بِسۡمِ ٱللَّهِ ٱلرَّحۡمَٰنِ ٱلرَّحِيمِ
الٓرۚ تِلۡكَ ءَايَٰتُ ٱلۡكِتَٰبِ وَقُرۡءَانٍ مُّبِينٍ ١အလိဖ် လာမ် ရာ။ ဤသည် ကျမ်းဂန်၏ အာယသ်တော်များဖြစ်ပြီး ထင်ရှားသော ကုရ်အာန်ကျမ်းတော်မြတ်၏ အာယသ်တော်များလည်းဖြစ်သည်။ رُّبَمَا يَوَدُّ ٱلَّذِينَ كَفَرُواْ لَوۡ كَانُواْ مُسۡلِمِينَ ٢ကာဖိရ်ငြင်းပယ်သူများက (ကိယာမသ်နေ့တွင်) အကယ်၍ သူတို့သည် မွတ်စ်လင်မ်များဖြစ်ခဲ့ကြလျှင် ကောင်းလေစွဟု အကြိမ်ကြိမ် တောင့်တကြလိမ့်မည်။ ذَرۡهُمۡ يَأۡكُلُواْ وَيَتَمَتَّعُواْ وَيُلۡهِهِمُ ٱلۡأَمَلُۖ فَسَوۡفَ يَعۡلَمُونَ ٣အသင်သည် သူတို့အား လွှတ်ထားလိုက်ပါ။ သူတို့သည် စားပါစေ၊ အကျိုးခံစားပါစေ၊ (သူတို့၏)မျှော်လင့်ချက်များက သူတို့အား နစ်မွန်းနေအောင် လုပ်ပါစေ။ မကြာမီ သူတို့သည် သိကြရလိမ့်မည်။ وَمَآ أَهۡلَكۡنَا مِن قَرۡيَةٍ إِلَّا وَلَهَا كِتَابٌ مَّعۡلُومٌ ٤ထို့ပြင် ငါအရှင်မြတ်သည် မည်သည့်မြို့ရွာကိုမှ ထိုမြို့ရွာနှင့်ပတ်သက်၍ သတ်မှတ်ထားသောအချိန်(ဆိုက်ရောက်ခြင်း)မရှိဘဲ ဖျက်ဆီးတော်မမူခဲ့ပေ။ مَّا تَسۡبِقُ مِنۡ أُمَّةٍ أَجَلَهَا وَمَا يَسۡتَـٔۡخِرُونَ ٥မည်သည့်လူမျိုးမှ သူတို့၏အချိန်ထက်စောပြီး သွားနိုင်ကြမည် မဟုတ်ပေ၊ ထို့ပြင် နောက်ဆိုင်း၍လည်း နေနိုင်ကြမည် မဟုတ်ပေ။ وَقَالُواْ يَٰٓأَيُّهَا ٱلَّذِي نُزِّلَ عَلَيۡهِ ٱلذِّكۡرُ إِنَّكَ لَمَجۡنُونٌ ٦ထို့ပြင် သူတို့က(အသင့်အား)- “အို- ကျမ်းစာချပေးခြင်းခံရသူ၊ စင်စစ် အသင်သည် အရှုးပင်ဖြစ်သည်“ဟု ပြောဆိုကြသည်။ لَّوۡمَا تَأۡتِينَا بِٱلۡمَلَٰٓئِكَةِ إِن كُنتَ مِنَ ٱلصَّٰدِقِينَ ٧“အကယ်၍ အသင်သည် မှန်ကန်စွာ ပြောဆိုသူဖြစ်လျှင် အဘယ့်အတွက်ကြောင့် အသင်သည် ကောင်းကင်တမန်များကို ကျွန်ုပ်တို့ထံ ခေါ်မလာသနည်း။“ مَا نُنَزِّلُ ٱلۡمَلَٰٓئِكَةَ إِلَّا بِٱلۡحَقِّ وَمَا كَانُوٓاْ إِذًا مُّنظَرِينَ ٨ငါအရှင်မြတ်သည် မှန်ကန်သော(ဆုံးဖြတ်ချက်)မရှိဘဲ ကောင်းကင်တမန်များအား ချပေးတော်မမူပေ။ ထို့ပြင် သူတို့သည် ထို(ကောင်းကင်တမန်များ ရောက်လာသော)အခါ ဆိုင်းငံ့ခွင့် ပေးခံရမည်မဟုတ်တော့ပေ။ إِنَّا نَحۡنُ نَزَّلۡنَا ٱلذِّكۡرَ وَإِنَّا لَهُۥ لَحَٰفِظُونَ ٩အမှန်စင်စစ် ငါအရှင်မြတ်သည်ပင် ထိုဆုံးမဩဝါဒ(ကုရ်အာန်ကျမ်းတော်မြတ်)ကို ချပေးတော်မူခဲ့သည်။ ထို့နောက် အမှန်စင်စစ် ငါအရှင်မြတ်သည်ပင် ထိုဆုံးမဩဝါဒကို ထိန်းသိမ်းစောင့်ရှောက်တော်မူမည့်အရှင် အမှန်ပင်ဖြစ်တော်မူသည်။ وَلَقَدۡ أَرۡسَلۡنَا مِن قَبۡلِكَ فِي شِيَعِ ٱلۡأَوَّلِينَ ١٠ထို့ပြင် အမှန်စင်စစ် ငါအရှင်မြတ်သည် အသင်၏မတိုင်မီ အုပ်စုများတွင်လည်း (တမန်တော်များ)စေလွှတ်တော်မူခဲ့သည်။ وَمَا يَأۡتِيهِم مِّن رَّسُولٍ إِلَّا كَانُواْ بِهِۦ يَسۡتَهۡزِءُونَ ١١ထို့ပြင် သူတို့ထံသို့ တမန်တော်တစ်ပါးပါးရောက်လာတိုင်း သူတို့သည် ထိုတမန်တော်ကို ပြောင်လှောင်လေ့ရှိခဲ့ကြသည်။ كَذَٰلِكَ نَسۡلُكُهُۥ فِي قُلُوبِ ٱلۡمُجۡرِمِينَ ١٢ဤသို့ပင် ငါအရှင်မြတ်သည် အပြစ်ကျူးလွန်သူများ၏ စိတ်နှလုံးများထဲ၍ ထို(ပြောင်လှောင်မှု)ကို ထည့်ပေးတော်မူသည်။ لَا يُؤۡمِنُونَ بِهِۦ وَقَدۡ خَلَتۡ سُنَّةُ ٱلۡأَوَّلِينَ ١٣(သို့ဖြစ်ရာ) သူတို့သည် ထို(ကုရ်အာန်ကျမ်းတော်မြတ်)ကို မယုံကြည်ကြပေ။ ထို့နောက် ရှေးဟောင်းလူများ၏ အစဉ်အလာသည်လည်း အမှန်စင်စစ် (ဤအတိုင်းပင်)ကုန်လွန်ပြီးဖြစ်သည်။ وَلَوۡ فَتَحۡنَا عَلَيۡهِم بَابًا مِّنَ ٱلسَّمَآءِ فَظَلُّواْ فِيهِ يَعۡرُجُونَ ١٤ထို့ပြင် အကယ်၍ ငါအရှင်မြတ်သည် သူတို့အပေါ်တွင် မိုးကောင်းကင်တံခါးပေါက်တစ်စုံတစ်ခုကို ဖွင့်ပေးတော်မူခဲ့လျှင် ၎င်းနောက် သူတို့သည် နေ့ခင်းကြောင်တောင်၌ ထိုတံခါးပေါက်မှ တက်သွားခဲ့ကြမည်ဆိုလျှင်လည်း။ لَقَالُوٓاْ إِنَّمَا سُكِّرَتۡ أَبۡصَٰرُنَا بَلۡ نَحۡنُ قَوۡمٌ مَّسۡحُورُونَ ١٥“ကျွန်ုပ်တို့၏မျက်စိများသည် (လှည့်စား)ပိတ်ဆို့ထားခြင်းကို ခံလိုက်ကြရပြီဖြစ်သည်။ အမှန်စင်စစ် ကျွန်ုပ်တို့သည် စုန်းပြူးစားခြင်းကို ခံခဲ့ကြရသော လူများပင်ဖြစ်ကြသည်“*ဟု သူတို့က ပြောဆိုကြမည် အမှန်ပင်။ وَلَقَدۡ جَعَلۡنَا فِي ٱلسَّمَآءِ بُرُوجًا وَزَيَّنَّٰهَا لِلنَّٰظِرِينَ ١٦ထို့ပြင် အမှန်စင်စစ် ငါအရှင်မြတ်သည် မိုးကောင်းကင်တွင် ကြယ်များကို ပြုလုပ်တော်မူပြီး ထိုမိုးကို ကြည့်ရှုသူများအတွက် မျက်စိကြည်နူးမှု ဖြစ်စေတော်မူခဲ့သည်။ وَحَفِظۡنَٰهَا مِن كُلِّ شَيۡطَٰنٍ رَّجِيمٍ ١٧ထို့ပြင် ငါအရှင်မြတ်သည် ထိုမိုးကို နှင်ထုတ်ခြင်းခံရသော ရှိုင်သွာန်တိုင်းမှ ထိန်းသိမ်းစောင့်ရှောက်တော်မူသည်။ إِلَّا مَنِ ٱسۡتَرَقَ ٱلسَّمۡعَ فَأَتۡبَعَهُۥ شِهَابٌ مُّبِينٌ ١٨သို့ရာတွင် မည်သည့်ရှိုင်သွာန်မဆို လျှို့ဝှက်(စကားကိုခိုး)နားထောင်ခဲ့လျှင် ထို(သို့ နားထောင်သည့်)အတွက် လင်းဝင်သော မီးတောက်မီးလျှံသည် သူ၏နောက်သို့ လိုက်တော့သည်။ وَٱلۡأَرۡضَ مَدَدۡنَٰهَا وَأَلۡقَيۡنَا فِيهَا رَوَٰسِيَ وَأَنۢبَتۡنَا فِيهَا مِن كُلِّ شَيۡءٍ مَّوۡزُونٍ ١٩ထို့ပြင် ငါအရှင်မြတ်သည် မြေပထဝီကို ဖြန့်ခင်းတော်မူပြီး ထိုအပေါ်တွင် (လေးလံသော)တောင်ကြီးများကို စိုက်ထားတော်မူသည်။ ထို့ပြင် ငါအရှင်မြတ်သည် ထိုမြေပထဝီတွင် သတ်မှတ်ထားသည့်အရာတိုင်းကို ပေါက်ရောက်ဖြစ်ထွန်းစေတော်မူသည်။ وَجَعَلۡنَا لَكُمۡ فِيهَا مَعَٰيِشَ وَمَن لَّسۡتُمۡ لَهُۥ بِرَٰزِقِينَ ٢٠ထို့ပြင် ငါအရှင်မြတ်သည် ထိုမြေပထဝီတွင် အသင်တို့အတွက်နှင့် အသင်တို့ စရိတ်မထောက်ပံ့သောသူများ(တိရစာ္ဆန်)အတွက် အသက်မွေးဝမ်းကျောင်းမှုများကို ပြုလုပ်ထားတော်မူသည်။ وَإِن مِّن شَيۡءٍ إِلَّا عِندَنَا خَزَآئِنُهُۥ وَمَا نُنَزِّلُهُۥٓ إِلَّا بِقَدَرٍ مَّعۡلُومٍ ٢١ထို့ပြင် မည်သည့်အရာမဆို ငါအရှင်မြတ်ထံတော်၌ ထိုအရာများ၏စုပုံထားမှု (ဘဏ္ဍာများသည် ပြည့်လျှံလျက်)ရှိသည်။ ထို့နောက် ငါအရှင်မြတ်သည် ထိုအရာများကို သတ်မှတ်ထားသည့် အတိုင်းအတာနှင့် ချိန်ဆပြီးနောက် ချပေးခြင်းဖြစ်သည်။ وَأَرۡسَلۡنَا ٱلرِّيَٰحَ لَوَٰقِحَ فَأَنزَلۡنَا مِنَ ٱلسَّمَآءِ مَآءً فَأَسۡقَيۡنَٰكُمُوهُ وَمَآ أَنتُمۡ لَهُۥ بِخَٰزِنِينَ ٢٢ထို့ပြင် ငါအရှင်မြတ်သည် ရေများသယ်ဆောင်လာသောလေများကို စေလွှတ်တော်မူခဲ့သည်။ ၎င်းနောက် အရှင်မြတ်သည် မိုးကောင်းကင်မှ မိုးရေကို ရွာသွန်းစေတော်မူခဲ့သည်။ ၎င်းနောက် အသင်တို့သည် ထိုရေကိုစုဆောင်းထားသူများ မဟုတ်ကြပါဘဲလျက်* ငါအရှင်မြတ်သည် အသင်တို့အား ထိုရေကို တိုက်ကျွေးတော်မူခဲ့သည်။ وَإِنَّا لَنَحۡنُ نُحۡيِۦ وَنُمِيتُ وَنَحۡنُ ٱلۡوَٰرِثُونَ ٢٣ထို့ပြင် အမှန်စင်စစ် ငါအရှင်မြတ်သည် ရှင်စေတော်မူသည်၊ ၎င်းနောက် ငါအရှင်မြတ်သည်ပင် သေစေတော်မူသည်။ ၎င်းနောက် ငါအရှင်မြတ်သည်ပင် (အမြဲကျန်နေမည့်) အမွေစားအမွေခံဖြစ်တော်မူသည်။ وَلَقَدۡ عَلِمۡنَا ٱلۡمُسۡتَقۡدِمِينَ مِنكُمۡ وَلَقَدۡ عَلِمۡنَا ٱلۡمُسۡتَـٔۡخِرِينَ ٢٤ထို့ပြင် အမှန်စင်စစ် ငါအရှင်မြတ်သည် အသင်တို့ထဲမှ ယခင်က လူများကိုလည်း သိတော်မူသည်၊ ၎င်းနောက် အသင်တို့ထဲမှ နောင်လာမည့်သူများကိုလည်း သိတော်မူသည်။ وَإِنَّ رَبَّكَ هُوَ يَحۡشُرُهُمۡۚ إِنَّهُۥ حَكِيمٌ عَلِيمٌ ٢٥ထို့ပြင် အမှန်စင်စစ် အသင့်အား ဖန်ဆင်းမွေးမြူတော်မူသောအရှင်မြတ်သည် သူတို့အား (ကိယာမသ်နေ့တွင်) စုရုံးစေတော်မူမည်။* အမှန်စင်စစ် အလ္လာဟ်အရှင်မြတ်သည် ပညာဉာဏ်အမြော်အမြင်နှင့် အလွန်ပြည့်စုံတော်မူသောအရှင်၊ အကြွင်းမဲ့သိတော်မူသောအရှင် ဖြစ်တော်မူသည်။ وَلَقَدۡ خَلَقۡنَا ٱلۡإِنسَٰنَ مِن صَلۡصَٰلٍ مِّنۡ حَمَإٍ مَّسۡنُونٍ ٢٦ထို့ပြင် အမှန်ပင် ငါအရှင်မြတ်သည် လူသားအား ပုံသွင်းထားသော အသံမြည်သည့် ရွှံ့ခြောက်နှင့် ဖန်ဆင်းတော်မူခဲ့သည်။ وَٱلۡجَآنَّ خَلَقۡنَٰهُ مِن قَبۡلُ مِن نَّارِ ٱلسَّمُومِ ٢٧ထို့ပြင် ဂျင်န်သတ္တဝါကို (လူသား မဖန်ဆင်းမီ)ယခင်က အလွန်ပူပြင်းသော မီးနှင့် ဖန်ဆင်းတော်မူခဲ့သည်။ وَإِذۡ قَالَ رَبُّكَ لِلۡمَلَٰٓئِكَةِ إِنِّي خَٰلِقُۢ بَشَرًا مِّن صَلۡصَٰلٍ مِّنۡ حَمَإٍ مَّسۡنُونٍ ٢٨ထို့ပြင် တစ်ခါက အသင့်အား ဖန်ဆင်းမွေးမြူတော်မူသောအရှင်မြတ်သည် ကောင်းကင်တမန်များကို မိန့်ကြားတော်မူခဲ့သည်။ အမှန်စင်စစ် ငါအရှင်မြတ်သည် လူသားအား ပုံသွင်းထားသော အသံမြည်သည့် ရွှံ့ခြောက်နှင့် ဖန်ဆင်းတော်မူမည်။ فَإِذَا سَوَّيۡتُهُۥ وَنَفَخۡتُ فِيهِ مِن رُّوحِي فَقَعُواْ لَهُۥ سَٰجِدِينَ ٢٩၎င်းနောက် ငါအရှင်မြတ်သည် ထိုမြေရုပ်ကို ပြီးစီးအောင်ပြုလုပ်၍ ၎င်းထဲသို့ အရှင်မြတ်ထံတော်မှ ဝိညာဉ်ကို မှုတ်ထည့်တော်မူသောအခါ အသင်တို့သည် ထိုလူသားရှေ့၌ ပျပ်ဝပ်ဦးချကြလော့။ فَسَجَدَ ٱلۡمَلَٰٓئِكَةُ كُلُّهُمۡ أَجۡمَعُونَ ٣٠သို့ဖြစ်ရာ ကောင်းကင်တမန်အားလုံးတို့သည် စဂျ်ဒဟ်ဦးချခဲ့ကြသည်။ إِلَّآ إِبۡلِيسَ أَبَىٰٓ أَن يَكُونَ مَعَ ٱلسَّٰجِدِينَ ٣١အိဗ်လီစ်မှလွဲ၍၊ သူကမူ စဂ်ျဒဟ်ဦးချသူများထဲ၌ အပါအဝင်ဖြစ်ရန် ငြင်းပယ်ခဲ့သည်။ قَالَ يَٰٓإِبۡلِيسُ مَا لَكَ أَلَّا تَكُونَ مَعَ ٱلسَّٰجِدِينَ ٣٢အရှင်မြတ်က အမိန့်ရှိတော်မူသည်၊ အို- အိဗ်လီစ်၊ အသင်သည် ဦးချသောသူများထဲ၌ အပါအဝင်မဖြစ်ရန် အသင့်တွင် မည်သည့်အကြောင်းရှိသနည်း။ قَالَ لَمۡ أَكُن لِّأَسۡجُدَ لِبَشَرٍ خَلَقۡتَهُۥ مِن صَلۡصَٰلٍ مِّنۡ حَمَإٍ مَّسۡنُونٍ ٣٣သူ(အိဗ်လီစ်)ကလျှောက်ထားသည်- “ကျွန်ုပ်သည် အရှင်မြတ်က ပုံသွင်းထားသော အသံမြည်သည့် ရွှံ့နှင့် ဖန်ဆင်းတော်မူခဲ့သော လူသားကို ဦးချမည် မဟုတ်ပေ“။ قَالَ فَٱخۡرُجۡ مِنۡهَا فَإِنَّكَ رَجِيمٌ ٣٤အရှင်မြတ်က မိန့်ကြားတော်မူသည်- သို့ဖြစ်လျှင် အသင်သည် ဤကောင်းကင်ဘုံမှ ထွက်သွားလိုက်ပါ။ အမှန်စင်စစ် အသင်သည် နှင်ထုတ်ခံရသောသူပင်ဖြစ်သည်။ وَإِنَّ عَلَيۡكَ ٱللَّعۡنَةَ إِلَىٰ يَوۡمِ ٱلدِّينِ ٣٥ထို့ပြင် အမှန်စင်စစ် ကရုဏာတော်မှ ကင်းဝေးခြင်းသည် အစားပေးမည့်နေ့အထိ အသင့်အပေါ်တွင် ရှိလိမ့်မည်။ قَالَ رَبِّ فَأَنظِرۡنِيٓ إِلَىٰ يَوۡمِ يُبۡعَثُونَ ٣٦အိဗ်လီစ်ကပြောသည်- အို- ကျွန်ုပ်အား ဖန်ဆင်းမွေးမြူတော်မူသောအရှင်၊ သို့ဖြစ်လျှင် အရှင်မြတ်သည် ကျွန်ုပ်ကို ရှင်ပြန်ထမည့်နေ့ထိ (သေခြင်းနှင့် ပြစ်ဒဏ်ခတ်ခြင်းမှ)ဆိုင်းငံ့ထားပေးတော်မူပါ။ قَالَ فَإِنَّكَ مِنَ ٱلۡمُنظَرِينَ ٣٧အရှင်မြတ်က မိန့်ကြားတော်မူသည်- သို့ဖြစ်ရာ အမှန်ပင် အသင်သည် ဆိုင်းငံ့ခြင်းခံရသူများထဲမှ တစ်ဦးဖြစ်သည်။ إِلَىٰ يَوۡمِ ٱلۡوَقۡتِ ٱلۡمَعۡلُومِ ٣٨သတ်မှတ်ထားပြီးဖြစ်သော အချိန်ကာလအထိဖြစ်သည်။ قَالَ رَبِّ بِمَآ أَغۡوَيۡتَنِي لَأُزَيِّنَنَّ لَهُمۡ فِي ٱلۡأَرۡضِ وَلَأُغۡوِيَنَّهُمۡ أَجۡمَعِينَ ٣٩အိဗ်လီစ်ကပြောသည်- အို- ကျွန်ုပ်အား ဖန်ဆင်းမွေးမြူတော်မူသောအရှင်၊ အရှင်မြတ်သည် ကျွန်ုပ်ကို လမ်းလွဲစေတော်မူခဲ့ပြီဖြစ်သည့်အတွက် အမှန်ပင် ကျွန်ုပ်သည် လောကတွင် လူသားများ၏အမြင်၌ (မကောင်းမှုများကို) လှပတင့်တယ်အောင် တန်ဆာဆင်လိုက်ပါမည်။ ၎င်းနောက် အမှန်ပင် သူတို့အားလုံးကို လမ်းလွဲအောင်ပြုလုပ်ပါမည်။ إِلَّا عِبَادَكَ مِنۡهُمُ ٱلۡمُخۡلَصِينَ ٤٠သို့ရာတွင် သူတို့ထဲမှ (အရှင်မြတ်၏)ရွေးချယ်ခံရသောကျွန်များကိုမူ (လမ်းလွဲအောင် မလုပ်နိုင်ပါ)။ قَالَ هَٰذَا صِرَٰطٌ عَلَيَّ مُسۡتَقِيمٌ ٤١အရှင်မြတ်က အမိန့်ရှိတော်မူသည်- ဤသည် ငါအရှင်မြတ်ထံတော်သို့ (ရောက်စေမည့်)ဖြောင့်မတ်သောလမ်းပင်ဖြစ်သည်။ إِنَّ عِبَادِي لَيۡسَ لَكَ عَلَيۡهِمۡ سُلۡطَٰنٌ إِلَّا مَنِ ٱتَّبَعَكَ مِنَ ٱلۡغَاوِينَ ٤٢အမှန်စင်စစ် ငါအရှင်မြတ်၏ကျွန်များအပေါ်တွင် အသင့်အတွက် လွှမ်းမိုးမှုရရှိမည် မဟုတ်ပေ။ သို့ရာတွင် လမ်းလွဲသောသူများထဲမှ အသင့်နောက်ကို လိုက်သောသူများအပေါ်တွင်သာ (အသင်၏အာဏာ တည်ရှိမည်)။ وَإِنَّ جَهَنَّمَ لَمَوۡعِدُهُمۡ أَجۡمَعِينَ ٤٣၎င်းနောက် အမှန်စင်စစ် ဂျဟန္နမ်ငရဲဘုံသည် သူတို့အားလုံး၏ သတ်မှတ်ပြီးဖြစ်သော ဌာနပင်ဖြစ်သည်။ لَهَا سَبۡعَةُ أَبۡوَٰبٍ لِّكُلِّ بَابٍ مِّنۡهُمۡ جُزۡءٌ مَّقۡسُومٌ ٤٤ထိုငရဲဘုံတွင် တံခါးပေါက်ခုနစ်ပေါက်ရှိပြီး* တံခါးပေါက်တိုင်းအတွက် အိဗ်လီစ်၏နောက်လိုက်သားများထဲမှ (လူများအတွက်)ခွဲဝေထားသော ဝေစုရှိသည်။ إِنَّ ٱلۡمُتَّقِينَ فِي جَنَّٰتٍ وَعُيُونٍ ٤٥အမှန်စင်စစ် ကြောက်ရွံ့အပြစ်ရှောင် ကောင်းကျိုးဆောင်သူများကမူ* ဥယျာဉ်များနှင့် စမ်းချောင်းများတွင် ရှိနေကြမည်။ ٱدۡخُلُوهَا بِسَلَٰمٍ ءَامِنِينَ ٤٦(ကိယာမသ်နေ့တွင် သူတို့သည် ဤသို့ မိန့်ကြားခံကြရမည်) “အသင်တို့သည် ထိုဥယျာဉ်များထဲသို့ ငြိမ်းချမ်းမှုဖြင့် ဘေးကင်းစွာ ဝင်ရောက်ကြပါ။“ وَنَزَعۡنَا مَا فِي صُدُورِهِم مِّنۡ غِلٍّ إِخۡوَٰنًا عَلَىٰ سُرُرٍ مُّتَقَٰبِلِينَ ٤٧ထို့ပြင် ငါအရှင်မြတ်သည် သူတို့၏စိတ်နှလုံးများထဲ၌ (ကျန်)ရှိနေသေးသော ရန်ငြိုးကို ထုတ်ပစ်တော်မူမည်။ (သူတို့သည်)မြင့်မားသောထိုင်ခုံများပေါ်၌ မျက်နှာချင်းဆိုင်(ထိုက်ပြီး) ညီရင်းအစ်ကိုများ ဖြစ်နေကြမည်။ لَا يَمَسُّهُمۡ فِيهَا نَصَبٌ وَمَا هُم مِّنۡهَا بِمُخۡرَجِينَ ٤٨သူတို့(သုခဘုံသားများ)အပေါ်တွင် ထို(သုခဘုံ)ထဲ၌ မည်သည့် ဒုက္ခပင်ပန်းမှုမှ သက်ရောက်မည် မဟုတ်ပေ။ ထို့နောက် သူတို့သည် ၎င်းထဲမှ နှင်ထုတ်ခံရမည်လည်း မဟုတ်ပေ။ ۞ نَبِّئۡ عِبَادِيٓ أَنِّيٓ أَنَا ٱلۡغَفُورُ ٱلرَّحِيمُ ٤٩အသင်(တမန်တော်)သည် ငါအရှင်မြတ်၏ကျွန်များအား ပြောလိုက်ပါ- အမှန်စင်စစ် ငါအရှင်မြတ်သည် အလွန်လွတ်ငြိမ်းချမ်းသာခွင့်ပေးတော်မူသောအရှင်၊ အလွန်သနားကြင်နာတော်မူသောအရှင် ဖြစ်တော်မူသည်။ ۞ وَأَنَّ عَذَابِي هُوَ ٱلۡعَذَابُ ٱلۡأَلِيمُ ٥٠ထို့ပြင် အမှန်စင်စစ် ငါအရှင်မြတ်၏ အပြစ်ဒဏ်သည်လည်း အလွန်ပြင်းထန်သော အပြစ်ဒဏ်ဖြစ်သည်။ وَنَبِّئۡهُمۡ عَن ضَيۡفِ إِبۡرَٰهِيمَ ٥١ထို့ပြင် အသင်(တမန်တော်)သည် သူတို့အား (တမန်တော်)အိဗ်ရာဟီမ်၏ ဧည့်သည်များအကြောင်း ပြောပြလိုက်ပါ။ إِذۡ دَخَلُواْ عَلَيۡهِ فَقَالُواْ سَلَٰمًا قَالَ إِنَّا مِنكُمۡ وَجِلُونَ ٥٢တစ်ခါက ထိုဧည့်သည်များသည် ၎င်း(တမန်တော်အိဗ်ရာဟီမ်)ထံသို့ ဝင်ရောက်ခဲ့ကြသည်။ သူတို့က စလာမ်ငြိမ်းချမ်းသာယာမှု သက်ရောက်ပါစေဟု ပြောဆိုခဲ့ကြသည်။ ၎င်း(တမန်တော်အိဗ်ရာဟီမ်)က အမှန်စင်စစ် ကျွန်ုပ်တို့သည် အသင်တို့အား စိုးရိမ်ကြပါသည်ဟု ပြောဆိုခဲ့သည်။ قَالُواْ لَا تَوۡجَلۡ إِنَّا نُبَشِّرُكَ بِغُلَٰمٍ عَلِيمٍ ٥٣ထိုဧည့်သည်များက ပြောခဲ့ကြသည်- အသင်မကြောက်ပါနှင့်၊ အမှန်စင်စစ် ကျွန်ုပ်တို့သည် အသင့်အား အလွန်အသိဉာဏ်ပညာနှင့်ပြည့်စုံသော သားတော်တစ်ပါးရရှိမည့်အကြောင်း သတင်းကောင်းပေးကြပါသည်။ قَالَ أَبَشَّرۡتُمُونِي عَلَىٰٓ أَن مَّسَّنِيَ ٱلۡكِبَرُ فَبِمَ تُبَشِّرُونَ ٥٤၎င်း(တမန်တော်အိဗ်ရာဟီမ်)က ကျွန်ုပ်တွင် အိုမင်းရင့်ရော်မှုဆိုက်ရောက်နေပါလျက် အသင်တို့သည် ကျွန်ုပ်အား သတင်းကောင်းပေးကြသလော၊ သို့ဖြစ်ရာ အသင်တို့သည် မည်သည့်အရာနှင့် သတင်းကောင်းပေးကြသနည်းဟု ပြောဆိုမေးမြန်းခဲ့သည်။ قَالُواْ بَشَّرۡنَٰكَ بِٱلۡحَقِّ فَلَا تَكُن مِّنَ ٱلۡقَٰنِطِينَ ٥٥သူတို့က ပြောဆိုခဲ့ကြသည်- ကျွန်ုပ်တို့သည် အသင့်အား အမှန်(ဖြစ်မည့်အရာ)နှင့်ပတ်သက်၍ သတင်းကောင်းပေးကြခြင်းဖြစ်ပါသည်။ သို့ဖြစ်ရာ အသင်သည် မျှော်လင့်ချက်မဲသည့်သူများထဲမှ မဖြစ်လေနှင့်။ قَالَ وَمَن يَقۡنَطُ مِن رَّحۡمَةِ رَبِّهِۦٓ إِلَّا ٱلضَّآلُّونَ ٥٦၎င်းက ပြောဆိုခဲ့သည်- ထို့နောက် လမ်းလွဲသူများမှလွဲ၍ မည်သူသည် သူ့အား ဖန်ဆင်းမွေးမြူတော်မူသော အရှင်မြတ်၏ကရုဏာတော်မှ မျှော်လင့်ချက်ကင်းပါမည်နည်း။ (လမ်းလွဲသူများသာ မျှော်လင့်ချက်ကင်းမဲ့ကြသည်)။ قَالَ فَمَا خَطۡبُكُمۡ أَيُّهَا ٱلۡمُرۡسَلُونَ ٥٧၎င်းက ဆက်လက်ပြောဆိုခဲ့သည်- အို- စေလွှတ်ခြင်းခံရသောသူများ၊ ထို့နောက် အသင်တို့သည် မည်သည့်ကိစ္စရှိပါသေးသနည်း။ قَالُوٓاْ إِنَّآ أُرۡسِلۡنَآ إِلَىٰ قَوۡمٍ مُّجۡرِمِينَ ٥٨သူတို့က ပြောဆိုခဲ့ကြသည်- အမှန်စင်စစ် ကျွန်ုပ်တို့သည် အပြစ်ကျူးလွန်ကြသော အမျိုးသားများထံသို့ စေလွှတ်ခြင်းခံရခြင်း ဖြစ်ကြပါသည်။ إِلَّآ ءَالَ لُوطٍ إِنَّا لَمُنَجُّوهُمۡ أَجۡمَعِينَ ٥٩သို့ရာတွင် (တမန်တော်)လူသွ်၏မိသားစုမှာမူ မပါဝင်ပေ။ အမှန်စင်စစ် ကျွန်ုပ်တို့သည် သူတို့အားလုံးကို ကယ်တင်မည့်သူများဖြစ်ကြပါသည်။ إِلَّا ٱمۡرَأَتَهُۥ قَدَّرۡنَآ إِنَّهَا لَمِنَ ٱلۡغَٰبِرِينَ ٦٠သို့ရာတွင် (တမန်တော်)လူသွ်၏ကြင်ရာမှလွဲ၍၊ ထိုကြင်ရာနှင့်ပတ်သက်၍ (အရှင်မြတ်က မိန့်တော်မူသည်) အမှန်စင်စစ် ထိုသူမသည် နောက်ကျန်ရစ်နေမည့်သူမျာထဲ၌ တစ်ဦးအပါအဝင်ဖြစ်မည်ဟု ငါအရှင်မြတ် သတ်မှတ်တော်မူပြီးဖြစ်သည်။ فَلَمَّا جَآءَ ءَالَ لُوطٍ ٱلۡمُرۡسَلُونَ ٦١ထို့နောက် (စေလွှတ်ခြင်းခံကြရ)သူတို့သည် (တမန်တော်)လူသွ်၏အိမ်ထောင်စုထံသို့ ရောက်ရှိကြသောအခါ။ قَالَ إِنَّكُمۡ قَوۡمٌ مُّنكَرُونَ ٦٢၎င်းက ပြောဆိုသည်- အမှန်စင်စစ် အသင်တို့သည် သူစိမ်းများပင်ဖြစ်ကြသည်။ قَالُواْ بَلۡ جِئۡنَٰكَ بِمَا كَانُواْ فِيهِ يَمۡتَرُونَ ٦٣သူတို့က ပြောဆိုကြသည်- ထိုသို့မဟုတ်ပေ၊ အမှန်စင်စစ် ကျွန်ုပ်တို့သည် အသင်၏ထံသို့ သူတို့ သံသယဖြစ်နေကြသောကိစ္စကို ယူဆောင်လာခဲ့ကြခြင်းဖြစ်ပါသည်။ وَأَتَيۡنَٰكَ بِٱلۡحَقِّ وَإِنَّا لَصَٰدِقُونَ ٦٤ထို့ပြင် ကျွန်ုပ်တို့သည် အသင်၏ထံသို့ အမှန်ဖြစ်မည့်ကိစ္စကို ယူဆောင်လာခဲ့ကြပါသည်။ ထို့ပြင် အမှန်ပင် ကျွန်ုပ်တို့သည် အမှန်ပြောဆိုသူများဖြစ်ကြပါသည်။ فَأَسۡرِ بِأَهۡلِكَ بِقِطۡعٍ مِّنَ ٱلَّيۡلِ وَٱتَّبِعۡ أَدۡبَٰرَهُمۡ وَلَا يَلۡتَفِتۡ مِنكُمۡ أَحَدٌ وَٱمۡضُواْ حَيۡثُ تُؤۡمَرُونَ ٦٥သို့ဖြစ်ရာ အသင်သည် အသင်၏အိမ်သူအိမ်သားများအား ည၏အစိတ်အပိုင်း တစ်စုံတစ်ခု(အချိန်တစ်ချိန်)တွင် ခေါ်ဆောင်ပြီး ထွက်ခွာသွားပါ။* ထို့နောက် အသင်သည် အသင်သည် သူတို့၏နောက်မှလိုက်သွားပါ။ ၎င်းနောက် အသင်တို့ထဲမှ မည်သူမှ နောက်ပြန် လှည့်မကြည့်ရပေ။ ၎င်းနောက် အသင်တို့သည် အသင်တို့ အမိန့်ပေးခြင်းခံရသောနေရာထံသို့သာ သွားကြပါ။ وَقَضَيۡنَآ إِلَيۡهِ ذَٰلِكَ ٱلۡأَمۡرَ أَنَّ دَابِرَ هَٰٓؤُلَآءِ مَقۡطُوعٌ مُّصۡبِحِينَ ٦٦ထို့ပြင် ငါအရှင်မြတ်သည် (တမန်တော်)လူသွ်ထံသို့ ထိုဆုံးဖြတ်ချက် ပေးပို့တော်မူခဲ့သည်- “အမှန်စင်စစ် ဤမြို့သားများ၏အခြေအမြစ်သည် နံနက်မိုးလင်းချိန်တွင် ဖြတ်တောက်ပြီးဖြစ်လိမ့်မည်။“ وَجَآءَ أَهۡلُ ٱلۡمَدِينَةِ يَسۡتَبۡشِرُونَ ٦٧ထို့နောက် မြို့သားများသည် ဝမ်းမြောက်ဝမ်းသာစွာ လာခဲ့ကြသည်။ قَالَ إِنَّ هَٰٓؤُلَآءِ ضَيۡفِي فَلَا تَفۡضَحُونِ ٦٨၎င်း(တမန်တော်လူသွ်)က ပြောဆိုခဲ့သည်- အမှန်စင်စစ် ဤသူများသည် ငါ၏ဧည့်သည်များပင် ဖြစ်ကြသည့်အတွက် အသင်တို့သည် ငါ့အား အရှက်မခွဲကြနှင့်။ وَٱتَّقُواْ ٱللَّهَ وَلَا تُخۡزُونِ ٦٩ထို့ပြင် အသင်တို့သည် အလ္လာဟ်အရှင်မြတ်အား ကြောက်ရွံ့ကြပါ။ ထို့ပြင် အသင်တို့သည် ငါ့အား သေးသိမ်အောင် မပြုကြနှင့်။ قَالُوٓاْ أَوَلَمۡ نَنۡهَكَ عَنِ ٱلۡعَٰلَمِينَ ٧٠သူတို့က ပြောဆိုခဲ့ကြသည်- ကျွန်ုပ်တို့သည် အသင့်အား လူများ(မတည်းခိုကြရန်)မှ တားမြစ်ခဲ့ကြသည် မဟုတ်လော။ قَالَ هَٰٓؤُلَآءِ بَنَاتِيٓ إِن كُنتُمۡ فَٰعِلِينَ ٧١၎င်းက ပြောဆိုခဲ့သည်- အကယ်၍ အသင်တို့သည် အမှန်ပင် ပြုလုပ်ကြတော့မည့်သူများဖြစ်ကြလျှင် ဤသည် ငါ၏သမီးများပင်၊ (အသင်တို့သည် သူမတို့နှင့် ထိမ်းမြားနိုင်ကြသည်)။ لَعَمۡرُكَ إِنَّهُمۡ لَفِي سَكۡرَتِهِمۡ يَعۡمَهُونَ ٧٢(အို- တမန်တော်မုဟမ္မဒ်-ဆွ) အသင်၏အသက်ဝိညာဉ်ကို တိုင်တည်ပြောဆိုသည်၊* အမှန်စင်စစ် သူတို့သည် သူတို့၏မူးယစ်မှု(မာန်တက်မှု)ထဲ၌ပင် တွေဝေနေကြသည်။ فَأَخَذَتۡهُمُ ٱلصَّيۡحَةُ مُشۡرِقِينَ ٧٣သို့ဖြစ်ရာ ကျယ်လောင်သောအသံသည် သူတို့အား နေထွက်ချိန်၌ ဖမ်းဆီးကွပ်မျက်ခဲ့သည်။ فَجَعَلۡنَا عَٰلِيَهَا سَافِلَهَا وَأَمۡطَرۡنَا عَلَيۡهِمۡ حِجَارَةً مِّن سِجِّيلٍ ٧٤ထို့နောက် ငါအရှင်မြတ်သည် ထိုမြ့ို၏မျက်နှာပြင်အပေါ်ပိုင်းကို အောက်ပိုင်းပြုလုပ်တော်မူခဲ့သည်။ (အထက်အောက်လှန်တော်မူလိုက်သည်)။ ထို့ပြင် ငါအရှင်မြတ်သည် သူတို့အပေါ်တွင် ရွှံ့စေးနှင့်ပြုလုပ်ထားသော ကျောက်ခဲများကို ရွာသွန်းစေတော်မူခဲ့သည်။ إِنَّ فِي ذَٰلِكَ لَأٓيَٰتٍ لِّلۡمُتَوَسِّمِينَ ٧٥အမှန်စင်စစ် ထိုအထဲတွင် စဉ်းစားဆင်ခြင်တတ်သူများအတွက် သက်သေလက္ခဏာများ အမှန်စင်စစ် ရှိသည်။ وَإِنَّهَا لَبِسَبِيلٍ مُّقِيمٍ ٧٦ထို့ပြင် အမှန်စင်စစ် ထို(မြို့ရွာ)သည် စည်ကားနေသောလမ်းတွင် အမှန်ပင် တည်ရှိသည်။ إِنَّ فِي ذَٰلِكَ لَأٓيَةً لِّلۡمُؤۡمِنِينَ ٧٧အမှန်စင်စစ် ထိုအထဲတွင် အီမာန်ယုံကြည်သူများအတွက် သက်သေလက္ခဏာ အမှန်ပင်ရှိသည်။ وَإِن كَانَ أَصۡحَٰبُ ٱلۡأَيۡكَةِ لَظَٰلِمِينَ ٧٨ထို့ပြင် အမှန်စင်စစ် အိုင်ကဟ်တောအုပ်တွင် နေထိုင်သောသူများသည်လည်း* မတရားကျူးလွန်သူများဖြစ်ကြသည်။ فَٱنتَقَمۡنَا مِنۡهُمۡ وَإِنَّهُمَا لَبِإِمَامٍ مُّبِينٍ ٧٩သို့ဖြစ်ရာ ငါအရှင်မြတ်သည် သူတို့ကို တန်ပြန်အရေးယူတော်မူခဲ့သည်။ ထို့ပြင် အမှန်စင်စစ် ထိုမြို့ရွာနှစ်ခုစလုံးသည် ထင်ရှားသောလမ်းပေါ်၌ အမှန်ပင်ရှိနေကြသည်။ وَلَقَدۡ كَذَّبَ أَصۡحَٰبُ ٱلۡحِجۡرِ ٱلۡمُرۡسَلِينَ ٨٠ထို့ပြင် အမှန်စင်စစ် ဟိဂျ်ရ်တွင် နေထိုင်သောသူများသည်လည်း* စေလွှတ်ခြင်းခံရသော တမန်တော်များကို မဟုတ်မမှန်ဟု ငြင်းပယ်ခဲ့ကြသည်။ وَءَاتَيۡنَٰهُمۡ ءَايَٰتِنَا فَكَانُواْ عَنۡهَا مُعۡرِضِينَ ٨١ထို့ပြင် ငါအရှင်မြတ်သည် ငါအရှင်မြတ်၏သက်သေလက္ခဏာတော်များကို သူတို့အား ပေးသနားတော်မူခဲ့သည်။ ထို့နောက် သူတို့သည် ထိုသက်သေလက္ခဏာတော်များမှ မျက်နှာလွှဲဖယ်သူများပင် ဖြစ်ခဲ့ကြသည်။ وَكَانُواْ يَنۡحِتُونَ مِنَ ٱلۡجِبَالِ بُيُوتًا ءَامِنِينَ ٨٢ထို့ပြင် သူတို့သည် တောင်များကို အိမ်များအဖြစ် ဖောက်ထွင်း၍ ငြိမ်းချမ်စွာ နေထိုင်ခဲ့ကြသည်။ فَأَخَذَتۡهُمُ ٱلصَّيۡحَةُ مُصۡبِحِينَ ٨٣ထို့နောက် သူတို့အား နံနက်မိုးလင်းချိန်တွင် ကျယ်လောင်သောအသံက ဖမ်းဆီးကွပ်မျက်ခဲ့သည်။ فَمَآ أَغۡنَىٰ عَنۡهُم مَّا كَانُواْ يَكۡسِبُونَ ٨٤သို့ဖြစ်ရာ သူတို့ရှာဖွေဆည်းပူးခဲ့သမျှသည် သူတို့အတွက် အသုံးမဝင်ခဲ့ပေ။ وَمَا خَلَقۡنَا ٱلسَّمَٰوَٰتِ وَٱلۡأَرۡضَ وَمَا بَيۡنَهُمَآ إِلَّا بِٱلۡحَقِّۗ وَإِنَّ ٱلسَّاعَةَ لَأٓتِيَةٌۖ فَٱصۡفَحِ ٱلصَّفۡحَ ٱلۡجَمِيلَ ٨٥ထို့ပြင် ငါအရှင်မြတ်သည် မိုးကောင်းကင်များနှင့် မြေပထဝီသာမက ထိုမိုးနှင့်မြေစပ်ကြားတွင်ရှိသမျှအရာများကိုလည်း မှန်ကန်သောရည်ရွယ်ချက်နှင့် ဖန်ဆင်းတော်မူခဲ့သည်။ ထို့ပြင် အမှန်စင်စစ် ကိယာမသ်သည် အမှန်ပင် ဆိုက်ရောက်လာမည်ဖြစ်သည်။ သို့ဖြစ်ရာ အသင်(တမန်တော်)သည် (သူတို့၏ နှောက်ယှက်မှုများအား) ကောင်းသောခွင့်လွှတ်နည်းဖြင့် ခွင့်လွှတ်လိုက်ပါ။ إِنَّ رَبَّكَ هُوَ ٱلۡخَلَّٰقُ ٱلۡعَلِيمُ ٨٦အမှန်စင်စစ် အသင့်အား ဖန်ဆင်းမွေးမြူတော်မူသောအရှင်မြတ်သည်ပင် အရာအားလုံးကို အကြိမ်ကြိမ် ဖန်ဆင်းတော်မူသောအရှင်၊ အကြွင်းမဲ့သိတော်မူသောအရှင် ဖြစ်တော်မူသည်။ وَلَقَدۡ ءَاتَيۡنَٰكَ سَبۡعًا مِّنَ ٱلۡمَثَانِي وَٱلۡقُرۡءَانَ ٱلۡعَظِيمَ ٨٧ထို့ပြင် အမှန်စင်စစ် ငါအရှင်မြတ်သည် အသင့်အား အကြိမ်ကြိမ်အဖန်ဖန်ရွတ်ဖတ်ရသော(အာယသ်တော်)ခုနစ်ပါးနှင့်* အလွန်ကြီးကျယ်မြင့်မြတ်လှသော ကုရ်အာန်ကျမ်းတော်မြတ်ကို ပေးသနားတော်မူခဲ့သည်။ لَا تَمُدَّنَّ عَيۡنَيۡكَ إِلَىٰ مَا مَتَّعۡنَا بِهِۦٓ أَزۡوَٰجًا مِّنۡهُمۡ وَلَا تَحۡزَنۡ عَلَيۡهِمۡ وَٱخۡفِضۡ جَنَاحَكَ لِلۡمُؤۡمِنِينَ ٨٨အသင်(တမန်တော်)သည် အကြင်အရာများဘက်သို့ လုံးဝ မော်မကြည့်ပါနှင့်၊* ထိုအရာများအား ငါအရှင်မြတ်သည် ထို(ကာဖိရ်)များထဲမှ လူအမျိုးမျိုးကို စည်းစိမ်ခံရန်ပေးထားတော်မူခဲ့သည်။ ၎င်းနောက် အသင်(တမန်တော်)သည် သူတို့အပေါ်တွင် ဝမ်းနည်းပူဆွေးမှု မဖြစ်ပါနှင့်၊* ၎င်းနောက် အသင်သည် အသင်၏ပုခုံးအား ယုံကြည်သူများအတွက် နှိမ့်ချ(သနားကြင်နာ)ပါ။ وَقُلۡ إِنِّيٓ أَنَا ٱلنَّذِيرُ ٱلۡمُبِينُ ٨٩ထို့ပြင် (အို-တမန်တော်)အသင် ပြောလိုက်ပါ- အမှန်စင်စစ် ငါသည် ထင်ရှားစွာ သတိပေးနှိုုးဆော်သူပင်* ဖြစ်သည်။ كَمَآ أَنزَلۡنَا عَلَى ٱلۡمُقۡتَسِمِينَ ٩٠ငါအရှင်မြတ်သည် (ချပေးတော်မူထားသော ကျမ်းဂန်အချို့ကို လက်ခံပြီး အချို့ကိုငြင်းပယ်) ခွဲဝေသူများအပေါ်တွင် (ပြစ်ဒဏ်)ချပေးတော်မူသကဲ့သို့ (သူတို့အပေါ်တွင်လည်း အပြစ်ဒဏ်ချပေးတော်မူမည်)။ ٱلَّذِينَ جَعَلُواْ ٱلۡقُرۡءَانَ عِضِينَ ٩١ထိုသူများသည် ကုရ်အာန်ကျမ်းတော်မြတ်ကို အစိတ်စိတ်အပိုင်းပိုင်း ပြုလုပ်ခဲ့ကြသည်။ فَوَرَبِّكَ لَنَسۡـَٔلَنَّهُمۡ أَجۡمَعِينَ ٩٢သို့ဖြစ်ရာ အသင်(တမန်တော်)အား ဖန်ဆင်းမွေးမြူတော်မူသောအရှင်မြတ်အား တိုင်တည်ပြောဆိုသည်၊ အမှန်စင်စစ် ငါအရှင်မြတ်သည် သူတို့အားလုံးကို အမှန်ပင် စစ်ဆေးမေးမြန်းတော်မူမည်။ عَمَّا كَانُواْ يَعۡمَلُونَ ٩٣သူတို့ပြုမူခဲ့သောကိစ္စများနှင့်ပတ်သက်၍။ فَٱصۡدَعۡ بِمَا تُؤۡمَرُ وَأَعۡرِضۡ عَنِ ٱلۡمُشۡرِكِينَ ٩٤သို့ဖြစ်ရာ အသင်(တမန်တော်)သည် အသင် အမိန့်ပေးခြင်းခံရသောအကြောင်းအရာကို အတိအလင်း ကြေညာလိုက်ပါ။* ထို့ပြင် အသင်သည် မုရှ်ရိက်များအား လျစ်လျူရှုထားလိုက်ပါ။ إِنَّا كَفَيۡنَٰكَ ٱلۡمُسۡتَهۡزِءِينَ ٩٥အမှန်စင်စစ် ငါအရှင်မြတ်သည် ပြောင်လှောင်သောသူများအား (ဆန့်ကျင်ရန်) အသင့်အတွက် လုံလောက်တော်မူသည်။ ٱلَّذِينَ يَجۡعَلُونَ مَعَ ٱللَّهِ إِلَٰهًا ءَاخَرَۚ فَسَوۡفَ يَعۡلَمُونَ ٩٦အကြင်သူများသည် အလ္လာဟ်အရှင်မြတ်နှင့်အတူ အခြားကိုးကွယ်ရာများအား (တွဲဖက် ကိုးကွယ်မှု)ပြုလုပ်ကြသည်။ သို့ဖြစ်ရာ ထိုသူများသည် မကြာမီ (သူတို့လုပ်ရပ်၏အကျိုးကို) သိရှိကြလိမ့်မည်။ وَلَقَدۡ نَعۡلَمُ أَنَّكَ يَضِيقُ صَدۡرُكَ بِمَا يَقُولُونَ ٩٧ထို့ပြင် အမှန်စင်စစ် သူတို့၏ပြောဆိုမှုကြောင့် အသင်၏စိတ်နှလုံးသည် ကျဉ်းကျပ်သည်ကို အမှန်ပင် ငါအရှင်မြတ် သိရှိတော်မူသည်။ فَسَبِّحۡ بِحَمۡدِ رَبِّكَ وَكُن مِّنَ ٱلسَّٰجِدِينَ ٩٨သို့ဖြစ်ရာ အသင်သည် အသင့်အား ဖန်ဆင်းမွေးမြူတော်မူသောအရှင်မြတ်ကို ချီးမွမ်းမှုနှင့်အတူ သန့်ရှင်းစင်ကြယ်ကြောင်း ပြောဆိုပါ။ ထို့ပြင် အသင်သည် စဂျ်ဒဟ်ဦးချသူများထဲ၌ အပါအဝင်ဖြစ်လိုက်ပါ။ وَٱعۡبُدۡ رَبَّكَ حَتَّىٰ يَأۡتِيَكَ ٱلۡيَقِينُ ٩٩ထို့ပြင် အသင်သည် အသင့်ထံသို့ အမှန်ဖြစ်မည့်ကိစ္စ (သေခြင်းတရား)ရောက်လာသည်အထိ အသင့်အား ဖန်ဆင်းမွေးမြူတော်မူသောအရှင်မြတ်ကို (အမြဲ)ကိုးကွယ်နေပါ။