بِسۡمِ ٱللَّهِ ٱلرَّحۡمَٰنِ ٱلرَّحِيمِ
سُبۡحَٰنَ ٱلَّذِيٓ أَسۡرَىٰ بِعَبۡدِهِۦ لَيۡلًا مِّنَ ٱلۡمَسۡجِدِ ٱلۡحَرَامِ إِلَى ٱلۡمَسۡجِدِ ٱلۡأَقۡصَا ٱلَّذِي بَٰرَكۡنَا حَوۡلَهُۥ لِنُرِيَهُۥ مِنۡ ءَايَٰتِنَآۚ إِنَّهُۥ هُوَ ٱلسَّمِيعُ ٱلۡبَصِيرُ ١အကြင်အရှင်မြတ်သည် သန့်ရှင်းစင်ကြယ်တော်မူသည်။ ထိုအရှင်မြတ်သည် တစ်ည၌ အရှင်မြတ်၏ကျေးကျွန်(ဖြစ်သူ တမန်တော်မုဟမ္မဒ်-ဆွ)အား မတ်စ်ဂျိဒိဟရာမ် ထွတ်မြတ်သောဗလီမှ ထိုကျွန်အား ငါအရှင်မြတ်၏ အချို့လက္ခဏာများကို ပြသရန်အတွက် အကြင်ဝေးလံသောဗလီ မတ်စ်ဂျိဒိအက္ကစွာထံသို့ ခေါ်ဆောင်သွားတော်မူခဲ့သည်။* ငါအရှင်မြတ်သည် ထိုဗလီဝတ်ကျောင်းတော်၏ ပတ်ဝန်းကျင်ကို မဂင်္လာအပေါင်းနှင့် ပြည့်စုံစေတော်မူခဲ့သည်။ အမှန်စင်စစ် အရှင်မြတ်သည် အကြွင်းမဲ့ကြားတော်မူသောအရှင်၊ အကြွင်းမဲ့သိတော်မူသောအရှင် ဖြစ်တော်မူသည်။ وَءَاتَيۡنَا مُوسَى ٱلۡكِتَٰبَ وَجَعَلۡنَٰهُ هُدًى لِّبَنِيٓ إِسۡرَٰٓءِيلَ أَلَّا تَتَّخِذُواْ مِن دُونِي وَكِيلًا ٢ထို့ပြင် ငါအရှင်မြတ်သည် (တမန်တော်)မူစာကို ကျမ်းဂန်ပေးသနားတော်မူခဲ့သည်။ ၎င်းနောက် ငါအရှင်မြတ်သည် ထိုကျမ်းဂန်ကို အစ္စရာအီလ်မျိုးနွယ်များအတွက် “အသင်တို့သည် ငါအရှင်မြတ်မှလွဲ၍ အခြားမည်သူ့ကိုမှ အားကိုးအားထားရာ မပြုလုပ်ကြနှင့်“ဟု လမ်းမှန်ညွှန်ကြားချက်အဖြစ် ပြုလုပ်တော်မူခဲ့သည်။ ذُرِّيَّةَ مَنۡ حَمَلۡنَا مَعَ نُوحٍۚ إِنَّهُۥ كَانَ عَبۡدًا شَكُورًا ٣အို- (သဘေင်္ာပေါ်၌) ငါအရှင်မြတ်က (တမန်တော်)နူးဟ်နှင့်အတူ တင်ဆောင်တော်မူခဲ့သောသူများ၏ သားမြေးအပေါင်းတို့၊ (အသင်တို့သည် အရှင်မြတ်တစ်ပါးတည်းအပေါ်တွင် ယုံကြည်ကြပါ။) အမှန်စင်စစ် ၎င်း(တမန်တော်နူးဟ်)သည် အလွန်ကျေးဇူးသိတတ်သော ကျွန်တစ်ဦးဖြစ်သည်။ وَقَضَيۡنَآ إِلَىٰ بَنِيٓ إِسۡرَٰٓءِيلَ فِي ٱلۡكِتَٰبِ لَتُفۡسِدُنَّ فِي ٱلۡأَرۡضِ مَرَّتَيۡنِ وَلَتَعۡلُنَّ عُلُوًّا كَبِيرًا ٤ထို့ပြင် ငါအရှင်မြတ်သည် အစ္စရာအီလ်မျိုးနွယ်များထံသို့ (သောင်ရာသ်)ကျမ်းတော်တွင် စီရင်ပြဋ္ဌာန်းတော်မူခဲ့သည်။ အမှန်စင်စစ် အသင်တို့သည် တိုင်းပြည်တွင် နှစ်ကြိမ် ဖျက်လိုဖျက်ဆီးပြုလုပ်ကြလိမ့်မည်။ ၎င်းနောက် အမှန်စင်စစ် အသင်တို့သည် မာနထောင်လွှားလျက် ကြီးကျယ်စွာ ဆိုးသွမ်းသောင်းကျန်းကြမည် (ဖျက်ဆီးမှုများပြုလုပ်ကြမည်)။ فَإِذَا جَآءَ وَعۡدُ أُولَىٰهُمَا بَعَثۡنَا عَلَيۡكُمۡ عِبَادًا لَّنَآ أُوْلِي بَأۡسٍ شَدِيدٍ فَجَاسُواْ خِلَٰلَ ٱلدِّيَارِۚ وَكَانَ وَعۡدًا مَّفۡعُولًا ٥၎င်းနောက် ထိုနှစ်ကြိမ်ထဲမှ ပထမအကြိမ်(ဖျက်ဆီးမှုကို အသင်တို့ ပြုလုပ်ခဲ့ကြသည့်အတွက်) ချိန်းဆိုထားသောပြစ်ဒဏ် ကျရောက်လာသောအခါ ငါအရှင်မြတ်သည် ပြင်းထန်စွာတိုက်ခိုက်နိုင်သော ငါအရှင်မြတ်၏ကျွန်များကို အသင်တို့အပေါ်တွင် စေလွှတ်တော်မူမည်။ သို့ဖြစ်ရာ သူတို့သည် (အသင်တို့ကို သတ်ဖြတ်ဖျက်ဆီးရန်) နေအိမ်များထဲသို့ ချင်းနင်းဝင်ရောက်ကြမည်။ ထို့ပြင် (ငါအရှင်မြတ်၏ဤချိန်းဆိုမှုသည်)ပြီးမြောက်အောင် ပြုလုပ်ခြင်းခံရမည့် ချိန်းဆိုမှုပင်ဖြစ်သည်။ ثُمَّ رَدَدۡنَا لَكُمُ ٱلۡكَرَّةَ عَلَيۡهِمۡ وَأَمۡدَدۡنَٰكُم بِأَمۡوَٰلٍ وَبَنِينَ وَجَعَلۡنَٰكُمۡ أَكۡثَرَ نَفِيرًا ٦ထို့နောက် ငါအရှင်မြတ်သည် အသင်တို့အား သူတို့အပေါ်တွင် (လွှမ်းမိုးရန်)အလှည့်ပြန်ပေးတော်မူမည်။ ၎င်းနောက် ငါအရှင်မြတ်သည် အသင်တို့အား ပစ္စည်းဥစ္စာများ၊ သား(သမီး)များဖြင့် ကူညီစောင်မတော်မူမည်။ ထို့ပြင် ငါအရှင်မြတ်သည် အသင်တို့ကို များပြားသော အုပ်စုအဖြစ်လည်း ပြုလုပ်တော်မူမည်။ إِنۡ أَحۡسَنتُمۡ أَحۡسَنتُمۡ لِأَنفُسِكُمۡۖ وَإِنۡ أَسَأۡتُمۡ فَلَهَاۚ فَإِذَا جَآءَ وَعۡدُ ٱلۡأٓخِرَةِ لِيَسُـُٔواْ وُجُوهَكُمۡ وَلِيَدۡخُلُواْ ٱلۡمَسۡجِدَ كَمَا دَخَلُوهُ أَوَّلَ مَرَّةٍ وَلِيُتَبِّرُواْ مَا عَلَوۡاْ تَتۡبِيرًا ٧အကယ်၍ အသင်တို့သည် အကောင်းပြုလုပ်ခဲ့ကြလျှင် အသင်တို့အတွက် အကောင်းပြုခြင်းသာ ဖြစ်သည်။ ၎င်းနောက် အကယ်၍ အသင်တို့သည် အဆိုးပြုလုပ်ခဲ့ကြလျှင်လည်း အသင်တို့အတွက် အဆိုးပြုခြင်းသာဖြစ်သည်။ ထို့နောက် ဒုတိယအကြိမ် (ဖျက်လိုဖျက်ဆီးမှုကို အသင်တို့ ပြုလုပ်ခဲ့ကြသည့်)အတွက် ချိန်းဆိုထားသောပြစ်ဒဏ် ရောက်လာသောအခါ (ငါအရှင်မြတ်သည် အရှင်မြတ်၏အခြားကျွန်များကို) သူတို့သည် အသင်တို့၏မျက်နှာများအား ပျက်စီးရန်၊ သူတို့သည် ဗလီဝတ်ကျောင်းတော်ကို ပထမအကြိမ် ဝင်ရောက်ခဲ့ကြသကဲ့သို့ ဝင်ရောက်ကြရန်နှင့် သူတို့ နိုင်နင်းသမျှအရာများကို ဖျက်ဆီးကြရန် (အသင်တို့အပေါ်တွင် လွှမ်းမိုးစေတော်မူသည်)ဖြစ်သည်။ عَسَىٰ رَبُّكُمۡ أَن يَرۡحَمَكُمۡۚ وَإِنۡ عُدتُّمۡ عُدۡنَاۚ وَجَعَلۡنَا جَهَنَّمَ لِلۡكَٰفِرِينَ حَصِيرًا ٨(အို- အစ္စရာအီလ်မျိုးနွယ်တို့) အသင်တို့အား ဖန်ဆင်းမွေးမြူတော်မူသော အရှင်မြတ်သည် အသင်တို့အား သနားတော်မူရန် သေချာစွာ ကတိပြုတော်မူသည်။* ထို့နောက် အကယ်၍ အသင်တို့သည် ထပ်မံ၍ ထိုသို့ပြုလုပ်ခဲ့ကြလျှင် ငါအရှင်မြတ်သည်လည်း ထပ်မံ၍ပင် ထိုကဲ့သို့ တုံ့ပြန်ပြုလုပ်တော်မူမည်ဖြစ်သည်။ ထို့ပြင် ငါအရှင်မြတ်သည် ငြင်းပယ်သူများအတွက် ဂျဟန္နမ်ငရဲဘုံကို အကျဉ်းထောင်အဖြစ် ပြုလုပ်ထားတော်မူသည်။ إِنَّ هَٰذَا ٱلۡقُرۡءَانَ يَهۡدِي لِلَّتِي هِيَ أَقۡوَمُ وَيُبَشِّرُ ٱلۡمُؤۡمِنِينَ ٱلَّذِينَ يَعۡمَلُونَ ٱلصَّٰلِحَٰتِ أَنَّ لَهُمۡ أَجۡرًا كَبِيرًا ٩အမှန်စင်စစ် ဤကုရ်အာန်ကျမ်းတော်မြတ်သည် အဖြောင့်မတ်ဆုံးတရားလမ်းကို ညွှန်ကြားပြသသည်။ ၎င်းနောက် ထိုကုရ်အာန်ကျမ်းတော်မြတ်သည် ကောင်းမြတ်သောလုပ်ရပ်များကို ပြုလုပ်ကြသော အီမာန်ယုံကြည်သူများ အမှန်ပင် သူတို့အတွက် ကြီးကျယ်သော ဆုလာဘ်ရှိသည်ဟု သတင်းကောင်းပေးသည်။ وَأَنَّ ٱلَّذِينَ لَا يُؤۡمِنُونَ بِٱلۡأٓخِرَةِ أَعۡتَدۡنَا لَهُمۡ عَذَابًا أَلِيمًا ١٠ထို့ပြင် အမှန်စင်စစ် တမလွန်ဘဝကို မယုံကြည်သူများအတွက် ငါအရှင်မြတ်သည် နာကျင်စေသောပြစ်ဒဏ်ကို အသင့်ပြုလုပ်ထားတော်မူသည်(ကိုလည်း ဤကုရ်အာန်ကျမ်းတော်မြတ်က သတင်းပေးသည်)။ وَيَدۡعُ ٱلۡإِنسَٰنُ بِٱلشَّرِّ دُعَآءَهُۥ بِٱلۡخَيۡرِۖ وَكَانَ ٱلۡإِنسَٰنُ عَجُولًا ١١ထို့ပြင် လူသားသည် အကောင်းနှင့်ပတ်သက်၍ ဆုတောင်းကြသကဲ့သို့ အဆိုးနှင့်ပတ်သက်၍လည်း ဆုတောင်းကြသည်။ ၎င်းနောက် လူသားသည် အလွန်အလျင်စလိုလုပ်သူဖြစ်သည်။ وَجَعَلۡنَا ٱلَّيۡلَ وَٱلنَّهَارَ ءَايَتَيۡنِۖ فَمَحَوۡنَآ ءَايَةَ ٱلَّيۡلِ وَجَعَلۡنَآ ءَايَةَ ٱلنَّهَارِ مُبۡصِرَةً لِّتَبۡتَغُواْ فَضۡلًا مِّن رَّبِّكُمۡ وَلِتَعۡلَمُواْ عَدَدَ ٱلسِّنِينَ وَٱلۡحِسَابَۚ وَكُلَّ شَيۡءٍ فَصَّلۡنَٰهُ تَفۡصِيلًا ١٢ထို့ပြင် ငါအရှင်မြတ်သည် ညနှင့်နေ့ကို သက်သေနှစ်ခုအဖြစ် ပြုလုပ်ထားတော်မူသည်။ ၎င်းနောက် ငါအရှင်မြတ်သည် ည၏သက်သေလက္ခဏာကို (အလင်း)ဖျောက်ဖျက်(၍ အမှောင်ပြုလုပ်)တော်မူပြီး နေ့၏သက်သေလက္ခဏာကို အလင်းပြုလုပ်တော်မူသည်။ ထိုသို့ ပြုလုပ်ရသည့်အကြောင်းကမူ အသင်တို့သည် အသင်တို့အား ဖန်ဆင်းမွေးမြူတော်မူသော အရှင်မြတ်၏ကျေးဇူးတော်(စားနပ်ရိက္ခာ)ကို ရှာဖွေကြရန်၊ အသင်တို့သည် နှစ်များ၏အရေအတွက်ကို သိကြရန်နှင့် စာရင်းတွက်ချက်မှုများကို သိကြရန်အတွက်ပင်ဖြစ်သည်။ ထို့ပြင် ငါအရှင်မြတ်သည် အရာအားလုံးကို အသေးစိတ် ရှင်းလင်းဖော်ပြတော်မူသည်။ وَكُلَّ إِنسَٰنٍ أَلۡزَمۡنَٰهُ طَٰٓئِرَهُۥ فِي عُنُقِهِۦۖ وَنُخۡرِجُ لَهُۥ يَوۡمَ ٱلۡقِيَٰمَةِ كِتَٰبًا يَلۡقَىٰهُ مَنشُورًا ١٣ထို့ပြင် ငါအရှင်မြတ်သည် လူတိုင်း၏လုပ်ရပ်ကို သူ၏လည်ကုပ်တွင် ခိုင်မြဲစွာ ချည်နှောင်ထားတော်မူသည်။ ၎င်းနောက် ငါအရှင်မြတ်သည် ကိယာမသ်နေ့တွင် သူ့အား မှတ်တမ်းတစ်ခုကို ထုတ်ပေးတော်မူမည်။ သူသည် ထိုမှတ်တမ်းကို ပွင့်နေသည့်အဖြစ်နှင့် တွေ့ရလိမ့်မည်။ ٱقۡرَأۡ كِتَٰبَكَ كَفَىٰ بِنَفۡسِكَ ٱلۡيَوۡمَ عَلَيۡكَ حَسِيبًا ١٤(ထို့နောက် သူ့အားပြောမည်)- အသင်သည် အသင်၏မှတ်တမ်းကို ဖတ်လိုက်ပါ၊ ယနေ့မူ အသင်ကိုယ်တိုင်ပင် အသင်၏အပေါ် စာရင်းစစ်ဆေးသူအဖြစ် လုံလောက်ပေသည်။ مَّنِ ٱهۡتَدَىٰ فَإِنَّمَا يَهۡتَدِي لِنَفۡسِهِۦۖ وَمَن ضَلَّ فَإِنَّمَا يَضِلُّ عَلَيۡهَاۚ وَلَا تَزِرُ وَازِرَةٌ وِزۡرَ أُخۡرَىٰۗ وَمَا كُنَّا مُعَذِّبِينَ حَتَّىٰ نَبۡعَثَ رَسُولًا ١٥မည်သူသည် တရားလမ်းမှန်ကို ရရှိခဲ့မည်နည်း၊ ထိုသူသည် သူ၏အကျိုးအတွက် ရရှိခဲ့ခြင်းသာဖြစ်သည်။ ၎င်းနောက် မည်သူသည် လမ်းလွဲခဲ့မည်နည်း၊ ထိုသူသည် သူ့ကိုယ်သူနှင့်ဆန့်ကျင်ပြီး (အကျိုးယုတ်ရန်) လမ်းလွဲခဲ့ခြင်းသာဖြစ်သည်။ ထို့ပြင် မည်သည့်သယ်ပိုးသူကမျှ သူတစ်ပါး၏ဝန်ထုပ်ကို သယ်ပိုးမည် မဟုတ်ပေ။ ၎င်းနောက် ငါအရှင်မြတ်သည် တမန်တော်တစ်ပါးပါးအား မစေလွှတ်သမျှ ပြစ်ဒဏ်ပေးတော်မမူပေ။ وَإِذَآ أَرَدۡنَآ أَن نُّهۡلِكَ قَرۡيَةً أَمَرۡنَا مُتۡرَفِيهَا فَفَسَقُواْ فِيهَا فَحَقَّ عَلَيۡهَا ٱلۡقَوۡلُ فَدَمَّرۡنَٰهَا تَدۡمِيرًا ١٦ထို့ပြင် ငါအရှင်မြတ်သည် ရွာတစ်ရွာအား ဖျက်ဆီးရန် ရည်ရွယ်တော်မူလျှင် ထိုရွာမှ စည်းစိမ်ရှင်များအား (အီမာန်ယုံကြည်ရန်နှင့် အမိန့်နာခံရန်) အမိန့်ပေးတော်မူသည်။ ထို့နောက် သူတို့သည် (အမိန့်နာမခံဘဲ) ထိုရွာတွင် ဆိုးသွမ်းကြသည်။ သို့ဖြစ်ရာ ချိန်းဆိုထားသော ပြစ်ဒဏ်သည် ထိုရွာတွင် ကျရောက်တော့သည်။ ထို့နောက် ငါအရှင်မြတ်သည် ထိုရွာကို အပြည့်အဝ ဖျက်ဆီးပစ်တော်မူသည်။ وَكَمۡ أَهۡلَكۡنَا مِنَ ٱلۡقُرُونِ مِنۢ بَعۡدِ نُوحٍۗ وَكَفَىٰ بِرَبِّكَ بِذُنُوبِ عِبَادِهِۦ خَبِيرَۢا بَصِيرًا ١٧ထို့ပြင် ငါအရှင်မြတ်သည် (တမန်တော်)နူးဟ်၏နောက်၌ လူမျိုးဆက် အမြောက်အမြားကို ဖျက်ဆီးတော်မူခဲ့သည်။* ထို့ပြင် အသင့်အား ဖန်ဆင်းမွေးမြူတော်မူသော အရှင်မြတ်သည် အရှင်မြတ်၏ကျွန်များ၏ ပြစ်မှုများကို အကြွင်းမဲ့သိတော်မူသောအရှင်၊ အကြွင်းမဲ့မြင်တော်မူသောအရှင်အဖြစ် လုံလောက်တော်မူသည်။ مَّن كَانَ يُرِيدُ ٱلۡعَاجِلَةَ عَجَّلۡنَا لَهُۥ فِيهَا مَا نَشَآءُ لِمَن نُّرِيدُ ثُمَّ جَعَلۡنَا لَهُۥ جَهَنَّمَ يَصۡلَىٰهَا مَذۡمُومًا مَّدۡحُورًا ١٨မည်သူမဆို ဤဘဝ၏စည်းစိမ်ကိုရည်ရွယ်ခဲ့လျှင် ငါအရှင်မြတ်သည် ထိုသူ့အား ဤဘဝ၌ပင် ငါအရှင်မြတ်အလိုရှိတော်မူသောအရာကို ငါအရှင်မြတ်အလိုရှိတော်မူသောသူအား မြန်ဆန်စွာပေးလိုက်တော်မူမည်။ ထို့နောက် ငါအရှင်မြတ်သည် ထိုသူ့အတွက် ငရဲဘုံကို ပြုလုပ်ထားတော်မူသည်။ ထိုသူသည် ငရဲဘုံထဲသို့ ပြစ်တင်ကဲ့ရဲ့ခံရ၍ နှင်ထုတ်ခြင်းခံရလျက် ဝင်ရောက်ရမည်ဖြစ်သည်။ وَمَنۡ أَرَادَ ٱلۡأٓخِرَةَ وَسَعَىٰ لَهَا سَعۡيَهَا وَهُوَ مُؤۡمِنٌ فَأُوْلَٰٓئِكَ كَانَ سَعۡيُهُم مَّشۡكُورًا ١٩ထို့ပြင် မည်သူမဆို အီမာန်ယုံကြည်သူလည်းဖြစ်လျက် သူသည် တမလွန်ဘဝကို ရည်ရွယ်၍ တမလွန်ဘဝနှင့်ကိုက်ညီသော ကြိုးပမ်းအားထုတ်မှုကို ကြိုးပမ်းခဲ့လျှင်၊ ထိုသူများပင် သူတို့၏ကြိုးပမ်းအားထုတ်မှုသည် အကျိုးကျေးဇူးပေးခြင်း ခံရမည်ဖြစ်သည်။ كُلًّا نُّمِدُّ هَٰٓؤُلَآءِ وَهَٰٓؤُلَآءِ مِنۡ عَطَآءِ رَبِّكَۚ وَمَا كَانَ عَطَآءُ رَبِّكَ مَحۡظُورًا ٢٠ငါအရှင်မြတ်သည် ဤသူများနှင့် ထိုသူများ အသီးသီးတို့ကို အသင်(တမန်တော့်)အား ဖန်ဆင်းမွေးမြူတော်မူသောအရှင်မြတ်၏ ဆုလာဘ်ကျေးဇူးတော်ထဲမှ ပံ့ပိုးခြင်းဖြစ်သည်။ ၎င်းနောက် အသင့်အား ဖန်ဆင်းမွေးမြူတော်မူသောအရှင်မြတ်၏ (လောကီဆိုင်ရာ)ကျေးဇူးတော်သည် (မည်သူ့အပေါ်တွင်မှ)ပိတ်ပင်ထားခြင်း မရှိပေ။ ٱنظُرۡ كَيۡفَ فَضَّلۡنَا بَعۡضَهُمۡ عَلَىٰ بَعۡضٍۚ وَلَلۡأٓخِرَةُ أَكۡبَرُ دَرَجَٰتٍ وَأَكۡبَرُ تَفۡضِيلًا ٢١ငါအရှင်မြတ်သည် သူတို့ထဲမှ အချို့ကိုအချို့ထက် မည်သို့ မြင့်မြတ်စေတော်မူခဲ့သနည်းဆိုသည်ကို အသင်ကြည့်ပါ။ ထို့ပြင် အမှန်စင်စစ် တမလွန်ဘဝသည် အဆင့်အတန်းအားဖြင့်သာမက မြင့်မြတ်မှုအားဖြင့်လည်း အလွန်ကြီးကျယ်လှသည်။ لَّا تَجۡعَلۡ مَعَ ٱللَّهِ إِلَٰهًا ءَاخَرَ فَتَقۡعُدَ مَذۡمُومًا مَّخۡذُولًا ٢٢အသင်သည် အလ္လာဟ်အရှင်မြတ်နှင့်အတူ နောက်ထပ် အဘယ်ကိုးကွယ်ရာကိုမှ (တွဲဖက်ကိုးကွယ်မှု)လုံးဝ မပြုလုပ်နှင့်။ ထိုသို့ပြုလုပ်ခဲ့လျှင် အသင်သည် ပြစ်တင်ရှုတ်ချခြင်းခံရလျက်၊ အကူအညီပေးခြင်းမှ စွန့်ပစ်ခံထားရလျက် ထိုင်နေရမည်ဖြစ်သည်။ ۞ وَقَضَىٰ رَبُّكَ أَلَّا تَعۡبُدُوٓاْ إِلَّآ إِيَّاهُ وَبِٱلۡوَٰلِدَيۡنِ إِحۡسَٰنًاۚ إِمَّا يَبۡلُغَنَّ عِندَكَ ٱلۡكِبَرَ أَحَدُهُمَآ أَوۡ كِلَاهُمَا فَلَا تَقُل لَّهُمَآ أُفٍّ وَلَا تَنۡهَرۡهُمَا وَقُل لَّهُمَا قَوۡلًا كَرِيمًا ٢٣ထို့ပြင် အသင့်အား ဖန်ဆင်းမွေးမြူတော်မူသောအရှင်မြတ်က အမိန့်ပြဋ္ဌာန်းတော်မူသည်။ အသင်တို့သည် အရှင်မြတ်တစ်ပါးတည်းကိုသာ ကိုးကွယ်မှုပြုခြင်းမှလွဲ၍ အခြားကို ကိုးကွယ်မှု မပြုရပေ။ ၎င်းနောက် မိဘနှစ်ပါးကို ကောင်းမွန်စွာ ပြုစုကြရမည်။ အကယ်၍ ထိုမိဘနှစ်ပါးထဲမှ တစ်ပါးဖြစ်စေ၊ နှစ်ပါးစလုံးဖြစ်စေ အသင့်ရှေ့၌ အိုမင်းရင့်ရော်သောအရွယ်သို့ရောက်ခဲ့လျှင် အသင်သည် ထိုမိဘနှစ်ပါးအား “အို“ဟုပင် မပြောနှင့်။ ၎င်းနောက် အသင်သည် မိဘနှစ်ပါးအား ငေါက်ငမ်းခြင်းလည်း မပြုနှင့်။ အသင်သည် ထိုမိဘနှစ်ပါးနှင့် ယဉ်ကျေးသိမ်မွေ့ချိုသာသောစကားကိုသာ ပြောဆိုပါ။ وَٱخۡفِضۡ لَهُمَا جَنَاحَ ٱلذُّلِّ مِنَ ٱلرَّحۡمَةِ وَقُل رَّبِّ ٱرۡحَمۡهُمَا كَمَا رَبَّيَانِي صَغِيرًا ٢٤ထို့ပြင် အသင်သည် ထိုမိဘနှစ်ပါး၏ရှေ့၌ သူတို့အပေါ်တွင် ကြင်နာသောသဘောနှင့် ကျိုးနွံပါ။ ၎င်းနောက် အသင်သည် (အရှင်မြတ်ထံတော်၌ ဤသို့)တောင်းဆိုပါ- “အို- ကျွန်ုပ်အား ဖန်ဆင်းမွေးမြူတော်မူသောအရှင်၊ ထိုမိဘနှစ်ပါးသည် ကျွန်ုပ်ကို ငယ်စဉ်ကတည်းက ပြုစုပျိုးထောင်ကြသကဲ့သို့ အရှင်မြတ်ကလည်း သူတို့နှစ်ပါးအပေါ်တွင် သနားကြင်နာတော်မူပါ။“ رَّبُّكُمۡ أَعۡلَمُ بِمَا فِي نُفُوسِكُمۡۚ إِن تَكُونُواْ صَٰلِحِينَ فَإِنَّهُۥ كَانَ لِلۡأَوَّٰبِينَ غَفُورًا ٢٥အသင်တို့အား ဖန်ဆင်းမွေးမြူတော်မူသောအရှင်မြတ်သည် အသင်တို့၏စိတ်နှလုံးများထဲ၌ရှိသည်များကို အသိဆုံးအရှင်ဖြစ်တော်မူသည်။ အကယ်၍ အသင်တို့သည် အမိန့်တော်ကို လိုက်နာသူများဖြစ်ကြလျှင် အမှန်စင်စစ် အရှင်မြတ်ကလည်း ဝန်ချတောင်းပန်သူများအတွက် အလွန်လွတ်ငြိမ်းချမ်းသာခွင့် ပေးတော်မူသောအရှင်မြတ်ပင်ဖြစ်တော်မူသည်။ وَءَاتِ ذَا ٱلۡقُرۡبَىٰ حَقَّهُۥ وَٱلۡمِسۡكِينَ وَٱبۡنَ ٱلسَّبِيلِ وَلَا تُبَذِّرۡ تَبۡذِيرًا ٢٦ထို့ပြင် အသင်သည် ဆွေမျိုးသားချင်းအား သူတို့၏ရသင့်ရထိုက်သော အခွင့်အရေးကို ပေးလိုက်ပါ။ ၎င်းနောက် ဆင်းရဲသားနှင့် ခရီးသည်ကိုလည်း (သူတို့ရသင့်သော အခွင့်အရေးမျာကို ပေးလိုက်ပါ)။ ၎င်းနောက် အသင်သည် အလဟဿ မဖြုန်းတီးလေနှင့်။ إِنَّ ٱلۡمُبَذِّرِينَ كَانُوٓاْ إِخۡوَٰنَ ٱلشَّيَٰطِينِۖ وَكَانَ ٱلشَّيۡطَٰنُ لِرَبِّهِۦ كَفُورًا ٢٧အမှန်စင်စစ် အလဟဿဖြုန်းတီးသူများသည် ရှိုင်သွာန်၏ညီအစ်ကိုများပင် ဖြစ်ကြသည်။ ထို့ပြင် ရှိုင်သွာန်သည် သူ့အား ဖန်ဆင်းမွေးမြူတော်မူသောအရှင်မြတ်ကို အလွန်ကျေးဇူးကန်းသူပင် ဖြစ်သည်။ وَإِمَّا تُعۡرِضَنَّ عَنۡهُمُ ٱبۡتِغَآءَ رَحۡمَةٍ مِّن رَّبِّكَ تَرۡجُوهَا فَقُل لَّهُمۡ قَوۡلًا مَّيۡسُورًا ٢٨၎င်းနောက် အကယ်၍ အသင်သည် အသင့်အား ဖန်ဆင်းမွေးမြူတော်မူသော အရှင်မြတ်ထံတော်မှ ကရုဏာ(စီးပွား)ကို ရှာဖွေနေစဉ် သူတို့(မိဘနှင့်ဆွေမျိုးများ၊ ဆင်းရဲသားများ)အား လျစ်လျူရှုရလျှင် အသင်သည် သူတို့အား ချိုသာသောစကားကို ပြောဆိုပါ။ وَلَا تَجۡعَلۡ يَدَكَ مَغۡلُولَةً إِلَىٰ عُنُقِكَ وَلَا تَبۡسُطۡهَا كُلَّ ٱلۡبَسۡطِ فَتَقۡعُدَ مَلُومًا مَّحۡسُورًا ٢٩ထို့ပြင် အသင်သည် အသင်၏လက်ကို အသင်၏လည်ကုပ်တွင် ချည်နှောင်မထားနှင့်၊ ၎င်းနောက် အသင်သည် ထိုလက်ကို လုံးဝဖွင့်၍လည်း မထားနှင့်။* ထိုသို့ပြုလုပ်ခဲ့လျှင် အသင်သည် ပြစ်တင်ရှုတ်ချခြင်းခံရပြီး (ပစ္စည်းဥစ္စာနွမ်းပါးသည့်အဖြစ်နှင့် ကြုံတွေ့ရကာ)ဝမ်းနည်းကြေကွဲလျက် ထိုင်နေရမည်။ إِنَّ رَبَّكَ يَبۡسُطُ ٱلرِّزۡقَ لِمَن يَشَآءُ وَيَقۡدِرُۚ إِنَّهُۥ كَانَ بِعِبَادِهِۦ خَبِيرَۢا بَصِيرًا ٣٠အမှန်စင်စစ် အသင့်အား ဖန်ဆင်းမွေးမြူတော်မူသောအရှင်မြတ်သည် အရှင်မြတ်အလိုရှိတော်မူသောသူကို ရိက္ခာတိုးချဲ့ပေးသနားတော်မူသည်။ ၎င်းနောက် (အရှင်မြတ်အလိုရှိတော်မူသောသူကို) အရှင်မြတ်ကပင် ကျဉ်းကျပ်စေတော်မူသည်။ အမှန်စင်စစ် အရှင်မြတ်သည် အရှင်မြတ်၏ကျွန်များ(၏အခြေအနေ)ကို အကြွင်းမဲ့ကြားသိတော်မူသောအရှင်၊ အကြွင်းမဲ့မြင်တော်မူသောအရှင်ဖြစ်တော်မူသည်။ وَلَا تَقۡتُلُوٓاْ أَوۡلَٰدَكُمۡ خَشۡيَةَ إِمۡلَٰقٍۖ نَّحۡنُ نَرۡزُقُهُمۡ وَإِيَّاكُمۡۚ إِنَّ قَتۡلَهُمۡ كَانَ خِطۡـًٔا كَبِيرًا ٣١ထို့ပြင် အသင်တို့သည် ဆင်းရဲမှုကို စိုးရိမ်သည့်အတွက် အသင်တို့၏သားသမီးများအား မသတ်ဖြတ်ကြနှင့်။ ငါအရှင်မြတ်သည် သူတို့နှင့်တကွ အသင်တို့အား စားနပ်ရိက္ခာ ပေးသနားတော်မူသည်။ အမှန်စင်စစ် သူတို့အား သတ်ဖြတ်ခြင်းသည် အလွန်ကြီးလေးသောအပြစ် ဖြစ်သည်။ وَلَا تَقۡرَبُواْ ٱلزِّنَىٰٓۖ إِنَّهُۥ كَانَ فَٰحِشَةً وَسَآءَ سَبِيلًا ٣٢ထိုု့ပြင် အသင်တို့သည် တရားမဝင်သော ကာမလိုက်စားပြုကျင့်မှု အနားကိုပင် မကပ်ကြနှင့်။* ထို့ပြင် ထိုအရာသည် အလွန်စက်ဆုပ် ရွံ့ရှာဖွယ်ဖြစ်သည့်အပြင် အလွန်ဆိုးဝါးသောလမ်းစဉ်လည်း ဖြစ်သည်။ وَلَا تَقۡتُلُواْ ٱلنَّفۡسَ ٱلَّتِي حَرَّمَ ٱللَّهُ إِلَّا بِٱلۡحَقِّۗ وَمَن قُتِلَ مَظۡلُومًا فَقَدۡ جَعَلۡنَا لِوَلِيِّهِۦ سُلۡطَٰنًا فَلَا يُسۡرِف فِّي ٱلۡقَتۡلِۖ إِنَّهُۥ كَانَ مَنصُورًا ٣٣ထို့ပြင် အသင်တို့သည် အလ္လာဟ်အရှင်မြတ်က တားမြစ်ထားသော အသက်ကို မှန်ကန်သည့်အကြောင်းမရှိဘဲ (မတရားသဖြင့်)သတ်ဖြတ်မှု မပြုကြနှင့်။* ထို့ပြင် အကြင်သူသည် မတရားသတ်ဖြတ်ခံရလျှင် သို့ဖြစ်ရာ မတရားသတ်ဖြတ်ခံရသောသူ၏အမွေစား အမွေခံကို အမှန်စင်စစ် ငါအရှင်မြတ်သည် အခွင့်အာဏာပေးထားတော်မူသည်။ ထို့နောက် ထိုအမွေစားအမွေခံသည် သတ်ဖြတ်မှုနှင့်ပတ်သက်၍ ဘောင်မကျော်ရပေ။* အမှန်စင်စစ် ထိုသူသည် ကူညီထောက်ခံမှု ရရှိပြီးဖြစ်သည်။ وَلَا تَقۡرَبُواْ مَالَ ٱلۡيَتِيمِ إِلَّا بِٱلَّتِي هِيَ أَحۡسَنُ حَتَّىٰ يَبۡلُغَ أَشُدَّهُۥۚ وَأَوۡفُواْ بِٱلۡعَهۡدِۖ إِنَّ ٱلۡعَهۡدَ كَانَ مَسۡـُٔولًا ٣٤ထို့ပြင် အသင်တို့သည် ကောင်းသောနည်းမှလွဲ၍ အဘမဲ့ကလေးများ၏ပစ္စည်းများ အနီးသို့ သူတို့အရွယ်ရောက်သည်အထိ* မချဉ်းကပ်ကြနှင့်။ ၎င်းနောက် အသင်တို့သည် ကတိသစ္စာကို* ကျေပွန်အောင် ဆောင်ရွက်ကြပါ။ အမှန်စင်စစ် ကတိသစ္စာသည် စစ်ဆေးမေးမြန်းခံရမည့်ကိစ္စဖြစ်သည်။ وَأَوۡفُواْ ٱلۡكَيۡلَ إِذَا كِلۡتُمۡ وَزِنُواْ بِٱلۡقِسۡطَاسِ ٱلۡمُسۡتَقِيمِۚ ذَٰلِكَ خَيۡرٌ وَأَحۡسَنُ تَأۡوِيلًا ٣٥ထို့ပြင် အသင်တို့သည် ခြင်တွယ်သောအခါ ပြည့်ဝစွာ ခြင်တွယ်ပေးကြပါ။ ၎င်းနောက် ချိန်တွယ်သောအခါ၌လည်း မှန်ကန်သောချိန်ခွင်နှင့် ချိန်တွယ်ပေးကြပါ။* ဤသည် (ဤဘဝတွင်လည်း) အကောင်းဆုံးဖြစ်သည်။ (တမလွန်ဘဝတွင်လည်း)အကျိုးဆက်အားဖြင့် အကောင်းဆုံးပင်ဖြစ်သည်။ وَلَا تَقۡفُ مَا لَيۡسَ لَكَ بِهِۦ عِلۡمٌۚ إِنَّ ٱلسَّمۡعَ وَٱلۡبَصَرَ وَٱلۡفُؤَادَ كُلُّ أُوْلَٰٓئِكَ كَانَ عَنۡهُ مَسۡـُٔولًا ٣٦ထို့ပြင် အသင်သည် အသင်မသိသောအကြောင်းအရာ၏နောက်သို့ မလိုက်နှင့်၊* အမှန်စင်စစ် နား၊ မျက်စိ၊ စိတ်နှလုံး အားလုံး တစ်ခုချင်းစီသည် ထိုအရာ(မသိသောအရာနောက်လိုက်ခြင်း)နှင့်ပတ်သက်၍ မေးမြန်းခြင်းခံရမည်ဖြစ်သည်။ وَلَا تَمۡشِ فِي ٱلۡأَرۡضِ مَرَحًاۖ إِنَّكَ لَن تَخۡرِقَ ٱلۡأَرۡضَ وَلَن تَبۡلُغَ ٱلۡجِبَالَ طُولًا ٣٧ထို့ပြင် အသင်သည် မြေပထဝီတွင် ကြွားဝါ၍ မလျှောက်နှင့်။* အမှန်စင်စစ် အသင်သည် မြေပထဝီကိုလည်း လုံးဝ ဖောက်ထွင်းနိုင်သည်မဟုတ်ပေ။ ၎င်းနောက် အသင်သည် အရပ်ရှည်လျားမှုအားဖြင့်လည်း တောင်ကို လုံးဝမီသည် မဟုတ်ပေ။ كُلُّ ذَٰلِكَ كَانَ سَيِّئُهُۥ عِندَ رَبِّكَ مَكۡرُوهًا ٣٨ထိုအရာအားလုံး၏မကောင်းမှုများသည်* အသင့်အား ဖန်ဆင်းမွေးမြူတော်မူသော အရှင်မြတ်ထံတော်၌ စက်ဆုပ်ရွံ့ရှာဖွယ်ရာများပင်ဖြစ်ကြသည်။ ذَٰلِكَ مِمَّآ أَوۡحَىٰٓ إِلَيۡكَ رَبُّكَ مِنَ ٱلۡحِكۡمَةِۗ وَلَا تَجۡعَلۡ مَعَ ٱللَّهِ إِلَٰهًا ءَاخَرَ فَتُلۡقَىٰ فِي جَهَنَّمَ مَلُومًا مَّدۡحُورًا ٣٩ဤအရာများမှာ အသင့်အား ဖန်ဆင်းမွေးမြူတော်မူသောအရှင်မြတ်သည် ဉာဏ်အမြော်အမြင်များထဲမှ အသင့်ထံသို့ ထုတ်ပြန်ပို့ချလိုက်သော အမိန့်ပညတ်ချက်များပင်ဖြစ်သည်။ ထို့ပြင် အသင်သည် အလ္လာဟ်အရှင်မြတ်နှင့် တွဲဖက်၍ အခြား မည်သည့်အရာကိုမှ လုံးဝကိုးကွယ်မှု မပြုနှင့်။ ထိုသို့ပြုခဲ့လျှင် အသင်သည် ဂျဟန္နမ်ငရဲဘုံတွင် ပြစ်တင်ရှုတ်ချခြင်းခံရ၍ ကရုဏာတော်မှ ကင်းဝေးခြင်းခံရလျက် ပစ်ချခံရလိမ့်မည်.၏။ أَفَأَصۡفَىٰكُمۡ رَبُّكُم بِٱلۡبَنِينَ وَٱتَّخَذَ مِنَ ٱلۡمَلَٰٓئِكَةِ إِنَٰثًاۚ إِنَّكُمۡ لَتَقُولُونَ قَوۡلًا عَظِيمًا ٤٠အသင်တို့အား ဖန်ဆင်းမွေးမြူတော်မူသောအရှင်မြတ်သည် အသင်တို့အား ထူးခြားစွာ သားယောက်ျားလေးများချည်းသာ ပေးတော်မူပြီး အရှင်မြတ်ကိုယ်တိုင်မှာမူ ကောင်းကင်တမန်များအား သမီးမိန်းကလေးများအဖြစ် မွေးစားထားတော်မူပါသလော။ အမှန်စင်စစ် အသင်တို့သည် အလွန်ကြီးကျယ်သောစကားကို ပြောဆိုကြသည် အမှန်ပင်။ وَلَقَدۡ صَرَّفۡنَا فِي هَٰذَا ٱلۡقُرۡءَانِ لِيَذَّكَّرُواْ وَمَا يَزِيدُهُمۡ إِلَّا نُفُورًا ٤١ထို့ပြင် အမှန်စင်စစ် ငါအရှင်မြတ်သည် ဤကုရ်အာန်ကျမ်းတော်မြတ်ထဲတွင် သူတို့(လူများ)တရားရရန်အတွက (ကိုးကွယ်ထိုက်သောအရှင် တစ်ပါးတည်းဖြစ်ကြောင်းကို နည်းအမျိုးမျိုးဖြင့်) ပြောင်းလဲမိန့်ကြားတော်မူခဲ့သည်။ ၎င်းနောက် ထိုပြောင်းလဲမိန့်ကြားမှုသည် သူတို့(မုရှ်ရိက်များ)အား စက်ဆုပ်မှုကိုသာ တိုးပွားစေခဲ့သည်။ قُل لَّوۡ كَانَ مَعَهُۥٓ ءَالِهَةٌ كَمَا يَقُولُونَ إِذًا لَّٱبۡتَغَوۡاْ إِلَىٰ ذِي ٱلۡعَرۡشِ سَبِيلًا ٤٢(အို- တမန်တော်)အသင်ပြောလိုက်ပါ- အကယ်၍ ထိုသူ(မုရှ်ရိက်)များပြောဆိုသည့်အတိုင်း ထို(အလ္လာဟ်)အရှင်မြတ်နှင့်အတူ အခြားကိုးကွယ်ရာများလည်း ရှိကြမည်ဆိုလျှင်* အမှန်စင်စစ် သူတို့သည် အရ်ရှ်ပလ္လင်တော်ကို စိုးပိုင်တော်မူသော အရှင်၏ထံသို့(သွားရောက်တိုက်ခိုက်ရန်) နည်းလမ်းရှာဖွေခဲ့ကြပြီး ဖြစ်လိမ့်မည်။ سُبۡحَٰنَهُۥ وَتَعَٰلَىٰ عَمَّا يَقُولُونَ عُلُوًّا كَبِيرًا ٤٣အရှင်မြတ်သည် စင်ကြယ်သန့်ရှင်းတော်မူသည်။ ၎င်းနောက် အရှင်မြတ်သည် သူတို့ပြောဆို(စွပ်စွဲ)ကြသည်ထက် အလွန်ကြီးကဲမြင့်မားလှတော်မူသည်။ تُسَبِّحُ لَهُ ٱلسَّمَٰوَٰتُ ٱلسَّبۡعُ وَٱلۡأَرۡضُ وَمَن فِيهِنَّۚ وَإِن مِّن شَيۡءٍ إِلَّا يُسَبِّحُ بِحَمۡدِهِۦ وَلَٰكِن لَّا تَفۡقَهُونَ تَسۡبِيحَهُمۡۚ إِنَّهُۥ كَانَ حَلِيمًا غَفُورًا ٤٤မိုးခုနစ်ထပ်နှင့် မြေပထဝီသာမက ထိုမိုးများနှင့် မြေပထဝီတွင်ရှိသူများသည် အရှင်မြတ် စင်ကြယ်တော်မူကြောင်းကို ရွတ်ဆိုနေကြသည်။ အမှန်စင်စစ် အရာအားလုံးသည် အရှင်မြတ်အား ချီးမွမ်းမှုနှင့်တကွ စင်ကြယ်တော်မူကြောင်း ရွတ်ဆိုလျက်ပင်ရှိကြသည်။ သို့ရာတွင် အသင်တို့သည် သူတို့၏ရွတ်ဆိုမှုကို နားမလည်ကြပေ။* အမှန်စင်စစ် အရှင်မြတ်သည် အလွန်ထောက်ထားညှာတာ သည်းခံဆိုင်းငံ့တော်မူသောအရှင်၊ အလွန်လွတ်ငြိမ်းချမ်းသာခွင့်ပေးတော်မူသောအရှင် ဖြစ်တော်မူသည်။ وَإِذَا قَرَأۡتَ ٱلۡقُرۡءَانَ جَعَلۡنَا بَيۡنَكَ وَبَيۡنَ ٱلَّذِينَ لَا يُؤۡمِنُونَ بِٱلۡأٓخِرَةِ حِجَابًا مَّسۡتُورًا ٤٥ထို့ပြင် အသင်သည် ကုရ်အာန်ကျမ်းတော်မြတ်ကို ရွတ်ဖတ်သောအခါ ငါအရှင်မြတ်သည် အသင်နှင့် တမလွန်ဘဝကို မယုံကြည်သူများ၏အကြားတွင် လျှို့ဝှက်ထားသော အကာအဆီးကို ချထားတော်မူသည်။ وَجَعَلۡنَا عَلَىٰ قُلُوبِهِمۡ أَكِنَّةً أَن يَفۡقَهُوهُ وَفِيٓ ءَاذَانِهِمۡ وَقۡرًاۚ وَإِذَا ذَكَرۡتَ رَبَّكَ فِي ٱلۡقُرۡءَانِ وَحۡدَهُۥ وَلَّوۡاْ عَلَىٰٓ أَدۡبَٰرِهِمۡ نُفُورًا ٤٦ထို့ပြင် ငါအရှင်မြတ်သည် သူတို့၏စိတ်နှလုံးများပေါ်၌ သူတို့သည် ကုရ်အာန်ကျမ်းတော်မြတ်ကို နားမလည်အောင် အဖုံးအအုပ် ဖုံးအုပ်ပေးတော်မူသည်။ ၎င်းနောက် သူတို့၏နားများကိုလည်း ပင်းစေတော်မူသည်။ ၎င်းနောက် အသင်သည် အသင့်အား ဖန်ဆင်းမွေးမြူတော်မူသော အရှင်မြတ်တစ်ပါးတည်းကိုသာ ကုရ်အာန်ကျမ်းတော်မြတ်တွင် သတိရသောအခါ သူတို့သည် စက်ဆုပ်သည့်အတွက် သူတို့နောက်ကျောဘက်သို့ ပြန်လှည့် ထွက်ခွာသွားကြသည်။ نَّحۡنُ أَعۡلَمُ بِمَا يَسۡتَمِعُونَ بِهِۦٓ إِذۡ يَسۡتَمِعُونَ إِلَيۡكَ وَإِذۡ هُمۡ نَجۡوَىٰٓ إِذۡ يَقُولُ ٱلظَّٰلِمُونَ إِن تَتَّبِعُونَ إِلَّا رَجُلًا مَّسۡحُورًا ٤٧သူတို့သည် အသင်၏ဘက်သို့ နားစွင့်ကြပြီး အဘယ့်အတွက် (ကုရ်အာန်ကို)နားထောင်ကြသည်ဆိုသည်ကို ငါအရှင်မြတ် အသိဆုံးဖြစ်တော်မူသည်။ ၎င်းနောက် သူတို့(အချင်းချင်း)တီးတိုး ပြောဆိုတိုင်ပင်ကြသောအခါ “အသင်တို့သည် စုန်းပြုခြင်းခံထားရသူ၏နောက်ကို လိုက်နေကြသည်“ဟု မတရားလုပ်သူများက ပြောဆိုကြသည်ကိုလည်း (ငါအရှင်မြတ် သိရှိတော်မူသည်)။ ٱنظُرۡ كَيۡفَ ضَرَبُواْ لَكَ ٱلۡأَمۡثَالَ فَضَلُّواْ فَلَا يَسۡتَطِيعُونَ سَبِيلًا ٤٨သူတို့သည် အသင်(တမန်တော်)နှင့်ပတ်သက်၍ မည်သည့်ပုံပမာများ ခိုင်းနှိုင်းခဲ့ကြသည်ကို အသင်ကြည့်လိုက်ပါ။ သို့ဖြစ်ရာ သူတို့သည် လမ်းလွဲခဲ့ကြပြီးဖြစ်သည်။ သို့ဖြစ်ရာ သူတို့သည် မည်သည့်(ထွက်)လမ်းကိုမှ တွေ့ရှိနိုင်ကြတော့မည် မဟုတ်ပေ။ وَقَالُوٓاْ أَءِذَا كُنَّا عِظَٰمًا وَرُفَٰتًا أَءِنَّا لَمَبۡعُوثُونَ خَلۡقًا جَدِيدًا ٤٩ထို့ပြင် သူတို့ကပြောဆိုကြသည်- “ကျွန်ုပ်တို့သည် အရိုးများသာကျန်၍ ကြေမွနေသောအခါ အသစ်ဖန်ဆင်းပြီး ရှင်ပြန်ထစေခြင်းကို ခံကြရဦးမည်လော။“ ۞ قُلۡ كُونُواْ حِجَارَةً أَوۡ حَدِيدًا ٥٠(အို- တမန်တော်)အသင်ပြောလိုက်ပါ- အသင်တို့သည် ကျောက်ခဲ သို့မဟုတ် သံခဲ ဖြစ်လိုက်ကြပါ။ أَوۡ خَلۡقًا مِّمَّا يَكۡبُرُ فِي صُدُورِكُمۡۚ فَسَيَقُولُونَ مَن يُعِيدُنَاۖ قُلِ ٱلَّذِي فَطَرَكُمۡ أَوَّلَ مَرَّةٍۚ فَسَيُنۡغِضُونَ إِلَيۡكَ رُءُوسَهُمۡ وَيَقُولُونَ مَتَىٰ هُوَۖ قُلۡ عَسَىٰٓ أَن يَكُونَ قَرِيبًا ٥١သို့မဟုတ် အသင်တို့၏စိတ်နှလုံးများထဲ၌ အဖန်ဆင်းခံများထဲမှ အလွန်ကြီးကျယ်(ခက်ခဲ)လှသည်ဟု ထင်ရသောအရာတစ်စုံတစ်ခု ဖြစ်လိုက်ကြပါ။ ထိုသို့ဖြစ်လျှင်လည်း (အရှင်မြတ်သည် ရှင်စေတော်မူနိုင်သည်။) ထို့နောက် သူတို့က ကျွန်ုပ်တို့အား မည်သူက ရှင်ပြန်ထစေမည်နည်းဟု ပြောဆိုကြဦးမည်။ (အို- တမန်တော်)အသင်ပြောလိုက်ပါ- အသင်တိုု့ကို ပထမအကြိမ် ဖန်ဆင်းတော်မူခဲ့သောအရှင်မြတ်ပင်(ရှင်ပြန်ထစေမည်ဖြစ်သည်)။ ထို့နောက် သူတို့သည် အသင်ရှေ့၌ သူတို့၏ဦးခေါင်းများကို (ပြောလှောင်သည့် အနေဖြင့်) လှုပ်ရမ်းပြီး ထိုရှင်ပြန်ထခြင်းသည် မည်သည့်အခါ ဖြစ်မည်နည်းဟု ပြောဆိုကြဦးမည်ဖြစ်သည်။ (အို- တမန်တော်)အသင်ပြောလိုက်ပါ- ထိုအချိန်သည် နီးကပ်နေပြီဖြစ်သည်။ يَوۡمَ يَدۡعُوكُمۡ فَتَسۡتَجِيبُونَ بِحَمۡدِهِۦ وَتَظُنُّونَ إِن لَّبِثۡتُمۡ إِلَّا قَلِيلًا ٥٢ထိုနေ့တွင် အရှင်မြတ်သည် အသင်တို့အား ခေါ်တော်မူမည်။ သို့ဖြစ်ရာ အသင်တို့သည် အရှင်မြတ်အား ချီးမွမ်းလျက်ထူးကြမည်။* ၎င်းနောက် အသင်တို့သည် (လောကတွင်) အသင်တို့ အနည်းငယ်သာ နေခဲ့ကြသည်ဟု ထင်မြင်ယူဆကြမည်။ وَقُل لِّعِبَادِي يَقُولُواْ ٱلَّتِي هِيَ أَحۡسَنُۚ إِنَّ ٱلشَّيۡطَٰنَ يَنزَغُ بَيۡنَهُمۡۚ إِنَّ ٱلشَّيۡطَٰنَ كَانَ لِلۡإِنسَٰنِ عَدُوًّا مُّبِينًا ٥٣ထို့ပြင် ငါအရှင်မြတ်၏ကျွန်များအား သူတို့သည် အကောင်းဆုံးစကားကိုသာ ပြောဆိုကြရန်* (အို- တမန်တော်)အသင်ပြောလိုက်ပါ။ အမှန်စင်စစ် ရှိုင်သွာန်သည် သူတို့၏အကြားတွင် နှောင့်ယှက်ဖျက်ဆီးလေ့ရှိသည်။ အမှန်စင်စစ် ရှိုင်သွာန်သည် လူသားများ၏ အလွန်ထင်ရှားသောရန်သူဖြစ်သည်။ رَّبُّكُمۡ أَعۡلَمُ بِكُمۡۖ إِن يَشَأۡ يَرۡحَمۡكُمۡ أَوۡ إِن يَشَأۡ يُعَذِّبۡكُمۡۚ وَمَآ أَرۡسَلۡنَٰكَ عَلَيۡهِمۡ وَكِيلًا ٥٤အသင်တို့အား ဖန်ဆင်းမွေးမြူတော်မူသော အရှင်မြတ်သည် အသင်တို့ကို အသိဆုံး အရှင်မြတ်ပင် ဖြစ်တော်မူသည်။ အကယ်၍ အရှင်မြတ်အလိုရှိတော်မူလျှင် အသင်တို့အား သနားကြင်နာတော်မူမည်။ သို့မဟုတ် အကယ်၍ အရှင်မြတ်အလိုရှိတော်မူလျှင် အသင်တို့အား အပြစ်ဒဏ်ခတ်တော်မူမည်။ ထို့ပြင် ငါအရှင်မြတ်သည် အသင့်အား သူတို့အပေါ် ကြီးကြပ်အုပ်ထိန်းသူ(တာဝန်ခံ)အဖြစ် စေလွှတ်တော်မူသည် မဟုတ်ပေ။ وَرَبُّكَ أَعۡلَمُ بِمَن فِي ٱلسَّمَٰوَٰتِ وَٱلۡأَرۡضِۗ وَلَقَدۡ فَضَّلۡنَا بَعۡضَ ٱلنَّبِيِّـۧنَ عَلَىٰ بَعۡضٍۖ وَءَاتَيۡنَا دَاوُۥدَ زَبُورًا ٥٥ထို့ပြင် အသင့်အား ဖန်ဆင်းမွေးမြူတော်မူသောအရှင်မြတ်သည် မိုးကောင်းကင်များနှင့် မြေပထဝီတွင် ရှိသောသူများကို အသိဆုံးအရှင် ဖြစ်တော်မူသည်။ ထို့ပြင် အမှန်စင်စစ် ငါအရှင်မြတ်သည် အချို့တမန်တော်များကို အချို့(တမန်တော်)များထက် သာလွန်စေတော်မူခဲ့သည်။* ထို့ပြင် ငါအရှင်မြတ်သည် (တမန်တော်)ဒါဝူဒ်အား ဇဗူရ်ကျမ်းတော်ကို ပေးသနားတော်မူခဲ့သည်။ قُلِ ٱدۡعُواْ ٱلَّذِينَ زَعَمۡتُم مِّن دُونِهِۦ فَلَا يَمۡلِكُونَ كَشۡفَ ٱلضُّرِّ عَنكُمۡ وَلَا تَحۡوِيلًا ٥٦(အို- တမန်တော်)အသင်ပြောလိုက်ပါ- အသင်တို့သည် အရှင်မြတ်မှလွဲ၍ အသင်တို့ (ကိုးကွယ်ရာဟု)ထင်မှတ်ခဲ့ကြသောသူများကို ဟစ်ခေါ်တမ်းတကြပါ။ ထိုသို့ဟစ်ခေါ်လျှင်လည်း သူတို့သည် အသင်တို့အပေါ်မှ ဒုက္ခကို ဖယ်ရှားပေးနိုင်ကြသည် မဟုတ်ပေ။ (ထိုဒုက္ခကို)ပြောင်းပေးနိုင်သည်လည်း မဟုတ်ပေ။ أُوْلَٰٓئِكَ ٱلَّذِينَ يَدۡعُونَ يَبۡتَغُونَ إِلَىٰ رَبِّهِمُ ٱلۡوَسِيلَةَ أَيُّهُمۡ أَقۡرَبُ وَيَرۡجُونَ رَحۡمَتَهُۥ وَيَخَافُونَ عَذَابَهُۥٓۚ إِنَّ عَذَابَ رَبِّكَ كَانَ مَحۡذُورًا ٥٧ထိုသူများသည် ထိုကာဖိရ်များ ဟစ်ခေါ်နေကြသောသူများပင် ဖြစ်ကြသည်။ သူတို့သည် သူတို့ထဲမှ မည်သူသည် (အရှင်မြတ်နှင့်) အနီးကပ်ဆုံးဖြစ်လိမ့်မည်နည်းဟု သူတို့အား ဖန်ဆင်းမွေးမြူတော်မူသော အရှင်မြတ်ထံတော်၌ နီးကပ်မှုကို ရှာဖွေဆည်းပူးနေကြသည်။ ထို့ပြင် သူတို့သည် အရှင်မြတ်၏ကရုဏာကိုလည်း မျှော်လင့်လျက်ရှိကြသည်။ ထို့ပြင် သူတို့သည် အရှင်မြတ်၏ပြစ်ဒဏ်ကိုလည်း ကြောက်ရွံ့စိုးရိမ်လျက်ရှိကြသည်။ အမှန်စင်စစ် အသင့်အား ဖန်ဆင်းမွေးမြူတော်မူသော အရှင်မြတ်၏ပြစ်ဒဏ်သည် အလွန်ကြောက်စရာကောင်းသည်။ وَإِن مِّن قَرۡيَةٍ إِلَّا نَحۡنُ مُهۡلِكُوهَا قَبۡلَ يَوۡمِ ٱلۡقِيَٰمَةِ أَوۡ مُعَذِّبُوهَا عَذَابًا شَدِيدًاۚ كَانَ ذَٰلِكَ فِي ٱلۡكِتَٰبِ مَسۡطُورًا ٥٨ထို့ပြင် မည်သည့်မြို့ရွာမဆို ငါအရှင်မြတ်သည် ထိုမြို့ရွာအား ကိယာမသ်မဖြစ်မီအလျင် ဖျက်ဆီးတော်မူမည့်အရှင်၊ သို့မဟုတ် ထိုမြို့(သူ)ရွာ(သား)များအား ပြင်းထန်စွာ ပြစ်ဒဏ်ခတ်တော်မူမည့်အရှင်မြတ်ပင် ဖြစ်တော်မူသည်။ ဤသည် (လောင်ဟိမဟ်ဖူးဇွ်)သင်ပုန်း၌ ရေးသားပြီးဖြစ်သည်။ وَمَا مَنَعَنَآ أَن نُّرۡسِلَ بِٱلۡأٓيَٰتِ إِلَّآ أَن كَذَّبَ بِهَا ٱلۡأَوَّلُونَۚ وَءَاتَيۡنَا ثَمُودَ ٱلنَّاقَةَ مُبۡصِرَةً فَظَلَمُواْ بِهَاۚ وَمَا نُرۡسِلُ بِٱلۡأٓيَٰتِ إِلَّا تَخۡوِيفًا ٥٩ထို့ပြင် ငါအရှင်မြတ်အား တန်ခိုးတော်များချပေးတော်မူရန် ပိတ်ပင်ခဲ့ရခြင်းသည် ယခင်က လူများက ထိုတန်ခိုးတော်များအား ငြင်းပယ်မှုကြောင့်ပင် ဖြစ်သည်။ ၎င်းနောက် ငါအရှင်မြတ်သည် ဆမူဒ်လူမျိုးများကို ထင်ရှားစွာမြင်နိုင်သော တန်ခိုးတော်အဖြစ် ကုလားအုတ်မကို ပေးတော်မူခဲ့သည်။ ၎င်းနောက် သူတို့သည် ထိုကုလားအုတ်မကို မတရားကျူးလွန်မှု ပြုလုပ်ခဲ့ကြသည်။ ထို့ပြင် ငါအရှင်မြတ်သည် တန်ခိုးတော်များကို သတိပေးနှိုးဆော်ချက်အဖြစ်သာ ချပေးတော်မူခဲ့ခြင်းဖြစ်သည်။ وَإِذۡ قُلۡنَا لَكَ إِنَّ رَبَّكَ أَحَاطَ بِٱلنَّاسِۚ وَمَا جَعَلۡنَا ٱلرُّءۡيَا ٱلَّتِيٓ أَرَيۡنَٰكَ إِلَّا فِتۡنَةً لِّلنَّاسِ وَٱلشَّجَرَةَ ٱلۡمَلۡعُونَةَ فِي ٱلۡقُرۡءَانِۚ وَنُخَوِّفُهُمۡ فَمَا يَزِيدُهُمۡ إِلَّا طُغۡيَٰنًا كَبِيرًا ٦٠ထို့ပြင် တစ်ခါက ငါအရှင်မြတ်သည် “အမှန်စင်စစ် အသင့်အား ဖန်ဆင်းမွေးမြူတော်မူသောအရှင်မြတ်သည် လူများအားလုံးကို ဝန်းရံထားတော်မူလိုက်ပြီ“ဟု မိန့်ကြားတော်မူခဲ့သည်။ ထို့ပြင် ငါအရှင်မြတ်သည် အသင့်အား ပြသတော်မူခဲ့သောမြင်ကွင်းနှင့်* ကုရ်အာန်ကျမ်းတော်မြတ်တွင် ရှုတ်ချခြင်းခံရသော သစ်ပင်ကို* လူများအတွက် စမ်းသပ်မှုတစ်ခုအဖြစ် ပြုလုပ်တော်မူခဲ့သည်။ ၎င်းနောက် ငါအရှင်မြတ်သည် လူများကို သတိပေးနှိုးဆော်တော်မူသည်။ ထို့နောက် ထိုသတိပေးနှိုးဆော်ချက်သည် သူတို့အား ကြီးကျယ်သော ဆိုးသွမ်းမှုကိုသာ တိုးပွားစေခဲ့သည်။ وَإِذۡ قُلۡنَا لِلۡمَلَٰٓئِكَةِ ٱسۡجُدُواْ لِأٓدَمَ فَسَجَدُوٓاْ إِلَّآ إِبۡلِيسَ قَالَ ءَأَسۡجُدُ لِمَنۡ خَلَقۡتَ طِينًا ٦١ထို့ပြင် တစ်ခါက ငါအရှင်မြတ်သည် ကောင်းကင်တမန်များအား “အသင်တို့သည် အာဒမ်ကို ဦးချကြပါ“ဟု မိန့်ကြားတော်မူခဲ့သောအခါ အိဗ်လီစ်မှလွဲ၍ ထိုကောင်းကင်မန်များအားလုံးသည် ဦးချခဲ့ကြသည်။ ထိုအိဗ်လီစ်က “အရှင်မြတ်က ရွှံ့စေးနှင့် ဖန်ဆင်းတော်မူခဲ့သောသူကို ကျွန်ုပ်ဦးချရပါမည်လော“*ဟု ပြောဆိုခဲ့သည်။ قَالَ أَرَءَيۡتَكَ هَٰذَا ٱلَّذِي كَرَّمۡتَ عَلَيَّ لَئِنۡ أَخَّرۡتَنِ إِلَىٰ يَوۡمِ ٱلۡقِيَٰمَةِ لَأَحۡتَنِكَنَّ ذُرِّيَّتَهُۥٓ إِلَّا قَلِيلًا ٦٢သူက(ဆက်)ပြောသည်- “အရှင်မြတ် ကြည့်ရှုတော်မူပါ၊ အရှင်မြတ်သည် ကျွန်ုပ်ထက် မြင့်မြတ်စေတော်မူခဲ့သော ဤသူကို အကယ်၍ အရှင်မြတ်သည် ကျွန်ုပ်အား ကိယာမသ်နေ့ထိ ဆိုင်းငံ့တော်မူခဲ့လျှင် အမှန်စင်စစ် ကျွန်ုပ်သည် သူ၏သားမြေးများထဲမှ အနည်းငယ်မှလွဲ၍ အားလုံးကို လွှမ်းမိုးဖျက်ဆီးပစ်လိုက်မည်။“ قَالَ ٱذۡهَبۡ فَمَن تَبِعَكَ مِنۡهُمۡ فَإِنَّ جَهَنَّمَ جَزَآؤُكُمۡ جَزَآءً مَّوۡفُورًا ٦٣အရှင်မြတ်က အမိန့်ရှိတော်မူသည်- “အသင်သွားလော့၊ (ကြိုက်ရာလုပ်လော့)၊ ၎င်းနောက် မည်သူမဆို သူတို့ထဲမှ အသင်၏နောက်ကို လိုက်ခဲ့ပါလျှင် ဂျဟန္နမ်ငရဲဘုံသည် ပြည့်ဝလုံလောက်သည့်အစားအဖြစ် အသင်တု့ိ၏အစား (ပေးခြင်းခံရမည့်အရာ အပြစ်ဒဏ်)ပင်ဖြစ်သည်။“ وَٱسۡتَفۡزِزۡ مَنِ ٱسۡتَطَعۡتَ مِنۡهُم بِصَوۡتِكَ وَأَجۡلِبۡ عَلَيۡهِم بِخَيۡلِكَ وَرَجِلِكَ وَشَارِكۡهُمۡ فِي ٱلۡأَمۡوَٰلِ وَٱلۡأَوۡلَٰدِ وَعِدۡهُمۡۚ وَمَا يَعِدُهُمُ ٱلشَّيۡطَٰنُ إِلَّا غُرُورًا ٦٤၎င်းနောက် အသင်သည် သူတို့ထဲမှ အသင်လက်လှမ်းမီသောသူများအား အသင်၏အသံနှင့် စိတ်ထကြွအောင်လုပ်ပါ၊ ခြိမ်းခြောက်လှည့်ဖြားပါ။ ၎င်းနောက် အသင်သည် ဥစ္စာပစ္စည်းများနှင့်သားသမီးများတွင် သူတို့နှင့်အတူ ဖက်စပ်ပါဝင်လိုက်ပါ။ ၎င်းနောက် အသင်သည် သူတို့အား ကတိပြုလိုက်ပါ။ ထို့ပြင် ရှိုင်သွာန်သည် သူတို့အား လှည့်စား၍သာ ကတိပြုသည်။ إِنَّ عِبَادِي لَيۡسَ لَكَ عَلَيۡهِمۡ سُلۡطَٰنٌۚ وَكَفَىٰ بِرَبِّكَ وَكِيلًا ٦٥အမှန်စင်စစ် ငါအရှင်မြတ်၏(မှန်ကန်သော)ကျွန်များအပေါ် အသင်သည် လုံးဝ အာဏာရှိမည်မဟုတ်ပေ။ ၎င်းနောက် အသင်(တမန်တော် မုဟမ္မဒ်-ဆွ)အား ဖန်ဆင်းမွေးမြူတော်မူသော အရှင်သည်ပင် အလွန်ယုံပုံလွှဲအပ်ခြင်းခံထိုက်တော်မူသောအရှင်မြတ်အဖြစ် လုံလောက်တော်မူသည်။ رَّبُّكُمُ ٱلَّذِي يُزۡجِي لَكُمُ ٱلۡفُلۡكَ فِي ٱلۡبَحۡرِ لِتَبۡتَغُواْ مِن فَضۡلِهِۦٓۚ إِنَّهُۥ كَانَ بِكُمۡ رَحِيمًا ٦٦အသင်တို့အား ဖန်ဆင်းမွေးမြူတော်မူသော အကြင်အရှင်မြတ်ပင်၊ အသင်တို့အနေနှင့် ထိုအရှင်မြတ်၏ကျေးဇူး(ရိက္ခာ)တော်ကို ရှာဖွေကြရန် အသင်တို့အတွက် ရွက်သဘေင်္ာများကို ပင်လယ်တွင် သွားလာလှုပ်ရှားစေတော်မူသောအရှင်ဖြစ်တော်မူသည်။ အမှန်စင်စစ် အရှင်မြတ်သည် အသင်တို့အပေါ်တွင် အလွန်သနားကြင်နာတော်မူသောအရှင်မြတ်ပင် ဖြစ်တော်မူသည်။ وَإِذَا مَسَّكُمُ ٱلضُّرُّ فِي ٱلۡبَحۡرِ ضَلَّ مَن تَدۡعُونَ إِلَّآ إِيَّاهُۖ فَلَمَّا نَجَّىٰكُمۡ إِلَى ٱلۡبَرِّ أَعۡرَضۡتُمۡۚ وَكَانَ ٱلۡإِنسَٰنُ كَفُورًا ٦٧ထို့ပြင် အသင်တို့သည် ပင်လယ်ထဲ၌ ဒုက္ခရောက်ခဲ့သောအခါ အရှင်မြတ်မှလွဲ၍ အသင်တို့ ဟစ်ခေါ်နေကြသောအရာများသည် ပျောက်ကွယ်သွားကြသည်။ ထို့နောက် အရှင်မြတ်သည် အသင်တို့အား ကုန်းပေါ်သို့ လွတ်မြောက်စေခဲ့တော်မူသောအခါ အသင်တို့သည် မျက်နှာလွှဲသွားခဲ့ကြပြန်သည်။ ထို့ပြင် လူသားသည် အလွန်ကျေးဇူးကန်းသူပင် ဖြစ်သည်။ أَفَأَمِنتُمۡ أَن يَخۡسِفَ بِكُمۡ جَانِبَ ٱلۡبَرِّ أَوۡ يُرۡسِلَ عَلَيۡكُمۡ حَاصِبًا ثُمَّ لَا تَجِدُواْ لَكُمۡ وَكِيلًا ٦٨အရှင်မြတ်သည် အသင်တို့အား ကုန်းပေါ်၌ပင် မြေမျိုစေတော်မူခြင်း သို့မဟုတ် အသင်တို့အပေါ် သဲမုန်တိုင်း စေလွှတ်တော်မူခြင်းကို စိုးရိမ်ခြင်းကင်းနေကြသလော။ ထို့နောက် အသင်တို့သည် အသင်တို့အတွက် ကာကွယ်စောင့်ရှောက်မည့်သူ မည်သူမှ တွေ့မည်မဟုတ်တော့ပေ။ أَمۡ أَمِنتُمۡ أَن يُعِيدَكُمۡ فِيهِ تَارَةً أُخۡرَىٰ فَيُرۡسِلَ عَلَيۡكُمۡ قَاصِفًا مِّنَ ٱلرِّيحِ فَيُغۡرِقَكُم بِمَا كَفَرۡتُمۡ ثُمَّ لَا تَجِدُواْ لَكُمۡ عَلَيۡنَا بِهِۦ تَبِيعًا ٦٩သို့မဟုတ် အရှင်မြတ်သည် အသင်တို့အား ထိုပင်လယ်ထဲသို့ နောက်တစ်ကြိမ် ထပ်မံ၍ ရောက်စေတော်မူကာ အသင်တို့အပေါ်တွင် အသင်တို့၏သွေဖည်မှုကြောင့် လေပြင်းမုန်တိုင်းကို စေလွှတ်ခြင်းအားဖြင့် အသင်တို့အား နစ်မြှပ်စေတော်မူမည်ကို စိုးရိမ်ခြင်းမရှိဘဲ စိတ်ချ၍ နေသလော။ ထို့နောက် အသင်တို့သည် အသင်တို့အတွက် ငါအရှင်မြတ်နှင့် ဆန့်ကျင်၍ ကူညီမည့်သူ မည်သူမှ တွေ့မည်မဟုတ်တော့ပေ။ ۞ وَلَقَدۡ كَرَّمۡنَا بَنِيٓ ءَادَمَ وَحَمَلۡنَٰهُمۡ فِي ٱلۡبَرِّ وَٱلۡبَحۡرِ وَرَزَقۡنَٰهُم مِّنَ ٱلطَّيِّبَٰتِ وَفَضَّلۡنَٰهُمۡ عَلَىٰ كَثِيرٍ مِّمَّنۡ خَلَقۡنَا تَفۡضِيلًا ٧٠ထို့ပြင် အမှန်စင်စစ် ငါအရှင်မြတ်သည် အာဒမ်၏သားသမီးများအား ဂုဏ်မြင့်မြတ်စေတော်မူခဲ့သည်။ ထို့ပြင် ငါအရှင်မြတ်သည် သူတို့အား ကုန်းပေါ်နှင့်ပင်လယ်တွင် စီးနင်းစေတော်မူခဲ့သည်။ ထို့ပြင် ငါအရှင်မြတ်သည် သူတို့အား(စားသုံးရန်) စင်ကြယ်ကောင်းမွန်သောအရာများကို ပေးသနားတော်မူခဲ့သည်။ ၎င်းနောက် ငါအရှင်မြတ်သည် သူတို့အား ငါအရှင်မြတ် ဖန်ဆင်းထားတော်မူသောအရာများထဲမှ (သက်ရှိ၊သက်မဲ့) အမြောက်အမြားထက် မြင့်မြတ်စေတော်မူခဲ့သည်။ يَوۡمَ نَدۡعُواْ كُلَّ أُنَاسِۭ بِإِمَٰمِهِمۡۖ فَمَنۡ أُوتِيَ كِتَٰبَهُۥ بِيَمِينِهِۦ فَأُوْلَٰٓئِكَ يَقۡرَءُونَ كِتَٰبَهُمۡ وَلَا يُظۡلَمُونَ فَتِيلًا ٧١ထိုနေ့တွင် ငါအရှင်မြတ်သည် လူသားအားလုံးအား သူတို့၏ရှေ့ဆောင်များနှင့်တကွ ခေါ်ယူတော်မူမည်။ ထိုအခါ သူတို့၏မှတ်တမ်းများကို သူတို့၏လက်ယာလက်၌ ပေးခြင်းခံရသောသူတို့ကမူ* သူတို့၏မှတ်တမ်းကို (ဝမ်းမြောက်စွာ)ဖတ်ကြမည်။ ထို့ပြင် သူတို့သည် ဆံခြည်မျှင်ခန့်ပင် မတရားပြုခြင်းကို ခံကြရမည်မဟုတ်ပေ။ وَمَن كَانَ فِي هَٰذِهِۦٓ أَعۡمَىٰ فَهُوَ فِي ٱلۡأٓخِرَةِ أَعۡمَىٰ وَأَضَلُّ سَبِيلًا ٧٢ထို့ပြင် မည်သူမဆို ဤဘဝတွင် (အမှန်တရားကို မမြင်ဘဲ)မျက်စိကန်းသူဖြစ်ခဲ့လျှင်၊ ထိုသူသည် တမလွန်ဘဝတွင်လည်း မျက်စိကန်းသူပင် ဖြစ်လိမ့်မည်။ ၎င်းပြင် (မှန်ကန်သောလမ်းမှ) ပို၍လွဲချော်သူလည်းဖြစ်လိမ့်မည်။ وَإِن كَادُواْ لَيَفۡتِنُونَكَ عَنِ ٱلَّذِيٓ أَوۡحَيۡنَآ إِلَيۡكَ لِتَفۡتَرِيَ عَلَيۡنَا غَيۡرَهُۥۖ وَإِذًا لَّٱتَّخَذُوكَ خَلِيلًا ٧٣ထို့ပြင် ငါအရှင်မြတ်သည် အသင်(တမန်တော်)၏ထံသို့ ပို့တော်မူခဲ့သော အမိန့်တော်မှလွဲ၍ အခြားအရာကို ငါအရှင်မြတ်အပေါ်တွင် အသင် လုပ်ကြံပြောဆိုရန်အတွက် သူတို့သည် အသင့်အား ထိုအမိန့်တော်မှ ချွတ်ချော်တိမ်းပါးအောင် ပြုလုပ်မည့်ဆဲဆဲဖြစ်ခဲ့ကြသည်။* ၎င်းနောက် ထိုသို့(အသင်)ပြုလုပ်လျှင် သူတို့သည် အသင့်အား ရင်းနှီးသည့်အနေဖြင့် မိတ်ဆွေပြုလုပ်ခဲ့ကြမည် အမှန်ပင်ဖြစ်သည်။ وَلَوۡلَآ أَن ثَبَّتۡنَٰكَ لَقَدۡ كِدتَّ تَرۡكَنُ إِلَيۡهِمۡ شَيۡـًٔا قَلِيلًا ٧٤ထို့ပြင် အကယ်၍ ငါအရှင်မြတ်သည် အသင့်အား တည်တံ့အောင် မလုပ်ထားခဲ့လျှင် အမှန်စင်စစ် အသင်သည် သူတို့ဘက်သို့ အနည်းငယ်ယိမ်းလုနီးပါး ဖြစ်သွားခဲ့လိမ့်မည်။ إِذًا لَّأَذَقۡنَٰكَ ضِعۡفَ ٱلۡحَيَوٰةِ وَضِعۡفَ ٱلۡمَمَاتِ ثُمَّ لَا تَجِدُ لَكَ عَلَيۡنَا نَصِيرًا ٧٥ထိုသို့ဖြစ်လျှင် ငါအရှင်မြတ်သည် အမှန်ပင် အသင့်အား ဤဘဝနှင့်တမလွန်ဘဝတွင် အပြစ်ဒဏ်နှစ်ဆ အမှန်ပင် မြည်းစမ်းစေတော်မူမည်ဖြစ်သည်။ ထို့နောက် အသင်သည် ငါအရှင်မြတ်နှင့် ဆန့်ကျင်ပြီး အသင့်အား ကူညီမည့်သူ မည်သူမှ တွေ့မည်မဟုတ်တော့ပေ။ وَإِن كَادُواْ لَيَسۡتَفِزُّونَكَ مِنَ ٱلۡأَرۡضِ لِيُخۡرِجُوكَ مِنۡهَاۖ وَإِذًا لَّا يَلۡبَثُونَ خِلَٰفَكَ إِلَّا قَلِيلًا ٧٦ထို့ပြင် သူတို့သည် အသင့်အား ဤ(မက္ကဟ်)မြေမှ နှင်ထုတ်ကြရန် ခြောက်လှန့်လုနီးပါးဖြစ်ခဲ့ကြသည်။ ၎င်းနောက် သို့ဖြစ်လျှင် သူတို့သည်လည်း အသင်၏နောက်တွင် (အချိန်)အနည်းငယ်မှလွဲ၍ နေနိုင်ကြမည် မဟုတ်ပေ။ سُنَّةَ مَن قَدۡ أَرۡسَلۡنَا قَبۡلَكَ مِن رُّسُلِنَاۖ وَلَا تَجِدُ لِسُنَّتِنَا تَحۡوِيلًا ٧٧ငါအရှင်မြတ်သည် အသင်၏မတိုင်မီ အရှင်မြတ်၏တမန်တော်များထဲမှ စေလွှတ်တော်မူခဲ့သော တမန်တော်များနှင့်ပတ်သက်သော လုပ်ထုံးလုပ်နည်းအတိုင်းဖြစ်သည်။* ထို့ပြင် ငါအရှင်မြတ်၏ စွန္နသ်လုပ်ထုံးလုပ်နည်းကို ပြောင်းလဲသည့်အဖြစ် အသင်တွေ့ရမည် မဟုတ်ပေ။ أَقِمِ ٱلصَّلَوٰةَ لِدُلُوكِ ٱلشَّمۡسِ إِلَىٰ غَسَقِ ٱلَّيۡلِ وَقُرۡءَانَ ٱلۡفَجۡرِۖ إِنَّ قُرۡءَانَ ٱلۡفَجۡرِ كَانَ مَشۡهُودًا ٧٨အသင်သည် နေမွန်းလွဲချိန်ကစပြီး ညမှောင်ချိန်အထိ စွလာသ်ဝတ်ပြုမှုကို ဆောက်တည်ပါ။* အမှန်စင်စစ် မိုးသောက်ချိန် ကုရ်အာန်ကျမ်းတော်မြတ်ဖတ်ရွတ်မှု (ဖဂျရ်စွလာသ် ဝတ်ပြုမှု)သည် (ကောင်းကင်တမန်များ)လာရောက်ချိန်ပင်ဖြစ်သည်။ وَمِنَ ٱلَّيۡلِ فَتَهَجَّدۡ بِهِۦ نَافِلَةً لَّكَ عَسَىٰٓ أَن يَبۡعَثَكَ رَبُّكَ مَقَامًا مَّحۡمُودًا ٧٩ထို့ပြင် အသင်သည် ည၌ သဟဂျ်ဂျွဒ်စွလာသ်ကိုလည်း အသင့်အတွက် အပိုအဖြစ် ဆောက်တည်ပါ။ အမှန်စင်စစ် အသင့်အား ဖန်ဆင်းမွေးမြူတော်မူသောအရှင်မြတ်သည် အသင့်အား မကားမှ မဟ်မူဒ်သို့ ပို့ပေးတော်မူမည်ဖြစ်သည်။ وَقُل رَّبِّ أَدۡخِلۡنِي مُدۡخَلَ صِدۡقٍ وَأَخۡرِجۡنِي مُخۡرَجَ صِدۡقٍ وَٱجۡعَل لِّي مِن لَّدُنكَ سُلۡطَٰنًا نَّصِيرًا ٨٠ထို့ပြင် (အို- တမန်တော်)အသင်သည် (ဤသို့)လျှောက်ထားပါ- “အို- ကျွန်ုပ်အား ဖန်ဆင်းမွေးမြူတော်မူသောအရှင်၊ အရှင်မြတ်သည် ကျွန်ုပ်အား (မဒီနဟ်မြို့တော်သို့)နှစ်သက်ကောင်းမွန်သော ထွက်စေခြင်းမျိုးဖြင့် ထွက်စေတော်မူပါ။* ထို့ပြင် အရှင်မြတ်သည် ကျွန်ုပ်အား အရှင့်ထံမှ ကူညီပံ့ပိုးမည့် အားအင်စိုးမိုးမှုကို ပေးသနားတော်မူပါ“။ وَقُلۡ جَآءَ ٱلۡحَقُّ وَزَهَقَ ٱلۡبَٰطِلُۚ إِنَّ ٱلۡبَٰطِلَ كَانَ زَهُوقًا ٨١ထို့ပြင် (အို- တမန်တော်)အသင်ပြောလိုက်ပါ- အမှန်သည် ရောက်ရှိလာခဲ့ပြီဖြစ်သည်၊ ၎င်းနောက် အမှားသည်လည်း ပျောက်ကွယ်သွားခဲ့ပြီဖြစ်သည်။ အမှန်စင်စစ် အမှားသည် ကွယ်ပျောက်မည့်အရာပင် ဖြစ်ခဲ့သည်။ وَنُنَزِّلُ مِنَ ٱلۡقُرۡءَانِ مَا هُوَ شِفَآءٌ وَرَحۡمَةٌ لِّلۡمُؤۡمِنِينَ وَلَا يَزِيدُ ٱلظَّٰلِمِينَ إِلَّا خَسَارًا ٨٢ထို့ပြင် ငါအရှင်မြတ်သည် ကုရ်အာန်ကျမ်းတော်မြတ်တွင် ယုံကြည်သူများအတွက် ရောဂါပျောက်စေသောအရာနှင့် ကရုဏာတော်ကို ချပေးတော်မူသည်။ ၎င်းနောက် ထိုအရာသည် မတရားကျူးလွန်သူများတွင် ဆုံးရှုံးမှုမှလွဲ၍ မည်သည့်အရာမျှ တိုးပွားစေသည်မဟုတ်ပေ။ وَإِذَآ أَنۡعَمۡنَا عَلَى ٱلۡإِنسَٰنِ أَعۡرَضَ وَنَـَٔا بِجَانِبِهِۦ وَإِذَا مَسَّهُ ٱلشَّرُّ كَانَ يَـُٔوسًا ٨٣ထို့ပြင် ငါအရှင်မြတ်သည် လူသား၏အပေါ်တွင် ကျေးဇူးပြုတော်မူသောအခါ သူသည် မျက်နှာလွှဲ၍ ရှောင်ဖယ်သွားလေ့ရှိသည်၊ ၎င်းနောက် သူ့တွင် ဒုက္ခရောက်သောအခါ သူသည် မျှော်လင့်ချက်ကင်းသူဖြစ်သွားတော့သည်။ قُلۡ كُلٌّ يَعۡمَلُ عَلَىٰ شَاكِلَتِهِۦ فَرَبُّكُمۡ أَعۡلَمُ بِمَنۡ هُوَ أَهۡدَىٰ سَبِيلًا ٨٤(အို- တမန်တော်)အသင်ပြောလိုက်ပါ- လူတိုင်းသည် သူ၏နည်းလမ်းအတိုင်းပြုလုပ်နေကြသည်။ ထို့နောက် အသင်တို့အား ဖန်ဆင်းမွေးမြူတော်မူသော အရှင်မြတ်သည် မည်သူက လမ်းမှန်ဆုံးဖြစ်သည်ကို အသိဆုံးဖြစ်တော်မူသည်။ وَيَسۡـَٔلُونَكَ عَنِ ٱلرُّوحِۖ قُلِ ٱلرُّوحُ مِنۡ أَمۡرِ رَبِّي وَمَآ أُوتِيتُم مِّنَ ٱلۡعِلۡمِ إِلَّا قَلِيلًا ٨٥ထို့ပြင် သူတို့သည် အသင်(တမန်တော်)အား ရူဟ်*အသက်ဝိညာဉ်နှင့်ပတ်သက်၍ မေးမြန်းကြသည်။ (အို- တမန်တော်)အသင်ပြောလိုက်ပါ- အသက်ဝိညာဉ်သည် ငါ့အား ဖန်ဆင်းမွေးမြူတော်မူသော အရှင်မြတ်၏အမိန့်တော်အတိုင်း ဖြစ်လာသည်။ ထို့ပြင် အသင်တို့သည် ပညာအနည်းငယ်သာ ပေးသနားတော်မူခြင်း ခံခဲ့ကြရသည်။ وَلَئِن شِئۡنَا لَنَذۡهَبَنَّ بِٱلَّذِيٓ أَوۡحَيۡنَآ إِلَيۡكَ ثُمَّ لَا تَجِدُ لَكَ بِهِۦ عَلَيۡنَا وَكِيلًا ٨٦ထို့ပြင် အကယ်၍ ငါအရှင်မြတ်သည် အလိုရှိတော်မူလျှင် အသင့်ထံသို့ ငါအရှင်မြတ် ထုတ်ပြန်ပို့ချတော်မူခဲ့သော (ကုရ်အာန်ကျမ်းတော်မြတ်)ကို အမှန်စင်စစ် ပြန်လည်ရုပ်သိမ်းတော်မူမည်။ ထို့နောက် ထိုအရာနှင့်ပတ်သက်၍ ငါအရှင်မြတ်နှင့် ဆန့်ကျင်ပြီး ကူညီမည့်သူ မည်သူမှ အသင်တွေ့ရှိမည် မဟုတ်ပေ။ إِلَّا رَحۡمَةً مِّن رَّبِّكَۚ إِنَّ فَضۡلَهُۥ كَانَ عَلَيۡكَ كَبِيرًا ٨٧သို့ရာတွင် အသင့်အား ဖန်ဆင်းမွေးမြူတော်မူသော အရှင်မြတ်ထံတော်မှ ကရုဏာတော်နှင့် (ရုပ်သိမ်းတော်မမူခဲ့ပေ)။ အမှန်စင်စစ် အရှင်မြတ်၏ကျေးဇူးတော်သည် အသင်၏အပေါ်တွင် ကြီးမားလှပေသည်။ قُل لَّئِنِ ٱجۡتَمَعَتِ ٱلۡإِنسُ وَٱلۡجِنُّ عَلَىٰٓ أَن يَأۡتُواْ بِمِثۡلِ هَٰذَا ٱلۡقُرۡءَانِ لَا يَأۡتُونَ بِمِثۡلِهِۦ وَلَوۡ كَانَ بَعۡضُهُمۡ لِبَعۡضٍ ظَهِيرًا ٨٨(အို- တမန်တော်)အသင်ပြောလိုက်ပါ- အမှန်ပင် အကယ်၍ လူသားများနှင့် ဂျင်န်များသည် ဤကုရ်အာန်ကျမ်းတော်မြတ်နှင့်တူသော ကျမ်းကို(စီကုံးရေးသားပြီး)ယူလာရန် စုရုံးကြပြီး အချင်းချင်း ရိုင်းပင်းကူညီခဲ့ကြလျှင်လည်း သူတို့သည် ထိုကုရ်အာန်ကျမ်းတော်မြတ်နှင့်တူသောကျမ်းကို လုံးဝ ူယူဆောင်လာနိုင်ကြမည် မဟုတ်ပေ။ وَلَقَدۡ صَرَّفۡنَا لِلنَّاسِ فِي هَٰذَا ٱلۡقُرۡءَانِ مِن كُلِّ مَثَلٍ فَأَبَىٰٓ أَكۡثَرُ ٱلنَّاسِ إِلَّا كُفُورًا ٨٩ထို့ပြင် အမှန်စင်စစ် ငါအရှင်မြတ်သည် လူများအတွက် ဤကုရ်အာန်ကျမ်းတော်မြတ်တွင် သာဓက(ဥပမာပုံဆောင်ချက်)များကို နည်းအမျိုးမျိုးနှင့် မိန့်ကြားတော်မူသည်။ သို့ရာတွင်လည်း အများစုသည် ငြင်းပယ်မှုမှလွဲ၍ မည်သည့်အရာကိုမှ နှစ်သက်ခဲ့ကြသည် မရှိပေ။ وَقَالُواْ لَن نُّؤۡمِنَ لَكَ حَتَّىٰ تَفۡجُرَ لَنَا مِنَ ٱلۡأَرۡضِ يَنۢبُوعًا ٩٠ထို့ပြင် သူတို့က အသင်သည် ကျွန်ုပ်တို့အတွက် မြေပထဝီမှ စမ်းရေချောင်းတစ်ခု စီးထွက်လာအောင် ပြုလုပ်မပေးသမျှ ကျွန်ုပ်တို့သည် အသင့်အပေါ်တွင် အီမာန်ယုံကြည်လက်ခံမည် မဟုတ်ပေဟု ပြောဆိုခဲ့ကြသည်။ أَوۡ تَكُونَ لَكَ جَنَّةٌ مِّن نَّخِيلٍ وَعِنَبٍ فَتُفَجِّرَ ٱلۡأَنۡهَٰرَ خِلَٰلَهَا تَفۡجِيرًا ٩١သို့မဟုတ် အသင့်တွင် စွန်ပလွံပင်များနှင့် စပျစ်ပင်များရှိသော ခြံတစ်ခုရှိရမည်။ ၎င်းနောက် အသင်သည် ထိုခြံ၏အလယ်မှ စမ်းရေချောင်းများ စီးထွက်လာအောင် ပြုလုပ်ရမည်။ أَوۡ تُسۡقِطَ ٱلسَّمَآءَ كَمَا زَعَمۡتَ عَلَيۡنَا كِسَفًا أَوۡ تَأۡتِيَ بِٱللَّهِ وَٱلۡمَلَٰٓئِكَةِ قَبِيلًا ٩٢သို့မဟုတ် အသင်သည် အသင်ထင်မြင်ယူဆသည့်အတိုင်း ကျွန်ုပ်တို့အပေါ်တွင် မိုးကို အပိုင်းပိုင်း အစစဖြစ်ပြီး ပြိုကျလာအောင် ပြုလုပ်ရမည်။ သို့မဟုတ် အသင်သည် အလ္လာဟ်အရှင်မြတ်နှင့် ကောင်းကင်တမန်များကို ကျွန်ုပ်တို့၏ရှေ့၌ ခေါ်ယူလာရမည်။ أَوۡ يَكُونَ لَكَ بَيۡتٌ مِّن زُخۡرُفٍ أَوۡ تَرۡقَىٰ فِي ٱلسَّمَآءِ وَلَن نُّؤۡمِنَ لِرُقِيِّكَ حَتَّىٰ تُنَزِّلَ عَلَيۡنَا كِتَٰبًا نَّقۡرَؤُهُۥۗ قُلۡ سُبۡحَانَ رَبِّي هَلۡ كُنتُ إِلَّا بَشَرًا رَّسُولًا ٩٣သို့မဟုတ် အသင့်၌ ရွှေနှင့်ပြုလုပ်ထားသော အဆောင်တစ်ခုရှိရမည်။ သို့မဟုတ် အသင်သည် မိုးကောင်းကင်သို့ တက်သွားရမည်။ ၎င်းနောက် ကျွန်ုပ်တို့ကမူ အသင်သည် (ထိုမိုးကောင်းကင်မှ)ကျွန်ုပ်တို့ ရွတ်ဖတ်နိုင်သောကျမ်းတစ်စောင်ကို ကျွန်ုပ်တို့အတွက် အချပေးသမျှ အသင်(မိုးကောင်းကင်)တက်သွားသည်ကို လုံးဝ လက်ခံကြမည် မဟုတ်ပေ။ (အို- တမန်တော်)အသင်ပြောလိုက်ပါ- ငါ့အား ဖန်ဆင်းမွေးမြူတော်မူသော အရှင်မြတ်သည် သန့်ပြန့်စင်ကြယ်တော်မူပါသည်။ ငါသည် လူသားတမန်တော်တစ်ပါးမှလွဲ၍ အခြား မည်သည့်အရာမျှ မဟုတ်ပေ။ وَمَا مَنَعَ ٱلنَّاسَ أَن يُؤۡمِنُوٓاْ إِذۡ جَآءَهُمُ ٱلۡهُدَىٰٓ إِلَّآ أَن قَالُوٓاْ أَبَعَثَ ٱللَّهُ بَشَرًا رَّسُولًا ٩٤ထို့ပြင် လူမျာထံသို့ လမ်းမှန် ညွှန်ကြားပြသချက်ရောက်လာသောအခါ သူတို့က အလ္လာဟ်အရှင်မြတ်သည် တမန်တော်အဖြစ် လူသားတစ်ဦးကို စေလွှတ်တော်မူပါသလောဟု ပြောဆိုကြသည်မှလွဲ၍ မည်သည့်အရာကမှ သူတို့၏အီမာန်ယုံကြည်ခြင်းကို ပိတ်ပင်တားဆီးခဲ့သည် မဟုတ်ပေ။ قُل لَّوۡ كَانَ فِي ٱلۡأَرۡضِ مَلَٰٓئِكَةٌ يَمۡشُونَ مُطۡمَئِنِّينَ لَنَزَّلۡنَا عَلَيۡهِم مِّنَ ٱلسَّمَآءِ مَلَكًا رَّسُولًا ٩٥(အို- တမန်တော်)အသင်ပြောလိုက်ပါ- အကယ်၍ မြေပထဝီတွင် ကောင်းကင်တမန်များသည် အတည်တကျ နေထိုင်သွားလာနေကြလျှင် အမှန်စင်စစ် ငါအရှင်မြတ်သည် သူတို့အပေါ် မိုးကောင်းကင်မှ ကောင်းကင်တမန်တစ်ပါးကို တမန်တော်အဖြစ်(စေလွှတ်)ချပေးတော်မူမည်ဖြစ်သည်။ قُلۡ كَفَىٰ بِٱللَّهِ شَهِيدَۢا بَيۡنِي وَبَيۡنَكُمۡۚ إِنَّهُۥ كَانَ بِعِبَادِهِۦ خَبِيرَۢا بَصِيرًا ٩٦(အို- တမန်တော်)အသင်ပြောလိုက်ပါ- အလ္လာဟ်အရှင်မြတ်ပင် ငါနှင့် အသင်တို့၏ကြားတွင် မျက်မှောက်အသိသက်သေဖြစ်နေတော်မူသောအရှင်အဖြစ် လုံလောက်တော်မူသည်။ အမှန်စင်စစ် ထိုအရှင်မြတ်သည် အရှင်မြတ်၏ကျေးကျွန်များနှင့်ပတ်သက်၍ အကြွင်းမဲ့ကြားသိတော်မူသောအရှင်မြတ်၊ အကြွင်းမဲ့မြင်တော်မူသောအရှင်မြတ် ဖြစ်တော်မူသည်။ وَمَن يَهۡدِ ٱللَّهُ فَهُوَ ٱلۡمُهۡتَدِۖ وَمَن يُضۡلِلۡ فَلَن تَجِدَ لَهُمۡ أَوۡلِيَآءَ مِن دُونِهِۦۖ وَنَحۡشُرُهُمۡ يَوۡمَ ٱلۡقِيَٰمَةِ عَلَىٰ وُجُوهِهِمۡ عُمۡيًا وَبُكۡمًا وَصُمًّاۖ مَّأۡوَىٰهُمۡ جَهَنَّمُۖ كُلَّمَا خَبَتۡ زِدۡنَٰهُمۡ سَعِيرًا ٩٧ထို့ပြင် အလ္လာဟ်အရှင်မြတ်က လမ်းမှန်ညွှန်ကြားပြသတော်မူသောသူသာ လမ်းမှန်ရရှိသူဖြစ်၍ အရှင်မြတ်က လမ်းမှားတွင် ထားရှိသောသူကမူ အသင်သည် အရှင်မြတ်မှလွဲ၍ သူတို့အား ကူညီမည့်သူများ လုံးဝတွေ့မည် မဟုတ်ပေ။* ထို့ပြင် ငါအရှင်မြတ်သည် သူတို့အား ကိယာမသ်နေ့တွင် မျက်နှာမှောက်ပြီး၊ မျက်စိကန်းသူများ၊ ဆွံ့အသူများ၊ နားပင်းသူများအဖြစ် စုရုံးစေတော်မူမည်။ သူတို့၏နေရာထိုင်ခင်းသည် ဂျဟန္နမ်ငရဲဘုံပင်ဖြစ်မည်။ ထိုငရဲဘုံ၏မီးသည် အပူရှိန်လျော့လာတိုင်း ငါအရှင်မြတ်သည် သူတို့အတွက် မီးတောက်မီးလျှံကို ပိုမို များပြားစေတော်မူမည်ဖြစ်သည်။ ذَٰلِكَ جَزَآؤُهُم بِأَنَّهُمۡ كَفَرُواْ بِـَٔايَٰتِنَا وَقَالُوٓاْ أَءِذَا كُنَّا عِظَٰمًا وَرُفَٰتًا أَءِنَّا لَمَبۡعُوثُونَ خَلۡقًا جَدِيدًا ٩٨ဤသည် သူတို့၏အကျိုးရလဒ်ပင်ဖြစ်သည်။ အဘယ့်ကြောင့်ဆိုသော် အမှန်မှာ သူတို့သည် ငါအရှင်မြတ်၏ သက်သေလက္ခဏာများကို မယုံကြည် ငြင်းပယ်ခဲ့ကြသည်။ ၎င်းနောက် “ကျွန်ုပ်တို့သည် အရိုးများသာကျန်ရှိ၍ အပိုင်းပိုင်းအစစဖြစ်သွားကြသောအခါ အသစ်ဖန်ဆင်း၍ ရှင်ပြန်ထစေခြင်းကို ခံကြရဦးမည်လော“ဟု ပြောဆိုခဲ့ကြခြင်းကြောင့် ဖြစ်သည်။ ۞ أَوَلَمۡ يَرَوۡاْ أَنَّ ٱللَّهَ ٱلَّذِي خَلَقَ ٱلسَّمَٰوَٰتِ وَٱلۡأَرۡضَ قَادِرٌ عَلَىٰٓ أَن يَخۡلُقَ مِثۡلَهُمۡ وَجَعَلَ لَهُمۡ أَجَلًا لَّا رَيۡبَ فِيهِ فَأَبَى ٱلظَّٰلِمُونَ إِلَّا كُفُورًا ٩٩ထို့ပြင် မိုးကောင်းကင်များနှင့် မြေပထဝီကို ဖန်ဆင်းတော်မူသော အရှင်မြတ်သည် သူတို့ကဲ့သို့ လူများကို(အသစ်ပြန်)ဖန်ဆင်းရန် စွမ်းဆောင်နိုင်တော်မူသောအရှင် ဖြစ်တော်မူသည်ကို သူတို့သည် မသိမမြင်ကြလေသလော။ ၎င်းနောက် အရှင်မြတ်သည် (သေဆုံးရန်နှင့် ရှင်ပြန်ထရန်) သံသယမရှိသောကာလတစ်ခုကို သူတို့အတွက် သတ်မှတ်ပြဋ္ဌာန်းတော်မူခဲ့သည်။ သို့ရာတွင်လည်း မတရားကျူးလွန်သူများကမူ ငြင်းပယ်ခြင်းမှလွဲ၍ အခြားမည်သည်ကိုမှ မနှစ်သက်ခဲ့ကြပေ။ قُل لَّوۡ أَنتُمۡ تَمۡلِكُونَ خَزَآئِنَ رَحۡمَةِ رَبِّيٓ إِذًا لَّأَمۡسَكۡتُمۡ خَشۡيَةَ ٱلۡإِنفَاقِۚ وَكَانَ ٱلۡإِنسَٰنُ قَتُورًا ١٠٠(အို- တမန်တော်)အသင်ပြောလိုက်ပါ- အကယ်၍ အသင်တို့သည် ကျွန်ုပ်အား ဖန်ဆင်းမွေးမြူတော်မူသော အရှင်မြတ်၏ကရုဏာတော်၏ ဘဏ္ဍာတော်များကို ပိုင်ဆိုင်ကြမည်ဆိုလျှင်၊ အမှန်ပင် ထိုအရာများကို သုံးစွဲပြီး ကုန်ခန်းသွားမည်စိုး၍ အသင်တို့သည် စေးနှဲတွန့်တိုနေကြမည်ဖြစ်သည်။ ထို့ပြင် လူသားများသည် အလွန်စေးနှဲတွန့်တိုသူများပင် ဖြစ်ကြသည်။ وَلَقَدۡ ءَاتَيۡنَا مُوسَىٰ تِسۡعَ ءَايَٰتِۭ بَيِّنَٰتٍۖ فَسۡـَٔلۡ بَنِيٓ إِسۡرَٰٓءِيلَ إِذۡ جَآءَهُمۡ فَقَالَ لَهُۥ فِرۡعَوۡنُ إِنِّي لَأَظُنُّكَ يَٰمُوسَىٰ مَسۡحُورًا ١٠١ထို့ပြင် အမှန်စင်စစ် ငါအရှင်မြတ်သည် (တမန်တော်)မူစာကို ပေါ်လွင်ထင်ရှားသော တန်ခိုးတော်ကိုးပါး*ပေးသနားတော်မူခဲ့သည်။ သို့ဖြစ်ရာ အသင်သည် အစ္စရာအီလ်မျိုးနွယ်များကို စုံစမ်းမေးမြန်းကြည့်ပါ။ (တမန်တော်)မူစာသည် သူတို့ထံသို့ ရောက်လာသောအခါ ဖိရ်အောင်န်က သူ့ကိုပြောသည်- အမှန်ပင် ကျွန်ုပ်သည် အသင့်အား စုန်းပြုစားခြင်းခံရသူဟု ထင်မှတ်သည်။ قَالَ لَقَدۡ عَلِمۡتَ مَآ أَنزَلَ هَٰٓؤُلَآءِ إِلَّا رَبُّ ٱلسَّمَٰوَٰتِ وَٱلۡأَرۡضِ بَصَآئِرَ وَإِنِّي لَأَظُنُّكَ يَٰفِرۡعَوۡنُ مَثۡبُورًا ١٠٢၎င်း(မူစာ)ကပြောသည်- ဤ(တန်ခိုး)များကို သိမြင်နိုင်စေသော သက်သေသာဓကများအဖြစ် မိုးကောင်းကင်များနှင့် မြေပထဝီကို ဖန်ဆင်းတော်မူသော အရှင်မြတ်ကပင် ချပေးတော်မူခဲ့ခြင်း ဖြစ်သည်ကို အမှန်စင်စစ် အသင်သိပြီးဖြစ်သည်။* ထို့ပြင် အို-ဖိရ်အောင်န်၊ အမှန်စင်စစ် ကျွန်ုပ်သည် အသင့်အား ဖျက်ဆီးခံရမည့်သူဖြစ်သည်ဟု ထင်မြင်ယူဆသည်။ فَأَرَادَ أَن يَسۡتَفِزَّهُم مِّنَ ٱلۡأَرۡضِ فَأَغۡرَقۡنَٰهُ وَمَن مَّعَهُۥ جَمِيعًا ١٠٣ထို့နောက် သူ(ဖိရ်အောင်န်)သည် ထို(အစ္စရာအီလ်မျိုးနွယ်)တို့အား (အီဂျစ်)နိုင်ငံမှ တိမ်းချော်အောင် (နယ်နှင်ရန်)ကြံရွယ်ခဲ့သည်။ သို့ဖြစ်ရာ ငါအရှင်မြတ်သည် သူ့ကိုသာမက သူနှင့်အတူရှိနေသူအားလုံးကို (ပင်လယ်နီတွင်) နစ်မြှပ်တော်မူခဲ့သည်။ وَقُلۡنَا مِنۢ بَعۡدِهِۦ لِبَنِيٓ إِسۡرَٰٓءِيلَ ٱسۡكُنُواْ ٱلۡأَرۡضَ فَإِذَا جَآءَ وَعۡدُ ٱلۡأٓخِرَةِ جِئۡنَا بِكُمۡ لَفِيفًا ١٠٤ထို့ပြင် ငါအရှင်မြတ်သည် ထို(ဖိရ်အောင်နှင့် သူ၏စစ်တပ်ပျက်စီးပြီး)နောက်တွင် အစ္စရာအီလ်မျိုးနွယ်များကို အသင်တို့သည် ကမာ္ဘမြေတွင် နေထိုင်ကြပါ။ ၎င်းပြင် နောက်ဆုံးနေ့နှင့် ချိန်းဆိုထားသောအချိန်ရောက်လာသောအခါ၊ ငါအရှင်မြတ်သည် အသင်တို့အား စုပေါင်းပြီး ယူဆောင်လာမည်ဟု မိန့်ကြားတော်မူခဲ့သည်။ وَبِٱلۡحَقِّ أَنزَلۡنَٰهُ وَبِٱلۡحَقِّ نَزَلَۗ وَمَآ أَرۡسَلۡنَٰكَ إِلَّا مُبَشِّرًا وَنَذِيرًا ١٠٥ထို့ပြင် ငါအရှင်မြတ်သည် ထိုကုရ်အာန်ကျမ်းတော်မြတ်ကို မှန်ကန်မှုနှင့်တကွ ချပေးတော်မူခဲ့သည်။ ၎င်းနောက် ထိုကုရ်အာန်ကျမ်းတော်မြတ်သည် မှန်ကန်မှုနှင့်တကွပင် ကျရောက်လာခဲ့သည်။* ထို့ပြင် ငါအရှင်မြတ်သည် အသင့်အား သတင်းကောင်းပြောကြားသူအဖြစ်နှင့် သတိပေးနှိုးဆော်သူအဖြစ် စေလွှတ်တော်မူခဲ့သည်။ وَقُرۡءَانًا فَرَقۡنَٰهُ لِتَقۡرَأَهُۥ عَلَى ٱلنَّاسِ عَلَىٰ مُكۡثٍ وَنَزَّلۡنَٰهُ تَنزِيلًا ١٠٦ထို့ပြင် ငါအရှင်မြတ်သည် ကုရ်အာန်ကျမ်းတော်မြတ်ကို အသင်သည် လူများရှေ့၍ ဆိုင်းဆိုင်းပြီး ဖတ်ကြားနိုင်ရန်အတွက် ခြားခြားပြီး ချပေးတော်မူခဲ့သည်။ ထို့ပြင် ငါအရှင်မြတ်သည် ထိုကုရ်အာန်ကျမ်းတော်မြတ်ကို တဖြည်းဖြည်းချင်း ချပေးတော်မူခဲ့သည်။ قُلۡ ءَامِنُواْ بِهِۦٓ أَوۡ لَا تُؤۡمِنُوٓاْۚ إِنَّ ٱلَّذِينَ أُوتُواْ ٱلۡعِلۡمَ مِن قَبۡلِهِۦٓ إِذَا يُتۡلَىٰ عَلَيۡهِمۡ يَخِرُّونَۤ لِلۡأَذۡقَانِۤ سُجَّدًاۤ ١٠٧(အို- တမန်တော်)အသင်ပြောလိုက်ပါ- အသင်တို့သည် ထိုကုရ်အာန်ကျမ်းတော်မြတ်ကို ယုံကြည်ကြသည်ပင်ဖြစ်စေ၊ မယုံကြည်ကြသည်ပင်ဖြစ်စေ (ကိစ္စမရှိပေ)။ အမှန်စင်စစ် ထိုကုရ်အာန်မကျရောက်မီ ယခင်က အသိပညာပေးခြင်း ခံကြရသောသူများသည် သူတို့ရှေ့၌ ၎င်း(ကုရ်အာန်)ကို ဖတ်ကြားခံရသောအခါ သူတို့သည် မျက်နှာအောက်ချပြီး စဂ်ျဒဟ်ဦးချကြသည်။ وَيَقُولُونَ سُبۡحَٰنَ رَبِّنَآ إِن كَانَ وَعۡدُ رَبِّنَا لَمَفۡعُولًا ١٠٨ထို့ပြင် သူတို့က ကျွန်ုပ်တို့အား ဖန်ဆင်းမွေးမြူတော်မူသော အရှင်မြတ်သည် သန့်ပြန့်စင်ကြယ်ပါသည်။ အမှန်စင်စစ် ကျွန်ုပ်တို့အား ဖန်ဆင်းမွေးမြူတော်မူသောအရှင်မြတ်၏ကတိသည် အမှန်ပင် ဖြစ်ရမည့်ကိစ္စဖြစ်သည်ဟု ပြောဆိုလျှောက်ထားကြသည်။ وَيَخِرُّونَ لِلۡأَذۡقَانِ يَبۡكُونَ وَيَزِيدُهُمۡ خُشُوعًا ۩ ١٠٩ထို့ပြင် သူတို့သည် ငိုကြွေးလျက် မျက်နှာအောက်ချပြီး စဂ်ျဒဟ်ပြုကြသည်။ ၎င်းနောက် ထိုကုရ်အာန်ကျမ်းတော်မြတ်သည် သူတို့အား ချစ်ကြောက်ရိုသေမှုကို ပိုမိုတိုးပွားစေသည်။ قُلِ ٱدۡعُواْ ٱللَّهَ أَوِ ٱدۡعُواْ ٱلرَّحۡمَٰنَۖ أَيًّا مَّا تَدۡعُواْ فَلَهُ ٱلۡأَسۡمَآءُ ٱلۡحُسۡنَىٰۚ وَلَا تَجۡهَرۡ بِصَلَاتِكَ وَلَا تُخَافِتۡ بِهَا وَٱبۡتَغِ بَيۡنَ ذَٰلِكَ سَبِيلًا ١١٠(အို- တမန်တော်)အသင်ပြောလိုက်ပါ၊ အသင်တို့သည် “အလ္လာဟ်“ဟု ဟစ်ခေါ်တသကြပါ။ သို့မဟုတ် “ရဟ်မာန်“ဟု ဟစ်ခေါ်တသကြပါ။* အသင်တို့သည် မည်သို့ဟစ်ခေါ်တသ သည်ပင်ဖြစ်စေ အရှင်မြတ်တွင် အထူးကောင်းမြတ်သော နာမတော်များရှိနေပေသည်။ ထို့ပြင် အသင်သည် အသင်၏စွလာသ်ဝတ်ပြုမှုတွင် အသံကျယ်လွန်းစေမှုနှင့် အသံတိုးလွန်းစေမှုကို မပြုလေနှင့်။ ၎င်းနောက် အသင်သည် ထိုနှစ်ခုကြားမှ နည်းလမ်းကိုရှာဖွေပါ။ وَقُلِ ٱلۡحَمۡدُ لِلَّهِ ٱلَّذِي لَمۡ يَتَّخِذۡ وَلَدًا وَلَمۡ يَكُن لَّهُۥ شَرِيكٌ فِي ٱلۡمُلۡكِ وَلَمۡ يَكُن لَّهُۥ وَلِيٌّ مِّنَ ٱلذُّلِّۖ وَكَبِّرۡهُ تَكۡبِيرَۢا ١١١ထို့ပြင် (အို- တမန်တော်)အသင်ပြောလိုက်ပါ- ချီးမွမ်းခြင်းဟူသမျှသည် အကြင် အလ္လာဟ်အရှင်မြတ်နှင့်ပင် ထိုက်တန်တော်မူသည်။ ထိုအရှင်မြတ်သည် မိမိအတွက် သားသမီးတစ်ဦးမှလည်း ပြုလုပ်တော်မမူခဲ့ပေ။ ၎င်းနောက် အရှင်မြတ်တွင် စိုးမိုးအုပ်ချုပ်မှုနှင့်ပတ်သက်၍ ဖက်စပ်ပါဝင်သောသူလည်း တစ်ဦးမှမရှိပေ။ ၎င်းပြင် သေးသိမ်နိမ့်ကျမှုကြောင့် အရှင်မြတ်အား ကာကွယ်စောင့်ရှောက်မည့်မိတ်ဆွေလည်း တစ်ဦးမှမရှိပေ။ (ကာကွယ်စောင့်ရှောက်မည့်သူတစ်ဦး လိုရလောက်အောင် အရှင်မြတ်သည် ချည့်နဲ့နိမ့်ကျနေသည် မဟုတ်ပေ။) ထို့ပြင် အသင်သည် အရှင်မြတ်ကြီးကျယ်မြင့်မြတ်ကြောင်းပြောဆိုရန် ထိုက်တန်တော်မူသည့်အတိုင်း အရှင်မြတ်၏ကြီးကဲမြင့်မြတ်တော်မူကြောင်းကို ပြောဆိုပါ။