ملة الإسلام

السورة 11 · 123 آية · Hashim Tin Myint

سورة هود باللغة البورمية

السورة بالعربية مع التفسير استمع إلى سورة هود (1,270 قارئاً)
مكيةسورة هود١٢٣ آية

بِسۡمِ ٱللَّهِ ٱلرَّحۡمَٰنِ ٱلرَّحِيمِ

الٓرۚ كِتَٰبٌ أُحۡكِمَتۡ ءَايَٰتُهُۥ ثُمَّ فُصِّلَتۡ مِن لَّدُنۡ حَكِيمٍ خَبِيرٍ ١အလိဖ် လာမ် ရာ။ (ဤသည်) အကြင်ကျမ်းဂန်ဖြစ်သည်၊ ထိုကျမ်းဂန်၏အာယသ်‌တော်များသည် ခိုင်မြဲစွာ ပြုလုပ်ထားပြီးဖြစ်သည်။* ထို့ပြင် ထိုအာယသ်‌တော်များသည် ပညာဉာဏ်အ‌မြော်အမြင်နှင့် အလွန်ပြည့်စုံ‌တော်မူ‌သော အကြွင်းမဲ့ကြားသိ(သတင်း‌ပေး)‌တော်မူ‌သော အရှင်မြတ်ထံမှ အ‌သေးစိတ် ရှင်းလင်း‌ဖော်ပြပြီးဖြစ်သည်။ أَلَّا تَعۡبُدُوٓاْ إِلَّا ٱللَّهَۚ إِنَّنِي لَكُم مِّنۡهُ نَذِيرٌ وَبَشِيرٌ ٢အသင်တို့သည် အလ္လာဟ်အရှင်မြတ်မှလွဲ၍ တစ်စုံတစ်ရာကို မကိုးကွယ်ကြနှင့်၊ အမှန်စင်စစ် ငါသည် အသင်တို့အတွက် အရှင်မြတ်ထံ‌တော်မှ သတိ‌ပေးနှိုး‌ဆော်သူနှင့် ဝမ်း‌မြောက်ဖွယ်ရာ သတင်း‌ကောင်း‌ပေးသူဖြစ်သည်။ وَأَنِ ٱسۡتَغۡفِرُواْ رَبَّكُمۡ ثُمَّ تُوبُوٓاْ إِلَيۡهِ يُمَتِّعۡكُم مَّتَٰعًا حَسَنًا إِلَىٰٓ أَجَلٍ مُّسَمًّى وَيُؤۡتِ كُلَّ ذِي فَضۡلٍ فَضۡلَهُۥۖ وَإِن تَوَلَّوۡاْ فَإِنِّيٓ أَخَافُ عَلَيۡكُمۡ عَذَابَ يَوۡمٍ كَبِيرٍ ٣ထို့ပြင် အသင်တို့သည် အသင်တို့အား ဖန်ဆင်း‌မွေးမြူ‌တော်မူ‌သော အရှင်မြတ်ထံ‌တော်၌ လွတ်ငြိမ်းချမ်းသာခွင့် ‌တောင်းခံကြပါ၊ ၎င်း‌နောက် အသင်တို့သည် အရှင်မြတ်ထံ‌တော်၌ ဝန်ချ‌တောင်းပန်ကြပါ။ အရှင်မြတ်သည် အသင်တို့ကို သတ်မှတ်ထား‌သော အချိန်ကာလအထိ ‌ကောင်းမွန်‌သောစည်းစိမ်များကို စံစား‌စေ‌တော်မူမည်။ ထို့ပြင် အရှင်မြတ်သည် လုပ်ရပ်ပို‌ကောင်း‌သောသူတိုင်းကို သူတို့၏ပို(ရထိုက်)‌သောအကျိုးရလဒ်ကို ‌ပေးသနား‌တော်မူမည်ဖြစ်သည်။ ထို့ပြင် အကယ်၍ အသင်တို့သည် မျက်နှာလွှဲ‌နေကြလျှင် ငါသည် အသင်တို့နှင့်ပတ်သက်၍ ကြီးကျယ်‌သော‌နေ့၏ပြစ်ဒဏ်ကို စိုးရိမ်သည်။ إِلَى ٱللَّهِ مَرۡجِعُكُمۡۖ وَهُوَ عَلَىٰ كُلِّ شَيۡءٍ قَدِيرٌ ٤အသင်တို့၏ပြန်လှည့်ခြင်းသည် အလ္လာဟ်အရှင်မြတ်ထံ‌တော်သို့ပင်ဖြစ်သည်။ ထို့ပြင် အရှင်မြတ်သည် အရာအားလုံးအ‌ပေါ်တွင် အလွန်စွမ်း‌ဆောင်နိုင်‌တော်မူ‌သော အရှင်မြတ်ပင် ဖြစ်‌တော်မူသည်။ أَلَآ إِنَّهُمۡ يَثۡنُونَ صُدُورَهُمۡ لِيَسۡتَخۡفُواْ مِنۡهُۚ أَلَا حِينَ يَسۡتَغۡشُونَ ثِيَابَهُمۡ يَعۡلَمُ مَا يُسِرُّونَ وَمَا يُعۡلِنُونَۚ إِنَّهُۥ عَلِيمُۢ بِذَاتِ ٱلصُّدُورِ ٥သတိပြုကြပါ၊ အမှန်စင်စစ် သူတို့သည် (သူတို့၏စကားများကို) အလ္လာဟ်အရှင်မြတ်အ‌ပေါ်တွင် ဖုံးကွယ်ထားရန် သူတို့၏ရင်းတွင်းရှိအကြံအစည်များကို လျှို့ဝှက်ထားကြသည်။ သတိပြုကြပါ၊ သူတို့သည် သူတို့၏အဝတ်အစားများကို ဖုံးအုပ်‌သောအခါ၌လည်း အရှင်မြတ်သည် သူတို့ ဖုံးအုပ်ထားသည်များနှင့် သူတို့ ‌ဖော်ထုတ်ကြသည်များကို သိရှိ‌တော်မူသည်။ အမှန်စင်စစ် အရှင်မြတ်သည် ရင်ဘတ်(စိတ်)များထဲ၌ ကိန်း‌အောင်း‌နေသည်များကို အကြွင်းမဲ့သိ‌တော်မူ‌သော အရှင်မြတ်ပင် ဖြစ်‌တော်မူသည်။

الجزء الثاني عشر

۞ وَمَا مِن دَآبَّةٍ فِي ٱلۡأَرۡضِ إِلَّا عَلَى ٱللَّهِ رِزۡقُهَا وَيَعۡلَمُ مُسۡتَقَرَّهَا وَمُسۡتَوۡدَعَهَاۚ كُلٌّ فِي كِتَٰبٍ مُّبِينٍ ٦ထို့ပြင် ကမာ္ဘ‌ပေါ်၌ရှိသမျှ သက်ရှိသတ္တဝါအားလုံးတို့၏ စားနပ်ရိက္ခာ‌ပေး‌တော်မူရန်အတွက် အလ္လာဟ်အရှင်မြတ်အ‌ပေါ်တွင် တာဝန်ဖြစ်သည်။* ထို့ပြင် အရှင်မြတ်သည် ထိုသတ္တဝါများ၏ တာရှည်‌နေထိုင်ရာဌာနများနှင့် ‌ခေတ္တ‌နေထိုင်‌သော ‌နေရာဌာနများကို သိရှိ‌တော်မူသည်။* အားလုံးသည် ထင်ရှား‌သောမှတ်တမ်းစာအုပ်၌ ရှိ‌နေသည်။ وَهُوَ ٱلَّذِي خَلَقَ ٱلسَّمَٰوَٰتِ وَٱلۡأَرۡضَ فِي سِتَّةِ أَيَّامٍ وَكَانَ عَرۡشُهُۥ عَلَى ٱلۡمَآءِ لِيَبۡلُوَكُمۡ أَيُّكُمۡ أَحۡسَنُ عَمَلًاۗ وَلَئِن قُلۡتَ إِنَّكُم مَّبۡعُوثُونَ مِنۢ بَعۡدِ ٱلۡمَوۡتِ لَيَقُولَنَّ ٱلَّذِينَ كَفَرُوٓاْ إِنۡ هَٰذَآ إِلَّا سِحۡرٌ مُّبِينٌ ٧ထို့ပြင် အရှင်မြတ်သည်ပင်* မိုး‌ကောင်းကင်များနှင့် ‌မြေပထဝီကို ‌ခြောက်ရက်(နှင့် ညီမျှ‌သောအချိန်)ဖြင့် ဖန်ဆင်း‌တော်မူခဲ့သည်။ အရှင်မြတ်၏ အရ်ရှ်ပလ္လင်‌တော်သည် ‌ရေ‌ပေါ်၌*ရှိခဲ့သည်။ (ဤသို့ မိုးနှင့်‌မြေကို ဖန်ဆင်းခဲ့ရခြင်းမှာ)အရှင်မြတ်သည် အသင်တို့ထဲမှ မည်သူသည် လုပ်ရပ်အ‌နေနှင့် အ‌ကောင်းဆုံးပြုမူသနည်းဆိုသည်ကို စမ်းသပ်‌တော်မူရန်အတွက် ဖြစ်သည်။ ထို့ပြင် အကယ်၍ အသင်သည် (ကာဖိရ်များအား) အမှန်စင်စစ် အသင်တို့သည် ‌သေပြီး‌နောက် ရှင်ပြန်ထကြရမည့်သူများဖြစ်သည်ဟု ‌ပြောခဲ့လျှင် ကာဖိရ်ငြင်းပယ်သူများက “ဤသည် ထင်ရှား‌သော စုန်းပ‌ယောဂ အတတ်ပင်ဖြစ်သည်“ဟု ‌ပြောဆိုကြမည် အမှန်ပင်။ وَلَئِنۡ أَخَّرۡنَا عَنۡهُمُ ٱلۡعَذَابَ إِلَىٰٓ أُمَّةٍ مَّعۡدُودَةٍ لَّيَقُولُنَّ مَا يَحۡبِسُهُۥٓۗ أَلَا يَوۡمَ يَأۡتِيهِمۡ لَيۡسَ مَصۡرُوفًا عَنۡهُمۡ وَحَاقَ بِهِم مَّا كَانُواْ بِهِۦ يَسۡتَهۡزِءُونَ ٨ထို့ပြင် အကယ်၍ ငါအရှင်မြတ်သည် ပြစ်ဒဏ်ကို သူတို့အ‌ပေါ်မှ ‌ရေတွက်(သတ်မှတ်)ထားပြီး‌သောအချိန်ထိ* ‌ရွှေ့ဆိုင်းထား‌တော်မူခဲ့လျှင် သူတို့သည် ထိုပြစ်ဒဏ်ကို မည်သည့်အရာက ထိန်းချုပ်ထားသနည်းဟု အမှန်ပင် ‌ပြောဆိုကြမည်။ သတိပြုကြပါ၊ ထိုပြစ်ဒဏ်သည် သူတို့ထံသို့ ‌ရောက်လာမည့်‌နေ့၌ သူတို့အ‌ပေါ်မှ လွှဲဖယ်သွားမည် မဟုတ်‌ပေ။ ထို့ပြင် သူတို့‌ပြောင်‌လှောင်‌နေကြ‌သော ပြစ်ဒဏ်သည် သူတို့အား ဝန်းရံထားလိမ့်မည်။ وَلَئِنۡ أَذَقۡنَا ٱلۡإِنسَٰنَ مِنَّا رَحۡمَةً ثُمَّ نَزَعۡنَٰهَا مِنۡهُ إِنَّهُۥ لَيَـُٔوسٌ كَفُورٌ ٩ထို့ပြင် အကယ်၍ ငါအရှင်မြတ်သည် လူသားအား ငါအရှင်မြတ်ထံ‌တော်မှ သနားကရုဏာကို မြည်းစမ်း‌စေ‌တော်မူပြီး‌နောက် ငါအရှင်မြတ်သည် သူ၏ထံမှ ထိုကရုဏာကို ရုပ်သိမ်း‌တော်မူခဲ့လျှင်၊ အမှန်စင်စစ် ထိုလူသားသည် အလွန်‌မျှော်လင့်ချက်ကင်းမဲ့သူ၊ အလွန်‌ကျေးဇူးကန်းသူဖြစ်(သွား‌လေ့ရှိ)သည်။ وَلَئِنۡ أَذَقۡنَٰهُ نَعۡمَآءَ بَعۡدَ ضَرَّآءَ مَسَّتۡهُ لَيَقُولَنَّ ذَهَبَ ٱلسَّيِّـَٔاتُ عَنِّيٓۚ إِنَّهُۥ لَفَرِحٌ فَخُورٌ ١٠ထို့ပြင် အကယ်၍ ငါအရှင်မြတ်သည် ထိုလူသားအား သူ၏အ‌ပေါ်ကျ‌ရောက်ခဲ့‌သော ဒုက္ခများပြီး‌နောက် ‌ကျေးဇူး‌တော်များ၏အရသာကို မြည်းစမ်း‌စေ‌တော်မူခဲ့လျှင်၊ အမှန်စင်စစ် သူသည် “ကျွန်ုပ်ထံမှ ဒုက္ခများသည် ကင်း‌ဝေးသွားပြီး“ဟု ‌ပြောဆို‌လေ့ရှိသည်။ အမှန်စင်စစ် ထိုလူသားသည် အလွန်မြူးကြွသူ၊ အလွန်ဂုဏ်‌မောက်သူပင်ဖြစ်သည်။ إِلَّا ٱلَّذِينَ صَبَرُواْ وَعَمِلُواْ ٱلصَّٰلِحَٰتِ أُوْلَٰٓئِكَ لَهُم مَّغۡفِرَةٌ وَأَجۡرٌ كَبِيرٌ ١١သို့ရာတွင် အကြင်သူများသည် သည်းခံခဲ့ကြသည်။ ၎င်း‌နောက် သူတို့သည် ‌ကောင်းမြတ်‌သောလုပ်ရပ်များကို ပြုလုပ်ခဲ့ကြသည်။ ထိုသူများပင် သူတို့အတွက် လွတ်ငြိမ်းချမ်းသာခွင့်နှင့် ကြီးကျယ်‌သော အကျိုးဆုလာဘ်ရှိသည်။ فَلَعَلَّكَ تَارِكُۢ بَعۡضَ مَا يُوحَىٰٓ إِلَيۡكَ وَضَآئِقُۢ بِهِۦ صَدۡرُكَ أَن يَقُولُواْ لَوۡلَآ أُنزِلَ عَلَيۡهِ كَنزٌ أَوۡ جَآءَ مَعَهُۥ مَلَكٌۚ إِنَّمَآ أَنتَ نَذِيرٌۚ وَٱللَّهُ عَلَىٰ كُلِّ شَيۡءٍ وَكِيلٌ ١٢၎င်း‌နောက် သူတို့(မုရှ်ရိက်များ)က “၎င်း(တမန်‌တော်)၏အ‌ပေါ်တွင် ‌ရွှေ‌ငွေဘဏ္ဍာများ အဘယ့်‌ကြောင့် ချ‌ပေးခြင်းမခံရသနည်း၊ သို့မဟုတ် ၎င်းနှင့်အတူ ‌ကောင်းကင်တမန်‌တော်တစ်ပါးပါးသည် အဘယ့်‌ကြောင့် လိုက်ပါမလာသနည်း“ဟု ‌ပြောဆိုခြင်း‌ကြောင့် အသင်သည် အသင်၏ထံသို့ ပို့ချခြင်းခံရ‌သော အမိန့်‌တော်များထဲမှ အချို့ကိုစွန့်လွှတ်မည်‌လော၊ ထို့ပြင် အသင်၏စိတ်သည်လည်း ကျဉ်းကျပ်မှုဖြစ်‌နေသ‌လော။ (အမှန်စင်စစ်)အသင်သည် သတိ‌ပေးနှိုုး‌ဆော်သူသာဖြစ်သည်။ ၎င်း‌နောက် အလ္လာဟ်အရှင်မြတ်သည် အရာအားလုံးအ‌ပေါ်တွင် တာဝန်ခံဖြစ်‌တော်မူသည်။ أَمۡ يَقُولُونَ ٱفۡتَرَىٰهُۖ قُلۡ فَأۡتُواْ بِعَشۡرِ سُوَرٍ مِّثۡلِهِۦ مُفۡتَرَيَٰتٍ وَٱدۡعُواْ مَنِ ٱسۡتَطَعۡتُم مِّن دُونِ ٱللَّهِ إِن كُنتُمۡ صَٰدِقِينَ ١٣၎င်း(တမန်‌တော်)သည် ထို(ကုရ်အာန်)ကို လုပ်ကြံဖန်တီးခဲ့သည်ဟု သူတို့က ‌ပြောဆိုကြသ‌လော။ (အို- တမန်‌တော်)အသင်‌ပြောလိုက်ပါ- ထိုသို့(စာ‌ပေမတတ်‌မြောက်‌သော တမန်‌တော်က လုပ်ကြံ‌ရေးသားနိုင်သည်)ဆိုလျှင် (စာ‌ပေတတ်‌မြောက်‌သော အသင်တို့က ပို၍ပင် လုပ်ကြံ‌ရေးသားနိုင်ရမည် ဖြစ်သည့်အတွက်) အသင်တို့သည် ထိုကုရ်အာန်ကျမ်းလာ စူရဟ်ကဏ္ဍကဲ့သို့ လုပ်ကြဖန်တီးထား‌သော စူရဟ်ကဏ္ဍဆယ်ခု*ကို ယူ‌ဆောင်ခဲ့ကြပါ။ ၎င်း‌နောက် အကယ်၍ အသင်တို့သည် မှန်ကန်စွာ ‌ပြောဆိုသူများဖြစ်ကြလျှင် အလ္လာဟ်အရှင်မြတ်မှလွဲ၍ အသင်တို့ တတ်စွမ်းနိုင်‌သောသူများကိုလည်း အသင်တို့ ‌ခေါ်ခဲ့ကြပါ။ فَإِلَّمۡ يَسۡتَجِيبُواْ لَكُمۡ فَٱعۡلَمُوٓاْ أَنَّمَآ أُنزِلَ بِعِلۡمِ ٱللَّهِ وَأَن لَّآ إِلَٰهَ إِلَّا هُوَۖ فَهَلۡ أَنتُم مُّسۡلِمُونَ ١٤ထို့‌နောက် အကယ်၍ သူတို့သည် အသင်တို့အား (တုံ့ပြန်)‌ဖြေဆိုခြင်း မပြုခဲ့ကြလျှင် (ဤ ကုရ်အာန်သည်)အလ္လာဟ်အရှင်မြတ်၏အသိပညာနှင့် ချ‌ပေးခံရခြင်းဖြစ်‌ကြောင်းနှင့် အရှင်မြတ်မှလွဲ၍ အခြားကိုးကွယ်ထိုက်‌သောအရှင် မရှိ‌ကြောင်းကို အသင်တို့(‌ကောင်းစွာ)သိထားလိုက်ကြပါ။ သို့ဖြစ်ရာ အသင်တို့သည် မွတ်စ်လင်မ်များဖြစ်ကြပြီ‌လော။ مَن كَانَ يُرِيدُ ٱلۡحَيَوٰةَ ٱلدُّنۡيَا وَزِينَتَهَا نُوَفِّ إِلَيۡهِمۡ أَعۡمَٰلَهُمۡ فِيهَا وَهُمۡ فِيهَا لَا يُبۡخَسُونَ ١٥မည်သူမဆို ‌လောကီဘဝနှင့် ‌လောကီဘဝ၏လှပတင့်တယ်မှုကို ရည်ရွယ်လျှင် ငါအရှင်မြတ်သည် ထိုသို့‌သောသူများကို သူတို့၏လုပ်ရပ်များ၏အကျိုးအား ဤ‌လောက၌ပင် အပြည့်အဝ‌ပေး‌တော်မူသည်။* ၎င်း‌နောက် သူတို့သည် ဤ‌လောကီဘဝတွင် (အနည်းငယ်မှ)ယုတ်‌လျော့‌စေခြင်းကို ခံကြရမည်မဟုတ်‌ပေ။ أُوْلَٰٓئِكَ ٱلَّذِينَ لَيۡسَ لَهُمۡ فِي ٱلۡأٓخِرَةِ إِلَّا ٱلنَّارُۖ وَحَبِطَ مَا صَنَعُواْ فِيهَا وَبَٰطِلٌ مَّا كَانُواْ يَعۡمَلُونَ ١٦ဤသူများသည် အကြင်သူများပင်။ ထိုသူများအတွက် တမလွန်ဘဝတွင် ငရဲမီးမှလွဲ၍ အခြားတစ်စုံတစ်ရာမျှ (အကျိုးခံစားခွင့်)ရှိမည်မဟုတ်‌ပေ။ ထို့ပြင် သူတို့ ဤဘဝတွင် ပြုလုပ်ခဲ့သမျှသည် အချည်းနှီးဖြစ်သည့်အပြင် သူတို့ လုပ်သမျှအရာများသည်လည်း (တမလွန်ဘဝတွင်) အကျိုးမဲ့ဖြစ်လိမ့်မည်။ أَفَمَن كَانَ عَلَىٰ بَيِّنَةٍ مِّن رَّبِّهِۦ وَيَتۡلُوهُ شَاهِدٌ مِّنۡهُ وَمِن قَبۡلِهِۦ كِتَٰبُ مُوسَىٰٓ إِمَامًا وَرَحۡمَةًۚ أُوْلَٰٓئِكَ يُؤۡمِنُونَ بِهِۦۚ وَمَن يَكۡفُرۡ بِهِۦ مِنَ ٱلۡأَحۡزَابِ فَٱلنَّارُ مَوۡعِدُهُۥۚ فَلَا تَكُ فِي مِرۡيَةٍ مِّنۡهُۚ إِنَّهُ ٱلۡحَقُّ مِن رَّبِّكَ وَلَٰكِنَّ أَكۡثَرَ ٱلنَّاسِ لَا يُؤۡمِنُونَ ١٧ထို့‌ကြောင့် အကြင်သူသည် (‌လောကီဘဝကိုသာ ရည်ရွယ်‌သောသူများနှင့်အတူတူ ဖြစ်နိုင်ပါမည်‌လော၊ ထိုသူသည်) သူ့အား ဖန်ဆင်း‌မွေးမြူ‌တော်မူ‌သောအရှင်မြတ်ထံမှ (‌ရောက်ရှိလာ‌သော)ထင်ရှားသည့် အ‌ထောက်အထား(ကုရ်အာန်ကျမ်း)အ‌ပေါ်တွင် တည်ရှိသည်။ ထို့‌နောက် ၎င်း(ကုရ်အာန်)၏မှန်ကန်မှု အ‌ထောက်အထားတစ်ခုကမူ အလ္လာဟ်အရှင်မြတ်ထံ‌တော်မှ ကုရ်အာန်ထဲ၌ပင် ‌ထောက်ခံချထား‌ပေးခြင်းဖြစ်သည်။ (ထိုအရာသည် ကုရ်အာန်၏ မုအ်ဂျိဇဟ် တန်ခိုး‌တော်ဖြစ်သည်။)* ထို့‌နောက် ၎င်း(ကုရ်အာန်)မတိုင်မီ၌ (တမန်‌တော်)မူစာ (ထံသို့ချ‌ပေးခြင်းခံရ‌သော)ကျမ်းသည်လည်း (ကုရ်အာန်၏မှန်ကန်မှု အ‌ထောက်အထားဖြစ်ပြီး) ‌ရှေ့‌ဆောင်‌ရှေ့ရပ်အဖြစ်နှင့် ကရုဏာ‌တော်အဖြစ် ရှိခဲ့သည်။ ထိုသူများသည် ၎င်း(ကုရ်အာန်)ကို ယုံကြည်ကြသည်။ ထို့ပြင် အုပ်စုများထဲမှ* မည်သူမဆို ၎င်း(ကုရ်အာန်)ကို ငြင်းပယ်ခဲ့လျှင် ငရဲဘုံသည် သူ့အတွက် ကတိပြုထားရာ‌နေရာဖြစ်သည်။ သို့ဖြစ်ရာ အသင်သည် ၎င်း(ကုရ်အာန်)နှင့်ပတ်သက်၍ သံသယမဖြစ်ပါနှင့်၊ အမှန်စင်စစ် ၎င်း(ကုရ်အာန်)သည် အသင့်အား ဖန်ဆင်း‌မွေးမြူ‌တော်မူ‌သော အရှင်မြတ်ထံ‌တော်မှ အမှန်ပင်ဖြစ်သည်။ သို့ရာတွင် လူများထဲမှ အ‌မြောက်အမြားသည် ယုံကြည်ကြမည် မဟုတ်‌ပေ။ وَمَنۡ أَظۡلَمُ مِمَّنِ ٱفۡتَرَىٰ عَلَى ٱللَّهِ كَذِبًاۚ أُوْلَٰٓئِكَ يُعۡرَضُونَ عَلَىٰ رَبِّهِمۡ وَيَقُولُ ٱلۡأَشۡهَٰدُ هَٰٓؤُلَآءِ ٱلَّذِينَ كَذَبُواْ عَلَىٰ رَبِّهِمۡۚ أَلَا لَعۡنَةُ ٱللَّهِ عَلَى ٱلظَّٰلِمِينَ ١٨ထို့ပြင် အလ္လာဟ်အရှင်မြတ်အ‌ပေါ်တွင် လိမ်လည်လုပ်ကြံစွပ်စွဲခဲ့သူထက် မတရားသူ မည်သူရှိဦးမည်နည်း။ ထိုသို့‌သောသူများသည် သူတို့၏အရှင်မြတ်‌ရှေ့၌ ဝင်‌ရောက်‌စေခြင်းကို ခံကြရမည်ဖြစ်သည်။ ၎င်း‌နောက် သက်‌သေများက “ဤသူများပင် သူတို့အား ဖန်ဆင်း‌မွေးမြူ‌တော်မူ‌သောအရှင်မြတ်အ‌ပေါ်၌ လိမ်လည်လုပ်ကြစွပ်စွဲခဲ့ကြ‌သောသူများဖြစ်ကြသည်“ဟု ‌ပြောဆိုကြမည်။* သတိပြုကြပါ၊ အလ္လာဟ်အရှင်မြတ်၏လအ်နသ် ကရုဏာမှကင်း‌ဝေးမှုသည် မတရား‌သောသူများအ‌ပေါ်တွင် ရှိလိမ့်မည်။ ٱلَّذِينَ يَصُدُّونَ عَن سَبِيلِ ٱللَّهِ وَيَبۡغُونَهَا عِوَجًا وَهُم بِٱلۡأٓخِرَةِ هُمۡ كَٰفِرُونَ ١٩(ထိုမတရားသူများသည်)အကြင်သူများပင်ဖြစ်ကြသည်၊ ထိုသူများသည် (သူတစ်ပါးအား)အလ္လာဟ်အရှင်မြတ်၏လမ်း‌တော်မှ တားဆီးကြသည်။ ၎င်း‌နောက် သူတို့သည် ထိုလမ်းတွင် ‌ကွေ့‌ကောက်မှုကို ရှာကြံကြသည်။ ထို့ပြင် သူတို့သည် တမလွန်ဘဝကိုလည်း ငြင်းပယ်သူများဖြစ်ကြသည်။ أُوْلَٰٓئِكَ لَمۡ يَكُونُواْ مُعۡجِزِينَ فِي ٱلۡأَرۡضِ وَمَا كَانَ لَهُم مِّن دُونِ ٱللَّهِ مِنۡ أَوۡلِيَآءَۘ يُضَٰعَفُ لَهُمُ ٱلۡعَذَابُۚ مَا كَانُواْ يَسۡتَطِيعُونَ ٱلسَّمۡعَ وَمَا كَانُواْ يُبۡصِرُونَ ٢٠ထိုသူများသည် ကမာ္ဘ‌မြေ၌လည်း (အရှင်မြတ်၏ပြစ်ဒဏ်မှ)လွတ်‌မြောက်‌အောင် စွမ်း‌ဆောင်နိုင်သူများ မဟုတ်‌ပေ။ ထို့ပြင် သူတို့၌ အလ္လာဟ်အရှင်မြတ်နှင့်ဆန့်ကျင်ပြီး ကူညီမည့်သူများလည်း မည်သူမျှ မရှိ‌ပေ။ (ယခုမူ)သူတို့သည် အပြစ်ဒဏ်ကို နှစ်ဆတိုးပြီး(အပြစ်‌ပေးခြင်း)ခံရမည်ဖြစ်သည်။ သူတို့သည် (ကုရ်အာန်ကို)ကြားနိုင်စွမ်းလည်းမရှိ၊ (သာဓကများကို)မြင်နိုင်စွမ်းလည်းမရှိ‌ပေ။ أُوْلَٰٓئِكَ ٱلَّذِينَ خَسِرُوٓاْ أَنفُسَهُمۡ وَضَلَّ عَنۡهُم مَّا كَانُواْ يَفۡتَرُونَ ٢١ဤသူများပင် သူတို့ကိုယ်ကို နစ်နာ‌စေခဲ့ကြ‌သောသူများဖြစ်သည်။ ထို့ပြင် သူတို့ထံမှ သူတို့ လုပ်ကြံဖန်တီးခဲ့ကြ‌သော(ကိုးကွယ်ရာများသည်) ‌ပျောက်ကွယ်သွားကြပြီဖြစ်သည်။ لَا جَرَمَ أَنَّهُمۡ فِي ٱلۡأٓخِرَةِ هُمُ ٱلۡأَخۡسَرُونَ ٢٢လုံးဝ သံသယမရှိ အမှန်စင်စစ် သူတို့သည် တမလွန်ဘဝ၌ အမှန်ပင် အနစ်နာဆုံးသူများဖြစ်ကြလိမ့်မည်။ إِنَّ ٱلَّذِينَ ءَامَنُواْ وَعَمِلُواْ ٱلصَّٰلِحَٰتِ وَأَخۡبَتُوٓاْ إِلَىٰ رَبِّهِمۡ أُوْلَٰٓئِكَ أَصۡحَٰبُ ٱلۡجَنَّةِۖ هُمۡ فِيهَا خَٰلِدُونَ ٢٣အမှန်စင်စစ် အကြင်သူတို့သည် အီမာန်ယုံကြည်ခဲ့ကြသည်။ ထို့ပြင် သူတို့သည် ‌ကောင်းမြတ်‌သောလုပ်ရပ်များကို ပြုလုပ်ခဲ့ကြသည်။ ၎င်း‌နောက် သူတို့သည် သူတို့အား ဖန်ဆင်း‌မွေးမြူ‌တော်မူ‌သော အရှင်မြတ်၏‌ရှေ့၌ ကျိုးနွံခဲ့ကြသည်။ သူတို့သည် ဂျန္နသ်သုခဘုံသားများဖြစ်ကြသည်။ သူတို့သည် ထိုအထဲ၌ အမြဲ‌နေကြရမည့်သူများဖြစ်ကြသည်။ ۞ مَثَلُ ٱلۡفَرِيقَيۡنِ كَٱلۡأَعۡمَىٰ وَٱلۡأَصَمِّ وَٱلۡبَصِيرِ وَٱلسَّمِيعِۚ هَلۡ يَسۡتَوِيَانِ مَثَلًاۚ أَفَلَا تَذَكَّرُونَ ٢٤(ကာဖိရ်နှင့်မွတ်စ်လင်မ်)အုပ်စုနှစ်စု၏သာဓကသည် မျက်စိကန်းပြီး နားပင်းသူနှင့် မျက်စိမြင်ပြီး နားကြားသူကဲ့သို့ဖြစ်သည်။* ထိုအုပ်စု နှစ်စုတို့သည် အ‌ခြေအ‌နေ(တိုင်း၌)တူညီသ‌လော။ ဤမျှပင် အသင်တို့သည် အသိတရား မရကြသ‌လော။ وَلَقَدۡ أَرۡسَلۡنَا نُوحًا إِلَىٰ قَوۡمِهِۦٓ إِنِّي لَكُمۡ نَذِيرٌ مُّبِينٌ ٢٥ထို့ပြင် အမှန်စင်စစ် ငါအရှင်မြတ်သည် (တမန်‌တော်)နူးဟ်ကို ၎င်း၏အမျိုးသားများထံ ‌စေလွှတ်‌တော်မူခဲ့သည်။ (၎င်းက‌ပြောသည်) အမှန်စင်စစ် ငါသည် အသင်တို့အတွက် ပွင့်လင်းထင်ရှားစွာ သတိ‌ပေးသူဖြစ်သည်။ أَن لَّا تَعۡبُدُوٓاْ إِلَّا ٱللَّهَۖ إِنِّيٓ أَخَافُ عَلَيۡكُمۡ عَذَابَ يَوۡمٍ أَلِيمٍ ٢٦အသင်တို့သည် အလ္လာဟ်အရှင်မြတ်မှလွဲ၍ အခြားတစ်စုံတစ်ရာကို မကိုးကွယ်ကြနှင့်။* အမှန်စင်စစ် ငါသည် အသင်တို့အတွက် အလွန်နာကျင်‌စေ‌သော‌နေ့၏အပြစ်ဒဏ်*ကို စိုးရိမ်သည်။ فَقَالَ ٱلۡمَلَأُ ٱلَّذِينَ كَفَرُواْ مِن قَوۡمِهِۦ مَا نَرَىٰكَ إِلَّا بَشَرًا مِّثۡلَنَا وَمَا نَرَىٰكَ ٱتَّبَعَكَ إِلَّا ٱلَّذِينَ هُمۡ أَرَاذِلُنَا بَادِيَ ٱلرَّأۡيِ وَمَا نَرَىٰ لَكُمۡ عَلَيۡنَا مِن فَضۡلِۭ بَلۡ نَظُنُّكُمۡ كَٰذِبِينَ ٢٧ထို့‌နောက် ၎င်း၏အမျိုးသားများထဲမှ ငြင်းပယ်ခဲ့ကြ‌သော အကြီးအကဲများက (ဤသို့)‌ပြောဆိုခဲ့ကြသည်- “ကျွန်ုပ်တို့သည် အသင့်အား ကျွန်ုပ်တို့ကဲ့သို့ လူသားတစ်ဦးအဖြစ်နှင့်သာ မြင်ကြသည်။ ၎င်း‌နောက် ကျွန်ုပ်တို့သည် အ‌ပေါ်ယံအားဖြင့် ကျွန်ုပ်တို့ထဲမှ အ‌သေးသိမ်ဆုံး‌သောသူများမှလွဲ၍ အခြားသူများသည် အသင်၏‌နောက်သို့ လိုက်သည်ကို မမြင်ကြ‌ပေ။ ၎င်း‌နောက် ကျွန်ုပ်တို့သည် အသင်တို့တွင် ကျွန်ုပ်တို့ထက် တစ်စုံတစ်ရာကို ပိုမြင့်မြတ်သည်ကိုလည်း မမြင်ကြ‌ပေ။ အမှန်စင်စစ် ကျွန်ုပ်တို့သည် အသင်တို့အား လိမ်လည်သူများဟုပင် ယူဆကြသည်။ قَالَ يَٰقَوۡمِ أَرَءَيۡتُمۡ إِن كُنتُ عَلَىٰ بَيِّنَةٍ مِّن رَّبِّي وَءَاتَىٰنِي رَحۡمَةً مِّنۡ عِندِهِۦ فَعُمِّيَتۡ عَلَيۡكُمۡ أَنُلۡزِمُكُمُوهَا وَأَنتُمۡ لَهَا كَٰرِهُونَ ٢٨၎င်း(တမန်‌တော် နူးဟ်)က ‌ပြောဆိုသည်- “အို- ငါ၏အမျိုးသားအ‌ပေါင်းတို့၊ အကယ်၍ ငါသည် ငါ့အား ဖန်ဆင်း‌မွေးမြူ‌တော်မူ‌သော အရှင်မြတ်ထံ‌တော်မှ ထင်ရှား‌သော သက်‌သေလက္ခဏာများရှိ‌နေလျှင်၊ ၎င်း‌နောက် အရှင်မြတ်သည် ငါ့အား အရှင်မြတ်ထံ‌တော်မှ ကရုဏာ(တမန်‌တော်အဖြစ်‌ရွေးချယ်ခြင်း)ကို ‌ပေးသနား‌တော်မူခဲ့လျှင်၊ ၎င်း‌နောက် ထို(တမန်‌တော်အဖြစ်)သည် အသင်တို့အ‌ပေါ်တွင် ဖုံးအုပ်‌နေလျှင် (သဲကွဲစွာ မမြင်ရလျှင်) အသင်တို့သည် မည်သို့ ယူဆမည်နည်းဆိုသည်ကို ငါ့အား ‌ပြောပြကြပါ။ အသင်တို့သည် ထိုအရာ(တမန်‌တော်ဖြစ်ခြင်း)ကို မလိုလားကြပါလျက် ငါသည် အသင်တို့အား ထိုအရာ(တမန်‌တော်ဖြစ်ခြင်း)ကို (ယုံကြည်လက်ခံရန်) အတင်းအကျပ်ပြုလုပ်ရမည်‌လော။ وَيَٰقَوۡمِ لَآ أَسۡـَٔلُكُمۡ عَلَيۡهِ مَالًاۖ إِنۡ أَجۡرِيَ إِلَّا عَلَى ٱللَّهِۚ وَمَآ أَنَا۠ بِطَارِدِ ٱلَّذِينَ ءَامَنُوٓاْۚ إِنَّهُم مُّلَٰقُواْ رَبِّهِمۡ وَلَٰكِنِّيٓ أَرَىٰكُمۡ قَوۡمًا تَجۡهَلُونَ ٢٩ထို့ပြင် အို- ငါ၏အမျိုးသားအ‌ပေါင်းတို့၊ ငါသည် အသင်တို့ထံမှ ထို(တရားလမ်းမှန်ပြသခြင်း)နှင့်ပတ်သက်၍ မည်သည့်ပစ္စည်းမှ ‌တောင်းခံခြင်းမရှိ‌ပေ။ ငါ၏အကျိုးဆုလာဘ်သည် အလ္လာဟ်အရှင်မြတ်အ‌ပေါ်၌သာရှိသည်။ ထို့ပြင် ငါသည် ယုံကြည်သူများအား (သူတို့၏‌နေရပ်မှ)‌မောင်းထုတ်မည့်သူလည်း မဟုတ်‌ပေ။* အမှန်စင်စစ် ထိုသူများသည် သူတို့အား ဖန်ဆင်း‌မွေးမြူ‌တော်မူ‌သော အရှင်မြတ်နှင့် ‌တွေ့ဆုံမည့်သူများဖြစ်သည်။* သို့ရာတွင် ငါသည် အသင်တို့အား မသိမိုက်မဲသူများအဖြစ်ပင် ‌တွေ့မြင်သည်။ وَيَٰقَوۡمِ مَن يَنصُرُنِي مِنَ ٱللَّهِ إِن طَرَدتُّهُمۡۚ أَفَلَا تَذَكَّرُونَ ٣٠ထို့ပြင် အို- ငါ၏အမျိုးသားအ‌ပေါင်းတို့၊ အကယ်၍ ငါသည် သူတို့အား နှင်ထုတ်ခဲ့လျှင် ငါ့အား အလ္လာဟ်အရှင်မြတ်၏ပြစ်ဒဏ်မှ မည်သူ ကာကွယ်မည်နည်း။ ဤမျှပင် အသင်တို့သည် အသိတရား မရကြသ‌လော။ وَلَآ أَقُولُ لَكُمۡ عِندِي خَزَآئِنُ ٱللَّهِ وَلَآ أَعۡلَمُ ٱلۡغَيۡبَ وَلَآ أَقُولُ إِنِّي مَلَكٌ وَلَآ أَقُولُ لِلَّذِينَ تَزۡدَرِيٓ أَعۡيُنُكُمۡ لَن يُؤۡتِيَهُمُ ٱللَّهُ خَيۡرًاۖ ٱللَّهُ أَعۡلَمُ بِمَا فِيٓ أَنفُسِهِمۡ إِنِّيٓ إِذًا لَّمِنَ ٱلظَّٰلِمِينَ ٣١ထို့ပြင် ငါသည် ငါ၏ထံ၌ အလ္လာဟ်အရှင်မြတ်၏ဘဏ္ဍာ‌တော်များရှိသည်၊ ၎င်းပြင် ငါသည် အကွယ်၌ရှိသည်အားလုံးကို သိသည်ဟု အသင်တို့အား ‌ပြောဆိုခြင်းမရှိ‌ပေ။ ထို့ပြင် အမှန်စင်စစ် ငါသည် ‌ကောင်းကင်တမန်ဖြစ်သည်ဟုလည်း မ‌ပြောဆို‌ပေ။ ထို့ပြင် ငါသည် အသင်တို့၏အမြင်၌ ‌သေးသိမ်သူများနှင့်ပတ်သက်၍ သူတို့အား အလ္လာဟ်အရှင်မြတ်သည် ‌ကောင်းခြင်းကို လုံးဝ ‌ပေး‌တော်မူမည်မဟုတ်‌ပေဟုလည်း မ‌ပြောဆို‌ပေ။ သူတို့၏ စိတ်နှလုံးများထဲ၌ ရှိသည်များကို အလ္လာဟ်အရှင်မြတ်သာ အသိဆုံးဖြစ်‌တော်မူသည်။ အမှန်စင်စစ် ငါသည် ထိုသို့(‌ပြော)ဆိုလျှင် မတရားသူများထဲ၌ အမှန်ပင် အပါအဝင်ဖြစ်လိမ့်မည်။ قَالُواْ يَٰنُوحُ قَدۡ جَٰدَلۡتَنَا فَأَكۡثَرۡتَ جِدَٰلَنَا فَأۡتِنَا بِمَا تَعِدُنَآ إِن كُنتَ مِنَ ٱلصَّٰدِقِينَ ٣٢သူတို့က ‌ပြောဆိုကြသည်- အို-(တမန်‌တော်)နူးဟ်၊ အမှန်စင်စစ် အသင်သည် ကျွန်ုပ်တို့နှင့် အငြင်းအခုံပြုခဲ့သည်။ ၎င်း‌နောက် အသင်သည် ကျွန်ုပ်တို့နှင့် အငြင်းအခုံကို များစွာပြုလုပ်ခဲ့ပြန်သည်။ သို့ဖြစ်ရာ အကယ်၍ အသင်သည် မှန်ကန်စွာ ‌ပြောဆိုသူဖြစ်ခဲ့လျှင် အသင်သည် ကျွန်ုပ်တို့အား ခြိမ်း‌ခြောက်‌နေ‌သော ပြစ်ဒဏ်ကို ကျွန်ုပ်တို့ထံသို့ ယူ‌ဆောင်လာပါ။ قَالَ إِنَّمَا يَأۡتِيكُم بِهِ ٱللَّهُ إِن شَآءَ وَمَآ أَنتُم بِمُعۡجِزِينَ ٣٣သူ(တမန်‌တော် နူးဟ်)က‌ပြောသည်- အကယ်၍ အရှင်မြတ်သည် အလိုရှိ‌တော်မူခဲ့လျှင် ထိုပြစ်ဒဏ်ကို အသင်တို့ထံ အလ္လာဟ်အရှင်မြတ်ပင် ယူ‌ဆောင်လာ‌တော်မူမည် ဖြစ်သည်။ ထို့ပြင် (အမှန်စင်စစ်) အသင်တို့သည် (အရှင်မြတ် ယူလာ‌တော်မူမည်ကို) မစွမ်း‌ဆောင်နိုင်‌အောင် ပြုနိုင်သူများ မဟုတ်‌ပေ။ وَلَا يَنفَعُكُمۡ نُصۡحِيٓ إِنۡ أَرَدتُّ أَنۡ أَنصَحَ لَكُمۡ إِن كَانَ ٱللَّهُ يُرِيدُ أَن يُغۡوِيَكُمۡۚ هُوَ رَبُّكُمۡ وَإِلَيۡهِ تُرۡجَعُونَ ٣٤ထို့ပြင် အကယ်၍ အလ္လာဟ်အရှင်မြတ်သည် အသင်တို့အား (အသင်တို့၏ငြင်းပယ်မှု‌ကြောင့်) လမ်းမှား‌စေ‌တော်မူရန် ရည်ရွယ်‌တော်မူခဲ့လျှင် ငါသည် အသင်တို့အတွက် (မည်မျှပင်)‌ကောင်းကျိုး‌ဆောင်ရန် ရည်ရွယ်လျှင်လည်း ငါ၏အကျိုး‌ဆောင်မှုသည် အသင်တို့အား အကျိုးဖြစ်ထွန်း‌စေနိုင်မည် မဟုတ်‌ပေ။* အရှင်မြတ်သည်ပင် အသင်တို့အား ဖန်ဆင်း‌တော်မူ‌သောအရှင် ဖြစ်‌တော်မူသည်။ ၎င်း‌နောက် အသင်တို့သည် ထိုအရှင်မြတ်ထံ‌တော်သို့ပင် ပြန်ကြရမည်ဖြစ်သည်။ أَمۡ يَقُولُونَ ٱفۡتَرَىٰهُۖ قُلۡ إِنِ ٱفۡتَرَيۡتُهُۥ فَعَلَيَّ إِجۡرَامِي وَأَنَا۠ بَرِيٓءٌ مِّمَّا تُجۡرِمُونَ ٣٥သူတို့က ၎င်း(တမန်‌တော် မုဟမ္မဒ်-ဆွ)သည် ထို(ကုရ်အာန်)ကို လုပ်ကြံဖန်တီးခဲ့သည်ဟု ‌ပြောဆိုကြသ‌လော။ (အို- တမန်‌တော်)အသင်‌ပြောလိုက်ပါ- ငါသည် ထိုကုရ်အာန်ကျမ်း‌တော်ကို လုပ်ကြံဖန်တီးလျှင် ငါ၏အပြစ်သည် ငါ၏အ‌ပေါ်၌သာ ရှိမည်ဖြစ်သည်။ ၎င်း‌နောက် ငါသည် အသင်တို့ ကျူးလွန်‌နေကြ‌သော အပြစ်များမှ ကင်းစင်သူဖြစ်သည်။ وَأُوحِيَ إِلَىٰ نُوحٍ أَنَّهُۥ لَن يُؤۡمِنَ مِن قَوۡمِكَ إِلَّا مَن قَدۡ ءَامَنَ فَلَا تَبۡتَئِسۡ بِمَا كَانُواْ يَفۡعَلُونَ ٣٦ထို့ပြင် (တမန်‌တော်)နူးဟ်ထံသို့ အမိန့်ထုတ်ပြန်ခြင်းခံခဲ့ရသည်။ အမှန်စင်စစ် အသင်၏အမျိုးသားများထဲမှ အီမာန်ယုံကြည်ပြီးသည့်သူများမှလွဲ၍ (‌နောက်ထပ်မည်သူမျှ)လုံးဝ အီမာန်ယုံကြည်ကြ‌တော့မည် မဟုတ်‌ပေ။ သို့ဖြစ်ရာ အသင်သည် သူတို့ပြုလုပ်‌နေ‌သော ပြစ်မှုများနှင့်ပတ်သက်၍ ဝမ်းနည်းပူ‌ဆွေးမှု မဖြစ်‌လေနှင့်။ وَٱصۡنَعِ ٱلۡفُلۡكَ بِأَعۡيُنِنَا وَوَحۡيِنَا وَلَا تُخَٰطِبۡنِي فِي ٱلَّذِينَ ظَلَمُوٓاْ إِنَّهُم مُّغۡرَقُونَ ٣٧ထို့ပြင် အသင်သည် ငါအရှင်မြတ်၏မျက်စိ‌အောက်တွင် ငါအရှင်မြတ်၏အမိန့်‌တော်နှင့် သ‌ဘေင်္ာတည်‌ဆောက်ပါ။ ထို့ပြင် အသင်သည် နှိပ်စက်ကျူးလွန်သူများနှင့်ပတ်သက်၍ ငါအရှင်မြတ်ထံ‌တော်၌ အ‌လျှောက်ထားခြင်းမပြု‌လေနှင့်။ အမှန်စင်စစ် သူတို့သည် နစ်မြုပ်မည့်သူများသာ ဖြစ်ကြသည်။ وَيَصۡنَعُ ٱلۡفُلۡكَ وَكُلَّمَا مَرَّ عَلَيۡهِ مَلَأٌ مِّن قَوۡمِهِۦ سَخِرُواْ مِنۡهُۚ قَالَ إِن تَسۡخَرُواْ مِنَّا فَإِنَّا نَسۡخَرُ مِنكُمۡ كَمَا تَسۡخَرُونَ ٣٨ထို့‌နောက် ၎င်း(တမန်‌တော်နူးဟ်)သည် သ‌ဘေင်္ာကို တည်‌ဆောက်သည်။ ထို့ပြင် ၎င်း၏အမျိုးသားများထဲမှ ‌ခေါင်း‌ဆောင်တစ်စုသည် ၎င်း၏ထံသို့ ဖြတ်သန်းသွားလာကြသည့်အခါတိုင်း ၎င်းကို ‌ပြောင်‌လှောင်‌လေ့ရှိကြသည်။ ၎င်းက‌ပြောသည်- အကယ်၍ အသင်တို့သည် ငါတို့အား စင်စစ်‌ပြောင်‌လှောင်ကြလျှင် ငါတို့သည်လည်း အသင်တို့အား အသင်တို့‌ပြောင်‌လှောင်သကဲ့သို့ ‌ပြောင်‌လှောင်ကြမည်ဖြစ်သည်။ فَسَوۡفَ تَعۡلَمُونَ مَن يَأۡتِيهِ عَذَابٌ يُخۡزِيهِ وَيَحِلُّ عَلَيۡهِ عَذَابٌ مُّقِيمٌ ٣٩သို့ဖြစ်ရာ မည်သူ၏ထံသို့ ‌သေးသိမ်‌စေ‌သောပြစ်ဒဏ်*‌ရောက်လာမည်၊ မည်သူ၏အ‌ပေါ်တွင် တည်မြဲ‌သော ပြစ်ဒဏ်ကျ‌ရောက်မည်ဆိုသည်ကို အသင်တို့သည် မကြာမီ သိရှိကြမည်ဖြစ်သည်။ حَتَّىٰٓ إِذَا جَآءَ أَمۡرُنَا وَفَارَ ٱلتَّنُّورُ قُلۡنَا ٱحۡمِلۡ فِيهَا مِن كُلٍّ زَوۡجَيۡنِ ٱثۡنَيۡنِ وَأَهۡلَكَ إِلَّا مَن سَبَقَ عَلَيۡهِ ٱلۡقَوۡلُ وَمَنۡ ءَامَنَۚ وَمَآ ءَامَنَ مَعَهُۥٓ إِلَّا قَلِيلٌ ٤٠‌နောက်ဆုံး၌ ငါအရှင်မြတ်၏အမိန့်‌တော်သည် ‌ရောက်ရှိလာခဲ့‌သောအခါ မုန့်ဖိုသည် ဆူပွက်လာခဲ့သည်။* ငါအရှင်မြတ်သည် (တမန်‌တော်နူးဟ်ကို)မိန့်ကြား‌တော်မူခဲ့သည်- အသင်သည် (သတ္တဝါ)အမျိုးအစားတိုင်းမှ*တစ်စုံစီကိုလည်း‌ကောင်း၊ အသင်၏အိမ်သူအိမ်သားများထဲမှ အကြင်သူနှင့်ပတ်သက်၍ အမိန့်ထုတ်ပြန်ခဲ့ပြီးဖြစ်‌သောသူမှလွဲ၍* ကျန်အိမ်သူအိမ်သားများကိုလည်း‌ကောင်း၊ ယုံကြည်သူများကိုလည်း‌ကောင်း၊ ထိုသ‌ဘေင်္ာ‌ပေါ်တွင် တင်‌ဆောင်ပါ။ ထို့ပြင် ၎င်းနှင့်အတူ အနည်းငယ်‌သောသူများသာ ယုံကြည်ခဲ့ကြခြင်းဖြစ်သည်။ ۞ وَقَالَ ٱرۡكَبُواْ فِيهَا بِسۡمِ ٱللَّهِ مَجۡر۪ىٰهَا وَمُرۡسَىٰهَآۚ إِنَّ رَبِّي لَغَفُورٌ رَّحِيمٌ ٤١ထို့‌နောက် သူက‌ပြောသည်- အသင်တို့သည် ထိုသ‌ဘေင်္ာ‌ပေါ်သို့ ဤသ‌ဘေင်္ာ၏ လှုပ်ရှားသွားလာ‌သောအခါနှင့် ထိုသ‌ဘေင်္ာ၏ဆိုက်ကပ်ရပ်နား‌သောအခါတွင် အလ္လာဟ်အရှင်မြတ်၏ နာမ‌တော်နှင့်အစပြုပါသည်(ဟု ‌ပြောဆို)စီးနင်းကြပါ။* အမှန်စင်စစ် ငါ့အား ဖန်ဆင်း‌မွေးမြူတာ်မူ‌သော အရှင်မြတ်သည် အမှန်ပင် အလွန်လွတ်ငြိမ်းချမ်းသာခွင့်‌ပေး‌တော်မူ‌သောအရှင်၊ အလွန်သနားကြင်နာ‌တော်မူ‌သောအရှင် ဖြစ်‌တော်မူသည်။ وَهِيَ تَجۡرِي بِهِمۡ فِي مَوۡجٍ كَٱلۡجِبَالِ وَنَادَىٰ نُوحٌ ٱبۡنَهُۥ وَكَانَ فِي مَعۡزِلٍ يَٰبُنَيَّ ٱرۡكَب مَّعَنَا وَلَا تَكُن مَّعَ ٱلۡكَٰفِرِينَ ٤٢ထို့‌နောက် ထိုသ‌ဘေင်္ာသည် သူတို့အား တင်‌ဆောင်ပြီး ‌တောင်ကြီးများကဲ့သို့(ကြီးမား‌သော)လှိုင်းတံပိုး၏ကြား၌ ‌မျော‌နေသည်။ ထို့ပြင် (တမန်‌တော်)နူးဟ်သည် သီးခြားတစ်‌နေရာ၌ ရှိ‌နေခဲ့‌သော ၎င်း၏သားကို ဟစ်‌ခေါ်ခဲ့သည်။ အိုု- ချစ်သား၊ အသင်သည် ငါတို့နှင့်အတူ စီးနင်းလိုက်ပါခဲ့ပါ။ ၎င်း‌နောက် အသင်သည် ငြင်းပယ်‌သောသူများနှင့်အတူ မ‌နေရစ်ခဲ့နှင့်(ဟု ဟစ်‌အော် ‌ပြောဆိုခဲ့သည်)။ قَالَ سَـَٔاوِيٓ إِلَىٰ جَبَلٍ يَعۡصِمُنِي مِنَ ٱلۡمَآءِۚ قَالَ لَا عَاصِمَ ٱلۡيَوۡمَ مِنۡ أَمۡرِ ٱللَّهِ إِلَّا مَن رَّحِمَۚ وَحَالَ بَيۡنَهُمَا ٱلۡمَوۡجُ فَكَانَ مِنَ ٱلۡمُغۡرَقِينَ ٤٣၎င်း၏သားက ‌ပြောဆိုသည်- ကျွန်ုပ်သည် မကြာမီ ‌တောင်တစ်ခုထံသို့ အကာအကွယ်ယူလိုက်မည်။ ထို‌တောင်သည် ကျွန်ုပ်ကို ‌ရေ‌ဘေးမှကာကွယ်လိမ့်မည်။ ၎င်း(တမန်‌တော် နူးဟ်)က ‌ပြောဆိုသည်- ယ‌နေ့မူ အလ္လာဟ်အရှင်မြတ် သနား‌တော်မူ‌သောသူမှလွဲ၍ အရှင်မြတ်၏အမိန့်‌တော်(အပြစ်ဒဏ်)မှ (လွတ်‌မြောက်‌အောင်)ကာကွယ်မည့်သူ လုံးဝ မရှိ‌ပေ။ ထို့‌နောက် လှိုင်းတံပိုးသည် ၎င်းတို့(သားအဖ)နှစ်ဦး၏စပ်ကြား၌ ကာဆီးသွား‌တော့သည်။ ထို့‌နောက် သူသည် နစ်မြုပ်ခြင်းခံရသူများထဲတွင် အပါအဝင်ဖြစ်ခဲ့သည်။ وَقِيلَ يَٰٓأَرۡضُ ٱبۡلَعِي مَآءَكِ وَيَٰسَمَآءُ أَقۡلِعِي وَغِيضَ ٱلۡمَآءُ وَقُضِيَ ٱلۡأَمۡرُ وَٱسۡتَوَتۡ عَلَى ٱلۡجُودِيِّۖ وَقِيلَ بُعۡدًا لِّلۡقَوۡمِ ٱلظَّٰلِمِينَ ٤٤ထို့‌နောက် အမိန့်‌တော်ထုတ်ပြန်ခြင်းခံရသည်- အို- ‌မြေပထဝီ၊ အသင်သည် အသင်၏‌ရေများအား စုပ်ယူမျိုချလိုက်ပါ။ ၎င်း‌နောက် အို- မိုး‌ကောင်းကင်၊ အသင်သည် (မိုးရွာခြင်းကို)ရပ်လိုက်ပါ။ ထို့‌နောက် ‌ရေသည် ‌လျော့သွားခဲ့သည်။ ၎င်း‌နောက် အ‌ရေးကိစ္စသည်လည်း ပြီး‌မြောက်သွားခဲ့သည်။ ထို့ပြင် ထိုသ‌ဘေင်္ာသည်လည်း ဂျူဒီ‌တောင်‌ပေါ်၌ ရပ်သွားခဲ့သည်။ ထို့ပြင် နှိပ်စက်ညှဉ်းပန်း‌သောသူ(ကာဖိရ်)များသည် (ကရုဏာ‌တော်မှ)ကင်း‌ဝေးခဲ့ပြီဟု မိန့်ကြား‌တော်မူခြင်းခံရသည်။ وَنَادَىٰ نُوحٌ رَّبَّهُۥ فَقَالَ رَبِّ إِنَّ ٱبۡنِي مِنۡ أَهۡلِي وَإِنَّ وَعۡدَكَ ٱلۡحَقُّ وَأَنتَ أَحۡكَمُ ٱلۡحَٰكِمِينَ ٤٥ထို့ပြင် (တမန်‌တော်)နူးဟ်က ၎င်းအား ဖန်ဆင်း‌မွေးမြူ‌တော်မူ‌သောအရှင်ကို ဟစ်‌ခေါ်‌လျှောက်ထားသည်- အို- ကျွန်ုပ်အား ဖန်ဆင်း‌မွေးမြူ‌တော်မူ‌သောအရှင်၊ အမှန်စင်စစ် ကျွန်ုပ်၏သားသည် ကျွန်ုပ်၏အိမ်သားများထဲမှ ဖြစ်ပါသည်။ ထို့ပြင် အမှန်စင်စစ် အရှင်မြတ်၏ကတိ‌တော်သည်လည်း မှန်ကန်ပါသည်။ ၎င်း‌နောက် အရှင်မြတ်သည် စီရင်ဆုံးဖြတ်သူများထဲ၌ အ‌ကောင်းဆုံး စီရင်ဆုံးဖြတ်‌တော်မူ‌သောအရှင် ဖြစ်‌တော်မူပါသည်။ قَالَ يَٰنُوحُ إِنَّهُۥ لَيۡسَ مِنۡ أَهۡلِكَۖ إِنَّهُۥ عَمَلٌ غَيۡرُ صَٰلِحٍۖ فَلَا تَسۡـَٔلۡنِ مَا لَيۡسَ لَكَ بِهِۦ عِلۡمٌۖ إِنِّيٓ أَعِظُكَ أَن تَكُونَ مِنَ ٱلۡجَٰهِلِينَ ٤٦အရှင်မြတ်က အမိန့်ရှိ‌တော်မူသည်- အို- (တမန်‌တော်)နူးဟ်၊ အမှန်စင်စစ် သူသည် အသင်၏အိမ်သားများထဲမှ မဟုတ်‌ပေ၊ အမှန်စင်စစ် သူသည် မ‌ကောင်းမှုများကို ကျူးလွန်‌သောသူပင်ဖြစ်သည်။ သို့ဖြစ်ရာ အသင်သည် အသင်မသိ‌သောအရာအား ငါအရှင်မြတ်ထံ‌တော်၌ ‌လျှောက်ထားခြင်းမပြုပါနှင့်။ အမှန်စင်စစ် ငါအရှင်မြတ်သည် အသင့်အား အသင်သည် မသိ‌သောသူများထဲ၌ မပါဝင်‌စေရန် ဆုံးမ‌တော်မူသည်။ قَالَ رَبِّ إِنِّيٓ أَعُوذُ بِكَ أَنۡ أَسۡـَٔلَكَ مَا لَيۡسَ لِي بِهِۦ عِلۡمٌۖ وَإِلَّا تَغۡفِرۡ لِي وَتَرۡحَمۡنِيٓ أَكُن مِّنَ ٱلۡخَٰسِرِينَ ٤٧၎င်း(တမန်‌တော်နူးဟ်)က ‌လျှောက်ထားသည်- အို- ကျွန်ုပ်အား ဖန်ဆင်း‌မွေးမြူ‌တော်မူ‌သောအရှင်မြတ်၊ အမှန်စင်စစ် (‌ရှေ့လာမည့်ကာလတွင်) ကျွန်ုပ်သည် ဤသို့ ကျွန်ုပ်မသိ‌သောအရာကို အရှင်မြတ်အား ‌မေးမြန်း‌လျှောက်ထားခြင်းမှ (လွတ်ကင်း‌အောင်) အရှင်မြတ်ထံ‌တော်၌ ခိုလှုံပါသည်။ ထို့ပြင် (ပြီးခဲ‌သော ‌မေးမြန်း‌လျှောက်ထားမှုကို ခွင့်လွှတ်လိုက်‌တော်မူပါ။) အကယ်၍ အရှင်မြတ်သည် ကျွန်ုပ်အား လွတ်ငြိမ်းချမ်းသာခွင့်‌ပေး‌တော်မမူခဲ့ပါလျှင်၊ ၎င်း‌နောက် ကျွန်ုပ်အား သနားကြင်နာ‌တော်မမူခဲ့ပါလျှင် ကျွန်ုပ်သည် ဆုံးရှုံးသူများထဲ၌ အပါအဝင်ဖြစ်သွားရပါလိမ့်မည်။ قِيلَ يَٰنُوحُ ٱهۡبِطۡ بِسَلَٰمٍ مِّنَّا وَبَرَكَٰتٍ عَلَيۡكَ وَعَلَىٰٓ أُمَمٍ مِّمَّن مَّعَكَۚ وَأُمَمٌ سَنُمَتِّعُهُمۡ ثُمَّ يَمَسُّهُم مِّنَّا عَذَابٌ أَلِيمٌ ٤٨(အရှင်မြတ်ထံ‌တော်မှ)မိန့်ကြား‌တော်မူခြင်းခံရခြင်းကမူ- အို- နူးဟ်၊ အသင်သည် အသင့်အတွက်နှင့် အသင်နှင့်အတူရှိ‌သော လူများအတွက် ငါအရှင်မြတ်ထံ‌တော်မှ ငြိမ်းချမ်းမှုနှင့် မဂင်္လာများကိုယူပြီး (ဂျူဒီ‌တောင်‌ပေါ်မှ)ဆင်းသက်ပါ။ ထို့ပြင် အချို့လူမျိုးအုပ်စုများကမူ ငါအရှင်မြတ်သည် မကြာမီ သူတို့အား (အချိန်အနည်းငယ်ထိ)အကျိုးခံစားခွင့် ‌ပေး‌တော်မူမည်။ ၎င်း‌နောက် သူတို့အ‌ပေါ်တွင် ငါအရှင်မြတ်ထံ‌တော်မှ အလွန်နာကျင်‌စေ‌သောပြစ်ဒဏ်သည် ဆိုက်‌ရောက်မည်ဖြစ်သည်။ تِلۡكَ مِنۡ أَنۢبَآءِ ٱلۡغَيۡبِ نُوحِيهَآ إِلَيۡكَۖ مَا كُنتَ تَعۡلَمُهَآ أَنتَ وَلَا قَوۡمُكَ مِن قَبۡلِ هَٰذَاۖ فَٱصۡبِرۡۖ إِنَّ ٱلۡعَٰقِبَةَ لِلۡمُتَّقِينَ ٤٩ဤအရာများသည် အကွယ်၌ရှိ‌သော သတင်းများထဲမှ ဖြစ်သည်။ ငါအရှင်မြတ်သည် ထိုသတင်းများအား အသင်၏ထံသို့ ပို့ချ‌တော်မူသည်။ ဤသို့ မပို့ချမီ ထိုသတင်းများအား အသင်နှင့် အသင်၏အမျိုးသားများသည် သိခဲ့ကြသည် မဟုတ်‌ပေ။* သို့ဖြစ်ရာ အသင်သည် သည်းခံပါ။ အမှန်စင်စစ် ‌နောက်ဆုံးအကျိုးခံစားမှုသည် အပြစ်‌ရှောင်ကြဉ်ကြ‌သောသူများအတွက်ပင် ဖြစ်သည်။ وَإِلَىٰ عَادٍ أَخَاهُمۡ هُودًاۚ قَالَ يَٰقَوۡمِ ٱعۡبُدُواْ ٱللَّهَ مَا لَكُم مِّنۡ إِلَٰهٍ غَيۡرُهُۥٓۖ إِنۡ أَنتُمۡ إِلَّا مُفۡتَرُونَ ٥٠ထို့ပြင် အာဒ်အမျိုးသားများထံသို့ သူတို့၏ညီ‌နောင်(တမန်‌တော်)ဟူဒ်ကို (‌စေလွှတ်‌တော်မူခဲ့သည်)။ ၎င်းက‌ပြောသည်- အို- ငါ၏အမျိုးသားတို့၊ အသင်တို့သည် အလ္လာဟ်အရှင်မြတ်ကိုသာ ကိုးကွယ်ကြပါ။ အသင်တို့အတွက် ထိုအရှင်မှလွဲ၍ အခြားကိုးကွယ်ရာအရှင် မရှိ‌ပေ။ စင်စစ်မှာမူ အသင်တို့သည် လုပ်ကြံဖန်တီးသူများပင်ဖြစ်ကြသည်။ يَٰقَوۡمِ لَآ أَسۡـَٔلُكُمۡ عَلَيۡهِ أَجۡرًاۖ إِنۡ أَجۡرِيَ إِلَّا عَلَى ٱلَّذِي فَطَرَنِيٓۚ أَفَلَا تَعۡقِلُونَ ٥١အို- ငါ၏အမျိုးသားတို့၊ ငါသည် အသင်တို့ထံမှ ဤ(တရား‌ဟောခြင်း)နှင့်ပတ်သက်၍ မည်သည့်အဖိုးအခမှ မ‌တောင်းဆို‌ပေ။ ငါ၏အကျိုးဆုလာဘ်သည် ငါအား ဖန်ဆင်း‌မွေးမြူ‌တော်မူ‌သော အရှင်မြတ်အ‌ပေါ်၌သာ တာဝန်ရှိသည်။* သို့ဖြစ်ရာ အသင်တို့သည် နားမလည်ကြသ‌လော။ وَيَٰقَوۡمِ ٱسۡتَغۡفِرُواْ رَبَّكُمۡ ثُمَّ تُوبُوٓاْ إِلَيۡهِ يُرۡسِلِ ٱلسَّمَآءَ عَلَيۡكُم مِّدۡرَارًا وَيَزِدۡكُمۡ قُوَّةً إِلَىٰ قُوَّتِكُمۡ وَلَا تَتَوَلَّوۡاْ مُجۡرِمِينَ ٥٢ထို့ပြင် အို- ငါ၏အမျိုးသားတို့၊ အသင်တို့သည် အသင်တို့အား ဖန်ဆင်း‌မွေးမြူ‌တော်မူ‌သောအရှင်မြတ်ထံ‌တော်၌ လွတ်ငြိမ်းချမ်းသာခွင့်ကို ‌တောင်းခံကြပါ။* ၎င်း‌နောက် အသင်တို့သည် ထိုအရှင်မြတ်ဘက်သို့ လှည့်ကြပါ။ (သို့ဖြစ်လျှင်)အရှင်မြတ်သည် အသင်တို့အ‌ပေါ်တွင် မိုးကို ဖြိုင်ဖြိုင်ရွာသွန်း‌စေ‌တော်မူမည်။ ၎င်း‌နောက် အသင်တို့၏အင်အားထဲ၌ အသစ်ထပ်‌လောင်းဖြည့်‌တော်မူ၍ အသင်တို့ကို အားအင် တိုးတက်‌စေ‌တော်မူမည်။ ထို့ပြင် အသင်တို့သည် အပြစ်ကျူးလွန်သူများအဖြစ်နှင့် မျက်နှာလွှဲမသွားကြနှင့်။ قَالُواْ يَٰهُودُ مَا جِئۡتَنَا بِبَيِّنَةٍ وَمَا نَحۡنُ بِتَارِكِيٓ ءَالِهَتِنَا عَن قَوۡلِكَ وَمَا نَحۡنُ لَكَ بِمُؤۡمِنِينَ ٥٣သူတို့က ‌ပြောဆိုခဲ့ကြသည်- အို- (တမန်‌တော်)ဟူဒ်၊ အသင်သည် ကျွန်ုပ်တို့ထံသို့ မည်သည့်ထင်ရှား‌သော သက်‌သေလက္ခဏာတစ်ခုကိုမျှ ယူ‌ဆောင်လာသည်မရှိ‌ပေ။ ထို့ပြင် ကျွန်ုပ်တို့သည် အသင်၏‌ပြောဆိုချက်‌ကြောင့် ကျွန်ုပ်တို့၏ကိုးကွယ်ရာများအား စွန့်လွှတ်မည့်သူများ မဟုတ်ကြ‌ပေ။ ထို့ပြင် ကျွန်ုပ်တို့သည် အသင်၏အ‌ပေါ်တွင် ယုံကြည်ကြမည့်သူများလည်း မဟုတ်ကြ‌ပေ။ إِن نَّقُولُ إِلَّا ٱعۡتَرَىٰكَ بَعۡضُ ءَالِهَتِنَا بِسُوٓءٍۗ قَالَ إِنِّيٓ أُشۡهِدُ ٱللَّهَ وَٱشۡهَدُوٓاْ أَنِّي بَرِيٓءٌ مِّمَّا تُشۡرِكُونَ ٥٤ကျွန်ုပ်တို့သည် ကျွန်ုပ်တို့၏ကိုးကွယ်ရာများထဲမှ ကိုးကွယ်ရာတစ်ပါးသည် အသင့်အား ကိုယ်စားပြုလိုက်သည်ဟုပင် ‌ပြောဆိုကြမည်ဖြစ်သည်။* ၎င်း(တမန်‌တော်ဟူဒ်)က‌ပြောသည်- အလ္လာဟ်အရှင်မြတ်မှလွဲ၍ အသင်တို့ တွဲဖက်ကိုးကွယ်‌နေကြ‌သောအရာများနှင့် အမှန်စင်စစ် ငါသည် လုံးဝ ကင်းရှင်းသူတစ်ဦးဖြစ်‌ကြောင်း ငါကိုယ်တိုင် အလ္လာဟ်အရှင်ကို သက်‌သေထားသည်။ ၎င်း‌နောက် အသင်တို့သည်လည်း သက်‌သေအဖြစ်ရှိကြပါ။ مِن دُونِهِۦۖ فَكِيدُونِي جَمِيعًا ثُمَّ لَا تُنظِرُونِ ٥٥သို့ဖြစ်ရာ အလ္လာဟ်အရှင်မြတ်မှလွဲ၍ အသင်တို့အားလုံးသည် ငါ့အား ဆန့်ကျင်ပြီး လျှို့ဝှက်ကြံစည်ကြပါ။ ၎င်း‌နောက် အသင်တို့သည် ငါ့အား ‌ရွှေ့ဆိုင်းခွင့်မ‌ပေးကြနှင့်။ إِنِّي تَوَكَّلۡتُ عَلَى ٱللَّهِ رَبِّي وَرَبِّكُمۚ مَّا مِن دَآبَّةٍ إِلَّا هُوَ ءَاخِذُۢ بِنَاصِيَتِهَآۚ إِنَّ رَبِّي عَلَىٰ صِرَٰطٍ مُّسۡتَقِيمٍ ٥٦အမှန်စင်စစ် ငါသည် ငါ့အား ဖန်ဆင်း‌မွေးမြူ‌တော်မူ‌သောအရှင်မြတ်လည်းဖြစ်၍ အသင်တို့အား ဖန်ဆင်း‌မွေးမြူ‌တော်မူ‌သောအရှင်မြတ်လည်းဖြစ်သည့် အလ္လာဟ်အရှင်မြတ်အ‌ပေါ်တွင် ယုံပုံလွဲအပ်ခဲ့ပြီဖြစ်သည်။ ထိုအရှင်မြတ်သည် ရှိသမျှသတ္တဝါများ၏ နဖူး(သက်ဦးဆံပိုင်)ကို ဆုပ်ကိုင်ထား‌တော်မူသည်။* အမှန်စင်စစ် ငါ့အား ဖန်ဆင်း‌မွေးမြူ‌တော်မူ‌သောအရှင်မြတ်သည် ‌ဖြောင့်မတ်မှန်ကန်‌သော လမ်း‌ပေါ်၌ပင် ရှိ‌နေ‌တော်မူသည်။ فَإِن تَوَلَّوۡاْ فَقَدۡ أَبۡلَغۡتُكُم مَّآ أُرۡسِلۡتُ بِهِۦٓ إِلَيۡكُمۡۚ وَيَسۡتَخۡلِفُ رَبِّي قَوۡمًا غَيۡرَكُمۡ وَلَا تَضُرُّونَهُۥ شَيۡـًٔاۚ إِنَّ رَبِّي عَلَىٰ كُلِّ شَيۡءٍ حَفِيظٌ ٥٧ထို့‌နောက် အကယ်၍ အသင်တို့သည် မျက်နှာလွဲ‌နေကြလျှင် အမှန်စင်စစ် ငါသည် အကြင်အမိန့်‌တော်များကို အသင်တို့ထံ ပို့ချခဲ့ပြီးဖြစ်သည်။ ထိုအမိန့်‌တော်များနှင့်တကွ ငါသည် အသင်တို့ထံသို့ ‌စေလွှတ်‌တော်မူခြင်းခံခဲ့ရသည်။ ထို့ပြင် ငါ့အား ဖန်ဆင်း‌မွေးမြူ‌တော်မူ‌သောအရှင်မြတ်သည် အသင်တို့၏အစား အခြား လူမျိုးတစ်မျိုးကို (အလ္လာဟ်အရှင်မြတ်အား အီမာန်ယုံကြည်‌စေပြီး ဤကမာ္ဘ‌မြေ၏ စိုးမိုးအုပ်ချုပ်သူ ကိုယ်စားလှယ်များအဖြစ်) ခန့်အပ်‌တော်မူမည်ဖြစ်သည်။ ထို့ပြင် အသင်တို့သည် အရှင်မြတ်အား အနည်းငယ်မျှ ဆုံးရှုံး‌အောင် လုပ်နိုင်ကြသည် မဟုတ်‌ပေ။ အမှန်စင်စစ် ငါ့အား ဖန်ဆင်း‌မွေးမြူ‌တော်မူ‌သောအရှင်မြတ်သည် အရာအားလုံးအ‌ပေါ်တွင် အလွန်ထိန်းသိမ်း‌စောင့်‌ရှောက်‌တော်မူ‌သောအရှင် ဖြစ်‌တော်မူသည်။ وَلَمَّا جَآءَ أَمۡرُنَا نَجَّيۡنَا هُودًا وَٱلَّذِينَ ءَامَنُواْ مَعَهُۥ بِرَحۡمَةٍ مِّنَّا وَنَجَّيۡنَٰهُم مِّنۡ عَذَابٍ غَلِيظٍ ٥٨ထို့ပြင် ငါအရှင်မြတ်၏အမိန့်‌တော် ‌ရောက်ရှိလာ‌သောအခါ ငါအရှင်မြတ်သည် (တမန်‌တော်)ဟူဒ်နှင့် သူ၏အ‌ပေါ်တွင် အီမာန်ယုံကြည်သူများအား မိမိသနားကရုဏာ‌တော်နှင့် ကယ်တင်‌တော်မူခဲ့သည်။ ထို့ပြင် ငါအရှင်မြတ်သည် သူတို့အား ပြင်းထန်‌သောပြစ်ဒဏ်တစ်ခုမှလည်း ကယ်တင်‌တော်မူခဲ့သည်။ وَتِلۡكَ عَادٌۖ جَحَدُواْ بِـَٔايَٰتِ رَبِّهِمۡ وَعَصَوۡاْ رُسُلَهُۥ وَٱتَّبَعُوٓاْ أَمۡرَ كُلِّ جَبَّارٍ عَنِيدٍ ٥٩၎င်း‌နောက် ဤသည် အာဒ်အမျိုးသားများပင်ဖြစ်သည်။ သူတို့သည် သူတို့အား ဖန်ဆင်း‌မွေးမြူ‌တော်မူ‌သောအရှင်မြတ်၏ သက်‌သေလက္ခဏာများအား ငြင်းပယ်ခဲ့ကြသည်။ ၎င်း‌နောက် သူတို့သည် အရှင်မြတ်၏တမန်‌တော်များအား ဖီဆန်ခဲ့ကြသည်။ ထို့ပြင် သူတို့သည် ‌ခေါင်းမာ‌သော နိုင်ထက်စီးနင်းပြုလုပ်‌သောလူများ၏အမိန့်ကို လိုက်နာခဲ့ကြသည်။ وَأُتۡبِعُواْ فِي هَٰذِهِ ٱلدُّنۡيَا لَعۡنَةً وَيَوۡمَ ٱلۡقِيَٰمَةِۗ أَلَآ إِنَّ عَادًا كَفَرُواْ رَبَّهُمۡۗ أَلَا بُعۡدًا لِّعَادٍ قَوۡمِ هُودٍ ٦٠ထို့ပြင် သူတို့သည် ဤ‌လောကီဘဝနှင့် ကိယာမသ်ရှင်ပြန်ထမည့်‌နေ့၌ ကရုဏာမှ ကင်း‌ဝေး‌စေခြင်းကို (သူတို့၏)‌နောက်မှ (ထပ်ကြပ်မကွာဘဲ ကပ်ပါလိုက်‌နေ‌အောင်) ထည့်‌ပေးခြင်းခံကြရသည်။ သတိပြုကြပါ၊ အမှန်စင်စစ် အာဒ်အမျိုးသားများသည် သူတို့အား ဖန်ဆင်း‌မွေးမြူ‌တော်မူ‌သော အရှင်မြတ်အား ငြင်းပယ်ခဲ့ကြသည်။ သတိပြုကြပါ၊ (တမန်‌တော်)ဟူဒ်၏လူမျိုးများဖြစ်ကြ‌သော အာဒ်အမျိုးသားများတွင် (နှစ်ဘဝလုံး၌ ကရုဏာ‌တော်မှ) ကင်း‌ဝေးခြင်းရှိ‌လေပြီ။ ۞ وَإِلَىٰ ثَمُودَ أَخَاهُمۡ صَٰلِحًاۚ قَالَ يَٰقَوۡمِ ٱعۡبُدُواْ ٱللَّهَ مَا لَكُم مِّنۡ إِلَٰهٍ غَيۡرُهُۥۖ هُوَ أَنشَأَكُم مِّنَ ٱلۡأَرۡضِ وَٱسۡتَعۡمَرَكُمۡ فِيهَا فَٱسۡتَغۡفِرُوهُ ثُمَّ تُوبُوٓاْ إِلَيۡهِۚ إِنَّ رَبِّي قَرِيبٌ مُّجِيبٌ ٦١ထို့ပြင် ဆမူဒ်အမျိုးသားများထံသို့ သူတို့၏ညီ‌နောင် (တမန်‌တော်)စွာလိဟ်ကို (‌စေလွှတ်‌တော်မူခဲ့သည်)။ သူက ‌ပြောဆိုခဲ့သည်- အို- ငါ၏အမျိုးသားတို့၊ အသင်တို့သည် အလ္လာဟ်အရှင်မြတ်ကိုသာ ကိုးကွယ်ကြပါ။ ထိုအရှင်မြတ်မှလွဲ၍ အသင်တို့အတွက် ကိုးကွယ်ထိုက်‌သောအရှင် မရှိ‌ပေ။ ထိုအရှင်မြတ်သည်ပင် အသင်တို့အား စတင်ဖန်ဆင်း‌တော်မူခဲ့သည်။ ၎င်း‌နောက် အရှင်မြတ်သည်ပင် အသင်တို့အား ထို‌မြေ‌ပေါ်၌ သက်တမ်း‌ပေးပြီး ‌နေထိုင်‌စေ‌တော်မူခဲ့သည်။* သို့ဖြစ်ရာ အသင်တို့သည် အရှင်မြတ်ထံ‌တော်တွင် လွတ်ငြိမ်းချမ်းသာခွင့်ကို ‌တောင်းခံကြပါ။ ထို့‌နောက် အသင်တို့သည် အရှင်မြတ်ဘက်သို့ လှည့်ကြပါ။ အမှန်စင်စစ် ငါ့အား ဖန်ဆင်း‌မွေးမြူ‌တော်မူ‌သောအရှင်မြတ်သည် နီးကပ်စွာရှိ‌နေ‌တော်မူ‌သောအရှင်၊ (‌တောင်းသည်ကို)လက်ခံ‌တော်မူ‌သောအရှင် ဖြစ်‌တော်မူသည်။ قَالُواْ يَٰصَٰلِحُ قَدۡ كُنتَ فِينَا مَرۡجُوًّا قَبۡلَ هَٰذَآۖ أَتَنۡهَىٰنَآ أَن نَّعۡبُدَ مَا يَعۡبُدُ ءَابَآؤُنَا وَإِنَّنَا لَفِي شَكٍّ مِّمَّا تَدۡعُونَآ إِلَيۡهِ مُرِيبٍ ٦٢သူတို့က ‌ပြောဆိုကြသည်- အို- (တမန်‌တော်)စွာလိဟ်၊ ယခင်ကမူ အမှန်စင်စစ် အသင်သည် ကျွန်ုပ်တို့ထဲ၌ ‌မျှော်လင့်ချက်ထားရှိခြင်းခံရ‌သောသူ ဖြစ်ခဲ့သည်။ (ယခုမူ) အသင်သည် ကျွန်ုပ်တို့၏အဘ၊ ဘိုး၊ ‌ဘေးများ ကိုးကွယ်ကြ‌သောအရာများကို မကိုးကွယ်ကြရန် ကျွန်ုပ်တို့အား တားမြစ်သ‌လော။ ထို့ပြင် အမှန်စင်စစ် ကျွန်ုပ်တို့သည် အသင် ကျွန်ုပ်တို့အား ဖိတ်‌ခေါ်‌သောအရာနှင့်ပတ်သက်၍ ယုံမှားမှုဖြစ်‌စေ‌သော သံသယထဲ၌ ရှိ‌နေကြသည်။ قَالَ يَٰقَوۡمِ أَرَءَيۡتُمۡ إِن كُنتُ عَلَىٰ بَيِّنَةٍ مِّن رَّبِّي وَءَاتَىٰنِي مِنۡهُ رَحۡمَةً فَمَن يَنصُرُنِي مِنَ ٱللَّهِ إِنۡ عَصَيۡتُهُۥۖ فَمَا تَزِيدُونَنِي غَيۡرَ تَخۡسِيرٍ ٦٣၎င်း(တမန်‌တော်စွာလိဟ်)က ‌ပြောသည်- အို- ငါ၏အမျိုးသားတို့၊ အကယ်၍ ငါသည် ငါ့အား ဖန်ဆင်း‌မွေးမြူ‌တော်မူ‌သောအရှင်မြတ်ထံ‌တော်မှ ထင်ရှား‌သော သက်‌သေလက္ခဏာအ‌ပေါ်တွင် တည်ရှိ‌နေသည့်အပြင် အရှင်မြတ်သည် ငါ့အား အရှင်မြတ်ထံ‌တော်မှ ရဟ်မသ်(တမန်‌တော်)အဖြစ်ကို* ‌ပေးသနား‌တော်မူခဲ့လျှင် အသင်တို့အ‌နေနှင့် မည်သို့ ယူဆကြမည်နည်းဆိုသည်ကို ငါ့အား ‌ပြောပြကြပါ။ ထို့‌နောက် အကယ်၍ ငါသည် ထိုအရှင်မြတ်၏အမိန့်‌တော်ကို ဖီဆန်ခဲ့လျှင် မည်သူသည် ငါ့အား အလ္လာဟ်အရှင်မြတ်(၏ပြစ်ဒဏ်)မှ ကာကွယ်မည်နည်း။ သို့ဖြစ်လျှင် အသင်တို့သည် ငါ့အား နစ်နာဆုံးရှုံးမှုမှလွဲ၍ အခြား မည်သည့်အရာကိုမျှ တိုးပွား‌စေနိုင်ကြမည် မဟုတ်‌ပေ။ وَيَٰقَوۡمِ هَٰذِهِۦ نَاقَةُ ٱللَّهِ لَكُمۡ ءَايَةًۖ فَذَرُوهَا تَأۡكُلۡ فِيٓ أَرۡضِ ٱللَّهِۖ وَلَا تَمَسُّوهَا بِسُوٓءٍ فَيَأۡخُذَكُمۡ عَذَابٌ قَرِيبٌ ٦٤ထို့ပြင် အို- ငါ၏အမျိုးသားတို့၊ ဤသည် အသင်တို့အတွက် သက်‌သေလက္ခဏာတစ်ခုအဖြစ် အလ္လာဟ်အရှင်မြတ်၏ ကုလားအုတ်မဖြစ်သည်။ သို့ဖြစ်ရာ အသင်တို့သည် ထိုကုလားအုတ်မကို အလ္လာဟ်အရှင်မြတ်၏ ‌မြေပထဝီတွင် စား‌သောက်‌နေထိုင်ရန် လွှတ်ထားကြပါ။ ၎င်း‌နောက် အသင်တို့သည် ထိုကုလားအုတ်မကို မ‌ကောင်း‌သောရည်ရွယ်ချက်ဖြင့် မထိကြနှင့်။ ထိုသို့ ပြုလုပ်ခဲ့ကြလျှင် နီးကပ်‌သောပြစ်ဒဏ်သည် အသင်တို့အား ဖမ်းဆီးလိမ့်မည်။ فَعَقَرُوهَا فَقَالَ تَمَتَّعُواْ فِي دَارِكُمۡ ثَلَٰثَةَ أَيَّامٍۖ ذَٰلِكَ وَعۡدٌ غَيۡرُ مَكۡذُوبٍ ٦٥ထို့‌နောက် သူတို့သည် ကုလားအုတ်မ၏‌ခြေ‌ထောက်ကို ဖြတ်‌တောက်ခဲ့ကြသည်။ သို့ဖြစ်ရာ ၎င်း(တမန်‌တော်စွာလိဟ်)က ‌ပြောသည်- အသင်တို့သည် သုံးရက် အသင်တို့၏အိမ်၌ အကျိုးခံစား ‌နေထိုင်ကြပါ။ (ထို့‌နောက် ပြစ်ဒဏ်လာမည်)။ ဤသည် လိမ်လည်မှု မဟုတ်‌သော ကတိဖြစ်သည်။ فَلَمَّا جَآءَ أَمۡرُنَا نَجَّيۡنَا صَٰلِحًا وَٱلَّذِينَ ءَامَنُواْ مَعَهُۥ بِرَحۡمَةٍ مِّنَّا وَمِنۡ خِزۡيِ يَوۡمِئِذٍۚ إِنَّ رَبَّكَ هُوَ ٱلۡقَوِيُّ ٱلۡعَزِيزُ ٦٦ထို့‌နောက် ငါအရှင်မြတ်၏အမိန့်‌တော် ‌ရောက်ရှိလာ‌သောအခါ ငါအရှင်မြတ်သည် (တမန်‌တော်)စွာလိဟ်အပြင် ၎င်းနှင့်တကွ ယုံကြည်သူများအား အရှင်မြတ်၏ကရုဏာဖြင့် ကယ်တင်ပြီး‌နောက် ထို‌နေ့၏* ‌သေးသိမ်မှုမှလည်း ကယ်တင်‌တော်မူခဲ့သည်။ အမှန်ပင် အသင့်အား ဖန်ဆင်း‌မွေးမြူ‌တော်မူ‌သောအရှင်မြတ်သည် အလွန်အင်အားကြီး‌တော်မူ‌သောအရှင်၊ တန်ခိုး‌တော်နှင့် အလွန်လွှမ်းမိုး‌သောမူ‌သောအရှင် ဖြစ်‌တော်မူသည်။ وَأَخَذَ ٱلَّذِينَ ظَلَمُواْ ٱلصَّيۡحَةُ فَأَصۡبَحُواْ فِي دِيَٰرِهِمۡ جَٰثِمِينَ ٦٧၎င်း‌နောက် မတရားလုပ်‌သောသူများအား ကျယ်‌လောင်‌သောအသံသည် ဖမ်းဆီးကွပ်မျက်ခဲ့သည်။ သို့ဖြစ်ရာ သူတို့သည် သူတို့၏‌နေအိမ်များတွင် နံနက်အချိန်၌ ‌မှောက်လျက်သား (‌သေ‌ကြေပျက်စီးသွားခဲ့ကြသည်)။ كَأَن لَّمۡ يَغۡنَوۡاْ فِيهَآۗ أَلَآ إِنَّ ثَمُودَاْ كَفَرُواْ رَبَّهُمۡۗ أَلَا بُعۡدًا لِّثَمُودَ ٦٨သူတို့သည် ထိုအိမ်များတွင် မ‌နေခဲ့ဖူးကြသကဲ့သို့ ဖြစ်သွားခဲ့ကြသည်။ သတိပြုကြပါ၊ ဆမူဒ်အမျိုးသားများတွင် (ကရုဏာ‌တော်မှ)ကင်း‌ဝေးခြင်းခံရ‌လေပြီ။ وَلَقَدۡ جَآءَتۡ رُسُلُنَآ إِبۡرَٰهِيمَ بِٱلۡبُشۡرَىٰ قَالُواْ سَلَٰمًاۖ قَالَ سَلَٰمٌۖ فَمَا لَبِثَ أَن جَآءَ بِعِجۡلٍ حَنِيذٍ ٦٩ထို့ပြင် အမှန်စင်စစ် ငါအရှင်မြတ်၏‌စေတမန်များသည် (တမန်‌တော်)အိဗ်ရာဟီမ်ထံသို့ ဝမ်း‌မြောက်ဖွယ်သတင်း‌ကောင်း ယူ‌ဆောင်လာခဲ့ကြသည်။ သူတို့က စလာမ်ငြိမ်းချမ်းပါ‌စေဟု ‌ပြောဆိုခဲ့ကြသည်။ ၎င်း(တမန်‌တော်အိဗ်ရာဟီမ်)ကလည်း စလာမ်ငြိမ်းချမ်းပါ‌စေဟု (ပြန်လည်)‌ပြောဆိုခဲ့သည်။* ထို့‌နောက် ၎င်းသည် ကင်ထား‌သောနွားငယ်‌လေးကို ချက်ချင်းယူ‌ဆောင် (ဧည့်ခံ)ခဲ့သည်။ فَلَمَّا رَءَآ أَيۡدِيَهُمۡ لَا تَصِلُ إِلَيۡهِ نَكِرَهُمۡ وَأَوۡجَسَ مِنۡهُمۡ خِيفَةًۚ قَالُواْ لَا تَخَفۡ إِنَّآ أُرۡسِلۡنَآ إِلَىٰ قَوۡمِ لُوطٍ ٧٠ထို့‌နောက် ၎င်း(တမန်‌တော်အိဗ်ရာဟီမ်)သည် သူတို့၏လက်များက ထို(အစားအစာ)ဘက်သို့ မလှမ်းသည်ကိုမြင်ရ‌သောအခါ သူတို့အား သူစိမ်းများဟု သ‌ဘော‌ပေါက်ပြီး မိမိစိတ်ထဲ၌ (၎င်းတို့သည် ‌ကောင်း‌သောကိစ္စနှင့်လာခြင်းပင် ဟုတ်ပါမည်‌လောဟု) စိုးရိမ်ခဲ့သည်။ (ထိုအခါ) သူတို့က ‌ပြောသည်- အသင်မစိုးရိမ်ပါနှင့်၊ အမှန်စင်စစ် ကျွန်ုပ်တို့သည် (တမန်‌တော်)လူသွ်အမျိုးသားများထံသို့ ‌စေလွှတ်ခြင်း ခံကြရခြင်းဖြစ်သည်။ وَٱمۡرَأَتُهُۥ قَآئِمَةٌ فَضَحِكَتۡ فَبَشَّرۡنَٰهَا بِإِسۡحَٰقَ وَمِن وَرَآءِ إِسۡحَٰقَ يَعۡقُوبَ ٧١ထို့ပြင် ၎င်း၏ကြင်ရာ‌တော်သည် မတ်တတ်ရပ်လျက်* (ထို သားရတနာရမည့်သတင်းကို သိပြီး) ရယ်‌မောခဲ့သည်။ ထို့‌နောက် ငါအရှင်မြတ်သည် သူမကို (‌စေတမန်များမှတဆင့် သား‌တော်)အစ္စဟာက် (ဖွားမြင်မည့်အ‌ကြောင်း)နှင့် ထိုအစ္စဟာက်၏‌နောက်၌ (‌မြေး‌တော်)ယအ်ကူဗ် (ဖွားမြင်မည့်အ‌ကြောင်း) သတင်း‌ကောင်းကို ‌ပြောကြားခဲ့သည်။ قَالَتۡ يَٰوَيۡلَتَىٰٓ ءَأَلِدُ وَأَنَا۠ عَجُوزٌ وَهَٰذَا بَعۡلِي شَيۡخًاۖ إِنَّ هَٰذَا لَشَيۡءٌ عَجِيبٌ ٧٢(ထိုအခါ)သူမက ‌ပြောသည်- ဖြစ်မှဖြစ်ရ‌လေခြင်းပင်၊ ကျွန်မသည် အဖွားအိုတစ်ဦးဖြစ်‌နေပါလျက် ကျွန်မသည် သားဖွားရဦးမည်‌လော။ ၎င်း‌နောက် ဤကျွန်မ၏ခင်ပွန်းသည်လည်း အဖိုးအိုတစ်ဦးပင်ဖြစ်သည်။ အမှန်စင်စစ် ဤသည် အလွန်အံ့ဩဖွယ်ရာ စကားတစ်ခုပင်ဖြစ်သည်။ قَالُوٓاْ أَتَعۡجَبِينَ مِنۡ أَمۡرِ ٱللَّهِۖ رَحۡمَتُ ٱللَّهِ وَبَرَكَٰتُهُۥ عَلَيۡكُمۡ أَهۡلَ ٱلۡبَيۡتِۚ إِنَّهُۥ حَمِيدٌ مَّجِيدٌ ٧٣သူတို့(‌စေတမန်များ)က ‌ပြောဆိုခဲ့ကြသည်- အသင်မသည် အလ္လာဟ်အရှင်မြတ်၏အမိန့်‌တော်ကို အံ့ဩ‌နေပါသ‌လော။* အို- (တမန်‌တော်အိဗ်ရာဟီမ်၏)အိမ်သူ အိမ်သားတို့၊ အလ္လာဟ်အရှင်မြတ်၏ကရုဏာနှင့် အရှင်မြတ်၏မဂင်္လာများသည် အသင်တို့အ‌ပေါ်တွင် ကျ‌ရောက်မြဲဖြစ်သည်။ အမှန်စင်စစ် အရှင်မြတ်သည် အလွန်ချီးမွမ်းခြင်းခံထိုက်‌တော်မူ‌သောအရှင်၊ အလွန်ကြီးကျယ်မြင့်မြတ်‌တော်မူ‌သောအရှင် ဖြစ်‌တော်မူသည်။ فَلَمَّا ذَهَبَ عَنۡ إِبۡرَٰهِيمَ ٱلرَّوۡعُ وَجَآءَتۡهُ ٱلۡبُشۡرَىٰ يُجَٰدِلُنَا فِي قَوۡمِ لُوطٍ ٧٤ထို့‌နောက် (တမန်‌တော်)အိဗ်ရာဟီမ်ထံမှ စိုးရိမ်မှုသည် ကင်းရှင်းသွားပြီး သူ၏ထံသို့ ဝမ်း‌မြောက်ဖွယ်ရာ သတင်း‌ကောင်း‌ရောက်ရှိလာ‌သောအခါတွင် ၎င်းသည် (တမန်‌တော်)လူသွ်၏ အမျိုးသားများနှင့်ပတ်သက်၍ ငါအရှင်မြတ်(၏ ‌စေတမန်များ)နှင့် အပြန်အလှန် ‌ပြောဆိုမှုပြုလုပ်‌တော့သည်။ إِنَّ إِبۡرَٰهِيمَ لَحَلِيمٌ أَوَّٰهٌ مُّنِيبٌ ٧٥အမှန်စင်စစ် (တမန်‌တော်)အိဗ်ရာဟီမ်သည် အလွန်သည်းခံ‌သောသူ၊ အလွန်စိတ်နှလုံးနူးညံ့‌သောသူ၊ အရှင်မြတ်ဘက်သို့လှည့်၍ အလွန်ဝန်ချ‌တောင်းပန်သူဖြစ်သည်။ يَٰٓإِبۡرَٰهِيمُ أَعۡرِضۡ عَنۡ هَٰذَآۖ إِنَّهُۥ قَدۡ جَآءَ أَمۡرُ رَبِّكَۖ وَإِنَّهُمۡ ءَاتِيهِمۡ عَذَابٌ غَيۡرُ مَرۡدُودٍ ٧٦အို(တမန်‌တော်)အိဗ်ရာဟီမ်၊ အသင်သည် ဤ(သို့ အပြန်အလှန် ‌ပြောဆိုမှုပြုလုပ်ခြင်း)မှ ‌ရှောင်‌နေပါ၊ အမှန်စင်စစ် အသင့်အား ဖန်ဆင်း‌မွေးမြူ‌တော်မူ‌သော အရှင်မြတ်၏အမိန့်‌တော်သည် ‌ရောက်ရှိခဲ့ပြီဖြစ်သည်။ ၎င်း‌နောက် သူတို့ထံသို့ ပြန်လည်ရုပ်သိမ်းခြင်းမရှိ‌သော ပြစ်ဒဏ်ကျ‌ရောက်‌တော့မည် အမှန်ပင်ဖြစ်သည်။ وَلَمَّا جَآءَتۡ رُسُلُنَا لُوطًا سِيٓءَ بِهِمۡ وَضَاقَ بِهِمۡ ذَرۡعًا وَقَالَ هَٰذَا يَوۡمٌ عَصِيبٌ ٧٧ထို့‌နောက် ငါအရှင်မြတ်၏‌စေတမန်များသည် (တမန်‌တော်)လူသွ်ထံသို့ ‌ရောက်ရှိလာခဲ့ကြ‌သောအခါ ၎င်းသည် သူတို့အတွက် ပူပန်မှုဖြစ်ခဲ့သည့်အပြင် သူတို့အတွက် အလွန်စိတ်ကျဉ်းကျပ်မှုလည်း ဖြစ်ခဲ့သည်။ ထို့ပြင် “ဤ‌နေ့သည် အလွန်ခက်ခဲ‌သော‌နေ့ပင်ဖြစ်သည်“ဟု သူက (ညည်းညူ)‌ပြောဆိုခဲ့သည်။ وَجَآءَهُۥ قَوۡمُهُۥ يُهۡرَعُونَ إِلَيۡهِ وَمِن قَبۡلُ كَانُواْ يَعۡمَلُونَ ٱلسَّيِّـَٔاتِۚ قَالَ يَٰقَوۡمِ هَٰٓؤُلَآءِ بَنَاتِي هُنَّ أَطۡهَرُ لَكُمۡۖ فَٱتَّقُواْ ٱللَّهَ وَلَا تُخۡزُونِ فِي ضَيۡفِيٓۖ أَلَيۡسَ مِنكُمۡ رَجُلٌ رَّشِيدٌ ٧٨ထို့‌နောက် ၎င်း(တမန်‌တော်လူသွ်)၏အမျိုးသားများသည် ၎င်း၏ထံသို့ ‌ပြေးလွှားလျက် လာခဲ့ကြသည်။ ၎င်း‌နောက် သူတို့သည် ယခင်ကပင် မ‌ကောင်းမှုများကို ကျင့်ကြံ‌နေခဲ့ကြသည်။ ၎င်း(တမန်‌တော်လူသွ်)က‌ပြောဆိုသည်- အို- ငါ၏အမျိုးသားတို့၊ ဤသည် ငါ၏သမီးများပင်၊ (အသင်တို့သည် သူမတို့နှင့် လက်ထပ်ကြပါ)သူမတို့သည် အသင်တို့အတွက် ပို၍ပင် သန့်စင်ကြသည်။* သို့ဖြစ်ရာ အသင်တို့သည် အလ္လာဟ်အရှင်မြတ်အား ‌ကြောက်ရွံ့ကြပါ၊ ၎င်း‌နောက် အသင်တို့သည် ငါ့ကို ငါ၏ ဧည့်သည်များ‌ရှေ့၌ အရှက်တကွဲ မပြုလုပ်ကြနှင့်၊ အသင်တို့တွင် ရိုးသား‌ဖြောင့်မတ်သူ မည်သူမျှ မရှိသ‌လော။ قَالُواْ لَقَدۡ عَلِمۡتَ مَا لَنَا فِي بَنَاتِكَ مِنۡ حَقٍّ وَإِنَّكَ لَتَعۡلَمُ مَا نُرِيدُ ٧٩ထို(အမျိုးသား)များက ‌ပြောဆိုကြသည်- ကျွန်ုပ်တို့သည် အသင်၏သမီးများနှင့်ပတ်သက်၍ မည်သည့်အရာမျှ အလိုမရှိဆိုသည်ကို အသင်သည် အမှန်ပင် သိပြီးဖြစ်သည်။ ၎င်း‌နောက် အမှန်စင်စစ် အသင်သည် ကျွန်ုပ်တို့၏အလိုဆန္ဒ ရည်စူးချက်ကိုလည်း သိရှိ‌နေပြီဖြစ်သည်။ قَالَ لَوۡ أَنَّ لِي بِكُمۡ قُوَّةً أَوۡ ءَاوِيٓ إِلَىٰ رُكۡنٍ شَدِيدٍ ٨٠၎င်းက(ညည်းညူ)‌ပြောဆိုသည်- အကယ်၍ ငါ့တွင် အသင်တို့အား ခုခံနိုင်ရန် အင်အားရှိခဲ့လျှင်၊ သို့မဟုတ် ငါသည် အားကိုးနိုင်‌လောက်‌သော အားကိုးစရာတစ်ခုကို အားကိုးရလျှင် ‌ကောင်း‌လေစွပင်။ قَالُواْ يَٰلُوطُ إِنَّا رُسُلُ رَبِّكَ لَن يَصِلُوٓاْ إِلَيۡكَۖ فَأَسۡرِ بِأَهۡلِكَ بِقِطۡعٍ مِّنَ ٱلَّيۡلِ وَلَا يَلۡتَفِتۡ مِنكُمۡ أَحَدٌ إِلَّا ٱمۡرَأَتَكَۖ إِنَّهُۥ مُصِيبُهَا مَآ أَصَابَهُمۡۚ إِنَّ مَوۡعِدَهُمُ ٱلصُّبۡحُۚ أَلَيۡسَ ٱلصُّبۡحُ بِقَرِيبٍ ٨١သူတို့(‌စေတမန်များ)က ‌ပြောဆိုကြသည်- အို- (တမန်‌တော်)လူသွ်၊ အမှန်စင်စစ် ကျွန်ုပ်တို့သည် အသင့်အား ဖန်ဆင်း‌မွေးမြူ‌တော်မူ‌သောအရှင်မြတ်က ‌စေလွှတ်‌တော်မူ‌သော ‌စေတမန်များဖြစ်သည့်အတွက် သူတို့သည် အသင်၏အနီးသို့ လုံးဝ ချဉ်းကပ်နိုင်ကြမည် မဟုတ်‌ပေ။ သို့ဖြစ်ရာ အသင်သည် အသင်၏အိမ်သူအိမ်သားများနှင့်အတူ ည၏အစိတ်အပိုင်း တစ်စုံတစ်ခု၌ ထွက်ခွာသွားလိုက်ပါ။ ၎င်း‌နောက် အသင်တို့ထဲမှ မည်သူမျှ ‌နောက်သို့ လှည့်မကြည့်ရ‌ပေ။ သို့ရာတွင် အသင်၏ဇနီးကမူ အမှန်ပင် သူတို့၏အ‌ပေါ်တွင် ကျ‌ရောက်မည့်အပြစ်ဒဏ်သည် ထိုဇနီးအ‌ပေါ်၌လည်း ကျ‌ရောက်မည်ဖြစ်သည်။ အမှန်စင်စစ် သူတို့အား ချိန်းဆိုထား‌သောအချိန်သည် နံနက်မိုး‌သောက်ချိန်ပင် ဖြစ်သည်။ နံနက်မိုး‌သောက်ချိန်သည် နီးကပ်‌နေပြီ မဟုတ်‌လော။ فَلَمَّا جَآءَ أَمۡرُنَا جَعَلۡنَا عَٰلِيَهَا سَافِلَهَا وَأَمۡطَرۡنَا عَلَيۡهَا حِجَارَةً مِّن سِجِّيلٍ مَّنضُودٍ ٨٢ထို့‌နောက် ငါအရှင်မြတ်၏အမိန့်‌တော် ‌ရောက်ရှိလာ‌သောအခါ ငါအရှင်မြတ်သည် ထိုမြို့ရွာအား အထက်‌အောက် လှန်ပစ်‌တော်မူခဲ့သည်။ ထို့ပြင် ငါအရှင်မြတ်သည် မြို့ရွာ‌ပေါ်သို့ ရွှံ့‌ဆေးအကျက်နှင့်ပြုလုပ်ထား‌သော‌ကျောက်ခဲမိုးကို ဆက်တိုက် ရွာသွန်းချ‌စေ‌တော်မူခဲ့သည်။ مُّسَوَّمَةً عِندَ رَبِّكَۖ وَمَا هِيَ مِنَ ٱلظَّٰلِمِينَ بِبَعِيدٍ ٨٣(ထို‌ကျောက်ခဲများသည်) အသင့်အား ဖန်ဆင်း‌မွေးမြူ‌တော်မူ‌သော အရှင်မြတ်ထံ‌တော်မှ တံဆိပ်ခတ်နှိပ်ပြီး*ဖြစ်သည်။ ထိုမြို့ရွာသည် မတရားကျူးလွန်ကြ‌သော(မက္ကဟ်မြို့သား)များနှင့် မ‌ဝေးကွာလှ‌ပေ။ ۞ وَإِلَىٰ مَدۡيَنَ أَخَاهُمۡ شُعَيۡبًاۚ قَالَ يَٰقَوۡمِ ٱعۡبُدُواْ ٱللَّهَ مَا لَكُم مِّنۡ إِلَٰهٍ غَيۡرُهُۥۖ وَلَا تَنقُصُواْ ٱلۡمِكۡيَالَ وَٱلۡمِيزَانَۖ إِنِّيٓ أَرَىٰكُم بِخَيۡرٍ وَإِنِّيٓ أَخَافُ عَلَيۡكُمۡ عَذَابَ يَوۡمٍ مُّحِيطٍ ٨٤ထို့ပြင် မဒ်ယန်မြို့သားများထံသို့ သူတို့၏ညီအစ်ကိုဖြစ်‌သော (တမန်‌တော်)ရှိုအိုဗ်အား (‌စေလွှတ်‌တော်မူခဲ့သည်)။ ၎င်းက ‌ပြောသည်- အို- ငါ၏အမျိုးသားတို့၊ အသင်တို့သည် အလ္လာဟ်အရှင်မြတ်ကိုသာ ကိုးကွယ်ကြပါ။ အသင်တို့အတွင် ထိုအရှင်မြတ်မှလွဲ၍ အခြား ကိုးကွယ်ထိုက်‌သောအရှင် မရှိ‌ပေ။ ထို့ပြင် အသင်တို့သည် ပမာဏအခြင်အတွယ်နှင့် အချိန်အတွယ်ကို မ‌လျှော့ကြနှင့်။* အမှန်စင်စစ် ငါသည် အသင်တို့အား ‌ကောင်းမွန်စွာရှိ‌နေသည်ကို ‌တွေ့မြင်ရသည်။ ၎င်း‌နောက် အမှန်စင်စစ် ငါသည် အသင်တို့အ‌ပေါ်တွင် ဝန်းရံမည့်‌နေ့၏အပြစ်ဒဏ်ကို စိုးရိမ်သည်။ وَيَٰقَوۡمِ أَوۡفُواْ ٱلۡمِكۡيَالَ وَٱلۡمِيزَانَ بِٱلۡقِسۡطِۖ وَلَا تَبۡخَسُواْ ٱلنَّاسَ أَشۡيَآءَهُمۡ وَلَا تَعۡثَوۡاْ فِي ٱلۡأَرۡضِ مُفۡسِدِينَ ٨٥ထို့ပြင် အို- ငါ၏အမျိုးသားတို့၊ အသင်တို့သည် ပမာဏအခြင်အတွယ်များနှင့် အ‌လေးအချိန်များကို (‌ပေးရမည့်အတိုင်း)ပြည့်ပြည့်ဝဝ‌ပေးကြပါ။ ထို့ပြင် အသင်တို့သည် လူများအား သူတို့၏ပစ္စည်းများကို ‌လျှော့မ‌ပေးကြနှင့်။ ထို့ပြင် အသင်တို့သည် ကမာ္ဘ‌မြေ၌ ဖျက်ဆီးသူများအဖြစ်နှင့် မ‌သောင်းကျန်းကြနှင့်။ بَقِيَّتُ ٱللَّهِ خَيۡرٌ لَّكُمۡ إِن كُنتُم مُّؤۡمِنِينَۚ وَمَآ أَنَا۠ عَلَيۡكُم بِحَفِيظٍ ٨٦အကယ်၍ အသင်တို့သည် ယုံကြည်သူများဖြစ်ကြလျှင် အလ္လာဟ်အရှင်မြတ်(‌ပေးသနားသည့်အထဲမှ)ကျန်ရှိ‌သော(အမြတ်)ဟလာလ်သည် အသင်တို့အတွက် အ‌ကောင်းဆုံးပင်ဖြစ်သည်။* ထို့ပြင် ငါသည် အသင်တို့အား (ပြစ်ဒဏ်ခတ်မခံရ‌အောင်)ထိန်းသိမ်း‌စောင့်‌ရှောက်‌သောသူ(တာဝန်ခံ) မဟုတ်‌ပေ။ قَالُواْ يَٰشُعَيۡبُ أَصَلَوٰتُكَ تَأۡمُرُكَ أَن نَّتۡرُكَ مَا يَعۡبُدُ ءَابَآؤُنَآ أَوۡ أَن نَّفۡعَلَ فِيٓ أَمۡوَٰلِنَا مَا نَشَٰٓؤُاْۖ إِنَّكَ لَأَنتَ ٱلۡحَلِيمُ ٱلرَّشِيدُ ٨٧သူတို့က ‌ပြောဆိုခဲ့ကြသည်- အို- (တမန်‌တော်)ရှုအိုင်ဗ်၊ အသင်၏စွလာသ်ဝတ်ပြုမှု(သာသနာ)သည် အသင့်အား ကျွန်ုပ်တို့၏အဘ၊ ဘိုး၊ ‌ဘေးများ ကိုးကွယ်‌သောအရာများအား ကျွန်ုပ်တို့ စွန့်လွှတ်ကြရန်နှင့် ကျွန်ုပ်တို့သည် ကျွန်ုပ်တို့၏ပစ္စည်းဥစ္စာများတွင် ကျွန်ုပ်တို့သ‌ဘောနှင့်ပြုလုပ်ကြသည်များကို ကျွန်ုပ်တို့ စွန့်လွှတ်ကြရန်အတွက် ‌စေခိုင်းသ‌လော။ အမှန်ပင် အသင်တစ်ဦးတည်းသာ အလွန်ဉာဏ်ရှိ‌သော အိ‌န္ဒြေနှင့်ပြည့်စုံ‌သောသူဖြစ်သ‌လော၊ ၎င်းပြင် အလွန်ရိုးသား‌ဖြောင့်မတ်သူ ဖြစ်သ‌လော။ قَالَ يَٰقَوۡمِ أَرَءَيۡتُمۡ إِن كُنتُ عَلَىٰ بَيِّنَةٍ مِّن رَّبِّي وَرَزَقَنِي مِنۡهُ رِزۡقًا حَسَنًاۚ وَمَآ أُرِيدُ أَنۡ أُخَالِفَكُمۡ إِلَىٰ مَآ أَنۡهَىٰكُمۡ عَنۡهُۚ إِنۡ أُرِيدُ إِلَّا ٱلۡإِصۡلَٰحَ مَا ٱسۡتَطَعۡتُۚ وَمَا تَوۡفِيقِيٓ إِلَّا بِٱللَّهِۚ عَلَيۡهِ تَوَكَّلۡتُ وَإِلَيۡهِ أُنِيبُ ٨٨၎င်း(တမန်‌တော်)က ‌ပြောဆိုခဲ့သည်- အို- ငါ၏အမျိုးသားတို့၊ အကယ်၍ ငါသည် ငါ့အား ဖန်ဆင်း‌မွေးမြူ‌တော်မူ‌သောအရှင်မြတ်ထံ‌တော်မှ သက်‌သေအ‌ထောက်အထား‌ပေါ်၌ တည်ရှိခဲ့ပြီး ငါအရှင်မြတ်သည် ငါ့အား အရှင်မြတ်ထံ‌တော်မှ ‌ကောင်းမွန်‌သော စားနပ်ရိက္ခာကို* ‌ပေးသနား‌တော်မူခဲ့လျှင် အသင်တို့သည် မည်သို့ယူဆကြမည်နည်း။ ၎င်း‌နောက် ငါသည် ငါကိုယ်တိုင် အသင်တို့အား တားမြစ်‌သောကိစ္စကို အသင်တို့နှင့်ဆန့်ကျင်ပြီး ကိုယ်တိုင်ပြုလုပ်ရန် မရည်ရွယ်‌ပေ။* ငါသည် ငါတတ်စွမ်းနိုင်သမျှ ပြုပြင်ရန်သာ ရည်ရွယ်သည်။* ထို့ပြင် ငါ၏စွမ်း‌ဆောင်နိုင်မှုသည် အလ္လာဟ်အရှင်မြတ်၏ကူညီမှုအ‌ပေါ်၌သာ မူတည်သည့်အတွက် ထိုအရှင်မြတ်အ‌ပေါ်၌သာ ယုံပုံအပ်နှင်းထားသည်။ ၎င်း‌နောက် ငါသည် ထိုအရှင်မြတ်ဘက်သို့ပင် ပြန်လှည့်မည်ဖြစ်သည်။ وَيَٰقَوۡمِ لَا يَجۡرِمَنَّكُمۡ شِقَاقِيٓ أَن يُصِيبَكُم مِّثۡلُ مَآ أَصَابَ قَوۡمَ نُوحٍ أَوۡ قَوۡمَ هُودٍ أَوۡ قَوۡمَ صَٰلِحٍۚ وَمَا قَوۡمُ لُوطٍ مِّنكُم بِبَعِيدٍ ٨٩ထို့ပြင် အို- ငါ၏အမျိုးသားတို့၊ အသင်တို့သည် ငါ့အား ကွဲလွဲဆန့်ကျင်မှုပြုလုပ်‌နေကြခြင်းဖြင့် (တမန်‌တော်)နူးဟ်၏အမျိုးသားများ၊ (တမန်‌တော်)ဟူဒ်၏အမျိုးသားများနှင့် (တမန်‌တော်)စွာလိဟ်၏အမျိုးသားများအ‌ပေါ်တွင် ကျ‌ရောက်ခဲ့‌သော အပြစ်ဒဏ်မျိုး အသင်တို့အ‌ပေါ်ကျ‌ရောက်‌စေရန် လှုံ့‌ဆော်မှုမဖြစ်‌စေနှင့်၊* ၎င်း‌နောက် (တမန်‌တော်)လူသွ်၏အမျိုးသားများတွင် (အပြစ်ဒဏ်ကျ‌ရောက်ခဲ့‌သော အချိန်ကာလ)ကမူ အသင်တို့နှင့် မ‌ဝေးလှ‌သေး‌ပေ။ وَٱسۡتَغۡفِرُواْ رَبَّكُمۡ ثُمَّ تُوبُوٓاْ إِلَيۡهِۚ إِنَّ رَبِّي رَحِيمٌ وَدُودٌ ٩٠ထို့ပြင် အသင်တို့သည် အသင်တို့အား ဖန်ဆင်း‌မွေးမြူ‌တော်မူ‌သောအရှင်မြတ်ထံ‌တော်၌ လွတ်ငြိမ်းချမ်းသာခွင့်ကို ‌တောင်းခံကြပါ။ ထို့ပြင် အသင်တို့သည် အရှင်မြတ်ဘက်သို့ လှည့်ပြီး ဝန်ချ‌တောင်းပန်ကြပါ။ အမှန်စင်စစ် ငါ့အား ဖန်ဆင်း‌မွေးမြူ‌တော်မူ‌သောအရှင်မြတ်သည် အလွန်သနားကြင်နာ‌တော်မူ‌သောအရှင်၊ အလွန်ချစ်ခင်‌တော်မူ‌သောအရှင် ဖြစ်‌တော်မူသည်။ قَالُواْ يَٰشُعَيۡبُ مَا نَفۡقَهُ كَثِيرًا مِّمَّا تَقُولُ وَإِنَّا لَنَرَىٰكَ فِينَا ضَعِيفًاۖ وَلَوۡلَا رَهۡطُكَ لَرَجَمۡنَٰكَۖ وَمَآ أَنتَ عَلَيۡنَا بِعَزِيزٍ ٩١သူတို့က ‌ပြောဆိုကြသည်- အို- (တမန်‌တော်)ရှိုအိုင်ဗ်၊ ကျွန်ုပ်တို့သည် အသင် ‌ပြောဆို‌သောစကားများထဲမှ အ‌မြောက်အမြားကို နားမလည်နိုင်ကြပါ။* ၎င်း‌နောက် အမှန်စင်စစ် ကျွန်ုပ်တို့သည် အသင့်အား ကျွန်ုပ်တို့အထဲ၌ ချည့်နဲ့‌သောသူတစ်ဦးအဖြစ်သာ မြင်‌နေကြသည်။* ၎င်း‌နောက် အကယ်၍ အသင်၏‌ဆွေမျိုးသားချင်းများသာ မရှိခဲ့ကြလျှင် ကျွန်ုပ်တို့သည် အသင့်အား ‌ကျောက်ခဲများနှင့် ပစ်သတ်ကြမည် အမှန်ပင်။ ၎င်း‌နောက် အသင်သည် ကျွန်ုပ်တို့အ‌ပေါ်တွင် လွှမ်းမိုးနိုင်သူလည်း မဟုတ်‌ပေ။ قَالَ يَٰقَوۡمِ أَرَهۡطِيٓ أَعَزُّ عَلَيۡكُم مِّنَ ٱللَّهِ وَٱتَّخَذۡتُمُوهُ وَرَآءَكُمۡ ظِهۡرِيًّاۖ إِنَّ رَبِّي بِمَا تَعۡمَلُونَ مُحِيطٌ ٩٢၎င်း(တမန်‌တော်)က ‌ပြောဆိုခဲ့သည်- အို- ငါ၏အမျိုးသားတို့၊ ငါ၏‌ဆွေမျိုးသားချင်းများသည် အသင်တို့‌ရှေ့၌ အလ္လာဟ်အရှင်မြတ်ထက်ပိုပြီး မြင့်မြတ်‌နေကြသ‌လော၊ ၎င်းပြင်(ထိုအရာ‌ကြောင့်) အသင်တို့သည် ထိုအရှင်မြတ်ကိုပင် အသင်တို့၏‌နောက်၌ ပစ်ပယ်ထားခဲ့ကြသည်။ အမှန်စင်စစ် ငါ့အား ဖန်ဆင်း‌မွေးမြူ‌တော်မူ‌သောအရှင်မြတ်သည် အသင်တို့ ပြုလုပ်သည်များကို ခြုံငုံ၍ သိ‌တော်မူ‌သောအရှင်ဖြစ်‌တော်မူသည်။ وَيَٰقَوۡمِ ٱعۡمَلُواْ عَلَىٰ مَكَانَتِكُمۡ إِنِّي عَٰمِلٌۖ سَوۡفَ تَعۡلَمُونَ مَن يَأۡتِيهِ عَذَابٌ يُخۡزِيهِ وَمَنۡ هُوَ كَٰذِبٌۖ وَٱرۡتَقِبُوٓاْ إِنِّي مَعَكُمۡ رَقِيبٌ ٩٣ထို့ပြင် အို- ငါ၏အမျိုးသားတို့၊ အသင်တို့သည် အသင်တို့၏(နဗီကို ဆန့်ကျင်မှုပြုလုပ်သည့်)‌နေရာတွင် (တတ်နိုင်သမျှ)ပြုလုပ်ကြပါ။ အမှန်စင်စစ် ငါလည်း (ငါ၏ယုံကြည်ချက်အတိုင်း)ပြုလုပ်‌နေသည်။ အသင်တို့သည် မည်သူ၏ထံသို့ ၎င်းကို အရှက်တကွဲဖြစ်‌စေမည့် ပြစ်ဒဏ်‌ရောက်ရှိလာသည်(ကို သိရမည့်အပြင်)၊ မည်သူသည် လိမ်လည်‌သောသူဖြစ်သည်ကို မကြာမီ သိရှိကြရမည်။* ထို့ပြင် အသင်တို့သည် ‌စောင့်‌နေကြပါ၊ အမှန်စင်စစ် ငါသည်လည်း အသင်တို့နှင့်အတူ ‌စောင့်‌နေမည့်သူပင်ဖြစ်သည်။ وَلَمَّا جَآءَ أَمۡرُنَا نَجَّيۡنَا شُعَيۡبًا وَٱلَّذِينَ ءَامَنُواْ مَعَهُۥ بِرَحۡمَةٍ مِّنَّا وَأَخَذَتِ ٱلَّذِينَ ظَلَمُواْ ٱلصَّيۡحَةُ فَأَصۡبَحُواْ فِي دِيَٰرِهِمۡ جَٰثِمِينَ ٩٤ထို့‌နောက် ငါအရှင်မြတ်၏အမိန့်‌တော် ‌ရောက်ရှိလာ‌သောအခါ ငါအရှင်မြတ်သည် ငါအရှင်မြတ်၏ ကရုဏာ‌တော်ဖြင့် (တမန်‌တော်)ရှိုအိုင်ဗ်နှင့်တကွ သူနှင့်အတူ ယုံကြည်ခဲ့ကြ‌သောသူများကို ကယ်ဆယ်‌တော်မူခဲ့သည်။ ၎င်း‌နောက် မတရားကျူးလွန်ခဲ့ကြ‌သောသူများကိုမူ ကျယ်‌လောင်‌သောအသံသည် ဖမ်းဆီးကွပ်မျက်ခဲ့သည့်အတွက် သူတို့သည် နံနက်အချိန်တွင် သူတို့၏‌နေအိမ်ထဲ၌ ‌မှောက်လျက်သားဖြစ်(ပြီး ‌သေ‌ကြေပျက်စီး)‌နေခဲ့ကြသည်။ كَأَن لَّمۡ يَغۡنَوۡاْ فِيهَآۗ أَلَا بُعۡدًا لِّمَدۡيَنَ كَمَا بَعِدَتۡ ثَمُودُ ٩٥သူတို့သည် ထိုအိမ်များထဲ၌ မ‌နေခဲ့ဖူးကြသကဲ့သို့ပင် ဖြစ်သွားခဲ့သည်။ သတိပြုကြပါ၊ ဆမူဒ်အမျိုးသားများသည် (ကရုဏာမှ)ကင်း‌ဝေးခဲ့ကြသကဲ့သို့ပင် မဒ်ယန်မြို့သားများသည်လည်း (ကရုဏာမှ) ကင်း‌ဝေးကြ‌လေပြီ။ وَلَقَدۡ أَرۡسَلۡنَا مُوسَىٰ بِـَٔايَٰتِنَا وَسُلۡطَٰنٍ مُّبِينٍ ٩٦ထို့ပြင် အမှန်စင်စစ် ငါအရှင်မြတ်သည် (တမန်‌တော်)မူစာကို ငါအရှင်မြတ်၏ သက်‌သေလက္ခဏာများအပြင် ထင်ရှား‌သောတန်ခိုး‌တော်များ*နှင့်တကွ ‌စေလွှတ်‌တော်မူခဲ့သည်။ إِلَىٰ فِرۡعَوۡنَ وَمَلَإِيْهِۦ فَٱتَّبَعُوٓاْ أَمۡرَ فِرۡعَوۡنَۖ وَمَآ أَمۡرُ فِرۡعَوۡنَ بِرَشِيدٍ ٩٧ဖိရ်‌အောင်န်နှင့် သူ၏အကြီးအကဲများထံသို့၊ ဖိရ်‌အောင်န်၏အမိန့်သည် သင့်‌တော်မှန်ကန်‌သောအမိန့် မဟုတ်ပါဘဲလျက် သူတို့သည် ဖိရ်‌အောင်န်၏အမိန့်ကိုသာ လိုက်နာ‌နေခဲ့ကြသည်။ يَقۡدُمُ قَوۡمَهُۥ يَوۡمَ ٱلۡقِيَٰمَةِ فَأَوۡرَدَهُمُ ٱلنَّارَۖ وَبِئۡسَ ٱلۡوِرۡدُ ٱلۡمَوۡرُودُ ٩٨သူ(ဖိရ်‌အောင်န်)သည် ကိယာမသ်ရှင်ပြန်ထမည့်‌နေ့၌ သူ၏အမျိုးသားများအား ဦး‌ဆောင်မည်ဖြစ်သည်။* ထို့‌နောက် သူသည် ထိုအမျိုးသားများအား ငရဲဘုံထိ ဦး‌ဆောင်သွားမည်ဖြစ်သည်။ ၎င်း‌နောက် ‌နေရာချ‌ပေးခြင်းခံရမည့်‌နေရာသည် အဘယ်မျှ ဆိုးဝါးလိုက်‌လေသနည်း။ وَأُتۡبِعُواْ فِي هَٰذِهِۦ لَعۡنَةً وَيَوۡمَ ٱلۡقِيَٰمَةِۚ بِئۡسَ ٱلرِّفۡدُ ٱلۡمَرۡفُودُ ٩٩ထို့ပြင် သူတို့သည် ဤဘဝနှင့် ကိယာမသ်‌နေ့၌ ကရုဏာ‌တော်မှ ကင်း‌ဝေး‌စေခြင်းကို (သူတို့၏)‌နောက်မှ လိုက်‌စေခြင်းခံခဲ့ကြရသည်။ (သူတို့အား)‌ပေးခြင်းခံရမည့် လက်‌ဆောင်သည် အဘယ်မျှ ဆိုးဝါးလိုက်သည့် လက်‌ဆောင်နည်း။ ذَٰلِكَ مِنۡ أَنۢبَآءِ ٱلۡقُرَىٰ نَقُصُّهُۥ عَلَيۡكَۖ مِنۡهَا قَآئِمٌ وَحَصِيدٌ ١٠٠ဤသည် အကြင်မြို့ရွာများ၏ အချို့သတင်းစကားဖြစ်သည်။ ငါအရှင်မြတ်သည် ထိုသတင်းစကားကို အသင်၏‌ရှေ့၌ ‌ပြောကြား‌တော်မူသည်။ ထိုမြို့ရွာများထဲမှ အချို့သည် တည်ရှိ‌နေ၍ အချို့သည် ပျက်စီးသွားခဲ့ပြီဖြစ်သည်။ وَمَا ظَلَمۡنَٰهُمۡ وَلَٰكِن ظَلَمُوٓاْ أَنفُسَهُمۡۖ فَمَآ أَغۡنَتۡ عَنۡهُمۡ ءَالِهَتُهُمُ ٱلَّتِي يَدۡعُونَ مِن دُونِ ٱللَّهِ مِن شَيۡءٍ لَّمَّا جَآءَ أَمۡرُ رَبِّكَۖ وَمَا زَادُوهُمۡ غَيۡرَ تَتۡبِيبٍ ١٠١ထို့ပြင် ငါအရှင်မြတ်သည် သူတို့အား နှိပ်စက်‌တော်မူခဲ့သည် မဟုတ်‌ပေ။ သို့ရာတွင် သူတို့သည် သူတို့ကိုယ်သူတို့ နှိပ်စက်ခဲ့ကြခြင်းသာဖြစ်သည်။ သို့ဖြစ်ရာ အသင့်အား ဖန်ဆင်း‌မွေးမြူ‌တော်မူ‌သော အရှင်မြတ်၏အမိန့်‌တော် ‌ရောက်ရှိလာ‌သောအခါ သူတို့သည် အလ္လာဟ်အရှင်မြတ်အားစွန်ပြီး သူတို့ဟစ်‌ခေါ်ခဲ့ကြ‌သော သူတို့၏ကိုးကွယ်ရာများသည် တစ်စုံတစ်ရာမျှ အသုံးမဝင် အကျိုးမ‌ပေးနိုင်ခဲ့ကြ‌တော့‌ပေ။* ထို့ပြင် ထိုကိုးကွယ်ရာများသည် သူတို့အား ပျက်စီးဆုံးရှုံး‌စေသည်မှလွဲ၍ တစ်စုံတစ်ရာမျှ မတိုးပွား‌စေခဲ့‌ပေ။ وَكَذَٰلِكَ أَخۡذُ رَبِّكَ إِذَآ أَخَذَ ٱلۡقُرَىٰ وَهِيَ ظَٰلِمَةٌۚ إِنَّ أَخۡذَهُۥٓ أَلِيمٌ شَدِيدٌ ١٠٢ထို့ပြင် မြို့သူရွာသားများအား သူတို့သည် နှိပ်စက်ကျူးလွန်‌နေကြစဉ် ဖမ်းဆီးအ‌ရေးယူ‌တော်မူ‌သောအခါ အသင့်အား ဖန်ဆင်း‌မွေးမြူ‌တော်မူ‌သောအရှင်မြတ်၏ အ‌ရေးယူမှုသည် ထိုကဲ့သို့ပင် ဖြစ်သည်။ အမှန်စင်စစ် အရှင်မြတ်၏ ဖမ်းဆီးအ‌ရေးယူခြင်းသည် အလွန်နာကျင် ပြင်းထန်လှသည်။ إِنَّ فِي ذَٰلِكَ لَأٓيَةً لِّمَنۡ خَافَ عَذَابَ ٱلۡأٓخِرَةِۚ ذَٰلِكَ يَوۡمٌ مَّجۡمُوعٌ لَّهُ ٱلنَّاسُ وَذَٰلِكَ يَوۡمٌ مَّشۡهُودٌ ١٠٣အမှန်စင်စစ် ဤအရာများ၌ တမလွန်ဘဝ၏ပြစ်ဒဏ်ကို ‌ကြောက်သည့်သူများအတွက် အမှန်ပင် သက်‌သေလက္ခဏာရှိသည်။ ၎င်း‌နောက် ထို‌နေ့သည် လူများအားလုံးကို စုရုံးခြင်းခံရမည့်‌နေ့ဖြစ်သည်။ ထို‌နေ့သည် (အရှင်၏ထံ၌) အသင့်ကြုံ‌တွေ့ရမည့်‌နေ့ပင် ဖြစ်သည်။ وَمَا نُؤَخِّرُهُۥٓ إِلَّا لِأَجَلٍ مَّعۡدُودٍ ١٠٤ထို့ပြင် ငါအရှင်မြတ်သည် ထို‌နေ့ရက်အား ‌ရေတွက်သတ်မှတ်ထား‌သောအချိန်အထိသာ ‌ရွှေ့ဆိုင်းထား‌တော်မူသည်။ يَوۡمَ يَأۡتِ لَا تَكَلَّمُ نَفۡسٌ إِلَّا بِإِذۡنِهِۦۚ فَمِنۡهُمۡ شَقِيٌّ وَسَعِيدٌ ١٠٥ထို‌နေ့ ဆိုက်‌ရောက်လာ‌သောအခါ အရှင်မြတ်၏ ခွင့်ပြုချက်မရှိဘဲ မည်သူမှ စကား‌ပြောဆိုနိုင်မည် မဟုတ်‌ပေ။* ၎င်း‌နောက် သူတို့ထဲ၌ အချို့သည် နဖူးစာဆိုးသူများဖြစ်ကြမည်။ အချို့သည် နဖူးစာ‌ကောင်းသူများဖြစ်ကြမည်။ فَأَمَّا ٱلَّذِينَ شَقُواْ فَفِي ٱلنَّارِ لَهُمۡ فِيهَا زَفِيرٌ وَشَهِيقٌ ١٠٦သို့ဖြစ်ရာ နဖူးစာဆိုး‌သောသူများသည် ဂျဟန္နမ်ငရဲဘုံ၌ရှိကြလိမ့်မည်။ သူတို့အတွက် ထိုငရဲဘုံ၌ ဟစ်‌အော်ခြင်းနှင့် ညည်းညူခြင်းများ ရှိကြလိမ့်မည်။ خَٰلِدِينَ فِيهَا مَا دَامَتِ ٱلسَّمَٰوَٰتُ وَٱلۡأَرۡضُ إِلَّا مَا شَآءَ رَبُّكَۚ إِنَّ رَبَّكَ فَعَّالٌ لِّمَا يُرِيدُ ١٠٧မိုး‌ကောင်းကင်များနှင့် ‌မြေပထဝီတည်ရှိ‌နေသမျှ ထိုငရဲဘုံ၌ အသင့်အား ဖန်ဆင်း‌မွေးမြူ‌တော်မူ‌သော အရှင်မြတ်အလိုရှိသည်မှလွဲ၍ (သူတို့သည်) အမြဲ‌နေထိုင်သူများအဖြစ် ရှိကြလိမ့်မည်။* အမှန်စင်စစ် အသင့်အား ဖန်ဆင်း‌မွေးမြူ‌တော်မူ‌သောအရှင်မြတ်သည် အရှင်မြတ် ရည်ရွယ်‌တော်မူ‌သောကိစ္စကို (ပြီးစီး‌အောင်)အလွန်ပြုလုပ်‌တော်မူအရှင် ဖြစ်‌တော်မူသည်။ ۞ وَأَمَّا ٱلَّذِينَ سُعِدُواْ فَفِي ٱلۡجَنَّةِ خَٰلِدِينَ فِيهَا مَا دَامَتِ ٱلسَّمَٰوَٰتُ وَٱلۡأَرۡضُ إِلَّا مَا شَآءَ رَبُّكَۖ عَطَآءً غَيۡرَ مَجۡذُوذٍ ١٠٨ထို့ပြင် နဖူးစာ‌ကောင်း‌သောသူများကမူ ဂျန္နသ်သုခဘုံ၌ရှိကြမည်။ မိုး‌ကောင်းကင်များနှင့် ‌မြေပထဝီတည်ရှိ‌နေသမျှ ထိုသုခဘုံ၌ အသင့်အား ဖန်ဆင်း‌မွေးမြူ‌တော်မူ‌သော အရှင်မြတ်အလိုရှိသည်မှလွဲ၍ အမြဲ‌နေထိုင်သူများအဖြစ် ရှိကြလိမ့်မည်။ (ဤသည်) အဆက်မပြတ်‌သော ‌ပေးကမ်းချီးမြှင့်မှုပင်ဖြစ်သည်။ فَلَا تَكُ فِي مِرۡيَةٍ مِّمَّا يَعۡبُدُ هَٰٓؤُلَآءِۚ مَا يَعۡبُدُونَ إِلَّا كَمَا يَعۡبُدُ ءَابَآؤُهُم مِّن قَبۡلُۚ وَإِنَّا لَمُوَفُّوهُمۡ نَصِيبَهُمۡ غَيۡرَ مَنقُوصٍ ١٠٩သို့ဖြစ်ရာ အသင်သည် ဤသူများ ကိုးကွယ်‌သောအရာများနှင့်ပတ်သက်၍ သံသယမဖြစ်‌လေနှင့်၊ သူတို့သည် ယခင်က သူတို့၏အဘ၊ ဘိုး၊ ‌ဘေးများ ကိုးကွယ်ကြသကဲ့သို့ပင် ကိုးကွယ်‌နေကြခြင်းဖြစ်သည်။ ၎င်း‌နောက် အမှန်စင်စစ် ငါအရှင်မြတ်သည် သူတို့အား သူတို့၏‌ဝေစုကို မ‌လျော့နည်း‌စေဘဲ အပြည့်အဝ ‌ပေး‌တော်မူမည်ဖြစ်သည်။ وَلَقَدۡ ءَاتَيۡنَا مُوسَى ٱلۡكِتَٰبَ فَٱخۡتُلِفَ فِيهِۚ وَلَوۡلَا كَلِمَةٌ سَبَقَتۡ مِن رَّبِّكَ لَقُضِيَ بَيۡنَهُمۡۚ وَإِنَّهُمۡ لَفِي شَكٍّ مِّنۡهُ مُرِيبٍ ١١٠ထို့ပြင် အမှန်စင်စစ် ငါအရှင်မြတ်သည် (တမန်‌တော်)မူစာအား ကျမ်းဂန်‌ပေးသနား‌တော်မူခဲ့သည်။ ထို့‌နောက် ထိုကျမ်းဂန်နှင့်ပတ်သက်၍ အကွဲအလွဲဖြစ်ခဲ့ရသည်။ ထို့ပြင် အကယ်၍ အသင့်အား ဖန်ဆင်း‌မွေးမြူ‌သောမူ‌သောအရှင်မြတ်ထံ‌တော်မှ အမိန့်‌တော်တစ်ခုသည် ယခင်ကတည်းက မရှိခဲ့လျှင် သူတို့ကြား၌ ဆုံးဖြတ်ခဲ့ပြီးဖြစ်ခဲ့မည် အမှန်ပင်။ ၎င်း‌နောက် အမှန်စင်စစ် သူတို့သည် ထိုကိစ္စနှင့်ပတ်သက်၍ ယုံမှားမှုဖြစ်‌စေ‌သော သံသယထဲ၌ ရှိ‌နေကြသည်။ وَإِنَّ كُلًّا لَّمَّا لَيُوَفِّيَنَّهُمۡ رَبُّكَ أَعۡمَٰلَهُمۡۚ إِنَّهُۥ بِمَا يَعۡمَلُونَ خَبِيرٌ ١١١ထို့ပြင် အမှန်စင်စစ် ထိုသူတိုင်းအား (ကိယာမသ်)အချိန်‌ရောက်‌သောအခါ၌ အသင့်အား ဖန်ဆင်း‌မွေးမြူ‌တော်မူ‌သောအရှင်မြတ်သည် သူတို့၏လုပ်ရပ်များ(၏ အစား)ကို အမှန်ပင် အပြည့်အဝ‌ပေး‌တော်မူမည်။* အမှန်စင်စစ် အရှင်မြတ်သည် သူတို့၏လုပ်ရပ်များကို အကြွင်းမဲ့ကြားသိ‌တော်မူ‌သောအရှင် ဖြစ်‌တော်မူသည်။ فَٱسۡتَقِمۡ كَمَآ أُمِرۡتَ وَمَن تَابَ مَعَكَ وَلَا تَطۡغَوۡاْۚ إِنَّهُۥ بِمَا تَعۡمَلُونَ بَصِيرٌ ١١٢သို့ဖြစ်ရာ အသင်သည် အသင့်အား အမိန့်‌ပေးထားသည့်အတိုင်း (သာသနာအ‌ပေါ်တွင်)ကြံ့ခိုင်စွာ ရပ်တည်‌နေပါ၊ ၎င်း‌နောက် ဝန်ချ‌တောင်းပန်၍ အသင်နှင့်အတူရှိ‌နေသူများသည်လည်း (တည့်တံ့‌နေပါ)။* ထို့ပြင် အသင်တို့သည် ကျူးလွန်မှု မပြုကြနှင့်။* အမှန်စင်စစ် အရှင်မြတ်သည် အသင်တို့ပြုမူသမျှကို အလွန်မြင်‌တော်မူ‌သောအရှင် ဖြစ်‌တော်မူသည်။ وَلَا تَرۡكَنُوٓاْ إِلَى ٱلَّذِينَ ظَلَمُواْ فَتَمَسَّكُمُ ٱلنَّارُ وَمَا لَكُم مِّن دُونِ ٱللَّهِ مِنۡ أَوۡلِيَآءَ ثُمَّ لَا تُنصَرُونَ ١١٣ထို့ပြင် အသင်တို့သည် မတရားကျူးလွန်ကြ‌သောသူများအ‌ပေါ်တွင် ယုံကြည်စိတ်ချအားထားခြင်း မပြုကြနှင့်။* သို့ဖြစ်လျှင် အသင်တို့ကိုလည်း ငရဲမီးထိ‌ရောက်လိမ့်မည်။ ထို့ပြင် အသင်တို့သည် အလ္လာဟ်အရှင်မြတ်မှလွဲ၍ မိတ်‌ဆွေတစ်ဦးမှလည်း ရှိမည်မဟုတ်‌ပေ။ ၎င်း‌နောက် အသင်တို့သည် ကူညီခြင်းခံရမည်လည်း မဟုတ်‌ပေ။ وَأَقِمِ ٱلصَّلَوٰةَ طَرَفَيِ ٱلنَّهَارِ وَزُلَفًا مِّنَ ٱلَّيۡلِۚ إِنَّ ٱلۡحَسَنَٰتِ يُذۡهِبۡنَ ٱلسَّيِّـَٔاتِۚ ذَٰلِكَ ذِكۡرَىٰ لِلذَّٰكِرِينَ ١١٤ထို့ပြင် အသင်သည် စွလာသ်ဝတ်ပြုမှုကို ‌နေ့၏အစွန်းနှစ်ဖက်အပြင် ည၏အစိတ်အပိုင်းများ၌လည်း တည်‌ဆောက်ပါ။* အမှန်စင်စစ် ‌ကောင်းမှုများသည် မ‌ကောင်းမှုများကို ပ‌ပျောက်‌စေသည်။ ဤသည် တရားရယူ‌သောသူများအတွက် ဆုံးမဩဝါဒဖြစ်သည်။ وَٱصۡبِرۡ فَإِنَّ ٱللَّهَ لَا يُضِيعُ أَجۡرَ ٱلۡمُحۡسِنِينَ ١١٥ထို့ပြင် အသင်သည် သည်းခံပါ။ သို့ဖြစ်ရာ အမှန်စင်စစ် အလ္လာဟ်အရှင်မြတ်သည် ‌ကောင်းကျိုး‌ဆောင်ရွက်သူများ၏အကျိုးကို အကျိုးမဲ့ပြုလုပ်‌တော်မူမည် မဟုတ်‌ပေ။ فَلَوۡلَا كَانَ مِنَ ٱلۡقُرُونِ مِن قَبۡلِكُمۡ أُوْلُواْ بَقِيَّةٍ يَنۡهَوۡنَ عَنِ ٱلۡفَسَادِ فِي ٱلۡأَرۡضِ إِلَّا قَلِيلًا مِّمَّنۡ أَنجَيۡنَا مِنۡهُمۡۗ وَٱتَّبَعَ ٱلَّذِينَ ظَلَمُواْ مَآ أُتۡرِفُواْ فِيهِ وَكَانُواْ مُجۡرِمِينَ ١١٦သို့ဖြစ်ရာ အသင်တို့၏မတိုင်မီ ရှိခဲ့ကြဖူး‌သော လူမျိုးအုပ်စုများထဲ၌ ဤသို့‌ကောင်း‌သောလူများ အဘယ့်‌ကြောင့် မရှိခဲ့သနည်း၊ ထိုလူများသည် ကမာ္ဘ‌မြေ၌ ‌သောင်းကျန်းဖျက်ဆီးမှုကို တားမြစ်ကြသည်။ သို့ရာတွင် အုပ်စုအနည်းငယ်သာရှိခဲ့သည်၊* ထိုအုပ်စုကို ငါအရှင်မြတ်က သူတို့ထဲမှ ကယ်တင်‌တော်မူခဲ့သည်။ ထို့ပြင် မတရားကျူးလွန်ကြ‌သောသူများကမူ သူတို့ကို ‌ပျော်‌မွေ့‌စေခြင်းခံရ‌သောအရာ(စည်းစိမ်)များ‌နောက်သို့ လိုက်ခဲ့ကြသည်။ ၎င်း‌နောက် သူတို့သည် အပြစ်ကျူးလွန်‌လေ့ရှိသူများပင် ဖြစ်ကြသည်။ وَمَا كَانَ رَبُّكَ لِيُهۡلِكَ ٱلۡقُرَىٰ بِظُلۡمٍ وَأَهۡلُهَا مُصۡلِحُونَ ١١٧ထို့ပြင် အသင့်အား ဖန်ဆင်း‌မွေးမြူ‌တော်မူ‌သော အရှင်မြတ်သည် မြို့ရွာများကို ထိုမြို့သူရွာသားများသည် ‌ကောင်းမွန်‌အောင်ပြုပြင်သူများဖြစ်‌နေကြပါလျက်နှင့် အတင်းအဓမ္မ ဖျက်ဆီးပစ်‌တော်မမူ‌ပေ။ وَلَوۡ شَآءَ رَبُّكَ لَجَعَلَ ٱلنَّاسَ أُمَّةً وَٰحِدَةًۖ وَلَا يَزَالُونَ مُخۡتَلِفِينَ ١١٨ထို့ပြင် အသင့်အား ဖန်ဆင်း‌မွေးမြူ‌တော်မူ‌သောအရှင်မြတ်သည် အလိုရှိ‌တော်မူခဲ့လျှင် လူအားလုံးကို သာသနာဝင်အုပ်စုတစ်ခုတည်း ပြုလုပ်‌တော်မူခဲ့မည် အမှန်ပင်။ ထို့‌နောက် (အရှင်မြတ်သည် ထိုကဲ့သို့ ပြုလုပ်‌တော်မမူခဲ့သည့်အတွက်) သူတို့သည် သ‌ဘောထား ကွဲလွဲသူမျာအဖြစ် အမြဲရှိ‌နေကြမည်ဖြစ်သည်။ إِلَّا مَن رَّحِمَ رَبُّكَۚ وَلِذَٰلِكَ خَلَقَهُمۡۗ وَتَمَّتۡ كَلِمَةُ رَبِّكَ لَأَمۡلَأَنَّ جَهَنَّمَ مِنَ ٱلۡجِنَّةِ وَٱلنَّاسِ أَجۡمَعِينَ ١١٩သို့ရာတွင် အသင့်အား ဖန်ဆင်း‌မွေးမြူ‌တော်မူ‌သောအရှင်မြတ်က ကရုဏာပြု‌တော်မူထား‌သောသူကမူ (ထိုကွဲလွဲသူများထဲ၌) မပါဝင်‌ပေ။ ၎င်း‌နောက် အရှင်မြတ်သည် ဤအတွက်ပင် သူတို့အား ဖန်ဆင်း‌တော်မူခဲ့ခြင်းဖြစ်သည်။ ထို့ပြင် အမှန်စင်စစ် ငါအရှင်မြတ်သည် ဂျဟန္နမ်ငရဲဘုံကို ဂျင်န်များနှင့် လူများအားလုံးဖြင့် ပြည့်နှက်‌စေ‌တော်မူမည်*ဟု အသင့်အား ဖန်ဆင်း‌မွေးမြူ‌တော်မူ‌သော အရှင်မြတ်၏စကား‌တော်သည်လည်း ပြည့်စုံခဲ့ပြီးဖြစ်သည်။ وَكُلًّا نَّقُصُّ عَلَيۡكَ مِنۡ أَنۢبَآءِ ٱلرُّسُلِ مَا نُثَبِّتُ بِهِۦ فُؤَادَكَۚ وَجَآءَكَ فِي هَٰذِهِ ٱلۡحَقُّ وَمَوۡعِظَةٌ وَذِكۡرَىٰ لِلۡمُؤۡمِنِينَ ١٢٠ထို့ပြင် ငါအရှင်မြတ်သည် တမန်‌တော်များ၏အ‌ကြောင်းများထဲမှ အကြင် အ‌ကြောင်းများအားလုံးကို အသင့်အား ‌ပြောပြ‌တော်မူသည်။ ငါအရှင်မြတ်သည် ထိုအ‌ကြောင်းနှင့် အသင်၏စိတ်နှလုံးကို ကြံ့ခိုင်‌စေ‌တော်မူသည်။ ထို့ပြင် ဤကဏ္ဍတွင် အမှန်တရားသည်လည်း အသင်၏ထံသို့ ‌ရောက်ရှိလာခဲ့ပြီဖြစ်သည်။ ၎င်း‌နောက် ယုံကြည်သူများအတွက် ဆုံးမဩဝါဒနှင့် သတိ‌ပေးနှိုး‌ဆော်ချက်ရှိသည်။ وَقُل لِّلَّذِينَ لَا يُؤۡمِنُونَ ٱعۡمَلُواْ عَلَىٰ مَكَانَتِكُمۡ إِنَّا عَٰمِلُونَ ١٢١ထို့ပြင် (အို-တမန်‌တော်)အသင်သည် မယုံကြည်‌သောသူများကို ‌ပြောလိုက်ပါ- အသင်တို့သည် အသင်တို့၏(နဗီကို ဆန့်ကျင်မှုပြုလုပ်သည့်)‌နေရာတွင် အသင်တို့ ပြုလုပ်‌နေကြပါ။ အမှန်စင်စစ် ငါတို့သည်လည်း (ငါတို့၏နည်းလမ်းဖြင့်) ပြုလုပ်‌နေ‌သောသူများပင် ဖြစ်ကြသည်။ وَٱنتَظِرُوٓاْ إِنَّا مُنتَظِرُونَ ١٢٢၎င်း‌နောက် အသင်တို့သည် ‌စောင့်‌နေကြပါ၊ အမှန်စင်စစ် ငါတို့သည်လည်း ‌စောင့်‌နေကြသည်။ وَلِلَّهِ غَيۡبُ ٱلسَّمَٰوَٰتِ وَٱلۡأَرۡضِ وَإِلَيۡهِ يُرۡجَعُ ٱلۡأَمۡرُ كُلُّهُۥ فَٱعۡبُدۡهُ وَتَوَكَّلۡ عَلَيۡهِۚ وَمَا رَبُّكَ بِغَٰفِلٍ عَمَّا تَعۡمَلُونَ ١٢٣ထို့ပြင် မိုး‌ကောင်းကင်များနှင့် ‌မြေပထဝီတွင် မမြင်နိုင်‌သော အကွယ်မှအရာများ(ကို စိုးပိုင်ခြင်းနှင့် သိစွမ်းနိုင်ခြင်း)သည် အလ္လာဟ်အရှင်မြတ်၌ပင် ရှိသည်။ ထို့ပြင် အ‌ရေးကိစ္စအားလုံးသည် အရှင်မြတ်ထံသို့ပင် ပြန်လည်‌ရောက်ရှိ‌စေခြင်းကို ခံကြရမည်။ သို့ဖြစ်ရာ အသင်သည် အရှင်မြတ်ကိုသာ ကိုးကွယ်ပါ။ ၎င်း‌နောက် အသင်သည် အရှင်မြတ်အ‌ပေါ်၌သာ ယုံပုံလွှဲအပ်ပါ။ ထို့ပြင် အသင့်အား ဖန်ဆင်း‌မွေးမြူ‌တော်မူ‌သော အရှင်မြတ်သည် အသင်တို့ ပြုလုပ်‌နေသည်များကို ‌မေ့‌လျော့‌တော်မူမည့်အရှင် မဟုတ်‌ပေ။

الترجمة: Hashim Tin Myint.