بِسۡمِ ٱللَّهِ ٱلرَّحۡمَٰنِ ٱلرَّحِيمِ
ٱلۡحَمۡدُ لِلَّهِ ٱلَّذِيٓ أَنزَلَ عَلَىٰ عَبۡدِهِ ٱلۡكِتَٰبَ وَلَمۡ يَجۡعَل لَّهُۥ عِوَجَاۜ ١ချီးမွမ်းခြင်းဟူသမျှသည် အကြင်အလ္လာဟ်အရှင်မြတ်အတွက်ဖြစ်သည်။ ထိုအရှင်မြတ်သည အရှင်မြတ်၏ကျွန် (တမန်တော်မုဟမ္မဒ်-ဆွ)အပေါ်တွင် ကျမ်းတော်မြတ်ကုရ်အာန်ကို ချပေးတော်မူခဲ့သည်။ ထို့ပြင် အရှင်မြတ်သည် ထိုကျမ်းတော်ထဲ၌ မည်သည့်ကွေ့ကောက်မှုမှ ပြုလုပ်ထားတော်မမူခဲ့ပေ။ قَيِّمًا لِّيُنذِرَ بَأۡسًا شَدِيدًا مِّن لَّدُنۡهُ وَيُبَشِّرَ ٱلۡمُؤۡمِنِينَ ٱلَّذِينَ يَعۡمَلُونَ ٱلصَّٰلِحَٰتِ أَنَّ لَهُمۡ أَجۡرًا حَسَنًا ٢ဖြောင့်မတ်စွာ(ရှိသောကျမ်းဖြစ်သည်)၊ ၎င်း(တမန်တော်မုဟမ္မဒ်-ဆွ)သည် အရှင်မြတ်ထံတော်မှ ပြင်းထန်သောအပြစ်ဒဏ်ကို သတိပေးရန်တွက်၊ ၎င်းနောက် ကောင်းမြတ်သောလုပ်ရပ်များကို ပြုလုပ်ကြသော ယုံကြည်သူများအား အမှန်ပင် သူတို့အတွက် ကောင်းမြတ်သော အကျိုးဆုလာဘ်ရှိသည်ဟု သတင်းကောင်းပေးရန်အတွက်ဖြစ်သည်။ مَّٰكِثِينَ فِيهِ أَبَدًا ٣ထိုဆု(အဖြစ်ပေးထားသောနေရာ)တွင် အမြဲနေကြရမည်။ وَيُنذِرَ ٱلَّذِينَ قَالُواْ ٱتَّخَذَ ٱللَّهُ وَلَدًا ٤ထို့ပြင် အလ္လာဟ်အရှင်မြတ်သည် သားတော်တစ်ပါးမွေးစားတော်မူခဲ့သည်ဟု ပြောဆိုကြသောသူများအား သတိပေးနှိုးဆော်ရန်အတွက်လည်းဖြစ်သည်။ مَّا لَهُم بِهِۦ مِنۡ عِلۡمٍ وَلَا لِأٓبَآئِهِمۡۚ كَبُرَتۡ كَلِمَةً تَخۡرُجُ مِنۡ أَفۡوَٰهِهِمۡۚ إِن يَقُولُونَ إِلَّا كَذِبًا ٥သူတို့တွင် ၎င်း(သားရှိခြင်း)နှင့်ပတ်သက်၍ မည်သည့်အသိပညာ အထောက်အထားမှ မရှိပေ။ ၎င်းနောက် သူတို့၏ အဘ၊ ဘိုး၊ ဘေးများတွင်လည်း (မည်သည့်အသိပညာ အထောက်အထားမှ မရှိကြပေ)။ သူတို့နှုတ်များမှ ထွက်သောစကားသည် အလွန်ကြီးကျယ်လှသည်။ အမှန်စင်စစ် သူတို့သည် မုသားလိမ်လည်ပြောဆိုခြင်းပင်ဖြစ်သည်။ فَلَعَلَّكَ بَٰخِعٌ نَّفۡسَكَ عَلَىٰٓ ءَاثَٰرِهِمۡ إِن لَّمۡ يُؤۡمِنُواْ بِهَٰذَا ٱلۡحَدِيثِ أَسَفًا ٦သို့ဖြစ်ရာ အကယ်၍ သူတို့သည် ဤကျမ်းတော်ကို မယုံကြည်ခဲ့ကြလျှင် အသင်သည် သူတို့(မယုံကြည်ခဲ့ကြသည့်)နောက်၌ အသင့်ကိုယ်အသင် ဝမ်းနည်းပူဆွေးပြီး (သေကြေ)ပျက်စီးအောင်လုပ်တော့မည်နှင့် တူသည်။ إِنَّا جَعَلۡنَا مَا عَلَى ٱلۡأَرۡضِ زِينَةً لَّهَا لِنَبۡلُوَهُمۡ أَيُّهُمۡ أَحۡسَنُ عَمَلًا ٧အမှန်စင်စစ် ငါအရှင်မြတ်သည် လူများအား သူတို့ထဲမှ မည်သူသည် လုပ်ရပ်အနေနှင့် အကောင်းဆုံးဖြစ်သည်ကို စမ်းသပ်တော်မူရန်အတွက် ငါအရှင်မြတ်သည် ကမာ္ဘမြေပေါ်၌ရှိသည်များကို ကမာ္ဘမြေ၏ လှပမှုအကြောင်းခံအဖြစ် ပြုလုပ်တော်မူခဲ့သည်။ وَإِنَّا لَجَٰعِلُونَ مَا عَلَيۡهَا صَعِيدًا جُرُزًا ٨ထို့နောက် အမှန်စင်စစ် ငါအရှင်မြတ်သည် ထိုမြေပေါ်ရှိသမျှကို အမှန်ပင် သွေ့ခြောက်သောမြေပြင် ပြုလုပ်တော်မူမည့်အရှင် ဖြစ်တော်မူသည်။ أَمۡ حَسِبۡتَ أَنَّ أَصۡحَٰبَ ٱلۡكَهۡفِ وَٱلرَّقِيمِ كَانُواْ مِنۡ ءَايَٰتِنَا عَجَبًا ٩အမှန်စင်စစ် လိုဏ်ဂူထဲ၌ ခိုအောင်းနေသူများနှင့် သူတို့အမည်များကို ရေးထာသောသင်ပုန်း(ကျောက်စာ)တို့သည် ငါအရှင်မြတ်၏ သက်သေလက္ခဏာများထဲမှ ထူးဆန်းအံ့ဩဖွယ်ရာဖြစ်သည်ဟု အသင်ထင်မှတ်ခဲ့လေသလော။ إِذۡ أَوَى ٱلۡفِتۡيَةُ إِلَى ٱلۡكَهۡفِ فَقَالُواْ رَبَّنَآ ءَاتِنَا مِن لَّدُنكَ رَحۡمَةً وَهَيِّئۡ لَنَا مِنۡ أَمۡرِنَا رَشَدًا ١٠တစ်ခါက ထိုလူငယ်များသည် လိုဏ်ဂူထဲသို့ ခိုအောင်းခဲ့ကြသည်။ ၎င်းနောက် သူတို့သည် (အရှင်မြတ်ထံ၌) ပြောဆိုလျှောက်ထားခဲ့ကြသည်- “အို- ကျွန်ုပ်တို့အား ဖန်ဆင်းမွေးမြူတော်မူသောအရှင်၊ အရှင်မြတ်သည် ကျွန်ုပ်တို့အား အရှင်မြတ်ထံတော်မှ ကရုဏာကို ပေးသနားတော်မူပါ။ ၎င်းနောက် အရှင်မြတ်သည် ကျွန်ုပ်တို့အတွက် ကျွန်ုပ်တို့၏အရေးကိစ္စတွင် ဖြောင့်မတ်အောင် စီစဉ်ပေးတော်မူပါ။ فَضَرَبۡنَا عَلَىٰٓ ءَاذَانِهِمۡ فِي ٱلۡكَهۡفِ سِنِينَ عَدَدًا ١١သို့ဖြစ်ရာ ငါအရှင်မြတ်သည် သူတို့၏နားများပေါ် လိုဏ်ဂူထဲ၌ ရေတွက်ထားသောနှစ်များအထိ အကာအကွယ်ပြုလုပ်(အိပ်ပျော်စေ)တော်မူခဲ့သည်။ ثُمَّ بَعَثۡنَٰهُمۡ لِنَعۡلَمَ أَيُّ ٱلۡحِزۡبَيۡنِ أَحۡصَىٰ لِمَا لَبِثُوٓاْ أَمَدًا ١٢ထို့နောက် ငါအရှင်မြတ်သည် သူတို့အား ထိုအုပ်စုနှစ်ခုထဲမှ ဘယ်အုပ်စုသည် သူတို့နေထိုင်ခဲ့ကြသော (ကြာရှည်ကာလ)အဆုံးအစွန်အား ရေတွက်ထားသည်ကို ငါအရှင်မြတ်က သိရှိဖော်ထုတ်ရန်အတွက် ပြန်နိုးစေတော်မူခဲ့သည်။ نَّحۡنُ نَقُصُّ عَلَيۡكَ نَبَأَهُم بِٱلۡحَقِّۚ إِنَّهُمۡ فِتۡيَةٌ ءَامَنُواْ بِرَبِّهِمۡ وَزِدۡنَٰهُمۡ هُدًى ١٣ငါအရှင်မြတ်သည် အသင်(တမန်တော်)အား သူတို့အကြောင်းကို မှန်ကန်စွာ ပြောပြတော်မူမည်။ အမှန်စင်စစ် သူတို့သည် သူတို့အား ဖန်ဆင်းမွေးမြူတော်မူသော အရှင်မြတ်အား ယုံကြည်ခဲ့ကြသော လူငယ်တစ်စုဖြစ်ခဲ့သည်။ ထို့နောက် ငါအရှင်မြတ်သည် သူတို့အား လမ်းမှန်ညွှန်ကြားပြသမှု တိုးပေးတော်မူခဲ့သည်။ وَرَبَطۡنَا عَلَىٰ قُلُوبِهِمۡ إِذۡ قَامُواْ فَقَالُواْ رَبُّنَا رَبُّ ٱلسَّمَٰوَٰتِ وَٱلۡأَرۡضِ لَن نَّدۡعُوَاْ مِن دُونِهِۦٓ إِلَٰهًاۖ لَّقَدۡ قُلۡنَآ إِذًا شَطَطًا ١٤ထို့ပြင် သူတို့သည် (သူတို့၏ဘုရင်ရှေ့၌)ရပ်(ပြော)ကြသောအခါ ငါအရှင်မြတ်သည် သူတို့၏စိတ်နှလုံးများကို ကြံ့ခိုင်စေတော်မူခဲ့သည်။ သို့ဖြစ်ရာ သူတို့သည် (ဤသို့)ပြောဆိုကြသည်- “ကျွန်ုပ်တို့အား ဖန်ဆင်းမွေးမြူတော်မူသောအရှင်မြတ်သည် မိုးကောင်းကင်များနှင့် မြေပထဝီအား ဖန်ဆင်းမွေးမြူတော်မူသောအရှင်မြတ်ပင် ဖြစ်တော်မူသည်။ ကျွန်ုပ်တို့သည် ထိုအရှင်မြတ်မှလွဲ၍ မည်သူ့ကိုမှ လုံးဝဟစ်ခေါ်ကိုးကွယ်ကြမည် မဟုတ်ပေ။ ထိုသို့ (ဟစ်ခေါ်ခဲ့မည်)ဆိုလျှင် အမှန်စင်စစ် ကျွန်ုပ်တို့သည် အမှန်တရားမှ အလွန်ဝေးသော အမှားစကားအား ပြောဆိုသူများပင် ဖြစ်ကြလိမ့်မည်။“ هَٰٓؤُلَآءِ قَوۡمُنَا ٱتَّخَذُواْ مِن دُونِهِۦٓ ءَالِهَةًۖ لَّوۡلَا يَأۡتُونَ عَلَيۡهِم بِسُلۡطَٰنِۭ بَيِّنٍۖ فَمَنۡ أَظۡلَمُ مِمَّنِ ٱفۡتَرَىٰ عَلَى ٱللَّهِ كَذِبًا ١٥“ကျွန်ုပ်တို့၏ ဤအမျိုးသားများသည် အရှင်မြတ်မှလွဲ၍ အခြားကိုးကွယ်ရာများကို ပြုလုပ်(ကိုးကွယ်)ခဲ့ကြသည်။ သူတို့သည် ထို(သူတို့ ကိုးကွယ်ရာ)များနှင့်ပတ်သက်၍ ထင်ရှားသော သက်သေသာဓက တစ်စုံတစ်ရာ အဘယ့်ကြောင့် ယူဆောင်လာခြင်း မပြုကြသနည်း။ သို့ဖြစ်ရာ အလ္လာဟ်အရှင်မြတ်အပေါ်တွင် လုပ်ကြံစွပ်စွဲသူထက်ပို၍ မတရားသူသည် မည်သူရှိဦးမည်နည်း။“ وَإِذِ ٱعۡتَزَلۡتُمُوهُمۡ وَمَا يَعۡبُدُونَ إِلَّا ٱللَّهَ فَأۡوُۥٓاْ إِلَى ٱلۡكَهۡفِ يَنشُرۡ لَكُمۡ رَبُّكُم مِّن رَّحۡمَتِهِۦ وَيُهَيِّئۡ لَكُم مِّنۡ أَمۡرِكُم مِّرۡفَقًا ١٦ထို့နောက် အသင်တို့သည် ထို(အမျိုးသား)များထံမှလည်းကောင်း၊ အလ္လာဟ်အရှင်မြတ်မှလွဲ၍ သူတို့ ကိုးကွယ်သောအရာများမှလည်းကောင်း သီးသန့်ခွဲခွာနေခဲ့ကြပြီးသောအခါ အသင်တို့သည် (ထို)လိုဏ်ဂူထဲသို့ ခိုလှုံလိုက်ကြပါ။ အသင်တို့အား ဖန်ဆင်းမွေးမြူတော်မူသောအရှင်မြတ်သည် အရှင်မြတ်၏ကရုဏာတော်အား အသင်တို့အပေါ်တွင် ပျံ့နှံ့အောင် ပြုလုပ်ပေးသနားတော်မူလိမ့်မည်။* ၎င်းနောက် အရှင်မြတ်သည် အသင်တို့အတွက် အသင်တို့၏အရေးကိစ္စ၌ လွယ်ကူသောအကြောင်းခံများကို စီမံဖန်တီးပေးတော်မူမည်ဖြစ်သည်။ ۞ وَتَرَى ٱلشَّمۡسَ إِذَا طَلَعَت تَّزَٰوَرُ عَن كَهۡفِهِمۡ ذَاتَ ٱلۡيَمِينِ وَإِذَا غَرَبَت تَّقۡرِضُهُمۡ ذَاتَ ٱلشِّمَالِ وَهُمۡ فِي فَجۡوَةٍ مِّنۡهُۚ ذَٰلِكَ مِنۡ ءَايَٰتِ ٱللَّهِۗ مَن يَهۡدِ ٱللَّهُ فَهُوَ ٱلۡمُهۡتَدِۖ وَمَن يُضۡلِلۡ فَلَن تَجِدَ لَهُۥ وَلِيًّا مُّرۡشِدًا ١٧ထို့ပြင် (ထိုလိုဏ်ဂူသည် ဤသို့ အနေအထားဖြစ်သည်) အသင်(တမန်တော်)သည် နေထွက်သောအခါ (ကြည့်လျှင်) ထိုနေသည် သူတို့၏လိုဏ်ဂူမှ လက်ယာဘက်သို့ ယိမ်းနေသည်ကိုလည်းကောင်း၊ ထို့နောက် ထိုနေသည် (ပြန်)ဝင်သည့်အခါ(ကြည့်လျှင်)လက်ဝဲဘက်သို့(ကျော်ပြီး) သူတို့အား ရှောင်တိမ်းသွားသည်ကိုလည်းကောင်း တွေ့မြင်ရမည်ဖြစ်သည်။* ၎င်းပြင် သူတို့သည် ထိုလိုဏ်ဂူ၏ကျယ်ဝန်းသော နေရာ၌ပင် ရှိနေခဲ့ကြသည်။ ၎င်းသည် အလ္လာဟ်အရှင်မြတ်၏ လက္ခဏာများထဲမှဖြစ်သည်။ အလ္လာဟ်အရှင်မြတ်က လမ်းမှန်ညွှန်ကြားပြသသောသူသာ လမ်းမှန်ရရှိသူဖြစ်သည်။ ၎င်းနောက် အရှင်မြတ်က လမ်းမှားစေသောသူကမူ သူ့အား ကူညီမည့်၊ လမ်းမှန်ညွှန်ကြားပြသသောမည့် မိတ်ဆွေဟူ၍ အသင် မည်သူ့ကိုမှ လုံးဝ တွေ့ရမည်မဟုတ်ပေ။ وَتَحۡسَبُهُمۡ أَيۡقَاظًا وَهُمۡ رُقُودٌۚ وَنُقَلِّبُهُمۡ ذَاتَ ٱلۡيَمِينِ وَذَاتَ ٱلشِّمَالِۖ وَكَلۡبُهُم بَٰسِطٌ ذِرَاعَيۡهِ بِٱلۡوَصِيدِۚ لَوِ ٱطَّلَعۡتَ عَلَيۡهِمۡ لَوَلَّيۡتَ مِنۡهُمۡ فِرَارًا وَلَمُلِئۡتَ مِنۡهُمۡ رُعۡبًا ١٨ထို့ပြင် အသင်(တမန်တော်)သည် သူတို့ကို (တွေ့ရလျှင်) သူတို့သည် အိပ်ပျော်နေကြသူများဖြစ်ပါလျက် နိုးနေကြသူများဟုပင် ထင်မှတ်လိမ့်မည်။ ထို့ပြင် ငါအရှင်မြတ်သည် သူတို့အား လက်ယာဘက်နှင့် လက်ဝဲဘက်သို့ လှည့်ပြောင်းပေးတော်မူသည်။ ထို့ပြင် သူတို့၏ခွေးသည် တံခါးဝတွင် သူ၏လက်နှစ်ဖက်အား ဖြန့်(ခင်း)လျက်ရှိခဲ့သည်။ အကယ်၍ အသင်သည် သူတို့အား ချောင်းမြောင်းကြည့်ခဲ့လျှင် အမှန်ပင် အသင်သည် သူတို့ဘက်မှ ကျောခိုင်းပြေးမည့်အပြင် သူတို့အာ ကြောက်ရွံ့မှုသည်လည်း အမှန်ပင် အသင့်တွင် ပြည့်လျှံသွားခဲ့လိမ့်မည်။ وَكَذَٰلِكَ بَعَثۡنَٰهُمۡ لِيَتَسَآءَلُواْ بَيۡنَهُمۡۚ قَالَ قَآئِلٌ مِّنۡهُمۡ كَمۡ لَبِثۡتُمۡۖ قَالُواْ لَبِثۡنَا يَوۡمًا أَوۡ بَعۡضَ يَوۡمٍۚ قَالُواْ رَبُّكُمۡ أَعۡلَمُ بِمَا لَبِثۡتُمۡ فَٱبۡعَثُوٓاْ أَحَدَكُم بِوَرِقِكُمۡ هَٰذِهِۦٓ إِلَى ٱلۡمَدِينَةِ فَلۡيَنظُرۡ أَيُّهَآ أَزۡكَىٰ طَعَامًا فَلۡيَأۡتِكُم بِرِزۡقٍ مِّنۡهُ وَلۡيَتَلَطَّفۡ وَلَا يُشۡعِرَنَّ بِكُمۡ أَحَدًا ١٩ထို့ပြင် ဤသို့ပင် ငါအရှင်မြတ်သည် သူတို့အား သူတို့အချင်းချင်း မေးမြန်းကြရန်အတွက် နိုးထစေတော်မူခဲ့သည်။* သူတို့ထဲမှ ပြောဆိုသူတစ်ဦးက အသင်တို့သည် မည်မျှ(ကြာကြာအိပ်ပျော်)နေခဲ့သနည်းဟု ပြောဆို(မေးမြန်း)သည်။ သူတို့က ပြောဆိုကြသည်- ကျွန်ုပ်တို့သည် တစ်နေ့ သို့မဟုတ် နေ့၏တစ်စိတ်တစ်ဒေသမျှ(အိပ်)နေခဲ့ကြသည်။ သူတို့(ထဲမှ အချို့)က ပြောဆိုကြသည်- အသင်တို့(အိပ်ပျော်)နေခဲ့ကြသောအချိန်ကာလကို အသင်တို့အား ဖန်ဆင်းမွေးမြူတော်မူသော အရှင်မြတ်သာ အသိဆုံးဖြစ်တော်မူသည်။ သို့ဖြစ်ရာ အသင်တို့သည် အသင်တို့ထဲမှ တစ်ဦးဦးအား အသင်တို့၏ငွေဒဂင်္ါးကိုပေးပြီး မြို့ထဲသို့ စေလွှတ်ကြပါ။ ထို့နောက် မည်သည့်အစားအစာသည် အစင်ကြယ်ဆုံးဖြစ်သည်ကို ကြည့်၍ ထိုသူသည် ထို(အစင်ကြယ်ဆုံးသောစားစရာ)ထဲမှ စားစရာအချို့ကို အသင်တို့ထံ ယူဆောင်လာခဲ့ရမည်။ ၎င်းနောက် သူသည် (ဝယ်ယူမှုတွင်) နူးညံ့စွာဆက်ဆံရမည်။ ၎င်းနောက် သူသည် အသင်တို့နှင့်ပတ်သက်၍ မည်သူ့ကိုမှ လုံးဝ မသိစေရပေ။ إِنَّهُمۡ إِن يَظۡهَرُواْ عَلَيۡكُمۡ يَرۡجُمُوكُمۡ أَوۡ يُعِيدُوكُمۡ فِي مِلَّتِهِمۡ وَلَن تُفۡلِحُوٓاْ إِذًا أَبَدًا ٢٠အဘယ့်ကြောင့်ဆိုသော် အကယ်၍ သူတို့သည် အသင်တို့နှင့်ပတ်သက်၍ အမှန်စင်စစ် သိသွားခဲ့ကြလျှင် သူတို့သည် အသင်တို့အား ခဲဖြင့် ပစ်ပေါက်သတ်ခြင်း သို့မဟုတ် သူတို့၏ဘာသာထဲသို့ ပြန်သွတ်သွင်းခြင်းကို ပြုလုပ်ကြမည်ဖြစ်သောကြောင့်ပင်။ ၎င်းနောက် အသင်တို့သည် သို့ဖြစ်လျှင် မည်သည့်အခါမှ အောင်မြင်တော့မည် မဟုတ်တော့ပေ။ وَكَذَٰلِكَ أَعۡثَرۡنَا عَلَيۡهِمۡ لِيَعۡلَمُوٓاْ أَنَّ وَعۡدَ ٱللَّهِ حَقٌّ وَأَنَّ ٱلسَّاعَةَ لَا رَيۡبَ فِيهَآ إِذۡ يَتَنَٰزَعُونَ بَيۡنَهُمۡ أَمۡرَهُمۡۖ فَقَالُواْ ٱبۡنُواْ عَلَيۡهِم بُنۡيَٰنًاۖ رَّبُّهُمۡ أَعۡلَمُ بِهِمۡۚ قَالَ ٱلَّذِينَ غَلَبُواْ عَلَىٰٓ أَمۡرِهِمۡ لَنَتَّخِذَنَّ عَلَيۡهِم مَّسۡجِدًا ٢١ထို့ပြင် (ထိုခေတ်က)လူများသည် အမှန်စင်စစ် အလ္လာဟ်အရှင်မြတ်၏ကတိတော်သည် မှန်ကန်ကြောင်းနှင့် အမှန်စင်စစ် ကိယာမသ်သည် ထိုနေ့နှင့်ပတ်သက်၍ သံသယဖြစ်စရာ မရှိဆိုသည်ကို သိရှိကြရန်အတွက် ဤသို့ပင် ငါအရှင်မြတ်သည် သူတို့နှင့်ပတ်သက်၍ (ထိုခေတ်မှ လူများအား) အသိပေးတော်မူခဲ့သည်။ တစ်ခါက ထို(ခေတ်မှ)လူများသည် ၎င်းတို့ကြားတွင် ထို(လူငယ်တစ်စု)၏ အရေးကိစ္စနှင့်ပတ်သက်၍ ငြင်းခုံနေကြသည်။ (ကာဖိရ်)များက သူတို့(လူငယ်တစ်စု)အနီး၌ အဆောက်အအုံတစ်ခုကို တည်ဆောက်ကြပါဟု ပြောဆိုကြသည်။ သူတို့အား ဖန်ဆင်းမွေးမြူတော်မူသော အရှင်မြတ်ပင် သူတို့နှင့်ပတ်သက်၍ အသိဆုံးဖြစ်တော်မူသည်။ သူတို့၏အရေးကိစ္စတွင် လွှမ်းမိုးအောင်နိုင်ခဲ့ကြသော (အာဏာပိုင်)များကမူ ကျွန်ုပ်တို့သည် ထိုသူတို့(လူငယ်တစ်စု)၏အနီး၌ ဝတ်ကျောင်းတော်တစ်ခု အမှန်ပင် တည်ဆောက်ကြမည်ဟု ပြောဆိုခဲ့ကြသည်။ سَيَقُولُونَ ثَلَٰثَةٌ رَّابِعُهُمۡ كَلۡبُهُمۡ وَيَقُولُونَ خَمۡسَةٌ سَادِسُهُمۡ كَلۡبُهُمۡ رَجۡمَۢا بِٱلۡغَيۡبِۖ وَيَقُولُونَ سَبۡعَةٌ وَثَامِنُهُمۡ كَلۡبُهُمۡۚ قُل رَّبِّيٓ أَعۡلَمُ بِعِدَّتِهِم مَّا يَعۡلَمُهُمۡ إِلَّا قَلِيلٌۗ فَلَا تُمَارِ فِيهِمۡ إِلَّا مِرَآءً ظَٰهِرًا وَلَا تَسۡتَفۡتِ فِيهِم مِّنۡهُمۡ أَحَدًا ٢٢မကြာမီ လူများက ပြောဆိုကြလိမ့်မည်- (ထိုလူငယ်တစ်စုသည်) သုံးဦးဖြစ်သည်၊ သူတို့ထဲမှ စတုတ္ထသည် သူတို့၏ခွေးဖြစ်သည်။ ထို့ပြင် (အချို့ကလည်း ထိုသူများသည်)ငါးဦးဖြစ်သည်၊ သူတို့ထဲမှ ဆဋ္ဌမသည် သူတို့၏ခွေးဖြစ်သည်ဟု အကွယ်မှ(စကားဖြင့်) လှမ်းပစ်လျက် (ရမ်းဆပြောဆိုကြမည်)။ (အချို့ကလည်း)ခုနစ်ဦးဖြစ်သည်၊ အဋ္ဌမသည် သူတို့၏ခွေးဖြစ်သည်ဟု ပြောဆိုကြမည်။ (အို- တမန်တော်)အသင်ပြောလိုက်ပါ- ငါ့အား ဖန်ဆင်းမွေးမြူတော်မူသောအရှင်မြတ်ပင် သူတို့၏အရေအတွက်ကို အသိဆုံးဖြစ်တော်မူသည်။ သူတို့နှင့်ပတ်သက်၍ အနည်းငယ်မှလွဲ၍ မည်သူမှ မသိကြပေ။ သို့ဖြစ်ရာ အသင်သည် သူတို့နှင့်ပတ်သက်၍ အပေါ်ယံမျှသာ ဆွေးနွေးခြင်းမှလွဲပြီး (အကြီးအကျယ်) ငြင်းခုံမှု မပြုလုပ်လေနှင့်။ ထို့ပြင် အသင်သည် သူတို့နှင့် ပတ်သက်၍ ထို(ကျမ်းဂန်ရရှိ)သူများထဲတွင် မည်သူ့ကိုမျှ မေးမြန်းခြင်း မပြုလေနှင့်။ وَلَا تَقُولَنَّ لِشَاْيۡءٍ إِنِّي فَاعِلٌ ذَٰلِكَ غَدًا ٢٣ထို့ပြင် အသင်(တမန်တော်)သည် မည်သည့်ကိစ္စနှင့်ပတ်သက်၍ပင်ဖြစ်စေ အမှန်စင်စစ် ငါသည် ထိုကိစ္စကို မနက်ဖြန်တွင် ပြုလုပ်မည်ဟု လုံးဝ မပြောဆိုလေနှင့်။ إِلَّآ أَن يَشَآءَ ٱللَّهُۚ وَٱذۡكُر رَّبَّكَ إِذَا نَسِيتَ وَقُلۡ عَسَىٰٓ أَن يَهۡدِيَنِ رَبِّي لِأَقۡرَبَ مِنۡ هَٰذَا رَشَدًا ٢٤“သို့ရာတွင် အလ္လာဟ်အရှင်မြတ်အလိုရှိတော်မူပါလျှင်“ (ပြုလုပ်မည်ဟု ပြောဆိုပါ)။ ထို့ပြင် အသင်(တမန်တော်)သည် မေ့လျော့သွားခဲ့လျှင် (သတိရလျှင် ရချင်း) အသင့်အား ဖန်ဆင်းမွေးမြူတော်မူသောအရှင်မြတ်ကို သတိရတသပါ။ ထို့ပြင် (အို-တမန်တော်)အသင်ပြောလိုက်ပါ- ငါ့အား ဖန်ဆင်းမွေးမြူတော်မူသော အရှင်မြတ်သည် တရားလမ်းညွှန်ရာတွင် ဤထက်ပိုနီးစပ်သောအရာကို ညွှန်ကြားပြသတော်မူလိမ့်မည်ဟု မျှော်လင့်သည်။ وَلَبِثُواْ فِي كَهۡفِهِمۡ ثَلَٰثَ مِاْئَةٍ سِنِينَ وَٱزۡدَادُواْ تِسۡعًا ٢٥ထို့ပြင် ထိုသူတို့(လူငယ်တစ်စု)သည် သူတို့၏လိုဏ်ဂူထဲ၌ နှစ်ပေါင်းသုံးရာအပြင် ကိုးနှစ်ပါပိုနေခဲ့ကြသည်။ قُلِ ٱللَّهُ أَعۡلَمُ بِمَا لَبِثُواْۖ لَهُۥ غَيۡبُ ٱلسَّمَٰوَٰتِ وَٱلۡأَرۡضِۖ أَبۡصِرۡ بِهِۦ وَأَسۡمِعۡۚ مَا لَهُم مِّن دُونِهِۦ مِن وَلِيٍّ وَلَا يُشۡرِكُ فِي حُكۡمِهِۦٓ أَحَدًا ٢٦(အို- တမန်တော်)အသင်ပြောလိုက်ပါ- သူတို့နေခဲ့ကြသောကာလကို အလ္လာဟ်အရှင်မြတ်သာ အသိဆုံးဖြစ်တော်မူသည်။ မိုးကောင်းကင်များနှင့် မြေပထဝီတွင်ရှိသော ဖုံးကွယ်နေသည့်အရာများ၏အသိသည် အလ္လာဟ်အရှင်မြတ်၌ပင်ရှိသည်။ အရှင်မြတ်သည် အဘယ်မျှ ကောင်းစွာမြင်တော်မူသောအရှင်၊ ကြားတော်မူသောအရှင် ဖြစ်တော်မူလိုက်သနည်း။ သူတို့အတွက် အရှင်မြတ်မှလွဲ၍ အစစအရာရာ ပြီးစီးအောင်ဆောင်ရွက်ပေးမည့်သူ မည်သူမှ မရှိပေ။ ၎င်းနောက် အရှင်မြတ်သည် အရှင်မြတ်၏အမိန့်ပြဋ္ဌာန်းမှုတွင် မည်သူ့ကိုမှ ဖက်စပ်ပါဝင်စေတော်မမူပေ။ وَٱتۡلُ مَآ أُوحِيَ إِلَيۡكَ مِن كِتَابِ رَبِّكَۖ لَا مُبَدِّلَ لِكَلِمَٰتِهِۦ وَلَن تَجِدَ مِن دُونِهِۦ مُلۡتَحَدًا ٢٧ထိုု့ပြင် အသင်(တမန်တော်)သည် အသင့်အား ဖန်ဆင်းမွေးမြူတော်မူသော အရှင်မြတ်၏ကျမ်းဂန်မှ အသင့်ထံသို့ ထုတ်ပြန်တော်မူခြင်းခံရသော အမိန့်တော်များကို(သူတို့၏ရှေ့၌)ဖတ်ကြားပါ။ အရှင်မြတ်၏အာယသ်တော်များကို ပြောင်းလဲမည့်သူ မည်သူမှမရှိပေ။ ၎င်းနောက် အသင်သည် အရှင်မြတ်မှလွဲ၍ ခိုကိုးရာ လုံးဝ တွေ့ရှိမည်မဟုတ်ပေ။ وَٱصۡبِرۡ نَفۡسَكَ مَعَ ٱلَّذِينَ يَدۡعُونَ رَبَّهُم بِٱلۡغَدَوٰةِ وَٱلۡعَشِيِّ يُرِيدُونَ وَجۡهَهُۥۖ وَلَا تَعۡدُ عَيۡنَاكَ عَنۡهُمۡ تُرِيدُ زِينَةَ ٱلۡحَيَوٰةِ ٱلدُّنۡيَاۖ وَلَا تُطِعۡ مَنۡ أَغۡفَلۡنَا قَلۡبَهُۥ عَن ذِكۡرِنَا وَٱتَّبَعَ هَوَىٰهُ وَكَانَ أَمۡرُهُۥ فُرُطًا ٢٨ထို့ပြင် အသင်(တမန်တော်)သည် အသင့်ကိုယ်ကို အကြင်သူတို့နှင့်အတူ သည်းခံပြီးနေပါ။ ထိုသူများသည် သူတို့အား ဖန်ဆင်းမွေးမြူတော်မူသော အရှင်မြတ်အား အရှင်မြတ်ကိုပဲ ရည်ရွယ်ပြီး နံနက်ပိုင်းနှင့် ညနေပိုင်းတွင် ဟစ်ခေါ်တသကြသည်။ ထို့ပြင် အသင်သည် ဤဘဝ၏လှပတင့်တယ်မှုကို ရည်ရွယ်၍ အသင်၏ မျက်စိနှစ်လုံးကို ထိုသူများထံမှ ပြန်မလှည့်ပါနှင့်။ (သူတို့အား ပစ်မထားနှင့်)။ ထို့ပြင် အသင်သည် အကြင်သူ၏စကားကို မလိုက်နာပါနှင့်။ ငါအရှင်မြတ်သည် ထိုသူ၏စိတ်နှလုံးအား ငါအရှင်မြတ်ကို သတိုရတသခြင်းမှ မေ့လျော့စေတော်မူခဲ့သည်။* ထို့ပြင် ထိုသူသည် သူ၏စိတ်အလိုနောက်ကိုသာ လိုက်နေသည်။ ၎င်းနောက် သူ၏အရေးကိစ္စသည် အလွန်အကျွံဖြစ်နေပြီးဖြစ်သည်။ وَقُلِ ٱلۡحَقُّ مِن رَّبِّكُمۡۖ فَمَن شَآءَ فَلۡيُؤۡمِن وَمَن شَآءَ فَلۡيَكۡفُرۡۚ إِنَّآ أَعۡتَدۡنَا لِلظَّٰلِمِينَ نَارًا أَحَاطَ بِهِمۡ سُرَادِقُهَاۚ وَإِن يَسۡتَغِيثُواْ يُغَاثُواْ بِمَآءٍ كَٱلۡمُهۡلِ يَشۡوِي ٱلۡوُجُوهَۚ بِئۡسَ ٱلشَّرَابُ وَسَآءَتۡ مُرۡتَفَقًا ٢٩ထို့ပြင် (အို- တမန်တော်)အသင်ပြောလိုက်ပါ- အမှန်တရားသည် အသင်တို့အား ဖန်ဆင်းမွေးမြူတော်မူသော အရှင်မြတ်ထံတော်မှ ရောက်ရှိလာခဲ့ပြီဖြစ်သည်။ သို့ဖြစ်ရာ မည်သူမဆို ယုံကြည်လိုလျှင် ယုံကြည်နိုင်သည်။ ၎င်းနောက် ငြင်းပယ်လိုလျှင် ငြင်းပယ်နိုင်သည်။ အမှန်စင်စစ် ငါအရှင်မြတ် မတရားကျူးလွန်သူများအတွက် (ငရဲ)မီးကို အသင့်ပြုလုပ်ထားတော်မူသည်။ ထိုမီး၏တံတိုင်းများသည် သူတို့အား ဝန်းရံထားလိမ့်မည်။ ထို့ပြင် အကယ်၍ သူတို့သည် ရေတောင်းကြလျှင် မျက်နှာများကို လောင်ကျွမ်းမည့်ခဲရည်ပူကဲ့သို့ရေကို ပေးခြင်းခံရမည်။ ထိုရေသည် အဘယ်မျှ ဆိုးရွားသောရေဖြစ်ပြီး ထိုငရဲဘုံသည်လည်း အလွန်ဆိုးဝါးလှသော ခိုနားရာနေရာဖြစ်သည်။ إِنَّ ٱلَّذِينَ ءَامَنُواْ وَعَمِلُواْ ٱلصَّٰلِحَٰتِ إِنَّا لَا نُضِيعُ أَجۡرَ مَنۡ أَحۡسَنَ عَمَلًا ٣٠အမှန်စင်စစ် အကြင်သူများသည် အီမာန်ယုံကြည်ပြီး ကောင်းမြတ်သောလုပ်ရပ်များကို ပြုလုပ်ခဲ့ကြသည်။ အမှန်စင်စစ် ငါအရှင်မြတ်သည် ကောင်းကျိုးပြုလုပ်သောသူများ၏အစားကို အလဟဿပြုလုပ်တော်မမူပေ။ أُوْلَٰٓئِكَ لَهُمۡ جَنَّٰتُ عَدۡنٍ تَجۡرِي مِن تَحۡتِهِمُ ٱلۡأَنۡهَٰرُ يُحَلَّوۡنَ فِيهَا مِنۡ أَسَاوِرَ مِن ذَهَبٍ وَيَلۡبَسُونَ ثِيَابًا خُضۡرًا مِّن سُندُسٍ وَإِسۡتَبۡرَقٍ مُّتَّكِـِٔينَ فِيهَا عَلَى ٱلۡأَرَآئِكِۚ نِعۡمَ ٱلثَّوَابُ وَحَسُنَتۡ مُرۡتَفَقًا ٣١ထိုသူများပင်ဖြစ်သည်၊ ၎င်းသူတို့အတွက် တည်မြဲသောဥယျာဉ်များရှိမည်။ ထိုအောက်မှ စမ်းရေချောင်းများ စီးဆင်းနေမည်။ သူတို့သည် ထိုဥယျာဉ်များတွင် ရွှေလက်ကောက်များနှင့် တန်ဆာဆင်ယင်ပေးခြင်းခံကြရမည်။ ၎င်းနောက် သူတို့သည် ပါးလွှာသောပိုးထည်နှင့် ထူထဲသောပိုးထည်မှ အစိမ်းရောင်(အဝတ်အစား)များကို ဝတ်ဆင်ကြမည်။ ထိုဥယျာဉ်များတွင် မြင့်မားသောထိုင်ခုံများပေါ်၌ မှီနေကြမည်။ ထိုအကျိုးသည် အဘယ်မျှကောင်းသော ကုသိုလ်အကျိုးဖြစ်ပြီး ထိုဥယျာဉ်သည်လည်း အလွန်ကောင်းလှသော အပန်းဖြေနားခိုရာနေရာဖြစ်သည်။ ۞ وَٱضۡرِبۡ لَهُم مَّثَلًا رَّجُلَيۡنِ جَعَلۡنَا لِأَحَدِهِمَا جَنَّتَيۡنِ مِنۡ أَعۡنَٰبٍ وَحَفَفۡنَٰهُمَا بِنَخۡلٍ وَجَعَلۡنَا بَيۡنَهُمَا زَرۡعًا ٣٢ထို့ပြင် အသင်သည် သူတို့အား လူနှစ်ယောက်*၏ပမာကို ခိုင်းနှိုင်းပြလိုက်ပါ။ ငါအရှင်မြတ်သည် သူတို့နှစ်ဦးထဲမှ တစ်ဦးကို စပျစ်ခြံနှစ်ခြံ ပေးသနားတော်မူခဲ့သည်။ ၎င်းနောက် ငါအရှင်မြတ်သည် ထိုခြံနှစ်ခြံအား စွန်ပလွံပင်များနှင့် ခြံရံပေးတော်မူခဲ့သည်။ ထို့ပြင် ငါအရှင်မြတ်သည် ထိုခြံနှစ်ခြံ၏ကြားတွင် လယ်ယာတစ်ခုကိုလည်း ပေးသနားတော်မူခဲ့သည်။ كِلۡتَا ٱلۡجَنَّتَيۡنِ ءَاتَتۡ أُكُلَهَا وَلَمۡ تَظۡلِم مِّنۡهُ شَيۡـًٔاۚ وَفَجَّرۡنَا خِلَٰلَهُمَا نَهَرًا ٣٣ထိုခြံနှစ်ခြံသည် သူတို့၏အသီးများကို အနည်းငယ်မှ လျော့နည်းခြင်းမရှိဘဲ သီးပွင့်ပေးလျက်ရှိခဲ့သည်။ ထို့ပြင် ငါအရှင်မြတ်သည် ထိုခြံနှစ်ခြံ၏အကြားတွင် ချောင်းတစ်ခုကိုလည်း စီးဆင်းစေတော်မူခဲ့သည်။ وَكَانَ لَهُۥ ثَمَرٌ فَقَالَ لِصَٰحِبِهِۦ وَهُوَ يُحَاوِرُهُۥٓ أَنَا۠ أَكۡثَرُ مِنكَ مَالًا وَأَعَزُّ نَفَرًا ٣٤ထို့ပြင် ထိုသူတွင် ပစ္စည်းဥစ္စာများလည်း ရှိသေးသည်။ သို့ဖြစ်ရာ သူက သူ၏အဖော်ကို ထိုအဖော်နှင့် စကားလက်ဆုံကျလျက် “ကျွန်ုပ်သည် အသင့်ထက် ဥစ္စာပစ္စည်းအနေဖြင့် ပိုမိုများပြားသူဖြစ်သည့်အပြင် ခြွေရံသင်းပင်း*အနေဖြင့်လည်း ပိုများသူပင်ဖြစ်ကြောင်း“ ပြောဆိုခဲ့သည်။ وَدَخَلَ جَنَّتَهُۥ وَهُوَ ظَالِمٌ لِّنَفۡسِهِۦ قَالَ مَآ أَظُنُّ أَن تَبِيدَ هَٰذِهِۦٓ أَبَدًا ٣٥ထို့နောက် သူသည် သူ၏ဥယျာဉ်ထဲသို့ သူ့ကိုယ်သူနှိပ်စက်လျက် ဝင်ရောက်ပြီး (ဤသို့)ပြောဆိုခဲ့သည်- “ကျွန်ုပ်သည် ဤဥယျာဉ်ကို မည်သည့်အခါမှ ပျက်စီးလိမ့်မည်ဟု မထင်ခဲ့ပေ။“ وَمَآ أَظُنُّ ٱلسَّاعَةَ قَآئِمَةً وَلَئِن رُّدِدتُّ إِلَىٰ رَبِّي لَأَجِدَنَّ خَيۡرًا مِّنۡهَا مُنقَلَبًا ٣٦“၎င်းနောက် ကျွန်ုပ်သည် ကိယာမသ်ဖြစ်လိမ့်မည်ဟုလည်းမထင်ပေ၊ ၎င်းနောက် အကယ်၍ ကျွန်ုပ်သည် ကျွန်ုပ်အား ဖန်ဆင်းမွေးမြူတော်မူသော အရှင်မြတ်ထံတော်သို့ ပြန်ပို့ခြင်းခံရလျှင်လည်း အမှန်စင်စစ် ကျွန်ုပ်သည် ထိုဥယျာဉ်ထက်ပိုကောင်းသောနေရာကိုပင် ရရှိဦးမည်ဖြစ်သည်။“ قَالَ لَهُۥ صَاحِبُهُۥ وَهُوَ يُحَاوِرُهُۥٓ أَكَفَرۡتَ بِٱلَّذِي خَلَقَكَ مِن تُرَابٍ ثُمَّ مِن نُّطۡفَةٍ ثُمَّ سَوَّىٰكَ رَجُلًا ٣٧သူ၏အဖော်က သူနှင့်စကားလက်ဆုံကျလျက် သူ့အား ပြောဆိုခဲ့သည်- “အသင်သည် အကြင်အရှင်မြတ်အား ငြင်းပယ်ခဲ့သည်လော။ ထိုအရှင်မြတ်သည် အသင့်အား မြေကြီးနှင် ဖန်ဆင်းတော်မူခဲ့သည်။ ထို့နောက် သုတ်ရည်တစ်စက်ဖြင့် ဖန်ဆင်းတော်မူခဲ့သည်။ ထို့နောက် အသင့်အား ယောက်ျားအဖြစ် ပြီးမြောက်စုံလင်အောင် စီမံဆောင်ရွက်တော်မူခဲ့သည်။“ لَّٰكِنَّا۠ هُوَ ٱللَّهُ رَبِّي وَلَآ أُشۡرِكُ بِرَبِّيٓ أَحَدًا ٣٨“သို့ရာတွင် ထိုအရှင်မြတ်သည် ကျွန်ုပ်အား ဖန်ဆင်းမွေးမြူတော်မူသော အရှင်မြတ်ပင် ဖြစ်တော်မူသည်။ ထို့ပြင် ကျွန်ုပ်သည် ကျွန်ုပ်အား ဖန်ဆင်းမွေးမြူတော်မူသော အရှင်မြတ်နှင့် မည်သူ့ကိုမှ တွဲဖက်မကိုးကွယ်ပေ။“ وَلَوۡلَآ إِذۡ دَخَلۡتَ جَنَّتَكَ قُلۡتَ مَا شَآءَ ٱللَّهُ لَا قُوَّةَ إِلَّا بِٱللَّهِۚ إِن تَرَنِ أَنَا۠ أَقَلَّ مِنكَ مَالًا وَوَلَدًا ٣٩“ထို့ပြင် အသင်သည် အသင်၏ဥယျာဉ်သို့ ဝင်ရောက်ခဲ့သောအခါက ဤသည် အလ္လာဟ်အရှင်မြတ် အလိုရှိသောအရာပင်ဖြစ်သည်၊ အလ္လာဟ်အရှင်မြတ်အကူအညီမရှိလျှင် မည်သည့်အရာမျှ မစွမ်းဆောင်နိုင်ပါဟု အဘယ့်ကြောင့် မဆိုခဲ့သနည်း။ အကယ်၍ အသင်သည် ကျွန်ုပ်အား အသင့်ထက် ပစ္စည်းနှင့် သားသမီးအခြွေအရံအားဖြင့် နည်းပါးသူဖြစ်သည်ဟု မြင်နေလျှင်။“ فَعَسَىٰ رَبِّيٓ أَن يُؤۡتِيَنِ خَيۡرًا مِّن جَنَّتِكَ وَيُرۡسِلَ عَلَيۡهَا حُسۡبَانًا مِّنَ ٱلسَّمَآءِ فَتُصۡبِحَ صَعِيدًا زَلَقًا ٤٠သို့ဖြစ်ရာ ကျွန်ုပ်အား ဖန်ဆင်းမွေးမြူတော်မူသောအရှင်မြတ်က အသင်၏ဥယျာဉ်ထက် ပိုကောင်းသည်ကို ကျွန်ုပ်အား ပေးသနားတော်မူ၍ (အသင်၏)ထိုဥယျာဉ်အပေါ်တွင် မိုးကောင်းကင်မှ မိုးကြိုးလောင်မီးတစ်စုံတစ်ခု ချပေးကောင်းချပေးလိမ့်မည်။ ထိုသို့ဆိုလျှင် ထိုဥယျာဉ်သည် ပြောင်ချော(ပြီး သစ်ပင်မပေါက်သော မီးလောင်ပြင်ကဲ့သို့) မြေပြင်တစ်ခုပင် ဖြစ်သွားလိမ့်မည်။“ أَوۡ يُصۡبِحَ مَآؤُهَا غَوۡرًا فَلَن تَسۡتَطِيعَ لَهُۥ طَلَبًا ٤١“သို့မဟုတ် ထိုဥယျာဉ်၏ ချောင်းရေသည် (မြေကြီးထဲသို့)နစ်ဝင်သွားကောင်းသွားလိမ့်မည်။ သို့ဖြစ်လျှင် အသင်သည် ထိုရေကို လုံးဝရှာဖွေနိုင်မည် မဟုတ်တော့ပေ။“ وَأُحِيطَ بِثَمَرِهِۦ فَأَصۡبَحَ يُقَلِّبُ كَفَّيۡهِ عَلَىٰ مَآ أَنفَقَ فِيهَا وَهِيَ خَاوِيَةٌ عَلَىٰ عُرُوشِهَا وَيَقُولُ يَٰلَيۡتَنِي لَمۡ أُشۡرِكۡ بِرَبِّيٓ أَحَدًا ٤٢ထို့နောက် ထိုသူ၏ပစ္စည်းဥစ္စာ(ခြံ၊ ဥယျာဉ်)များသည် (ဘေးအန္တရာယ်)ဝန်းရံခြင်းကို ခံခဲ့ရသည်။ ထို့ကြောင့် သူသည် ထိုဥယျာဉ်၌ သုံးစွဲခဲ့သည်များ ပျက်စီးရသည့်အတွက် (ဝမ်းနည်းပက်လက်နှင့်) သူ၏လက်ဝါးနှစ်ဖက်ကို ပွတ်သပ်လျက်ရှိတော့သည်။ ထို့ပြင် ထိုဥယျာဉ်သည်လည်း ပြိုလဲပျက်စီးကျနေတော့သည်။ ၎င်းနောက် သူက ဪ-ငါသည် ငါ့အား ဖန်ဆင်းမွေးမြူတော်မူသောအရှင်မြတ်နှင့် မည်သူ့ကိုမှ တွဲဖက် မကိုးကွယ်ခဲ့လျှင် ကောင်းလေစွဟု ပြောဆိုခဲ့သည်။ وَلَمۡ تَكُن لَّهُۥ فِئَةٌ يَنصُرُونَهُۥ مِن دُونِ ٱللَّهِ وَمَا كَانَ مُنتَصِرًا ٤٣ထို့ပြင် သူ့တွင် အလ္လာဟ်အရှင်မြတ်နှင့်ယှဉ်ပြိုင်ပြီး ကူညီနိုင်သောအုပ်စုလည်း လုံးဝမရှိခဲ့ပေ။ ၎င်းနောက် သူကိုယ်တိုင်လည်း (ထိုပြစ်ဒဏ်မှ လွတ်မြောက်အောင်)တတ်စွမ်းနိုင်ခြင်း မရှိခဲ့ပေ။ هُنَالِكَ ٱلۡوَلَٰيَةُ لِلَّهِ ٱلۡحَقِّۚ هُوَ خَيۡرٌ ثَوَابًا وَخَيۡرٌ عُقۡبًا ٤٤ဤသို့သောနေရာအချိန်အခါတွင် ကူညီနိုင်စွမ်းသည် အစစ်အမှန်ဖြစ်သော အလ္လာဟ်အရှင်မြတ်၌သာရှိသည်။ ထိုအရှင်မြတ်သည် အကျိုးကုသိုလ်ကို အကောင်းဆုံးပေးတော်မူသောအရှင်လည်းဖြစ်ပြီး နောက်ဆုံးအစားပေးရာတွင်လည်း အကောင်းဆုံးပေးတော်မူသောအရှင် ဖြစ်တော်မူသည်။ وَٱضۡرِبۡ لَهُم مَّثَلَ ٱلۡحَيَوٰةِ ٱلدُّنۡيَا كَمَآءٍ أَنزَلۡنَٰهُ مِنَ ٱلسَّمَآءِ فَٱخۡتَلَطَ بِهِۦ نَبَاتُ ٱلۡأَرۡضِ فَأَصۡبَحَ هَشِيمًا تَذۡرُوهُ ٱلرِّيَٰحُۗ وَكَانَ ٱللَّهُ عَلَىٰ كُلِّ شَيۡءٍ مُّقۡتَدِرًا ٤٥ထို့ပြင် အသင့်အနေဖြင့် ဤဘဝသည် အကြင်ရေနှင့်တူကြောင်း သာဓက ခိုင်းနှိုင်းပြလိုပ်ပါ။ ငါအရှင်မြတ်သည် ထိုရေကို မိုးကောင်းကင်မှ ရွာသွန်းစေတော်မူခဲ့သည်။ ၎င်းနောက် ထိုရေနှင့် မြေမှ သစ်ပင်ငယ်များသည် ရောယှက်ပေါက်ရောက်ကြသည်။ ထို့နောက် ထိုသစ်ပင်ငယ်များသည် သွေ့ခြောက်ကျေမွသွားခဲ့သည့်အတွက် လေများသည် ထိုသစ်ပင်(ခြောက်၊ သစ်ရွက်ခြောက်)များကို လွင့်စေသည်။ ထို့ပြင် အလ္လာဟ်အရှင်မြတ်သည် အရာအားလုံးအပေါ်တွင် ပြည့်ပြည့်ဝဝ စွမ်းဆောင်နိုင်တော်မူသောအရှင် ဖြစ်တော်မူသည်။ ٱلۡمَالُ وَٱلۡبَنُونَ زِينَةُ ٱلۡحَيَوٰةِ ٱلدُّنۡيَاۖ وَٱلۡبَٰقِيَٰتُ ٱلصَّٰلِحَٰتُ خَيۡرٌ عِندَ رَبِّكَ ثَوَابًا وَخَيۡرٌ أَمَلًا ٤٦ပစ္စည်းဥစ္စာများနှင့် သားသမီးများသည် ဤဘဝ၏လှပတင့်တယ်မှုများပင်ဖြစ်သည်။ ထို့နောက် အမြဲတည်တံ့သော ကောင်းမြတ်သည့်လုပ်ရပ်များ*ကမူ အသင့်အား ဖန်ဆင်းမွေးမြူတော်မူသောအရှင်မြတ်ထံတော်၌ အကျိုးအနေဖြင့်လည်း အကောင်းဆုံးဖြစ်သည်။ မျှော်လင့်ချက်အနေဖြင့်လည်း အကောင်းဆုံးပင်ဖြစ်သည်။ وَيَوۡمَ نُسَيِّرُ ٱلۡجِبَالَ وَتَرَى ٱلۡأَرۡضَ بَارِزَةً وَحَشَرۡنَٰهُمۡ فَلَمۡ نُغَادِرۡ مِنۡهُمۡ أَحَدًا ٤٧ထို့ပြင် ထိုနေ့တွင် ငါအရှင်မြတ်သည် တောင်များအား ရွေ့လျားစေတော်မူမည်။ ၎င်းနောက် အသင်သည် ကမာ္ဘမြေကို လွင်တီးခေါင်ပြင်အဖြစ် တွေ့မြင်ရမည်။ ၎င်းနောက် ငါအရှင်မြတ်သည် ထို(လူသား)အားလုံးကို သူတို့ထဲတွင် မည်သူ့ကိုမှ ချန်မထားဘဲ စုရုံးစေတော်မူမည်။ وَعُرِضُواْ عَلَىٰ رَبِّكَ صَفًّا لَّقَدۡ جِئۡتُمُونَا كَمَا خَلَقۡنَٰكُمۡ أَوَّلَ مَرَّةِۭۚ بَلۡ زَعَمۡتُمۡ أَلَّن نَّجۡعَلَ لَكُم مَّوۡعِدًا ٤٨ထို့ပြင် သူတို့သည် အသင့်အား ဖန်ဆင်းမွေးမြူတော်မူသော အရှင်မြတ်၏ရှေ့တော်၌ စီတန်းပြီး တက်ရောက်ပြသစေခြင်းခံကြရမည်ဖြစ်သည်။ (အရှင်မြတ်က မိန့်ကြားတော်မူမည်) အမှန်စင်စစ် အသင်တို့သည် ငါအရှင်မြတ်က အသင်တို့အား ပထမအကြိမ် ဖန်ဆင်းတော်မူခဲ့သကဲ့သို့ ငါအရှင်မြတ်ထံတော်သို့ ရောက်လာခဲ့ပြီဖြစ်သည်။ အမှန်စင်စစ် အသင်တို့သည် အသင်တို့အတွက် ငါအရှင်မြတ်က မည်သည့်ချိန်းဆိုမှုမှ လုံးဝပြုလုပ်တော်မူမည် မဟုတ်ပေဟု ထင်မြင်ယူဆခဲ့ကြသည်။ وَوُضِعَ ٱلۡكِتَٰبُ فَتَرَى ٱلۡمُجۡرِمِينَ مُشۡفِقِينَ مِمَّا فِيهِ وَيَقُولُونَ يَٰوَيۡلَتَنَا مَالِ هَٰذَا ٱلۡكِتَٰبِ لَا يُغَادِرُ صَغِيرَةً وَلَا كَبِيرَةً إِلَّآ أَحۡصَىٰهَاۚ وَوَجَدُواْ مَا عَمِلُواْ حَاضِرًاۗ وَلَا يَظۡلِمُ رَبُّكَ أَحَدًا ٤٩ထို့ပြင် (မှတ်တမ်း)စာအုပ်များသည် (သူတို့၏ရှေ့၌)ချထားလျက်ရှိနေမည်။ ၎င်းနောက် အသင်သည် အပြစ်ရှိသူများအား ထိုစာအုပ်ထဲမှ အကြောင်းအရာများကြောင့် ထိတ်လန့်နေကြသည်ကို တွေ့မြင်ရမည်။ ၎င်းနောက် သူတို့က ပြောဆိုကြမည် “ဪ- ကျွန်ုပ်တို့၏ပျက်စီးရလေခြင်း၊ ဤစာအုပ်သည် မည်သို့စာအုပ်ပါလိမ့်၊ ဤစာအုပ်သည် မည်သည့်သေးသောအရာနှင့် ကြီးသောအရာကိုမှ မချန်ဘဲ ရေးမှတ်ထားခဲ့သည်။“ ထို့ပြင် သူတို့သည် သူတို့ ပြုလုပ်ခဲ့သမျှသည်လည်း ရှေ့၌အသင့်ရောက်နေသည်ကို တွေ့ကြရမည်။ ၎င်းနောက် အသင့်အား ဖန်ဆင်းမွေးမြူတော်မူသောအရှင်မြတ်သည် မည်သူ့ကိုမှ မတရားပြုလုပ်တော်မူမည် မဟုတ်ပေ။ وَإِذۡ قُلۡنَا لِلۡمَلَٰٓئِكَةِ ٱسۡجُدُواْ لِأٓدَمَ فَسَجَدُوٓاْ إِلَّآ إِبۡلِيسَ كَانَ مِنَ ٱلۡجِنِّ فَفَسَقَ عَنۡ أَمۡرِ رَبِّهِۦٓۗ أَفَتَتَّخِذُونَهُۥ وَذُرِّيَّتَهُۥٓ أَوۡلِيَآءَ مِن دُونِي وَهُمۡ لَكُمۡ عَدُوُّۢۚ بِئۡسَ لِلظَّٰلِمِينَ بَدَلًا ٥٠ထို့ပြင် တစ်ခါက ငါအရှင်မြတ်သည် ကောင်းကင်တမန်များအား “အသင်တို့သည် အာဒမ်၏ရှေ့၌ ဦးချကြပါ“ဟု မိန့်ကြားတော်မူခဲ့သောအခါ အိဗ်လီစ်မှလွဲ၍ ကောင်းကင်တမန်များ အားလုံးဦးချခဲ့ကြသည်။ ထိုအိဗ်လီစ်သည် ဂျင်န်သတ္တဝါထဲမှဖြစ်ခဲ့ပြီး သူသည် သူ့အား ဖန်ဆင်းမွေးမြူတော်မူသော အရှင်မြတ်၏အမိန့်တော်ကို သွေဖည်ခဲ့သည်။* သို့ဖြစ်ရာ အသင်တို့သည် ငါအရှင်မြတ်အား စွန့်ပြီး ထိုအိဗ်လီစ်နှင့် သူ၏သားမြေးများကို သူတို့သည် အသင်တို့၏ရန်သူများဖြစ်ကြပါလျက် မိတ်ဆွေဖွဲ့ခဲ့ကြသလော။ မတရားကျူးလွန်သူများ၏အစားသည် အဘယ်မျှ ဆိုးရွားလိုက်သနည်း။ ۞ مَّآ أَشۡهَدتُّهُمۡ خَلۡقَ ٱلسَّمَٰوَٰتِ وَٱلۡأَرۡضِ وَلَا خَلۡقَ أَنفُسِهِمۡ وَمَا كُنتُ مُتَّخِذَ ٱلۡمُضِلِّينَ عَضُدًا ٥١ငါအရှင်မြတ်သည ထိုရှိုင်သွာန်များအား မိုးကောင်းကင်များနှင့် မြေပထဝီကို ဖန်ဆင်းရာတွင် အသင့် ခေါ်ထားခဲ့သည် မဟုတ်ပေ။ ၎င်းနောက် သူတို့အား ဖန်ဆင်းတော်မူရာတွင်လည်း အသင့်ခေါ်ထားတော်မမူခဲ့ပေ။ ထို့ပြင် ငါအရှင်မြတ်သည် (လူများအား) လမ်းလွဲစေသောသူတို့ကို (အရှင်မြတ်၏)လက်ရုံးအဖြစ် ပြုတော်မူမည့်အရှင် မဟုတ်ပေ။ وَيَوۡمَ يَقُولُ نَادُواْ شُرَكَآءِيَ ٱلَّذِينَ زَعَمۡتُمۡ فَدَعَوۡهُمۡ فَلَمۡ يَسۡتَجِيبُواْ لَهُمۡ وَجَعَلۡنَا بَيۡنَهُم مَّوۡبِقًا ٥٢ထို့ပြင် ထိုနေ့တွင် အရှင်မြတ်က (မုရှ်ရိက်များကို) အသင်တို့သည် အသင်တို့ပြောဆိုယူဆခဲ့ကြသော တွဲဖက်ကိုးကွယ်ရာများအား ဟစ်ခေါ်ကြဟု မိန့်ကြားတော်မူသောအခါ သူတို့သည် ထိုတွဲဖက်များအား ဟစ်ခေါ်ကြလိမ့်မည်။ ၎င်းနောက် ထိုသူများကမူ သူတို့အား ပြန်ထူးကြမည်မဟုတ်ပေ။ ထို့ပြင် ငါအရှင်မြတ်သည် ထို(မုရှ်ရိက်များနှင့် သူတို့၏ကိုးကွယ်ရာ)များ၏ ကြားတွင် (ငရဲမီးထဲမှ) ပျက်စီးရာနေရာတစ်ခုကို ပြုလုပ်ထားတော်မူမည်။ وَرَءَا ٱلۡمُجۡرِمُونَ ٱلنَّارَ فَظَنُّوٓاْ أَنَّهُم مُّوَاقِعُوهَا وَلَمۡ يَجِدُواْ عَنۡهَا مَصۡرِفًا ٥٣ထို့ပြင် အပြစ်ရှိသူများသည် ငရဲမီးကိုတွေ့မြင်သောအခါ သူတို့သည် အမှန်ပင် ထိုငရဲမီးထဲသို့ကျမည့်သူများပင် ဖြစ်ကြသည်ဟု ယုံကြည်ကြမည်။ ၎င်းနောက် သူတို့သည် ထို(ငရဲမီး)မှ ရှောင်တိမ်းနိုင်မည့်နေရာကို ရှာတွေ့ကြမည်မဟုတ်ပေ။ وَلَقَدۡ صَرَّفۡنَا فِي هَٰذَا ٱلۡقُرۡءَانِ لِلنَّاسِ مِن كُلِّ مَثَلٍۚ وَكَانَ ٱلۡإِنسَٰنُ أَكۡثَرَ شَيۡءٍ جَدَلًا ٥٤ထို့ပြင် အမှန်စင်စစ် ငါအရှင်မြတ်သည် ဤကုရ်အာန်ကျမ်းတော်မြတ်ထဲ၌ လူများအတွက် ဥပမာပုံဆောင်ချက်များကို နည်းအမျိုးမျိုးဖြင့် မိန့်ကြားတော်မူခဲ့သည်။ ၎င်းနောက် လူသားသည် အရာအားလုံးထက် အငြင်းအသန်ဆုံးပင်ဖြစ်သည်။ وَمَا مَنَعَ ٱلنَّاسَ أَن يُؤۡمِنُوٓاْ إِذۡ جَآءَهُمُ ٱلۡهُدَىٰ وَيَسۡتَغۡفِرُواْ رَبَّهُمۡ إِلَّآ أَن تَأۡتِيَهُمۡ سُنَّةُ ٱلۡأَوَّلِينَ أَوۡ يَأۡتِيَهُمُ ٱلۡعَذَابُ قُبُلًا ٥٥ထို့ပြင် လူများအား သူတို့ထံ လမ်းမှန်ညွှန်ကြားပြသချက်ရောက်ရှိပြီးနောက် အီမာန်ယုံကြည်ရန်နှင့် သူတို့အား ဖန်ဆင်းမွေးမြူတော်မူသော အရှင်မြတ်ထံတော်တွင် လွတ်ငြိမ်းချမ်းသာခွင့် ပန်ကြားရန် မည်သည့်အရာကမှ တားဆီးခဲ့သည်မဟုတ်ပေ၊ သို့ရာတွင် သူတို့သည် ယခင်က လူများအား ဆက်ဆံခံရသကဲ့သို့မျိုး သူတို့အား ဆက်ဆံခံရခြင်း၊ သို့မဟုတ် သူတို့၏ ရှေ့တည့်တည့်၌ ပြစ်ဒဏ်ဆိုက်ရောက်လာခြင်း(ကသာ တားဆီးခဲ့ခြင်း ဖြစ်သည်)။ وَمَا نُرۡسِلُ ٱلۡمُرۡسَلِينَ إِلَّا مُبَشِّرِينَ وَمُنذِرِينَۚ وَيُجَٰدِلُ ٱلَّذِينَ كَفَرُواْ بِٱلۡبَٰطِلِ لِيُدۡحِضُواْ بِهِ ٱلۡحَقَّۖ وَٱتَّخَذُوٓاْ ءَايَٰتِي وَمَآ أُنذِرُواْ هُزُوًا ٥٦ထို့ပြင် ငါအရှင်မြတ်သည် တမန်တော်များအား သတင်းကောင်းပေးသူများ၊ သတိပေးနှိုးဆော်သူများအဖြစ်နှင့်သာ စေလွှတ်တော်မူသည်။ ထို့ပြင် ကာဖိရ်ငြင်းပယ်သူများသည် ထို(မတရားသော)အရာနှင့် အမှန်တရား(ကုရ်အာန်)ကို ပယ်ဖျက်ရန် မတရား အငြင်းအခုံပြုကြသည်။ ထို့ပြင် သူတို့သည် ငါအရှင်မြတ်၏ သက်သေလက္ခဏာတော်များနှင့် သူတို့ သတိပေးနှိုးဆော်ခြင်းခံရသောအရာများကို ပြောင်လှောင်မှုပြုခဲ့ကြသည်။ وَمَنۡ أَظۡلَمُ مِمَّن ذُكِّرَ بِـَٔايَٰتِ رَبِّهِۦ فَأَعۡرَضَ عَنۡهَا وَنَسِيَ مَا قَدَّمَتۡ يَدَاهُۚ إِنَّا جَعَلۡنَا عَلَىٰ قُلُوبِهِمۡ أَكِنَّةً أَن يَفۡقَهُوهُ وَفِيٓ ءَاذَانِهِمۡ وَقۡرًاۖ وَإِن تَدۡعُهُمۡ إِلَى ٱلۡهُدَىٰ فَلَن يَهۡتَدُوٓاْ إِذًا أَبَدًا ٥٧ထို့ပြင် အကြင်သူထက် မတရားသောသူ မည်သူရှိမည်နည်း။ ထိုသူသည် သူ့အား ဖန်ဆင်းမွေးမြူတော်မူသော အရှင်မြတ်၏သက်သေလက္ခဏာများနှင့် ဆုံးမခြင်းခံခဲ့ရသော်လည်း ထိုသူသည် ထိုအရာများအား မျက်နှာလွှဲခဲ့သည်။ ထို့ပြင် သူသည် သူ၏လက်နှစ်ဖက်က ကြိုတင်ပို့ထားသော အပြစ်များကိုလည်း မေ့ပျောက်ခဲ့သည်။ အမှန်စင်စစ် ငါအရှင်မြတ်သည် ထိုသူများ၏စိတ်နှလုံးများပေါ်တွင် သူတို့သည် ထို(အမှန်တရား)ကို နားမလည်နိုင်ကြအောင် အဖုံးအကာများနှင့် သူတို့၏နားများကို (မကြားရအောင်)နားပင်းမှု ပြုလုပ်တော်မူခဲ့သည်။ ထို့ပြင် အကယ်၍ အသင်သည် သူတို့အား တရားလမ်းမှန်ဘက် ဖိတ်ခေါ်သော်လည်း သူတို့သည် ဤအခြေအနေတွင် မည်သည့်အခါမှ လမ်းမှန်ကို ရကြမည်မဟုတ်ပေ။ وَرَبُّكَ ٱلۡغَفُورُ ذُو ٱلرَّحۡمَةِۖ لَوۡ يُؤَاخِذُهُم بِمَا كَسَبُواْ لَعَجَّلَ لَهُمُ ٱلۡعَذَابَۚ بَل لَّهُم مَّوۡعِدٌ لَّن يَجِدُواْ مِن دُونِهِۦ مَوۡئِلًا ٥٨ထို့ပြင် အသင့်အား ဖန်ဆင်းမွေးမြူတော်မူသောအရှင်မြတ်သည် အလွန်လွတ်ငြိမ်းချမ်းသာခွင့်ပေးတော်မူသောအရှင်၊ အလွန်သနားကြင်နာတော်မူသောအရှင် ဖြစ်တော်မူသည်။ အကယ်၍ အရှင်မြတ်သည် သူတို့အား သူတို့ရှာဖွေဆည်းပူးခဲ့ကြသော ပြစ်မှုများကြောင့် အရေးယူတော်မူလျှင် အမှန်ပင် အရှင်မြတ်သည် သူတို့အပေါ်သို့ ပြစ်ဒဏ်ကို ဆောလျင်စွာ ကျရောက်စေတော်မူခဲ့မည်ဖြစ်သည်။ အမှန်စင်စစ် သူတို့အတွက် ချိန်းဆိုထားသော အချိန်တစ်ချိန်ရှိနေသည့်အတွက် သူတို့သည် ထိုပြစ်ဒဏ်မှ အခြား ထွက်ပြေးလွတ်မြောက်ရန်နေရာ လုံးဝ တွေ့ရှိမည်မဟုတ်ပေ။ وَتِلۡكَ ٱلۡقُرَىٰٓ أَهۡلَكۡنَٰهُمۡ لَمَّا ظَلَمُواْ وَجَعَلۡنَا لِمَهۡلِكِهِم مَّوۡعِدًا ٥٩ထို့ပြင် ဤသည် အကြင်မြို့ရွာများပင်ဖြစ်သည်။ ငါအရှင်မြတ်သည် ထိုမြို့သူရွာသားများအား သူတို့ မတရားကျူးလွန်ကြသည့်အခါ ဖျက်ဆီးတော်မူခဲ့သည်။ ထို့ပြင် ငါအရှင်မြတ်သည် သူတို့ပျက်စီးရန် ချိန်းဆိုထားသည့်ကာလတစ်ခု ပြုလုပ်သတ်မှတ်ထားခဲ့သည်။ وَإِذۡ قَالَ مُوسَىٰ لِفَتَىٰهُ لَآ أَبۡرَحُ حَتَّىٰٓ أَبۡلُغَ مَجۡمَعَ ٱلۡبَحۡرَيۡنِ أَوۡ أَمۡضِيَ حُقُبًا ٦٠ထို့ပြင် တစ်ခါက (တမန်တော်)မူစာသည် ၎င်း၏တပည့်ကို ငါသည် မြစ်နှစ်သွယ်ဆုံသောနေရာသို့ ရောက်သည်အထိ မရပ်မနား သွားမည်၊ သို့မဟုတ် ငါသည် နှစ်ရှည်လများ သွားနေမည်ဟု ပြောဆိုခဲ့သည်။ فَلَمَّا بَلَغَا مَجۡمَعَ بَيۡنِهِمَا نَسِيَا حُوتَهُمَا فَٱتَّخَذَ سَبِيلَهُۥ فِي ٱلۡبَحۡرِ سَرَبًا ٦١ထို့နောက် ၎င်းတို့နှစ်ဦးစလုံးသည် ထိုမြစ်ဆုံနေရာသို့ ရောက်သည့်အခါ ၎င်းတို့နှစ်ဦးသည် ၎င်းတို့၏ငါးများကို မေ့သွားခဲ့ကြသည်။ သို့ဖြစ်ရာ ထိုငါးသည် မြစ်ထဲတွင် သူ၏လမ်းကို လိုဏ်ပေါက်ရှည်ကြီးပြုလုပ်လျက် လျှောဆင်းသွားခဲ့သည်။ فَلَمَّا جَاوَزَا قَالَ لِفَتَىٰهُ ءَاتِنَا غَدَآءَنَا لَقَدۡ لَقِينَا مِن سَفَرِنَا هَٰذَا نَصَبًا ٦٢ထို့နောက် ၎င်းတို့နှစ်ဦးသည် (ထိုမြစ်ဆုံနေရာမှ) ရှေ့ကိုကျော်သွားသည့်အခါ (တမန်တော်)မူစာက ၎င်း၏တပည့်ကို ငါ၏ထံသို့ ငါတို့၏နံနက်စာ ယူလာခဲ့ပါ၊ အမှန်စင်စစ် ငါတို့သည် ငါတို့၏ ဤခရီးကြောင့် မောပန်းကြရပြီဖြစ်သည်ဟု ပြောဆိုခဲ့သည်။ قَالَ أَرَءَيۡتَ إِذۡ أَوَيۡنَآ إِلَى ٱلصَّخۡرَةِ فَإِنِّي نَسِيتُ ٱلۡحُوتَ وَمَآ أَنسَىٰنِيهُ إِلَّا ٱلشَّيۡطَٰنُ أَنۡ أَذۡكُرَهُۥۚ وَٱتَّخَذَ سَبِيلَهُۥ فِي ٱلۡبَحۡرِ عَجَبًا ٦٣၎င်း(တပည့်)ကပြောသည်- ကျွန်ုပ်တို့သည် ကျောက်ဆောင်အနီး၌နားခဲ့ကြသည်ကို ကိုယ်တော် သတိရပါလိမ့်မည်။ ထိုအခါ ကျွန်ုပ်သည် အမှန်စင်စစ် ငါး(၏ ထူးဆန်းဖွယ်ရာအကြောင်း)ကို ကိုယ်တော့်အား ပြောပြရန် မေ့သွားခဲ့ပါသည်။ ထို့ပြင် ကျွန်ုပ်အား ထိုအရာကို သတိမရနိုင်အောင် ရှိုင်သွာန်ကပင် မေ့လျော့စေခဲ့ပါသည်။ ထို့ပြင် ထိုငါးသည် မြစ်ထဲတွင် သူ၏လမ်းကို ထူးဆန်း(အံ့ဩဖွယ်)ပြုလုပ်သွားခဲ့ပါသည်။ قَالَ ذَٰلِكَ مَا كُنَّا نَبۡغِۚ فَٱرۡتَدَّا عَلَىٰٓ ءَاثَارِهِمَا قَصَصًا ٦٤(တမန်တော်)မူစာက ထိုအရာကပင် ငါတို့ရှာဖွေနေသည့်နေရာဖြစ်သည်ဟု ပြောဆိုခဲ့သည်။ ထို့နောက် ၎င်းတို့နှစ်ဦးစလုံးသည် ၎င်းတို့၏နောက်ကြောင်းကို ပြန်လျှောက်ခဲ့ကြသည်။ فَوَجَدَا عَبۡدًا مِّنۡ عِبَادِنَآ ءَاتَيۡنَٰهُ رَحۡمَةً مِّنۡ عِندِنَا وَعَلَّمۡنَٰهُ مِن لَّدُنَّا عِلۡمًا ٦٥ထို့ပြင် ၎င်းတို့နှစ်ဦးသည် ငါအရှင်မြတ်၏ကျွန်များထဲမှ ကျွန်တစ်ဦး(ဖြစ်သူ ခိဿွ်ရ်)ကို တွေ့ရှိကြသည်။ ငါအရှင်မြတ်သည် ထိုကျွန်ကို ငါအရှင်မြတ်ထံတော်မှ ကရုဏာတော်ကို ပေးသနားထားပြီး ငါအရှင်မြတ်ထံတော်မှ ပညာကို ၎င်းအား သင်ပေးထားတော်မူသည်။ قَالَ لَهُۥ مُوسَىٰ هَلۡ أَتَّبِعُكَ عَلَىٰٓ أَن تُعَلِّمَنِ مِمَّا عُلِّمۡتَ رُشۡدًا ٦٦(တမန်တော်)မူစာက ၎င်းကို ပြောဆိုသည်- အသင်သည် အသင် သင်ကြားပို့ချခြင်းခံရသော ကောင်းမြတ်သည့်ပညာကို ကျွန်ုပ်အားသင်ပေးရန် ကျွန်ုပ်သည် အသင်၏နောက်သို့ လိုက်၍ရပါမည်လော။ قَالَ إِنَّكَ لَن تَسۡتَطِيعَ مَعِيَ صَبۡرًا ٦٧၎င်း(ခိဿွ်ရ်)ကပြောသည်၊ အသင်သည် ကျွန်ုပ်နှင့်အတူ လုံးဝ သည်းခံနေနိုင်မည် မဟုတ်ပေ။ وَكَيۡفَ تَصۡبِرُ عَلَىٰ مَا لَمۡ تُحِطۡ بِهِۦ خُبۡرًا ٦٨ထို့ပြင် အသင်သည် အသင် ခြုံငုံမသိနိုင်သည့်ကိစ္စနှင့်ပတ်သက်၍ မည်သို့ သည်းခံနိုင်မည်နည်း။ قَالَ سَتَجِدُنِيٓ إِن شَآءَ ٱللَّهُ صَابِرًا وَلَآ أَعۡصِي لَكَ أَمۡرًا ٦٩၎င်း(တမန်တော်)မူစာက ပြောဆိုသည်- အလ္လာဟ်အရှင်မြတ်အလိုရှိတော်မူပါလျှင် အသင်သည် ကျွန်ုပ်ကို သည်းခံသူတစ်ဦးအဖြစ်နှင့် တွေ့ရပါလိမ့်မည်။ ထို့ပြင် ကျွန်ုပ်သည် အသင်၏ မည်သည့်အမိန့်ကိုမှ သွေဖည်မည် မဟုတ်ပါ။ قَالَ فَإِنِ ٱتَّبَعۡتَنِي فَلَا تَسۡـَٔلۡنِي عَن شَيۡءٍ حَتَّىٰٓ أُحۡدِثَ لَكَ مِنۡهُ ذِكۡرًا ٧٠၎င်းက ပြောဆိုသည်- အကယ်၍ အသင်သည် ကျွန်ုပ်နှင့်အတူ လိုက်ခဲ့လျှင် အသင့်အား ကျွန်ုပ်ကိုယ်တိုင် ထုတ်ဖော်မပြောပြသေးသမျှ မည်သည့်ကိစ္စကိုမှ အသင်သည် ကျွန်ုပ်အား မမေးပါနှင့်။ فَٱنطَلَقَا حَتَّىٰٓ إِذَا رَكِبَا فِي ٱلسَّفِينَةِ خَرَقَهَاۖ قَالَ أَخَرَقۡتَهَا لِتُغۡرِقَ أَهۡلَهَا لَقَدۡ جِئۡتَ شَيۡـًٔا إِمۡرًا ٧١ထို့နောက် ၎င်းတို့နှစ်ဦးသည် လျှောက်သွားကြသည်။ နောက်ဆုံးတွင် ၎င်းတို့နှစ်ဦးသည် လှေပေါ်သို့ စီးနင်းကြသည့်အခါ ၎င်း(ခိဿွ်ရ်)က ထိုလှေကို ဖောက်ခဲ့သည်။ ၎င်း(တမန်တော်မူစာ)ကပြောသည်- အသင်သည် ဤလှေပေါ်တွင်ရှိသောသူများအား နစ်မြှပ်စေရန် ဖောက်ခဲ့လေသလော။ အမှန်ပင် အသင်သည် အလွန်ဆိုးသောအပြုအမူတစ်ခုကို ပြုလုပ်ခဲ့ပြီဖြစ်သည်။ قَالَ أَلَمۡ أَقُلۡ إِنَّكَ لَن تَسۡتَطِيعَ مَعِيَ صَبۡرًا ٧٢၎င်း(ခိဿွ်ရ်)က ပြောဆိုသည်- အသင်သည် ကျွန်ုပ်နှင့်အတူ လုံးဝသည်းခံနေနိုင်မည်မဟုတ်ပေဟု ကျွန်ုပ် အသင့်အား ပြောခဲ့သည်မဟုတ်လော။ قَالَ لَا تُؤَاخِذۡنِي بِمَا نَسِيتُ وَلَا تُرۡهِقۡنِي مِنۡ أَمۡرِي عُسۡرًا ٧٣၎င်း(တမန်တော်မူစာ)ကပြောသည်- အသင်သည် ကျွန်ုပ်မေ့လျော့ခဲ့သောကိစ္စနှင့်ပတ်သက်၍ ကျွန်ုပ်အား အရေးမယူပါနှင့်၊ ထို့ပြင် အသင်သည် ကျွန်ုပ်၏ကိစ္စတွင် ကျွန်ုပ်အပေါ်ကျပ်တည်းအောင် မလုပ်ပါနှင့်။ فَٱنطَلَقَا حَتَّىٰٓ إِذَا لَقِيَا غُلَٰمًا فَقَتَلَهُۥ قَالَ أَقَتَلۡتَ نَفۡسًا زَكِيَّةَۢ بِغَيۡرِ نَفۡسٍ لَّقَدۡ جِئۡتَ شَيۡـًٔا نُّكۡرًا ٧٤ထို့နောက် ၎င်းတို့နှစ်ဦးသည် (ရှေ့ဆက်)လျှောက်သွားခဲ့ကြသည်။ နောက်ဆုံးတွင် လူငယ်လေးတစ်ဦးကိုတွေ့ကြသည်။ ထို့ပြင် ၎င်း(ခိဿွ်ရ်)က ထိုလူငယ်လေးကို သတ်လိုက်သည်။ ၎င်း(တမန်တော်မူစာ)ကပြောသည်- အသင်သည် စင်ကြယ်သောအသက်တစ်ချောင်းကို အသက်တစ်ချောင်း၏အစားလည်း မဟုတ်ဘဲနှင့် သတ်လိုက်သလော။ အမှန်စင်စစ် အသင်သည် အလွန်ဆိုးသော အမှုကိစ္စတစ်ခုကို ကျူးလွန်ခဲ့ပြီဖြစ်သည်။
۞ قَالَ أَلَمۡ أَقُل لَّكَ إِنَّكَ لَن تَسۡتَطِيعَ مَعِيَ صَبۡرًا ٧٥၎င်း(ခိဿွ်ရ်)က ပြောဆိုသည်- အမှန်စင်စစ် အသင်သည် ကျွန်ုပ်နှင့်အတူ လုံးဝသည်းခံနေနိုင်မည်မဟုတ်ပေဟု ကျွန်ုပ် အသင့်အားပြောခဲ့သည်မဟုတ်လော။ قَالَ إِن سَأَلۡتُكَ عَن شَيۡءِۭ بَعۡدَهَا فَلَا تُصَٰحِبۡنِيۖ قَدۡ بَلَغۡتَ مِن لَّدُنِّي عُذۡرًا ٧٦၎င်း(တမန်တော်မူစာ)ကပြောသည်- အကယ်၍ ကျွန်ုပ်သည် ဤသည်၏နောက်တွင် အသင့်အား တစ်စုံတစ်ခုနှင့်ပတ်သက်၍ မေးမြန်းခဲ့လျှင် အသင်သည် ကျွန်ုပ်အား (အသင်နှင့်)အတူ(ခရီးဖော်အဖြစ်)မထားပါနှင့်တော့၊ အမှန်စင်စစ် အသင်သည် ကျွန်ုပ်ထံမှ ခွင့်လွှတ်ရန် အကြောင်းပြချက်(၏ အဆုံးစွန်)ကို ရောက်ရှိခဲ့ပြီဖြစ်သည်။ فَٱنطَلَقَا حَتَّىٰٓ إِذَآ أَتَيَآ أَهۡلَ قَرۡيَةٍ ٱسۡتَطۡعَمَآ أَهۡلَهَا فَأَبَوۡاْ أَن يُضَيِّفُوهُمَا فَوَجَدَا فِيهَا جِدَارًا يُرِيدُ أَن يَنقَضَّ فَأَقَامَهُۥۖ قَالَ لَوۡ شِئۡتَ لَتَّخَذۡتَ عَلَيۡهِ أَجۡرًا ٧٧ထို့နောက် ၎င်းတို့နှစ်ဦးသည် (ရှေ့သို့ဆက်)လျှောက်သွားခဲ့ကြသည်။ နောက်ဆုံးတွင် ၎င်းတို့သည် ရွာတစ်ရွာ၏ရွာသူရွာသားများထံသို့ ရောက်သွားခဲ့ကြပြီး ၎င်းတို့နှစ်ဦးက ရွာသူရွာသားများထံတွင် ၎င်းတို့အား ဧည့်ခံကျွေးမွေးရန် မေတ္တာရပ်ခံခဲ့ကြသည့်အခါ ထို(ရွာသူရွာသား)တို့က ၎င်းတို့နှစ်ဦးအား ဧည့်ခံရန် ငြင်းလိုက်ကြသည်။ ထို့နောက် ၎င်းတို့နှစ်ဦးသည် ထိုရွာတွင် ပြိုလဲကျမည့်ဆဲဆဲဖြစ်နေသော တံတိုင်းတစ်ခုကို တွေ့ခဲ့ကြသည်။ သို့ဖြစ်ရာ ခိဿွ်ရ်က ထိုတံတိုင်းကို ပြန်မတ်အောင်ပြုလုပ်ပေးလိုက်သည်။ ၎င်း(တမန်တော်မူစာ)ကပြောသည်- အသင်အလိုရှိလျှင် ထို(တံတိုင်းကိုပြန်မတ်အောင် ပြုလုပ်ပေးလိုက်သည့်)အပေါ်တွင် အမှန်ပင် လုပ်အားခ ရယူနိုင်သည်။ قَالَ هَٰذَا فِرَاقُ بَيۡنِي وَبَيۡنِكَۚ سَأُنَبِّئُكَ بِتَأۡوِيلِ مَا لَمۡ تَسۡتَطِع عَّلَيۡهِ صَبۡرًا ٧٨၎င်း(ခိဿွ်ရ်)က ပြောဆိုသည်- ဤသည် ကျွန်ုပ်နှင့်အသင်၏ကြားတွင် ခွဲခွာမှုပင်ဖြစ်တော့သည်။ မကြာမီ အသင် သည်းမခံနိုင်ခဲ့သောကိစ္စနှင့်ပတ်သက်၍ အဖြစ်မှန်ကို အသိပေးပါတော့မည်။ أَمَّا ٱلسَّفِينَةُ فَكَانَتۡ لِمَسَٰكِينَ يَعۡمَلُونَ فِي ٱلۡبَحۡرِ فَأَرَدتُّ أَنۡ أَعِيبَهَا وَكَانَ وَرَآءَهُم مَّلِكٌ يَأۡخُذُ كُلَّ سَفِينَةٍ غَصۡبًا ٧٩လှေကမူ မြစ်ထဲတွင် လုပ်ကိုင်(ရှာဖွေစားသောက်နေ)ကြသော ဆင်းရဲသားများ၏လှေပင် ဖြစ်ခဲ့သည်။ ကျွန်ုပ်သည် လှေကို အပြစ်အနာအဆာရှိအောင် ရည်ရွယ်ခဲ့သည်။ ထို့ပြင် (အဘယ့်ကြောင့်ဆိုသော်) သူတို့နောက်တွင် ဘုရင်တစ်ပါးရှိနေသည်။ ထိုဘုရင်သည် လှေ(ကောင်း)များကို အတင်းအဓမ္မ သိမ်းပိုက်ယူလေ့ရှိသည်။ وَأَمَّا ٱلۡغُلَٰمُ فَكَانَ أَبَوَاهُ مُؤۡمِنَيۡنِ فَخَشِينَآ أَن يُرۡهِقَهُمَا طُغۡيَٰنًا وَكُفۡرًا ٨٠ထို့ပြင် ထို(ကျွန်ုပ် သတ်လိုက်သည့်) လူငယ်လေးကမူ သူ၏မိဘနှစ်ပါးသည် အီမာန်ယုံကြည်သူများဖြစ်ခဲ့သည်။ ကျွန်ုပ်သည် ထိုလူငယ်က(သူ၏)ဆိုးသွမ်းမှု၊ သွေဖည်မှုနှင့် မိဘနှစ်ပါးအား အနိုင်ကျင့်မောပန်းအောင်(ဖိစီးလွှမ်းမိုးအောင်)ပြုလုပ်မည်ကို စိုးရိမ်ခဲ့သည်။ فَأَرَدۡنَآ أَن يُبۡدِلَهُمَا رَبُّهُمَا خَيۡرًا مِّنۡهُ زَكَوٰةً وَأَقۡرَبَ رُحۡمًا ٨١သို့ဖြစ်ရာ သူတို့နှစ်ဦးကို သူတို့အား ဖန်ဆင်းမွေးမြူတော်မူသောအရှင်မြတ်က ထိုလူငယ်လေးထက် စင်ကြယ်မှုတွင် ပိုကောင်းပြီး (မိဘနှစ်ပါးအား)ကောင်းမွန်သော ဆက်ဆံမှု၌လည်း ပိုကောင်းသော (သားသမီးမျိုးကို)အစားပေးတော်မူရန် ကျွန်ုပ်ရည်ရွယ်ခဲ့သည်။ وَأَمَّا ٱلۡجِدَارُ فَكَانَ لِغُلَٰمَيۡنِ يَتِيمَيۡنِ فِي ٱلۡمَدِينَةِ وَكَانَ تَحۡتَهُۥ كَنزٌ لَّهُمَا وَكَانَ أَبُوهُمَا صَٰلِحًا فَأَرَادَ رَبُّكَ أَن يَبۡلُغَآ أَشُدَّهُمَا وَيَسۡتَخۡرِجَا كَنزَهُمَا رَحۡمَةً مِّن رَّبِّكَۚ وَمَا فَعَلۡتُهُۥ عَنۡ أَمۡرِيۚ ذَٰلِكَ تَأۡوِيلُ مَا لَمۡ تَسۡطِع عَّلَيۡهِ صَبۡرًا ٨٢ထို့ပြင် ထိုတံတိုင်းကမူ (ဤ)ရွာရှိ မိဘမဲ့ကလေးနှစ်ဦး၏တံတိုင်းပင်ဖြစ်ခဲ့သည်။ ထို့ပြင် ထိုတံတိုင်း၏အောက်တွင် ထိုကလေးနှစ်ဦးအတွက် စုဆောင်းထားသော ဘဏ္ဍာပစ္စည်းများရှိနေသည်။ ထို့ပြင် ထိုကလေးနှစ်ဦး၏ဖခင်သည်လည်း ကောင်းမြတ်သည့်သူတစ်ဦးဖြစ်ခဲ့သည်။ သို့ဖြစ်ရာ အသင့်အား ဖန်ဆင်းမွေးမြူတော်မူသောအရှင်မြတ်သည် သူတို့နှစ်ဦး သူတို့၏လူလားမြောက်သော အရွယ်ရောက်သည့်အခါတွင် အသင့်အား ဖန်ဆင်းမွေးမြူတော်မူသောအရှင်မြတ်၏ ကရုဏာတော်နှင့် သူတို့၏ ဘဏ္ဍာပစ္စည်းများကို ဖော်ထုတ်ကြရန် ရည်ရွယ်တော်မူခဲ့သည်။ ထို့ပြင် ကျွန်ုပ်သည် ဤကိစ္စကို ကျွန်ုပ်သဘောနှင့် ပြုလုပ်ခဲ့သည်မဟုတ်ပေ။ ဤသည် အသင်သည်းခံပြီး မနေနိုင်ခဲ့သော ကိစ္စ၏အဖြစ်မှန်ပင်။ وَيَسۡـَٔلُونَكَ عَن ذِي ٱلۡقَرۡنَيۡنِۖ قُلۡ سَأَتۡلُواْ عَلَيۡكُم مِّنۡهُ ذِكۡرًا ٨٣ထို့ပြင် သူတို့(ကုရိုင်းရှ်အမျိုးသားများ)သည် ဇွလ်ကရ်နိုင်န်*နှင့်ပတ်သက်၍ အသင့်အား မေးမြန်းကြသည်။ (အို- တမန်တော်)အသင်ပြောလိုက်ပါ- ကျွန်ုပ်သည် ၎င်း၏အကြောင်းအရာထဲမှ အကြောင်းအရာတစ်ခုကို အသင်တို့ရှေ့၌ ပြောပြမည်။ إِنَّا مَكَّنَّا لَهُۥ فِي ٱلۡأَرۡضِ وَءَاتَيۡنَٰهُ مِن كُلِّ شَيۡءٍ سَبَبًا ٨٤အမှန်စင်စစ် ငါအရှင်မြတ်သည် ၎င်း(ဇွလ်ကရ်နိုင်န်)ကို ကမာ္ဘမြေတွင် အုပ်ချုပ်မှုအားဏာ တိုးပေးတော်မူခဲ့သည်။ ထို့ပြင် ငါအရှင်မြတ်သည် သူ့ကို အရာရာတိုင်းမှ (အောင်နိုင်မှု၏)အကြောင်းခံကို ပေးသနားတော်မူခဲ့သည်။ فَأَتۡبَعَ سَبَبًا ٨٥ထို့ပြင် သူသည် (ထိုအောင်နိုင်မှု)အကြောင်းခံ(၏ လမ်းကြောင်း)ကို လိုက်ခဲ့သည်။ حَتَّىٰٓ إِذَا بَلَغَ مَغۡرِبَ ٱلشَّمۡسِ وَجَدَهَا تَغۡرُبُ فِي عَيۡنٍ حَمِئَةٍ وَوَجَدَ عِندَهَا قَوۡمًاۖ قُلۡنَا يَٰذَا ٱلۡقَرۡنَيۡنِ إِمَّآ أَن تُعَذِّبَ وَإِمَّآ أَن تَتَّخِذَ فِيهِمۡ حُسۡنًا ٨٦နောက်ဆုံးတွင် သူသည် နေဝင်သည့်နေရာကို ရောက်ရှိသည့်အခါ ထိုနေကို မည်းနက်မှောင်ကျိနေသော အိုင်တစ်ခုထဲတွင် ဝင်နေသကဲ့သို့ တွေ့မြင်ရသည်။* ထို့ပြင် ထိုအိုင်အနီး၌ လူမျိုးတစ်မျိုးကိုလည်း တွေ့ရှိသည်။ ငါအရှင်မြတ်က အမိန့်ရှိတော်မူသည်- “အို- ဇွလ်ကရ်နိုင်န်၊ အသင်သည် သူတို့အား အပြစ်ဒဏ်လည်း ခတ်နိုင်သည်၊ သို့မဟုတ် သူတို့နှင့် ကောင်းမွန်စွာလည်း ဆက်ဆံနိုင်သည်။“ قَالَ أَمَّا مَن ظَلَمَ فَسَوۡفَ نُعَذِّبُهُۥ ثُمَّ يُرَدُّ إِلَىٰ رَبِّهِۦ فَيُعَذِّبُهُۥ عَذَابًا نُّكۡرًا ٨٧သူကပြောသည်- သူတို့ထဲမှ မည်သူမဆို မတရားပြုလုပ်လျှင် ကျွန်ုပ်သည် မကြာမီ ထိုသူအား ပြစ်ဒဏ်စီရင်မည်။ ထို့ပြင် ထိုသူသည် သူ့အား ဖန်ဆင်းမွေးမြူတော်မူသောအရှင်ထံသို့ ပြန်လည်ရောက်ရှိစေခြင်းခံရမည်။ ထိုအခါ အရှင်မြတ်သည် သူ့အား ပြင်းထန်သော ပြစ်ဒဏ်ကို စီရင်တော်မူလိမ့်မည်။ وَأَمَّا مَنۡ ءَامَنَ وَعَمِلَ صَٰلِحًا فَلَهُۥ جَزَآءً ٱلۡحُسۡنَىٰۖ وَسَنَقُولُ لَهُۥ مِنۡ أَمۡرِنَا يُسۡرًا ٨٨ထို့ပြင် မည်သူမဆို အီမာန်ယုံကြည်ပြီး ကောင်းမြတ်သည့်လုပ်ရပ်များကို ပြုလုပ်ခဲ့လျှင် ထိုသူ့အတွက် အကျိုးအနေနှင့် အကောင်းဆုံးအရာပင် ရှိမည်။ ထို့ပြင် မကြာမီ ကျွန်ုပ်သည်လည်း သူ့အား ကျွန်ုပ်၏အမိန့်ထုတ်ပြန်ချက်တွင် နူးညံ့သည့်စကားကို ပြောဆိုမည်။ ثُمَّ أَتۡبَعَ سَبَبًا ٨٩ထို့နောက် သူသည် (အခြား)လမ်ကြောင်းတစ်ခုကို လိုက်ပြန်သည်။ حَتَّىٰٓ إِذَا بَلَغَ مَطۡلِعَ ٱلشَّمۡسِ وَجَدَهَا تَطۡلُعُ عَلَىٰ قَوۡمٍ لَّمۡ نَجۡعَل لَّهُم مِّن دُونِهَا سِتۡرًا ٩٠နောက်ဆုံးတွင် သူသည် နေထွက်ရာနေရာကို ရောက်ရှိသည့်အခါ ထိုနေကို အကြင်လူမျိုးတစ်မျိုးအပေါ်တွင် ထွက်နေသည်ကို တွေ့ရှိခဲ့သည်။ ငါအရှင်မြတ်သည် ထိုလူမျိုးနှင့် နေ၏ကြားတွင် မည်သည့်အကာအကွယ်မှ ပြုလုပ်တော်မမူခဲ့ပေ။ كَذَٰلِكَۖ وَقَدۡ أَحَطۡنَا بِمَا لَدَيۡهِ خُبۡرًا ٩١ဤအတိုင်းပင်၊ အမှန်စင်စစ် ငါအရှင်မြတ်သည် သူ့၌ ရှိသမျှကို တစ်ခုမကျန် ခြုံငုံသိရှိတော်မူသည်။ ثُمَّ أَتۡبَعَ سَبَبًا ٩٢ထို့နောက် သူသည် (အခြား)လမ်ကြောင်းတစ်ခုကို လိုက်ခဲ့ပြန်သည်။ حَتَّىٰٓ إِذَا بَلَغَ بَيۡنَ ٱلسَّدَّيۡنِ وَجَدَ مِن دُونِهِمَا قَوۡمًا لَّا يَكَادُونَ يَفۡقَهُونَ قَوۡلًا ٩٣နောက်ဆုံးတွင် သူသည် တောင်နှစ်လုံးကြားသို့ ရောက်ရှိခဲ့သည့်အခါ ထိုတောင်နှစ်လုံးရှေ့၌ စကားနားလည်ရန်ခဲယဉ်းသော လူမျိုးတစ်မျိုးကို တွေ့ရှိခဲ့သည်။ قَالُواْ يَٰذَا ٱلۡقَرۡنَيۡنِ إِنَّ يَأۡجُوجَ وَمَأۡجُوجَ مُفۡسِدُونَ فِي ٱلۡأَرۡضِ فَهَلۡ نَجۡعَلُ لَكَ خَرۡجًا عَلَىٰٓ أَن تَجۡعَلَ بَيۡنَنَا وَبَيۡنَهُمۡ سَدًّا ٩٤ထိုလူမျိုးများက အို- ဇွလ်ကရ်နိုင်န်၊ အမှန်စင်စစ် ယအ်ဂျူဂျ်နှင့်မအ်ဂျူဂျ်တို့သည်* ဤဒေသတွင် ဆူပူသောင်းကျန်း တိုက်ခိုက်ဖျက်ဆီးသူများ ဖြစ်ကြပါသည်။ သို့ဖြစ်ရာ အသင်သည် ကျွန်ုပ်တို့နှင့် သူတို့ကြားတွင် အကာအရံတစ်ခုကို ပြုလုပ်ပေးရန်အတွက် ကျွန်ုပ်တို့သည် အသင့်အား ကုန်ကျစရိတ် စုဆောင်းပြီး ပေးကြရမည်လောဟု ပြောဆိုကြသည်။ قَالَ مَا مَكَّنِّي فِيهِ رَبِّي خَيۡرٌ فَأَعِينُونِي بِقُوَّةٍ أَجۡعَلۡ بَيۡنَكُمۡ وَبَيۡنَهُمۡ رَدۡمًا ٩٥သူက ပြောဆိုသည်- ဤသည်နှင့်ပတ်သက်၍ ကျွန်ုပ်တို့အား ဖန်ဆင်းမွေးမြူတော်မူသော အရှင်မြတ်က ကျွန်ုပ်ကိုပေးထားတော်မူသော စွမ်းရည်သည် အလွန်များပါသည်။ သို့ဖြစ်ရာ အသင်တို့သည် ကျွန်ုပ်တို့အား (အသင်တို့၏)လုပ်အားနှင့်သာ ကူညီကြပါ။ ကျွန်ုပ်သည် အသင်တို့နှင့် သူတို့ကြားတွင် အလွန်ခိုင်ခံ့ မြင့်မားသော တံတိုင်းကို ပြုလုပ်ပေးမည်။ ءَاتُونِي زُبَرَ ٱلۡحَدِيدِۖ حَتَّىٰٓ إِذَا سَاوَىٰ بَيۡنَ ٱلصَّدَفَيۡنِ قَالَ ٱنفُخُواْۖ حَتَّىٰٓ إِذَا جَعَلَهُۥ نَارًا قَالَ ءَاتُونِيٓ أُفۡرِغۡ عَلَيۡهِ قِطۡرًا ٩٦အသင်တို့သည် သံပြားများကို ကျွန်ုပ်ထံ ယူဆောင်လာခဲ့ကြပါ။ နောက်ဆုံးတွင် တောင်ထိပ်နှစ်ခုကြားတွင် ထိုသံပြားများနှင့် ညီညာသွားအောင် ပြုလုပ်ပြီးသည့်အခါ သူက ပြောဆိုညွှန်ကြားသည်- အသင်တို့သည် (မီးတောက်အောင်)လေမှုတ်ကြပါ။ နောက်ဆုံးတွင် ထိုသံပြားများကို သူက မီးဖြစ်အောင် ပြုလုပ်ပြီးသည့်အခါတွင် သူကပြောဆိုသည် - အသင်တို့သည် ကျွန်ုပ်ထံသို့ ကြေးနီရည်ကို ယူခဲ့ကြပါ။ ကျွန်ုပ်သည် ထို(နီရဲသောသံပြားများ)ပေါ်တွင် သွန်းလောင်းမည်။ فَمَا ٱسۡطَٰعُوٓاْ أَن يَظۡهَرُوهُ وَمَا ٱسۡتَطَٰعُواْ لَهُۥ نَقۡبًا ٩٧ထို(တံတိုင်းကြီးကိုပြုလုပ်ပြီးစီးသည့်)အခါ သူတို့(ယအ်ဂျူဂျ်နှင့် မအ်ဂျူဂျ်)တို့သည် ထိုတံတိုင်းကြီးကိုကျော်တက်ခြင်းနှင့် ဖောက်ထွင်းခြင်း မပြုစွမ်းနိုင်ခဲ့ကြတော့ပေ။ قَالَ هَٰذَا رَحۡمَةٌ مِّن رَّبِّيۖ فَإِذَا جَآءَ وَعۡدُ رَبِّي جَعَلَهُۥ دَكَّآءَۖ وَكَانَ وَعۡدُ رَبِّي حَقًّا ٩٨သူကပြောသည်- ဤသည် ကျွန်ုပ်အား ဖန်ဆင်းမွေးမြူတော်မူသော အရှင်မြတ်၏ထံတော်မှ ကရုဏာပင်ဖြစ်သည်။ ထို့နောက် ကျွန်ုပ်အား ဖန်ဆင်းမွေးမြူတော်မူသော အရှင်မြတ်၏ချိန်းဆိုထားသော အချိန်ကာလ ရောက်သည့်အခါ အရှင်မြတ်သည် ဤတံတိုင်းကို အစိတ်စိတ်အမြွှာမြွှာဖြစ်အောင် ဖြိုဖျက်တော်မူလိမ့်မည်။ ထို့ပြင် ကျွန်ုပ်အား ဖန်ဆင်းမွေးမြူတော်မူသော အရှင်မြတ်၏ချိန်းဆိုမှုသည် မှန်ကန်သည်။ ۞ وَتَرَكۡنَا بَعۡضَهُمۡ يَوۡمَئِذٍ يَمُوجُ فِي بَعۡضٍۖ وَنُفِخَ فِي ٱلصُّورِ فَجَمَعۡنَٰهُمۡ جَمۡعًا ٩٩ထို့ပြင် ငါအရှင်မြတ်သည် ထို(ယအ်ဂျူဂျ်နှင့် မအ်ဂျူဂျ်လူမျိုး)များထဲမှ တစ်ဦးကို တစ်ဦးအပေါ်တွင် လှိုင်းလိပ်ကဲ့သို့ တိုးဝှေ့ထပ်ဆင့်လျက်ရှိစေတော်မူမည်။ ထို့ပြင် တံပိုးခရာမှုတ်ပြီးသည့်အခါ ငါအရှင်မြတ်သည် သူတို့အားလုံးကို စုရုံးစေတော်မူမည်။ وَعَرَضۡنَا جَهَنَّمَ يَوۡمَئِذٍ لِّلۡكَٰفِرِينَ عَرۡضًا ١٠٠ထို့ပြင် ငါအရှင်မြတ်သည် ထိုနေ့တွင် ဂျဟန္နမ်ငရဲဘုံကို ကာဖိရ်ငြင်းပယ်သူများ၏ရှေ့၌ အထင်အရှားပြတော်မူမည်။ ٱلَّذِينَ كَانَتۡ أَعۡيُنُهُمۡ فِي غِطَآءٍ عَن ذِكۡرِي وَكَانُواْ لَا يَسۡتَطِيعُونَ سَمۡعًا ١٠١အကြင်(ငြင်းပယ်)သူများသည် သူတို့၏မျက်စိများက ငါအရှင်မြတ်အား အောက်မေ့ သတိရတသခြင်းမှ ဖုံးကွယ်လျက်ရှိခဲ့သည်။ ထို့ပြင် သူတို့သည် (ထိုကုရ်အာန်ကျမ်းတော်မြတ်ကို နားဝင်အောင်)နားထောင်နိုင်ခြင်းလည်း မရှိခဲ့ကြပေ။ أَفَحَسِبَ ٱلَّذِينَ كَفَرُوٓاْ أَن يَتَّخِذُواْ عِبَادِي مِن دُونِيٓ أَوۡلِيَآءَۚ إِنَّآ أَعۡتَدۡنَا جَهَنَّمَ لِلۡكَٰفِرِينَ نُزُلًا ١٠٢ထို့နောက်လည်း ကာဖိရ်များသည် ငါအရှင်မြတ်အား စွန့်ပြီး ငါအရှင်မြတ်၏ကျွန်များကို ကိုးကွယ်ရာများအဖြစ် ပြုလုပ်ကြသည်ကို သူတို့အတွက် အကျိုးရှိလိမ့်မည်ဟု ထင်မှတ်ကြသလော။ အမှန်စင်စစ် ငါအရှင်မြတ်သည် ဂျဟန္နမ်ငရဲဘုံကို ကာဖိရ်များအတွက် ဧည့်ခံရာနေရာအဖြစ် အသင့်ပြင်ဆင်ထားပြီးဖြစ်သည်။ قُلۡ هَلۡ نُنَبِّئُكُم بِٱلۡأَخۡسَرِينَ أَعۡمَٰلًا ١٠٣(အို- တမန်တော်)အသင်ပြောလိုက်ပါ- ငါသည် အသင်တို့အား လုပ်ရပ်အနေဖြင့် လုံးဝဆုံးရှုံးမည့်သူများနှင့်ပတ်သက်၍ အသိပေးရမည်လော။ ٱلَّذِينَ ضَلَّ سَعۡيُهُمۡ فِي ٱلۡحَيَوٰةِ ٱلدُّنۡيَا وَهُمۡ يَحۡسَبُونَ أَنَّهُمۡ يُحۡسِنُونَ صُنۡعًا ١٠٤အကြင်သူများပင်၊ အမှန်ပင် ထိုသူများသည် သူတို့သည် ကောင်းကျိုးပြုလုပ်နေသည်ဟု ထင်မှတ်နေကြလျက် သူတို့၏ကြိုးပမ်းမှုများသည် ဤဘဝ၌ပင် ပျက်စီးပျောက်ကွယ်သွားပြီးဖြစ်သည်။ أُوْلَٰٓئِكَ ٱلَّذِينَ كَفَرُواْ بِـَٔايَٰتِ رَبِّهِمۡ وَلِقَآئِهِۦ فَحَبِطَتۡ أَعۡمَٰلُهُمۡ فَلَا نُقِيمُ لَهُمۡ يَوۡمَ ٱلۡقِيَٰمَةِ وَزۡنًا ١٠٥ထိုသူများပင်၊ သူတို့သည် သူတို့အား ဖန်ဆင်းမွေးမြူတော်မူသော အရှင်မြတ်၏သက်သေလက္ခဏာများသာမက အရှင်မြတ်နှင့်တွေ့ဆုံခြင်းကိုလည်း ငြင်းပယ်ခဲ့ကြသည်။ သို့ဖြစ်ရာ သူတို့၏လုပ်ရပ်များသည် အကျိုးမဲ့ဖြစ်ခဲ့ကြသည်။ ထို့နောက် ငါအရှင်မြတ်သည်လည်း ကိယာမသ်နေ့တွင် သူတို့အတွက် (မည်သည့်ကောင်းမှုမှ မရှိတော့၍ သူတို့၏လုပ်ရပ်များကို ချိန်ပေးရန်) မည်သည့်အလေးချိန်မှ သတ်မှတ်ပေးတော်မူမည် မဟုတ်ပေ။ ذَٰلِكَ جَزَآؤُهُمۡ جَهَنَّمُ بِمَا كَفَرُواْ وَٱتَّخَذُوٓاْ ءَايَٰتِي وَرُسُلِي هُزُوًا ١٠٦ဤသည် သူတို့၏အကျိုး ဂျဟန္နမ်ငရဲဘုံပင်ဖြစ်သည်။ အဘယ့်ကြောင့်ဆိုသော် သူတို့သည် ငြင်းပယ်ခဲ့ကြသည့်အပြင် ငါအရှင်မြတ်၏သက်သေလက္ခဏာများနှင့် ငါအရှင်မြတ်၏တမန်တော်များကို ပြောင်လှောင်ခဲ့ကြသည့်အတွက်ကြောင့်ဖြစ်သည်။ إِنَّ ٱلَّذِينَ ءَامَنُواْ وَعَمِلُواْ ٱلصَّٰلِحَٰتِ كَانَتۡ لَهُمۡ جَنَّٰتُ ٱلۡفِرۡدَوۡسِ نُزُلًا ١٠٧အမှန်စင်စစ် အကြင်သူတို့သည် အီမာန်ယုံကြည်ခဲ့ကြသည်။ ထို့ပြင် သူတို့သည် ကောင်းမြတ်သော လုပ်ရပ်များကို ဆောက်တည်ခဲ့ကြသည်။ သူတို့အတွက် ဖိရ်ဒေါင်စ်ဥယျာဉ်သည် ဧည့်ခံရာဌာနအဖြစ်ရှိသည်။ خَٰلِدِينَ فِيهَا لَا يَبۡغُونَ عَنۡهَا حِوَلًا ١٠٨ထိုအထဲတွင် အမြဲနေထိုင်ရမည့်သူများဖြစ်မည်၊ သူတို့သည် ထိုဥယျာဉ်မှ လုံးဝရွှေ့ပြောင်းလိုကြမည် မဟုတ်ပေ။ قُل لَّوۡ كَانَ ٱلۡبَحۡرُ مِدَادًا لِّكَلِمَٰتِ رَبِّي لَنَفِدَ ٱلۡبَحۡرُ قَبۡلَ أَن تَنفَدَ كَلِمَٰتُ رَبِّي وَلَوۡ جِئۡنَا بِمِثۡلِهِۦ مَدَدًا ١٠٩(အို- တမန်တော်)အသင်ပြောလိုက်ပါ- အကယ်၍ ငါ့အား ဖန်ဆင်းမွေးမြူတော်မူသော အရှင်မြတ်၏စကားတော်များ*(ကို ရေးသားရန်)အတွက် ပင်လယ်များသည် မင်ရည်များဖြစ်ခဲ့မည်ဆိုလျှင်လည်း၊ ထို့ပြင် အကယ်၍ ငါတို့သည် ထိုပင်လယ်များကဲ့သို့ (အခြားပင်လယ်များကို)ထပ်ဖြည့်ရန် အကူအညီယူခဲ့ဦးမည်ဆိုလျှင်လည်း ငါ့အား ဖန်ဆင်းမွေးမြူတော်မူသော အရှင်မြတ်၏စကားတော်များသည် ကုန်ဆုံးခြင်းမရှိဘဲ၊ ထိုပင်လယ်များပင် ကုန်ခန်းသွားလိမ့်မည်။ قُلۡ إِنَّمَآ أَنَا۠ بَشَرٌ مِّثۡلُكُمۡ يُوحَىٰٓ إِلَيَّ أَنَّمَآ إِلَٰهُكُمۡ إِلَٰهٌ وَٰحِدٌۖ فَمَن كَانَ يَرۡجُواْ لِقَآءَ رَبِّهِۦ فَلۡيَعۡمَلۡ عَمَلًا صَٰلِحًا وَلَا يُشۡرِكۡ بِعِبَادَةِ رَبِّهِۦٓ أَحَدَۢا ١١٠(အို- တမန်တော်)အသင်ပြောလိုက်ပါ- ငါသည် အသင်တို့ကဲ့သို့ လူသားတစ်ဦးပင်ဖြစ်သည်။ အသင်တို့၏ ကိုးကွယ်ထိုက်သည့်အရှင်သည် တစ်ပါးတည်းရှိသော ကိုးကွယ်ထိုက်သည့်အရှင်မြတ်ပင် ဖြစ်တော်မူကြောင်း ငါ့ထံသို့ ဝဟီအမိန့်တော်ကျရောက်လာ(ခြင်းပင် ငါ၏ထူးခြားချက်ဖြစ်)သည်။ သို့ဖြစ်ရာ မိမိအား ဖန်ဆင်းမွေးမြူတော်မူသောအရှင်မြတ်နှင့်တွေ့ဆုံရန် မျှော်လင့်နေသူသည် ကောင်းမြတ်သောလုပ်ရပ်ကို ပြုလုပ်ရမည်။ ထို့ပြင် ထိုသူသည် သူ့အား ဖန်ဆင်းမွေးမြူတော်မူသော အရှင်မြတ်အား ကိုးကွယ်ရာတွင် မည်သူ့ကိုမှ တွဲဖက်ကိုးကွယ်မှု မပြုရပေ။