بِسۡمِ ٱللَّهِ ٱلرَّحۡمَٰنِ ٱلرَّحِيمِ
أَتَىٰٓ أَمۡرُ ٱللَّهِ فَلَا تَسۡتَعۡجِلُوهُۚ سُبۡحَٰنَهُۥ وَتَعَٰلَىٰ عَمَّا يُشۡرِكُونَ ١အလ္လာဟ်အရှင်မြတ်၏အမိန့်တော်သည် ရောက်လာခဲ့ပြီဖြစ်သည်။ သို့ဖြစ်ရာ အသင်တို့သည် ထိုအမိန့်တော်ကို အလျင်စလို မတောင်းကြနှင့်။* အရှင်မြတ်သည် ထို(မုရှ်ရိက်)များ တွဲဖက်ကိုးကွယ်သောအရာများမှ သန့်ရှင်းစင်ကြယ်ပြီး အလွန်မြင့်မားတော်မူသည်။ يُنَزِّلُ ٱلۡمَلَٰٓئِكَةَ بِٱلرُّوحِ مِنۡ أَمۡرِهِۦ عَلَىٰ مَن يَشَآءُ مِنۡ عِبَادِهِۦٓ أَنۡ أَنذِرُوٓاْ أَنَّهُۥ لَآ إِلَٰهَ إِلَّآ أَنَا۠ فَٱتَّقُونِ ٢အရှင်မြတ်သည် အရှင်မြတ်၏အမိန့်တော်ဖြင့် အရှင်မြတ်၏ကျွန်များထဲမှ အလိုရှိသောသူများထံသို့ ကောင်းကင်တမန်များကို* ဝဟီအမိန့်တော်နှင့်တကွ* ဆင်းသက်စေတော်မူသည်။ (ထိုအမိန့်တော်မှာ) “အသင်တို့သည် အမှန်စင်စစ် ငါအရှင်မြတ်မှလွဲ၍ အခြားကိုးကွယ်ထိုက်သည့်အရှင် လုံးဝမရှိပေ၊ ငါအရှင်မြတ်ကိုပင် ကြောက်ရွံ့ကြရမည်ဟု သတိပေးနှိုးဆော်ကြပါ“(ဟူ၍ ဖြစ်သည်။) خَلَقَ ٱلسَّمَٰوَٰتِ وَٱلۡأَرۡضَ بِٱلۡحَقِّۚ تَعَٰلَىٰ عَمَّا يُشۡرِكُونَ ٣အရှင်မြတ်သည် မိုးကောင်းကင်များနှင့် မြေပထဝီကို မှန်ကန်သောရည်ရွယ်ချက်ဖြင့် ဖန်ဆင်းတော်မူခဲ့သည်။* အရှင်မြတ်သည် သူတို့ တွဲဖက်ကိုးကွယ်နေသောအရာများထက် အလွန်မြင့်မားလှတော်မူသည်။ خَلَقَ ٱلۡإِنسَٰنَ مِن نُّطۡفَةٍ فَإِذَا هُوَ خَصِيمٌ مُّبِينٌ ٤အရှင်မြတ်သည် လူသားကို သုတ်ရည်တစ်စက်ဖြင့် ဖန်ဆင်းတော်မူခဲ့သည်။ သို့ဖြစ်ပါလျက် သူသည် ရုတ်တရက် ထင်ရှားသော ပြိုက်ဘက်ဖြစ်လာသည်။ وَٱلۡأَنۡعَٰمَ خَلَقَهَاۖ لَكُمۡ فِيهَا دِفۡءٌ وَمَنَٰفِعُ وَمِنۡهَا تَأۡكُلُونَ ٥ထို့ပြင် အရှင်မြတ်သည် ခြေလေးချောင်းတိရစာ္ဆန်များကိုလည်း ဖန်ဆင်းတော်မူခဲ့သည်။ အသင်တို့အတွက် ထိုခြေလေးချောင်းတိရစာ္ဆန်များသည် အနွေးထည်နှင့် အခြားအကျိုးများလည်းရှိသည်။ ထို့ပြင် အသင်တို့သည် ထိုခြေလေးချောင်းတိရစာ္ဆန်များထဲမှပင် စားသုံးကြသည်။ وَلَكُمۡ فِيهَا جَمَالٌ حِينَ تُرِيحُونَ وَحِينَ تَسۡرَحُونَ ٦ထို့ပြင် ထိုခြေလေးချောင်းတိရစာ္ဆန်များထဲ၌ အသင်တို့သည် (သူတို့အား)ညနေတွင် စားကျက်မှ (အိမ်သို့)ပြန်သွင်းလာကြသောအချိန်နှင့် အသင်တို့သည် နံနက် စားကျက်သို့ လွှတ်ကြသောအချိန်တွင် အသင်တို့အတွက် နှစ်သက်ကြည်နူးစရာ အလှအပလည်းရှိသည်။ وَتَحۡمِلُ أَثۡقَالَكُمۡ إِلَىٰ بَلَدٍ لَّمۡ تَكُونُواْ بَٰلِغِيهِ إِلَّا بِشِقِّ ٱلۡأَنفُسِۚ إِنَّ رَبَّكُمۡ لَرَءُوفٌ رَّحِيمٌ ٧ထို့ပြင် ခြေလေးချောင်းတိရစာ္ဆန်များသည် အသင်တို့၏ဝန်စည်များကိုလည်း အသင်တို့ အလွန်ခဲယဉ်းစွာဖြင့် ရောက်ရှိနိုင်ကြသောမြို့ရွာများထံသို့ သယ်ပိုးပေးမှုကိုလည်း ပြုလုပ်ကြသည်။ အမှန်စင်စစ် အသင်တို့အား ဖန်ဆင်းမွေးမြူတော်မူသောအရှင်မြတ်သည် အလွန်နူးညံ့သိမ်မွေ့တော်မူသောအရှင်၊ အလွန်သနားကြင်နာတော်မူသောအရှင် ဖြစ်တော်မူသည်။ وَٱلۡخَيۡلَ وَٱلۡبِغَالَ وَٱلۡحَمِيرَ لِتَرۡكَبُوهَا وَزِينَةًۚ وَيَخۡلُقُ مَا لَا تَعۡلَمُونَ ٨ထို့ပြင် မြင်း၊ လားနှင့် မြည်းတိရစာ္ဆန်များကိုလည်း အသင်တို့သည် သူတို့အား စီးနင်းကြရန်အတွက်နှင့် လှပတင့်တယ်မှုရှိစေရန်အတွက်* (ဖန်ဆင်းတော်မူခဲ့သည်)။ ထို့ပြင် အရှင်မြတ်သည် အသင်တို့ မသိကြသောအရာများကိုလည်း ဖန်ဆင်းတော်မူသည်။ وَعَلَى ٱللَّهِ قَصۡدُ ٱلسَّبِيلِ وَمِنۡهَا جَآئِرٌۚ وَلَوۡ شَآءَ لَهَدَىٰكُمۡ أَجۡمَعِينَ ٩ထို့ပြင် ဖြောင့်မတ်သောလမ်းကို ပြသရန်မှာ အလ္လာဟ်အရှင်မြတ်အပေါ်၌သာ မူတည်သည်။ ၎င်းနောက် ထိုလမ်းများထဲ၌ ကွေ့ကောက်သောလမ်းလည်းရှိသည်။ ထို့ပြင် အရှင်မြတ်အလိုရှိတော်မူလျှင် အသင်တို့အားလုံးကို အမှန်ပင် လမ်းမှန်ပေါ်ရောက်အောင် ပို့ဆောင်ညွှန်ကြားတော်မူခဲ့လိုက်ပြီးဖြစ်သည်။ هُوَ ٱلَّذِيٓ أَنزَلَ مِنَ ٱلسَّمَآءِ مَآءًۖ لَّكُم مِّنۡهُ شَرَابٌ وَمِنۡهُ شَجَرٌ فِيهِ تُسِيمُونَ ١٠အရှင်မြတ်ပင် အသင်တို့အတွက် မိုးကောင်းကင်မှ မိုးရေကို ချပေးတော်မူသောအရှင်ဖြစ်တော်မူသည်။ ထိုရေမှပင် အသင်တို့သည် သောက်သုံးကြသည်။ ၎င်းနောက် ထိုရေကြောင့်ပင် အပင်များပေါက်ရောက်သည်။ အသင်တို့သည် ထိုအပင်များ၌ပင် (တိရစာ္ဆန်များကို)ထိန်းကျောင်းကြသည်။ يُنۢبِتُ لَكُم بِهِ ٱلزَّرۡعَ وَٱلزَّيۡتُونَ وَٱلنَّخِيلَ وَٱلۡأَعۡنَٰبَ وَمِن كُلِّ ٱلثَّمَرَٰتِۚ إِنَّ فِي ذَٰلِكَ لَأٓيَةً لِّقَوۡمٍ يَتَفَكَّرُونَ ١١အရှင်မြတ်သည် အသင်တို့(အကျိုး)အတွက် ထိုရေနှင့် ကောက်ပဲသီးနှံများ၊ သံလွင်ပင်များ၊ စွန်ပလွန်ပင်များ၊ စပျစ်ပင်များနှင့် သီးနှံမျိုးစုံတို့အား ပေါက်ရောက်စေတော်မူသည်။ အမှန်စင်စစ် ထိုအထဲ၌ စဉ်းစားဆင်ခြင်သူများအတွက် အမှန်ပင် သက်သေလက္ခဏာရှိသည်။ وَسَخَّرَ لَكُمُ ٱلَّيۡلَ وَٱلنَّهَارَ وَٱلشَّمۡسَ وَٱلۡقَمَرَۖ وَٱلنُّجُومُ مُسَخَّرَٰتُۢ بِأَمۡرِهِۦٓۚ إِنَّ فِي ذَٰلِكَ لَأٓيَٰتٍ لِّقَوۡمٍ يَعۡقِلُونَ ١٢ထို့ပြင် အရှင်မြတ်ပင် အသင်တို့အကျိုးအတွက် ညနှင့်နေ့သာမက နေနှင့်လအားလည်း အမိန့်ကို လိုက်နာစေတော်မူခဲ့သည်။ ထို့ပြင် ကြယ်များသည်လည်း အရှင်မြတ်၏အမိန့်တော်နှင့်အညီ လိုက်နာစေခြင်းကို ခံခဲ့ကြရပြီဖြစ်သည်။ အမှန်စင်စစ် ထိုအထဲ၌ နားလည်အသိဉာဏ်ရှိသောသူများအတွက် အမှန်ပင် သာဓကများရှိသည်။ وَمَا ذَرَأَ لَكُمۡ فِي ٱلۡأَرۡضِ مُخۡتَلِفًا أَلۡوَٰنُهُۥٓۚ إِنَّ فِي ذَٰلِكَ لَأٓيَةً لِّقَوۡمٍ يَذَّكَّرُونَ ١٣ထို့ပြင် အရှင်မြတ်သည် အသင်တို့အကျိုးအတွက် မြေပထဝီတွင် ဖန်ဆင်းထားတော်မူသောအရာများအားလည်း (အမိန့်ကို လိုက်နာစေတော်မူခဲ့သည်)။ ထိုအရာများ၏ အသွေးအရောင်များသည် ကွဲပြားခြားနားနေကြသည်။ အမှန်စင်စစ် ထိုအထဲ၌ တရားရသူများအတွက် အမှန်ပင် သက်သေလက္ခဏာရှိသည်။ وَهُوَ ٱلَّذِي سَخَّرَ ٱلۡبَحۡرَ لِتَأۡكُلُواْ مِنۡهُ لَحۡمًا طَرِيًّا وَتَسۡتَخۡرِجُواْ مِنۡهُ حِلۡيَةً تَلۡبَسُونَهَاۖ وَتَرَى ٱلۡفُلۡكَ مَوَاخِرَ فِيهِ وَلِتَبۡتَغُواْ مِن فَضۡلِهِۦ وَلَعَلَّكُمۡ تَشۡكُرُونَ ١٤ထို့ပြင် အရှင်မြတ်သည် အကြင်အရှင်မြတ်ပင်ဖြစ်တော်မူသည်။ ထိုအရှင်မြတ်သည် ပင်လယ်အား အမိန့်နာခံစေတော်မူခဲ့သည်။ (အကြောင်းမှာ) အသင်တို့သည် ထိုပင်လယ်ထဲမှ လတ်ဆတ်သောအသားကို စားသုံးကြရန်အတွက်နှင့် အသင်တို့သည် ထိုပင်လယ်ထဲမှ မိမိတို့ ဆင်ယင်ကြသောလက်ဝတ်ရတနာများကို ထုတ်ယူကြရန်အတွက်ဖြစ်သည်။ ထို့ပြင် အသင်သည် သဘေင်္ာများအား ပင်လယ်ထဲ၌ ရေကိုခွဲပြီးသွားလာနေကြသည်ကို တွေ့မြင်ရသည်။ ထို့ပြင် အသင်တို့သည် (ရေကြောင်းဖြင့် သွားလာခြင်းအားဖြင့်) အရှင်မြတ်၏ကျေးဇူးတော်(ပစ္စည်းဥစ္စာ)ကို ရှာဖွေကြရန်အတွက်နှင့် အသင်တို့သည် ကျေးဇူးတော်များကို သိတတ်ကြရန်အတွက် (အရှင်မြတ်သည် ပင်လယ်အား အမိန့်နာခံစေေတော်မူခဲ့ခြင်းဖြစ်သည်)။ وَأَلۡقَىٰ فِي ٱلۡأَرۡضِ رَوَٰسِيَ أَن تَمِيدَ بِكُمۡ وَأَنۡهَٰرًا وَسُبُلًا لَّعَلَّكُمۡ تَهۡتَدُونَ ١٥ထို့ပြင် အရှင်မြတ်သည် မြေပထဝီတွင် ထိုမြေပထဝီသည် အသင်တို့နှင့်တကွ လှုပ်ရှား(ယိမ်းယိုင်)မှု မပြုရန်အတွက် တောင်များကို(ကျောက်ဆူးများအဖြစ်)ချထားတော်မူခဲ့သည်။ ထို့ပြင် အသင်တို့ (သောက်သုံးနိုင်ကြရန်)မြစ်ချောင်းများနှင့် (ခရီးပန်းတိုင်ကို)လမ်းတည့်တည့်မတ်မတ်ရောက်နိုင်အောင် လမ်းများကိုလည်း(ပြုလုပ်တော်မူခဲ့သည်)။ وَعَلَٰمَٰتٍۚ وَبِٱلنَّجۡمِ هُمۡ يَهۡتَدُونَ ١٦ထို့ပြင် မှတ်တမ်းမှတ်တိုင်များကိုလည်း (ပြုလုပ်တော်မူခဲ့သည်)။ ထို့ပြင် သူတို့သည် ကြယ်များ၏အကြောင်းခံနှင့်လည်း လမ်းများကို ရှာတွေ့ကြသည်။ أَفَمَن يَخۡلُقُ كَمَن لَّا يَخۡلُقُۚ أَفَلَا تَذَكَّرُونَ ١٧သို့ဖြစ်ရာ ဖန်ဆင်းတော်မူသောအရှင်မြတ်သည် မည်သည့်အရာမျှ မဖန်ဆင်းနိုင်သူကဲ့သို့ ဖြစ်တော်မူပါမည်လော။ သို့ပါလျက် အသင်တို့သည် အသိတရား မရကြသလော။ وَإِن تَعُدُّواْ نِعۡمَةَ ٱللَّهِ لَا تُحۡصُوهَآۗ إِنَّ ٱللَّهَ لَغَفُورٌ رَّحِيمٌ ١٨ထို့ပြင် အကယ်၍ အသင်တို့သည် အလ္လာဟ်အရှင်မြတ်၏ကျေးဇူးတော်များကို ရေတွက်ကြမည်ဆိုလျှင် အသင်တို့သည် ထိုကျေးဇူးတော်များကို ရေတွက်နိုင်ကြမည် မဟုတ်ပေ။* အမှန်စင်စစ် အလ္လာဟ်အရှင်မြတ်သည် အလွန်လွတ်ငြိမ်းချမ်းသာခွင့်ပေးတော်မူသောအရှင်၊ အလွန်သနားကြင်နာတော်မူသောအရှင် ဖြစ်တော်မူသည်။ وَٱللَّهُ يَعۡلَمُ مَا تُسِرُّونَ وَمَا تُعۡلِنُونَ ١٩ထို့ပြင် အလ္လာဟ်အရှင်မြတ်သည် အသင်တို့ လျှို့ဝှက်ထားကြသောအရာများနှင့် အသင်တို့ ထင်ရှားစေကြသောအကြောင်းကိစ္စများကို သိရှိတော်မူသည်။ وَٱلَّذِينَ يَدۡعُونَ مِن دُونِ ٱللَّهِ لَا يَخۡلُقُونَ شَيۡـًٔا وَهُمۡ يُخۡلَقُونَ ٢٠ထို့ပြင် အလ္လာဟ်အရှင်မြတ်မှလွဲ၍ သူတို့ ဟစ်ခေါ်ကြသောသူများသည် ဖန်ဆင်ခြင်းကို ခံခဲ့ကြရလျက်* သူတို့သည် မည်သည့်အရာကိုမှ ဖန်ဆင်းနိုင်ကြသည် မဟုတ်ပေ။ أَمۡوَٰتٌ غَيۡرُ أَحۡيَآءٍۖ وَمَا يَشۡعُرُونَ أَيَّانَ يُبۡعَثُونَ ٢١(သူတို့သည်) သူသေများ(သက်မဲ့များပင်)ဖြစ်ကြသည်။ ရှင်သူများ မဟုတ်ကြပေ။* ထို့ပြင် သူတို့အနေနှင့် သူတို့သည် မည်သည့်အချိန်တွင် ရှင်ပြန်ထစေခြင်းခံကြရမည်ဆိုသည်ကိုလည်း မသိကြပေ။ إِلَٰهُكُمۡ إِلَٰهٌ وَٰحِدٌۚ فَٱلَّذِينَ لَا يُؤۡمِنُونَ بِٱلۡأٓخِرَةِ قُلُوبُهُم مُّنكِرَةٌ وَهُم مُّسۡتَكۡبِرُونَ ٢٢အသင်တို့၏ကိုးကွယ်ထိုက်သောအရှင်သည် တစ်ပါးတည်းဖြစ်သော ကိုးကွယ်ထိုက်သည့်အရှင်မြတ်ပင် ဖြစ်သည်။ ၎င်းနောက် တမလွန်ဘဝအား မယုံကြည်ကြသောသူများ၏စိတ်နှလုံးများသည် ငြင်းဆိုလျက်ရှိနေကြ၍ သူတို့သည် မာန်မာနထောင်လျက်ပင် ရှိကြသည်။ لَا جَرَمَ أَنَّ ٱللَّهَ يَعۡلَمُ مَا يُسِرُّونَ وَمَا يُعۡلِنُونَۚ إِنَّهُۥ لَا يُحِبُّ ٱلۡمُسۡتَكۡبِرِينَ ٢٣အမှန်စင်စစ် အလ္လာဟ်အရှင်မြတ်သည် သူတို့ လျှို့ဝှက်ကြသောအရာများနှင့် ထင်ပေါ်ကြသောအရာများကို သိရှိတော်မူသည်။ အမှန်ပင် အရှင်မြတ်သည် မာနထောင်သောသူများအား မနှစ်သက်ပေ။ وَإِذَا قِيلَ لَهُم مَّاذَآ أَنزَلَ رَبُّكُمۡ قَالُوٓاْ أَسَٰطِيرُ ٱلۡأَوَّلِينَ ٢٤ထို့ပြင် အသင်တို့အား ဖန်ဆင်းမွေးမြူတော်မူသောအရှင်မြတ်က မည်သည့်အရာကို ချပေးတော်မူပါသနည်းဟု သူတို့အား မေးမြန်းသောအခါ သူတို့က ရှေးလူဟောင်းများ၏ လုပ်ကြံထားသော ပုံပြင်များပင်ဟု ပြောဆိုကြသည်။ لِيَحۡمِلُوٓاْ أَوۡزَارَهُمۡ كَامِلَةً يَوۡمَ ٱلۡقِيَٰمَةِ وَمِنۡ أَوۡزَارِ ٱلَّذِينَ يُضِلُّونَهُم بِغَيۡرِ عِلۡمٍۗ أَلَا سَآءَ مَا يَزِرُونَ ٢٥သူတို့သည် ကိယာမသ်ရှင်ပြန်ထမည့်နေ့တွင် သူတို့၏ဝန်ထုပ်များကိုလည်း အပြည့်အဝ ထမ်းဆောင်ကြရမည့်အပြင် သူတို့က အသိပညာမရှိဘဲ လမ်းလွဲစေခဲ့ကြသောသူများ၏ ဝန်ထုပ်များကိုလည်း ထမ်းကြရမည်ဖြစ်သည်။* သတိပြုကြပါ။ သူတို့ သယ်ပိုးထမ်းရွက်ကြသော ဝန်ထုပ်များသည် ဆိုးရွားလှသည်။ قَدۡ مَكَرَ ٱلَّذِينَ مِن قَبۡلِهِمۡ فَأَتَى ٱللَّهُ بُنۡيَٰنَهُم مِّنَ ٱلۡقَوَاعِدِ فَخَرَّ عَلَيۡهِمُ ٱلسَّقۡفُ مِن فَوۡقِهِمۡ وَأَتَىٰهُمُ ٱلۡعَذَابُ مِنۡ حَيۡثُ لَا يَشۡعُرُونَ ٢٦အမှန်စင်စစ် သူတို့မတိုင်မီ ရှိခဲ့ကြသောသူများသည် လျှို့ဝှက်ကြံစည်ခဲ့ကြသည်။ သို့ဖြစ်ရာ အလ္လာဟ်အရှင်မြတ်သည် သူတို့၏ အဆောက်အအုံကို အုတ်မြစ်မှ ဖြိုဖျက်တော်မူလိုက်သည့်အတွက် သူတို့အထက်က အိမ်ခေါင်မိုးသည် သူတို့အပေါ်တွင် ပြိုကျလာခဲ့သည်။ ထို့ပြင် သူတို့ထံသို့ ပြစ်ဒဏ်သည် သူတို့ မထင်မှတ်သောနေရာမှ ဆိုက်ရောက်လာခဲ့သည်။ ثُمَّ يَوۡمَ ٱلۡقِيَٰمَةِ يُخۡزِيهِمۡ وَيَقُولُ أَيۡنَ شُرَكَآءِيَ ٱلَّذِينَ كُنتُمۡ تُشَٰٓقُّونَ فِيهِمۡۚ قَالَ ٱلَّذِينَ أُوتُواْ ٱلۡعِلۡمَ إِنَّ ٱلۡخِزۡيَ ٱلۡيَوۡمَ وَٱلسُّوٓءَ عَلَى ٱلۡكَٰفِرِينَ ٢٧ထို့နောက် အရှင်မြတ်သည် သူတို့အား ကိယာမသ်ရှင်ပြန်ထမည့်နေ့တွင် အရှက်တကွဲ ဖြစ်စေတော်မူမည်။ ၎င်းနောက် အရှင်မြတ်က မိန့်ကြားတော်မူမည်- ငါအရှင်မြတ်၏ အကြင်တွဲဖက်များသည် အဘယ်မှာနည်း။ ထိုအရာများနှင့်ပတ်သက်၍ အသင်တို့သည် (အမှန်လက်ခံသူများနှင့်) ကွဲလွဲမှုပြုခဲ့ကြသည်။ (ထိုအခါ) အသိဉာဏ်ပညာပေးခြင်းခံရသောသူများက- ယနေ့ အရှက်ကွဲမှုနှင့် ပြစ်ဒဏ်သည် ကာဖိရ် ငြင်းပယ်သူများအပေါ်တွင်သာရှိလိမ့်မည်ဟု ပြောဆိုကြမည်။ ٱلَّذِينَ تَتَوَفَّىٰهُمُ ٱلۡمَلَٰٓئِكَةُ ظَالِمِيٓ أَنفُسِهِمۡۖ فَأَلۡقَوُاْ ٱلسَّلَمَ مَا كُنَّا نَعۡمَلُ مِن سُوٓءِۭۚ بَلَىٰٓۚ إِنَّ ٱللَّهَ عَلِيمُۢ بِمَا كُنتُمۡ تَعۡمَلُونَ ٢٨အကြင်ကာဖိရ်များသည် သူတို့ကိုယ်သူတို့ နှိပ်စက်နေစဉ်မှာပင် ကောင်းကင်တမန်များသည် သူတို့၏အသက်များအား နှုတ်ခဲ့ကြသည်။ (ထိုအချိန်တွင်)သူတို့သည် အလွန်ကျိုးငဲ့ပြီးပြောဆိုကြမည်- “ကျွန်ုပ်တို့သည် မည်သည့်မကောင်းမှုမှ မပြုလုပ်ခဲ့ကြပါ။“ ထိုသို့ လုံးဝမဟုတ်ပေ၊ (အမှန်စင်စစ် အသင်တို့သည် မကောင်းမှုများကို လုပ်နေခဲ့သည်ပင်ဖြစ်သည်) အမှန်စင်စစ် အလ္လာဟ်အရှင်မြတ်သည် အသင်တို့ပြုလုပ်နေကြသည်များကို အကြွင်းမဲ့သိတော်မူသောအရှင် ဖြစ်တော်မူသည်။ فَٱدۡخُلُوٓاْ أَبۡوَٰبَ جَهَنَّمَ خَٰلِدِينَ فِيهَاۖ فَلَبِئۡسَ مَثۡوَى ٱلۡمُتَكَبِّرِينَ ٢٩သို့ဖြစ်ရာ (ယခုမူ)အသင်တို့သည် ဂျဟန္နမ်ငရဲဘုံ၏ တံခါးပေါက်များထံသို့ ၎င်းထဲ၌ အမြဲနေထိုင်သူများအဖြစ် ဝင်လိုက်ကြပါ။ အမှန်စင်စစ် မာနထောင်သောသူများ၏ ပြန်လည်ရာဌာနသည် အမှန်ပင် အဘယ်မျှဆိုးရွားလိုက်သနည်း။ ۞ وَقِيلَ لِلَّذِينَ ٱتَّقَوۡاْ مَاذَآ أَنزَلَ رَبُّكُمۡۚ قَالُواْ خَيۡرًاۗ لِّلَّذِينَ أَحۡسَنُواْ فِي هَٰذِهِ ٱلدُّنۡيَا حَسَنَةٌۚ وَلَدَارُ ٱلۡأٓخِرَةِ خَيۡرٌۚ وَلَنِعۡمَ دَارُ ٱلۡمُتَّقِينَ ٣٠ထို့နောက် ကြောက်ရွံ့အပြစ်ရှောင် ကောင်းကျိုးဆောင်သောသူများကို “အသင်တို့အား ဖန်ဆင်းမွေးမြူတော်မူသောအရှင်မြတ်က မည်သည့်အရာ ချပေးသနည်း“ဟု ပြောဆိုမေးမြန်းခံရသည်။ (ထိုအခါ) သူတို့က(ပြန်လည်)ပြောဆိုကြသည်- “ကောင်းသည်ကို ချပေးသည်“။* ကောင်းမှုပြုလုပ်သောသူများအတွက် ဤဘဝတွင်လည်း ကောင်းခြင်းရှိမည်။ ၎င်းနောက် နောင်ဘဝ၏နေရာထိုင်ခင်းသည် အမှန်ပင် အကောင်းဆုံးဖြစ်သည်။ ထို့ပြင် စင်စစ် ကြောက်ရွံ့အပြစ်ရှောင် ကောင်းကျိုးဆောင်သူ မုသ်သကီများ၏အိမ်သည် အဘယ်မျှ ကောင်းလိုက်သနည်း။ جَنَّٰتُ عَدۡنٍ يَدۡخُلُونَهَا تَجۡرِي مِن تَحۡتِهَا ٱلۡأَنۡهَٰرُۖ لَهُمۡ فِيهَا مَا يَشَآءُونَۚ كَذَٰلِكَ يَجۡزِي ٱللَّهُ ٱلۡمُتَّقِينَ ٣١(ထိုအိမ်များသည်) အမြဲနေထိုင်ကြရမည့် ဥယျာဉ်များပင်ဖြစ်သည်။ သူတို့သည် ထိုဥယျာဉ်များထဲ၌ ဝင်ရောက်ကြမည်။ ထိုဥယျာဉ်များ၏အောက်တွင် စမ်းရေချောင်းများ စီးဆင်းနေမည်။ သူတို့အတွက် ၎င်းထဲတွင် သူတို့အလိုရှိသည့်အရာဟူသမျှရှိမည်။ အလ္လာဟ်အရှင်မြတ်သည် ကြောက်ရွံ့အပြစ်ရှောင် ကောင်းကျိုးဆောင်သူ မုသ်သကီများကို ဤသို့ပင် အစားပေးတော်မူသည်။ ٱلَّذِينَ تَتَوَفَّىٰهُمُ ٱلۡمَلَٰٓئِكَةُ طَيِّبِينَ يَقُولُونَ سَلَٰمٌ عَلَيۡكُمُ ٱدۡخُلُواْ ٱلۡجَنَّةَ بِمَا كُنتُمۡ تَعۡمَلُونَ ٣٢အကြင်သူတို့အား ကောင်းကင်တမန်များသည် သူတို့သန့်ပြန့်စွာရှိနေစဉ် သူတို့၏အသက်များအား နှုတ်ယူကြသောအခါ*ပြောဆိုကြမည်- ငြိမ်းချမ်းသာယာမှုသည် အသင်တို့အပေါ်တွင် ကျရောက်ပါစေ၊ အသင်တို့သည် အသင်တို့ပြုလုပ်ခဲ့ကြသောအရာများကြောင့်ပင် ဂျန္နသ်သုခဘုံထဲသို့ ဝင်ရောက်ကြပါ။ هَلۡ يَنظُرُونَ إِلَّآ أَن تَأۡتِيَهُمُ ٱلۡمَلَٰٓئِكَةُ أَوۡ يَأۡتِيَ أَمۡرُ رَبِّكَۚ كَذَٰلِكَ فَعَلَ ٱلَّذِينَ مِن قَبۡلِهِمۡۚ وَمَا ظَلَمَهُمُ ٱللَّهُ وَلَٰكِن كَانُوٓاْ أَنفُسَهُمۡ يَظۡلِمُونَ ٣٣ထို(ငြင်းပယ်သော)သူများသည် သူတို့ထံသို့ ကောင်းကင်တမန်များရောက်လာခြင်း သို့မဟုတ် အသင့်အား ဖန်ဆင်းမွေးမြူတော်မူသောအရှင်မြတ်၏ အမိန့်တော်ရောက်ရှိလာခြင်းမှ လွဲ၍ အခြားမည်သည်ကိုမှ စောင့်မျှော်နေကြသည် မဟုတ်ပေ။* သူတို့မတိုင်မီကသူများလည်း ဤသို့ပင် ပြုလုပ်ခဲ့ကြသည်။ ထို့ပြင် အလ္လာဟ်အရှင်မြတ်သည် သူတို့အား နှိပ်စက်တော်မူခဲ့သည် မဟုတ်ပေ။ သို့ရာတွင် သူတို့သည် သူတို့ကိုယ်သူတို့ နှိပ်စက်ခဲ့ကြသည်ပင်ဖြစ်သည်။ فَأَصَابَهُمۡ سَيِّـَٔاتُ مَا عَمِلُواْ وَحَاقَ بِهِم مَّا كَانُواْ بِهِۦ يَسۡتَهۡزِءُونَ ٣٤သို့ဖြစ်ရာ သူတို့တွင် သူတို့ပြုလုပ်ခဲ့ကြသော မကောင်းမှု၏အန္တရာယ်များသည် ကျရောက်ခဲ့သည်။ ထို့ပြင် သူတို့ ပြောင်လှောင်ခဲ့ကြသောအရာ (ပြစ်ဒဏ်)သည် သူတို့အား ဝန်းရံခဲ့တော့သည်။ وَقَالَ ٱلَّذِينَ أَشۡرَكُواْ لَوۡ شَآءَ ٱللَّهُ مَا عَبَدۡنَا مِن دُونِهِۦ مِن شَيۡءٍ نَّحۡنُ وَلَآ ءَابَآؤُنَا وَلَا حَرَّمۡنَا مِن دُونِهِۦ مِن شَيۡءٍۚ كَذَٰلِكَ فَعَلَ ٱلَّذِينَ مِن قَبۡلِهِمۡۚ فَهَلۡ عَلَى ٱلرُّسُلِ إِلَّا ٱلۡبَلَٰغُ ٱلۡمُبِينُ ٣٥ထို့ပြင် ရှိရ်က် တုဖက်ကိုးကွယ်သူများက ပြောဆိုကြသည်- အကယ်၍ အလ္လာဟ်အရှင်မြတ်အလိုရှိတော်မူပါလျှင် ကျွန်ုပ်တို့နှင့် ကျွန်ုပ်တို့၏အဘ၊ ဘိုး၊ ဘေးများသည် အရှင်မြတ်မှလွဲ၍ အခြားမည်သည့်အရာကိုမှ ကိုးကွယ်ကြမည် မဟုတ်ပေ။ ထို့ပြင် အရှင်မြတ်၏အမိန့်မရဘဲ မည်သည့်အရာကိုမှ ဟရာမ်ဟု တားမြစ်ခဲ့ကြမည် မဟုတ်ပေ။* သူတို့မတိုင်မီကသူများလည်း ဤသို့ပင် ပြုလုပ်ခဲ့ကြသည်။ သို့ဖြစ်ရာ တမန်တော်များပေါ်တွင်မူ ပွင့်လင်းထင်ရှားစွာ ပို့ချဟောပြောရန်သာ တာဝန်ရှိသည်။ وَلَقَدۡ بَعَثۡنَا فِي كُلِّ أُمَّةٍ رَّسُولًا أَنِ ٱعۡبُدُواْ ٱللَّهَ وَٱجۡتَنِبُواْ ٱلطَّٰغُوتَۖ فَمِنۡهُم مَّنۡ هَدَى ٱللَّهُ وَمِنۡهُم مَّنۡ حَقَّتۡ عَلَيۡهِ ٱلضَّلَٰلَةُۚ فَسِيرُواْ فِي ٱلۡأَرۡضِ فَٱنظُرُواْ كَيۡفَ كَانَ عَٰقِبَةُ ٱلۡمُكَذِّبِينَ ٣٦ထို့ပြင် အမှန်စင်စစ် ငါအရှင်မြတ်သည် လူမျိုးတိုင်းတွင် တမန်တော်တစ်ပါးကို စေလွှတ်တော်မူ၍ အသင်တို့သည် အခြားကိုးကွယ်ရာများအား စွန့်လွှတ်ဖယ်ရှားပြီးနောက် အလ္လာဟ်အရှင်မြတ်(တစ်ပါးတည်း)ကိုသာ ကိုးကွယ်ကြပါဟု (ဟောကြားစေတော်မူခဲ့သည်)။ ထို့နောက် သူတို့ထဲ၍ အလ္လာဟ်အရှင်မြတ်က လမ်းမှန်ညွှန်ကြားပြသတော်မူလိုက်သောသူများလည်းရှိခဲ့ကြသည်။ ၎င်းနောက် သူတို့ထဲ၌ အကြင်သူများလည်းရှိသည်၊ ထိုသူ၏အပေါ်တွင် လမ်းလွဲမှုသည် အတည်ဖြစ်ခဲ့သည်။* သို့ဖြစ်ရာ အသင်တို့သည် ကမာ္ဘမြေတွင် လှည့်လည်ပြီး ငြင်းပယ်သူများ၏နောက်ဆုံးအခြေအနေသည် မည်သို့ဖြစ်ခဲ့သည်ကို ကြည့်ရှုလေ့လာကြပါ။ إِن تَحۡرِصۡ عَلَىٰ هُدَىٰهُمۡ فَإِنَّ ٱللَّهَ لَا يَهۡدِي مَن يُضِلُّۖ وَمَا لَهُم مِّن نَّٰصِرِينَ ٣٧အကယ်၍ အသင်သည် သူတို့ လမ်းမှန်ရရန် မည်မျှပင် လိုလားသည်ဖြစ်ပါစေ၊ အမှန်စင်စစ် အလ္လာဟ်အရှင်မြတ်သည် (ဆိုးသွမ်းခေါင်းမာနေမှုကြောင့်)လမ်းမှားထဲ၌ပင် ထားတော်မူလိုက်သောသူကို လမ်းမှန် ညွှန်ကြားပြသတော့မည် မဟုတ်ပေ။ ထို့ပြင် သူတို့အတွက် ကူညီမည့်သူလည်း ရှိတော့မည် မဟုတ်ပေ။ وَأَقۡسَمُواْ بِٱللَّهِ جَهۡدَ أَيۡمَٰنِهِمۡ لَا يَبۡعَثُ ٱللَّهُ مَن يَمُوتُۚ بَلَىٰ وَعۡدًا عَلَيۡهِ حَقًّا وَلَٰكِنَّ أَكۡثَرَ ٱلنَّاسِ لَا يَعۡلَمُونَ ٣٨ထို့ပြင် သူတို့က အလ္လာဟ်အရှင်မြတ်အား တိုင်တည်က အစွမ်းကုန်ကျိန်တွယ်(၍ ဤသို့ပြောဆို)ခဲ့ကြသည်- “အလ္လာဟ်အရှင်မြတ်သည် သေသူများကို ရှင်ပြန်ထစေတော်မူမည် မဟုတ်ပေ။“ အဘယ့်ကြောင့် မထစေရမည်နည်း၊ အမှန်ပင် (ရှင်ပြန်ထစေတော်မူမည်ဖြစ်သည်၊) အရှင်မြတ်သည် ဤသည်ကို ကတိအဖြစ်နှင့် အရှင်မြတ်အပေါ်တွင် အတည်ပြုတော်မူခဲ့သည်။ သို့ရာတွင် လူအမြောက်အမြားသည် မသိနားမလည်ကြပေ။ لِيُبَيِّنَ لَهُمُ ٱلَّذِي يَخۡتَلِفُونَ فِيهِ وَلِيَعۡلَمَ ٱلَّذِينَ كَفَرُوٓاْ أَنَّهُمۡ كَانُواْ كَٰذِبِينَ ٣٩(ထိုသို့ ရှင်ပြန်ထစေတော်မူရခြင်းမှာ) သူတို့ရှေ့၌ သူတို့ ကွဲလွဲခဲ့ကြသောအကြောင်းကို ထုတ်ဖော်ရှင်းလင်းပြတော်မူရန်အတွက်နှင့် ကာဖိရ်များသည် အမှန်ပင်ိ သူတို့အနေနှင့် လိမ်လည်သောသူများဖြစ်ခဲ့ကြသည်ကို သိကြဖို့အတွက်ဖြစ်သည်။ إِنَّمَا قَوۡلُنَا لِشَيۡءٍ إِذَآ أَرَدۡنَٰهُ أَن نَّقُولَ لَهُۥ كُن فَيَكُونُ ٤٠ငါအရှင်မြတ်၏စကားကမူ ငါအရှင်မြတ်သည် တစ်စုံတစ်ခုကို ရည်ရွယ်တော်မူသောအခါ ထိုအရာအား ငါအရှင်မြတ်က “ဖြစ်စေ“ဟု မိန့်တော်မူလိုက်သည်နှင့် ထိုအရာသည် ဖြစ်လာတော့သည်။ وَٱلَّذِينَ هَاجَرُواْ فِي ٱللَّهِ مِنۢ بَعۡدِ مَا ظُلِمُواْ لَنُبَوِّئَنَّهُمۡ فِي ٱلدُّنۡيَا حَسَنَةًۖ وَلَأَجۡرُ ٱلۡأٓخِرَةِ أَكۡبَرُۚ لَوۡ كَانُواْ يَعۡلَمُونَ ٤١ထို့ပြင် နှိပ်စက်မှုကို ခံကြရပြီးနောက် အလ္လာဟ်အရှင်မြတ်၏(သာသနာတော်ထွန်းကားမှုကို) ရည်ရွယ်ပြီး ရွှေ့ပြောင်းနေထိုင်သူတို့အား အမှန်ပင် ငါအရှင်မြတ်သည် လောကထဲတွင် ကောင်းသောနေရာများ၌ နေရာချထားပေးတော်မူမည်ဖြစ်သည်။* ထို့ပြင် အမှန်စင်စစ် တမလွန်ဘဝ၏အကျိုးဆုလာဘ်သည် အကြီးဆုံးပင်ဖြစ်သည်ကို အကယ်၍ သိကြမည်ဆိုလျှင် (ကောင်းလေစွပင်)။ ٱلَّذِينَ صَبَرُواْ وَعَلَىٰ رَبِّهِمۡ يَتَوَكَّلُونَ ٤٢အကြင်(ဖော်ပြထားသော)သူများသည် သည်းခံခဲ့ကြသူများပင် ဖြစ်ကြသည်။ ထို့ပြင် သူတို့သည် သူတို့အား ဖန်ဆင်းမွေးမြူတော်မူသော အရှင်မြတ်အပေါ်၌သာ ယုံပုံလွှဲအပ်ကြသည်။ وَمَآ أَرۡسَلۡنَا مِن قَبۡلِكَ إِلَّا رِجَالًا نُّوحِيٓ إِلَيۡهِمۡۖ فَسۡـَٔلُوٓاْ أَهۡلَ ٱلذِّكۡرِ إِن كُنتُمۡ لَا تَعۡلَمُونَ ٤٣ထို့ပြင် ငါအရှင်မြတ်သည် အသင်(တမန်တော်)၏မတိုင်မီ လူသားယောက်ျားများမှလွဲ၍ (တမန်တော်များအဖြစ်)စေလွှတ်တော်မမူခဲ့ပေ။ ငါအရှင်မြတ်သည် ထိုတမန်တော်များထံသို့ ဝဟီ အမိန့်တော်ပို့ချတော်မူခဲ့သည်။ သို့ဖြစ်ရာ အကယ်၍ အသင်တို့သည် မသိကြလျှင် ကျမ်းဂန်ရရှိသောသူများအား မေးမြန်းကြည့်ကြပါ။ بِٱلۡبَيِّنَٰتِ وَٱلزُّبُرِۗ وَأَنزَلۡنَآ إِلَيۡكَ ٱلذِّكۡرَ لِتُبَيِّنَ لِلنَّاسِ مَا نُزِّلَ إِلَيۡهِمۡ وَلَعَلَّهُمۡ يَتَفَكَّرُونَ ٤٤(ငါအရှင်မြတ်သည် တမန်တော်များကို) ထင်ရှားသော သက်သေသာဓကများ၊ ကျမ်းဂန်များနှင့်တကွ* (စေလွှတ်တော်မူခဲ့သည်)။ ထို့ပြင် ငါအရှင်မြတ်သည် အသင်၏ထံသို့လည်း ကျမ်းဂန်(ကုရ်အာန်)ကို အသင်သည် လူသားများအား သူတို့ထံချပေးခံရသော အမိန့်တော်များကို ထင်ရှား ရှင်းလင်းပြသစေရန်အတွက်နှင့် သူတို့ စဉ်းစားဆင်ခြင်းကြရန်အတွက် ချပေးတော်မူခဲ့သည်။ أَفَأَمِنَ ٱلَّذِينَ مَكَرُواْ ٱلسَّيِّـَٔاتِ أَن يَخۡسِفَ ٱللَّهُ بِهِمُ ٱلۡأَرۡضَ أَوۡ يَأۡتِيَهُمُ ٱلۡعَذَابُ مِنۡ حَيۡثُ لَا يَشۡعُرُونَ ٤٥အကြင်သူများသည် စိတ်အေးနေကြသလော၊ ထိုသူများသည် မကောင်းသောအကြံအစည်များအား လျှို့ဝှက်ကြံစည်ခဲ့ကြသည်။ ထိုသူများအား အလ္လာဟ်အရှင်မြတ်သည် မြေမျိုစေတော်မူမည်ကို၊ သို့မဟုတ် သူတို့ထံသို့ သူတို့မထင်မှတ်သောနေရာမှ ပြစ်ဒဏ်ရောက်လာမည်ကို (စိုးရိမ်မှုကင်းပြီး စိတ်အေးနေကြသလော)။ أَوۡ يَأۡخُذَهُمۡ فِي تَقَلُّبِهِمۡ فَمَا هُم بِمُعۡجِزِينَ ٤٦သို့မဟုတ် အရှင်မြတ်သည် သူတို့အား သူတို့သွားလာနေစဉ် ဖမ်းဆီးကွပ်မျက်တော်မူမည်ကို (မစိုးရိမ်ကြသလော)။ ထိုသို့(ဖမ်းဆီးတော်မူမည်)ဆိုလျှင် သူတို့သည် (အရှင်မြတ်ကို) မစွမ်းဆောင်နိုင်အောင် တားဆီးနိုင်သူများ မဟုတ်ပေ။ أَوۡ يَأۡخُذَهُمۡ عَلَىٰ تَخَوُّفٍ فَإِنَّ رَبَّكُمۡ لَرَءُوفٌ رَّحِيمٌ ٤٧သို့မဟုတ် အရှင်မြတ်သည် သူတို့အား တဖြည်းဖြည်း အရေးယူတော်မူမည်ကို(မစိုးရိမ်ကြသလော)။ ၎င်းနောက် အမှန်စင်စစ် အသင်တို့အား ဖန်ဆင်းမွေးမြူတော်မူသောအရှင်မြတ်သည် အလွန်နူးညံ့သိမ်မွေ့တော်မူသောအရှင်၊ အလွန်သနားကြင်နာတော်မူသောအရှင် ဖြစ်တော်မူသည်။ أَوَلَمۡ يَرَوۡاْ إِلَىٰ مَا خَلَقَ ٱللَّهُ مِن شَيۡءٍ يَتَفَيَّؤُاْ ظِلَٰلُهُۥ عَنِ ٱلۡيَمِينِ وَٱلشَّمَآئِلِ سُجَّدًا لِّلَّهِ وَهُمۡ دَٰخِرُونَ ٤٨အရှင်မြတ်ဖန်ဆင်းတော်မူသောအရာထဲမှ အကြင်အရာများကို သူတို့ မမြင်ကြသလော။ ထိုအရာများ၏အရိပ်များသည် လက်ယာဘက်နှင့် လက်ဝဲဘက်မှ ယိမ်းပြီး သူတို့သည် သူတို့၏ကျိုးနွံမှုကို ထင်ရှားစွာပြသကြလျက် အလ္လာဟ်အရှင်မြတ်၏ရှေ့၌ စဂ်ျဒဟ်ဦးချနေကြသည်။ وَلِلَّهِۤ يَسۡجُدُۤ مَا فِي ٱلسَّمَٰوَٰتِ وَمَا فِي ٱلۡأَرۡضِ مِن دَآبَّةٍ وَٱلۡمَلَٰٓئِكَةُ وَهُمۡ لَا يَسۡتَكۡبِرُونَ ٤٩ထို့ပြင် မိုးကောင်းကင်များနှင့် မြေပထဝီတွင် ရှိသမျှသွားလာလှုပ်ရှားနေသော သက်ရှိသတ္တဝါများနှင့် ကောင်းကင်တမန်များအားလုံးသည် အလ္လာဟ်အရှင်မြတ်(၏ အမိန့်တော်ကို လိုက်နာ) စဂ်ျဒဟ်ဦးချကြသည်။ ၎င်းနောက် သူတို့သည် မာနမထောင်ကြပေ။ يَخَافُونَ رَبَّهُم مِّن فَوۡقِهِمۡ وَيَفۡعَلُونَ مَا يُؤۡمَرُونَ ۩ ٥٠သူတို့သည် သူတို့အထက်တွင် ရှိနေတော်မူသော၊ သူတို့အား ဖန်ဆင်းမွေးမြူတော်မူသော အရှင်မြတ်ကို ကြောက်ရွံ့ကြသည်။ ထို့ပြင် သူတို့သည် သူတို့အား (အမိန့်တော်ပေးခြင်းခံရသော)အမိန့်တော်များကို လိုက်နာဆောင်ရွက်ကြသည်။ ۞ وَقَالَ ٱللَّهُ لَا تَتَّخِذُوٓاْ إِلَٰهَيۡنِ ٱثۡنَيۡنِۖ إِنَّمَا هُوَ إِلَٰهٌ وَٰحِدٌ فَإِيَّٰيَ فَٱرۡهَبُونِ ٥١ထို့ပြင် အလ္လာဟ်အရှင်မြတ်က မိန့်ကြားတော်မူသည်- “အသင်တို့သည် ကိုးကွယ်ထိုက်သောအရှင်နှစ်ပါး(ရှိသည်ဟု ယူဆကိုးကွယ်မှု)မပြုလုပ်ကြနှင့်။ ထိုကိုးကွယ်ထိုက်သောအရှင်သည် တစ်ပါးတည်းပင်ဖြစ်တော်မူသည်။ သို့ဖြစ်ရာ အသင်တို့သည် ငါအရှင်မြတ်ကိုသာ ကြောက်ရွံ့ကြပါ။“ وَلَهُۥ مَا فِي ٱلسَّمَٰوَٰتِ وَٱلۡأَرۡضِ وَلَهُ ٱلدِّينُ وَاصِبًاۚ أَفَغَيۡرَ ٱللَّهِ تَتَّقُونَ ٥٢ထို့ပြင် မိုးကောင်းကင်များတွင်ရှိကြသောအရာအားလုံးနှင့် မြေပထဝီတွင်ရှိသောအရာအားလုံးကို အရှင်မြတ်ပင် ပိုင်ဆိုင်တော်မူသည်။ ထို့ပြင် အရှင်မြတ်၏အိဗာဒသ် ခဝပ်မှုကို အမြဲမပြတ် ပြုလုပ်ရမည်ဖြစ်သည်။* သို့ဖြစ်ရာ အသင်တို့သည် အလ္လာဟ်အရှင်မြတ်အပြင် အခြားအရာများအား ကြောက်ရွံ့ကြသလော။ وَمَا بِكُم مِّن نِّعۡمَةٍ فَمِنَ ٱللَّهِۖ ثُمَّ إِذَا مَسَّكُمُ ٱلضُّرُّ فَإِلَيۡهِ تَجۡـَٔرُونَ ٥٣ထို့ပြင် အသင်တို့ထံတွင် မည်သည့်ကျေးဇူးတော်ပင်ရှိသည်ဖြစ်စေ အလ္လာဟ်အရှင်မြတ်ထံတော်မှ ကျေးဇူးပင်ဖြစ်သည်။ ထို့နောက် အသင်တို့တွင် ဒုက္ခရောက်သောအခါတွင် အသင်တို့သည် အရှင်မြတ်ထံတော်သို့ပင် ဟစ်ခေါ် ပန်ကြားကြသည်။ ثُمَّ إِذَا كَشَفَ ٱلضُّرَّ عَنكُمۡ إِذَا فَرِيقٌ مِّنكُم بِرَبِّهِمۡ يُشۡرِكُونَ ٥٤ထို့နောက်တစ်ခါ အရှင်မြတ်သည် ဘေးဒုက္ခကို အသင်တို့ထံမှ ဖယ်ရှားတော်မူလိုက်သောအခါ အသင်တို့ထဲမှ လူတစ်စုသည် ချက်ချင်းပင် သူတို့အား ဖန်ဆင်းမွေးမြူတော်မူသောအရှင်မြတ်နှင့် တွဲဖက်ကိုးကွယ်ကြသည်။ لِيَكۡفُرُواْ بِمَآ ءَاتَيۡنَٰهُمۡۚ فَتَمَتَّعُواْ فَسَوۡفَ تَعۡلَمُونَ ٥٥(အရှင်မြတ်နှင့် တွဲဖက်ကိုးကွယ်ကြခြင်းသည်) ငါအရှင်မြတ် ၎င်းတို့အား ပေးကမ်းထားသော ကျေးဇူးတော်များနှင့်ပတ်သက်၍ သူတို့သည် ကျေးဇူးကန်းကြရန်အတွက်ဖြစ်သည်။ သို့ဖြစ်ရာ အသင်တို့သည် (ခေတ္တ)စည်းစိမ်ခံစားကြပါ။ ၎င်းနောက် အသင်တို့သည် မကြာမီပင် သိရှိကြမည်ဖြစ်သည်။ وَيَجۡعَلُونَ لِمَا لَا يَعۡلَمُونَ نَصِيبًا مِّمَّا رَزَقۡنَٰهُمۡۗ تَٱللَّهِ لَتُسۡـَٔلُنَّ عَمَّا كُنتُمۡ تَفۡتَرُونَ ٥٦ထို့ပြင် သူတို့သည် ငါအရှင်မြတ်က သူတို့အား ပေးတော်မူသောအရာများထဲမှ သူတို့ မသိနားမလည်သောအရာများအတွက် ဝေစုဝေပုံကို ပြုလုပ်ကြသည်။ အလ္လာဟ်အရှင်မြတ်အား တိုင်တည်ပြောဆိုသည်၊ အသင်တို့သည် အသင်တို့ လုပ်ကြံဖန်တီးသောအရာများနှင့်ပတ်သက်၍ အမှန်ပင် စစ်ဆေးမေးမြန်းခြင်းကို ခံကြရမည်ဖြစ်သည်။ وَيَجۡعَلُونَ لِلَّهِ ٱلۡبَنَٰتِ سُبۡحَٰنَهُۥ وَلَهُم مَّا يَشۡتَهُونَ ٥٧ထို့ပြင် သူတို့သည် အလ္လာဟ်အရှင်မြတ်တွင် သားသမီးများရှိသည်ဟု စွပ်စွဲကြသည်။* အရှင်မြတ်သည် (သူတို့စွပ်စွဲမှု ဟူသမျှမှ)သန့်ရှင်းစင်ကြယ်တော်မူသည်။ ၎င်းနောက် သူတို့အတွက်ကမူ သူတို့လိုလားသည့်အရာပင်ရှိသည်။ وَإِذَا بُشِّرَ أَحَدُهُم بِٱلۡأُنثَىٰ ظَلَّ وَجۡهُهُۥ مُسۡوَدًّا وَهُوَ كَظِيمٌ ٥٨ထို့ပြင် သူတို့ထဲမှ တစ်ဦးဦးတွင် သမီးမိန်းကလေး(မွေးဖွားခြင်း)နှင့် သတင်းကောင်းပေးခြင်းခံရသောအခါ သူသည် ကျိတ်ပြီး ပူဆွေးနေလျက် သူ၏မျက်နှာသည် ညိုမည်းသွားတော့သည်။ يَتَوَٰرَىٰ مِنَ ٱلۡقَوۡمِ مِن سُوٓءِ مَا بُشِّرَ بِهِۦٓۚ أَيُمۡسِكُهُۥ عَلَىٰ هُونٍ أَمۡ يَدُسُّهُۥ فِي ٱلتُّرَابِۗ أَلَا سَآءَ مَا يَحۡكُمُونَ ٥٩သူသည် သူ့အား မကောင်းသတင်းပေးခြင်းကို ခံရခြင်းကြောင့် လူများမမြင်ရအောင် ပုန်းအောင်းနေသည်။ သူသည် ထိုမိန်းကလေးကို သေးသိမ်သောအခြေအနေနှင့် (ဆက်လက်)ထိန်းသိမ်းထားရမည်လော။ သို့မဟုတ် သူ့အား မြေကြီးထဲ(အရှင်လတ်လတ်)မြှပ်ပစ်လိုက်ရမည်လော(ဟု ဆုံးဖြတ်၍မရနိုင်အောင်ဖြစ်နေသည်)။ သတိပြုကြပါ။ သူတို့၏ဆုံးဖြတ်ချက်သည် အလွန်ယုတ်ညံ့သိမ်ဖျင်းလှသည်။ لِلَّذِينَ لَا يُؤۡمِنُونَ بِٱلۡأٓخِرَةِ مَثَلُ ٱلسَّوۡءِۖ وَلِلَّهِ ٱلۡمَثَلُ ٱلۡأَعۡلَىٰۚ وَهُوَ ٱلۡعَزِيزُ ٱلۡحَكِيمُ ٦٠တမလွန်ဘဝကို မယုံကြည်ကြသောသူများတွင် မကောင်းသောအရည်အချင်းရှိသည်။ ထို့ပြင် အလ္လာဟ်အရှင်မြတ်၌မူ အလွန်မြင့်မားတော်မူသော အရည်အချင်းရှိသည်။* ထို့ပြင် အရှင်မြတ်သည် တန်ခိုးတော်နှင့်အလွန်လွှမ်းမိုးတော်မူသောအရှင်၊ ပညာဉာဏ်အမြော်အမြင်နှင့် အလွန်ပြည့်စုံတော်မူသောအရှင် ဖြစ်တော်မူသည်။ وَلَوۡ يُؤَاخِذُ ٱللَّهُ ٱلنَّاسَ بِظُلۡمِهِم مَّا تَرَكَ عَلَيۡهَا مِن دَآبَّةٍ وَلَٰكِن يُؤَخِّرُهُمۡ إِلَىٰٓ أَجَلٍ مُّسَمًّىۖ فَإِذَا جَآءَ أَجَلُهُمۡ لَا يَسۡتَـٔۡخِرُونَ سَاعَةً وَلَا يَسۡتَقۡدِمُونَ ٦١ထို့ပြင် အကယ်၍ အလ္လာဟ်အရှင်မြတ်သည် လူများအား သူတို့၏မတရားမှုကြောင့် (ချက်ချင်း)ဖမ်းဆီး အရေးယူတော်မူမည်သာဆိုလျှင် ဤ(မြေ)ပေါ်၌ သွားလာလှုပ်ရှားသောသတ္တဝါ တစ်ကောင်မှ ကျန်မည်မဟုုတ်တော့ပေ။ သို့ရာတွင် အရှင်မြတ်သည် သူတို့အား သတ်မှတ်ထားသောအချိန်ထိ ဆိုင်းငံ့ထားတော်မူသည်။ ထို့နောက် သူတို့၏အချိန်ကာလ ဆိုက်ရောက်လာသောအခါ၊ သူတို့သည် (ခေတ္တခဏ)တစ်နာရီမျှပင် နောက်ဆုတ်နိုင်ကြမည် မဟုတ်ပေ၊ ၎င်းနောက် ရှေ့လည်းတိုးနိုင်ကြမည် မဟုတ်ပေ။ وَيَجۡعَلُونَ لِلَّهِ مَا يَكۡرَهُونَۚ وَتَصِفُ أَلۡسِنَتُهُمُ ٱلۡكَذِبَ أَنَّ لَهُمُ ٱلۡحُسۡنَىٰۚ لَا جَرَمَ أَنَّ لَهُمُ ٱلنَّارَ وَأَنَّهُم مُّفۡرَطُونَ ٦٢ထို့ပြင် သူတို့သည် သူတို့ရွံ့ရှာသောအရာများကို အလ္လာဟ်အရှင်မြတ်၌ရှိသည်ဟု စွပ်စွဲကြသည်။* သို့ပါလျက် သူတို့၏နှုတ်များက အမှန်ပင် သူတို့အတွက် ကောင်းကျိုးချမ်းသာရှိသည်ဟု လိမ်ပြောကြသေးသည်။ အမှန်မှာ သူတို့အတွက် ငရဲမီးသာရှိသည်။ ထို့ပြင် အမှန်စင်စစ် သူတို့သည် (ထိုငရဲမီးထဲ၌) မေ့လျော့စွန့်ပစ်ခံထားရမည့်သူများဖြစ်သည်။ تَٱللَّهِ لَقَدۡ أَرۡسَلۡنَآ إِلَىٰٓ أُمَمٍ مِّن قَبۡلِكَ فَزَيَّنَ لَهُمُ ٱلشَّيۡطَٰنُ أَعۡمَٰلَهُمۡ فَهُوَ وَلِيُّهُمُ ٱلۡيَوۡمَ وَلَهُمۡ عَذَابٌ أَلِيمٌ ٦٣အလ္လာဟ်အရှင်မြတ်အား တိုင်တည်ပြောဆိုသည်၊ အမှန်စင်စစ် ငါအရှင်မြတ်သည် အသင့်မတိုင်မီ အုပ်စုတိုင်းထံသို့(တမန်တော်များ)စေလွှတ်တော်မူခဲ့သည်။ သို့ဖြစ်ရာ ရှိုင်သွာန်သည် သူတို့၏လုပ်ရပ်များကို သူတို့၏အမြင်၌ လှပတင့်တယ်အောင် ပြုလုပ်ခြယ်လှယ်ခဲ့သည်။ သို့ဖြစ်ရာ ထိုရှိုင်သွာန်သည် ယနေ့လည်း သူတို့၏မိတ်ဆွေပင် ဖြစ်သည်။ ထို့ပြင် သူတို့အတွက် အလွန်နာကျင်စေသော ပြစ်ဒဏ်ရှိသည်။ وَمَآ أَنزَلۡنَا عَلَيۡكَ ٱلۡكِتَٰبَ إِلَّا لِتُبَيِّنَ لَهُمُ ٱلَّذِي ٱخۡتَلَفُواْ فِيهِ وَهُدًى وَرَحۡمَةً لِّقَوۡمٍ يُؤۡمِنُونَ ٦٤ထို့ပြင် ငါအရှင်မြတ်သည် အသင်၏အပေါ်တွင် ကျမ်းတော်မြတ်ကို ချပေးတော်မူခြင်းသည် အသင့်အနေနှင့် သူတို့အား သူတို့ ကွဲလွဲသည့်အရာကို ရှင်းလင်းပြသရန်အတွက်အပြင် ယုံကြည်သူများအတွက် လမ်းမှန်ညွှန်ကြားပြသချက်နှင့် ကရုဏာအဖြစ် ချပေးတော်မူခဲ့ခြင်းပင်ဖြစ်သည်။ وَٱللَّهُ أَنزَلَ مِنَ ٱلسَّمَآءِ مَآءً فَأَحۡيَا بِهِ ٱلۡأَرۡضَ بَعۡدَ مَوۡتِهَآۚ إِنَّ فِي ذَٰلِكَ لَأٓيَةً لِّقَوۡمٍ يَسۡمَعُونَ ٦٥ထို့ပြင် အလ္လာဟ်အရှင်မြတ်ပင် မိုးကောင်းကင်မှ ရေကိုချပေးတော်မူခဲ့သည်။ ၎င်းနောက် အရှင်မြတ်သည် ထိုရေနှင့်သေပြီးဖြစ်သောမြေကို ရှင်စေတော်မူခဲ့သည်။ အမှန်စင်စစ် ထိုအထဲ၌ ကြားနာကြသောသူများအတွက် အမှန်ပင် သက်သေ သာဓကရှိသည်။ وَإِنَّ لَكُمۡ فِي ٱلۡأَنۡعَٰمِ لَعِبۡرَةًۖ نُّسۡقِيكُم مِّمَّا فِي بُطُونِهِۦ مِنۢ بَيۡنِ فَرۡثٍ وَدَمٍ لَّبَنًا خَالِصًا سَآئِغًا لِّلشَّٰرِبِينَ ٦٦ထို့ပြင် အမှန်စင်စစ် အသင်တို့အတွက် ခြေလေးချောင်းသတ္တဝါများတွင် အမှန်ပင် သင်ခန်းစာရှိသည်။ ငါအရှင်မြတ်သည် အသင်တို့အး သူ၏ဝမ်းဗိုက်ထဲမှ အစာဟောင်းနှင့် သွေး၏ကြားမှ သောက်သုံးသောသူများအတွက် အဝင်ကောင်းပြီး အရသာရှိသော သန့်စင်ပြီးနို့ရည်ကို တိုက်ကျွေးတော်မူသည်။ وَمِن ثَمَرَٰتِ ٱلنَّخِيلِ وَٱلۡأَعۡنَٰبِ تَتَّخِذُونَ مِنۡهُ سَكَرًا وَرِزۡقًا حَسَنًاۚ إِنَّ فِي ذَٰلِكَ لَأٓيَةً لِّقَوۡمٍ يَعۡقِلُونَ ٦٧ထို့ပြင် စွန်ပလွံပင်များ၏အသီးများနှင့် စပျစ်သီးများမှ အသင်တို့သည် ထိုအရာများဖြင့် မူးယစ်စေသောအရာနှင့် ကောင်းမွန်သော စားသောက်ဖွယ်ရာများကို ပြုလုပ်ကြသည်။ အမှန်စင်စစ် ထိုအထဲ၌ သိနားလည်သူများအတွက် အမှန်ပင် သက်သေသာဓကရှိသည်။ وَأَوۡحَىٰ رَبُّكَ إِلَى ٱلنَّحۡلِ أَنِ ٱتَّخِذِي مِنَ ٱلۡجِبَالِ بُيُوتًا وَمِنَ ٱلشَّجَرِ وَمِمَّا يَعۡرِشُونَ ٦٨ထို့ပြင် အသင့်အား ဖန်ဆင်းမွေးမြူတော်မူသောအရှင်မြတ်သည် ပျားကောင်ထံသို့ (ဤသို့)အမိန့်ပေးတော်မူသည်-* “အသင်သည် တောင်များနှင့်သစ်ပင်များသာမက လူများတည်ဆောက်ကြသော အဆောက်အအုံများတွင်လည်း (အသင်တို့၏)နေအိမ်များ ပြုလုပ်ကြပါ။“ ثُمَّ كُلِي مِن كُلِّ ٱلثَّمَرَٰتِ فَٱسۡلُكِي سُبُلَ رَبِّكِ ذُلُلًاۚ يَخۡرُجُ مِنۢ بُطُونِهَا شَرَابٌ مُّخۡتَلِفٌ أَلۡوَٰنُهُۥ فِيهِ شِفَآءٌ لِّلنَّاسِۚ إِنَّ فِي ذَٰلِكَ لَأٓيَةً لِّقَوۡمٍ يَتَفَكَّرُونَ ٦٩“ထို့နောက် အသင်သည် အသီးအနှံတိုင်းမှ စုပ်ယူစားသုံးပါ။ ၎င်းနောက် အသင်သည် အသင့်အား ဖန်ဆင်းမွေးမြူတော်မူသောအရှင်မြတ်၏ လွယ်ကူသောလမ်းများကို လျှောက်ပါ။“ ထိုပျားကောင်၏ဝမ်းဗိုက်မှ အရောင်မျိုးစုံရှိသော သောက်သုံးဖွယ်ရာ(ပျားရည်)ထွက်သည်။ ၎င်း(ပျားရည်)တွင် လူများအတွက် ရောဂါပျောက်ကင်းမှုရှိသည်။* အမှန်စင်စစ် ထိုအထဲ၌ စဉ်းစားဆင်ခြင်သောသူများအတွက် အမှန်ပင် သက်သေသာဓကရှိသည်။ وَٱللَّهُ خَلَقَكُمۡ ثُمَّ يَتَوَفَّىٰكُمۡۚ وَمِنكُم مَّن يُرَدُّ إِلَىٰٓ أَرۡذَلِ ٱلۡعُمُرِ لِكَيۡ لَا يَعۡلَمَ بَعۡدَ عِلۡمٍ شَيۡـًٔاۚ إِنَّ ٱللَّهَ عَلِيمٌ قَدِيرٌ ٧٠ထို့ပြင် အလ္လာဟ်အရှင်မြတ်ကပင် အသင်တို့အား ဖန်ဆင်းတော်မူခဲ့သည်။ ၎င်းနောက် အရှင်မြတ်ကပင် အသင်တို့အား(အသက်နှုတ်သိမ်းပြီး)သေစေတော်မူသည်။ ထို့ပြင် အသင်တို့ထဲ၌ အညံ့ဆုံး အသက်အရွယ်(သူငယ်ပြန်သောအရွယ်)သို့ ပြန်ရောက်စေခြင်းကို ခံရသူများလည်းရှိသည်။ နောက်ဆုံး၌ ထိုသူများသည် သိရှိပြီးနောက် မည်သည့်အရာတစ်ခုမျှ မသိဖြစ်ရသည်။ အမှန်စင်စစ် အလ္လာဟ်အရှင်မြတ်သည် အကြွင်းမဲ့သိတော်မူသောအရှင်၊ အရာအားလုံးအပေါ်တွင် အလွန်စွမ်းဆောင်နိုင်တော်မူသောအရှင် ဖြစ်တော်မူသည်။ وَٱللَّهُ فَضَّلَ بَعۡضَكُمۡ عَلَىٰ بَعۡضٍ فِي ٱلرِّزۡقِۚ فَمَا ٱلَّذِينَ فُضِّلُواْ بِرَآدِّي رِزۡقِهِمۡ عَلَىٰ مَا مَلَكَتۡ أَيۡمَٰنُهُمۡ فَهُمۡ فِيهِ سَوَآءٌۚ أَفَبِنِعۡمَةِ ٱللَّهِ يَجۡحَدُونَ ٧١ထို့ပြင် အလ္လာဟ်အရှင်မြတ်သည် အသင်တို့ထဲမှ အချို့ကို အချို့ထက် စားနပ်ရိက္ခာ ပိုပေးတော်မူခဲ့သည်။* ထို့နောက် ပိုပေးခြင်းခံရသောသူများသည် သူတို့၏ပစ္စည်းများကို သူတို့ပိုင်ဆိုင်ကြသော ကျေးကျွန်များအပေါ်တွင် (ကျွန်နှင့်သခင်)အညီအမျှ ခွဲဝေပေးမည့်သူများ မဟုတ်ကြပေ။ သို့ဖြစ်ပါလျက် သူတို့သည် အလ္လာဟ်အရှင်မြတ်၏ကျေးဇူးတော်ကို ငြင်းပယ်ကြသလော။ وَٱللَّهُ جَعَلَ لَكُم مِّنۡ أَنفُسِكُمۡ أَزۡوَٰجًا وَجَعَلَ لَكُم مِّنۡ أَزۡوَٰجِكُم بَنِينَ وَحَفَدَةً وَرَزَقَكُم مِّنَ ٱلطَّيِّبَٰتِۚ أَفَبِٱلۡبَٰطِلِ يُؤۡمِنُونَ وَبِنِعۡمَتِ ٱللَّهِ هُمۡ يَكۡفُرُونَ ٧٢ထို့ပြင် အလ္လာဟ်အရှင်မြတ်သည် အသင်တို့အတွက် အသင်တို့ထဲမှပင် ဇနီးကြင်ရာများကို ပြုလုပ်တော်မူခဲ့သည်။* ထို့ပြင် အရှင်မြတ်သည် အသင်တို့အတွက် အသင်တို့၏ဇနီးကြင်ရာများမှ သား၊ မြေးများကို ပြုလုပ်တော်မူခဲ့သည်။ ထို့ပြင် အရှင်မြတ်သည် အသင်တို့စားသုံးကြရန်အတွက် ကောင်းမွန်သောအရာများကို ပေးသနားတော်မူခဲ့သည်။ သို့ပါလျက် သူတို့သည် အခြေအမြစ်မရှိသည့်အရာအပေါ်တွင် ယုံကြည်၍ အလ္လာဟ်အရှင်မြတ်၏ကျေးဇူးတော်များကို ငြင်းပယ်နေကြမည်လော။ وَيَعۡبُدُونَ مِن دُونِ ٱللَّهِ مَا لَا يَمۡلِكُ لَهُمۡ رِزۡقًا مِّنَ ٱلسَّمَٰوَٰتِ وَٱلۡأَرۡضِ شَيۡـًٔا وَلَا يَسۡتَطِيعُونَ ٧٣ထို့ပြင် သူတို့သည် အလ္လာဟ်အရှင်မြတ်မှလွဲ၍ အကြင်အရာများကို ဆည်းကပ်ကိုးကွယ်ကြသည်။ ထိုအရာများသည် သူတို့အတွက် မိုးကောင်းကင်များနှင့် မြေပထဝီမှ မည်သည့်ရိက္ခာမျှ ပေးနိုင်ကြသည်မဟုတ်ပေ။ ၎င်းနောက် မည်သည့်အရာမျှလည်း မတတ်စွမ်းနိုင်ကြပေ။ فَلَا تَضۡرِبُواْ لِلَّهِ ٱلۡأَمۡثَالَۚ إِنَّ ٱللَّهَ يَعۡلَمُ وَأَنتُمۡ لَا تَعۡلَمُونَ ٧٤သို့ဖြစ်ရာ အသင်တို့သည် အလ္လာဟ်အရှင်မြတ်နှင့်ပတ်သက်၍ ပုံပမာများ မခိုင်းနှိုင်းကြနှင့်။ အမှန်မှာ အလ္လာဟ်အရှင်မြတ်ပင် သိရှိတော်မူသည်။ ထို့ပြင် အသင်တို့မှာမူ မသိရှိကြပေ။ ۞ ضَرَبَ ٱللَّهُ مَثَلًا عَبۡدًا مَّمۡلُوكًا لَّا يَقۡدِرُ عَلَىٰ شَيۡءٍ وَمَن رَّزَقۡنَٰهُ مِنَّا رِزۡقًا حَسَنًا فَهُوَ يُنفِقُ مِنۡهُ سِرًّا وَجَهۡرًاۖ هَلۡ يَسۡتَوُۥنَۚ ٱلۡحَمۡدُ لِلَّهِۚ بَلۡ أَكۡثَرُهُمۡ لَا يَعۡلَمُونَ ٧٥အလ္လာဟ်အရှင်မြတ်သည် သာဓကတစ်ခု ခိုင်းနှိုင်းပြတော်မူသည်- “သူတစ်ပါးပိုင်ကျွန်တစ်ဦးရှိသည်။ ထိုကျွန်သည် မည်သည့်အရာကိုမျှ မစွမ်းဆောင်နိုင်ပေ။ ထို့ပြင် ငါအရှင်မြတ်ထံတော်မှ ငါအရှင်မြတ် ရိက္ခာဖောဖောသီသီပေးထားတော်မူသော သူတစ်ဦးရှိသည်။ ထိုသူသည် ထိုရိက္ခာများထဲမှ လျှို့ဝှက်စွာနှင့် ထင်ရှားစွာ လှူဒါန်းသုံးစွဲသည်။ သူတို့(နှစ်ဦး)သည် တူညီနိုင်ကြမည်လော။“ ချီးမွမ်းခြင်းအပေါင်းသည် အလ္လာဟ်အရှင်မြတ်အတွက်ပင်ဖြစ်တော်မူသည်။ သို့ရာတွင် သူတို့ထဲမှ အများစုသည် မသိနားမလည်ကြပေ။ وَضَرَبَ ٱللَّهُ مَثَلًا رَّجُلَيۡنِ أَحَدُهُمَآ أَبۡكَمُ لَا يَقۡدِرُ عَلَىٰ شَيۡءٍ وَهُوَ كَلٌّ عَلَىٰ مَوۡلَىٰهُ أَيۡنَمَا يُوَجِّههُّ لَا يَأۡتِ بِخَيۡرٍ هَلۡ يَسۡتَوِي هُوَ وَمَن يَأۡمُرُ بِٱلۡعَدۡلِ وَهُوَ عَلَىٰ صِرَٰطٍ مُّسۡتَقِيمٍ ٧٦ထို့ပြင် အလ္လာဟ်အရှင်မြတ်သည် သာဓကတစ်ခုကို (ထပ်မံ)ခိုင်းနှိုင်းပြတော်မူသည်- “လူနှစ်ဦးရှိကြသည်။ ထိုနှစ်ဦးထဲမှ တစ်ဦးသည် ဆွံ့အသူဖြစ်၍ မည်သည့်အရာမျှ မတတ်စွမ်းနိုင်ပေ။ ထို့ပြင် သူသည် သူ၏သခင်အပေါ်တွင် ဝန်ထုပ်ဝန်ပိုးတစ်ခုဖြစ်နေသည်။ ထိုသခင်သည် သူ့အား အဘယ်သို့မဆိုလွှတ်ခဲ့လျှင် သူသည် မည်သည့်ကောင်းကျိုးမျှ ယူဆောင်လာသည်မရှိပေ။ ထိုသူသည် မျှတမှုနှင့် ညွှန်ကြားနေပြီး ဖြောင့်မတ်မှန်ကန်သောလမ်းပေါ်၌ တည်ရှိနေသူနှင့် တူညီနိုင်ပါမည်လော။ (လုံးဝ မတူနိုင်ပေ)။ وَلِلَّهِ غَيۡبُ ٱلسَّمَٰوَٰتِ وَٱلۡأَرۡضِۚ وَمَآ أَمۡرُ ٱلسَّاعَةِ إِلَّا كَلَمۡحِ ٱلۡبَصَرِ أَوۡ هُوَ أَقۡرَبُۚ إِنَّ ٱللَّهَ عَلَىٰ كُلِّ شَيۡءٍ قَدِيرٌ ٧٧ထို့ပြင် မိုးကောင်းကင်များတွင်ရှိသော ကွယ်နေသည့်အရာများနှင့် မြေပထဝီတွင်ရှိသော ကွယ်နေသည့်အရာများသည် အလ္လာဟ်အရှင်မြတ်သာ ပိုင်ဆိုင်တော်မူသည်။ (အရှင်မြတ်သာ သိတော်မူသည်)။ ထို့ပြင် ရှင်ပြန်ထမည့်ကိစ္စသည် မျက်စိတစ်မှတ်မျှဖြင့် အမြန်ဖြစ်မည်။ သို့မဟုတ် ထိုထက်ပင် ပိုနီးကပ်စွာ အမြန်ဖြစ်ဦးမည်။ အမှန်စင်စစ် အလ္လာဟ်အရှင်မြတ်သည် အရာအားလုံးအပေါ်တွင် အလွန်စွမ်းဆောင်နိုင်တော်မူသောအရှင်ဖြစ်တော်မူသည်။ وَٱللَّهُ أَخۡرَجَكُم مِّنۢ بُطُونِ أُمَّهَٰتِكُمۡ لَا تَعۡلَمُونَ شَيۡـًٔا وَجَعَلَ لَكُمُ ٱلسَّمۡعَ وَٱلۡأَبۡصَٰرَ وَٱلۡأَفۡـِٔدَةَ لَعَلَّكُمۡ تَشۡكُرُونَ ٧٨ထို့ပြင် အလ္လာဟ်အရှင်မြတ်သည် အသင်တို့အား အသင်တို့၏မိခင်၏ဝမ်းထဲမှ ထွက်စေတော်မူခဲ့သည်။ ထိုအချိန်က အသင်တို့သည် မည်သည့်အရာကိုမျှ မသိကြသေးပေ။ ထို့ပြင် အရှင်မြတ်သည် အသင်တို့ ကျေးဇူးသိတတ်ကြရန် အသင်တို့အတွက် ကြားနိုင်စွမ်း၊ မြင်နိုင်စွမ်းများနှင့် စိတ်နှလုံးများကို ထည့်သွင်းပေးတော်မူခဲ့သည်။ أَلَمۡ يَرَوۡاْ إِلَى ٱلطَّيۡرِ مُسَخَّرَٰتٍ فِي جَوِّ ٱلسَّمَآءِ مَا يُمۡسِكُهُنَّ إِلَّا ٱللَّهُۚ إِنَّ فِي ذَٰلِكَ لَأٓيَٰتٍ لِّقَوۡمٍ يُؤۡمِنُونَ ٧٩ကောင်းကင်၏လေထုထဲ၌ ငှက်များသည် အမိန့်နာခံလျက်ရှိနေသည်ကို သူတို့မမြင်ကြသလော။ ထိုငှက်များအား အလ္လာဟ်အရှင်မြတ်မှလွဲ၍ အခြားမည်သူကမျှ ထိန်းမထားပေ။ အမှန်စင်စစ် ထို(ငှက်များပျံဝဲနေခြင်း)ထဲ၌ ယုံကြည်သူများအတွက် အမှန်ပင် သက်သေက္ခဏာများရှိကြသည်။ وَٱللَّهُ جَعَلَ لَكُم مِّنۢ بُيُوتِكُمۡ سَكَنًا وَجَعَلَ لَكُم مِّن جُلُودِ ٱلۡأَنۡعَٰمِ بُيُوتًا تَسۡتَخِفُّونَهَا يَوۡمَ ظَعۡنِكُمۡ وَيَوۡمَ إِقَامَتِكُمۡ وَمِنۡ أَصۡوَافِهَا وَأَوۡبَارِهَا وَأَشۡعَارِهَآ أَثَٰثًا وَمَتَٰعًا إِلَىٰ حِينٍ ٨٠ထို့ပြင် အလ္လာဟ်အရှင်မြတ်သည် အသင်တို့အတွက် အသင်တို့၏အိမ်များကို နေထိုင်ရာဌာန ပြုလုပ်တော်မူခဲ့သည်။ ထို့ပြင် အရှင်မြတ်သည် အသင်တို့အတွက် ခြေလေးချောင်းတိရစာ္ဆန်များ၏သားရေများနှင့် အိမ်များပြုလုပ်တော်မူခဲ့သည်။ အသင်တို့သည် ထိုအိမ်များကို အသင်တို့ခရီးသွားသောနေ့နှင့် အသင်တို့စခန်းချသောနေ့တွင် ပေါ့ပါးစွာ တွေ့ရှိကြသည်။ ၎င်းနောက် ထိုတိရစာ္ဆန်များ၏ သိုးမွေးများ၊ သားမွေးများ၊ အမွေးအမင်များဖြင့် အိမ်သုံးပစ္စည်းများနှင့် အချိန်တစ်ချိန်ထိ အကျိုးခံစားဖွယ်ရာများကို ပြုလုပ်ပေးတော်မူခဲ့သည်။ وَٱللَّهُ جَعَلَ لَكُم مِّمَّا خَلَقَ ظِلَٰلًا وَجَعَلَ لَكُم مِّنَ ٱلۡجِبَالِ أَكۡنَٰنًا وَجَعَلَ لَكُمۡ سَرَٰبِيلَ تَقِيكُمُ ٱلۡحَرَّ وَسَرَٰبِيلَ تَقِيكُم بَأۡسَكُمۡۚ كَذَٰلِكَ يُتِمُّ نِعۡمَتَهُۥ عَلَيۡكُمۡ لَعَلَّكُمۡ تُسۡلِمُونَ ٨١ထို့ပြင် အလ္လာဟ်အရှင်မြတ်ကပင် အသင်တို့အတွက် အရှင်မြတ်ဖန်ဆင်းတော်မူသော အချို့အရာများထဲမှ အရိပ်များပြုလုပ်ပေးတော်မူခဲ့သည်။ ထို့ပြင် အရှင်မြတ်သည် အသင်တို့အတွက် အသင်တို့ကို အပူရှိန်မှ ကာကွယ်ပေးသော အဝတ်အစားများနှင့် အသင်တို့အား စစ်လက်နက်များ၏ အန္တရာယ်မှ ကာကွယ်ပေးသော အဝတ်အစားများကို ဖန်ဆင်းပြုလုပ်ပေးတော်မူခဲ့သည်။ ဤအတိုင်းပင် အရှင်မြတ်သည် အသင်တို့ အမိန့်တော်ကို လိုက်နာကြရန်အတွက် အရှင်မြတ်၏ကျေးဇူးတော်ကို အသင်တို့အပေါ်တွင် အပြည့်အစုံ ချပေးသနားတော်မူခဲ့သည်။ فَإِن تَوَلَّوۡاْ فَإِنَّمَا عَلَيۡكَ ٱلۡبَلَٰغُ ٱلۡمُبِينُ ٨٢ထို့နောက် အကယ်၍ သူတို့သည် မျက်နှာလွှဲဖယ်ခဲ့ကြလျှင် အသင်(တမန်တော်)၏အပေါ်တွင် (အရှင်မြတ်၏အမိန့်တော်များကို) အတိအလင်း ပို့ချရန်သာ တာဝန်ရှိသည်။ يَعۡرِفُونَ نِعۡمَتَ ٱللَّهِ ثُمَّ يُنكِرُونَهَا وَأَكۡثَرُهُمُ ٱلۡكَٰفِرُونَ ٨٣(အမှန်စင်စစ်) သူတို့သည် အလ္လာဟ်အရှင်မြတ်၏ကျေးဇူးတော်များကို သိရှိဝန်ခံကြသည်။ ၎င်းနောက် သူတို့သည် ထိုကျေးဇူးတော်များကို ငြင်းပယ်ကြသည်။* ထို့ပြင် သူတို့ထဲမှ အမြောက်အမြားသည် ကာဖိရ်ငြင်းပယ်သူများပင် ဖြစ်ကြသည်။ وَيَوۡمَ نَبۡعَثُ مِن كُلِّ أُمَّةٍ شَهِيدًا ثُمَّ لَا يُؤۡذَنُ لِلَّذِينَ كَفَرُواْ وَلَا هُمۡ يُسۡتَعۡتَبُونَ ٨٤ထို့ပြင် ထိုနေ့တွင် ငါအရှင်မြတ်သည် သာသနာဝင်အုပ်စုတိုင်းမှ သက်သေတစ်ဦးစီကို ခေါ်ယူတော်မူမည်။ ထို့နောက် ငြင်းပယ်သူများအတွက် (အကြောင်းပြရန်)ခွင့်ပြုခြင်းခံရမည် မဟုတ်ပေ။ ထို့ပြင် ထိုငြင်းပယ်သူများသည် ပြေလည်မှုပြုလုပ်ရန် တောင်းဆိုခြင်းကိုလည်း ခံကြရမည်မဟုတ်ပေ။ وَإِذَا رَءَا ٱلَّذِينَ ظَلَمُواْ ٱلۡعَذَابَ فَلَا يُخَفَّفُ عَنۡهُمۡ وَلَا هُمۡ يُنظَرُونَ ٨٥ထို့ပြင် မတရားပြုလုပ်ခဲ့ကြသောသူများသည် ပြစ်ဒဏ်ကိုမြင်ကြရသောအခါ သူတို့အပေါ်မှ(ပြစ်ဒဏ်)လျှော့ပေါ့ခံရမည် မဟုတ်ပေ။ ၎င်းနောက် သူတို့သည် (ပြစ်ဒဏ်ကို)ဆိုင်းငံ့ခံကြရမည်လည်း မဟုတ်ပေ။ وَإِذَا رَءَا ٱلَّذِينَ أَشۡرَكُواْ شُرَكَآءَهُمۡ قَالُواْ رَبَّنَا هَٰٓؤُلَآءِ شُرَكَآؤُنَا ٱلَّذِينَ كُنَّا نَدۡعُواْ مِن دُونِكَۖ فَأَلۡقَوۡاْ إِلَيۡهِمُ ٱلۡقَوۡلَ إِنَّكُمۡ لَكَٰذِبُونَ ٨٦ထို့ပြင် တွဲဖက်ကိုးကွယ်ခဲ့ကြသောသူများသည် သူတို့၏တွဲဖက်ကိုးကွယ်ရာများကို တွေ့မြင်ကြသောအခါ သူတို့က ပြောဆိုကြမည်- “အို- ကျွန်ုပ်တို့အား ဖန်ဆင်းမွေးမြူတော်မူသောအရှင်မြတ်၊ ဤအရာများသည် အရှင်မြတ်မှလွဲ၍ ကျွန်ုပ်တို့ဟစ်ခေါ်ခဲ့ကြသော တွဲဖက်ကိုးကွယ်ရာများပင်ဖြစ်ကြပါသည်။“ ၎င်းနောက် ထိုတွဲဖက်ကိုးကွယ်ရာများသည် သူတို့ဘက်သို့ စကားလွှဲပစ်ပြီး ပြောဆိုကြမည်- “အမှန်စင်စစ် အသင်တို့သည် အမှန်ပင် လိမ်သောသူများသာ ဖြစ်ကြသည်။“ وَأَلۡقَوۡاْ إِلَى ٱللَّهِ يَوۡمَئِذٍ ٱلسَّلَمَۖ وَضَلَّ عَنۡهُم مَّا كَانُواْ يَفۡتَرُونَ ٨٧ထို့ပြင် သူတို့သည် ထိုနေ့တွင် အလ္လာဟ်အရှင်မြတ်ထံတော်သို့ အမိန့်နာခံရန် ကမ်းလှမ်းကြမည်။ ထို့ပြင် သူတို့ထံမှ သူတို့ လုပ်ကြံဖန်တီးခဲ့ကြသောအရာများသည် ပျောက်ပျက်သွားကြမည်။ ٱلَّذِينَ كَفَرُواْ وَصَدُّواْ عَن سَبِيلِ ٱللَّهِ زِدۡنَٰهُمۡ عَذَابًا فَوۡقَ ٱلۡعَذَابِ بِمَا كَانُواْ يُفۡسِدُونَ ٨٨အကြင်သူများသည် ငြင်းပယ်ခဲ့ကြသည်။ ၎င်းနောက် (လူများအား) အလ္လာဟ်အရှင်မြတ်၏လမ်းတော်မှ တားဆီးခဲ့ကြသည်။ သူတို့သည် ဖျက်ဆီးလေ့ရှိခဲ့ကြသည့်အတွက် ငါအရှင်မြတ်သည် သူတို့အား ပြစ်ဒဏ်တစ်ခုအပေါ်၌ တစ်ခုထပ်တိုးပြီးပေးတော်မူမည်။ وَيَوۡمَ نَبۡعَثُ فِي كُلِّ أُمَّةٍ شَهِيدًا عَلَيۡهِم مِّنۡ أَنفُسِهِمۡۖ وَجِئۡنَا بِكَ شَهِيدًا عَلَىٰ هَٰٓؤُلَآءِۚ وَنَزَّلۡنَا عَلَيۡكَ ٱلۡكِتَٰبَ تِبۡيَٰنًا لِّكُلِّ شَيۡءٍ وَهُدًى وَرَحۡمَةً وَبُشۡرَىٰ لِلۡمُسۡلِمِينَ ٨٩ထို့ပြင် ထိုနေ့တွင် ငါအရှင်မြတ်သည် သာသနာဝင်အုပ်စုတိုင်းမှ သူတို့နှင့်ဆန့်ကျင်ပြီး သူတို့ထဲမှပင် သက်သေတစ်ဦးစီကို ခေါ်ယူတော်မူမည်။ ၎င်းနောက် ငါအရှင်မြတ်သည် အသင်(တမန်တော်)အား ဤသူများနှင့်ဆန့်ကျင်၍ သက်သေအဖြစ်ခေါ်ယူတော်မူမည်။* ထို့ပြင် ငါအရှင်မြတ်သည် (ထိုသို့ သက်သေထွက်ဆိုရန်အတွက်) အသင်၏အပေါ်တွင် (ကုရ်အာန်)ကျမ်းတော်မြတ်ကို အရာလားလုံး၏ ရှင်းလင်းချက်အဖြစ်လည်းကောင်း၊ မွတ်စ်လင်မ်များအတွက် လမ်းမှန်ညွှန်ကြားပြသချက်အဖြစ်လည်းကောင်း၊ ကရုဏာတော်အဖြစ်လည်းကောင်း ချပေးတော်မူခဲ့သည်။ ۞ إِنَّ ٱللَّهَ يَأۡمُرُ بِٱلۡعَدۡلِ وَٱلۡإِحۡسَٰنِ وَإِيتَآيِٕ ذِي ٱلۡقُرۡبَىٰ وَيَنۡهَىٰ عَنِ ٱلۡفَحۡشَآءِ وَٱلۡمُنكَرِ وَٱلۡبَغۡيِۚ يَعِظُكُمۡ لَعَلَّكُمۡ تَذَكَّرُونَ ٩٠အမှန်စင်စစ် အလ္လာဟ်အရှင်မြတ်သည် မျှတရန်၊ ကောင်းမွန်စွာ ဆက်ဆံရန်နှင့် ဆွေမျိုးသားချင်းများကို ပေးကမ်းထောက်ပံ့ရန် အမိန့်ပေးတော်မူသည်။ ထို့ပြင် အရှင်မြတ်သည် စက်ဆုပ်ရွံရှာဖွယ်ရာများ၊ မကောင်းမှုများနှင့် ကျူးကျော်မှုများမှ တားမြစ်တော်မူသည်။ အရှင်မြတ်သည် အသင်တို့အား အသင်တို့ သတိတရားရကြရန်အတွက် ဆုံးမတော်မူသည်။ وَأَوۡفُواْ بِعَهۡدِ ٱللَّهِ إِذَا عَٰهَدتُّمۡ وَلَا تَنقُضُواْ ٱلۡأَيۡمَٰنَ بَعۡدَ تَوۡكِيدِهَا وَقَدۡ جَعَلۡتُمُ ٱللَّهَ عَلَيۡكُمۡ كَفِيلًاۚ إِنَّ ٱللَّهَ يَعۡلَمُ مَا تَفۡعَلُونَ ٩١ထို့ပြင် အသင်တို့သည် အလ္လာဟ်အရှင်မြတ်နှင့် ကတိပြုထားသောအခါ ထိုကတိကို ပြည့်ဝအောင် ဆောင်ရွက်ကြပါ။* ၎င်းနောက် အသင်တို့သည် ကျိန်ဆိုမှုများကို အခိုင်အမာပြုလုပ်ပြီးနောက် မဖောက်ဖျက်ကြနှင့်။ အမှန်စင်စစ် အသင်တို့သည် အလ္လာဟ်အရှင်မြတ်အား အသင်တို့အပေါ်တွင် အာမခံသူအဖြစ် ပြုလုပ်ခဲ့ကြခြင်းဖြစ်သည်။ အမှန်စင်စစ် အလ္လာဟ်အရှင်မြတ်သည် အသင်တို့ ပြုလုပ်သည်များကို သိရှိတော်မူသည်။ وَلَا تَكُونُواْ كَٱلَّتِي نَقَضَتۡ غَزۡلَهَا مِنۢ بَعۡدِ قُوَّةٍ أَنكَٰثًا تَتَّخِذُونَ أَيۡمَٰنَكُمۡ دَخَلَۢا بَيۡنَكُمۡ أَن تَكُونَ أُمَّةٌ هِيَ أَرۡبَىٰ مِنۡ أُمَّةٍۚ إِنَّمَا يَبۡلُوكُمُ ٱللَّهُ بِهِۦۚ وَلَيُبَيِّنَنَّ لَكُمۡ يَوۡمَ ٱلۡقِيَٰمَةِ مَا كُنتُمۡ فِيهِ تَخۡتَلِفُونَ ٩٢ထို့ပြင် အသင်တို့သည် အကြင်မိန်းမကဲ့သို့ မဖြစ်ကြနှင့်၊ သူမသည် သူမ၏ချည်ခင်ကို ကောင်းကောင်းငင်ပြီးနောက် အပိုင်းပိုင်းဖျက်ဆီးပစ်ခဲ့သည်။ (ထိုကဲ့သို့)အသင်တို့သည် အသင်တို့၏ကျိန်ဆိုချက်များအား အသင်တို့သည် ပရိယာယ်ကြံစည်မှု၏ အကြောင်းခံအဖြစ် ပြုလုပ်ကြသည်။ ထိုသို့ပြုလုပ်ခြင်းအားဖြင့် အုပ်စုတစ်စုသည် အုပ်စုတစ်ခုအပေါ် ပို၍ တိုးတက်ကြီးပွားရန်ဖြစ်သည်။ အမှန်စင်စစ် အလ္လာဟ်အရှင်မြတ်သည် ထိုကတိနှင့် အသင်တို့ကို စမ်းသပ်တော်မူခြင်းသာဖြစ်သည်။ ၎င်းနောက် အရှင်မြတ်သည် အသင်တု့ိ ကွဲလွဲနေသည်များကို ကိယာမသ်ရှင်ပြန်ထမည့်နေ့တွင် အသင်တို့၏ရှေ့၌ အမှန်စင်စစ် ရှင်းလင်းထင်ရှားစွာ ပြသတော်မူမည် ဖြစ်သည်။ وَلَوۡ شَآءَ ٱللَّهُ لَجَعَلَكُمۡ أُمَّةً وَٰحِدَةً وَلَٰكِن يُضِلُّ مَن يَشَآءُ وَيَهۡدِي مَن يَشَآءُۚ وَلَتُسۡـَٔلُنَّ عَمَّا كُنتُمۡ تَعۡمَلُونَ ٩٣ထို့ပြင် အကယ်၍သာ အလ္လာဟ်အရှင်မြတ်သည် အလိုရှိတော်မူခဲ့လျှင် အမှန်ပင် အသင်တို့အား သာသနာဝင်အုပ်စုတစ်စုတည်း ထားရှိတော်မူ၍ အရှင်မြတ်အလိုရှိတော်မူသောသူကို လမ်းမှန်ရောက်အောင် ပို့ဆောင်ညွှန်ကြားပြသတော်မူသည်။ ထို့ပြင် အသင်တို့သည် အသင်တို့ပြုလုပ်သည်များနှင့်ပတ်သက်၍ အမှန်စင်စစ် စစ်ဆေးမေးမြန်းခြင်းကို ခံကြရမည်။ وَلَا تَتَّخِذُوٓاْ أَيۡمَٰنَكُمۡ دَخَلَۢا بَيۡنَكُمۡ فَتَزِلَّ قَدَمُۢ بَعۡدَ ثُبُوتِهَا وَتَذُوقُواْ ٱلسُّوٓءَ بِمَا صَدَدتُّمۡ عَن سَبِيلِ ٱللَّهِ وَلَكُمۡ عَذَابٌ عَظِيمٌ ٩٤ထို့ပြင် အသင်တို့သည် အသင်တို့၏ကျိန်ဆိုချက်များကို အသင်တို့ အချင်းချင်းကြားတွင် ပရိယာယ်ကြံစည်မှု မပြုလုပ်ကြနှင့်။ သို့ဖြစ်လျှင် (အသင်တို့၏)ခြေသည် တည်မြဲပြီးနောက်မှ တိမ်းချော်သွားလိမ့်မည်။ ထို့ပြင် အသင်တို့သည် အလ္လာဟ်အရှင်မြတ်၏လမ်းတော်မှ တားဆီးခဲ့ကြသည့်အတွက် ဒုက္ခခံကြရမည်။ ၎င်းနောက် (တမလွန်ဘဝတွင်) အသင်တို့အတွက် ကြီးကျယ်သောပြစ်ဒဏ်ရှိသည်။ وَلَا تَشۡتَرُواْ بِعَهۡدِ ٱللَّهِ ثَمَنًا قَلِيلًاۚ إِنَّمَا عِندَ ٱللَّهِ هُوَ خَيۡرٌ لَّكُمۡ إِن كُنتُمۡ تَعۡلَمُونَ ٩٥ထို့ပြင် အသင်တို့သည် အလ္လာဟ်အရှင်မြတ်နှင့် ထားရှိသောကတိဖြင့် အနည်းငယ်မျှရှိသော အဖိုးငွေကို လဲလှယ်ဝယ်ယူခြင်း မပြုကြနှင့်။ အကယ်၍ အသင်တို့သည် သိခဲ့ကြလျှင် အမှန်စင်စစ် အလ္လာဟ်အရှင်မြတ်ထံတော်၌ရှိသောအရာ(ဆုလာဘ်)သည် အသင်တို့အတွက် အကောင်းဆုံးပင်ဖြစ်သည်။ مَا عِندَكُمۡ يَنفَدُ وَمَا عِندَ ٱللَّهِ بَاقٍۗ وَلَنَجۡزِيَنَّ ٱلَّذِينَ صَبَرُوٓاْ أَجۡرَهُم بِأَحۡسَنِ مَا كَانُواْ يَعۡمَلُونَ ٩٦အသင်တို့ထံ၌ရှိသောအရာများသည် ကုန်ခန်းသွားမည်ဖြစ်သည်။ ၎င်းနောက် အလ္လာဟ်အရှင်မြတ်ထံတော်၌ ရှိသောအရာများသည် အမြဲကျန်ရှိမည့်အရာများ ဖြစ်သည်။ ထို့ပြင် အမှန်စင်စစ် ငါအရှင်မြတ်သည် သည်းခံခဲ့သောသူများအား သူတို့ ပြုမူခဲ့ကြသည်များထက် ပိုကောင်းသော ကုသိုလ်အကျိုးကို ပေးသနားတော်မူမည်ဖြစ်သည်။ مَنۡ عَمِلَ صَٰلِحًا مِّن ذَكَرٍ أَوۡ أُنثَىٰ وَهُوَ مُؤۡمِنٌ فَلَنُحۡيِيَنَّهُۥ حَيَوٰةً طَيِّبَةًۖ وَلَنَجۡزِيَنَّهُمۡ أَجۡرَهُم بِأَحۡسَنِ مَا كَانُواْ يَعۡمَلُونَ ٩٧မည်သူမဆို ယောက်ျားဖြစ်စေ၊ မိန်းမဖြစ်စေ သူသည် ယုံကြည်သူဖြစ်လျက်* ကောင်းမြတ်သော လုပ်ရပ်များကို ပြုလုပ်ခဲ့လျှင်၊ အမှန်စင်စစ် ငါအရှင်မြတ်သည် ထိုသူကို သန့်ရှင်းစင်ကြယ်သော အသက်ရှင်ခြင်းမျိုးနှင့် အသက်ရှင်စေတော်မူမည်။ ထို့ပြင် အမှန်စင်စစ် ငါအရှင်မြတ်သည် ထိုသူများအား သူတို့ပြုလုပ်ခဲ့သော လုပ်ရပ်များထက် ကောင်းမွန်သော ကုသိုလ်အကျိုးကို ပေးသနားတော်မူမည် ဖြစ်သည်။ فَإِذَا قَرَأۡتَ ٱلۡقُرۡءَانَ فَٱسۡتَعِذۡ بِٱللَّهِ مِنَ ٱلشَّيۡطَٰنِ ٱلرَّجِيمِ ٩٨သို့ဖြစ်ရာ အသင်သည် ကုရ်အာန်ကျမ်းတော်မြတ်ကို ရွတ်ဖတ်သောအခါ နှင်ထုတ်ခြင်းခံရသော ရှိုင်သွာန်(၏ အနှောင့်အယှက်)မှ အလ္လာဟ်အရှင်မြတ်ထံတော်၌ ခိုလှုံပါ။ إِنَّهُۥ لَيۡسَ لَهُۥ سُلۡطَٰنٌ عَلَى ٱلَّذِينَ ءَامَنُواْ وَعَلَىٰ رَبِّهِمۡ يَتَوَكَّلُونَ ٩٩အမှန်စင်စစ် ထိုရှိုင်သွာန်သည် အကြင်သူများအပေါ် လုံးဝ အာဏာမရှိပေ။* ထိုသူများသည် အီမာန်ယုံကြည်၍ သူတို့အား ဖန်ဆင်းမွေးမြူတော်မူသော အရှင်မြတ်အပေါ် ယုံပုံလွှဲအပ်ထားကြသည်။ إِنَّمَا سُلۡطَٰنُهُۥ عَلَى ٱلَّذِينَ يَتَوَلَّوۡنَهُۥ وَٱلَّذِينَ هُم بِهِۦ مُشۡرِكُونَ ١٠٠သူ၏အာဏာသည် သူ့ကို မိတ်ဆွေဖွဲ့သောသူများအပေါ်နှင့် သူ(၏ လှုံ့ဆော်မှု)ကြောင့် (အလ္လာဟ်အရှင်မြတ်နှင့်)တွဲဖက်ကိုးကွယ်သောသူများအပေါ်တွင်သာ ရှိသည်။ وَإِذَا بَدَّلۡنَآ ءَايَةً مَّكَانَ ءَايَةٍ وَٱللَّهُ أَعۡلَمُ بِمَا يُنَزِّلُ قَالُوٓاْ إِنَّمَآ أَنتَ مُفۡتَرِۭۚ بَلۡ أَكۡثَرُهُمۡ لَا يَعۡلَمُونَ ١٠١ထို့ပြင် ငါအရှင်မြတ်သည် အာယသ်တော်တစ်ပိုဒ်ကို အခြားအာယသ်တော်တစ်ပိုဒ်၏နေရာတွင် ပြောင်းလဲတော်မူသောအခါ* အလ္လာဟ်အရှင်မြတ်သည် အရှင်မြတ်ချပေးတော်မူသောအမိန့်များကို အသိဆုံးဖြစ်တော်မူသည်။ သူတို့က အသင်သည် လုပ်ကြံဖန်တီးသူပင်ဖြစ်သည်ဟု ပြောဆိုကြသည်။ ထိုသို့မဟုတ်ပေ၊ အမှန်မှာ သူတို့ထဲမှ အမြောက်အမြားသည် မသိနားမလည်ကြပေ။ قُلۡ نَزَّلَهُۥ رُوحُ ٱلۡقُدُسِ مِن رَّبِّكَ بِٱلۡحَقِّ لِيُثَبِّتَ ٱلَّذِينَ ءَامَنُواْ وَهُدًى وَبُشۡرَىٰ لِلۡمُسۡلِمِينَ ١٠٢(အို- တမန်တော်)အသင်ပြောလိုက်ပါ- ထိုအာယသ်တော်ကို ရှုဟွလ်ကုဒုစ်(ကောင်းကင်တမန် ဂျိဗ်ရီလ်)က အသင်၏ထံသို့ ဖန်ဆင်းမွေးမြူတော်မူသော အရှင်မြတ်ထံတော်မှ ယုံကြည်သူများအား တည်တံ့ခိုင်မြဲစေရန်၊ မွတ်စ်လင်မ်များအတွက် လမ်းမှန်ညွှန်ကြားပြသချက်အဖြစ်နှင့် သတင်းကောင်းအဖြစ် မှန်ကန်စွာ ချပေးတော်မူခဲ့သည်။ وَلَقَدۡ نَعۡلَمُ أَنَّهُمۡ يَقُولُونَ إِنَّمَا يُعَلِّمُهُۥ بَشَرٌۗ لِّسَانُ ٱلَّذِي يُلۡحِدُونَ إِلَيۡهِ أَعۡجَمِيٌّ وَهَٰذَا لِسَانٌ عَرَبِيٌّ مُّبِينٌ ١٠٣ထို့ပြင် အမှန်စင်စစ် သူတို့က ၎င်း(တမန်တော်)ကို လူတစ်ဦးက သင်ကြားပို့ချပေးသည်ဟု ပြောဆို(စွပ်စွဲ)ကြသည်ကို အမှန်စင်စစ် ငါအရှင်မြတ်သည် သိတော်မူသည်။* သူတို့ ရည်ညွှန်းပြောဆိုကြသောသူ၏ဘာသာစကားသည် အရဗီမဟုတ်သော ဘာသာစကားပင်ဖြစ်သည်။ ထို့ပြင် ဤကုရ်အာန်ကျမ်းကမူ ရှင်းလင်းထင်ရှားသော အရဗီဘာသာစကားပင်ဖြစ်သည်။ إِنَّ ٱلَّذِينَ لَا يُؤۡمِنُونَ بِـَٔايَٰتِ ٱللَّهِ لَا يَهۡدِيهِمُ ٱللَّهُ وَلَهُمۡ عَذَابٌ أَلِيمٌ ١٠٤အမှန်စင်စစ် အကြင်သူများသည် အလ္လာဟ်အရှင်မြတ်၏ အာယသ်တော်များကို မယုံကြည်ကြပေ။ သူတို့အား အလ္လာဟ်အရှင်မြတ်သည် လမ်းမှန် ညွှန်ကြားပြသတော်မူမည် မဟုတ်ပေ။ ၎င်းနောက် သူတို့အတွက် နာကျင်စေသော ပြစ်ဒဏ်ရှိမည်။ إِنَّمَا يَفۡتَرِي ٱلۡكَذِبَ ٱلَّذِينَ لَا يُؤۡمِنُونَ بِـَٔايَٰتِ ٱللَّهِۖ وَأُوْلَٰٓئِكَ هُمُ ٱلۡكَٰذِبُونَ ١٠٥အလ္လာဟ်အရှင်မြတ်၏ အာယသ်တော်များကို မယုံကြည်သူများပင် လုပ်ကြံလိမ်လည်ပြောဆိုကြသည်။ ၎င်းနောက် သူတို့ပင် လိမ်လည်သူများဖြစ်ကြသည်။ مَن كَفَرَ بِٱللَّهِ مِنۢ بَعۡدِ إِيمَٰنِهِۦٓ إِلَّا مَنۡ أُكۡرِهَ وَقَلۡبُهُۥ مُطۡمَئِنُّۢ بِٱلۡإِيمَٰنِ وَلَٰكِن مَّن شَرَحَ بِٱلۡكُفۡرِ صَدۡرًا فَعَلَيۡهِمۡ غَضَبٌ مِّنَ ٱللَّهِ وَلَهُمۡ عَذَابٌ عَظِيمٌ ١٠٦မည်သူမဆို သူအီမာန်ယုံကြည်ပြီးနောက် အလ္လာဟ်အရှင်မြတ်အား ငြင်းပယ်ခဲ့လျှင်၊ ထို(ငြင်းပယ်မှု)ထဲ၌ အကြင်သူမပါပေ၊ ထိုသူ၏စိတ်နှလုံးသည် ငြင်းပယ်မှုတွင် မွေ့လျော်ခဲ့လျှင် ထိုသူများ၏အပေါ်တွင်မူ အလ္လာဟ်အရှင်မြတ်ထံတော်မှ အမျက်တော်သည် ကျရောက်မည်ဖြစ်သည်။ ၎င်းနောက် သူတို့အတွက် ကြီးကျယ်သောပြစ်ဒဏ်လည်း ရှိမည်ဖြစ်သည်။ ذَٰلِكَ بِأَنَّهُمُ ٱسۡتَحَبُّواْ ٱلۡحَيَوٰةَ ٱلدُّنۡيَا عَلَى ٱلۡأٓخِرَةِ وَأَنَّ ٱللَّهَ لَا يَهۡدِي ٱلۡقَوۡمَ ٱلۡكَٰفِرِينَ ١٠٧ဤ(ပြစ်ဒဏ်ခံရခြင်း)မှာမူ သူတို့သည် ဤဘဝအား တမလွန်ဘဝထက် ပိုနှစ်သက်ခဲ့ကြသည့်အတွက်ဖြစ်သည်။ ထို့ပြင် အမှန်စင်စစ် အလ္လာဟ်အရှင်မြတ်သည် ငြင်းပယ်သောသူများအား လမ်းမှန်ညွှန်ကြားပြသတော်မမူပေ။ أُوْلَٰٓئِكَ ٱلَّذِينَ طَبَعَ ٱللَّهُ عَلَىٰ قُلُوبِهِمۡ وَسَمۡعِهِمۡ وَأَبۡصَٰرِهِمۡۖ وَأُوْلَٰٓئِكَ هُمُ ٱلۡغَٰفِلُونَ ١٠٨ထိုသူများသည် အကြင်သူများပင်ဖြစ်ကြသည်။ ထိုသူများ၏စိတ်နှလုံးများနှင့် သူတို့၏နားများ၊ မျက်စိများအပေါ်တွင် အလ္လာဟ်အရှင်မြတ်က တံဆိပ်ခတ်နှိပ်တော်မူခဲ့သည်။ ၎င်းနောက် ထိုသူများပင် (တမလွန်ဘဝကို)မေ့လျော့နေသောသူများဖြစ်ကြသည်။ لَا جَرَمَ أَنَّهُمۡ فِي ٱلۡأٓخِرَةِ هُمُ ٱلۡخَٰسِرُونَ ١٠٩အမှန်စင်စစ် ထိုသူများသည် တမလွန်ဘဝတွင် ဆုံးရှုံးသူများအမှန်ပင် ဖြစ်ကြရမည်မှာ မလွှဲမရှောင်သာ(သောကိစ္စပင်)ဖြစ်သည်။ ثُمَّ إِنَّ رَبَّكَ لِلَّذِينَ هَاجَرُواْ مِنۢ بَعۡدِ مَا فُتِنُواْ ثُمَّ جَٰهَدُواْ وَصَبَرُوٓاْ إِنَّ رَبَّكَ مِنۢ بَعۡدِهَا لَغَفُورٌ رَّحِيمٌ ١١٠ထို့နောက် အသင့်အား ဖန်ဆင်းမွေးမြူတော်မူသောအရှင်မြတ်သည် အကြင်သူများအတွက် ထိုသူများသည် စမ်းသပ်ခြင်းကို ခံကြရပြီးနောက် ရွှေ့ပြောင်းနေထိုင်ခဲ့ကြသည်။ ၎င်းနောက် သူတို့သည် သက်စွန့်ကြိုးပမ်းဆောင်ရွက်ခဲ့ကြသည်။ ထို့ပြင် သူတို့သည် သည်းခံခဲ့ကြသည်။ အမှန်စင်စစ် အသင့်အား ဖန်ဆင်းမွေးမြူတော်မူသောအရှင်မြတ်သည် ထို(ကိစ္စများ)၏နောက်တွင် အမှန်ပင် အလွန်လွတ်ငြိမ်းချမ်းသာခွင့်ပေးတော်မူသောအရှင်၊ အလွန်သနားကြင်နာတော်မူသောအရှင် ဖြစ်တော်မူသည်။ ۞ يَوۡمَ تَأۡتِي كُلُّ نَفۡسٍ تُجَٰدِلُ عَن نَّفۡسِهَا وَتُوَفَّىٰ كُلُّ نَفۡسٍ مَّا عَمِلَتۡ وَهُمۡ لَا يُظۡلَمُونَ ١١١ထိုနေ့တွင် လူတိုင်းသည် မိမိကိုယ်မိမိ ကာကွယ်၍ပင် ငြင်းခုံပြောဆိုနေကြမည်။ ထို့ပြင် လူတိုင်းသည် သူပြုလုပ်ခဲ့သောလုပ်ရပ်များ(၏ အကျိုးအပြစ်)ကို မတရားပြုလုပ်ခြင်း မခံကြရဘဲလျက် သူတို့သည် အပြည့်အဝပေးခြင်း ခံကြရမည်ဖြစ်သည်။ وَضَرَبَ ٱللَّهُ مَثَلًا قَرۡيَةً كَانَتۡ ءَامِنَةً مُّطۡمَئِنَّةً يَأۡتِيهَا رِزۡقُهَا رَغَدًا مِّن كُلِّ مَكَانٍ فَكَفَرَتۡ بِأَنۡعُمِ ٱللَّهِ فَأَذَٰقَهَا ٱللَّهُ لِبَاسَ ٱلۡجُوعِ وَٱلۡخَوۡفِ بِمَا كَانُواْ يَصۡنَعُونَ ١١٢ထို့ပြင် အလ္လာဟ်အရှင်မြတ်သည် ရွာတစ်ရွာအား ပုံပမာ ခိုင်းနှိုင်းပြတော်မူသည်။ ထိုရွာသည် ဘေးရန်ကင်းပြီး ငြိမ်းချမ်းစွာရှိနေခဲ့သည်။ ထိုရွာသို့ သူ၏စားနပ်ရိက္ခာများသည် နေရာတိုင်းမှ ဖောသီစွာ ရောက်ရှိနေခဲ့သည်။ ထို့နောက် ထိုရွာ(သူရွာသားများ)သည် အလ္လာဟ်အရှင်မြတ်၏ ကျေးဇူးတော်များကို ငြင်းပယ်ခဲ့(ကြ)သည်။ သို့ဖြစ်ရာ အလ္လာဟ်အရှင်မြတ်သည် ထိုရွာ(သူရွာသားများ)အား သူတို့၏လုပ်ရပ်များကြောင့် ဆာလောင်မှုနှင့် ကြောက်ရွံ့ထိတ်လန့်မှုကို မြည်းစမ်းစေတော်မူခဲ့သည်။ وَلَقَدۡ جَآءَهُمۡ رَسُولٌ مِّنۡهُمۡ فَكَذَّبُوهُ فَأَخَذَهُمُ ٱلۡعَذَابُ وَهُمۡ ظَٰلِمُونَ ١١٣ထို့ပြင် အမှန်စင်စစ် သူတို့ထံသို့ သူတို့ထဲမှပင် တမန်တော်တစ်ပါးသည် ရောက်လာခဲ့သည်။ ထို့နောက် သူတို့သည် ထိုတမန်တော်ကို မဟုတ်မမှန်ဟု ငြင်းပယ်ခဲ့ကြသည်။ သို့ဖြစ်ရာ ပြစ်ဒဏ်သည် သူတို့ကို သူတို့မတရားသူများဖြစ်လျက်ရှိစဉ် ဖမ်းဆီးကွပ်မျက်ခဲ့သည်။ فَكُلُواْ مِمَّا رَزَقَكُمُ ٱللَّهُ حَلَٰلًا طَيِّبًا وَٱشۡكُرُواْ نِعۡمَتَ ٱللَّهِ إِن كُنتُمۡ إِيَّاهُ تَعۡبُدُونَ ١١٤သို့ဖြစ်ရာ အသင်တို့သည် အသင်တို့အား ဖန်ဆင်းမွေးမြူတော်မူသောအရှင်မြတ်က ပေးသနားတော်မူသောအရာများထဲမှ သန့်ပြန့်သော စားပိုင်ခွင့်ပြုတော်မူသည့်အရာများကို စားသုံးကြပါ။ ထို့ပြင် အသင်တို့သည် အလ္လာဟ်အရှင်မြတ်ကိုသာ ကိုးကွယ်ကြလျှင် အရှင်မြတ်၏ကျေးဇူးတော်များနှင့် ပတ်သက်၍ ကျေးဇူးတင်ကြပါ။ إِنَّمَا حَرَّمَ عَلَيۡكُمُ ٱلۡمَيۡتَةَ وَٱلدَّمَ وَلَحۡمَ ٱلۡخِنزِيرِ وَمَآ أُهِلَّ لِغَيۡرِ ٱللَّهِ بِهِۦۖ فَمَنِ ٱضۡطُرَّ غَيۡرَ بَاغٍ وَلَا عَادٍ فَإِنَّ ٱللَّهَ غَفُورٌ رَّحِيمٌ ١١٥အမှန်စင်စစ် အရှင်မြတ်သည် အသေကောင်၊သွေး၊ဝက်သားနှင့် အလ္လာဟ်အရှင်မြတ်မှလွဲ၍ အခြားကိုရည်ရွယ်(လှီးဖြတ်)ထားသောအရာများကိုသာ* အသင်တို့အပေါ် ဟရာမ်ဟု တားမြစ်တော်မူခဲ့သည်။ ထို့နောက် အကြင်သူသည် အကျပ်အတည်းဖြစ်ခဲ့သည်၊ သူသည် (အစားကို)မက်မောသူလည်း မဟုတ်ပေ၊ (အစား)ကျူးသူလည်း မဟုတ်ပေ (ထိုသူသည် မလွှဲမရှောင်သာ မသေရုံတမည် ဟရာမ်ကို စားသုံးခဲ့လျှင်) ထို့နောက် အမှန်စင်စစ် အလ္လာဟ်အရှင်မြတ်သည် အလွန်လွတ်ငြိမ်းချမ်းသာခွင့်ပေးတော်မူသောအရှင်၊ အလွန်သနားကြင်နာတော်မူသောအရှင် ဖြစ်တော်မူသည်။ وَلَا تَقُولُواْ لِمَا تَصِفُ أَلۡسِنَتُكُمُ ٱلۡكَذِبَ هَٰذَا حَلَٰلٌ وَهَٰذَا حَرَامٌ لِّتَفۡتَرُواْ عَلَى ٱللَّهِ ٱلۡكَذِبَۚ إِنَّ ٱلَّذِينَ يَفۡتَرُونَ عَلَى ٱللَّهِ ٱلۡكَذِبَ لَا يُفۡلِحُونَ ١١٦ထို့ပြင် အသင်တို့သည် အလ္လာဟ်အရှင်မြတ်အပေါ်တွင် လုပ်ကြံစွပ်စွဲကြရန်အတွက် အသင်တို့၏နှုတ်လျှာများက မုသားလုပ်ကြံဖန်တီးခဲ့သော “ဤသည် ဟလာလ် ခွင့်ပြုထားသောအရာဖြစ်သည်၊ ၎င်းနောက် ဤသည် ဟရာမ် တားမြစ်ထားသောအရာဖြစ်သည်“ဟူသည့် (စကားများကို)မပြောဆိုကြနှင့်။ အမှန်စင်စစ် အလ္လာဟ်အရှင်မြတ်အပေါ်တွင် လုပ်ကြံစွပ်စွဲကြသောသူများသည် အောင်မြင်မည်မဟုတ်ပေ။ مَتَٰعٌ قَلِيلٌ وَلَهُمۡ عَذَابٌ أَلِيمٌ ١١٧အကျိုးခံစားမှု အနည်းငယ်ပင်ဖြစ်သည်။ ၎င်းနောက် သူတို့အတွက် အလွန်နာကျင်စေသောပြစ်ဒဏ်ရှိမည်။ وَعَلَى ٱلَّذِينَ هَادُواْ حَرَّمۡنَا مَا قَصَصۡنَا عَلَيۡكَ مِن قَبۡلُۖ وَمَا ظَلَمۡنَٰهُمۡ وَلَٰكِن كَانُوٓاْ أَنفُسَهُمۡ يَظۡلِمُونَ ١١٨ထို့ပြင် ငါအရှင်မြတ်သည် ယဟူဒီများအပေါ်တွင် အသင်(တမန်တော့်)အား ငါအရှင်မြတ် ယခင်က မိန့်ကြားခဲ့သောအရာများကို ဟရာမ်ဟု တားမြစ်ထားတော်မူခဲ့သည်။ ထို့ပြင် ငါအရှင်မြတ်သည် သူတို့အား နှိပ်စက်တော်မမူခဲ့ပေ။ သို့ရာတွင် သူတို့သည် သူတို့ကိုယ်သူတို့ပင် နှိပ်စက်နေခဲ့ကြခြင်းဖြစ်သည်။ ثُمَّ إِنَّ رَبَّكَ لِلَّذِينَ عَمِلُواْ ٱلسُّوٓءَ بِجَهَٰلَةٍ ثُمَّ تَابُواْ مِنۢ بَعۡدِ ذَٰلِكَ وَأَصۡلَحُوٓاْ إِنَّ رَبَّكَ مِنۢ بَعۡدِهَا لَغَفُورٌ رَّحِيمٌ ١١٩ထို့နောက် အမှန်စင်စစ် အသင်(တမန်တော်)အား ဖန်ဆင်းမွေးမြူတော်မူသော အရှင်မြတ်သည် အကြင်သူများအတွက်၊ ထိုသူများသည် မသိမိုက်မဲသည့်အဖြစ်နှင့် မကောင်းမှုကျူးလွန်ခဲ့ကြသည်။ ထို့နောက် ထိုအပြစ်ကျူးလွန်ပြီးနောက် သောင်ဗဟ် အမှားဝန်ချတောင်းပန်ပြီး ပြုပြင်နေခဲ့ကြသည်။ အမှန်စင်စစ် အသင့်အား ဖန်ဆင်းမွေးမြူတော်မူသောအရှင်မြတ်သည် အမှားဝန်ခံပြုပြင်ပြီးနောက်၌ အမှန်ပင် အလွန်လွတ်ငြိမ်းချမ်းသာခွင့်ပေးတော်မူသောအရှင်၊ အလွန်သနားကြင်နာတော်မူသောအရှင် ဖြစ်တော်မူသည်။ إِنَّ إِبۡرَٰهِيمَ كَانَ أُمَّةً قَانِتًا لِّلَّهِ حَنِيفًا وَلَمۡ يَكُ مِنَ ٱلۡمُشۡرِكِينَ ١٢٠အမှန်စင်စစ် (တမန်တော်)အိဗ်ရာဟီမ်သည် အလွန်အတုယူထိုက်သောရှေ့ဆောင်၊ အလ္လာဟ်အရှင်မြတ်(၏ အမိန့်တော်များ)ကို လိုက်နာသူ၊ တစ်စိတ်တစ်လက်တည်း ဖြောင့်မတ်တည်ကြည်သူဖြစ်ခဲ့သည်။ ထို့ပြင် ၎င်းသည် မုရှ်ရိက်များထဲမှ မဟုတ်ခဲ့ပေ။ شَاكِرًا لِّأَنۡعُمِهِۚ ٱجۡتَبَىٰهُ وَهَدَىٰهُ إِلَىٰ صِرَٰطٍ مُّسۡتَقِيمٍ ١٢١(၎င်းသည်) အရှင်မြတ်၏ကျေးဇူးတော်များကို အလွန်သိတတ်ပြီး ကျေးဇူးတင်သူ(ဖြစ်ခဲ့သည်)။ အရှင်မြတ်သည် ၎င်းအား ရွေးချယ်တော်မူပြီး ၎င်းအား ဖြောင့်မတ်မှန်ကန်သောလမ်းကို ပြသတော်မူခဲ့သည်။ وَءَاتَيۡنَٰهُ فِي ٱلدُّنۡيَا حَسَنَةًۖ وَإِنَّهُۥ فِي ٱلۡأٓخِرَةِ لَمِنَ ٱلصَّٰلِحِينَ ١٢٢၎င်းနောက် ငါအရှင်မြတ်သည် ၎င်းအား ဤဘဝတွင်လည်း ကောင်းမြတ်သည်များကို ပေးသနားတော်မူခဲ့သည်။ ထို့ပြင် ၎င်းသည် တမလွန်ဘဝတွင်လည်း အမှန်ပင် ကောင်းမြတ်သောသူများထဲမှ ဖြစ်လိမ့်မည်။ ثُمَّ أَوۡحَيۡنَآ إِلَيۡكَ أَنِ ٱتَّبِعۡ مِلَّةَ إِبۡرَٰهِيمَ حَنِيفًاۖ وَمَا كَانَ مِنَ ٱلۡمُشۡرِكِينَ ١٢٣ထို့နောက် ငါအရှင်မြတ်သည် အသင့်ထံသို့ ဖြောင့်မတ်တည်ကြည်သော (တမန်တော်)အိဗ်ရာဟီမ်၏လမ်းစဉ်ကို လိုက်နာပါဟု အမိန့်ချမှတ်တော်မူခဲ့သည်။ ၎င်းနောက် ၎င်းသည် မုရှ်ရိက်များထဲမှ မဖြစ်ခဲ့ပေ။ إِنَّمَا جُعِلَ ٱلسَّبۡتُ عَلَى ٱلَّذِينَ ٱخۡتَلَفُواْ فِيهِۚ وَإِنَّ رَبَّكَ لَيَحۡكُمُ بَيۡنَهُمۡ يَوۡمَ ٱلۡقِيَٰمَةِ فِيمَا كَانُواْ فِيهِ يَخۡتَلِفُونَ ١٢٤စဗ်သ် စနေနေ့(ဥပုသ်နေ့)သည် ထိုနေ့(၏ အမိန့်ပညတ်ချက်များ)နှင့်ပတ်သက်၍ ကွဲလွဲခဲ့ကြသောသူများအပေါ်၌သာ (အတည်)ပြုလုပ်ခံခဲ့ရခြင်းဖြစ်သည်။ ၎င်းနောက် အမှန်စင်စစ် အသင်(တမန်တော်)အား ဖန်ဆင်းမွေးမြူတော်မူသောအရှင်မြတ်သည် ကိယာမသ် ရှင်ပြန်ထမည့်နေ့တွင် သူတို့ ကွဲလွဲနေခဲ့သောအရာများနှင့်ပတ်သက်၍ အမှန်ပင် စီရင်ဆုံးဖြတ်တော်မူမည် ဖြစ်သည်။ ٱدۡعُ إِلَىٰ سَبِيلِ رَبِّكَ بِٱلۡحِكۡمَةِ وَٱلۡمَوۡعِظَةِ ٱلۡحَسَنَةِۖ وَجَٰدِلۡهُم بِٱلَّتِي هِيَ أَحۡسَنُۚ إِنَّ رَبَّكَ هُوَ أَعۡلَمُ بِمَن ضَلَّ عَن سَبِيلِهِۦ وَهُوَ أَعۡلَمُ بِٱلۡمُهۡتَدِينَ ١٢٥အသင်သည် အသင့်အား ဖန်ဆင်းမွေးမြူတော်မူသောအရှင်မြတ်၏လမ်းကို ပညာဉာဏ်အမြော်အမြင်နှင့် ကောင်းမြတ်သော ဆုံးမဩဝါဒဖြင့် ဖိတ်ခေါ်ပါ။ ထို့ပြင် အသင်သည် သူတို့အား အကောင်းဆုံးနည်းဖြင့် အချေအတင်ပြောဆိုပါ။* အမှန်စင်စစ် အသင့်အား ဖန်ဆင်းမွေးမြူတော်မူသောအရှင်မြတ်ပင် အရှင်မြတ်၏လမ်းတော်မှ လွဲချော်သွားသူများကို အသိဆုံးဖြစ်တော်မူသည်။* ၎င်းနောက် အရှင်မြတ်သည်ပင် တရားလမ်းမှန်ရရှိကြသောသူများကိုလည်း အသိဆုံးဖြစ်တော်မူသည်။ وَإِنۡ عَاقَبۡتُمۡ فَعَاقِبُواْ بِمِثۡلِ مَا عُوقِبۡتُم بِهِۦۖ وَلَئِن صَبَرۡتُمۡ لَهُوَ خَيۡرٌ لِّلصَّٰبِرِينَ ١٢٦ထို့ပြင် အကယ်၍ အသင်တို့သည် တုံ့ပြန်လက်စားချေမည်ဆိုလျှင် အသင်တို့ ဒုက္ခပေးခြင်းခံရသည်နှင့်အမျှသာ တုံ့ပြန်လက်စားချေကြပါ။* ၎င်းနောက် အကယ်၍ အသင်တို့သည် သည်းခံခဲ့ကြလျှင် အမှန်စင်စစ် ထိုသည်းခံမှုသည် သည်းခံသူများအတွက် အကောင်းဆုံးဖြစ်သည်။ وَٱصۡبِرۡ وَمَا صَبۡرُكَ إِلَّا بِٱللَّهِۚ وَلَا تَحۡزَنۡ عَلَيۡهِمۡ وَلَا تَكُ فِي ضَيۡقٍ مِّمَّا يَمۡكُرُونَ ١٢٧ထို့ပြင် အသင်(တမန်တော်)သည် သည်းခံပါ၊ အသင်၏သည်းခံမှုသည် အလ္လာဟ်အရှင်မြတ်၏ စွမ်းအားပေးမှုကြောင့်ပင်ဖြစ်သည်။ ထို့ပြင် အသင်သည် သူတို့အတွက် ပူဆွေးမနေပါနှင့်။ ထို့ပြင် အသင်သည် သူတို့၏ကြံစည်မှုများကြောင့် စိတ်ဆင်းရဲမှုလည်း မဖြစ်ပါနှင့်။ إِنَّ ٱللَّهَ مَعَ ٱلَّذِينَ ٱتَّقَواْ وَّٱلَّذِينَ هُم مُّحۡسِنُونَ ١٢٨အမှန်စင်စစ် အလ္လာဟ်အရှင်မြတ်သည် ကြောက်ရွံ့အပြစ်ရှောင် ကောင်းကျိုးဆောင်ကြသောသူများနှင့်အတူ၊ ၎င်းနောက် ကောင်းမြတ်သောလုပ်ရပ်များကို ပြုလုပ်ကြသောသူများနှင့်အတူ ရှိတော်မူသည်။