ملة الإسلام

السورة 19 · 98 آية · Hashim Tin Myint

سورة مريم باللغة البورمية

السورة بالعربية مع التفسير استمع إلى سورة مريم (1,467 قارئاً)
مكيةسورة مريم٩٨ آية

بِسۡمِ ٱللَّهِ ٱلرَّحۡمَٰنِ ٱلرَّحِيمِ

كٓهيعٓصٓ ١ကာဖ် ဟာ ယာ အိုင်န် စွာဒ်။ ذِكۡرُ رَحۡمَتِ رَبِّكَ عَبۡدَهُۥ زَكَرِيَّآ ٢ဤသည် အသင့်အား ဖန်ဆင်း‌မွေးမြူ‌တော်မူ‌သော အရှင်မြတ်က အရှင်မြတ်၏ကျွန် ဇကရိယာ*၏အ‌ပေါ်တွင် ကရုဏာပြု‌တော်မူခဲ့သည်ကို ထုတ်‌ဖော်မိန့်ကြား‌တော်မူခြင်းဖြစ်သည်။ إِذۡ نَادَىٰ رَبَّهُۥ نِدَآءً خَفِيًّا ٣တစ်ခါက ၎င်း(တမန်‌တော်ဇကရိယာ)သည် ၎င်းအား ဖန်ဆင်း‌မွေးမြူ‌တော်မူ‌သော အရှင်မြတ်အား တီးတိုးစွာ ‌လျှောက်ထားခဲ့သည်။ قَالَ رَبِّ إِنِّي وَهَنَ ٱلۡعَظۡمُ مِنِّي وَٱشۡتَعَلَ ٱلرَّأۡسُ شَيۡبًا وَلَمۡ أَكُنۢ بِدُعَآئِكَ رَبِّ شَقِيًّا ٤၎င်း(တမန်‌တော်ဇကရိယာ)က ‌ပြောဆို‌လျှောက်ထားခဲ့သည်- အို- ကျွန်ုပ်အား ဖန်ဆင်း‌မွေးမြူ‌တော်မူ‌သော အရှင်မြတ်၊ အမှန်စင်စစ် ကျွန်ုပ်၏အရိုးများသည် အားအင်ချည့်နဲ့‌နေပြီဖြစ်ပါသည်။ ထို့ပြင် ဦး‌ခေါင်းမှာလည်း အိုမင်းရင့်‌ရော်မှု(ဆံဖြူများ)‌ကြောင့် ဖြူ‌ဖွေး‌တောက်ပ‌နေပြီဖြစ်ပါသည်။ ထို့ပြင် အို- ကျွန်ုပ်အား ဖန်ဆင်း‌မွေးမြူ‌တော်မူ‌သော အရှင်မြတ်၊ ကျွန်ုပ်သည် အရှင်မြတ်ကို ဟစ်‌ခေါ်တမ်းတ‌လျှောက်ထားမှု‌ကြောင့် (မည်သည့်အခါကမှ)လက်မဲ့ မဖြစ်ခဲ့ဖူးပါ။ وَإِنِّي خِفۡتُ ٱلۡمَوَٰلِيَ مِن وَرَآءِي وَكَانَتِ ٱمۡرَأَتِي عَاقِرًا فَهَبۡ لِي مِن لَّدُنكَ وَلِيًّا ٥အမှန်စင်စစ် ကျွန်ုပ်သည် ကျွန်ုပ်၏‌နောက်တွင် ‌ဆွေမျိုးသားချင်းများနှင့်ပတ်သက်၍ စိုးရိမ်ခဲ့ပါသည်။ ထို့ပြင် ကျွန်ုပ်၏ဇနီးသည်လည်း သားသမီးမရ‌သော အမြုံပင်ဖြစ်‌နေပါသည်။ သို့ဖြစ်ရာ အရှင်မြတ်သည် ကျွန်ုပ်အား အရှင်မြတ်ထံ‌တော်မှ သား‌ကောင်းရတနာ အ‌မွေစားအ‌မွေခံတစ်ဦးကို ‌ပေးသနား‌တော်မူပါ။ يَرِثُنِي وَيَرِثُ مِنۡ ءَالِ يَعۡقُوبَۖ وَٱجۡعَلۡهُ رَبِّ رَضِيًّا ٦ထိုအ‌မွေစားအ‌မွေခံသည် ကျွန်ုပ်၏ဆက်ခံသူလည်း ဖြစ်‌စေ‌တော်မူပါ။ ထို့ပြင် (တမန်‌တော်)ယအ်ကူဗ်၏သား‌မြေးများ၏ ဆက်ခံသူလည်း ဖြစ်‌စေ‌တော်မူပါ။ ထို့ပြင် အို- ကျွန်ုပ်အား ဖန်ဆင်း‌မွေးမြူ‌တော်မူ‌သော အရှင်မြတ်၊ အရှင်မြတ်သည် ၎င်းအား(အရှင်မြတ်ထံ‌တော်တွင်)နှစ်သက်ခံရသူလည်း ဖြစ်‌စေ‌တော်မူပါ။ يَٰزَكَرِيَّآ إِنَّا نُبَشِّرُكَ بِغُلَٰمٍ ٱسۡمُهُۥ يَحۡيَىٰ لَمۡ نَجۡعَل لَّهُۥ مِن قَبۡلُ سَمِيًّا ٧အို- ဇကရိယာ၊ အမှန်စင်စစ် ငါအရှင်မြတ်သည် အသင့်အား ယဟ်ယာအမည်*ရှိ‌သော သားရတနာတစ်ပါးနှင့်ပတ်သက်၍ သတင်း‌ကောင်း‌ပေး‌တော်မူသည်။ ငါအရှင်မြတ်သည် ထိုအမည်မျိုးကို ယခင်က မည်သူ့ကိုမှ ထားမ‌ပေးခဲ့‌ပေ။ قَالَ رَبِّ أَنَّىٰ يَكُونُ لِي غُلَٰمٌ وَكَانَتِ ٱمۡرَأَتِي عَاقِرًا وَقَدۡ بَلَغۡتُ مِنَ ٱلۡكِبَرِ عِتِيًّا ٨၎င်း(တမန်‌တော် ဇကရီယာ)က ‌ပြောဆို‌လျှောက်ထားခဲ့သည် - အို- ကျွန်ုပ်အား ဖန်ဆင်း‌မွေးမြူ‌တော်မူ‌သော အရှင်မြတ်၊ ကျွန်ုပ်၏ဇနီးသည်လည်း သားသမီးမရနိုင်‌သော အမြုံဖြစ်‌နေရုံသာမက အမှန်စင်စစ် ကျွန်ုပ်သည်လည်း အိုမင်းရင့်‌ရော်မှုကို အဆုံးစွန်သို့ ‌ရောက်‌နေပြီဖြစ်ပါလျက် ကျွန်ုပ်တွင် မည်သို့ သားရတနာ ရနိုင်ပါမည်နည်း။ قَالَ كَذَٰلِكَ قَالَ رَبُّكَ هُوَ عَلَيَّ هَيِّنٌ وَقَدۡ خَلَقۡتُكَ مِن قَبۡلُ وَلَمۡ تَكُ شَيۡـًٔا ٩သူ(‌ကောင်းကင်တမန်)က ‌ပြောသည်- ဤသို့ပင်ဖြစ်မည်၊ အသင့်အား ဖန်ဆင်း‌မွေးမြူ‌တော်မူ‌သော အရှင်မြတ်က မိန့်ကြား‌တော်မူသည်၊ ၎င်းသည် ငါအရှင်မြတ်အ‌ပေါ်တွင် အလွန်လွယ်ကူသည်၊ ထို့ပြင် အမှန်စင်စစ် ငါအရှင်မြတ်သည် ယခင်က အသင့်အား ဖန်ဆင်း‌တော်မူခဲ့သည်၊ ထို့ပြင် အသင်သည် (ထိုစဉ်က)မည်သည့်အရာမျှ မရှိခဲ့‌ပေ။ قَالَ رَبِّ ٱجۡعَل لِّيٓ ءَايَةًۖ قَالَ ءَايَتُكَ أَلَّا تُكَلِّمَ ٱلنَّاسَ ثَلَٰثَ لَيَالٍ سَوِيًّا ١٠၎င်းက ‌ပြောဆို‌လျှောက်ထားသည်-အို- ကျွန်ုပ်အား ဖန်ဆင်း‌မွေးမြူ‌တော်မူ‌သော အရှင်မြတ်၊ အရှင်မြတ်သည် (ကျွန်ုပ်၏ဇနီး ကိုယ်ဝန်‌ဆောင်သည်ကို သိရှိရန်) သက်‌သေလက္ခဏာတစ်စုံတစ်ရာကို ကျွန်ုပ်အတွက် ပြုလုပ်‌ပေး‌တော်မူပါ။ အရှင်မြတ်က အမိန့်ရှိ‌တော်မူသည်- အသင်သည် သုံးညတိတိ လူများနှင့် စကား‌ပြောနိုင်မည် မဟုတ်‌ပေ။ ၎င်းသည် အသင့်(ဇနီး ကိုယ်ဝန်ရှိခြင်း၏) သက်‌သေလက္ခဏာပင်ဖြစ်သည်။ فَخَرَجَ عَلَىٰ قَوۡمِهِۦ مِنَ ٱلۡمِحۡرَابِ فَأَوۡحَىٰٓ إِلَيۡهِمۡ أَن سَبِّحُواْ بُكۡرَةً وَعَشِيًّا ١١ထို့‌နောက် ၎င်း(တမန်‌တော် ဇကရိယာ)သည် ဝတ်ပြု‌ဆောင်မှ ၎င်း၏အမျိုးသားများ၏‌ရှေ့၌ ထွက်ခဲ့၍ အသင်တို့သည် နံနက်နှင့်ည‌နေတွင် သတ်စ်ဗီဟ်ရွတ်ဆိုကြပါဟု(လက်ရိပ်နှင့်)ညွှန်ကြားခဲ့သည်။ يَٰيَحۡيَىٰ خُذِ ٱلۡكِتَٰبَ بِقُوَّةٍۖ وَءَاتَيۡنَٰهُ ٱلۡحُكۡمَ صَبِيًّا ١٢အို- ယဟ်ယာ၊ အသင်သည် ကျမ်းဂန်*ကို စွဲမြဲစွာကိုင်ထားပါ။ ထို့ပြင် ငါအရှင်မြတ်သည် ၎င်းအား က‌လေးဘဝ၌ပင် ပညာဉာဏ်အ‌မြော်အမြင်ကို ‌ပေးသနား‌တော်မူခဲ့သည်။ وَحَنَانًا مِّن لَّدُنَّا وَزَكَوٰةًۖ وَكَانَ تَقِيًّا ١٣ထို့ပြင် အရှင်မြတ်ထံ‌တော်မှ အကြင်နာနှင့် စင်ကြယ်မှုကို* (‌ပေး‌တော်မူခဲ့သည်)။ ထို့ပြင် ၎င်းသည် အလွန်‌ကြောက်ရွံ့ အပြစ်‌ရှောင်ပြီး ‌ကောင်းကျိုး‌ဆောင်သူဖြစ်ခဲ့သည်။ وَبَرَّۢا بِوَٰلِدَيۡهِ وَلَمۡ يَكُن جَبَّارًا عَصِيًّا ١٤ထို့ပြင် ၎င်း၏မိဘနှစ်ပါးကို အလွန်‌ကျေးဇူးပြုတတ်သူလည်း ဖြစ်ခဲ့သည်။* ထို့ပြင် ၎င်းသည် မာန်မာန‌ထောင်လွှားသူ၊ အမိန့်ဖီဆန်သူ မဖြစ်ခဲ့‌ပေ။ وَسَلَٰمٌ عَلَيۡهِ يَوۡمَ وُلِدَ وَيَوۡمَ يَمُوتُ وَيَوۡمَ يُبۡعَثُ حَيًّا ١٥ထို့ပြင် ၎င်းအ‌ပေါ်တွင် ၎င်းဖွားမြင်သည့်‌နေ့နှင့် ကွယ်လွန်မည့်‌နေ့အပြင် ရှင်ပြန်ထရမည့်‌နေ့၌လည်း ငြိမ်းချမ်းသာယာမှုကျ‌ရောက်ပါ‌စေ။ وَٱذۡكُرۡ فِي ٱلۡكِتَٰبِ مَرۡيَمَ إِذِ ٱنتَبَذَتۡ مِنۡ أَهۡلِهَا مَكَانًا شَرۡقِيًّا ١٦ထို့ပြင် အသင်(တမန်‌တော်)သည် (ဤကုရ်အာန်)ကျမ်း‌တော်မြတ်မှ မရ်ယမ်၏အ‌ကြောင်းကို ဖတ်ပြလိုက်ပါ။ တစ်ခါက သူမသည် သူမ၏အိမ်သူ အိမ်သားများထံမှခွဲခွာပြီး အ‌ရှေ့ဘက်တွင်ရှိ‌သော အခန်းတစ်ခန်းထံသို့ သွား‌နေခဲ့သည်။ فَٱتَّخَذَتۡ مِن دُونِهِمۡ حِجَابًا فَأَرۡسَلۡنَآ إِلَيۡهَا رُوحَنَا فَتَمَثَّلَ لَهَا بَشَرًا سَوِيًّا ١٧ထို့‌နောက် သူမသည် အိမ်သူအိမ်သားများ‌ရှေ့မှ လိုက်ကာတစ်ခုချခဲ့သည်။ ထို့ပြင် ငါအရှင်မြတ်သည် သူမထံသို့ ငါအရှင်မြတ်၏‌ကောင်းကင်တမန်ကို ‌စေလွှတ်‌တော်မူခဲ့သည်။ ထို့‌နောက် ထို‌ကောင်းကင်တမန်သည် သူမ၏‌ရှေ့၌ ပကတိလူသားတစ်ဦး၏ပုံသဏ္ဍာန်နှင့် ကိုယ်ထင်ပြခဲ့သည်။ قَالَتۡ إِنِّيٓ أَعُوذُ بِٱلرَّحۡمَٰنِ مِنكَ إِن كُنتَ تَقِيًّا ١٨သူမက‌ပြောသည်- အကယ်၍ အသင်သည် (အလ္လာဟ်အရှင်မြတ်အား)‌ကြောက်ရွံ့သူတစ်ဦးဖြစ်ခဲ့လျှင် အမှန်စင်စစ် ကျွန်မသည် အသင်၏(အန္တရာယ်)မှ ရဟ်မာန် အနန္တကရုဏာ‌တော်ရှင်ထံတွင် ခိုလှုံပါသည်။ قَالَ إِنَّمَآ أَنَا۠ رَسُولُ رَبِّكِ لِأَهَبَ لَكِ غُلَٰمًا زَكِيًّا ١٩‌ကောင်းကင်တမန်က ‌ပြောသည်- ကျွန်ုပ်သည် အသင့်အား ဖန်ဆင်း‌မွေးမြူ‌တော်မူ‌သော အရှင်မြတ်၏‌စေတမန်ပင်ဖြစ်သည်။ ကျွန်ုပ်သည် အသင့်အား စင်ကြယ်အပြစ်ကင်း‌သော သားရတနာတစ်ဦး‌ပေးရန် (လာ‌ရောက်ခြင်း)ဖြစ်သည်။ قَالَتۡ أَنَّىٰ يَكُونُ لِي غُلَٰمٌ وَلَمۡ يَمۡسَسۡنِي بَشَرٌ وَلَمۡ أَكُ بَغِيًّا ٢٠သူမက‌ပြောသည်- ကျွန်မကို မည်သည့်‌ယောက်ျားတစ်ဦးတစ်‌ယောက်ကမှ မထိ‌တွေ့ဖူးဘဲနှင့်၊ ထို့ပြင် ကျွန်မသည် အကျင်းမ‌ကောင်းသူတစ်ဦးလည်း မဖြစ်ပါဘဲလျက်နှင့် ကျွန်မထံတွင် မည်သို့ သားရတနာရရှိနိုင်ပါမည်နည်း။ قَالَ كَذَٰلِكِ قَالَ رَبُّكِ هُوَ عَلَيَّ هَيِّنٌۖ وَلِنَجۡعَلَهُۥٓ ءَايَةً لِّلنَّاسِ وَرَحۡمَةً مِّنَّاۚ وَكَانَ أَمۡرًا مَّقۡضِيًّا ٢١‌ကောင်းကင်တမန်က ‌ပြောသည်- ဤသို့ပင်ဖြစ်မည်။ အသင်မအား ဖန်ဆင်း‌မွေးမြူ‌တော်မူ‌သော အရှင်မြတ်က မိန့်ကြား‌တော်မူသည်- “ဤသည် ငါအရှင်မြတ်အတွက် အလွန်လွယ်ကူ‌တော်မူသည်။ ထို့ပြင် ငါအရှင်မြတ်သည် ထိုသားရတနာကို လူများအတွက် သက်‌သေလက္ခဏာတစ်ခုအဖြစ်နှင့် ငါအရှင်မြတ်ထံ‌တော်မှ ကရုဏာ‌တော်အဖြစ် ပြုလို‌တော်မူသည်။ ထို့ပြင် ဤသည် ဆုံးဖြတ်ပြီး‌သောကိစ္စတစ်ခုဖြစ်သည်။ ۞ فَحَمَلَتۡهُ فَٱنتَبَذَتۡ بِهِۦ مَكَانًا قَصِيًّا ٢٢ထို့‌နောက် သူမသည် ထိုသားရတနာကို ကိုယ်ဝန်‌ဆောင်ခဲ့သည်။ ထို့ပြင် သူမသည် ထိုကိုယ်ဝန်နှင့်အတူ ‌ဝေးလံသည့်‌နေရာတစ်ခုကို ‌ရှောင်ထွက်သွားခဲ့သည်။ فَأَجَآءَهَا ٱلۡمَخَاضُ إِلَىٰ جِذۡعِ ٱلنَّخۡلَةِ قَالَتۡ يَٰلَيۡتَنِي مِتُّ قَبۡلَ هَٰذَا وَكُنتُ نَسۡيًا مَّنسِيًّا ٢٣ထို့‌နောက် သားဖွားမှု၏‌ဝေဒနာသည် သူမကို စွန်ပလွံပင်ရှိရာသို့ ‌ခေါ်‌ဆောင်သွားခဲ့သည်။ သူမက ‌ပြောသည်- ‌ဪ- ဖြစ်မှဖြစ်ရ‌လေခြင်း၊ ငါသည် ဤသို့(အ‌ဖေမရှိသည့်သားကို)မ‌မွေးခင် ‌သေဆုံးသွားခဲ့လျှင် ‌ကောင်း‌လေစွ။ ထို့‌နောက် ငါသည် ‌မေ့‌ပျောက်သွား‌စေခြင်းကို ခံရလျှင် ‌ကောင်း‌လေစွ။ (လူများ ငါ့ကို ‌မေ့သွားလျှင် ‌ကောင်း‌လေစွ)။ فَنَادَىٰهَا مِن تَحۡتِهَآ أَلَّا تَحۡزَنِي قَدۡ جَعَلَ رَبُّكِ تَحۡتَكِ سَرِيًّا ٢٤ထို့‌နောက် သူမအား သူမရှိ‌နေသည့်‌နေရာ‌အောက်နားမှ ‌ကောင်းကင်တမန်က ‌ပြောကြားခဲ့သည်။ အသင်မသည် စိတ်မပူပါနှင့်။ အမှန်စင်စစ် အသင်မကို ဖန်ဆင်း‌မွေးမြူ‌တော်မူ‌သော အရှင်မြတ်သည် အသင်မ၏‌အောက်၌ ‌ချောင်းတစ်ခုကို ပြုလုပ်‌ပေး‌တော်မူခဲ့သည်။ وَهُزِّيٓ إِلَيۡكِ بِجِذۡعِ ٱلنَّخۡلَةِ تُسَٰقِطۡ عَلَيۡكِ رُطَبًا جَنِيًّا ٢٥ထို့ပြင် အသင်မသည် စွန်ပလွံပင်၏ပင်စည်ကို အသင်မဘက်သို့ လှုပ်လိုက်လျှင် စွန်ပလွံသီး လတ်လတ်ဆတ်ဆတ်သည် အသင်မ၏‌ရှေ့၌ ‌ကြွေကျလာပါလိမ့်မည်။ فَكُلِي وَٱشۡرَبِي وَقَرِّي عَيۡنًاۖ فَإِمَّا تَرَيِنَّ مِنَ ٱلۡبَشَرِ أَحَدًا فَقُولِيٓ إِنِّي نَذَرۡتُ لِلرَّحۡمَٰنِ صَوۡمًا فَلَنۡ أُكَلِّمَ ٱلۡيَوۡمَ إِنسِيًّا ٢٦ထို့ပြင် အသင်မသည် (ထိုစွန်ပလွံသီးကို)စားပြီး (ထို‌ချောင်း‌ရေကို)‌သောက်သုံးပါ။ ထို့ပြင် (က‌လေးအား ကြည့်ပြီး) မျက်စိကြည်လင်‌အေးမြ‌အောင် ‌နေပါ။ ထို့‌နောက် အကယ်၍ အသင်မသည် လူသားထဲမှ တစ်ဦးတစ်‌ယောက်ကို ‌တွေ့ခဲလျှင် အမှန်စင်စစ် ကျွန်မသည် ရဟ်မာန် အနန္တကရုဏာ‌တော်ရှင်ကို ရည်ရွယ်ပြီး ဆိတ်ဆိတ်‌နေရန် အဓိဋ္ဌာန်ပြုထားပြီးဖြစ်သည့်အတွက် ကျွန်မသည် ယ‌နေ့ မည်သူနှင့်မျှ လုံးဝ စကား‌ပြောဆိုမည်မဟုတ်‌ကြောင်း ‌ပြောလိုက်ပါ။ فَأَتَتۡ بِهِۦ قَوۡمَهَا تَحۡمِلُهُۥۖ قَالُواْ يَٰمَرۡيَمُ لَقَدۡ جِئۡتِ شَيۡـًٔا فَرِيًّا ٢٧ထို့‌နောက် သူမသည် ထိုသားရတနာကို ‌ပွေ့ချီပြီး သူမ၏အမျိုးသားများထံသို့ လာခဲ့သည်။ သူတို့က ‌ပြောဆိုကြသည်- အို- မရ်ယမ်၊ အမှန်ပင် အသင်မသည် အလွန်ဆိုးဝါးလှ‌သော အပြစ်ကို ကျူးလွန်လာခဲ့ပြီ။ يَٰٓأُخۡتَ هَٰرُونَ مَا كَانَ أَبُوكِ ٱمۡرَأَ سَوۡءٍ وَمَا كَانَتۡ أُمُّكِ بَغِيًّا ٢٨အို- ဟာရူန်၏နှမ၊ အသင်မ၏ဖခင်သည်လည်း အကျင့်မ‌ကောင်းသူ မဟုတ်ခဲ့‌ပေ။ ထို့ပြင် အသင်မ၏မိခင်သည်လည်း အကျင့်ပျက်သူ မဟုတ်ခဲ့‌ပေ။ فَأَشَارَتۡ إِلَيۡهِۖ قَالُواْ كَيۡفَ نُكَلِّمُ مَن كَانَ فِي ٱلۡمَهۡدِ صَبِيًّا ٢٩သို့ဖြစ်ရာ သူမသည် သူမ၏သားရတနာကို ညွှန်ပြခဲ့သည်။ ထိုအမျိုးသားများက ‌ပြောဆိုကြသည်- ကျွန်ုပ်တို့သည် ပုခက်ထဲမှ က‌လေးဘဝ၌ပင်ရှိသည့်သူနှင့် မည်သို့ စကား‌ပြောရပါမည်နည်း။ قَالَ إِنِّي عَبۡدُ ٱللَّهِ ءَاتَىٰنِيَ ٱلۡكِتَٰبَ وَجَعَلَنِي نَبِيًّا ٣٠ထိုက‌လေးက ‌ပြောဆိုသည်- အမှန်စင်စစ် ကျွန်ုပ်သည် အလ္လာဟ်အရှင်မြတ်၏ကျွန်ဖြစ်သည်။* အရှင်မြတ်သည် ကျွန်ုပ်အား(အင်ဂျီလ်)ကျမ်းဂန်ကို ‌ပေးသနား‌တော်မူခဲ့သည်။* ထို့ပြင် အရှင်မြတ်သည် ကျွန်ုပ်အား တမန်‌တော်အဖြစ်လည်း ပြုလုပ်‌တော်မူခဲ့သည်။ وَجَعَلَنِي مُبَارَكًا أَيۡنَ مَا كُنتُ وَأَوۡصَٰنِي بِٱلصَّلَوٰةِ وَٱلزَّكَوٰةِ مَا دُمۡتُ حَيًّا ٣١ထို့ပြင် အရှင်မြတ်သည် ကျွန်ုပ်အား အသက်ရှင်‌နေသမျှ မည်သည့်‌နေရာမှာပင် ကျွန်ုပ်ရှိသည်ဖြစ်‌စေ၊ ဗရကသ်မဂင်္လာနှင့် ပြည့်စုံသူအဖြစ် ပြုလုပ်‌တော်မူခဲ့သည်။ ထို့ပြင် အရှင်မြတ်သည် ကျွန်ုပ်အား အသက်ရှင်‌နေသမျှ စွလာသ်ဝတ်ပြုရန်နှင့် ဇကာသ်‌ပေး‌ဆောင်ရန် အမိန့်‌ပေး‌တော်မူခဲ့သည်။ وَبَرَّۢا بِوَٰلِدَتِي وَلَمۡ يَجۡعَلۡنِي جَبَّارًا شَقِيًّا ٣٢ထို့ပြင် ကျွန်ုပ်၏မိခင်ကို ‌ကောင်းမွန်စွာ ဆက်ဆံပြုစုရန်လည်း (အမိန့်‌ပေး‌တော်မူခဲ့သည်)။* ထို့ပြင် အရှင်မြတ်သည် ကျွန်ုပ်ကို မာန်မာန‌ထောင်လွှားသူ၊ နဖူးစာဆိုးသူအဖြစ် ပြုလုပ်‌တော်မမူခဲ့‌ပေ။ وَٱلسَّلَٰمُ عَلَيَّ يَوۡمَ وُلِدتُّ وَيَوۡمَ أَمُوتُ وَيَوۡمَ أُبۡعَثُ حَيًّا ٣٣ထို့ပြင် ကျွန်ုပ်အ‌ပေါ်တွင် ကျွန်ုပ်‌မွေးဖွားခဲ့သည့်‌နေ့နှင့် ကျွန်ုပ်‌သေဆုံးမည့်‌နေ့အပြင် ကျွန်ုပ်ရှင်ပြန်ထ‌စေခြင်း ခံရမည့်‌နေ့၌လည်း (အရှင်မြတ်ထံ‌တော်မှ) ငြိမ်းချမ်းသာယာမှု ကျ‌ရောက်ပါ‌စေ။ ذَٰلِكَ عِيسَى ٱبۡنُ مَرۡيَمَۖ قَوۡلَ ٱلۡحَقِّ ٱلَّذِي فِيهِ يَمۡتَرُونَ ٣٤ဤသည် မရ်ယမ်၏သား‌တော် အီစာပင်ဖြစ်သည်။ ဤသည် အကြင်မှန်ကန်သည့်စကားဖြစ်သည်၊ ထိုစကားနှင့်ပတ်သက်၍ သူတို့သည် သံသယဖြစ်ပြီး အငြင်းအခုုံပြုလုပ်‌နေကြခြင်းဖြစ်သည်။ مَا كَانَ لِلَّهِ أَن يَتَّخِذَ مِن وَلَدٍۖ سُبۡحَٰنَهُۥٓۚ إِذَا قَضَىٰٓ أَمۡرًا فَإِنَّمَا يَقُولُ لَهُۥ كُن فَيَكُونُ ٣٥အလ္လာဟ်အရှင်မြတ်အတွက် သားသမီးပြုလုပ်‌တော်မူခြင်းသည် လုံးဝမရှိ‌ပေ။ အရှင်မြတ်သည် (သားမယားရှိခြင်းမှ)လုံးဝ ကင်းစင်‌တော်မူသည်။ အရှင်မြတ်သည် ကိစ္စတစ်ခုကို ဆုံးဖြတ်‌တော်မူလျှင် အရှင်မြတ်သည် ထိုကိစ္စကို ဖြစ်‌စေဟု မိန့်ကြားလိုက်ရုံနှင့် ထိုကိစ္စသည် ဖြစ်သွား‌တော့သည်။ وَإِنَّ ٱللَّهَ رَبِّي وَرَبُّكُمۡ فَٱعۡبُدُوهُۚ هَٰذَا صِرَٰطٌ مُّسۡتَقِيمٌ ٣٦ထို့ပြင် အမှန်စင်စစ် အလ္လာဟ်အရှင်မြတ်သည် ကျွန်ုပ်နှင့်အသင်တို့အား ဖန်ဆင်း‌မွေးမြူ‌တော်မူ‌သော အရှင်မြတ်ပင် ဖြစ်‌တော်မူသည်။ သို့ဖြစ်ရာ အသင်တို့သည် ထိုအရှင်မြတ်ကိုသာ ကိုးကွယ်ကြပါ။ ဤသည် ‌ဖြောင့်မတ်မှန်ကန်‌သော တရားလမ်းပင်ဖြစ်သည်။ فَٱخۡتَلَفَ ٱلۡأَحۡزَابُ مِنۢ بَيۡنِهِمۡۖ فَوَيۡلٌ لِّلَّذِينَ كَفَرُواْ مِن مَّشۡهَدِ يَوۡمٍ عَظِيمٍ ٣٧ထို့‌နောက် သူတို့(နတ်စွ်ရာနီ)များထဲမှ အုပ်စုတိုင်းသည် အယူအဆ ကွဲပြားခဲ့ကြသည်။* သို့ဖြစ်ရာ ကြီးကျယ်‌သော(ကိယာမသ်)‌နေ့‌ရောက်သည့်အခါ ကာဖိရ်များအတွက် ပျက်စီးမှုရှိလိမ့်မည်။ أَسۡمِعۡ بِهِمۡ وَأَبۡصِرۡ يَوۡمَ يَأۡتُونَنَا لَٰكِنِ ٱلظَّٰلِمُونَ ٱلۡيَوۡمَ فِي ضَلَٰلٍ مُّبِينٍ ٣٨ထို‌နေ့တွင် ငါအရှင်မြတ်ထံသို့ သူတို့လာသည့်အခါ သူတို့သည် မည်မျှ‌ကောင်း‌ကောင်းကြားမည့်သူများ၊ မြင်မည့်သူများ ဖြစ်လိုက်ကြမည်နည်း။ သို့ရာတွင် ယ‌နေ့မူ မတရားကျူးလွန်သူများသည် အလွန်ထင်ရှား‌သော လမ်းမှားမှုထဲ၌ပင် ရှိ‌နေကြသည်။ وَأَنذِرۡهُمۡ يَوۡمَ ٱلۡحَسۡرَةِ إِذۡ قُضِيَ ٱلۡأَمۡرُ وَهُمۡ فِي غَفۡلَةٍ وَهُمۡ لَا يُؤۡمِنُونَ ٣٩ထို့ပြင် အသင်(တမန်‌တော်)သည် သူတို့အား ဝမ်းနည်း‌ကြေကွဲဖွယ်ရာ‌နေ့နှင့်ပတ်သက်၍ သတိ‌ပေးနှိုး‌ဆော်လိုက်ပါ။ သူတို့သည် (ထို‌နေ့ကို)‌မေ့‌လျော့လျက် ရှိ‌နေကြသည်သာမက မယုံကြည်ဘဲလျက်လည်း ရှိ‌နေကြသည်။ ထို‌နေ့တွင် (လူ့‌လောက)အမှုကိစ္စများသည် ဆုံးဖြတ်ပြီး ဖြစ်လိမ့်မည်။ إِنَّا نَحۡنُ نَرِثُ ٱلۡأَرۡضَ وَمَنۡ عَلَيۡهَا وَإِلَيۡنَا يُرۡجَعُونَ ٤٠အမှန်စင်စစ် ငါအရှင်မြတ်သည် ကမာ္ဘ‌မြေနှင့် ထိုထဲတွင်ရှိသမျှကို ‌နောက်ဆုံးပိုင်ဆိုင်‌တော်မူ‌သော အရှင်မြတ်အဖြစ် ကျန်ရစ်‌တော်မူမည်။ ထို့ပြင် သူတို့သည် ငါအရှင်မြတ်ထံ‌တော်သို့ပင် ပြန်လည်‌ရောက်ကြရမည်ဖြစ်သည်။ وَٱذۡكُرۡ فِي ٱلۡكِتَٰبِ إِبۡرَٰهِيمَۚ إِنَّهُۥ كَانَ صِدِّيقًا نَّبِيًّا ٤١ထို့ပြင် အသင်သည် ဤကျမ်းထဲမှ (တမန်‌တော်)အိဗ်ရာဟီမ်၏အ‌ကြောင်းကို ‌ပြောပြလိုက်ပါ။ အမှန်စင်စစ် ၎င်းသည် အလွန်မှန်ကန်သူဖြစ်ခဲ့သည်။ တမန်‌တော်လည်း ဖြစ်ခဲ့သည်။ إِذۡ قَالَ لِأَبِيهِ يَٰٓأَبَتِ لِمَ تَعۡبُدُ مَا لَا يَسۡمَعُ وَلَا يُبۡصِرُ وَلَا يُغۡنِي عَنكَ شَيۡـًٔا ٤٢တစ်ခါက ၎င်းသည် ၎င်း၏ဖခင်ကို‌ပြောခဲ့သည်- အို- ကျွန်ုပ်၏ဖခင်၊ အသင်သည် ကြားလည်းမကြား၊ မြင်လည်းမမြင်သည့်အပြင် အသင့်အတွက် မည်သည့်အရာမျှလည်း အသုံးမဝင်သည့်အရာကို အဘယ့်‌ကြောင့် ကိုးကွယ်‌နေရသနည်း။ يَٰٓأَبَتِ إِنِّي قَدۡ جَآءَنِي مِنَ ٱلۡعِلۡمِ مَا لَمۡ يَأۡتِكَ فَٱتَّبِعۡنِيٓ أَهۡدِكَ صِرَٰطًا سَوِيًّا ٤٣အို- ကျွန်ုပ်၏ဖခင်၊ အသင့်ထံသို့ မ‌ရောက်ခဲ့‌သော အသိပညာ(အရှင်မြတ်၏အမိန့်‌တော်)သည်* အမှန်စင်စစ် ကျွန်ုပ်ထံသို့‌ရောက်ခဲ့သည့်အတွက် အသင်သည် ကျွန်ုပ်၏‌နောက်သို့ လိုက်ပါ၊ ကျွန်ုပ်သည် အသင့်အား ‌ဖြောင့်မတ်မှန်ကန်‌သော တရားလမ်းမှန်ကို ပြသပါမည်။ يَٰٓأَبَتِ لَا تَعۡبُدِ ٱلشَّيۡطَٰنَۖ إِنَّ ٱلشَّيۡطَٰنَ كَانَ لِلرَّحۡمَٰنِ عَصِيًّا ٤٤အို- ကျွန်ုပ်၏ဖခင်၊ အသင်သည် ရှိုင်သွာန်ကို မကိုးကွယ်ပါနှင့်။* အမှန်စင်စစ် ထိုရှိုင်သွာန်သည် ရဟ်မာန်အနန္တကရုဏာ‌တော်ရှင်ကို ဖီဆန်သူဖြစ်ခဲ့သည်။ يَٰٓأَبَتِ إِنِّيٓ أَخَافُ أَن يَمَسَّكَ عَذَابٌ مِّنَ ٱلرَّحۡمَٰنِ فَتَكُونَ لِلشَّيۡطَٰنِ وَلِيًّا ٤٥အို- ကျွန်ုပ်၏ဖခင်၊ အမှန်စင်စစ် ကျွန်ုပ်သည် ရဟ်မာန်အနန္တကရုဏာ‌တော်ရှင်ထံ‌တော်မှ အပြစ်ဒဏ်သည် အသင့်အား သက်‌ရောက်မည်ကို စိုးရိမ်ပါသည်။ သို့ဖြစ်လျှင် အသင်သည် ရှိုင်သွာန်၏အ‌ဖော် ဖြစ်သွားပါလိမ့်မည်။ قَالَ أَرَاغِبٌ أَنتَ عَنۡ ءَالِهَتِي يَٰٓإِبۡرَٰهِيمُۖ لَئِن لَّمۡ تَنتَهِ لَأَرۡجُمَنَّكَۖ وَٱهۡجُرۡنِي مَلِيًّا ٤٦သူ(ဖခင်)က ‌ပြောဆိုသည်- အို- အိဗ်ရာဟီမ်၊ အသင်သည် ငါ၏ကိုးကွယ်ရာများဘက်မှ မျက်နှာလွှဲသူ‌လော။ အကယ်၍ အသင်သည် (အသင်၏အယူဝါဒ ‌ပြောဆိုမှုကို) မရပ်တန့်လျှင် ငါသည် အမှန်ပင် အသင့်အား ခဲနှင့်ပစ်‌ပေါက်သတ်မည်။ ထို့ပြင် အသင်သည် ငါ့ကို အချိန်ကြာမြင့်စွာပင် စွန့်လွှတ်သွားလိုက်‌တော့။ قَالَ سَلَٰمٌ عَلَيۡكَۖ سَأَسۡتَغۡفِرُ لَكَ رَبِّيٓۖ إِنَّهُۥ كَانَ بِي حَفِيًّا ٤٧၎င်းက ‌ပြောဆိုခဲ့သည်- ငြိမ်းချမ်းသာယာမှုသည် အသင့်အ‌ပေါ်တွင် ကျ‌ရောက်ပါ‌စေ၊ (ကျွန်ုပ်သည် လမ်းခွဲသွားပါ‌တော့မည်)။ မကြာမီ ကျွန်ုပ်သည် အသင်(ဖခင်)အတွက် ကျွန်ုပ်အား ဖန်ဆင်း‌မွေးမြူ‌တော်မူ‌သော အရှင်မြတ်ထံ‌တော်တွင် လွတ်ငြိမ်းချမ်းသာခွင့် ‌တောင်းခံပါမည်။* အမှန်စင်စစ ်အရှင်မြတ်သည် ကျွန်ုပ်အ‌ပေါ်တွင် အလွန်‌ကျေးဇူးပြု‌တော်မူ‌သောအရှင် ဖြစ်‌တော်မူပါသည်။ وَأَعۡتَزِلُكُمۡ وَمَا تَدۡعُونَ مِن دُونِ ٱللَّهِ وَأَدۡعُواْ رَبِّي عَسَىٰٓ أَلَّآ أَكُونَ بِدُعَآءِ رَبِّي شَقِيًّا ٤٨ထို့ပြင် ကျွန်ုပ်သည် အသင်နှင့်တကွ အလ္လာဟ်အရှင်မြတ်ကိုစွန့်၍ အသင်တို့ ဟစ်‌ခေါ်‌နေ‌သောအရာများမှ သီးခြားခွဲခွာပြီး‌နေ‌တော့မည်။ ထို့ပြင် ကျွန်ုပ်သည် မိမိအား ဖန်ဆင်း‌မွေးမြူ‌တော်မူ‌သော အရှင်မြတ်ကိုသာ ဟစ်‌ခေါ်‌တော့မည်။ ကျွန်ုပ်သည် ကျွန်ုပ်အား ဖန်ဆင်း‌မွေးမြူ‌တော်မူ‌သောအရှင်မြတ်ကို ဟစ်‌ခေါ်ရာတွင် အလိုမပြည့်သူဖြစ်မည် မဟုတ်ဟု ‌မျှော်လင့်ပါသည်။ فَلَمَّا ٱعۡتَزَلَهُمۡ وَمَا يَعۡبُدُونَ مِن دُونِ ٱللَّهِ وَهَبۡنَا لَهُۥٓ إِسۡحَٰقَ وَيَعۡقُوبَۖ وَكُلًّا جَعَلۡنَا نَبِيًّا ٤٩ထို့‌နောက် ၎င်း(တမန်‌တော်အိဗ်ရာဟီမ်)သည် သူတို့(မုရှ်ရိက်များ)နှင့် အလ္လာဟ်အရှင်မြတ်အား စွန့်ပြီး သူတို့ကိုးကွယ်ကြသည့်အရာများကပါ သီးခြားခွဲခွာ၍ ‌နေသည့်အခါတွင် ငါအရှင်မြတ်သည် ၎င်း(တမန်‌တော်အိဗ်ရာဟီမ်)အား (သား‌တော်)အစ္စဟာက်နှင့် (‌မြေး‌တော်)ယအ်ကူဗ်ကို ‌ပေး‌တော်မူခဲ့သည်။ ထို့ပြင် ငါအရှင်မြတ်သည် ၎င်း(အစ္စဟာက်နှင့်ယအ်ကူဗ်)နှစ်ဦးစလုံးကို တမန်‌တော်အဖြစ် ချီးမြှင့်‌တော်မူခဲ့သည်။ وَوَهَبۡنَا لَهُم مِّن رَّحۡمَتِنَا وَجَعَلۡنَا لَهُمۡ لِسَانَ صِدۡقٍ عَلِيًّا ٥٠ထို့ပြင် ငါအရှင်မြတ်သည် ၎င်း(နဗီတမန်‌တော်များ)အား ငါအရှင်မြတ်၏ ကရုဏာ‌တော်ကို ‌ပေးသနား‌တော်မူခဲ့သည့်အပြင် ငါအရှင်မြတ်သည် ၎င်းတို့၏ မှန်ကန်သည့် ဂုဏ်သတင်းကိုလည်း ‌ကျော်ကြားမြင့်မား‌စေ‌တော်မူခဲ့သည်။ وَٱذۡكُرۡ فِي ٱلۡكِتَٰبِ مُوسَىٰٓۚ إِنَّهُۥ كَانَ مُخۡلَصًا وَكَانَ رَسُولًا نَّبِيًّا ٥١ထို့ပြင် အသင်(တမန်‌တော်)သည် (ဤ)ကျမ်းထဲမှ (တမန်‌တော်)မူစာအ‌ကြောင်းကို ‌ပြောပြလိုက်ပါ။ အမှန်စင်စစ် ၎င်းသည် သီးသန့် ‌ရွေးချယ်‌တော်မူခြင်းခံရသူဖြစ်သည့်အပြင် ရစူလ်တမန်‌တော်လည်း ဖြစ်ခဲ့သည်။ နဗီတမန်‌တော်လည်းဖြစ်ခဲ့သည်။ وَنَٰدَيۡنَٰهُ مِن جَانِبِ ٱلطُّورِ ٱلۡأَيۡمَنِ وَقَرَّبۡنَٰهُ نَجِيًّا ٥٢ထို့ပြင် ငါအရှင်မြတ်သည် ထို(တမန်‌တော်)မူစာကို (၎င်း၏)လက်ယာဘက်၌ရှိ‌သော သွူရ်‌တောင်ဘက်မှ ဟစ်‌ခေါ်‌တော်မူခဲ့သည်။ ထို့ပြင် ငါအရှင်မြတ်သည် ၎င်းအား လျှို့ဝှက်စကား‌ပြောကြားခံရသူအဖြစ် ပြုလုပ်‌တော်မူပြီး အရှင်မြတ်၏နီးကပ်မှုကို ချီးမြှင့်‌တော်မူခဲ့သည်။ وَوَهَبۡنَا لَهُۥ مِن رَّحۡمَتِنَآ أَخَاهُ هَٰرُونَ نَبِيًّا ٥٣ထို့ပြင် ငါအရှင်မြတ်သည် ၎င်းအတွက် ငါအရှင်မြတ်၏ရဟ်မသ်ကရုဏာ‌တော်မှ ၎င်း၏အစ်ကို ဟာရူန်ကို တမန်‌တော်အဖြစ် ‌ပေးသနား‌တော်မူခဲ့သည်။ وَٱذۡكُرۡ فِي ٱلۡكِتَٰبِ إِسۡمَٰعِيلَۚ إِنَّهُۥ كَانَ صَادِقَ ٱلۡوَعۡدِ وَكَانَ رَسُولًا نَّبِيًّا ٥٤ထို့ပြင် အသင်သည် ဤကျမ်းထဲမှ (တမန်‌တော်)အစ္စမာအီလ်အ‌ကြောင်းကို ‌ပြောပြလိုက်ပါ။ အမှန်စင်စစ် ၎င်းသည် ကတိတည်သူဖြစ်ခဲ့သည့်အပြင် ရစူလ်တမန်‌တော်လည်း ဖြစ်ခဲ့သည်။ နဗီတမန်‌တော်လည်း ဖြစ်ခဲ့သည်။ وَكَانَ يَأۡمُرُ أَهۡلَهُۥ بِٱلصَّلَوٰةِ وَٱلزَّكَوٰةِ وَكَانَ عِندَ رَبِّهِۦ مَرۡضِيًّا ٥٥ထို့ပြင် ၎င်းသည် ၎င်း၏အိမ်သူအိမ်သားများအား စွလာသ်ဝတ်ပြုရန်နှင့် ဇကာသ်‌ပေး‌ဆောင်ရန် အမိန့်‌ပေးညွှန်ကြား‌လေ့ရှိခဲ့သည်။ ထို့ပြင် ၎င်းသည် ၎င်းအား ဖန်ဆင်း‌မွေးမြူ‌သောမူ‌သော အရှင်မြတ်ထံ‌တော်တွင် နှစ်မြို့ဖွယ်ရာလည်းဖြစ်ခဲ့သည်။ وَٱذۡكُرۡ فِي ٱلۡكِتَٰبِ إِدۡرِيسَۚ إِنَّهُۥ كَانَ صِدِّيقًا نَّبِيًّا ٥٦ထို့ပြင် အသင်သည် ဤကျမ်းထဲမှ (တမန်‌တော်)အိဒ်ရီစ်*အ‌ကြောင်းကို ‌ပြောပြလိုက်ပါ။ အမှန်စင်စစ် ၎င်းသည် အလွန်မှန်ကန်သူလည်းဖြစ်သည်။ နဗီတမန်‌တော်လည်း ဖြစ်ခဲ့သည်။ وَرَفَعۡنَٰهُ مَكَانًا عَلِيًّا ٥٧ထို့ပြင် ငါအရှင်မြတ်သည် ၎င်းအား အလွန်မြင့်မားသည့်‌နေရာသို့ ‌ခေါ်ယူ‌တော်မူသည်။ أُوْلَٰٓئِكَ ٱلَّذِينَ أَنۡعَمَ ٱللَّهُ عَلَيۡهِم مِّنَ ٱلنَّبِيِّـۧنَ مِن ذُرِّيَّةِ ءَادَمَ وَمِمَّنۡ حَمَلۡنَا مَعَ نُوحٍ وَمِن ذُرِّيَّةِ إِبۡرَٰهِيمَ وَإِسۡرَٰٓءِيلَ وَمِمَّنۡ هَدَيۡنَا وَٱجۡتَبَيۡنَآۚ إِذَا تُتۡلَىٰ عَلَيۡهِمۡ ءَايَٰتُ ٱلرَّحۡمَٰنِ خَرُّواْۤ سُجَّدًاۤ وَبُكِيًّا ۩ ٥٨၎င်းတို့သည် အကြင်သူများပင်ဖြစ်ကြသည်၊ ၎င်းတို့အ‌ပေါ်တွင် အလ္လာဟ်အရှင်မြတ်‌ကျေးဇူးပြု‌တော်မူခဲ့ခြင်း ဖြစ်သည်။ ၎င်းတို့သည် တမန်‌တော်များထဲမှပင် ဖြစ်ကြသည်။ အချို့သည် အာဒမ်၏သားသမီးများ၊ အချို့သည် ငါအရှင်မြတ်က (တမန်‌တော်)နူးဟ်နှင့်အတူ (သ‌ဘေင်္ာ‌ပေါ်)တင်‌ဆောင်‌တော်မူခဲ့သည့်သူများ၏ သားသမီးများ၊ အချို့သည် (တမန်‌တော်)အိဗ်ရာဟီမ်၏သားသမီးများ၊ အချို့သည် (တမန်‌တော်)အစ္စရာအီလ်(ယအ်ကူဗ်)၏သားသမီးများ ဖြစ်ကြသည်။* ထို့ပြင် ၎င်းတို့အားလုံးမှာ ငါအရှင်မြတ် တရားလမ်းမှန်ညွှန်ကြားပြသ‌တော်မူခဲ့ပြီး ငါအရှင်မြတ် ‌ရွေးချယ်‌တော်မူခဲ့‌သောသူများထဲမှလည်း ဖြစ်ခဲ့ကြသည်။ မည်သည့်အခါပင်ဖြစ်‌စေ ၎င်းတို့‌ရှေ့၌ ရဟ်မာန်အနန္တကရုဏာ‌တော်ရှင်၏ အာယသ်‌တော်များကို ဖတ်ကြားခဲ့လျင်၊ ၎င်းတို့သည် ဦးချ၍ ငို‌ကြွေးကြလျက် (‌မြေ‌ပေါ်)ကျလာကြသည်။ ۞ فَخَلَفَ مِنۢ بَعۡدِهِمۡ خَلۡفٌ أَضَاعُواْ ٱلصَّلَوٰةَ وَٱتَّبَعُواْ ٱلشَّهَوَٰتِۖ فَسَوۡفَ يَلۡقَوۡنَ غَيًّا ٥٩၎င်းတို့၏‌နောက်တွင် အကြင်ဆိုးရွား‌သော ဆက်ခံသူများသည် ဆက်ခံခဲ့ကြသည်။ သူတို့သည် စွလာသ်ဝတ်ပြုမှုကို ဖျက်ဆီးခဲ့ကြသည်။ ထို့ပြင် စိတ်အလိုဆန္ဒများကို လိုက်စားခဲ့ကြသည်။ သို့ဖြစ်ရာ သူတို့သည် မကြာမီ (လမ်းမှားမှု‌ကြောင့်)ပျက်စီးနှင့် ရင်ဆိုင်ကြရမည်ဖြစ်သည်။ إِلَّا مَن تَابَ وَءَامَنَ وَعَمِلَ صَٰلِحًا فَأُوْلَٰٓئِكَ يَدۡخُلُونَ ٱلۡجَنَّةَ وَلَا يُظۡلَمُونَ شَيۡـًٔا ٦٠သို့ရာတွင် အကြင်သူသည် ဝန်ချ‌တောင်းပန်ခဲ့သည်။ ထို့ပြင် သူသည် အီမာန်ယုံကြည်ခဲ့ပြီး ‌ကောင်းမြတ်‌သော လုပ်ရပ်များကိုလည်း ပြုလုပ်ခဲ့သည်။ သို့ဖြစ်ရာ သူတို့သည် သုခဘုံကို ဝင်ကြရမည်။ ထို့ပြင် သူတို့သည် အနည်းငယ်စိုးစဉ်းမျှပင် မတရားပြုလုပ်ခြင်းကို ခံကြရမည်မဟုတ်‌ပေ။ جَنَّٰتِ عَدۡنٍ ٱلَّتِي وَعَدَ ٱلرَّحۡمَٰنُ عِبَادَهُۥ بِٱلۡغَيۡبِۚ إِنَّهُۥ كَانَ وَعۡدُهُۥ مَأۡتِيًّا ٦١(သူတို့သည်) အကြင်အမြဲတည်ရှိမည့် ဥယျာဉ်များတွင် (‌နေကြရမည်)။ ထိုဥယျာဉ်များကို ရဟ်မာန် အနန္တကရုဏာ‌တော်ရှင်က အရှင်မြတ်၏ကျွန်များအား အကွယ်တွင် ကတိပြုထားခဲ့ခြင်းဖြစ်သည်။ အမှန်စင်စစ် အရှင်မြတ်၏ကတိ‌တော်သည် ပြည့်မည့်အရာပင် ဖြစ်သည်။ لَّا يَسۡمَعُونَ فِيهَا لَغۡوًا إِلَّا سَلَٰمًاۖ وَلَهُمۡ رِزۡقُهُمۡ فِيهَا بُكۡرَةً وَعَشِيًّا ٦٢သူတို့သည် ထိုသုခဘုံတွင် စလာမ်‌မေတ္တာပို့သခြင်းမှလွဲ၍ အကျိုးမဲ့စကားကို ကြားကြရမည် မဟုတ်‌ပေ။ ထို့ပြင် သူတို့အတွက် ထိုသုခဘုံတွင် သူတို့၏ စား‌သောက်ဖွယ်ရာများသည် နံနက်နှင့်ည‌နေတွင် ရှိလိမ့်မည်။ تِلۡكَ ٱلۡجَنَّةُ ٱلَّتِي نُورِثُ مِنۡ عِبَادِنَا مَن كَانَ تَقِيًّا ٦٣ဤသည် အကြင်သုခဘုံဖြစ်သည်။ (ထိုသုခဘုံကို) ငါအရှင်မြတ်သည် ငါအရှင်မြတ်၏ကျွန်များထဲမှ ‌ကြောက်ရွံ့အပြစ်‌ရှောင် ‌ကောင်းကျိုး‌ဆောင်သည့်သူများအား အ‌မွေဆက်ခံ‌စေ‌တော်မူမည် ဖြစ်သည်။ وَمَا نَتَنَزَّلُ إِلَّا بِأَمۡرِ رَبِّكَۖ لَهُۥ مَا بَيۡنَ أَيۡدِينَا وَمَا خَلۡفَنَا وَمَا بَيۡنَ ذَٰلِكَۚ وَمَا كَانَ رَبُّكَ نَسِيًّا ٦٤ထို့ပြင် ကျွန်ုပ်တို့(‌ကောင်းကင်တမန်များ)သည် အသင့်အား ဖန်ဆင်း‌မွေးမြူ‌တော်မူ‌သော အရှင်မြတ်၏အမိန့်‌တော်မရှိဘဲနှင့် ဆင်းသက်ကြသည် မဟုတ်‌ပေ။ ကျွန်ုပ်တို့‌ရှေ့နှင့်‌နောက်တွင်သာမက ‌ရှေ့နှင့်‌နောက်ကြားတွင်ရှိသည့် အရာဟူသမျှသည် အရှင်မြတ်ပင် ပိုင်ဆိုင်သည့်အရာများဖြစ်ကြသည်။ ထို့ပြင် အသင့်အား ဖန်ဆင်း‌မွေးမြူ‌တော်မူ‌သော အရှင်မြတ်သည် ‌မေ့‌လျော့‌တော်မူ‌သောအရှင် မဟုတ်‌ပေ။ رَّبُّ ٱلسَّمَٰوَٰتِ وَٱلۡأَرۡضِ وَمَا بَيۡنَهُمَا فَٱعۡبُدۡهُ وَٱصۡطَبِرۡ لِعِبَٰدَتِهِۦۚ هَلۡ تَعۡلَمُ لَهُۥ سَمِيًّا ٦٥(အရှင်မြတ်သည်) မိုး‌ကောင်းကင်များနှင့်၊ ‌မြေပထဝီသာမက ထိုမိုး‌ကောင်းကင်နှင့် ‌မြေပထဝီနှစ်ခု၏ကြားတွင် ရှိသမျှအရာများကို ဖန်ဆင်း‌တော်မူ‌သောအရှင်မြတ် ဖြစ်‌တော်မူသည်။ သို့ဖြစ်ရာ အသင်သည် ထိုအရှင်မြတ်အား ကိုးကွယ်ပါ။ ထို့ပြင် အရှင်မြတ်အား ကိုးကွယ်ရာတွင် ကြံ့ကြံ့ခံပါ။* ထိုအရှင်မြတ်နှင့် အမည်အားဖြင့်တူညီမှု (မည်သည့်အရာတွင်မျှ ဆင်တူယိုးမှားပင် မရှိနိုင်သည်)ကို အသင်သိပါသ‌လော။ وَيَقُولُ ٱلۡإِنسَٰنُ أَءِذَا مَا مِتُّ لَسَوۡفَ أُخۡرَجُ حَيًّا ٦٦ထို့ပြင် လူသားက‌ပြောဆိုသည်- ကျွန်ုပ်‌သေပြီး‌နောက် မကြာမီ(ပြန်)အသက်ရှင်လျက် (သချင်္ီုင်းထဲမှ)ထွက်‌စေခြင်းကို အမှန်ပင် ခံရဦးမည်‌လော။ أَوَلَا يَذۡكُرُ ٱلۡإِنسَٰنُ أَنَّا خَلَقۡنَٰهُ مِن قَبۡلُ وَلَمۡ يَكُ شَيۡـًٔا ٦٧ထို့ပြင် လူသားသည် ယခင်က သူသည် မည်သည့်အရာမျှ မရှိခဲ့ပါဘဲလျက် ငါအရှင်မြတ်ကပင် သူ့အား ဖန်ဆင်း‌တော်မူခဲ့သည်ကို သတိမရသ‌လော။ فَوَرَبِّكَ لَنَحۡشُرَنَّهُمۡ وَٱلشَّيَٰطِينَ ثُمَّ لَنُحۡضِرَنَّهُمۡ حَوۡلَ جَهَنَّمَ جِثِيًّا ٦٨ထို့‌နောက် အသင့်အား ဖန်ဆင်း‌မွေးမြူ‌တော်မူ‌သော အရှင်မြတ်ကု တိုင်တည်‌ပြောမည်၊ အမှန်စင်စစ် ငါအရှင်မြတ်သည် သူတို့နှင့် ရှိုင်သွာန်များကို စုရုံး‌တော်မူပြီးလျှင် အမှန်ပင် ငါအရှင်မြတ်သည် သူတို့အား ငရဲဘုံ၏ပတ်ဝန်းကျင်တွင် ဒူးတုပ်လျက် အသင့်‌ရောက်‌စေ‌တော်မူမည်။ ثُمَّ لَنَنزِعَنَّ مِن كُلِّ شِيعَةٍ أَيُّهُمۡ أَشَدُّ عَلَى ٱلرَّحۡمَٰنِ عِتِيًّا ٦٩ထို့‌နောက် အနန္တကရုဏာ‌တော်ရှင်အား အဆိုးဆုံး ပုန်ကန်ဆန့်ကျင်သူများကို ငါအရှင်မြတ်သည် အုပ်စုတိုင်းမှ အမှန်ပင် ‌ရွေးထုတ်‌တော်မူမည်။ ثُمَّ لَنَحۡنُ أَعۡلَمُ بِٱلَّذِينَ هُمۡ أَوۡلَىٰ بِهَا صِلِيًّا ٧٠ထို့‌နောက် အမှန်စင်စစ် ထိုငရဲဘုံတွင် မီး‌လောင်‌စေရန်အတွက် ပစ်ချခံရရန် အထိုက်တန်ဆုံးသူများကို ငါအရှင်မြတ်သည် အသိဆုံးဖြစ်‌တော်မူသည်။ وَإِن مِّنكُمۡ إِلَّا وَارِدُهَاۚ كَانَ عَلَىٰ رَبِّكَ حَتۡمًا مَّقۡضِيًّا ٧١ထို့ပြင် အသင်တို့ထဲမှ မည်သူမဆို ထိုဂျဟန္နမ်ငရဲဘုံ‌ပေါ်တွင် ဖြတ်သန်းသွားရမည့်သူများချည်းသာ ဖြစ်သည်။* (ဤသည်) အသင့်အား ဖန်ဆင်း‌မွေးမြူ‌တော်မူ‌သော အရှင်မြတ်က အရှင်မြတ်အ‌ပေါ်တွင် ဆုံးဖြတ်ထား‌သော တာဝန်တစ်ခုပင်ဖြစ်သည်။ ثُمَّ نُنَجِّي ٱلَّذِينَ ٱتَّقَواْ وَّنَذَرُ ٱلظَّٰلِمِينَ فِيهَا جِثِيًّا ٧٢ထို့‌နောက် ငါအရှင်မြတ်သည် ‌ကြောက်ရွံ့အပြစ်‌ရှောင် ‌ကောင်းကျိုး‌ဆောင်သူများအား လွတ်‌မြောက်‌စေ‌တော်မူမည်။ ထို့ပြင် မတရားကျူးလွန်သူများကို ငါအရှင်မြတ်သည် ထိုငရဲဘုံ၌ပင် ဒူးတုပ်ထားလျက် စွန့်ပစ်ထား‌တော်မူမည်။ وَإِذَا تُتۡلَىٰ عَلَيۡهِمۡ ءَايَٰتُنَا بَيِّنَٰتٍ قَالَ ٱلَّذِينَ كَفَرُواْ لِلَّذِينَ ءَامَنُوٓاْ أَيُّ ٱلۡفَرِيقَيۡنِ خَيۡرٌ مَّقَامًا وَأَحۡسَنُ نَدِيًّا ٧٣ထို့ပြင် သူတို့၏‌ရှေ့၌ ငါအရှင်မြတ်၏အာယသ်‌တော်များကို ရှင်းလင်းထင်ရှားစွာ ဖတ်ကြားသည့်အခါ ကာဖိရ်များက အီမာန်ယုံကြည်သူများကို ‌ပြောဆိုကြသည်- “(ကျွန်ုပ်တို့နှင့် အသင်တို့)အုပ်စုနှစ်စုထဲမှ မည်သည့်အုပ်စုသည် အ‌ခြေအ‌နေပို‌ကောင်းပြီး အ‌ပေါင်းအ‌ဖော်လည်း ပို‌ကောင်းသနည်း။“ وَكَمۡ أَهۡلَكۡنَا قَبۡلَهُم مِّن قَرۡنٍ هُمۡ أَحۡسَنُ أَثَٰثًا وَرِءۡيًا ٧٤ထို့ပြင် ငါအရှင်မြတ်သည် သူတို့မတိုင်မီ အုပ်စုများစွာကို ဖျက်ဆီး‌တော်မူခဲ့ပြီးဖြစ်သည်။ ထို(ဖျက်ဆီးခြင်းခံရသည့်)အုပ်စုများသည် ပစ္စည်းဥစ္စာ၊ အမြင်အ‌နေဖြင့် (သူတို့ထက်)ပို‌ကောင်းသူများ ဖြစ်ခဲ့ကြသည်။ قُلۡ مَن كَانَ فِي ٱلضَّلَٰلَةِ فَلۡيَمۡدُدۡ لَهُ ٱلرَّحۡمَٰنُ مَدًّاۚ حَتَّىٰٓ إِذَا رَأَوۡاْ مَا يُوعَدُونَ إِمَّا ٱلۡعَذَابَ وَإِمَّا ٱلسَّاعَةَ فَسَيَعۡلَمُونَ مَنۡ هُوَ شَرٌّ مَّكَانًا وَأَضۡعَفُ جُندًا ٧٥(အို- တမန်‌တော်)အသင်‌ပြောလိုက်ပါ- မည်သူမဆို လမ်းမှားတွင်ရှိခဲ့လျှင် ရဟ်မာန်အနန္တကရုဏာ‌တော်ရှင်သည် ထိုသူ့အား အချိန်ကြာကြာ ‌ရွှေ့ဆိုင်းထား‌တော်မူသည်။ ‌နောက်ဆုံးတွင် ထိုသူများသည် သူတို့ ချိန်းဆိုထားခြင်းခံရ‌သော ပြစ်ဒဏ်ကိုဖြစ်‌စေ၊ ကိယာမသ်ကိုဖြစ်‌စေ ‌တွေ့မြင်ကြသည့်အခါ မည်သူသည် ‌နေရာထိုင်ခင်းအ‌နေဖြင့် အ‌ခြေအ‌နေ ပိုဆိုးသူဖြစ်‌ကြောင်းနှင့် မည်သူသည် အုပ်စုအ‌နေဖြင့် ပိုအားနည်းသူဖြစ်‌ကြောင်းကို သူတို့ မကြာမီ သိရှိကြလိမ့်မည်။ وَيَزِيدُ ٱللَّهُ ٱلَّذِينَ ٱهۡتَدَوۡاْ هُدًىۗ وَٱلۡبَٰقِيَٰتُ ٱلصَّٰلِحَٰتُ خَيۡرٌ عِندَ رَبِّكَ ثَوَابًا وَخَيۡرٌ مَّرَدًّا ٧٦ထို့ပြင် အလ္လာဟ်အရှင်မြတ်သည် တရားလမ်းမှန်ရရှိသူများကို ပိုပြီး တရားလမ်းမှန်တိုးပွား‌စေ‌တော်မူသည်။ ထို့ပြင် အမြဲတည်ရှိ‌နေမည့် ‌ကောင်းမြတ်‌သော လုပ်ရပ်များသည် အသင့်အား ဖန်ဆင်း‌မွေးမြူ‌တော်မူ‌သော အရှင်မြတ်ထံ‌တော်တွင် ကုသိုလ်အကျိုးအ‌နေဖြင့်လည်း အ‌ကောင်းဆုံးဖြစ်သည်။ ‌နောက်ဆုံးအကျိုးဆက်အ‌နေဖြင့်လည်း အ‌ကောင်းဆုံးပင် ဖြစ်သည်။ أَفَرَءَيۡتَ ٱلَّذِي كَفَرَ بِـَٔايَٰتِنَا وَقَالَ لَأُوتَيَنَّ مَالًا وَوَلَدًا ٧٧အသင်(တမန်‌တော်)သည် အကြင်သူ့ကို မြင်ခဲ့သ‌လော။ ထိုသူသည် ငါအရှင်မြတ်၏ အာယသ်‌တော်များကို ငြင်းပယ်ခဲ့သည်။ ထို့ပြင် အမှန်စင်စစ် ကျွန်ုပ်သည် (တမလွန်ဘဝတွင်) ပစ္စည်းဥစ္စာနှင့် သားသမီးကို ‌ပေးသနားခံရဦးမည်ဟု ‌ပြောဆိုခဲ့သည်။ أَطَّلَعَ ٱلۡغَيۡبَ أَمِ ٱتَّخَذَ عِندَ ٱلرَّحۡمَٰنِ عَهۡدًا ٧٨သူသည် အကွယ်၌ရှိသည်ကို သိခဲ့သ‌လော။ သို့မဟုတ် သူသည် ရဟ်မာန်အနန္တကရုဏာ‌တော်ရှင်ထံတွင် ကတိတစ်စုံတစ်ခု ပြုလုပ်ခဲ့သ‌လော။ كـَلَّاۚ سَنَكۡتُبُ مَا يَقُولُ وَنَمُدُّ لَهُۥ مِنَ ٱلۡعَذَابِ مَدًّا ٧٩လုံးဝ မဟုတ်‌ပေ။ ငါအရှင်မြတ်သည် သူ‌ပြောသည်ကို ‌ရေးမှတ်‌တော်မူမည်။ ထို့ပြင် ငါအရှင်မြတ်သည် သူ့ကို ပြစ်ဒဏ်တိုး‌ပေး‌တော်မူမည်။ وَنَرِثُهُۥ مَا يَقُولُ وَيَأۡتِينَا فَرۡدًا ٨٠ထို့ပြင် သူ‌ပြောသည့်အရာများကို ငါအရှင်မြတ်ပင် ပိုင်ဆိုင်‌တော်မူမည်။ ထို့‌နောက် သူသည် ငါအရှင်မြတ်ထံ‌တော်သို့ တစ်ကိုယ်တည်းပင် ‌ရောက်ရှိလာလိမ့်မည်။ وَٱتَّخَذُواْ مِن دُونِ ٱللَّهِ ءَالِهَةً لِّيَكُونُواْ لَهُمۡ عِزًّا ٨١ထို့ပြင် သူတို့သည် သူတို့အတွက် ကူညီသူများအဖြစ် အလ္လာဟ်အရှင်မြတ်အားစွန့်ပြီး ကိုးကွယ်ရာများ ပြုလုပ်ထားကြသည်။ كـَلَّاۚ سَيَكۡفُرُونَ بِعِبَادَتِهِمۡ وَيَكُونُونَ عَلَيۡهِمۡ ضِدًّا ٨٢လုံးဝ(ကူညီမည်)မဟုတ်‌ပေ။ မကြာမီ သူတို့(၏ ကိုးကွယ်ရာများ)သည် ကိုးကွယ်မှုကို ငြင်းပယ်ပြီး သူတို့(ကို ကိုးကွယ်သူများ)၏ ဆန့်ကျင်ဘက်ရန်သူများပင် ဖြစ်သွားကြလိမ့်မည်။ أَلَمۡ تَرَ أَنَّآ أَرۡسَلۡنَا ٱلشَّيَٰطِينَ عَلَى ٱلۡكَٰفِرِينَ تَؤُزُّهُمۡ أَزًّا ٨٣အသင်(တမန်‌တော်)မသိမြင်ခဲ့သ‌လော။ အမှန်စင်စစ် ငါအရှင်မြတ်သည် ကာဖိရ်များအ‌ပေါ်တွင် ရှိုင်သွာန်များကို ‌စေလွှတ်ထား‌တော်မူခဲ့သည်။ သူတို့သည် ကာဖိရ်များကို အလွန်လှုံ့‌ဆော်လျက်ရှိကြသည်။ فَلَا تَعۡجَلۡ عَلَيۡهِمۡۖ إِنَّمَا نَعُدُّ لَهُمۡ عَدًّا ٨٤သို့ဖြစ်ရာ အသင်သည် သူတို့နှင့်ပတ်သက်၍ အလျင်စလိုမပြုပါနှင့်။ ငါအရှင်မြတ်ကိုယ်တိုင်ပင် သူတို့(၏ အပြုအမူများ)ကို ‌ရေတွက်(မှတ်သား)‌နေ‌တော်မူသည်။ يَوۡمَ نَحۡشُرُ ٱلۡمُتَّقِينَ إِلَى ٱلرَّحۡمَٰنِ وَفۡدًا ٨٥(ထိုပြစ်ဒဏ်သည် အကြင်‌နေ့တွင် ကျ‌ရောက်မည်ဖြစ်သည်။) ထို‌နေ့တွင် ငါအရှင်မြတ်သည် မုသ်သကီ ‌ကြောက်ရွံ့အပြစ်‌ရှောင် ‌ကောင်းကျိုး‌ဆောင်သူများကို ရဟ်မာန်အနန္တကရုဏာ‌တော်ရှင်ထံသို့ (ဂုဏ်သ‌ရေရှိ)ဧည့်သည်‌တော်များအဖြစ် စုရုံး‌စေ‌တော်မူမည်။ وَنَسُوقُ ٱلۡمُجۡرِمِينَ إِلَىٰ جَهَنَّمَ وِرۡدًا ٨٦ထို့ပြင် ငါအရှင်မြတ်သည် အပြစ်ကျူးလွန်သူများကို (ထို‌နေ့တွင်)ငရဲဘုံသို့ ‌ရေဆာ‌လောင် ငတ်မွတ်‌စေလျက် (တိရစာ္ဆန်များကဲ့သို့)‌မောင်းနှင်‌တော်မူမည်။ لَّا يَمۡلِكُونَ ٱلشَّفَٰعَةَ إِلَّا مَنِ ٱتَّخَذَ عِندَ ٱلرَّحۡمَٰنِ عَهۡدًا ٨٧(ထို‌နေ့တွင်) ရဟ်မာန်အနန္တကရုဏာ‌တော်ရှင်ထံမှ ကတိတစ်စုံ ရရှိပြီးဖြစ်သူမှလွဲ၍ အခြားသူများသည် ကြားဝင်အသနားခံပိုင်ခွင့် ရှိကြမည်မဟုတ်‌ပေ။ وَقَالُواْ ٱتَّخَذَ ٱلرَّحۡمَٰنُ وَلَدًا ٨٨ထို့ပြင် သူတို့က ရဟ်မာန်အနန္တကရုဏာ‌တော်ရှင်သည် သားသမီးပြုလုပ်(‌မွေးစား)‌တော်မူခဲ့သည်ဟု (စွပ်စွဲ)‌ပြောဆိုခဲ့ကြသည်။ لَّقَدۡ جِئۡتُمۡ شَيۡـًٔا إِدًّا ٨٩အမှန်စင်စစ် အသင်တို့သည် အလွန်ဆိုးရွားသည့်အရာကို ကျူးလွန်(‌ပြောဆို)ခဲ့ကြသည်။ تَكَادُ ٱلسَّمَٰوَٰتُ يَتَفَطَّرۡنَ مِنۡهُ وَتَنشَقُّ ٱلۡأَرۡضُ وَتَخِرُّ ٱلۡجِبَالُ هَدًّا ٩٠ထို‌ပြောဆိုမှု‌ကြောင့် မိုး‌ကောင်းကင်များသည် ပြိုမည့်ဆဲဆဲနှင့် ‌မြေပထဝီသည် အက်ကွဲမည့်ဆဲဆဲဖြစ်သည့်အပြင် ‌တောင်များသည်လည်း တုန်လှုပ်ပြီး ပြိုလဲကျမည့်ဆဲဆဲဖြစ်ကြသည်။ أَن دَعَوۡاْ لِلرَّحۡمَٰنِ وَلَدًا ٩١သူတို့သည် ရဟ်မာန်အနန္တကရုဏာ‌တော်ရှင်၌ သားသမီး(ရှိသည်ဟု) စွပ်စွဲခဲ့ကြသည့်အတွက်‌ကြောင့်ဖြစ်သည်။ وَمَا يَنۢبَغِي لِلرَّحۡمَٰنِ أَن يَتَّخِذَ وَلَدًا ٩٢ထို့ပြင် သားသမီးတစ်ဦးဦး ပြုလုပ်ခြင်းသည် ရဟ်မာန်အနန္တကရုဏာ‌တော်ရှင်နှင့် လုံးဝ မအပ်စပ်‌ပေ။ إِن كُلُّ مَن فِي ٱلسَّمَٰوَٰتِ وَٱلۡأَرۡضِ إِلَّآ ءَاتِي ٱلرَّحۡمَٰنِ عَبۡدًا ٩٣မိုး‌ကောင်းကင်များနှင့် ‌မြေပထဝီတွင် ရှိသမျှသူများသည် ရဟ်မာန်အနန္တကရုဏာ‌တော်ရှင်၏ ‌ရှေ့၌ ကျွန်အဖြစ်နှင့် လာ‌ရောက်ရမည့်သူချည်းသာဖြစ်သည်။ لَّقَدۡ أَحۡصَىٰهُمۡ وَعَدَّهُمۡ عَدًّا ٩٤အမှန်စင်စစ် အရှင်မြတ်သည် သူတို့အား လွှမ်းခြုံသိ‌တော်မူသည့်အပြင် သူတို့အား ‌ရေတွက်၍လည်း ထား‌တော်မူသည်။ وَكُلُّهُمۡ ءَاتِيهِ يَوۡمَ ٱلۡقِيَٰمَةِ فَرۡدًا ٩٥ထို့ပြင် သူတို့ထဲမှ လူတိုင်းသည် အရှင်မြတ်ထံ‌တော်သို့ ကိယာမသ်‌နေ့တွင် တစ်ဦးချင်း လာ‌ရောက်ရမည့်သူများပင် ဖြစ်ကြသည်။ إِنَّ ٱلَّذِينَ ءَامَنُواْ وَعَمِلُواْ ٱلصَّٰلِحَٰتِ سَيَجۡعَلُ لَهُمُ ٱلرَّحۡمَٰنُ وُدًّا ٩٦အမှန်စင်စစ် အကြင်သူများသည် အီမာန်ယုံကြည်ပြီး ‌ကောင်းမြတ်သည့်လုပ်ရပ်များကို ပြုလုပ်ခဲ့ကြသည်။ ရဟ်မာန်အနန္တကရုဏာ‌တော်ရှင်သည် ထိုသူများအတွက် မကြာမီ (အဖန်ဆင်းခံများ၏ စိတ်နှလုံးများထဲတွင်)ချစ်ခင်မှုကို ‌ပေါက်ဖွား‌စေ‌တော်မူမည်ဖြစ်သည်။ فَإِنَّمَا يَسَّرۡنَٰهُ بِلِسَانِكَ لِتُبَشِّرَ بِهِ ٱلۡمُتَّقِينَ وَتُنذِرَ بِهِۦ قَوۡمًا لُّدًّا ٩٧ထို့ပြင် ငါအရှင်မြတ်ကပင် ထို(ကုရ်အာန် ကျမ်း‌တော်မြတ်)ကို အသင်၏ဘာသာစကားနှင့် လွယ်ကူ‌အောင် ပြုလုပ်‌တော်မူခဲ့သည်။ (မည်သည့်အတွက်‌ကြောင့်ဆိုလျှင်) အသင်သည် ထိုအရာနှင့် မုသ်သကီ‌ကြောက်ရွံ့အပြစ်‌ရှောင် ‌ကောင်းကျိုး‌ဆောင်သူများကို သတင်း‌ကောင်း‌ပေးရန်နှင့် ‌စောဒက အတက်သန်သည့်အမျိုးသားများကို ထိုအရာနှင့် သတိ‌ပေးနှိုး‌ဆော်မှု ပြုလုပ်နိုင်ရန်အတွက်ဖြစ်သည်။ وَكَمۡ أَهۡلَكۡنَا قَبۡلَهُم مِّن قَرۡنٍ هَلۡ تُحِسُّ مِنۡهُم مِّنۡ أَحَدٍ أَوۡ تَسۡمَعُ لَهُمۡ رِكۡزَۢا ٩٨ထို့ပြင် ငါအရှင်မြတ်သည် သူတို့မတိုင်မီ အုပ်စုများစွာကို ဖျက်ဆီး‌တော်မူခဲ့သည်။ အသင်သည် သူတို့ထဲမှ မည်သူ့အား မြင်ပါ‌သေးသနည်း။ သို့မဟုတ် အသင်သည် သူတို့၏အသံ သဲ့သဲ့ကိုပင် ကြားပါ‌သေး၏‌လော။

الترجمة: Hashim Tin Myint.