ملة الإسلام

السورة 33 · 73 آية · Hashim Tin Myint

سورة الأحزاب باللغة البورمية

السورة بالعربية مع التفسير استمع إلى سورة الأحزاب (1,285 قارئاً)
مدنيةسورة الأحزاب٧٣ آية

بِسۡمِ ٱللَّهِ ٱلرَّحۡمَٰنِ ٱلرَّحِيمِ

يَٰٓأَيُّهَا ٱلنَّبِيُّ ٱتَّقِ ٱللَّهَ وَلَا تُطِعِ ٱلۡكَٰفِرِينَ وَٱلۡمُنَٰفِقِينَۚ إِنَّ ٱللَّهَ كَانَ عَلِيمًا حَكِيمًا ١အို- တမန်‌တော်၊ အသင်သည် အလ္လာဟ်အရှင်မြတ်အား ‌ကြောက်ရွံ့ပြီး‌နေပါ၊ ထို့ပြင် အသင်သည် ကာဖိရ်များ၏‌ပြောဆိုချက်နှင့် မုနာဖိက် အ‌ယောင်‌ဆောင်များ၏ ‌ပြောဆိုချက်ကို မလိုက်နာပါနှင့်။ အမှန်စင်စစ် အလ္လာဟ်အရှင်မြတ်သည် အကြွင်းမဲ့သိ‌တော်မူ‌သောအရှင်၊ ပညာဉာဏ်အ‌မြော်အမြင်နှင့် အလွန်ပြည့်စုံ‌တော်မူ‌သောအရှင် ဖြစ်‌တော်မူသည်။ وَٱتَّبِعۡ مَا يُوحَىٰٓ إِلَيۡكَ مِن رَّبِّكَۚ إِنَّ ٱللَّهَ كَانَ بِمَا تَعۡمَلُونَ خَبِيرًا ٢ထို့ပြင် အသင်သည် အသင်၏ထံသို့ အသင့်အား ဖန်ဆင်း‌မွေးမြူ‌တော်မူ‌သော အရှင်မြတ်ထံ‌တော်မှ ပို့ချခြင်းခံရ‌သော အမိန့်‌တော်များကိုပင် လိုက်နာပါ။ အမှန်စင်စစ် အလ္လာဟ်အရှင်မြတ်သည် အသင်တို့ ပြုလုပ်ကြသည်များကို အကြွင်းမဲ့ကြားသိ‌တော်မူ‌သောအရှင်မြတ်ဖြစ်‌တော်မူသည်။ وَتَوَكَّلۡ عَلَى ٱللَّهِۚ وَكَفَىٰ بِٱللَّهِ وَكِيلًا ٣ထို့ပြင် အသင်သည် အလ္လာဟ်အရှင်မြတ်အ‌ပေါ်တွင် ယုံပုံလွှဲအပ်ထားပါ။ အလ္လာဟ်အရှင်မြတ်သည် ကိစ္စဟူသမျှကို ပြီးစီး‌အောင် ‌ဆောင်ရွက်‌ပေးမည့်သူအဖြစ် လုံ‌လောက်‌တော်မူသည်။ مَّا جَعَلَ ٱللَّهُ لِرَجُلٍ مِّن قَلۡبَيۡنِ فِي جَوۡفِهِۦۚ وَمَا جَعَلَ أَزۡوَٰجَكُمُ ٱلَّٰٓـِٔي تُظَٰهِرُونَ مِنۡهُنَّ أُمَّهَٰتِكُمۡۚ وَمَا جَعَلَ أَدۡعِيَآءَكُمۡ أَبۡنَآءَكُمۡۚ ذَٰلِكُمۡ قَوۡلُكُم بِأَفۡوَٰهِكُمۡۖ وَٱللَّهُ يَقُولُ ٱلۡحَقَّ وَهُوَ يَهۡدِي ٱلسَّبِيلَ ٤အလ္လာဟ်အရှင်မြတ်သည် မည်သည့်လူသားကိုမျှ သူ၏ခန္ဓာကိုယ်တွင် စိတ်နှလုံးနှစ်ခု ပြုလုပ်‌တော်မမူခဲ့‌ပေ။ ထို့ပြင် အရှင်မြတ်သည် အသင်တို့၏ အကြင်ဇနီးကြင်ရာများအား “အသင်မသည် ကျွန်ုပ်အ‌ပေါ်တွင် မိခင်ကဲ့သို့ ဟရာမ်ဖြစ်သည်“ဟု ‌ပြောဆို(ပြီး ဇွိဟာရ်ပြုလုပ်)ကြ‌သော‌ကြောင့် အသင်တို့၏ မိခင်များအဖြစ် ပြုလုပ်‌တော်မမူခဲ့‌ပေ။ ထို့ပြင် အရှင်မြတ်သည် အသင်တို့၏‌မွေးစားသားများကိုလည်း အသင်တို့၏သား(အရင်း)များအဖြစ် ပြုလုပ်‌တော်မမူခဲ့‌ပေ။* ထိုအရာများသည် အသင်တို့က အသင်တို့နှုတ်များဖြင့် ‌ပြောဆိုကြ‌သော အသင်တို့၏ (‌ဘောင်မဝင်‌သော)‌ပြောဆိုချက်ပင် ဖြစ်သည်။ ထို့ပြင် အလ္လာဟ်အရှင်မြတ်ကမူ အမှန်ကို မိန့်ကြား‌တော်မူသည်။ ထို့ပြင် အရှင်မြတ်ကပင် (မှန်ကန်သည့်)လမ်းကို ညွှန်ကြားပြသ‌တော်မူသည်။ ٱدۡعُوهُمۡ لِأٓبَآئِهِمۡ هُوَ أَقۡسَطُ عِندَ ٱللَّهِۚ فَإِن لَّمۡ تَعۡلَمُوٓاْ ءَابَآءَهُمۡ فَإِخۡوَٰنُكُمۡ فِي ٱلدِّينِ وَمَوَٰلِيكُمۡۚ وَلَيۡسَ عَلَيۡكُمۡ جُنَاحٌ فِيمَآ أَخۡطَأۡتُم بِهِۦ وَلَٰكِن مَّا تَعَمَّدَتۡ قُلُوبُكُمۡۚ وَكَانَ ٱللَّهُ غَفُورًا رَّحِيمًا ٥အသင်တို့သည် သူတို့အား သူတို့၏ဖခင်(အရင်း)များနှင့် ဆက်စပ်ပြီး (မည်သူမည်ဝါ၏သားဖြစ်သည်ဟု) ‌ခေါ်‌ဝေါ်ကြပါ။ ထိုအရာပင် အလ္လာဟ်အရှင်မြတ်ထံ‌တော်တွင် တရားမျှတဆုံးဖြစ်သည်။* ထို့ပြင် အကယ်၍ အသင်တို့သည် သူတို့၏ဖခင်များကို မသိခဲ့ကြလျှင် သူတို့သည် အသင်တို့၏ သာသနာဝင် ညီအစ်ကိုများဖြစ်ကြသည့်အပြင်၊ အသင်တို့၏မိတ်‌ဆွေများလည်း ဖြစ်ကြသည်။ ထို့ပြင် အသင်တို့အ‌ပေါ်တွင် အသင်တို့ ‌မေ့မှားပြီး ပြုလုပ်ခဲ့ကြသည့်ကိစ္စနှင့်ပတ်သက်၍ မည်သည့်အပြစ်မျှ မရှိ‌ပေ။ သို့ရာတွင် အသင်တု့ိ၏စိတ်က ကြံရွယ်ပြုလုပ်ခဲ့ကြ‌သောကိစ္စမှာမူ (အပြစ်)ရှိသည်။ ထို့ပြင် အလ္လာဟ်အရှင်မြတ်သည် အလွန်လွတ်ငြိမ်းချမ်းသာခွင့် ‌ပေး‌တော်မူ‌သောအရှင်၊ အလွန်သနားကြင်နာ‌တော်မူ‌သောအရှင် ဖြစ်‌တော်မူသည်။ ٱلنَّبِيُّ أَوۡلَىٰ بِٱلۡمُؤۡمِنِينَ مِنۡ أَنفُسِهِمۡۖ وَأَزۡوَٰجُهُۥٓ أُمَّهَٰتُهُمۡۗ وَأُوْلُواْ ٱلۡأَرۡحَامِ بَعۡضُهُمۡ أَوۡلَىٰ بِبَعۡضٍ فِي كِتَٰبِ ٱللَّهِ مِنَ ٱلۡمُؤۡمِنِينَ وَٱلۡمُهَٰجِرِينَ إِلَّآ أَن تَفۡعَلُوٓاْ إِلَىٰٓ أَوۡلِيَآئِكُم مَّعۡرُوفًاۚ كَانَ ذَٰلِكَ فِي ٱلۡكِتَٰبِ مَسۡطُورًا ٦တမန်‌တော်မြတ်သည် အီမာန်ယုံကြည်သူများနှင့် သူတို့ကိုယ်တိုင်ထက်ပင် ပို၍နီးစပ်သည်။* ထို့ပြင် ၎င်းတမန်‌တော်မြတ်၏ကြင်ရာ‌တော်များသည် အီမာန်ယုံကြည်သူများ၏မိခင်းများပင် ဖြစ်ကြသည်။* ထို့ပြင် အလ္လာဟ်အရှင်မြတ်၏ကျမ်းဂန်တွင် ‌သွေး‌တော်စပ်သူများသည် အချင်းချင်း တစ်ဦးနှင့်တစ်ဦး အခြားအီမာန်ယုံကြည်သူများနှင့် မုဟာဂျရ် စွန့်ခွာ‌ပြောင်း‌ရွှေ့သူများထက် ပိုမို၍ နီးစပ်သူများဖြစ်ကြသည်။* သို့ရာတွင် အသင်တို့သည် အသင်တို့၏မိတ်‌ဆွေများအား တစ်စုံတစ်ရာ ‌ကျေးဇူးပြုလိုပါက (ပြုပိုင်ခွင့်ရှိသည်)။ ဤသည် အလ္လာဟ်အရှင်မြတ်၏ မှတ်တမ်း‌တော်တွင် ‌ရေးသားပြီးဖြစ်သည်။ وَإِذۡ أَخَذۡنَا مِنَ ٱلنَّبِيِّـۧنَ مِيثَٰقَهُمۡ وَمِنكَ وَمِن نُّوحٍ وَإِبۡرَٰهِيمَ وَمُوسَىٰ وَعِيسَى ٱبۡنِ مَرۡيَمَۖ وَأَخَذۡنَا مِنۡهُم مِّيثَٰقًا غَلِيظًا ٧ထို့ပြင် တစ်ခါက ငါအရှင်မြတ်သည် တမန်‌တော်များထံသို့ ကတိဝန်ခံချက်ကို ယူ‌တော်မူခဲ့သည်။ (ထိုတမန်‌တော်များထဲတွင်) အသင်၏ထံမှသာမက၊ (တမန်‌တော်များဖြစ်ကြသည့်) နူးဟ်၊ အိဗ်ရာဟီမ်၊ မူစာ၊ မရ်ယမ်၏သား အီစာတို့ထံမှလည်း (ကတိဝန်ခံချက် ယူ‌တော်မူခဲ့ခြင်းဖြစ်သည်)။ ထို့ပြင် ငါအရှင်မြတ်သည် သူတို့ထံမှ ခိုင်မာ‌သော ကတိဝန်ခံချက်ကို ယူ‌တော်မူခဲ့သည်။ لِّيَسۡـَٔلَ ٱلصَّٰدِقِينَ عَن صِدۡقِهِمۡۚ وَأَعَدَّ لِلۡكَٰفِرِينَ عَذَابًا أَلِيمًا ٨(ထိုသို့ ဝန်ခံချက်ယူ‌တော်မူခဲ့ခြင်းမှာ) အရှင်မြတ်သည် မှန်ကန်သူများအား (ကိယာမသ်‌နေ့တွင်) သူတို့၏မှန်ကန်မှုနှင့်ပတ်သက်၍ စစ်‌ဆေး‌မေးမြန်း‌တော်မူရန်အတွက် ဖြစ်သည်။ ထို့ပြင် အရှင်မြတ်သည် ကာဖိရ်များအတွက် နာကျင်‌စေသည့်ပြစ်ဒဏ်ကို အဆင်သင့် ပြုလုပ်ထား‌တော်မူသည်။ يَٰٓأَيُّهَا ٱلَّذِينَ ءَامَنُواْ ٱذۡكُرُواْ نِعۡمَةَ ٱللَّهِ عَلَيۡكُمۡ إِذۡ جَآءَتۡكُمۡ جُنُودٌ فَأَرۡسَلۡنَا عَلَيۡهِمۡ رِيحًا وَجُنُودًا لَّمۡ تَرَوۡهَاۚ وَكَانَ ٱللَّهُ بِمَا تَعۡمَلُونَ بَصِيرًا ٩အို- အီမာန်ယုံကြည်သူအ‌ပေါင်းတို့၊ အသင်တို့သည် အသင်တို့အ‌ပေါ်တွင် (ပြု‌တော်မူခဲ့သည့်) အလ္လာဟ်အရှင်မြတ်၏‌ကျေးဇူး‌တော်ကို ပြန်လည် သတိရကြပါ။ တစ်ခါက အသင်တို့ထံသို့ စစ်တပ်အ‌မြောက်အမြားသည် (တိုက်ခိုက်ရန်) ချီတက်လာခဲ့ကြသည်။ ထို့‌နောက် ငါအရှင်မြတ်သည် ထိုစစ်တပ်များအ‌ပေါ်တွင် ‌လေပြင်းတစ်ခုနှင့် အသင်တို့မမြင်ရ‌သော စစ်တပ်များကို* ‌စေလွှတ်(သုတ်သင်‌စေ)‌တော်မူခဲ့သည်။ ထို့ပြင် အလ္လာဟ်အရှင်မြတ်သည် အသင်တို့ ပြုလုပ်‌နေသည်များကို အလွန်မြင်‌တော်မူ‌သော အရှင်မြတ်ပင်ဖြစ်‌တော်မူသည်။ إِذۡ جَآءُوكُم مِّن فَوۡقِكُمۡ وَمِنۡ أَسۡفَلَ مِنكُمۡ وَإِذۡ زَاغَتِ ٱلۡأَبۡصَٰرُ وَبَلَغَتِ ٱلۡقُلُوبُ ٱلۡحَنَاجِرَ وَتَظُنُّونَ بِٱللَّهِ ٱلظُّنُونَا۠ ١٠ထိုစဉ်က ထိုစစ်တပ်များသည် အသင်တို့၏အထက်ဘက်မှသာမက အသင်တို့၏‌အောက်ဘက်မှလည်း ချီတက်လာခဲ့ကြသည်။ ထို့ပြင် ထိုစဉ်က(‌ကြောက်လန့်ပြီး)မျက်စိများသည် ပြူးကျယ်သွားခဲ့ကြသည်။ ထို့ပြင် နှလုံးများသည်လည်း လည်မျိုများသို့ ‌ရောက်ရှိသွားခဲ့ကြသည်။ ထို့ပြင် အသင်တို့သည် အလ္လာဟ်အရှင်မြတ်အ‌ပေါ်တွင် အမျိုးမျိုး ထင်မြင်ယူဆချက်များကို ထင်မြင်ယူဆခဲ့ကြသည်။ هُنَالِكَ ٱبۡتُلِيَ ٱلۡمُؤۡمِنُونَ وَزُلۡزِلُواْ زِلۡزَالًا شَدِيدًا ١١ထိုအခါတွင် အီမာန်ယုံကြည်သူများသည် စမ်းသပ်မှုခံခဲ့ရသည့်အပြင် ပြင်းထန်စွာ တုန်လှုပ်‌ချောက်ချား‌စေခြင်းကိုလည်း ခံခဲ့ကြရသည်။ وَإِذۡ يَقُولُ ٱلۡمُنَٰفِقُونَ وَٱلَّذِينَ فِي قُلُوبِهِم مَّرَضٌ مَّا وَعَدَنَا ٱللَّهُ وَرَسُولُهُۥٓ إِلَّا غُرُورًا ١٢ထို့ပြင် ထိုစဉ်က မုနာဖိက်အ‌ယောင်‌ဆောင်များနှင့် စိတ်နှလုံးများတွင် ‌ရောဂါရှိသူများက (ဤသို့)‌ပြောဆို‌နေခဲ့ကြသည်- “အလ္လာဟ်အရှင်မြတ်နှင့် အရှင်မြတ်၏တမန်‌တော်သည် ကျွန်ုပ်တို့အား ဖြား‌ယောင်းသည်မှလွဲ၍ မှန်ကန်သည့်ကတိကို ‌ပေးခဲ့ကြသည်မဟုတ်‌ပေ“။ وَإِذۡ قَالَت طَّآئِفَةٌ مِّنۡهُمۡ يَٰٓأَهۡلَ يَثۡرِبَ لَا مُقَامَ لَكُمۡ فَٱرۡجِعُواْۚ وَيَسۡتَـٔۡذِنُ فَرِيقٌ مِّنۡهُمُ ٱلنَّبِيَّ يَقُولُونَ إِنَّ بُيُوتَنَا عَوۡرَةٌ وَمَا هِيَ بِعَوۡرَةٍۖ إِن يُرِيدُونَ إِلَّا فِرَارًا ١٣ထို့ပြင် ထိုစဉ်က ထိုသူများထဲမှ လူတစ်စုသည် ‌ပြောဆိုကြသည်- “အို- ယဆ်ရိဗ်မြို့သားတို့၊* အသင်တို့အတွက် ရပ်တည်ရာမရှိ‌တော့သည့်အတွက် အသင်တို့သည် ပြန်သွားကြပါ‌တော့“။ ထို့ပြင် သူတို့ထဲမှ လူတစ်စုက “အမှန်စင်စစ် ကျွန်ုပ်တို့၏အိမ်များသည် လုံခြုံမှုမရှိပါ“ဟု ‌ပြောဆိုပြီး တမန်‌တော်၏ထံတွင် ခွင့်ပန်‌နေကြသည်။ ထိုအိမ်များသည် မလုံခြုံသည့်အိမ်များမဟုတ်ဘဲလျက် သူတို့က ထွက်‌ပြေးရန်ပင် ကြံရွယ်‌နေကြခြင်းဖြစ်သည်။ وَلَوۡ دُخِلَتۡ عَلَيۡهِم مِّنۡ أَقۡطَارِهَا ثُمَّ سُئِلُواْ ٱلۡفِتۡنَةَ لَأٓتَوۡهَا وَمَا تَلَبَّثُواْ بِهَآ إِلَّا يَسِيرًا ١٤ထို့ပြင် သူတို့ထံသို့ ထိုယဆ်ရိဗ်မြို့၏‌ဘေးပတ်ဝန်းကျင်များမှ (ကာဖိရ်စစ်သည်များသည်)ဝင်‌ရောက်ခဲ့ကြလျှင် ထို့‌နောက် သူတို့သည် ဖျက်ဆီးမှုပြုရန် (မွတ်စ်လင်မ်များနှင့် တိုက်ခိုက်ရန်) ‌တောင်းဆို‌နေခြင်းကို ခံခဲ့ကြရလျှင် သူတို့သည် ထိုအိမ်များတွင် ‌ခေတ္တသာ‌နေ၍ ချက်ချင်းပင် ထိုဖျက်ဆီး(တိုက်ခိုက်)မှုကို အမှန်ပင် လက်ခံ ပြုလုပ်ကြမည်ဖြစ်သည်။ وَلَقَدۡ كَانُواْ عَٰهَدُواْ ٱللَّهَ مِن قَبۡلُ لَا يُوَلُّونَ ٱلۡأَدۡبَٰرَۚ وَكَانَ عَهۡدُ ٱللَّهِ مَسۡـُٔولًا ١٥ထို့ပြင် အမှန်စင်စစ် သူတို့သည် ယခင်ကတည်းက “‌ကျောခိုင်း ထွက်မ‌ပြေးပါ“ဟု အလ္လာဟ်အရှင်မြတ်နှင့် ကတိပြုခဲ့ပြီးဖြစ်ကြသည်။* ထို့ပြင် အလ္လာဟ်အရှင်မြတ်နှင့်ပြုခဲ့‌သော ကတိဝန်ခံချက်သည် စစ်‌ဆေး‌မေးမြန်းခြင်းခံရမည့် ကတိဝန်ခံချက်ပင်ဖြစ်သည်။ قُل لَّن يَنفَعَكُمُ ٱلۡفِرَارُ إِن فَرَرۡتُم مِّنَ ٱلۡمَوۡتِ أَوِ ٱلۡقَتۡلِ وَإِذًا لَّا تُمَتَّعُونَ إِلَّا قَلِيلًا ١٦(အို- တမန်‌တော်)အသင်‌ပြောလိုက်ပါ- “အကယ်၍ အသင်တို့သည် ‌သေ‌ဘေးနှင့် အသတ်ခံရမည့်‌ဘေးမှ ထွက်‌ပြေးခဲ့ကြလျှင် အသင်တို့အား ထိုထွက်‌ပြေးခြင်းက မည်သည့်အရာမျှ အကျိုးရှိ‌စေမည် မဟုတ်‌ပေ။ ထို့ပြင် သို့ဖြစ်လျှင် အသင်တို့သည် (ထွက်‌ပြေးပြီး)အချိန်အနည်းငယ်မှလွဲ၍ အကျိုးခံစားရမည်လည်း မဟုတ်‌ပေ။“ قُلۡ مَن ذَا ٱلَّذِي يَعۡصِمُكُم مِّنَ ٱللَّهِ إِنۡ أَرَادَ بِكُمۡ سُوٓءًا أَوۡ أَرَادَ بِكُمۡ رَحۡمَةًۚ وَلَا يَجِدُونَ لَهُم مِّن دُونِ ٱللَّهِ وَلِيًّا وَلَا نَصِيرًا ١٧(အို- တမန်‌တော်)အသင်‌ပြောလိုက်ပါ- အကယ်၍ အလ္လာဟ်အရှင်မြတ်သည် အသင်တို့နှင့်ပတ်သက်၍ ‌ဘေးဒုက္ခတစ်စုံတစ်ခုကို ရည်ရွယ်‌တော်မူခဲ့လျှင် အသင်တို့အား ထိုအရှင်မြတ်၏(ပြစ်ဒဏ်)မှ မည်သူသည် ကာကွယ်‌စောင့်‌ရှောက်မည်နည်း။ သို့မဟုတ် အရှင်မြတ်သည် အသင်တို့နှင့်ပတ်သက်၍ ‌ကျေးဇူးတစ်စုံတစ်ခုကို ရည်ရွယ်‌တော်မူလျှင် (မည်သူ ပိတ်ပင်နိုင်သနည်း)။ ထို့ပြင် သူတို့သည် အလ္လာဟ်အရှင်မြတ်အပြင် သူတို့အတွက် ကူညီမည့်သူ မည်သူမျှ ‌တွေ့ရမည်မဟုတ်‌ပေ။ ကာကွယ်မည့်သူလည်း မည်သူမျှ ‌တွေ့ရမည်မဟုတ်‌ပေ။ ۞ قَدۡ يَعۡلَمُ ٱللَّهُ ٱلۡمُعَوِّقِينَ مِنكُمۡ وَٱلۡقَآئِلِينَ لِإِخۡوَٰنِهِمۡ هَلُمَّ إِلَيۡنَاۖ وَلَا يَأۡتُونَ ٱلۡبَأۡسَ إِلَّا قَلِيلًا ١٨အမှန်စင်စစ် အလ္လာဟ်အရှင်မြတ်သည် အသင်တို့ထဲမှ တားဆီး‌နှောင့်ယှက်သူများနှင့် သူတို့၏ညီအစ်ကိုများအား “အသင်တို့သည် ကျွန်ုပ်တို့ထံသို့ လာခဲ့ကြပါ“ဟု ‌ပြောဆိုကြသည့်သူများကို သိရှိ‌တော်မူသည်။ ထို့ပြင် သူတို့ကိုယ်တိုင်မှာမူ စစ်တိုက်ရာသို့ လာကြသည်မရှိ‌ပေ၊ သို့ရာတွင် အနည်းငယ်မျှသာ လာကြသည်ဖြစ်၏။ أَشِحَّةً عَلَيۡكُمۡۖ فَإِذَا جَآءَ ٱلۡخَوۡفُ رَأَيۡتَهُمۡ يَنظُرُونَ إِلَيۡكَ تَدُورُ أَعۡيُنُهُمۡ كَٱلَّذِي يُغۡشَىٰ عَلَيۡهِ مِنَ ٱلۡمَوۡتِۖ فَإِذَا ذَهَبَ ٱلۡخَوۡفُ سَلَقُوكُم بِأَلۡسِنَةٍ حِدَادٍ أَشِحَّةً عَلَى ٱلۡخَيۡرِۚ أُوْلَٰٓئِكَ لَمۡ يُؤۡمِنُواْ فَأَحۡبَطَ ٱللَّهُ أَعۡمَٰلَهُمۡۚ وَكَانَ ذَٰلِكَ عَلَى ٱللَّهِ يَسِيرًا ١٩အသင်တို့အ‌ပေါ်တွင် တွန့်တိုကြလျက်၊ ထို့ပြင် စိုးရိမ်ဖွယ်ရာတစ်စုံတစ်ခု ‌ပေါ်‌ပေါက်လာလျှင် သူတို့သည် ‌သေခြင်းဆိုက်‌ရောက်လာ၍ ‌မေ့‌မြော‌နေသူကဲ့သို့ မျက်စိများမူး‌ဝေလျက် အသင်၏ဘက်သို့ စိုက်ကြည့်‌နေကြသည်ကို အသင်‌တွေ့မြင်ရသည်။ ထို့‌နောက် စိုးရိမ်မှုပ‌ပျောက်သွားသည့်အခါ သူတို့သည်(သုံ့ပန်း)ပစ္စည်းများအ‌ပေါ်တွင် ‌လောဘတက်လျက် ထက်မြက်သည့်နှုတ်သီးများနှင့် အသင်တို့အား နာကျည်း‌စေရန် ‌စောင်း‌မြောင်း‌ပြောဆိုကြသည်။ ထိုသူများသည် အီမာန်ယုံကြည်ခဲ့ကြသည် မဟုတ်‌ပေ။ သို့ဖြစ်ရာ အလ္လာဟ်အရှင်မြတ်သည် သူတို့၏လုပ်ရပ်များအား အကျိုးမဲ့ဖြစ်‌စေ‌တော်မူခဲ့သည်။ ထို့ပြင် ဤသည် အလ္လာဟ်အရှင်မြတ်အတွက် လွယ်ကူသည်။ يَحۡسَبُونَ ٱلۡأَحۡزَابَ لَمۡ يَذۡهَبُواْۖ وَإِن يَأۡتِ ٱلۡأَحۡزَابُ يَوَدُّواْ لَوۡ أَنَّهُم بَادُونَ فِي ٱلۡأَعۡرَابِ يَسۡـَٔلُونَ عَنۡ أَنۢبَآئِكُمۡۖ وَلَوۡ كَانُواْ فِيكُم مَّا قَٰتَلُوٓاْ إِلَّا قَلِيلًا ٢٠သူတို့သည် “‌ပေါင်းစည်းထားသည့်(ကာဖိရ် မဟာမိတ်)အုပ်စုများသည် (ယခုထိ)မသွားကြ‌သေး‌ပေ“ဟု ထင်မှတ်‌နေကြသည်။ ထို့‌နောက် ထိုစု‌ပေါင်းထားသည့်အုပ်စုများ‌ရောက်လာကြလျှင်၊ အမှန်စင်စစ် သူတို့သည် “အကယ်၍ ကျွန်ုပ်တို့သည် ‌ကျေးလက်‌တောရွာများတွင် ‌နေထိုင်ခဲ့ကြပြီး အသင်တို့၏သတင်းများ စုံစမ်း‌မေးမြန်း‌နေခဲ့လျှင် ‌ကောင်း‌လေစွ“ဟု ‌တောင့်တကြမည်။ ထို့ပြင် အကယ်၍ သူတို့သည် အသင်တို့နှင့်အတူ ရှိ‌နေခဲ့ကြလျှင်လည်း အနည်းငယ်သာ တိုက်ခိုက်ကြမည်ဖြစ်သည်။ لَّقَدۡ كَانَ لَكُمۡ فِي رَسُولِ ٱللَّهِ أُسۡوَةٌ حَسَنَةٌ لِّمَن كَانَ يَرۡجُواْ ٱللَّهَ وَٱلۡيَوۡمَ ٱلۡأٓخِرَ وَذَكَرَ ٱللَّهَ كَثِيرًا ٢١အမှန်စင်စစ် အသင်တို့အတွက် အလ္လာဟ်အရှင်မြတ်၏တမန်‌တော်တွင် ‌ကောင်းမြတ်‌သော စံနမူနာရှိသည်။* အကြင်သူများအတွက်လည်းဖြစ်သည်၊ ထိုသူများသည် အလ္လာဟ်အရှင်မြတ်နှင့် ‌နောက်ဆုံး‌နေ့အား ‌ကြောက်ရွံ့ကြသည့်အပြင် အလ္လာဟ်အရှင်မြတ်အား များစွာ သတိရတသလျက်ရှိကြသည်။ وَلَمَّا رَءَا ٱلۡمُؤۡمِنُونَ ٱلۡأَحۡزَابَ قَالُواْ هَٰذَا مَا وَعَدَنَا ٱللَّهُ وَرَسُولُهُۥ وَصَدَقَ ٱللَّهُ وَرَسُولُهُۥۚ وَمَا زَادَهُمۡ إِلَّآ إِيمَٰنًا وَتَسۡلِيمًا ٢٢ထို့ပြင် အီမာန်ယုံကြည်သူများသည် စု‌ပေါင်းထားသည့် မဟာမိတ်အုပ်စုများကို ‌တွေ့မြင်ကြသည့်အခါ “ဤသည် ကျွန်ုပ်တို့အား အလ္လာဟ်အရှင်မြတ်နှင့် အရှင်မြတ်၏တမန်‌တော်က ချိန်းဆို‌တော်မူခဲ့သည့်ကိစ္စပင် ဖြစ်သည်။ ထို့ပြင် အလ္လာဟ်အရှင်မြတ်နှင့် အရှင်မြတ်၏ တမန်‌တော်သည် မှန်ကန်စွာ မိန့်‌တော်မူခြင်းဖြစ်သည်“ဟု ‌ပြောဆိုကြသည်။ ထို့ပြင် ထိုကိစ္စသည် သူတို့တွင် အီမာန်ယုံကြည်မှုနှင့် လိုက်နာမှုကိုပင် တိုးပွား‌စေခဲ့သည်။ مِّنَ ٱلۡمُؤۡمِنِينَ رِجَالٌ صَدَقُواْ مَا عَٰهَدُواْ ٱللَّهَ عَلَيۡهِۖ فَمِنۡهُم مَّن قَضَىٰ نَحۡبَهُۥ وَمِنۡهُم مَّن يَنتَظِرُۖ وَمَا بَدَّلُواْ تَبۡدِيلًا ٢٣အီမာန်ယုံကြည်သူများထဲတွင် အလ္လာဟ်အရှင်မြတ်နှင့် သူတို့ပြုလုပ်ထား‌သော ကတိဝန်ခံချက်အတိုင်း မှန်ကန်စွာ ပြုလုပ်ခဲ့ကြသည့်သူများလည်း ရှိကြသည်။ ထို့ပြင် သူတို့ထဲတွင် သူတို့၏အဓိဋ္ဌာန်ကိုပြီးစီး‌အောင် ‌ဆောင်ရွက်ခဲ့သူများလည်း ရှိကြသည်။ ထို့ပြင် သူတို့ထဲတွင် (သူတို့၏အဓိဋ္ဌာန်ကိုပြီးစီး‌အောင် ‌ဆောင်ရွက်ရန်) ‌စောင့်စား‌နေသူများလည်း ရှိကြသည်။ သူတို့သည် အနည်းငယ်မျှပင် မ‌ပြောင်းလဲခဲ့ကြ‌ပေ။ لِّيَجۡزِيَ ٱللَّهُ ٱلصَّٰدِقِينَ بِصِدۡقِهِمۡ وَيُعَذِّبَ ٱلۡمُنَٰفِقِينَ إِن شَآءَ أَوۡ يَتُوبَ عَلَيۡهِمۡۚ إِنَّ ٱللَّهَ كَانَ غَفُورًا رَّحِيمًا ٢٤(ထိုသို့ဖြစ်ရခြင်းကမူ) အလ္လာဟ်အရှင်မြတ်သည် မှန်ကန်သူများအား သူတို့၏မှန်ကန်မှု‌ကြောင့် အစား‌ပေး‌တော်မူရန်အတွက်နှင့် အကယ်၍ အလိုရှိ‌တော်မူလျှင် မုနာဖိက်အ‌ယောင်‌ဆောင်များကို ပြစ်ဒဏ်‌ပေး‌တော်မူရန် သို့မဟုတ် သူတို့၏ဝန်ချ‌တောင်းပန်မှုကို လက်ခံ‌တော်မူရန်အတွက် ဖြစ်သည်။ အမှန်စင်စစ် အလ္လာဟ်အရှင်မြတ်သည် အလွန်လွတ်ငြိမ်းချမ်းသာခွင့် ‌ပေး‌တော်မူ‌သောအရှင်၊ အလွန်သနားကြင်နာ‌တော်မူ‌သောအရှင် ဖြစ်‌တော်မူသည်။ وَرَدَّ ٱللَّهُ ٱلَّذِينَ كَفَرُواْ بِغَيۡظِهِمۡ لَمۡ يَنَالُواْ خَيۡرًاۚ وَكَفَى ٱللَّهُ ٱلۡمُؤۡمِنِينَ ٱلۡقِتَالَۚ وَكَانَ ٱللَّهُ قَوِيًّا عَزِيزًا ٢٥ထို့ပြင် အလ္လာဟ်အရှင်မြတ်သည် ကာဖိရ်များအား သူတို့သည် မည်သည့်အကျိုးမျှ မရရှိကြဘဲလျက် သူတို့၏ အမျက်‌ဒေါသများနှင့်တကွ ပြန်သွား‌စေ‌တော်မူခဲ့သည်။* ထို့ပြင် စစ်တိုက်ရာတွင် အလ္လာဟ်အရှင်မြတ်သည်ပင် အီမာန်ယုံကြည်သူများအတွက် လုံ‌လောက်‌တော်မူခဲ့သည်။ ထို့ပြင် အလ္လာဟ်အရှင်မြတ်သည် အလွန်အင်အားရှိ‌တော်မူ‌သော၊ တန်ခိုး‌တော်နှင့် အလွန်လွှမ်းမိုး‌တော်မူ‌သောအရှင်မြတ် ဖြစ်‌တော်မူသည်။ وَأَنزَلَ ٱلَّذِينَ ظَٰهَرُوهُم مِّنۡ أَهۡلِ ٱلۡكِتَٰبِ مِن صَيَاصِيهِمۡ وَقَذَفَ فِي قُلُوبِهِمُ ٱلرُّعۡبَ فَرِيقًا تَقۡتُلُونَ وَتَأۡسِرُونَ فَرِيقًا ٢٦ထို့ပြင် အရှင်မြတ်သည် သူတို့(ကာဖိရ် မဟာမိတ်များ)ကို ကူညီခဲ့ကြ‌သော ကျမ်းဂန်ရရှိသူများအား သူတို့၏ခံတပ်များမှ ထွက်‌စေ‌တော်မူခဲ့သည့်အပြင် သူတို့၏စိတ်နှလုံးများထဲတွင် ‌ကြောက်ရွံ့ထိတ်လန့်မှုကို ထည့်သွင်း‌တော်မူခဲ့သည့်အတွက် အသင်တို့သည် သူတို့ထဲမှ လူတစ်စုအား သတ်ဖြတ်လျက်ရှိကြပြီး၊ လူတစ်စုကိုမူ (သုံ့ပန်းများအဖြစ်)ဖမ်းဆီးချုပ်‌နှောင်ကြသည်။ وَأَوۡرَثَكُمۡ أَرۡضَهُمۡ وَدِيَٰرَهُمۡ وَأَمۡوَٰلَهُمۡ وَأَرۡضًا لَّمۡ تَطَـُٔوهَاۚ وَكَانَ ٱللَّهُ عَلَىٰ كُلِّ شَيۡءٍ قَدِيرًا ٢٧ထို့ပြင် အရှင်မြတ်သည် သူတို့၏‌မြေများ၊ သူတို့၏‌နေအိမ်များ၊ သူတို့၏ဥစ္စာပစ္စည်းများနှင့် အသင်တို့ ‌ခြေပင်မချရ‌သေး‌သော‌မြေများကို* အသင်တို့အား အ‌မွေဆက်ခံ‌စေ‌တော်မူခဲ့သည်။ ထို့ပြင် အလ္လာဟ်အရှင်မြတ်သည် အရာအားလုံးအ‌ပေါ်တွင် အလွန်တတ်စွမ်းနိုင်‌တော်မူ‌သောအရှင်ဖြစ်‌တော်မူသည်။ يَٰٓأَيُّهَا ٱلنَّبِيُّ قُل لِّأَزۡوَٰجِكَ إِن كُنتُنَّ تُرِدۡنَ ٱلۡحَيَوٰةَ ٱلدُّنۡيَا وَزِينَتَهَا فَتَعَالَيۡنَ أُمَتِّعۡكُنَّ وَأُسَرِّحۡكُنَّ سَرَاحًا جَمِيلًا ٢٨အို- တမန်‌တော်၊ အသင်သည် အသင်၏ကြင်ရာများကို ‌ပြောလိုက်ပါ- အကယ်၍ အသင်မတို့သည် ဤဘဝနှင့် ဤဘဝ၏လှပတင့်တယ်မှုကို အလိုရှိကြလျှင် အသင်မတို့လာကြပါ၊ ငါသည် အသင်မတို့အား ‌ကျေနပ်‌အောင် အကျိုးခံစားခွင့်‌ပေးပြီး ‌ကောင်းမွန်စွာ စွန့်လွှတ်လိုက်မည်။ وَإِن كُنتُنَّ تُرِدۡنَ ٱللَّهَ وَرَسُولَهُۥ وَٱلدَّارَ ٱلۡأٓخِرَةَ فَإِنَّ ٱللَّهَ أَعَدَّ لِلۡمُحۡسِنَٰتِ مِنكُنَّ أَجۡرًا عَظِيمًا ٢٩ထို့ပြင် အကယ်၍ အသင်မတို့သည် အလ္လာဟ်အရှင်မြတ်နှင့် အရှင်မြတ်၏တမန်‌တော်အပြင် တမလွန်ဘဝကို ရည်ရွယ်ကြလျှင် အမှန်စင်စစ် အလ္လာဟ်အရှင်မြတ်သည် အသင်မတို့ထဲမှ ‌ကောင်းမြတ်သည့်လုပ်ရပ်များ ပြုလုပ်ကြသည့်သူမတို့အတွက် ကြီးကျယ်သည့်အကျိုးကို အဆင်သင့် ပြုလုပ်ထား‌တော်မူသည်။ يَٰنِسَآءَ ٱلنَّبِيِّ مَن يَأۡتِ مِنكُنَّ بِفَٰحِشَةٍ مُّبَيِّنَةٍ يُضَٰعَفۡ لَهَا ٱلۡعَذَابُ ضِعۡفَيۡنِۚ وَكَانَ ذَٰلِكَ عَلَى ٱللَّهِ يَسِيرًا ٣٠အို- တမန်‌တော်၏ကြင်ရာအ‌ပေါင်းတို့၊ အသင်မတို့ထဲမှ မည်သူမဆို ထင်ရှား‌သော စက်ဆုပ်ဖွယ်ရာအမှုကို ပြုလုပ်လျှင် ထိုသူမသည် ပြစ်ဒဏ်နှစ်ဆတိုး‌ပေးခြင်းခံရမည်။ ထို့ပြင် အလ္လာဟ်အရှင်မြတ်အ‌ပေါ်တွင် ထိုသို့ပြုလုပ်ရန် လွယ်ကူလှသည်။

الجزء الثاني والعشرون

۞ وَمَن يَقۡنُتۡ مِنكُنَّ لِلَّهِ وَرَسُولِهِۦ وَتَعۡمَلۡ صَٰلِحًا نُّؤۡتِهَآ أَجۡرَهَا مَرَّتَيۡنِ وَأَعۡتَدۡنَا لَهَا رِزۡقًا كَرِيمًا ٣١ထို့ပြင် အသင်မတို့(ကြင်ရာ‌တော်များ)ထဲမှ မည်သူမဆို အလ္လာဟ်အရှင်မြတ်၏အမိန့်‌တော်နှင့် အရှင်မြတ်၏တမန်‌တော့်အမိန့်‌တော်ကို လိုက်နာသည့်အပြင် ‌ကောင်းမြတ်သည့်လုပ်ရပ်များကို ပြုလုပ်လျှင် ငါအရှင်မြတ်သည် ၎င်း(တမန်‌တော်၏ကြင်ရာ)အား သူမ၏အကျိုးနှစ်ဆ ‌ပေးသနား‌တော်မူသည်။ ထို့ပြင် ငါအရှင်မြတ်သည် သူမတို့အတွက် မြင့်မြတ်သည့်ချီးမြှင့်မှုကိုလည်း အဆင်သင့်ပြင်ဆင်ထားပြီးဖြစ်သည်။ يَٰنِسَآءَ ٱلنَّبِيِّ لَسۡتُنَّ كَأَحَدٍ مِّنَ ٱلنِّسَآءِ إِنِ ٱتَّقَيۡتُنَّۚ فَلَا تَخۡضَعۡنَ بِٱلۡقَوۡلِ فَيَطۡمَعَ ٱلَّذِي فِي قَلۡبِهِۦ مَرَضٌ وَقُلۡنَ قَوۡلًا مَّعۡرُوفًا ٣٢အို- တမန်‌တော်၏ကြင်ရာအ‌ပေါင်းတို့၊ အသင်မတို့သည် အခြားအမျိုးသမီးများကဲ့သို့ မဟုတ်ကြ‌ပေ။* သို့ဖြစ်ရာ အကယ်၍ အသင်မတို့သည် အပြစ်မှ‌ရှောင်ကြဉ်ကြလျှင် အသင်မတို့သည် စကား‌ပြောဆိုရာတွင် ကနွဲ့ကလျ မရှိကြနှင့်။ ထိုသို့‌ပြောဆိုမည်ဆိုလျှင် စိတ်တွင်း၌‌ရောဂါရှိသူသည် အလိုရမ္မက်ထားရှိကြလိမ့်မည်။ ထို့ပြင် အသင်မတို့သည် ‌ကောင်းမွန်‌သောစကားကိုသာ ‌ပြောဆိုကြပါ။ وَقَرۡنَ فِي بُيُوتِكُنَّ وَلَا تَبَرَّجۡنَ تَبَرُّجَ ٱلۡجَٰهِلِيَّةِ ٱلۡأُولَىٰۖ وَأَقِمۡنَ ٱلصَّلَوٰةَ وَءَاتِينَ ٱلزَّكَوٰةَ وَأَطِعۡنَ ٱللَّهَ وَرَسُولَهُۥٓۚ إِنَّمَا يُرِيدُ ٱللَّهُ لِيُذۡهِبَ عَنكُمُ ٱلرِّجۡسَ أَهۡلَ ٱلۡبَيۡتِ وَيُطَهِّرَكُمۡ تَطۡهِيرًا ٣٣ထို့ပြင် အသင်မတို့သည် အသင်မတို့၏‌နေအိမ်များ၌ တည်ငြိမ်စွာ ‌နေထိုင်ကြပါ။* ထို့ပြင် ယခင် အမိုက်‌ခေတ်က အလှအပကို (အခြားအမျိုးသမီးများ)ထုတ်‌ဖော်ပြကြသကဲ့သို့ အသင်မတို့သည် အသင်မတို့၏အလှအပကို ထုတ်‌ဖော်မပြသကြနှင့်။ ထို့ပြင် အသင်မတို့သည် စွလာသ်ဝတ်ပြုမှုကို ‌ဆောက်တည်ကြပါ။ ထို့ပြင် အသင်မတို့သည် ဇကာသ်‌ပေး‌ဆောင်ကြပါ။ ထို့ပြင် အသင်မတို့သည် အလ္လာဟ်အရှင်မြတ်၏အမိန့်‌တော်နှင့် အရှင်မြတ်၏တမန်‌တော့်အမိန့်ကို လိုက်နာကြပါ။ အို- တမန်‌တော်၏အိမ်သူအိမ်သားအ‌ပေါင်းတို့၊ အလ္လာဟ်အရှင်မြတ်သည် အသင်မတို့မှ အညစ်အ‌ကြေးကို ပ‌ပျောက်‌စေ‌တော်မူရန်နှင့် စင်ကြယ်သန့်ရှင်း‌စေ‌တော်မူရန်ကိုပင် ရည်ရွယ်‌တော်မူခဲ့ခြင်းဖြစ်သည်။ وَٱذۡكُرۡنَ مَا يُتۡلَىٰ فِي بُيُوتِكُنَّ مِنۡ ءَايَٰتِ ٱللَّهِ وَٱلۡحِكۡمَةِۚ إِنَّ ٱللَّهَ كَانَ لَطِيفًا خَبِيرًا ٣٤ထို့ပြင် အသင်မတို့သည် အသင်မတို့၏အိမ်များတွင် ဖတ်ကြားခြင်းခံရ‌သော အလ္လာဟ်အရှင်မြတ်၏အာယသ်‌တော်များနှင့် (တမန်‌တော်မိန့်ကြားသည့်) ‌တွေး‌ခေါ်‌မြော်မြင်မှုပညာရပ်များကို ကျက်မှတ်ကြပါ။ အမှန်စင်စစ် အလ္လာဟ်အရှင်မြတ်သည် အလွန်သိမ်‌မွေ့‌တော်မူ‌သောအရှင်၊ အကြွင်းမဲ့ကြား‌တော်မူ‌သောအရှင် ဖြစ်‌တော်မူသည်။ إِنَّ ٱلۡمُسۡلِمِينَ وَٱلۡمُسۡلِمَٰتِ وَٱلۡمُؤۡمِنِينَ وَٱلۡمُؤۡمِنَٰتِ وَٱلۡقَٰنِتِينَ وَٱلۡقَٰنِتَٰتِ وَٱلصَّٰدِقِينَ وَٱلصَّٰدِقَٰتِ وَٱلصَّٰبِرِينَ وَٱلصَّٰبِرَٰتِ وَٱلۡخَٰشِعِينَ وَٱلۡخَٰشِعَٰتِ وَٱلۡمُتَصَدِّقِينَ وَٱلۡمُتَصَدِّقَٰتِ وَٱلصَّٰٓئِمِينَ وَٱلصَّٰٓئِمَٰتِ وَٱلۡحَٰفِظِينَ فُرُوجَهُمۡ وَٱلۡحَٰفِظَٰتِ وَٱلذَّٰكِرِينَ ٱللَّهَ كَثِيرًا وَٱلذَّٰكِرَٰتِ أَعَدَّ ٱللَّهُ لَهُم مَّغۡفِرَةً وَأَجۡرًا عَظِيمًا ٣٥အမှန်စင်စစ် မွတ်စ်လင်မ်‌ယောက်ျားများနှင့် မွတ်စ်လင်မ်မိန်းမများ၊ မုအ်မင်န်‌ယောက်ျားများနှင့် မုအ်မင်န်မိန်းမများ၊ အမိန့်နာခံ‌သော ‌ယောက်ျားများနှင့် အမိန့်နာခံသည့်မိန်းမများ၊ မှန်ကန်‌သော‌ယောက်ျားများနှင့် မှန်ကန်သည့်မိန်းမများ၊ သည်းခံ‌သော‌ယောက်ျားများနှင့် သည်းခံ‌သောမိန်းမများ၊ ‌ကြောက်ရွံ့ရိုကျိုး‌သော‌ယောက်ျားများနှင့် ‌ကြောက်ရွံ့ရိုကျိုး‌သောမိန်းမများ၊ အလှူဒါနပြု‌သော‌ယောက်ျားများနှင့် အလှူဒါနပြု‌သောမိန်းမများ၊ စွိယာမ်ဥပုသ်‌စောင့်ထိန်းသည့်‌ယောက်ျားများနှင့် စွိယာမ်ဥပုသ်‌စောင့်ထိန်းသည့်မိန်းမများ၊ မိမိအရှက်အဂင်္ါကို ထိန်းသိမ်းကြ‌သော‌ယောက်ျားများနှင့် မိမိအရှက်အဂင်္ါကိုထိန်းသိမ်းကြ‌သောမိန်းမများ၊ အလ္လာဟ်အရှင်မြတ်အား များစွာ သတိရတသ‌သော‌ယောက်ျားများနှင့် အလ္လာဟ်အရှင်မြတ်အား များစွာသတိရတသ‌သောမိန်းမများ၊ ထိုသူများ (အားလုံး)အတွက် အလ္လာဟ်အရှင်မြတ်သည် လွတ်ငြိမ်းချမ်းသာခွင့်နှင့် ကြီးကျယ်သည့်အကျိုးကို အဆင်သင့် ပြုလုပ်ထား‌တော်မူသည်။ وَمَا كَانَ لِمُؤۡمِنٍ وَلَا مُؤۡمِنَةٍ إِذَا قَضَى ٱللَّهُ وَرَسُولُهُۥٓ أَمۡرًا أَن يَكُونَ لَهُمُ ٱلۡخِيَرَةُ مِنۡ أَمۡرِهِمۡۗ وَمَن يَعۡصِ ٱللَّهَ وَرَسُولَهُۥ فَقَدۡ ضَلَّ ضَلَٰلًا مُّبِينًا ٣٦အီမာန်ယုံကြည်သူ မည်သည့်‌ယောက်ျားဖြစ်‌စေ၊ အီမာန်ယုံကြည်သူ မည်သည့်မိန်းမဖြစ်‌စေ အ‌ရေးကိစ္စတစ်စုံတစ်ခုကို အလ္လာဟ်အရှင်မြတ်နှင့် အရှင်မြတ်၏တမန်‌တော်က အမိန့်ချမှတ်‌တော်မူလိုက်လျှင် သူတို့၏ ထိုအ‌ရေးကိစ္စနှင့်ပတ်သက်၍ သူတို့မှာ ‌ရွေးချယ်ပိုင်ခွင့်မရှိ‌တော့‌ပေ။* ထို့ပြင် မည်သူမဆို အလ္လာဟ်အရှင်မြတ်နှင့် အရှင့်တမန်‌တော်၏အမိန့်ကို ဖီဆန်လျှင် အမှန်စင်စစ် ထိုသူသည် ထင်းရှားသည့်လမ်းလွဲခြင်းကို ‌ရောက်ရှိခဲ့ပြီဖြစ်သည်။ وَإِذۡ تَقُولُ لِلَّذِيٓ أَنۡعَمَ ٱللَّهُ عَلَيۡهِ وَأَنۡعَمۡتَ عَلَيۡهِ أَمۡسِكۡ عَلَيۡكَ زَوۡجَكَ وَٱتَّقِ ٱللَّهَ وَتُخۡفِي فِي نَفۡسِكَ مَا ٱللَّهُ مُبۡدِيهِ وَتَخۡشَى ٱلنَّاسَ وَٱللَّهُ أَحَقُّ أَن تَخۡشَىٰهُۖ فَلَمَّا قَضَىٰ زَيۡدٌ مِّنۡهَا وَطَرًا زَوَّجۡنَٰكَهَا لِكَيۡ لَا يَكُونَ عَلَى ٱلۡمُؤۡمِنِينَ حَرَجٌ فِيٓ أَزۡوَٰجِ أَدۡعِيَآئِهِمۡ إِذَا قَضَوۡاْ مِنۡهُنَّ وَطَرًاۚ وَكَانَ أَمۡرُ ٱللَّهِ مَفۡعُولًا ٣٧ထို့ပြင် တစ်ခါက အလ္လာဟ်အရှင်မြတ်သာမက အသင်(တမန်‌တော်)ကိုယ်တိုင်လည်း ‌ကျေးဇူးပြု‌တော်မူခဲ့သည့်သူကို အသင်က “အသင်သည် အသင်၏ဇနီးကို(မကွာရှင်းဘဲ) အသင်၏ထံ၌သာ (တရားဝင်ဇနီးအဖြစ်နှင့်)ထားပါ။ ထို့ပြင် အသင်သည် အလ္လာဟ်အရှင်မြတ်အား ‌ကြောက်ရွံ့ပါ“ဟု ‌ပြောဆိုဆုံးမ‌နေခဲ့သည်။ ထို့ပြင် အသင်(တမန်‌တော်)သည် အသင်၏စိတ်ထဲတွင် အကြင်ကိစ္စကို လျှို့ဝှက်ဖုံးအုပ်ပြီးထားသည်။ ထိုကိစ္စအား အလ္လာဟ်အရှင်မြတ်သည် (‌နောက်ဆုံးတွင်) ထင်ရှား‌စေ‌တော်မူမည်ပင်ဖြစ်သည်။ ထို့ပြင် အသင်သည် အလ္လာဟ်အရှင်မြတ်ကိုသာ ပိုပြီးစိုးရိမ်‌ကြောက်ရွံ့ထိုက်ပါလျက်နှင့် အသင်သည် လူများအား စိုးရိမ်‌ကြောက်ရွံ့‌နေခဲ့သည်။ ထို့‌နောက် အီမာန်ယုံကြည်သူများအ‌ပေါ်တွင် သူတို့၏‌မွေးစားသားများ၏ဇနီးမိန်းမများနှင့်ပတ်သက်၍ ထို‌မွေးစားသားများက သူမတို့အား အလိုမရှိကြ‌တော့သည့်အခါ (သူမတို့အား လက်ထပ်ယူခြင်းဖြင့်) မည်သည့် ကျဉ်းကျပ်မှုမှ မဖြစ်‌စေရန် ဇိုင်ဒ်သည် ထိုမိန်းမကို အလိုမရှိ‌တော့သည့်အခါ ငါအရှင်မြတ်သည် အသင့်အား ထိုမိန်းမနှင့် ထိမ်းမြား‌ပေး‌တော်မူလိုက်သည်။ ထို့ပြင် (အမှန်စင်စစ်) အလ္လာဟ်အရှင်မြတ်၏အမိန့်‌တော်သည် ပြီး‌မြောက်မည်ပင်ဖြစ်သည်။ مَّا كَانَ عَلَى ٱلنَّبِيِّ مِنۡ حَرَجٍ فِيمَا فَرَضَ ٱللَّهُ لَهُۥۖ سُنَّةَ ٱللَّهِ فِي ٱلَّذِينَ خَلَوۡاْ مِن قَبۡلُۚ وَكَانَ أَمۡرُ ٱللَّهِ قَدَرًا مَّقۡدُورًا ٣٨အလ္လာဟ်အရှင်မြတ်က တမန်‌တော်မြတ်‌ပေါ်တွင် သတ်မှတ်ပြဋ္ဌာန်း‌တော်မူခဲ့သည့်ကိစ္စနှင့်ပတ်သက်၍ ထိုအမိန့်‌တော်အ‌ပေါ်တွင် မည်သည့်အရာမျှ အပြစ်တင်စရာမရှိ‌ပေ။ (ဤသည်) ယခင်က ကုန်လွန်ခဲ့‌သော ၎င်း(တမန်‌တော်)တို့နှင့်ပတ်သက်‌သော အလ္လာဟ်အရှင်မြတ်၏ လုပ်ထုံးလုပ်နည်းအတိုင်းပင်ဖြစ်သည်။ ထို့ပြင် အလ္လာဟ်အရှင်မြတ်၏အမိန့်‌တော်သည် စီမံထားသည့်အတိုင်း သတ်မှတ်ပြဋ္ဌာန်းပြီးသားဖြစ်သည်။ ٱلَّذِينَ يُبَلِّغُونَ رِسَٰلَٰتِ ٱللَّهِ وَيَخۡشَوۡنَهُۥ وَلَا يَخۡشَوۡنَ أَحَدًا إِلَّا ٱللَّهَۗ وَكَفَىٰ بِٱللَّهِ حَسِيبًا ٣٩ထိုသူများသည် အလ္လာဟ်အရှင်မြတ်၏အမိန့်‌တော်များအား ပို့‌ဆောင်ကြသည့်သူများပင် ဖြစ်ကြသည်။ ထို့ပြင် သူတို့သည် အလ္လာဟ်အရှင်မြတ်ကိုသာ ‌ကြောက်ရွံ့ကြသည်။ ထို့ပြင် သူတို့သည် အလ္လာဟ်အရှင်မြတ်မှလွဲ၍ မည်သူ့ကိုမှ လုံးဝမ‌ကြောက်ကြ‌ပေ။ ထို့ပြင် အလ္လာဟ်အရှင်မြတ်သည် အလွန်စစ်‌ဆေး‌တော်မူမည့်အရှင်မြတ်အဖြစ် လုံ‌လောက်‌တော်မူသည်။ مَّا كَانَ مُحَمَّدٌ أَبَآ أَحَدٍ مِّن رِّجَالِكُمۡ وَلَٰكِن رَّسُولَ ٱللَّهِ وَخَاتَمَ ٱلنَّبِيِّـۧنَۗ وَكَانَ ٱللَّهُ بِكُلِّ شَيۡءٍ عَلِيمًا ٤٠(တမန်‌တော်)မုဟမ္မဒ်သည် အသင်တို့ ‌ယောက်ျားများထဲမှ မည်သူ၏ဖခင်မှ မဟုတ်‌ပေ။* ထို့ပြင် အလ္လာဟ်အရှင်မြတ်၏တမန်‌တော်နှင့် တမန်‌တော်အားလုံးကို အဆုံးသတ်သူ(‌နောက်ဆုံးတမန်‌တော်)* ဖြစ်သည်။ ထို့ပြင် အလ္လာဟ်အရှင်မြတ်သည် အရာအားလုံးကို အကြွင်းမဲ့သိ‌တော်မူ‌သောအရှင်ဖြစ်‌တော်မူသည်။ يَٰٓأَيُّهَا ٱلَّذِينَ ءَامَنُواْ ٱذۡكُرُواْ ٱللَّهَ ذِكۡرًا كَثِيرًا ٤١အို- အီမာန်ယုံကြည်သူအ‌ပေါင်းတို့၊ အသင်တို့သည် အလ္လာဟ်အရှင်မြတ်အား များစွာ သတိရတသကြပါ။ وَسَبِّحُوهُ بُكۡرَةً وَأَصِيلًا ٤٢ထို့ပြင် အသင်တို့သည် နံနက်နှင့်ည‌နေတွင် အရှင်မြတ် စင်ကြယ်သန့်ရှင်း‌တော်မူ‌ကြောင်း ရွတ်ဆိုကြပါ။ هُوَ ٱلَّذِي يُصَلِّي عَلَيۡكُمۡ وَمَلَٰٓئِكَتُهُۥ لِيُخۡرِجَكُم مِّنَ ٱلظُّلُمَٰتِ إِلَى ٱلنُّورِۚ وَكَانَ بِٱلۡمُؤۡمِنِينَ رَحِيمًا ٤٣အရှင်မြတ်သည် ထိုအရှင်မြတ်ပင် ဖြစ်‌တော်မူသည်။ ထိုအရှင်မြတ်နှင့် အရှင်မြတ်၏‌ကောင်းကင်တမန်များသည် အရှင်မြတ်က အသင်တို့အား အ‌မှောင်ထုမှ အလင်းသို့ ထွက်‌စေ‌တော်မူရန်အတွက် အသင်တို့အ‌ပေါ်တွင် ‌ကောင်းချီးမဂင်္လာပို့လျက်ရှိကြသည်။ ထို့ပြင် အရှင်မြတ်သည် အီမာန်ယုံကြည်သူများအ‌ပေါ်တွင် အလွန်သနားကြင်နာ‌တော်မူ‌သောအရှင်မြတ် ဖြစ်‌တော်မူသည်။ تَحِيَّتُهُمۡ يَوۡمَ يَلۡقَوۡنَهُۥ سَلَٰمٌۚ وَأَعَدَّ لَهُمۡ أَجۡرًا كَرِيمًا ٤٤သူတို့သည် အရှင်မြတ်နှင့် ‌တွေ့ဆုံကြမည့်‌နေ့တွင် သူတို့အား (အရှင်မြတ်က) နှုတ်ခွန်းဆက်သ‌တော်မူမည့်စကားမှာ စလာမ်(ငြိမ်းချမ်းသာယာမှုကျ‌ရောက်ပါ‌စေ)ဟူ၍ဖြစ်မည်။ ထို့ပြင် အရှင်မြတ်သည် သူတို့အတွက် မြင့်မြတ်‌သောအကျိုးကို အဆင်သင့်ပြုလုပ်ထား‌တော်မူသည်။ يَٰٓأَيُّهَا ٱلنَّبِيُّ إِنَّآ أَرۡسَلۡنَٰكَ شَٰهِدًا وَمُبَشِّرًا وَنَذِيرًا ٤٥အို- တမန်‌တော်၊ အမှန်စင်စစ် ငါအရှင်မြတ်သည် အသင့်အား သက်‌သေအဖြစ်သာမက သတင်း‌ကောင်း‌ပြောသူအဖြစ်နှင့် သတိ‌ပေးနှိုး‌ဆော်သူအဖြစ် ‌စေလွှတ်‌တော်မူခဲ့သည်။ وَدَاعِيًا إِلَى ٱللَّهِ بِإِذۡنِهِۦ وَسِرَاجًا مُّنِيرًا ٤٦ထို့ပြင် အလ္လာဟ်အရှင်မြတ်ဘက်သို့ အရှင်မြတ်၏အမိန့်‌တော်ဖြင့် ဖိတ်‌ခေါ်သူအဖြစ်နှင့် လင်းဝင်း‌တောက်ပ‌သော မီးတိုင်အဖြစ်(‌စေလွှတ်‌တော်မူခဲ့သည်)။ وَبَشِّرِ ٱلۡمُؤۡمِنِينَ بِأَنَّ لَهُم مِّنَ ٱللَّهِ فَضۡلًا كَبِيرًا ٤٧ထို့ပြင် အသင်(တမန်‌တော်)သည် အီမာန်ယုံကြည်သူများအား အမှန်ပင် သူတို့အ‌ပေါ်တွင် အလ္လာဟ်အရှင်မြတ်ထံမှ ကြီးကျယ်သည့်‌ကျေးဇူး‌တော်ရှိ‌ကြောင်း သတင်း‌ကောင်း‌ပြောလိုက်ပါ။ وَلَا تُطِعِ ٱلۡكَٰفِرِينَ وَٱلۡمُنَٰفِقِينَ وَدَعۡ أَذَىٰهُمۡ وَتَوَكَّلۡ عَلَى ٱللَّهِۚ وَكَفَىٰ بِٱللَّهِ وَكِيلًا ٤٨ထို့ပြင် အသင်(တမန်‌တော်)သည် ကာဖိရ်များ၏‌ပြောဆိုချက်နှင့် မုနာဖိက်အ‌ယောင်‌ဆောင်များ၏ ‌ပြောဆိုချက်ကို မလိုက်နာပါနှင့်။ ထို့ပြင် အသင်သည် သူတို့၏ပုတ်ခတ်‌ပြောဆိုမှုကို လျစ်လျူရှုပြီး အလ္လာဟ်အရှင်မြတ်အ‌ပေါ်၌ပင် ယုံပုံလွှဲအပ်ထားပါ။ ထို့ပြင် အလ္လာဟ်အရှင်မြတ်သည် ကိစ္စဟူသမျှကို ‌ဆောင်ရွက်‌ပေး‌တော်မူ‌သော အရှင်မြတ်အဖြစ် လုံ‌လောက်‌တော်မူသည်။ يَٰٓأَيُّهَا ٱلَّذِينَ ءَامَنُوٓاْ إِذَا نَكَحۡتُمُ ٱلۡمُؤۡمِنَٰتِ ثُمَّ طَلَّقۡتُمُوهُنَّ مِن قَبۡلِ أَن تَمَسُّوهُنَّ فَمَا لَكُمۡ عَلَيۡهِنَّ مِنۡ عِدَّةٍ تَعۡتَدُّونَهَاۖ فَمَتِّعُوهُنَّ وَسَرِّحُوهُنَّ سَرَاحًا جَمِيلًا ٤٩အို- အီမာန်ယုံကြည်သူအ‌ပေါင်းတို့၊ အကယ်၍ အသင်တို့သည် အီမာန်ယုံကြည်သူ အမျိုးသမီးများနှင့် နိကာဟ်ပြု ထိမ်းမြားလက်ထပ်ခဲ့ကြပြီး‌နောက် သူမတို့အား ထိ‌တွေ့ခြင်းမပြုမီ အသင်တို့သည် သွလာက်‌ပေး ကွာရှင်းခဲ့ကြလျှင်၊ အသင်တို့နှင့်ပတ်သက်၍ သူမတို့အ‌ပေါ်တွင် မည်သည့်အိဒ်ဒသ်ရက်မျှ ဆိုင်းငံ့ပြီး ‌ရေတွက်စရာမရှိ‌ပေ။ သို့ဖြစ်ရာ အသင်တို့သည် သူမတို့အား အကျိုး‌ကျေးဇူးခံစားခွင့်*‌ပေးပြီး ‌ကောင်းမွန်စွာ စွန့်လွှတ်လိုက်ကြပါ။ يَٰٓأَيُّهَا ٱلنَّبِيُّ إِنَّآ أَحۡلَلۡنَا لَكَ أَزۡوَٰجَكَ ٱلَّٰتِيٓ ءَاتَيۡتَ أُجُورَهُنَّ وَمَا مَلَكَتۡ يَمِينُكَ مِمَّآ أَفَآءَ ٱللَّهُ عَلَيۡكَ وَبَنَاتِ عَمِّكَ وَبَنَاتِ عَمَّٰتِكَ وَبَنَاتِ خَالِكَ وَبَنَاتِ خَٰلَٰتِكَ ٱلَّٰتِي هَاجَرۡنَ مَعَكَ وَٱمۡرَأَةً مُّؤۡمِنَةً إِن وَهَبَتۡ نَفۡسَهَا لِلنَّبِيِّ إِنۡ أَرَادَ ٱلنَّبِيُّ أَن يَسۡتَنكِحَهَا خَالِصَةً لَّكَ مِن دُونِ ٱلۡمُؤۡمِنِينَۗ قَدۡ عَلِمۡنَا مَا فَرَضۡنَا عَلَيۡهِمۡ فِيٓ أَزۡوَٰجِهِمۡ وَمَا مَلَكَتۡ أَيۡمَٰنُهُمۡ لِكَيۡلَا يَكُونَ عَلَيۡكَ حَرَجٌۗ وَكَانَ ٱللَّهُ غَفُورًا رَّحِيمًا ٥٠အို- တမန်‌တော်၊ အမှန်စင်စစ် ငါအရှင်မြတ်သည် အသင်(ထိမ်းမြားဖို့ သ‌ဘောတူထားသည့်)မဟရ်ပစ္စည်း‌ပေးခဲ့‌သော အသင်၏ကြင်ရာများ၊ အသင့်အား အလ္လာဟ်အရှင်မြတ်က သုံ့ပန်းအဖြစ်‌ပေး‌တော်မူခဲ့သဖြင့် အသင်ပိုင်ဆိုင်ခဲ့‌သော ကျွန်မများ၊ အသင်နှင့်အတူ ‌ရွှေ့‌ပြောင်းလာခဲ့ကြ‌သော အသင်၏ ဘကြီး၊ ဘ‌ထွေး၏သမီးများ၊ အသင်၏အ‌ဒေါ်ကြီးအ‌ဒေါ်‌လေး၏သမီးများ၊ အသင်၏ဦးကြီးဦး‌လေးများ၏သမီးများ၊ အသင်၏အရီးကြီးအရီး‌လေးများ၏သမီးများကို အသင့်အတွက် (လက်ထပ်လိုက လက်ထပ်ရန်) ဟလာလ် တရားဝင် ခွင့်ပြု‌ပေးထား‌တော်မူသည်။ ထို့ပြင် အီမာန်ယုံကြည်သူ အမျိုးသမီးတစ်ဦးသည် မိမိကိုယ်ကို အကယ်၍ တမန်‌တော်မြတ်အား (ထိမ်းမြားဖို့ သ‌ဘောတူထားသည့် မဟရ်ပစ္စည်းမယူဘဲ) သက်သက်‌ပေးအပ်ခဲ့၍ တမန်‌တော်ကလည်း ထိုအမျိုးသမီးနှင့် ထိမ်းမြားရန် ရည်ရွယ်ခဲ့လျှင် ထိုအမျိုးသမီးကိုလည်း (တရားဝင်ပြုလုပ်‌တော်မူသည်။ ဤခွင့်ပြုချက်မှာ) အခြား အီမာန်ယုံကြည်သူများအတွက် မဟုတ်ဘဲ အသင်(တမန်‌တော်)အတွက် သက်သက် အထူး(ခွင့်ပြုခြင်းသာ)ဖြစ်သည်။* ငါအရှင်မြတ်သည် ထိုအီမာန်ယုံကြည်သူများအ‌ပေါ်တွင် သူတို့၏ဇနီးမိန်းမများ၊ သူတို့၏ကျွန်မများနှင့်ပတ်သက်၍ ချမှတ်‌တော်မူခဲ့‌သော အမိန့်‌တော်များအား အမှန်စင်စစ် ငါအရှင်မြတ် သိ‌တော်မူသည်။ (အသင့်အတွက် ထိုအမိန့်ထုတ်ပြန်‌တော်မူခြင်းသည်) အသင်၏အပါ်တွင် မည်သည့်အရာမျှ ကျပ်တည်းမှု မရှိရန်အတွက်ဖြစ်သည်။ ထို့ပြင် အလ္လာဟ်အရှင်မြတ်သည် အလွန်ခွင့်လွှတ်‌တော်မူ‌သောအရှင်၊ အလွန်သနား‌တော်မူ‌သောအရှင် ဖြစ်‌တော်မူသည်။ ۞ تُرۡجِي مَن تَشَآءُ مِنۡهُنَّ وَتُـٔۡوِيٓ إِلَيۡكَ مَن تَشَآءُۖ وَمَنِ ٱبۡتَغَيۡتَ مِمَّنۡ عَزَلۡتَ فَلَا جُنَاحَ عَلَيۡكَۚ ذَٰلِكَ أَدۡنَىٰٓ أَن تَقَرَّ أَعۡيُنُهُنَّ وَلَا يَحۡزَنَّ وَيَرۡضَيۡنَ بِمَآ ءَاتَيۡتَهُنَّ كُلُّهُنَّۚ وَٱللَّهُ يَعۡلَمُ مَا فِي قُلُوبِكُمۡۚ وَكَانَ ٱللَّهُ عَلِيمًا حَلِيمًا ٥١အသင်သည် ထိုကြင်ရာများထဲမှ အသင်အလိုမရှိသူကို ခွဲထားပြီး အသင်အလိုရှိသူကို အသင်၏အပါး၌ ထားရှိနိုင်သည်။ ထို့ပြင် အသင်သည် ‌ဘေးဖယ်ထားခဲ့သူမကိုလည်း အလိုရှိလျှင် ပြန်ထားနိုင်သည်။ အသင်၏အ‌ပေါ်တွင် မည်သည့်အရာမျှ အပြစ်မရှိ‌ပေ။* ဤသည် ထိုကြင်ရာများ၏မျက်စိ‌အေးရန်၊ သူမတို့သည် ‌သောကမဖြစ်‌စေရန်နှင့် သူမတို့အားလုံးသည် အသင်‌ပေးသမျှနှင့် နှစ်သိမ့်‌ကျေနပ်ကြရန် ပိုမိုနီးစပ်သည်။* ထို့ပြင် အလ္လာဟ်အရှင်မြတ်သည် အသင်တို့၏စိတ်နှလုံးများတွင် ရှိသမျှကို သိရှိ‌တော်မူသည်။ ထို့ပြင် အလ္လာဟ်အရှင်မြတ်သည် အကြွင်းမဲ့သိ‌တော်မူ‌သောအရှင်၊ အလွန်သည်းခံ‌တော်မူ‌သောအရှင် ဖြစ်‌တော်မူသည်။ لَّا يَحِلُّ لَكَ ٱلنِّسَآءُ مِنۢ بَعۡدُ وَلَآ أَن تَبَدَّلَ بِهِنَّ مِنۡ أَزۡوَٰجٍ وَلَوۡ أَعۡجَبَكَ حُسۡنُهُنَّ إِلَّا مَا مَلَكَتۡ يَمِينُكَۗ وَكَانَ ٱللَّهُ عَلَىٰ كُلِّ شَيۡءٍ رَّقِيبًا ٥٢ဤ‌နောက်တွင် အခြားအမျိုးသမီးများသည် အသင့်အတွက်(လက်ထပ်ရန်)ခွင့်မပြု‌တော့‌ပေ။ ထို့ပြင် လက်ရှိကြင်ရာများ၏အစား အခြားအမျိုးသမီးများကို သူမတို့၏လှပမှုသည် အသင့်အား နှစ်သက်‌စေ(‌လောက်)လျှင်လည်း အသင်သည် ‌ပြောင်းလဲ(လက်ထပ်)ပိုင်ခွင့်မရှိ‌ပေ။* သို့ရာတွင် အသင်ပိုင်ဆိုင်‌သော ကျွန်မများကိုမူ (‌ပြောင်းလဲပိုင်ခွင့်နှင့် ယူပိုင်ခွင့်ရှိသည်)။ ထို့ပြင် အလ္လာဟ်အရှင်မြတ်သည် အရာအားလုံးအ‌ပေါ်တွင် အလွန် ထိန်းသိမ်း‌စောင့်‌ရှောက်‌တော်မူ‌သော အရှင်မြတ် ဖြစ်‌တော်မူသည်။ يَٰٓأَيُّهَا ٱلَّذِينَ ءَامَنُواْ لَا تَدۡخُلُواْ بُيُوتَ ٱلنَّبِيِّ إِلَّآ أَن يُؤۡذَنَ لَكُمۡ إِلَىٰ طَعَامٍ غَيۡرَ نَٰظِرِينَ إِنَىٰهُ وَلَٰكِنۡ إِذَا دُعِيتُمۡ فَٱدۡخُلُواْ فَإِذَا طَعِمۡتُمۡ فَٱنتَشِرُواْ وَلَا مُسۡتَـٔۡنِسِينَ لِحَدِيثٍۚ إِنَّ ذَٰلِكُمۡ كَانَ يُؤۡذِي ٱلنَّبِيَّ فَيَسۡتَحۡيِۦ مِنكُمۡۖ وَٱللَّهُ لَا يَسۡتَحۡيِۦ مِنَ ٱلۡحَقِّۚ وَإِذَا سَأَلۡتُمُوهُنَّ مَتَٰعًا فَسۡـَٔلُوهُنَّ مِن وَرَآءِ حِجَابٍۚ ذَٰلِكُمۡ أَطۡهَرُ لِقُلُوبِكُمۡ وَقُلُوبِهِنَّۚ وَمَا كَانَ لَكُمۡ أَن تُؤۡذُواْ رَسُولَ ٱللَّهِ وَلَآ أَن تَنكِحُوٓاْ أَزۡوَٰجَهُۥ مِنۢ بَعۡدِهِۦٓ أَبَدًاۚ إِنَّ ذَٰلِكُمۡ كَانَ عِندَ ٱللَّهِ عَظِيمًا ٥٣အို- အီမာန်ယုံကြည်သူအ‌ပေါင်းတို့၊ အသင်တို့သည် အစားအစာစားရန် ခွင့်ပြုခြင်းခံရသည့်အခါမှလွဲ၍ တမန်‌တော်၏အိမ်များသို့ မဝင်ကြ‌လေနှင့်။ (ထိုအခါတွင်လည်း) စား‌သောက်ရန်အချိန်ကို ‌စောင့်‌မျှော်သူများ မဖြစ်ကြဘဲလျက် ဖိတ်‌ခေါ်ခံကြရ‌သော အခါမျိုးမှသာ ဝင်‌ရောက်ကြပါ။ ထို့‌နောက် စား‌သောက်ပြီးသည့်အခါ အသင်တို့သည် လူစုခွဲပြီးပြန်ကြပါ။ ထို့ပြင် စကားစမြည်‌ပြောဆိုခြင်းတွင် စိတ်ဝင်စားပြီး ထိုင်မ‌နေကြနှင့်။ အမှန်စင်စစ် ဤသည် တမန်‌တော်ကို စိတ်ဒုက္ခဖြစ်‌စေသည်။ ထို့‌နောက်လည်း တမန်‌တော်သည် အသင်တို့အား အားနာ(ရှက်)‌တော်မူသည်။ ထို့ပြင် အရှင်မြတ်ကမူ မှန်ကန်သည့်စကား‌ပြော‌တော်မူရန် အားနာ(ရှက်)‌တော်မမူ‌ပေ။* ထို့ပြင် အသင်တို့သည် ထိုတမန်‌တော်၏ကြင်ရာများထံတွင် ပစ္စည်းတစ်စုံတစ်ခု ‌တောင်းသည့်အခါ လိုက်ကာ၏‌နောက်မှ ‌တောင်းကြပါ။* ဤသည် အသင်တို့၏စိတ်နှလုံးများနှင့် ထိုကြင်ရာများ၏စိတ်နှလုံးများကို ပိုမိုသန့်စင်‌စေသည်။ ထို့ပြင် အသင်တို့သည် အလ္လာဟ်အရှင်မြတ်၏ တမန်‌တော်အား စိတ်ဒုက္ခ‌ပေးပိုင်ခွင့်မရှိ‌ပေ။* ထိုတမန်‌တော်မရှိသည့်‌နောက်တွင် သူ၏ကြင်ရာ‌တော်များနှင့် မည်သည့်အခါမှ ထိမ်မြားပိုင်ခွင့်လည်းမရှိ‌ပေ။* အမှန်စင်စစ် ဤ(တမန်‌တော်ကို စိတ်ဒုက္ခ‌ပေးခြင်းနှင့် တမန်‌တော်မရှိသည့်‌နောက် ကြင်ရာ‌တော်များကို ထိမ်းမြားခြင်း)သည် အလ္လာဟ်အရှင်မြတ်ထံ‌တော်တွင် အလွန်ကြီး‌လေး‌သောအပြစ်ဖြစ်သည်။ إِن تُبۡدُواْ شَيۡـًٔا أَوۡ تُخۡفُوهُ فَإِنَّ ٱللَّهَ كَانَ بِكُلِّ شَيۡءٍ عَلِيمًا ٥٤အကယ်၍ အသင်တို့သည် တစ်စုံတစ်ခုကို ထုတ်‌ဖော်ကြသည်ပင်ဖြစ်‌စေ၊ အသင်တို့သည် ထိမ်ချန် လျှို့ဝှက်ထားသည်ဖြစ်‌စေ အမှန်စင်စစ် အလ္လာဟ်အရှင်မြတ်သည် အရာအားလုံးကို အကြွင်းမဲ့သိ‌တော်မူ‌သောအရှင် ဖြစ်‌တော်မူသည်။ لَّا جُنَاحَ عَلَيۡهِنَّ فِيٓ ءَابَآئِهِنَّ وَلَآ أَبۡنَآئِهِنَّ وَلَآ إِخۡوَٰنِهِنَّ وَلَآ أَبۡنَآءِ إِخۡوَٰنِهِنَّ وَلَآ أَبۡنَآءِ أَخَوَٰتِهِنَّ وَلَا نِسَآئِهِنَّ وَلَا مَا مَلَكَتۡ أَيۡمَٰنُهُنَّۗ وَٱتَّقِينَ ٱللَّهَۚ إِنَّ ٱللَّهَ كَانَ عَلَىٰ كُلِّ شَيۡءٍ شَهِيدًا ٥٥ထိုအမျိုးသမီးများအ‌ပေါ်တွင် သူမတို့၏ဖခင်များ၊ သူမတို့၏သားများ၊ သူမတို့၏အစ်ကိုများ‌မောင်များ၊ သူမတို့၏အစ်ကိုများ‌မောင်များ၏သားများ၊ သူမတို့၏အစ်မ ညီမများ၏သားများ၊ သူမတို့၏မိန်းမအချင်းချင်းများ၊ သူမတို့၏လက်ယာလက်က ပိုင်ဆိုင်ကြ‌သောကျွန်များ(၏ ‌ရှေ့များသို့ထွက်ခြင်း)မှာ မည်သည့်အပြစ်မျှ မရှိ‌ပေ။* ထို့ပြင် သူမတို့သည် အလ္လာဟ်အရှင်မြတ် ‌ကြောက်ရွံ့ကြပါ။ အမှန်စင်စစ် အလ္လာဟ်အရှင်မြတ်သည် အရာအားလုံးအ‌ပေါ်တွင် မျက်‌မှောက်အသိသက်‌သေ ဖြစ်‌နေ‌တော်မူ‌သောအရှင် ဖြစ်‌တော်မူသည်။ إِنَّ ٱللَّهَ وَمَلَٰٓئِكَتَهُۥ يُصَلُّونَ عَلَى ٱلنَّبِيِّۚ يَٰٓأَيُّهَا ٱلَّذِينَ ءَامَنُواْ صَلُّواْ عَلَيۡهِ وَسَلِّمُواْ تَسۡلِيمًا ٥٦အမှန်စင်စစ် အလ္လာဟ်အရှင်မြတ်နှင့် အရှင်မြတ်၏‌ကောင်းကင်တမန်များသည် တမန်‌တော်၏အ‌ပေါ်တွင် ‌ကောင်းချီးမဂင်္လာပို့သ‌နေကြသည်။ အို- အီမာန်ယုံကြည်သူအ‌ပေါင်းတို့၊ အသင်တို့သည်လည်း ထိုတမန်‌တော်၏အ‌ပေါ်တွင် ‌ကောင်းချီးမဂင်္လာပို့သခြင်းနှင့် စလာမ်‌မေတ္တာပို့သခြင်းကို လွန်စွာပြုလုပ်ကြပါ။ إِنَّ ٱلَّذِينَ يُؤۡذُونَ ٱللَّهَ وَرَسُولَهُۥ لَعَنَهُمُ ٱللَّهُ فِي ٱلدُّنۡيَا وَٱلۡأٓخِرَةِ وَأَعَدَّ لَهُمۡ عَذَابًا مُّهِينًا ٥٧အမှန်စင်စစ် အလ္လာဟ်အရှင်မြတ်နှင့် အရှင်မြတ်၏တမန်‌တော်ကို စိတ်ဒုက္ခ‌ပေးကြသည့်သူများအား အလ္လာဟ်အရှင်မြတ်သည် ဤဘဝနှင့် ‌နောင်ဘဝတွင် ကရုဏာမှ ကင်း‌ဝေး‌စေ‌တော်မူသည့်အပြင် အရှင်မြတ်သည် သူတို့အတွက် ‌သေးသိမ်‌စေ‌သော ပြစ်ဒဏ်ကိုလည်း အဆင်သင့် ပြုလုပ်ထား‌တော်မူသည်။ وَٱلَّذِينَ يُؤۡذُونَ ٱلۡمُؤۡمِنِينَ وَٱلۡمُؤۡمِنَٰتِ بِغَيۡرِ مَا ٱكۡتَسَبُواْ فَقَدِ ٱحۡتَمَلُواْ بُهۡتَٰنًا وَإِثۡمًا مُّبِينًا ٥٨ထို့ပြင် အီမာန်ယုံကြည်သူ‌ယောက်ျား၊မိန်းမများကို သူတို့ မည်သည့်အရာမျှ ကျူးလွန်ခြင်းမရှိဘဲနှင့် စိတ်ဒုက္ခ‌ပေးကြသည့်သူများသည် အမှန်ပင် မတရားစွပ်စွဲမှုနှင့် ထင်ရှား‌သောပြစ်မှုကို ထမ်း‌ဆောင်ခဲ့ကြသည်။ يَٰٓأَيُّهَا ٱلنَّبِيُّ قُل لِّأَزۡوَٰجِكَ وَبَنَاتِكَ وَنِسَآءِ ٱلۡمُؤۡمِنِينَ يُدۡنِينَ عَلَيۡهِنَّ مِن جَلَٰبِيبِهِنَّۚ ذَٰلِكَ أَدۡنَىٰٓ أَن يُعۡرَفۡنَ فَلَا يُؤۡذَيۡنَۗ وَكَانَ ٱللَّهُ غَفُورًا رَّحِيمًا ٥٩အို- တမန်‌တော်၊ အသင်သည် အသင်၏ကြင်ရာ‌တော်များနှင့် အသင်၏သမီး‌တော်များအပြင် အီမာန်ယုံကြည်သူများ၏ဇနီးမိန်းမများကိုလည်း “သူမတို့သည် သူမတို့၏ အ‌ပေါ်ခြုံထည်(‌စောင် သို့မဟုတ် ပဝါစသည်)များကို သူမတို့အ‌ပေါ်တွင် (ဖုံးကွယ်နိုင်‌အောင်) တွဲ‌လောင်းချထားကြရမည်“ဟု ‌ပြောလိုက်ပါ။ ဤသည် သူမတို့ကို ခွဲခြားမှတ်မိရန် ပိုနီးစပ်သည်။ သို့ဖြစ်ရာ သူမတို့အ‌နေနှင့် ‌နှောင့်ယှက်ခြင်းခံကြရမည် မဟုတ်‌ပေ။* ထို့ပြင် အလ္လာဟ်အရှင်မြတ်သည် အလွန် လွတ်ငြိမ်းချမ်းသာခွင့်‌ပေး‌တော်မူ‌သောအရှင်၊ အလွန် သနားကြင်နာ‌တော်မူ‌သောအရှင်ဖြစ်‌တော်မူသည်။ ۞ لَّئِن لَّمۡ يَنتَهِ ٱلۡمُنَٰفِقُونَ وَٱلَّذِينَ فِي قُلُوبِهِم مَّرَضٌ وَٱلۡمُرۡجِفُونَ فِي ٱلۡمَدِينَةِ لَنُغۡرِيَنَّكَ بِهِمۡ ثُمَّ لَا يُجَاوِرُونَكَ فِيهَآ إِلَّا قَلِيلًا ٦٠အကယ်၍ မုနာဖိက်အ‌ယောင်‌ဆောင်များနှင့် စိတ်ထဲတွင် ‌ရောဂါရှိသူများအပြင် မဒီနဟ်မြို့ထဲတွင် ထိတ်လန့်ဖွယ်ရာ သတင်းလွှင့်သူများပါ (သူတို့၏လုပ်ရပ်များကို) မရပ်စဲကြလျှင် အမှန်စင်စစ် ငါအရှင်မြတ်သည် အသင့်အား သူတို့အ‌ပေါ်တွင် လွှမ်းမိုး‌စေ‌တော်မူမည်။ ထို့‌နောက် သူတို့သည် အသင်၏ထံ မဒီနဟ်မြို့၌ အနည်းငယ်ကာလမှလွဲ၍ ‌နေကြရ‌တော့မည်မဟုတ်‌ပေ။ مَّلۡعُونِينَۖ أَيۡنَمَا ثُقِفُوٓاْ أُخِذُواْ وَقُتِّلُواْ تَقۡتِيلًا ٦١(ထို ‌ခေတ္တ‌နေကြရသည့်အခါတွင်လည်း သူတို့သည်) ကရုဏာ‌တော်မှ ကင်း‌ဝေး‌စေခြင်းခံကြရသူများအဖြစ် (‌နေကြရသည့်အပြင်) မည်သည့်‌နေရာ၌မဆို ‌တွေ့ရှိခဲ့ကြလျှင်လည်း သူတို့သည် ဖမ်းဆီးခြင်းခံကြရမည်ဖြစ်သည်။ ထို့ပြင် သူတို့သည် ပြင်းထန်စွာ သတ်ဖြတ်ခြင်းကို ခံကြရမည်ဖြစ်သည်။ سُنَّةَ ٱللَّهِ فِي ٱلَّذِينَ خَلَوۡاْ مِن قَبۡلُۖ وَلَن تَجِدَ لِسُنَّةِ ٱللَّهِ تَبۡدِيلًا ٦٢(ဤသည်) ယခင် လွန်ခဲ့သည့်သူများနှင့်ပတ်သက်‌သော အလ္လာဟ်အရှင်မြတ်၏ လုပ်ထုံးလုပ်နည်းပင် ဖြစ်သည်။ ထို့ပြင် အသင်သည် အလ္လာဟ်အရှင်မြတ်၏ လုပ်ထုံးလုပ်နည်း‌တော်တွင် မည်သည့်‌ပြောင်းလဲမှုကိုမှ လုံးဝ‌တွေ့ရမည်မဟုတ်‌ပေ။ يَسۡـَٔلُكَ ٱلنَّاسُ عَنِ ٱلسَّاعَةِۖ قُلۡ إِنَّمَا عِلۡمُهَا عِندَ ٱللَّهِۚ وَمَا يُدۡرِيكَ لَعَلَّ ٱلسَّاعَةَ تَكُونُ قَرِيبًا ٦٣ကိယာမသ် ကမာ္ဘပျက်မည့်‌နေ့ ရှင်ပြန်ထမည့်‌နေ့နှင့်ပတ်သက်၍ လူများက အသင့်အား ‌မေးမြန်းကြသည်။ (အို- တမန်‌တော်)အသင်‌ပြောလိုက်ပါ- ထို‌နေ့၏အသိသည် အလ္လာဟ်အရှင်မြတ်၌ပင် ရှိသည်။ အသင် မည်သို့ သိမည်နည်း၊ ထိုကိယာမသ်သည် နီး‌နေသည်လည်း ဖြစ်နိုင်သည်။ إِنَّ ٱللَّهَ لَعَنَ ٱلۡكَٰفِرِينَ وَأَعَدَّ لَهُمۡ سَعِيرًا ٦٤အမှန်စင်စစ် အလ္လာဟ်အရှင်မြတ်သည် ကာဖိရ်များအား ကရုဏာ‌တော်မှ ကင်း‌ဝေး‌စေ‌တော်မူခဲ့သည်။ ထို့ပြင် အရှင်မြတ်သည် သူတို့အတွက် မီး‌တောက်မီးလျှံကို အဆင်သင့် ပြုလုပ်ထား‌တော်မူသည်။ خَٰلِدِينَ فِيهَآ أَبَدًاۖ لَّا يَجِدُونَ وَلِيًّا وَلَا نَصِيرًا ٦٥သူတို့သည် ထိုမီးထဲတွင် အမြဲ‌နေကြရမည်။ သူတို့သည် မည်သည့်‌စောင့်‌ရှောက်သူကိုမှ ‌တွေ့ရမည်မဟုတ်‌ပေ။ မည်သည့်ကာကွယ်‌ပေးမည့်သူကိုမှလည်း ‌တွေ့ရမည်မဟုတ်‌ပေ။ يَوۡمَ تُقَلَّبُ وُجُوهُهُمۡ فِي ٱلنَّارِ يَقُولُونَ يَٰلَيۡتَنَآ أَطَعۡنَا ٱللَّهَ وَأَطَعۡنَا ٱلرَّسُولَا۠ ٦٦သူတို့၏မျက်နှာများသည် မီးထဲတွင် (အ‌နေအထားအမျိုးမျိုးနှင့်) လှည့်‌ပြောင်းခံကြရ‌သော‌နေ့တွင် သူတို့က ‌ပြောဆိုကြမည်- “‌ဪ- ငါတို့သည် အလ္လာဟ်အရှင်မြတ်၏အမိန့်‌တော်ကို လိုက်နာခဲ့ကြလျှင်၊ ထို့ပြင် တမန်‌တော်၏အမိန့်ကို လိုက်နာခဲ့ကြလျှင် အဘယ်မျှ ‌ကောင်းလိုက်မည်နည်း။“ وَقَالُواْ رَبَّنَآ إِنَّآ أَطَعۡنَا سَادَتَنَا وَكُبَرَآءَنَا فَأَضَلُّونَا ٱلسَّبِيلَا۠ ٦٧ထို့ပြင် သူတို့က ‌ပြောဆိုကြဦးမည်- “အို- ကျွန်ုပ်တို့အား ဖန်ဆင်း‌မွေးမြူ‌တော်မူ‌သောအရှင်မြတ်၊ အမှန်စင်စစ် ကျွန်ုပ်တို့သည် ကျွန်ုပ်တို့၏‌ခေါင်း‌ဆောင်များနှင့် ကျွန်ုပ်တို့၏အကြီးအကဲများ၏စကားကို နား‌ထောင်လိုက်နာမိခဲ့ကြပါသည်။ သူတို့သည် ကျွန်ုပ်တို့အား လမ်းလွဲ‌စေခဲ့ကြပါသည်။“ رَبَّنَآ ءَاتِهِمۡ ضِعۡفَيۡنِ مِنَ ٱلۡعَذَابِ وَٱلۡعَنۡهُمۡ لَعۡنًا كَبِيرًا ٦٨“အို- ကျွန်ုပ်တို့အား ဖန်ဆင်း‌မွေးမြူ‌တော်မူ‌သောအရှင်မြတ်၊ အရှင်မြတ်သည် သူတို့အား ပြစ်ဒဏ်နှစ်ဆ ‌ပေး‌တော်မူပါ။ ထို့ပြင် အရှင်မြတ်သည် သူတို့အား ကရုဏာ‌တော်မှ ကြီးကျယ်စွာ ‌ဝေးကွာ‌စေ‌တော်မူပါ။“ يَٰٓأَيُّهَا ٱلَّذِينَ ءَامَنُواْ لَا تَكُونُواْ كَٱلَّذِينَ ءَاذَوۡاْ مُوسَىٰ فَبَرَّأَهُ ٱللَّهُ مِمَّا قَالُواْۚ وَكَانَ عِندَ ٱللَّهِ وَجِيهًا ٦٩အို- အီမာန်ယုံကြည်သူအ‌ပေါင်းတို့၊ အသင်တို့သည် အကြင်သူများကဲ့သို့ မဖြစ်ကြနှင့်။ ထိုသူများသည် (တမန်‌တော်)မူစာကို စိတ်ဒုက္ခ‌ပေးခဲ့ကြသည်။ ထို့‌နောက် အလ္လာဟ်အရှင်မြတ်သည် ၎င်း(တမန်‌တော်မူစာ)ကို သူတို့၏‌ပြောဆိုစွပ်စွဲမှုများမှ အပြစ်ကင်း‌ကြောင်း ထင်ရှား‌စေ‌တော်မူခဲ့သည်။ ထို့ပြင် ၎င်း(တမန်‌တော်မူစာ)သည် အလ္လာဟ်အရှင်မြတ်ထံ‌တော်တွင် ဂုဏ်ရှိသည့်သူဖြစ်သည်။ يَٰٓأَيُّهَا ٱلَّذِينَ ءَامَنُواْ ٱتَّقُواْ ٱللَّهَ وَقُولُواْ قَوۡلًا سَدِيدًا ٧٠အို- အီမာန်ယုံကြည်သူအ‌ပေါင်းတို့၊ အသင်တို့သည် အလ္လာဟ်အရှင်မြတ်အား ‌ကြောက်ရွံ့ကြပါ။ ထို့ပြင် အသင်တို့သည် ‌ဖြောင့်မတ်မှန်ကန်‌သော စကားကို ‌ပြောဆိုကြပါ။ يُصۡلِحۡ لَكُمۡ أَعۡمَٰلَكُمۡ وَيَغۡفِرۡ لَكُمۡ ذُنُوبَكُمۡۗ وَمَن يُطِعِ ٱللَّهَ وَرَسُولَهُۥ فَقَدۡ فَازَ فَوۡزًا عَظِيمًا ٧١အရှင်မြတ်သည် အသင်တို့အတွက် အသင်တို့၏လုပ်ရပ်များကို ပြုပြင်‌ပေးသနား‌တော်မူမည်။ ထို့ပြင် အရှင်မြတ်သည် အသင်တို့အတွက် အသင်တို့၏ မ‌ကောင်းမှုအပြစ်များကို ခွင့်လွှတ်‌တော်မူမည်။ ထို့ပြင် မည်သူမဆို အလ္လာဟ်အရှင်မြတ်၏အမိန့်‌တော်နှင့် အရှင်မြတ်၏တမန်‌တော့်အမိန့်‌တော်ကို လိုက်နာလျှင် အမှန်စင်စစ် ထိုသူသည် ကြီးကျယ်စွာ ‌အောင်မြင်သွားပြီဖြစ်သည်။ إِنَّا عَرَضۡنَا ٱلۡأَمَانَةَ عَلَى ٱلسَّمَٰوَٰتِ وَٱلۡأَرۡضِ وَٱلۡجِبَالِ فَأَبَيۡنَ أَن يَحۡمِلۡنَهَا وَأَشۡفَقۡنَ مِنۡهَا وَحَمَلَهَا ٱلۡإِنسَٰنُۖ إِنَّهُۥ كَانَ ظَلُومًا جَهُولًا ٧٢အမှန်စင်စစ် ငါအရှင်မြတ်သည် တာဝန်‌ပေးအပ်မှုကို မိုး‌ကောင်းကင်များ‌ရှေ့၌၊ ၎င်းပြင် ‌မြေပထဝီ‌ရှေ့၌၊ ၎င်းပြင် ‌တောင်များ‌ရှေ့၌ ‌ဖော်ပြ‌တော်မူခဲ့သည့်အတွက် သူတို့က ထိုတာဝန်ကို တာဝန်ယူခြင်းမှ ငြင်းဆန်ခဲ့ကြသည်။ ထို့ပြင် ထိုတာဝန်ကို ထမ်း‌ဆောင်ရန် ‌ကြောက်ရွံ့စိုးရိမ်ခဲ့ကြသည်။ ထို‌နောက် လူသားက ထိုတာဝန်ကို ထမ်း‌ဆောင်ခဲ့သည်။ အမှန်ပင် လူသားသည် အလွန်ရက်စက်သူ၊ အလွန်အသိတရား ‌ခေါင်းပါးသူပင်ဖြစ်သည်။ لِّيُعَذِّبَ ٱللَّهُ ٱلۡمُنَٰفِقِينَ وَٱلۡمُنَٰفِقَٰتِ وَٱلۡمُشۡرِكِينَ وَٱلۡمُشۡرِكَٰتِ وَيَتُوبَ ٱللَّهُ عَلَى ٱلۡمُؤۡمِنِينَ وَٱلۡمُؤۡمِنَٰتِۗ وَكَانَ ٱللَّهُ غَفُورًا رَّحِيمَۢا ٧٣(ထိုတာဝန်ကို လူသားအား ‌ပေးရသည့်အ‌ကြောင်းကမူ) အလ္လာဟ်အရှင်မြတ်သည် မုနာဖိက်အ‌ယောင်‌ဆောင် ‌ယောက်ျား၊မိန်းမများနှင့် မုရှ်ရိက်‌ယောက်ျား၊ မိန်းမများကို ပြစ်ဒဏ်‌ပေး‌တော်မူရန်အတွက်နှင့် အလ္လာဟ်အရှင်မြတ်သည် အီမာန်ယုံကြည်သူ ‌ယောက်ျား၊မိန်းမတို့၏‌သောင်ဗဟ်ကို လက်ခံပြီး ရဟ်မသ်ဖြင့်လှည့်ကာ ခွင့်လွှတ်‌တော်မူရန်အတွက်ဖြစ်သည်။ ထို့ပြင် အလ္လာဟ်အရှင်မြတ်သည် အလွန် လွတ်ငြိမ်းချမ်းသာခွင့်‌ပေး‌တော်မူ‌သောအရှင်၊ အလွန် သနားကြင်နာ‌တော်မူ‌သောအရှင်ဖြစ်‌တော်မူသည်။

الترجمة: Hashim Tin Myint.