ملة الإسلام

السورة 10 · 109 آية · Hashim Tin Myint

سورة يونس باللغة البورمية

السورة بالعربية مع التفسير استمع إلى سورة يونس (1,210 قارئاً)
مكيةسورة يونس١٠٩ آية

بِسۡمِ ٱللَّهِ ٱلرَّحۡمَٰنِ ٱلرَّحِيمِ

الٓرۚ تِلۡكَ ءَايَٰتُ ٱلۡكِتَٰبِ ٱلۡحَكِيمِ ١အလိဖ် လာမ် ရာ။* ဤသည် ဉာဏ်ပညာနှင့် ပြည့်စုံ‌သောကျမ်း‌တော်မြတ်၏ အာယသ်‌တော်များဖြစ်သည်။ أَكَانَ لِلنَّاسِ عَجَبًا أَنۡ أَوۡحَيۡنَآ إِلَىٰ رَجُلٍ مِّنۡهُمۡ أَنۡ أَنذِرِ ٱلنَّاسَ وَبَشِّرِ ٱلَّذِينَ ءَامَنُوٓاْ أَنَّ لَهُمۡ قَدَمَ صِدۡقٍ عِندَ رَبِّهِمۡۗ قَالَ ٱلۡكَٰفِرُونَ إِنَّ هَٰذَا لَسَٰحِرٌ مُّبِينٌ ٢ငါအရှင်မြတ်သည် သူတို့ထဲမှပင် လူတစ်ဦးထံသို့ “အသင်သည် လူများအား သတိ‌ပေးနှိုး‌ဆော်ပါ“ ၎င်း‌နောက် “အီမာန်ယုံကြည်သူများအား သူတို့၏အရှင်မြတ်ထံ‌တော်၌ သူတို့အတွက် မြင့်မြတ်‌သော အဆင့်အတန်းရှိသည်ဟု သတင်း‌ကောင်း‌ပြောလိုက်ပါ“ဟု ဝဟီအမိန့်ချ‌ပေးခြင်းသည် လူများအတွက် အံ့ဩဖွယ်ရာ ဖြစ်‌နေသ‌လော၊* ကာဖိရ်ငြင်းပယ်သူများကမူ “ဤသည် ထင်ရှား‌သော စုန်းပ‌ယောဂ အမှန်ပင် ဖြစ်သည်“ဟု ‌ပြောဆိုကြသည်။ إِنَّ رَبَّكُمُ ٱللَّهُ ٱلَّذِي خَلَقَ ٱلسَّمَٰوَٰتِ وَٱلۡأَرۡضَ فِي سِتَّةِ أَيَّامٍ ثُمَّ ٱسۡتَوَىٰ عَلَى ٱلۡعَرۡشِۖ يُدَبِّرُ ٱلۡأَمۡرَۖ مَا مِن شَفِيعٍ إِلَّا مِنۢ بَعۡدِ إِذۡنِهِۦۚ ذَٰلِكُمُ ٱللَّهُ رَبُّكُمۡ فَٱعۡبُدُوهُۚ أَفَلَا تَذَكَّرُونَ ٣အမှန်စင်စစ် အသင်တို့အား ဖန်ဆင်း‌မွေးမြူ‌တော်မူ‌သောအရှင်မြတ်သည် အလ္လာဟ်အရှင်မြတ်ပင်ဖြစ်‌တော်မူသည်။ ထိုအရှင်မြတ်သည် မိုး‌ကောင်းကင်များနှင့် ‌မြေပထဝီကို ‌ခြောက်ရက်(နှင့် ညီမျှ‌သောအချိန်)ဖြင့် ဖန်ဆင်း‌တော်မူခဲ့သည်။ ထို့‌နောက် အရှင်မြတ်သည် အရ်ရှ်ပလ္လင်‌တော်အ‌ပေါ်တွင်(၎င်းကို မမှီခိုဘဲ)တည်(ရှိလျက် အရှင်မြတ်နှင့် ထိုက်တန်‌တော်မူသည့်အတိုင်း စံမြန်း)‌နေ‌တော်မူသည်။ အရှင်မြတ်သည်ပင် အမှုကိစ္စအားလုံးကို စီမံခန့်ခွဲ‌တော်မူသည်။ မည်သူမဆို အလ္လာဟ်အရှင်မြတ်ခွင့်ပြု‌တော်မူပြီးမှပင် ကြားဝင် အသနားခံနိုင်မည်ဖြစ်သည်။* အရှင်မြတ်ပင် အသင်တို့အား ဖန်ဆင်း‌မွေးမြူ‌တော်မူ‌သော အလ္လာဟ်အရှင်မြတ်ပင်ဖြစ်‌တော်မူသည်။ သို့ဖြစ်ရာ အသင်တို့သည် အရှင်မြတ်ကိုသာ ကိုးကွယ်ကြပါ။ ဤမျှပင် အသင်တို့သည် အသိတရား မရကြ‌သေးသ‌လော။ إِلَيۡهِ مَرۡجِعُكُمۡ جَمِيعًاۖ وَعۡدَ ٱللَّهِ حَقًّاۚ إِنَّهُۥ يَبۡدَؤُاْ ٱلۡخَلۡقَ ثُمَّ يُعِيدُهُۥ لِيَجۡزِيَ ٱلَّذِينَ ءَامَنُواْ وَعَمِلُواْ ٱلصَّٰلِحَٰتِ بِٱلۡقِسۡطِۚ وَٱلَّذِينَ كَفَرُواْ لَهُمۡ شَرَابٌ مِّنۡ حَمِيمٍ وَعَذَابٌ أَلِيمُۢ بِمَا كَانُواْ يَكۡفُرُونَ ٤အသင်တို့အားလုံး၏ ပြန်လှည့်ရာဌာနသည် အရှင်မြတ်ထံ‌တော်သို့ဖြစ်သည်။ အလ္လာဟ်အရှင်မြတ်သည် အရှင်မြတ်၏ကတိ‌တော်ကို မှန်ကန်စွာ ပြုထား‌တော်မူသည်။ အမှန်စင်စစ် ထိုအရှင်မြတ်ပင် အဖန်ဆင်းခံများအား ပထမအကြိမ်ကလည်း စတင်ဖန်ဆင်း‌တော်မူခဲ့ခြင်းဖြစ်သည်။ ထို့‌နောက် အရှင်မြတ်သည်ပင် ထိုအဖန်ဆင်းခံများအား ‌နောက်တစ်ကြိမ်ပြန်ပြီး ဖန်ဆင်း‌တော်မူဦးမည်ဖြစ်သည်။ (ထိုသို့ပြန်ပြီး ဖန်ဆင်း‌တော်မူရခြင်းမှာ)အရှင်မြတ်သည် အီမာန်ယုံကြည်ပြီး ‌ကောင်းမြတ်‌သောလုပ်ရပ်များကို ပြုလုပ်‌သောသူများအား မျှတစွာ အကျိုး‌ပေးရန်အတွက်ဖြစ်သည်။* ထို့ပြင် ကာဖိရ်ငြင်းပယ်သူများကမူ သူတို့သည် ငြင်းပယ်‌နေခဲ့ခြင်း‌ကြောင့် သူတို့အတွက် အလွန်ဆူပွက်‌နေ‌သော ‌သောက်စရာ(‌ရေပူ)နှင့် အလွန်နာကျင်‌စေ‌သော အပြစ်ဒဏ်ရှိလိမ့်မည်။ هُوَ ٱلَّذِي جَعَلَ ٱلشَّمۡسَ ضِيَآءً وَٱلۡقَمَرَ نُورًا وَقَدَّرَهُۥ مَنَازِلَ لِتَعۡلَمُواْ عَدَدَ ٱلسِّنِينَ وَٱلۡحِسَابَۚ مَا خَلَقَ ٱللَّهُ ذَٰلِكَ إِلَّا بِٱلۡحَقِّۚ يُفَصِّلُ ٱلۡأٓيَٰتِ لِقَوۡمٍ يَعۡلَمُونَ ٥အရှင်မြတ်သည် ‌နေကို ထွန်းလင်း‌တောက်ပ‌စေရန်နှင့် လကို လင်းဝင်း‌စေရန် ပြုလုပ်‌တော်မူခဲ့‌သော အရှင်ဖြစ်‌တော်မူသည်။ ထို့ပြင် အရှင်မြတ်သည် နှစ်များ၏အ‌ရေအတွက်နှင့် စာရင်းအင်းကို အသင်တို့ သိနားလည်ကြရန်အတွက် ထို(လသွားသည့်)စခန်းများအား သတ်မှတ်‌ပေး‌တော်မူခဲ့သည်။* အလ္လာဟ်အရှင်မြတ်သည် ဤအရာများအား မှန်ကန်‌သော ရည်ရွယ်ချက်ဖြင့်ပင် ဖန်ဆင်း‌တော်မူခဲ့ခြင်းဖြစ်သည်။ အရှင်မြတ်သည် သိနားလည်သူများအတွက် သက်‌သေလက္ခဏာများကို အ‌သေးစိတ် ရှင်းလင်းပြသ‌တော်မူသည်။ إِنَّ فِي ٱخۡتِلَٰفِ ٱلَّيۡلِ وَٱلنَّهَارِ وَمَا خَلَقَ ٱللَّهُ فِي ٱلسَّمَٰوَٰتِ وَٱلۡأَرۡضِ لَأٓيَٰتٍ لِّقَوۡمٍ يَتَّقُونَ ٦အမှန်စင်စစ် ညနှင့်‌နေ့များ၏ ‌ပြောင်းလဲမှုတွင်လည်း‌ကောင်း၊ မိုး‌ကောင်းကင်များနှင့် ‌မြေပထဝီတွင် အရှင်မြတ် ဖန်ဆင်းထား‌တော်မူ‌သော အရာများတွင်လည်း‌ကောင်း (အရှင်မြတ်အား) ‌ကြောက်ရွံ့သူများအတွက် သက်‌သေလက္ခဏာများ အမှန်ပင်ရှိသည်။ إِنَّ ٱلَّذِينَ لَا يَرۡجُونَ لِقَآءَنَا وَرَضُواْ بِٱلۡحَيَوٰةِ ٱلدُّنۡيَا وَٱطۡمَأَنُّواْ بِهَا وَٱلَّذِينَ هُمۡ عَنۡ ءَايَٰتِنَا غَٰفِلُونَ ٧အမှန်စင်စစ် အကြင်သူများသည် ငါအရှင်မြတ်နှင့် ‌တွေ့ဆုံခြင်းကို မ‌မျှော်လင့်ကြ‌ပေ။* ၎င်း‌နောက်သူတို့သည် ‌လောကီဘဝကိုသာ ‌ကျေနပ်၍ ထို‌လောကီဘဝနှင့်ပင် (လုံ‌လောက်ပြီဟု ထင်မှတ်ပြီး) ‌အေး‌ဆေးတည်ငြိမ်‌နေခဲ့ကြသည်။ ထို့ပြင် အကြင်သူတို့သည် ငါအရှင်မြတ်၏ (တမလွန်ဘဝနှင့် စပ်လျဉ်း‌သော)သက်‌သေလက္ခဏာများကို ‌မေ့‌လျော့သူများဖြစ်ကြသည်။ أُوْلَٰٓئِكَ مَأۡوَىٰهُمُ ٱلنَّارُ بِمَا كَانُواْ يَكۡسِبُونَ ٨ထိုသူများပင်ဖြစ်သည်၊ သူတို့သည် (မ‌ကောင်းမှုများကို) ရှာ‌ဖွေဆည်းပူး‌နေခဲ့သည့်အတွက် သူတို့၏ခိုကိုးရာဌာနသည် ဂျဟန္နမ်ငရဲဘုံပင်ဖြစ်သည်။ إِنَّ ٱلَّذِينَ ءَامَنُواْ وَعَمِلُواْ ٱلصَّٰلِحَٰتِ يَهۡدِيهِمۡ رَبُّهُم بِإِيمَٰنِهِمۡۖ تَجۡرِي مِن تَحۡتِهِمُ ٱلۡأَنۡهَٰرُ فِي جَنَّٰتِ ٱلنَّعِيمِ ٩အမှန်စင်စစ် အကြင်သူများသည် အီမာန်ယုံကြည်ခဲ့ကြသည်။ ၎င်း‌နောက်သူတို့သည် ‌ကောင်းမြတ်‌သောလုပ်ရပ်များကို ပြုလုပ်ခဲ့ကြသည်။ သူတို့အား သူတို့၏ဖန်ဆင်း‌မွေးမြူ‌တော်မူ‌သောအရှင်သည် သူတို့၏အီမာန်ယုံကြည်မှု‌ကြောင့် စည်းစိမ်နှင့်ပြည့်စုံ‌သော ဥယျာဉ်များသို့ ပို့‌ဆောင်‌တော်မူမည်ဖြစ်သည်၊ ၎င်းဥယျာဉ်များ၏‌အောက်၌ စမ်း‌ရေ‌ချောင်းများ စီးဆင်း‌နေမည်။ دَعۡوَىٰهُمۡ فِيهَا سُبۡحَٰنَكَ ٱللَّهُمَّ وَتَحِيَّتُهُمۡ فِيهَا سَلَٰمٌۚ وَءَاخِرُ دَعۡوَىٰهُمۡ أَنِ ٱلۡحَمۡدُ لِلَّهِ رَبِّ ٱلۡعَٰلَمِينَ ١٠ထို(သုခဘုံ ဥယျာဉ်များ)၌ သူတို့၏စကားသည် “အို- အလ္လာဟ်အရှင်မြတ်၊ အရှင်မြတ်သည် သန့်ပြန့်စင်ကြယ်‌တော်မူပါသည်“ဟု ဖြစ်ပြီး၊ ထိုအထဲ၌ သူတို့၏နှုတ်ခွန်းဆက်သခြင်းသည် “စလာမ် ငြိမ်းချမ်းသာယာမှု သက်‌ရောက်ပါ‌စေ“ဟု ဖြစ်မည်။ ၎င်း‌နောက် သူတို့၏‌နောက်ဆုံး(နိဂုံးချုပ်)စကားသည် “ချီးမွမ်းခြင်းဟူသမျှသည် စကြဝဠာအ‌ပေါင်းအား ဖန်ဆင်း‌မွေးမြူ‌တော်မူ‌သော အလ္လာဟ်အရှင်မြတ်နှင့်သာ ထိုက်တန်သည်“ဟူ၍ ဖြစ်မည်။ ۞ وَلَوۡ يُعَجِّلُ ٱللَّهُ لِلنَّاسِ ٱلشَّرَّ ٱسۡتِعۡجَالَهُم بِٱلۡخَيۡرِ لَقُضِيَ إِلَيۡهِمۡ أَجَلُهُمۡۖ فَنَذَرُ ٱلَّذِينَ لَا يَرۡجُونَ لِقَآءَنَا فِي طُغۡيَٰنِهِمۡ يَعۡمَهُونَ ١١ထို့ပြင် အကယ်၍ အလ္လာဟ်အရှင်မြတ်သည် လူများထံသို့ သူတို့၏အ‌ကောင်းကို အလျင်စလို ‌တောင်းဆိုသကဲ့သို့ အဆိုးကို အလျင်စလိုပြုလုပ်‌ပေး‌တော်မူလျှင် သူတို့ကို ‌ပေးထား‌သော ‌စောင့်ဆိုင်းချိန်သည် အမှန်ပင် ကုန်ဆုံးသွားခဲ့ပြီ ဖြစ်လိမ့်မည်။* သို့ဖြစ်ရာ ငါအရှင်မြတ်သည် ငါအရှင်မြတ်နှင့် ‌တွေ့ဆုံမှုကို မ‌မျှော်လင့်သူများအား သူတို့၏ဆိုးသွမ်း‌မောက်မာမှုထဲ၌ပင် တဝဲလည်လည် ဖြစ်‌နေကြရန်အတွက် စွန့်ပစ်ထား‌တော်မူသည်။ وَإِذَا مَسَّ ٱلۡإِنسَٰنَ ٱلضُّرُّ دَعَانَا لِجَنۢبِهِۦٓ أَوۡ قَاعِدًا أَوۡ قَآئِمًا فَلَمَّا كَشَفۡنَا عَنۡهُ ضُرَّهُۥ مَرَّ كَأَن لَّمۡ يَدۡعُنَآ إِلَىٰ ضُرٍّ مَّسَّهُۥۚ كَذَٰلِكَ زُيِّنَ لِلۡمُسۡرِفِينَ مَا كَانُواْ يَعۡمَلُونَ ١٢ထို့ပြင် လူသား၌ ဒုက္ခ‌ရောက်‌သောအခါ သူသည် ငါအရှင်မြတ်ကို လဲ‌လျောင်းလျက် သို့မဟုတ် ထိုင်လျက် သို့မဟုတ် ရပ်လျက် ဟစ်‌ခေါ်သည်။ ထို့‌နောက် ငါအရှင်မြတ်သည် သူ၏ဒုက္ခကို ဖယ်ရှား‌တော်မူလိုက်‌သောအခါ သူသည် ငါအရှင်မြတ်အား သူ့တွင်‌ရောက်ခဲ့သည့်ဒုက္ခအတွက် (တစ်ကြိမ်မှ)မဟစ်‌ခေါ်ခဲ့ သကဲ့သို့ဖြစ်သွားသည်။* ဤသို့ပင် စည်း‌ဖောက်သူများအတွက် သူတို့ပြုလုပ်‌နေခဲ့ကြသည့်အရာ (မ‌ကောင်းမှု)များသည် လှပ(သည့် သဏ္ဍာန်ဖြစ်ရှိ)‌စေရန် တန်ဆာဆင်မြန်းခြင်းခံရသည်။ وَلَقَدۡ أَهۡلَكۡنَا ٱلۡقُرُونَ مِن قَبۡلِكُمۡ لَمَّا ظَلَمُواْ وَجَآءَتۡهُمۡ رُسُلُهُم بِٱلۡبَيِّنَٰتِ وَمَا كَانُواْ لِيُؤۡمِنُواْۚ كَذَٰلِكَ نَجۡزِي ٱلۡقَوۡمَ ٱلۡمُجۡرِمِينَ ١٣ထို့ပြင် အမှန်စင်စစ် ငါအရှင်မြတ်သည် အသင်တို့မတိုင်မီက မျိုးနွယ်များကို သူတို့သည် မတရားကျူးလွန်ကြ‌သောအခါ ဖျက်ဆီးပစ်‌တော်မူခဲ့သည်။ ထို့ပြင် သူတို့ထံသို့ သူတို့၏တမန်‌တော်များသည် ထင်ရှား‌သော သက်‌သေလက္ခဏာများကို ယူ‌ဆောင်လာခဲ့ကြပြီး‌နောက်လည်း သူတို့သည် (တစ်ပါးတည်း‌သောအရှင်မြတ်အား) ယုံကြည်သူများ မဖြစ်ခဲ့ကြ‌ပေ။ ငါအရှင်မြတ်သည် အပြစ်ကျူးလွန်သူများကို ဤသို့ပင် အစား‌ပေး‌တော်မူသည်။ ثُمَّ جَعَلۡنَٰكُمۡ خَلَٰٓئِفَ فِي ٱلۡأَرۡضِ مِنۢ بَعۡدِهِمۡ لِنَنظُرَ كَيۡفَ تَعۡمَلُونَ ١٤ထို့‌နောက် ငါအရှင်မြတ်သည် သူတို့၏‌နောက်တွင် အသင်တို့ မည်သို့ပြုမူ‌ဆောင်ရွက်ကြမည်နည်းဆိုသည်ကို ကြည့်ရှု‌တော်မူရန်အတွက် အသင်တို့အား ကမာ္ဘ‌ပေါ်၌ ကိုယ်စားလှယ်များ ပြုလုပ်‌တော်မူခဲ့သည်။ وَإِذَا تُتۡلَىٰ عَلَيۡهِمۡ ءَايَاتُنَا بَيِّنَٰتٍ قَالَ ٱلَّذِينَ لَا يَرۡجُونَ لِقَآءَنَا ٱئۡتِ بِقُرۡءَانٍ غَيۡرِ هَٰذَآ أَوۡ بَدِّلۡهُۚ قُلۡ مَا يَكُونُ لِيٓ أَنۡ أُبَدِّلَهُۥ مِن تِلۡقَآيِٕ نَفۡسِيٓۖ إِنۡ أَتَّبِعُ إِلَّا مَا يُوحَىٰٓ إِلَيَّۖ إِنِّيٓ أَخَافُ إِنۡ عَصَيۡتُ رَبِّي عَذَابَ يَوۡمٍ عَظِيمٍ ١٥ထို့ပြင် သူတို့‌ရှေ့၌ ငါအရှင်မြတ်၏ထင်ရှား‌သော အာယသ်‌တော်များကို ဖတ်ကြားခြင်းခံရ‌သောအခါ၊ ငါအရှင်မြတ်နှင့် ‌တွေ့ဆုံရန် မ‌မျှော်လင့်ကြသူများက “အသင်သည် ဤသည်မှလွဲ၍ အခြားကုရ်အာန်ကို ူယူခဲ့ပါ၊ သို့မဟုတ် ဤသည်ကိုပင် ‌ပြောင်းလဲ‌ပေးပါဟု ‌ပြောဆိုကြသည်။ (အို- တမန်‌တော်)အသင်‌ပြောလိုက်ပါ- ငါ့အတွက် ဤကုရ်အာန်မှာ ငါ၏သ‌ဘောအတိုင်း ‌ပြောင်းလဲခွင့် မရှိ‌ပေ၊ ငါသည် ငါ၏ထံသို့ ညွှန်ကြားခြင်းခံရ‌သော အမိန့်ကိုသာ လိုက်နာခြင်းဖြစ်သည်။ အမှန်စင်စစ် ငါသည် ငါ့အား ဖန်ဆင်း‌မွေးမြူ‌တော်မူ‌သော အရှင်၏အမိန့်ကို ဖီဆန်မိလျှင် ကြီးကျယ်‌သော‌နေ့၏ပြစ်ဒဏ်ကို ငါစိုးရိမ်သည်။ قُل لَّوۡ شَآءَ ٱللَّهُ مَا تَلَوۡتُهُۥ عَلَيۡكُمۡ وَلَآ أَدۡرَىٰكُم بِهِۦۖ فَقَدۡ لَبِثۡتُ فِيكُمۡ عُمُرًا مِّن قَبۡلِهِۦٓۚ أَفَلَا تَعۡقِلُونَ ١٦(အို- တမန်‌တော်)အသင်‌ပြောလိုက်ပါ- “အကယ်၍ အလ္လာဟ်အရှင်မြတ် အလိုရှိ‌တော်မူခဲ့လျှင် ငါသည်လည်း ထိုကုရ်အာန်ကို အသင်တို့‌ရှေ့၌ ဖတ်ကြားနိုင်မည် မဟုတ်‌ပေ။ အရှင်မြတ်သည်လည်း အသင်တို့အား ထိုကုရ်အာန်နှင့်ပတ်သက်၍ အသိ‌ပေး‌တော်မူမည် မဟုတ်‌ပေ။ ၎င်း‌နောက် အမှန်စင်စစ် ငါသည် ထို(ကုရ်အာန်မကျ‌ရောက်မီ) ယခင်ကလည်း အသင်တို့ထဲ၌ တစ်သက်တာ‌နေခဲ့ပြီးဖြစ်သည်။* ဤမျှပင် အသင်တို့ နားမလည်ကြ‌လေသ‌လော။ فَمَنۡ أَظۡلَمُ مِمَّنِ ٱفۡتَرَىٰ عَلَى ٱللَّهِ كَذِبًا أَوۡ كَذَّبَ بِـَٔايَٰتِهِۦٓۚ إِنَّهُۥ لَا يُفۡلِحُ ٱلۡمُجۡرِمُونَ ١٧သို့ဖြစ်ရာ အကြင်သူထက်ပိုပြီး မတရားသူ မည်သူရှိဦးမည်နည်း။ ထိုသူသည် အလ္လာဟ်အရှင်မြတ်အ‌ပေါ်တွင် လုပ်ကြံစွပ်စွဲခဲ့သည်။ သို့မဟုတ် ထိုသူသည် အရှင်မြတ်၏ သက်‌သေလက္ခဏာ‌တော်များကို မဟုတ်မမှန်ဟု ငြင်းပယ်ခဲ့သည်။ အမှန်စင်စစ် အပြစ်ကျူးလွန်သူများသည် ‌အောင်မြင်ကြမည် မဟုတ်‌ပေ။ وَيَعۡبُدُونَ مِن دُونِ ٱللَّهِ مَا لَا يَضُرُّهُمۡ وَلَا يَنفَعُهُمۡ وَيَقُولُونَ هَٰٓؤُلَآءِ شُفَعَٰٓؤُنَا عِندَ ٱللَّهِۚ قُلۡ أَتُنَبِّـُٔونَ ٱللَّهَ بِمَا لَا يَعۡلَمُ فِي ٱلسَّمَٰوَٰتِ وَلَا فِي ٱلۡأَرۡضِۚ سُبۡحَٰنَهُۥ وَتَعَٰلَىٰ عَمَّا يُشۡرِكُونَ ١٨ထို့ပြင် သူတို့သည် အလ္လာဟ်အရှင်မြတ်အား စွန့်ပြီး အကြင်အရာများကို ကိုးကွယ်ကြသည်။ ထိုအရာများသည် သူတို့အား နစ်နာ‌စေရန်လည်း မပြုလုပ်နိုင်‌ပေ၊ ၎င်းပြင် သူတို့အား အကျိုးဖြစ်ထွန်း‌စေရန်လည်း မပြုလုပ်နိုင်‌ပေ။ ၎င်း‌နောက် သူတို့က ‌ပြောဆိုကြသည်- “ဤအရာများသည် ကျွန်ုပ်တို့အား အလ္လာဟ်အရှင်မြတ်ထံ‌တော်၌ ကြားဝင်အသနားခံ‌ပေးမည့်အရာများပင်ဖြစ်ကြသည်။“ (အို- တမန်‌တော်)အသင်‌ပြောလိုက်ပါ- “အသင်တို့သည် အလ္လာဟ်အရှင်မြတ်အား မိုး‌ကောင်းကင်များနှင့် ‌မြေပထဝီတွင် အရှင်မြတ်မသိ‌သောအရာများ*နှင့်ပတ်သက်၍ သတင်း‌ပေး‌နေကြသ‌လော။ အရှင်မြတ်သည် သန့်ရှင်းစင်ကြယ်‌တော်မူသည့်အပြင် အရှင်မြတ်သည် သူတို့တွဲဖက်ကိုးကွယ်‌သောအရာများထက် အလွန်မြင့်မားလှ‌တော်မူသည်။ وَمَا كَانَ ٱلنَّاسُ إِلَّآ أُمَّةً وَٰحِدَةً فَٱخۡتَلَفُواْۚ وَلَوۡلَا كَلِمَةٌ سَبَقَتۡ مِن رَّبِّكَ لَقُضِيَ بَيۡنَهُمۡ فِيمَا فِيهِ يَخۡتَلِفُونَ ١٩ထို့ပြင် လူသားများသည် (ယခင်က အယူဝါဒတူညီ‌သော)အုပ်စုတစ်ခုတည်းပင် ဖြစ်ခဲ့ကြသည်။ ထို့‌နောက် သူတို့သည် (အယူဝါဒ)ကွဲလွဲမှုဖြစ်ခဲ့ကြသည်။* ထို့‌နောက် အကယ်၍ အသင့်အား ဖန်ဆင်း‌မွေးမြူ‌တော်မူ‌သောအရှင်မြတ်ထံ‌တော်မှ စကားတစ်ခုသည် ‌ရှေးယခင်ကတည်းက ရှိနှင့်ခဲ့ပြီး မဟုတ်လျှင် အမှန်စင်စစ် သူတို့ အချင်းချင်း သ‌ဘောထားကွဲလွဲ‌နေ‌သောအရာနှင့်ပတ်သက်၍ စီရင်ဆုံးဖြတ်ပြီး ဖြစ်လိမ့်မည်။ وَيَقُولُونَ لَوۡلَآ أُنزِلَ عَلَيۡهِ ءَايَةٌ مِّن رَّبِّهِۦۖ فَقُلۡ إِنَّمَا ٱلۡغَيۡبُ لِلَّهِ فَٱنتَظِرُوٓاْ إِنِّي مَعَكُم مِّنَ ٱلۡمُنتَظِرِينَ ٢٠ထို့ပြင် သူတို့က ‌ပြောဆိုကြသည်- အဘယ့်‌ကြောင့် ၎င်း(တမန်‌တော်)၏အ‌ပေါ်တွင် ၎င်း၏အရှင်မြတ်ထံ‌တော်မှ သက်‌သေလက္ခဏာ တစ်စုံတစ်ခု မကျ‌ရောက်ခဲ့သနည်း။ သို့ဖြစ်ရာ (အို- တမန်‌တော်)အသင်‌ပြောလိုက်ပါ- “အမှန်စင်စစ် အကွယ်၌ရှိသမျှကို အလ္လာဟ်အရှင်မြတ်သာ ပိုင်ဆိုင်‌တော်မူသည်။ သို့ဖြစ်ရာ အသင်တို့သည် ‌စောင့်‌မျှော်ပြီး‌နေကြပါ။ ငါသည်လည်း အသင်တို့နှင့်အတူ ‌စောင့်‌မျှော်သူများထဲ၌ တစ်ဦးအပါအဝင်ဖြစ်သည်။ وَإِذَآ أَذَقۡنَا ٱلنَّاسَ رَحۡمَةً مِّنۢ بَعۡدِ ضَرَّآءَ مَسَّتۡهُمۡ إِذَا لَهُم مَّكۡرٌ فِيٓ ءَايَاتِنَاۚ قُلِ ٱللَّهُ أَسۡرَعُ مَكۡرًاۚ إِنَّ رُسُلَنَا يَكۡتُبُونَ مَا تَمۡكُرُونَ ٢١ထို့ပြင် ငါအရှင်မြတ်သည် လူများကို သူတို့တွင် ဒုက္ခ‌ရောက်ပြီး‌နောက်(အရှင်မြတ်၏)သနားကရုဏာကို မြည်းစမ်း(ခံစား)‌စေ‌တော်မူလျှင် သူတို့၌ ငါအရှင်မြတ်၏ သက်‌သေလက္ခဏာများနှင့်ပတ်သက်၍ ချက်ချင်းပင် မ‌ကောင်း‌သောအကြံအစည်များ ကြံစည်‌လေ့ရှိကြသည်။ (အို- တမန်‌တော်)အသင်‌ပြောလိုက်ပါ- “အလ္လာဟ်အရှင်မြတ်သည် အကြံအစည်ပြုရာတွင် ပိုပြီး လျင်မြန်‌တော်မူ‌သောအရှင်ဖြစ်သည်။“ အမှန်စင်စစ် ငါအရှင်မြတ်၏‌ကောင်းကင်တမန်များသည် အသင်တို့ ကြံစည်‌နေသည်များကို ‌ရေးမှတ်‌နေကြသည်။ هُوَ ٱلَّذِي يُسَيِّرُكُمۡ فِي ٱلۡبَرِّ وَٱلۡبَحۡرِۖ حَتَّىٰٓ إِذَا كُنتُمۡ فِي ٱلۡفُلۡكِ وَجَرَيۡنَ بِهِم بِرِيحٍ طَيِّبَةٍ وَفَرِحُواْ بِهَا جَآءَتۡهَا رِيحٌ عَاصِفٌ وَجَآءَهُمُ ٱلۡمَوۡجُ مِن كُلِّ مَكَانٍ وَظَنُّوٓاْ أَنَّهُمۡ أُحِيطَ بِهِمۡ دَعَوُاْ ٱللَّهَ مُخۡلِصِينَ لَهُ ٱلدِّينَ لَئِنۡ أَنجَيۡتَنَا مِنۡ هَٰذِهِۦ لَنَكُونَنَّ مِنَ ٱلشَّٰكِرِينَ ٢٢အရှင်မြတ်သည် အသင်တို့အား ကုန်း‌ကြောင်းနှင့်‌ရေ‌ကြောင်းတွင် ခရီးသွားလာ‌စေ‌တော်မူ‌သောအရှင်ပင် ဖြစ်‌တော်မူသည်။ ‌နောက်ဆုံး၌ အသင်တို့သည် သ‌ဘေင်္ာများတွင် ရှိ‌နေကြ‌သောအခါ သ‌ဘေင်္ာများသည် ညင်သာ‌သော‌လေနှင့် သူတို့အား သယ်‌ဆောင်သွားသည်။ သူတို့သည်လည်း ထို‌လေ‌ကြောင့်ပင် ဝမ်းသာ‌နေကြသည်။ ထို့‌နောက် (ရုတ်တရက်) ထိုသ‌ဘေင်္ာများကို ‌လေပြင်းမုန်တိုင်းရိုက်ခတ်လာပြီး လှိုင်းတံပိုးများသည် သူတို့အ‌ပေါ်၌ ‌နေရာတိုင်းမှ လွှမ်းမိုးလာသည့်အတွက် သူတို့သည် အမှန်စင်စစ် သူတို့အား ဝိုင်းဝန်းသည်ကို ခံကြရပြီဟု ယုံကြည်ခဲ့ကြသည်။ (ထိုအခါ)သူတို့သည် အလ္လာဟ်အရှင်မြတ်အား အရှင်မြတ်အတွက်သာ စိတ်ထားဖြူစင်လျက်နှင့် (ဤသို့)ဟစ်‌ခေါ် ဆု‌တောင်းကြသည်- “အကယ်၍ အရှင်မြတ်သည် ကျွန်ုပ်တို့အား ဤ(အန္တရာယ်)မှ လွတ်‌မြောက်‌စေ‌တော်မူပါလျှင် အမှန်စင်စစ် ကျွန်ုပ်တို့သည် ‌ကျေးဇူးသိတတ်သူများထဲ၌ အပါအဝင် ဖြစ်ကြပါသည်။ فَلَمَّآ أَنجَىٰهُمۡ إِذَا هُمۡ يَبۡغُونَ فِي ٱلۡأَرۡضِ بِغَيۡرِ ٱلۡحَقِّۗ يَٰٓأَيُّهَا ٱلنَّاسُ إِنَّمَا بَغۡيُكُمۡ عَلَىٰٓ أَنفُسِكُمۖ مَّتَٰعَ ٱلۡحَيَوٰةِ ٱلدُّنۡيَاۖ ثُمَّ إِلَيۡنَا مَرۡجِعُكُمۡ فَنُنَبِّئُكُم بِمَا كُنتُمۡ تَعۡمَلُونَ ٢٣ထို့‌နောက် အရှင်မြတ်သည် သူတို့အား လွတ်‌မြောက်‌စေ‌တော်မူ‌သောအခါတွင် သူတို့သည် ကမာ္ဘ‌မြေ၌ ချက်ချင်းပင် မတရား‌သောင်းကျန်းမှုများ ပြုလုပ်ကြ‌တော့သည်။ အို- လူသားအ‌ပေါင်းတို့၊ အသင်တို့၏ ကျူး‌ကျော်‌သောင်းကျန်းမှုသည် အသင်တို့အ‌ပေါ်တွင်သာ(ပြန်ကျ‌ရောက်မည်)ဖြစ်သည်။ ‌လောကီ၌ အကျိုးအနည်းငယ်သာ(ရှိမည်)၊ ထို့‌နောက် အသင်တို့သည် ငါအရှင်မြတ်ထံ‌တော်သို့ပင် ပြန်ကြရမည်ဖြစ်သည်။ ထိုအခါ ငါအရှင်မြတ်သည် အသင်တို့အား အသင်တို့ပြုလုပ်ခဲ့သည်များကို အသိ‌ပေး‌တော်မူမည်ဖြစ်သည်။ إِنَّمَا مَثَلُ ٱلۡحَيَوٰةِ ٱلدُّنۡيَا كَمَآءٍ أَنزَلۡنَٰهُ مِنَ ٱلسَّمَآءِ فَٱخۡتَلَطَ بِهِۦ نَبَاتُ ٱلۡأَرۡضِ مِمَّا يَأۡكُلُ ٱلنَّاسُ وَٱلۡأَنۡعَٰمُ حَتَّىٰٓ إِذَآ أَخَذَتِ ٱلۡأَرۡضُ زُخۡرُفَهَا وَٱزَّيَّنَتۡ وَظَنَّ أَهۡلُهَآ أَنَّهُمۡ قَٰدِرُونَ عَلَيۡهَآ أَتَىٰهَآ أَمۡرُنَا لَيۡلًا أَوۡ نَهَارًا فَجَعَلۡنَٰهَا حَصِيدًا كَأَن لَّمۡ تَغۡنَ بِٱلۡأَمۡسِۚ كَذَٰلِكَ نُفَصِّلُ ٱلۡأٓيَٰتِ لِقَوۡمٍ يَتَفَكَّرُونَ ٢٤‌လောကီဘဝ၏ပမာသည် အကြင်‌ရေ၏ပမာနှင့်တူသည်။ ငါအရှင်မြတ်သည် ထို‌ရေကို မိုး‌ကောင်းကင်မှ ချ‌ပေး‌တော်မူခဲ့သည်။ ၎င်း‌နောက် ထို‌ရေ‌ကြောင့် လူများနှင့်တိရစာ္ဆန်များ စားကြ‌သောအပင်ငယ်များသည် ‌မြေပထဝီမှ ‌ရောယှက်၍ ထွက်လာခဲ့သည်။ ‌နောက်ဆုံးတွင် ‌မြေပထဝီသည် မိမိ၏ဝတ်စားတန်ဆာတို့ဖြင့် အလှဆင်‌သောအခါ၊ ထို‌မြေရှင်များက သူတို့သည် ထို(အပင်)များကို (မိမိတို့သ‌ဘောအတိုင်း)သုံးစွဲနိုင်ကြပြီဟု ထင်ကြသည်။ (ထိုအခါ ရုတ်တရက်)ငါအရှင်မြတ်၏ အမိန့်‌တော်သည် ထိုလယ်ယာဥယျာဉ်များကို ည၌ သို့မဟုတ် ‌နေ့၌ ‌ရောက်ရှိလာ‌တော့သည်။ ထို့‌နောက် ငါအရှင်မြတ်သည် ထိုလယ်ယာများကို ရိတ်သိမ်းပြီးသည့်အတိုင်း ဖြစ်သွား‌စေ‌တော်မူသည်။ ထိုအခါ ထိုလယ်ယာများသည် မ‌နေ့က လုံးဝမရှိခဲ့သကဲ့သို့ ဖြစ်သွား‌တော့သည်။ ငါအရှင်မြတ်သည် ထိုသို့ပင် သက်‌သေလက္ခဏာများကို စဉ်းစားဆင်ခြင်သူများအတွက် အ‌သေးစိတ် ရှင်းလင်းပြသ‌တော်မူသည်။ وَٱللَّهُ يَدۡعُوٓاْ إِلَىٰ دَارِ ٱلسَّلَٰمِ وَيَهۡدِي مَن يَشَآءُ إِلَىٰ صِرَٰطٍ مُّسۡتَقِيمٍ ٢٥ထို့ပြင် အလ္လာဟ်အရှင်မြတ်သည် (လူများကို) ငြိမ်းချမ်းရာဌာနသို့ ဖိတ်‌ခေါ်‌တော်မူသည်။ ထို့ပြင် အရှင်မြတ်သည် အရှင်မြတ် အလိုရှိ‌တော်မူ‌သောများအား ‌ဖြောင့်မတ်မှန်ကန်‌သောလမ်းကို ညွှန်ကြားပြသ‌တော်မူသည်။ ۞ لِّلَّذِينَ أَحۡسَنُواْ ٱلۡحُسۡنَىٰ وَزِيَادَةٌۖ وَلَا يَرۡهَقُ وُجُوهَهُمۡ قَتَرٌ وَلَا ذِلَّةٌۚ أُوْلَٰٓئِكَ أَصۡحَٰبُ ٱلۡجَنَّةِۖ هُمۡ فِيهَا خَٰلِدُونَ ٢٦‌ကောင်းကျိုး‌ဆောင်ရွက်ပြုလုပ်ကြ‌သောသူများအတွက် ‌ကောင်း‌သောအကျိုး(ဂျန္နသ် သုခဘုံ)ရမည့်အပြင် အပို(ဆုများ)လည်း ရှိဦးမည်ဖြစ်သည်။* ထို့ပြင် သူတို့၏မျက်နှာများအား မြူမှုန်၊ ဖုန်မှုန်များ ဖုံးလွှမ်းခြင်း၊ (အမိုက်အ‌မှောင်)မရှိသည့်အပြင် ‌သေးသိမ်မှုလည်း ဖုံးလွှမ်းမည် မဟုတ်‌ပေ။ ထိုသူများပင် ဂျန္နသ်သုခဘုံသားများဖြစ်ကြသည်။ သူတို့သည် ထိုသုခဘုံတွင် အမြဲ‌နေကြရမည့်သူများဖြစ်သည်။ وَٱلَّذِينَ كَسَبُواْ ٱلسَّيِّـَٔاتِ جَزَآءُ سَيِّئَةِۭ بِمِثۡلِهَا وَتَرۡهَقُهُمۡ ذِلَّةٌۖ مَّا لَهُم مِّنَ ٱللَّهِ مِنۡ عَاصِمٍۖ كَأَنَّمَآ أُغۡشِيَتۡ وُجُوهُهُمۡ قِطَعًا مِّنَ ٱلَّيۡلِ مُظۡلِمًاۚ أُوْلَٰٓئِكَ أَصۡحَٰبُ ٱلنَّارِۖ هُمۡ فِيهَا خَٰلِدُونَ ٢٧ထို့ပြင် မ‌ကောင်းမှုပြုလုပ်သူများအတွက် မ‌ကောင်းမှု၏အကျိုးသည် ထိုမ‌ကောင်းမှုနှင့် ညီတူညီမျှပင်ဖြစ်သည်။* ထို့ပြင် ‌သေးသိမ်မှုသည်လည်း သူတို့အား ဖုံးလွှမ်းမည်ဖြစ်သည်။ သူတို့အား အလ္လာဟ်အရှင်မြတ်(၏ပြစ်ဒဏ်)မှ ကယ်တင်မည့်သူ မည်သူမျှရှိမည်မဟုတ်‌ပေ။ သူတို့၏မျက်နှာများကမူ မဲ‌မှောင်‌နေ‌သောည၏ အပိုင်းအစများနှင့် ဖုံးအုပ်ထားသကဲ့သို့ ရှိကြမည်။ သူတို့သည် ငရဲသားများဖြစ်ကြသည်။ သူတို့သည် ငရဲဘုံတွင် အမြဲ‌နေထိုင်ကြရမည့်သူများဖြစ်ကြသည်။ وَيَوۡمَ نَحۡشُرُهُمۡ جَمِيعًا ثُمَّ نَقُولُ لِلَّذِينَ أَشۡرَكُواْ مَكَانَكُمۡ أَنتُمۡ وَشُرَكَآؤُكُمۡۚ فَزَيَّلۡنَا بَيۡنَهُمۡۖ وَقَالَ شُرَكَآؤُهُم مَّا كُنتُمۡ إِيَّانَا تَعۡبُدُونَ ٢٨ထို့ပြင် အကြင်‌နေ့၌ ငါအရှင်မြတ်သည် သူတို့အားလုံးကို စုရုံး‌စေ‌တော်မူမည်။ ထို့‌နောက် ရှိရ်ရိက် တုဖက်ကိုးကွယ်ခဲ့‌သောသူများအား အမိန့်ရှိ‌တော်မူမည်- “အသင်တို့နှင့် အသင်တို့ တုဖက်ကိုးကွယ်ခဲ့‌သောအရာများသည် (သတ်မှတ်ထား‌သော)‌နေရာ၌ပင် (ရပ်‌နေကြပါ)“။ ၎င်း‌နောက် ငါအရှင်မြတ်သည် သူတို့အချင်းချင်း ဝိဝါဒ ကွဲလွဲ‌စေ‌တော်မူမည်။ (ထိုအခါ) သူတို့တွဲဖက်ကိုးကွယ်ခဲ့ကြ‌သော အရာများက “အသင်တို့သည် ငါတို့အား ကိုးကွယ်ခဲ့ကြသည် မဟုတ်‌ပေ“ဟု ‌ပြောဆိုကြမည်။ فَكَفَىٰ بِٱللَّهِ شَهِيدَۢا بَيۡنَنَا وَبَيۡنَكُمۡ إِن كُنَّا عَنۡ عِبَادَتِكُمۡ لَغَٰفِلِينَ ٢٩သို့ဖြစ်ရာ အသင်တို့၏ကိုးကွယ်မှုအား အမှန်ပင် ငါတို့မသိခဲ့သည်ကို အလ္လာဟ်အရှင်မြတ်သည် ငါတို့နှင့် အသင်တို့၏ကြား၌ မျက်‌မှောက်အသိသက်‌သေဖြစ်‌နေ‌တော်မူ‌သောအရှင် အဖြစ်လုံ‌လောက်‌တော်မူသည်။ هُنَالِكَ تَبۡلُواْ كُلُّ نَفۡسٍ مَّآ أَسۡلَفَتۡۚ وَرُدُّوٓاْ إِلَى ٱللَّهِ مَوۡلَىٰهُمُ ٱلۡحَقِّۖ وَضَلَّ عَنۡهُم مَّا كَانُواْ يَفۡتَرُونَ ٣٠ထို‌နေရာတွင် လူတိုင်းသည် သူတို့ ကြိုတင်ပို့နှင့်ခဲ့‌သောလုပ်ရပ်များအား စမ်းသပ်(စိစစ်)‌တွေ့ရှိကြမည်ဖြစ်သည်။ ထို့ပြင် သူတို့သည် သူတို့၏ အမြဲထာဝရ အမှန်တရားဖြစ်‌တော်မူ‌သော* အလ္လာဟ်အရှင်မြတ်ထံ‌တော်သို့ ပြန်ပို့ခံကြရမည်ဖြစ်သည်။* ထို့ပြင် သူတို့လုပ်ကြံခဲ့သည်များကို သူတို့အတွက် အရာမ‌ရောက် ဖြစ်သွားမည်။ قُلۡ مَن يَرۡزُقُكُم مِّنَ ٱلسَّمَآءِ وَٱلۡأَرۡضِ أَمَّن يَمۡلِكُ ٱلسَّمۡعَ وَٱلۡأَبۡصَٰرَ وَمَن يُخۡرِجُ ٱلۡحَيَّ مِنَ ٱلۡمَيِّتِ وَيُخۡرِجُ ٱلۡمَيِّتَ مِنَ ٱلۡحَيِّ وَمَن يُدَبِّرُ ٱلۡأَمۡرَۚ فَسَيَقُولُونَ ٱللَّهُۚ فَقُلۡ أَفَلَا تَتَّقُونَ ٣١(အို- တမန်‌တော်)အသင်‌ပြောလိုက်ပါ- “အသင်တို့ကို မိုး‌ကောင်းကင်နှင့် ‌မြေပထဝီမှ စားနပ်ရိက္ခာကို မည်သူ‌ထောက်ပံ့သနည်း။ သို့မဟုတ် ကြားခြင်းနှင့်မြင်ခြင်းများကို မည်သူ စိုးပိုင်သနည်း။ ၎င်း‌နောက် မည်သူက သက်ရှိကို သက်မဲ့ထဲမှ ထွက်‌စေပြီး သက်မဲ့ကိုသက်ရှိထဲမှ ထွက်‌စေသနည်း။ ထို့ပြင် မည်သူသည် ကိစ္စဟူသမျှကို စီမံခန့်ခွဲသနည်း“။ သူတို့က “အလ္လာဟ်အရှင်မြတ်“ဟူ၍ အမှန်ပင် ‌ပြောကြလိမ့်မည်။ ထို့အတွက် အသင်‌ပြောလိုက်ပါ- “သို့ဖြစ်ပါလျက် အသင်တို့သည် (တွဲဖက်ကိုးကွယ်ခြင်းမှ) မ‌ရှောင်ကြဉ်ကြ‌လေသ‌လော။ فَذَٰلِكُمُ ٱللَّهُ رَبُّكُمُ ٱلۡحَقُّۖ فَمَاذَا بَعۡدَ ٱلۡحَقِّ إِلَّا ٱلضَّلَٰلُۖ فَأَنَّىٰ تُصۡرَفُونَ ٣٢သို့ဖြစ်ရာ ထိုအရှင်သည်ပင် အလ္လာဟ်အရှင်ဖြစ်‌တော်မူသည်။ ထိုအရှင်သည် အသင်တို့အား ဖန်ဆင်း‌မွေးမြူ‌တော်မူ‌သော ထာဝရအမှန်တရားဖြစ်‌တော်မူသည့် အရှင်သခင် အစစ်အမှန်ပင် ဖြစ်‌တော်မူသည်။ သို့ဖြစ်ရာ အမှန်တရား၏‌နောက်တွင် အမှားမှလွဲ၍ အခြား မည်သည့်အရာ ရှိ‌တော့သနည်း။ ထိုသို့ဖြစ်ပါလျက် အသင်တို့သည် အဘယ်သို့ ပြန်လှည့်သွားကြသနည်း။ كَذَٰلِكَ حَقَّتۡ كَلِمَتُ رَبِّكَ عَلَى ٱلَّذِينَ فَسَقُوٓاْ أَنَّهُمۡ لَا يُؤۡمِنُونَ ٣٣ဤသို့ပင် အသင့်အား ဖန်ဆင်း‌မွေးမြူ‌တော်မူ‌သော အရှင်မြတ်၏စကား‌တော်သည် အမိန့်ဖီဆန်သူများနှင့်ပတ်သက်၍ အတည်ဖြစ်သွားခဲ့ပြီဖြစ်သည်။ (အဘယ့်‌ကြောင့်ဆို‌သော်)အမှန်ပင် သူတို့သည် အီမာန်ယုံကြည်ကြမည် မဟုတ်သည့်အတွက်ပင် ဖြစ်သည်။ قُلۡ هَلۡ مِن شُرَكَآئِكُم مَّن يَبۡدَؤُاْ ٱلۡخَلۡقَ ثُمَّ يُعِيدُهُۥۚ قُلِ ٱللَّهُ يَبۡدَؤُاْ ٱلۡخَلۡقَ ثُمَّ يُعِيدُهُۥۖ فَأَنَّىٰ تُؤۡفَكُونَ ٣٤(အို- တမန်‌တော်)အသင်‌ပြောဆို(‌မေးမြန်း)ပါ- “အသင်တို့၏ တွဲဖက်ကိုးကွယ်ရာများထဲ၌ အဖန်ဆင်းခံများကို စတင်ဖန်ဆင်းပြီး (သူတို့အား ‌သေ‌စေပြီး) ‌နောက်ထပ်တစ်ကြိမ် ပြန်ရှင်ပြန်ထ‌အောင်ဖန်ဆင်းမည့်သူ ရှိပါသ‌လော။“ အသင်ကပင်(ပြန်)‌ပြောလိုက်ပါ- “အလ္လာဟ်အရှင်မြတ်ပင် စတင်ဖန်ဆင်း‌တော်မူသည်။ (သူတို့အား ‌သေ‌စေပြီး) ‌နောက်ထပ်တစ်ကြိမ်လည်း အရှင်မြတ်ပင် ပြန်လည်ဖန်ဆင်း‌တော်မူမည်ဖြစ်သည်။“ ထို့‌နောက် အသင်တို့သည် အဘယ်သို့ ပြန်လှည့်သွားကြသနည်း။ قُلۡ هَلۡ مِن شُرَكَآئِكُم مَّن يَهۡدِيٓ إِلَى ٱلۡحَقِّۚ قُلِ ٱللَّهُ يَهۡدِي لِلۡحَقِّۗ أَفَمَن يَهۡدِيٓ إِلَى ٱلۡحَقِّ أَحَقُّ أَن يُتَّبَعَ أَمَّن لَّا يَهِدِّيٓ إِلَّآ أَن يُهۡدَىٰۖ فَمَا لَكُمۡ كَيۡفَ تَحۡكُمُونَ ٣٥(အို- တမန်‌တော်)အသင်‌ပြောဆို(‌မေးမြန်း)ပါ- “အသင်တို့၏ တွဲဖက်ကိုးကွယ်ရာများထဲ၌ လမ်းမှန်ကို ညွှန်ကြားပြသမည့်သူ မည်သူရှိသနည်း။“ အသင်ကပင်(ပြန်)‌ပြောလိုက်ပါ- “အလ္လာဟ်အရှင်မြတ်ပင် လမ်းမှန်ကို ညွှန်ကြားပြသ‌တော်မူသည်။ သို့ဖြစ်ရာ လမ်းမှန်ကို ညွှန်ကြားပြသ‌တော်မူ‌သော အရှင်မြတ်သည် အမိန့်နာခံခြင်းကို ပိုခံထိုက်‌တော်မူပါသ‌လော၊ သို့မဟုတ် ကိုယ်တိုင်လည်း လမ်းမှန်ကို ညွှန်ကြားပြသမခံရဘဲ မှန်ကန်‌သောလမ်းကို မရရှိနိုင်‌သောသူက အမိန့်နာခံခြင်းကို ပိုခံထိုက်ပါသ‌လော။ သို့ဖြစ်ရာ (ဤအရာများကို အရှင်မြတ်နှင့် တွဲဖက်ကိုးကွယ်ရန်) အသင်တို့မှာ မည်သည့်အ‌ကြောင်းရှိသနည်း။ အသင်တို့သည် မည်သို့ ဆုံးဖြတ်ကြသနည်း။“ وَمَا يَتَّبِعُ أَكۡثَرُهُمۡ إِلَّا ظَنًّاۚ إِنَّ ٱلظَّنَّ لَا يُغۡنِي مِنَ ٱلۡحَقِّ شَيۡـًٔاۚ إِنَّ ٱللَّهَ عَلِيمُۢ بِمَا يَفۡعَلُونَ ٣٦ထို့ပြင် သူတို့ထဲမှ အ‌မြောက်အမြားသည် (အ‌ခြေအမြစ်မရှိ‌သော)ထင်မြင်ယူဆချက်ကိုသာ လိုက်နာကြသည်။ အမှန်စင်စစ် ထိုထင်မြင်ချက်သည် အမှန်နှင့်ဆန့်ကျင်ပြီး မည်သည့်အကျိုးမျှ မ‌ပေး‌ပေ။* အမှန်စင်စစ် အလ္လာဟ်အရှင်မြတ်သည် သူတို့ပြုလုပ်‌နေကြသည့်အရာများကို အကြွင်းမဲ့သိ‌တော်မူ‌သောအရှင် ဖြစ်‌တော်မူသည်။ وَمَا كَانَ هَٰذَا ٱلۡقُرۡءَانُ أَن يُفۡتَرَىٰ مِن دُونِ ٱللَّهِ وَلَٰكِن تَصۡدِيقَ ٱلَّذِي بَيۡنَ يَدَيۡهِ وَتَفۡصِيلَ ٱلۡكِتَٰبِ لَا رَيۡبَ فِيهِ مِن رَّبِّ ٱلۡعَٰلَمِينَ ٣٧ထို့ပြင် ကုရ်အာန်ကျမ်း‌တော်မြတ်သည် အလ္လာဟ်အရှင်မြတ်၏အပြင်(အခြား တစ်စုံတစ်ဦးက) လုပ်ကြံဖန်တီးထား‌သော ကျမ်းဂန်မဟုတ်‌ပေ။ သို့ရာတွင် ၎င်း၏မတိုင်မီက ကျမ်းများကို ‌ထောက်ခံ‌သောကျမ်းဖြစ်ပြီး (‌လောင်ဟိမဟ်ဖူးဇွ်တွင်)‌ရေးမှတ်ထား‌သောအရာ (အမိန့်ပညတ်ချက်များကို)ကို အ‌သေးစိတ် ရှင်းလင်းဖွင့်ဆိုပြ‌သော ကျမ်းလည်းဖြစ်သည်။ ဤကျမ်းထဲ၌ သံသယ(ဖြစ်ရန်မှာ)လည်း လုံးဝမရှိ(သည့်ပြင် ဤကျမ်းသည်) စကြဝဠာအားလုံးအား ဖန်ဆင်း‌မွေးမြူ‌တော်မူ‌သော အရှင်မြတ်ထံ‌တော်မှ ကျမ်းဖြစ်သည်။ أَمۡ يَقُولُونَ ٱفۡتَرَىٰهُۖ قُلۡ فَأۡتُواْ بِسُورَةٍ مِّثۡلِهِۦ وَٱدۡعُواْ مَنِ ٱسۡتَطَعۡتُم مِّن دُونِ ٱللَّهِ إِن كُنتُمۡ صَٰدِقِينَ ٣٨သူတို့က “၎င်း(တမန်‌တော်)သည် ထိုကုရ်အာန်ကို လုပ်ကြံဖန်တီးခဲ့သည်“ဟု ‌ပြောဆိုကြသ‌လော။ (အို- တမန်‌တော်)အသင်‌ပြောလိုက်ပါ- “သို့ဖြစ်လျှင် အသင်တို့သည် ထိုအရာနှင့်တူ‌သော စူရဟ်ကဏ္ဍတစ်ခုကို (‌ရေးပြီး)ယူ‌ဆောင်လာခဲ့ကြပါ၊ ထို့ပြင် အကယ်၍ အသင်တို့သည် မှန်ကန်စွာ ‌ပြောဆိုသူများဖြစ်ကြလျှင် အသင်တို့သည် အလ္လာဟ်အရှင်မြတ်မှလွဲ၍ အသင်တို့ ‌ခေါ်ယူနိုင်ကြ‌သော (ကူညီမည့်)သူများကိုလည်း ‌ခေါ်ယူခဲ့ကြပါ။“ بَلۡ كَذَّبُواْ بِمَا لَمۡ يُحِيطُواْ بِعِلۡمِهِۦ وَلَمَّا يَأۡتِهِمۡ تَأۡوِيلُهُۥۚ كَذَٰلِكَ كَذَّبَ ٱلَّذِينَ مِن قَبۡلِهِمۡۖ فَٱنظُرۡ كَيۡفَ كَانَ عَٰقِبَةُ ٱلظَّٰلِمِينَ ٣٩ထိုသို့မဟုတ်‌ပေ၊ အမှန်စင်စစ် သူတို့သည် သူတို့ကိုယ်တိုင် မသိနားမလည်‌သောအရာကို မဟုတ်မမှန်ဟု စွပ်စွဲငြင်းပယ်ခဲ့ကြခြင်းဖြစ်သည်။* ၎င်း‌နောက် သူတို့ထံသို့ ထိုငြင်းပယ်မှု၏‌နောက်ဆုံးအကျိုးဆက်သည်လည်း ‌ရောက်လာခြင်း မရှိ‌သေး‌ပေ။ ဤသို့ပင် သူတို့မတိုင်မီက သူများသည်လည်း မဟုတ်မမှန်ဟု ငြင်းပယ်ခဲ့ကြသည်။ သို့ဖြစ်ရာ မတရားသူများသည် မည်သို့ အကျိုးခံစားခဲ့ကြရသည်ကို အသင် ကြည့်လိုက်ပါ။ وَمِنۡهُم مَّن يُؤۡمِنُ بِهِۦ وَمِنۡهُم مَّن لَّا يُؤۡمِنُ بِهِۦۚ وَرَبُّكَ أَعۡلَمُ بِٱلۡمُفۡسِدِينَ ٤٠ထို့ပြင် သူတို့ထဲ၌ ထို(ကုရ်အာန်)ကို ယုံကြည်မည့်သူများလည်း ရှိကြသည်။ ၎င်း‌နောက် သူတို့ထဲ၌ ထို(ကုရ်အာန်)ကို မယုံကြည်‌သောသူများလည်းရှိကြသည်။ ထို့ပြင် အသင့်အား ဖန်ဆင်း‌မွေးမြူ‌တော်မူ‌သောအရှင်သည် ဖျက်ဆီးသူများကို အသိဆုံးအရှင်ပင် ဖြစ်‌တော်မူသည်။ وَإِن كَذَّبُوكَ فَقُل لِّي عَمَلِي وَلَكُمۡ عَمَلُكُمۡۖ أَنتُم بَرِيٓـُٔونَ مِمَّآ أَعۡمَلُ وَأَنَا۠ بَرِيٓءٌ مِّمَّا تَعۡمَلُونَ ٤١ထို့ပြင် အကယ်၍ သူတို့သည် အသင်(တမန်‌တော်)အား မဟုတ်မမှန်ဟု စွပ်စွဲငြင်းပယ်‌နေသည်ဆိုလျှင် (အို- တမန်‌တော်)အသင်‌ပြောလိုက်ပါ- “ငါ့လုပ်ရပ်(၏ အဆိုးအ‌ကောင်းရလဒ်)သည် ငါ၏အတွက်ပင်ဖြစ်၍ အသင်တို့လုပ်ရပ်(၏ အဆိုးအ‌ကောင်းရလဒ်)သည် အသင်တို့၏အတွက်ပင်ဖြစ်သည်။ အသင်တို့သည် ငါပြုလုပ်သမျှနှင့် လွတ်ကင်းသူများဖြစ်ကြ၍ ငါသည်လည်း အသင်တို့ပြုလုပ်သမျှများနှင့် လွတ်ကင်းသူဖြစ်သည်။“ وَمِنۡهُم مَّن يَسۡتَمِعُونَ إِلَيۡكَۚ أَفَأَنتَ تُسۡمِعُ ٱلصُّمَّ وَلَوۡ كَانُواْ لَا يَعۡقِلُونَ ٤٢ထို့ပြင် သူတို့ထဲ၌ အသင့်ဘက်သို့ နားစွင့်‌နေကြ‌သောသူများလည်း ရှိကြသည်။ သို့ဖြစ်ရာ အသင်သည် အသိဉာဏ်မသုံး‌သော နားပင်း‌နေသည့်သူများအား ကြား‌အောင် ပြုလုပ်နိုင်ပါသ‌လော။ وَمِنۡهُم مَّن يَنظُرُ إِلَيۡكَۚ أَفَأَنتَ تَهۡدِي ٱلۡعُمۡيَ وَلَوۡ كَانُواْ لَا يُبۡصِرُونَ ٤٣၎င်း‌နောက် သူတို့ထဲ၌ အသင့်အား ကြည့်‌နေသူများလည်း ရှိကြသည်။ သို့ဖြစ်ရာ အသင်သည် ဉာဏ်မျက်စိနှင့်မကြည့်‌သော မျက်ကန်းများကို လမ်းမှန် ညွှန်ကြားပြသနိုင်ပါသ‌လော။ إِنَّ ٱللَّهَ لَا يَظۡلِمُ ٱلنَّاسَ شَيۡـًٔا وَلَٰكِنَّ ٱلنَّاسَ أَنفُسَهُمۡ يَظۡلِمُونَ ٤٤အမှန်စင်စစ် အလ္လာဟ်အရှင်မြတ်သည် လူသားများအား အနည်းငယ်မျှပင် မနှိပ်စက်‌ပေ။ သို့ရာတွင် လူသားများသည် သူတို့ကိုယ်ကို သူတို့ပင် နှိပ်စက်ကြခြင်းဖြစ်သည်။ وَيَوۡمَ يَحۡشُرُهُمۡ كَأَن لَّمۡ يَلۡبَثُوٓاْ إِلَّا سَاعَةً مِّنَ ٱلنَّهَارِ يَتَعَارَفُونَ بَيۡنَهُمۡۚ قَدۡ خَسِرَ ٱلَّذِينَ كَذَّبُواْ بِلِقَآءِ ٱللَّهِ وَمَا كَانُواْ مُهۡتَدِينَ ٤٥ထို့ပြင် အကြင်‌နေ့၌ အရှင်မြတ်သည် သူတို့အား စုရုံး‌စေ‌တော်မူမည်။ သူတို့သည် ‌နေ့၏တစ်ခဏ(တစ်နာရီ)မျှသာ* (‌လောက၌)‌နေခဲ့ကြရသည်(ဟု ထင်မှတ်ကြမည်)။ သူတို့သည် အချင်းချင်း မှတ်မိကြမည်။* အလ္လာဟ်အရှင်မြတ်နှင့် ‌တွေ့ဆုံမှုကို မဟုတ်မမှန်ဟု ငြင်းပယ်‌သောသူများသည် အမှန်စင်စစ် ဆုံးရှုံးခဲ့ကြပြီဖြစ်သည်။ ၎င်း‌နောက် သူတို့သည် လမ်းမှန်ကို ရရှိမည့်သူများ မဟုတ်ခဲ့ကြ‌ပေ။ وَإِمَّا نُرِيَنَّكَ بَعۡضَ ٱلَّذِي نَعِدُهُمۡ أَوۡ نَتَوَفَّيَنَّكَ فَإِلَيۡنَا مَرۡجِعُهُمۡ ثُمَّ ٱللَّهُ شَهِيدٌ عَلَىٰ مَا يَفۡعَلُونَ ٤٦ထို့ပြင် အကယ်၍ ငါအရှင်မြတ်သည် သူတို့အား ငါအရှင်မြတ် ကတိ‌ပေးထား‌သောပြစ်ဒဏ်အချို့ကို အသင့်အား ပြသ‌တော်မူသည်ပင်ဖြစ်‌စေ၊ သို့မဟုတ် ငါအရှင်မြတ်သည် အသင့်အား (ထိုပြစ်ဒဏ် မကျ‌ရောက်မီ၌ပင်)‌သေဆုံး‌စေ‌တော်မူသည်ပင်ဖြစ်‌စေ၊ ‌နောက်ဆုံး၌ သူတို့၏ပြန်လည်ရာဌာနသည် ငါအရှင်မြတ်ထံ‌တော်၌ပင်ဖြစ်သည်။* ၎င်း‌နောက် အလ္လာဟ်အရှင်မြတ်သည် သူတို့ပြုလုပ်သည်များကိုလည်း မျက်‌မှောက်အသိသက်‌သေဖြစ်‌နေ‌တော်မူ‌သောအရှင် ဖြစ်‌တော်မူသည်။ وَلِكُلِّ أُمَّةٍ رَّسُولٌۖ فَإِذَا جَآءَ رَسُولُهُمۡ قُضِيَ بَيۡنَهُم بِٱلۡقِسۡطِ وَهُمۡ لَا يُظۡلَمُونَ ٤٧ထို့ပြင် လူမျိုးတိုင်းအတွက် တမန်‌တော်တစ်ပါးရှိခဲ့သည်။* ထို့‌နောက် သူတို့၏တမန်‌တော် ‌ရောက်လာ‌သောအခါ* သူတို့၏ကြား၌ သူတို့သည် မတရားပြုလုပ်ခြင်း မခံကြရဘဲလျက် မျှတစွာ တရားစီရင်ဆုံးဖြတ်ခဲ့ပြီး ဖြစ်ခဲ့သည်။ وَيَقُولُونَ مَتَىٰ هَٰذَا ٱلۡوَعۡدُ إِن كُنتُمۡ صَٰدِقِينَ ٤٨ထို့ပြင် သူတို့က ‌ပြောဆိုကြသည်- “အသင်တို့သည် မှန်ကန်စွာ ‌ပြောဆိုသူများဖြစ်ကြလျှင် ဤ(အပြစ်ဒဏ်ကျ‌ရောက်မည့်) ကတိသည် မည်သည့်အခါ ဖြစ်မည်နည်း။“ قُل لَّآ أَمۡلِكُ لِنَفۡسِي ضَرًّا وَلَا نَفۡعًا إِلَّا مَا شَآءَ ٱللَّهُۗ لِكُلِّ أُمَّةٍ أَجَلٌۚ إِذَا جَآءَ أَجَلُهُمۡ فَلَا يَسۡتَـٔۡخِرُونَ سَاعَةً وَلَا يَسۡتَقۡدِمُونَ ٤٩(အို- တမန်‌တော်)အသင်‌ပြောလိုက်ပါ- “ငါသည် အလ္လာဟ်အရှင်မြတ် အလိုရှိ‌တော်မူ‌သောကိစ္စမှလွဲ၍ ငါ့အတွက် မည်သည့်ဆုံးရှုံးနစ်နာ‌စေမှုနှင့် အကျိုးဖြစ်ထွန်း‌စေမှုမှ ပိုင်ဆိုင်သည် မရှိ‌ပေ။ လူမျိုးတိုင်း၌ သတ်မှတ်ထား‌သောအချိန်ကာလတစ်ခုရှိသည်။ သူတို့၏အချိန်သတ်မှတ်ချိန်‌ရောက်လာ‌သောအခါ သူတို့သည် တစ်ခဏ(တစ်နာရီ)မျှပင် ‌ရွှေ့ဆိုင်းနိုင်ကြသည် မဟုတ်‌ပေ၊ ‌ရှေ့တိုးနိုင်ကြသည်လည်း မဟုတ်‌ပေ။ قُلۡ أَرَءَيۡتُمۡ إِنۡ أَتَىٰكُمۡ عَذَابُهُۥ بَيَٰتًا أَوۡ نَهَارًا مَّاذَا يَسۡتَعۡجِلُ مِنۡهُ ٱلۡمُجۡرِمُونَ ٥٠(အို- တမန်‌တော်)အသင်‌ပြောလိုက်ပါ- “အကယ်၍ အသင်တို့ထံသို့ အရှင်မြတ်၏ အပြစ်ဒဏ်သည် ည သို့မဟုတ် ‌နေ့၌ ဆိုက်‌ရောက်လာခဲ့လျှင် အသင်တို့သည် မည်သို့ ထင်မြင်ယူဆကြမည်နည်း။ (သို့ဖြစ်ရာ) အပြစ်ကျူးလွန်သူများသည် အဘယ့်‌ကြောင့် ထိုပြစ်ဒဏ်ကျ‌ရောက်ရန် အလျင်စလို ဖြစ်‌နေကြသနည်း။“ أَثُمَّ إِذَا مَا وَقَعَ ءَامَنتُم بِهِۦٓۚ ءَآلۡـَٰٔنَ وَقَدۡ كُنتُم بِهِۦ تَسۡتَعۡجِلُونَ ٥١ထိုပြစ်ဒဏ်ကျ‌ရောက်လာပြီး‌နောက်မှပင် အသင်တို့သည် ထိုပြစ်ဒဏ်ကို ယုံကြည်ကြမည်‌လော။ (ထိုအချိန်၌ အသင်တို့သည် ဤသို့ အ‌ပြောခံရမည်) ယခုမှပင် (ထိုအရာကို ယုံ‌တော့သည်)‌လော၊ ထို့ပြင် အမှန်စင်စစ် အသင်တို့သည် ထိုပြစ်ဒဏ်ကို အလျင်စလို ‌တောင့်တ‌နေခဲ့ကြသည်။ ثُمَّ قِيلَ لِلَّذِينَ ظَلَمُواْ ذُوقُواْ عَذَابَ ٱلۡخُلۡدِ هَلۡ تُجۡزَوۡنَ إِلَّا بِمَا كُنتُمۡ تَكۡسِبُونَ ٥٢ထို့‌နောက် မတရားကျူးလွန်သူများသည် (ဤသို့)‌ပြောဆိုခံကြရမည်- “အသင်တို့သည် အမြဲခံရမည့် ပြစ်ဒဏ်ကို မြည်းစမ်းကြပါ။ (အမှန်စင်စစ်)အသင်တို့သည် အသင်တို့ရှာ‌ဖွေဆည်းပူးခဲ့ကြသည်မှလွဲ၍ မည်သည့်အရာကိုမှ အစား‌ပေးခြင်းခံကြရသည် မဟုတ်‌ပေ။“ ۞ وَيَسۡتَنۢبِـُٔونَكَ أَحَقٌّ هُوَۖ قُلۡ إِي وَرَبِّيٓ إِنَّهُۥ لَحَقٌّۖ وَمَآ أَنتُم بِمُعۡجِزِينَ ٥٣ထို့ပြင် သူတို့သည် အသင့်အား “ဤ(ပြစ်ဒဏ်ကျ‌ရောက်မည့်)ကိစ္စသည် မှန်ပါသ‌လော“ဟု ‌မေးမြန်းစုံစမ်းကြသည်။ အသင်‌ပြောလိုက်ပါ- “ဟုတ်သည်၊ ငါ့အား ဖန်ဆင်း‌မွေးမြူ‌တော်မူ‌သောအရှင်မြတ်ကို ကျိန်ဆို‌ပြောမည်၊ မုချ ဤသည် အမှန်ဖြစ်သည်၊ ၎င်းပြင် အသင်တို့သည် (ပြစ်ဒဏ် မကျ‌ရောက်‌အောင်)စွမ်း‌ဆောင်နိုင်‌သောသူများ မဟုတ်ကြ‌ပေ။ وَلَوۡ أَنَّ لِكُلِّ نَفۡسٍ ظَلَمَتۡ مَا فِي ٱلۡأَرۡضِ لَٱفۡتَدَتۡ بِهِۦۗ وَأَسَرُّواْ ٱلنَّدَامَةَ لَمَّا رَأَوُاْ ٱلۡعَذَابَۖ وَقُضِيَ بَيۡنَهُم بِٱلۡقِسۡطِ وَهُمۡ لَا يُظۡلَمُونَ ٥٤ထို့ပြင် အကယ်၍ မတရားကျူးလွန်ခဲ့ကြသူတိုင်းသည် ကမာ္ဘ‌မြေတွင် ရှိသမျှကို ပိုင်ဆိုင်ကြလျှင် ထိုအရာများနှင့် သူ၏ကိုယ်ကို (ပြစ်ဒဏ်မှလွတ်‌မြောက်ရန်)‌လျော်‌ကြေး‌ပေးပြီး မုချ အလဲအလှယ်လုပ်ယူကြလိမ့်မည်။* ထို့ပြင် သူတို့သည် ပြစ်ဒဏ်ကို မြင်ကြရ‌သောအခါ ‌နောင်တရမှုကို မျိုသိပ်ထားကြမည်။* ၎င်း‌နောက် သူတို့ကြားတွင် သူတို့သည် မတရားပြုလုပ်ခြင်း မခံကြရဘဲလျက် မျှတစွာ စီရင်ဆုံးဖြတ်ခြင်း ခံကြရလိမ့်မည်။ أَلَآ إِنَّ لِلَّهِ مَا فِي ٱلسَّمَٰوَٰتِ وَٱلۡأَرۡضِۗ أَلَآ إِنَّ وَعۡدَ ٱللَّهِ حَقٌّ وَلَٰكِنَّ أَكۡثَرَهُمۡ لَا يَعۡلَمُونَ ٥٥သတိပြုကြပါ၊ အမှန်စင်စစ် မိုး‌ကောင်းကင်များနှင့် ပထဝီ‌မြေတွင် ရှိသမျှသည် အလ္လာဟ်အရှင်မြတ်ပင် စိုးပိုင်‌တော်မူသည်။ သတိပြုကြပါ၊ အမှန်စင်စစ် အလ္လာဟ်အရှင်မြတ်၏ကတိ‌တော်သည် အမှန်ပင်ဖြစ်သည်။ သို့ရာတွင် သူတို့ထဲမှ အ‌မြောက်အမြားသည် အသိမရှိကြ‌ပေ။ هُوَ يُحۡيِۦ وَيُمِيتُ وَإِلَيۡهِ تُرۡجَعُونَ ٥٦အရှင်မြတ်ပင် အသက်ရှင်‌စေ‌တော်မူသည်။ ၎င်း‌နောက် အရှင်မြတ်ပင် အသက်‌သေ‌စေ‌တော်မူသည်။ ၎င်း‌နောက် အရှင်မြတ်ထံ‌တော်သို့ပင် အသင်တို့သည် ပြန်လှည့်‌စေခြင်းခံကြရမည်ဖြစ်သည်။ يَٰٓأَيُّهَا ٱلنَّاسُ قَدۡ جَآءَتۡكُم مَّوۡعِظَةٌ مِّن رَّبِّكُمۡ وَشِفَآءٌ لِّمَا فِي ٱلصُّدُورِ وَهُدًى وَرَحۡمَةٌ لِّلۡمُؤۡمِنِينَ ٥٧အို- လူသားအ‌ပေါင်းတို့၊ အမှန်စင်စစ် အသင်တို့ထံသို့ အသင်တို့အား ဖန်ဆင်း‌မွေးမြူ‌တော်မူ‌သော အရှင်မြတ်ထံ‌တော်မှ ဆုံးမဩဝါဒနှင့် ရင်ထဲ၌ရှိ‌သော ‌ရောဂါများကို ‌ပျောက်ကင်း‌စေ‌သော ‌ဆေးအပြင် ယုံကြည်သူများအတွက် လမ်းမှန်ညွှန်ကြားပြသချက်နှင့် သနားကရုဏာ‌တော်သည် ‌ရောက်ရှိလာခဲ့ပြီ ဖြစ်သည်။ قُلۡ بِفَضۡلِ ٱللَّهِ وَبِرَحۡمَتِهِۦ فَبِذَٰلِكَ فَلۡيَفۡرَحُواْ هُوَ خَيۡرٌ مِّمَّا يَجۡمَعُونَ ٥٨(အို- တမန်‌တော်)အသင်‌ပြောလိုက်ပါ- (ထိုအရာများသည်) အလ္လာဟ်အရှင်မြတ်၏ ‌ကျေးဇူး‌တော်နှင့် အရှင်မြတ်၏သနားကရုဏာ‌တော်‌ကြောင့် ဖြစ်သည်။ ထိုအရာများကို အ‌ကြောင်းပြု၍ သူတို့သည် ဝမ်း‌မြောက်ဝမ်းသာဖြစ်သင့်သည်။ ထို(‌ကျေးဇူး၊ ကရုဏာ‌တော်)များသည် သူတို့စု‌ဆောင်း‌နေကြ‌သောအရာ (‌လောကီပစ္စည်း)များထက် သာပို‌ကောင်းသည်။ قُلۡ أَرَءَيۡتُم مَّآ أَنزَلَ ٱللَّهُ لَكُم مِّن رِّزۡقٍ فَجَعَلۡتُم مِّنۡهُ حَرَامًا وَحَلَٰلًا قُلۡ ءَآللَّهُ أَذِنَ لَكُمۡۖ أَمۡ عَلَى ٱللَّهِ تَفۡتَرُونَ ٥٩(အို- တမန်‌တော်)အသင်‌ပြောလိုက်ပါ- အသင်တို့သည် အကြင်အရာနှင့်ပတ်သက်၍ စဉ်းစားဆင်ခြင် ကြည့်ပြီးကြပြီ‌လော၊ ထိုအရာသည် အလ္လာဟ်အရှင်မြတ်က အသင်တို့အတွက် ချ‌ပေး‌တော်မူခဲ့‌သော ရိက္ခာဖြစ်သည်။ သို့ဖြစ်ရာ အသင်တို့သည် ထိုအရာထဲမှ (အချို့ကို)ဟရာမ် စာသုံးပိုင်ခွင့်မရှိ၊ (အချို့ကို)ယလာလ် စားသုံးပိုင်ခွင့်ရှိသည်ဟု သတ်မှတ်ပြုလုပ်ခဲ့ကြသည်။* (အို- တမန်‌တော်)အသင်‌မေးမြန်းလိုက်ပါ- အလ္လာဟ်အရှင်မြတ်သည် အသင်တို့ကို (ဤသို့ ဟလာလ်၊ ဟရာမ် သတ်မှတ်ရန်)ခွင့်ပြုခဲ့သည်‌လော၊ သို့မဟုတ် အသင်တို့သည် အလ္လာဟ်အရှင်မြတ်အ‌ပေါ်တွင် လုပ်ကြံစွပ်စွဲကြသည်‌လော။ (လုပ်ခွင့်မရှိသည်ကို ပြုလုပ်လျှင် အခွင့်ရှိသူဘက်မှ သတ်မှတ်သည်ဟု မယူဆနိုင်‌သော‌ကြောင့် စွပ်စွဲခြင်းသာဖြစ်၏။) وَمَا ظَنُّ ٱلَّذِينَ يَفۡتَرُونَ عَلَى ٱللَّهِ ٱلۡكَذِبَ يَوۡمَ ٱلۡقِيَٰمَةِۗ إِنَّ ٱللَّهَ لَذُو فَضۡلٍ عَلَى ٱلنَّاسِ وَلَٰكِنَّ أَكۡثَرَهُمۡ لَا يَشۡكُرُونَ ٦٠ထို့ပြင် ကိယာမသ်ရှင်ပြန်ထရမည့်‌နေ့နှင့်ပတ်သက်၍ အလ္လာဟ်အရှင်မြတ်အ‌ပေါ်တွင် လုပ်ကြံ စွပ်စွဲကြသူများ၏ထင်မြင် ယူဆချက်သည် မည်သို့ရှိသနည်း။ အမှန်စင်စစ် အလ္လာဟ်အရှင်မြတ်သည် လူများအ‌ပေါ်တွင် အမှန်ပင် ‌ကျေးဇူးပြု‌တော်မူ‌သောအရှင် ဖြစ်‌တော်မူသည်။* သို့ရာတွင် သူတို့ထဲမှ အ‌မြောက်အမြားသည် ‌ကျေးဇူး‌တော်ကို မသိကြ‌ပေ။ وَمَا تَكُونُ فِي شَأۡنٍ وَمَا تَتۡلُواْ مِنۡهُ مِن قُرۡءَانٍ وَلَا تَعۡمَلُونَ مِنۡ عَمَلٍ إِلَّا كُنَّا عَلَيۡكُمۡ شُهُودًا إِذۡ تُفِيضُونَ فِيهِۚ وَمَا يَعۡزُبُ عَن رَّبِّكَ مِن مِّثۡقَالِ ذَرَّةٍ فِي ٱلۡأَرۡضِ وَلَا فِي ٱلسَّمَآءِ وَلَآ أَصۡغَرَ مِن ذَٰلِكَ وَلَآ أَكۡبَرَ إِلَّا فِي كِتَٰبٍ مُّبِينٍ ٦١ထို့ပြင် အသင်သည် မည်သည့်အ‌ခြေအ‌နေတွင်ရှိသည်ဖြစ်‌စေ၊ အသင်သည် ကုရ်အာန်၏ မည်သည့်အပိုင်းကိုပင် ရွတ်ဖတ်‌နေသည်ဖြစ်‌စေ၊ ၎င်း‌နောက် အသင်တို့သည် မည်သည့်အလုပ်ကိုပင် လုပ်‌နေသည်ဖြစ်‌စေ၊ အသင်တို့သည် ထိုအလုပ်ထဲတွင် နစ်မွန်း‌နေ‌သောအခါတွင် ငါအရှင်မြတ်သည် အသင်တို့အား မြင်‌နေ‌တော်မူသည်။ ၎င်း‌နောက် အသင်တို့အား ဖန်ဆင်း‌မွေးမြူ‌တော်မူ‌သော အရှင်မြတ်မှ မြူမှုန်မျှအရာပင် ဖုံးကွယ်မ‌နေ‌ပေ။ (ထိုမြူမှုန်သည်) ကမာ္ဘ‌မြေ၌ဖြစ်‌စေ၊ မိုး‌ကောင်းကင်၌ဖြစ်‌စေ၊ ထို(မြူမှုန်)ထက်‌သေးသည်ပင်ဖြစ်‌စေ၊ ကြီးသည်ပင်ဖြစ်‌စေ၊ (ထိုအရာသည်) ထင်ရှား‌သောစာအုပ်ကြီး (‌လောင်းဟွမ်မဟ်ဖူးဇွ်)ထဲ၌ (‌ရေးပြီးသား)ရှိ‌နေသည်။ أَلَآ إِنَّ أَوۡلِيَآءَ ٱللَّهِ لَا خَوۡفٌ عَلَيۡهِمۡ وَلَا هُمۡ يَحۡزَنُونَ ٦٢သတိပြုကြပါ၊ အမှန်စင်စစ် အလ္လာဟ်အရှင်မြတ်၏အ‌ဆွေ‌တော်များအ‌ပေါ်တွင် ‌ကြောက်ရွံ့စိုးရိမ်စရာ*လည်း ရှိမည်မဟုတ်‌ပေ၊ ၎င်း‌နောက် သူတို့သည် ဝမ်းနည်းပူ‌ဆွေးကြရမည်လည်းမဟုတ်‌ပေ။ ٱلَّذِينَ ءَامَنُواْ وَكَانُواْ يَتَّقُونَ ٦٣သူတို့သည် အကြင်သူတို့ပင် ဖြစ်ကြသည်။ ထိုသူများသည် အီမာန်ယုံကြည့်အပြင် (အပြစ်များမှလည်း) ‌ရှောင်ကြဉ်‌နေခဲ့ကြသည်။ لَهُمُ ٱلۡبُشۡرَىٰ فِي ٱلۡحَيَوٰةِ ٱلدُّنۡيَا وَفِي ٱلۡأٓخِرَةِۚ لَا تَبۡدِيلَ لِكَلِمَٰتِ ٱللَّهِۚ ذَٰلِكَ هُوَ ٱلۡفَوۡزُ ٱلۡعَظِيمُ ٦٤သူတို့အတွက် ‌လောကီဘဝနှင့် တမလွန်ဘဝတွင် ဝမ်း‌မြောက်ဖွယ်ရာ သတင်း‌ကောင်းရှိ‌ပေသည်။ အလ္လာဟ်အရှင်မြတ်၏စကား‌တော်များတွင် ‌ပြောင်းလဲမှုမရှိ‌ပေ။* ဤသည် အလွန်ကြီးကျယ်‌သော ‌အောင်မြင်မှုဖြစ်‌ပေသည်။ وَلَا يَحۡزُنكَ قَوۡلُهُمۡۘ إِنَّ ٱلۡعِزَّةَ لِلَّهِ جَمِيعًاۚ هُوَ ٱلسَّمِيعُ ٱلۡعَلِيمُ ٦٥ထို့ပြင် သူတို့၏စကားသည် အသင့်အား ဝမ်းနည်းမှု မဖြစ်ပါ‌စေနှင့်။ အမှန်မှာ ဂုဏ်သိက္ခာအားလုံးသည် အလ္လာဟ်အရှင်မြတ်အတွက်ပင်ဖြစ်သည်။ အရှင်မြတ်သည် အကြွင်းမဲ့ကြား‌တော်မူ‌သောအရှင်၊ အကြွင်းမဲ့သိ‌တော်မူ‌သောအရှင် ဖြစ်‌တော်မူသည်။ أَلَآ إِنَّ لِلَّهِ مَن فِي ٱلسَّمَٰوَٰتِ وَمَن فِي ٱلۡأَرۡضِۗ وَمَا يَتَّبِعُ ٱلَّذِينَ يَدۡعُونَ مِن دُونِ ٱللَّهِ شُرَكَآءَۚ إِن يَتَّبِعُونَ إِلَّا ٱلظَّنَّ وَإِنۡ هُمۡ إِلَّا يَخۡرُصُونَ ٦٦သတိပြုကြပါ၊ အမှန်စင်စစ် မိုး‌ကောင်းကင်များနှင့်‌မြေပထဝီတွင် ရှိသူအားလုံးကို အလ္လာဟ်အရှင်မြတ်သာ စိုးပိုင်‌တော်မူသည်။ ထို့ပြင် အလ္လာဟ်အရှင်မြတ်မှလွဲ၍ အခြားကို နှိုင်းယှဉ်ဘက်များအဖြစ် ဟစ်‌ခေါ်ကိုးကွယ်ကြ‌သောသူများသည် ထင်မြင်ယူဆချက်မှလွဲ၍ အခြားမည်သည်ကိုမှ လိုက်နာကြသည် မဟုတ်‌ပေ။ ၎င်း‌နောက် သူတို့သည် ရမ်းဆပြုလုပ်‌နေကြသည်ပင်ဖြစ်သည်။ هُوَ ٱلَّذِي جَعَلَ لَكُمُ ٱلَّيۡلَ لِتَسۡكُنُواْ فِيهِ وَٱلنَّهَارَ مُبۡصِرًاۚ إِنَّ فِي ذَٰلِكَ لَأٓيَٰتٍ لِّقَوۡمٍ يَسۡمَعُونَ ٦٧အရှင်မြတ်သည် အကြင်အရှင်ပင်ဖြစ်သည်၊ ထိုအရှင်သည် အသင်တို့အတွက် ညကို အိပ်စက်အနားယူကြရန်အတွက်နှင့် ‌နေ့ကို မြင်နိုင်စွမ်းရှိ‌သောအရာအဖြစ် ပြုလုပ်‌ပေး‌တော်မူခဲ့သည်။ အမှန်စင်စစ် ထိုအထဲတွင် ကြားနာ‌သောသူများအတွက် အမှန်ပင် သက်‌သေလက္ခဏာများရှိသည်။ قَالُواْ ٱتَّخَذَ ٱللَّهُ وَلَدًاۗ سُبۡحَٰنَهُۥۖ هُوَ ٱلۡغَنِيُّۖ لَهُۥ مَا فِي ٱلسَّمَٰوَٰتِ وَمَا فِي ٱلۡأَرۡضِۚ إِنۡ عِندَكُم مِّن سُلۡطَٰنِۭ بِهَٰذَآۚ أَتَقُولُونَ عَلَى ٱللَّهِ مَا لَا تَعۡلَمُونَ ٦٨(မုရှ်ရိက်များသည် သက်‌သေလက္ခဏာများတွင် စဉ်းစားဆင်ခြင်ခြင်းမရှိဘဲ ရှိရ်က်ဖြစ်‌စေ‌သော စကားများကို ‌ပြောဆို‌နေကြသည်။) သူတို့က အလ္လာဟ်အရှင်မြတ်၌ သားရှိသည်ဟု ‌ပြောဆိုကြသည်။ အရှင်မြတ်သည် ကင်းရှင်းစင်ကြယ်‌တော်မူသည်။ အရှင်မြတ်သည် လိုလား‌တောင့်တခြင်းကင်းပြီး ပြည့်စုံကြွယ်ဝ‌တော်မူ‌သောအရှင် ဖြစ်‌တော်မူသည်။ (အဖန်ဆင်းခံအားလုံးသည် အရှင်မြတ်ထံမှပင် လိုလား‌တောင့်တ‌နေကြရသည်။) မိုး‌ကောင်းကင်များနှင့် ‌မြေပထဝီတွင် ရှိသမျှအရာများသည် အရှင်မြတ် ပိုင်ဆိုင်‌သောအရာများချည်းပင်ဖြစ်သည်။ အသင်တို့တွင် ဤသည်နှင့်ပတ်သက်၍ မည်သည့်အ‌ထောက်အထားမှ မရှိ‌ပေ။ အသင်တို့သည် အသင်တို့ မသိနားမလည်‌သောစကားကို အလ္လာဟ်အရှင်မြတ်အ‌ပေါ်တွင် လုပ်ကြံ‌ပြောဆိုကြသ‌လော။ قُلۡ إِنَّ ٱلَّذِينَ يَفۡتَرُونَ عَلَى ٱللَّهِ ٱلۡكَذِبَ لَا يُفۡلِحُونَ ٦٩(အို- တမန်‌တော်)အသင်‌ပြောလိုက်ပါ- အမှန်စင်စစ် အလ္လာဟ်အရှင်မြတ်အ‌ပေါ်တွင် လုပ်ကြံစွပ်စွဲ‌သောသူများသည် (မည်သည့်အခါမှ) ‌အောင်မြင်မည် မဟုတ်‌ပေ။ مَتَٰعٌ فِي ٱلدُّنۡيَا ثُمَّ إِلَيۡنَا مَرۡجِعُهُمۡ ثُمَّ نُذِيقُهُمُ ٱلۡعَذَابَ ٱلشَّدِيدَ بِمَا كَانُواْ يَكۡفُرُونَ ٧٠(သူတို့အတွက်)‌လောကီဘဝတွင် အနည်းငယ် အကျိုးခံစားခြင်းသာရှိသည်။ ထို့‌နောက် သူတို့သည် ငါအရှင်မြတ်ထံ‌တော်သို့ပင် ပြန်လည်‌ရောက်ရှိရမည် ဖြစ်သည်။ ၎င်း‌နောက် ငါအရှင်မြတ်သည် သူတို့အား သူတို့ငြင်းပယ်ခဲ့ကြ‌သော‌ကြောင့် ပြင်းထန်‌သောပြစ်ဒဏ်ကို မြည်းစမ်း‌စေ‌တော်မူမည် ဖြစ်သည်။ ۞ وَٱتۡلُ عَلَيۡهِمۡ نَبَأَ نُوحٍ إِذۡ قَالَ لِقَوۡمِهِۦ يَٰقَوۡمِ إِن كَانَ كَبُرَ عَلَيۡكُم مَّقَامِي وَتَذۡكِيرِي بِـَٔايَٰتِ ٱللَّهِ فَعَلَى ٱللَّهِ تَوَكَّلۡتُ فَأَجۡمِعُوٓاْ أَمۡرَكُمۡ وَشُرَكَآءَكُمۡ ثُمَّ لَا يَكُنۡ أَمۡرُكُمۡ عَلَيۡكُمۡ غُمَّةً ثُمَّ ٱقۡضُوٓاْ إِلَيَّ وَلَا تُنظِرُونِ ٧١ထို့ပြင် အသင်(တမန်‌တော်)သည် သူတို့၏‌ရှေ့၌ (တမန်‌တော်)နူးဟ်၏အ‌ကြောင်း*ကို ဖတ်ပြလိုက်ပါ။ တစ်ခါက (တမန်‌တော်)နူးဟ်သည် သူ၏အမျိုးသားများအား (ဤသို့)‌ပြောခဲ့သည်- “အို- ငါ၏အမျိုးသားအ‌ပေါင်းတို့၊ အကယ်၍ ငါ၏ရပ်တည်ခြင်းနှင့် အလ္လာဟ်အရှင်မြတ်၏အာယသ်‌တော်မာျး အ‌ကြောင်းခံဖြင့် ငါ၏ဆုံးမဩဝါဒ‌ပေးခြင်းသည် အသင်တို့အ‌ပေါ်တွင် ဝန်‌လေး‌နေလျှင် ငါသည် အလ္လာဟ်အရှင်မြတ်အ‌ပေါ်တွင်သာ ယုံပုံလွှဲအပ်ပြီးဖြစ်သည့်အတွက် အသင်တို့သည် (ငါ့အား‌ချေမှုန်းရန်) အသင်တို့၏ အကြံအစည်များကို အသင်တို့၏တွဲဖက်နှိုင်းယှဉ်ကိုးကွယ်ရာများနှင့် ပူး‌ပေါင်း၍ ပြဋ္ဌာန်းကြပါ။ ထို့‌နောက် အသင်တို့၏ ထိုအကြံအစည်များကိုလည်း အသင်တို့အ‌ပေါ်တွင် ဖုံးအုပ်မှု မရှိပါ‌စေနှင့်၊ ထို့‌နောက် အသင်တို့သည် ငါနှင့်ပတ်သက်၍ စီမံ‌ဆောင်ရွက်ကြပါ။ ထို့ပြင် အသင်တို့သည် ငါ့အား ‌ရွှေ့ဆိုင်းခွင့်ပင် မ‌ပေးကြနှင့်။“ فَإِن تَوَلَّيۡتُمۡ فَمَا سَأَلۡتُكُم مِّنۡ أَجۡرٍۖ إِنۡ أَجۡرِيَ إِلَّا عَلَى ٱللَّهِۖ وَأُمِرۡتُ أَنۡ أَكُونَ مِنَ ٱلۡمُسۡلِمِينَ ٧٢ထို့‌နောက် အကယ်၍ အသင်တို့သည် မျက်နှာလွှဲသွားခဲ့ကြလျှင် ငါသည် အသင်တို့ထံမှ အခ‌ကြေး‌ငွေ တစ်စုံတစ်ရာ ‌တောင်းဆိုခဲ့ဖူးသည် မရှိ‌ပေ။ ငါ့အား အစား‌ပေးရန်တာဝန်သည် အလ္လာဟ်အရှင်မြတ်အ‌ပေါ်တွင်သာရှိသည်။ ထို့ပြင် ငါသည် မွတ်စ်လင်မ် အမိန့်နာခံသူများထဲ၌ တစ်ဦးအပါအဝင်ဖြစ်ရန် အမိန့်‌ပေး‌တော်မူခြင်းခံခဲ့ရသည်။ فَكَذَّبُوهُ فَنَجَّيۡنَٰهُ وَمَن مَّعَهُۥ فِي ٱلۡفُلۡكِ وَجَعَلۡنَٰهُمۡ خَلَٰٓئِفَ وَأَغۡرَقۡنَا ٱلَّذِينَ كَذَّبُواْ بِـَٔايَٰتِنَاۖ فَٱنظُرۡ كَيۡفَ كَانَ عَٰقِبَةُ ٱلۡمُنذَرِينَ ٧٣ထို့‌နောက် သူတို့သည် ၎င်း(တမန်‌တော် နူးဟ်)ကို မဟုတ်မမှန်ဟု ငြင်းပယ်ခဲ့ကြသည်။ ၎င်း‌နောက် ငါအရှင်မြတ်သည် ၎င်း(တမန်‌တော် နူးဟ်)နှင့်တကွ ၎င်းနှင့်အတူ သ‌ဘေင်္ာ‌ပေါ်၌ လိုက်ပါလာခဲ့ကြသူများကို ကယ်တင်‌တော်မူခဲ့သည်။ ထို့ပြင် ငါအရှင်မြတ်သည် (ကယ်တင်ခြင်းခံရ‌သော)သူများကို (ပျက်စီးသွား‌သော)သူများ၏ အရိုက်အရာ ဆက်ခံသူများအဖြစ် ပြုလုပ်‌တော်မူခဲ့သည်။* ထို့ပြင် ငါအရှင်မြတ်၏ သက်‌သေလက္ခဏာများကို မဟုတ်မမှန်ဟု ငြင်းပယ်ခဲ့ကြ‌သောသူများကို ငါအရှင်မြတ်သည် နစ်မြုပ်‌စေ‌တော်မူခဲ့သည်။ သို့ဖြစ်ရာ သတိ‌ပေးနှိုး‌ဆော်ခြင်းခံကြရ‌သောသူများ၏ ‌နောက်ဆုံးအကျိုးဆက်သည် မည်သို့ဖြစ်ခဲ့သည်ကို အသင်သည် ဆင်ခြင်သုံးသပ်ပါ။ ثُمَّ بَعَثۡنَا مِنۢ بَعۡدِهِۦ رُسُلًا إِلَىٰ قَوۡمِهِمۡ فَجَآءُوهُم بِٱلۡبَيِّنَٰتِ فَمَا كَانُواْ لِيُؤۡمِنُواْ بِمَا كَذَّبُواْ بِهِۦ مِن قَبۡلُۚ كَذَٰلِكَ نَطۡبَعُ عَلَىٰ قُلُوبِ ٱلۡمُعۡتَدِينَ ٧٤ထို့‌နောက် ငါအရှင်မြတ်သည် ၎င်း(တမန်‌တော် နူးဟ်)မရှိသည့်‌နောက်၌ တမန်‌တော်များကို ထိုတမန်‌တော်များ၏ အမျိုးသားများထံ ‌စေလွှတ်‌တော်မူခဲ့သည်။ သို့ဖြစ်ရာ ထိုတမန်‌တော်များသည် သူတို့ထံသို့ ထင်ရှား‌သော သက်‌သေလက္ခဏာများ ယူ‌ဆောင်လာခဲ့ကြသည်။ ထို့‌နောက် သူတို့သည် ယခင်က ထိုအရာ(သက်‌သေလက္ခဏာ အ‌ထောက်အထား)ကို မဟုတ်မမှန် ငြင်းပယ်ခဲ့ကြသည့်အတွက် (ယခု ထပ်ပြီး)ထိုအရာကို ယုံကြည်ရန် မဖြစ်‌တော့‌ပေ။* ငါအရှင်မြတ်သည် စည်း‌ဖောက်သူများ၏ စိတ်နှလုံးများ‌ပေါ်၌ ဤသို့ပင် တံဆိပ်ခတ်နှိပ်‌တော်မူ‌လေ့ရှိသည်။ ثُمَّ بَعَثۡنَا مِنۢ بَعۡدِهِم مُّوسَىٰ وَهَٰرُونَ إِلَىٰ فِرۡعَوۡنَ وَمَلَإِيْهِۦ بِـَٔايَٰتِنَا فَٱسۡتَكۡبَرُواْ وَكَانُواْ قَوۡمًا مُّجۡرِمِينَ ٧٥ထို့‌နောက် ငါအရှင်မြတ်သည် ထိုတမန်‌တော်များ မရှိ‌တော့သည့်‌နောက်၌ (တမန်‌တော်)မူစာနှင့် (တမန်‌တော်)ဟာရူန်ကို ငါအရှင်မြတ်၏ သက်‌သေလက္ခဏာများနှင့်တကွ ဖိရ်‌အောင်န်နှင့် သူ၏အကြီးအကဲများထံသို့ ‌စေလွှတ်‌တော်မူခဲ့သည်။ ထို့‌နောက် သူတို့သည် မာန‌ထောင်ခဲ့ကြသည်။ ထို့ပြင် သူတို့သည် အပြစ်ကျူးလွန်‌လေ့ရှိ‌သော အမျိုးသားများဖြစ်ခဲ့ကြသည်။ فَلَمَّا جَآءَهُمُ ٱلۡحَقُّ مِنۡ عِندِنَا قَالُوٓاْ إِنَّ هَٰذَا لَسِحۡرٌ مُّبِينٌ ٧٦်10|76|၎င်း‌နောက် သူတို့ထံသို့ ငါအရှင်မြတ်ထံ‌တော်မှ အမှန်တရား‌ရောက်လာ‌သောအခါ သူတို့က “ဤသည် အမှန်ပင် ထင်ရှား‌သော စုန်းပ‌ယောဂအတတ်ဖြစ်သည်“ဟု ‌ပြောဆိုခဲ့ကြသည်။ قَالَ مُوسَىٰٓ أَتَقُولُونَ لِلۡحَقِّ لَمَّا جَآءَكُمۡۖ أَسِحۡرٌ هَٰذَا وَلَا يُفۡلِحُ ٱلسَّٰحِرُونَ ٧٧(တမန်‌တော်)မူစာက ‌ပြောဆိုသည်- “အသင်တို့သည် အမှန်တရားကို ထိုအမှန်တရားသည် အသင်တို့ထံသို့ ‌ရောက်လာခဲ့ပြီးမှ (ဤသည် စုန်းပ‌ယောဂဖြစ်သည်ဟု) ‌ပြောဆိုကြသ‌လော။ ဤသည် စုန်းပ‌ယောဂအတတ်‌လော၊ ထို့ပြင် စုန်းပ‌ယောဂအတတ်ပညာရှင်များသည် (မည်သည့်အခါမှ)‌အောင်မြင်ကြသည် မဟုတ်‌ပေ။“ قَالُوٓاْ أَجِئۡتَنَا لِتَلۡفِتَنَا عَمَّا وَجَدۡنَا عَلَيۡهِ ءَابَآءَنَا وَتَكُونَ لَكُمَا ٱلۡكِبۡرِيَآءُ فِي ٱلۡأَرۡضِ وَمَا نَحۡنُ لَكُمَا بِمُؤۡمِنِينَ ٧٨သူတို့က ‌ပြောဆိုကြသည်- “အသင်သည် ကျွန်ုပ်တို့၏အဘ၊ ဘိုး၊ ‌ဘေးများ၏လမ်းစဉ်မှ ကျွန်ုပ်တို့အား ဖယ်ရှားရန်အတွက်နှင့် တိုင်းပြည်တွင် ‌ခေါင်း‌ဆောင်မှုသည် အသင်တို့နှစ်ဦးအတွက်ပင်ရှိရန် အသင်သည် ကျွန်ုပ်တို့ထံသို့ ‌ရောက်လာခဲ့ခြင်း‌လော။ ထို့ပြင် ကျွန်ုပ်တို့သည် အသင်တို့နှစ်ဦးအား (မည်သည့်အခါမှ) ယုံကြည်မည့်သူများ မဟုတ်ကြ‌ပေ။“ وَقَالَ فِرۡعَوۡنُ ٱئۡتُونِي بِكُلِّ سَٰحِرٍ عَلِيمٍ ٧٩၎င်း‌နောက် ဖိရ်‌အောင်န်က (သူ၏မှူးကြီးမတ်ရာများအား) “အသင်တို့သည် တတ်ကျွမ်း‌သော ‌မှော်ဆရာများအားလုံးကို ငါ့ထံ‌ခေါ်ခဲ့ကြပါ“လို့ ‌ပြောဆိုမိန့်ကြားသည်။ فَلَمَّا جَآءَ ٱلسَّحَرَةُ قَالَ لَهُم مُّوسَىٰٓ أَلۡقُواْ مَآ أَنتُم مُّلۡقُونَ ٨٠ထို့‌နောက် ‌မှော်ဆရာများ‌ရောက်လာကြ‌သောအခါ (တမန်‌တော်)မူစာက သူတို့ကို‌ပြောသည်၊ “အသင်တို့သည် အသင်တို့ ပစ်ချမည့်အရာများကို ပစ်ချလိုက်ကြပါ။“ فَلَمَّآ أَلۡقَوۡاْ قَالَ مُوسَىٰ مَا جِئۡتُم بِهِ ٱلسِّحۡرُۖ إِنَّ ٱللَّهَ سَيُبۡطِلُهُۥٓ إِنَّ ٱللَّهَ لَا يُصۡلِحُ عَمَلَ ٱلۡمُفۡسِدِينَ ٨١၎င်း‌နောက် သူတို့သည် ပစ်ချခဲ့ကြ‌သောအခါ (တမန်‌တော်)မူစာက‌ပြောဆိုသည်- “အသင်တို့ ယူ‌ဆောင်ခဲ့ကြ‌သောအရာများသည် စုန်းပ‌ယောဂ အတတ်သာဖြစ်သည်။ အမှန်ပင် အလ္လာဟ်အရှင်မြတ်သည် မကြာမီတွင် ထို(စုန်းပ‌ယောဂ)များကို အကျိုးမဲ့ဖြစ်‌စေ‌တော်မူမည်။ အမှန်စင်စစ် အလ္လာဟ်အရှင်မြတ်သည် ဖျက်ဆီး‌ရေးသမားများ၏လုပ်ရပ်များကို မှန်ကန် အဆင်‌ပြေ‌အောင် လုပ်‌ပေးမည်းမဟုတ်‌ပေ။“ وَيُحِقُّ ٱللَّهُ ٱلۡحَقَّ بِكَلِمَٰتِهِۦ وَلَوۡ كَرِهَ ٱلۡمُجۡرِمُونَ ٨٢၎င်း‌နောက် အပြစ်ကျူးလွန်သူများသည် မ‌ကျေနပ်ကြလျှင်လည်း အလ္လာဟ်အရှင်မြတ်သည် မိမိ၏ အမိန့်စကား‌တော်များဖြင့် အမှန်ကို အမှန်ဖြစ်‌အောင်လုပ်(၍ပြသ)‌တော်မူသည်။ فَمَآ ءَامَنَ لِمُوسَىٰٓ إِلَّا ذُرِّيَّةٌ مِّن قَوۡمِهِۦ عَلَىٰ خَوۡفٍ مِّن فِرۡعَوۡنَ وَمَلَإِيْهِمۡ أَن يَفۡتِنَهُمۡۚ وَإِنَّ فِرۡعَوۡنَ لَعَالٍ فِي ٱلۡأَرۡضِ وَإِنَّهُۥ لَمِنَ ٱلۡمُسۡرِفِينَ ٨٣ထို့‌နောက် (တမန်‌တော်)မူစာအ‌ပေါ်တွင် ၎င်း၏အမျိုးသားများထဲမှ လူငယ်တစ်စုသာ အီမာန် ယုံကြည်ခဲ့ကြသည်၊* ထိုလူတစ်စုကလည်း ဖိရ်‌အောင်န်နှင့် သူတို့၏အကြီးအကဲများက သူတို့အား ဒုက္ခ‌ပေးမည်ကို စိုးရိမ်ကြီးစွာဖြင့် ယုံကြည်ခဲ့ရခြင်းဖြစ်သည်။ ထို့ပြင် အမှန်စင်စစ် ဖိရ်‌အောင်န်သည် ထိုတိုင်းပြည်တွင် လွှမ်းမိုး‌နေ‌သောသူဖြစ်ခဲ့ပြီး အမှန်ပင် သူသည် စည်း‌ဘောင် ကျူး‌ကျော်သူများထဲမှဖြစ်သည်။ وَقَالَ مُوسَىٰ يَٰقَوۡمِ إِن كُنتُمۡ ءَامَنتُم بِٱللَّهِ فَعَلَيۡهِ تَوَكَّلُوٓاْ إِن كُنتُم مُّسۡلِمِينَ ٨٤ထို့ပြင် (တမန်‌တော်)မူစာက ‌ပြောဆိုသည်- “အို- ငါ၏အမျိုးသားအ‌ပေါင်းတို့၊ အကယ်၍ အသင်တို့သည် အလ္လာဟ်အရှင်မြတ်အား ယုံကြည်ကြပြီး အမိန့်နာခံသူများဖြစ်ကြလျှင် အသင်တို့သည် ထိုအရှင်၏အ‌ပေါ်၌သာ အားကိုးပြီး ယုံပုံအပ်နှင့်ကြပါ။“ فَقَالُواْ عَلَى ٱللَّهِ تَوَكَّلۡنَا رَبَّنَا لَا تَجۡعَلۡنَا فِتۡنَةً لِّلۡقَوۡمِ ٱلظَّٰلِمِينَ ٨٥ထို့‌နောက် သူတို့က ‌ပြောဆိုကြသည်- “ကျွန်ုပ်တို့သည် အလ္လာဟ်အရှင်မြတ်အ‌ပေါ်တွင်သာ အားကိုးပြီး ယုံပုံအပ်နှင်းကြပြီဖြစ်ပါသည်။“ (၎င်း‌နောက် သူတို့က အရှင်မြတ်ထံ‌တော်၌ ‌လျှောက်ထားကြသည်) “အို- ကျွန်ုပ်တို့အား ဖန်ဆင်း‌မွေးမြူ‌တော်မူ‌သောအရှင်မြတ်၊ အရှင်မြတ်သည် ကျွန်ုပ်တို့အား နှိပ်စက်သူများ၏ အနှိပ်စက်ခံကြရသူများအဖြစ် ပြု‌တော်မမူပါနှင့်။“ وَنَجِّنَا بِرَحۡمَتِكَ مِنَ ٱلۡقَوۡمِ ٱلۡكَٰفِرِينَ ٨٦“ထို့ပြင် အရှင်မြတ်သည် အရှင်မြတ်၏သနားကရုဏာဖြင့် ကျွန်ုပ်တို့အား ကာဖိရ်များ(၏ အန္တရာယ်)မှ ကယ်တင်‌တော်မူပါ။“ وَأَوۡحَيۡنَآ إِلَىٰ مُوسَىٰ وَأَخِيهِ أَن تَبَوَّءَا لِقَوۡمِكُمَا بِمِصۡرَ بُيُوتًا وَٱجۡعَلُواْ بُيُوتَكُمۡ قِبۡلَةً وَأَقِيمُواْ ٱلصَّلَوٰةَۗ وَبَشِّرِ ٱلۡمُؤۡمِنِينَ ٨٧ထို့ပြင် ငါအရှင်မြတ်သည် (တမန်‌တော်)မူစာနှင့် သူ၏အစ်ကိုထံသို့ အမိန့်ချမှတ်‌တော်မူခဲ့သည်- “အသင်တို့နှစ်ဦးသည် အသင်တို့၏အမျိုးသားများအတွက် အီဂျစ်ပြည်၌ပင် ‌နေအိမ်များအား သတ်မှတ်ကြပါ။ ၎င်း‌နောက် အသင်တို့သည် အသင်တို့၏‌နေအိမ်များအား စွလာသ်ဝတ်ပြုရာဌာနများအဖြစ်ပြုလုပ်ကြပါ။ ၎င်း‌နောက် အသင်တို့သည် စွလာသ်ဝတ်ပြုမှုကို တည်‌ဆောက်ကြပါ။* ထို့ပြင် အသင်တို့သည် အီမာန်ယုံကြည်သူများအား (မကြာမီ ဒုက္ခများမှ လွတ်ကင်း‌တော့မည့်အ‌ကြောင်း)ဝမ်း‌မြောက်ဖွယ် သတင်း‌ကောင်း‌ပေးလိုက်ပါ။“ وَقَالَ مُوسَىٰ رَبَّنَآ إِنَّكَ ءَاتَيۡتَ فِرۡعَوۡنَ وَمَلَأَهُۥ زِينَةً وَأَمۡوَٰلًا فِي ٱلۡحَيَوٰةِ ٱلدُّنۡيَا رَبَّنَا لِيُضِلُّواْ عَن سَبِيلِكَۖ رَبَّنَا ٱطۡمِسۡ عَلَىٰٓ أَمۡوَٰلِهِمۡ وَٱشۡدُدۡ عَلَىٰ قُلُوبِهِمۡ فَلَا يُؤۡمِنُواْ حَتَّىٰ يَرَوُاْ ٱلۡعَذَابَ ٱلۡأَلِيمَ ٨٨ထို့ပြင် (တမန်‌တော်)မူစာက ‌ပြောဆို‌လျှောက်ထားခဲ့သည်- “အို- ကျွန်ုပ်တို့အား ဖန်ဆင်း‌မွေးမြူ‌တော်မူ‌သောအရှင်မြတ်၊ အမှန်စင်စစ် အရှင်မြတ်သည် ဖိရ်‌အောင်န်နှင့် သူ၏မှူးမတ်များကို ဤဘဝတွင် တင့်တယ်ခမ်းနားမှုများ*နှင့် ပစ္စည်းဥစ္စာများကို ‌ပေးသနား‌တော်မူခဲ့ပါသည်။ အို- ကျွန်ုပ်တို့အား ဖန်ဆင်း‌မွေးမြူ‌တော်မူ‌သောအရှင်၊ သူတို့သည် (အရှင်မြတ်‌ပေးထား‌သော ပစ္စည်းဥစ္စာများ၏ အကူအညီဖြင့် လူများအား) အရှင်မြတ်၏လမ်း‌တော်မှ လွဲ‌ချော်‌အောင်လုပ်ကြပါသည်။ အို- ကျွန်ုပ်တို့အား ဖန်ဆင်း‌မွေးမြူ‌တော်မူ‌သောအရှင်၊ အရှင်မြတ်သည် သူတို့၏ပစ္စည်းဥစ္စာများကို ဖျက်ဆီးပစ်‌တော်မူပါ၊ ၎င်း‌နောက် သူတို့သည် နာကျင်‌စေ‌သောပြစ်ဒဏ်ကို မမြင်သမျှ ကာလပတ်လုံး မယုံကြည်နိုင်‌အောင် အရှင်မြတ်သည် သူတို့၏စိတ်နှလုံးများကို ခက်ထန်မာ‌ကျော‌အောင်ပြုလုပ်လိုက်‌တော်မူပါ။ قَالَ قَدۡ أُجِيبَت دَّعۡوَتُكُمَا فَٱسۡتَقِيمَا وَلَا تَتَّبِعَآنِّ سَبِيلَ ٱلَّذِينَ لَا يَعۡلَمُونَ ٨٩အရှင်မြတ်က မိန့်ကြား‌တော်မူသည်- “အသင်တို့(တမန်‌တော်)နှစ်ဦး၏ ‌လျှောက်ထားပန်ကြားချက်သည် အမှန်ပင် သ‌ဘောတူခြင်းခံရပြီဖြစ်သည်၊ သို့ဖြစ်ရာ အသင်တို့နှစ်ဦးသည် စွဲမြဲတည်တံ့စွာ ‌နေကြပါ၊ ၎င်း‌နောက် အသင်တို့နှစ်ဦးသည် မသိနားမလည်‌သောသူများ၏ လမ်းကို မလိုက်ကြနှင့်။“ ۞ وَجَٰوَزۡنَا بِبَنِيٓ إِسۡرَٰٓءِيلَ ٱلۡبَحۡرَ فَأَتۡبَعَهُمۡ فِرۡعَوۡنُ وَجُنُودُهُۥ بَغۡيًا وَعَدۡوًاۖ حَتَّىٰٓ إِذَآ أَدۡرَكَهُ ٱلۡغَرَقُ قَالَ ءَامَنتُ أَنَّهُۥ لَآ إِلَٰهَ إِلَّا ٱلَّذِيٓ ءَامَنَتۡ بِهِۦ بَنُوٓاْ إِسۡرَٰٓءِيلَ وَأَنَا۠ مِنَ ٱلۡمُسۡلِمِينَ ٩٠၎င်း‌နောက် ငါအရှင်မြတ်သည် အစ္စရာအီလ်မျိုးနွယ်ဝင်များကို (ပင်လယ်နီ)တစ်ဖက်ကမ်းမှ ‌နောက်တစ်ဖက်ကမ်းသို့ ‌ရောက်‌စေ‌တော်မူခဲ့သည်။ ထို့‌နောက် သူတို့၏‌နောက်သို့ ဖိရ်‌အောင်န်နှင့် သူ၏စစ်တပ်များသည် မတရားကျူးလွန်မှုပြုရန်နှင့် နိုင်ထက်စီးနင်းပြုလုပ်ရန် လိုက်ခဲ့ကြသည်။ ‌နောက်ဆုံး ဖိရ်‌အောင်န်သည် (ပင်လယ်ထဲတွင်)နစ်မြုပ်မည့်ဆဲဆဲဖြစ်သည့်အခါ၌ (ဤသို့)‌ပြောဆိုခဲ့သည်- “ကျွန်ုပ်သည်လည်း အစ္စရာအီလ်မျိုးနွယ်ဝင်များ ယုံကြည်‌သော အရှင်မြတ်မှလွဲ၍ အခြား ကိုးကွယ်ထိုက်‌သောအရှင် မရှိ‌ကြောင်း ယုံကြည်ပြီဖြစ်ပါသည်။ ၎င်း‌နောက် ကျွန်ုပ်သည် အမိန့်နာခံသူများထဲ၌ တစ်ဦးအပါအဝင်လည်းဖြစ်ပါသည်။“ ءَآلۡـَٰٔنَ وَقَدۡ عَصَيۡتَ قَبۡلُ وَكُنتَ مِنَ ٱلۡمُفۡسِدِينَ ٩١(အရှင်မြတ်က မိန့်ကြား‌တော်မူသည်) ယခုမှပင် (ယုံကြည်သ‌လော)၊ အမှန်မှာ အသင်သည် ယခုမတိုင်မီအထိ အမိန့်ဖီဆန်ခဲ့‌သေးသည်သာမက အသင်သည် ဖျက်ဆီး‌သောသူများထဲ၌ အပါအဝင်ပင်ဖြစ်ခဲ့‌သေးသည်။ فَٱلۡيَوۡمَ نُنَجِّيكَ بِبَدَنِكَ لِتَكُونَ لِمَنۡ خَلۡفَكَ ءَايَةًۚ وَإِنَّ كَثِيرًا مِّنَ ٱلنَّاسِ عَنۡ ءَايَٰتِنَا لَغَٰفِلُونَ ٩٢သို့ဖြစ်ရာ (ယ‌နေ့)ငါအရှင်မြတ်သည် အသင့်အား အသင်၏ခန္ဓာကိုယ်ရုပ်ကလာပ်နှင့်တကွ အသင်၏‌နောင်လာ‌နောက်သားများအတွက် (သတိတရားရဖွယ်)အထိမ်းအမှတ် သက်‌သေလက္ခဏာတစ်ခုဖြစ်ရန် ဆယ်တင်ထား‌တော်မူမည်။* ထို့ပြင် အမှန်စင်စစ် လူများထဲမှ အ‌မြောက်အမြားသည် ငါအရှင်မြတ်၏ သက်‌သေလက္ခဏာ‌တော်များကို အမှန်ပင် ‌မေ့‌လျော့‌နေသူများဖြစ်ကြသည်။ وَلَقَدۡ بَوَّأۡنَا بَنِيٓ إِسۡرَٰٓءِيلَ مُبَوَّأَ صِدۡقٍ وَرَزَقۡنَٰهُم مِّنَ ٱلطَّيِّبَٰتِ فَمَا ٱخۡتَلَفُواْ حَتَّىٰ جَآءَهُمُ ٱلۡعِلۡمُۚ إِنَّ رَبَّكَ يَقۡضِي بَيۡنَهُمۡ يَوۡمَ ٱلۡقِيَٰمَةِ فِيمَا كَانُواْ فِيهِ يَخۡتَلِفُونَ ٩٣ထို့ပြင် အမှန်စင်စစ် ငါအရှင်မြတ်သည်ပင် အစ္စရာအီလ်မျိုးနွယ်ဝင်များကို ‌ကောင်းမွန်သင့်‌တော်‌သော‌နေရာ၌ ‌နေရာချ‌ပေး‌တော်မူခဲ့သည်။ ၎င်း‌နောက် ငါအရှင်မြတ်သည်ပင် သူတို့အား သန့်ပြန့်‌သော စားနပ်ရိက္ခာများကို ‌ပေးသနား‌တော်မူခဲ့သည်။ ထို့‌နောက် သူတို့သည် သူတို့ထံသို့ အသိပညာ‌ရောက်ရှိလာပြီးမှပင် ကွဲလွဲခဲ့ကြသည်။ အမှန်စင်စစ် အသင်(တမန်‌တော်)အား ဖန်ဆင်း‌မွေးမြူ‌တော်မူ‌သောအရှင်မြတ်သည် ကိယာမသ် ရှင်ပြန်ထမည့်‌နေ့တွင် သူတို့ကြား၌ ကွဲလွဲ‌နေသာကိစ္စနှင့်ပတ်သက်၍ စီရင်ဆုံးဖြတ်‌တော်မူမည်ဖြစ်သည်။ فَإِن كُنتَ فِي شَكٍّ مِّمَّآ أَنزَلۡنَآ إِلَيۡكَ فَسۡـَٔلِ ٱلَّذِينَ يَقۡرَءُونَ ٱلۡكِتَٰبَ مِن قَبۡلِكَۚ لَقَدۡ جَآءَكَ ٱلۡحَقُّ مِن رَّبِّكَ فَلَا تَكُونَنَّ مِنَ ٱلۡمُمۡتَرِينَ ٩٤၎င်း‌နောက် အကယ်၍ အသင်သည် အသင်၏ထံသို့ ငါအရှင်မြတ်ချ‌ပေး‌တော်မူ‌သော အရာများနှင့်ပတ်သက်၍ သံသယဖြစ်ခဲ့လျှင်* အသင်သည် အသင်၏မတိုင်မီ ကျမ်းဂန်များကို ဖတ်‌နေကြ‌သောသူများအား စုံစမ်း‌မေးမြန်းလိုက်ပါ။ အမှန်စင်စစ် အသင်၏ထံသို့ အသင့်အား ဖန်ဆင်း‌မွေးမြူ‌တော်မူ‌သောအရှင်မြတ်ထံ‌တော်မှ အမှန်တရားသည် ‌ရောက်ရှိလာခဲ့ပြီဖြစ်သည်။ သို့ဖြစ်ရာ အသင်သည် သံသယရှိသူများထဲမှ လုံးဝ မဖြစ်ပါ‌လေနှင့်။ وَلَا تَكُونَنَّ مِنَ ٱلَّذِينَ كَذَّبُواْ بِـَٔايَٰتِ ٱللَّهِ فَتَكُونَ مِنَ ٱلۡخَٰسِرِينَ ٩٥ထို့ပြင် အသင်သည် အလ္လာဟ်အရှင်မြတ်၏ သက်‌သေလက္ခဏာများကို မဟုတ်မမှန်ဟု ငြင်းပယ်သူများထဲမှလည်း လုံးဝ မဖြစ်ပါ‌လေနှင့်၊ ထိုသို့ဖြစ်ခဲ့လျှင် အသင်သည်လည်း ဆုံးရှုံးပျက်စီးသူများထဲ၌ အပါအဝင်ဖြစ်သွားမည်ပင်ဖြစ်သည်။ إِنَّ ٱلَّذِينَ حَقَّتۡ عَلَيۡهِمۡ كَلِمَتُ رَبِّكَ لَا يُؤۡمِنُونَ ٩٦အမှန်စင်စစ် အကြင်သူများမှာ ၎င်းတို့အ‌ပေါ်တွင် အသင့်အား ဖန်ဆင်း‌မွေးမြူ‌တော်မူ‌သော အရှင်မြတ်၏အမိန့်‌တော်သည် အတည်ဖြစ်ခဲ့ပြီဖြစ်သည်၊ ထိုသူများသည် မယုံကြည်ကြ‌ပေ။ وَلَوۡ جَآءَتۡهُمۡ كُلُّ ءَايَةٍ حَتَّىٰ يَرَوُاْ ٱلۡعَذَابَ ٱلۡأَلِيمَ ٩٧ထို့ပြင် အကယ်၍ သူတို့ထံသို့ သက်‌သေလက္ခဏာများအားလုံး ‌ရောက်လာခဲ့လျှင်လည်း သူတို့သည် အလွန်နာကျင်‌စေ‌သော ပြစ်ဒဏ်ကို မြင်ကြရ‌တော့မှပင် (ယုံကြည်ကြမည်ဖြစ်သည်)။ فَلَوۡلَا كَانَتۡ قَرۡيَةٌ ءَامَنَتۡ فَنَفَعَهَآ إِيمَٰنُهَآ إِلَّا قَوۡمَ يُونُسَ لَمَّآ ءَامَنُواْ كَشَفۡنَا عَنۡهُمۡ عَذَابَ ٱلۡخِزۡيِ فِي ٱلۡحَيَوٰةِ ٱلدُّنۡيَا وَمَتَّعۡنَٰهُمۡ إِلَىٰ حِينٍ ٩٨ထို့‌နောက် အကြင်ရွာကဲ့သို့ရွာတစ်ရွာ အဘယ့်‌ကြောင့် မရှိခဲ့သနည်း။ ထိုရွာ(သူရွာသား)များသည် အချိန်မီ အီမာန်ယုံကြည်ခဲ့ကြလျှင် သူတို့၏ယုံကြည်မှုသည် သူတို့အား အကျိုးဖြစ်ထွန်း‌စေခဲ့မည်ပင်ဖြစ်သည်။ သို့ရာတွင် (တမန်‌တော်)ယူနွတ်စ်၏အမျိုးသားများ(၏ ရွာတစ်ရွာသာရှိခဲ့သည်၊ သူတို့)သည် အီမာန်ယုံကြည်ကြ‌သောအခါ ငါအရှင်မြတ်သည် ‌သေးသိမ်‌စေ‌သောပြစ်ဒဏ်ကို ဤဘဝတွင် ထိုသူတို့မှ ကင်း‌ဝေး‌စေ‌တော်မူခဲ့သည်။ ထို့ပြင် ငါအရှင်မြတ်သည် သူတို့အား(သတ်မှတ်ထား‌သော)အချိန်ကာလအထိ အကျိုးခံစားခွင့်‌ပေး‌တော်မူခဲ့သည်။ وَلَوۡ شَآءَ رَبُّكَ لَأٓمَنَ مَن فِي ٱلۡأَرۡضِ كُلُّهُمۡ جَمِيعًاۚ أَفَأَنتَ تُكۡرِهُ ٱلنَّاسَ حَتَّىٰ يَكُونُواْ مُؤۡمِنِينَ ٩٩ထို့ပြင် အကယ်၍ အသင့်အား ဖန်ဆင်း‌မွေးမြူ‌တော်မူ‌သောအရှင်မြတ်သည် အလိုရှိ‌တော်မူခဲ့လျှင် ကမာ္ဘ‌မြေတွင် ရှိသမျှလူအားလုံးသည် အီမာန်ယုံကြည်ကြမည်ဖြစ်သည်။ သို့ပါလျက် အသင်သည် လူများအား ယုံကြည်သူများဖြစ်‌အောင် အတင်းအကျပ် ပြုလုပ်ဦးမည်‌လော။ وَمَا كَانَ لِنَفۡسٍ أَن تُؤۡمِنَ إِلَّا بِإِذۡنِ ٱللَّهِۚ وَيَجۡعَلُ ٱلرِّجۡسَ عَلَى ٱلَّذِينَ لَا يَعۡقِلُونَ ١٠٠ထို့ပြင် အလ္လာဟ်အရှင်မြတ်၏အမိန့်‌တော်မရှိလျှင် မည်သူမျှ အီမာန်ယုံကြည်နိုင်သည် မဟုတ်‌ပေ။ ၎င်း‌နောက် အရှင်မြတ်သည် အသိဉာဏ်မရှိ‌သောသူများအ‌ပေါ်တွင်သာ (ကုဖ်ရ်)အညစ်အ‌ကြေးကို သက်‌ရောက်‌စေ‌တော်မူသည်။ قُلِ ٱنظُرُواْ مَاذَا فِي ٱلسَّمَٰوَٰتِ وَٱلۡأَرۡضِۚ وَمَا تُغۡنِي ٱلۡأٓيَٰتُ وَٱلنُّذُرُ عَن قَوۡمٍ لَّا يُؤۡمِنُونَ ١٠١(အို- တမန်‌တော်)အသင်‌ပြောလိုက်ပါ- အသင်တို့သည် မိုး‌ကောင်းကင်များနှင့် ‌မြေပထဝီတွင် မည်သို့‌သောအရာများရှိကြသည်ကို ကြည့်ရှု(ဆင်ခြင်)ကြပါ။ ၎င်း‌နောက် မယုံကြည်သူများအတွက်မူ သက်‌သေလက္ခဏာများနှင့် သတိ‌ပေးနှိုုး‌ဆော်ချက်များသည် မည်သည့်အရာမျှ အကျိုး‌ပေးအသုံးဝင်မည် မဟုတ်‌ပေ။ فَهَلۡ يَنتَظِرُونَ إِلَّا مِثۡلَ أَيَّامِ ٱلَّذِينَ خَلَوۡاْ مِن قَبۡلِهِمۡۚ قُلۡ فَٱنتَظِرُوٓاْ إِنِّي مَعَكُم مِّنَ ٱلۡمُنتَظِرِينَ ١٠٢သို့ဖြစ်ပါလျက် သူတို့သည် သူတို့မတိုင်မီကသူများ၏ ‌ဘေးဒုက္ခများကဲ့သို့ ‌ဘေးဒုက္ခကိုသာ ‌မျှော်လင့်‌နေကြသ‌လော။ (အို- တမန်‌တော်)အသင်‌ပြောလိုက်ပါ- “သို့ဖြစ်လျှင် အသင်တို့သည် ‌စောင့်‌မျှော်‌နေကြပါ၊ ငါလည်း အသင်တို့နှင့်အတူ ‌စောင့်‌မျှော်သူများထဲမှ တစ်ဦးအပါအဝင်ဖြစ်သည်။“ ثُمَّ نُنَجِّي رُسُلَنَا وَٱلَّذِينَ ءَامَنُواْۚ كَذَٰلِكَ حَقًّا عَلَيۡنَا نُنجِ ٱلۡمُؤۡمِنِينَ ١٠٣ထို့‌နောက် ငါအရှင်မြတ်သည် အရှင်မြတ်၏တမန်‌တော်များနှင့် ယုံကြည်သူများအား ကယ်ဆယ်‌တော်မူခဲ့သည်။ ထိုသို့ပင် ငါအရှင်မြတ်အ‌ပေါ်တွင် (ကယ်ဆယ်ရန်)တာဝန်ရှိသည်။ ငါအရှင်မြတ်သည် ယုံကြည်သူများအား ကယ်ဆယ်‌တော်မူမည်ပင်ဖြစ်သည်။ قُلۡ يَٰٓأَيُّهَا ٱلنَّاسُ إِن كُنتُمۡ فِي شَكٍّ مِّن دِينِي فَلَآ أَعۡبُدُ ٱلَّذِينَ تَعۡبُدُونَ مِن دُونِ ٱللَّهِ وَلَٰكِنۡ أَعۡبُدُ ٱللَّهَ ٱلَّذِي يَتَوَفَّىٰكُمۡۖ وَأُمِرۡتُ أَنۡ أَكُونَ مِنَ ٱلۡمُؤۡمِنِينَ ١٠٤(အို- တမန်‌တော်)အသင်‌ပြောလိုက်ပါ- “အို- လူသားအ‌ပေါင်းတို့၊ အကယ်၍ အသင်တို့သည် ငါ၏သာသနာနှင့်ပတ်သက်၍ သံသယရှိကြလျှင် အသင်တို့အ‌နေဖြင့် အလ္လာဟ်အရှင်မြတ်ကို စွန့်လွှတ်ပြီး ကိုးကွယ်‌နေကြသည်များအား ငါသည် မကိုးကွယ်‌ပေ။ သို့ရာတွင် ငါသည် အသင်တို့၏အသက်ကို နှုတ်သိမ်း‌တော်မူ‌သော အလ္လာဟ်အရှင်မြတ်ကိုသာ ကိုးကွယ်သည်။ ထို့ပြင် ငါသည် ယုံကြည်သူများထဲမှ တစ်ဦးအပါအဝင်ဖြစ်ရန် အမိန့်‌ပေးခြင်း ခံခဲ့ရသည်။ وَأَنۡ أَقِمۡ وَجۡهَكَ لِلدِّينِ حَنِيفًا وَلَا تَكُونَنَّ مِنَ ٱلۡمُشۡرِكِينَ ١٠٥ထို့ပြင် အသင်သည် အသင်၏မျက်နှာကို သာသနာဘက်သို့ တစ်စိတ်တစ်လက်တည်း လှည့်ထားပါ။ ထို့ပြင် အသင်သည် မုရှ်ရိက်များထဲ၌ လုံးဝ အပါအဝင် မဖြစ်ပါ‌စေနှင့်(ဟုလည်း အမိန့်‌တော်ရရှိသည်)။ وَلَا تَدۡعُ مِن دُونِ ٱللَّهِ مَا لَا يَنفَعُكَ وَلَا يَضُرُّكَۖ فَإِن فَعَلۡتَ فَإِنَّكَ إِذًا مِّنَ ٱلظَّٰلِمِينَ ١٠٦ထို့ပြင် အသင်သည် အလ္လာဟ်အရှင်မြတ်အပြင် အသင့်အား အကျိုးမပြုနိုင်‌သောအရာနှင့် နစ်နာမှုမပြုနိုင်‌သောအရာများကို ဟစ်‌ခေါ်ခြင်း မပြု‌လေနှင့်။ ထို့‌နောက် အကယ်၍ အသင်သည် ပြုမိခဲ့လျှင် အမှန်စင်စစ် အသင်သည် ထိုသို့ပြုမိခြင်း‌ကြောင့် (အသင်၏ကိုယ်ကို အသင်)နှိပ်စက်သူများထဲ၌ အပါအဝင်ဖြစ်သွားမည်(ဟုလည်း အမိန့်‌တော်ရရှိသည်)။ وَإِن يَمۡسَسۡكَ ٱللَّهُ بِضُرٍّ فَلَا كَاشِفَ لَهُۥٓ إِلَّا هُوَۖ وَإِن يُرِدۡكَ بِخَيۡرٍ فَلَا رَآدَّ لِفَضۡلِهِۦۚ يُصِيبُ بِهِۦ مَن يَشَآءُ مِنۡ عِبَادِهِۦۚ وَهُوَ ٱلۡغَفُورُ ٱلرَّحِيمُ ١٠٧ထို့ပြင် အကယ်၍ အလ္လာဟ်အရှင်မြတ်သည် အသင့်အား အန္တရာယ်တစ်စုံတစ်ခု သက်‌ရောက်‌စေ‌တော်မူလျှင် ထိုအရာကို အရှင်မြတ်မှလွဲ၍ ဖယ်ရှား‌ပေးမည့်သူ မည်သူမျှရှိမည် မဟုတ်‌ပေ။ ၎င်း‌နောက် အကယ်၍ အရှင်မြတ်သည် အသင့်အား အကျိုး‌ကျေးဇူးတစ်စုံတစ်ခုပြုရန် ရည်ရွယ်‌တော်မူလျှင် အရှင်မြတ်၏‌ကျေးဇူးကို မည်သူမျှဖယ်ရှားနိုင်မည် မဟုတ်‌ပေ။ အရှင်မြတ်သည် အရှင်မြတ်၏ကျွန်များထဲမှ မိမိအလိုရှိ‌သောသူကို ထို‌ကျေးဇူး‌တော်ကို သက်‌ရောက်‌စေ‌တော်မူသည်။ ထို့ပြင် အရှင်မြတ်သည် အလွန်လွတ်ငြိမ်းချမ်းသာခွင့်‌ပေး‌တော်မူ‌သောအရှင်၊ အလွန်သနားကြင်နာ‌တော်မူ‌သောအရှင် ဖြစ်‌တော်မူသည်။ قُلۡ يَٰٓأَيُّهَا ٱلنَّاسُ قَدۡ جَآءَكُمُ ٱلۡحَقُّ مِن رَّبِّكُمۡۖ فَمَنِ ٱهۡتَدَىٰ فَإِنَّمَا يَهۡتَدِي لِنَفۡسِهِۦۖ وَمَن ضَلَّ فَإِنَّمَا يَضِلُّ عَلَيۡهَاۖ وَمَآ أَنَا۠ عَلَيۡكُم بِوَكِيلٍ ١٠٨(အို- တမန်‌တော်)အသင်‌ပြောလိုက်ပါ- အို- လူသားအ‌ပေါင်းတို့၊ အမှန်စင်စစ် အသင်တို့ထံသို့ အသင်တို့အား ဖန်ဆင်း‌မွေးမြူ‌တော်မူ‌သော အရှင်မြတ်ထံ‌တော်မှ အမှန်တရား*‌ရောက်ရှိလာပြီဖြစ်သည်။ သို့ဖြစ်ရာ မည်သူမဆို တရားလမ်းမှန်ကိုရရှိခဲ့လျှင် ထိုသူသည် သူ၏အကျိုးအတွက် လမ်းမှန်ကို ရရှိခဲ့ခြင်းဖြစ်သည်။ ၎င်း‌နောက် မည်သူမဆို လမ်းမှားခဲ့လျှင်လည်း ထိုသူသည် မိမိကိုယ်နှင့်ဆန့်ကျင်ပြီး (မိမိအကျိုးယုတ်‌စေရန်) လမ်းမှားခဲ့ခြင်းပင်ဖြစ်သည်။ ၎င်း‌နောက် ငါသည် အသင်တို့အ‌ပေါ်တွင် တာဝန်ခံမဟုတ်‌ပေ။ وَٱتَّبِعۡ مَا يُوحَىٰٓ إِلَيۡكَ وَٱصۡبِرۡ حَتَّىٰ يَحۡكُمَ ٱللَّهُۚ وَهُوَ خَيۡرُ ٱلۡحَٰكِمِينَ ١٠٩ထို့ပြင် အသင်(တမန်‌တော်)သည် အသင်၏ထံသို့ ထုတ်ပြန်ခြင်းခံရ‌သော ဝဟီအမိန့်‌တော်ကို လိုက်နာပါ၊ ၎င်း‌နောက် အသင်သည် အလ္လာဟ်အရှင်မြတ် စီရင်ဆုံးဖြတ်‌တော်မူသည်အထိ သည်းခံ၍‌နေပါ။ ထို့ပြင် အရှင်မြတ်သည် အ‌ကောင်းဆုံး စီရင်ဆုံးဖြတ်‌တော်မူ‌သော အရှင်မြတ်ပင်ဖြစ်‌တော်မူသည်။

الترجمة: Hashim Tin Myint.