡجُدُواْۤ لِلَّهِۤ ٱلَّذِي خَلَقَهُنَّ إِن كُنتُمۡ إِيَّاهُ تَعۡبُدُونَ ٣٧ထို့ပြင် ညနှင့်‌နေ့အပြင်၊ ‌နေနှင့်လသည် အရှင်မြတ်၏ သက်‌သေလက္ခဏာများထဲမှ ဖြစ်ကြသည်။ (သို့ဖြစ်ရာ) အသင်တို့သည် ‌နေနှင့်လကို စဂျ်ဒဟ် ဦးချ(ကိုးကွယ်)ခြင်း မပြုကြနှင့်။ ထို့ပြင် အကယ်၍ အသင်တို့သည် အမှန်စင်စစ် အရှင်မြတ်ကိုပင် ကိုးကွယ်သူများဖြစ်ကြလျှင် အသင်တို့သည် ထိုအရာများကို ဖန်ဆင်း‌တော်မူ‌သောအလ္လာဟ်အရှင်မြတ်ကိုပင် စဂျ်ဒဟ်ဦးချမှုပြုကြပါ။ فَإِنِ ٱسۡتَكۡبَرُواْ فَٱلَّذِينَ عِندَ رَبِّكَ يُسَبِّحُونَ لَهُۥ بِٱلَّيۡلِ وَٱلنَّهَارِ وَهُمۡ لَا يَسۡـَٔمُونَ ۩ ٣٨ထို့‌နောက် အကယ်၍ သူတို့သည် (ဤအမိန့်ကိုမလိုက်နာဘဲ) မာန‌ထောင်‌နေခဲ့ကြလျှင် အသင့်အားဖန်ဆင်း‌မွေးမြူ‌တော်မူ‌သော အရှင်မြတ်ထံ‌တော်တွင်ရှိကြ‌သော ‌ကောင်းကင်တမန်များသည် ‌နေ့၌လည်း‌ကောင်း၊ ည၌လည်း‌ကောင်း အရှင်မြတ်သန့်ရှင်းစင်ကြယ်‌တော်မူ‌ကြောင်းကို သူတို့သည် ငြီး‌ငွေ့ခြင်းမရှိကြဘဲလျက် ရွတ်ဆို‌နေကြသည်။ وَمِنۡ ءَايَٰتِهِۦٓ أَنَّكَ تَرَى ٱلۡأَرۡضَ خَٰشِعَةً فَإِذَآ أَنزَلۡنَا عَلَيۡهَا ٱلۡمَآءَ ٱهۡتَزَّتۡ وَرَبَتۡۚ إِنَّ ٱلَّذِيٓ أَحۡيَاهَا لَمُحۡيِ ٱلۡمَوۡتَىٰٓۚ إِنَّهُۥ عَلَىٰ كُلِّ شَيۡءٍ قَدِيرٌ ٣٩ထို့ပြင် (ဤသည်လည်း)အရှင်မြတ်၏ သက်‌သေလက္ခဏာများထဲမှ ဖြစ်သည်။ အသင်သည် ‌မြေပထဝီအား ‌ခြောက်ကပ်‌နေသည်ကို ‌တွေ့မြင်ရသည်။ ထို့‌နောက် ငါအရှင်မြတ်သည် ထိုအ‌ပေါ်တွင် ‌ရေကို ရွာသွန်း‌စေ‌တော်မူသည့်အခါ၊ ထို‌မြေသည်(အ‌စေ့၊ အ‌ညှောင့်၊ အပင်များနှင့် အသက်ဝင်)လှုပ်ရှားလာပြီး ပွတက်လာသည်။ အမှန်စင်စစ် ထို‌မြေအား ရှင်သန်‌အောင် ပြုလုပ်‌တော်မူ‌သောအရှင်သည် အမှန်ပင် ‌သေသူများအားလည်း ရှင်‌အောင်လုပ်မည့် အရှင်ပင်ဖြစ်‌တော်မူသည်။ အမှန်စင်စစ် အရှင်မြတ်သည် အရာအားလုံးအ‌ပေါ်တွင် အလွန်စွမ်း‌ဆောင်နိုင်‌တော်မူ‌သော အရှင်မြတ်ဖြစ်‌တော်မူသည်။ إِنَّ ٱلَّذِينَ يُلۡحِدُونَ فِيٓ ءَايَٰتِنَا لَا يَخۡفَوۡنَ عَلَيۡنَآۗ أَفَمَن يُلۡقَىٰ فِي ٱلنَّارِ خَيۡرٌ أَم مَّن يَأۡتِيٓ ءَامِنًا يَوۡمَ ٱلۡقِيَٰمَةِۚ ٱعۡمَلُواْ مَا شِئۡتُمۡ إِنَّهُۥ بِمَا تَعۡمَلُونَ بَصِيرٌ ٤٠အမှန်စင်စစ် ငါအရှင်မြတ်၏ အာယသ်‌တော်များနှင့် စပ်လျဉ်းပြီး ‌ကောက်‌ကွေ့သည့်လမ်း(မူရင်းအဓိပ္ပာယ်မှ‌သွေဖည်၍ အမှား‌ကောက်ယူသည့်လမ်း)ကို ###၁၁ ‌ရွေးချယ်သည့်သူများသည် ငါအရှင်မြတ်အ‌ပေါ်တွင် ဖုံးကွယ်နိုင်ကြသည်မဟုတ်‌ပေ။ သို့ဖြစ်ရာ ငရဲမီးထဲတွင် ပစ်ချခံရမည့်သူသည် ပို‌ကောင်းသ‌လော၊ သို့မဟုတ် ကိယာမသ်‌နေ့တွင် ငြိမ်းချမ်းစွာ‌ရောက်ရှိလာသူသည် ပို‌ကောင်းသ‌လော။ အသင်တို့သည် အသင်တို့လုပ်လိုရာကို လုပ်ကြ‌ပေ‌တော့။ အမှန်စင်စစ် အရှင်မြတ်သည် အသင်တို့ပြုလုပ်သမျှကို အကြွင်းမဲ့မြင်‌တော်မူ‌သော အရှင်ဖြစ်‌တော်မူသည်။ إِنَّ ٱلَّذِينَ كَفَرُواْ بِٱلذِّكۡرِ لَمَّا جَآءَهُمۡۖ وَإِنَّهُۥ لَكِتَٰبٌ عَزِيزٌ ٤١အမှန်စင်စစ် အကြင်သူများသည် ဤဆုံးမဩဝါဒကို သူတို့ထံ‌ရောက်ရှိလာသည့်အခါ ငြင်းပယ်ကြသည်။ (သူတို့သည် ပျက်စီးဆုံးရှုံးကြမည့်သူများဖြစ်ကြသည်)။ ထို့ပြင် အမှန်စင်စစ် ထိုအရာသည် မြင့်မြတ်သည့် ကျမ်းဂန်ပင်ဖြစ်သည်။ لَّا يَأۡتِيهِ ٱلۡبَٰطِلُ مِنۢ بَيۡنِ يَدَيۡهِ وَلَا مِنۡ خَلۡفِهِۦۖ تَنزِيلٌ مِّنۡ حَكِيمٍ حَمِيدٍ ٤٢အမှားသည် ထိုကျမ်းဂန်တွင် သူ၏‌ရှေ့မှသာမက ‌နောက်မှလည်း လာ‌ရောက်စွက်ဖက်နိုင်ခြင်းမရှိ‌ပေ။ ဤကျမ်းသည် ပညာဉာဏ်အ‌မြော်အမြင်နှင့် အလွန်ပြည့်စုံ‌တော်မူ‌သောအရှင်၊ ချီးမွမ်းခြင်းအလွန်ခံထိုက်‌တော်မူ‌သောအရှင်မြတ်ထံ‌တော်မှ ချ‌ပေး‌တော်မူ‌သော ကျမ်း‌တော်မြတ်ပင်ဖြစ်သည်။ ###၁၂ مَّا يُقَالُ لَكَ إِلَّا مَا قَدۡ قِيلَ لِلرُّسُلِ مِن قَبۡلِكَۚ إِنَّ رَبَّكَ لَذُو مَغۡفِرَةٍ وَذُو عِقَابٍ أَلِيمٍ ٤٣အသင်(တမန်‌တော်)၏မတိုင်မီက တမန်‌တော်များအား ‌ပြောဆို(စွပ်စွဲ)ခံခဲ့ကြရသည်ကိုပင် အသင်လည်း ‌ပြောဆို(စွပ်စွဲ) ခံရခြင်းဖြစ်သည်။ အမှန်စင်စစ် အသင့်အား ဖန်ဆင်း‌မွေးမြူ‌တော်မူ‌သောအရှင်မြတ်သည် အမှန်ပင် လွတ်ငြိမ်းချမ်းသာခွင့်‌ပေးခြင်းကို ပိုင်ဆိုင်‌တော်မူ‌သောအရှင်၊ နာကျင်‌စေသည့်ပြစ်ဒဏ်‌ပေးခြင်းကို ပိုင်ဆိုင်‌တော်မူ‌သောအရှင်မြတ်ပင် ဖြစ်‌တော်မူသည်။ وَلَوۡ جَعَلۡنَٰهُ قُرۡءَانًا أَعۡجَمِيًّا لَّقَالُواْ لَوۡلَا فُصِّلَتۡ ءَايَٰتُهُۥٓۖ ءَا۬عۡجَمِيٌّ وَعَرَبِيٌّۗ قُلۡ هُوَ لِلَّذِينَ ءَامَنُواْ هُدًى وَشِفَآءٌۚ وَٱلَّذِينَ لَا يُؤۡمِنُونَ فِيٓ ءَاذَانِهِمۡ وَقۡرٌ وَهُوَ عَلَيۡهِمۡ عَمًىۚ أُوْلَٰٓئِكَ يُنَادَوۡنَ مِن مَّكَانِۭ بَعِيدٍ ٤٤ထို့ပြင် အကယ်၍ ငါအရှင်မြတ်သည် ထိုကျမ်း‌တော်မြတ်ကို အရဗီဘာသာစကားမဟုတ်‌သော လူမျိုးခြားဘာသာစကားနှင့် (ကျ‌ရောက်သည့်)ကုရ်အာန်ကျမ်း‌တော်မြတ်အဖြစ် ထုတ်ပြန်‌တော်မူခဲ့လျှင် အမှန်ပင် သူတို့က ထိုကျမ်း‌တော်၏ အာယသ်‌တော်များသည် အဘယ့်‌ကြောင့် ရှင်းလင်းစွာ ‌ဖော်ပြမထားပါသနည်း။ တမန်‌တော်က အရဗ်အမျိုးသားဖြစ်၍ ကျမ်းကလူမျိုးခြားဘာသာစကားနှင့် ကျ‌ရောက်လာသ‌လောဟု ‌ပြောဆိုခဲ့ကြလိမ့်မည်။ (အို-တမန်‌တော်)အသင်‌ပြောလိုက်ပါ- ထိုကုရ်အာန်ကျမ်း‌တော်မြတ်သည် အီမာန် ယုံကြည်သူများအတွက် လမ်းမှန်ညွှန်ကြားပြသချက်နှင့် ‌ရောဂါ‌ပျောက်ကင်း‌စေ‌သော ‌ဆေးဝါးပင်ဖြစ်သည်။ ထို့ပြင် အီမာန်မယုံကြည်ကြသည့်သူများ၏ နားများတွင် နားပင်းသည့်‌ဝေဒနာရှိ‌နေသည်။ ထို့ပြင် ဤ(ကုရ်အာန် )သည် သူတို့အတွက် (အ‌မှောင်ထဲတွင်)မျက်မမြင်(ဘဲရှာ‌ဖွေ‌နေသည့်ပစ္စည်းတစ်ခု)ဖြစ်သည်။ သူတို့သည် အ‌ဝေးမှဟစ်‌ခေါ်ခံကြရသူများပင်ဖြစ်ကြသည်။ ###၁၃ وَلَقَدۡ ءَاتَيۡنَا مُوسَى ٱلۡكِتَٰبَ فَٱخۡتُلِفَ فِيهِۚ وَلَوۡلَا كَلِمَةٌ سَبَقَتۡ مِن رَّبِّكَ لَقُضِيَ بَيۡنَهُمۡۚ وَإِنَّهُمۡ لَفِي شَكٍّ مِّنۡهُ مُرِيبٍ ٤٥ထို့ပြင် အမှန်စင်စစ် ငါအရှင်မြတ်သည် (တမန်‌တော်)မူစာအား ကျမ်းဂန်ကို ‌ပေးသနား‌တော်မူခဲ့သည်။ ထို့‌နောက်လည်း ထိုကျမ်းဂန်ထဲတွင် ကွဲလွဲမှုဖြစ်ခဲ့ကြသည်။ ထို့ပြင် အကယ်၍ အသင့်အား ဖန်ဆင်း‌မွေးမြူ‌တော်မူ‌သောအရှင်မြတ်ထံ‌တော်မှ အမိန့်‌တော်တစ်ခုသာမရှိခဲ့လျှင် အမှန်ပင် သူတို့အကြား၌ စီရင်ဆုံးဖြတ်ပြီးဖြစ်ခဲ့လိမ့်မည်။ ထို့ပြင် အမှန်စင်စစ်သူတို့သည် ထိုချိန်းဆိုထား‌သော ပြစ်ဒဏ်နှင့် ပတ်သက်၍ ယုံမှားမှုဖြစ်‌စေ‌သော သံသယထဲ၌ပင်ရှိ‌နေကြသည်။ مَّنۡ عَمِلَ صَٰلِحًا فَلِنَفۡسِهِۦۖ وَمَنۡ أَسَآءَ فَعَلَيۡهَاۗ وَمَا رَبُّكَ بِظَلَّٰمٍ لِّلۡعَبِيدِ ٤٦မည်သူမဆို ‌ကောင်းမြတ်‌သော လုပ်ရပ်များကို ပြုလုပ်လျှင် သူ့အတွက်ပင် ပြုလုပ်ခြင်းဖြစ်သည်။ ထို့ပြင် မည်သူမဆို မ‌ကောင်းမှုလုပ်ရပ်များကို ပြုလုပ်လျှင် (၎င်း၏ဆိုးကျိုးသည်)သူ၏အ‌ပေါ်၌ပင် ကျ‌ရောက်မည် ဖြစ်သည်။ ၎င်းပြင် အသင့်အား ဖန်ဆင်း‌မွေးမြူ‌တော်မူ‌သော အရှင်မြတ်သည် ကျွန်များအား မတရားပြုလုပ်‌တော်မူ‌သောအရှင် မဟုတ်‌ပေ။###၁၄

الجزء الخامس والعشرون

۞ إِلَيۡهِ يُرَدُّ عِلۡمُ ٱلسَّاعَةِۚ وَمَا تَخۡرُجُ مِن ثَمَرَٰتٍ مِّنۡ أَكۡمَامِهَا وَمَا تَحۡمِلُ مِنۡ أُنثَىٰ وَلَا تَضَعُ إِلَّا بِعِلۡمِهِۦۚ وَيَوۡمَ يُنَادِيهِمۡ أَيۡنَ شُرَكَآءِي قَالُوٓاْ ءَاذَنَّٰكَ مَا مِنَّا مِن شَهِيدٍ ٤٧ကိယာမသ် ရှင်ပြန်ထမည့်အချိန်ကာလနှင့် ပတ်သက်သည့် အသိသည် အရှင်မြတ်ဘက်သို့ပင် ပြန်ပို့ခြင်းခံရသည်။###၁၅ ထို့ပြင် မည်သည့် သစ်သီးဝလံမဆို သူတို့၏ အဖူးအငုံများမှ (အရှင်မြတ်မသိဘဲ)ထွက်‌ပေါ်လာသည် မရှိ‌ပေ။ ထို့ပြင် မည်သည့်မိန်းမတစ်ဦးကမျှ အရှင်မြတ်မသိဘဲ ကိုယ်ဝန်‌ဆောင်ခြင်းလည်းမရှိ‌ပေ။ သားဖွားခြင်းလည်း မရှိ‌ပေ။ ထို့ပြင် ထို‌နေ့တွင် အရှင်မြတ်သည် သူတို့အား “ငါအရှင်မြတ်၏တွဲဖက်များသည် အဘယ်မှာနည်း” ဟု ‌မေးမြန်း‌တော်မူမည်။ သူတို့က “(ယ‌နေ့မူ) ကျွန်ုပ်တို့ထဲမှ သက်‌သေခံမည့်သူ မည်သူမျှမရှိ‌တော့သည့်အ‌ကြောင်း အရှင်မြတ်ထံတွင် ဝန်ခံ‌လျှောက်ထားပါသည်” ###၁၆ ဟု ‌ပြောဆိုကြမည်။ وَضَلَّ عَنۡهُم مَّا كَانُواْ يَدۡعُونَ مِن قَبۡلُۖ وَظَنُّواْ مَا لَهُم مِّن مَّحِيصٍ ٤٨ထို့ပြင် ယခင်က သူတို့ ဟစ်‌ခေါ် (ကိုးကွယ်)ခဲ့ကြသည့်အရာများသည် သူတို့ထံမှ ‌ပျောက်ကွယ်သွားကြမည်။ ထို့ပြင် သူတို့သည် သူတို့အတွက် ထွက်‌ပြေးလွတ်‌မြောက်ရာပုန်းခိုစရာ မရှိ‌တော့‌ကြောင်းကိုလည်း ယုံကြည်သွားကြမည်။ لَّا يَسۡـَٔمُ ٱلۡإِنسَٰنُ مِن دُعَآءِ ٱلۡخَيۡرِ وَإِن مَّسَّهُ ٱلشَّرُّ فَيَـُٔوسٌ قَنُوطٌ ٤٩လူသားသည် ‌ကောင်းကျိုး(ချမ်းသာ) ‌တောင်းခံခြင်းမှ ငြီး‌ငွေ့ခြင်းမရှိ‌ပေ။ ###၁၇ ထို့ပြင် အကယ်၍ သူ့၌ ဒုက္ခတစ်စုံတစ်ခု ကျ‌ရောက်ခဲ့လျှင် (သူသည်) စိတ်ဓာတ်ကျသူ၊ ‌မျှော်လင့်ချက်ကင်းသူ ဖြစ်သွား‌တော့သည်။ وَلَئِنۡ أَذَقۡنَٰهُ رَحۡمَةً مِّنَّا مِنۢ بَعۡدِ ضَرَّآءَ مَسَّتۡهُ لَيَقُولَنَّ هَٰذَا لِي وَمَآ أَظُنُّ ٱلسَّاعَةَ قَآئِمَةً وَلَئِن رُّجِعۡتُ إِلَىٰ رَبِّيٓ إِنَّ لِي عِندَهُۥ لَلۡحُسۡنَىٰۚ فَلَنُنَبِّئَنَّ ٱلَّذِينَ كَفَرُواْ بِمَا عَمِلُواْ وَلَنُذِيقَنَّهُم مِّنۡ عَذَابٍ غَلِيظٍ ٥٠ထို့ပြင် အကယ်၍ သူ၏အ‌ပေါ်ကျ‌ရောက်ခဲ့‌သော ဒုက္ခ‌နောက်တွင် ငါအရှင်မြတ်သည် သူ့အား ငါအရှင်မြတ်ထံ‌တော်မှ ကရုဏာကို မြည်းစမ်း‌စေ‌တော်မူခဲ့လျှင် အမှန်စင်စစ်သူသည် (ဤသို့)‌ပြော‌တော့သည်- “ဤသည် ကျွန်ုပ်အတွက်ပင်ဖြစ်သည်။ ထို့ပြင် ကိယာမသ်‌နေ့သည် ‌ရောက်လာမည်ဟု ကျွန်ုပ်မယူဆ‌ပေ။ ထို့ပြင် အကယ်၍ ကျွန်ုပ်သည် ကျွန်ုပ်အား ဖန်ဆင်း‌မွေးမြူ‌တော်မူ‌သောအရှင်မြတ်ထံ‌တော်သို့ ပြန်သွားခဲ့ရလျှင်လည်း အမှန်စင်စစ် ကျွန်ုပ်အတွက် အရှင်မြတ်ထံ‌တော်တွင် ပို‌ကောင်း‌သော အကျိုးများ အမှန်ပင်ရှိဦးမည်ဖြစ်သည်။” သို့ဖြစ်ရာ အမှန်စင်စစ် ငါအရှင်မြတ်သည် ကာဖိရ်များအား သူတို့ ပြုလုပ်ခဲ့သမျှကို အသိ‌ပေး‌တော်မူမည်။ ထို့ပြင် အမှန်စင်စစ် ငါအရှင်မြတ်သည် သူတို့အား ပြင်းထန်‌သောပြစ်ဒဏ်၏ အရသာကို မြည်းစမ်း‌စေ‌တော်မူမည်။ وَإِذَآ أَنۡعَمۡنَا عَلَى ٱلۡإِنسَٰنِ أَعۡرَضَ وَنَـَٔا بِجَانِبِهِۦ وَإِذَا مَسَّهُ ٱلشَّرُّ فَذُو دُعَآءٍ عَرِيضٍ ٥١ထို့ပြင် ငါအရှင်မြတ်သည် လူသားအ‌ပေါ်တွင်‌ကျေးဇူးပြု‌တော်မူသည့်အခါ သူသည် မျက်နှာလွှဲပြီး အ‌ဝေးသို့ ‌ရှောင်ထွက်သွား‌လေ့ရှိသည်။ ထို့ပြင် သူ့တွင် ဒုက္ခ‌ရောက်လာလျှင်မူ ရှည်လျားစွာ ဆု‌တောင်း‌လေ့ရှိသည်။ قُلۡ أَرَءَيۡتُمۡ إِن كَانَ مِنۡ عِندِ ٱللَّهِ ثُمَّ كَفَرۡتُم بِهِۦ مَنۡ أَضَلُّ مِمَّنۡ هُوَ فِي شِقَاقِۭ بَعِيدٍ ٥٢(အို-တမန်‌တော်)အသင်‌ပြောလိုက်ပါ၊ အသင်တို့ပင် ‌ပြောပြကြပါ၊ အကယ်၍ ထို(ကုရ်အာန်ကျမ်း‌တော်မြတ်)သည် အလ္လာဟ်အရှင်မြတ်ထံ‌တော်မှဖြစ်ခဲ့မည်၊ ထို့ပြင် အသင်တို့သည် ထိုအရာကို ငြင်းပယ်ခဲ့ကြမည်ဆိုလျှင် အလွန်‌ဝေး‌သော ကွဲပြားမှု၌ရှိ‌နေသူထက် ပို၍လမ်းလွဲသူ မည်သူရှိဦးမည်နည်း။ ###၁၈ سَنُرِيهِمۡ ءَايَٰتِنَا فِي ٱلۡأٓفَاقِ وَفِيٓ أَنفُسِهِمۡ حَتَّىٰ يَتَبَيَّنَ لَهُمۡ أَنَّهُ ٱلۡحَقُّۗ أَوَلَمۡ يَكۡفِ بِرَبِّكَ أَنَّهُۥ عَلَىٰ كُلِّ شَيۡءٍ شَهِيدٌ ٥٣မကြာမီ ငါအရှင်မြတ်သည် သူတို့အား မိုးကုပ်စက်ဝိုင်းများတွင်သာမက သူတို့၏ ခန္ဓာကိုယ်များထဲတွင်လည်း ငါအရှင်မြတ်၏ သက်‌သေလက္ခဏာများကို ပြသ‌တော်မူမည်ဖြစ်သည်။ ‌နောက်ဆုံးတွင် သူတို့အတွက် အမှန်စင်စစ် ကုရ်အာန်ကျမ်း‌တော်မြတ်သည် မှန်ကန်‌ကြောင်း သိသာထင်ရှားလာလိမ့်မည်။ ###၁၉ ထို့ပြင် အသင့်အား ဖန်ဆင်း‌မွေးမြူ‌တော်မူ‌သောအရှင်မြတ်သည် အရာအားလုံးအ‌ပေါ်တွင် မျက်‌မှောက်အသိသက်‌သေဖြစ်‌နေ‌တော်မူခြင်းသည် မလုံ‌လောက်သ‌လော။ أَلَآ إِنَّهُمۡ فِي مِرۡيَةٍ مِّن لِّقَآءِ رَبِّهِمۡۗ أَلَآ إِنَّهُۥ بِكُلِّ شَيۡءٍ مُّحِيطُۢ ٥٤သတိပြုကြပါ၊ အမှန်စင်စစ် သူတို့သည် သူတို့အားဖန်ဆင်း‌မွေးမြူ‌တော်မူ‌သောအရှင်မြတ်နှင့် ‌တွေ့ဆုံကြရမည်(နှင့်ပတ်သက်၍) သံသယတွင် ရှိ‌နေကြသည်။ သတိပြုကြပါ၊ အမှန်စင်စစ် အရှင်မြတ်သည် အရာအားလုံးတို့အား ဝန်းခြုံလျက်ရှိ‌တော်မူသည်။

الترجمة: Hashim Tin Myint.