بِسۡمِ ٱللَّهِ ٱلرَّحۡمَٰنِ ٱلرَّحِيمِ
الٓمٓ ١အလိဖ် လာမ် မီမ်။ تِلۡكَ ءَايَٰتُ ٱلۡكِتَٰبِ ٱلۡحَكِيمِ ٢ဤသည် ဉာဏ်ပညာနှင့်ပြည့်စုံသော ကျမ်းဂန်၏အာယသ်တော်များဖြစ်သည်။ هُدًى وَرَحۡمَةً لِّلۡمُحۡسِنِينَ ٣(ထိုအာယသ်တော်များသည်) ကောင်းမြတ်သည့်သူများအတွက် လမ်းမှန်ညွှန်ကြားပြသချက်နှင့် ကရုဏာတော်ဖြစ်သည်။ ٱلَّذِينَ يُقِيمُونَ ٱلصَّلَوٰةَ وَيُؤۡتُونَ ٱلزَّكَوٰةَ وَهُم بِٱلۡأٓخِرَةِ هُمۡ يُوقِنُونَ ٤ထိုသူများသည် စွလာသ်ဝတ်ပြုမှုကို တည်ဆောက်ကြသည်။ ထို့ပြင် ဇကာသ်(ဆင်းရဲသားနှင့် လိုအပ်သူများ၏ဝေစု)ကိုလည်း ပေးဆောင်ကြသည်။ ထို့ပြင် သူတို့သည် တမလွန်ဘဝကိုလည်း ယုံကြည်ကြသည်။ أُوْلَٰٓئِكَ عَلَىٰ هُدًى مِّن رَّبِّهِمۡۖ وَأُوْلَٰٓئِكَ هُمُ ٱلۡمُفۡلِحُونَ ٥သူတို့သည် သူတို့အား ဖန်ဆင်းမွေးမြူတော်မူသော အရှင်မြတ်ထံတော်မှ တရားလမ်းမှန်ပေါ်တွင် ရှိကြသည်။ သူတို့ပင် အောင်မြင်မှုရရှိသူများ ဖြစ်ကြသည်။ وَمِنَ ٱلنَّاسِ مَن يَشۡتَرِي لَهۡوَ ٱلۡحَدِيثِ لِيُضِلَّ عَن سَبِيلِ ٱللَّهِ بِغَيۡرِ عِلۡمٍ وَيَتَّخِذَهَا هُزُوًاۚ أُوْلَٰٓئِكَ لَهُمۡ عَذَابٌ مُّهِينٌ ٦ထို့ပြင် လူများထဲတွင် အသိပညာအထောက်အထားမရှိဘဲ (သူတစ်ပါးအား) အလ္လာဟ်အရှင်မြတ်၏လမ်းမှ လွဲချော်အောင်အတွက်နှင့် ထိုလမ်းကို ပြောင်လှောင်မှုပြုလုပ်ရန်အတွက် အကျိုးမဲ့စကား*ကို ဝယ်ယူသူလည်းရှိသည်။ ထိုသူများအတွက် သေးသိမ်စေသော ပြစ်ဒဏ်ရှိသည်။ وَإِذَا تُتۡلَىٰ عَلَيۡهِ ءَايَٰتُنَا وَلَّىٰ مُسۡتَكۡبِرًا كَأَن لَّمۡ يَسۡمَعۡهَا كَأَنَّ فِيٓ أُذُنَيۡهِ وَقۡرًاۖ فَبَشِّرۡهُ بِعَذَابٍ أَلِيمٍ ٧ထို့ပြင် သူ၏ရှေ့၌ ငါအရှင်မြတ်၏အာယသ်တော်များ ဖတ်ကြားသည့်အခါ သူသည် ထိုအာယသ်တော်များအား မကြားသည့်ပမာနှင့် သူ၏နားနှစ်ဖက်သည် ပင်းနေသကဲ့သို့ မာနထောင်လျက် မျက်နှာလွှဲသွားသည်။ သို့ဖြစ်ရာ အသင်(တမန်တော်)သည် သူ့အား နာကျင်စေသည့်ပြစ်ဒဏ်နှင့်ပတ်သက်သော သတင်းကိုပြောလိုက်ပါ။ إِنَّ ٱلَّذِينَ ءَامَنُواْ وَعَمِلُواْ ٱلصَّٰلِحَٰتِ لَهُمۡ جَنَّٰتُ ٱلنَّعِيمِ ٨အမှန်စင်စစ် အီမာန်ယုံကြည်၍ ကောင်းမြတ်သည့်လုပ်ရပ်များအား ပြုလုပ်ကြသူများအတွက် စည်းစိမ်ချမ်းသာနှင့်ပြည့်စုံသော ဥယျာဉ်များရှိသည်။ خَٰلِدِينَ فِيهَاۖ وَعۡدَ ٱللَّهِ حَقًّاۚ وَهُوَ ٱلۡعَزِيزُ ٱلۡحَكِيمُ ٩(သူတို့သည်) ထိုဥယျာဉ်များတွင် အမြဲနေကြရမည်။ အလ္လာဟ်အရှင်မြတ်သည် အရှင်မြတ်၏ကတိတော်ကို မှန်ကန်စွာ ပြုတော်မူထားသည်။ ထို့ပြင် အရှင်မြတ်သည် တန်ခိုးတော်နှင့် အလွန်လွှမ်းမိုးတော်မူသောအရှင်၊ ဉာဏ်အမြော်အမြင်နှင့်အလွန်ပြည့်စုံတော်မူသောအရှင် ဖြစ်တော်မူသည်။ خَلَقَ ٱلسَّمَٰوَٰتِ بِغَيۡرِ عَمَدٍ تَرَوۡنَهَاۖ وَأَلۡقَىٰ فِي ٱلۡأَرۡضِ رَوَٰسِيَ أَن تَمِيدَ بِكُمۡ وَبَثَّ فِيهَا مِن كُلِّ دَآبَّةٍۚ وَأَنزَلۡنَا مِنَ ٱلسَّمَآءِ مَآءً فَأَنۢبَتۡنَا فِيهَا مِن كُلِّ زَوۡجٍ كَرِيمٍ ١٠အရှင်မြတ်သည် မိုးကောင်းကင်များအား အသင်တို့ တွေ့မြင်နိုင်သည့်တိုင်များမပါဘဲ ဖန်ဆင်းတော်မူခဲ့သည်။ ထို့ပြင် အရှင်မြတ်သည် မြေပထဝီတွင် ထိုမြေသည် အသင်တု့ိနှင့် ယိုင်မသွားစေရန် တောင်များအား (ကျောက်ဆူးကဲ့သို့)ချထားတော်မူခဲ့သည်။ ထို့ပြင် အရှင်မြတ်သည် ထိုမြေပေါ်တွင် သတ္တဝါအမျိုးမျိုးအား ပြန့်ပွားစေတော်မူခဲ့သည်။ ထို့ပြင် ငါအရှင်မြတ်သည် မိုးကောင်းကင်မှ မိုးရေကို ချပေးတော်မူပြီးနောက် ထိုမြေတွင် ကောင်းမြတ်သော(အပင်)အမျိုးမျိုးကို ပေါက်ရောက်စေတော်မူခဲ့သည်။ هَٰذَا خَلۡقُ ٱللَّهِ فَأَرُونِي مَاذَا خَلَقَ ٱلَّذِينَ مِن دُونِهِۦۚ بَلِ ٱلظَّٰلِمُونَ فِي ضَلَٰلٍ مُّبِينٍ ١١ဤအရာများသည် အလ္လာဟ်အရှင်မြတ်၏ ဖန်ဆင်းမှုများပင်ဖြစ်သည်။ သို့ဖြစ်ရာ အသင်တို့သည် အလ္လာဟ်အရှင်မြတ်မှလွဲ၍ တခြားသူများက မည်သည့်အရာများအား ဖန်ဆင်းခဲ့ကြသနည်းဆိုသည်ကို ငါ့အား ပြကြပါ။ ထိုသို့မဟုတ်ပေ၊ အမှန်စင်စစ် မတရားသူများသည် ထင်ရှားသော လမ်းလွဲမှုထဲတွင် ရှိနေကြခြင်းဖြစ်သည်။ وَلَقَدۡ ءَاتَيۡنَا لُقۡمَٰنَ ٱلۡحِكۡمَةَ أَنِ ٱشۡكُرۡ لِلَّهِۚ وَمَن يَشۡكُرۡ فَإِنَّمَا يَشۡكُرُ لِنَفۡسِهِۦۖ وَمَن كَفَرَ فَإِنَّ ٱللَّهَ غَنِيٌّ حَمِيدٌ ١٢ထို့ပြင် အမှန်ပင် ငါအရှင်မြတ်သည် လွတ်က်မာန်ကို ဉာဏ်ပညာ အမြော်အမြင်ပေးသနားတော်မူခဲ့သည်။* (သို့ဖြစ်ရာ)အသင်သည် အလ္လာဟ်အရှင်မြတ်အား ကျေးဇူးတင်ပါ။* ထို့ပြင် မည်သူမဆို ကျေးဇူးတင်လျှင် မိမိအတွက် ကျေးဇူးတင်ခြင်းသာဖြစ်သည်။ ထို့ပြင် မည်သူမဆို ကျေးဇူးကန်းခဲ့လျှင် အမှန်စင်စစ် အလ္လာဟ်အရှင်မြတ်သည် လိုလားတောင့်တခြင်းကင်းပြီး ပြည့်စုံကြွယ်ဝတော်မူသောအရှင်၊ ချီးမွမ်းခြင်းခံထိုက်တော်မူသောအရှင်ဖြစ်တော်မူသည်။ (ထိုကျေးဇူးကန်းခြင်းသည် အလ္လာဟ်အရှင်မြတ်အား မည်သို့မျှ ထိခိုက်နစ်နာစေမည်မဟုတ်ပေ။) وَإِذۡ قَالَ لُقۡمَٰنُ لِٱبۡنِهِۦ وَهُوَ يَعِظُهُۥ يَٰبُنَيَّ لَا تُشۡرِكۡ بِٱللَّهِۖ إِنَّ ٱلشِّرۡكَ لَظُلۡمٌ عَظِيمٌ ١٣ထို့ပြင် တစ်ခါက လွတ်က်မာန်သည် သူ၏သားကို (ဤသို့)ဆုံးမလျက် သူက ပြောဆိုခဲ့သည်၊ “အို- ချစ်သား၊ အသင်သည် အလ္လာဟ်အရှင်မြတ်နှင့် တွဲဖက်ကိုးကွယ်မှု မပြုနှင့်။ အမှန်စင်စစ် တွဲဖက်ကိုးကွယ်ခြင်းသည် အမှန်ပင် ကြီးလေးသောမတရားမှုဖြစ်သည်။“ وَوَصَّيۡنَا ٱلۡإِنسَٰنَ بِوَٰلِدَيۡهِ حَمَلَتۡهُ أُمُّهُۥ وَهۡنًا عَلَىٰ وَهۡنٍ وَفِصَٰلُهُۥ فِي عَامَيۡنِ أَنِ ٱشۡكُرۡ لِي وَلِوَٰلِدَيۡكَ إِلَيَّ ٱلۡمَصِيرُ ١٤ထို့ပြင် ငါအရှင်မြတ်သည် လူသားအား သူ၏မိဘနှစ်ပါးနှင့်ပတ်သက်၍ အမိန့်ပေးတော်မူခဲ့သည်။ သူ၏မိခင်သည် ချည့်နဲ့မှုအပေါ်တွင် ချည့်နဲ့မှုနှင့် သူ့အား လွယ်ပိုက်ထားခဲ့သည်။ ထို့ပြင် ၂နှစ်ရောက်သည့်အခါ(မှသာလျှင်) နို့ဖြတ်သည်။ (သို့ဖြစ်ရာ) အသင်သည် ငါအရှင်မြတ်နှင့် အသင်၏မိဘနှစ်ပါးအား ကျေးဇူးတင်ပါ။ (အသင်၏)ပြန်လှည့်ရာဌာနသည် ငါအရှင်မြတ်ထံတော်၌သာဖြစ်သည်။ وَإِن جَٰهَدَاكَ عَلَىٰٓ أَن تُشۡرِكَ بِي مَا لَيۡسَ لَكَ بِهِۦ عِلۡمٌ فَلَا تُطِعۡهُمَاۖ وَصَاحِبۡهُمَا فِي ٱلدُّنۡيَا مَعۡرُوفًاۖ وَٱتَّبِعۡ سَبِيلَ مَنۡ أَنَابَ إِلَيَّۚ ثُمَّ إِلَيَّ مَرۡجِعُكُمۡ فَأُنَبِّئُكُم بِمَا كُنتُمۡ تَعۡمَلُونَ ١٥ထို့ပြင် အကယ်၍ အသင်၏မိဘနှစ်ပါးက အသင့်တွင် အထောက်အထားမရှိသည့်အရာတစ်စုံတစ်ခုကို ငါအရှင်မြတ်နှင့် တွဲဖက်ကိုးကွယ်ရန်မ အသင့်အား အကျပ်ကိုင်ကြိုးစားခဲ့လျှင် အသင်သည် ထိုမိဘနှစ်ပါး၏(ထို)အမိန့်ကို မနာခံနှင့်။* ထို့ပြင် အသင်သည် ဤဘဝတွင် ထိုမိဘနှစ်ပါးနှင့် ကောင်းမွန်စွာ ဆက်ဆံပါ။ ထို့ပြင် အသင်သည် ငါအရှင်မြတ်ဘက်သို့ တစ်စိတ်တစ်လက်နှင့် ပြန်လှည့်သူ၏လမ်းစဉ်ကို လိုက်နာပါ။ ထို့နောက် အသင်တို့သည် ငါအရှင်မြတ်ထံတော်သို့ ပြန်လှည့်လာကြရမည်ဖြစ်သည်။ ထို့နောက် ငါအရှင်မြတ်သည် အသင်တို့ပြုလုပ်ခဲ့သည်များကို အသင်တို့အား အသိပေးတော်မူမည်ဖြစ်သည်။ يَٰبُنَيَّ إِنَّهَآ إِن تَكُ مِثۡقَالَ حَبَّةٍ مِّنۡ خَرۡدَلٍ فَتَكُن فِي صَخۡرَةٍ أَوۡ فِي ٱلسَّمَٰوَٰتِ أَوۡ فِي ٱلۡأَرۡضِ يَأۡتِ بِهَا ٱللَّهُۚ إِنَّ ٱللَّهَ لَطِيفٌ خَبِيرٌ ١٦(လွတ်က်မာန်က မိမိသားကို ဆုံးမသည်မှာ)အို- ချစ်သား၊ အမှန်စင်စစ် (အကောင်း သို့မဟုတ် အဆိုး)လုပ်ရပ်တစ်စုံတစ်ခုသည် မုန်ညှင်းစေ့ခန့်မျှသာဖြစ်ပြီး၊ ကျောက်ဆောင်တစ်စုံတစ်ခုတွင်ရှိနေသည်ဖြစ်စေ၊ မိုးကောင်းကင်များတွင် ရှိသည်ဖြစ်စေ၊ မြေကြီးအတွင်း၌ ရှိနေသည်ဖြစ်စေ အလ္လာဟ်အရှင်မြတ်သည် ထိုလုပ်ရပ်ကို (အရှင်မြတ်ရှေ့၌) အသင့်ရောက်စေတော်မူမည်ပင် ဖြစ်သည်။* အမှန်စင်စစ် အလ္လာဟ်အရှင်မြတ်သည် အလွန်သိမ်မွေ့တော်မူသောအရှင်၊ အကြွင်းမဲ့ကြားသိတော်မူသောအရှင် ဖြစ်တော်မူသည်။ يَٰبُنَيَّ أَقِمِ ٱلصَّلَوٰةَ وَأۡمُرۡ بِٱلۡمَعۡرُوفِ وَٱنۡهَ عَنِ ٱلۡمُنكَرِ وَٱصۡبِرۡ عَلَىٰ مَآ أَصَابَكَۖ إِنَّ ذَٰلِكَ مِنۡ عَزۡمِ ٱلۡأُمُورِ ١٧အို- ချစ်သား၊ အသင်သည် စွလာသ်ဝတ်ပြုမှုကို တည်ဆောက်ပါ။ ထို့ပြင် အသင်သည် ကောင်းမှုနှင့်ပတ်သက်၍ ညွှန်ကြားပါ။ ထို့ပြင် အသင်သည် မကောင်းမှုမှ တားမြစ်ပါ။ ထို့ပြင် အသင်သည် အသင့်တွင် ကျရောက်သည့်ဒုက္ခအပေါ်တွင် ကြံ့ကြံ့ခံပါ။ အမှန်စင်စစ် ထိုအရာသည် ဇွဲသတ္တိနှင့်ဆိုင်သော အမှုကိစ္စများထဲမှပင်ဖြစ်သည်။ وَلَا تُصَعِّرۡ خَدَّكَ لِلنَّاسِ وَلَا تَمۡشِ فِي ٱلۡأَرۡضِ مَرَحًاۖ إِنَّ ٱللَّهَ لَا يُحِبُّ كُلَّ مُخۡتَالٍ فَخُورٍ ١٨ထို့ပြင် အသင်သည် လူများရှေ့၌ အသင်၏မျက်နှာကို (မျက်နှာချင်းမဆိုင်ချင်သည့်ပုံစံမျိုးနှင့်) လှည့်မထားနှင့်။ ထို့ပြင် အသင်သည် မြေပေါ်တွင် မော်ကြွားပြီး လမ်းမလျှောက်နှင့်။ အမှန်စင်စစ် အလ္လာဟ်အရှင်မြတ်သည် မည်သည့်အထင်ကြီးသူ၊ ဂုဏ်မောက်သူကိုမှ နှစ်သက်တော်မမူပေ။ وَٱقۡصِدۡ فِي مَشۡيِكَ وَٱغۡضُضۡ مِن صَوۡتِكَۚ إِنَّ أَنكَرَ ٱلۡأَصۡوَٰتِ لَصَوۡتُ ٱلۡحَمِيرِ ١٩ထို့ပြင် အသင်သည် အသင်၏လမ်းလျှောက်မှုတွင် အလယ်အလတ်ပြုလုပ်ပါ။ (သိက္ခာစောင့်စည်းပါ)။ ထို့ပြင် အသင်သည် အသင်၏အသံကို နှိမ့်ချပါ။ အမှန်စင်စစ် စက်ဆုပ်ဖွယ်အဖြစ်ဆုံးအသံကမူ မြည်း၏အသံပင်ဖြစ်သည်။ أَلَمۡ تَرَوۡاْ أَنَّ ٱللَّهَ سَخَّرَ لَكُم مَّا فِي ٱلسَّمَٰوَٰتِ وَمَا فِي ٱلۡأَرۡضِ وَأَسۡبَغَ عَلَيۡكُمۡ نِعَمَهُۥ ظَٰهِرَةً وَبَاطِنَةًۗ وَمِنَ ٱلنَّاسِ مَن يُجَٰدِلُ فِي ٱللَّهِ بِغَيۡرِ عِلۡمٍ وَلَا هُدًى وَلَا كِتَٰبٍ مُّنِيرٍ ٢٠အသင်တို့သည် မမြင်ခဲ့ကြသလော၊ အမှန်စင်စစ အလ္လာဟ်အရှင်မြတ်သည် အသင်တို့(အကျိုး)အတွက် ကောင်းကင်များတွင်ရှိသောအရာများနှင့် မြေပထဝီတွင်ရှိသောအရာများကို အသုံးချထားတော်မူခဲ့သည်။* ထို့ပြင် အရှင်မြတ်သည် အရှင်မြတ်၏မြင်သာသော ကျေးဇူးတော်များနှင့် မမြင်သာသောကျေးဇူးတော်များအား* အသင်တို့အပေါ်တွင် ပြည့်စုံစွာ ချပေးတော်မူခဲ့သည်။ ထို့ပြင် လူများထဲမှ အချို့သည် မည်သည့်ပညာမှမရှိ၊ မည်သည့်လမ်းညွှန်မှုမှမရှိ၊ မည်သည့်ထွန်းလင်းသည့်ကျမ်းမှ မရှိဘဲလျက် အလ္လာဟ်အရှင်မြတ်(တစ်ပါးတည်းသာ ကိုးကွယ်ခြင်းခံထိုက်မှု)နှင့်ပတ်သက်၍ အငြင်းအခုံ ပြုလုပ်လေ့ရှိကြသည်။ وَإِذَا قِيلَ لَهُمُ ٱتَّبِعُواْ مَآ أَنزَلَ ٱللَّهُ قَالُواْ بَلۡ نَتَّبِعُ مَا وَجَدۡنَا عَلَيۡهِ ءَابَآءَنَآۚ أَوَلَوۡ كَانَ ٱلشَّيۡطَٰنُ يَدۡعُوهُمۡ إِلَىٰ عَذَابِ ٱلسَّعِيرِ ٢١ထို့ပြင် သူတို့အား အသင်တို့သည် အလ္လာဟ်အရှင်မြတ်ချပေးသနားတော်မူခဲ့သည်ကို လိုက်နာကြပါဟု ပြောခဲ့လျှင်၊ သူတို့က ထိုသို့မဟုတ်ပေ၊ အမှန်စင်စစ် ကျွန်ုပ်တို့သည် ကျွန်ုပ်တို့၏ အဘ၊ ဘိုး၊ ဘေးများ လိုက်နာခဲ့ကြသည်ကို တွေ့ရှိကြရသည့်လမ်းစဉ်ကိုပင် ကျွန်ုပ်တို့ လိုက်နာကြမည်ဟု ဖြေကြားခဲ့သည်။ ထိုအဘ၊ ဘိုး၊ ဘေးများကို ရှိုင်သွာန်သည် ငရဲဘုံ၏ပြစ်ဒဏ်ဘက်သို့ ဖိတ်ခေါ်နေသည်ဆိုလျှင်လည်း (သူတို့သည် ထိုသူများ၏လမ်းစဉ်ကို လိုက်နာကြဦးမည်လော)။ ۞ وَمَن يُسۡلِمۡ وَجۡهَهُۥٓ إِلَى ٱللَّهِ وَهُوَ مُحۡسِنٌ فَقَدِ ٱسۡتَمۡسَكَ بِٱلۡعُرۡوَةِ ٱلۡوُثۡقَىٰۗ وَإِلَى ٱللَّهِ عَٰقِبَةُ ٱلۡأُمُورِ ٢٢ထို့ပြင် မည်သူမဆို (အမှန်နောက်လိုက်ပြီး) မိမိ၏ဦးတည်ချက်ကို အလ္လာဟ်အရှင်မြတ်ဘက်သို့ လှည့်၍(လိုက်နာမှုပြုလျှင်) ထိုသူသည် (စိတ်ထားကောင်းမွန်စွာဖြင့်) ကောင်းကျိုးဆောင်ရွက်သူလည်းဖြစ်လျှင် အမှန်စင်စစ် ထိုသူသည် ခိုင်မြဲသောကြိုးကွင်းကို ဆွဲကိုင်ထားလိုက်ပြီဖြစ်သည်။ ထို့ပြင် ကိစ္စဟူသမျှ၏အဆုံးရလဒ်သည် အလ္လာဟ်အရှင်မြတ်ထံတော်၌သာ ဖြစ်သည်။ وَمَن كَفَرَ فَلَا يَحۡزُنكَ كُفۡرُهُۥٓۚ إِلَيۡنَا مَرۡجِعُهُمۡ فَنُنَبِّئُهُم بِمَا عَمِلُوٓاْۚ إِنَّ ٱللَّهَ عَلِيمُۢ بِذَاتِ ٱلصُّدُورِ ٢٣ထို့ပြင် မည်သူမဆို ငြင်းပယ်ခဲ့လျှင်၊ သူ၏ငြင်းပယ်မှုကြောင့် အသင်(တမန်တော်)မပူဆွေးပါနှင့်။ သူတို့ ပြန်လည်ရာသည် ငါအရှင်မြတ်ထံတော်၌သာ ဖြစ်သည်။ ထို့နောက် ငါအရှင်မြတ်သည် သူတို့ပြုလုပ်ခဲ့သည်များကို အသိပေးတော်မူမည်ဖြစ်သည်။ အမှန်စင်စစ် အလ္လာဟ်အရှင်မြတ်သည် စိတ်နှလုံးများထဲတွင် (လျှို့ဝှက်ထား)ရှိသည်များကို အကြွင်းမဲ့သိတော်မူသောအရှင်ဖြစ်တော်မူသည်။ نُمَتِّعُهُمۡ قَلِيلًا ثُمَّ نَضۡطَرُّهُمۡ إِلَىٰ عَذَابٍ غَلِيظٍ ٢٤ငါအရှင်မြတ်သည် သူတို့အား အချိန်အနည်းငယ်ပင် အကျိုးခံစားခွင့်ပေးတော်မူသည်။ ထို့နောက် ငါအရှင်မြတ်သည် သူတို့အား ပြင်းထန်သော ပြစ်ဒဏ်ထံသို့ မလွဲမသွေ မောင်းနှင်ပို့ဆောင်တော်မူမည် ဖြစ်သည်။ وَلَئِن سَأَلۡتَهُم مَّنۡ خَلَقَ ٱلسَّمَٰوَٰتِ وَٱلۡأَرۡضَ لَيَقُولُنَّ ٱللَّهُۚ قُلِ ٱلۡحَمۡدُ لِلَّهِۚ بَلۡ أَكۡثَرُهُمۡ لَا يَعۡلَمُونَ ٢٥ထို့ပြင် အကယ်၍ အသင်သည် သူတို့အား မိုးကောင်းကင်များနှင့် မြေပထဝီကို မည်သူဖန်ဆင်းခဲ့သနည်းဟု မေးလျှင် အမှန်စင်စစ် သူတို့က အလ္လာဟ်အရှင်မြတ်ပင်ဟု ပြောဆိုကြလိမ့်မည်။ (အို- တမန်တော်)အသင်ပြောလိုက်ပါ- ချီးမွမ်းခြင်းအပေါင်းသည် အလ္လာဟ်အရှင်မြတ်အတွက်ပင် ဖြစ်သည်။ သို့ရာတွင် သူတို့ထဲမှ အများစုသည် အသိမရှိကြပေ။ لِلَّهِ مَا فِي ٱلسَّمَٰوَٰتِ وَٱلۡأَرۡضِۚ إِنَّ ٱللَّهَ هُوَ ٱلۡغَنِيُّ ٱلۡحَمِيدُ ٢٦မိုးကောင်းကင်တွင် ရှိသမျှနှင့် မြေပထဝီတွင် ရှိသမျှသည် အလ္လာဟ်အရှင်မြတ်ပိုင်ဆိုင်သည့်အရာများသာလျှင် ဖြစ်သည်။ အမှန်စင်စစ် အလ္လာဟ်အရှင်မြတ်သည် လိုလားတောင့်တခြင်းကင်းပြီး ပြည့်စုံကြွယ်ဝတော်မူသောအရှင်၊ ချီးမွမ်းခြင်းခံထိုက်တော်မူသောအရှင် ဖြစ်တော်မူသည်။ وَلَوۡ أَنَّمَا فِي ٱلۡأَرۡضِ مِن شَجَرَةٍ أَقۡلَٰمٌ وَٱلۡبَحۡرُ يَمُدُّهُۥ مِنۢ بَعۡدِهِۦ سَبۡعَةُ أَبۡحُرٍ مَّا نَفِدَتۡ كَلِمَٰتُ ٱللَّهِۚ إِنَّ ٱللَّهَ عَزِيزٌ حَكِيمٌ ٢٧ထို့ပြင် အကယ်၍ မြေပထဝီတွင် ရှိသမျှသစ်ပင်များသည် ကလောင်များဖြစ်၍ ပင်လယ်သည် (မင်ဖြစ်ကာ ထိုပင်လယ်ကုန်ခန်းသွားပြီးနောက်) ပင်လယ်ခုနစ်ခုသည် ထို(ခန်းခြောက်သွားသည့်)ပင်လယ်အား ထပ်ဖြည့်လျှင်လည်း အလ္လာဟ်အရှင်မြတ်၏စကားတော်များသည် ကုန်ဆုံးမည်မဟုတ်ပေ။* အမှန်စင်စစ် အလ္လာဟ်အရှင်မြတ်သည် တန်ခိုးတော်နှင့် အလွန်လွှမ်းမိုးတော်မူသောအရှင်၊ ပညာဉာဏ်အမြော်အမြင်နှင့် အလွန်ပြည့်စုံတော်မူသောအရှင် ဖြစ်တော်မူသည်။ مَّا خَلۡقُكُمۡ وَلَا بَعۡثُكُمۡ إِلَّا كَنَفۡسٍ وَٰحِدَةٍۚ إِنَّ ٱللَّهَ سَمِيعُۢ بَصِيرٌ ٢٨အသင်တို့အား ဖန်ဆင်းမွေးမြူတော်မူခြင်းနှင့် အသင်တို့အား ရှင်ပြန်ထစေတော်မူခြင်းသည် လူတစ်ယောက်(ကို ဖန်ဆင်းတော်မူပြီး ရှင်ပြန်ထအောင်ပြုလုပ်သ)ကဲ့သို့ဖြစ်သည်။ (အရှင်မြတ်အတွက် မည်သို့မျှ ခက်ခဲမှုမရှိပေ။) အမှန်စင်စစ် အလ္လာဟ်အရှင်မြတ်သည် အကြွင်းမဲ့ကြားတော်မူသောအရှင်၊ အကြွင်းမဲ့မြင်တော်မူသောအရှင် ဖြစ်တော်မူသည်။ أَلَمۡ تَرَ أَنَّ ٱللَّهَ يُولِجُ ٱلَّيۡلَ فِي ٱلنَّهَارِ وَيُولِجُ ٱلنَّهَارَ فِي ٱلَّيۡلِ وَسَخَّرَ ٱلشَّمۡسَ وَٱلۡقَمَرَۖ كُلٌّ يَجۡرِيٓ إِلَىٰٓ أَجَلٍ مُّسَمًّى وَأَنَّ ٱللَّهَ بِمَا تَعۡمَلُونَ خَبِيرٌ ٢٩အသင် မသိမြင်ခဲ့သလော၊ အမှန်စင်စစ် အလ္လာဟ်အရှင်မြတ်သည် ည(၏အစိတ်အပိုင်းများ)ကို နေ့ထဲတွင်၊ နေ့(၏အစိတ်အပိုင်းများ)ကို ညထဲတွင် ဝင်စေတော်မူခဲ့သည်။ (သို့ဖြစ်ရာ ညတာ တိုခြင်း ရှည်ခြင်း၊ နေ့တာ တိုခြင်း ရှည်ခြင်း ဖြစ်ပေါ်လာရသည်)။ ထို့ပြင် အရှင်မြတ်သည် နေနှင့်လကို နိုင်နင်းစေတော်မူခဲ့သည်။ သူတို့တစ်ခုစီသည် သတ်မှတ်ပြဋ္ဌာန်းထားသော အချိန်အထိ သွားလာလှုပ်ရှားနေကြမည်ဖြစ်သည်။ ထို့ပြင် အမှန်စင်စစ် အလ္လာဟ်အရှင်မြတ်သည် အသင်တို့ပြုလုပ်သမျှကို အကြွင်းမဲ့ကြားသိတော်မူသောအရှင်မြတ် ဖြစ်တော်မူသည်။ ذَٰلِكَ بِأَنَّ ٱللَّهَ هُوَ ٱلۡحَقُّ وَأَنَّ مَا يَدۡعُونَ مِن دُونِهِ ٱلۡبَٰطِلُ وَأَنَّ ٱللَّهَ هُوَ ٱلۡعَلِيُّ ٱلۡكَبِيرُ ٣٠ဤ(အစီစဉ်များဖြစ်နေသည့်အကြောင်းရင်း)ကမူ အမှန်စင်စစ် အလ္လာဟ်အရှင်မြတ် (တည်ရှိနေသည်မှာ) မှန်ကန်သည့်အတွက်ကြောင့်ဖြစ်သည်။ ထို့ပြင် အရှင်မြတ်မှလွဲ၍ သူတို့ ဟစ်ခေါ်နေသည့်အရာများသည် မုချ မှားသည့်အတွက်ကြောင့်ဖြစ်သည်။ ထို့ပြင် အမှန်ပင် အလ္လာဟ်အရှင်မြတ်သည် အလွန်မြင့်မားတော်မူသောအရှင်၊ အလွန်ကြီးကျယ် ထူးကဲမြင့်မြတ်တော်မူသောအရှင် ဖြစ်တော်မူသည့်အတွက်ကြောင့်ပင်ဖြစ်သည်။ أَلَمۡ تَرَ أَنَّ ٱلۡفُلۡكَ تَجۡرِي فِي ٱلۡبَحۡرِ بِنِعۡمَتِ ٱللَّهِ لِيُرِيَكُم مِّنۡ ءَايَٰتِهِۦٓۚ إِنَّ فِي ذَٰلِكَ لَأٓيَٰتٍ لِّكُلِّ صَبَّارٍ شَكُورٍ ٣١အမှန်စင်စစ် အလ္လာဟ်အရှင်မြတ်၏ကျေးဇူးတော်ဖြင့် ပင်လယ်ထဲတွင် ရွက်သဘေင်္ာများ သွားလာလှုပ်ရှားနေကြခြင်းသည် အရှင်မြတ်က အသင်တို့အား အရှင်မြတ်၏အချို့သက်သေသာဓကများကို ပြသတော်မူရန်အတွက်ဖြစ်ကြောင်း အသင် မမြင်ခဲ့လေသလော။ အမှန်စင်စစ် ထိုအထဲတွင် အလွန်သည်းခံသော အလွန်ကျေးဇူးသိတတ်သော သူတိုင်းအတွက် အမှန်ပင် သက်သေသာဓကများ ရှိသည်။ وَإِذَا غَشِيَهُم مَّوۡجٌ كَٱلظُّلَلِ دَعَوُاْ ٱللَّهَ مُخۡلِصِينَ لَهُ ٱلدِّينَ فَلَمَّا نَجَّىٰهُمۡ إِلَى ٱلۡبَرِّ فَمِنۡهُم مُّقۡتَصِدٌۚ وَمَا يَجۡحَدُ بِـَٔايَٰتِنَآ إِلَّا كُلُّ خَتَّارٍ كَفُورٍ ٣٢ထို့ပြင် သူတို့အား လှိုင်းများသည် အရိပ်များ(အမိုးများ)ကဲ့သို့ လွှမ်းမိုးသည့်အခါ သူတို့သည် ယုံကြည်ချက်ကို အရှင်မြတ်တစ်ပါးတည်းအတွက်သာ သီးသန့်ပြုလုပ်ကြသည့်သူများအဖြစ်နှင့် အလ္လာဟ်အရှင်မြတ်အား ဟစ်ခေါ်တသကြသည်။ ထို့နောက် ငါအရှင်မြတ်က သူတို့အား ကယ်တင်ပြီး ကုန်းပေါ်သို့ပို့လိုက်သည့်အခါ သူတို့ထဲမှ အချို့ကမူ အလယ်အလတ်လမ်းစဉ်ကို လိုက်ကြသည်။ ထို့ပြင် ငါအရှင်မြတ်၏အာယသ်တော် (ထင်ရှားသောကျေးဇူးတော်)များကို ကျေးဇူးကန်းကတိဖောက်ဖျက်သည့်သူတွေသာ ငြင်းပယ်လေ့ရှိကြသည်။ يَٰٓأَيُّهَا ٱلنَّاسُ ٱتَّقُواْ رَبَّكُمۡ وَٱخۡشَوۡاْ يَوۡمًا لَّا يَجۡزِي وَالِدٌ عَن وَلَدِهِۦ وَلَا مَوۡلُودٌ هُوَ جَازٍ عَن وَالِدِهِۦ شَيۡـًٔاۚ إِنَّ وَعۡدَ ٱللَّهِ حَقٌّۖ فَلَا تَغُرَّنَّكُمُ ٱلۡحَيَوٰةُ ٱلدُّنۡيَا وَلَا يَغُرَّنَّكُم بِٱللَّهِ ٱلۡغَرُورُ ٣٣အို- လူသားအပေါင်းတို့၊ အသင်တို့သည် အသင်တို့အား ဖန်ဆင်းမွေးမြူတော်မူသော အရှင်မြတ်အား ကြောက်ရွံ့ကြပါ။ ထို့ပြင် အသင်တို့သည် မည်သည့်ဖခင်တစ်ဦးကမှ သူ၏သားအတွက် အထောက်အကူမပြုနိုင်သည့်အပြင်၊ မည်သည့်သားတစ်ဦးကမှလည်း သူ၏ဖခင်အတွက် အထောက်အကူပြုနိုင်မည်မဟုတ်သည့်နေ့အား စိုးရိမ်ကြပါ။* အမှန်စင်စစ် အလ္လာဟ်အရှင်မြတ်၏ ကတိတော်သည် မှန်ကန်သည်။ သို့ဖြစ်ရာ ဤဘဝတွင် အသက်ရှင်ခြင်းက အသင်တို့အား လုံးဝ မလှည့်ဖြားစေနှင့်။ ထို့ပြင် ထိုလှည့်စားသူ (ရှိုင်သွာန်)သည်လည်း အသင်တို့အား အလ္လာဟ်အရှင်မြတ်နှင့်ပတ်သက်၍ မလှည့်ဖြားစေနှင့်။ إِنَّ ٱللَّهَ عِندَهُۥ عِلۡمُ ٱلسَّاعَةِ وَيُنَزِّلُ ٱلۡغَيۡثَ وَيَعۡلَمُ مَا فِي ٱلۡأَرۡحَامِۖ وَمَا تَدۡرِي نَفۡسٌ مَّاذَا تَكۡسِبُ غَدًاۖ وَمَا تَدۡرِي نَفۡسُۢ بِأَيِّ أَرۡضٍ تَمُوتُۚ إِنَّ ٱللَّهَ عَلِيمٌ خَبِيرُۢ ٣٤အမှန်စင်စစ် ရှင်ပြန်ထမည့်နေ့၏အသိသည် အလ္လာဟ်အရှင်မြတ်၌ပင် ရှိသည်။ ထို့ပြင် အရှင်မြတ်ပင် မိုးရေကို ရွာချပေးတော်မူသည်။ ထို့ပြင် (မိခင်များ၏) သားအိမ်များတွင် မည်သည့်အရာများရှိသည်ဆိုသည်ကိုလည်း အရှင်မြတ်ပင်သိတော်မူသည်။ ထို့ပြင် မည်သူမျှ နက်ဖြန်တွင် သူမည်သည့်အရာပြုလုပ်မည်ကို မသိပေ။ ထို့ပြင် မည်သူမျှ မည်သည့်နေရာတွင် သူသေဆုံးမည်ကို မသိပေ။ အမှန်စင်စစ် အလ္လာဟ်အရှင်မြတ်ပင် အကြွင်းမဲ့သိတော်မူသောအရှင်၊ အကြွင်းမဲ့ကြားသိတော်မူသောအရှင် ဖြစ်တော်မူသည်။