بِسۡمِ ٱللَّهِ ٱلرَّحۡمَٰنِ ٱلرَّحِيمِ
الٓمٓ ١အလိဖ် လာမ် မီမ်။ تَنزِيلُ ٱلۡكِتَٰبِ لَا رَيۡبَ فِيهِ مِن رَّبِّ ٱلۡعَٰلَمِينَ ٢ကျမ်းဂန်ကို ချပေးခြင်းသည် စကြဝဠာအပေါင်းအား ဖန်ဆင်းမွေးမြူတော်မူသော အရှင်မြတ်ထံတော်မှ ဖြစ်သည်။ ထိုအထဲတွင် သံသယဖြစ်ဖွယ်ရာ မရှိပေ။ أَمۡ يَقُولُونَ ٱفۡتَرَىٰهُۚ بَلۡ هُوَ ٱلۡحَقُّ مِن رَّبِّكَ لِتُنذِرَ قَوۡمًا مَّآ أَتَىٰهُم مِّن نَّذِيرٍ مِّن قَبۡلِكَ لَعَلَّهُمۡ يَهۡتَدُونَ ٣သူတို့က ၎င်း(တမန်တော်)သည် ဤကျမ်းကို လုပ်ကြံဖန်တီးထားသည်ဟု ဆိုကြသလော။ ထိုသို့မဟုတ်၊ အမှန်စင်စစ် ဤကျမ်းသည် အသင်၏မတိုင်မီက သတိပေးနှိုးဆော်သူတစ်ဦးမျှ လာရောက်ခြင်းမရှိသေးသော အမျိုးသားများအား သူတို့ တရားလမ်းမှန်ရကြရန်အတွက် အသင် သတိပေးနှိုးဆော်ရန် အသင့်အား ဖန်ဆင်းမွေးမြူတော်မူသော အရှင်မြတ်ထံတော်မှ (ချပေးတော်မူသောကျမ်း) အမှန်ပင်ဖြစ်သည်။ ٱللَّهُ ٱلَّذِي خَلَقَ ٱلسَّمَٰوَٰتِ وَٱلۡأَرۡضَ وَمَا بَيۡنَهُمَا فِي سِتَّةِ أَيَّامٍ ثُمَّ ٱسۡتَوَىٰ عَلَى ٱلۡعَرۡشِۖ مَا لَكُم مِّن دُونِهِۦ مِن وَلِيٍّ وَلَا شَفِيعٍۚ أَفَلَا تَتَذَكَّرُونَ ٤အလ္လာဟ်အရှင်မြတ်သည်ပင် မိုးကောင်းကင်များနှင့်၊ မြေပထဝီအပြင် ထိုနှစ်ခုကြားတွင် ရှိသမျှအရာများကို ခြောက်ရက်(နှင့်ညီမျှသောအချိန်)ဖြင့် ဖန်ဆင်းပြီးနောက် အရှင်မြတ်သည် အရ်ရှ်ပလ္လင်တော်အပေါ်တွင် (၎င်းကို မမှီခိုဘဲ)တည်(ရှိလျက် အရှင်မြတ်နှင့်ထိုက်တန်တော်မူသည့်အတိုင်း စံမြန်းနေ)တော်မူသည်။ အသင်တို့အတွက် ထိုအရှင်မြတ်အပြင် ကူညီမည့်သူနှင့် ကြားဝင်အသနားခံပေးမည့်သူဟူ၍ မည်သူမျှမရှိပေ။ ထို့နောက်လည်း အသင်တို့သည် သတိတရားမရကြလေသလော။ يُدَبِّرُ ٱلۡأَمۡرَ مِنَ ٱلسَّمَآءِ إِلَى ٱلۡأَرۡضِ ثُمَّ يَعۡرُجُ إِلَيۡهِ فِي يَوۡمٍ كَانَ مِقۡدَارُهُۥٓ أَلۡفَ سَنَةٍ مِّمَّا تَعُدُّونَ ٥အရှင်မြတ်သည် မိုးကောင်းကင်မှ မြေပထဝီအထိ ကိစ္စဟူသမျှကို စီမံခန့်ခွဲတော်မူသည်။* ထို့ပြင် ထိုကိစ္စများသည် အသင်တို့ရေတွက်ကြသော အရေအတွက်နှင့် နှစ်ပေါင်းတစ်ထောင်အတိုင်းအတာရှိသည့် နေ့တစ်နေ့တွင်* အရှင်မြတ်ထံတော်သို့ တက်သွားမည်ဖြစ်သည်။ ذَٰلِكَ عَٰلِمُ ٱلۡغَيۡبِ وَٱلشَّهَٰدَةِ ٱلۡعَزِيزُ ٱلرَّحِيمُ ٦အရှင်မြတ်သည် ဖုံးကွယ်နေသည်များနှင့် ထင်ရှားနေသည်များကို သိတော်မူသော တန်ခိုးတော်နှင့် အလွန်လွှမ်းမိုးတော်မူသောအရှင်၊ အလွန်သနားကြင်နာတော်မူသောအရှင် ဖြစ်တော်မူသည်။ ٱلَّذِيٓ أَحۡسَنَ كُلَّ شَيۡءٍ خَلَقَهُۥۖ وَبَدَأَ خَلۡقَ ٱلۡإِنسَٰنِ مِن طِينٍ ٧အရှင်မြတ်သည် အရှင်မြတ်ဖန်ဆင်းတော်မူသောအရာတိုင်းအား အကောင်းဆုံးပြုလုပ်ဖန်ဆင်းတော်မူခဲ့သည်။* ထို့ပြင် အရှင်မြတ်သည် လူသားဖန်ဆင်းခြင်းကို ရွှံ့ညွှန်နှင့် အစပြုတော်မူခဲ့သည်။ ثُمَّ جَعَلَ نَسۡلَهُۥ مِن سُلَٰلَةٍ مِّن مَّآءٍ مَّهِينٍ ٨ထို့နောက် အရှင်မြတ်သည် လူသား၏အဆက်အနွယ်များကို ညှစ်ထုတ်ထားသော (ပန်းထွက်သည့်) အဖိုးမတန်သည့်(သုက်)ရည်ဖြင့် ပြုလုပ်ဖန်ဆင်းတော်မူခဲ့သည်။ ثُمَّ سَوَّىٰهُ وَنَفَخَ فِيهِ مِن رُّوحِهِۦۖ وَجَعَلَ لَكُمُ ٱلسَّمۡعَ وَٱلۡأَبۡصَٰرَ وَٱلۡأَفۡـِٔدَةَۚ قَلِيلًا مَّا تَشۡكُرُونَ ٩ထို့နောက် အရှင်မြတ်သည် သူ့ကို နေသားတကျ ပြုလုပ်တော်မူပြီး (သူ၏ခန္ဓာကိုယ်)ထဲတွင် အရှင်မြတ်ထံတော်မှ အသက်ဝိညာဉ်ကို မှုတ်သွင်းတော်မူခဲ့သည်။ ထို့ပြင် အရှင်မြတ်သည် အသင်တို့အတွက် နား၊ မျက်စိနှင့် စိတ်နှလုံးများကို ပြုလုပ်ပေးသနားတော်မူခဲ့သည်။ (သို့ပါလျက်နှင့်) အသင်တို့သည် အနည်းငယ်သာ ကျေးဇူးတင်ကြသည်။ وَقَالُوٓاْ أَءِذَا ضَلَلۡنَا فِي ٱلۡأَرۡضِ أَءِنَّا لَفِي خَلۡقٍ جَدِيدِۭۚ بَلۡ هُم بِلِقَآءِ رَبِّهِمۡ كَٰفِرُونَ ١٠ထို့ပြင် သူတို့က ပြောဆိုကြသည်- “ကျွန်ုပ်တို့သည် မြေကြီးထဲတွင် ဆွေးမြည့်ပျောက်ကွယ်သွားကြသည့်အခါ အသစ်ပြန် ဖန်ဆင်းခြင်းခံကြရဦးမည်လော။“ အမှန်စင်စစ် သူတို့သည် သူတို့အား ဖန်ဆင်းမွေးမြူတော်မူသော အရှင်မြတ်နှင့် တွေ့ဆုံမှုကိုပင် ငြင်းပယ်သည့်သူများ ဖြစ်ကြသည်။ ۞ قُلۡ يَتَوَفَّىٰكُم مَّلَكُ ٱلۡمَوۡتِ ٱلَّذِي وُكِّلَ بِكُمۡ ثُمَّ إِلَىٰ رَبِّكُمۡ تُرۡجَعُونَ ١١(အို- တမန်တော်)အသင်ပြောလိုက်ပါ- အသင်တို့နှင့်ပတ်သက်၍ ခန့်အပ်ခြင်းခံရသော သေမင်းတမန်သည် အသင်တို့၏အသက်ကို နှုတ်သိမ်းမည်။ ထို့ပြင် အသင်တို့သည် အသင်တို့အား ဖန်ဆင်းမွေးမြူတော်မူသော အရှင်မြတ်ထံတော်သို့ပင် ပြန်ရောက်စေခြင်းကို ခံကြရမည်။ وَلَوۡ تَرَىٰٓ إِذِ ٱلۡمُجۡرِمُونَ نَاكِسُواْ رُءُوسِهِمۡ عِندَ رَبِّهِمۡ رَبَّنَآ أَبۡصَرۡنَا وَسَمِعۡنَا فَٱرۡجِعۡنَا نَعۡمَلۡ صَٰلِحًا إِنَّا مُوقِنُونَ ١٢အကယ်၍ (ထိုနေ့၏မြင်ကွင်းကို) အသင်တွေ့မြင်လျှင် (အဘယ်မျှ အံ့ဩလိုက်မည်နည်း)။ ထိုနေ့တွင် အပြစ်ရှိသူများသည် သူတို့အား ဖန်ဆင်းမွေးမြူတော်မူသော အရှင်မြတ်၏ရှေ့၌ သူတို့၏ဦးခေါင်းများကို ငိုက်စိုက်ချ၍ “အို- ကျွန်ုပ်တို့အား ဖန်ဆင်းမွေးမြူတော်မူသောအရှင်မြတ်၊ (ယခုမူ) ကျွန်ုပ်တို့သည် မြင်လည်းမြင်ကြပြီဖြစ်ပါသည်၊ ကြားလည်းကြားကြပြီဖြစ်ပါသည်။ သို့ဖြစ်ရာ အရှင်မြတ်သည် ကျွန်ုပ်တို့အား (လောကသို့)ပြန်ပို့ပေးတော်မူပါ။ (ဤတစ်ခါမူ) ကျွန်ုပ်တို့သည် ကောင်းမြတ်သောလုပ်ရပ်များကိုသာ ပြုလုပ်ကြပါတော့မည်။ (ယခု) ကျွန်ုပ်တို့သည် အမှန်ပင် ယုံကြည်သူများ ဖြစ်ကြပါပြီ“ဟု ပြောဆိုကြလိမ့်မည်။ وَلَوۡ شِئۡنَا لَأٓتَيۡنَا كُلَّ نَفۡسٍ هُدَىٰهَا وَلَٰكِنۡ حَقَّ ٱلۡقَوۡلُ مِنِّي لَأَمۡلَأَنَّ جَهَنَّمَ مِنَ ٱلۡجِنَّةِ وَٱلنَّاسِ أَجۡمَعِينَ ١٣ထို့ပြင် အကယ်၍ ငါအရှင်မြတ်အလိုရှိတော်မူခဲ့လျှင် လူတိုင်းကို သူတို့၏ လမ်းမှန်ညွှန်ကြားပြသချက် အမှန်ပင် ပေးတော်မူခဲ့မည်ဖြစ်သည်။ သို့ရာတွင် အမှန်စင်စစ် ငါအရှင်မြတ်သည် ဂျဟန္နမ်ငရဲဘုံကို ဂျင်န်များ၊ လူများနှင့် စုပေါင်းပြီး ဖြည့်တော်မူမည်ဟု ငါအရှင်မြတ်ထံတော်မှ အမိန့်တော်သည် စင်စစ် အတည်ဖြစ်သွားခဲ့ပြီဖြစ်သည်။ فَذُوقُواْ بِمَا نَسِيتُمۡ لِقَآءَ يَوۡمِكُمۡ هَٰذَآ إِنَّا نَسِينَٰكُمۡۖ وَذُوقُواْ عَذَابَ ٱلۡخُلۡدِ بِمَا كُنتُمۡ تَعۡمَلُونَ ١٤“ယခုမူ အသင်တို့သည် အသင်တို့၏ ဤနေ့ဤရက်တွင် တွေ့ဆုံကြရမည်ကို မေ့နေခဲ့ခြင်း၏အရသာကို မြည်းစမ်းကြပါ။ ငါအရှင်မြတ်သည်လည်း အသင်တို့အား မေ့ထားတော်မူလိုက်ပြီဖြစ်သည်။ ထို့ပြင် အသင်တို့သည် အသင်တို့ပြုလုပ်ခဲ့ကြသော လုပ်ရပ်များကြောင့် ထာဝရ ပြစ်ဒဏ်၏အရသာကို မြည်းစမ်းလိုက်ကြပါ။“ إِنَّمَا يُؤۡمِنُ بِـَٔايَٰتِنَا ٱلَّذِينَ إِذَا ذُكِّرُواْ بِهَا خَرُّواْۤ سُجَّدًاۤ وَسَبَّحُواْ بِحَمۡدِ رَبِّهِمۡ وَهُمۡ لَا يَسۡتَكۡبِرُونَ ۩ ١٥ငါအရှင်မြတ်၏အာယသ်တော်များကို အကြင်သူများပင် ယုံကြည်ကြသည်။ ထိုသူများသည် ထိုအာယသ်တော်များနှင့် သတိပေးခြင်းခံခဲ့ကြရသည့်အခါ သူတို့သည် မာနထောင်လွှားခြင်းမရှိကြဘဲလျက် စဂျ်ဒဟ်ဦးချကာ ကျလာခဲ့ကြသည်။ ထို့ပြင် သူတို့သည် သူတို့အား ဖန်ဆင်းမွေးမြူတော်မူသော အရှင်မြတ်အား ချီးမွမ်းမှုနှင့်တကွ သန့်ပြန့်စင်ကြယ်တော်မူကြောင်းကို ရွတ်ဆိုခဲ့ကြသည်။ تَتَجَافَىٰ جُنُوبُهُمۡ عَنِ ٱلۡمَضَاجِعِ يَدۡعُونَ رَبَّهُمۡ خَوۡفًا وَطَمَعًا وَمِمَّا رَزَقۡنَٰهُمۡ يُنفِقُونَ ١٦သူတို့၏နံဘေးများသည် အိပ်ရာများမှ ခွဲခွာလျက်ရှိကြသည်။ သူတို့သည် သူတို့အား ဖန်ဆင်းမွေးမြူတော်မူသော အရှင်မြတ်အား ကြောက်ရွံ့လျက်၊ မျှော်လင့်လျက်နှင့် ဟစ်ခေါ်တသကြသည့်အပြင် သူတို့အား ငါအရှင်မြတ်က ပေးတော်မူထားသည့်အရာများထဲမှ သုံးစွဲလှူဒါန်းမှုကိုလည်း ပြုလုပ်ကြသည်။ فَلَا تَعۡلَمُ نَفۡسٌ مَّآ أُخۡفِيَ لَهُم مِّن قُرَّةِ أَعۡيُنٍ جَزَآءَۢ بِمَا كَانُواْ يَعۡمَلُونَ ١٧ထို့ပြင် သူတို့အတွက် သူတို့ ပြုလုပ်ခဲ့ကြသည့်လုပ်ရပ်များ၏ အကျိုးကျေးဇူးအဖြစ် လျှို့ဝှက်ထားသော မျက်စိအေးမြကြည်လင်မှုကို မည်သူမျှ မသိပေ။ أَفَمَن كَانَ مُؤۡمِنًا كَمَن كَانَ فَاسِقًاۚ لَّا يَسۡتَوُۥنَ ١٨သို့ဖြစ်ရာ အီမာန်ယုံကြည်သူသည် အမိန့်ဖီဆန်သည့်သူနှင့် တူသလော။ သူတို့သည် မတူကြပေ။ أَمَّا ٱلَّذِينَ ءَامَنُواْ وَعَمِلُواْ ٱلصَّٰلِحَٰتِ فَلَهُمۡ جَنَّٰتُ ٱلۡمَأۡوَىٰ نُزُلَۢا بِمَا كَانُواْ يَعۡمَلُونَ ١٩မည်သို့ပင်ဖြစ်စေ၊ အီမာန်ယုံကြည်ပြီး ကောင်းမြတ်သည့်လုပ်ရပ်များကို ပြုလုပ်ခဲ့ကြသည့်သူများအတွက် သူတို့ပြုလုပ်ခဲ့ကြသည်များကို ဧည့်သည်အနေနှင့် ခိုလှုံနေထိုင်ရာဥယျာဉ်များမရှိလိမ့်မည်။ وَأَمَّا ٱلَّذِينَ فَسَقُواْ فَمَأۡوَىٰهُمُ ٱلنَّارُۖ كُلَّمَآ أَرَادُوٓاْ أَن يَخۡرُجُواْ مِنۡهَآ أُعِيدُواْ فِيهَا وَقِيلَ لَهُمۡ ذُوقُواْ عَذَابَ ٱلنَّارِ ٱلَّذِي كُنتُم بِهِۦ تُكَذِّبُونَ ٢٠ထို့ပြင် မည်သို့ပင်ဖြစ်စေ၊ အမိန့်တော်ကို ဖီဆန်ခဲ့ကြသည့်သူများ၏ နေထိုင်ရာဌာနကမူ ငရဲပင်ဖြစ်သည်။ သူတို့သည် မည်သည့်အခါပင်ဖြစ်စေ ငရဲထဲမှထွက်ရန် ကြံရွယ်ခဲ့လျှင် ထိုငရဲမီးထဲသို့ပင် ပြန်တွန်းပို့ခြင်းခံကြရမည်။ ထို့ပြင် သူတို့အား “အသင်တို့သည် မဟုတ်မမှန်ဟု စွပ်စွဲငြင်းပယ်ခဲကြသော ထိုငရဲမီး၏ပြစ်ဒဏ်ကို မြည်းစမ်းလိုက်ကြပါ“ဟု ပြောဆိုခြင်းကို ခံကြရဦးမည်ဖြစ်သည်။ وَلَنُذِيقَنَّهُم مِّنَ ٱلۡعَذَابِ ٱلۡأَدۡنَىٰ دُونَ ٱلۡعَذَابِ ٱلۡأَكۡبَرِ لَعَلَّهُمۡ يَرۡجِعُونَ ٢١ထို့ပြင် သူတို့သည် (သူတု့ိ၏တွဲဖက်ကိုးကွယ်ရာများမှစွန့်ပြီး) ပြန်လှည့်လာကြရန်အတွက် အမှန်စင်စစ် ငါအရှင်မြတ်သည် သူတို့အား ထိုပြစ်ဒဏ်ကြီးမပေးသေးမီ ဤဘဝတွင် ပြစ်ဒဏ်ငယ်လေးနှင့် (သတိပေး)မြည်းစမ်းစေဦးမည်ဖြစ်သည်။ وَمَنۡ أَظۡلَمُ مِمَّن ذُكِّرَ بِـَٔايَٰتِ رَبِّهِۦ ثُمَّ أَعۡرَضَ عَنۡهَآۚ إِنَّا مِنَ ٱلۡمُجۡرِمِينَ مُنتَقِمُونَ ٢٢အကြင်သူထက် ပို၍မတရားသူသည် မည်သူရှိဦးမည်နည်း။ ထိုသူသည် သူ့အား ဖန်ဆင်းမွေးမြူတော်မူသော အရှင်မြတ်၏အာယသ်တော်များနှင့် သတိပေးခြင်းခံခဲ့ရသည်။ ထို့နောက် သူသည် ထိုအာယသ်တော်များမှ မျက်နှာလွှဲခဲ့သည်။ အမှန်စင်စစ် ငါအရှင်မြတ်သည် အပြစ်ရှိသူများကို တန်ပြန်အရေးယူတော်မူမည့် အရှင်မြတ်ပင် ဖြစ်တော်မူသည်။ وَلَقَدۡ ءَاتَيۡنَا مُوسَى ٱلۡكِتَٰبَ فَلَا تَكُن فِي مِرۡيَةٍ مِّن لِّقَآئِهِۦۖ وَجَعَلۡنَٰهُ هُدًى لِّبَنِيٓ إِسۡرَٰٓءِيلَ ٢٣ထို့ပြင် အမှန်စင်စစ် ငါအရှင်မြတ်သည် (တမန်တော်)မူစာကိုလည်း (အသင်တမန်တော်ကို ပေးသကဲ့သို့) ကျမ်းဂန်ပေးသနားတော်မူခဲ့သည်။ သို့ဖြစ်ရာ အသင်(တမန်တော်)သည် ၎င်း(ကျမ်းဂန်)ကိုတွေ့ဆုံမှု* နှင့်ပတ်သက်၍ မည်သည့်သံသယမျှ မရှိလေနှင့်။ ထို့ပြင် ငါအရှင်မြတ်သည် (တမန်တော်မူစာကို ပေးတော်မူခဲ့သည့်)ကျမ်းဂန်ကို အစ္စရာအီလ်မျိုးနွယ်ဝင်များအတွက် လမ်းမှန်ညွှန်ကြားပြသချက်အဖြစ် ပြုလုပ်တော်မူခဲ့သည်။ وَجَعَلۡنَا مِنۡهُمۡ أَئِمَّةً يَهۡدُونَ بِأَمۡرِنَا لَمَّا صَبَرُواْۖ وَكَانُواْ بِـَٔايَٰتِنَا يُوقِنُونَ ٢٤ထို့ပြင် ငါအရှင်မြတ်သည် ထိုအစ္စရာအီလ်မျိုးနွယ်ဝင်များထဲမှ သူများအား သည်းခံခဲ့ကြသည့်အခါ ရှေ့ဆောင်အီမာမ်များ ပြုလုပ်ပေးတော်မူခဲ့သည်။ ထိုသူများသည် ငါအရှင်မြတ်၏အမိန့်တော်နှင့် လမ်းမှန်ညွှန်ကြားပြသကြသည်။ ထို့ပြင် သူတို့သည် ငါအရှင်မြတ်၏ အာယသ်တော်များကို ယုံကြည်သူများလည်းဖြစ်ခဲ့ကြသည်။ إِنَّ رَبَّكَ هُوَ يَفۡصِلُ بَيۡنَهُمۡ يَوۡمَ ٱلۡقِيَٰمَةِ فِيمَا كَانُواْ فِيهِ يَخۡتَلِفُونَ ٢٥အမှန်စင်စစ် အသင်(တမန်တော်)အား ဖန်ဆင်းမွေးမြူတော်မူသောအရှင်မြတ်သည် ကိယာမသ်နေ့တွင် သူ(မုအ်မင်န်များ နှင့် မုရှ်ရိက်များ)တို့၏အကြားတွင် သူတို့ ကွဲလွဲခဲ့နေကြသည့် ကိစ္စများနှင့်ပတ်သက်၍ (အမှား အမှန်ကို ယတိပြတ်)စီရင်ဆုံးဖြတ်တော်မူမည်ဖြစ်သည်။ أَوَلَمۡ يَهۡدِ لَهُمۡ كَمۡ أَهۡلَكۡنَا مِن قَبۡلِهِم مِّنَ ٱلۡقُرُونِ يَمۡشُونَ فِي مَسَٰكِنِهِمۡۚ إِنَّ فِي ذَٰلِكَ لَأٓيَٰتٍۚ أَفَلَا يَسۡمَعُونَ ٢٦ငါအရှင်မြတ်သည် သူတို့မတိုင်မီ မျိုးနွယ်အမြောက်အမြားကို (သူတို့၏ပြစ်မှုများကြောင့်) ဖျက်ဆီးတော်မူခဲ့သည်။ သူတို့သည် ထိုနေရာဒေသများတွင် သွားလာနေကြသည်။ ထို့နောက်လည်း (ဤသည်) သူတို့အတွက် လမ်းမှန်ညွှန်ကြားပြသချက် မဖြစ်သလော။ အမှန်စင်စစ် ထိုအထဲတွင် သက်သေသာဓကများ မုချရှိသည်။ ထို့နောက်လည်း သူတို့သည် မကြားကြလေသလော။ أَوَلَمۡ يَرَوۡاْ أَنَّا نَسُوقُ ٱلۡمَآءَ إِلَى ٱلۡأَرۡضِ ٱلۡجُرُزِ فَنُخۡرِجُ بِهِۦ زَرۡعًا تَأۡكُلُ مِنۡهُ أَنۡعَٰمُهُمۡ وَأَنفُسُهُمۡۚ أَفَلَا يُبۡصِرُونَ ٢٧ထို့ပြင် သူတို့သည် မမြင်ကြလေသလော၊ အမှန်စင်စစ် ငါအရှင်မြတ်သည် မိုးရေကို ခြောက်သွေ့သော မြေယာထံသို့ မောင်းနှင်ပို့ပေးတော်မူသည်။ ထို့ပြင် ငါအရှင်မြတ်သည် ထိုမိုးရေနှင့် ကောက်ပဲသီးနှံများအား ထွက်စေတော်မူသည်။ ထိုအပင်များထဲမှ သူတို့၏ ကုလားအုတ်၊ ကျွဲ၊ နွား၊ တိရစာ္ဆန်များလည်း စားကြသည်။ သူတို့ကိုယ်တိုင်လည်း စားကြသည်။ ထို့နောက်လည်း သူတို့သည် မမြင်ကြသလော။ وَيَقُولُونَ مَتَىٰ هَٰذَا ٱلۡفَتۡحُ إِن كُنتُمۡ صَٰدِقِينَ ٢٨ထို့ပြင် သူတို့က ပြောဆိုကြသည်- အကယ်၍ အသင်တို့သည် မှန်ကန်စွာ ပြောဆိုသူများဖြစ်ကြလျှင် ဤ(ကိယာမသ်)စီရင်ဆုံးဖြတ်ချက်သည် မည်သည့်အခါဖြစ်မည်နည်း။“ قُلۡ يَوۡمَ ٱلۡفَتۡحِ لَا يَنفَعُ ٱلَّذِينَ كَفَرُوٓاْ إِيمَٰنُهُمۡ وَلَا هُمۡ يُنظَرُونَ ٢٩(အို- တမန်တော်)အသင်ပြောလိုက်ပါ- ထိုစီရင်ဆုံးဖြတ်မည့်နေ့တွင် ကာဖိရ်များ၏ယုံကြည်မှုသည် သူတို့အား အကျိုးပေးမည်မဟုတ်ပေ။ ထို့ပြင် သူတို့သည် ဆိုင်းငံ့ခြင်းကိုလည်း ခံကြရမည်မဟုတ်ပေ။ فَأَعۡرِضۡ عَنۡهُمۡ وَٱنتَظِرۡ إِنَّهُم مُّنتَظِرُونَ ٣٠သို့ဖြစ်ရာ အသင်(တမန်တော်)သည် သူတို့(၏ပြောဆိုမှုများ)အား လျစ်လျူရှုပြီး (အရှင်မြတ်၏ အဆုံးအဖြတ်ကိုသာ) စောင့်ဆိုင်းနေပါ။ အမှန်စင်စစ် သူတို့လည်း (သူတို့ အထင်အမြင်အရ အသင်၏အပေါ် ဒုက္ခကျရောက်ရန်) စောင့်ဆိုင်းနေကြသူများပင် ဖြစ်ကြသည်။