بِسۡمِ ٱللَّهِ ٱلرَّحۡمَٰنِ ٱلرَّحِيمِ
قٓۚ وَٱلۡقُرۡءَانِ ٱلۡمَجِيدِ ١ကာဖ်၊ (ငါအရှင်မြတ်သည်) မြင့်မြတ်သည့်(ဂုဏ်ထူးများနှင့် ပြည့်စုံသည့်)ကုရ်အာန်ကျမ်းတော်မြတ်ကို သက်သေထူတော်မူသည်။ ###၁ بَلۡ عَجِبُوٓاْ أَن جَآءَهُم مُّنذِرٌ مِّنۡهُمۡ فَقَالَ ٱلۡكَٰفِرُونَ هَٰذَا شَيۡءٌ عَجِيبٌ ٢အမှန်စင်စစ် သူတို့သည် သူတို့ထံသို့ သူတို့ထဲမှပင် သတိပေးနှိုးဆော်သူတစ်ဦး ရောက်ရှိလာခဲ့သည်ကို အံ့ဩနေကြသည်။ သို့ဖြစ်ရာကာဖိရ်များက ဤသည် အံ့ဩဖွယ်ရာကိစ္စပင်ဖြစ်သည်ဟု ပြောဆိုခဲ့ကြသည်။ أَءِذَا مِتۡنَا وَكُنَّا تُرَابًاۖ ذَٰلِكَ رَجۡعُۢ بَعِيدٌ ٣ကျွန်ုပ်တို့ သေဆုံးခဲ့ကြပြီးနောက် မြေကြီးဖြစ်သွားသည့်အခါ (ပြန်ရှင်ရဦးမည်လော)။ ဤသည် အလွန်ဝေးလံသောပြန်လည်ခြင်းပင်။ (စဉ်းစား၍ဉဏ်မမီပေ)။ قَدۡ عَلِمۡنَا مَا تَنقُصُ ٱلۡأَرۡضُ مِنۡهُمۡۖ وَعِندَنَا كِتَٰبٌ حَفِيظُۢ ٤မြေကြီးက သူတို့(၏ခန္ဓာကိုယ်များ)ထဲမှ(စားပြီး)လျော့နည်းစေမည့် အစိတ်အပိုင်းကို (ဆွေးမြည့်သွားသည့်အစိတ်အပိုင်းကို) အမှန်စင်စစ် ငါအရှင်မြတ်သိရှိတော်မူသည်။ ထိုအရာပင်မကပေ၊ ငါအရှင်မြတ်ထံတော်တွင် ထိန်းသိမ်းစောင့်ရှောက်ထားသော မှတ်တမ်းစာအုပ်လည်း ရှိနေသေးသည်။ ###၂ بَلۡ كَذَّبُواْ بِٱلۡحَقِّ لَمَّا جَآءَهُمۡ فَهُمۡ فِيٓ أَمۡرٍ مَّرِيجٍ ٥အမှန်စင်စစ် သူတို့ထံသို့ အမှန်တရားရောက်လာသည့်အခါတွင် ထိုအမှန်တရားကိုပင် မဟုတ်မမှန်ဟု စွပ်စွဲငြင်းပယ်ခဲ့ကြခြင်းဖြစ်သည်။ ထို့ပြင် သူတို့သည် (မှော်ဆရာဟုပြောလိုက်၊ ကဗျာဆရာဟုပြောလိုက်၊ အရူးဟုပြောလိုက်၊ လူလိမ်ဟုပြောလိုက်နှင့်) မကိုက်ညီသည့်စကား (မတည်ငြိမ်သည့်အခြေအနေ)များထဲ၌ပင် နစ်မွန်းနေကြသည်။ أَفَلَمۡ يَنظُرُوٓاْ إِلَى ٱلسَّمَآءِ فَوۡقَهُمۡ كَيۡفَ بَنَيۡنَٰهَا وَزَيَّنَّٰهَا وَمَا لَهَا مِن فُرُوجٍ ٦ထို့နောက် သူတို့သည် သူတို့အထက်မှမိုးကောင်းကင်ကို ငါအရှင်မြတ်သည် ၎င်းကို မည်သို့ပြုလုပ်ထားတော်မူသနည်း၊ ထို့ပြင်ငါအရှင်မြတ်သည် ၎င်းကို မည်သို့လှပစွာ ဆင်ယင်ထားတော်မူသနည်းဆိုသည်ကို မကြည့်မြင်ခဲ့ကြသလော။ ထို့ပြင် ၎င်းတွင် ကွဲအက်မှုမရှိသည်(ကိုလည်း မကြည့်မြင်ခဲ့ကြသလော)။ وَٱلۡأَرۡضَ مَدَدۡنَٰهَا وَأَلۡقَيۡنَا فِيهَا رَوَٰسِيَ وَأَنۢبَتۡنَا فِيهَا مِن كُلِّ زَوۡجِۭ بَهِيجٍ ٧ထို့ပြင် ငါအရှင်မြတ်သည် မြေပထဝီကို ဖြန့်ခင်းတော်မူသည်။ ထို့ပြင် ထိုမြေပထဝီတွင် တောင်များကို စိုက်ထူထားတော်မူသည်။ ထို့ပြင် ငါအရှင်မြတ်သည် ထိုအထဲတွင် လှပတင့်တယ်သည့်အရာမျိုးစုံကို ပေါက်ရောက်စေတော်မူခဲ့သည်။ تَبۡصِرَةً وَذِكۡرَىٰ لِكُلِّ عَبۡدٍ مُّنِيبٍ ٨(ထိုအရာများသည် အလ္လာဟ်အရှင်မြတ်ဘက်သို့)ပြန်လှည့်ကြသည့်ကျွန်တိုင်းအတွက် ဆင်ခြင်သုံးသပ်သည့်အရာနှင့် တရားရယူရသည့်အရာဖြစ်သည်။ وَنَزَّلۡنَا مِنَ ٱلسَّمَآءِ مَآءً مُّبَٰرَكًا فَأَنۢبَتۡنَا بِهِۦ جَنَّٰتٍ وَحَبَّ ٱلۡحَصِيدِ ٩ထို့နောက် ငါအရှင်မြတ်သည် မိုးကောင်းကင်မှ မဂင်္လာအပေါင်းနှင့် ပြည့်စုံသော (မိုး)ရေကို ရွာသွန်းစေတော်မူခဲ့သည်။ ထို့ပြင် ထိုရေနှင့်ငါအရှင်မြတ်သည် ဥယျာဉ်များနှင့် ရိတ်သိမ်းဖြတ်ယူရမည့် ကောက်ပဲသီးနှံပင်များကို ပေါက်ရောက်စေတော်မူခဲ့သည်။ وَٱلنَّخۡلَ بَاسِقَٰتٍ لَّهَا طَلۡعٌ نَّضِيدٌ ١٠ထို့ပြင် မြင့်မားသောစွန်ပလွံပင်များကို (လည်း ပေါက်ရောက်စေတော်မူခဲ့သည့်အတွက်)ထို စွန်ပလွံပင်များတွင် ပြွတ်သိပ်ပြီးသီးနေသော အခိုင်များရှိနေသည်။ رِّزۡقًا لِّلۡعِبَادِۖ وَأَحۡيَيۡنَا بِهِۦ بَلۡدَةً مَّيۡتًاۚ كَذَٰلِكَ ٱلۡخُرُوجُ ١١ကျွန်များအတွက် စားနပ်ရိက္ခာအဖြစ်(ပေါက်ရောက်စေခဲ့ခြင်းဖြစ်သည်)။ ထို့ပြင် ငါအရှင်မြတ်သည် မိုးရေနှင့် သေနေသည့်မြေကို ရှင်စေတော်မူခဲ့သည်။ (လူများ သချုႋင်းထဲမှ ရှင်ပြီး)ပြန်ထွက်ခြင်းသည်လည်း ဤသို့ပင်ဖြစ်လိမ့်မည်။ كَذَّبَتۡ قَبۡلَهُمۡ قَوۡمُ نُوحٍ وَأَصۡحَٰبُ ٱلرَّسِّ وَثَمُودُ ١٢သူတို့မတိုင်မီ (တမန်တော်)နူးဟ်၏ အမျိုးသားများ၊ ရတ်စ်တွင် နေထိုင်သူများနှင့် ဆမူဒ် အမျိုးသားများသည် မဟုတ်မမှန်ဟု စွပ်စွဲငြင်းပယ်ခဲ့ကြသည်။ وَعَادٌ وَفِرۡعَوۡنُ وَإِخۡوَٰنُ لُوطٍ ١٣ထို့ပြင် အာဒ် အမျိုးသားများ၊ ဖိရ်အောင်န်နှင့် လူသွ်၏ ညီအစ်ကိုများ၊ وَأَصۡحَٰبُ ٱلۡأَيۡكَةِ وَقَوۡمُ تُبَّعٍۚ كُلٌّ كَذَّبَ ٱلرُّسُلَ فَحَقَّ وَعِيدِ ١٤ထို့ပြင် အိုင်ကဟ်တောအုပ်တွင် နေထိုင်သူများ၊ သုဗ်ဗအ် အမျိုးသားများ၊ အားလုံးတို့သည် တမန်တော်များကို မဟုတ်မမှန်ဟု စွပ်စွဲငြင်းပယ်ခဲ့ကြသည့်အတွက် ငါအရှင်မြတ်၏ ချိန်းဆိုမှု (ပြစ်ဒဏ်)သည် (သူတို့အပေါ်တွင်)ကျရောက်ခဲ့သည်။ ###၃ أَفَعَيِينَا بِٱلۡخَلۡقِ ٱلۡأَوَّلِۚ بَلۡ هُمۡ فِي لَبۡسٍ مِّنۡ خَلۡقٍ جَدِيدٍ ١٥ငါအရှင်မြတ်သည် ပထမအကြိမ် ဖန်ဆင်းတော်မူခဲ့သည့်အတွက်ကြောင့် မောပန်းသွားတော်မူခဲ့ပြီလော။ ထိုသို့မဟုတ်ပေ၊ အမှန်စင်စစ် သူတို့သည်အသစ်တစ်ဖန် ပြန်လည်ဖန်ဆင်းခြင်းနှင့် ပတ်သက်၍ သံသယတွင် ရှိနေကြခြင်းသာဖြစ်သည်။ وَلَقَدۡ خَلَقۡنَا ٱلۡإِنسَٰنَ وَنَعۡلَمُ مَا تُوَسۡوِسُ بِهِۦ نَفۡسُهُۥۖ وَنَحۡنُ أَقۡرَبُ إِلَيۡهِ مِنۡ حَبۡلِ ٱلۡوَرِيدِ ١٦ထို့ပြင် အမှန်စင်စစ် ငါအရှင်မြတ်သည် လူသားများကို ဖန်ဆင်းတော်မူခဲ့သည်။ ထို့ပြင် ငါအရှင်မြတ်သည် သူ၏အထဲတွင် သူ၏စိတ်က မသိမသာပေါ်ပေါက်လာသောအရာ(စိတ်ကူး)ကိုလည်း သိတော်မူသည်။ ထို့ပြင် ငါအရှင်မြတ်သည် သူ၏လည်ချောင်းသွေးကြောထက်ပင်သူနှင့် ပို၍နီးသည်။ إِذۡ يَتَلَقَّى ٱلۡمُتَلَقِّيَانِ عَنِ ٱلۡيَمِينِ وَعَنِ ٱلشِّمَالِ قَعِيدٌ ١٧တစ်ချိန်က မှတ်သားသူနှစ်ဦးသည် (လူသား၏) လက်ယာဘက်နှင့် လက်ဝဲဘက်တွင် ထိုင်၍မှတ်သားနေကြသည်။ ###၄ مَّا يَلۡفِظُ مِن قَوۡلٍ إِلَّا لَدَيۡهِ رَقِيبٌ عَتِيدٌ ١٨ထိုလူသားသည် မည်သည့်စကားပင် ပြောသည်ဖြစ်စေ သူ၏အနီးတွင် ချောင်းမြောင်းနေသူတစ်ဦးသည် (ရေးမှတ်ရန်)အသင့်ရှိနေသည်။ وَجَآءَتۡ سَكۡرَةُ ٱلۡمَوۡتِ بِٱلۡحَقِّۖ ذَٰلِكَ مَا كُنتَ مِنۡهُ تَحِيدُ ١٩ထို့ပြင် သေခြင်း၏ စကရသ်မေ့မျောမှုသည် မှန်ကန်စွာ ရောက်ရှိလာခဲ့သည်။ ###၅ ထိုအရာသည် အသင်(မတွေ့လို၍) တိမ်းရှောင်နေခဲ့သည့်အရာပင်ဖြစ်သည်။ وَنُفِخَ فِي ٱلصُّورِۚ ذَٰلِكَ يَوۡمُ ٱلۡوَعِيدِ ٢٠ထို့နောက် တံပိုးခရာမှုတ်ခြင်းခံရမည်။ ထိုအရာသည် ချိန်းထားသည့်နေ့ပင်ဖြစ်သည်။ ###၆ وَجَآءَتۡ كُلُّ نَفۡسٍ مَّعَهَا سَآئِقٌ وَشَهِيدٌ ٢١ထို့ပြင် လူတိုင်းသည် (စုရုံးရာနေရာဟရှရ်ကွင်းပြင်သို့) လာကြရမည်။ သူနှင့်အတူ ရှေ့သို့သွားခိုင်းနေသူတစ်ဦးနှင့် သက်သေတစ်ဦးပါရှိမည်။ لَّقَدۡ كُنتَ فِي غَفۡلَةٍ مِّنۡ هَٰذَا فَكَشَفۡنَا عَنكَ غِطَآءَكَ فَبَصَرُكَ ٱلۡيَوۡمَ حَدِيدٌ ٢٢အမှန်စင်စစ် အသင်သည်ဤနေ့နှင့် ပတ်သက်၍ ပေါ့ဆမှုတွင် ရှိနေခဲ့သည်။ သို့ဖြစ်ရာ (ယခုမူ)ငါအရှင်မြတ်သည် အသင်၏အပေါ်မှ အဖုံးအကာအား ဖယ်ရှားတော်မူလိုက်ပြီဖြစ်သည်။ သို့ဖြစ်ရာ ယနေ့မူ အသင်သည် ထိုးဖောက်မြင်နိုင်စွမ်းရှိသွားပြီဖြစ်သည်။ وَقَالَ قَرِينُهُۥ هَٰذَا مَا لَدَيَّ عَتِيدٌ ٢٣ထို့ပြင် သူ၏အဖော်(ကောင်းကင်တမန်)ကပြောဆိုမည်။ ဤသည် ကျွန်ုပ်ထံတွင် အဆင်သင့်ရှိသည့်အရာ (နေ့စဉ်မှတ်တမ်း)ဖြစ်သည်။ أَلۡقِيَا فِي جَهَنَّمَ كُلَّ كَفَّارٍ عَنِيدٍ ٢٤(အရှင်မြတ်က ကောင်းကင်တမန်နှစ်ပါးကို မိန့်တော်မူမည်)။ အသင်တို့နှစ်ဦးသည် ကျေးဇူးကန်းသောသူတိုင်း ခေါင်းမာဆိုးသွမ်းသောသူတိုင်းကို ဂျဟန္နမ်ငရဲမီးထဲသို့ ပစ်ချကြပါ။ مَّنَّاعٍ لِّلۡخَيۡرِ مُعۡتَدٍ مُّرِيبٍ ٢٥ကောင်းမှု(ပြုလုပ်သည်များ)မှ အလွန်တားမြစ်သော၊ စည်းကမ်းကျူးလွန်သော၊ သံသယဖြစ်သော(သူတိုင်းကို ထိုအထဲပစ်ချကြပါ)။ ٱلَّذِي جَعَلَ مَعَ ٱللَّهِ إِلَٰهًا ءَاخَرَ فَأَلۡقِيَاهُ فِي ٱلۡعَذَابِ ٱلشَّدِيدِ ٢٦(ထို့ပြင်) အလ္လာဟ်အရှင်မြတ်နှင့်အတူ အခြားကိုးကွယ်ရာတစ်ဦးကို တွဲဖက်ပြုလုပ်သောသူအားလည်း အသင်တို့နှစ်ဦးသည် ပြင်းထန်သော အပြစ်ဒဏ်ထဲသို့ ပစ်ချလိုက်ကြပါ။ ۞ قَالَ قَرِينُهُۥ رَبَّنَا مَآ أَطۡغَيۡتُهُۥ وَلَٰكِن كَانَ فِي ضَلَٰلِۭ بَعِيدٍ ٢٧သူ၏အဖော်(ရှိုင်သွာန်) ကပြောဆိုမည်-အို-ကျွန်ုပ်တို့အား ဖန်ဆင်းမွေးမြူတော်မူသောအရှင်မြတ်၊ ကျွန်ုပ်သည် သူ့အား(လမ်းလွဲအောင်လုပ်ပြီး)ဆိုးသွမ်းစေခဲ့သည်မဟုတ်ပါ။ သို့ရာတွင် သူကိုယ်တိုင်ပင် ဝေးလံသော လမ်းမှားတွင် ရှိနေခဲ့ခြင်းဖြစ်ပါသည်။ قَالَ لَا تَخۡتَصِمُواْ لَدَيَّ وَقَدۡ قَدَّمۡتُ إِلَيۡكُم بِٱلۡوَعِيدِ ٢٨အရှင်မြတ်သည် မိန့်ကြားတော်မူမည်-အသင်တို့သည် ငါအရှင်မြတ်ထံတော်တွင် အငြင်းအခုံလုပ်မနေကြနှင့်။ အမှန်စင်စစ် ငါအရှင်မြတ်သည် (ပြစ်ဒဏ်နှင့်ပတ်သက်သည့်)ချိန်းဆိုမှုကို အသင်တို့ထံ ကြိုတင်ပို့နှင့်တော်မူခဲ့ပြီး ဖြစ်သည်။ مَا يُبَدَّلُ ٱلۡقَوۡلُ لَدَيَّ وَمَآ أَنَا۠ بِظَلَّٰمٍ لِّلۡعَبِيدِ ٢٩ငါအရှင်မြတ်ထံတော်တွင် စကားသည် မပြောင်းလဲပေ။ ထို့ပြင် ငါအရှင်မြတ်သည် ကျွန်များကို မတရားပြုလုပ်တော်မူသောအရှင်လည်း မဟုတ်ပေ။ ###၇ يَوۡمَ نَقُولُ لِجَهَنَّمَ هَلِ ٱمۡتَلَأۡتِ وَتَقُولُ هَلۡ مِن مَّزِيدٍ ٣٠ထိုနေ့တွင် ငါအရှင်မြတ်သည် ဂျဟန္နမ်ငရဲဘုံအား အသင်သည်ပြည့်သွားပြီလောဟု မိန့်ကြားတော်မူမည်။ ထို့ပြင် ထိုဂျဟန္နမ်ငရဲဘုံက “နောက်ထပ် ရှိပါသေးသလော”ဟု ပြောဆိုလျှောက်ထားမည်။ ###၈ وَأُزۡلِفَتِ ٱلۡجَنَّةُ لِلۡمُتَّقِينَ غَيۡرَ بَعِيدٍ ٣١ထို့ပြင် ဂျန္နသ်သုခဘုံသည် ကြောက်ရွံ့အပြစ်ရှောင် ကောင်းကျိုးဆောင်သူ မုသ်သကီများ၏အနီးသို့ မဝေးသည့်နေရာတွင်ယူလာခြင်းခံရမည်။ هَٰذَا مَا تُوعَدُونَ لِكُلِّ أَوَّابٍ حَفِيظٍ ٣٢ဤသည် အသင်တို့ ကတိပေးခြင်းခံရသည့်အရာပင်၊ (အရှင်မြတ်ဘက်သို့)လှည့်သောသူ (စည်းကမ်း)စောင့်ထိန်းသော သူတိုင်းအတွက်ဖြစ်သည်။ مَّنۡ خَشِيَ ٱلرَّحۡمَٰنَ بِٱلۡغَيۡبِ وَجَآءَ بِقَلۡبٍ مُّنِيبٍ ٣٣ထို့ပြင် ထိုသူသည် ရဟ်မာန်အနန္တကရုဏာတော်ရှင်ကို မမြင်ဘဲနှင့် ကြောက်ရွံ့ခဲ့သည်။ ထို့ပြင် သူသည်(အရှင်မြတ်ဘက်သို့) ပြန်လှည့်သော စိတ်နှလုံးကို ယူဆောင်လာခဲ့သည်။ ٱدۡخُلُوهَا بِسَلَٰمٍۖ ذَٰلِكَ يَوۡمُ ٱلۡخُلُودِ ٣٤(ထိုသူများသည် ဤသို့ မိန့်ကြားတော်မူခြင်းခံကြရမည်။) အသင်တို့သည် ဂျန္နသ်သုခဘုံထဲသို့ ငြိမ်းချမ်းစွာဝင်ရောက်ကြပါ။ ဤသည် အမြဲနေထိုင်ရမည့်နေ့ဖြစ်သည်။ ###၉ لَهُم مَّا يَشَآءُونَ فِيهَا وَلَدَيۡنَا مَزِيدٌ ٣٥သူတို့အတွက် ထို ဂျန္နသ်သုခဘုံထဲတွင် သူတို့ အလိုရှိသမျှအရာများသာမက ငါအရှင်မြတ်ထံတော်တွင် အပိုကျေးဇူးချီးမြှင့်မှုလည်းရှိဦးမည်ဖြစ်သည်။ وَكَمۡ أَهۡلَكۡنَا قَبۡلَهُم مِّن قَرۡنٍ هُمۡ أَشَدُّ مِنۡهُم بَطۡشًا فَنَقَّبُواْ فِي ٱلۡبِلَٰدِ هَلۡ مِن مَّحِيصٍ ٣٦ထို့ပြင် ငါအရှင်မြတ်သည် သူတို့မတိုင်မီက လူမျိုးဆက်အမြောက်အမြားကို ဖျက်ဆီးတော်မူခဲ့သည်။ ထိုသူများသည် ဤသူများထက် အင်အားကြီးမားပြင်းထန်သည့်သူများဖြစ်ခဲ့ကြသည်။ သူတို့သည် အမြို့မြို့အရွာရွာတွင် (စီးပွားရှာပြီး သေမည်ကိုကြောက်၍)ခရီးထွက်နေခဲ့ကြသည်။ (ထိုသို့သွားလျက်လာလျက်နှင့် နေရာများစွာ သိထားပြီးဖြစ်ကြပါလျက် သူတို့သည်)ထွက်ပြေးတိမ်းရှောင်ရန်နေရာ ရှာတွေ့ခဲ့ကြ၏လော။ إِنَّ فِي ذَٰلِكَ لَذِكۡرَىٰ لِمَن كَانَ لَهُۥ قَلۡبٌ أَوۡ أَلۡقَى ٱلسَّمۡعَ وَهُوَ شَهِيدٌ ٣٧အမှန်စင်စစ် ထိုအထဲတွင် စိတ်နှလုံးရှိသည့်သူအတွက် သို့မဟုတ် အသင့်ရောက်ရှိလျက် စိတ်ဝင်စားစွာ နားစိုက်ထောင်သောသူအတွက် အမှန်ပင် သင်ခန်းစာရှိသည်။ وَلَقَدۡ خَلَقۡنَا ٱلسَّمَٰوَٰتِ وَٱلۡأَرۡضَ وَمَا بَيۡنَهُمَا فِي سِتَّةِ أَيَّامٍ وَمَا مَسَّنَا مِن لُّغُوبٍ ٣٨ထို့ပြင် အမှန်စင်စစ် ငါအရှင်မြတ်သည် မိုးကောင်းကင်များနှင့် မြေပထဝီအပြင်ထိုနှစ်ခုကြားတွင် ရှိသမျှကို ခြောက်ရက်(နှင့်ညီမျှသောအချိန်)ဖြင့် ဖန်ဆင်းတော်မူခဲ့သည်။ ထို့နောက်လည်း ငါအရှင်မြတ်တွင် မောပန်းမှု လုံးဝမခံစားရပေ။ فَٱصۡبِرۡ عَلَىٰ مَا يَقُولُونَ وَسَبِّحۡ بِحَمۡدِ رَبِّكَ قَبۡلَ طُلُوعِ ٱلشَّمۡسِ وَقَبۡلَ ٱلۡغُرُوبِ ٣٩သို့ဖြစ်ရာ အသင်(တမန်တော်)သည် သူတို့၏ ပြောဆိုမှုများနှင့် ပတ်သက်၍ သည်းခံပါ။ ထို့ပြင် အသင်သည် နေမထွက်မီနှင့် နေမဝင်မီ အသင့်အား ဖန်ဆင်းမွေးမြူတော်မူသောအရှင်မြတ်အား ချီးမွမ်းခြင်းနှင့်တကွ (အရှင်မြတ်) စင်ကြယ်တော်မူကြောင်း ရွတ်ဆိုနေပါ။ وَمِنَ ٱلَّيۡلِ فَسَبِّحۡهُ وَأَدۡبَٰرَ ٱلسُّجُودِ ٤٠ထို့ပြင် အသင်(တမန်တော်)သည် ညအချိန်နှင့် စွလာသ်ဝတ်ပြုမှုများ၏ နောက်တွင် အရှင်မြတ်၏ စင်ကြယ်တော်မူကြောင်းကို ရွတ်ဆိုပါ။ ###၁၀ وَٱسۡتَمِعۡ يَوۡمَ يُنَادِ ٱلۡمُنَادِ مِن مَّكَانٍ قَرِيبٍ ٤١ထို့ပြင် အသင် (တမန်တော်)နားထောင်ပါ၊ အကြင်နေ့တွင် ဟစ်အော်သူ(တစ်ဦး)သည် အနီးမှ ဟစ်အော်လိမ့်မည်။ يَوۡمَ يَسۡمَعُونَ ٱلصَّيۡحَةَ بِٱلۡحَقِّۚ ذَٰلِكَ يَوۡمُ ٱلۡخُرُوجِ ٤٢ထိုနေ့တွင် ဟစ်အော်သံကို (အားလုံး) အမှန်ပင် ကြားကြမည်ဖြစ်သည်။ ထိုနေ့သည် (သချုႋင်းများထဲမှ)ထွက်ကြရမည့်နေ့ပင်ဖြစ်သည်။ ###၁၁ إِنَّا نَحۡنُ نُحۡيِۦ وَنُمِيتُ وَإِلَيۡنَا ٱلۡمَصِيرُ ٤٣အမှန်စင်စစ် ငါအရှင်မြတ်သည်ပင် ရှင်စေတော်မူသည်။ ထို့ပြင် ငါအရှင်မြတ်သည်ပင် သေစေတော်မူသည်။ ထို့နောက် ငါအရှင်မြတ်ထံတော်သို့ပင် ပြန်လာကြရမည်ဖြစ်သည်။ يَوۡمَ تَشَقَّقُ ٱلۡأَرۡضُ عَنۡهُمۡ سِرَاعًاۚ ذَٰلِكَ حَشۡرٌ عَلَيۡنَا يَسِيرٌ ٤٤ထိုနေ့တွင် မြေကြီးသည် သူတို့၏အပေါ်မှ ပွင့်ထွက်သွားပြီး(သူတို့သည်သချုႋင်းထဲမှထွက်လျက် ဖိတ်ခေါ်သူ၏ဘက်သို့)လျင်မြန်စွာ ပြေးလျက်သွားကြမည်။ ဤသည် ငါအရှင်မြတ်အတွက် လွယ်ကူသော စုရုံးခြင်းပင် ဖြစ်သည်။ نَّحۡنُ أَعۡلَمُ بِمَا يَقُولُونَۖ وَمَآ أَنتَ عَلَيۡهِم بِجَبَّارٍۖ فَذَكِّرۡ بِٱلۡقُرۡءَانِ مَن يَخَافُ وَعِيدِ ٤٥ငါအရှင်မြတ်သည် သူတို့ပြောသမျှကို အသိဆုံးဖြစ်တော်မူသည်။ ထို့ပြင် အသင်သည် သူတို့အပေါ်တွင် အတင်းအကျပ်စေခိုင်းသူ မဟုတ်ပေ။ သို့ဖြစ်ရာ အသင်သည် (ငါအရှင်မြတ်၏)ချိန်းဆိုချက်ကို ကြောက်ရွံ့သူအားကုရ်အာန်ကျမ်းတော်မြတ်ဖြင့် သတိပေးနေပါ။ ###၁၂