ملة الإسلام

السورة 52 · 49 آية · Hashim Tin Myint

سورة الطور باللغة البورمية

السورة بالعربية مع التفسير استمع إلى سورة الطور (1,228 قارئاً)
مكيةسورة الطور٤٩ آية

بِسۡمِ ٱللَّهِ ٱلرَّحۡمَٰنِ ٱلرَّحِيمِ

وَٱلطُّورِ ١(ငါအရှင်မြတ်သည်) သွူရ် ‌တောင် ###၁ ကို သက်‌သေထူ‌တော်မူသည်။ وَكِتَٰبٍ مَّسۡطُورٍ ٢ထို့ပြင် ‌ရေးသားပြီးဖြစ်‌သော ကျမ်း‌တော် ### ၂ ကို သက်‌သေထူ‌တော်မူသည်။ فِي رَقٍّ مَّنشُورٍ ٣ဖြန့်ထား‌သော စာရွက်‌ပေါ်တွင်၊ وَٱلۡبَيۡتِ ٱلۡمَعۡمُورِ ٤ထို့ပြင် စည်ကား‌သော အိမ်‌တော် ဗိုင်သိ မအ်မူရ် ###၃ ကို သက်‌သေထူ‌တော်မူသည်။ وَٱلسَّقۡفِ ٱلۡمَرۡفُوعِ ٥ထို့ပြင် မြင့်မား‌သော အမိုးကို သက်‌သေထူ‌တော်မူသည်။ وَٱلۡبَحۡرِ ٱلۡمَسۡجُورِ ٦ထို့ပြင် လျှံတက်‌နေ‌သော ပင်လယ်ကို သက်‌သေထူ‌တော်မူသည်။ إِنَّ عَذَابَ رَبِّكَ لَوَٰقِعٌ ٧အမှန်စင်စစ် အသင့်အားဖန်ဆင်း‌မွေးမြူ‌တော်မူ‌သောအရှင်မြတ်၏ အပြစ်ဒဏ်သည် အမှန်ပင် ကျ‌ရောက်မည်ဖြစ်သည်။ مَّا لَهُۥ مِن دَافِعٍ ٨ထိုပြစ်ဒဏ်ကို ဖယ်ရှားမည့်သူဟူ၍ လုံးဝမရှိ‌ပေ။ يَوۡمَ تَمُورُ ٱلسَّمَآءُ مَوۡرًا ٩ထို‌နေ့တွင် မိုး‌ကောင်းကင်သည် တုန်လှုပ်အက်ကွဲသွားမည်။ وَتَسِيرُ ٱلۡجِبَالُ سَيۡرًا ١٠ထို့ပြင် ‌တောင်များသည် ‌ရွေ့ လျားသွားကြမည်။ فَوَيۡلٌ يَوۡمَئِذٍ لِّلۡمُكَذِّبِينَ ١١ထို့ပြင် ထို‌နေ့တွင်မဟုတ်မမှန်ဟု စွပ်စွဲငြင်းပယ်ကြသည့်သူများတွင် ပျက်စီးခြင်းရှိမည်။ ٱلَّذِينَ هُمۡ فِي خَوۡضٍ يَلۡعَبُونَ ١٢ထိုသူများသည် အလဟဿ‌ပြောဆိုမှုတွင် ‌မွေ့‌လျော်‌နေကြသည်။ يَوۡمَ يُدَعُّونَ إِلَىٰ نَارِ جَهَنَّمَ دَعًّا ١٣ထို‌နေ့တွင် သူတို့သည် ဂျဟန္နမ် ငရဲမီးရှိရာသို့ တွန်းပို့ခြင်းခံကြရမည်။ هَٰذِهِ ٱلنَّارُ ٱلَّتِي كُنتُم بِهَا تُكَذِّبُونَ ١٤ဤမီးသည် မဟုတ်မမှန်ဟု အသင်တို့ ငြင်းပယ်‌နေခဲ့ကြ‌သောငရဲမီးပင်ဖြစ်သည်။ أَفَسِحۡرٌ هَٰذَآ أَمۡ أَنتُمۡ لَا تُبۡصِرُونَ ١٥ထို‌နောက် ဤသည်လည်း စုန်းပ‌ရောဂ ‌မှော်အတတ်ပင်‌လော၊ သို့မဟုတ် အသင်တို့သည် (ယခုထိ) မမြင်ကြ‌သေးသ‌လော၊ ٱصۡلَوۡهَا فَٱصۡبِرُوٓاْ أَوۡ لَا تَصۡبِرُواْ سَوَآءٌ عَلَيۡكُمۡۖ إِنَّمَا تُجۡزَوۡنَ مَا كُنتُمۡ تَعۡمَلُونَ ١٦အသင်တို့သည် ထိုငရဲမီးထဲသို့ ဝင်‌ရောက်ကြပါ။ ထို့ပြင် အသင်တို့သည် သည်းခံသည်ပင်ဖြစ်‌စေ၊ သည်းမခံသည်ပင်ဖြစ်‌စေ အသင်တို့အတွက် အ‌ကြောင်းမထူး ‌တော့‌ပေ။ အတူတူပင်ဖြစ်သည်။ အသင်တို့သည် အသင်တို့ပြုလုပ်ခဲ့ကြသည်များအတွက်ပင် အစား‌ပေးခြင်းခံကြရခြင်းဖြစ်သည်။ إِنَّ ٱلۡمُتَّقِينَ فِي جَنَّٰتٍ وَنَعِيمٍ ١٧အမှန်စင်စစ် ‌ကြောက်ရွံ့ အပြစ်‌ရှောင် ‌ကောင်းကျိုး‌ဆောင်သူ မုသ်သကီ များကမူ ဥယျာဉ်များနှင့် စည်းစိမ်များတွင် ရှိကြမည်။ فَٰكِهِينَ بِمَآ ءَاتَىٰهُمۡ رَبُّهُمۡ وَوَقَىٰهُمۡ رَبُّهُمۡ عَذَابَ ٱلۡجَحِيمِ ١٨သူတို့သည် သူတို့အား ဖန်ဆင်း‌မွေးမြူ‌တော်မူ‌သောအရှင်မြတ်က သူတို့အား ‌ပေးသနား‌တော်မူခဲ့‌သော စည်းစိမ်များ‌ကြောင့် ဝမ်း‌မြောက်‌ပျော်ရွှင်လျက်ရှိကြမည်။ ထို့ပြင် သူတို့အား ဖန်ဆင်း‌မွေးမြူ‌တော်မူ‌သောအရှင်မြတ်က သူတို့ကို ‌တောက်‌လောင်‌နေသည့်ငရဲမီး၏ပြစ်ဒဏ်မှ လွတ်ကင်း‌စေ‌တော်မူမည်။ كُلُواْ وَٱشۡرَبُواْ هَنِيٓـَٔۢا بِمَا كُنتُمۡ تَعۡمَلُونَ ١٩အသင်တို့သည် အသင်တို့ပြုလုပ်ခဲ့ကြ‌သော လုပ်ရပ်များ၏အစား အရသာရှိစွာ စား‌သောက်ကြပါ။ مُتَّكِـِٔينَ عَلَىٰ سُرُرٍ مَّصۡفُوفَةٍۖ وَزَوَّجۡنَٰهُم بِحُورٍ عِينٍ ٢٠(သူတို့သည်) စနစ်တကျ ခင်းကျင်းထား‌သော မြင့်မားသည့် ထိုင်ခုံများ‌ပေါ်တွင် မှီအုံးများနှင့် မှီ‌နေကြမည်။ ထို့ပြင် ငါအရှင်မြတ်သည် သူတို့အား ဖြူ‌ဖွေးပြီး အလွန်‌ချော‌မောလှပ‌သော၊ မျက်ဝန်းကျယ်‌သော မိန်းမများနှင့် ထိမ်းမြား‌ပေး‌တော်မူမည်။ وَٱلَّذِينَ ءَامَنُواْ وَٱتَّبَعَتۡهُمۡ ذُرِّيَّتُهُم بِإِيمَٰنٍ أَلۡحَقۡنَا بِهِمۡ ذُرِّيَّتَهُمۡ وَمَآ أَلَتۡنَٰهُم مِّنۡ عَمَلِهِم مِّن شَيۡءٍۚ كُلُّ ٱمۡرِيِٕۭ بِمَا كَسَبَ رَهِينٌ ٢١ထို့ပြင် အကြင်သူများသည် အီမာန် ယုံကြည်ခဲ့ကြသည်။ ထို့ပြင် သူတို့၏ သား ‌မြေးများလည်း အီမာန် ယုံကြည်မှုနှင့် တကွ သူတို့၏ ‌နောက်သို့ လိုက်ခဲ့ကြသည်။ ငါအရှင်မြတ်သည် သူတို့၏ သား‌မြေးများကို သူတို့နှင့်အတူ ပူး‌ပေါင်းထား‌ပေး‌တော်မူမည်။ ထို့ပြင် ငါအရှင်မြတ်သည် သူတို့၏လုပ်ရပ်များထဲမှလည်း မည်သည့်အရာတစ်ခုမျှ ‌လျော့နည်း‌စေမည်မဟုတ်‌ပေ။ လူတိုင်းသည် သူရှာ‌ဖွေဆည်းပူးခဲ့‌သော အရာများ၏အစား အာမခံ အ‌ပေါင်ပစ္စည်းဖြစ်သည်။###၄ وَأَمۡدَدۡنَٰهُم بِفَٰكِهَةٍ وَلَحۡمٍ مِّمَّا يَشۡتَهُونَ ٢٢ထို့ပြင် ငါအရှင်မြတ်သည် သူတို့အား သူတို့အလို ဆန္ဒရှိကြ‌သော အမျိုးအစားများထဲမှ သစ်သီးဝလံများနှင့် အသားများကို ထပ်ဖြည့်‌ပေး‌နေ‌တော်မူမည်ဖြစ်သည်။ يَتَنَٰزَعُونَ فِيهَا كَأۡسًا لَّا لَغۡوٌ فِيهَا وَلَا تَأۡثِيمٌ ٢٣သူတို့သည် ဂျန္နတ်သုခဘုံတွင် အရက်အပြည့်ရှိ‌နေသည့်ခွက်များကို (တစ်‌ယောက်ထံမှ တစ်‌ယောက် အ‌ပျော်သ‌ဘောနှင့်) လုယူကြမည်။ ထိုအရက်တွင် အလဟဿစကား‌ပြောဆိုမှုရှိမည်မဟုတ်‌ပေ။ အပြစ်ဖြစ်ရန်လည်းရှိမည်မဟုတ်‌ပေ။ ۞ وَيَطُوفُ عَلَيۡهِمۡ غِلۡمَانٌ لَّهُمۡ كَأَنَّهُمۡ لُؤۡلُؤٌ مَّكۡنُونٌ ٢٤ထို့ပြင် သူတို့ထံသို့ သူတို့ပိုင်ဆိုင်ကြ‌သော လူငယ်‌လေးများသည် လှည့်ပတ်သွားလာ‌နေကြမည်။ ထို(အခိုင်းအ‌စေ) လူငယ်‌လေးများသည် လုံခြုံစွာ ထားရှိ‌သော ပုလဲများကဲ့သို့ ရှိကြမည်။ وَأَقۡبَلَ بَعۡضُهُمۡ عَلَىٰ بَعۡضٍ يَتَسَآءَلُونَ ٢٥ထို့ပြင် သူတို့ထဲမှ အချင်းချင်း တစ်ဦးဘက်တစ်ဦးလည့်ပြီး စုံစမ်း‌မေးမြန်းကြမည်။ قَالُوٓاْ إِنَّا كُنَّا قَبۡلُ فِيٓ أَهۡلِنَا مُشۡفِقِينَ ٢٦သူတို့က ‌ပြောဆိုကြမည်- အမှန်စင်စစ် ကျွန်ုပ်တို့သည် ယခင်က ကျွန်ုပ်တို့ အိမ်သူအိမ် သားများနှင့် ရှိခဲ့စဉ်က ‌ကြောက်ရွံ့ စိုးရိမ်သည့်သူများအဖြစ်နှင့် ရှိခဲ့ကြရသည်။ فَمَنَّ ٱللَّهُ عَلَيۡنَا وَوَقَىٰنَا عَذَابَ ٱلسَّمُومِ ٢٧ထို့‌နောက် အလ္လာဟ် အရှင်မြတ်သည် ကျွန်ုပ်တို့အ‌ပေါ်တွင် ‌ကျေးဇူးပြု‌တော်မူခဲ့သည်။ ထို့ပြင် အရှင်မြတ်သည် ကျွန်ုပ်တို့အား အပူရှိန်ပြင်း‌သော ငရဲမီး ပြစ်ဒဏ်မှလည်း ကင်းလွတ်‌စေ‌တော်မူခဲ့သည်။ إِنَّا كُنَّا مِن قَبۡلُ نَدۡعُوهُۖ إِنَّهُۥ هُوَ ٱلۡبَرُّ ٱلرَّحِيمُ ٢٨အမှန်စင်စစ် ကျွန်ုပ်တို့သည် ယခင်ကတည်းက အရှင်မြတ်ထံ‌တော်တွင် ဆု‌တောင်းလျက်ရှိခဲ့ကြသည်။ အမှန်စင်စစ် အရှင်မြတ်သည် အလွန်‌ကျေးဇူးပြု‌တော်မူ‌သောအရှင်၊ အလွန်သနားကြင်နာ‌တော်မူ‌သောအရှင် ဖြစ်‌တော်မူသည်။ فَذَكِّرۡ فَمَآ أَنتَ بِنِعۡمَتِ رَبِّكَ بِكَاهِنٍ وَلَا مَجۡنُونٍ ٢٩ထို့‌နောက် အသင်(တမန်‌တော်)သည် သတိ‌ပေးဆုံးမ၍ ‌နေပါ။ ထို့ပြင် အသင်သည် အသင့်အား ဖန်ဆင်း‌မွေးမြူ‌တော်မူ‌သောအရှင်မြတ်၏ ‌ကျေးဇူး‌တော်နှင့် နက္ခတ်‌ဗေဒင်ဆရာလည်းမဟုတ်‌ပေ၊ ရူးသွပ်သူလည်းမဟုတ်‌ပေ။ أَمۡ يَقُولُونَ شَاعِرٌ نَّتَرَبَّصُ بِهِۦ رَيۡبَ ٱلۡمَنُونِ ٣٠သို့မဟုတ် သူတို့က သူသည် ကဗျာဆရာတစ်ဦးသာဖြစ်သည်။ ကျွန်ုပ်တို့သည် သူနှင့်ပတ်သက်၍ ‌ခေတ်ကာလ၏ ဖြစ်ပျက်မှု ‌သေခြင်းတရား ဆိုက်‌ရောက်ရန်ပင် ‌စောင့်ဆိုင်း‌နေကြသည်ဟု ‌ပြောဆိုကြသ‌လော၊ قُلۡ تَرَبَّصُواْ فَإِنِّي مَعَكُم مِّنَ ٱلۡمُتَرَبِّصِينَ ٣١(အို-တမန်‌တော်) အသင်‌ပြောလိုက်ပါ - အသင်တို့ ‌စောင့်ဆိုင်း‌နေကြပါ။ ထို့ပြင် အမှန်ပင် ငါလည်း အသင်တို့နှင့် အတူ ‌စောင့်ဆိုင်းသူများထဲမှပင် ဖြစ်သည်။ أَمۡ تَأۡمُرُهُمۡ أَحۡلَٰمُهُم بِهَٰذَآۚ أَمۡ هُمۡ قَوۡمٌ طَاغُونَ ٣٢သို့မဟုတ် သူတို့၏ အသိဉာဏ်များက ဤသည်နှင့် ပတ်သက်၍ သူတို့အား အမိန့်‌ပေးပါသ‌လော၊ သို့မဟုတ် သူတို့ကိုယ်တိုင်ပင် ဆိုးသွမ်းသူမျး ဖြစ်ကြပါသ‌လော။ أَمۡ يَقُولُونَ تَقَوَّلَهُۥۚ بَل لَّا يُؤۡمِنُونَ ٣٣သို့မဟုတ် သူတို့က ၎င်း(တမန်‌တော်)သည် ဤ(ကုရ်အာန် ကျမ်း‌တော်မြတ်)ကို လုပ်ကြံဖန်တီးခဲ့သည်ဟု ‌ပြောဆိုကြပါ သ‌လော။ ထိုသို့မဟုတ်၊ အမှန်စင်စစ် သူတို့ကိုယ်တိုင် ယုံကြည်ကြသည်မဟုတ်‌ပေ။ فَلۡيَأۡتُواْ بِحَدِيثٍ مِّثۡلِهِۦٓ إِن كَانُواْ صَٰدِقِينَ ٣٤ထိုသို့(၎င်းလုပ်ကြံသည်)ဆိုလျှင် အကယ်၍ သူတို့သည်မှန်ကန်သည့်သူများဖြစ်ကြလျှင် ထို(ကုရ်အာန် ကျမ်း‌တော်မြတ်)ကဲ့သို့ အာယသ် တစ်စုံတစ်ခုကို သူတို့(လည်း လုပ်ကြံ)ယူ‌ဆောင်လာကြရမည်။ أَمۡ خُلِقُواْ مِنۡ غَيۡرِ شَيۡءٍ أَمۡ هُمُ ٱلۡخَٰلِقُونَ ٣٥သို့မဟုတ် သူတို့သည် (ဖန်ဆင်းသည့်သူ)တစ်ဦးမှမရှိဘဲ မိမိအလို‌လျောက်ဖြစ်‌ပေါ်လာခဲ့ကြပါသ‌လော။ သို့မဟုတ် သူတို့ကိုယ်တိုင် ဖန်ဆင်း သူများဖြစ်ကြသ‌လော။ أَمۡ خَلَقُواْ ٱلسَّمَٰوَٰتِ وَٱلۡأَرۡضَۚ بَل لَّا يُوقِنُونَ ٣٦သို့မဟုတ် သူတို့သည် မိုး‌ကောင်းကင်နှင့် ‌မြေပထဝီကို ဖန်ဆင်းခဲ့ကြပါသ‌လော။ ထိုသို့မဟုတ်‌ပေ၊ အမှန်စင်စစ်သူတို့ သည် ယုံကြည်ကြသည်မဟုတ်‌ပေ။ أَمۡ عِندَهُمۡ خَزَآئِنُ رَبِّكَ أَمۡ هُمُ ٱلۡمُصَۜيۡطِرُونَ ٣٧သို့မဟုတ် သူတို့ထံတွင် အသင့်အား ဖန်ဆင်း‌မွေးမြူ‌တော်မူ‌သောအရှင်မြတ်၏ ဘဏ္ဍာ‌တော်များ ရှိ‌နေ ပါသ‌လော။ သို့မဟုတ် သူတို့သည် ကြီးကြပ်အုပ်ချုပ်သူများဖြစ်ကြပါသ‌လော။ أَمۡ لَهُمۡ سُلَّمٌ يَسۡتَمِعُونَ فِيهِۖ فَلۡيَأۡتِ مُسۡتَمِعُهُم بِسُلۡطَٰنٍ مُّبِينٍ ٣٨သို့မဟုတ် သူတို့တွင် ‌လှေကားတစ်စုံတစ်ခုရှိ‌နေ၍ သူတို့သည် ထို‌လှေကားဖြင့် (မိုး‌ကောင်းကင်မှ စကားများကို) နား‌ထောင်ကြပါသ‌လော။ ထိုသို့ဆိုလျှင် သူတို့ထဲမှ နား‌ထောင်သူသည် ထင်ရှား‌သော သက်‌သေ သာဓက ယူ‌ဆောင်လာရမည်။ أَمۡ لَهُ ٱلۡبَنَٰتُ وَلَكُمُ ٱلۡبَنُونَ ٣٩သို့မဟုတ် အရှင်မြတ်တွင် သမီး မိန်းက‌လေးများရှိကြ၍၊ အသင်တို့၌မူ သား‌ယောကျာ်းက‌လေးများ ရှိကြပါ သ‌လော။ أَمۡ تَسۡـَٔلُهُمۡ أَجۡرًا فَهُم مِّن مَّغۡرَمٍ مُّثۡقَلُونَ ٤٠သို့မဟုတ် အသင်သည် သူတို့ထံတွင် (တရား‌ဟောသည့်အတွက်)အဖိုးအခ တစ်စုံတစ်ရာ‌တောင်းဆို‌သော‌ကြောင့် သူတို့သည်အ‌ကြွေး‌ပေးဆပ်ရန် တာဝန်ပိ‌နေကြပါသ‌လော။ أَمۡ عِندَهُمُ ٱلۡغَيۡبُ فَهُمۡ يَكۡتُبُونَ ٤١သို့မဟုတ် သူတို့ထံတွင် အကွယ်ကအရာများကို (သိ၍) သူတို့သည် ‌ရေးမှတ်ထားကြပါ သ‌လော။ أَمۡ يُرِيدُونَ كَيۡدًاۖ فَٱلَّذِينَ كَفَرُواْ هُمُ ٱلۡمَكِيدُونَ ٤٢သို့မဟုတ် သူတို့သည် တစ်စုံတစ်ခု မ‌ကောင်းကြံစည်ရန် ရည်ရွယ်ကြပါသ‌လော။ ထိုသို့ဆိုလျှင် ကာဖိရ် များပင် မ‌ကောင်းသည့်အကြံအစည်ထဲတွင် မိ‌နေကြသည်။ ###၅ أَمۡ لَهُمۡ إِلَٰهٌ غَيۡرُ ٱللَّهِۚ سُبۡحَٰنَ ٱللَّهِ عَمَّا يُشۡرِكُونَ ٤٣သို့မဟုတ် သူတို့တွင် အလ္လာဟ် အရှင်မြတ်မှလွဲ၍ ကိုးကွယ်ထိုက်သည့်အရှင်တစ်ပါးပါးရှိ‌နေကြပါ သ‌လော။ အလ္လာဟ် အရှင်မြတ်သည် သူတို့ တွဲဖက်ကိုးကွယ်ကြသည်များမှ လုံးဝ စင်ကြယ်သန့်ရှင်း‌တော်မူသည်။ وَإِن يَرَوۡاْ كِسۡفًا مِّنَ ٱلسَّمَآءِ سَاقِطًا يَقُولُواْ سَحَابٌ مَّرۡكُومٌ ٤٤ထို့ပြင် အကယ်၍ သူတို့သည် မိုး‌ကောင်းကင်၏အစိတ်အပိုင်းတစ်စုံတစ်ခု ကျလာသည်ကို ‌တွေ့ မြင်ကြလျှင်ပင် (ဤသည်) အထပ်ထပ်ဆင့်‌နေ‌သော မိုးတိမ်ထုပင်ဖြစ်သည်ဟု ‌ပြောကြဦးမည် ဖြစ်သည်။ فَذَرۡهُمۡ حَتَّىٰ يُلَٰقُواْ يَوۡمَهُمُ ٱلَّذِي فِيهِ يُصۡعَقُونَ ٤٥သို့ဖြစ်ရာ အသင်(တမန်‌တော်)သည် သူတို့အား (ဤအတိုင်းပင်)လွှတ်ထားလိုက်ပါ။ ‌နောက်ဆုံးတွင်သူတို့သည် သူတို့ ၏‌နေ့ဖြစ်‌သော သတိလက်လွတ်ဆုံးရှုံးရမည့်‌နေ့နှင့် ကြုံ‌တွေ့ရမည် ဖြစ်သည်။ يَوۡمَ لَا يُغۡنِي عَنۡهُمۡ كَيۡدُهُمۡ شَيۡـًٔا وَلَا هُمۡ يُنصَرُونَ ٤٦ထို‌နေ့တွင် သူတို့အတွက် သူတို့၏ အကြံအစည်သည် မည်သည့်အရာမျှအသုံးမဝင်မည့်အပြင် သူတို့သည် ကူညီခြင်းလည်း ခံကြရမည်မဟုတ်‌ပေ။###၆ وَإِنَّ لِلَّذِينَ ظَلَمُواْ عَذَابًا دُونَ ذَٰلِكَ وَلَٰكِنَّ أَكۡثَرَهُمۡ لَا يَعۡلَمُونَ ٤٧ထို့ပြင် မတရားကျူးလွန်ခဲ့ကြ သည့်သူများအတွက် ထို (ကိယာမသ် ပြစ်ဒဏ် )မတိုင်မီတွင်လည်း ပြစ်ဒဏ်ရှိဦးမည်ဖြစ်သည်။ သို့ရာတွင် သူတို့ထဲမှ အများစုသည် မသိရှိကြ‌ပေ။ وَٱصۡبِرۡ لِحُكۡمِ رَبِّكَ فَإِنَّكَ بِأَعۡيُنِنَاۖ وَسَبِّحۡ بِحَمۡدِ رَبِّكَ حِينَ تَقُومُ ٤٨ထို့ပြင် အသင်(တမန်‌တော်)သည် အသင့်အား ဖန်ဆင်း‌မွေးမြူ‌တော်မူ‌သောအရှင်မြတ်၏အမိန့်‌တော်ကို သည်းခံပြီး ‌စောင့်ဆိုင်းပါ။ အဘယ့်‌ကြောင့်ဆို‌သော် အမှန်စင်စစ် အသင်သည် ငါအရှင်မြတ်၏ ကြည့်ရှု‌စောင့်‌ရှောက်မှု‌အောက်တွင် ရှိ‌နေ‌သော‌ကြောင့်ဖြစ်သည်။ ထို့ပြင် အသင်သည် မတ်တတ်ရပ်သည့်အခါ အသင့်အား ဖန်ဆင်း‌မွေးမြူ‌တော်မူ‌သော အရှင်မြတ်အား ချီးမွမ်းမှုနှင့် တကွ (အရှင်မြတ်) စင်ကြယ်သန့်ရှင်း‌တော်မူ‌ကြောင်း ရွတ်ဆိုပါ။ وَمِنَ ٱلَّيۡلِ فَسَبِّحۡهُ وَإِدۡبَٰرَ ٱلنُّجُومِ ٤٩ထိုပြင် အသင်(တမန်‌တော်) သည် ညအခါနှင့် ကြယ်များ (‌ပျောက်ကွယ်ပြီး) ‌နောက်ပိုင်းတွင် အရှင်မြတ် စင်ကြယ်သန့်ရှင်း‌တော်မူ‌ကြောင်း ရွတ်ဆိုပါ။

الترجمة: Hashim Tin Myint.