بِسۡمِ ٱللَّهِ ٱلرَّحۡمَٰنِ ٱلرَّحِيمِ
إِذَا جَآءَكَ ٱلۡمُنَٰفِقُونَ قَالُواْ نَشۡهَدُ إِنَّكَ لَرَسُولُ ٱللَّهِۗ وَٱللَّهُ يَعۡلَمُ إِنَّكَ لَرَسُولُهُۥ وَٱللَّهُ يَشۡهَدُ إِنَّ ٱلۡمُنَٰفِقِينَ لَكَٰذِبُونَ ١မုနာဖိက်အရေခြုံ အယောင်ဆောင် မွတ်စ်လင်မ်များသည် အသင့်ထံသို့ လာကြသည့်အခါ “အမှန်စင်စစ် အသင်သည် အလ္လာဟ် အရှင်မြတ်၏တမန်တော်ဖြစ်ကြောင်း ကျွန်ုပ်တို့ သက်သေခံကြပါသည်”ဟု ပြောဆိုကြသည်။ ထို့ပြင် အသင်သည် အရှင်မြတ်၏ တမန်တော် အမှန်ပင်ဖြစ်ကြောင်းအလ္လာဟ်အရှင်မြတ်သည် သိတော်မူသည်။ ထို့ပြင် အလ္လာဟ်အရှင်မြတ်သည် အမှန်ပင် မုနာဖိက်အယောင်ဆောင်များသည် လိမ်လည်သူများဖြစ်ကြောင်း သက်သေခံတော်မူသည်။ ٱتَّخَذُوٓاْ أَيۡمَٰنَهُمۡ جُنَّةً فَصَدُّواْ عَن سَبِيلِ ٱللَّهِۚ إِنَّهُمۡ سَآءَ مَا كَانُواْ يَعۡمَلُونَ ٢သူတို့သည် သူတို့၏ ကျိန်ဆိုချက်များကို အကာအကွယ်ဒိုင်း(သဖွယ်)ပြုလုပ်ပြီး(သူများကို) အလ္လာဟ်အရှင်မြတ်၏လမ်းတော်မှ တားဆီးခဲ့ကြသည်။ အမှန်မှာ သူတို့၏ လုပ်ရပ်သည် အလွန်ဆိုးဝါးလှသည်။ ###၁ ذَٰلِكَ بِأَنَّهُمۡ ءَامَنُواْ ثُمَّ كَفَرُواْ فَطُبِعَ عَلَىٰ قُلُوبِهِمۡ فَهُمۡ لَا يَفۡقَهُونَ ٣ထိုအရာကမူ အမှန်ပင် သူတို့သည်ယုံကြည်ခဲ့ကြပြီးနောက် ငြင်းပယ်ခဲ့ကြသည့်အတွက် သူတို့၏ စိတ်နှလုံးများအပေါ်တွင် တံဆိပ်ခတ်နှိပ်ခြင်းခံရခြင်းဖြစ်သည်။ သို့ဖြစ်ရာ သူတို့သည် နားမလည်ကြတော့ပေ။ ۞ وَإِذَا رَأَيۡتَهُمۡ تُعۡجِبُكَ أَجۡسَامُهُمۡۖ وَإِن يَقُولُواْ تَسۡمَعۡ لِقَوۡلِهِمۡۖ كَأَنَّهُمۡ خُشُبٌ مُّسَنَّدَةٌۖ يَحۡسَبُونَ كُلَّ صَيۡحَةٍ عَلَيۡهِمۡۚ هُمُ ٱلۡعَدُوُّ فَٱحۡذَرۡهُمۡۚ قَٰتَلَهُمُ ٱللَّهُۖ أَنَّىٰ يُؤۡفَكُونَ ٤ထို့ပြင် အသင်(တမန်တော်)သည် (အယောင်ဆောင်)သူများကို တွေ့မြင်သည့်အခါ သူတို့၏ ခန္ဓာကိုယ် အရပ်အမောင်းများသည် အသင်၏အမြင်၌ စိတ်ဝင်စားဖွယ်ရာ ဖြစ်သည်။ ထို့ပြင် အကယ်၍ သူတို့သည် စကားစမြည်ပြောဆိုကြလျှင် အသင်သည် သူတို့၏စကားကို (စိတ်ဝင်စားစွာ)နားထောင်မည်။ သူတို့သည် မှီထားသော သစ်တုံးများကဲ့သို့ ဖြစ်ကြသည်။ ဟစ်အော်သံတိုင်းကို သူတို့နှင့် ဆန့်ကျင်(အော်)သည်ဟုထင်မှတ်ကြသည်။ သူတို့ပင် ရန်သူများဖြစ်ကြသည်။ သို့ဖြစ်ရာ သူတို့အား အသင်သတိထားပြီးကင်းရှင်း စွာနေပါ။ အလ္လာဟ်အရှင်မြတ်သည် သူတို့အား ဖျက်ဆီးတော်မူပါစေ။ သူတို့သည် အဘယ်သို့ ပြန်လှည့်ပြီး ထွက်သွားကြသနည်း။ وَإِذَا قِيلَ لَهُمۡ تَعَالَوۡاْ يَسۡتَغۡفِرۡ لَكُمۡ رَسُولُ ٱللَّهِ لَوَّوۡاْ رُءُوسَهُمۡ وَرَأَيۡتَهُمۡ يَصُدُّونَ وَهُم مُّسۡتَكۡبِرُونَ ٥ထို့ပြင်သူတို့အား “အသင်တို့သည်လာကြပါ၊ အလ္လာဟ်အရှင်မြတ်၏ တမန်တော်သည် အသင်တို့အတွက် လွတ်ငြိမ်းချမ်းသာခွင့်ကို ပန်ကြားပေးမည်”ဟု ပြောဆိုသည့်အခါ သူတို့သည် သူတို့၏ ဦးခေါင်းများကို လှုပ်ခါကြသည်။ ထို့ပြင် အသင်သည် သူတို့အား မာနထောင်လျက်ပြန်လှည့်သွားကြသည်ကို တွေ့မြင်ရမည်။ سَوَآءٌ عَلَيۡهِمۡ أَسۡتَغۡفَرۡتَ لَهُمۡ أَمۡ لَمۡ تَسۡتَغۡفِرۡ لَهُمۡ لَن يَغۡفِرَ ٱللَّهُ لَهُمۡۚ إِنَّ ٱللَّهَ لَا يَهۡدِي ٱلۡقَوۡمَ ٱلۡفَٰسِقِينَ ٦အသင်သည် သူတို့အတွက်လွတ်ငြိမ်းချမ်းသာခွင့် ပန်ကြားသည်ပင်ဖြစ်စေ၊ မပန်ကြားသည်ပင်ဖြစ်စေ သူတို့အတွက် အတူတူပင်ဖြစ်သည်။ အလ္လာဟ်အရှင်မြတ်သည်သူတို့အား မည်သည့်အခါမှ ခွင့်လွှတ်တော်မူမည်မဟုတ်ပေ။ အမှန်စင်စစ် အလ္လာဟ်အရှင်မြတ်သည် အမိန့်တော်ကို သွေဖည်သောသူများအား တရားလမ်းမှန်သို့ ပို့ဆောင်တော် မမူပေ။ هُمُ ٱلَّذِينَ يَقُولُونَ لَا تُنفِقُواْ عَلَىٰ مَنۡ عِندَ رَسُولِ ٱللَّهِ حَتَّىٰ يَنفَضُّواْۗ وَلِلَّهِ خَزَآئِنُ ٱلسَّمَٰوَٰتِ وَٱلۡأَرۡضِ وَلَٰكِنَّ ٱلۡمُنَٰفِقِينَ لَا يَفۡقَهُونَ ٧သူတို့ကပင် ပြောဆိုခဲ့ကြသည်-“အသင်တို့သည် တမန်တော်မြတ်အပါး၌ ရှိသောသူများအပေါ်တွင် သူတို့သည်ဖရိုဖရဲဖြစ်ပြီး ပြိုကွဲသွားကြသည်အထိ သုံးစွဲခြင်းကိုမပြုကြနှင့်။” ထို့ပြင် မိုးကောင်းကင်များနှင့် မြေပထဝီတွင်ရှိသောဘဏ္ဍာများသည် အလ္လာဟ်အရှင်မြတ်ပင် ပိုင်ဆိုင်သောဘဏ္ဍာတော်များဖြစ်ကြသည်။ သို့ရာတွင် မုနာဖိက်အယောင်ဆောင် များသည် နားမလည်ကြပေ။ ###၂ يَقُولُونَ لَئِن رَّجَعۡنَآ إِلَى ٱلۡمَدِينَةِ لَيُخۡرِجَنَّ ٱلۡأَعَزُّ مِنۡهَا ٱلۡأَذَلَّۚ وَلِلَّهِ ٱلۡعِزَّةُ وَلِرَسُولِهِۦ وَلِلۡمُؤۡمِنِينَ وَلَٰكِنَّ ٱلۡمُنَٰفِقِينَ لَا يَعۡلَمُونَ ٨သူတို့ကပင် ပြောဆိုကြသည်-ကျွန်ုပ်တို့သည် မဒီနဟ်မြို့သို့ပြန်သွားခဲ့ကြလျှင်ဂုဏ်မြင့်သူများက ဂုဏ်နိမ့်သူများကို ထိုမြို့မှ အမှန်ပင်နှင်ထုတ်ကြမည်။”ထို့ပြင်ဂုဏ်သည်အလ္လာဟ်အရှင်မြတ်အတွက်၊ အရှင်မြတ်၏ တမန်တော်အတွက်နှင့် အီမာန်ယုံကြည်သူများအတွက်ပင်ဖြစ်သည်။ သို့ရာတွင် မုနာဖိက်အယောင်ဆောင်များသည် မသိရှိကြပေ။ يَٰٓأَيُّهَا ٱلَّذِينَ ءَامَنُواْ لَا تُلۡهِكُمۡ أَمۡوَٰلُكُمۡ وَلَآ أَوۡلَٰدُكُمۡ عَن ذِكۡرِ ٱللَّهِۚ وَمَن يَفۡعَلۡ ذَٰلِكَ فَأُوْلَٰٓئِكَ هُمُ ٱلۡخَٰسِرُونَ ٩အို-အီမာန်ယုံကြည်သူအပေါင်းတို့၊ အလ္လာဟ် အရှင်မြတ်အားသတိရတသခြင်းမှ အသင်တို့၏ ပစ္စည်းဥစ္စာများနှင့် သားသမီးများက အသင်တို့အား ပေါ့လျော့မှုဖြစ်အောင်မလုပ်ကြစေနှင့်။ ထို့ပြင်မည်သူမဆိုထိုအရာကို ပြုလုပ်လျှင် ထိုသူများပင် ဆုံးရှုံးသူများ ဖြစ်ကြသည်။ ###၃ وَأَنفِقُواْ مِن مَّا رَزَقۡنَٰكُم مِّن قَبۡلِ أَن يَأۡتِيَ أَحَدَكُمُ ٱلۡمَوۡتُ فَيَقُولَ رَبِّ لَوۡلَآ أَخَّرۡتَنِيٓ إِلَىٰٓ أَجَلٍ قَرِيبٍ فَأَصَّدَّقَ وَأَكُن مِّنَ ٱلصَّٰلِحِينَ ١٠ထို့ပြင် အသင်တို့ထဲမှ တစ်ဦးတစ်ယောက်ထံသို့ သေခြင်း ဆိုက်ရောက်မလာမီ အသင်တို့သည် အသင်တို့အား ငါအရှင်မြတ်ပေးသနားထားတော်မူထားသည့် အထဲမှ သုံးစွဲလှူဒါန်းကြပါ။ ထိုအချိန်ရောက်သည့် အခါမှ သူသည် “အို-ကျွန်ုပ်အား ဖန်ဆင်းမွေးမြူတော်မူသောအရှင်၊ အရှင်မြတ်သည် အဘယ့်ကြောင့် ကျွန်ုပ်အား အချိန်အနည်းငယ် မျှ ဆိုင်းငံ့ပေးတော်မမူပါသနည်း။ ထိုသို့ပေးခဲ့လျှင် ကျွန်ုပ်သည် အလှူဒါနပြုလုပ်၍ ကောင်းမြတ်သောသူများထဲတွင် တစ်ဦးအပါအဝင်ဖြစ်ပါမည်”ဟုလျှောက်ထားလိမ့်မည်။###၄ وَلَن يُؤَخِّرَ ٱللَّهُ نَفۡسًا إِذَا جَآءَ أَجَلُهَاۚ وَٱللَّهُ خَبِيرُۢ بِمَا تَعۡمَلُونَ ١١ထို့ပြင် အလ္လာဟ်အရှင်မြတ်သည် မည်သူ့ကိုမျှ သူ၏အချိန်ကျရောက်လာခဲ့လျှင် ဆိုင်းငံ့ခွင့်လုံးဝပေးတော်မမူပေ။ ထို့ပြင် အလ္လာဟ်အရှင်မြတ်သည် အသင်တို့ ပြုလုပ်သမျှကို အကြွင်းမဲ့ကြားသိတော်မူသောအရှင် ဖြစ်တော်မူသည်။