ملة الإسلام

السورة 51 · 60 آية · Hashim Tin Myint

سورة الذاريات باللغة البورمية

السورة بالعربية مع التفسير استمع إلى سورة الذاريات (1,260 قارئاً)
مكيةسورة الذاريات٦٠ آية

بِسۡمِ ٱللَّهِ ٱلرَّحۡمَٰنِ ٱلرَّحِيمِ

وَٱلذَّٰرِيَٰتِ ذَرۡوًا ١(ငါအရှင်မြတ်သည်) ကစဉ့်ကလျားဖြစ်‌အောင် လွင့်ပါး‌စေ‌သော ‌လေများကို သက်‌သေထူ‌တော်မူသည်။ فَٱلۡحَٰمِلَٰتِ وِقۡرًا ٢ထို့ပြင် (မိုး‌ရေ)ဝန်(ကို ထမ်းထား‌သောတိမ်)များကို သယ်‌ဆောင်ကြသည့် ‌လေများကို သက်‌သေထူ‌တော်မူသည်။ فَٱلۡجَٰرِيَٰتِ يُسۡرًا ٣ထို့ပြင် ညင်သာစွာ တိုက်ခတ်သွားလာလှုပ်ရှားကြ‌သော ‌လေများကို သက်‌သေထူ‌တော်မူသည်။ فَٱلۡمُقَسِّمَٰتِ أَمۡرًا ٤ထို့ပြင် အမိန့်‌တော်အရ (ထိုမိုး‌ရေများကို ‌မြေပြင်‌ပေါ်တွင် ရွာသွန်းချရန် သယ်‌ဆောင်သွားပြီး ) ခွဲ‌ဝေ (ချ)‌ပေးသည့် ‌လေများကို သက်‌သေထူ‌တော်မူသည်။ ###၁ إِنَّمَا تُوعَدُونَ لَصَادِقٌ ٥အမှန်စင်စစ် အသင်တို့ ချိန်းဆိုခြင်းခံကြရ‌သော ချိန်းဆိုချက်သည် အမှန်ပင် မှန်ကန်သည်။ وَإِنَّ ٱلدِّينَ لَوَٰقِعٌ ٦ထို့ပြင် အမှန် စင်စစ် အစား‌ပေးမည့်‌နေ့သည် အမှန် ဆိုက်‌ရောက်လာမည်။ وَٱلسَّمَآءِ ذَاتِ ٱلۡحُبُكِ ٧(ငါအရှင်မြတ်သည်) လှပသည့်လမ်း‌ကြောင်းများရှိ‌သော မိုး‌ကောင်းကင်ကို သက်‌သေထူ‌တော်မူသည်။ ### ၂ إِنَّكُمۡ لَفِي قَوۡلٍ مُّخۡتَلِفٍ ٨အမှန်စင်စစ် အသင်တို့သည် ကြွဲပားခြားနား‌သော ‌ပြောဆိုများတွင် ရှိ‌နေကြသည်။ يُؤۡفَكُ عَنۡهُ مَنۡ أُفِكَ ٩ထို (ကုရ်အာန်နှင့် ရစူလ်ကို ယြုံကညြ်ခင်း ) မှ ‌သွေဖည်သူသည် (အိမာန်ယုံကြည်ခြင်းမှ) ‌သွေဖည်သူဖြစ်သည်။ ###၃ قُتِلَ ٱلۡخَرَّٰصُونَ ١٠ရမ်းဆ‌ပြောဆိုကြသည့်သူများသည် ပျက်စီးကြရမည် ဖြစ်သည်။ ٱلَّذِينَ هُمۡ فِي غَمۡرَةٍ سَاهُونَ ١١အကြင်သူများသည် မသိမိုက်မဲမှုထဲတွင်‌မေ့‌လျော့လျက် ရှိ‌နေသူများဖြစ်ကြသည်။ يَسۡـَٔلُونَ أَيَّانَ يَوۡمُ ٱلدِّينِ ١٢ထိုသူများက အစား‌ပေးမည့်‌နေ့သည် မည်သည့်အခါ ‌ရောက်မည်နည်းဟု (‌ပြောင်‌လှောင်)‌မေးမြန်းကြသည်။ يَوۡمَ هُمۡ عَلَى ٱلنَّارِ يُفۡتَنُونَ ١٣အကြင်‌နေ့တွင် သူတို့သည် မီးထဲတွင် ချခြင်းကို ခံကြရမည်။ ذُوقُواْ فِتۡنَتَكُمۡ هَٰذَا ٱلَّذِي كُنتُم بِهِۦ تَسۡتَعۡجِلُونَ ١٤အသင်တို့သည် အသင်တို့၏ ပြစ်ဒဏ်ကို မြည်းစမ်းကြပါ။ ဤသည် အသင်တို့ ‌ဆောလျင်စွာ ‌တောင်းဆိုခဲ့ကြသည့်အရာ(ပြစ်ဒဏ်)ပင် ဖြစ်သည်(ဟု သူတို့သည် ‌ပြောဆိုခြင်းခံကြရမည်)။ إِنَّ ٱلۡمُتَّقِينَ فِي جَنَّٰتٍ وَعُيُونٍ ١٥အမှန်စင်စစ်‌ကြောက်ရွံ့ အပြစ်‌ရှောင် ‌ကောင်းကျိုး‌ဆောင်သူ မုသ်သကီများကမူ ဥယျာဉ်များနှင့် စမ်း‌ချောင်းများတွင် ရှိ‌နေကြမည်။ ءَاخِذِينَ مَآ ءَاتَىٰهُمۡ رَبُّهُمۡۚ إِنَّهُمۡ كَانُواْ قَبۡلَ ذَٰلِكَ مُحۡسِنِينَ ١٦(သူတို့သည်)သူတို့ အား ဖန်ဆင်း‌မွေးမြူ‌တော်မူ‌သောအရှင်မြတ်က သူတို့အား ‌ပေးသနားသည်များကို ယူငင်လျက် ရှိကြမည်။ အမှန်စင်စစ် သူတို့သည် ထို့ထက် ယခင် ကတည်းက ‌ကောင်းမှုပြုသူများပင်ဖြစ်ခဲ့ကြသည်။ كَانُواْ قَلِيلًا مِّنَ ٱلَّيۡلِ مَا يَهۡجَعُونَ ١٧သူတို့သည် ညတွင် အနည်းငယ်သာ အိပ်စက်ခဲ့ကြသည်။ وَبِٱلۡأَسۡحَارِ هُمۡ يَسۡتَغۡفِرُونَ ١٨ထို့ပြင် သူတို့သည် ည၏ ‌နောက်ဆုံးပိုင်းများတွင် လွတ်ငြိမ်းချမ်းသာခွင့်ကို အသနားခံ‌လေ့ရှိခဲ့ကြသည်။ وَفِيٓ أَمۡوَٰلِهِمۡ حَقٌّ لِّلسَّآئِلِ وَٱلۡمَحۡرُومِ ١٩ထို့ပြင် သူတို့၏ ပစ္စည်းဥစ္စာများထဲတွင် (လှည့်လည်)‌တောင်း ရမ်း‌သော ဆင်းရဲသားများအတွက်နှင့် မ‌တောင်းရမ်း‌သော ဆင်းရဲသားများအတွက် ‌ဝေစု‌ဝေပုံ(အခွင့်အ‌ရေး)ရှိခဲ့သည်။ ###၄ وَفِي ٱلۡأَرۡضِ ءَايَٰتٌ لِّلۡمُوقِنِينَ ٢٠ထို့ပြင် ယုံကြည်သူများအတွက် ‌မြေပထဝီတွင် သက်‌သေလက္ခဏာများ အ‌မြောက်အမြားရှိသည်။ وَفِيٓ أَنفُسِكُمۡۚ أَفَلَا تُبۡصِرُونَ ٢١ထို့ပြင် အသင်တို့၏ ကိုယ်ခန္ဓာများထဲတွင်လည်း (သက်‌သေ လက္ခဏာများ)ရှိကြသည်။ ထို့‌နောက်လည်း အသင်တို့သည် မမြင်ကြသ‌လော။ وَفِي ٱلسَّمَآءِ رِزۡقُكُمۡ وَمَا تُوعَدُونَ ٢٢ထို့ပြင် မိုး‌ကောင်းကင်တွင် အသင်တို့၏ စားနပ်ရိက္ခာနှင့် အသင်တို့ ကတိ‌ပေးခြင်းခံရ‌သောအရာရှိသည်။ ###၅ فَوَرَبِّ ٱلسَّمَآءِ وَٱلۡأَرۡضِ إِنَّهُۥ لَحَقٌّ مِّثۡلَ مَآ أَنَّكُمۡ تَنطِقُونَ ٢٣သို့ဖြစ်ရာ မိုး‌ကောင်းကင်နှင့် ‌မြေပထဝီကို ဖန်ဆင်း‌တော်မူ‌သောအရှင်မြတ်အား တိုင်တည် ‌ပြောဆိုမည်၊ ထို(ကိယာမသ် ဖြစ်ခြင်း၊ စားနပ်ရိက္ခာရရှိခြင်း၊ တမလွန်ဘဝတွင် အကျိုးခံစားရခြင်းတို့)သည် အသင်တို့ စကား‌ပြောဆိုကြသကဲ့သို့ပင် မှန်ကန်သည်။ ###၆ هَلۡ أَتَىٰكَ حَدِيثُ ضَيۡفِ إِبۡرَٰهِيمَ ٱلۡمُكۡرَمِينَ ٢٤အသင်၏ထံသို့ (တမန်‌တော်)အိဗ်ရာဟီမ် ၏ ဂုဏ်ရှိ‌သော ဧည့်သည်များအ‌ကြောင်း ‌ရောက်ရှိခဲ့သ‌လော။ إِذۡ دَخَلُواْ عَلَيۡهِ فَقَالُواْ سَلَٰمًاۖ قَالَ سَلَٰمٌ قَوۡمٌ مُّنكَرُونَ ٢٥တစ်ခါက ထိုဧည့်သည်များသည် ြွ၏ထံသို့ ဝင်‌ရောက်ခဲ့ပြီး စလာမ် ငြိမ်းချမ်းသာယာမှုကျ‌ရောက်ပါ‌စေဟု ဆိုခဲ့ကြသည်။ ၎င်းကလည်း စလာမ် ငြိမ်းချမ်းသာယာမှုကျ‌ရောက်ပါ‌စေဟုပင် ပြန်ဆိုခဲ့သည်။ မသိသည့်သူစိမ်းများပင် (ဟု စိတ်ထဲတွင် ထင်မှတ်ခဲ့သည်)။ فَرَاغَ إِلَىٰٓ أَهۡلِهِۦ فَجَآءَ بِعِجۡلٍ سَمِينٍ ٢٦ထို့‌နောက် ၎င်းသည် ၎င်း၏ အိမ်သားများထံသို့ (တိတ်တဆိတ်)ဝင်၍(ကင်ထားသည့်)ဝဖြိုး‌သော နွားက‌လေးတစ်‌ကောင်ကို ယူလာခဲ့သည်။ فَقَرَّبَهُۥٓ إِلَيۡهِمۡ قَالَ أَلَا تَأۡكُلُونَ ٢٧ထို့ပြင် ၎င်းက ထိုဧည့်သည်များ ‌ရှေ့ ၌ တည်ခင်း (ဧည့်ခံ)ခဲ့သည်။ (သူတို့က မစားကြသည့်အခါ) အသင်တို့ မစားကြသ‌လောဟု ၎င်းက ‌ပြောခဲ့သည်။ فَأَوۡجَسَ مِنۡهُمۡ خِيفَةًۖ قَالُواْ لَا تَخَفۡۖ وَبَشَّرُوهُ بِغُلَٰمٍ عَلِيمٍ ٢٨ထို့‌နောက် ၎င်း၏စိတ်ထဲတွင် သူတို့အား စိုးရိမ်လာခဲ့သည်။ သူတို့က အသင် မစိုးရိမ်ပါနှင့်ဟု ‌ပြောဆိုကြသည်။ ထို့ပြင် သူတို့သည် ၎င်းကို အလွန်အသိပညာနှင့် ပြည့်စုံ‌သောသားရတနာတစ်ပါးနှင့် ပတ်သက်၍ သတင်း‌ကောင်း‌ပြောကြားခဲ့ကြသည်။ فَأَقۡبَلَتِ ٱمۡرَأَتُهُۥ فِي صَرَّةٍ فَصَكَّتۡ وَجۡهَهَا وَقَالَتۡ عَجُوزٌ عَقِيمٌ ٢٩သို့ဖြစ်ရာ ၎င်း၏ဇနီးသည် ‌အော်ပြီး ‌ရှေ့သို့‌ရောက် လာသည်။ ထို့ပြင် သူမ၏မျက်နှာကို လက်ဝါးနှင့်ရိုက်ပြီး အိုမင်းရင့်‌ရော်‌နေ‌သော အမြုံတစ်ဦးပင် (သားဖွားဦးမည်‌လော)ဟု ‌ပြောဆိုခဲ့သည်။ قَالُواْ كَذَٰلِكِ قَالَ رَبُّكِۖ إِنَّهُۥ هُوَ ٱلۡحَكِيمُ ٱلۡعَلِيمُ ٣٠ထိုဧည့်သည်များက ‌ပြောဆိုကြသည်- "အသင်မအား ဖန်ဆင်း‌မွေးမြူ‌တော်မူ‌သော အရှင်မြတ်က ဤသို့ပင် မိန့်‌တော်မူခဲ့သည်။ အမှန်စင်စစ် အရှင်မြတ်သည် ပညာဉာဏ်အ‌မြော်အမြင်နှင့် အလွန်ပြည့်စုံ‌တော်မူ‌သောအရှင်၊ အကြွင်းမဲ့သိ‌တော်မူ‌သော အရှင်ဖြစ်‌တော်မူသည်။" ###၆

الجزء السابع والعشرون

۞ قَالَ فَمَا خَطۡبُكُمۡ أَيُّهَا ٱلۡمُرۡسَلُونَ ٣١၎င်း (တမန်‌တောအိဗ်ရာဟီမ် )က ‌ပြောဆိုသည်- အို-‌စေလွှတ်ခြင်းခံရသည့်သူအ‌ပေါင်း တို့၊ သို့ဖြစ်လျှင် အသင်တို့တွင် မည်သည့်ကိစ္စရှိပါသနည်း။ قَالُوٓاْ إِنَّآ أُرۡسِلۡنَآ إِلَىٰ قَوۡمٍ مُّجۡرِمِينَ ٣٢သူတို့က ‌ဖြေကြားခဲ့ကြသည်။ အမှန်စင်စစ် ကျွန်ုပ်တို့သည် အပြစ်ကျူးလွန်ကြ‌သော အမျိုးသားများထံသို့ ‌စေလွှတ် ခြင်းခံခဲ့ကြရသည်။ لِنُرۡسِلَ عَلَيۡهِمۡ حِجَارَةً مِّن طِينٍ ٣٣ကျွန်ုပ်တို့သည် သူတို့အ‌ပေါ်တွင် ရွှံ‌စေးနှင့်ပြုလုပ်ထားသည့် ခဲများကို ရွာသွန်း‌စေရန် အတွက်ဖြစ်သည် ။ مُّسَوَّمَةً عِندَ رَبِّكَ لِلۡمُسۡرِفِينَ ٣٤(ထို‌ကျောက်ခဲများသည်) စည်းကမ်းကျူးလွန်သည့်သူများအတွက် အသင့်အား ဖန်ဆင်း‌မွေးမြူ‌တော်မူ‌သောအရှင်မြတ်ထံ‌တော်တွင် အမှတ်အသားပြုလုပ်ပြီးဖြစ်သည်။ فَأَخۡرَجۡنَا مَن كَانَ فِيهَا مِنَ ٱلۡمُؤۡمِنِينَ ٣٥ထို့‌နောက် ငါအရှင်မြတ်သည် ထိုမြို့ ရွာတွင် ရှိကြ‌သော အီမာန် ယုံကြည်သူများကို ထွက်ခွာ‌စေပြီးလွတ်‌မြောက်‌စေ‌တော်မူခဲ့သည်။ فَمَا وَجَدۡنَا فِيهَا غَيۡرَ بَيۡتٍ مِّنَ ٱلۡمُسۡلِمِينَ ٣٦၎င်းပြင် ငါအရှင်မြတ်သည် ထိုမြို့ ရွာတွင် မွတ်စ်လင်မ် အိမ်တစ်အိမ်သာ ‌တွေ့ရှိ‌တော်မူခဲ့သည်။ ###၇ وَتَرَكۡنَا فِيهَآ ءَايَةً لِّلَّذِينَ يَخَافُونَ ٱلۡعَذَابَ ٱلۡأَلِيمَ ٣٧ထို့ပြင် ငါအရှင်မြတ်သည် ထိုမြို့ ရွာတွင် နာကျင်‌စေ‌သောပြစ်ဒဏ်ကို ‌ကြောက်ရွံ့ စိုးရိမ်သူများအတွက် သက်‌သေလက္ခဏာတစ်ခု ကျန်ရစ်‌စေ‌တော်မူခဲ့သည်။ وَفِي مُوسَىٰٓ إِذۡ أَرۡسَلۡنَٰهُ إِلَىٰ فِرۡعَوۡنَ بِسُلۡطَٰنٍ مُّبِينٍ ٣٨ထို့ပြင် (တမန်‌တော်) မူစာ (၏ အ‌ကြောင်း)တွင်လည်း (သာဓကများ)ရှိသည်။ တစ်ခါက ငါအရှင်မြတ်သည် (တမန်‌တော်)မူစာ ကို ဖိရ်‌အောင်န် ၏ ထံသို့ ထင်ရှား‌သောသက်‌သေသာဓကနှင့်တကွ ‌စေလွှတ်‌တော်မူခဲ့သည်။ فَتَوَلَّىٰ بِرُكۡنِهِۦ وَقَالَ سَٰحِرٌ أَوۡ مَجۡنُونٌ ٣٩သို့ရာတွင် သူသည် သူ၏အင်အားကို အားကိုးပြီး မျက်နှာလွှဲခဲ့သည်။ ထို့ပြင် သူက(တမန်‌တော် မူစာ ကို) ‌မှော်ဆရာဟု‌ပြောလိုက်၊ အရူးဟု‌ပြောလိုက် (အမျိုးမျိုး)‌ပြောဆိုခဲ့သည်။ فَأَخَذۡنَٰهُ وَجُنُودَهُۥ فَنَبَذۡنَٰهُمۡ فِي ٱلۡيَمِّ وَهُوَ مُلِيمٌ ٤٠သို့ဖြစ်ရာ ငါအရှင်မြတ်သည် သူနှင့်တကွ သူ၏ စစ်တပ်ကို ဖမ်းဆီးပြီး ငါအရှင်မြတ်သည် သူတို့အား ပင်လယ်ထဲ ပစ်ချ‌တော်မူခဲ့သည်။ ၎င်းပြင် သူသည် အလွန်ပြစ်တင် ရှုတ်ချခံထိုက်‌သောသူပင်ဖြစ်သည်။ وَفِي عَادٍ إِذۡ أَرۡسَلۡنَا عَلَيۡهِمُ ٱلرِّيحَ ٱلۡعَقِيمَ ٤١ထိုပြင် အာဒ် အမျိုးသားများတွင်လည်း (သင်ခန်းစာ) ရှိသည်။ တစ်ခါက ငါအရှင်မြတ်သည် သူတို့ အ‌ပေါ်တွင် မဂင်္လာမရှိ‌သော ‌လေပြင်းမုန်တိုင်းကို ‌စေလွှတ်‌တော်မူခဲ့သည်။ مَا تَذَرُ مِن شَيۡءٍ أَتَتۡ عَلَيۡهِ إِلَّا جَعَلَتۡهُ كَٱلرَّمِيمِ ٤٢ထို မုန်တိုင်းသည် မည်သည့်အ‌ပေါ် ၌ပင်ဖြစ်‌စေ ကျ‌ရောက်ခဲ့လျှင် ထိုအရာအား ‌ဆွေးမြည့် ‌နေသည့်အပိုင်းအစများကဲ့သို့ ပြုလုပ်ခဲ့သည်။ وَفِي ثَمُودَ إِذۡ قِيلَ لَهُمۡ تَمَتَّعُواْ حَتَّىٰ حِينٍ ٤٣ထို့ပြင် ဆမူဒ် အမျိုးသားများတွင်လည်း (သင်ခန်းစာ)ရှိသည်။ တစ်ခါက သူတို့သည် ‌ပြောကြားခံခဲ့ရသည်။ အသင်တို့ သည် အချိန်ကာလတစ်ခုထိသာ အကျိုး ခံစားကြပါ။ فَعَتَوۡاْ عَنۡ أَمۡرِ رَبِّهِمۡ فَأَخَذَتۡهُمُ ٱلصَّٰعِقَةُ وَهُمۡ يَنظُرُونَ ٤٤ထို‌နောက် သူတို့သည် သူတို့အား ‌မွေးမြူဖန်ဆင်းသည် အရှင်မြတ်၏ အမိန့်‌တော်ကို ပုန်ကန်ခဲ့ကြသည့် အတွက် ကျယ်‌လောင်သည့်အသံ ပြစ်ဒဏ်သည် သူတို့အား သူတို့မြင်‌နေလျက်ရှိစဉ်၌ပင် ဖမ်းဆီးကွပ်မျက်ခဲ့သည်။ فَمَا ٱسۡتَطَٰعُواْ مِن قِيَامٍ وَمَا كَانُواْ مُنتَصِرِينَ ٤٥သို့ဖြစ်ရာ သူတို့သည် မတ်တတ်ပင် မရပ်နိုင်ကြ‌တော့‌ပေ။ ထို့ပြင် သူတို့သည် သူတို့ကိုယ်သူတို့ ကာကွယ်နိုင်ကြသူများလည်း မဟုတ်‌ပေ။ وَقَوۡمَ نُوحٍ مِّن قَبۡلُۖ إِنَّهُمۡ كَانُواْ قَوۡمًا فَٰسِقِينَ ٤٦ထို့ပြင် ယခင်က (တမန်‌တော်) နူးဟ် ၏ အမျိုးသားများကိုလည်း (ဖျက်ဆီး‌တော်မူခဲ့သည်) အမှန်စင်စစ် သူတို့သည် အမိန့်‌တော်ကို ‌ဖောက်ဖျက်ကျူးလွန်သာ အမျိုးသားများ ဖြစ်ခဲ့ကြသည်။ وَٱلسَّمَآءَ بَنَيۡنَٰهَا بِأَيۡيْدٍ وَإِنَّا لَمُوسِعُونَ ٤٧် (၄၇) ထို့ပြင် ငါအရှင်မြတ်သည် မိုး‌ကောင်းကင်ကို တန်ခိုး‌တော်နှင့် ပြုလုပ်‌တော်မူခဲ့သည်။ ထို့ပြင် အမှန်စင်စစ် ငါအရှင်မြတ်သည် ကျယ်ဝန်း‌စေ‌တော်မူ‌သောအရှင်ဖြစ်‌တော်မူသည်။ ###၈ وَٱلۡأَرۡضَ فَرَشۡنَٰهَا فَنِعۡمَ ٱلۡمَٰهِدُونَ ٤٨ထို့ပြင် ငါအရှင်မြတ်သည် ‌မြေပထဝီကို ခင်းကျင်း‌တော် မူခဲ့သည်။ ထို့ပြင် (ငါအရှင်မြတ်သည်)အဘယ်မျှ‌ကောင်းစွာ ခင်းကျင်းသည့်အရှင်မြတ်ဖြစ်လိုက်သနည်း။ وَمِن كُلِّ شَيۡءٍ خَلَقۡنَا زَوۡجَيۡنِ لَعَلَّكُمۡ تَذَكَّرُونَ ٤٩ထို့ပြင် ငါအရှင်မြတ်သည် အသင်တို့ တရားရယူကြရန်အတွက် အရာရာတိုင်းကို (ဖိုမ)စုံတွဲဖန်ဆင်း‌တော်မူခဲ့သည်။ ###၉ فَفِرُّوٓاْ إِلَى ٱللَّهِۖ إِنِّي لَكُم مِّنۡهُ نَذِيرٌ مُّبِينٌ ٥٠သို့ဖြစ်ရာ အသင်တို့သည် အလ္လာဟ် အရှင်မြတ်ထံ ‌တော်သို့ ‌ပြေးလွှား၍သွားကြပါ။ အမှန်စင်စစ် ငါ(တမန်‌တော်)သည် အသင်တို့အတွက် အရှင်မြတ်ထံ‌တော်မှ ထင်ရှား‌သော သတိ‌ပေးနှိုး‌ဆော်သူဖြစ်သည်။ وَلَا تَجۡعَلُواْ مَعَ ٱللَّهِ إِلَٰهًا ءَاخَرَۖ إِنِّي لَكُم مِّنۡهُ نَذِيرٌ مُّبِينٌ ٥١ထို့ပြင် အသင်တို့သည် အလ္လာဟ် အရှင်မြတ်နှင့်အတူ အခြားကိုးကွယ်ရာကို ဖက်စပ် မသတ်မှတ်ကြနှင့်။ အမှန်စင်စစ် ငါသည် အသင်တို့ အတွက် အရှင်မြတ်ထံ‌တော်မှ ထင်ရှား‌သော သတိ‌ပေးနှိုး‌ဆော်သူပင်ဖြစ်သည်။ كَذَٰلِكَ مَآ أَتَى ٱلَّذِينَ مِن قَبۡلِهِم مِّن رَّسُولٍ إِلَّا قَالُواْ سَاحِرٌ أَوۡ مَجۡنُونٌ ٥٢ထိုသို့ပင် သူတို့မတိုင်မီ ရှိခဲ့ကြ‌သော သူများထံသို့ တမန်‌တော် တစ်ပါးပါး ‌ရောက်လာခဲ့သည့်အခါတိုင်း သူတို့သည် ၎င်း(တမန်‌တော်)ကို ‌မှော်ဆရာ သို့မဟုတ် အရူးဟု‌ပြောဆိုခဲ့ကြသည်။ أَتَوَاصَوۡاْ بِهِۦۚ بَلۡ هُمۡ قَوۡمٌ طَاغُونَ ٥٣သူတို့သည် အချင်းချင်း ဤသို့‌ပြောဆိုကြရန် မှာကြားခဲ့ကြသ‌လော။ ထိုသို့မဟုတ်‌ပေ၊ အမှန်စင်စစ် သူတို့(အားလုံး)သည် ဆိုးသွမ်းသူများပင် ဖြစ်ခဲ့ကြသည်။ فَتَوَلَّ عَنۡهُمۡ فَمَآ أَنتَ بِمَلُومٍ ٥٤သို့ဖြစ်ရာ အသင်(တမန်‌တော်)သည် သူတို့အား လျစ်လျူရှုထားလိုက်ပါ။ သို့ဖြစ်ရာ အသင်သည် အပြစ်တင်ခြင်းခံရမည်မဟုတ်‌ပေ။ وَذَكِّرۡ فَإِنَّ ٱلذِّكۡرَىٰ تَنفَعُ ٱلۡمُؤۡمِنِينَ ٥٥ထို့ပြင် အသင်(တမန်‌တော်)သည် သတိ‌ပေးဆုံးမ‌နေပါ။ အဘယ့်‌ကြောင့်ဆို‌သော် ဆုံးမဩဝါဒသည် အီမာန် ယုံကြည်သူများကို အကျိုးရှိ‌စေခြင်း ‌ကြောင့်ဖြစ်သည်။ ###၁၀ وَمَا خَلَقۡتُ ٱلۡجِنَّ وَٱلۡإِنسَ إِلَّا لِيَعۡبُدُونِ ٥٦ထို့ပြင် ငါအရှင်မြတ်သည် ဂျင်န် သတ္တဝါနှင့် လူသားကို ငါအရှင်မြတ်အား ကိုးကွယ်ရန်အတွက်ပင် ဖန်ဆင်း‌တော်မူခဲ့ခြင်းဖြစ်သည်။ ###၁၁ مَآ أُرِيدُ مِنۡهُم مِّن رِّزۡقٍ وَمَآ أُرِيدُ أَن يُطۡعِمُونِ ٥٧ငါအရှင်မြတ်သည် သူတို့ထံမှ စားနပ်ရိက္ခာကိုလည်း အလိုရှိ‌တော်မူသည်မဟုတ်‌ပေ။ ငါအရှင်မြတ်အား သူတို့ ‌ကျွေး‌မွေးကြရန်လည်း ငါအရှင်မြတ် အလိုရှိ‌တော်မူသည်မဟုတ်‌ပေ။ إِنَّ ٱللَّهَ هُوَ ٱلرَّزَّاقُ ذُو ٱلۡقُوَّةِ ٱلۡمَتِينُ ٥٨အမှန်စင်စစ် အလ္လာဟ် အရှင်မြတ်ကိုယ်‌တော်တိုင်ကပင် စားနပ်ရိက္ခာ အလွန်ရက်‌ရောစွာ‌ပေး‌တော်မူ‌သောအရှင်၊ အင်အားကို ပိုင်ဆိုင်‌တော်မူ‌သောအရှင်၊ အလွန်ခိုင်မြဲ‌တောင့်တင်း‌တော်မူ‌သောအရှင်ဖြစ်‌တော်မူသည်။ فَإِنَّ لِلَّذِينَ ظَلَمُواْ ذَنُوبًا مِّثۡلَ ذَنُوبِ أَصۡحَٰبِهِمۡ فَلَا يَسۡتَعۡجِلُونِ ٥٩ထို့ပြင် စင်စစ် ပြစ်မှုကျူးလွန်ခဲ့သည့်သူများအတွက် သူတို့အ‌ဖော်များ၏ ပြစ်ဒဏ်‌ဝေစုကဲ့သို့ သူတို့တွင်လည်း ပြစ်ဒဏ်‌ဝေစုရှိမည်။ သို့ဖြစ်ရာ သူတို့သည်ငါအရှင်မြတ်ထံ‌တော်တွင် ပြစ်ဒဏ်ကို ‌ဆောလျင်စွာ မ‌တောင်းဆိုရ‌ပေ။ فَوَيۡلٌ لِّلَّذِينَ كَفَرُواْ مِن يَوۡمِهِمُ ٱلَّذِي يُوعَدُونَ ٦٠ထို့ပြင် ကာဖိရ် များအတွက် သူတို့ ချိန်းဆိုခြင်းခံကြရသည့်‌နေ့တွင် ပျက်စီးခြင်း ရှိလိမ့်မည်။

الترجمة: Hashim Tin Myint.